id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,501 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယောဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ |
21,502 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းကာလပတ်လုံး။ |
21,503 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင်ဖြစ် တော်မူပေသော။ |
21,504 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့လျှင် အတုမရှိကြီးမြတ်သော ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံ တော်မူပေ၏၊ |
21,505 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘုန်းတော် ၆-ပါးကား |
21,506 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အလိုရှိတိုင်း ဖန်ဆင်းခြင်းငှာ စိတ်တော်ကို အစိုးရခြင်း |
21,507 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော ဣဿရိယ ဘုန်းတော် ၁-ပါး, |
21,508 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ လောကုတ္တရာ ဂုဏ်ကျေးဇူးဟူသော ဓမ္မဘုန်းတော် ၁- ပါး, |
21,509 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ လောကသုံးပါး၌ အတုမရှိ ကျော်စောတော်မူသော ယသ ဘုန်းတော် ၁-ပါး, |
21,510 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အတုမရှိ တင့်တယ်သော ကျက်သရေတည်းဟူသော သိရီ ဘုန်းတော် ၁-ပါး, |
21,511 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အလိုတော်ခပ်သိမ်း ပြီးငြိမ်းစေခြင်းတည်းဟူသော ကာမ ဘုန်းတော် ၁-ပါး, |
21,512 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သတ္တဝါတို့အကျိုးကို အားထုတ်မှု၌ အတုမရှိသော လုံ့လဝီရိယရှိတော်မူခြင်း တည်းဟူသော ပယတ္တ ဘုန်း တော် ၁-ပါး။ |
21,513 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ၆-ပါးသော အတုမရှိ ကြီးမြတ်သော ဘုန်းတော် တန်ခိုး တော်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း။ |
21,514 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘဂဝါ၊ ဘဂဝါ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊ |
21,515 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘဂဝါ၊ ဘုန်းတော် ၆-ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။ |
21,516 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား မြတ်စွာဘုရား၏ ဂုဏ်တော် ၉-ပါး အကျဉ်းပွါးပုံ, အ လယ်အလတ် ပွါးများပုံ, အကျယ်ပွါး များပုံတို့ကို ပြဆိုခြင်းပေတည်း။ |
21,517 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ၎င်းဂုဏ်တော် ၉-ပါးအပြင် |
21,518 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ စက္ခု ၅-ပါးနှင့် ပြည့်စုံတော်မူခြင်း စက္ခုမန္တဂုဏ်, |
21,519 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မာရ် ၅-ပါးကို အကြွင်းအကျန်မရှိ အောင်တော်မူသော အစွမ်းသတ္တိတော်ဟူသော ဇိနဂုဏ်, |
21,520 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကိုယ်တော်အား ၁၀-ပါး, ဉာဏ်တော်အား ၁၀-ပါးနှင့် ပြည့်စုံ တော်မူခြင်း ဒသဗလဂုဏ်, |
21,521 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့အစရှိသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် တို့သည် အပ္ပမာဏော ဗုဒ္ဓေါ-ဆိုသောအတိုင်း အသင်္ချေယျ, အနန္တများ ပြားကုန်၏၊ |
21,522 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုများပြားစွာသော ဂုဏ်တော်တို့ကို မိမိသဒ္ဓါစွမ်း, ဝိရီယစွမ်း, ဉာဏ်စွမ်းရှိသည်အားလျော်စွာ သိနိုင်သမျှ သိအောင်လုပ်၍ ဤ ဂုဏ် တော် ၉-ပါး နည်းတူပင်လျှင် ဆင်ခြင်အောက်မေ့ရာ၏၊ |
21,523 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁-ပါးတည်း ဆင်ခြင်အောက်မေ့ရသည်ထက် ၂-ပါး, ၃-ပါး, ၄-ပါး, ၅-ပါး-စသည်ဖြင့် များစွာ အောက်မေ့နိုင်လေ ကောင်းလေဖြစ်၏၊ စိတ်အလွန် ကြည်လင်၏၊ ဉာဏ်ပွင့်လန်း၏၊ အကျိုးအာနိသင် ကြီးမား မြင့်မြတ်၏၊ |
