id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,101
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
လေးမျက်နှာတို့၌၎င်း, အထက်၌၎င်း ခက်မငါးဖြာတို့သည် အတောင်ငါးဆယ်စီ ရှိသည်ဖြစ်၍ ထွက်ကုန်၏။
27,102
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဤသို့လျှင် ထိုဗောဓိပင်သည် ထိုခဏ၌ သစ်ပင်မင်းကဲ့သို့ ဖြစ်၍တည်၏။
27,103
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကောသလမင်းကြီးသည် တဆယ့်ရှစ်လုံးကုန်သော ကြာညိုလက်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ရွှေအိုး ငွေအိုးတို့ကို နံ့သာရေဖြင့် ပြည့်စေပြီးလျှင် မဟာဗောဓိကို ခြံရံ၍ ရေပြည့်အိုးတို့ကို အစဉ်အတိုင်းထား၏။
27,104
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ရတနာခုနစ်ပါးဖြင့်ပြီးသော ပွတ်တိုင်တို့ကို ပြုစေ၏။
27,105
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ရွှေနှင့်ရောသော သဲကို ကြဲ၏။
27,106
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
တံတိုင်းအရံကို ပြုစေ၏။
27,107
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ရတနာခုနစ်ပါးဖြင့် ပြီးသော တံခါးမုတ်ကို ပြုစေ၏။
27,108
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားသို့ ကပ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားတို့သည် မဟာဗောဓိပင်ရင်း၌ ဝင်စားတော်မူသော သမာပတ်ကို အကျွန်ုပ်စိုကျသော ဗောဓိပင်ရင်း၌ နေတော်မူ၍ လူများ၏ အစီးအပွားအကျိုးငှါ ဝင်စားတော် မူပါကုန်လော့ဟု လျှောက်၏။
27,109
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အာနန္ဒာ အသို့ဆိုသနည်း၊ ငါသည် မဟာဗောဓိပင်ရင်း၌ ဝင်စားတော်မူသော သမာပတ်ကို ဝင်စား၍ နေတော်မူသည်ရှိသော် တပါးသောအရပ်သည် ဆောင်ခြင်းငှါ မတတ်နိုင်ရာဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား လူများ၏ စီးပွားချမ်းသာအကျိုးငှါ ဤမြေအရပ်၏ မြဲသော အမှတ်ရှိသော သမာပတ်ချမ်းသာဖြင့် ထိုဗောဓိပင်ရင်းကို သုံးဆောင်တော် မူပါကုန်ဟု လျှောက်၏။
27,110
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မြတ်စွာဘုရားသည် တညဉ့်ပတ်လုံး သမာပတ်ချမ်းသာကို သုံးဆောင်တော်မူ၏။
27,111
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာမထေရ်သည် ကောသလမင်းကြီး အစရှိသောသူတို့ကို ကြား၍ ဗောဓိပူဇော်ပွဲ မည်သည်ကို ပြု၏။
27,112
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုဗောဓိပင်သည်လည်း အရှင်အာနန္ဒာမထေရ်သည် စိုက်အပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိဟူ၍သာလျင် ထင်ရှား၏။
27,113
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအခါ တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။
27,114
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ငါ့သျှင်တို့ အရှင်အာနန္ဒာမထေရ်သည် ဘုရားသခင်ကိုယ်တော်ထင်ရှားရှိတော်မူစဉ်လျှင် ဗောဓိပင်ကိုစိုက်စေ၍ များစွာသော ပူဇော်ခြင်းကို ပြုစေ၏။
27,115
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အာနန္ဒာ မထေရ်သည် ကျေးဇူးကြီးပေစွဟု စကားကို ဖြစ်စေကုန်၏။
27,116
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် အာနန္ဒာသည် ဗောဓိပင်အား ပူဇော်ခြင်းကို ပြုစေသည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ကျွန်းငယ်အရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့၌ လူတို့ကိုယူ၍ မျာ...
