id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,901 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Tradition ဆိုတာ မှန်တာလည်းရှိနိုင်တယ်၊ မှားတာလည်းရှိနိုင်တယ်၊ အမှန်တရားကို ရှာဖွေတဲ့နေရာမှာ ဒါက အသုံးမဝင်ဘူး၊ research လုပ်တဲ့အခါမှာ ဒါတွေနဲ့ research အဓိပ္ပာယ်က အမှန်တရားကို ရှာချင်ပြီဆိုလို့ရှိရင် Tradition နဲ့ မရှာနဲ့၊ ရှာရင် မှန်တာ ရှိချင်ရှိမယ်၊ မှားတာ ရှိချင်ရှိမယ်။ |
26,902 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မသေချာဘူးလို့ ပြောတာ။ |
26,903 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘုန်းကြီးတို့တစ်ခါတုန်းက Mexico နိုင်ငံကလာတဲ့ Mexican လူမျိုးတွေ သုံးဆယ်လောက် ဗမာပြည်ကို ရောက်လာတယ်၊ သူတို့က ဗုဒ္ဓဘာသာတွေ ဖြစ်နေကြတယ်၊ Mexico ဆိုတာ ခရစ်ယာန်အများစု စပိန်စကားပြောတဲ့နိုင်ငံ၊ အမေရိကန်နိုင်ငံနားက နိုင်ငံတစ်နိုင်ငံ၊ အဲဒီက အမျိုးသား အမျိုးသမီး လူ(၃၀)လောက် ရောက်လာတယ်။ |
26,904 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘုန်းကြီးတို့ဆီရောက်တော့ မေးခွန်းတွေမေးကြတယ်၊ မေးခွန်းမေးတဲ့အထဲမယ် အမျိုးသမီးတစ်ယောက်က ဘာမေးတုန်းဆို “သူမန္တလေးက မဟာမြတ်မုနိဘုရားကြီးကို သွားဖူးတယ်တဲ့၊ ဖူးတဲ့အခါမှာ ဂန္ဓကုဋိတိုက်အနားမှာ အမျိုးသမီးမဝင်ရဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ခဲ့တယ်၊ အင်္ဂလိပ်လိုလည်း ရေးထားတယ်၊ အဲဒါမြင်လာတဲ့အခါ သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်၊ အမျိုးသမီးတ... |
26,905 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြန်မာလူမျိုးတွေရဲ့ ရှေးအစဉ်အလာအရ လက်ခံကျင့်သုံးလာတဲ့ ထုံးတမ်းအစဉ်အလာတစ်ခုသာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာနဲ့ မဆိုင်ပါဘူးလို့ ဒီလိုပြောလိုက်တယ်၊ အဲဒီကျတော့ ကျေနပ်တယ်၊ Tradition ဆိုတာ သူတို့လည်းရှိတယ်၊ ကိုယ်လည်းရှိတယ်။ |
26,906 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Tradition ဆိုတာ အမှန်တရားလို့ပြောတာ မဟုတ်ဘူး၊ ဓလေ့ထုံးတမ်းအစဉ်အလာအရ လိုက်နာရတာတွေ ရှိတယ်လေ။ |
26,907 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မှန်လို့လိုက်နာတာ မဟုတ်ဘူး၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ထုံးတမ်းအစဉ်အလာမို့ လုပ်နေကြတာ၊ ဒါက အမှန်တရားကို ရှာတဲ့နေရာမှာ အဓိကမဟုတ်ဘူး။ |
26,908 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့်မို့ မြတ်စွာဘုရားက Tradition နဲ့လည်း အမှန်တရားကို မရှာနဲ့၊ Tradition ဆိုတာ မှန်တာရှိတယ်၊ မှားတာရှိတယ်။ |
26,909 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ခုနက “အမျိုးသမီးမဝင်ရ” ဆိုတာ ဝင်ရင် အကုသိုလ်ဖြစ်တယ်ဆိုရင် ဒါမှားတယ်၊ ဘယ်လိုလုပ် ဝင်ရင် အကုသိုလ်ဖြစ်မလဲ။ |
26,910 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် အမျိုးသမီးမဝင်ရဆိုတာ မြန်မာလူမျိုးတွေရဲ့ Tradition အနေနဲ့ အမျိုးသမီးမဝင်ဖို့ဆိုတာ ဒါလူမျိုးရဲ့ Tradition ။ |