21,524 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ မိမိတို့ သိနိုင်သလောက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်သဒ္ဓါတရား ထက်သန်၏၊ မိမိဦးခေါင်းကိုပင် ဖြတ်၍ ပူဇော်ချင်အောင် သဒ္ဓါတရား ဖြစ်တတ်၏၊ အလွန်စိတ်ဉာဏ် ကြည်၏၊ ဉာဏ်တိုးပွါးကြီးရင့်၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရစျာန်ကိုရ၏၊ |
21,525 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပစာရစျာန်ဟူသည်ကား |
21,526 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ နိမိတ်ရစကောင်းသော ကမ္မဋ္ဌာန်းတို့၌ အစမှစ၍ ပဋိဘာဂ နိမိတ် ဖြစ်ပေါ်သည့်တိုင်အောင် ဤအတွင်းကြည့်ရှု ပွါးများသော စိတ္တုပ္ပါဒ်ကို ပရိကမ္မဘာဝနာ-ဟုခေါ်၏၊ |
21,527 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်မှစ၍ အပ္ပနာသို့ မရောက်မီ ဤအတွင်း ကြည့်ရှုပွါးများသော စိတ္တုပ္ပါဒ်ကို ဥပစာရဘာဝနာ-ဟုခေါ်၏၊ |
21,528 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ စျာန်စိတ်ကိုကား အာရုံထဲသို့ ဝင်ဘိသကဲ့သို့ စူးစိုက်၍ ဖြစ်ခြင်းကြောင့် အပ္ပနာဘာဝနာ-ဟုခေါ်၏၊ |
21,529 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဘာဝနာ ၃-ပါး၌ |
21,530 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပရိကမ္မဘာဝနာ အခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို ပရိကမ္မသမာဓိ, ပရိကမ္မစျာန်-ဟုခေါ်၏၊ |
21,531 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဥပစာရဘာဝနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို ဥပစာရသမာဓိ, ဥပစာရစျာန်-ဟုခေါ်၏၊ |
21,532 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အပ္ပနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို အပ္ပနာ သမာဓိ, အပ္ပနာစျာန်-ဟုခေါ်၏၊ |
21,533 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ ဘာဝနာ ၃-မျိုး၊ သမာဓိ ၃-မျိုး၊ စျာန် ၃-မျိုးရှိ၏၊ |
21,534 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည်ကား- ဘုရားဂုဏ်ကျေးဇူးတော် များသည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထတရားဖြစ်၍ နိမိတ်ရ ကောင်းသော တရားမဟုတ်ခြင်းကြောင့် စိတ်ဉာဏ်ကြည်လင်ခြင်း, ဝမ်းမြောက်ခြင်း, တည်ကြည်ခြင်း ဥပစာရစျာန်, ဥပစာရသမာဓိမျှကိုသာ ဖြစ်စေနိုင်၏၊ အပ္ပနာစျာန်, အပ္ပနာသမာဓိကို မဖြစ်စေနိုင်၊ အပ္ပနာစျာန် ကိုကား နိမိတ်အာရုံ ရကောင်းသော က... |
21,535 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊ |
21,536 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
21,537 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မာနုဿတိ ဟူသည်ကား-ဘုရားရှင် ဟောကြားတော်မူ အပ်သော ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဒ-ဟူသော ၃-ပါးသော တရားတော် မြတ်၏၊ ဝါ၊ ပရိယတ္တိ, ပဋိပတ္တိ, စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော ၆-ပါးသော တရားတော်မြတ်၏ သွာက္ခာတတာ-စသော ဂုဏ်တော်တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။ |
21,538 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ဓမ္မာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် တရားတော်မြတ်၏ သွာက္ခာတတာ-စသောဂုဏ်တော် ၆-ပါးကို ကောင်းမွန်စွာသိ၍ ဘုရားဂုဏ်ကျေးဇူးတော်ကို ဂုဏ်လုံးပေါ်အောင် ထင်ရှားအောင် လောကကြီးနှင့်တကွ မိမိတို့ရခဲနိုင်သောအဖြစ်, မရနိုင် သောအဖြစ်တို့ကို ဆင်ခြင်၍ အောက်မေ့ရဘိသကဲ့သို့ ထို့အတူ တရားတော်မြတ်၏ ဂုဏ်တော်ကိုလည်း ဂုဏ်လုံး... |
21,539 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မ ဂုဏ်တော် ၆-ပါး |
21,540 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော, |
