id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
25,501
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပဋိဂ္ဂဏှ၊ ခံယူပါလော့။
25,502
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
တဝ၊ သင်၏။ ဘာသိတံ၊ ဆိုအပ်သော။
25,503
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဧတံ၊ ဤစကားသည်။
25,504
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သာဓု၊ ကောင်းပေစွ။
25,505
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းကြီးဆိုသော ထိုစကားကိုကြား၍ ဘုရားလောင်းသည်-
25,506
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၇။ န မေ အတ္ဖော သဟဿေဟိ၊သတေဟိ နဟုတေဟိ ဝါ။
25,507
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပစ္ဆိမံ ဘာသတော ဂါထံ၊ကာမေ မေ န ရတော မနော။
25,508
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဟူသော တဆယ့်တခုမြောက်သော ဤဂါထာကို ဆို၏။
25,509
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။
25,510
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မေ၊ အကျွန်ုပ်သည်။
25,511
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သဟဿေဟိ ဝါ၊ တထောင်တို့ကို၎င်း။
25,512
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သတေဟိ ဝါ၊ တရာတို့ကို၎င်း။
25,513
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
နဟုတေဟိ ဝါ၊ တသောင်းတို့ကို၎င်း။
25,514
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
န အတ္တာ၊ အလိုမရှိ။
25,515
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပစ္ဆိမံ၊ နောက်ဆုံးဖြစ်သော။
25,516
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဂါထံ၊ ရထကာရောဝ စမ္မဿ အစရှိသော ဂါထာကို။
25,517
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဘာသတော၊ ဟောသော။
25,518
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ကာမေ၊ ကာမဂုဏ်၌။
25,519
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
န ရတော၊ မမွေ့လျော်။
25,520
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မင်းသည်လည်း အတိုင်းထက်အလွန် နှစ်သက်၍ ဘုရားလောင်းကို ချီးမွမ်းလိုရကား-
25,521
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၈။ ဘဒြကော ဝတာယံ မာဏဝကော၊သဗ္ဗလောကံ ဝိဒူ မုနိ။
25,522
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သော ဣမံ တဏှံ ဒုက္ခ ဇနနိံ၊ပရိဇာနာတိ ပဏ္ဍိတော။
25,523
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
၄၈။ ပဏ္ဍိတော၊ ပညာရှိသော။
25,524
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ယော မာဏဝကော၊ အကြင်လုလင်ငယ်သည်။
25,525
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဒုက္ခဇနနိံ၊ အလုံးစုံသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော။
25,526
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဣမံ တဏှံ၊ ဤတဏှာကို။
25,527
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ပရိဇာနာတိ၊ ပိုင်းခြား၍ သိ၏။
25,528
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သဗ္ဗလောကဝိဒူ၊ အလုံးစုံသောလောကကို သိသော။
25,529
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
မုနိ၊ အကျိုးအကြောင်းကို သိသော။
25,530
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
သော အယံ မာဏဝကော၊ ထိုလုလင်ငယ်သည်။
25,531
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဘဒြကော ဝတ၊ ကောင်းပေစွတကား။
25,532
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဘုရားလောင်းသည်လည်း မြတ်သောမင်းကြီး မမေ့မလျော့ တရားကို ကျင့်တော်မူလော့ဟု မင်းကို ဆုံးမပြီးလျှင် ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့သွား၍ ရသေ့ရဟန်းပြုသဖြင့် အသက်ထက်ဆုံး တည်၍ ဗြဟ္မဝိဟာရတရားလေးပါးကို ပွားစေသဖြင့် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။
25,533
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် ဤပုဏ္ဏားအား စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ ဤပုဏ္ဏားသည် ထိုအခါ တဏှာနိုင်ငံသို့ လိုက်သော မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော လုလင်ငယ် ဖြစ်ဘူးပြီဟု ဇာတ်ကို...
