id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,001
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဆင်ခြင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာ ဒီအလုပ်တွေက မကောင်းဘူးဆိုတာကို သိတယ်၊ လောဘလည်း မကောင်းဘူး။
27,002
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လောဘ၊ ဒေါသ၊ မောဟ ရှိနေရင် လောဘ၊ ဒေါသ၊ မောဟ အကြောင်းပြုပြီး ပါဏာတိပါတ လုပ်တယ်။
27,003
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မှန်တာပေါ့၊ ခြင်ကလေးတစ်ကောင် ကိုယ့် ကိုက်လာလို့ရှိရင် ဒေါသနဲ့ ရိုက်လိုက်တာပေါ့၊ ကြက်မြင် တော့ ကြက်သားစားချင်လို့ သတ်တာပေါ့၊ လောဘ ဖြစ်ရင်လည်း မကောင်းတဲ့အလုပ် လုပ်တာပဲ၊ ဟုတ်ရဲ့ လား၊ ဒေါသဖြစ်ရင်လည်း မကောင်းတဲ့အလုပ် လုပ်တာပဲ၊ မောဟ လုပ်ကောင်းတယ်၊ မလုပ်ကောင်း ဘူး မသိသည့်အတွက်ကြောင့်လည်း လုပ်တာပဲ။
27,004
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလို ဒုစရိုက်လုပ်ငန်းတွေလုပ်တော့ ဆင်းရဲ ဒုက္ခတွေ ဖြစ်လာနိုင်တယ်ပေါ့။
27,005
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလို ဖြစ်လာတယ် ဆိုလို့ရှိရင် ဒီအလုပ်တွေက မကောင်းဘူးတာ သိရ မယ်။
27,006
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားက စွန့်ပယ်ရမယ်တဲ့။
27,007
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါတွေဟာ အနုဿဝ နဲ့ ဆိုင်သလား ပြန်စဉ်းစား ကြည့်၊ မဆိုင်ဘူး၊ သူများကလာပြီး သတင်းပေးတဲ့ သမ္ပရာဒါန နဲ့ရော ဆိုင်သလား၊ မဆိုင်ဘူး၊ ဒီလို ပိဋကတ်တွေနဲ့လည်း မဆိုင်ဘူး၊ စာထဲမှာပါလို့ ဆိုတာနဲ့ လည်း မဆိုင်ဘူး၊ အင်မတန်မှ လက်တွေ့ကျပြီး လက်တွေ့ကျင့်သုံးဖို့ မြတ်စွာဘုရားက ဟောတာ။
27,008
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ထို့အတူပဲ ကုသိုလ်ဘက်က ကြည့်မယ်ဆိုရင် အလောဘ၊ အဒေါသ၊ အမောဟ၊ အလောဘ ရှိရင် ဒါနကောင်းမှုတွေ လုပ်တယ်၊ အဒေါသ (မေတ္တာ) ရှိလို့ရှိရင် လူမှုကူညီရေးတွေ လုပ်တယ်၊ အမောဟ ရှိလာလို့ရှိရင် အရာရာ ဆင်ခြင်တိုင်းထွာပြီးလုပ်တယ်၊ ပါဏာတိပါတက ရှောင်တယ်၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ ဒါတွေလည်း ရှောင်တယ်၊ သူများ ကိုလည်း မကောင်းတဲ့ဘက်က မတိ...
