id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
26,801
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သို့သော် ဒီကနေ့ခေတ် ဆဋ္ဌသံဂါယနာ ပါဠိတော်မှာ နာမည်တပ်ထားတာက ကေသမုတ္တိသုတ်လို့ နာမည်တပ်ထားတယ်။
26,802
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နိဂုံးရွာနာမည်က ကေသမုတ္တ၊ ဘာဖြစ်လို့ ကေသမုတ္တိနာမည်နဲ့ သုံးရသလဲဆိုတဲ့အခါမှာ ကာလာမ လူမျိုးတွေကို ရည်ညွှန်းတဲ့အခါ ကေသမုတ္တိယာ ကာလာမာ-ကေသမုတ္တနိဂုံးမှာနေတဲ့ ကာလာမလူမျိုးတွေ၊ တခြားနေရာမှာနေတဲ့ ကာလာမလူမျိုးတွေက ရှိကောင်းရှိနိုင်သေးတာကိုး။
26,803
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(ဒီနေရာ အရင်က ရှမ်းဝိုင်းဆိုတာ ရှမ်းတွေနေတာ ဖြစ်လိမ့်မယ်။
26,804
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အခုတော့ ရှမ်းတွေ မရှိတော့ဘူးနဲ့တူတယ်၊ ရှေးကတော့ ယိုးဒယားစျေးဆိုလည်း ယိုးဒယားတွေ နေခဲ့တဲ့နေရာ ဖြစ်လောက်တယ်၊ ဘုရင်တွေလက်ထက်က အကွက်ချပြီးတော့ ထားလေ့ရှိတာကိုး။
26,805
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တဖြည်းဖြည်း ယိုးဒယားကလည်း ဗမာဖြစ်သွား၊ ရှမ်းကလည်း ဗမာဖြစ်သွား၊ တောင်မြို့အမရပူရမှာဆိုရင်လည်း ကသည်းတို့ဘာတို့ ရှိသေးတယ်။
26,806
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီနားလေးတောင် ကသည်းဝင်းတို့ ဘာတို့ ရှိသေးတယ်။
26,807
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကသည်းဆိုတာ မဏိပူရိတွေကို ခေါ်တာပေါ့။
26,808
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သူတို့ကလည်း တဖြည်းဖြည်း များရာနောက် လိုက်သွားပြီးတော့ ဗမာတွေဖြစ်ကုန်တော့ ကသည်းဆိုတာ ပျောက်သွားကြတယ်။
26,809
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလိုပဲဖြစ်မှာပေါ့နော်၊ သဘာဝတရားကြီးရဲ့ ပြောင်းလဲမှု။
26,810
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
) အဲဒီမှာလည်း ကာလာမလူမျိုးတွေက ကေသမုတ္တမှာနေတဲ့ ကာလာမလူမျိုးတွေကို ပါဠိစာပေနဲ့ ကေသမုတ္တိယာ ကာလာမာ-ကေသမုတ္တနိဂုံးရွာမှာနေကြတဲ့ ကာလာမအမျိုးသားတွေလို့ အဲဒီသုံးတဲ့စကားလုံးကိုကြည့်ပြီး ကေသမုတ္တိယသုတ်လို့ နာမည်ပေးရာကနေပြီးတော့ ယ,ဖြုတ်ပြီးတော့ ကေသမုတ္တိလို့ ဒီလိုခေါ်လာတာ ဖြစ်တယ်၊
26,811
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အမည်နာမဆိုတာ တစ်ခါတစ်ရံ အကြောင်းတစ်ခုခုကို အစွဲပြုပြီးတော့ ပေးထားတာ၊ ဒါက အဓိကမဟုတ်ဘူး။
26,812
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကဲ ဒီသုတ္တန်မှာ မြတ်စွာဘုရားဆီ လာရောက်ပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေက ကာလာမ လူမျိုးတွေ၊ ဟောကြားတဲ့ဒေသက ကေသမုတ္တနိဂုံးလို့ ဒီလောက်ပဲသိရတယ်။
26,813
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ကာသိနဲ့ ကောသလတိုင်းနှစ်ခုထဲမှာ ကောသလတိုင်းကို ဒေသစာရီကြွတယ်။
26,814
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကြွချီတဲ့အခါမှာ ကေသမုတ္တဆိုတဲ့ နိဂုံးရွာကိုရောက်တယ်။
26,815
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘုရားရောက်လာတယ်ဆိုရင်ပဲ သတင်းပြန့်သွားတယ်၊ မြတ်စွာဘုရားက အင်မတန်မှ ဂုဏ်သတင်းကြီးတာကိုး။
