id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
25,701 | Uncategorized | ကာမသုတ္တန်တရားတော် | ပါဠိလို အဋ္ဌက ဆိုတာ ရှစ်ခုအပေါင်းလို့ အနက်ရတယ်၊ ဒါကြောင့် အဋ္ဌက ဝဂ်ဆိုတာ ဂါထာရှစ်ခုစီရှိတဲ့ သုတ်အစုအပေါင်းလို့ အနက်ရပါတယ်၊ ဒါပေမဲ့ ဒီဝဂ်မှာ အစပိုင်းနားက လေးသုတ်သာ ရှစ်ဂါထာစီ ရှိပါတယ်၊ နောက်ပိုင်းသုတ်တွေမှာတော့ ဂါထာ တဆယ် တဆယ်ကျော်၊ နှစ်ဆယ် နှစ်ဆယ်ကျော်အထိ ရှိပါတယ်၊ |
25,702 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီသုတ်မှာတော့ ၆-ဂါထာမျှသာ ရှိတယ်၊ ကာမကို အကြောင်းပြုပြီး ဟောတဲ့သုတ် ဖြစ်တဲ့အတွက် ဒီသုတ်ကို ကာမသုတ်လို့ ခေါ်ပါတယ်၊ သုတ္တနှင့် သုတ္တန္တဆိုတာ အနက်အားဖြင့် အတူတူပါဘဲ၊ ဒါကြောင့် ကာမသုတ္တန်လို့လဲ ခေါ်ရပါတယ်။ |
25,703 | Uncategorized | ကာမသုတ္တန်တရားတော် | မြတ်စွာဘုရား ဟောတော်မူတဲ့ သုတ်တရား တွေဟာ ကာမဂုဏ်နဲ့ ကိလေသာတွေကို ပယ်ဘို့ အရိယမဂ်ဖိုလ် တရားကိုရောက်ဖို့ ရည်ရွယ်ပြီး ဟောတော်မူတာချည်းပါဘဲ၊ ဘာဝနာနဲ့ ပြောရမယ်ဆိုယင်တော့ သတိပဋ္ဌာန်လေးပါးအစရှိတဲ့ ဗောဓိပက္ခိယ တရားတွေကို ပွားများပြီး အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ် ရောက်ဖို့ချည်းပါဘဲ။ |
25,704 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီသုတ်မှာတော့ ကာမဂုဏ်ကို အခြေခံပြုပြီး ဟောထားတယ်၊ ဟောပုံကတော့ ... |
25,705 | Uncategorized | ကာမသုတ္တန်တရားတော် | အလိုရှိတိုင်းရလျှင် ဝမ်းမြောက်သည် |
25,706 | Uncategorized | ကာမသုတ္တန်တရားတော် | ၁။ ကာမံ ကာမယမာနဿ၊ တဿ စေ တံ သမိဇ္ဈတိ။ |
25,707 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမံ၊ လိုချင်နှစ်သက်ဖွယ် အာရုံကာမဂုဏ် ဝတ္ထုကို။ |
25,708 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမယမာနဿ၊ လိုချင်နှစ်သက်နေသော။ |
25,709 | Uncategorized | ကာမသုတ္တန်တရားတော် | တဿ၊ ထိုယောက်ျား မိန်းမ ပုဂ္ဂိုလ်အား။ |
25,710 | Uncategorized | ကာမသုတ္တန်တရားတော် | တံ၊ ထို လိုချင်နှစ်သက်အပ်သော အာရုံ ကာမဂုဏ်ဝတ္ထုသည်။ |
25,711 | Uncategorized | ကာမသုတ္တန်တရားတော် | စေ သမိဇ္ဈတိ၊ အကယ်၍ ပြည့်စုံငြားအံ့။ |
25,712 | Uncategorized | ကာမသုတ္တန်တရားတော် | ဧဝံ သတိ၊ ဤသို့ လိုချင်သည့်အတိုင်း ပြည့်စုံလတ်-ရလတ်သော်။ |
25,713 | Uncategorized | ကာမသုတ္တန်တရားတော် | သော မစ္စော၊ လိုချင် နှစ်သက်နေသော ထိုယောက်ျား, မိန်းမ ပုဂ္ဂိုလ်သည်။ |
25,714 | Uncategorized | ကာမသုတ္တန်တရားတော် | ယဒိစ္ဆတိ တံ လဒ္ဓါ၊ လိုချင်အပ်သော ထိုဝတ္ထုအာရုံ ကာမဂုဏ်ကို ရသောကြောင့်။ |