27,117
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမည်သောမင်းသည် မင်းပြု၏။
27,118
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုကာလိင်္ဂမင်းအား မဟာကာလိင်္ဂ, စူဠကာလိင်္ဂဟူ၍ သားနှစ်ယောက်တို့သည် ရှိကုန်၏။
27,119
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
နိမိတ်ဘတ်တတ်ကုန်သော သူတို့သည် သားတော်အကြီး မဟာကာလိင်္ဂမင်းသည် ခမည်းတော်လွန်သဖြင့် မင်းဖြစ်လတ္တံ့၊ သားတော်အငယ် စူဠကာလိင်္ဂ မင်းသားသည် ရသေ့ရဟန်းပြု၍ ဆွမ်းခံ၍ ကျင့်လတ္တံ့၊ ထိုစူဠကာလိင်္ဂ မင်းသား၏ သားတော်သည်ကား စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ဘတ်ကုန်၏။
27,120
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
နောက်အဘို့၌ သားတော်အကြီး မဟာကာလိင်္ဂမင်းသည် ခမည်းတော်လွန်လျှင် မင်းဖြစ်တော်မူ၏။
27,121
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ညီတော် စူဠကာလိင်္ဂ မင်းသားကို အိမ်ရှေ့နှင်းတော်မူ၏။
27,122
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအိမ်ရှေ့မင်းသည် အကြင် ငါ့သားသည်ရှိ၏။
27,123
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုငါ့သားသည် စကြဝတေးမင်းဖြစ်လတ္တံ့သတတ်ဟု သားကိုမှီ၍ ခိုက်ရန်ကိုပြု၍ နောင်တော် မဟာကာလိင်္ဂ မင်းကြီးသည် မကြည်ညိုသည်ဖြစ်၍ ညီတော် စူဠကာလိင်္ဂမင်းသားကို ဘမ်းလေဟု တယောက်သော သူလျှိုကို စေတော်မူ၏။
27,124
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသူလျှိုသည်သွား၍ အရှင်မင်းသား အရှင့်နောင်တော် မင်းကြီးသည် အရှင်မင်းသားကို ဘမ်းလို၏။
27,125
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်မင်းသား၏ အသက်ကို စောင့်ရှောက်တော်မူလော့ဟု လျှောက်၏။
27,126
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုညီတော် အိမ်ရှေ့မင်းသည် မိမိတံဆိပ်ခတ်သော လက်စွပ်တော်ကို၎င်း, သိမ်မွေ့နူးညံ့သော ကမ္ဗလာကို၎င်း, သန်လျက်ကို၎င်း ဤသုံးပါးသော ဥစ္စာလက်နက်တို့ကို မိမိအကျိုးစီးပွားကို ကြဉ်းဆောင်သော အမတ်အား ပြ၍ ဤအမှတ်ဖြင့် ငါ့သားတော်အား မင်းအဖြစ်ကို ပေးကြလေကုန်ဟု မှာထားခဲ့ပြီးလျှင် တောသို့ဝင်၍ မွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ...
27,127
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မဒ္ဒရာဇ်တိုင်း သာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ မိဖုယားကြီးသည် သမီးတော်ကို ဖွား၏။
27,128
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသမီးကို နိမိတ်ဘတ်တတ်ကုန်သော လူတို့သည် ဤမင်းသမီးသည် ဆွမ်းခံ၍ အသက်မွေးလတ္တံ့၊ ထိုမင်းသမီး၏ သားသည်ကား စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ဘတ်ကုန်၏။
27,129
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းတို့သည် ထိုအကြောင်းကို ကြားကုန်လျှင် တပြိုင်နက် လာကုန်၍ သာဂလမြိုကို ဝန်းရံကုန်၏။
27,130
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မဒ္ဒရာဇ်မင်းသည် ကြံ၏။
27,131