26,816
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘုရားကို ဗုဒ္ဓဘာသာဟုတ်သူရော မဟုတ်သူရော မြို့ရွာမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေက အုတ်အော်သောင်းနင်း လာပြီးတွေ့ကြတယ်။
26,817
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကျော်ကြားထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြတ်စွာဘုရား ကြွလာတယ်ဆို အဲဒီခေတ်က ဂုဏ်သတင်း အင်မတန်ကြီးတော့ လာရောက်ပြီးတော့ မမြင်ဖူးလို့ ကြည့်ချင်တဲ့လူလည်းပါတယ်၊ လူမျိုးစုံပဲ၊ ဒီကနေ့ခေတ်လိုပဲပေါ့၊ ဒါကတော့ မဆန်းဘူး၊ ထူးဆန်းပြီးတော့ မမြင်ဖူးလို့ လာကြည့်တယ်။
26,818
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလို မြတ်စွာဘုရား ကေသမုတ္တနိဂုံးရောက်တဲ့အခါ ကေသမုတ္တမှာ အများစုဖြစ်တဲ့ ကာလာမလူမျိုးတွေဟာ ဘုရားကို လာပြီးတွေ့ကြတယ်။
26,819
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ဘူး၊ ဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေချည်း မဟုတ်ဘူး၊ လာရောက်ပြီးတော့ တွေ့ကြတဲ့အခါမှာ ဘုရားကို ကြည်ညိုရင်းစွဲရှိကြတဲ့ပုဂ္ဂိုလ်တွေက ဘုရားရှေ့ရောက်တဲ့အခါမှာ အရိုအသေဦးညွှတ်လို့ ရှိခိုးဝပ်ချပြီး မြတ်စွာဘုရားပြောမယ့်စကား၊ ဟောကြားတဲ့တရားကို နားစွင့်ပြီး ထိုင်နေကြတယ်။
26,820
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားကြွလာရင်တော့ တရားဟောမှာပဲ၊ ဟောတဲ့တရားကို တို့နာခွင့်ရအောင်ဆိုပြီး လာတဲ့ပုဂ္ဂိုလ်တွေက တရိုတသေရှိခိုးဦးချပြီးတော့ မြတ်စွာဘုရားရှေ့မှာနေကြတယ်၊ ထိုင်နေကြတယ်။
26,821
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက်ပုဂ္ဂိုလ်တစ်စုက မြတ်စွာဘုရားထံလာပြီး ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်တစ်ယောက်ကို လာရောက်တွေ့ဆုံတဲ့သဘောပဲ။
26,822
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကျန်းမာကြောင်း၊ ချမ်းသာကြောင်း၊ ဘယ်ကကြွလာသလဲ၊ ခရီးရောပန်းသလား စသဖြင့်ပေါ့လေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ လောကပျုငှာသဘောမျိုး မြတ်စွာဘုရားကို လာပြီးနှုတ်ဆက်ကြတယ်။
26,823
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တွေ့ဆုံနှုတ်ဆက်ကြတဲ့ ပုဂ္ဂိုလ်က တစ်စု၊ အဲဒီပုဂ္ဂိုလ်တွေက ဘုရားကိုဝပ်ချတာမဟုတ်ဘူး။
26,824
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက်တစ်စုက ဘာလုပ်သလဲဆိုရင် မြတ်စွာဘုရားဆီကို လာပြီးတော့ လက်အုပ်ကလေးချီပြီး ထိုင်နေကြတယ်၊ ရှိခိုးဝပ်ချတာ သူတို့က မလုပ်ဘူး၊ လက်အုပ်တော့ ချီထားကြတယ်။
26,825
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီပုဂ္ဂိုလ်တွေက ဘယ်လိုပုဂ္ဂိုလ်တွေလည်းဆိုရင် ဘာသာရေးမှာ မည်သည့်ဘာသာရယ်လို့ ဟုတ်တိပတ်တိ မကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ ကြားနေသမားတွေလို့ ပြောရမယ်၊ သူတို့က အကြံနဲ့လက်အုပ်ချီတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ တခြားဘာသာဝင်တွေရဲ့ပြစ်တင်ကဲ့ရဲ့မှုကိုလည်း သူတို့ကြောက်ကြတယ်၊ ဗုဒ္ဓဘာသာဝင်လို့လည်း နာမည်မခံရဲဘူးပေါ့၊ ဘုရားကိုမလေးစားလို့ ...