27,009
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ရှောင်သည့်အတွက် ကြောင့် အပြစ်ကင်းတယ်၊ ပညာရှိတွေက ချီးမွမ်းတယ်၊ တကယ်လည်း ကိုယ်လုပ်တဲ့အခါမှာ အလောဘ၊ အဒေါသ၊ အမောဟကို အကြောင်းပြုပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေတွေက အခြေအနေကောင်းတွေ ချည်းပဲ ဖြစ်ပေါ်လာတယ်။
27,010
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလို အခြေအနေကောင်း တွေ ဖြစ်ပေါ်လာတာ ခုနတုန်းက သူများက အခြေ အနေ ကောင်းတွေ ရှိတယ်လို့ပြောလို့ လုပ်တာလား၊ ကိုယ်တိုင်သိလို့လုပ်တာလားဆို ကိုယ်တိုင်သိလို့ လုပ် တာ။
27,011
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အနုဿဝ မို့ လုပ်တာလား၊ မဟုတ်ဘူး၊ ကိုယ်တိုင် သိတာ၊ ဒီလိုဆိုလိုတာ၊ တက္ကနည်းနဲ့ စဉ်းစားပြီးတော့ လုပ်တာလား၊ တက္ကဗိနယ ဆိုတဲ့ အနုမာနနဲ့ တွေးခေါ် ပြီးလုပ်တာလား၊ ဒါတွေလည်းမဟုတ်ဘူး၊ အမှန်တရား ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင် စဉ်းစားပြီးတော့ ဆုံးဖြတ်တာ၊ ဒါကိုရည်ရွယ်ပြီးတော့ ငါဘုရား ဒီ(၁၀) ချက်ကို ဟောပါတယ်လို့။
27,012
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘဝမှာ ဒီအတိုင်း လိုက်နာနိုင်တယ်၊ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုး ဝေဖန်သုံးသပ်ပြီးတော့ မကောင်းတာဆိုရင် စွန့်၊ ကောင်းတာဆိုရင် လက်ခံ ကျင့်သုံး၊ ဒီလိုဆိုရင် ဘဝမှာမပြည့်စုံဘူးလား၊ ပြည့်စုံ တာပေါ့၊ ပြည့်စုံသွားပြီဆိုတော့ တစ်ဦးတစ်ယောက် အတွက်တော့ ပြည့်စုံသွားပြီ။
27,013
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သို့သော် လူဆိုတာဟာ ကိုယ်တစ်ယောက်တည်း ကောင်းလို့ မရသေးဘူး၊ လူဆိုတာ society အပေါင်း အသင်းနဲ့နေတာ။
27,014
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အပေါင်းအသင်းနဲ့နေရင် ဘယ်လို နေရမလဲဆိုတာကို မြတ်စွာဘုရားက ဆက်ဟော တယ်။
27,015
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ သဘာဝတရားတွေ သူ့မှာရှိလာရင် သူက လောဘ လည်း ကင်းနေတယ်၊ ဒေါသလည်း နည်းတယ်၊ တွေဝေမှုလည်း မရှိဘူး၊ အသိဉာဏ်တွေ၊ စဉ်းစား ဉာဏ်တွေ ရှိလာတယ်။
27,016
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သူ့စိတ်နေသဘောထားတွေဟာ မြင့်မြတ်လာ တယ်၊ အများရဲ့အကျိုးကို လိုလားတယ်ဆိုတဲ့ မေတ္တာ စိတ် ဝင်လာတယ်၊ မေတ္တာနဲ့ နေတတ်လာတယ်၊ ကောင်းတဲ့ဘက် ရွေးချယ်လိုက်တဲ့အခါ ငါ့ရဲ့ ပတ်ဝန်းကျင်ကလူတွေ ကောင်းကျိုး ချမ်းသာတွေ ရကြပါစေ၊ အဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေနဲ့ မေတ္တာစိတ် ထားတတ်လာတယ်၊ အကျိုးစီးပွားကို လိုလားလာတယ...
27,017
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နိမ့်ကျပြီး ဆင်းရဲဒုက္ခရောက်နေတဲ့၊ အဆင်မပြေ တဲ့ ပုဂ္ဂိုလ်တွေလည်း အဆင်ပြေကြပါစေ၊ ကရုဏာ ထားတတ်လာတယ်၊ အောင်မြင်ကြီးပွားသွားတဲ့ ပုဂ္ဂိုလ် တွေအပေါ်မှာလည်း နြေူသကျပ မဖြစ်ဘူး၊ အောင်မြင်မှု တွေ ဆက်လက် ရရှိကြပါစေလို့ မုဒိတာပွားနိုင်တယ်။
27,018
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါတင်မကဘူး၊ အားလုံးအပေါ်မှာ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်လာတာ ဖြစ်သောကြောင့် တွယ်တာမှု ဆိုတဲ့ ရှုထောင့်ကနေ မကြည့်ဘဲနဲ့ ကံတရားဆိုတဲ့ ရှုထောင့်ကနေကြည့်ပြီး လူတွေကို ကူညီစောင့်ရှောက် လာတတ်တယ်၊ ဥပေက္ခာတရားတွေ ဖြစ်ပေါ်လာတာ ပါ။
27,019
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဥပေက္ခာဆိုတာ ဂရုမစိုက်ဘဲနဲ့ ပစ်ထားတာမျိုး မဟုတ်ဘူး၊ စိတ်ဓာတ်အနေနဲ့ တည်ငြိမ်တာ “အားလုံး ဟာ ကိုယ့်ကံနဲ့ကိုယ်လာတာ” ကိုယ့် သားသမီးအပေါ် တောင်မှ ဥပေက္ခာမထားနိုင်လို့ရှိရင် ကြည့်လေကိုယ်က ဖြစ်စေချင်တာတစ်ခု၊ သားသမီးက ဖြစ်နေ တာတစ်ခုဆိုရင် ဥပေက္ခာမထားနိုင်ရင် ဘာဖြစ်လာ တုန်းဆို ရိုက်တယ်၊ နှက်တယ်၊ ဆုံးမတယ်၊ မျိုးစုံလုပ် တော့ ကြာတေ...
