id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
25,001 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဇာတ် | ဆွေမျိုးအကျိုး၊ ဆောင်သည်ပိုး၊ ဘေးမျိုးရန်ကွာ စည်းစိမ်ဖြာ ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကာကဇာတ်သည် ပြီး၏။ |
25,002 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၇။ ကာကဝတီဇာတ် |
25,003 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | မယားခိုး ဂဠုန် |
25,004 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝါတိ စာယံ တတော ဂန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်း သုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ |
25,005 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအခါ ထိုရဟန်းကို ရဟန်း သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ်၏ အစွမ်းဖြင့် ငြီးငွေ့သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေ သာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား စောင့်ရှော... |
25,006 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘလွန်သဖြင့် မင်းပြု၏။ |
25,007 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဘုရားလောင်း၏ မိဖုယားကြီးသည် ကာကဝတီမည်၏။ |
25,008 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | နတ်သ္မီးကဲ့သို့ အလွန် အဆင်းလှ၏။ |
25,009 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | (ဤကာကဝတီဇာတ်၌ ဤသို့ ဆိုအပ်ပြီးသော အတိတ်ဝတ္ထု စကားသည် အကျဉ်းစကားတည်း၊ အကျယ်အားဖြင့်ကား အတိတ်ဝတ္ထုသည် ကုဏာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့) |
25,010 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ထိုအခါ၌ကား တခုသော ဂဠုန်မင်းသည် လူ၏အသွင်ဖြင့် သွား၍ မင်းနှင့်တကွ ကြွေအန် ကစားလတ်သော် ကာကဝတီမိဖုယား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီ မိဖုယားကိုယူ၍ ဂဠုန်ပြည်သို့ဆောင်၍ ထိုမိဖုယားနှင့်တကွ မွေ့လျော်၏။ |
25,011 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | မင်းသည် မိဖုယားကို မမြင်လတ်သော် နဋကုဝေရမည်သော စောင်းသမားကို မိဖုယားကို စုံစမ်းလော့ဟု ဆို၏။ |
25,012 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | စောင်းသမားသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တခုသော ရေအိုင်ဝယ် ပြိတ်တော၌အိပ်၍ ထိုပြိတ်တောမှ ဂဠုန်မင်းသွားသည့်ကာလ အတောင်ကြား၌ စီး၍ ဂဠုန်ပြည်သို့ရောက်၍ အတောင်ကြားမှထွက်၍ ထိုကာကဝတီမိဖုယားနှင့်တကွ ကိလေသာကာမ၏ အစွမ်းအားဖြင့် ရောရှက်ခြင်းကိုပြု၍ တဖန် ဂဠုန်မင်း၏ အတောင်ကြား၌လျှင် စီးလျက်လာ... |
25,013 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၅။ ဝါတိ စာယံ တတော ဂန္ဓော၊ယတ္ထ မေ ဝသတီ ပိယာ။ |
25,014 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဒူရေ ဣတော ဟိ ကာကဝတီ၊ယတ္ထ မေ နိရတော မနော။ |
25,015 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၅။ ယတ္ထ၊ အကြင်ဂဠုန်ပြည်၌။ |
25,016 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | မေ၊ ငါ၏။ ပိယာ၊ မယားသည်။ |
25,017 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဝသတိ၊ နေ၏။ |
25,018 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | တတော၊ ထိုဂဠုန်ပြည်မှ။ |
25,019 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အယံ ဂန္ဓော၊ ဤနတ်နံ့သာကို လိမ်းကျံသော ကာကဝတီ မိဖုယား၏ ကိုယ်နံ့သည်။ |
25,020 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဝါတိ စ၊ လှိုင်သည်သာလျှင်တည်း။ |
25,021 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ယတ္ထ၊ အကြင်ကာကဝတီ မိဖုယား၌။ |
25,022 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | မေ၊ ငါ၏။ မနော၊ စိတ်သည်။ |
25,023 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | နိရတော၊ မွေ့လျော်၏။ |
25,024 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သာ ကာကဝတီ၊ ထိုကာကဝတီ မိဖုယားသည်။ |
25,025 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဣတော၊ ဤဗာရာဏသီပြည်မှ။ |
25,026 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ |
25,027 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ထိုစကားကို ကြား၍ ဂဠုန်မင်းသည်- |
25,028 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၆။ ကထံ သမုဒ္ဒမတရိ၊ ကထံ အတရိ ကေပုကံ။ |
25,029 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကထံ သတ္တ သမုဒ္ဒါနိ၊ ကထံ သိမ္ဗလိ မာရုဟိ။ |
25,030 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။ |
