id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
25,101
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ပဏ္ဍိတဝဂ်ပဏ္ဍိတဝဂ်
25,102
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
၇။ ကာဏမာတာဝတ္ထု
25,103
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ယထာပိ ရဟဒေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာဏာမည်သော သတို့သမီး၏ မိခင်ဖြစ်သော ကာဏမာတာ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
25,104
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
(ကာဏာ၏မိခင်ကား သောတာပန်ဖြစ်၍ မုန့်ကြော်စဉ် ဆွမ်းခံရဟန်း ဆွမ်းရပ်လာသောအခါ မုန့်တစ်သပိတ် လှူလိုက်သဖြင့် မုန့်ကုန်သွားခြင်းကြောင့် ကာဏာသည် ယောက်ျားအိမ်သို့ မပြန်ဖြစ်၊ ဤနည်းဖြင့် လေးကြိမ်ရှိသောအခါ “ကာဏာ ပြန်လာခဲသည်”ဟု ယောက်ျားက မယားတစ်ယောက် ယူလိုက်လေ၏။
25,105
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
သိက္ခာပုဒ်ကိုကား မုန့်သုံးသပိတ်ထက်ပို၍ အလှူမခံရ၊ ပို၍ ခံယူလျှင် ပါစိတ်အာပတ်ဟု ပညတ်တော်မူ၏။
25,106
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။
25,107
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
) ကာဏာသတို့သမီး နှလုံးမသာမယာ ဖြစ်ရခြင်း
25,108
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုအခါ ကာဏမာတာ ဒါယိကာမကြီးသည် လက်ချည်းစည်းဖြစ်သောသမီးကို လင့်အိမ်သို့ ပြန်လွှတ်ခြင်းငှာ မတတ်ကောင်းဟု ကြံ၍ သား,လင်ခင်ပွန်းတို့အလို့ငှာ မုန့်တို့ကို ကြော်လတ်စဉ် လေးကြိမ်တိုင်တိုင် ရဟန်းလေးပါးတို့အား လှူပြီးသောကာလ၌ မြတ်စွာဘုရားသည် ထိုဝတ္ထုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ကာဏာ၏ လင်ယောက်ျားသည် တစ်ပါးသောမယားကို ဆောင်ယူသည်ရ...
25,109
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
မြတ်စွာဘုရားသည် နံနက်စာ ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် “ကာဏာ အဘယ်မှာနည်း”ဟု မေးမြန်းတော်မူလေ၏။
25,110
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကာဏာသည် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိသည်ဖြစ်၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “အဘယ့်ကြောင့်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ဤကာဏာသည် ရဟန်းတို့ကို ဆဲရေး ရေရွတ်ပါသည်၊ မောင်းမဲပါသည်။
25,111
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထို့ကြောင့် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိလှ၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်လေ၏။
25,112
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုသို့ လျှောက်သည်ရှိသော် ကာဏာကို မြတ်စွာဘုရားသည် ခေါ်စေတော်မူ၍ “ချစ်သမီးကာဏာ- အဘယ့်ကြောင့် ငါဘုရားကိုမြင်ရလျှင် မျက်နှာမသာမယာဖြစ်၍ ပုန်းကွယ်လျက် ငိုနေဘိသနည်း”ဟု မိန့်တော်မူ၏။
25,113
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုအခါ ကာဏာမိခင်သည် ကာဏာပြုအပ်သော အမူအရာကို လျှောက်ကြားလေ၏၊ ထိုအခါ ဒါယိကာမကြီးကို မြတ်စွာဘုရားသည် “ကာဏမာတာ ဒါယိကာမကြီး- အသို့နည်း၊ ငါဘုရား၏တပည့်တို့သည် သင်လှူသည်ကို ခံယူကုန်သလော၊ မလှူသည်ကို ခံယူကုန်သလော”ဟု မေးတော်မူ၏။