27,020
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဥပေက္ခာဆိုတာ ဘယ်လိုထားရတုန်း၊ ဩော် - သူလည်း သူ့ကံနဲ့သူ လာတာ၊ ငါလည်း ငါ့ကံနဲ့ကံ၊ ကောင်းကျိုးချမ်းသာရအောင် ကိုယ်က ဦးတည့်ပေးရ မယ်၊ လုပ်ပေးရမယ်၊ ဒါက ကိုယ့်တာဝန် လုပ်ပေးတာ ပါ။
27,021
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သို့သော် လုပ်ပေးတာကို မရကောင်းလားဆိုပြီး ဒေါသဖြစ်နေရင် ဒါ ဥပေက္ခာမထားနိုင်ဘူး၊ ဒီလိုဆိုလို တာ။
27,022
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ဥပေက္ခာဆိုတာ ကံတရားကို ဆင်ခြင် သုံးသပ်ပြီး စိတ်ကိုတည်ငြိမ်အောင်၊ အစွန်းမရောက် အောင် ထားနိုင်တဲ့ အနေအထား။
27,023
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒီလေးခုနဲ့ နေလိုက်လို့ရှိရင် အားလုံး အဆင်ပြေမှာဖြစ်တယ်။
27,024
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အားလုံးအပေါ်မှာ ခြုံငုံပြီး မေတ္တာထား၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ မေတ္တာမဟုတ်ဘူး၊ ကရုဏာထား၊ အောင်မြင်ကြီးပွား တဲ့ ပုဂ္ဂိုလ်တွေကျတော့ မုဒိတာထား၊ အားလုံးကို တစ်ခါ ခြုံငုံပြီးတော့ သံယောဇဉ်ဖြစ်ခြင်းဆိုတာ မဖြစ်စေဘဲနဲ့ အားလုံးဟာ သူ့ကံနဲ့သူ လာကြတာဆိုတဲ့ အတွေးအခေါ်နဲ့ ဥပေက္ခာထား။
27,025
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဒီတရားတွေဟာ သတ္တဝါတွေ အားလုံးအပေါ်မှာ ထားနိုင်ပြီဆိုလို့ရှိရင် ကိုယ့်အတွက်လည်း လုံလောက် တယ်၊ အားလုံးပတ်ဝန်းကျင်အတွက်လည်း လုံလောက် သွားတယ်။
27,026
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဆိုလိုတာက လောဘ၊ ဒေါသ၊ မောဟတွေ ဖယ်ရှားပြီး အလောဘ၊ အဒေါသ၊ အမောဟတွေ ဦးစီး ပြီးတော့ လုပ်ဆောင်သွားပြီ ဆိုလို့ရှိရင် တစ်ကိုယ်ရည် တစ်ကာယအတွက် လုံလောက်လို့ စိတ်ဖြူစင်သွားပြီ။
27,027
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ပြီ ဆိုလို့ ရှိရင် အများကောင်းကျိုးအတွက် ဖြစ်စေပြီး ဘဝမှာ ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုး ပြည့်စုံသွားပြီလို့ ဒီလို ပြောတာ။
27,028
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ သက္ကာယဒိဋ္ဌိ မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ပြီ ဆိုတဲ့အခါ ပြဿနာ ကျန်သေးသလားဆိုရင် မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခု ကျန်နေသေးတယ်။
27,029
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘာလဲလိုရင် ကိုယ်ကိုယ်တိုင်က မဆုံးဖြတ်နိုင်လို့ နောင်ဘဝဆိုတာ ရှိသလား၊ မရှိဘူး လား ဆိုတာပဲ။
27,030
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သေပြီးတဲ့နောက် ဘာဖြစ်မလဲ ကိုယ်ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူး၊ မဆုံးဖြတ်နိုင်တဲ့အခါ မြတ်စွာဘုရား က အကြံဉာဏ်၊ ဆုံးမဩဝါဒပေးတယ်။
27,031
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလို မဆုံးဖြတ်နိုင်တဲ့အခါ သေချာတာကိုလုပ်။
27,032
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီသုတ္တန်မှာ ကိုယ့်အတွက် သက်သာရာရစေမယ့် အချက်လေးချက်။
27,033
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီဘဝမှာ ကောင်းအောင်နေခြင်း ဖြင့် နောင်ဘဝအရေး စိတ်အေးရမယ့် အချက် လေးချက်ကို မြတ်စွာဘုရား ဟောတယ်။
27,034
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဟုတ် မဟုတ် စဉ်းစားကြည့်။
27,035
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တချို့ဘာသာရေးဆရာက ဟောတယ်၊ တမလွန် လောက မရှိဘူးလို့ ဟောတယ်။