25,534
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
ရောင့်ရဲနိုင်မှ၊ ချမ်းသာရ၊ မုချမင်္ဂလာ
25,535
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဇာတ်
လေးခုမြောက်သော ကာမဇာတ်သည် ပြီး၏။
25,536
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဒုကနိပါတ်-ကာသာဝဝဂ်
25,537
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
၈။ ကာမနီတဇာတ်
25,538
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
လောဘကြီးသောမင်း
25,539
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ပစ္စုပ္ပန် နှင့် အတိတ်ဝတ္တု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တယော ဂိရိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမနီတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာမနီတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။
25,540
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထုသည် ဒသကနိပါတ် ကာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား နှစ်ယောက်ကုန်သော ထိုမင်းသားတို့တွင် မင်းသားကြီးသည် လာလတ်၍ ဗာရာဏသီပြည်၌ မင်းဖြစ်၏။
25,541
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသားငယ်သည် အိမ်ရှေ့မင်း ဖြစ်၏။
25,542
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုနှစ်ယောက်ကုန်သော မင်း အိမ်ရှေ့မင်းတို့တွင် မင်းသည် ဝတ္ထုကာမ ကိလေသာကာမတို့၌ မရောင့်ရဲ၊ ဥစ္စာ၌ လောဘရှိသည် ဖြစ်၏။
25,543
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုအခါ ဘုရားလောင်းသည် သိကြား နတ်မင်းဖြစ်၍ ဇမ္ဗူဒိပ်သို့ ကြည့်လတ်သည်ရှိသော် ထိုမင်း၏ နှစ်ပါးကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့၌လည်း မရောင့်ရဲသည်၏အဖြစ်ကို သိလျှင် မင်းကိုနှိပ်၍ ရှက်စေအံ့ဟု ပုဏ္ဏားလုလင်၏ အသွင်ဖြင့် လာလတ်၍ မင်းကို ဖူးမြင်၏။
25,544
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည်လည်း လုလင် အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးလတ်သည်ရှိသော် မင်းမြတ် အကျွန်ုပ်သည် ဘေးကင်းကုန်သော ဝပြောကုန်သော များစွာသော ဆင်၊ မြင်း၊ ရထား ခြေသည် ဥစ္စာ ရွှေငွေတန်ဆာတို့ဖြင့် ပြည့်ကုန်သော သုံးပြည်ထောင်တို့ကို မြင်ခဲ့၏။
25,545
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုသုံးပြည်ထောင်တို့ကိုကား အနည်းငယ်မျှသာလျှင်ဖြစ်သော စစ်သည်ဗိုလ်ပါဖြင့် ယူအံ့သောငှါ တတ်ကောင်း၏။
25,546
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
အကျွန်ုပ်တို့သည် အရှင်မင်းမြတ်အား ထိုသုံးပြည်ထောင်တို့ကို ယူ၍ ပေးအံ့သောငှါ လာခဲ့၏ဟု ဆို၏။
25,547
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
လုလင် အဘယ်အခါ၌ သွားအံ့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် နက်ဖြန်သွားအံ့ဟုဆို၏။
25,548
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုသို့တပြီးကား သွားလေဦးလော့၊ စောစောကလျှင် ပြန်လာလှည့်ဦးလော့ဟု ဆိုသည်ရှိသော် မင်းမြတ် ကောင်းပြီဟု ဝန်ခံ၍ လျင်မြန်စွာ ဗိုလ်ပါကို စီရင်ခန့်ထားလော့ဟု ဆို၍ မိမိနေရာ တာဝတိံသာသို့သာလျှင် သွား၏။
25,549
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည် နက်ဖြန်နေ့၌ စည်ကိုလည်စေ၍ ဗိုလ်ပါစီရင်ခြင်းကို ပြုစေ၍ အမတ်တို့ကို ခေါ်စေ၍ ယမန်နေ့က တယောက်သော ပုဏ္ဏားလုလင်သည် ဥတ္တရပဉ္စာမြို့၌၎င်း ဣန္ဒပတ္တမြို့၌၎င်း ကေကကမြို့၌၎င်း ဤသုံးမြို့တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့ဟု ဆို၏။
25,550
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုလုလင်ကို ဆောင်ယူ၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူကုန်အံ့၊ လျင်မြန်စွာ ထိုလုလင်ကို ခေါ်ကြကုန်လောဟု ဆိုသည်ရှိသော် မင်းမြတ် ထိုလုလင်အား နေရာကို အဘယ်အရပ်၌ ပေးစေအပ်သနည်းဟု ဆိုကုန်၏။
25,551