26,911 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဟို ကျိုက်ထီးရိုးမှာလည်း ကြည့်လေ၊ ဘုရားဖက်ကူးတဲ့ တံတားလေး ရှိတယ်မဟုတ်လား၊ အမျိုးသမီးမတက်ရဆိုတာ၊ အမျိုးသမီးတက်ရင် မိုးကြိုးပစ်တယ်တို့၊ မုန်တိုင်းထန်တယ်တို့ ဘာတို့ ပြောကြတယ်၊ တစ်ခါတုန်းက နိုင်ငံခြားအမျိုးသမီးတစ်ယောက်က ယောက်ျားလိုဝတ်ပြီးတော့ ကူးသွားတာ၊ မိုးကြိုးကမပစ်လိုက်ဘူး၊ မုန်တိုင်းကလည်း မကျလိုက်ဘူး၊ မသိလိုက်ကြဘူး၊ မျ... |
26,912 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အကယ်၍ ပြောတဲ့အတိုင်း မဖြစ်ရင် ဒါသိက္ခာကျတယ်၊ အဲဒီတော့ guide တွေကို ပြောလိုက်တယ် “မင်းတို့ အဲဒီလိုမပြောနဲ့၊ ဟိုဟာ ဒီဟာတွေ။ |
26,913 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နိုင်ငံခြားသားတွေကို Tradition လို့သာပြော၊ Tradition လို့ပြောရင် ဒါကိစ္စပြီးတယ်၊ သူတို့မှာလည်းရှိတယ်၊ ဒါက Tradition ပဲ” လို့ ဒီလိုပဲပြောရမယ်။ |
26,914 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Tradition ဆိုတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တရားကို ရှာရမယ့်ဟာ မဟုတ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက Tradition နဲ့လည်း အမှန်တရားကို မရှာနဲ့၊ အဲဒီတွင် လမ်းမဆုံးနဲ့ပေါ့၊ မှန်ကန်တဲ့ Tradition ရှိတယ်၊ မှားယွင်းနေတဲ့ Tradition လည်းရှိတယ်ပေါ့၊ ဒီလိုဆိုလိုတာနော်၊ အဲဒါကို “မာ ပရမ္ပရာယ” လို့ပြောတာ။ |
26,915 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီသုတ္တန်ဟာ ဘဝအတွက် guide line ပေးတဲ့နေရာမှာ အလွန်ကောင်းတယ်။ |
26,916 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် ပုံပျက်ပန်းပျက် အဓိပ္ပာယ်မယူဆတတ်လို့ရှိရင် တလွဲရောက်ကုန်တတ်တယ်။ |
26,917 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အကုန်ပယ်ဖို့ မြတ်စွာဘုရားက ဟောတာမဟုတ်ဘူး။ |
26,918 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အခုကြည့် report နဲ့ အမှန်တရားကို မရှာနဲ့၊ report ဆိုတာ ဘာဖြစ်လို့မရှာရတာတုန်းဆို မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်၊ မသေချာဘူး။ |
26,919 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Tradition နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့။ |
26,920 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Tradition ဆိုတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။ |
26,921 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၃) “မာ ဣတိကိရာယ” ဣတိကိရဆိုတာ ဒီလိုတဲ့ဆိုပြီး တစ်ယောက်လာပြောတဲ့အရာ၊ ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့၊ ဟိုလိုပြောသတဲ့ ဒီလိုပြောသတဲ့၊ လောကမှာ “တဲ့” တွေ အများကြီးရှိတယ်၊ အဲဒါကို hearsay လို့ခေါ်တယ်၊ ကြားလာတာကို တစ်ဆင့်လာပြောတာလေ၊ သူကလည်း တစ်ဆင့်ကြားပဲ၊ သူကိုယ်တိုင်မြင်တာမဟုတ်ဘူး၊ ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့ လာပြောတာပေါ့၊ အဲဒီ ... |
26,922 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီလိုဆိုလိုတာနော်၊ ဒါလည်း အမှန်တရားဆုံးဖြတ်ရမယ့်အကြောင်းတစ်ခုမဟုတ်ဘူးတဲ့၊ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ |
26,923 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၄) “မာ ပိဋကသမ္ပဒါနေန“၊ ပိဋကဆိုတာ ဘုရားဟော ပိဋကကိုပြောတာ မဟုတ်ဘူး၊ သင်ယူရတဲ့ကျမ်းစာကို ပိဋကလို့ပြောတာ၊ “ပိဋကသမ္ပဒါနေန” စာထဲမှာပါတယ်ဆိုတာနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့လို့ ဒီလိုပြောတာ။ |