25,715 | Uncategorized | ကာမသုတ္တန်တရားတော် | ပီတိမနော ဝမ်းမြောက် ရွှင်ပြုံးသော စိတ်နှလုံး ရှိသည်။ |
25,716 | Uncategorized | ကာမသုတ္တန်တရားတော် | အဒ္ဓါ ဟောတိ၊ စင်စစ်မသွေ ဖြစ်ရလေတော့၏။ |
25,717 | Uncategorized | ကာမသုတ္တန်တရားတော် | ဆိုလိုရင်း အတိုချုပ်ကတော့ လိုချင် နှစ်သက်တဲ့ အာရုံ ကာမဂုဏ်ဝတ္ထုကိုရယင် ဝမ်းသာ ဝမ်းမြောက်ခြင်းဟာ ဧကန်ပင် ဖြစ်တတ်ပါတယ်တဲ့၊ အဲဒါကတော့ လူတိုင်းပင် သိလွယ်ပါတယ်၊ ထင်ရှား ပေါ်လွင်ပါတယ်။ |
25,718 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ နောက်က လိုက်လာမည့် ဆင်းရဲဒုက္ခတွေ ဖော်ပြလိုတဲ့အတွက် အဲဒီ ဖြစ်ရိုး ဖြစ်စဉ် ပေါ်လွင်တဲ့ အကြောင်းအရာကို အခြေခံ အနေနဲ့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ |
25,719 | Uncategorized | ကာမသုတ္တန်တရားတော် | ရှေးရှေးသော နှစ်ပေါင်း သိန်းသန်း ကုဋေ ကာလတွေကလဲ လိုချင်တာကို ရယင် ဝမ်းသာကြတာဘဲ၊ နောက်နောက် ကာလတွေမှာလဲ လိုချင်တာကိုရယင် ဝမ်းသာ ကြမှာဘဲ၊ ယခုခေတ်ကာလမှာလဲ လိုချင်တာရယင် ဝမ်းသာကြတာဘဲ၊ လိုချင်တာ တွေက ဘာတွေလဲဆိုယင် နှစ်သက်ဖွယ် အဆင်းအာရုံတွေ နှစ်သက်ဖွယ် အသံ အာရုံတွေ နှစ်သက်ဖွယ် အနံ့အာရုံတွေ နှစ်သက်ဖွယ် အစားအစာ အာရုံတွေ နှစ်သက... |
25,720 | Uncategorized | ကာမသုတ္တန်တရားတော် | ပေါ်ပေါ်လွင်လွင် ပြောရယင် ကလေးသူငယ်များမှာဆိုယင် စားစရာကို ရယင်ပင် ဝမ်းသာတယ်၊ လူကြီး လူငယ် အားလုံးပင် အဝတ်အထည်ကောင်းတွေရယင် ဝမ်းသာတယ်၊ ရွှေငွေတွေကို ရယင် ဝမ်းသာတယ်၊ အိမ်ကောင်း ယာဉ်ရထား ကားကောင်းတွေကို ရယင် ဝမ်းသာတယ်၊ |
25,721 | Uncategorized | ကာမသုတ္တန်တရားတော် | မိတ်ဆွေ အပေါင်းအဖော်ကိုရယင် ဝမ်းသာတယ်၊ အိမ်ထောင်ဘက် မိန်းမ ယောက်ျားကို ရယင် ဝမ်းသာတယ်၊ သားကလေး သမီးကလေး ရယင် ဝမ်းသာတယ်၊ လုပ်ငန်းဆောင်တာတွေ အောင်မြင်ယင် ဝမ်းသာတယ်၊ ရာထူး ဂုဏ်ထူးတွေကိုရယင် ဝမ်းသာတယ်၊ ဒီပုံ ဒီနည်းဖြင့် လိုချင်တာတွေကို ရယင် ဝမ်းသာကြတာချည်းပါဘဲ၊ |
25,722 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို ဗမာလို လွယ်လွယ်နဲ့ ဆောင်ထားရအောင် ဆောင်ပုဒ် တခုစီထားတယ်၊ “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်-တဲ့”၊ အဲဒါကို ဆိုကြရမယ်။ |
25,723 | Uncategorized | ကာမသုတ္တန်တရားတော် | (၁) ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်။ |
25,724 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို လိုချင်တာတွေကိုရပြီး ဝမ်းသာတယ် ဆိုတာဟာ လောကမှာ ဖြစ်ရိုး ဖြစ်စဉ်ပါဘဲ၊ ဒါပေမဲ့ အဲဒီလို ပြည့်စုံတဲ့အခါမှာ သတိတရားရှိဘို့ လိုပါတယ်၊ သတိတရား ကင်းမဲ့သူတွေမှာ ဆိုယင် အကြောင်းအားလျော်စွာ အဲဒီ ကာမဂုဏ်တွေ ပျက်စီးသွားတဲ့အခါမှာ အလွန်အမင်း စိတ်ဆင်းရဲတဲ့ ဒုက္ခနဲ့ တွေ့ရတတ်တယ်။ |