26,826
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တခြားဘာသာဝင်တွေက “မင်းတို့ ဘာဖြစ်လို့ ဂေါတမဗုဒ္ဓကို ရှိခိုးရတာလဲ” ဆိုရင် “လက်အုပ်ချီတာ ရှိခိုးတာမှ မဟုတ်တာ”။
26,827
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီလိုစိတ်ကူးနဲ့ လက်အုပ်ချီထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အဲဒီအထဲမှာ တစ်စုပါလာကြတယ်၊ ဒါကြောင့်မို့ လူမျိုးစုံလို့ပြောတာ။
26,828
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက်တစ်စုကတော့ ဘာလုပ်တုန်းဆိုရင် ဘုရားအနီး မရောက်ရောက်အောင် ရှေ့တိုးလာပြီး “တပည့်တော်ရဲ့အနွယ်က ဘယ်သူပါဘုရား၊ နာမည်က ဘယ်သူပါဘုရား” နဲ့ လူကြားထဲမှာ ကျယ်ကျယ်ကျယ်ကျယ်နဲ့ လျှောက်ကြတယ်။
26,829
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကိုယ့်ဂုဏ်ကိုယ် ဖော်ထုတ်ပြီးလျှောက်ကြတယ်။
26,830
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီပုဂ္ဂိုလ်တွေက လူစုလူဝေးအခွင့်အရေးယူကြတာပေါ့။
26,831
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လူထုပရိသတ် စုရုံးပြီးနေတဲ့အချိန် သူဘယ်သူပါသိအောင်လို့။
26,832
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ခုခေတ်စကားနဲ့ပြောရရင် မဏ္ဍပ်တိုင်တက်တဲ့ ပုဂ္ဂိုလ်တွေပါ၊ သူဟာ ဘယ်သူပါ၊ တစ်ချိန်တုန်းက သူတို့ဟာ ထင်ရှားချင် ထင်ရှားခဲ့မယ်၊ အဲဒီအချိန်မှာ တိမ်မြုပ်နေတယ်၊ လူက သိပ်ပြီးတော့ မသိကြဘူး။
26,833
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မသိတာကို လူသိစေချင်လို့၊ ထင်ပေါ်ကျော်ကြားချင်လို့ ဘုရားရှေ့မှာ သူတို့ကလျှောက်ကြတယ်၊ “တပည့်တော်က ဘယ်အမျိုးအနွယ်ကပါ၊ တပည့်တော်ရဲ့နာမည်က ဘယ်သူပါ” ဆိုပြီး လူကြားထဲမှာ လူသိထင်ရှားဖြစ်အောင် ကြိုးစားကြတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်းပါတယ်။
26,834
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီထဲမှာ နောက်ဆုံးတစ်စုကတော့ မြတ်စွာဘုရားဆီရောက်ပြီး ကျန်းမာကြောင်း ချမ်းသာကြောင်း မမေးဘူး၊ ငုတ်တုတ်ထိုင်နေတဲ့ သူတစ်စုကလည်း ပါသေးတယ်။
26,835
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားကြွလာလို့ လာရောက်တွေ့ဆုံကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ငါးမျိုးရှိတယ်။
26,836
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလို မြတ်စွာဘုရားကို လာရောက်တွေ့ဆုံကြတဲ့ ပရိသတ်တွေထဲမှာ ခေါင်းဆောင်ပြီးလာတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားကို လျှောက်တယ်။
26,837
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
“အရှင်ဘုရားတဲ့၊ တပည့်တော်တို့ဆီ သမဏ၊ ဗြဟ္မဏတွေ ဘာသာရေးဆရာတွေ ရောက်ရောက်လာကြတယ်” တဲ့။
26,838
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
(ရောက်မှာပေါ့၊ ကေသမုတ္တဆိုတဲ့ နိဂုံးကြီးက ပါဠိတော်မှာတော့ဖော်ပြမထားပေမယ့် အဋ္ဌကထာကနေပြီးတော့ ဒီနိဂုံးရွာကြီးက ဘယ်နေရာမှာရှိတယ်ဆိုတဲ့ Location ကိုဖော်ပြထားတာရှိတယ်။
26,839
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