26,924 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီစကားလုံးကို ယူသုံးပြီး ပိဋကသုံးပုံက စကားတွေ ပယ်ချင်တဲ့လူတွေက လျှောက်ပြောတာ၊ အဲဒါအဓိပ္ပာယ်မရှိဘူး၊ ဒါကိုဆိုလိုတာမဟုတ်ဘူး၊ သတင်းစာထဲပါတယ်၊ ဂျာနယ်ထဲပါတယ်၊ စာအုပ်ထဲပါတယ်ဆိုတာနဲ့ အမှန်ပြောလို့မရဘူး၊ ဒါဟုတ်တာပေါ့၊ စာအုပ်ထဲမှာ အမှားရေးချင်လည်း ရေးမှာပဲလေ၊ မှားချင်မှားတာပဲ၊ ဒါကြောင့် စာအုပ်ထဲမှာပါတယ်ဆိုတာနဲ့လည်း အမှန်တရားက... |
26,925 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကိုယ်ပိုင်ဉာဏ်ကို အသုံးချဖို့ မြတ်စွာဘုရားက ဟောနေတာနော်။ |
26,926 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီ ပိဋကသုံးပုံကို ပြောတာမဟုတ်ဘူး။ |
26,927 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | “ပိဋကသမ္ပဒါနေန” ဆိုတာ သင်ယူရတဲ့ကျမ်းစာမှန်သမျှကို “ပိဋက” လို့သုံးတာ။ |
26,928 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တချို့ နိုင်ငံခြားသားတွေ ဘာသာပြန်တာတော့ ပိဋကကို ခြင်းတောင်းလို့ ဘာသာပြန်ကြတယ်။ |
26,929 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | Logic တဲ့၊ သို့သော် ခြင်းတောင်းကိုသာ ပိဋကလို့ခေါ်တာမဟုတ်ဘူး။ |
26,930 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သင်ယူရတဲ့စာပေတွေကိုလည်း ပိဋကတ်လို့ခေါ်တယ်။ |
26,931 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ သင်ယူထားတဲ့ ကျမ်းစာနဲ့ ကိုက်တယ်ဆိုရုံနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ |
26,932 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်၊ ဒါတင်ရပ်မထားနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်လို့ ဒီလိုဆိုလိုတာနော်။ |
26,933 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၅) “မာ တက္ကဟေတု” တက္ကဆိုတာ ဒီကနေ့ Logic ကိုခေါ်တာ။ |
26,934 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အကြောင်းအကျိုး ဆီလျော်အောင် တွေးတောဆင်ခြင်မှု၊ တတ္တဗေဒနည်း၊ တွေးခေါ်မြော်မြင်တဲ့ နည်းစနစ်တစ်ခုကို တက္ကလို့ခေါ်တယ်၊ Logic လို့ခေါ်တယ်၊ အဲဒီ Logic နည်းနဲ့လည်းပဲ အမှန်တရားကိုရှာလို့ မမှန်နိုင်ဘူးတဲ့၊ ဆုံးဖြတ်လို့မရဘူးလို့ ဒီလိုဆိုလိုတယ်။ |
26,935 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | လောကမှာ တတ္တဗေဒနည်းတွေ အများကြီးရှိတယ်လေ၊ |
26,936 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကြောင်းကျိုးဆင်ခြင်တာပေါ့၊ “လူသည် သေမျိုးဖြစ်သည်၊ ဦးဘသည် လူတစ်ယောက်ဖြစ်သည်၊ ဒါ့ကြောင့် ဦးဘသည် သေမျိုးဖြစ်သည်”။ |
26,937 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီလိုဆင်ခြင်တာမျိုးကို ဆိုလိုတာ၊ ကြောင်းကျိုးဆင်ခြင်ပြီးပြောတာ။ |
26,938 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ နေရာတကာတိုင်းမှာ ဒီနည်းစနစ်ကို သုံးလို့ရှိရင်လည်း အမှန်တရားကို ရှာဖွေလို့ရမှာမဟုတ်ဘူး။ |
26,939 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အသိဉာဏ်နဲ့ ရှာဖွေမှသာလျှင် မှန်ကန်တဲ့တရားကို သိနိုင်တယ်လို့။ |
