id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
25,601
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဟိ-ယသ္မာ၊ အကြင်ကြောင့်။
25,602
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဩက္ကန္တသုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သော သူအား။
25,603
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါး အစရှိသည်တို့ဖြင့်။
25,604
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်တုံအံ့နည်း။
25,605
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တသ္မာ၊ ထိုကြောင့်။
25,606
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ကာမနီတဿ၊ ကာမသည် နှိပ်စက်အပ်သော သူအား။
25,607
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တိကိစ္ဆံ၊ ဆေးကုစားခြင်းကို န ကရောန္တိ၊ မပြုကုန်။
25,608
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဤသို့ ထိုမင်းအား ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အလွန် ဤသို့ဆို၏။
25,609
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းမြတ် သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ ရအံ့၊ ဤလေးမြို့တို့၌ မင်းအဖြစ်ကို ပြုလတ်သော် တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကို ဝတ်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင် စားအံ့လော၊ လေးခုကုန်သော မြတ်သောအိပ်ရာတို့၌ တပြိုင်နက်ပင် အိပ်အံ့လော၊ မင်းမြတ် တဏှာအလိုသို့ လိုက်သောမည်သည် ဖြစ်ခြင်းငှါ...
25,610
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုတဏှာသည် ပွားလတ်သည်ရှိသော် စိုးရိမ်ခြင်းကို ပွားစေ၏။
25,611
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုတဏှာ၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သော ငရဲကြီးတို့၌၎င်း ဥဿဒငရဲ တဆယ့်ခြောက်ထပ်တို့၌၎င်း အထူးထူး အပြားပြားဖြင့် များကုန်သော ငရဲမှကြဉ်ကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟု ဆို၏။
25,612
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဤသို့ ဘုရားလောင်းသည် မင်းကို ငရဲ အစရှိသော ဘေးဖြင့် ခြိမ်းချောက်၍ ဤတရားကို ဟော၏။
25,613
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
မင်းသည်လည်း ထိုဘုရားလောင်း၏ တရားကို နာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျင် အနာမရှိသည်၏ အဖြစ်သို့ ရောက်၏။
25,614
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
သိကြားသည်လည်း ထိုမင်းအား အဆုံးအမကိုပေး၍ သီလတို့၌ တည်စေ၍ နတ်ပြည်သို့လျှင် သွား၏။
25,615
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ထိုမင်းသည်လည်း ထိုအခါမှစ၍ ဒါနအစရှိသည်တို့ကို ပြု၍ ကံအားလျော်စွာ လား၏။
25,616
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကာမနီတ ပုဏ္ဏားသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
25,617
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
တဏှာညွန်နစ်၊ ရောဂါဖြစ်၊ ဆေးမြစ် မစွမ်းနိုင်
25,618
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမနီတဇာတ်
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာမနီတဇာတ်သည် ပြီး၏။
25,619
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၆၈ မဟာ မဟာ၊ ကြီးမြတ်စွာသား၊ ကာမာဝစရ၊ ကုသလ၏၊ ကမ္မ ဆယ်ဖြာ၊ ပြုကျင့်ရာနှိုက်၊ သဒ္ဓါ ကိလိဌ်၊ ဉာဏ်*မဲ့ ဆိတ်၍့၊ ဒုဟိတ်ကမ္မ၊ ဒုဗ္ဗလဖြင့်၊ ဟီနစေတနာ၊ ကဋတ္တာကြောင့်၊ နုံ့စွာ ညံ့သူ၊ ကျွန်းဇမ္ဗူထက်၊ လူဟု ဖြစ်လည်း၊ နွမ်းညစ် မ†ပြောင်၊ လက်-ခြေ †ပြောင်၍့၊ ကုန်းခေါင် မြေ+ကျတ်၊ ဝါကြတ်+ကြတ်နှိုက်၊ ပေါက်လတ်တုံကျင်၊ မြက် သစ်ပင်တို့၊ ရှင်ရ...
