id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,301 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဒုစရိုက် ၁၀-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်း၍နေ သော သူကို ဒုစရိုက် ၁၀-ပါး၏အပြစ်, သုစရိုက် ၁၀-ပါး၏အကျိုးကို ပြသဖြင့် ဆုံးမတော်မူပေ၏၊ |
21,302 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုစရိုက် ၁၀-ပါး ဟူသည်ကား |
21,303 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပါဏာတိပါတ-သူ့-အသက်ကို သတ်ခြင်း, |
21,304 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဒိန္နာဒါန-သူ့ ဥစ္စာကို ခိုးယူခြင်း, |
21,305 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာမေသု မိစ္ဆာစာရ သူ့အိမ်ရာကို ကျူးလွန်ခြင်း, |
21,306 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အကုသိုလ် ကာယကံ ၃-ပါးတည်း။ |
21,307 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုသာဝါဒ-မဟုတ်မမှန်စကားပြောခြင်း, |
21,308 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပိသုဏဝါစာ-ကုန်းတိုက် စကားပြောခြင်း, |
21,309 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဖရုသဝါစာ-အကြမ်းအတမ်းဆဲရေခြင်း |
21,310 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သမ္ဖပ္ပလာပ- အနက်မဲ့၍ပြိန်ဖျင်းသောစကားကိုဆိုခြင်း, |
21,311 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အကုသိုလ် ဝစီကံ ၄-ပါးတည်း။ |
21,312 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိဇ္ဈာ-သူ့ပိုင်နက် ဥစ္စာကို ငါ့ဟာဖြစ်လျှင်ကောင်းလေစွ ဟုကြံဆ တောင့်တခြင်း, |
21,313 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဗျာပါဒ-သူတစ်ပါး၏ အသက်ခန္ဓာ သေကြေပျက်စီးမှုကို တောင့်တခြင်း, |
21,314 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ မိစ္ဆာဒိဋ္ဌိ-အယူမှားခြင်း, |
21,315 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အကုသိုလ်မနောကံ ၃-ပါးတည်း။ |
21,316 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဒုစရိုက်၁၀-ပါးပြီး၏၊ |
21,317 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုစရိုက် ၁၀-ပါး ဟူသည်ကား |
21,318 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ |
21,319 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေရမဏီ၊ ရှောင်ကြဉ်ခြင်း။ |
21,320 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဒိန္နာဒါနာ၊ သူ့ဥစ္စာကိုခိုးယူခြင်းမှ။ |
21,321 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေရမဏီ၊ ရှောင် ကြဉ်ခြင်း။ |
21,322 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာမေသုမိစ္ဆာစာရာ၊ သူ့အိမ်ရာကို ကျူးလွန်ခြင်းမှ၊ ဝေရာမဏိ၊ ရှောင်ကြဉ်ခြင်း။ |
21,323 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကုသိုလ်ကာယကံ ၃-ပါးတည်း။ |
21,324 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုသာဝါဒါ၊ မဟုတ် မမှန်စကား။ |
21,325 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပြောဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။ |
21,326 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပိသုဏဝါစာယ၊ ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။ |
21,327 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဖရုသဝါစာယ၊ အကြမ်းအတမ်း ဆဲရေးခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။ |
21,328 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သမ္ဖပ္ပလာပါ၊ အနက်မဲ့၍ ပြိန်ဖျင်းသောစကားကို ဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။ |
21,329 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကုသိုလ် ဝစီကံ ၄-ပါးတည်း။ |
21,330 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနဘိဇ္ဈာ-သူ့ပိုင်နက်ကို ကိုယ့်ဘက် မညွတ်စေဘဲ စိတ်နှလုံး ကြည်ဖြူခြင်း။ |