) တောကြီးတစ်ခုကို ဖြတ်သန်းသွားမယ့်အဝမှာ ကေသမုတ္တနိဂုံးရွာကြီးက ရှိတာ၊ တောအုပ်ကြီးတစ်ခု ဖြတ်ရတော့မယ်ဆိုရင် အဲဒီရွာမှာ စခန်းချရတယ်၊ ရိက္ခာတွေဘာတွေ ဖြည့်တင်းပြီးတော့မှ ဟိုဘက်တောကြီးကို ဖြတ်ရတယ်။
26,840
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တောကြီးကိုဖြတ်သန်းလာတဲ့ပုဂ္ဂိုလ်တွေကလည်း ကေသမုတ္တမှာ စခန်းချပြီးမှ ရှေ့ခရီးဆက်ကြတယ်။
26,841
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ စခန်း အင်မတန်မှ ကောင်းတဲ့နေရာလို့ ဒီလိုပြောရမယ်။
26,842
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အခုခေတ်အမြင်နဲ့တော့ မကြည့်နဲ့ပေါ့။
26,843
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ရှေးတုန်းကတော့ ဆင်နဲ့ မြင်းနဲ့ ဒီလိုသွားချင်သွားကြမယ်၊ ရထားနဲ့ လှည်းနဲ့ သွားကြတယ်၊ အခုလို ကားနဲ့ မြန်မြန်ဆန်ဆန် သွားလို့မရဘူး၊ ကုန်းကြောင်းသွားတာရှိမယ်၊ အဲဒီလိုသွားတဲ့ပုဂ္ဂိုလ်တွေက တောအုပ်ကြီးတစ်ခုကို ဖြတ်ရတယ်ဆိုရင် အစာရေစာတို့ အန္တရာယ်တို့ ကာကွယ်မှုတွေ ပြင်ဆင်ပြီးတော့မှသွားကြရတာ။
26,844
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘာသာရေးတရား ဟောပြောတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာအယူဝါဒများပြားလှတဲ့ ခေတ်အခါကာလမှာ ဘာသာရေးအယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို သမဏ၊ ဗြဟ္မဏလို့ သမဏဂိုဏ်းနဲ့ ဗြဟ္မဏဂိုဏ်း၊ အိန္ဒိယမှာထွန်းကားခဲ့တဲ့ ဘာသာဂိုဏ်းနှစ်ခုကို ဦးတည်ပြီးတော့ပြောတာ။
26,845
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သူတို့ကလည်း ရောက်လာလို့ရှိရင် ကေသမုတ္တဆိုတဲ့ နိဂုံးရွာမှာ စခန်းချပြီးမှ တောအုပ်ကြီးကို ဖြတ်တယ်။
26,846
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တောအုပ်ကြီး ဖြတ်လာတဲ့ ဘာသာရေးသမားတွေကလည်းပဲ တောအုပ်ကြီး ဖြတ်သန်းလာလို့ ပင်ပန်းလာတော့ ကေသမုတ္တမှာပဲ စခန်းချကြတယ်။
26,847
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
စခန်းချပြီးတော့ ဘာလုပ်တုန်းဆို တရားဟောကြတာပေါ့။
26,848
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကိုယ့်အယူဝါဒကိုကိုယ် ဟောပြောသွားကြတယ်။
26,849
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီဟောပြောတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦးက အင်မတန်မှ ဆန့်ကျင်တဲ့အကြောင်းတွေ ဟောကြတယ်။
26,850
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တချို့ ဘာသာရေးဆရာတွေ ဟောသွားကြတယ် “တမလွန်လောကဆိုတာမရှိပါဘူး၊ သေပြီးတာပဲ၊ သေပြီးတဲ့နောက်မှာ ဘာမှမရှိဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရားဆိုတာလည်းမရှိဘူး“တဲ့၊ အားလုံးကို ကံ ကံ၏အကျိုးကို ငြင်းပယ်ပြီးတော့ ဟောပြောသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။
26,851
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တချို့ပုဂ္ဂိုလ်တွေကျတော့ “အကုသိုလ်ဆိုတာ ရှိမှ မရှိတာ။
26,852
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မရှိသည့်အတွက်ကြောင့် အကုသိုလ်လုပ်လို့ မရဘူး” တဲ့၊ အကုသိုလ်ဆိုတာ မရှိသည့်အတွက် လုပ်လည်းမရဘူး၊ ဒီလိုဟောပြောသွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။