25,620
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ လူ့ရွာ အညစ် အညစ်တည်း။
25,621
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၆၉ လွန်တက် တိုးပွား၊ ဒွိ,တိအားဖြင့်၊ နှစ်ပါး သုံးပါး၊ ပိုင်းခြား ပရိစ်၊ ဟိတ်နှင့် ယှဉ်ကာ၊ မဟာအကုသလ၊ စိတ် အဋ္ဌကို၊ ပုညကြိယာ၊ ဆယ်ဖြာ ဝတ္ထု၊ ခြောက်စု အာရုံ၊ လေးစုံ ဓိပတိ၊ တြိကမ္မ၊ ဟီနာစသည်၊ မြှောက်ထ အဖြောက်၊ တသောင့်းခုနစ်ထောင်၊ စွန်းဆောင် နှစ်ရာ၊ ရှစ်ဆယ်သာတွင်၊ ဉာဏ် မပါဘိ၊ ဓိပတိမှ၊ မြှောက်မိသမျှ၊ နှစ်ထောင်ကလျှင်၊ တရာ့ခြေ...
25,622
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ ဤကိုယ်အဖြစ် အဖြစ်တည်း။
25,623
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၀ ဤအချက်နှိုက်၊ လူသက် နတ်သက်၊ သီးခြား မြွက်၍့၊ ဆတက် ရှည်တန်၊ ကမ္မန္တရ၊ တစိတ်မျှကို၊ ကျမ်းပြ အညီ၊ လင်္ကာ စီပိမ့်၊ ဇမ္ဗူဒီဘွား၊ ကျွန်းသားများကား၊ တရား ကျင့်ပြု၊ မမြဲးမှုကြောင့်၊ အာယု ပိုင်းခြား၊ နည်း-များ ရှည်-တို၊ ယှိစလိုခဲ့၊ ကုသိုလ် သမ္မာ၊ တည်သော့ခါနှိုက်၊ မဟာကထာန်၊ သင်္ချေလွန်၍့၊ တဘန် ကျင့်ပျောက်၊ ဆယ်နှစ်ရောက်၏၊ အနေ...
25,624
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ တက်နည်း အဆစ် အဆစ်တည်း။
25,625
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၁ ဒေဝလောက၊ နတ်ဌာနဝယ်၊ ဖြစ်ကြကုန် †ကျင်၊ မှတ်ကြောင်းအင်ကား၊ အ†ကြင်လူ့ရွာ၊ လူဖြစ်ခါနှိုက်၊ ဆယ်ဖြာ ဒါန၊ ကျင့် သီလဖြင့်၊ ပုညစေ့ ပျိုး၊ ကောင်းမှုမျိုးကို၊ တစိုး တစိ၊ ပြုတုံဘိလည်း၊ ပျင်းရိ ကျော့ဂ†ကျည်း၊ ရှောင်သ*ရည်း၍့၊ ကြည်း†ကြည်း မရွှင်၊ ကြည်လင် နည်းဘိ၊ ပီတိ *နုန့်နဲ့၊ တငဲ့ငဲ့ဖြင့်၊ ကြွင်း*မဲ့ မဟူ၊ ကိုယ်ထူ ကိုယ်ထ၊ မကြွစလိ...
25,626
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ လက်ျာအရစ် အရစ်တည်း။
25,627
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၂ မိ-ဘ နှစ်ဆူ၊ မြတ်ရွှေဂူသို့၊ မွေးမြူ မငြီး၊ သက်ကြီးတို့အား၊ ခစား ရိုသေ၊ နှုတ်*သံခြေနှင့်၊ ပြေပြေ ပြစ်†ပြစ်၊ ချော†ပစ် မမူ၊ ပေးလှူ မကင်း၊ စွန့်ကြဲးခြင်းက၊ ချွတ်ယွင်း မယှိ၊ ခံချိ သည်းညည်း၊ မျက်နည်း ခေါင်းပါး၊ ဤသို့အားဖြင့်၊ တရား ခု†နစ်၊ ကုသိုလ်†နှစ်နှင့်၊ စင်စစ် မကွာ၊ ပြည့်စုံစွာသည့်၊ လိမ္မာ မချို့၊ သူမြတ်တို့ကား၊ မြင...