25,114
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“မြတ်စွာဘုရား- လှူသည်ကို ခံယူကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ဖြစ်၍ သင်ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်လတ်သော် သင်ဒါယိကာမကြီးလှူသောမုန့်ကို အကယ်၍ ခံယူကုန်သည်ဖြစ်အံ့၊ ထိုသို့ ခံယူသည်ရှိသော် ထိုရဟန်းတို့အား အဘယ်အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။
25,115
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါ၊ ဤချစ်သမီး ကာဏာ၏သာ အပြစ်ပါဘုရား”ဟု လျှောက်ကြားလေ၏။
25,116
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
မြတ်စွာဘုရားသည်လည်း ကာဏာကို “ချစ်သမီး ကာဏာ- ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ရှိသော် အိမ်တံခါးသို့ ရောက်လာကုန်သတတ်၊ ထိုအခါ ရဟန်းတို့အား သင်၏မိခင်သည် မုန့်တို့ကို လှူအပ်ကုန်၏၊ ဤသို့ လှူရာ၌ ငါ၏တပည့်တို့အား အဘယ်မည်သော အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။
25,117
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါဘုရား၊ တပည့်တော်မအားသာလျှင် အပြစ်ရှိပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရားကိုရှိခိုး၍ ကန်တော့တောင်းပန်လေ၏။
25,118
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
လောကုတ်,လောကီ စည်းစိမ်နှစ်လီ ရခြင်း
25,119
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုအခါ ကာဏာအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။
25,120
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ကာဏာသတို့သမီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏၊ မြတ်စွာဘုရားသည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် မင်းရင်ပြင်ဖြင့် ဖြတ်လျက် ကြွသွားတော်မူလေ၏။
25,121
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ကောသလမင်းတရား မြင်လတ်သော် “အချင်းတို့- မြတ်စွာဘုရားနှင့် တူသည်မဟုတ်လော”ဟု မေးမြန်းသဖြင့် “အရှင်မင်းကြီး- မြတ်စွာဘုရား စင်စစ် မှန်လှပါကြောင်း” လျှောက်တင်လတ်သော် “သွားကြချေ၊ ငါဘုရင်မင်းမြတ် လာရောက်၍ ရှိခိုးမည့်အကြောင်းကို လျှောက်ကြားကြချေလော့”ဟု စေလွှတ်လိုက်သဖြင့် မင်းရင်ပြင်၌ ရပ်တည်နေတော်မူသော ဘုရားရှင်သို့ချဉ်းကပ်၍ ရှိ...
25,122
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“ကာဏာအမည်ရှိသော သတို့သမီးသည် ရဟန်းတို့ကို ဆဲရေးရေရွတ်သတတ်၊ ထိုအကြောင်းကြောင့် သွားသည်ဖြစ်၏”ဟု မိန့်တော်မူသောအခါ “မြတ်စွာဘုရား အသို့ပါနည်း၊ ထိုကာဏာ ဆဲရေးခြင်းမှ ကင်းလွတ်သည့်အဖြစ်ကို ပြုအပ်ပါပြီလောဘုရား”ဟု မေးလျှောက်လေ၏။
25,123
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
“မြတ်သောမင်းကြီး- ပြုအပ်သည် မှန်၏”ဟု မိန့်တော်မူပြီးလျှင် “ရဟန်းတို့ကိုလည်း ဆဲရေးခြင်းမရှိအောင် ပြုအပ်ခဲ့ပြီ၊ လောကုတ္တရာတရား စည်းစိမ်ရှင်၏အဖြစ်ကိုလည်း ပြု အပ်ခဲ့ပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ ဖြစ်ပါစေ၊ ရှင်တော် မြတ်ဘုရားတို့သည် ကာဏာအား လောကုတ္တရာတရား စည်းစိမ်ရှင်ဖြစ်အောင် ပြုအပ်ပါပြီဘုရား၊ တပည့်တော်သည်က...