27,036
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တချို့က ရှိတယ်လို့ ဟောတယ်၊ အဲဒီနှစ်ခုကြားမှာ ဘယ်လိုနေမလဲဆိုတော့ မြတ်စွာဘုရားက “ဒီဘဝမှာ ကောင်းအောင်လုပ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့နေ၊ အများအတွက် ကိုယ်ကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟ အခြေခံ တဲ့ အကုသိုလ်တွေ စွန့်ပယ်ပြီး အလောဘ၊ အဒေါသ၊ အမောဟ အခြေခံတဲ့ ကုသိုလ်တရားတွေ ပြီးပြည့်စုံ အောင်လုပ်”
27,037
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလို ဖြူစင်နေတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တမလွန် လောက မရှိလည်း ဘာပူစရာလိုလဲ၊ ဒီဘဝမှာ လူကောင်းပဲ၊ တမလွန်လောက ရှိပြီဆိုရင် ဟိုဘဝမှာ ချမ်းသာတဲ့ဘဝ ရောက်သွားမယ်၊ စိတ်သက်သာရာ မရပေဘူးလား။
27,038
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘယ်ဘက်က ကြည့်ကြည့် သူ့အတွက်က လုံလောက်တယ်။
27,039
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီဘဝမှာ ကောင်းအောင်နေသည့် အတွက်ကြောင့် တမလွန်ဘဝ ရှိတယ်ဆိုရင် အိုကေ၊ နောင်ဘဝ ငါကောင်းတဲ့ဘုံ ရောက်မှာပဲ၊ တမလွန် လောက မရှိဘူးဆိုလည်း ဘာကိစ္စရှိလဲ၊ ဒီဘဝမှာ ငါ လူတော်လူကောင်း၊ ကိုယ့်ကိုကိုယ် ချမ်းချမ်း သာသာနဲ့ ထိန်းသိမ်းစောင့်ရှောက် သွားနိုင်တယ်၊ ဒီလို စိတ်သက်သာရာ (၂)မျိုးရတယ်။
27,040
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက် အကုသိုလ်ဆိုတာ မရှိဘူး၊ အကုသိုလ် ဆိုတာ လုပ်လို့မရဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်က တစ်ဦး၊ လုပ်လို့ရတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ကတစ်ဦး၊ ဒီလိုနှစ်မျိုး ကွဲနေတယ်။
27,041
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လုပ်လို့မရဘူးဆိုရင် ငါကိုယ်တိုင်ကမှ အကုသိုလ်မလုပ်တာ၊ မလုပ်ရင် အကုသိုလ်အကျိုး ဘယ်လာမလဲလို့ သက်သာရာရတယ်။
27,042
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နှစ်ဖက်စလုံး သူ့အတွက် သေချာပေါက်ချည်းပဲ။
27,043
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မလုပ်ခြင်းကြောင့် လည်း အကုသိုလ်မရဘူး၊ လုပ်မဖြစ်ခြင်းကြောင့် လည်း အကုသိုလ် မဖြစ်ဘူး။
27,044
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ လေးဘက် လေးတန်က သက်သာရာရတယ်။
27,045
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလို သေချာတဲ့ နည်းစနစ်ကို လိုက်နာကျင့်သုံးရမယ်လို့ မြတ်စွာ ဘုရားက ကာလာမသုတ်မှာ ဒီလိုဟောလိုက်တာ။
27,046
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သံသယရှိနေတဲ့ ပုဂ္ဂိုလ်တွေကို “ငါပြောတာ နားထောင်၊ ငါ့တရားမှ အမှန်၊ ကျန်တဲ့လူတွေရဲ့ တရားက အမှား” လို့ ဒီလိုသာပြောရင် ဟိုလူတွေ သံသယပိုဖြစ်သွားမှာပဲ။
27,047
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ရဟန်းဂေါတမလည်း ဒီပုတ် ထဲက ပဲပါပဲဆိုပြီးတော့ သူကလည်း သူ့ဝါဒ ကောင်း ကြောင်း ပြောသွားတာပဲ” ဒီလိုပြောခံရမှာ။
27,048
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အခုကျ တော့ မြတ်စွာဘုရားက အလွန်လိမ္မာပါးနပ်စွာ ဆုံးမ တော်မူတယ်။
27,049
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(ဘုရားက ကိုယ့်ဝါဒ ပြောတာပဲ၊ ပြော တယ်လို့ မထင်ရဘူး၊ တကယ်တော့ မြတ်စွာဘုရားဟာ ကိုယ်ဟောနေကျတရား ဟောသွားတာပါပဲ) အကုသိုလ်တွေရှောင်ဖို့၊ ကုသိုလ်တွေဆောင်ဖို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေ ပွားများ အားထုတ်ကြဖို့ဆိုတဲ့ ဒီအခြေခံတရားတွေကို ကာလာမ အမျိုးသားတွေကို ဟောသွားတာတာ။
