id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
24,101 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ |
24,102 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နောက် ပုစ္ဆာ၌ကား ခက်မာမှုစသော ရုပ်ခန္ဓာ, နာမှုဟူသော နာမ်ခန္ဓာတို့သည် အနိစ္စမျိုးသာတည်း။ |
24,103 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ခက်မာမှုစသည်တို့သည် အလှုပ်အရှားပင် မခံကုန်၊ ၁- နာရီအဖို့မှာပင် အခါများစွာ ကွယ်ဆုံးပြောင်းလဲနိုင်ကြကုန်၏၊ နာမှု သည်လည်း ခဏချင်းပင် ချုပ်ပျောက်နိုင်၏၊ ထို့ကြောင့် ရုပ်, နာမ်ဟူ၍ သိခြင်းသည် အနိစ္စသိ-ဖြစ်၏၊ |
24,104 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အနိစ္စ-ဟူသည် မရဏဓမ္မမျိုး ဖြစ်၏၊ အမျိုးအားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော သဘောမျိုးစင်စစ်ဖြစ်၏၊ ထို့ကြောင့် ဒုက္ခ-သိ ဖြစ်၏၊ |
24,105 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အနိစ္စ-ဟူသည် အနှစ်သာရ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ထို ပုဂ္ဂိုလ်တစ်သက် တည်နေနိုင်သော ပုဂ္ဂိုလ်၏ အမာခံအနှစ်သာရ အတ္တမျိုးမဟုတ်၊ ဘေးဘယမျိုး, ဒုက္ခမျိုးဟူသည် သတ္တဝါတို့၏ အလိုနှင့် ဆန့်ကျင်ဘက် မျိုးသာတည်း၊ ထို့ကြောင့် ရုပ်, နာမ်-ခန္ဓာဟူ၍ သိခြင်း သည် အနတ္တ-သိဖြစ်၏၊ |
24,106 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခဏိကမရဏ, သန္တတိမရဏ |
24,107 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစကား၌ အနိစ္စ ဟူသည် မရဏ ဓမ္မမျိုးဖြစ်၏၊ အမျိုးအစား အားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော ဘေးမျိုးစင်စစ် ဖြစ်၏ဟူရာ၌- |
24,108 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ ခဏမစဲ ချုပ်ပျက်မှု ဟူသော ခဏိက မရဏ တစ်ပါး, |
24,109 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့ကို အမြင်ရှုကြရသော သန္တတိ မရဏ တစ်ပါး, |
24,110 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤမရဏ ၂-ပါးတို့သည်လည်း သတ္တဝါတို့အလွန်ကြောက်လန့် ကြရသော သေဘေးမျိုး အမှန်စင်စစ် ဖြစ်ကုန်၏၊ သို့သော်လည်း ဘဝ ဆုံးမှုကြီး မဟုတ်သေး၍ သေဘေးမျိုးဟူ၍ပင် မထင်နိုင်ကြကုန်။ |
24,111 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇာတိဓမ္မ, မရဏဓမ္မ |
24,112 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတစ်ပါး ပုဂ္ဂိုလ်, သတ္တဝါမျိုးတွင် အပါအဝင်ဖြစ်သော ခြေဖဝါးကို ဖယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြား၍ မြင်မှု၌မူကား ဣရိယာ ပုထ် တစ်ခုတစ်ခု အတွင်းမှာပင် အသစ်အသစ် အမျိုးမျိုး ဖြစ်ပေါ်မှု ဟူသော ဇာတိဓမ္မ, ဥဒယဓမ္မကိုလည်း သိမြင်နိုင်သည်၊ ပုဂ္ဂိုလ်၏ရှင်ခြင်း, ပုဂ္ဂိုလ်၏သေခြင်းဟူ၍ပင်မရှိ၊ ဓာတ်တို့၏ဖြစ်ခြင်း, ဓာတ်တို့၏ ပျက်ခြင်း, ... |
24,113 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤခြေဖဝါး၏ နာကျင်မှု၌လည်း ပကတိ လူတို့အားပင်လျှင် ယခုတွင်ရွေ့ပေါ်လာသည်၊ ယခုပင် အနာ အကျင် ပျောက်ပေပြီ-ဟု ပြောဆို သိမြင်ထင်ရှား၏၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာ-ဟု ခြားနား၍ သိမှု မရှိကြသည့် အတွက်ကြောင့် ဖြစ်ပေါ်မှုကိုလည်း ဇာတိဓမ္မကြီးဟူ၍ မသိကြကုန်၊ အနာအကျင် ပျောက်မှုကိုလည်း မရဏဓမ္မကြီးဟူ၍ မသိကြကုန်။ |
24,114 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စောဒနာဖွယ် |
24,115 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စောဒနာရန်ရှိ၏၊ နာမှု ကျင်မှု မည်သည် ဒုက္ခသာတည်း၊ ဒုက္ခ၏ ချုပ်ပျောက်ခြင်းသည်ကား သတ္တဝါတို့အလွန်အလိုရှိကြ, သာယာတောင့်တ ကြရသော ဣဋ္ဌမျိုး သုခမျိုး စင်စစ်တည်း၊ ထို့ကြောင့် မရဏဓမ္မမျိုးပင် ဖြစ်သော်လည်း ဒုက္ခမျိုးမဟုတ်၊ သုခမျိုးသာတည်း၊ ကြောက်လန့် ဖွယ်မျိုးမဟုတ်၊ ဤ မရဏဓမ္မကြီးသည် ဒုက္ခဝေဒနာမျိုးကိုသာ ချုပ် ပျောက်စေတတ်သည်၊ သုခဝ... |
24,116 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ကားမဟုတ်၊ သုခဝေဒနာ ပေါ်လာလျှင်လည်း အတွင်ချုပ် ပျောက်စေ၏၊ ဒုက္ခဝေဒနာ ပေါ်လာလျှင် လည်း အတွင်ချုပ်ပျောက် စေ၏၊ ဘယ်ရုပ်, ဘယ်နာမ်တစ်ခုကိုမျှ မချန်၊ အတွင် ချုပ်ပျောက်စေ၏၊ ထိုကြောင့် ဒုက္ခဝေဒနာကို ချုပ်ပျောက်စေသော အခါ၌လည်း ထိုမရဏ ဓမ္မကြီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး သာဖြစ်၏၊ အကျွမ်း ဝင်ဖွယ်, သာယာဖွယ်သော သုခမျိုးမဟုတ်။ |
