id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
27,401 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုယောက်ျားသည် နောက်အဘို့၌ ဘုရားလောင်း၏ အခြံအရံဖြစ်ကုန်သော ဆင်တို့တွင် အလုံးစုံသောဆင်တို့၏ နောက်ဆုံးဖြစ်သော ဆင်ကိုသတ်အံ့သောငှါ အားထုတ်၏။ |
27,402 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဆင်တို့သည် နေ့တိုင်း နေ့တိုင်း လျော့ကုန်သည်ရှိသော် အဘယ် အကြောင်းကြောင့်လျှင် ဆင်တို့သည် လျော့ကုန်ဘိသနည်းဟု ဘုရားလောင်းအား ကြားလျှောက်ကုန်၏။ |
27,403 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဘုရားလောင်းသည် စုံစမ်းသည်ရှိသော် ပစ္စေကဗုဒ္ဓါ၏ အသွင်ကိုယူ၍ ဆင်တို့သွားရာလမ်းနား၌ ယောက်ျားတယောက်သည် ရှိ၏။ |
27,404 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုယောက်ျားသည် သတ်လေသလော၊ ထိုယောက်ျားကို စုံစမ်းအံ့ဟု တနေ့သ၌ အခြံအရံ ဖြစ်ကုန်သော ဆင်တို့ကိုရှေ့ထား၍ မိမိသည် နောက်မှလိုက်၏။ |
27,405 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ထိုယောက်ျားသည် ဘုရားလောင်းကိုမြင်၍ လက်နက်ကိုကိုင်၍ ပြေးလာ၏။ |
27,406 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဘုရားလောင်းသည် ပြန်လည်တည့်၍ ကြည့်လျက် ထိုယောက်ျားကို မြေ၌ရိုက်ပုတ်၍ သတ်အံ့ဟု နှာမောင်းကိုဆန့်၍ ထိုယောက်ျားသည် ဝတ်အပ်ကုန်သော သင်္ကန်းတို့ကိုမြင်၍ ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်ကို ငါသည် အလေးအမြတ် ပြုအံ့သောငှါ သင့်၏ဟု နှာမောင်းကို တဖန် သိမ်းဆည်းပြန်၍ အို ယောက်ျား ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်သည် သင့်အာ... |
27,407 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ၁၄၁။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။ |
27,408 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။ |
27,409 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။ |
27,410 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝ မရဟတိ။ |
27,411 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ၁၄၁။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ |
27,412 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အနိက္ကသာဝေါ၊ မနှင်ထုတ်အပ်သော တထောင့်ငါးရာ ကိလေသာရှိထသော။ |
27,413 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟုဆိုအပ်သော ဒမ, နိဗ္ဗာန်ဟုဆိုအပ်သော ပရမတ္ထသစ္စာမှ။ |
27,414 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | တနည်းကား ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ, လေးပါး အပြားရှိသော သစ္စာမှ။ |
27,415 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အပေတော၊ ကင်းသော။ |
27,416 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ကာသာဝံ၊ ဖန်ရည်စွန်းသော။ |
27,417 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဝတ္ထံ၊ သင်္ကန်းတော်ကို။ |
27,418 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ပရိဒဟိဿတိ၊ ဝတ်ရုံဘိ၏။ |
27,419 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ |
27,420 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ကာသာဝံ၊ သင်္ကန်းကို။ |
27,421 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | န အရဟတိ၊ မဝတ်ရုံထိုက်။ |
27,422 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ၁၄၂။ ယော စ၊ အကြင် ပုဂ္ဂိုလ်သည်ကား။ |
27,423 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဝန္တကသာဝဿ၊ အန်အပ်ပြီးသော တထောင့်ငါးရာ ကိလေသာရှိသော ပုဂ္ဂိုလ်မြတ်၏။ |
27,424 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | သီလေသု၊ မဂ်ဖိုလ်သီလတို့၌။ |
27,425 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | သုသမာဟိတော၊ ကောင်းစွာ ဆောင်ရွက်၍ ထားဘိသကဲ့သို့ တည်၏။ |
27,426 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဒမသစ္စေန၊ ဣန္ဒကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ နိဗ္ဗာန်ဟု ဆိုအပ်သော ပရမတ္ထသစ္စာနှင့်လည်း။ |