27,050
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သူတို့ အင်မတန်မှ သဘောကျပြီး နောက်ဆုံး ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူကြတယ်တဲ့။
27,051
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါက ကာလာမသုတ္တန်ကို အနှစ်ချုပ်အနေနဲ့ ရှင်းလင်းဟောကြားတာ ဖြစ်ပါ တယ်။
27,052
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
--- ကာလာမသုတ်၏ အနှစ်ချုပ် လိုက်နာရမည့် အချက်များ
27,053
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(၁) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။
27,054
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အနုဿဝ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။
27,055
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လူပြော သူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။
27,056
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
စာထဲမှာ ပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။
27,057
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဥပသမ္ပဒါန နည်းနဲ့လည်း မဆုံးဖြတ်နဲ့။
27,058
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အနုမာန အတွေးအခေါ် မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။
27,059
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကြောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့ လည်း မဆုံးဖြတ်နဲ့။
27,060
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
27,061
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဖြစ်နိုင်တယ် ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။
27,062
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တို့ဆရာပြောတဲ့စကား ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။
27,063
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဆုံးဖြတ်ပါတဲ့။
27,064
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(၂) ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့ လက်ခံကျင့်သုံးလို့ မကောင်းကျိုးတွေ ပေးမယ်ဆိုရင် ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်း စွန့်လိုက်ပါ။
27,065
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(၃) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ် ဆိုရင် ချက်ချင်း ကျင့်သုံးပါ။
27,066
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(၄) အဲဒီလို မကောင်း တာတွေကိုစွန့်ပယ်၊ ကောင်းတာတွေကို ကျင့်သုံးတဲ့ အခါမှာ အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားများ ပွားများအားထုတ် ပြီးတော့နေပါ။
27,067
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(၅) အဲဒီလို အားထုတ်ပြီးတော့ နေလို့ ရှိရင် နောင်ဘဝ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကုသိုလ်ကံရဲ့အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာဘုရားက ဒီလို အဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။
27,068
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား ဟောကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘဝမှာ တကယ် ဆင်ခြင်စဉ်းစားရမှာက အပြစ်ရှိတဲ့အရာလား အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်...