25,725 | Uncategorized | ကာမသုတ္တန်တရားတော် | ၂။ တဿ စေ ကာမယာနဿ၊ ဆန္ဒဇာတဿ ဇန္တုနော။ |
25,726 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ကာမာ ပရိဟာယန္တိ၊ သလ္လဝိဒ္ဓေါဝ ရုပ္ပတိ- |
25,727 | Uncategorized | ကာမသုတ္တန်တရားတော် | လို့ ဟောတော်မူပါတယ်။ |
25,728 | Uncategorized | ကာမသုတ္တန်တရားတော် | ဆုံးရှုံးပျက်စီးတော့ စိတ်ဆင်းရဲရသည် |
25,729 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬ ကာမယာနဿ၊ လိုချင်နှစ်သက်နေသော။ |
25,730 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-ကာမယာဉ်ရှိနေသော။ |
25,731 | Uncategorized | ကာမသုတ္တန်တရားတော် | ဆန္ဒဇာတဿ၊ ဖြစ်သော နှစ်သက်မှုရှိနေသော။ |
25,732 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-နှစ်သက်စွဲလမ်းမှု မပြတ်မစဲဖြစ်နေသော။ |
25,733 | Uncategorized | ကာမသုတ္တန်တရားတော် | တဿ ဇန္တုနော၊ ထိုမိန်းမ ယောက်ျား ပုဂ္ဂိုလ်အား။ |
25,734 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ကာမာ၊ ထိုကာမဂုဏ်တို့သည်။ |
25,735 | Uncategorized | ကာမသုတ္တန်တရားတော် | စေ ပရိဟာယန္တီ၊ အကယ်၍ ဆုံးရှုံးပျက်စီးကုန်ငြားအံ့။ |
25,736 | Uncategorized | ကာမသုတ္တန်တရားတော် | သော၊ ထိုမိန်းမ ထိုယောက်ျား ပုဂ္ဂိုလ်သည်။ |
25,737 | Uncategorized | ကာမသုတ္တန်တရားတော် | သလ္လဝိဒ္ဓေါဝ၊ မြှားမှန်ခံရသော သမင်ကဲ့သို့။ |
25,738 | Uncategorized | ကာမသုတ္တန်တရားတော် | ရုပ္ပတိ၊ ညှိုးနွမ်း ဖေါက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏။ |
25,739 | Uncategorized | ကာမသုတ္တန်တရားတော် | ဆိုလိုရင်းကတော့ မိမိအလိုရှိခဲ့တဲ့ ကာမဂုဏ်အာရုံ ဝတ္ထုတွေနှင့် ပြည့်စုံတဲ့အတွက် ဝမ်းမြောက် ဝမ်းသာနှင့် ပျော်နေသောသူမှာ အကြောင်းအားလျော်စွာ ထိုကာမဂုဏ် ဝတ္ထုပစ္စည်းတွေ ပျက်စီးသွားခဲ့လို့ရှိယင် အဲဒီအခါမှာ အကြီးအကျယ် စိတ်ပူပန်ပြီး ပျက်စီးတတ်ပါတယ်တဲ့။ |
25,740 | Uncategorized | ကာမသုတ္တန်တရားတော် | ဥပမာအားဖြင့် မြှားမှန်ခံရတဲ့သမင်ဟာ ချက်ခြင်း သေသွားရသလို ပါဘဲတဲ့။ |
25,741 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ ကာမယာနဿ-ပုဒ်၏ အနက်ကို ကိလေသာကာမယာဉ် ရှိနေတယ်လို့လဲ ဖွင့်ပြ ထားတယ်။ |
25,742 | Uncategorized | ကာမသုတ္တန်တရားတော် | ယခုလူတွေခရီးသွားတဲ့ အခါမှာ လှည်းယာဉ်နဲ့လဲ သွားကြတယ်။ |