24,117 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာကား-မီးသည် မကောင်းသော အမှိုက်ကိုသာ လောင် တတ်သည်၊ ကောင်းမွန်သော ဝတ္ထု, ဘဏ္ဍာ, အိမ်ရာ, ဘုံနန်း, ပြာသာဒ်, သတ္တဝါ, ပုဂ္ဂိုလ်တို့ကို မလောင်တတ်-ဟုခြားနားချက် မရှိ၊ မိမိနှင့် ထိစပ်သမျှကို အကုန်လောင်တတ်၏၊ ထို့ကြောင့် အမှိုက်ကိုလောင်၍ နေသောအခါ၌လည်း ထိုမီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး ရန်မျိုးသာတည်း၊ မိမိကိုယ်၌အချမ်းကိုပယ်ဖ... |
24,118 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပါယ်ဘုံသားတို့အား သုဂတိဘဝသို့ ပြောင်းလာခွင့် မရ အောင်ပြုမှုသည်လည်း သူ့အတတ်ပင်၊ လူ, နတ်, ဗြဟ္မာတို့ကို သုဂတိဘုံမှ အတွင်သတ်၍ ချမှုသည်လည်း သူ့အတတ်ပင်၊ လွန်ခဲပြီးသော သံသရာ၌ ဂင်္ဂါသဲမျှမက ပွင့်တော်မူကြကုန်သော လောကသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပေကုန်သော မြတ်စွာဘုရားတို့ကို အကုန်ကွယ်ဆုံး၍ ကုန်ရအောင်ပြုမှုသည်လည်း သူ့အတတ... |
24,119 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခုတည်ရှိဆဲဖြစ်သော အနန္တစကြဝဠာ သက်ရှိသက်မဲ့ ခန္ဓာတို့ သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံးကြရကုန်လတ္တံ့၊ နောက် အနမတဂ္ဂသံသရာ၌ ပေါ်လာသမျှကုန်သော သက်ရှိသက်မဲ့ ခန္ဓာတို့သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံး ကြရကုန် လတ္တံ့၊ ဤကား ခြေဖဝါး အပြင်၌ နာကျင်မှုဟု ဆိုအပ်သော နာမ်ခန္ဓာ၏ ချုပ်ပျောက်မှု-ဟူသော မရဏဓာတ်ကြီး၏ အတတ... |
24,120 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးတစ်ပြင်လုံး၌ နာမ်ခန္ဓာ ၄-ပါးပေါ်ပုံ |
24,121 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးတစ်ပြင်လုံး၌ တပြိုင်နက် တစ်ချက်တည်း ထိခိုက်မှု ရှိသော် ဤ နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေဖဝါးတစ်ပြင်လုံး၌ဖြစ်ပေါ်ကြ ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် အသားတွင်းသို့ ၁-သစ်, ၂-သစ် စသည်ဖြင့် စူးဝင်ခဲ့သည်ရှိသော် ခြေဖဝါး အသားတွင်း၌ ၁-သစ်, ၂- သစ် စသည်ဖြင့် အနှံ့အပြား ဖြစ်ပေါ်ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် ခြေဖဝါးအပြင်မှ အထက်ခြေဖမိ... |
24,122 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖဿပစ္စယာ ဝေဒနာ-ဟူသော ပဋိစ္စသမုပ္ပါဒ်ပါဠိတော်နှင့် အညီ ဒဏ်ချက်၏ ထိခိုက်မှု-ဟူသော ဖဿသည်သာ ပမာဏပေတည်း၊ ဖဿ ဖြစ်ပေါ်လျှင် ဝေဒနာဖြစ်ပေါ်မြဲ၊ ဖဿ နှံ့ပြားသမျှ ဝေဒနာနှံ့ပြား၏၊ ဖဿချုပ်ပျောက်လျှင် ဝေဒနာ လျုပ်ပျောက်၏၊ အတွင်းအပ တစ်ခုလုံး ဒဏ်ထိသမျှ ဖဿဖြစ်ပေါ်၍ ခြေတစ်ခုလုံး ဝေဒနာတွေ အနှံ့အပြား ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်နှင့်နာမ်... |
24,123 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ-ညဉ့်အခါ၌ ထွန်းအပ်သော မီးရောင်တို့သည် ရေခွက် အတွင်း၌ရှိသော ကြည်လင်လှစွာသော ရေတွင်း၌ အကုန်လုံး အနှံ့ အပြား ဖြစ်ပေါ်ကြကုန်သော်လည်း ရေနှင့် ရောယှက်ငြိတွယ်ခြင်း မရှိကုန် သကဲ့သို့တည်း။ |
24,124 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရောယှက်ငြိတွယ်ခြင်း မရှိကြပုံကား ထွန်းအပ်သော မီးတောက်ဖြစ်ပေါ်လျှင် ရေခွက်၌ မီးရောင်တို့ ဖြစ်ပေါ်ကုန်၏၊ မီးတောက်သေပျောက်ခဲ့လျှင် ရေခွက်တွင်းရှိ မီးရောင်တို့သည် တစ်ပြိုင်နက် ပျောက် ကွယ်ကုန်၏၊ လေခတ်၍ မီးတောက်လှုပ်ရှားခဲ့လျှင် ရေ၌မီးရောင်တို့သည်လှုပ်ရှားကုန်၏၊ ရေသည်မူကား မီးရောင်တို့၏ ဖြစ်ပေါ်မှုကြောင့်လည်း အနေမပျက်၊ မီးရေ... |
24,125 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ရေနှင့်မီးရောင် ဝိပ္ပယုတ္တ ဖြစ်ပုံတည်။ |
24,126 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ရေနှင့် ရေ၌ထင်သော လူရိပ်, မှန်နှင့် မှန်၌ထင်သော မျက်နှာ ရိပ်-စသည်တို့လည်း ဝိပ္ပယုတ္တမျိုး တို့ပင်တည်း၊ ထို့ အတူ နာမှု-ဟူသော နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေတစ်ခုလုံး အနှံ့အပြား အတွင်းအပြင် ဖြစ်ပေါ်၍ ၁-ရက် ၂-ရက် စသည် ဒဏ်ထိမှု ဖဿ မပြေမပျောက်သမျှ ကာလပတ်လုံး ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြ... |