27,069
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီ အတိုင်းအတာတွေနဲ့ ဆင်ခြင် သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။
27,070
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သာဓု သာဓု သာဓု နနန
27,071
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
တေရသကနိပါတ်
27,072
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၆။ ကလိင်္ဂဗောဓိဇာတ်
27,073
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပရိဘောဂစေတီထိုက်သော မဟာဗောဓိပင်ကို ပူဇော်ခြင်းအကြောင်း
27,074
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇာကာလိင်္ဂေါစက္ကဝတ္တီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာလိင်္ဂဗောဓိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်သည် စိုက်အပ်သော မဟာဗောဓိပင်အား ပူဇော်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။
27,075
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဝေနေယျတို့ကို သင်္ဂြိုဟ်ထောက်ပံ့တော်မူခြင်းငှါ သဗ္ဗညူ မြတ်စွာဘုရားသည် ဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူသည်ရှိသော် သာဝတ္ထိပြည်၌ နေကုန်သောသူတို့သည် ပန်းနံ့သာအစရှိသည် လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်သည်ရှိသော် တပါးသော ပူဇော်ရာကိုမရ၍ ဂန္ဓကုဋိတော်တံခါး၌ ချ၍ သွားကုန်၏။
27,076
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသူတို့သည် မြတ်သော ဝမ်းမြောက်ခြင်းရှိသည် မဖြစ်ကုန်။
27,077
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအကြောင်းကိုသိ၍ အနာထပိဏ်သူဌေးသည် ဇေတဝန်ကျောင်းတော်သို့ လာသောအခါ အရှင်အာနန္ဒာမထေရ်၏ အထံသို့သွား၍ အရှင်အာနန္ဒာ ဤကျောင်းတော်သည် ဘုရားသခင် ဒေသစာရီ ကြွတော်မူသည်ရှိသော် အထောက်အပံ့မှ ကင်းသည်ဖြစ်၏။
27,078
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
လူတို့အား ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်အပ်သောအရာသည် မရှိပါခဲ့၊ အရှင်ဘုရား တောင်းပန်ပါ၏။
27,079
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဘုရား သခင်အား ဤအကြောင်းကို ကြားလျှောက်၍ တခုသော ပူဇော်အပ်သောအရာ ရိုသေရာ ရှိသည်၏အဖြစ်ကို သိတော်မူကုန်လော့ဟု လျှောက်၏။
27,080
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာမထေရ်သည် ကောင်းပြီဟု ဝန်ခံ၍ မြတ်စွာဘုရားကို လျှောက်၏။
27,081
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဘုန်းတော်ကြီးသော အရှင်ဘုရား စေတီသည် အဘယ်မျှရှိကုန်သနည်းဟု မေးလျောက်၏။
27,082
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အာနန္ဒာ စေတီသည် သုံးပါးတို့တည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အဘယ် သုံးပါးတို့နည်းဟု မေးလျှောက်၏။
27,083
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အာနန္ဒာ စေတီတို့သည် သာရီရိကစေတီ, ပရိဘောဂစေတီ, ဥဒ္ဒိဿကစေတီဟူ၍ သုံးပါးတည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား - အရှင်ဘုရားတို့သည် ထင်ရှားရှိတော်မူစဉ် ထိုစေတီသုံးပါးတို့ကို ပြုခြင်းငှါ တတ်ကောင်းပါအံ့လောဟု နားတော်လျှောက်သည်ရှိသော် အာနန္ဒာ သာရီရိက စေတီကို ပြုခြင်းငှါ မတတ်ကောင်း၊ ထိုစကားသည် မှန်၏။
27,084
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသာရီရိကစေတီကို ဘုရားတို့ ပရိနိဗ္ဗာန်ပြုပြီးသော ကာလ၌သာ ပြုခြင်းငှါ တတ်ကောင်း၏။
27,085