25,743 | Uncategorized | ကာမသုတ္တန်တရားတော် | မြင်းရထားယာဉ်နဲ့လဲ သွားကြတယ်၊ မီးရထား၊ မီးသင်္ဘောယာဉ်နဲ့လဲ သွားကြတယ်၊ မော်တော်ကားယာဉ်နဲ့လဲ သွားကြတယ်၊ လေယာဉ်နဲ့လဲ သွားကြတယ်၊ |
25,744 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါလိုဘဲ ကာဂုဏ်အာရုံတွေ နှစ်သက်သာယာနေတာကို ကာမယာဉ်ခေါ်တယ်၊ အဲဒီကာမယာဉ်နဲ့ သွားနေတယ် ဆိုတာ အဲဒီနှစ်သက်သာယာတဲ့ တဏှာနဲ့ သံသရာ ခရီးသွား နေတာပါဘဲ၊ လူ့ကာမဂုဏ်တွေ သာယာနှစ်သက်နေယင် ကုသိုလ်ကံကလဲ ရှိမယ်ဆိုယင် လူ့လောကမှာဘဲ ထပ်ကာ ထပ်ကာ ဖြစ်နေမှာဘဲ၊ နတ်ကာမဂုဏ်ကို သာယာနေယင် ကုသိုလ်ကံကလဲ ရှိနေမယ်ဆိုယင် နတ်လောကမှာဘဲ ထပ်ကာ ထပ်ကာ ဖြစ်န... |
25,745 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလိုဆိုယင် သံသရာမှ လွတ်မြောက်တဲ့ နိဗ္ဗာန်ကိုတော့ ရောက်မှာမဟုတ်ဘူး၊ ယခု ဒီမှာဆိုလိုတာကတော့ ရပြီးသား ကာမဂုဏ်အာရုံတွေနဲ့ သာယာ ပျော်မွေ့ နေတယ်၊ အချိန်ရှိသမျှ ကာမဂုဏ်အာရုံတွေကိုသာ အလေးပြုပြီး စိတ်ဝင်စား နေတယ်၊ ပြည့်စုံတဲ့ ကာမအာရုံတွေကို အကြောင်းပြုပြီး “ငါ့မှာ ကံကောင်းလိုက်တာ အရ တော်လိုက်တာ” စသည်ဖြင့် ဝမ်းမြောက် ဝမ်းသာ ဖ... |
25,746 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ပြည့်စုံတဲ့ ကာမအာရုံ ဝတ္ထုတွေကို သာယာ မက်မောနေတုန်းမှာ အကြောင်း တခုခုကြောင့် အဲဒီ ကာမဂုဏ် ဝတ္ထုပစ္စည်းတွေ ပျက်စီးသွားလို့ရှိယင် အဲဒီလူမှာ ယူကျုံးမရ မနေတတ် မထိုင်တတ်ဖြစ်ပြီး ဖေါက်ပြန်ပျက်စီး သွားတတ်ပါ တယ်တဲ့။ |
25,747 | Uncategorized | ကာမသုတ္တန်တရားတော် | ပြည့်စုံနေတဲ့ ရွှေ ငွေ အစရှိတဲ့ ပစ္စည်းတွေ ရေကြောင့်ဖြစ်စေ၊ မီးကြောင့်ဖြစ်စေ၊ သူခိုး ဓားပြကြောင့် ဖြစ်စေ၊ အာဏာရှင် မင်းကြောင့်ဖြစ်စေ ပျက်စီး ဆုံးရှုံးသွားယင် မခံမရပ်နိုင်အောင်ဖြစ်ပြီး ပျက်စီးတတ်တယ်၊ |
25,748 | Uncategorized | ကာမသုတ္တန်တရားတော် | စိတ်ပူပန်ပြီး ရောဂါလဲ ဖြစ်တတ်တယ်၊ စိတ်ဖောက်ပြန်ပြီးတော့ ရှုးသွပ်လဲ ရှုးသွပ်သွား တတ်တယ်၊ သေယင်လဲ သေသွားတတ်တယ်၊ အင်မတန် ချစ်မြတ်နိုး နေတဲ့ သား ကကလေး သမီးကလေး ပျက်စီးသွားယင်၊ အိမ်သူဇနီး အိမ်သူခင်ပွန်း ပျက်စီးသွားယင် ချစ်ခင်နေလျက်နဲ့ ကွဲကွာသွားယင် စိတ်ပူပန်ပြီး အကြီးအကျယ် ဒုက္ခရောက် တတ်တယ်။ |
25,749 | Uncategorized | ကာမသုတ္တန်တရားတော် | ရောဂါစွဲခြင်း ရှုးသွပ်ခြင်း သေပျက်ခြင်းသို့လဲ၊ ရောက်သွား တတ်တယ်။ |
25,750 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ဖြစ်ရတာတွေဟာ ဘာကြောင့်လဲဆိုလျှင် ပြည့်စုံနေတဲ့ ကာမအာရုံတွေ အပေါ်မှာ နှစ်သက် သာယာပြီး အလွန်အမင်း အားကိုးနေလို့ပါဘဲ။ |
25,751 | Uncategorized | ကာမသုတ္တန်တရားတော် | ဆန္ဒဇာတဿ၊ လိုလားသောဆန္ဒ ပြင်းစွာဖြစ်လျက်။ |