26,940 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့်မို့ တတ္တဗေဒနည်းနဲ့လည်း အမှန်တရားကို မဆုံးဖြတ်လေနဲ့လို့ မြတ်စွာဘုရားဟောတာ။ |
26,941 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သူတို့ပြောနေတဲ့ သံသယတွေဟာ တစ်ခုတည်းမကဘူး၊ မြတ်စွာဘုရားက လောကမှာရှိတဲ့ သံသယဖြစ်ဖွယ်ရာတွေကို ဒီမှာ အကုန်ထုတ်ပြနော်။ |
26,942 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၆) “မာ နယဟေတု” တဲ့။ |
26,943 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နယဆိုတာ နည်းယူပြီးတော့ပြောတာ၊ အကြောင်းမြင်ရင် အကျိုးကိုပြောလို့ရတယ်၊ အကျိုးအကြောင်းကို ပြောလို့ရတယ်၊ အဲဒါကို inference လို့ခေါ်တယ်၊ အနုမာနလို့ခေါ်တယ်၊ တစ်ဆင့်သိတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။ |
26,944 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တောင်ရဲ့ဟိုဘက်ကနေပြီးတော့ မီးခိုးတွေထွက်နေတာ မြင်တဲ့သူတစ်ဦးက “တောင်ရဲ့ဟိုဘက်မှာ မီးလောင်နေတယ်” လို့ပြောတယ်၊ ဘာဖြစ်လို့တုန်းဆို မီးခိုးဆိုတာ မီးကဖြစ်တာကိုး၊ သူမြင်တာက မီးခိုး၊ မီးရဲ့အကျိုးကိုသာ မြင်တာ၊ အကျိုးကိုကြည့်ပြီးတော့ အကြောင်းကိုလှမ်းပြောတာ၊ မီးကိုသူမမြင်ဘူး။ |
26,945 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒါအမြဲတမ်းမှန်သလားဆိုတော့ မီးခိုးမြင်တာနဲ့ မီးရှိတယ်လို့ပြောရင် အမြဲတမ်းမမှန်ဘူး။ |
26,946 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တစ်ခါတလေ မီးရထားစက်ခေါင်းကလည်း မီးခိုးထွက်သေးတာပဲ၊ မီးမလောင်ဘဲနဲ့ မီးခိုးထွက်တာရော မရှိဘူးလား၊ ရှိတယ်။ |
26,947 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ ဒါတွေက အနုမာနလို့ခေါ်တယ်၊ အကျိုးကိုကြည့်ပြီး အကြောင်းကိုတွက်ဆတာ၊ အကြောင်းကိုကြည့်ပြီးတော့ အကျိုးကိုတွက်ဆတာ၊ တစ်ခုပဲမြင်ရတယ်၊ တစ်ပိုင်းပဲမြင်ရတယ်၊ မြင်ရတာနဲ့ ကျန်တာကိုမှန်းပြီးတော့ ဆုံးဖြတ်တာ၊ inference အနုမာနလို့ခေါ်တယ်၊ တစ်ဆင့်မှန်းဆပြီးတော့ သိတာမျိုး။ |
26,948 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒါနဲ့လည်း အမှန်တရားကို ရှာလို့မရဘူးလို့ ဒီလိုပြောတာ။ |
26,949 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရား ဟောတာတော့ တကယ့်ကို ပစ္စဝေက္ခဏာဉာဏ်ကို ဟောတာပဲ။ |
26,950 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့်မို့ ပစ္စဝေက္ခဏာဉာဏ် မဟုတ်တာတွေနဲ့ဆို တစ်ခုမှ စိတ်မချရဘူး၊ ဘာဖြစ်လို့တုန်းဆို လောကလူသားတွေက အမှန်တရားဆိုတာကို အတွေးတွေ၊ အပြောတွေနဲ့ပဲ ရှာနေကြတာ။ |
26,951 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၇) “အာကာရပရိဝိတက္ကေန” ကြောင်းကျိုးဆင်ခြင်ပြီး သုံးသပ်ကြည့်တာ၊ အကြောင်းတရားကို တွေးတောဆင်ခြင်ပြီးကြည့်တာ၊ အဲဒီလိုတွေးတောဆင်ခြင်ပြီးတော့ အတွေးအခေါ်တစ်ခုနဲ့ အမှန်တရားကို ဆုံးဖြတ်ရင် မှန်လားဆို မမှန်ဘူး။ |
26,952 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါနဲ့လည်းပဲ အမှန်တရားကို ဆုံးဖြတ်လို့မရဘူး၊ ဒီလိုဆိုလိုတာ။ |
26,953 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၈) “ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ“၊ ဒိဋ္ဌိဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင်ကို ဆင်ခြင်စဉ်းစားလိုက်တဲ့အခါ ကျေနပ်စရာအဖြေတွေ ထွက်တယ်၊ ကိုယ့်အမြင်လေးက သဘောကျစရာရှိတယ်၊ ကြောင်းကျိုးဆင်ခြင်လို့ရတယ်၊ ကိုက်ညီတယ်။ |