27,427 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဥပေတော၊ ပြည့်စုံ၏။ |
27,428 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ကာသာဝံ၊ သင်္ကန်းတော်ကို။ |
27,429 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | အရဟတိ၊ ဝတ်ရုံထိုက်၏။ |
27,430 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဤသို့ ဘုရားလောင်းသည် ထိုယောက်ျားအား ဤအကြောင်းကို ဆို၍ ဤနေ့မှစ၍ ဤအရပ်သို့ မလာလင့်၊ အကယ်၍ လာအံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ခြိမ်းချောက်၍ ပြေးစေ၏။ |
27,431 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆင်သတ်သော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင်အပေါင်းတို့၏ အကြီးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
27,432 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | မတန်သည့်ဟာ၊ မသုံးရာ၊ စိတ်မှာခွဲဝေချင့် |
27,433 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာသာဝဇာတ် | ရှေးဦးစွာသော ကာသာဝဇာတ်သည် ပြီး၏။ |
27,434 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၉။ ကာဠဗာဟုဇာတ် |
27,435 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | တောတွင်း မောင်ညို |
27,436 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ အန္နပါနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ဒေဝဒတ်သည် ဘုရားအား အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့၍ လေးသ္မားတို့ကို စေလွှ... |
27,437 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ထိုအခါ လူတို့သည် ဒေဝဒတ်အား အမြဲတည်အပ်သော ဆွမ်းဝတ်တို့ကို မတည်ကုန်၊ မင်းသည်လည်း ထိုဒေဝဒတ်ကို မကြည်ညို၊ ဒေဝဒတ်သည် ပျောက်သော လာဘသက္ကာရရှိသည်ဖြစ်၍ ဒါယကာတို့၌ တောင်း၍ စားလျက် လှည့်လည်၏။ |
27,438 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ဖြစ်ပြီးသော လာဘသက္ကာရကို အမြဲတည်စိမ့်သောငှာ မတတ်နိုင်ကုန်ဟု စကားကိုဖြစ်စေကုန်၏။ |
27,439 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပျောက်သော လာဘသက္ကာရရှိသည် မဟုတ်သေး၊ ရှေး၌လည်း ပျောက်သော လာဘသက္ကာရရှိသည်သာလျှင် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်... |
27,440 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဓနဉ္စယမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရာဓမည်သော ကျေးဖြစ်၏။ |
27,441 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ကြီးသော ပြည့်ဖြိုးသော ကိုယ်ရှိ၏။ |
27,442 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ညီတော်သည်ကား ပေါဋ္ဌပါဒ မည်၏။ |
27,443 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | တယောက်သော မုဆိုးသည် ကျေးညီနောင်တို့ကို ဖမ်းယူ၍ တန်ဆာဆင်၍ ဗာရာဏသီမင်းအား ဆက်၏။ |
27,444 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | မင်းသည် ကျေးညီနောင်တို့ကို ရွှေချိုင့်၌ထား၍ ရွှေခွက်ဖြင့် ပျားရည်, ပေါက်ပေါက်တို့ကို စားစေလျက် သကြားရည်တို့ကို သောက်စေလျက် မွေး၏။ |
27,445 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | များမြတ်သော ပူဇော်သက္ကာရသည် ဖြစ်၏။ |
27,446 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ထိုအခါ တယောက်သော မုဆိုးသည် ကာဠဗာဟုမည်သော တခုသော မျောက်ညိုကြီးကို ဆောင်၍ ဗာရာဏသီမင်းအား ဆက်၏။ |
27,447 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ထိုကာဠဗာဟုမျောက်ညိုကြီးအား နောက်မှလာသည်၏ အဖြစ်ကြောင့် အလွန်များသော လာဘသက္ကာရသည် ဖြစ်၏။ |
27,448 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ကျေးသားတို့အား လာဘသက္ကာရသည် ပြတ်၏။ |
27,449 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် တစုံတခုကို မဆို၊ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့် မျောက်အားဖြစ်သော လာဘသက္ကာရကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုကြီး ဤမင်းအိမ်၌ ကောင်းသော အရသာရှိကုန်သော ခဲဘွယ် အစရှိသည်တို့ကို ရှေး၌ ကျွန်ုပ်တို့အားသာလျှင် ပေးကုန်၏။ |
