id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
25,201 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | အာဝိလ = အာဝိလတိ ဘိန္ဒတိ ဣတိ အာဝိလော။ |
25,202 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | အာ + ဝိလ + အ။ |
25,203 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | အဝတိ ရက္ခတိ ဣတိ အာဝိလော။ |
25,204 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | အဝ် + ဣလ။ |
25,205 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ကာဏမာတာ ဝတ္ထု ပြီး၏။ |
25,206 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ၆-ပဏ္ဍိတဝဂ် |
25,207 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ၇-ကာဏမာတုဝတ္ထုအဋ္ဌကထာဂါထာ |
25,208 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ၂၂၆။ ယတ္ထေ’ကော လဘတေ ဗဗ္ဗု, ဒုတိယော တတ္ထ ဇာယတိ၊တတိယော စ စတုတ္ထော စ, ဣဒံ တေ ဗဗ္ဗုကာ ဗိလံ။ |
25,209 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဧကော၊ တစ်ကောင်သော။ |
25,210 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဗဗ္ဗု၊ ကြောင်သည်။ |
25,211 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | (မူသိကံ ဝါ၊ ကြွက်ကိုသော်လည်းကောင်း။ |
25,212 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | မံသံ ဝါ၊ အသားကိုသော်လည်းကောင်း။ |
25,213 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ) လဘတေ၊ ရ၏။ |
25,214 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | တတ္ထ၊ ထို အရပ်၌။ |
25,215 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဒုတိယော၊ ၂ကောင်မြောက်ကြောင်သည်လည်းကောင်း။ |
25,216 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | တတိယော စ၊ ၃ကောင်မြောက်ကြောင်သည်လည်းကောင်း။ |
25,217 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | စတုတ္ထော စ၊ ၄ကောင်မြောက်ကြောင်သည်လည်းကောင်း။ |
25,218 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဇာယတိ၊ ဖြစ်လာ၏။ |
25,219 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | တေ ဗဗ္ဗုကာ၊ ထိုကြောင်၄ ကောင်တို့သည်။ |
25,220 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဣဒံ ဗိလံ၊ ဤဖလ်ဖြင့်ပြုအပ်သော တွင်း (လိုဏ်) ကို။ |
25,221 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | (ဥရေန၊ ရင်ဖြင့်။ |
25,222 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ပဟရိတွာ၊ ပုတ်ခတ်၍။ |
25,223 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဇီဝိတက္ခယံ၊ အသက်၏ ကုန်ခြင်းသို့။ |
25,224 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ပတ္တာ၊ ရောက်ကုန်ပြီ။ |
25,225 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ကာဏမာတုဝတ္ထုပါဠိဂါထာ |
25,226 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ၂၂၇။ ယထာပိ ရဟဒေါ ဂမ္ဘီရော, ဝိပ္ပသန္နော အနာဝိလော၊ဧဝံ ဓမ္မာနိ သုတွာန, ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။ |
25,227 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဂမ္ဘီရော၊ နက်သော။ |
25,228 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ရဟဒေါ၊ သမုဒြာသည်။ |