25,124
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထို့နောက်မှ မင်းကြီးသည် ဖုံးလွှမ်းသောယာဉ်ကြီးကို စေလွှတ်ပြီးလျှင် ကာဏာကို ခေါ်စေတော်မူ၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် သမီးကြီးအရာ၌ထား၍ “ငါ၏သမီးတော်ကို မွေးကျွေးသုတ်သင်ခြင်းငှာ စွမ်းနိုင်သောသူတို့သည် ယူကြကုန်လော့”ဟု မိန့်တော်မူလေ၏။
25,125
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုအခါ အမှုခပ်သိမ်းကို ပြီးစေတတ်သော အမတ်ကြီးတစ်ယောက်သည် “အရှင်မင်းကြီး- အရှင်မင်းကြီး၏သမီးတော်ကို အရှင့်ကျွန်တော်မျိုး မွေးကျွေးသုတ်သင်ပါမည်”ဟု လျှောက်၍ ထိုကာဏာကို မိမိအိမ်သို့ ဆောင်စေပြီးလျှင် အလုံးစုံသောစည်းစိမ်ကို ဆောင်နှင်းပေးအပ်၍ အလိုရှိတိုင်း ကောင်းမှုတို့ကို ပြုလေလော့”ဟု ဆိုလေ၏။
25,126
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ထိုနေ့မှစ၍ ကာဏာသတို့သမီးသည် လေးခုကုန်သော တံခါးမကြီးတို့၌ လုလင်ယောက်ျားတို့ကို ထားရလေသဖြင့် မိမိကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာ မရနိုင်၊ ကာဏာ၏ အိမ်တံခါး၌ စီရင်၍ထားအပ်သော ခဲဖွယ်ဘောဇဉ်အစဉ်သည် ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဖြစ်လေ၏။
25,127
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
(ကြွရောက်ချီးမြှောက်သော ရဟန်းသံဃာ များလှသဖြင့် လုပ်ကျွေးနေကျ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ကိုပင် လွယ်ကူစွာရှာ၍ မတွေ့နိုင်ဟူလို။
25,128
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
) ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ရှေးအခါ၌ မထေရ်ကြီး လေးပါးတို့သည် ကာဏာသတို့သမီး နှလုံးမသာမယာအောင် ပြုကြလေကုန်၏၊ ထိုကာဏာသည် ဤသို့ နှလုံးမသာမယာခြင်း ရှိသည်ဖြစ်သော်လည်း မြတ်စွာဘုရားကို အကြောင်းပြု၍ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို ရပြီးလျှင် မြတ်စွာဘုရားသည် တစ်ဖန် ထိုကာဏာ၏ အိမ်တံခါးသို့ ရဟန်းတို့အား ချဉ်းကပ်ခြင်းငှာ ...
25,129
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ယခုအခါ ကာဏာသတို့သမီး ကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာမရနိုင်၊ ဘုရားတို့မည်သည်ကား အံ့ဩ၍ မကုန်နိုင်သော ဂုဏ်တော်ကျေးဇူး ရှိကြကုန်စွတကား”ဟု ပြောဆိုကြလေကုန်၏။
25,130
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ကာဏာ၏အတိတ်
25,131
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
မြတ်စွာဘုရားသည် ကြွတော်မူ၍ “ချစ်သား ရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် ထိုရဟန်းကြီးလေးပါးတို့သည် ကာဏာ၏ စိတ်နှလုံးမသာယာခြင်းကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုကြဖူးကုန်သည်သာလျှင်တည်း...