24,127 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာယာယတန ဆိုသည်ကား အတွင်းအပဖြစ်သော ခြေတစ်ခု လုံး၌ တည်ရှိသော ကာယပသာဒ ရုပ်ကြည်ပေတည်း၊ ဖောဋ္ဌဗ္ဗာယတန ဆိုသည်ကား ခက်မာမှု, နူးညံ့မှုဟူသော ပထဝီ ၁-ပါး, ပူမှု အေးမှုဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဤဓာတ်ကြီး ၃-ပါးကို ဖောဋ္ဌဗ္ဗာယတန ဆိုသတည်း၊ ထိုဓာတ်ကြီး... |
24,128 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးပေါ်၌ ပေါလောပေါ်ရှိသော ဖဿတရား, ဝေဒနာ တရားတို့သည်ကား အပဖောဋ္ဌဗ္ဗတို့၏ထိခိုက်မှု ဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ အရေ၏အတွင်း ခြေတစ်ခုလုံး၌ ပေါ်ရှိသော ဖဿ တရား, ဝေဒနာတရားတို့သည်ကား အတွင်းဖောဋ္ဌဗ္ဗတို့နှင့် အတွင်း ကာယပသာဒတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ ဤအရမျိုး၌ သဠာယတနပစ္စယာ ဖေဿာ, ဖဿပစ္စယာ ဝေဒနာဟူသော ပ... |
24,129 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရေ၌ မီးရောင်တို့၏ ဖြစ်ပေါ်တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေနှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့လည်းကောင်း၊ ရေ၌ထင်သော မျက်နှာရိ့ပ်, မှန်တွင်ထင်သောမျက်နှာရိ့ပ်တို့၏ ဖြစ်ပေါ်မှု, တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေ-မှန်တို့နှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့ လည်း ကောင်း ခြေ၌ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ပေါ်တည်နေမှု, သ... |
24,130 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာဟူသော ပါဠိတော်တစ်ရပ်, |
24,131 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိပ္ပယုတ္တပစ္စယော--ဟူသော ပါဠိတော်တစ်ရပ်, |
24,132 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော် ၂-ရပ်ကို စိတ်၌ အမြဲစွဲထားကြလေကုန်၊ နာမှုဟူသော ဝေဒနာ ထင်ရှားရာ၌ သိမှု-ဟူသော ဝိညာဉ်သည် မထင်ရှား လှပြီ။ |
24,133 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖဿဖြစ်ပေါ်ပုံ |
24,134 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖဿဖြစ်ပေါ်မှု၌ကား ကာယာယတန ၁-ပါး, ဖောဋ္ဌဗ္ဗာယတန ၁-ပါ, ကာယဝိညာဉ် ဟူသော မနာယတန ၁-ပါး, ဤအာယတန ၃-ပါး ပေါင်းဆုံလုံးထွေးမှုကြောင့် ကာယသမ္ဖဿ ဖြစ်ပေါ်၏၊ ကာယသမ္ဖဿ ဖြစ်ပေါ်မှုကြောင့် ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ--ဟူသော နာကျင်မှု ဖြစ်ပေါ်၏၊ ကာယဝိညာဉ်ဆိုသည်ကား လူတို့စွဲလမ်းချက် အလိုအားဖြင့် ထိုကိုယအင်္ဂါတို့၏ သိမှုတည်း၊ အရေတို့၏ သိမှု, အသ... |
24,135 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေနာသည်၊ ခြေကျဉ်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ညောင်းသည်၊ ခေါင်းကိုက်သည်၊ ခေါင်းခဲသည်၊ မျက်စိနာသည်၊ နားနာသည်၊ သွားနာသည်၊ သွားကိုက်သည်၊ မေးရိုးကိုက်သည်၊ လက်ချောင်းနာသည်၊ ပခုံးနာသည်၊ ရင်ဘတ်နာသည်-အစရှိသည်တို့ကို ဆိုသတည်း။ |
24,136 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပြင်းအထန် ပူ၍ ဖျားနာရာ၌ အတွင်းအပတစ်ကိုယ်လုံးပင် ဒုက္ခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့ဖြင့် ပြည့်သကဲ့သို့ရှိ၏၊ အဖျားကျ ငြိမ်း၍သွားပြန်လျှင် အကုန်လုံး ချုပ်ကွယ်ကြလေကုန်၏၊ ဤကာယ ဝိညာဉ် သိမှုသည်ကား လောက၌ သိမှုဟူ၍ မထင်ရှား၊ ခြေနာသည်၊ ခြေကျင်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ကျဉ်သည်၊ လက်ညောင်းသည်၊ အစရှိသည်တို့၌ ပါဝင်နေကြ၏၊ |
24,137 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေသည်တစ်စုံတစ်ခု ထိခိုက်လာလျှင် နာတတ်၏၊ ကျဉ်တတ် ၏-ဟူ၍ကား သိကြကုန်၏၊ ထိခိုက်သည်ကို ခြေကသိတတ်၏-ဟု မထင်ကြကုန်၊ မနောနှလုံးကသာသိတတ်သည်ဟု ထင်၍နေကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် - မနောနှလုံးသိ ဖြစ်ပေါ်မှသာ |
