id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
25,301
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မြတ်စွာဘုရားသည် ထိုပုဏ္ဏားအား စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွတော်မူ၏။
25,302
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် ဤအမည်ရှိသော စိုးရိမ်ခြင်း နှိပ်စက်သောပုဏ္ဏားကို စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ ဟု မြိုအလုံးသည် သိ၏။
25,303
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။
25,304
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ငါ့သျှင်တို့ မြတ်စွာဘုရားသည် ပုဏ္ဏားနှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြုတော်မူ၍ အကျွမ်းဝင်လျှင် ဥပါယ်တမျဉ်ဖြင့် စိုးရိမ်ခြင်း နှိပ်စက်သော ပုဏ္ဏားအား တရားဟောတော်မူသဖြင့် ထိုပုဏ္ဏားကို စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ ဟု စကားကို ဖြစ်စေကုန်၏။
25,305
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သာ စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤပုဏ္ဏားအား စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူသည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ဤပုဏ္ဏားအား စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူဘူးပြီ ဟု မိန့်...
25,306
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအား သားနှစ်ယောက်တို့သည် ရှိကုန်၏။
25,307
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဗြဟ္မဒတ်မင်းသည် သားတော်အကြီးအား အိမ်ရှေ့ပေးတော်မူ၏။
25,308
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သားတော်အငယ်အား စစ်သူကြီးအရာကို ပေးတော်မူ၏။
25,309
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီး နတ်ရွာလားတော်မူသည်ရှိသော် မှူးမတ်တော်တို့သည် နောင်တော်အိမ်ရှေ့မင်းအား ရာဇာဘိသေကကို ဖြစ်စေကုန်၏။
25,310
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ညီတော်အား မင်းအဖြစ်ကို ပေးလေကုန် ဟု မိန့်တော်မူ၍ အဖန်တလဲလဲ တောင်းပန်တင်လျှောက်သော်လည်း ပယ်တော်မူ၍ ညီတော်အား အဘိသိက်သွန်းလေကုန်၊ ငါ့အား မင်းအဖြစ်ကို အလိုမရှိ၊ အိမ်ရှေ့မင်း အစရှိသည်တို့ကိုလည်း အလိုမရှိ ဟု ပယ်တော်မူ၏။
25,311
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုသို့တပြီးကား ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ကို စားတော်မူလျက် နန်းတော်၌ နေတော်မူပါ ဟု တင်လျှောက်သော်လည်း ဤမြို့၌ ကိစ္စမရှိဟု ဆို၍ ဗာရာဏသီမြို့မှ ထွက်ခဲ့ပြီးလျှင် ပစ္စန္တရစ်သို့ သွားသဖြင့် သူဌေးတယောက်အိမ်ကိုမှီ၍ လက်အမှုကို လုပ်လျက်နေ၏။
25,312
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုပစ္စန္တရစ်သားတို့သည် နောက်အဘို့၌ ထိုသူ၏ မင်းသားအဖြစ်ကို သိကုန်၍ လက်အမှုကို မပြုစေကုန်၊ မင်းသား အခြံအရံဖြင့်သာလျှင် ထိုမင်းသားကို ခြံရံကုန်၏။
25,313
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
နောက်အဘို့၌ မင်းအမှုထမ်းတို့သည် ပစ္စန္တရစ်သို့ သွားကုန်၍ လယ်ပယ်အတိုင်းအရှည်ကို ယူခြင်းငှါ ထိုရွာသို့ ရောက်ကုန်၏။
25,314
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သူဌေးသည် မင်းသားသို့ကပ်၍ အရှင့်သား အကျွန်ုပ်တို့သည် အရှင်မင်းသားကို မွေးကျွေးပါကုန်အံ့၊ ညီတော်မင်းကြီးအား မှာစာကို စေတော်မူ၍ အကျွန်ုပ်တို့အား အခွန်တော်ကို နုတ်တော်မူကုန်လော့ ဟု လျှောက်၏။
25,315
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ကျွန်ုပ်သည် ဤအမည်ရှိသော သူဌေးအိမ်ကိုမှီ၍ နေ၏။
25,316