25,628
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ သည်းအူ အနစ် †အနစ်တည်း။
25,629
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၃ ထို့ထက် လွန်စွာ၊ စေတနာဖြင့်၊ လှူဒါ သီ †လ၊ မြတ်ပုညကို၊ လုံ့†လ မယုတ်၊ အားထုတ် ပြုခြင်း၊ လူ*ခပင်းနှင့်၊ ခုံငြင်း လွန်နည်း၊ ရှောင်*သရည်းလျက်၊ *ခိုက်ဆည်း ရန်လို၊ ဝန်မတိုဘဲး၊ သူ့ကို အ†ပြစ်၊ ကိုယ်ကို ချစ်အောင်၊ မ†ပစ် မချော၊ သဘော ငြိမ့်လေး၊ စိတ်ဧး ကြည်မြေ့၊ သိမ်တမွေ့ဖြင့်၊ အလေ့ကောင်းသူ၊ ထိုမျှလူကား၊ မပူ မဆာ၊ လွန်ချမ်းသာလျက...
25,630
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ မိုးသူအစစ် အစစ်တည်း။
25,631
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၄ ထို့ထက် လွန်၍့၊ သူ *မွန် သူမြတ်၊ ဗောဓိသတ်တို့၊ ပဋိပတ်မျိုး၊ ကျင့် အားကိုးလျက်၊ ဟောရိုး ကျမ်းဂန်၊ သုတ် သုံးတန်ကို၊ မကျန် အာဂုံ၊ နှုတ်ငုံ ဆောင်ရွက်၊ ကြည် နှစ်သက်၍့၊ လေ့ကျက်သမှု၊ ဗဟုဿုနှင့်၊ သဗ္ဗညု*စော၊ ရှင်တော် ဟောသား၊ လောကုတ် လောကီ၊ နှစ်လီ တက်*ဖြိုး၊ ကောင်းကျိုး ယှဉ်စပ်၊ နာနပ္ပကာ၊ ဒေသနာအရ၊ ဓမ္မအပြား၊ မြတ်တရားကို၊ ကျ...
25,632
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ ရွှေစင် အ†နှစ် အနှစ်တည်း။
25,633
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၅ ထို့ထက် လွန်ကဲး၊ ကုသိုလ် မြဲး၍့၊ ဝမ်းထဲး မခွ၊ သောမနနှင့်၊ ကာယ ဝစီ၊ မနော ညီသား၊ သုံးလီ ဒသ၊ ကမ္မ သုစရိုက်၊ ဆောက်တည်ကြိုက်လျက်၊ နှစ်ခြိုက် ကြည်စွာ၊ ဓမ္မာမိသ၊ မြတ် စာဂကို၊ အဆ အဆ၊ မလပ်ရအောင်၊ ဆန္ဒ ဝီရိယ၊ စိတ္တ ဝီမံ၊ ပိုလျှံ မယုတ်၊ *အားသွန်ထုတ်သား၊ မဟုဿာဟ၊ ဝိသေသဖြင့်၊ လုံ့လ ကြီးငြား၊ သူမြတ်များက၊ မယားနှင့် လင်၊ မဆန့်†ကျင...
25,634
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ မောင်နှံ အချစ် အချစ်တည်း။
25,635
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
၄၇၆ ထို့ထက် အလွန်၊ သဘော *မွန်၍့၊ သုံးတန် ကြည်စိတ်၊ ကုသိုလ်ဟိတ်ဖြင့်၊ မပိတ် မစ္ဆေ၊ မဝေ မောဟ၊ အလောဘနှင့်၊ ဒေါသ နည်းစွာ၊ ဓမ္မာမိသ၊ လှူဒါနလည်း၊ ကာလအစဉ်၊ နိစ္စ ယှဉ်လျက်၊ ဝဒညူဂုဏ်၊ *မသုန် မယုတ်၊ *အားသွန် ထုတ်၍့၊ ဥပုသ် မမေ့၊ စောင့်လေ့ မသွေ၊ ဣန္ဒြေ ဆုံးမ၊ ကုသလနှိုက်၊ မချ ရံခါ၊ မြဲးမြံစွာသား၊ ဂုဏာဓိက၊ ဂုဏ် သေဋ္ဌဖြင့်၊ ရှင်မ မဟာ...