26,853
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက်အုပ်စုတစ်ခု လာတဲ့အခါကျတော့ “တမလွန်လောကဆိုတာ ရှိတယ်၊ ကုသိုလ်ကံဆိုတာလည်းလုပ်လို့ရတယ်၊ အကျိုးတရားဆိုတာလည်း ရှိတယ်” လို့ ဟောပြောပြီးသွားကြတယ်။
26,854
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ကေသမုတ္တက လူတွေက ဘာသာတရားတွေ အမျိုးမျိုးနာနေရတဲ့အခါ သူတို့မှာ ဘာဖြစ်လဲဆို သံသယတွေ ဖြစ်ပွားတာပေါ့။
26,855
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အယူဝါဒချင်း မတူတဲ့ပုဂ္ဂိုလ်တွေက ဟိုကတစ်မျိုးပြောသွားလိုက်၊ ဒီကတစ်မျိုးပြောသွားလိုက်ဆိုတော့ ဒါကဖြစ်တတ်တယ်၊ ဒီ့ပြင်ဟာ မပြောနဲ့၊ တစ်ခါတစ်ရံ ဒီဗုဒ္ဓရဲ့တရားတော်ကို ဟောတာသည်ပင်လျှင် တစ်ပါးကတစ်မျိုးဟောသွားရင် နောက်တစ်ပါးကတစ်မျိုးဟောလို့ရှိရင် သံသယဖြစ်ကြတာ ရှိသေးတာပဲလေ။
26,856
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သူတို့ကျတော့ လုံးဝဆန့်ကျင်တဲ့ အယူဝါဒတွေကို ဟောပြောသွားတာ။
26,857
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ကေသမုတ္တမှာနေတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ လျှောက်ကြတယ် “အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေရောက်ရောက်လာကြတယ်ဘုရား၊ လာသမျှပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒကောင်းကြောင်းပြောပြီး သူများဝါဒကို ရှုံ့ချပြီးပြောဆိုသွားကြတာချည်းပဲ၊ နောက်တစ်စုကလာပြန်လဲ ဒီလိုပဲ ကိုယ့်ဝါဒအကောင်းပြော ကိုယ့်ဟာအမ...
26,858
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါ ဒီသုတ္တန်စတင်ဖြစ်ပေါ်လာခြင်းအကြောင်းရင်းပဲ။
26,859
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီနေရာမှာ မြတ်စွာဘုရားရဲ့ Technigue ပေါ့၊ ဟောပြောမှုမှာ မြတ်စွာဘုရားက အလွန်လိမ္မာကျွမ်းကျင်တယ်၊ ပုဂ္ဂိုလ်တွေရဲ့အနေအထားကို ကြည့်တယ်၊ အခုဒီ ကာလာမဆိုတဲ့လူမျိုးတွေဟာ သံသယဖြစ်နေတဲ့လူတွေ၊ မြတ်စွာဘုရားက အကယ်၍သာ “သူတို့ပြောတာတစ်ခုမှ မမှန်ဘူး၊ ငါပြောတာ မှတ်ကြ” လို့ပြောလို့ရှိရင် သံသယပိုဖြစ်သွားမှာ သေချာတယ်။
26,860
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လာပြန်ပြီ၊ ဂေါတမဗုဒ္ဓကလည်း သူ့ဟာပဲမှန်တယ်၊ ကျန်တာတွေအမှားလို့ ပြောသွားပြန်ပြီ။
26,861
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလိုပဲ ဖြစ်ကျန်ခဲ့မှာ၊ သံသယရှင်းမှာမဟုတ်ဘူး။
26,862
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ မြတ်စွာဘုရားရဲ့ Technigue က အင်မတန်မှ ကောင်းတယ်၊ မြတ်စွာဘုရားက ဘာပြောလိုက်တုန်းဆို ဒါ အလွန်မှတ်သားစရာကောင်းတယ်။
26,863
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
“အေး၊ ဟုတ်တယ်ပေါ့၊ မင်းတို့ဟာ သံသယဖြစ်ထိုက်တဲ့နေရာဖြစ်တာပေါ့၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ သိဖို့ခက်တာပဲ၊ ဟိုကတစ်မျိုးပြော ဒီကတစ်မျိုးပြောဆိုတော့ မင်းတို့ သံသယဖြစ်ထိုက်ပါတယ်၊ ဖြစ်ထိုက်တဲ့နေရာဖြစ်တာပါ” တဲ့။
26,864