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုကြောင့် အကျွန်ုပ်တို့ကို ထောက်ပံ့သဖြင့် ထိုသူဌေးတို့အား အခွန်တော်ကို လွှတ်တော်မူပါ ဟု မှာစာကို စေလိုက်၏။
25,317
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ညီတော် မင်းကြီးသည် ကောင်းပြီဟု ဆို၍ နောင်တော်ဆိုတိုင်း ပြုစေ၏။
25,318
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ ထိုမင်းသားကို အလုံးစုံသော ရွာ၌နေသော သူတို့သည်၎င်း, ဇနပုဒ်၌ နေသော သူတို့သည်၎င်း ကပ်ကုန်၍ အရှင်မင်းသား အကျွန်ုပ်တို့သည် အရှင်မင်းသားကိုသာလျှင် အခွန်ကိုဆက်ပါကုန်အံ့၊ အကျွန်ုပ်တို့အားလည်း အခွန်တော်ကို လွှတ်ပါစေကုန်လော့ ဟု ဆိုကုန်၏။
25,319
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုမင်းသားသည်လည်း ထိုသူတို့၏အကျိုးငှါ မှာစာကိုစေ၍ အခွန်တော်ကို လွှတ်စေ၏။
25,320
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါမှစ၍ ထိုသူတို့သည် မင်းသားအားသာလျှင် အခွန်ကို ပေးကုန်၏။
25,321
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ မင်းသားအား များစွာသော လာဘ် ပူဇော် သက္ကာရသည် ဖြစ်၏။
25,322
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထို့ကြောင့် ထိုမင်းသားအား လောဘတဏှာသည် အားကြီးသည်ဖြစ်၏။
25,323
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုမင်းသားသည် နောက်အဘို့၌ အလုံးစုံသော ဇနပုဒ်ကို တောင်း၏။
25,324
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အိမ်ရှေ့မင်းအဖြစ်ကို တောင်း၏။
25,325
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ညီတော်မင်းကြီးသည် နောင်တော်အား တောင်းတိုင်းသာလျှင် ပေး၏။
25,326
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုမင်းသားသည် တဏှာလောဘ ပွားသည်ရှိသော် အိမ်ရှေ့မင်း အဖြစ်၌လည်း မရောင့်ရဲသည်ဖြစ်၍ မင်းအဖြစ်ကို ယူအံ့ဟု ဇနပုဒ်သားအပေါင်း ခြံရံလျက် ထိုဗာရာဏသီမြို့သို့ သွားပြီးလျှင် မြို့အပ၌နေ၍ ငါ့အား မင်းအဖြစ်ကိုတည်း ပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လော ဟု ညီတော်မင်းကြီးအား မှာစာကို စေလိုက်၏။
25,327
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ညီတော် မင်းကြီးသည် ကြံ၏။
25,328
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဤသူမိုက်သည် ရှေး၌ မင်းအဖြစ် အစရှိသည်တို့ကို ပယ်ပြီး၍ ယခုအခါ စစ်ထိုးသဖြင့် ယူအံ့ဟုဆို၏။
25,329
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အကယ်၍ ငါသည် စစ်ထိုးသဖြင့် ထိုသူမိုက်ကို သတ်အံ့၊ ငါ့အား ကဲ့ရဲ့ခြင်းသည် ဖြစ်လတ္တံ့၊ ငါ့အား မင်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၏။
25,330
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ကြံပြီးလျှင် နောင်တော်အား စစ်ထိုးသဖြင့် ကျွန်ုပ်အလိုမရှိ၊ မင်းအဖြစ်ကိုယူလော့ ဟု စေလိုက်၏။
25,331
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုမင်းသားသည် မင်းအဖြစ်ကို ယူပြီးလျှင် ညီတော်အား အိမ်ရှေ့မင်းအဖြစ်ကို ပေး၏။
25,332
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါမှစ၍ မင်းဖြစ်လျက် တဏှာ၏ နိုင်ငံသို့ လိုက်ရကား တပြည်တည်းဖြင့် မရောင့်ရဲသည်ဖြစ်၍ နှစ်ပြည် သုံးပြည်တို့ကို တောင့်တ၍ လောဘ၏အဆုံးကို မမြင်။
25,333
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ သိကြားနတ်မင်းသည် လူ့ပြည်၌ အဘယ်သူတို့သည် မိဘတို့ကို လုပ်ကျွေးကုန်သနည်း၊ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုကုန်သနည်း၊ အဘယ်သူသည် တဏှာနိုင်ငံသို့ လိုက်ကုန်သနည်း ဟု ကြည့်လတ်သော် ထိုမင်းမိုက်သည် တဏှာနိုင်ငံသို့ လိုက်သောအဖြစ်ကို သိ၍ ဤမင်းမိုက်သည် ဗာရာဏသီ မင်းအဖြစ်ဖြင့် မရောင့်ရဲနိုင်၊ ထိုမင်းမိုက်ကို ငါသည် သင်အံ့ ဟုကြံ၍...
