id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
27,301 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သင်္ကမိ၊ ပြောင်း၏။ |
27,302 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ရညာ၊ မင်းသည်။ |
27,303 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သင်္ကန္တေန၊ ပြောင်းလတ်သော်။ |
27,304 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | နာဂေါ၊ သေသောဆင်သည်။ |
27,305 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | တတ္ထေဝ၊ ထိုအရပ်၌လျှင်။ |
27,306 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဘူမျာ၊ မြေ၌။ |
27,307 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပတိတော၊ ကျ၏။ |
27,308 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဝေယျဉ္ဇနိကဝစော၊ သဒ္ဒါတတ်သော ပုဏ္ဏားဆို၏။ |
27,309 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | တထာ၊ ထိုပုဏ္ဏားဆိုတိုင်း။ |
27,310 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အဟု၊ ဖြစ်၏။ |
27,311 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ထိုအခါ ကာလိင်္ဂမင်းသည် ကောင်းကင်မှ ဆင်းသက်ပြီးလျှင် ဗောဓိမဏ္ဍိုင်ကိုကြည့်၍ တန်ခိုးပြာဋိဟာကို မြင်ရလျှင် ဘာရဒွါဇပုဏ္ဏားအား ချီးမွမ်းခြင်းကို ပြုလိုရကား- |
27,312 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၇၈။ ကာလိင်္ဂေါ ရာဇာ ကလိင်္ဂံ၊ ဗြာဟ္မဏံ ဣဒမဝေါစ။ |
27,313 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | တွမေဝ အဘိသမ္ဗုဒ္ဓေါ၊ သဗ္ဗညူ သဗ္ဗဒဿာဝီ။ |
27,314 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၇၈။ ကာလိင်္ဂေါ၊ ကာလိင်္ဂမည်သော။ |
27,315 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ရာဇာ၊ မင်းသည်။ |
27,316 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ကာလိင်္ဂံ၊ ကာလိင်္ဂဘာရဒွါဇမည်သော။ |
27,317 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ |
27,318 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အဝေါစ၊ ဆို၏။ |
27,319 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | တွံ၊ သင်သည်ပင်လျှင်။ |
27,320 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သဗ္ဗညူ၊ ခပ်သိမ်းသော တရားကိုသိသော။ |
27,321 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သဗ္ဗဒဿာဝီ၊ ခပ်သိမ်းသော တရားကိုမြင်သော။ |
27,322 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အဘိသမ္ဗုဒ္ဓေါ၊ ဘုရားသည်။ |
27,323 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အသိ၊ ဖြစ်သလော။ |
27,324 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဘာရဒွါဇပုဏ္ဏားသည် ထိုစကားကို ဝန်မခံနိုင်၍ မိမိကိုယ်ကို နိမ့်သောအရာ၌ထားသဖြင့် ဘုရားတို့ကိုသာလျှင် ချီးမွမ်း၏။ |
27,325 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ထိုအကြောင်းကို ထင်ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်- |
27,326 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၇၉။ တံ အနဓိဝါသေန္တော ကာလိင်္ဂံ၊ဗြာဟ္မဏော ဣဒမဝေါစ။ |
27,327 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဝေယျဉ္ဇနိကာဟိ မယံ၊ဗုဒ္ဓါ သဗ္ဗညူ နော မဟာရာဇ။ |
27,328 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၀။ သဗ္ဗညူ သဗ္ဗဝိဒူ စ၊ ဗုဒ္ဓါ န လက္ခဏေန ဇာနန္တိ။ |
27,329 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အာဂမဗလသာ ဟိ မယံ၊ ဗုဒ္ဓါ သဗ္ဗံ ပဇာနန္တိ။ |
27,330 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။ |
27,331 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ |
27,332 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အနဓိဝါသေန္တော၊ သည်းမခံဘဲ။ |
27,333 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဗြာဟ္မဏော၊ ဘာရဒွါဇပုဏ္ဏားသည်။ |
27,334 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ကာလိင်္ဂံ၊ ကာလိင်္ဂမင်းကို။ |
27,335 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | မယံ၊ အကျွန်ုပ်တို့သည်။ |
27,336 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဝေယျဉ္ဇနိကာဟိ၊ လောကီ သဒ္ဒါကျမ်းတို့ဖွင့်သာလျှင်။ |
27,337 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဇာနာမ၊ သိကုန်၏။ |
27,338 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဗုဒ္ဓါ၊ သုတဗုဒ္ဓမည်ကုန်၏။ |
27,339 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | နော သဗ္ဗညူ၊ သဗ္ဗညူဘုရားမဟုတ်ကုန်။ |
27,340 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၀။ သဗ္ဗညူ၊ သဗ္ဗညူဘုရားရှင်တို့သည်။ |
27,341 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သဗ္ဗဝိဒူ၊ အလုံးစုံသောတရားကို သိတော်မူကုန်၏။ |
27,342 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဗုဒ္ဓါ၊ သဗ္ဗညူဘုရားရှင်တို့သည်။ |