25,752 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမယာနဿ၊ နှစ်သက်လိုချင်နေသော။ |
25,753 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ၊ နှစ်သက်လိုချင်မှု ကာမယာဉ်ဖြင့် သွားနေသော။ |
25,754 | Uncategorized | ကာမသုတ္တန်တရားတော် | တဿ ဇန္တုနော၊ ထို ပုဂ္ဂိုလ်အား။ |
25,755 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ကာမာ၊ ပြည့်စုံနေသော ထိုကာမအာရုံ ကာမဂုဏ် ဝတ္ထုတို့သည်။ |
25,756 | Uncategorized | ကာမသုတ္တန်တရားတော် | စေ ပရိဟာယန္တိ၊ အကယ်၍ ဆုတ်ယုတ်ဆုံးရှုံးသွားကုန်ငြားအံ့။ |
25,757 | Uncategorized | ကာမသုတ္တန်တရားတော် | သော၊ ထို ယောက်ျား ထိုမိန်းမပုဂ္ဂိုလ်သည်။ |
25,758 | Uncategorized | ကာမသုတ္တန်တရားတော် | သလ္လဝိဒ္ဓေါဝ၊ မြှားစူးဝင်နေသော သမင်ကဲ့သို့။ |
25,759 | Uncategorized | ကာမသုတ္တန်တရားတော် | ရုပ္ပတိ၊ ညှိုးနွမ်းဖောက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏၊ |
25,760 | Uncategorized | ကာမသုတ္တန်တရားတော် | လို့-ဟောတော်မူပါတယ်။ |
25,761 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို အတိုချုပ် ဆောင်မှတ်ထားရအောင် “နှစ်သက်နေတုန်း၊ ပျက်ဆုံးရှုံး၊ နှလုံး ဖောက်ပြန် တတ်လေသည်”လို့ ဆောင်ပုဒ်စီထားတယ်။ |
25,762 | Uncategorized | ကာမသုတ္တန်တရားတော် | လိုချင်တောင့်တနေတဲ့ သက်ရှိသက်မဲ့ ကာမအာရုံ ဝတ္ထုကိုရလို့ အားရဝမ်းသာ ဖြစ်နေတုန်းမှာ အဲဒီ အာရုံဝတ္ထု ပျက်စီးဆုံးရှုံးသွားယင် ပြည့်စုံနေတုန်းက ဝမ်းမြောက် ဝမ်းသာ ရသလောက် စိတ်ပူပန်မှု နှလုံးမသာမှုတွေ အကြီးအကျယ် ဖြစ်ရတယ်။ |
25,763 | Uncategorized | ကာမသုတ္တန်တရားတော် | ဝမ်းမြောက် ဝမ်းသာရတာထက် ပိုပြီးတော့လဲ စိတ်ဆင်းရဲရတတ်တယ်။ |
25,764 | Uncategorized | ကာမသုတ္တန်တရားတော် | ရှုးသည်အထိ သေသည်အထိလဲ ဒုက္ခရောက်တတ်တယ်။ |
25,765 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် “နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်”လို့ ဆောင်ပုဒ်စီ ထားတယ်၊ အဲဒါကို ဆိုကြရမယ်” |
25,766 | Uncategorized | ကာမသုတ္တန်တရားတော် | (၂) နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည် |
25,767 | Uncategorized | ကာမသုတ္တန်တရားတော် | မြှားမှန်ခံရတဲ့ သမင်ဟာ မြှားမမှန်ခင်ကတော့ သူ့အာရုံနဲ့သူ ပျော်နေမှာဘဲ၊ မုဆိုးက အဆိပ်လူးထားတဲ့ မြှားနဲ့ ပစ်လိုက်လို့ သေလောက်တဲ့ နေရာကိုမှန်ပြီး စူးဝင်သွားယင် တခါထဲ ဘုံးကနဲလဲပြီး သေရှာတော့တာဘဲ၊ |
25,768 | Uncategorized | ကာမသုတ္တန်တရားတော် | ယခုကာလမှာ သေနတ် အမှန်ခံရတဲ့ သမင်ဆိုယင် သာပြီး အသေမြန်လိမ့်ဦးမယ်၊ လူတွေက မိမိတို့ စားသောက် အသက် ရှင်ရေးအတွက် သားကောင်တွေကို လိုက်ပြီး ပစ်သတ်ကြတယ်။ |