26,954 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကိုယ့်အမြင်ဟာ သူများအမြင်နဲ့လည်း ကိုက်ညီတယ်၊ ကျေနပ်စရာကောင်းတယ်၊ ဆင်ခြင်သုံးသပ်ပြီးကြည့်မှုနဲ့ရော အမှန်တရားကို ဆုံးဖြတ်လို့ရလားဆိုတော့ မရဘူးတဲ့။ |
26,955 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားက အဲဒါနဲ့လည်း ဆုံးဖြတ်လို့မရဘူး၊ လောကလူတွေက ဆုံးဖြတ်နေကြတယ်၊ ဒါမျိုးတွေပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ကြတာကိုး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအချက်တွေနဲ့ မဆုံးဖြတ်ဖို့ ဒီသုတ္တန်မှာ နည်းစနစ်တစ်ခုကိုပေးတာ။ |
26,956 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်တစ်ခုက (၉) “မာ ဘဗ္ဗရူပတာယ” ဖြစ်နိုင်ခြေရှိတာ posibility လို့ခေါ်တယ်၊ ဘယ်ကိစ္စဖြစ်ဖြစ် လူတွေကပြောကြတယ် “ဒါဖြစ်နိုင်တယ်” တဲ့။ |
26,957 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အကြောင်းအကျိုး ဆင်ခြင်မှုတော့ ရှိတာပေါ့၊ ဒါဖြစ်နိုင်တယ်လို့ ပြောရတဲ့အရာတစ်ခုဟာလည်း ကိုယ်ကဖြစ်နိုင်တယ်လို့ ပြောပေမယ့် ဖြစ်ချင်မှဖြစ်တာ၊ ဒါကြောင့်မို့ ဒါနဲ့လည်းပဲ အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့၊ “ဘဗ္ဗရူပ” မှတ်သားထိုက်တယ်၊ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ |
26,958 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်ဆုံးအချက်ကျတော့ ဘာတုန်းဆို (၁၀) “မာ သမဏော နော ဂရု” တချို့က လေးစားရတဲ့ သူ့ရဲ့ဆရာက ပြောသွားတဲ့စကား “ဒီသမဏဟာ တို့ရဲ့ဆရာပဲ၊ ဆရာပြောတာဆိုရင် မမှားဘူး” လို့ ဒီလိုနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ |
26,959 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ အသိဉာဏ်မပါဘဲနဲ့ ဘယ်အချက်ကိုမှ ကိုယ့်ရဲ့ဆင်ခြင်တုံတရား ပစ္စဝေက္ခဏဉာဏ်မရှိဘဲနဲ့ ဘယ်ဟာကိုမှ အမှန်တရားလို့ မဆုံးဖြတ်ရဘူးလို့ မြတ်စွာဘုရားက ကာလာမအမျိုးသားတွေကို ဟောတာ၊ ဒီ(၁၀)ချက်၊ ဆရာကြီးကတော့ တို့ရဲ့ဆရာပဲ (သို့မဟုတ်) တို့ရဲ့ဆရာတော်ကြီးက ပြောသွားတာ၊ အခုခေတ်ဆိုလို့ရှိရင် တို့ဘုန်းကြီးကပြောတာ၊ တို့ဦးဇင်းကပြောတာ ဆိုပြ... |
26,960 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားက မစဉ်းစားဘဲနဲ့ လက်ခံတာကို သဘောမကျဘူး၊ ဒါက သာမန်သာပြောတာ၊ တခြားသုတ္တန်မှာဆိုလို့ရှိရင် “ဝီမံသကသုတ်” မှာဆိုရင် မြတ်စွာဘုရားက “ငါ့ကို မင်းတို့စုံစမ်းကြစမ်း၊ စူးစမ်းကြစမ်း၊ လေ့လာကြစမ်း၊ ငါပြောတဲ့အတိုင်း ငါ့ကို မယုံကြနဲ့” လို့ ဖိတ်ခေါ်တယ်၊ ဒီလိုဖိတ်ခေါ်တဲ့ ဘာသာရေးဆရာဟာ မြတ်စွာဘုရားတစ်ပါးပဲရှိတယ်။ |
26,961 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကာယကံ၊ ဝစီကံနဲ့ လေ့လာကြည့်၊ ကျေနပ်လောက်စရာရှိလား၊ ကျေနပ်လောက်မှလက်ခံ။ |
26,962 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကိုယ်ပိုင်ဉာဏ် ဦးစားပေးပြီးတော့ ဆုံးမ သွန်သင်လေ့ရှိတဲ့ မြတ်စွာဘုရားက အခုပြောတဲ့ အချက်(၁၀)ချက်နဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးလို့ ကာလာမအမျိုးသားတွေကိုဟောတာ။ |
26,963 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘာဖြစ်လို့တုန်းဆို သံသယဖြစ်နေတဲ့လူတွေကိုး။ |