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီလိုပြောလိုက်တော့ သူတို့ကျေနပ်သွားတာပေါ့၊ ဟုတ်တယ် သံသယဖြစ်ထိုက်တဲ့နေရာဖြစ်တာတဲ့၊ အဲဒီသံသယပျောက်ဖို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်အောင် မြတ်စွာဘုရားက ဒီသုတ္တန်မှာ သွန်သင်ဆုံးမသွားတယ်။
26,865
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဖြစ်နေလင့်ကစား တစ်ခါတစ်ရံ သံသယဖြစ်စရာလေးတွေ ကြုံလာလို့ရှိရင် ကြည့်၊ မြတ်စွာဘုရားရဲ့ ဒီသုတ္တန်အဆုံးအမဟာ အင်မတန်မှ တန်ဖိုးရှိတယ်၊ ကိုယ့်ဘဝရဲ့ guide line အဖြစ် အသုံးချလို့ရတယ်။
26,866
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားဟာ ပြောရမယ်ဆိုရင် လက်တွေ့သမား၊ ရှေးအကြောင်းတရားတွေကိုလည်း မပယ်ဘူး၊ ပစ္စုပ္ပန်အကြောင်းတရားကိုလည်း လက်ခံတယ်၊ အကြောင်းကို တစ်ခုတည်းလို့ မယူဆဘူး၊ အစစ်အမှန်ကို သိထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် အကြောင်းဖြစ်သင့်လို့ရှိရင် အတိတ်ကဟာပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဖြစ်ဖြစ် လက်ခံတယ်။
26,867
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တချို့ကျတော့ အတိတ်အကြောင်းအရာတွေငြင်းပယ်ပြီး ပစ္စုပ္ပန်အကြောင်းတစ်မျိုးတည်းလက်ခံတယ်၊ တချို့ကျတော့ ပစ္စုပ္ပန်အကြောင်းကို ငြင်းပယ်ပြီး အတိတ်အကြောင်းတစ်မျိုးတည်းပဲ လက်ခံတယ်၊ အဲဒါကျတော့ ဘယ်မှန်မလဲ၊ မြတ်စွာဘုရားက အဲဒီလိုမဟုတ်ဘူး၊ အတိတ်အကြောင်းဆိုတာလည်း ဖြစ်သင့်တဲ့အကြောင်းကို လက်ခံတယ်၊ ပစ္စုပ္ပန်အကြောင်းကိုလည်း ထည့်သွင်းစဉ်း...
26,868
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဆိုပါစို့ ဥပမာ အအေးမိလို့ နှာစေးတာကို ကံကြောင့် ငါနှာစေးတာလို့ပြောရင် မှန်ပါ့မလား၊ သို့သော် ကံမပါဘူးလားဆိုတော့ ကံဆိုတာ အဝေးကြီး၊ ကံရှိလို့ လူဖြစ်လာတယ်၊ လူဖြစ်တော့ အအေးပတ်တဲ့နေရာရောက်လာတော့ အအေးပတ်တာပေါ့။
26,869
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ အအေးမိတယ်ဆိုတာ ပစ္စုပ္ပန်အကြောင်းတစ်ခုတည်းကို မပြောဘူး၊ ပစ္စုပ္ပန် လက်တွေ့မြင်ရတဲ့အကြောင်းကို လက်ခံတယ်၊ ထည့်သွင်းစဉ်းစားတယ်ပေါ့။
26,870
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တစ်ခုတည်းကို မပြောရဘူး၊ ဒါကြောင့်မို့ အကြောင်းတရားဆိုတာ အမျိုးမျိုးရှိတယ်၊ များစွာသော အကြောင်းတရားတွေကို နားလည်မယ်ဆိုရင် ကိုယ့်ဘဝကိုယ်ရပ်တည်ဖို့အတွက် ကိုယ့်သွားရမယ့် လျှောက်လှမ်းရမယ့် လမ်းခရီးဟာ ဖြောင့်တန်းတယ်ပေါ့။
26,871
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါကြောင့်မို့ မြတ်စွာဘုရားက ကာလာမအမျိုးသားတွေကို “အေး၊ ဟုတ်တာပေါ့၊ မင်းတို့သံသယဖြစ်ဖို့ အင်မတန်ကောင်းတာပဲ၊ သံသယဖြစ်ထိုက်တဲ့နေရာမှာ သံသယဖြစ်တာပဲ” လို့ ဒီလိုပြောလိုက်ပြီး မြတ်စွာဘုရားက သူတို့စဉ်းစားဖို့ အချက်တွေကို ပြောပြတယ်။
26,872
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ဘုရားက ပြောတဲ့အခါမှာ သံသယဖြစ်နေတဲ့လူတွေကို စဉ်းစားဖို့ အင်အားတစ်ခုကိုပေးတယ်။
26,873
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သံသယဖြစ်နေတယ်ဆိုတဲ့လူက ရှေ့ကိုဆက်ပြီးမစဉ်းစားနိုင်ဘူး၊ စဉ်းစားရင် ပင်ပန်းတယ်၊ အဲဒါကို ဝိစိကိစ္ဆာလို့ခေါ်တယ်။