25,229 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဝိပ္ပသန္နော၊ အထူးသဖြင့် ကြည်လင်သည်။ |
25,230 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဟောတိ ယထာပိ၊ ဖြစ်သကဲ့သို့။ |
25,231 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဧဝံ၊ တူ။ ပဏ္ဍိတာ၊ ပညာရှိတို့ သည်။ |
25,232 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဓမ္မာနိ၊ တရားတို့ကို။ |
25,233 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | ဝိပ္ပသီဒန္တိ၊ အထူးသဖြင့် ကြည်လင်ကုန်၏။ |
25,234 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာဏမာတုဝတ္ထုဂါထာ | (ပါ-၈၂) ကာဏမာတုဝတ္ထုဂါထာနိဿယပြီးပြီ။ |
25,235 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | (၈) ကာတိယာနီဥပါသိကာအကြောင်း |
25,236 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | (က) ဥပါသိကာ၏ ရှေးကောင်းမှု |
25,237 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဤကာတိယာနီ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “အဝေစ္စပသန္န = သာသနာတော်ဝယ် မတုန်မလှုပ် သက်ဝင်ယုံကြည်သော အရာ”၌ ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထ... |
25,238 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | (ခ) နောက်ဆုံးဘဝ ကာတိယာနီသူဌေးမ ဖြစ်ခြင်း |
25,239 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ကုရရဃရ-မည်သော မြို့၌ သူဌေးသမီး |
25,240 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ၃၄၃ ဖြစ်လာလေသည်။ |
25,241 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုသူဌေးသမီး၏ အမည်ကို “ကာတိယာနီ”ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ |
25,242 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုကာတိယာနီ သူဌေးသမီးသည် အရွယ်သို့ ရောက်လတ်သော် (အောက် ထေရာပဒါနခဏ်း၌ ဖော်ပြရာပါ) သောဏကုဋိကဏ္ဏမထေရ်၏ မယ်တော်ဖြစ်သူ ကာဠီသူဌေးကတော်နှင့် အလွန်ရင်းနှီးသည့် သူငယ်ချင်းမ ဖြစ်လေ၏။ |
25,243 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ကာတိယာနီသူဌေးမ၏ အစလသဒ္ဓါတရား |
25,244 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | နောက်အဖို့ဝယ် သောဏကုဋိကဏ္ဏ မထေရ်မြတ်သည် ဘုရားရှင်အထံတော်မှ ပြန်လာ၍ မယ်တော် ကာဠီသူဌေးကတော်က “မြတ်စွာဘုရားအား ရွတ်ဆိုလျှောက်ထားခဲ့သည့် နည်းအတိုင်း မယ်တော်အားလည်း တရားဟောတော်မူပါ”ဟု တောင်းပန် လျှောက်ထားအပ်ရကား ညဉ့်အဖို့ဝယ် ကုရရဃရမြို့လယ် တရား မဏ္ဍပ်အတွင်း ခင်းထားအပ်သော ဓမ္မာသနပလ္လင်တော်၌ ထိုင်နေတော်မူ၍ မယ်တော် ကာဠီသူဌေးကတ... |
25,245 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုအခါ ဤကာတိယာနီသူဌေးမသည် ကာဠီနှင့် အတူတကွသွား၍ ပရိသတ်အစွန်မှ တရားကို ရိုသေစွာ နာယူလျက် တည်နေလေ၏။ |
25,246 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုအချိန်၌ ခိုးသားငါးရာတို့သည် မြို့တွင်း၌ နေ့အခါက ပြုလုပ်အပ်ခဲ့သော အမှတ်ဖြင့် မြို့အစွန်မှစ၍ ဥမင်လိုဏ်ခေါင်း တူးကြ၍ ဤကာတိယာနီ သူဌေးမ၏အိမ်သို့ ရောက်ကြလေကုန်၏။ |