25,132
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ယခုအခါ၌သာလျှင် ငါဘုရားသည် ကာဏာကို ငါ ဘုရားစကားကို လိုက်နာအောင် ပြုအပ်သည်မဟုတ်သေး၊ ရှေး၌လည်း ပြုအပ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို နာကြားလိုကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်ရကား-
25,133
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ယတ္ထေကော လဘတေ ဗဗ္ဗု၊ ဒုတိယော တတ္ထ ဇာယတိ။
25,134
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
တတိယော စ စတုတ္ထော စ၊ ဣဒံ တေ ဗဗ္ဗုကာ ဗိဠံ။
25,135
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ယတ္ထ၊ အကြင်အရပ်၌။
25,136
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဧကော ဗဗ္ဗု၊ ကြောင်တစ်ကောင်သည်။
25,137
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
မူသိကံ ဝါ၊ ကြွက်ကိုလည်းကောင်း။
25,138
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
မံသံ ဝါ၊ အသားကိုလည်းကောင်း။
25,139
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
လဘတေ၊ ရ၏။ တတ္ထ၊ ထိုအရပ်၌။
25,140
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဒုတိယော စ၊ နှစ်ခုမြောက်သော ကြောင်သည်လည်း။
25,141
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဇာယတိ၊ ဖြစ်ပေါ်လာ၏။
25,142
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
တတိယော စ၊ သုံးခုမြောက်သော ကြောင်သည်လည်း။
25,143
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
စတုတ္တော စ၊ လေးခုမြောက်သော ကြောင်သည်လည်း။
25,144
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
တေ ဗဗ္ဗုကာ၊ ထိုကြောင်တို့သည်။
25,145
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဣဒံ ဗိဠံ၊ ဤဖလ်ဂူကို။
25,146
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဥရေန၊ ရင်ဖြင့်။
25,147
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ပဟရိတွာ၊ ခတ်မိ၍။
25,148
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။
25,149
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ပတ္တာ၊ ရောက်ကြလေကုန်ပြီ။
25,150
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဤသို့ ဤဗဗ္ဗုဇာတ်ကို (ဤဗဗ္ဗုဇာတ်သည် ဧကနိပါတ် ၁၄-ခုမြောက် အသမ္ပဒါနဝဂ်၌ ပါရှိ၏။
25,151
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
) အကျယ်အားဖြင့် ဟောကြားတော်မူပြီးလျှင် လေးပါးသော ရဟန်းကြီးတို့သည် ကြောင်ကြီးလေးစီးတို့ ဖြစ်ကုန်ပြီ။
25,152
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ကြွက်မသည် ကာဏာဖြစ်ပြီ။
25,153
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ရွဲထွင်းသမား- ဝါ၊ ကျောက်သွေးသမားသည် ငါဘုရားသာလျှင်တည်း။
25,154
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဤသို့ ဇာတ်ကိုပေါင်း၍ “ချစ်သားရဟန်းတို့- ဤသို့လျှင် လွန်လေပြီးသောအခါ၌လည်း ကာဏာသည် နှလုံးမသာယာသည်ဖြစ်၍၊ နောက်ကျုသောစိတ် ရှိသည်ဖြစ်၍၊ ပျံ့လွင့်သောစိတ် ရှိသည်ဖြစ်၍၊ ငါ့စကားဖြင့် ကြည်လင်သော စိတ်ရှိလေ၏၊ နက်လှစွာသော ရေအိုင်ကြီးကဲ့သို့ အထူးသဖြင့် ကြည်လင်သောစိတ် ရှိသည်ဖြစ်ပြီ”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောတော်မူလိုရ...
25,155
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဒေသနာတော် [၈၂] ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
25,156
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။
25,157
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဂမ္ဘီရော၊ နက်လှစွာသော။
25,158
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ရဟဒေါ၊ မဟာသမုဒ္ဒရာသည်။
25,159
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဝိပ္ပသန္နော၊ ကြည်လင်သည်။
25,160
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
အနာဝိလော၊ မနောက်ကျုသည်။
25,161
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဟောတိ ယထာပိ၊ ဖြစ်သကဲ့သို့လည်း။
25,162
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
25,163
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဓမ္မာနိ၊ ဟောကြားအပ်သော တရားတို့ကို။
25,164
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
သုတွာန၊ နာကြားကြရကုန်၍။
25,165
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဝိပ္ပသီဒန္တိ ၊ အထူးအားဖြင့် ကြည်လင်ကြကုန်၏။