26,874
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒါကြောင့်မို့ ဝိစိကိစ္ဆာဆိုတဲ့ စကားလုံးက “ဝိစိနန္တဿ ကိစ္ဆာ ဝိစိကိစ္ဆာ” ဝိစိနန္တဿ-စူးစမ်းလိုက်တာနဲ့၊ ကိစ္ဆာ-ပင်ပန်းသွားတယ်၊ ရှေ့မတိုးနိုင်ဘူး။
26,875
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကိုယ့်ဉာဏ်မမီလို့ရှိရင် တစ်စုံတစ်ခုကို စဉ်းစားရင် ခေါင်းရှုပ်လာတယ်၊ အဲဒါဟာ ဝိစိကိစ္ဆာပဲ၊ ဒါကြောင့်မို့ ဝိစိကိစ္ဆာရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါမှာ “ဝိစိနန္တဿ ကိစ္ဆာ ဝိစိကိစ္ဆာ” ဒီလိုဖွင့်တယ်။
26,876
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
စဉ်းစားလိုက်လေ ခေါင်းရှုပ်လေ စိတ်ပင်ပန်းလေဆိုတဲ့အချက်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက သူတို့ရှုပ်ထွေးနေတဲ့အကြောင်းအရာတင်မကဘူး၊ လောကမှာ ရှုပ်ထွေးစရာ အကြောင်းတွေက အများကြီး၊ ဒါတင်မကဘူး လူဆိုတာ သူ့အကြိုက် ကိုယ့်အကြိုက် အမျိုးစုံရှိတယ်၊ အဲဒီအမျိုးစုံတွေကို ခြုံငုံသုံးသပ်ပြီးတော့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ အချက်(၁၀)ချက်ကို ထ...
26,877
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
“ဧထ တုမှေ ကာလာမာ” ဒီစကားက မင်းတို့ ဘာမှတွေဝေမနေကြနဲ့၊ လာကြ ငါပြောမယ်၊ ဒီအဓိပ္ပာယ်မျိုးကိုပြောတာ၊ “ဧထ တုမှေ ကာလာမာ” လာကြ မင်းတို့တွေဝေမနေနဲ့၊ ကိုယ့်ဟာကိုယ် စဉ်းစားကြရမယ်။
26,878
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကြည့် မြတ်စွာဘုရားထုတ်ပြတဲ့ အချက်တွေက ဘာတွေတုန်းဆို
26,879
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နံပါတ်(၁)က “မာ အနုဿဝေန” တစ်ယောက်ယောက်က မင်းတို့လာပြောတာ၊ အနုဿဝမှ အနုဆိုတာ တစ်ဆင့်၊ သဝဆိုတာကြားတာ သို့မဟုတ် တစ်ယောက်က လာပြီးပြောတဲ့စကားကို အနုဿဝလို့ခေါ်တယ်။
26,880
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လောကမှာ တဆင့်စကားဆိုတာတွေနဲ့ လူတွေဟာ လက်ခံပြီး ယုံကြည်နေကြတာလေ၊ အရပ်ထဲမှာ ပိုဆိုးတာပေါ့။
26,881
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
“Gossip” ဆိုတာတွေလေ၊ ဟိုအိမ်ဒီအိမ် လည်ပြော၊ ဒီအိမ်ကဟိုအိမ်သွားပြော၊ ဟိုရပ်ကွက်က ဒီရပ်ကွက်သွားပြော၊ ဘာတဲ့ ညာတဲ့နဲ့ဆိုတာ၊ ဒါမျိုးတွေ အများကြီးရှိတာပေါ့။
26,882
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အကြောင်းအရာတစ်ခုခုကို လာပြီးပြောတာ၊ အဲဒါကို “အနုဿဝ” လို့ခေါ်တယ်၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဂျာနယ်ထဲပါတာ၊ မဂ္ဂဇင်းထဲပါတာနဲ့ တစ်လောကတောင် ပါလာသေးတယ်။
26,883
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
သုံးပေရှိတဲ့ တောက်တဲ့ကြီးဆိုတာ၊ တောက်တဲ့သုံးပေရှိတာ မကြားဖူးဘူးနော်။
26,884
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒီတော့ ဒါကြောင့်မို့ အနုဿဝကို အင်္ဂလိပ်လို ပြန်တဲ့အခါ report လို့ ပြန်တယ်။
26,885
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
တစ်စုံတစ်ယောက်ကနေ ကိုယ့်ကိုလာပြီး report လုပ်တယ်၊ သတင်းပေးတယ်။
26,886