25,247 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုအခါ ခိုးမှူး (ဓားပြ=ဒမြဗိုလ်)သည် ငယ်သားများနှင့်အတူ ဥမင်လိုဏ်ခေါင်းသို့ မဝင်ပဲ “ဤပရိသတ်ကား အဘယ့်ကြောင့် စည်းဝေးနေပါလိမ့်”ဟု စုံစမ်းရန် သောဏမထေရ် တရားဟောရာအရပ်သို့ သွားရောက်၍ ပရိသတ်အစွန်း၌ ရပ်တည်လျက် ဤကာတိယာနီသူဌေးမ၏ ကျောနောက်က ရပ်၍နေလေ၏။ |
25,248 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုအခါ ကာတိယာနီ သူဌေးမသည် အစေအပါး ကျွန်မကို “သွားပါ မယ်မင်း..၊ အိမ်တွင်းသို့ဝင်၍ ဆီမီးထွန်းရန်ဆီကို ယူခဲ့ပါလော့၊ ငါတို့သည် ဆီမီးများကို ညှိထွန်း၍ တရားနာကြကုန်အံ့ |
25,249 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ၃၄၄ (သီဟိုဠ်မူအလို) ဆီမီးညှိထွန်းကြကုန်အံ့၊ သူငယ်ချင်းမ ကာဠီ၏ ကုသိုလ်မှု၌ အဖို့အစု ယူကြကုန်အံ့”ဟု ပြောဆို စေလွှတ်လိုက်လေ၏။ |
25,250 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုကျွန်မသည် အိမ်သို့ရောက်၍ ဥမင်လိုဏ်ခေါင်းအတွင်း၌ သူခိုး (ဓားပြ)တို့ကို တွေ့မြင်ရ၍ မီးထွန်းရန်ဆီကိုမျှ မယူဝံ့တော့ပဲ တရားပွဲသို့ ပြန်လာ၍ မိမိ၏ အရှင်မအား “အရှင်မ.. အိမ်မှာ ခိုးသူ(ဓားပြ)တို့သည် ဥမင်လိုဏ်ခေါင်း တူးဖောက်၍ နေကြပါ၏”ဟု ပြောကြားလေ၏။ |
25,251 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဓားပြဗိုလ်သည် ထိုစကားကို ကြားရ၍ “အကယ်၍များ ဤကာတိယာနီ သူဌေးမသည် ဤကျွန်မ၏စကားကို နာယူ၍ မိမိအိမ်သို့ လိုက်ပါသွားရောက်လျှင် ဤနေရာ၌ပင် ထိုသူဌေးမကို သန်လျက်ဖြင့် နှစ်ပိုင်းဖြတ်ပေအံ့။ |
25,252 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုသို့မဟုတ်ပဲ အကယ်၍ နာယူမြဲတိုင်းသော တရားအာရုံနိမိတ်ဖြင့်ပင် ဆက်လက်၍ တရားကို နာယူနေခဲ့သော် ခိုးသားများ ယူအပ်ပြီးသော ဘဏ္ဍာကိုလည်း တဖန်ပြန်၍ ပေးစေအံ့”ဟု စိတ်ထဲက ကြံစည်၍ထားလေ၏။ |
25,253 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ကာတိယာနီ သူဌေးမသည်လည်း ကျွန်မပြောသော စကားကို ကြားသိရလေလျှင် “အမိ.. အသံမပြုပါလင့် = တိတ်တိတ်နေပါ။ |
25,254 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ခိုးသူတို့ ခိုးယူကြလျှင် မိမိတွေ့မြင်သော ဝတ္ထုကိုသာ ခိုးယူကြပါလိမ့်မည်၊ ငါကား ယခု ကြားနာရန် ခဲယဉ်းလှသော တရားတော်ကို နာကြားနေပါ၏၊ အမိသည် တရား၏အန္တရာယ်(=ဓမ္မန္တရာယ်)ကို မပြုပါလင့်”ဟု ပြောဆိုလေ၏။ |
25,255 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဓားပြဗိုလ်သည် ကာတိယာနီ သူဌေးမ၏စကားကို နောက်မှနေ၍ ကြားရလေသော် “ဤသို့စင် ကြီးမြတ်လှသည့် ကုသိုလ်ဆန္ဒ အဇ္ဈာသယဖြင့် တည်နေသူ သူမ၏အိမ်က ဥစ္စာကို ခိုးယူကြမည်ဆိုလျှင် ငါတို့သည် မဟာပထဝီ မြေအတွင်းသို့သာ ဝင်ကြရတော့မည် ဧကန်အမှန် ဖြစ်ချေ၏- မြေမျိုခံကြရတော့မည် ဧကန်”ဟု ဆင်ခြင် စဉ်းစားမိ၍ ထိုခဏမှာပင် ကာတိယာနီ သူဌေးမ၏အိမ်သို့ သွား၍ ခိုး... |
25,256 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ၃၄၅ ကာတိယာနီသူဌေးမ ဥပါသိကာသည် အရှင်သောဏကုဋိကဏ္ဏမထေရ်၏ တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာဖြစ်လေ၏။ |
25,257 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထို့နောက် အရုဏ်တက်လတ်သော် ဓားပြဗိုလ်သည် ကာတိယာနီသူဌေးမ ဥပါသိကာ၏ ခြေတို့၌ ဦးတိုက်တုပ်ဝပ်၍ “အရှင်မ.. အကျွန်ုပ်တို့ အားလုံးအားပင် သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။ |