26,964 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မင်းတို့ ဒီအချက်တွေနဲ့ မရှာလေနဲ့၊ ဒါဖြင့် ဘယ်အချက်တွေနဲ့ ရှာရမလဲ “ဒါက ဘာကိုရည်ရွယ်ပြီးပြောတာလဲ၊ မင်းတို့ကိုယ်တိုင်သိအောင်လုပ်ရမယ့်အချက်က ဘာလဲ” ဆိုတဲ့အခါ ကုသိုလ်လား၊ အကုသိုလ်လား၊ အပြစ်ရှိသလား၊ အပြစ်မရှိဘူးလား၊ ပညာရှိသူတော်ကောင်းတွေ ကဲ့ရဲ့တဲ့ဟာလား၊ ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလုပ်ကိုင်ဆောင်ရွယ်မယ်ဆိုရင် ကောင်းကျိ... |
26,965 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါတွေက ပိုပြီးတော့ အဓိကကျတယ်။ |
26,966 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့ “ဒါလုပ်ကောင်းလား၊ ငရဲကြီးသလား” နဲ့ မေးတတ်ကြတယ်။ |
26,967 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ငရဲကြီးလား၊ မကြီးဘူးလားဆိုတာက အကုသိုလ်ဖြစ်ရင် ငရဲကြီးတာပဲ၊ ငရဲကြီးတယ်ဆိုတာက အကုသိုလ်မှန်သမျှ အပါယ်ဘုံကို ကျစေနိုင်တဲ့သတ္တိရှိတယ်၊ ဒါပေမယ့်လို့ ကျရမယ်လို့ပြောတာ မဟုတ်ဘူး၊ ကျစေနိုင်တယ်လို့ပြောတာ။ |
26,968 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားဟောတဲ့ တရားကိုက “ပါဏာတိပါတော နိရယသံဝတ္တနိကော၊ တိရစ္ဆာနသံဝတ္တနိကော၊ ပေတသံဝတ္တနိကော” ပါဏာတိပါတ အမှုသည် ငရဲ၌ဖြစ်စေနိုင်သည်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၌ ဖြစ်စေနိုင်သည်လို့ဆိုတာ။ |
26,969 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဖြစ်စေနိုင်သည်ဆိုတာနဲ့ ဖြစ်ရမည်ဆိုတာ မတူဘူး၊ ဒီစကားလုံးက မတူဘူး၊ ပါဏာတိပါတက လုပ်သမျှအကုန် ငရဲကျရမယ်လို့ ဒီလို ဘယ်တော့မှ မဟောဘူး။ |
26,970 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တကယ်လည်း ပါဏာတိပါတ လုပ်တိုင်း ငရဲကျတယ်လို့ ဒီလိုပြောတာမဟုတ်ဘူး၊ အဲဒီလိုဟောရင် မှားမှာပေါ့၊ ဘာဖြစ်လို့တုန်းဆို အခြားအခြေအနေတွေ ရှိသေးတယ်၊ ပါဏာတိပါတက ငရဲဖြစ်စေနိုင်တာ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ ရောက်စေနိုင်တာ၊ ဒါမှန်တယ်။ |
26,971 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် အခြားအကြောင်းတရားတွေကိုလည်း စဉ်းစားရတယ်။ |
26,972 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဂျိန်းဘုရားက ဟောတဲ့အခါ “ယော ပါဏမဏိပါတေတိ သဗ္ဗော သော နိရယံ ဥပပဇ္ဇတိ” တဲ့။ |
26,973 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သူပြောတဲ့စကားလုံးက definite သေချာပေါက်ပြောလိုက်တာ၊ “ပါဏာတိပါတလုပ်သူတိုင်းဟာ အပါယ်ငရဲကျမယ်” လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက မမှန်ဘူးတဲ့။ |
26,974 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အခုခေတ်တောင်မှ ကြည့်လေ၊ မင်း ခိုးလို့ရှိရင် ထောင်ကျမယ်ဆိုပေမယ့် လူတိုင်းထောင်ကျရဲ့လား၊ မကျတဲ့လူတွေရှိတာပေါ့၊ ဟုတ်တယ်မဟုတ်လား၊ ဒါစဉ်းစားဖို့ပြောပြတာလေ၊ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းလည်း မတူဘူးလေ၊ ကံလုပ်တာချင်းတူပေမယ့် မတူတဲ့အခြေအနေတွေ ရှိသေးတယ်။ |
26,975 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘာတွေတုန်းဆို ဆိုပါစို့၊ လူနှစ်ယောက်ဟာ အကုသိုလ်လုပ်တာချင်းတူတယ်၊ သို့သော် တစ်ယောက်က အကုသိုလ်လုပ်တယ်၊ ကုသိုလ်မရှိဘူးဆိုတဲ့လူတစ်ယောက်။ |