24,138 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်ပေါ်လေသောကြောင့်တည်း၊ ခြေဖဝါး၌ထိခိုက်မှုသည် မနော နှလုံးတိုင်အောင်ထိခိုက်လာမြဲတည်း၊ ခြေသိ, မနောနှလုံးသိ ဟူ၍ ၂- ချက်ဖြစ်၏၊ ခြေသိကို ကာယဝိညာဉ်ခေါ်သည်၊ မနောနှလုံးသိကို မနော ဝိညာဉ်ခေါ်သည်၊ ရှေးသွားနောက်လိုက် ၂-ပါးအစုံတည်း၊ ထိုတွင် နောက်လိုက်ဖြစ်သော မနောနှလုံးသိပေါ်လာမှ ငါ၏ ခြေ၌ထိသည်ဟု ပုဂ္ဂိုလ်သိ ပေါ်လာသည် ပုဂ္ဂိုလ... |
24,139 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကိုယ်၏သိမှု, ခြေလက်စသော ကိုယ်အင်္ဂါတို့၏ သိမှု, အရေစသောကောဋ္ဌာသတို့၏ သိမှုဟုဆိုအပ်သော ကာယဝိညာဉ်သည် ပရမတ္ထဓမ္မတို့တွင် အလွန်ထင်ရှားသော ဝိညာဉ်တစ်ပါးဖြစ်ပါလျက် လောက၌ လူတို့အသိဉာဏ်တွင် မထင်ရှားရှိနေကြသည်ဖြစ်၍ ထင်ရှား စေခြင်းငှါ အဖန်တလဲလဲပြဆိုလိုက်သည်၊) |
24,140 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမက္ခန္ဓာ ၄-ပါး ပြဆိုချက် |
24,141 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧကန်ဟုတ်မှန်သော ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍ လည်းမရှိ၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်သော ခြေဟူ၍လည်းမရှိ၊ အရေစသော ကောဋ္ဌာသ ဟူ၍လည်းမရှိ၊ ခန္ဓာ ၅-ပါးသာ အမှန်ရှိ၏၊ သိမှုဟူသမျှသည် ရူပက္ခန္ဓာမျိုး မဟုတ်၊ ဝိညာဏက္ခန္ဓာမျိုးသာဖြစ်၏၊ ခြေစသည်တို့၌ အတိုက်အခိုက် ရှိရာမှာ ဖြစ်ပေါ်၏၊ ထိုသိမှု ဖြစ်ပေါ်ရာတိုင်းမှာ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓ... |
24,142 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတွင်းဖောဋ္ဌဗ္ဗ,အပဖောဋ္ဌဗ္ဗတို့ ထိခိုက်ရာ ထိခိုက်ရာတိုင်း အတွင်းအပ ကိုယ်အင်္ဂါတို့၌ ခဏခဏ ဖြစ်ပေါ်ကြကုန်၏၊ ထိ ခိုက်မှုဒဏ် ပျောက်တိုင်း ခဏခဏချုပ်ပျောက်ကြကုန်၏၊ လောက၌လည်း ဘယ်နေ ရာက ယခုညောင်း၍လာသည်၊ အညောင်းပျောက်ပြီ၊ နာ၍လာသည်၊ အနာပျောက်ပြီ၊ ကိုက်ခဲ၍ ထုံ၍ ကျဉ်၍လာသည်၊ အကိုက်ပျောက်ပြီ၊ အထုံပျောက်ပြီ၊ အကျဉ်ပျောက်ပြီ၊ ဘယ်နေရာက ... |
24,143 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမက္ခန္ဓာကြီး ၄-ပါးတို့၏ အမှုဟူ၍သာ မသိကြကုန်သည်၊ ထိုသို့ မသိကြကုန်သည့် အတွက်ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာ ကွဲကြကုန် သည်ဖြစ်၍ မျက်လှည့်သည် ဝိညာဉ်လှည့်စားမှု လှလှရသဖြင့် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ပုဂ္ဂိုလ်၏ အင်္ဂါဟူ၍, နာတတ်သည်၊ ကျဉ်တတ်သည်၊ နာမှန်းသိတတ်သည်၊ ကျဉ်မှန်း သိတတ်သည် ဟူ၍ ခြေကိုပင် အသက်ရှိသည် ဟူ၍, အရှင်ဟူ၍, လက်ကိုပ... |
24,144 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ခြေအင်္ဂါ၌ နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်တည်း။ |
24,145 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဤသို့လျှင် ခြေအင်္ဂါ၌ ဖော်ပြသည့်အတိုင်း |
24,146 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ခြေချင်းဝတ်အင်္ဂါ- အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်းတို့၌ လည်းကောင်း၊ |
24,147 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ခြေသလုံးအင်္ဂါ- ဒူးပုဆစ်အင်္ဂါ-ပေါင်အင်္ဂါ- ဓါးအင်္ဂါဝမ်းအင်္ဂါ အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြော ပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အအူပေါ်အအူတွင်းတို့၌ လည်းကောင်း၊ |
24,148 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ရင်အင်္ဂါ-ကျောက်ကုန်းအင်္ဂါ- အရေပေါ်အရေတွင်း, အသား ပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အသည်းပေါ်အသည်းတွင်း, အဆုတ်ပေါ်အဆုတ်တွင်း, နှလုံးပေါ် နှလုံးတွင်းတို့၌လည်းကောင်း၊ |
24,149 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လည်ပင်းအင်္ဂါ- ဦးခေါင်းအင်္ဂါ- ဦးနှောက်အင်္ဂါ- မျက်လုံး အင်္ဂါ-နားအင်္ဂါ-နှာခေါင်းအင်္ဂါ-ခံတွင်းအင်္ဂါ-လျှာအင်္ဂါ-အရေပေါ် အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ် အရိုးတွင်း တို့၌လည်းကောင်း၊ |