21,331 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဗျာပါဒ-သတ္တဝါတစ်ပါး၏ အသက်ခန္ဓာကို ချမ်းသာ ကြီးပွားစေလိုခြင်း။ |
21,332 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သမ္မာဒိဋ္ဌိ-ဖြောင့်မှန်သော အယူကို ယူခြင်း။ |
21,333 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကုသိုလ် မနောကံ ၃-ပါးတည်း။ |
21,334 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) သုစရိုက် ၁၀-ပါး ပြီး၏၊ |
21,335 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဝရဏ ၆-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်းသော သူကိုကသိုဏ်းစျာန် ၁၀-ပါး, အသုဘ ၁၀-ပါး, အနုဿတိ ၁၀-ပါး, ဗြဟ္မဝိဟာရစျာန် ၄-ပါး, အာရုပ္ပစျာန် ၄-ပါး, ပဋိကူလသညာစျာန် ၄- ပါး, ဓာတုမနသိကာရစျာန် ၁-ပါး, ဤ ၄၀-သော ဥပစာရစျာန်, အပ္ပနာကမ္မဋ္ဌာန်းတို့ကိုပြ၍ ဆုံးမတော်မူပေ၏၊ |
21,336 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကသိုဏ်းစျာန် ၁၀-ပါးဟူသည်ကား |
21,337 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြေအခန်း၌ စီးဖြန်း၍ရသော ပထဝီကသိုဏ်းစျာန် ၁- ပါး |
21,338 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ရေအခန်း၌ စီးဖြန်း၍ ရသောအာပေါကသိုဏ်းစျာန် ၁- ပါး |
21,339 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ လေအခန်း၌ စီးဖြန်း၍ရသော ဝါယောကသိုဏ်းစျာန် ၁- ပါး |
21,340 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ မီးအခန်း၌ စီးဖြန်း၍ရသော တေဇောကသိုဏ်းစျာန် ၁- ပါး |
21,341 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အလွန်မဲနက် စိမ်းညိုသော အဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော နီလကသိုဏ်းစျာန် ၁-ပါး၊ |
21,342 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အလွန်ဝါသောအဝတ်မျိုးအထည်မျိုးပန်းမျိုးဆေးဒန်း စသော ဆေးမျိုးတို့၌ စီးဖြန်း၍ရသော ပီတကသိုဏ်းစျာန် ၁-ပါး, |
21,343 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အလွန်နီသောအဝတ်မျိုး အထည်မျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော လောဟိတကသိုဏ်း စသောစျာန် ၁-ပါး, |
21,344 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အလွန်ဖြူသောအဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော ဩဝါဒကသိုဏ်း စျာန်း၁-ပါး။ |
21,345 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ အရောင်အလင်းတို့၌ စီးဖြန်း၍ရသော အာလောက ကသိုဏ်းစျာန်၁-ပါး, |
21,346 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ အပေါ်ကောင်းကင်၌ စီးဖြန်း၍ရသော အာကာသ ကသိုဏ်းစျာန် ၁-ပါး, |
21,347 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကသိုဏ်းစျာန်၁၀-ပါးတည်း။ |
21,348 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသုဘစျာန် ၁၀-ပါးဟူသည်ကား |
21,349 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဖူးဖူးရောင်သော သူကောင်ပုပ်၌ စီးဖြန်း၌ရသော ဥဒ္ဓု မာတက စျာန် ၁-ပါး, |
21,350 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပုပ်၍ညိုမဲသော သူကောင်ပုပ်၌စီးဖြန်း၍ရသော ဝိနီလက စျာန် ၁-ပါး, |
21,351 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အပုပ်လွန်သောအပုပ်ရည်ပြည်အစု၌ စီးဖြန်း၍ရသော ဝိပုဗ္ဗကစျာန် ၁-ပါး, |
21,352 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အလယ်၌ပြတ်၍ နှစ်ပိုင်းပြတ်နေသော သူကောင်၌ စီးဖြန်း၍ရသော ဝိစ္ဆိဒ္ဒကစျာန် ၁-ပါး, |
21,353 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ တောခွေး, ရွာခွေး စား၍ကျန်သော သူကောင်၌ စီးဖြန်း ၍ရသောဝိက္ခာယိတကစျာန် ၁-ပါး |
21,354 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ တောခွေး, ရွာခွေး ကိုက်ဆွဲ၍ ထိုထိုအရပ်တွင် အပိုင်းပိုင်း နှင့် နေသောသူကောင်၌စီးဖြန်း၍ရသော ဝိက္ခိတ္တက စျာန် ၁-ပါး, |