25,636
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
။ စည်းစိမ် အသစ် အသစ်တည်း။
25,637
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
(ကာမာဝစရာနတ်ဘုံခဏ်း ၉-ပိုဒ်၊)
25,638
မြန်မာဘာသာ, လင်္ကာ
ကာမဝစရနတ်ဘုံခဏ်း
ကာမာဝစရကုသလကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊
25,639
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
တိကနိပါတ်-ကုမ္ဘဝဂ်
25,640
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
၇။ ကာမဝိလာပဇာတ်
25,641
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကာမပူ ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥစ္ဆေ သကုဏ ချေမာန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမဝိလာပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
25,642
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ပစ္စုပ္ပန်ဝတ္ထုကို ပုပ္ဖရတ္တဇာတ်၌ ဆိုအပ်ပြီ၊ အတိတ်ဝတ္ထုသည်ကား အဋ္ဌကနိပါတ် ခုနစ်ခုမြောက် ဣန္ဒြိယဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။
25,643
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
အတိတ်ဝတ္ထု... ထိုယောက်ျားကိုကား အသက်ရှင်စဉ်လျှင် တံကျင်၌ လျှိုကုန်၏။
25,644
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ထိုယောက်ျားသည် ထိုတံကျင်၌ နေလျက် ကောင်းကင်ဖြင့် လာသော တခုသော ကျီးကိုမြင်၍ ပြင်းထန်စွာသော ဝေဒနာကိုလည်း မရေတွက်မူ၍ ချစ်စွာသော ယမယားသို့ သတင်းစကားကို ပို့စိမ့်သောငှါ ခေါ်လျက်-
25,645
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
၁၃၉။ ဥစ္စေ သကုဏ ဍေမာန၊ ပတ္တယာန ဝိဟင်္ဂမ။
25,646
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဝဇ္ဇာသိ ခေါ တွံ ဝါမူရုံ၊ စိရံ ခေါသာ ကရိဿတိ။
25,647
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဣဒံ ခေါသာ န ဇာနာတိ၊ အသိံ သတ္တိဉ္စ ဩဍ္ဍိတံ။
25,648
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သာ စဏ္ဍီ ကာဟတိ ကောဓံ၊ တံ မေ တပတိ နော ဣဒံ။
25,649
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဧသာ ဥပ္ပလသန္နာဟော၊ နိက္ခဉ္စုဿီသကောဟိတံ။
25,650
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကာသိကဉ္စ မုဒုံ ဝတ္ထံ၊ တပွေတု ဓနိကာ ပိယာ။
25,651
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
၁၃၉။ ဥစ္ဆေ၊ မြင့်သော ကောင်းကင်၌။
25,652
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဍေမာန၊ ပျံသွားတတ်သော။
25,653
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဝိဟင်္ဂမ၊ ကောင်းကင်ပြင်၌ ပျံသွားတတ်သော။
25,654
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။
25,655
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သကုဏ၊ အိုကျီး။
25,656
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဝါမူရုံ၊ ငှက်ပျောတုံးနှင့်တူသော ပေါင်ရှိသော ငါ၏မိန်းမကို။
25,657
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဝဇ္ဇာသိ ခေါ၊ ပြောဆိုပါလေလော့။
25,658
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သာ၊ ထိုငါ၏ မိန်းမသည်။
25,659
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
စိရံ ခေါ၊ ကြာလေစွဟု။
25,660
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကရိသတိ၊ ကြံအောက်လတ္တံ့။
25,661
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
၁၄၀။ ဩဍ္ဍိတံ၊ လျှိုခြင်းငှာ ထောင်အပ်သော။
25,662
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
အသိံ စ၊ သန် လျက်နှင့် တူသည်လည်းဖြစ်သော။
25,663
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သတ္တိံ စ၊ လှံမနှင့်တူသည်လည်းဖြစ်သော။
25,664
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဣဒံ ခေါ၊ ဤတံကျင်ကိုလျှင်။
25,665
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သာ၊ ထိုမယားသည်။
25,666
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
န ဇာနာတိ၊ မသိရှာလေ။
25,667
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သာ၊ ထိုမိန်းမသည်။
25,668
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
အတိစိရာယတီတိ၊ အလွန်ကြာလေစွဟူ၍။
25,669