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အကယ်၍ ငါသည် တယောက်သောမင်းအား ပေးအံ့၊ ကြွင်းကုန်သော မင်းတို့သည် အမျက်ထွက်ကုန်လတ္တံ့၊ ထို့ကြောင့် ငါ့သမီးကို စောင့်ရှောက်အံ့ဟု ကြံ၏။
27,132
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကြံပြီးလျှင် သမီးတော်ကို၎င်း, မိဖုယားကြီးကို၎င်း၊ ယူ၍ မထင်ရှားသော အသွင်ဖြင့်ပြေး၍ တောသို့ဝင်ပြီးလျှင် စူဠကာလိင်္ဂ မင်းသား၏ကျောင်းမှ အထက်အဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်း ပြုပြီးလျှင် ဆွမ်းခံသဖြင့် အသက်မွေးခြင်းကို ပြုလျက် ထိုကျောင်း၌ နေ၏။
27,133
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မယ်တော် ခမည်းတော်တို့သည် သမီးတော်ကို စောင့်ရှောက်ကုန်အံ့ဟု ထိုသမီးတော်ကို ကျောင်း၌ထား၍ သစ်သီးကြီးငယ်အလို့ငှါ သွားကုန်၏။
27,134
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသမီးတော်သည် မယ်တော် ခမည်းတော်တို့ တောသို့သွားသောအခါ အထူးထူးသော ပန်းတို့ကိုယူ၍ ပန်းကုံးပြီးလျှင် ဂင်္ဂါမြစ်နား၌ စောင်းတန်းအစဉ်ကဲ့သို့ထား၏။
27,135
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
စောင်းတန်း အစဉ်ကဲ့သို့ ကောင်းစွာပွင့်သော သရက်တပင်သည် ရှိ၏။
27,136
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသရက်ပင်သို့တက်၍ ကစားပြီးလျှင် ပန်းကုံးကို ရေ၌ချ၏။
27,137
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုပန်းကုံးသည် တနေ့သောအခါ မျော၍ ဂင်္ဂါ၌ရေချိုးသော စူဠကာလိင်္ဂမင်းသား၏ ဦးခေါင်း၌ငြိ၏။
27,138
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုစူဠကာလိင်္ဂမင်းသားသည် ထိုပန်းကုံးကိုကြည့်၍ ဤပန်းကုံးသည် ပျိုမျစ်နုနယ်သော သတို့သမီးဖြစ်သော တယောက်သော မိန်းမသည် သီကုံးသော ပန်းကုံးတည်း၊ မိန်းမအို သီကုံးသော ပန်းကုံးမဟုတ်၊ ပျိုမျစ်နုနယ်သော မိန်းမငယ်ကို စုံစမ်းအံ့ဟု ကိလေသာ၏အစွမ်းဖြင့် ဂင်္ဂါမြစ်ညာသို့သွား၍ သရက်ပင်၌နေလျက် သာယာစွာသောအသံဖြင့် သီချင်းသီသော မင်းသမီးအသံကိုကြာ...
27,139
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်အကျွန်ုပ်သည် လူမိန်းမတည်းဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ဆင်းလော့ဟုဆို၏။
27,140
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အရှင်မဆင်းနိုင်ပါ၊ အကျွန်ုပ်သည် မင်းသမီးတည်းဟု ဆိုသည်ရှိသော် အမိ ငါသည်လည်း မင်းသားပင်တည်း၊ ဆင်းလော့ဟု ဆိုသည်ရှိသော် အရှင့်သား စကားဖြင့် မင်း မဖြစ်ရာ၊ အကယ်၍ မင်းဖြစ်အံ့၊ မင်း၏မာယာကို ဆိုကုန်အံ့ဟု နှစ်ယောက်ကုန်သော သူတို့သည် အချင်းချင်း မင်း၏ မာယာကို ဆိုကုန်၏။
27,141
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မင်းသမီးသည် သရက်ပင်မှ ဆင်း၏။
27,142
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဆင်းပြီး၍ ထိုနှစ်ယောက်သော သူတို့သည် အချင်းချင်း လွန်ကျူးသောအကျင့်ကို ကျင့်ကုန်၏။
27,143
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသမီးသည် မယ်တော် ခမည်းတော်တို့ တောမှ လာကုန်လတ်သော် ထိုမင်းသား၏ ကာလိင်္ဂမင်း၏ သားတော်အဖြစ်ကို၎င်း, တောသို့ဝင်လာသော အကြောင်းကို၎င်း အကျယ်အားဖြင့် မယ်တော် ခမည်းတော်တို့အား ကြားလျှောက်လေ၏။