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပရိဘောဂစေတီ, ဥဒ္ဒိဿကစေတီတို့ကိုကား ဘုရားတို့ ထင်ရှားရှိစဉ်ပင်လျှင် ပြုခြင်းငှါ တတ်ကောင်း၏။
27,086
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဘုရားတို့ အသုံးအဆောင်တော်ဖြစ်သော မဟာဗောဓိပင်သည် ဘုရားတို့ ထင်ရှားရှိကုန်သော်လည်း စေတီသာလျှင်တည်းဟု မိန့်တော်မူ၍ အရှင်ဘုရား အရှင်ဘုရားတို့သည် ဒေသစာရီ ကြွတော်မူသည်ရှိသော် ဇေတဝန် ကျောင်းတော်သည် ကိုးကွယ်ရာမရှိသည်ဖြစ်၍ လူများသည် ပူဇော်အပ်သောအရာကို မရပါ။
27,087
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မဟာဗောဓိပင်မှ မျိုးစေ့ကိုယူ၍ ဇေတဝန် ကျောင်းတော်တံခါး၌ စိုက်ပါအံ့ဟု လျှောက်သည်ရှိသော် အာနန္ဒာ ကောင်းပြီ စိုက်လော့၊ ဤသို့ စိုက်သည်ရှိသော် ဇေတဝန် ကျောင်းတော်၌ ငါဘုရားအမြဲနေသကဲ့သို့ ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။
27,088
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာမထေရ်သည် အနာထပိဏ်သူဌေး, ဝိသာခါ ဒါယိကာမ, ကောသလမင်းကြီးတို့အား ကြား၏။
27,089
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဇေတဝန်ကျောင်းတံခါး၌ ဗောဓိပင်စိုက်အံ့သောအရပ်၌ တွင်းကိုတူးစေ၍ အရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဆို၏။
27,090
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်ဘုရား အကျွန်ုပ်သည် ဇေတဝန် ကျောင်းတော် တံခါး၌ ဗောဓိပင်ကို စိုက်ပါစေအံ့၊ မဟာဗောဓိပင်မှ ဗောဓိသီးမှည့်ကိုဆောင်၍ အကျွန်ုပ်အား ပေးတော်မူပါလော့ဟု ဆို၏။
27,091
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်မဟာမောဂ္ဂလာန်မထေရ်သည် ကောင်းပြီဟု ဝန်ခံ၍ ကောင်းကင်ခရီးဖြင့် မဟာဗောဓိသို့ ကြွတော်မူပြီးလျှင် အညှာမှကြွေသော ဗောဓိသီးမှည့်ကို မြေသို့မကျမီ သင်္ကန်းတော်ဖြင့် ခံယူပြီးလျှင် အာနန္ဒာမထေရ်အား ပေးတော်မူ၏။
27,092
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာမထေရ်သည် ယနေ့ ဗောဓိပင်ကို စိုက်အံ့ဟု ကောသလမင်းကြီး အစရှိသောသူတို့အား ကြားတော်မူ၏။
27,093
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကောသလမင်းကြီးသည် ညချမ်းအခါ များသောအခြံအရံဖြင့် အလုံးစုံသော အဆောက်အဦတို့ကို ယူ၍ လာ၏။
27,094
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုကောသလမင်းကြီးနှင့် အနာထပိဏ်သူဌေး, ဝိသာခါ ဒါယိကာမတို့သည်၎င်း အလုံးစုံသော လူများတို့သည်၎င်း လာ၏။
27,095
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာမထေရ်သည် မဟာဗောဓိပင်စိုက်ရာအရပ်၌ ကြီးစွာသော ရွှေခွက်ကိုထား၍ အောက်၌ ဖောက်စေပြီးလျှင် နံ့သာညွန်ဖြင့် ပြည့်စေ၍ မြတ်သောမင်းကြီး ဤဗောဓိသီးမှည့်ကို စိုက်လော့ဟု ကောသလမင်းကြီးအား ပေးတော်မူ၏။
27,096
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုကောသလ မင်းကြီးသည် ကြံ၏။
27,097
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မင်းအဖြစ်မည်သည်ကား အခါခပ်သိမ်း ငါတို့အား မတည်၊ ဤဗောဓိပင်ကို အနာထပိဏ်သူဌေးကို စိုက်စေခြင်းငှါ သင့်၏ဟု ကြံ၏။
27,098
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကြံပြီးလျှင် ထိုဗောဓိသီးမှည့်ကို မဟာအနာထိဏ်သူဌေးလက်၌ထား၏။
27,099
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အနာထပိဏ် သူဌေးသည် နံ့သာညွန်ကိုယက်၍ နံ့သာညွန်၌ ချ၏။
27,100
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုဗောဓိသီးမှည့်သည် လက်မှလွတ်ကာမျှ၌ အလုံးစုံသောလူတို့သည် မြင်ကုန်စဉ်လျင် ထွန်တုံးပမာဏရှိသော ဗောဓိပင်စည်သည် အတောင်ငါးဆယ် ရှိသည်ဖြစ်၍ ပေါက်၏။