25,166
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဒေသနာတော်၏အကျိုး
25,167
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
25,168
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထု
ကာဏမာတာဝတ္ထုပြီး၏။
25,169
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
၇-ကာဏမာတာဝတ္ထု
25,170
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
25,171
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြင်တိုင်းမြင်တိုင်းသော ရဟန်းတို့ကို ဆဲရေးနေသော သတို့သမီး၏ မိခင် သောတာပန် ကာဏမာတာကို အကြောင်းပြု၍ ဟောတော်မူသည်။
25,172
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
25,173
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
အနက် ဂမ္ဘီရော၊ နက်လှစွာသော။
25,174
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ရဟဒေါ၊ သမုဒ္ဒရာသည်။
25,175
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
အနာဝိလော၊ နောက်ကျခြင်း မရှိသည်။
25,176
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဝိပ္ပသန္နော၊ အထူးကြည်လင်သည်။
25,177
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
25,178
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဧဝံ၊ ထို့အတူ။
25,179
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဓမ္မာနိ၊ ဘုရားရှင်ဟောကြားထားသော တရားတို့ကို။
25,180
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
သုတွာန၊ ကြားနာရ၍။
25,181
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဝိပ္ပသီဒန္တိ၊ အထူးကြည်လင်ကုန်၏။
25,182
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
စကားပြေ နက်လှစွာသော သမုဒ္ဒရာသည် မနောက်ကျပဲ အထူးကြည်လင်သကဲ့သို့ ပညာရှိတို့သည် တရားတော်တို့ကို ကြားနာရ၍ ကြည်လင်ကုန်၏။
25,183
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ရဟဒ —အရ အင်္ဂါလေးပါးရှိသော စစ်တပ်သက်ဆင်းသော်လည်း တုန်လှုပ်ချောက်ချားခြင်း မရှိသော ယူဇနာ ရှစ်သောင်းလေးထောင်နက်သော ညိုသော သမုဒ္ဒရာသည် ရဟဒမည်၏။
25,184
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
မှတ်ချက်— ယူဇနာ လေးသောင်းရှိသော အောက်အရပ်၌ ရေသည် ငါးတို့ကြောင့် လှုပ်ရှား၏။
25,185
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ယူဇနာလေးသောင်းရှိသော အထက်ဆုံးအရပ်၌ ရေသည် လေကြောင့်လှုပ်ရှား၏။
25,186
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ယူဇနာလေးထောင်ရှိသော အလယ်အရပ်၌ ရေသည် မလှုပ်မရှားတည်နေ၏။
25,187
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဧဝံ ဓမ္မာနိ၌ ဓမ္မ —အရ ဒေသနာဓမ္မရ၏။
25,188
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဝိပ္ပသီဒန္တိ ပဏ္ဍိတာ ဝယ်— ဝိပ္ပသန္နပုဂ္ဂိုလ်၊ ဧကန္တဝိပ္ပသန္နပုဂ္ဂိုလ်ဟု နှစ်မျိုးရှိရာတွင် သောတာပတ္တိမဂ်မှစ၍ အရဟတ္တမဂ်တိုင်အောင် ခုနစ်ယောက်သောပုဂ္ဂိုလ်သည် ဝိပ္ပသန္နပုဂ္ဂိုလ်မည်၏။
25,189
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ရဟန္တာပုဂ္ဂိုလ်သည် ဧကန္တဝိပ္ပသန္နပုဂ္ဂိုလ် မည်၏။
25,190
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
သောတာပတ္တိမဂ်စသည်ကြောင့် ကိလေသာမရှိသည်ကို ကြည်လင်သည်ဟု ခေါ်သည်။
25,191
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ပါဠိသဒ္ဒါခက်ဆစ်
25,192
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ရဟဒေါ = ဟရတိ ဣတိ ရဟဒေါ။
25,193
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဟရ် + ဒ (ဟနှင့် ရ ရှေ့နောက်ပြန်)။
25,194
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဂမ္ဘီရော = ဂမု + ဂမနေ၊ ဤရော၊ ဘောန္တော စ။
25,195
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဂစ္ဆန္တာ ဘာယန္တိ အသိန္တိ ဂမ္ဘီရော။
25,196
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဂစ္ဆန္တ + ဘီ + ရ။
25,197
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဝိပ္ပသန္နော = ဝိပ္ပသီဒတိ ဣတိ ဝိပ္ပသန္နော။
25,198
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
ဝိ + ပ + သဒ် + တ။
25,199
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
အနာဝိလော = န အာဝိလော အနာဝိလော။
25,200
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဏမာတုဝတ္ထုဂါထာ
န + အာဝိလ။