24,150 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ လက်ရုံးအင်္ဂါ-လက်မောင်းအင်္ဂါ, အရေပေါ်အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ် အရိုးတွင်းတို့၌လည်းကောင်း ညောင်းမှု-ညာမှု, နာမှု, နင့်မှု, ထုံမှု-ကျဉ်မှု, ကိုက်မှု, ခဲမှု, ပင်မှု-ပန်းမှု, နွမ်းမှု-နယ်မှု, ပူမှု-အေးမှု အစရှိသော အလုံးစုံသော ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး တို့၏ဖြစ် ပေါ်မှု, ခ... |
24,151 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုချက်ပြီး၏၊ |
24,152 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး |
24,153 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခုအခါ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုပေအံ့။ |
24,154 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပူလှတုန်းအခါ၌ အေးမြလှစွာသော ရေ၏ ထိခြင်း, ချမ်းလှတုန်းအခါ၌ ပူနွေးသောမီးရှိန်၏ထိခြင်းတို့ဖြင့် ခြေဖဝါးအပြင်၌ခံ၍ ခံ၍ကောင်းလှသော သုခဝေဒနာနှင့်တကွ နာက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ခြေဖဝါးအရေ၌ရှိသော ခက်မာမှု စသည်တို့ကား ရူပက္ခန္ဓာတည်း၊ သိမှု, ခံ၍ကောင်းမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာ တို့သည် ဝိပ္ပယုတ္တပစ္စည... |
24,155 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ဖြစ်ရာ၌ |
24,156 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရုပ်ဓမ္မကို မသိကုန်သော ဗာလပုထုဇဉ်တို့သည်ကား ခြေဖဝါး နွေးသည်၊ ခြေဖဝါးအေးသည်-ဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား ဒိဋ္ဌိ-သိပေတည်း။ |
24,157 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပညာရှိသိတို့သည်ကား စင်စစ်အားဖြင့် ခြေဖဝါး- ဟူ၍မရှိ၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည်သာ ရှိကုန်၏၊ ထိုတွင် ရုပ်ခန္ဓာတို့ သိခြင်း ကိစ္စမရှိကြကုန်၊ ထိုသိခြင်း, ခံ၍ကောင်းခြင်းကိုကား နာမ်ခန္ဓာတို့သာ တည်းဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား ဉာဏ်သိပေတည်း။ |
24,158 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာရှိတို့၏ သိမှု၌လည်း သုတမယဉာဏ်သိ, စိန္တာမယ ဉာဏ်သိ-ဟူ၍ ၂-ပါးရှိ၏၊ |
24,159 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အဘိဓမ္မာ ကျမ်းဂန်တို့ကို ကောင်းစွာတတ်လှ၍ သဘော သကန် ကြေလည်ချောမောအောင် ပြောတတ်, ဟောတတ်, ချတတ်၊ ပို့တတ်, ဆုံးဖြတ်တတ်မှု, သိမှုကား သုတမယဉာဏ်သာတည်း, ဤ သိမှုကား ဝိပဿာနာဉာဏ်မျိုး မဟုတ်၊ ပရိယတ္တိဉာဏ်မျှသာတည်း။ |
24,160 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုပရိယတ္တိဉာဏ်၌ တည်၍ ထိုဉာဏ်ဖြင့် သိသည့်အတိုင်း ရှုကြည့်ဖန်များလတ်သော် ထိုခြေဖဝါး ပူနွေးမှု, အေးချမ်းမှုတို့၌ မျက်စိဖြင့် မြင်ဘိသကဲ့သို့ ရုပ်ခန္ဓာတခြား, နာမ်ခန္ဓာတခြား ကွဲကွဲပြားပြား ထင်မြင်မှု သည်ကား စိန္တာမယဉာဏ်သိ ဉာဏ်မြင်၏၊ ဘာဝနာမယဉာဏ်လည်း ဆိုရ၏၊ ဤသိမှု, မြင်မှုသည်သာလျှင် ဝိပဿာနာဉာဏ် မည်၏၊ |
24,161 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ဘာဝနာအရာ၌ ဤသို့သော စိန္တာမယဉာဏ် အသိအမြင် ကိုသာ လိုအပ်၏၊ ဤစိန္တာမယဉာဏ်အသိ အမြင်သည်သာလျှင် ဒိဋ္ဌိကို ပယ်သတ်နိုင်၏၊ |
24,162 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သုတမယဉာဏ်, စိန္တာမယဉာဏ် ၂-ပါးခြားနားချက်တည်း။ |
24,163 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိအမြင် |
24,164 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ဗာလပုထုဇဉ်တို့ သိမှု, ပညာရှိတို့ သိမှု ၂-ပါးတို့တွင် ရုပ်ခန္ဓာ, နာမ်ခန္ဓာ-ဟု မသိမူ၍ ခြေဖဝါးအပြင် ပူသည်၊ နွေးသည်၊ အေးသည်၊ ချမ်းသာသည်-ဟု သိမြင်မှုကား မိစ္ဆာဒိဋ္ဌိသိမျိုး, မိစ္ဆာဒိဋ္ဌိမြင်မျိုးသာဖြစ်၏၊ နိစ္စသိမျိုး, နိစ္စမြင်မျိုး မည်၏၊ သုခသိမျိုး, သုခမြင်မျိုး မည်၏၊ အတ္တသိမျိုး, အတ္တမြင်မျိုးမည်၏၊ ပရမတ္ထအလိုအားဖြင့် ... |
24,165 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးအပြင်-ဟူသော နိမိတ္တဓမ္မကြီးကို ပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာကို ခြားနား၍ သိမှု, မြင်မှုသည်ကား သမ္မာဒိဋ္ဌိဉာဏ်သိမျိုး, ဉာဏ်မြင်မျိုးမည်၏၊ အနိစ္စသိမျိုး, အနိစ္စမြင်မျိုးမည်၏၊ ဒုက္ခသိမျိုး, ဒုက္ခမြင်မျိုးမည်၏၊ အနတ္တသိမျိုး, အနတ္တမြင်မျိုး မည်၏၊ လောကအလို, ပရမတ္ထအလို ၂-ပါးအားဖြင့် ဖြောင့်မတ်ဟုတ်မှန်သော အသိမျိုး, အမြင... |