25,334
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဆိတ်ကွယ်ရာအရပ်ကို အလိုရှိပါ၏ ဟု ဆို၏။
25,335
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုဆိုသောခဏ၌ သိကြားမင်း၏ အာနုဘော်ဖြင့် လူတို့သည် ဖဲကုန်၏။
25,336
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ မင်းကို လုလင်သည် မြတ်သောမင်းကြီး အကျွန်ုပ်သည် ဝပြောစည်ပင်ကုန်သော ပြွမ်းသော လူရှိကုန်သော ပြည့်စုံသော စစ်သည်ဗိုလ်ပါ ဆင်ယာဉ်မြင်းယာဉ်ရှိကုန်သော သုံးမြို့တို့ကို မြင်၏။
25,337
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အကျွန်ုပ်သည် မိမိအစွမ်းဖြင့် ထိုသုံးပြည်တို့ကိုယူ၍ ဆက်ပါအံ့၊ ကြာမြင့်စွာမပြုမူ၍ လျင်စွာသွားခြင်းငှါ သင့်၏ ဟု လျှောက်၏။
25,338
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တဏှာနိုင်ငံသို့ လိုက်သော ထိုမင်းသည် ကောင်းပြီဟု ဝန်ခံ၏။
25,339
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သိကြားမင်း၏ အာနုဘော်ကြောင့် သင်သည် အဘယ်သူနည်း အဘယ်အရပ်မှလာသနည်း, သင့်အား အဘယ်ကို ရခြင်းငှါ သင့်သနည်းဟု မမေးမိ၊ ထိုသိကြားမင်းသည်လည်း ဤမျှကိုသာ ဆို၍ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။
25,340
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းသည် အမတ်တို့ကိုခေါ်၍ တယောက်သော လုလင်သည် ငါတို့အား သုံးပြည်ထောင်ကိုယူ၍ ပေးအံ့ဟု ဆို၏။
25,341
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အမတ်တို့ ထိုလုလင်ကို ခေါ်ချေကုန်၊ မြို့၌ စည်လည်စေ၍ ဗိုလ်ပါအပေါင်းကို စုဝေးကြကုန်၊ ကြာမြင့်ခြင်းကို မပြုမူ၍ သုံးပြည်ထောင်တို့ကို ယူကုန်အံ့ ဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး အသို့နည်း၊ အရှင်မင်းကြီးတို့သည် ထိုလုလင်အား ပူဇော် သက္ကာရကို ပြုတော်မူ၏လော, နေရာအရပ်ကိုလည်း မေးတော်မူ၏လော ဟု လျှောက်လတ်သော် ပူဇော်သက္ကာရကိုလည်း ငါမပြ...
25,342
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုစကားကို ကြားသဖြင့် မင်းသည် နှလုံးမသာသည်ဖြစ်၍ သုံးပြည်ထောင်သော မင်းအဖြစ်၌ များစွာသော စည်းစိမ်အခြံအရံမှ ယုတ်၏။
25,343
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ငါသည် ရိက္ခာစားနပ်ကို မပေးမိ၊ နေရာအရပ်ကိုလည်း မမေးမိ၊ ထို့ကြောင့် ငါ့အား အမျက်ထွက်၍ မလာသည်ဖြစ်လတ္တံ့ဟု ထိုမင်းသည် အဖန်တလဲလဲ ကြံ၏။
25,344
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ လောဘနိုင်ငံသို့လိုက်သော ထိုမင်း၏ကိုယ်၌ ပူပန်ခြင်းသည် ဖြစ်၏။
25,345
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ကိုယ်အလုံး ပူလောင်သည်ရှိသော် ရင်သည် ခြောက်တပ်၍ ဝမ်းသွေးကျသော အနာသည်ဖြစ်၏။
25,346
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တလုပ်သောထမင်းသည် ဝင်အံ့၊ ထိုထမင်းလုပ်သည် အန်၏။
25,347
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဆေးသမားတို့သည် ဆေးကုခြင်းငှါ မတတ်နိုင်ကုန်၊ မင်းသည် အလွန် ပင်ပန်း၏။
25,348
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ မင်းကြီး နာသောအဖြစ်သည် တိုင်းပြည်အလုံး၌ ထင်ရှား၏။
25,349
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုအခါ ဘုရားလောင်းသည် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ ဗာရာဏသီပြည်၌ မိဘတို့၏ထံသို့ လာလတ်သည်ရှိသော် ထိုအကြောင်းကိုကြား၍ ငါသည်ဆေးကုအံ့ဟု ကြံ၍ မင်းထံသို့သွားသဖြင့် တယောက်သော လုလင်သည် အရှင်မင်းကြီးတို့ကို ဆေးကုအံ့သောငှါ လာ၏ ဟု ကြားစေ၏။
25,350
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းသည် အလွန်ကြီးကုန်သော ဒိသာ ပါမောက္ခဖြစ်ကုန်သော ဆေးသမားတို့သည်လည်း ငါ့ကို ကုစားခြင်းငှာ မတတ်နိုင်ကုန်ဘဲလျက် လုလင်ပျိုသည် အသို့တတ်နိုင်အံ့နည်း၊ ထို့ကြောင့် ထိုလုလင်ကို ရိက္ခာပေး၍သာ လွှတ်လိုက်ကုန်လော့ဟု ဆို၏။