25,031 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၆။ တွံ၊ သင်သည်။ |
25,032 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သမုဒ္ဒံ၊ သမုဒ္ဒရာကို။ |
25,033 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကထံ အတရိ၊ အဘယ်သို့ ကူးသနည်း။ |
25,034 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ |
25,035 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကထံ အတရိ၊ အဘယ် သို့ကူးသနည်း။ |
25,036 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သတ္တ သမုဒ္ဒါနိ၊ သီဒါ သမုဒ္ဒရာ ခုနစ်တန်တို့ကို။ |
25,037 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကထံ အတိက္ကမိတွာ၊ အဘယ်သို့ လွန်၍။ |
25,038 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သိမ္ဗလိံ၊ လက်ပံပင်ကို။ |
25,039 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ကထံ အာရုဟိ၊ အဘယ်သိုတက်သနည်း။ |
25,040 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ထိုစကားကို ကြား၍ နဋကုဝေရ စောင်းသမားသည်- |
25,041 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၇။ တယာ သမုဒ္ဒမတရိံ၊ တယာ အတရိံ ကေပုကံ။ |
25,042 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | တယာ သတ္တ သမုဒ္ဒါနိ၊ တယာ သိမ္ဗလိ မာရုဟိံ။ |
25,043 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၇။ အဟံ၊ ငါသည်။ |
25,044 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | တယာ၊ သင်ဖြင့်။ |
25,045 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အတရိံ၊ ကူးပြီ။ |
25,046 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သတ္တ သမုဒ္ဒါနိ၊ သီဒါသမုဒ္ဒရာ ခုနစ်တန်တို့ကို။ |
25,047 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အတိက္ကမိတွာ၊ လွန်၍။ |
25,048 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အာရုဟိံ၊ တက်ပြီ။ |
25,049 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ထိုနောက်မှ ဂဠုန်မင်းသည် - |
25,050 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၈။ ဓီရတ္ထု မံ မဟာကာယံ၊ ဓီရတ္ထု မံ အစေတနံ။ |
25,051 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ယတ္ထ ဇာယာယဟံ ဇာရံ၊ အာဝဟာမိ ဝဟာမိ စ။ |
25,052 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ၁၀၈။ ယတ္ထ-ယသ္မာ၊ အကြင့်ကြောင့်။ |
25,053 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဇာယာယ၊ မယား၏။ |
25,054 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဇာရံ၊ လင်ဖြစ်သော စောင်းသမားကို။ |
25,055 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အာဝဟာမိ စ၊ ဂဠုန်ပြည်သို့လည်း ယူ၏။ |
25,056 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဝဟာမိ စ၊ လူ့ပြည်သို့လည်း ပို့ဆောင်၏။ |
25,057 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | မဟာကာယံ၊ ကြီးသောကိုယ်ရှိသော။ |
25,058 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဓီရတ္ထု၊ ငါ ကဲ့ရဲ့၏။ |
25,059 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | အစေတနံ၊ ပေါ့သည်၏အဖြစ် လေးသည်၏အဖြစ်ကို မသိသော။ |
25,060 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဓီရတ္ထု၊ ကဲ့ရဲ့၏။ |
25,061 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ထိုဂဠုန်မင်းသည်ကား ကာကဝတီ မိဖုယားကို ဆောင်၍ ဗာရာဏသီမင်းအား ပေး၍ တဖန် ဗာရာဏသီမြို့သို့ မလာပြီ။ |
25,062 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
25,063 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နဋကုဝေရမည်သော စောင်းသမား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
25,064 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | စောင့်ရှောက်ခဲလှ၊ ဣတ္ထိယ၊ မိန့်ဟခါခါ မတွယ်တာနှင့် |
25,065 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာကဝတီဇာတ် | ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာကဝတီဇာတ်သည် ပြီး၏။ |
25,066 | မြန်မာဘာသာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ | ၁။ အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယင်းဥပဒေပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။ |
25,067 | မြန်မာဘာသာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ | ၂။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်- |