24,166 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောကအလိုအားဖြင့် ဖြောင့်မတ်ဟုတ်မှန်ပုံကား ခက်မာမှုသည် သိမှုမဟုတ်၊ သိမှုသည် ခက်မာမှု မဟုတ်၊ ခက်မာမှုကား အမှုတခြား၊ သိမှုကား အမှုတခြား၊ ခက်မာမှုကား ရုပ်မှုတည်း၊ စိတ်ဝိညာဉ် မဟုတ်၊ သိမှုကား စိတ်ဝိညာဉ်မှုတည်း၊ ရုပ်မှုမဟုတ်ဟု ပြောဆိုခဲ့လျှင် လောက၌ အမှုတစ်မျိုးစီ မဟုတ်ဟု မငြင်းနိုင်ကြကုန်လတ္တ့။ |
24,167 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- နိစ္စသိ, သုခသိ, အတ္တသိ |
24,168 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ဤကားရုပ်ခန္ဓာ, ဤကားနာမ်ခန္ဓာဟု မသိမူ၍ ၂-ပါးစုံကို ခြေဖဝါးပြုလုပ်၍ သိခြင်းသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်း-ဟူမူကား ခြေဖဝါးမည်သည် နိမိတ္တဓမ္မမျိုးဖြစ်၍ တစ်သက်လုံးခိုင်မြဲသော နိစ္စဓမ္မမျိုးတည်း၊ သုသာန် သို့ရောက်မှ ဆုံး၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါးကို တစ်သက်လုံး ခိုင်မြဲသော န... |
24,169 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ |
24,170 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးကိုပယ်ရှား၍ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ခွဲခြမ်း၍ သိမှုသည် အဘယ်သို့လျှင် အနိစ္စသိ, ဒုက္ခသိ, အနတ္တသိမှု ဖြစ်လေသနည်းဟူမူကား ခက်မာမှုကို ရုပ်ခန္ဓာ-ဟုသိခဲ့လျှင် အလုပ်အယှက်မခံ ပျက်တတ် ပြောင်းလဲတတ်သောအနိစ္စမျိုးဟုသိတော့သည်။ |
24,171 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပူမှန်းသိခြင်း, နွေးမှန်းသိခြင်း, အေးမှန်းသိခြင်းကို နာမ်ခန္ဓာ-ဟုသိခဲ့လျှင် သူ့အကြောင်း ဆိုက်တိုက်ရာ ဖြစ်ချည် ပျက်ချည် အတည်မရ အနိစ္စမျိုးဟု ထင်ရှား တော့သည်။ |
24,172 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စ-ဟူသည် မရဏမျိုး စင်စစ်ဖြစ်၍ကြောက်လန့်ရသော ဒုက္ခမျိုးဟု သိခြင်းဖြစ်တော့သည်၊ အနိစ္စမျိုးဟူသည် အခိုင်အမာ အနှစ်သာရမျိုးမဟုတ်သည်ဖြစ်၍ ခြေဖဝါးကဲ့သို့ တစ်သက်လုံး ပျက်ခြင်း ပြောင်းလဲခြင်းမရှိဘဲ ပကတိအနေနှင့်တည်နေနိုင်သော အနှစ်အသာရ အတ္တ, ဇီဝမျိုးမဟုတ်ဟုသိမြင်နိုင်တော့သည်။ |
24,173 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့သမျှသော အလုံးစုံတို့ကို အကုန်ဆက်၍သိကြလေ။ |
24,174 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေကိုသာယာစွာပွတ်မှု, နှိပ်မှု,သပ်မှု,နယ်မှု, ကိုင်မှု,ထိမှု, |
24,175 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချောမွေ့ညံ့သက်သော အဝတ်အရံထိမှု, ဖျာရိုင်သင်ဖြူး အခင်းအခင်း အနှီး ထိမှု, ချောမွေ့ညံ့သက်သော အေးချမ်းသော လမ်းမြေ, သဲမြေ ရွှံ့မြေထိမှု-စသည်တို့၌လည်း ခံသာမှု, ခံကောင်းမှု-ဟုဆိုအပ်သောခြေ အရသာတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုခြေအရသာတို့သည် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ပေတည်း၊ ခြေအင်္ဂါအရေပေါ် အရေ တွင်း အသားပေါ်, အသားတွင်း ... |
24,176 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနည်းအတူ ခြေချင်းဝတ်အင်္ဂါ အရေ, အသား, အကြော, အရိုး အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာဟူသော အရသာ ပေါ်မှု၊ ခြေသလုံးအင်္ဂါ-ပေါင်အင်္ဂါ ခါးအင်္ဂါ အရေ,အသား, အကြော, အရိုး, အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု၊ ဝမ်းအင်္ဂါ, ရင်အင်္ဂါ, ကျောက်ကုန်းအင်္ဂါ အအူတွင်း အသည်းတွင်း အဆုတ်တွင်း နှလုံးတ... |
24,177 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ခွေး, ကျီး, လင်းတ - ဥပမာ |
24,178 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောက၌ ခွေး, ကျီး, လင်းတတို့သည် မိမိတို့ ကိုယ်တွင်း၌ မကောင်းသော ဝဋ်ဝိပါက် အမြဲတိုက်တွန်းမှုကြောင့် အလွန်စက်ဆုပ် ဖွယ်ရှိသော လူသေပုပ်, နွားသေပုပ်, ခွေးသေပုပ်တို့ကိုပင် အလွန်ခုံမင် စုံမက် မြိန်ရှက်မြတ်နိုးကြကုန်၏၊ ထို့အတူ ဤသတ္တဝါအပေါင်းတို့သည် ထိုကိုယ်အင်္ဂါ အရသာကြီးကို အလွန်ခင်မင် စုံမက်မြိန်ရှက်လှသော ကာမတဏှာ-ဟူသော အကုသို... |