21,541 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သန္ဒိဋ္ဌိကော, |
21,542 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အကာလိကော, |
21,543 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဧဟိပဿိကော, |
21,544 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဩပနေယျိကော, |
21,545 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ |
21,546 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ |
21,547 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတော၊ အစ, အလယ်, အဆုံး ၃-ပါးအစုံ ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံစွာ ဟောကြား တော်မူအပ်သော။ |
21,548 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မော၊ တရားတော်မြတ်သည်။ |
21,549 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစံရသော ဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံ ပေ၏၊ |
21,550 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အကာလိကော၊ ကာလမရွေ့ကျင့်သည့်နေ့ပင် တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံပေ၏ |
21,551 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက် တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံ ပေ၏၊ |
21,552 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဩပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသ နှင့်လည်း ပြည့်စုံပေ၏၊ |
21,553 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဝိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်း တို့သည်။ |
21,554 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စတ္တံ၊ အသီးအသီးသော မိမိတို့သန္တာန်၌။ |
21,555 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ, ကောင်းလေစွ- ဟု ကာယစိတ္တ-သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိ မြင်ရသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံပေ၏၊ |
21,556 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘုရားရှိခိုးပြုလုပ်လိုလျှင်-(တံ၊ ထိုသွာက္ခာတ-အစ ဝေဒိတဗ္ဗအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၆-ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို။ |
21,557 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝန္ဒာမိ၊ ရှိခိုးပါ၏) |
21,558 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတဂုဏ်တော် |
21,559 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငါ၏ဆရာ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်မြတ်သည်ကား မိစ္ဆာဒိဋ္ဌိဆရာများ ဟောကြားအပ်သော တရားများကဲ့သို့ “ဒုရက္ခာတ-မကောင်းသဖြင့် ဟောကြားအပ်သော တရား” မဟုတ်၊ အလွဲအမှား မဟုတ်၊ ဒုက္ခဖြစ်ကြောင်း မဟုတ်၊ စင်စစ် ဖြောင့်မှန်ပေ၏၊ ခပ်သိမ်းသော ဒုက္ခကို ပျောက်စေ၍ ချမ်းသာကို ဖြစ်စေတတတ်ပေ၏၊ ထို့ကြောင့် သွာက္ခာတ- ကောင်းစွာ ဟော... |
21,560 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိစ္ဆာဒိဋ္ဌိ တရားတို့နှင့် ယှဉ်၍, နှိုင်းစာ၍ ဆင်ခြင် အောက် မေ့ရာ၏၊ ဤနည်းကိုမှီ၍ ကြွင်းသော ဂုဏ်တော်တို့ကိုလည်း မိစ္ဆာဒိဋ္ဌိ တရား လောကီ ဗာဟိရတရားတို့နှင့် ယှဉ်၍ ယှဉ်၍, နှိုင်းစာ၍ နှိုင်းစာ၍ ဆင်ခြင်အောက်မေ့ရာ၏၊ |
21,561 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သန္ဒိဋ္ဌိကဂုဏ်တော် |
21,562 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ထိုတရားသည် ကြည့်ရှုခြင်းငှာ သင့်သော ထိုက်သော သန္ဒိဋ္ဌိက တရားတည်း။ |
21,563 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကာလိကဂုဏ်တော် |