27,144
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မယ်တော် ခမည်းတော်တို့သည် ကောင်းပြီဟု ဝန်ခံ၍ ထိုသမီးတော်ကို ကာလိင်္ဂမင်းသားအား ပေးကုန်၏။
27,145
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုနှစ်ယောက်ကုန်သော သူတို့သည် ချစ်သောနေခြင်းဖြင့် နေကုန်စဉ် မင်းသမီးသည် ကိုယ်ဝန်ရ၍ ဆယ်လလွန်သဖြင့် ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသော သားတော်ကို ဖွား၏။
27,146
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသားတော်ကို ကာလိင်္ဂမင်းသားဟူသော အမည်ကို မှည့်ကုန်၏။
27,147
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသားသည် အရွယ်သို့ရောက်လျှင် ခမည်းတော် ဘိုးတော်တို့၏အထံ၌ အလုံးစုံသော အတတ်တို့ကိုသင်၍ အပြီးသို့ ရောက်၏။
27,148
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအခါ ခမည်းတော် စူဠကာလိင်္ဂမင်းသည် နက္ခတ်အယှဉ်၏ အစွမ်းဖြင့် နောင်တော် မဟာကာလိင်္ဂမင်းကြီး နတ်ရွာစံသော အဖြစ်ကိုသိ၍ ချစ်သား သင်ချစ်သားသည် တော၌မနေလင့်၊ မောင့်ဘကြီးတော် မဟာကာလိင်္ဂမင်းကြီးသည် နတ်ရွာလားပြီ၊ သင်ချစ်သားသည် ဒန္တပူရပြည်သို့သွား၍ အဖအမွေဖြစ်သော မိမိပြည်ကို ယူချေလော့ဟုဆို၍ မိမိသည်ဆောင်ခဲ့သော လက်စွပ်ကို၎င်း, ကမ္ဗလ...
27,149
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအမတ်၏အိမ်ဝယ် အိပ်ရာလယ်၌သက်၍ ဤသုံးပါးသော ရတနာတို့ကို ထို အမတ်အားပြ၍ ငါ့သားအဖြစ်ကို ကြားပါလေလော့၊ ထိုအမတ်သည် သင်ချစ်သားကို မင်းအဖြစ်၌ တည်စေလတ္တံ့ဟု မှာ၍ လွှတ်လိုက်၏။
27,150
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသားသည် မယ်တော် ခမည်းတော် ဘိုးတော် ဘွားတော်တို့ကို ရှိခိုး၍ ကောင်းမှုကြောင့်ဖြစ်သော ကြီးစွာသောတန်ခိုးဖြင့် ကောင်းကင်ခရီးဖြင့် သွား၍ ထိုအမတ်၏ အိပ်ရာအပြင်၌လျှင် ဆင်းသက်၍ သင်သည် အဘယ်သူနည်းဟု မေးသည်ရှိသော် စူဠကာလိင်္ဂမင်းသား၏ သားတော်တည်းဟု ကြား၍ ထိုသုံးပါးသော ရတနာတို့ကိုပြ၏။
27,151
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အမတ်သည် မင်းပရိသတ်အား ကြား၏။
27,152
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မှူးမတ်တို့သည် မြို့ကို တန်ဆာဆင်စေပြီးလျှင် ထိုကာလိင်္ဂ မင်းသားအား ထီးဖြူကို ဆောင်နှင်းကြကုန်၏။
27,153
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအခါ ထိုမင်းသားအား ကာလိင်္ဂဘာရဒွါဇ အမည်ရှိသော ပုဏ္ဏားသည် ထိုကာလိင်္ဂ မင်းအား စကြာမင်းတို့၏ ကျင့်ဝတ်ကိုကြား၏။
27,154
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသည် ထိုစကြာမင်းတို့၏ ကျင့်ဝတ်ကို ပြည့်စုံစေ၏။
27,155
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအခါ မင်းအား တဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ စကြာအိုင်မှ စကြာရတနာသည် ရောက်လာ၏။
27,156
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဥပေါသထ ဆင်မျိုးမှ ဆင်ဖြူရတနာသည် ရောက်လာ၏။
27,157
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဝလာဟကမှ မြင်းရတနာသည် ရောက်၏။
27,158