25,258 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ကာတိယာနီသူဌေးမ ဥပါသိကာက “သင်တို့သည် ငါ့အပေါ်၌ အဘယ်သို့သော ပြစ်မှားမှုကို ပြုအပ်သနည်း”ဟု မေးမြန်းလေလျှင် ထားပြဗိုလ်သည် မိမိ ပြုမှား ကြံမှားခဲ့သည့် အပြစ်အားလုံးကို ပြန်ကြားပြောဆိုလေ၏။ |
25,259 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ကာတိယာနီသူဌေးမ ဥပါသိကာက “အမောင်တို့.. ထိုသို့ဖြစ်လျှင် ငါသည် သင်တို့အား သည်းခံ၏”ဟု ဆိုလေလျှင် ဓားပြဗိုလ်သည် “အိုအရှင်မ.. အကျွန်ုပ်တို့အား ဤသို့ (သည်းခံပါ၏ဟု ပြောဆိုရုံ)မျှဖြင့် အပြေအလည် သည်းခံအပ်သည် မမည်ပါ၊ စင်စစ်သော်ကား အရှင်မတို့၏သား သောဏကုဋိကဏ္ဏမထေရ်မြတ် အထံ၌ အကျွန်ုပ်တို့ ငါးရာလုံးအားပင် ရှင်ရဟန်း ပြုပေးစေချင်ပါ၏”ဟ... |
25,260 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ကာတိယာနီသူဌေးမ ဥပါသိကာသည် ထိုခိုးသား ငါးရာလုံးတို့ကို ခေါ်ဆောင်၍ အရှင်သောဏကုဋိကဏ္ဏ မထေရ်၏အထံ၌ (ရဟန်းဒါယိကာမအဖြစ် ခံယူကာ) ရှင်ရဟန်းပြုပေးစေလေ၏။ |
25,261 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ထိုခိုးသားငါးရာတို့ သည်လည်း မထေရ်၏အထံ၌ ရှင်ရဟန်းပြုကြပြီးသော် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် ငါးရာလုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏ = ရဟန္တာ ဖြစ်ကြလေကုန်၏။ |
25,262 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဤသို့လျှင် ဤကာတိယာနီ ဥပါသိကာမ၏ မတုန်မလှုပ် သာသနာ၌ သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့်စပ်သော အကြောင်းဝတ္ထုသည် ဖြစ်ပေါ်ခဲ့လေသည်။ |
25,263 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | နောက်အဖို့ဝယ် မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ် ဥပါသိကာတို့ကို အစဉ်အတိုင်း |
25,264 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ၃၄၆ ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤကာတိယာနီသူဌေးမ ဥပါသိကာကို- |
25,265 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ အဝေစ္စပ္ပသန္နာနံ ယဒိဒံ ကာတိယာနီ = ရဟန်းတို့.. သာသနာတော်ဝယ် မတုန်မလှုပ် သက်ဝင်ယုံကြည်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ကာတိယာနီ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”- |
25,266 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အဝေစ္စပသန္န အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ |
25,267 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကာတိယာနီ ဥပါသိကာမ အကြောင်း | ဤကား ကာတိယာနီ ဥပါသိကာ အကြောင်းတည်း။ |
25,268 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ဒွါဒသကနိပါတ် |
25,269 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ၄။ ကာမဇာတ် |
25,270 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | လောဘနိုင်ငံသို့ မလိုက်သင့်ကြောင်း |
25,271 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာမံ ကာမယမာနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ တော်မူ၏။ |
25,272 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ထိုစကားကို ချဲ့ဦးအံ့။ |