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုလုလင်အား ငါသည် နေရာအိမ်ကို မပေးစေအပ်ဟုဆိုသည်ရှိသော် အဝတ်ရိက္ခာကိုကား ပေးအပ်၏လော ဟုဆိုကြကုန်၏။
25,552
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုအဝတ်ရိက္ခာကိုလည်း မပေးအပ်ဟု ဆိုသည်ရှိသော် ထိုသို့ မပေးအပ်သည်ရှိသော် ထိုလုလင်ကို အဘယ်မှာ မြင်ရကုန်အံ့နည်းဟု ဆိုကြကုန်၏။
25,553
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မြို့လမ်းတို့၌ ကြည့်ကြကုန်လော့ဟု ဆိုသည်ရှိသော် ကြည့်၍ မမြင်သောကြောင့် မင်းမြတ် မမြင်ပါကုန်ဟုဆိုကြကုန်၏။
25,554
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
လုလင်ကို မမြင်သောမင်းအား ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏ အဖြစ်မှ ယုတ်၏ဟု ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၏။
25,555
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဟဒယဝတ္ထုသည် ပူ၏။
25,556
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
နှလုံးသွေးသည် ပျက်၏။
25,557
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဝမ်းသွေးသည် သွန်ခြင်းသည် ဖြစ်၏။
25,558
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မစွမ်းနိုင်ကုန်။
25,559
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထို့နောင်မှ သုံးလေးရက်လွန်သဖြင့် သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုမင်း၏ ထိုအနာကိုသိ၍ ထိုမင်းကို ဆေးကုအံ့ဟု ပုဏ္ဏားအသွင်ဖြင့်လာလတ်၍ တံခါး၌တည်၍ ဆေးသမား ပုဏ္ဏားသည် အရှင်မင်းမြတ်တို့အား ဆေးကုအံ့သောငှါ လာ၏ဟု ကြားစေ၏။
25,560
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည် ထိုစကားကို ကြား၍ လျင်မြန်စွာ ကြီးမြတ်ကုန်သောမင်း၏ ဆေးသသမားတို့သည် ကုစားအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုဆေးသမားအား ရိက္ခာကိုပေး၍ လွှတ်လိုက်ကုန်လောဟု ဆို၏။
25,561
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
သိကြားသည် ထိုစကားကို ကြား၍ ငါသည် ဆေးကုအံ့၊ အဝတ်ဖြင့် အလိုမရှိသလျှင်ကတည်း၊ ဆေးခကိုလည်း မယူအံ့၊ တဖန် မင်းသည် ငါ့ကို ရှုစေသတည်းဟု ဆို၏။
25,562
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည် ထိုစကားကို ကြား၍ ထိုသို့တပြီးကား လာစေသတည်းဟု ဆို၏။
25,563
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
သိကြားသည် ဝင်၍ အောင်စေသတည်းဟု ဆို၍ လျောက်ပတ်စွာ ရပ်၏။
25,564
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည် သင်သည် ငါ့ကို ဆေးကုအံ့လော့ဟု မေး၏။
25,565
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းမြတ် ကုအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ကုလော့ဟု ဆို၏။
25,566
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းမြတ် ကောင်းပြီဟူ၍ ယခု အနာ၏လက္ခာကို ဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟု ဆိုသည်ရှိသော် အရှင်ပုဏ္ဏား ငါ၏အနာသည် သုတကို အမှီပြု၍ ဖြစ်၏ဟုဆို၏။
25,567
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
အရှင်မင်းမြတ်သည် အဘယ်သို့ ကြားသနည်းဟု ဆို၏။
25,568
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တယောက်သော လုလင်သည် လာလတ်၍ ငါအား သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ပေးအံ့ဟု ဆို၏။
25,569
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ငါသည် ထိုလုလင်အား နေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ၊ ထိုလုလင်သည် ငါ့အား အမျက်ထွက်၍ တပါးသော မင်း၏အထံသို့ သွားလတ္တံ့၊ ထိုသို့သွားသည်ရှိသော် ဤသို့ ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေလိမ့်သတည်းဟု ကြံသော ငါ့အား ဤအနာသည် ဖြစ်၏ဟုဆို၍ သင်သည် ငါ၏ လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ဖြစ်သောအနာကို ဆေးကုအံ့သောင...