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
မယိ၊ ငါ၌။ စဏ္ဍီ၊ ကြမ်းသောသဘောရှိသော ကောဓံ၊ အမျက်ကို။
25,670
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကာဟတိ၊ ပြုလတ္တံ့။
25,671
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
တံ၊ ထိုမိန်းမ၏ အမျက်ထွက်ခြင်းသည်။
25,672
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
တပတိ၊ ပူပန်စေ၏။
25,673
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဣဒံ၊ ဤတံကျင်သည်။
25,674
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
နော တပတိ၊ မပူပန်စေ။
25,675
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဥပ္ပလသန္နာဟော၊ ကြာနှင့်တူသော တန်ဆာချပ်ကို၎င်း။
25,676
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
နိက္ခဉ္စ၊ ငါးသုဝဏ်အတိုင်းအရှည်ရှိသော ရွှေဖြင့်ဝယ်အပ်သော လက်စွပ်ကို၎င်း။
25,677
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကာသိကံ၊ ကာသိတိုင်း၌ ဖြစ်သော။
25,678
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
မုဒုံ၊ နူးညံ့သော။
25,679
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဝတ္ထံဉ္စ၊ ပုဆိုးအစုံကို၎င်း။
25,680
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဧတ္တကံ၊ ဤမျှသော ဥစ္စာကို။
25,681
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဥဿီသကေ၊ ဦးခေါင်းရင်း၌။
25,682
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဩဟိတံ၊ ထားအပ်၏။
25,683
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
တံ၊ ထိုဥစ္စာစုကို။
25,684
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဓနိကာ၊ ဥစ္စာဖြင့်အလိုရှိသော။
25,685
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဧသော ပိယာ၊ ထိုမယားသည်။
25,686
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဂဟေတွာ၊ ယူ၍။
25,687
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
တပ္ပေတု၊ ရောင့်ရဲစေသတည်း။
25,688
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဤသို့ ထိုယောက်ျားသည် ငိုကြွေးမြည်တမ်းလျှက် သေ၍ ငရဲ၌ဖြစ်၏။
25,689
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
25,690
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်၏။
25,691
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားသည်သာလျှင် ထိုအခါ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အကြောင်းကို မြင်သောနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
25,692
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ကာမအပူ၊ လောင်မြိုက်မူ၊ ထိုသူပန်းလှသည်
25,693
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာမဝိလာပဇာတ်
ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကာမဝိလာပဇာတ်သည် ပြီး၏။
25,694
Uncategorized
ကာမသုတ္တန်တရားတော်
အနုသန္ဓေစကား အလိုရှိတိုင်းရလျှင် ဝမ်းမြောက်သည် ဆုံးရှုံးပျက်စီးတော့ စိတ်ဆင်းရဲရသည် စောစောကတည်းက ဆင်ခြင်ထားရမယ် လယ်သမား ပုဏ္ဏား နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျ သူဆင်းရဲ ဒုက္ခရောက်နေတဲ့အခါ ဘုရားကြွလာတယ် မြတ်စွာဘုရားက ဒီလို ဟောတော်မူတယ် မြွေဆိုးလိုပင် ရှောင်ရမယ် ရှင်ရဟန်းများနှင့် အလွန်သင့်တဲ့တရား ရှောင်လျှင် ရမည့်အကျိ...
25,695
Uncategorized
ကာမသုတ္တန်တရားတော်
ကာမသုတ္တန် တရားတော် မာတိကာ ပြီး၏။
25,696
Uncategorized
ကာမသုတ္တန်တရားတော်
၁၃၂၈-ခုနှစ် ပြာသိုလဆုတ် ၈-ရက်နေ့၌ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြား တော်မူသော သုတ္တနိပါတ်ပါဠိတော် အဋ္ဌကဝဂ်မှ
25,697
Uncategorized
ကာမသုတ္တန်တရားတော်
ကာမသုတ္တန် တရားတော်
25,698
Uncategorized
ကာမသုတ္တန်တရားတော်
▬▬▬▬▬▬▬▬▬ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
25,699
Uncategorized
ကာမသုတ္တန်တရားတော်
အနုသန္ဓေစကား
25,700
Uncategorized
ကာမသုတ္တန်တရားတော်
▬▬▬▬▬▬ ဒီကနေ့ ဟောဘို့ရာတရားကတော့ သုတ္တနိပါတ်ပါဠိတော် အဋ္ဌကဝဂ်မှ (၁) နံပါတ် ကာမသုတ္တန်တရားတော် ဖြစ်တယ်၊ ဒီသုတ်ကို မြတ်စွာဘုရားဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတယောက်ကို အကြောင်း ပြုပြီး ဟောတော်မူခဲ့ပါတယ်။