27,343 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | လက္ခဏေန၊ လက္ခဏာကျမ်းဖြင့်။ |
27,344 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | န ဇာနန္တိ၊ သိတော်မူသည် မဟုတ်ကုန်။ |
27,345 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အာဂမဗလသာဟိ၊ အာဂုံအတတ်၏ အစွမ်းဖြင့်သာလျှင်။ |
27,346 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သဗ္ဗံ၊ အလုံးစုံသော တရားကို။ |
27,347 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပဇာနန္တိ၊ အပြားအားဖြင့် သိတော်မူကုန်၏။ |
27,348 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ကာလိင်္ဂမင်းသည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတို့ကို ကြားရလျှင် နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ အလုံးစုံသော စကြဝဠာတိုက်၌ နေကုန်သောသူတို့ကို များစွာသော ပန်းနံ့သာကို ဆောင်စေ၍ မဟာဗောဓိမဏ္ဍိုင်၌ ခုနစ်ရက်ပတ်လုံး မဟာဗောဓိအား ပူဇော်ခြင်းကို ပြုစေ၏။ |
27,349 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်- |
27,350 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၁။ မမာယိတွာန တံ ဗောဓိံ၊ နာနာတူရိယေဟိ ဝဇ္ဇမာနေဟိ။ |
27,351 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | မာလာဝိလေပနံ အဘိဟရိတွာ၊ အထ ရာဇာ မနုပါယာသိ။ |
27,352 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၂။ သဋ္ဌိ ဝါဟသဟဿာနိ၊ ပုပ္ဖာနံ သန္နိပါတယိ။ |
27,353 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပူဇေသိ ရာဇာ ကာလိင်္ဂေါ၊ ဗောဓိမဏ္ဍမနုတ္တရံ။ |
27,354 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဟောတော်မူ၏။ |
27,355 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၁။ ဘိက္ခဝေ၊ ရဟန်းတို့။ |
27,356 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ရာဇာ၊ ကာလိင်္ဂမင်းသည်။ |
27,357 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဝဇ္ဇမာနေဟိ၊ တီးမှုတ်အပ်ကုန်သော။ |
27,358 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | နာနာတူရိယေဟိ၊ အထူးထူးအပြားပြားသော တီးမှုတ်မျိုးတို့ဖြင့်။ |
27,359 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | တံ ဗောဓိံ၊ ထိုမဟာဗေဓိကို။ |
27,360 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | မမာယိတွာန၊ မြတ်နိုးတနာပြု၍။ |
27,361 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | မာလာဝိလေပနံ၊ ပန်းနံ့သာပျောင်းကို။ |
27,362 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အဘိဟရိတွာ၊ ဆောင်စေ၍။ |
27,363 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပစ္ဆာ၊ ထို့နောင်မှ။ |
27,364 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အနုပါယာသိ၊ သွားလေ၏။ |
27,365 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ၈၂။ ကာလိင်္ဂရာဇာ၊ ကာလိင်္ဂမင်းသည်။ |
27,366 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပုပ္ဖာနံ၊ ပန်းတို့၏။ |
27,367 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သဋ္ဌိဝါဟသဟဿာနိ၊ ဝါဟခြောက်သောင်းတို့ကို။ |
27,368 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | သန္နိပါတယိ၊ စုရုံးစေ၏။ |
27,369 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ကာလိင်္ဂါရာဇာ၊ ကာလိင်္ဂမင်းသည်။ |
27,370 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | အနုတ္တရံ၊ အတုမရှိသော။ |
27,371 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်ကို။ |
27,372 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပူဇေသိ၊ ပူဇော်စေ၏။ |
27,373 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဤသို့ မဟာဗောဓိအား ပူဇော်ခြင်းကိုပြု၍ မယ်တော် ခမည်းတော် ဘိုးတော်, ဘွားတော်တို့ကိုယူ၍ ဒန္တပူရ နေပြည်တော်သို့ ဆောင်ခဲ့ပြီးလျှင် ဒါနအစရှိသော ကေင်းမှုတို့ကို ပြု၍ တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။ |
27,374 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် အာနန္ဒာသည် ဗောဓိမဏ္ဍိုင်အား ပူဇော်ခြင်းကို ပြုစေသည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ဗောဓိပင်အား ပူဇော်ခြင်းကို ပြုစေဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ကာလိင်္ဂမင်းသားငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကာ... |
27,375 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ပူဇော်ထိုက်က၊ ပူဇော်ရ၊ မုချမင်္ဂလာ |
27,376 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာလိင်္ဂဗောဓိဇာတ် | ခြောက်ခုမြောက်ဖြစ်သော ကာလိင်္ဂဗောဓိဇာတ်သည် ပြီး၏။ |
27,377 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ၁။ ကာသာဝဇာတ် |
27,378 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဆင်မင်း နှင့် မုဆိုး |