24,179 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- နူနာရောဂါသည်ကြီး ဥပမာ |
24,180 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ကိုယ်လုံး ရွှဲရွှဲစို ကျိုက်ကျိုက်ဆူ နူနာကြီးရှိသောသူအား တစ်ကိုယ်လုံး ပိုးတွေကိုက်၍ အမြဲယားယံမှု ဒုက္ခကြီး ၁-ပါး၊ ပိုးစား၊ ပိုးချေး၊ သွေးပုပ်ပြည်ပုပ်တို့အတွက် အမြဲချမ်းမှု ဒုက္ခကြီး ၁-ပါး၊ ဤဒုက္ခကြီး ၂-ပါး အမြဲရှိနေ၏၊ အလွန်ပူအိုက်သော ကဆုန် နယုန် ဝါဆို ဝါခေါင်အခါတို့၌ပင် ရဲရဲငြိသော ရှားမီကြီး မီးအိုးကင်းကြီးကို မလွှတ... |
24,181 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ သတ္တဝါအပေါင်းတို့မှာလည်း ထိုကိုယ်အင်္ဂါအရသာကြီး အနမတဂ္ဂ သံသရာ၌ ဘဝအဆက်ဆက် ရွှဲရွှဲစို ကျိုက်ကျိုက်ဆူပွါး စည်း၍လာခဲ့သော ကာမတဏှာ နူနာစိုကြီးသည် ရှိနေကြ၏၊ ပြဆိုခဲ့ပြီး သောကိုယ်အင်္ဂါ အရသာကြီးမူကား ထိုတဏှာနူနာကို လွန်စွာပွါးစီးစေ နိုင်သော အစာဟာရကြီးပေတည်း၊ ထိုနူနာရောဂါကြီးသည် ရှားမီးကျီး မီးအိုးကင်းကြီးကို အမြဲကိုးက... |
24,182 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နွေလအခါ၌ ရှားမီးကျီးမည်သည် မြင်ရုံမျှနှင့်ပင် အလွန်ပူ အိုက်ခြင်း ဒုက္ခကိုသာ ဖြစ်ပွါးစေတတ်၏၊ အေးချမ်းခြင်း သုခကို မဖြစ်စေတတ်၊ ထို့အတူ ထိုကိုယ်အင်္ဂါအရသာကို ခံစားဖက်ဖြစ်သော ကာမဝတ္ထု ကာမအထည်တို့မည်သည် မြင်ရုံမျှနှင့်ပင်ကာမတဏှာ ကိလေသာအပူ အအိုက်ကိုဖြစ်ပွါးစေနိုင်ကုန်၏၊ ကာမတဏှာ ကိလေသာ အပူ၏ အေးငြိမ်းခြင်းကို မဖြစ်စေတတ်ကုန်။ |
24,183 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှားမီးကျီးမည်သည် ပေါင်းဖက် ရောယှက်လာသော ဝတ္ထုမျိုး တို့ကို အကျိုးမဲ့ အချည်းနှီး ပြာမှုန့်ဖြစ်အောင် အကုန်အပြောင် လောင် ကျွမ်းစေတတ်၏၊ ထို့အတူ ထိုအင်္ဂါအရသာကို ခံစံဖက်ဖြစ်ကုန်သော ကာမဝတ္ထု, ကာမအထည်တို့သည်လည်း ပေါင်းဖက်အပ် ရောယှက် မိသောသူတို့ကို ယခုဘဝတွင်း အလွန်မြင့်မြတ်လှစွာကုန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကြီးတို့မှ အပ... |
24,184 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကာမဝတ္ထု, ကာမအထည်တို့နှင့် ရောယှက်မိသော အခါ ကိုယ်အင်္ဂါအတွင်း၌ လျှပ်စစ်ပျက်သကဲ့သို့ ခဏခဏဖြစ်ပေါ်ကြကုန် သော သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟုဆိုအပ်ကုန်သော ကိုယ်အင်္ဂါ အရသာကြီးတို့၏ အပြစ်ဒေါသ အမြွက်မျှပြဆိုချက်တည်း၊) |
24,185 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုခသဟဂုတ်ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက် ပြီး၏၊ |
24,186 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါး |
24,187 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခုအခါ လျှာ၏သိခြင်း, လျှာ၏သိမှု, လျှာ၏အသိဟုဆိုအပ် သော ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုပေအံ့၊ ချဉ်လှစွာသော အရသာတခုဖြင့် လျှာတစ်ပြင်လုံးကို တို့၍စမ်းသည်ရှိသော် ချဉ်မှန်းသိမှု ဖြစ်ပေါ်လာရာ လျှာအစုသည် ဇိဝှါဝိညာဉ်နှင့်တကွသော နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ရာဌာနပေတည်း။ |
24,188 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇိဝှါဝိညာဉ်ဆိုသည်ကား လောကအလိုအားဖြင့် လျှာ၏သိမှု ဆိုလိုသည်၊ အဘိဓမ္မာအလိုအားဖြင့် လျှာ၌ဖြစ်ပေါ်သော သိမှုဆို လိုသည်၊ ပုဂ္ဂိုလ်၏ သိမှုကားမဟုတ်သေး၊ ထိုလျှာ၏သိမှုပေါ်သည်မှ နောက်၌ မနောနှလုံး၏ သိမှုကြီးသည် ဆက်လက်၍ ဖြစ်ပေါ်၏၊ ဤမနောနှလုံးသိမှုကြီးဖြစ်ပေါ်သောအခါမှ ပုဂ္ဂိုလ်သိ ဖြစ်ပေါ်လာ၍ ချဉ်သည်၊ ချိုသည်-ဟုပုဂ္ဂိုလ်သိ သိ၏၊ ယောက်... |
24,189 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇိဝှါဝိညာဉ် နာမက္ခန္ဓ ၄-ပါးနှင့် ကာယဝိညာဉ် နာမက္ခန္ဓာ ၄- ပါးမှာ ဤလျှာအပြင်၌ ထမင်းပူ, ထမင်းအေး စသည်တို့ကို သိသော ကာယဝိညာဉ်သည်လည်း ဖြစ်ပေါ်၏၊ အရသာမျိုးကိုသိသည်ကား ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတည်း၊ လျှာပေါ်၌ ရောက်လာသော ဝတ္ထုတို့ကို နူးညံ့သည်၊ ကြမ်းတမ်းသည်၊ ပူသည်၊ အေးသည်၊ ရွသည်၊ မွသည်၊ လှုပ်ရှားသည်-အစရှိသော သိမှု, လျှာနာမှု... |