21,355 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဓား လက်နက်တိ့ုဖြင့် ဖြတ်လျက် ဖရိုဖရဲဖြစ်၍ ထားအပ် သော သူကောင်၌စီးဖြန်း၍ရသော ဟတဝိက္ခိတ္တက စျာန် ၁-ပါး, |
21,356 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ လက်နက်ထိရာမှ သွေးယိုသော သူကောင်၌ စီးဖြန်း၍ ရသောလောဟိတက စျာန် ၁-ပါး, |
21,357 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်၌ စီးဖြန်း၍ရသော ပုဠုဝက စျာန် ၁-ပါး, |
21,358 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ အရိုးစုမျှသာဖြစ်သော သူကောင်၌ စီးဖြန်း၍ရသော အဋ္ဌိကစျာန် ၁-ပါး, |
21,359 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အသုဘ စျာန် ၁၀-ပါးတည်း။ |
21,360 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုဿတိစျာန် ၁၀-ပါးဟူသည်ကား |
21,361 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘုရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော ဗုဒ္ဓါနုဿတိ စျာန် ၁-ပါး, |
21,362 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ တရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော ဓမ္မာနုဿတိ စျာန် ၁-ပါး, |
21,363 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သံဃာ့ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော သံဃာ နုဿတိ စျာန် ၁-ပါး, |
21,364 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ စင်ကြယ်စွာ စောင့်ထိန်း၍ ရအပ်ပြီးသော သီလဂုဏ်ကို အောက်မေ့၍ရသော သီလာနုဿတိစျာန် ၁-ပါး, |
21,365 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ စင်ကြယ်စွာ ပြုပြီးသော မိမိဒါန၏ ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော စာဂါနုဿတိစျာန်၊ |
21,366 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ နတ်ပြည်သို့ တင်ပို့ဆောင်တတ်သော မိမိသန္တာန်၌ ဖြစ်သော သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ စသော သူတော် ကောင်း တရားစုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော ဒေဝတာနုဿတိ စျာန် ၁-ပါး, |
21,367 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ မိမိသန္တာန်၌ ကိလေသာ၏ ငြိမ်းမှုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော ဥပသမာနုဿတိ စျာန် ၁-ပါး, |
21,368 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ မိမိသေရမည်ကို စွဲစွဲမြဲမြဲ အောက့်မေ့၍ မရဏာနုဿတိ စျာန် ၁-ပါး, |
21,369 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ မိမိသန္တာန်၌ ဆံပင် စသော ၃၂-ပါးသော အပုန်အစုတို့ကို စွဲစွဲမြဲမြဲ အောက်မေ့ရသော ကာယဂတာသတိစျာန် ၁- ပါး, |
21,370 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ မိမိ၏ ထွက်သက် ဝင်သက် စွဲစွဲမြဲမြဲ အောက်မေ့၍ရသော အာနာပါနဿတိ စျာန် ၁-ပါး, |
21,371 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အနုဿတိစျာန် ၁၀-ပါးတည်း။ |
21,372 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗြဟ္မဝိဟာရစျာန် ၄-ပါးဟူသည်ကား |
21,373 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ခပ်သိမ်းသော သတ္တဝါတို့ကို့ မေတ္တာဖြန့်ဖြူး၍ ရသော မေတ္တာစျာန် ၁-ပါး, |
21,374 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဆင်းရဲသော သတ္တဝါတို့ကို ကရုဏာဖြန့်ဖြူး၍ရသော ကရုဏာစျာန် ၁-ပါး, |
21,375 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ချမ်းသာသော သတ္တဝါတို့ကို မုဒိတာဖြန့်ဖြူး၍ ရသော မုဒိတာစျာန် ၁-ပါး,။ |
21,376 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ခပ်သိမ်းသော သတ္တဝါတို့ကိုဥပေက္ခာဖြန့်ဖြူး၍ရသော ဥပေက္ခာစျန် ၁-ပါး, |
21,377 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဗြဟ္မဝိဟာရစျာန် ၄-ပါးတည်း။ |
21,378 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုပ္ပစျာန်၄-ပါးဟူသည်ကား |
21,379 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အာကာသာနဉ္စာယတန စျာန် ၁-ပါး, |