25,273 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | သာဝတ္ထိပြည်၌ နေသော ပုဏ္ဏားတယောက်သည် အစိရဝတီ မြစ်နား၌ လယ်လုပ်အံ့သောငှါ တောကိုထွင်၏။ |
25,274 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | သဗ္ဗညူမြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ ဥပနိဿယကို မြင်တော်မူ၍ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူသည်ရှိသော် ခရီးမှ ဖဲတော်မူ၍ ထိုပုဏ္ဏားနှင့်တကွ စကားပြောဟောတော်မူခြင်းကို ပြု၍ ပုဏ္ဏား အဘယ်ကို ပြုသနည်းဟု မိန့်တော်မူသည်ရှိသော် ရှင်ဂေါတမ လယ်ယာကိုခုတ်ထွင်၏ ဟု လျှောက်သည်ရှိသော် ပုဏ္ဏား ကောင်း၏။ |
25,275 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | အမှုကို ပြုလော့ ဟု မိန့်တော်မူ၍ ကြွတော်မူ၏။ |
25,276 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ဤနည်းဖြင့်လျှင် ဖုံးလွှမ်းသော ချုံသစ်ပင်တို့ကိုပယ်၍ လယ်ကို သုတ်သင်သောအခါ, လယ်ထွန်သောအခါ ကန်သင်းဖွဲ့သောအခါတို့၌ အဖန်တလဲလဲ ကြွတော်မူ၍ ထိုပုဏ္ဏားနှင့်တကွ ပြောဟောခြင်းကို ပြုတော်မူ၏။ |
25,277 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | နက်ဖြန်နေ့၌ကား ထိုပုဏ္ဏားသည် အို-အရှင် |
25,278 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ဂေါတမ ယနေ့ ငါ၏ ကောက်စိုက်မင်္ဂလာနေ့တည်း၊ ဤကောက်သည် ပြည့်စုံပါသည်ရှိသော် ရှင်ဂေါတမ အမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို လှူအံ့ ဟု ဆို၏။ |
25,279 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | သဗ္ဗညူမြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူသဖြင့် သည်းခံတော်မူ၍ ကြွသွားတော်မူ၏။ |
25,280 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | တဖန် တနေ့သ၌ ပုဏ္ဏားသည် ကောက်ကိုကြည့်လတ်သော် မြတ်စွာဘုရားသည်လည်း ထိုအရပ်သို့ ကြွတော်မူ၍ ပုဏ္ဏား အဘယ်ကို ပြုသနည်း ဟု မေးတော်မူလျှင် အို ရှင်ဂေါတမ ကောက်ကို ကြည့်၏ ဟု ဆိုလတ်သော် ပုဏ္ဏား ကောင်း၏ ဟု မိန့်တော်မူ၍ ကြွတော်မူ၏။ |
25,281 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပုဏ္ဏားသည် ကြံ၏။ |
25,282 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ရဟန်းဂေါတမသည် မပြတ်လာ၏။ |
25,283 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | မချွတ်လျှင် ဆွမ်းကိုအလိုရှိသည် ဖြစ်လတ္တံ့၊ ငါသည် ရဟန်းဂေါတမအား ဆွမ်းကိုလူအံ့ ဟု ကြံ၏။ |
25,284 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ကြံပြီး၍ အိမ်သို့သွားသောနေ့၌ သဗ္ဗညူမြတ်စွာဘုရားသည်လည်း ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၏။ |
25,285 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ထိုအခါ ပုဏ္ဏားအား အကျွမ်းဝင်သည် ဖြစ်၏။ |
25,286 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | နောက်အဘို့၌ ကောက်မှည့်သည်ရှိသော် နက်ဖြန် လယ်ရိတ်အံ့ဟု နေ့ရက်မှတ်သားခြင်းကိုပြု၍ ပုဏ္ဏားအိပ်သည်ရှိသော် အစိရဝတီမြစ်ညာ၌ ညဉ့်သုံးယာမ်ပတ်လုံး ရှောက်ရွာမိုးသည် ရွာ၏။ |
25,287 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ကြီးစွာသော မိုးဃ်းရေအယဉ်သည် လာလတ်၍ စပါးတကွမ်းစားမျှကိုလည်း မကြွင်းရအောင်ပြု၍ အလုံးစုံသောစပါးကို သမုဒြာသို့ မျှော၏။ |