27,379 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိက္ကသာဝေါ ကာသာဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာသာဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
27,380 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ |
27,381 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | တပါးသောအခါ၌ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် ငါးရာကုန်သော ရဟန်းအပေါင်းတို့နှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ |
27,382 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဒေဝဒတ်သည်လည်း မိမိအားလျော်သော သီလမရှိသော ပရိသတ်နှင့်ခြံရံလျက် ဂယာသီသ၌ နေ၏။ |
27,383 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုအခါ ရာဇဂြိုဟ်ပြည်၌ နေကုန်သောသူတို့သည် ဆန္ဒကို တပေါင်းတည်း ပြုကုန်၍ အလှူကို စီရင်ကုန်၏။ |
27,384 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုအခါ၌ တယောက်သော ကုန်ပြုအံ့သောငှါလာသော ကုန်သည်သည် ဤပုဆိုးကို စွန့်ကုန်၍ ငါ့ကိုလည်း ကုသိုလ်၏အဘို့ရှိသည်ကို ပြုပါကုန်လောဟု များစွာအဘိုးထိုက်သော မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို ပေး၏။ |
27,385 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ပြည်သူတို့သည် အလှူကြီးကို ဖြစ်စေကုန်၏။ |
27,386 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အလုံးစုံသော အလှူဝတ္ထုသည် ဆန္ဒတူသောအားဖြင့် စုရုံးအပ်ကုန်သော အသပြာတို့ဖြင့်သာလျှင် ပြီး၏။ |
27,387 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုမွှေးသော အနံ့ရှိသောပုဆိုးသည် လွန်ကဲသည်ဖြစ်၏။ |
27,388 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | လူများသည် စည်းဝေးကုန်၍ မွှေးကြိုင်သောပုဆိုးသည် လွန်ကဲ၏။ |
27,389 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အဘယ်အရှင်အား လှူရကုန်အံ့နည်း သာရိပုတ္တရာမထေရ်အားတည်း လှူရကုန်အံ့လော၊ ထိုသို့မဟုတ်မူကား အရှင်ဒေဝဒတ်အားတည်း လှူရကုန်အံ့လောဟု စည်းဝေးတိုင်ပင်ကြကုန်၏။ |
27,390 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုအစည်းအဝေး၌ အချို့ကုန်သော သူတို့သည် သာရိပုတ္တရာ မထေရ်အားလှူကုန်အံ့ဟု ဆိုကုန်၏။ |
27,391 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | တပါးကုန်သော သူတို့သည် သာရိပုတ္တရာမထေရ်သည် နှစ်ရက် သုံးရက်နေ၍ အလိုအလျောက် သွားလိမ့်မည် သတည်း၊ အရှင်ဒေဝဒတ်သည်တမူကား အမြဲငါတို့၏ မြို့ကိုသာလျှင် အမှီပြု၍ နေကုန်လတ္တံ့ သတည်း၊ သေရှင်မှုတို့၌ အရှင်ဒေဝဒတ်သည်သာလျှင် ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့၊ ဒေဝဒတ်အား လှူကုန်အံ့ဟု ဆိုကြကုန်၏။ |
27,392 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အကြိမ်များစွာ ဆိုကုန်သော်လည်း အရှင်ဒေဝဒတ်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ |
27,393 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုအခါ၌ ထိုမွှေးကြိုင်သောပုဆိုးကောင်းကို ဒေဝဒတ်အား လှူကုန်၏။ |
27,394 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုပုဆိုးကိုဖြတ်၍ စနစ်ကို ချုပ်စေ၍ ဆိုးစေ၍ ရွှေပြားအဆင်းနှင့်တူသော အဆင်းရှိသည်ကိုပြု၍ ရုံ၏။ |
27,395 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုကာလ၌ သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်မှ ထွက်ကုန်၍ သာဝတ္ထိပြည်သို့ လာလတ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိကုန်သည်ဖြစ်၍ ထိုအကြောင်းကို ကြားကုန်၍ အရှင်ဘုရား ဤသို့ဒေဝဒတ်သည် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ် ဖြစ်သော သင်္ကန်းကို ရုံ၏ဟု လျှောက်ကုန်၏။ |
27,396 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုဝတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
27,397 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဆင်မျိုး၌ဖြစ်၍ တောနက်ရာ၌ နေ၏။ |
27,398 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုအခါ၌ တယောက်သော ဗာရာဏသီပြည်၌နေသော ဆင်းရဲသောလူသည် ဆင်စွယ်လုပ်ကုန်သောသူတို့၏လမ်းခရီး၌ ဆင်စွယ်တို့ကို ဆင်စွယ်လက်ကောက် အစရှိသည်တို့ကို လုပ်အပ်ကုန်သည်တို့ကိုမြင်၍ အရှင်တို့ ဆင်စွယ်တို့ကို ရကုန်သော် ယူကြကုန်လတ္တံ့ လောဟု မေး၏။ |
27,399 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုဆင်စွယ်သွားတို့သည် ယူကြကုန်အံ့ဟု ဆိုကုန်၏။ |
27,400 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုဆင်းရဲသောယောက်ျားသည် ကောင်းပြီဟု လက်နက်ကိုယူ၍ ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်လျက် ဗုဒ္ဓအသွင်ကို ယူ၍ ဦးခေါင်းကိုခြုံ၍ ဆင်တို့၏ခရီး၌ရပ်၍ လက်နက်ဖြင့် ဆင်ကိုသတ်၍ အစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်၌ ရောင်းလျက် အသက်မွေးခြင်းကို ပြု၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.