26,976 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကုသိုလ်တွေလည်းလုပ်တယ်၊ အကုသိုလ်လည်းလုပ်တယ်ဆိုတဲ့လူတစ်ယောက်က အကျိုးပေးတာချင်း မတူနိုင်ဘူးလေ။ |
26,977 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ပြစ်မှုတစ်ခု ကျူးလွန်တဲ့အခါမှာ ပိုက်ဆံရှိတဲ့လူနဲ့ မရှိတဲ့လူ ကွာလား၊ မကွာဘူးလား၊ ဒါက လက်တွေ့၊ ပိုက်ဆံရှိရင် အပြစ်ကလွတ်သွားနိုင်တယ်၊ ပေါ့သွားနိုင်တယ်၊ မရှိရင်ပိုဆိုးမယ်၊ ဒါက သဘာဝကိုပြောပြတာလေ၊ အဲဒါတွေကို ထည့်စဉ်းစားပြီး ကံတရားလည်း အဲဒီအတိုင်းပဲ၊ ဒီလိုဆိုရင် ကံတရားက မျက်နှာလိုက်တာလားဆိုတော့ မျက်နှာလိုက်တာ မဟုတ်ဘူး၊ condit... |
26,978 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့်မို့ အခြေအနေကောင်းအောင် လုပ်ရမယ်။ |
26,979 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားဟောတဲ့တရားတွေက အင်မတန်မှ သဘာဝကျတယ်၊ ပါဏာတိပါတလုပ်ရင် ငရဲကျရမယ်လို့ ဟောကြည့်ပါလား၊ ရှင်အင်္ဂုလိမာလ ငရဲကျရဲ့လား၊ မကျဘူးလေ၊ နှစ်ပေါင်း (၅၀) ရာဇဝတ်သားတွေကို ခေါင်းဖြတ်သတ်လာတဲ့ တမ္ဗဒါဋ္ဌိက လူသတ်သမားကြီးရော သေတော့ ငရဲကျရဲ့လား၊ မကျဘူး။ |
26,980 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘာဖြစ်လို့တုန်း၊ အခြေအနေက မတူဘူးလေ၊ လွတ်သွားတဲ့ပုဂ္ဂိုလ်လွတ်တယ်၊ မလွတ်တဲ့ပုဂ္ဂိုလ် မလွတ်ဘူး၊ ဒါကတခြားအခြေအနေတွေကို ထည့်သွင်းစဉ်းစားရမယ်၊ သို့သော်မှတ်ရမှာက ပါဏာတိပါတသည် ငရဲကိုကျစေနိုင်တယ်၊ ဒါမှန်တယ်၊ ဒါကတော့ principle ပဲ။ |
26,981 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သေချာပေါက်။ |
26,982 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ပါဏာတိပါတအလုပ်ကြောင့် နတ်ပြည်ရောက်တာတော့ လုံးဝမရှိဘူး၊ ဘယ်အကုသိုလ်ကမှ ကောင်းကျိုးမပေးဘူး၊ ဒါမှန်တယ်။ |
26,983 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် ဒီအကုသိုလ်က သူအကျိုးပေးခွင့် ရချင်မှရမှာပေါ့၊ ဒီလိုဆိုလိုတာ။ |
26,984 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ လူသတ်လို့ ငရဲပြည်မရောက်ပေမယ့် လူသတ်လို့ နတ်ပြည်ရောက်သွားတယ်လို့ ဒီလိုတွေ မတွက်လေနဲ့၊ လူသတ်လို့ရောက်တာ မဟုတ်ဘူး၊ တခြားကုသိုလ်ကြောင့် ရောက်တာ၊ ဒါကိုလည်း ခွဲခြားသိဖို့လိုတယ်။ |
26,985 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ပါဏာတိပါတ အမှုကတော့ ငရဲမှာ ကျစေတာ သေချာတယ်၊ သို့သော် တခြားအခြေအနေကြောင့် ငရဲ မကျဘဲ လွတ်ချင်လွတ်သွားတယ်၊ ဒီလို ဆိုလိုတာ။ |
26,986 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့်မို့ မြတ်စွာဘုရားက စဉ်းစားရမှာက “ဒီအလုပ် ဟာ အပြစ်ရှိလား၊ မရှိဘူးလား၊ ကုသိုလ် အလုပ်လား၊ အကုသိုလ်အလုပ်လား၊ ပညာရှိတွေ ချီးမွမ်းသလား၊ ကဲ့ရဲ့သလား၊ လက်တွေ့ ကျင့်သုံးတဲ့အခါ ကောင်းကျိုး ချမ်းသာ ပေးသလား၊ မပေးဘူးလား” ဒါပဲ ဆင်ခြင် စဉ်းစား။ |
26,987 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီအချိန်မှာ စဉ်းစားလိုက်လို့ အကုသိုလ် ဖြစ်တယ်၊ အပြစ်ရှိတယ်၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာ ဖြစ်တယ်၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ဒုက္ခရောက်နိုင် တယ် ဆိုတာနဲ့တစ်ပြိုင်နက် ဖယ်လိုက်ပါ၊ ဒါကို မလုပ် ပါနဲ့။ |