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဝေပုလ္လတောင်မှ ပတ္တမြား ရတနာသည် ရောက်၏။
27,159
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မြောက်ကျွန်းမှ မိဖုယားရတနာသည် ရောက်၏။
27,160
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
သူဌေးကြီးရတနာ, သားကြီးရတနာတို့သည် ထင်ရှားဖြစ်ကုန်၏။
27,161
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုမင်းသည် အလုံးစုံသော စကြဝဠာတိုက်၌ မင်းအဖြစ်ကို ယူပြီးလျှင် တနေ့သ၌ သုံးဆယ့်ခြောက်ယူဇနာရှိသော ပရိသတ်ဖြင့် ခြံရံလျက် ကိုယ်လုံးဖြူသော ကေလာသတောင်ထွဋ်နှင့် တူသော ရတနာဆင်ဖြူတော်ကို စီးတော်မူပြီး၍ ကြီးစွာသော ကြက်သရေ၏ တင့်တယ်စံပယ်ခြင်းဖြင့် မယ်တော် ခမည်းတော်တို့၏ အထံသို့ သွားတော်မူ၏။
27,162
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုသို့ သွားသောအခါ ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်တော်မူရာ ရတနာပလ္လင်တော်ဖြစ်သော မြေ၏ ချက်မအချာ မဟာဗောဓိမဏ္ဍိုင်၏ အထက်အဘို့၌ ထိုမင်း၏ ရတနာဆင်ဖြူတော်သည် သွားခြင်းငှာ မဝံ့၊ မင်းသည် အဖန်တလဲလဲ နှင်တော်မူ၏။
27,163
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ရတနာ ဆင်ဖြူသည်လည်း မသွားဝံ့သည်သာတည်း။
27,164
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
27,165
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၆၇။ ရာဇာ ကာလိင်္ဂေါ စက္ကဝတ္တီ၊ ဓမ္မေန ပထဝိမနုသာသိ။
27,166
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အဂမာသိ ဗောဓိသမီပံ၊ နာဂေန မဟာနုဘာဝေန။
27,167
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။
27,168
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၆၇။ ဘိက္ခဝေ၊ ရဟန်းတို့။
27,169
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကာလိင်္ဂေါ၊ ကာလိင်္ဂအမည်ရှိသော။
27,170
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
စက္ကဝတ္တီ ရာဇာ၊ စကြာမင်းသည်။
27,171
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဓမ္မေန၊ တရားနှင့်အညီ။
27,172
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အနုသာသိ၊ ဆုံးမ၏။
27,173
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
မဟာနုဘာဝေန၊ တန်ခိုးကြီးသော။
27,174
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
နာဂေန၊ ရတနာဆင်ဖြူဖြင့်။
27,175
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဗောဓိသမီပံ၊ ဗောဓိမဏ္ဍိုင်အနီးသို့။
27,176
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
အာဂမာသိ၊ ရောက်လေ၏။
27,177
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအခါ ကာလိင်္ဂစကြာမင်း၏ ပုရောဟိတ်သည် မင်းနှင့်တကွ သွားသည်ဖြစ်၍ ကောင်းကင်၌ ပိတ်ပင်ခြင်းမည်သည် မရှိ၊ အဘယ့်ကြောင့် အရှင်မင်းကြီးသည် ရတနာဆင်ဖြူတော်ကို နှင်ခြင်းငှာ မတတ်နိုင်လေသနည်း၊ စုံစမ်းအံ့ဟု ကောင်းကင်မှသက်လျှင် ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်မြင်တော်မူရာ ရတနာပလ္လင်ဖြစ်သော မြေတို့၏ အချက်အချာဖြစ်သော မ...