21,380 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိညာဏဉ္စာယတန စျာန် ၁-ပါး, |
21,381 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အာကိဉ္ဇာညာယတန စျာန် ၁-ပါး, |
21,382 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ နေဝသညာယတန စျာန် ၁-ပါး, |
21,383 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အာရုပ္ပစျာန် ၄-ပါးတည်း။ |
21,384 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိကူလသညာစျာန် ၁-ပါးဟူသည်ကား |
21,385 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နေ့တိုင်းနေ့တိုင်း စားသောထမင်း အစာအာဟာရတို့၌ စက်ဆုပ် ရွံ့ရှာဖွယ်ဟု အမြဲရှု၍ရသော ဥပစာရစျာန်သည် ပဋိကူလသညာ စျာန်မည်၏၊ |
21,386 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓာတုမနသိကာရစျာန် ၁-ပါးဟူသည်ကား မိမိကိုယ်ကောင် ဖြစ်၍နေသော မြေဓာတ်အစု, ရေဓာတ်အစု, မီးဓာတ်အစု, လေဓာတ်အစုတိ့ု၌ ရှု၍ရသော ဥပစာရစျာန်သည် ဓာတုမနသိကာရစျာန်မည်၏၊ |
21,387 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကမ္မဋ္ဌာန်း ၄၀-ပြီး၏၊ |
21,388 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခန္ဓာတရား ရုပ်နာမ်တရားတို့ကိုပင် ပုဂ္ဂိုလ်,သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟု အထင် မှောက်မှား၍ နေကြကုန်သော သတ္တ အပေါင်းတို့ကို ထိုအထင်မှ စင်ကြယ် ကင်းလွတ်စေခြင်းငှါ ရုပ်တရားအစု နာမ်တရားအစုတို့ကို ပြသဖြင့်ဆုံးမတော်မူပေ၏၊ ရုပ်တရား နာမ်တရားတို့သည် အကြောင်းမရှိ မိမိအလို အလျှောက် ဖြစ်ကြကုန်သည်ဟူ၍ အထင်မှောက်မှား၍နေကြသော... |
21,389 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် မိမိအပိုင် ဥစ္စာဟု တဏှာစွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'တဏှာ'တရား ချုပ်စေခြင်းငှာ ဒုက္ခလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူပေ၏၊ |
21,390 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါငါ-ဟု မာန်ဖြင့်စွဲလမ်း၍နေသော သတ္တဝါအပေါင်းတို့ကို ထို'မာန' တရား ချုပ်စေခြင်းငှာ အနိစ္စလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊ |
21,391 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါ၏ကိုယ် ငါ၏ကိုယ်-ဟုဒိဋ္ဌိဖြင့် စွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'ဒိဋ္ဌိ'တရား ချုပ်စေခြင်းငှာ အနတ္တ လက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊ |
21,392 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် ဆုံးမထိုက်သော သတ္တဝါအပေါင်းတို့ကို ဆုံးမကြ သောသူအပေါင်းတို့ထက် အတုမရှိ မြတ်တော်မူသည်၏ အဖြစ်ကြောင့် အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မသာရထိ ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏အနုတ္တရောပုရိသဒမ္မသာရထိ ခပ်သိမ်းသောသတ္တဝါအပေါင်းတို့ကို ဆုံးမတတ်သော သူတို့ထက် အတုမရှိ မြတ်တော်မူသော မြတ်စွာဘုရား။ |
21,393 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဣတိပိ သောဘဂဝါ သတ္ထာဒေဝမနုဿာနံ |
21,394 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနက်။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင် ဖြစ်တော်မူပေသော။ |
21,395 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ |
21,396 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ |
21,397 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါရမိယော၊ ပါရမီတို့ကို။ |
21,398 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပူရေတွာ၊ ဖြည့်တေည်မူပြိး၍။ |
21,399 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓဘာဝံ၊ သဗ္ဗညုဘုရား အဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူပေ၏၊ |
21,400 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ် တော်မူပေသော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.