26,988 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အခုခေတ်လူတွေက မကောင်းမှန်းတော့သိတယ်၊ မှိန်းတုတ်နေတာ အများကြီးလေ၊ မပယ်နိုင်ကြဘူး။ |
26,989 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားက နောက်တစ်ခု ဟောတယ်၊ “ပညာရှိတွေ ချီးမွမ်းတယ်၊ ကုသိုလ်လည်း ဖြစ်တယ်၊ အပြစ်လည်းကင်းတယ်၊ လက်ခံကျင့်သုံး ဆောက်တည် လိုက်ရင်လည်း ကောင်းကျိုးချမ်းသာတွေကို ရတယ် ဆိုတာ သိတယ်၊ သိရင် ချက်ချင်းကျင့်သုံးပါ” တဲ့။ |
26,990 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | လူတွေက မကျင့်သုံးနိုင်ကြဘူး၊ တန်းလန်း တန်းလန်း နဲ့ပဲ နေကြတာပဲလေ။ |
26,991 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တချို့ အရက် သောက်တယ်၊ မကောင်းမှန်းသိတယ်၊ ဒါပေမယ့် တိုးလုပ်တယ်၊ ဒီအလုပ်ဟာ မကောင်းဘူးလို့ သိတယ်၊ သိပေမယ့်လို့ တန်းလန်းပဲ၊ မပြတ်သားတဲ့သဘော။ |
26,992 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားက အသိဉာဏ်နဲ့ သိလာပြီဆိုရင် မကောင်းတာကို ချက်ချင်းပယ်၊ ကောင်းတာဆိုရင် ချက်ချင်းပြောင်းလဲပြီး ကျင့်သုံးပါ လို့ ဒီလိုပြောတာ။ |
26,993 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တချို့ ဘာသာခြားတွေက ဗုဒ္ဓဘာသာ ကောင်း တယ်ဆိုတာသိတယ်၊ သို့သော် ဗုဒ္ဓဘာသာ လုပ်ပါလား ဆိုတော့ မလုပ်နိုင်ဘူး၊ ဒီလိုလည်းရှိတာပဲလေ။ |
26,994 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာ ဘုရားက ရဲရင့်ပြတ်သားဖို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ် တယ်ဆိုတဲ့နေရာမှာ အဓိကအချက်က ဘာတုန်းဆိုရင် လက်တွေ့ကျင့်သုံးတဲ့အခါမှာ “ကောင်းကျိုးကို ဖြစ်စေ သလား၊ မကောင်းကျိုးကို ဖြစ်စေသလား” ဒါက အဓိက အကျဆုံးပဲတဲ့၊ ဒီလိုဆိုလိုတာနော်။ |
26,995 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီမှာ မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက် ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို ရှင်းပြ တယ်။ |
26,996 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊ မောဟတွေ လွှမ်းမိုးနေတယ်။ |
26,997 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | လောဘ လွှမ်းမိုးတဲ့အခါမှာ လိုချင်စိတ်တွေများပြီးတော့ သူများ အသက် သတ်ချင်လည်းသတ်မယ်၊ သူများဥစ္စာ ခိုးချင် လည်း ခိုးမယ်၊ သူတစ်ပါး သားမယား စော်ကားချင် စော်ကားမယ်၊ လိမ်ပြောချင်လည်းပြောမယ်၊ သူများကို လည်းပဲ ဒီအလုပ်တွေလုပ်ဖို့ တိုက်တွန်းချင် တိုက်တွန်း မယ်၊ မကောင်းတဲ့ အလုပ်တွေဘက်ကို လောဘ လွှမ်းမိုးလာတဲ့လူတစ်ယောက်ဟာ ဦးလှည့်သွာ... |
26,998 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒေါသလွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း ထို့ အတူပဲ၊ ဒီ ဒုစရိုက်တွေဘက်ကို ဦးလှည့်သွားတယ်။ |
26,999 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မောဟဆိုတာကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့် ဘူးလို့ ထင်တယ်ဆိုတဲ့ မောဟ လွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီအတိုင်းပဲ၊ အဲဒီလို ဖြစ်တတ်တယ် တဲ့။ |
27,000 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒါ ကိုယ့်ဟာကိုယ် ဆင်ခြင်ဆုံးဖြတ်ကြည့်ရမယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.