25,351
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုစကားကိုကြား၍ လုလင်သည် ငါ့အား ဆေးကုသဖြင့် ဆေးခကို အလိုမရှိ၊ ငါသည် ကုပါအံ့၊ ထို့ကြောင့် သက်သက်သော ဆေးဘိုးမျှကို ပေးပါလော့ ဟု ဆို၏။
25,352
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုစကားကိုကြား၍ မင်းသည် ခေါ်စေ၏။
25,353
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ထိုလုလင်သည် မင်းကိုမြင်၍ မြတ်သောမင်းကြီး ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် အရှင်မင်းကြီးအား ကုပါအံ့၊ စင်စစ်သော်ကား အကျွန်ုပ်အား အနာဖြစ်ကြောင်းကို ကြားတော်မူပါလော့ ဟု ဆို၏။
25,354
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းသည် ထိုလုလင်ကို ရှက်သည်ဖြစ်၍ ထိုအနာ၏ ဖြစ်ကြောင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ဆေးကိုသာကုလော့ ဟု ဆို၏။
25,355
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မြတ်သောမင်းကြီး ဆေးသမားတို့ မည်သည်ကား ဤအနာသည် ဤအကြောင်းကို မှီ၍ ဖြစ်၏ဟု သိ၍လျှင် ထိုအနာအားလျော်သော ဆေးကို ပြုရကုန်၏ ဟု ဆိုသည်ရှိသော် မင်းသည် အမောင် ကောင်းပြီဟု အနာ၏ ဖြစ်ကြောင်းကို ပြောသည်ရှိသော်၊ လုလင်တယောက်သည် လာလတ်၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့၊ ဤသို့ အစရှိသည်တို့ကိုဆို၍ အလုံးစုံကို ပြော၏။
25,356
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အမောင် ငါ့အား ဤတဏှာကိုမှီ၍ အနာဖြစ်၏။
25,357
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အကယ်၍ ဆေးကုခြင်းငှါ တတ်နိုင်အံ့၊ ကုလော့ ဟု ဆို၏။
25,358
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မြတ်သောမင်းကြီး အသို့နည်း၊ စိုးရိမ်သဖြင့် သုံးပြည်ထောင်ကို ရခြင်းငှါ တတ်နိုင်မည်လော ဟု ဆိုသည်ရှိသော်- အမောင် မတတ်နိုင်ဟု ဆို၏။
25,359
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဤသို့ဖြစ်လျက် အဘယ့်ကြောင့် စိုးရိမ်သနည်း၊ မြတ်သောမင်းကြီး ထိုစကားသည် မှန်၏။
25,360
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အလုံးစုံသာလျှင် ဖြစ်သော သက်ရှိသက်မဲ့ဝတ္ထု မိမိကိုယ်ကို အစပြု၍ စွန့်ပစ်၍ သွားအပ်၏။
25,361
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
လေးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍လည်း အရှင်မင်းကြီးသည် တပြိုင်နက်လျှင် ထမင်းလေးခွက်တို့ကို စားတော်မူနိုင်မည်လာ, အိပ်ရာလေးခုတို့၌ အိပ်နိုင်မည်လော, လေးစုံသော အဝတ်တန်ဆာတို့ကို ဆင်ဝတ်နိုင်မည်လော၊ လောဘနိုင်ငံသို့ လိုက်ခြင်းမည်သည် မသင့်၊ ထိုစကားသည် မှန်၏။
25,362
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဤတဏှာမည်သည်ကား ပွားသည်ရှိသော် အပါယ်လေးဘုံတိုမှလွတ်ခြင်းငှါမပေး ဟု ဆို၍ ထိုမင်းကို ဘုရားလောင်းသည် ဆုံးမ၍ ထိုနောက်မှ မင်းအား တရားဟောလိုရကား-
25,363
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၃၇။ ကာမံ ကာမယမာနဿ၊ တဿ စေတံ သမိဇ္ဈတိ။
25,364
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အဒ္ဓါ ပီတိမနော ဟောတိ၊ လဒ္ဓါ မစ္စော ယဒိစ္ဆတိ။
25,365
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၃၈။ ကာမံ ကာမယမာနဿ၊ တဿ စေတံ သမိဇ္ဈတိ။
25,366
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တတော နံ အပရံ ကာမေ၊ ဃမ္မေ တဏှံဝ ဝိန္ဒတိ။
25,367
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၃၉။ ဂဝံစ သိင်ဂိနော သိင်္ဂံ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။
25,368