21,564 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်တရားသည် မိမိကို ပြုကျင့် ကြည့်ရှုလာသောသူအား ချမ်းသာကောင်းကျိုးကို ပေးရာ၌ နောက်ခဏမှ နောက်ရက်မှဟု အခါကာလကို မဆိုင်းငံ့ဘဲ ထိုမိမိကို ပြုကျင့် ကြည့်ရှုသည်နှင့် တစ်ပြိုင်နက် ပင်လျှင် ချမ်းသာကောင်းကျိုးကို ဖြစ်စေ၏၊ ပေး၏၊ ထိုတရားသည် အခါမလင့် အကျိုးပေးတတ်သော အကာလိက တရားတည်း။ |
21,565 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိပဿိကဂုဏ်တော် |
21,566 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ပေးတတ်၏၊ ထိုတရားသည် လာလှည့်, ဤတရားကို ကြည့်ရှုလှည့်ဟု တိုက်တွန်းစေခိုင်းခြင်း အစီအရင်ကို ထိုက်သော ဧဟိပဿိက တရားတည်း။ |
21,567 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩပနေယျိကဂုဏ်တော် |
21,568 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်စေ၍ နိဗ္ဗာန်ချမ်းသာကို ပို့ဆောင် တတ်သော ဉာဏ်ဖြင့်ကပ်၍ လေ့လာဆောင်ရွက်အပ်သော ဩပနေယျိက တရားတည်း။ |
21,569 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စတ္တဝေဒိတဗ္ဗဂုဏ်တော် |
21,570 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည် အသီး အသီးသော မိမိတို့သန္တာန်၌ ချမ်းသာလေစွ, ကောင်းလေစွ-ဟု သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ပစ္စတ္တဝေဒိတဗ္ဗ တရားတည်း။ |
21,571 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ၃-ပါး, ၆-ပါးသော တရားတော်မြတ်သည် ဤ၆-ပါးသောဂုဏ်တို့နှင့် ထိုက်သည်အား လျော်စွာ ပြည့်စုံကြသည်၊ ထင်မြင်အောင် ကြည့်ရှုကြရာ၏၊ |
21,572 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တရားတော်မြတ်၏ ဂုဏ်ကျေးဇူးတို့သည် အပ္ပမာဏော ဓမ္မောဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ရှိကုန်၏၊ တရားတော်မြတ်၏ ဂုဏ်တော်တို့ကို ၁-ပါးထက် ၂-ပါး, ၂- ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိလေအောင် အောက်မေ့ နိုင်လေလေ အကျိုးသာလွန်၍ ကြီးမြတ်လေလေ ဖြစ်၏၊ |
21,573 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန်နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း ဖြစ်၏၊ အလွန် စိတ်ဉာဏ် ကြည်၏၊ အလွန် ဉာဏ် ထက်သန် ကြီးထွား၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရ စျာန်ကိုရ၏၊ |
21,574 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဓမ္မာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- တရားတော် ဂုဏ် တော်မြတ်သည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထဓမ္မတွေ ဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ်စေနိုင်။ |
21,575 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတ ဂုဏ်တော် အကျယ် |
21,576 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုဋ္ဌု အက္ခာတောတိ သွာက္ခာတော။ |
21,577 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုဋ္ဌု၊ ကောင်းစွာ။ |
21,578 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အက္ခာတော၊ ဟောကြားအပ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ |
21,579 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတော၊ သွာက္ခာတ မည်၏၊ |
21,580 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ ကောင်းစွာ ဟောအပ်သည်ဟူသည် အဘယ်နည်း။ |
21,581 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဤတရားသည် အစ၌လည်းကောင်း, အလယ်၌လည်း ကောင်း, အဆုံး၌လည်းကောင်း အနက်နှင့်လည်း ပြည့်စုံ၏၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်လည်းပြည့်စုံ၏၊ ဤတရားတော်ဖြင့် မြတ်စွာဘုရားသည် အလုံးစုံပြည့်စုံ၍ စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏၊ |
21,582 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကို သိအပ်၏၊ ချဲ့၍ဆိုဦးအံ့ |
21,583 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ တရားတော်သည် အစ၌ ကောင်းခြင်းရှိသောကြောင့် သွာက္ခာတ မည်၏၊ |