25,068 | မြန်မာဘာသာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ | + (က) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဥက္ကဋ္ဌ (ခ) ဥက္ကဋ္ဌမြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ (၁) (ဂ) စစ်ရေးချုပ်စစ်ရေးချုပ်ရုံး ဒုဥက္ကဋ္ဌ (၂) (ဃ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဖွဲ့ဝင် (င) စစ်ဦးစီးအရာရှိချုပ်(ရေ)ကာကွယ်ရေးဦးစီးချုပ်ရုံး... |
25,069 | မြန်မာဘာသာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ | Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် |
25,070 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေပုဒ်မ ၁၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များ အလို့ငှာ သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိ၍ ထောင်ဒဏ်စီရင်သော ပြစ်မှုတစ်ရပ်ရပ်ဟုဆိုရာ၌ အောက်ဖော်ပြပါ ပြစ်မ... |
25,071 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | ၁။ နိုင်ငံရေးပြစ်မှုများ |
25,072 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ |
25,073 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ |
25,074 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ |
25,075 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဃ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ |
25,076 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (င) နိုင်ငံတော်အား၊ နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊ |
25,077 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (စ) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုများ။ |
25,078 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | ၂။ လုံခြုံရေးကို ထိပါးစေသော ပြစ်မှုများ |
25,079 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (က) လက်နက်မှုများ၊ |
25,080 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ခ) မီးရှို့မှုများ၊ |
25,081 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဂ) နိုင်ငံခြားသို့ ခိုးထွက်မှုနှင့် နိုင်ငံခြားမှ ခိုးဝင်မှုများ၊ |
25,082 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဃ) မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေအရ ပြစ်မှုများ။ |
25,083 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | ၃။ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် ပတ်သက်သော ပြစ်မှုများ |
25,084 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (က) ခိုးမှု၊ |
25,085 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ခ) လုယက်မှု၊ |
25,086 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဂ) ဓားပြတိုက်မှု၊ |
25,087 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဃ) လိမ်လည်မှု၊ |
25,088 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (င) အလွဲသုံးစားမှု၊ |
25,089 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (စ) မယားခိုးမှု၊ |
25,090 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဆ) မုဒိမ်းမှု၊ |
25,091 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဇ) ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ |
25,092 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဈ) အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ |
25,093 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ည) လောင်းကစားဥပဒေအရ ပြစ်မှုများ၊ |
25,094 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဋ) ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ |
25,095 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဌ) ကျော်နင်းမှုနှင့် အကျုံးဝင်သော ပြစ်မှုများ၊ |
25,096 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဍ) အမျိုးသမီးကာယိန္ဒြေ ပျက်စီးစေရန် အကြံနှင့် လက်ရောက်မှု သို့မဟုတ် အနိုင်အထက်ပြုမှု၊ |
25,097 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဎ) ၁၉၇၄ ခုနှစ်၊ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေအရ ပြစ်မှုများ၊ |
25,098 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | (ဏ) နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ ပြစ်မှုများ။ |
25,099 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | Category:နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ် |
25,100 | ကာကွယ်ရေးဝန်ကြီးဌာန, မြန်မာဘာသာ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ | ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀ | Category:မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.