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အဲဒါနဲ့လည်း အမှန်လို့ မဆုံးဖြတ်နဲ့တဲ့။
26,887
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားက report တွေကို အမှန်မယူနဲ့။
26,888
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဂျာနယ်ထဲပါတယ်၊ သတင်းစာထဲပါတယ်၊ ဟိုထဲပါတယ်၊ ဒီထဲပါတယ်၊ ဟိုလူကပြောသွားတယ်၊ ဒီလူကပြောသွားတယ်၊ အမှန်မယူနဲ့တဲ့၊ ဒီလိုဆိုလိုတယ်။
26,889
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဘာဖြစ်လို့တုန်းဆိုရင် မှန်တာလည်း ရှိချင်ရှိမယ်၊ မှားတာလည်းရှိချင်ရှိမယ်။
26,890
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကိုယ့်ဉာဏ်နဲ့ စဉ်းစားဦးလို့ ဒီလိုဆိုလိုတာ။
26,891
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားဆိုလိုတာက အဲဒါပဲ။
26,892
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ကွန်မြူနစ်တွေက ဒီအချက်တွေနဲ့ သူတို့က ဘာသာတရားတွေအကုန်လုံး ပစ်ပယ်ချင်တယ်။
26,893
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီစကားလုံးသုံးပြီးတော့ ဘာသာတရားတွေကို အကုန်ပုတ်ခတ်တာ၊ အဲဒါတော့မမှန်ဘူး။
26,894
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မြတ်စွာဘုရားရဲ့ဆိုလိုရင်းအဓိပ္ပာယ်က ဘာတုန်းဆို သူများကလာပြီးreport လုပ်လို့ရှိရင် အဲဒါနဲ့တင် ရပ်မနေနဲ့၊ ကိုယ့်ဟာကိုယ် ဟုတ်တယ် မဟုတ်ဘူး၊ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဦးလို့ပြောတာ၊ ဘယ်လောက်ကောင်းလဲ။
26,895
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
လောကလူတွေက လွယ်လွယ်နဲ့ ယုံတတ်တယ်လေ၊ အောက်ကအစီရင်ခံစာ တတ်လာတယ်ဆိုလို့ရှိရင် လက်ခံလိုက်တာပဲ၊ ဟုတ်လား မဟုတ်လားဆိုတာ စဉ်းစားရမယ်၊ အစီရင်ခံစာဆိုတာ အကုန်လုံးမှန်နိုင်ပါ့မလား၊ မမှန်နိုင်ဘူး။
26,896
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
ဒီ့ပြင်အစီရင်ခံစာ မပြောနဲ့ ကိုယ့်အိမ် ကိုယ့်မိသားစုထဲပဲကြည့်၊ သမီးကလာပြော၊ သားကလာပြော၊ ဟိုလူကလာပြော ဒီလူကလာပြောနဲ့ အမှန်ချည်းအောက်မေ့မနေနဲ့။
26,897
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
အမေ မသိစေနဲ့၊ အဖေမသိစေနဲ့တဲ့၊ အဟုတ်မှတ်နေကြတာ၊ အဲဒါကြောင့်မို့လို့ report လေးနဲ့တင် ကျေနပ်မနေနဲ့၊ မြတ်စွာဘုရားဆိုလိုတာက “အနုဿဝ” လို့ဆိုတဲ့ တစ်ဆင့်ကြားစကားလေးနဲ့တင် မှန်တယ်လို့ မဆုံးဖြတ်နဲ့ဦး၊ မှန်တာလည်းရှိနိုင်တယ် မှားတာလည်းရှိနိုင်တယ်၊ မသေချာဘူးလို့ပြောတာ။
26,898
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
စဉ်းစားကြည့်ပေါ့၊ ဒါအမှန်ပဲလေ၊ အဲဒါကိုဆိုလိုတာ။
26,899
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
နောက်တစ်ခုကတော့ (၂) “မာ ပရမ္ပရာယ” ပရမ္ပရဆိုတာ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက လုပ်လာတဲ့အလုပ်တစ်ခု၊ Tradition လို့ခေါ်တယ်။
26,900
Uncategorized
ကာလာမသုတ် အနှစ်ချုပ်
မျိုးရိုးအစဉ်အဆက်က လက်ခံလာကြတာ၊ အဲဒါဟာလည်း “ဒါက တို့ဘိုးဘွားလက်ထက်ကတည်းကပဲ၊ တို့ရဲ့ဓလေ့ထုံးစံပဲ” ဆိုပြီးတော့ လုပ်နေကြတာ၊ အဲဒါကိုလည်းပဲ မြတ်စွာဘုရားက ဒါနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။