24,190 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် လျှာသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ဖြစ်ပေါ်ရာ ဖြစ်ပေသောကြောင့် လျှာသည် အချို,အချဉ်-စသော အရသာမျိုးတို့ကို လည်းသိတတ်၏၊ အနုအကြမ်း-စသော ဖောဋ္ဌဗ္ဗာမျိုးတို့ကိုလည်း သိတတ်၏-ဟုပြောဆိုကြရာ၏၊ ပရမတ္ထအားဖြင့်မူကား လျှာဟူ၍ပင်မရှိ၊ ခန္ဓငါးပါးသာရှိ၏၊ ခက်မာမှုသည်ရှိ၏၊ ဖွဲ့စည်းမှုသည်ရှိ၏၊ ပူနွေးမှု သည်ရှိ၏၊ တောင့်တင်းမှု,လျေ... |
24,191 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ဖြစ်ရာ၌ ရုပ်ခန္ဓာမှန်း နာမ်ခန္ဓမှန်း မသိကြကုန်သော ဗာလ ပုထုဇဉ်တို့သည်ကား ရုပ်ခန္ဓာစကို လျှာဟု တစ်ခုတည်းပြု၍ ထိုသိမှုကို နာမ်ခန္ဓာဟုမခြားနားဘဲ လျှာ၏ကိစ္စပြု၍ လျှာသိသည်ဟု မြင်ကြကုန်၏၊ ၍အမြင်ကား ဒိဋ္ဌိတည်း၊ နိစ္စအမြင်, သုခအမြင်, အတ္တအမြင်, ဇီဝ အမြင်တည်း၊ လျှာဟူသောအသိကိုပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ခြားနား၍သိမှုကား ... |
24,192 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ၌လျှာအရသာသည် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာတစ်မျိုး, ဇိဝှါဝိညာဉ် နာမက္ခန္ဓာဟူသော အရသာတစ်မျိုး ဟူ၍ ၂-မျိုးရှိ၏၊ ထိုတင်ကာယဝိညာဉ် နာမက္ခန္ဓာဟူသော လျှာအရသာ သည်ကား ကိုယ်အင်္ဂါအရသာကြီး၌ ပါဝင်လေပြီ၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာကြီးကားကျန်ရှိ၏၊ ဤအရသာကြီးကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ ဆေးအပြတ်မခံ... |
24,193 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုခန်း ပြီး၏၊ |
24,194 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး |
24,195 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှခေါင်း၏သိခြင်း, နှာခေါင်း၏သိမှု, နှာခေါင်း၏ အသိဟုဆိုအပ် သော ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ နှာခေါင်း၏ အတွင်းဓာတ်သည် ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရာဌာနတည်း၊ ဤ၌လည်း ကာယ ဝိညာဉ် နာမက္ခန္ဓာ ၄-ပါး, ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ အကြမ်းအနု,အပူအအေး,အလုပ်အရှားတို့နှင့် နှာခေါင်းတို့၏ တွေ့ထိမှု တို့ကြောင့် ကာယဝိညာဉ် နာမ... |
24,196 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ နှာခေါင်းသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် နှာခေါင်းသည် အနံ့အမျိုးမျိုးကိုလည်း နံတတ်၏၊ အနုအကြမ်းစသော ဖောဋ္ဌဗ္ဗမျိုးကိုလည်း သိတတ်၏ဟု ပြောဆိုရာ၏၊ ပရမတ္ထအားဖြင့်မူကား နှာခေါင်းဟူ၍ပင် မရှိ၊ ထိုနေရာ၌ဖြစ်သော ခန္ဓာ ၅-ပါးသာရှိ၏၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ၌ကဲ့သို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာခွဲနည်း, ဒိဋ္ဌိသိခွ... |
24,197 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊ |
24,198 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- သောတသိညာဉ် နာမက္ခန္ဓာ ၄-ပါး |
24,199 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နား၏သိခြင်း,နား၏သိမှု,နား၏အသိ-ဟူသောသောတဝိညာဉ် နာမက္ခန္ဓ ၄-ပါး၌ နား၏အတွင်းအရပ်သည် ဤနာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနတည်း၊ ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနလည်း ဖြစ်၏၊ နာမက္ခန္ဓာ ၂-စုံရ၏၊ နားသည် ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ အသံအမျိုးမျိုးတို့ကိုလည်း ကြားတတ်၏-ဟုပြောဆိုရာ၏၊ သောတ ဝိညာဉ်ကိုကြားသည်-ဟုခေါ်၏၊ ထိုထိုအသံကို သိက... |
24,200 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်ခန္ဓာကား ထိုနေရာ၌ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်၍ နေ၏၊ နာမ်ခန္ဓာ ၄-ပါတို့ကား ထိုထိုအသံမျိုး ထိခိုက်ဆဲအခါ၌သာ ဖြစ်ပေါ်ကြကုန်၏၊ ထိုထိုအသံပြတ်စဲပြန်လျှင် ထိုနေရာ၌ပင်လျှင် နာမ်၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြကုန်၏၊ ဓာတ်၏သေဆုံးခြင်း, ဓမ္မ၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြလေကုန်၏၊ တစ်နာရီ အတွင်းမှာ အသံအမျိုးမျိုးက... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.