27,178
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုဗောဓိမဏ္ဍိုင်ရာဝယ် ရှစ်မင်းပယ်စားရှိသောအရပ်၌ မုတ်ဆိတ်ဆံမျှသော မြက်သည်လည်း မရှိသတတ်၊ ငွေအဆင်းနှင့်တူသော သဲတို့ဖြင့် ကြဲအပ်ကုန်၏။
27,179
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထက်ဝန်းကျင်မှ မြက်နွယ် တောစိုးသစ်ပင်ကြီးတို့သည် ဗောဓိမဏ္ဍိုင်သို့ လကျ်ာရစ်လှည့်သဖြင့် လည်၍ ဗောဓိမဏ္ဍိုင်သို့ ရှေးရှူလျက် တည်ကုန်၏။
27,180
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပုရောဟိတ်ပုဏ္ဏားသည် ထိုအရပ်ကို ကြည့်ရှုပြီး၍ ဤမြေအရပ်သည် ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ အလုံးစုံသော ကိလေသာတို့ကို ပယ်ဖျက်တော်မူရာတည်း၊ ဤမြေအရပ်၏ အထက်အဘို့၌ သိကြားအစရှိကုန်သော သူတို့သည်လည်း သွားခြင်းငှါ မတတ်ကောင်းဟု ကြံ၍ မင်း၏အထံသို့ သွားပြီးလျှင် ဗောဓိမဏ္ဍိုင်၏ ကျေးဇူးကိုကြား၍ မင်းကို ရတနာဆင်တော်မှ သက်တော်မူလော့ဟု ကြား...
27,181
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-
27,182
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၆၈။ ကာလိင်္ဂေါ ဘာရဒွါဇော စ၊ရာဇာနံ ကာလိင်္ဂံ သမဏကောလညံ။
27,183
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
စက္ကံ ဝတ္တယတော ပရိဂ္ဂဟေတွာ၊အဉ္စလီ ဣဒမဝေါစ။
27,184
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၆၉။ ပစ္စောရောဟ မဟာရာဇ၊ ဘူမိဘာဂေါ ယထာ သမဏုဂ္ဂတော။
27,185
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဣဓ အနဓိဝရာ ဗုဒ္ဓါ၊ အဘိသမ္ဗုဒ္ဓါ ဝိရောစန္တိ။
27,186
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၀။ ပဒက္ခိဏတော အာဝဋ္ဋာ၊တိဏလတာ အသ္မိံ ဘူမိဘာဂသ္မိံ။
27,187
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပထဝိယာ နာဘိယံ မဏ္ဍောဖဣတိ နော သုတံ မန္တေ မဟာရာဇ။
27,188
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၁။ သာဂရပရိယန္တာယ၊ မေဒနိယာ သဗ္ဗဘူတဓရဏိယာ။
27,189
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပထဝိယာယံ မဏ္ဍော စ၊ ဩရောဟိတွာ နမော ကရောဟိ။
27,190
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၂။ ယေတေ ဘဝန္တိ နာဂါ စ၊ အဘိဇာတာ စ ကုဉ္ဇရာ။
27,191
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဧတ္တာဝတာ ပဒေသန္တေ၊ နာဂါ နေဝ မုပယန္တိ။
27,192
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၃။ အဘိဇာတော နာဂေါ ကာမံ၊ ပေသေသိ ကုဉ္ဇရံ ဒန္တိံ။
27,193
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဧတ္တာဝတာ ပဒေသော စ၊ န သက္ကာ နာဂေန မုပဂန္တုံ။
27,194
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၄။ တံ သုတွာ ရာဇာ ကာလိင်္ဂေါ၊ဝေယျဉ္ဇနိကဝစော နိသာမေတွာ။
27,195
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
သံပေသေသိ နာဂံ ဉဿာမ၊မယံ ယထိမဿိဒံ ဝစနံ။
27,196
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
၇၅။ သမ္ပေသိတောဝ ရညာ နာဂေါ၊ကောဉ္ဇောဝ အဘိနဒိတွာန။
27,197
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ပဋိဩသက္ကိတွာ နိသီဒိ၊ဂရုံ ဘာရံဝ အသဟမာနော။
27,198
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။
27,199
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ဘာရဒွါဇော၊ ဘာရဒွါဇ အနွယ်ဖြစ်သော။
27,200
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလိင်္ဂဗောဓိဇာတ်
ကလိင်္ဂေါ၊ ကာလိင်္ဂမင်း ပုရောဟိတ်သည်။