25,570
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
၁၅၅။ တယော ဂိရိံ အန္တရံ ကာမယာမိ၊ပဉ္စာလာ ကုရုယော ကေကကေ စ။
25,571
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။
25,572
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
၁၅၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။
25,573
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တယော ဂီရိံ၊ တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်ခဲသည်၏အဖြစ်ကြောင့် တောင်သဘွယ် ဖြစ်ကုန်သော မြို့သုံးလုံးတို့ကို၎င်း။
25,574
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်း၎င်း။
25,575
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကုရုယော၊ ကုရုတိုင်း၎င်း။
25,576
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကေကကေ စ၊ ကေကကတိုင်း၎င်း။
25,577
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
အန္တရဉ္စ၊ တိုင်းသုံးတိုင်းကို၎င်း။
25,578
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကာမယာမိ၊ လိုချင်၏။
25,579
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဗြာဟ္မဏ၊ ပုဏ္ဏား။
25,580
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တတုတ္တရိံပိ၊ ထိုဗာရာဏသီမင်း အဖြစ်ထက် အလွန်ဖြစ်သော သုံးပြည်ထောင်ကိုလည်း။
25,581
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကာမနီတံ၊ ဝတ္ထု ကာမ ကိလေသာကာမတို့သည် နှိပ်စက်အပ်သော။
25,582
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
သစေ သက္ကောသိ၊ အကယ်၍ ကုစားနိုင်အံ့။
25,583
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တိကိစ္ဆ၊ ကုလော့။
25,584
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုအခါ၌ ထိုမင်းကို သိကြားမင်းသည် မင်းမြတ် သင်မင်းမြတ်ကို သစ်မြစ်အစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသော ဆေးဖြင့်သာလျှင် ကုစားအပ်၏ဟု ဆိုလို၍-
25,585
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
၁၅၆။ ကဏှာဟိ ဒဋ္ဌဿ ကရောန္တိ ဟေကေ။
25,586
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
အံမနုဿ ပဝိဋ္ဌဿ သရောန္တိ ပဏ္ဍိတာ။
25,587
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
န ကာမနီတဿ ကရောန္တိ ကေစိ။
25,588
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဩက္ကန္တသုက္ကဿ ဟိ ကာ တိကိစ္ဆာ။
25,589
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မဟာရာဇ၊ မင်းမြတ်။
25,590
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဧကေ၊ အချို့ကုန်သော။
25,591
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကဏှာဟိ၊ မည်းသော အဆင်းရှိကုန်သော မြွေတို့သည်။
25,592
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဒဋ္ဌဿ၊ ခဲအပ်သောသူအား။
25,593
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
25,594
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကရောန္တိ၊ ပြုကုန်၏။
25,595
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
အမနုဿပဝိဋ္ဌဿ၊ ဘီလူးဖမ်းစားသောသူအား။
25,596
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကေစိ၊ အချို့ကုန်သော သူတို့သည်။
25,597
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကာမနီတဿ၊ ကာမနှိပ်စက်သော သူအား။
25,598
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
န ကရောန္တိ၊ မပြုနိုင်ကုန်။
25,599
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကိံ ကာရဏာ၊ အဘယ့်ကြောင့်။
25,600
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
န ကရောန္တိ၊ မပြုနိုင်ကုန်သနည်း ဟူမူကား။