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဧဝံ မန္ဒဿ ပေါသဿ၊ ဗာလဿ အဝိဇာနတော။
25,369
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဘိယျာ တဏှာ ပိပါသာ စ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။
25,370
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၀။ ပထဗျာ သာလိ ယဝကံ၊ ဂဝဿံ ဒါသ ပေါရိသံ။
25,371
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဒတွာ စ နာလ မေတဿ၊ ဣတိ ဝိဒွါ သမံ စရေ။
25,372
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၁။ ရာဇာ ပသယှ ပထဝိံ ဝိဇိတွာ၊သ သာဂရန္တံ မဟိ မာဝသန္တော။
25,373
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဩရံ သမုဒ္ဒဿ အတိတ္တိရူပေါ၊ပါရံ သမုဒ္ဒဿပိ ပတ္ထယေထ။
25,374
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၂။ ယော စ မနုဿရံ ကာမေ၊ မနသာ တိတ္တိံ နာဇ္ဈဂါ။
25,375
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တတော နိဝတ္တာ ပဋိက္ကမ္မ ဒိသွာ၊တေ ဝေ သုတိတ္တာ ယေ ပညာယ တိတ္တာ။
25,376
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၃။ ပညာယ တိတ္တိနံ သေဋ္ဌံ၊ န သော ကာမေဟိ တပ္ပတိ။
25,377
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပညာယ တိတ္တံ ပုရိသံ၊ တဏှာ န ကုရုတေ ဝသံ။
25,378
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၄။ အပစိနေထေဝ ကာမာနံ၊ အပ္ပိစ္ဆဿ အလောလုပေါ။
25,379
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သမုဒ္ဒမတ္တော ပုရိသော၊ န သော ကာမေဟိ တပ္ပတိ။
25,380
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၅။ ရထကာရောဝ စမ္မဿ၊ ပရိကန္တံ ဥပါဟနံ။
25,381
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ယံ ယံ ဇဟတိ ကာမာနံ၊ တန္တံ သမ္ပဇ္ဇတေ သုခံ။
25,382
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သဗ္ဗဉ္စေ သုခမိစ္ဆေယျ၊ သဗ္ဗေ ကာမေ ပရိစ္စဇေ။
25,383
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။
25,384
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ကာမံ၊ ဝတ္ထုကာမကို။
25,385
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ကာမယမာနဿ၊ တောင့်တသော။
25,386
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တဿ၊ ထိုပုဂ္ဂိုလ်အား။
25,387
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တံ၊ ထိုဝတ္ထုကာမသည်။
25,388
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
စေ၊ အကယ်၍။
25,389
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သမိဇ္ဈတိ၊ ပြည့်စုံအံ့။
25,390
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မစ္စော၊ သတ္တဝါသည်။
25,391
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ယံ၊ အကြင်ဝတ္ထုကို။
25,392
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဣစ္ဆတိ၊ အလိုရှိအံ့။
25,393
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တံ၊ ထိုဝတ္ထုကို။
25,394
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
လဒ္ဓါ၊ ရသည်ရှိသော်။
25,395
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
အဒ္ဓါ၊ စင်စစ်။
25,396
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပီတိမနော၊ နှစ်လိုသောစိတ်ရှိသည်။
25,397
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၃၈။ ကာမံ၊ ဝတ္ထုကာမကို။
25,398
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တတော၊ ထိုအခါမှ။
25,399
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဃမ္မေ-၈ိမှကာလေ၊ နေ့အခါ၌။
25,400
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပါနီယ-ပိပါသံ၊ ရေမွတ်ခြင်းကို။