25,769 | Uncategorized | ကာမသုတ္တန်တရားတော် | တချို့ကလဲ အပျော်တမ်းအနေနဲ့ သားကောင်တွေကို လိုက်ပြီး ပစ်သတ်ကြတယ်၊ ဟိုက တောသတ္တဝါ ကကလေးတွေမှာဖြင့် ကြောက်ရှာလွန်းလို့ အတင်းပြေးပြီး ရှောင်ကြရတယ်။ |
25,770 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမယ်လို့ မတိမ်းမရှောင်နိုင်တဲ့ သားကောင် ခမြာတွေမှာ မြှားမှန် သေနတ်မှန်ပြီး သေရှာကြရတယ်၊ |
25,771 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ မြှားမှန် သေနတ်မှန်ပြီး သေရရှာတဲ့ သားသမင်လိုဘဲ လူတွေလဲ ကာမဂုဏ် အာရုံတွေနဲ့ ပြည့်စုံလို့ ပျော်တပြုံးပြုံး ဖြစ်နေတုန်းမှာ အဲဒီ ကာမဂုဏ် အာရုံတွေ ပျက်စီး ဆုံးရှုံးသွားယင် တခါထဲ မနေသာ မထိုင်သာဖြစ်ပြီး ဒုက္ခရောက်ကြရတယ်၊ တချို့မှာ ရောဂါအကြီးအကျယ် စွဲသွားတယ်၊ တချို့မှာ ရှုးကြောင်ကြောင် ဖြစ်သွားကြတယ်၊ တချို့မှာဆိုယင် သေသွာ... |
25,772 | Uncategorized | ကာမသုတ္တန်တရားတော် | စောစောကတည်းက ဆင်ခြင်ထားရမယ် |
25,773 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬ အဲဒီလို ဒုက္ခရောက်ရတာတွေဟာ ဘာကြောင့်လဲဆိုယင် ပြည့်စုံတဲ့ကာမအာရုံ တွေကို တရားလက်လွတ် သာယာ မက်မောနေခဲ့လို့ပါဘဲ။ |
25,774 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ပျက်စီးတတ်တဲ့ ကာမအာရုံတွေကို စောစောကတည်းက တရားနဲ့ နှလုံးသွင်း ဆင်ခြင်ထားဘို့ လိုပါတယ်။ |
25,775 | Uncategorized | ကာမသုတ္တန်တရားတော် | “ချစ်နှစ်သက်ဖွယ် သက်ရှိသက်မဲ့ အာရုံဝတ္ထုတွေဟာ ဘယ်အချိန်မဆို ပျက်စီးသွားနိုင်တယ်။ |
25,776 | Uncategorized | ကာမသုတ္တန်တရားတော် | မိမိနှင့် တကွဲတပြားစီ ဖြစ်သွားနိုင်တယ်” ဆိုတာကို နှလုံးသွင်းဆင်ခြင်ထားဘို့ လိုပါတယ်။ |
25,777 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ဆင်ခြင်ဘို့ရာ မြတ်စွာဘုရားက အဘိဏှသုတ်မှာ |
25,778 | Uncategorized | ကာမသုတ္တန်တရားတော် | သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ-လို့ ဟောထားပါတယ်။ |
25,779 | Uncategorized | ကာမသုတ္တန်တရားတော် | ပိယေဟိ မနာပေဟိ၊ ချစ်ခင်မြတ်နိုးအပ်ကုန်သော။ |
25,780 | Uncategorized | ကာမသုတ္တန်တရားတော် | သဗ္ဗေဟိ၊ သက်ရှိသက်မဲ့ အလုံးစုံသော ပုဂ္ဂိုလ်ပစ္စည်းတို့နှင့်။ |
25,781 | Uncategorized | ကာမသုတ္တန်တရားတော် | နာနာဘာဝေါ၊ အသက်ရှင်နေစဉ်မှာပင် တကွဲတပြားစီ ဖြစ်ခြင်း ဆုံးရှုံး ပျက်စီး ခြင်းသည်။ |
25,782 | Uncategorized | ကာမသုတ္တန်တရားတော် | ဝိနာဘာဝေါ၊ သေသဖြင့် ကင်းကွာရခြင်းသည်။ |