25,288 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပုဏ္ဏားသည် ရေအယဉ်ကျသည်ရှိသော် စပါးပျက်စီးရာကို ကြည့်၍ မိမိကိုယ်အဖြစ်၌ မတည်နိုင်ရကား ကြီးစွာသော စိုးရိမ်ခြင်း နှိပ်စက်သည်ဖြစ်၍ လက်ဖြင့်ရင်ကိုတီး၍ ငိုကြွေး မြည်တမ်းလျက် အိပ်၏။ |
25,289 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | သဗ္ဗညူမြတ်စွာဘုရားသည် မိုးသောက်ထအခါ စိုးရိမ်ခြင်းနှိပ်စက်သော ထိုပုဏ္ဏားကို မြင်တော်မူ၍ ပုဏ္ဏား၏ကိုးကွယ်ရာဖြစ်အံ့ဟု နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ကြွတော်မူ၍ နံနက်အခါ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ရဟန်းတို့ကို ကျောင်းသို့စေတော်မူ၍ နောက်လိုက်ရဟန်းတပါးနှင့် ပုဏ္ဏားအိမ်တံခါးသို့ ကြွတော်မူ၏။ |
25,290 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပုဏ္ဏားသည် မြတ်စွာဘုရား ကြွတော်မူလာသောအဖြစ်ကို ကြား၍ စကားပြောဟောခြင်းငှါ၏ အဆွေ ရဟန်းဂေါမလာသည် ဖြစ်လတ်၏ ဟု ရအပ်သော သက်သာရာ ရှိသည်ဖြစ်၍ နေရာကို ခင်းစေ၏။ |
25,291 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | မြတ်စွာဘုရားသည် ဝင်တော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ပုဏ္ဏား အဘယ့်ကြောင့် သင်သည် နှလုံးမသက်သာသနည်း၊ သင့်အား အဘယ်မချမ်းသာ ဖြစ်သနည်း ဟု မေးတော်မူ၏။ |
25,292 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | အို-ရှင်ဂေါတမ အစိရဝတီမြစ်နား၌ ငါသည် သစ်ပင်တို့ကို ခုတ်ထွင်သောအခါမှစ၍ ပြုအပ်သောအမှုကို ရှင်ဂေါတမတို့သည် သိကုန်၏။ |
25,293 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ငါသည် ဤကောက်တို့သည် ပြည့်စုံသည်ရှိသော် ရှင်ဂေါတမတို့အား လှူအံ့ဟု ကြံမိ၏။ |
25,294 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ယခုအခါ အလုံးစုံသော ငါ၏စပါးကို ကြီးစွာသော မိုးဃ်းရေအယဉ်သည် မဟာသမုဒြာသို့ မျှော၏။ |
25,295 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | တစုံတခုမျှ ထိုစပါးသည် မကြွင်းပြီ၊ တလက်ဘက်မျှသော စပါးသည် မရှိပြီ၊ ထို့ကြောင့် ငါ့အား ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏ ဟု ဆို၏။ |
25,296 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပုဏ္ဏား အသို့နည်း၊ စိုးရိမ်သောသူအား ပျက်စီးလေပြီးသော စပါးသည် တဖန် ပြန်လာပြန်သလော ဟု မိန့်တော်မူသည်ရှိသော် အို အရှင်ဂေါတမ ဤသို့စိုးရိမ်သဖြင့် ပျက်စီးလေပြီးသော စပါးသည် တဖန် ပြန်လာခြင်းသည် မသင့် ဟု ဆို၏။ |
25,297 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပုဏ္ဏား ဤသို့ဖြစ်သည်ရှိသော် အဘယ့်ကြောင့် စိုးရိမ်ဘိသနည်း၊ ဤသတ္တဝါတို့အား ဥစ္စာစပါး မည်သည်ကား ဖြစ်သောအခါ ဖြစ်၏။ |
25,298 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ပျက်သောအခါ ပျက်၏။ |
25,299 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | တစုံတခုသော သင်္ခါရအဖြစ်သို့ ရောက်သော မပျက်တရားမည်သည် မရှိ၊ မစိုးရိမ်လင့် ဟု ထိုပုဏ္ဏားကို မြတ်စွာဘုရားသည် ရွှင်လန်းစေတော်မူ၍ ထိုပုဏ္ဏားအား လျောက်ပတ်သော တရားကို ဟောတော်မူသည်ရှိသော် ကာမသုတ်ကို ဟောတော်မူ၏။ |
25,300 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာမဇာတ် | ထိုသုတ်ကို ဟောတော်မူသောအဆုံး၌ သိသည်ဖြစ်၍လျှင် ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.