21,584 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အစ၌ ကောင်းခြင်းဟူသည် အဘယ်နည်း။ |
21,585 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ထိုတရားကို ဟောတော်မူသော မြတ်စွာဘုရား၏ ကောင်းသောတရား အဖြစ်သည် တရား၏ အစ၌ ကောင်းခြင်းမည်၏၊ |
21,586 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ ဘုရား၏ ကောင်းသော ဘုရားအဖြစ်ဟူသည် အဘယ် နည်း။ |
21,587 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဘုရား၏ ကောင်းသောဘုရားဖြစ်ပုံကို ဘုရား ဂုဏ်တော် ၉-ပါး၌ ပြဆိုအပ်ပြီးသောအတိုင်း သိအပ်၏၊ |
21,588 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုတရားတော်သည် အလယ်၌ကောင်းခြင်းရှိသော ကြောင့်လည်း သွာက္ခာတ မည်၏၊ |
21,589 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အလယ်၌ ကောင်းမြတ်ခြင်းဟူသည် အဘယ်နည်း။ |
21,590 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ တရား၏ ကောင်းမြတ်မှန်ကန်သော တရားဖြစ်မှု သည် အလယ်၌ကောင်းခြင်းမည်၏၊ |
21,591 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ တရား၏ကောင်းမြတ်မှန်မှုသည် အဘယ်နည်း။ |
21,592 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ အနက်အဓိပ္ပါယ်နှင့် ပြည့်စုံမှု, သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံမှု သည်လည်းကောင်း၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သောအကျင့်မြတ်ကို ပြခြင်းသည်လည်းကောင်း တရား၏ ကောင်းမြတ် မှန်ကန်မှု မည်၏၊ |
21,593 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ တရားတော်၏ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါပုဒ် ဗျည်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း။ |
21,594 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သီလအရာ၌ ရှေးဦးစွာ ပြဆိုပေအံ့၊ |
21,595 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ထိုသီလနှင့်စပ်၍ ဟောတော်မူအပ်သော အရာ၌ အကြင်မျှလောက် သဒ္ဒါအစီအစဉ်ကို ပြသောပုဒ်, ဗျည်း-တို့ကိုလည်း ကောင်း၊ အနက်အဓိပ္ပါယ်ကို ပြသောပုဒ်, ဗျည်းတို့ကိုလည်းကောင်း ရထိုက်ကုန်၏၊ ထိုမျှလောက်ကုန်သော သဒ္ဒါပုဒ်, အနက်ပုဒ်တို့ကို လိုလေသေးသည် ဟူ၍မရှိ၊ အပြည့်အစုံ စီစဉ် ထည့်သွင်း၍သာလျှင် ဟောကြားတော်မူအပ်၏၊ ထို့ကြောင့် တရားတော်သည် အန... |
21,596 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ သမာဓိနှင့်စပ်၍ ဟောသောအရာ, ပညာနှင့်စပ်၍ ဟောသောအရာတို့၌ ယုတ်လျောသည်, လိုသေးသည် ဟူ၍မရှိ၊ အပြည့် အစုံ ဖြစ်ကုန်သောသဒ္ဒါပုဒ်, အနက်ပုဒ်တို့နှင့် စီစဉ်၍ ဟောကြားတော် မူအပ်သည်၏ အဖြစ်သည် တရားတော်၏ အနက်နှင့်ပြည့်စုံမှုမည်၏၊ သီလတရားနှင့်စပ်လျင်း၍ ဟောတော်မူသောအခါ အနမတဂ္ဂ သံသရာကမ္ဘာအနန္တတို့၌ ကောင်းသော အလေ့အကျင့် ဟုဆိုအပ်ကုန်... |
21,597 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမျှလောက်ကုန်သော အလေ့ကောင်း, အကျင့်ကောင်းသီလ ကုသိုလ်အပေါင်းတို့ကို သဗ္ဗညုတညဏ်ဖြင့် အလုံးစုံသိမြင်တော်မူပြီး၍ ကောင်းစွာဟောကြားတော်မူအပ်၏၊ ထို့ကြောင့် သီလတရားများသည် အနက်နှင့် ပြည့်စုံသည်, သဒ္ဒါနှင့်ပြည့်စုံသည်မည်၏၊ |
21,598 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာဓိနှင့်စပ်လျဉ်း၍ ဟောတော်မူရာ, ပညာနှင့်စပ်လျဉ်း၍ ဟောတော်မူရာတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, ဗျဉ္ဇန ဖြစ်ပုံကို သိအပ်၏၊ |
21,599 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဆိုလတ္တံ့သောနည်းကား- အနက်နှင့်ပြည့်စုံ, သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံ နည်းအမြွက်ပေတည်း။ |
21,600 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကုသလ=ကုသိုလ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.