25,783 | Uncategorized | ကာမသုတ္တန်တရားတော် | ဘဝိဿတီတိ၊ တနေ့နေ့ တချိန်ချိန်မှာ ဖြစ်လိမ့်မည်ဟု။ |
25,784 | Uncategorized | ကာမသုတ္တန်တရားတော် | အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ မကြာမကြာအခါခါ ဆင်ခြင်အပ်၏-တဲ့။ |
25,785 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ဆင်ခြင်ထားမယ် ဆိုယင်တော့ ပျက်စီးဆုံးရှုံးရတဲ့အခါ ကွဲကွာရတဲ့ အခါမှာ အလွန်ကြီး မဆင်းရဲရဘဲ သက်သာရာ ရနိုင်ပါတယ်။ |
25,786 | Uncategorized | ကာမသုတ္တန်တရားတော် | လယ်သမား ပုဏ္ဏား |
25,787 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬ ဒီကာမသုတ္တန်ကို ဟောရခြင်း၏ အကြောင်းကတော့ သာဝတ္ထိမြို့က ဗြာဟ္မဏမျိုး ဖြစ်တဲ့ လယ်သမားတယောက်ဟာ အစိရဝတီမြစ်အနီးမှာ လယ်ယာ လုပ်ကိုင်နေ ပါတယ်၊ ဗြာဟ္မဏဆိုတဲ့ ပါဠိကို ပုဏ္ဏားလို့ဘဲ မြန်မာပြန်ကြတယ်၊ ဒါကြောင့် ပုဏ္ဏား တယောက်လို့ဘဲ ဆိုကြပါစို့။ |
25,788 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ ပုဏ္ဏား၏ နောက်ဖြစ်ပေါ်လာမည့် အကြောင်းကို မြင်တော်မူတာနဲ့ မြတ်စွာဘုရားက အဲဒီ ပုဏ္ဏား ထွန်ယက် စိုက်ပျိုးနေရာကို ကြွရောက်ပြီး မိတ်ဆက်စကား ပြောတော်မူရတယ်။ |
25,789 | Uncategorized | ကာမသုတ္တန်တရားတော် | ရင်းနှီးတဲ့စိတ်ရှိပြီး နောင်အခါမှာ ပြောဟောတဲ့စကားကို ရိုရိုသေသေ လိုက်နာအောင်လို့ပါဘဲ။ |
25,790 | Uncategorized | ကာမသုတ္တန်တရားတော် | “အသင်ပုဏ္ဏား ဘာလုပ်နေသလဲ”လို့ မြတ်စွာဘုရားက မေးတော်မူတယ်။ |
25,791 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီတော့ ပုဏ္ဏားက “အမျိုးမြတ်တဲ့ သာကီဝင်မင်းသား ရဟန်း၊ ဂေါတမက ငါ့ထံ လာရောက်ပြီး ပဋိသန္တာရစကား ပြောကြားပေတယ်”လို့ နှလုံးသွင်းပြီး မြတ်စွာဘုရား အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်ပေါ်လာပြီးတော့ “ဂျုံစိုက်ဖို့ ယာထွန်နေပါတယ် အရှင် ဂေါတမ”လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ပြန်ကြားပါတယ်။ |
25,792 | Uncategorized | ကာမသုတ္တန်တရားတော် | အရှင်သာရိပုတ္တရာကလဲ “မြတ်စွာဘုရား ပဋိသန္တာရ စကားပြောကြားတာဟာ အကြောင်းမဲ့တော့ မဟုတ်ပေဘူး၊ အရေးကြီးတဲ့ အကြောင်းရှိလို့ ဖြစ်မှာဘဲလို့ နှလုံးသွင်းပြီး အဲဒီပုဏ္ဏားနဲ့ ပဋိသန္တာရစကား ပြောကြားတယ်၊ ထို့အတူ အရှင်မဟာမောဂ္ဂလာန်ကလဲ ပြောကြားတယ်၊ မဟာသာဝက အရှင်မြတ်တွေကလဲ အဲဒီပုဏ္ဏားနဲ့ နှုတ်ဆက်စကား ပြောကြားတော်မူကြတယ်။ |
25,793 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီတော့ လယ်သမား ပုဏ္ဏားက “ငါ့ကို ရဟန်းဂေါတမနှင့်တကွ သူ့တပည့်ကြီးတွေကပါ အလေးပြုပြီး ပဋိသန္တာရစကား ပြောကြားကြပါပေတယ်”လို့ အာရုံပြုပြီး အလွန် ဝမ်းသာနေတယ်။ |
25,794 | Uncategorized | ကာမသုတ္တန်တရားတော် | ဂျုံပင်တွေ ကောင်းကောင်းမွန်မွန် ဖြစ်နေတဲ့ အခါလဲ မြတ်စွာဘုရားက အဲဒီကို ကြွသွားပြီးတော့ “ဘယ့်နဲ့လဲ … သင့်ဂျုံခင်း ကောင်းပါရဲ့လား”လို့ မေးတော်မူတယ်။ |
25,795 | Uncategorized | ကာမသုတ္တန်တရားတော် | “ကောင်းပါတယ် အရှင်ဂေါတမ၊ အကယ်၍ အပြီးတိုင် ချောမောသွားယင် အရှင်ဂေါတမအားလဲ ခွဲပြီး လှူပါဦးမယ်” လို့ ပြန်လျှောက်လိုက်ပါတယ်။ |
25,796 | Uncategorized | ကာမသုတ္တန်တရားတော် | လေးလလောက ်ရှိတဲ့အခါမှာ ဂျုံပင်တွေက အလွန်သန်စွမ်းပြီး အသီးအနှံတွေကလဲ ထွားကျိုင်းနေတယ်၊ ဂျုံခင်းရှင် ပုဏ္ဏားက သူ့ဂျုံခင်းကြည့်ပြီး အလွန်အားရဝမ်းသာ ဖြစ်နေတယ်၊ ဒီနှစ်တော့ ဂျုံတွေဟာ အခါတိုင်းထက်ရမှာဘဲ၊ အဝတ်အထည် အသုံးအဆောင် ဘာဘာညာညာတွေ ဝယ်ရမယ် စသည်ဖြင့် ကြံစည်ပြီး ပျော်နေတယ်၊ ယနေ့ နက်ဖြန်ဘဲ ရိတ်သိမ်းရတော့မယ်လို့ ဒီလို ကြံစည်... |
25,797 | Uncategorized | ကာမသုတ္တန်တရားတော် | အစိရဝတီမြစ်ဆိုတာ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ ကပ်လျက်ပဲ ရှိတယ်၊ မိုးက အကြီးအကျယ်ရွာတော့ အဲဒီမြစ်က ရေတွေ လျှံတက်လာတယ်၊ အဲဒီ ပုဏ္ဏားရဲ့ ဂျုံခင်းကိုလဲ ရေလွှမ်းမိုးပြီး ဂျုံပင်တွေအကုန်လုံး ရေထဲပါသွားပါရောတဲ့-ဂျုံခင်းရှင် ပုဏ္ဏားဟာ သူ့ဂျုံခင်းသွား ကြည့်တဲ့အခါ ဘာမျှမကျန်တော့ဘဲ အကုန်လုံး ပျက်စီး နေတာကိုသာ တွေ့ရတယ်။ |
25,798 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီတော့ ပုဏ္ဏားမှာ စိတ်နှလုံးမသာခြင်း စိတ်ဆင်းရဲတွေ အကြီးအကျယ် ဖြစ်တယ်၊ ဒီဂျုံခင်းကရမှ တနှစ်လုံး စားရသုံးရမယ်၊ ယခုဘယ်လိုလုပ်ပြီး စားသုံးနေထိုင် ရပါမလဲ စသည်ဖြင့် ကြံတွေးပြီး ယူကျုံးမရ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်နေရှာပါသတဲ့။ |
25,799 | Uncategorized | ကာမသုတ္တန်တရားတော် | ဟုတ်တယ် ဗမာပြည်မှာလဲ မြစ်နားနီးတဲ့ အရပ်တွေ ပင်လယ်ကမ်းခြေ အရပ်တွေမှာ ရေလွှမ်းမိုးပြီး လယ်ဧက သန်းပေါင်းများစွာ ပျက်စီးကြတယ်ဆိုတာကို သတင်းစာ ထဲမှာ နှစ်စဉ်လိုလိုဘဲ တွေ့ရတယ်၊ အခြားနိုင်ငံတွေမှာလဲ နည်းတူဘဲ ရေလွှမ်းမိုးလို့ ပျက်စီးကြတယ်ဆိုတာကို ကြားသိရတယ်၊ အဲဒီလို ပျက်စီးသွားတဲ့ လယ်ယာ တွေရဲ့ပိုင်ရှင် လယ်ယာသမားတွေမှာ သနားစရာပါ... |
25,800 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ဥဒကတော ဝါ - ရေဘေးကြောင့်လဲ ပျက်စီးရတယ်လို့ ကျမ်းဂန်တွေထဲမှာ ဆိုထားပေတာဘဲ၊ ရေဘေးသာ မဟုတ်ဘူး၊ မီးဘေးကလဲ လောင်လိုက်ယင် ရှိသမျှတွေ ကုန်သွားတာဘဲ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.