27,450 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ယခု အကျွန်ုပ်တို့သည် မရကုန်၊ ကာဠဗာဟု မျောက်အားသာလျှင် ပေးကုန်၏။ |
27,451 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဓနဉ္စယမင်း၏ အထံမှ လာဘသက္ကာရကို မရကုန်၊ ဤအရပ်၌ ငါတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း၊ လာလော့ တောသို့သာလျှင် သွား၍နေကုန်အံ့ဟု ရာဓကျေးနှင့်တကွ စကား ပြောလိုရကား- |
27,452 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၁၃။ ယံ အန္နပါနဿ ပုရေ လဘာမ၊တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။ |
27,453 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဂစ္ဆာမ ဒါနိ ဝနမဝေ ရာဓ၊အသက္ကတာ စသ္မ ဓနဉ္စယာယ။ |
27,454 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။ |
27,455 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၁၃။ ဘာတိက၊ အစ်ကို။ |
27,456 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အဿ၊ ထိုဓနဉ္စယမင်း၏။ |
27,457 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | သန္တိကာ၊ အထံမှ။ |
27,458 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ယံ အန္နပါနံ၊ အကြင် ထမင်းအဖျော်ကို။ |
27,459 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ပုရေ၊ ရှေး၌။ |
27,460 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | လဘာမ၊ ရကုန်၏။ |
27,461 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | တံ အန္နပါနံ၊ ထိုထမင်း အဖျော်သည်။ |
27,462 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | သာခါမိဂမေဝ၊ မျောက်သို့သာလျှင်။ |
27,463 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဂစ္ဆတိ၊ ရောက်၏။ |
27,464 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ရာဓ၊ အစ်ကိုရာဓ။ |
27,465 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဓနဉ္စယာယ၊ ဓနဉ္စယမင်းမှ။ |
27,466 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အသက္ကတာ၊ ပူဇော်သက္ကာရကို မရကုန်သည်။ |
27,467 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အသ္မ၊ ဖြစ်ကုန်၏။ |
27,468 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဣဒါနိ၊ ယခုအခါ ၌။ |
27,469 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဝနမဝေ၊ တောသို့သာလျှင်။ |
27,470 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဂစ္ဆာမ၊ သွားကြ ကုန်အံ့။ |
27,471 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ထိုစကားကိုကြား၍ ရာဓကျေးသည်- |
27,472 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၁၄။ လာဘော အလာဘော ယသော အယသော စ၊နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။ |
27,473 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။ |
27,474 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၁၄။ ပေါဋ္ဌပါဒ၊ ညီထွေး ပေါဋ္ဌပါဒ။ |
27,475 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | မနုဇေသု၊ လူတို့၌။ |
27,476 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | လာဘော၊ လာဘ်ရခြင်း။ |
27,477 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အလာဘော၊ လာဘ်မရခြင်း။ |
27,478 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ယသော၊ စည်းစိမ် အခြံအရံများခြင်း။ |
27,479 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အယသော၊ စည်းစိမ်အခြံအရံမရှိခြင်း။ |
27,480 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | နိန္ဒာ၊ ကဲ့ရဲ့ခြင်း။ |
27,481 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ပသံသာ စ၊ ချီးမွမ်းခြင်း။ |
27,482 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | သုခဉ္စ၊ ချမ်းသာခြင်း။ |
27,483 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဒုက္ခံ၊ ဆင်းရဲခြင်း။ |
27,484 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဧတေ ဓမ္မာ၊ ဤလောကဓံတရား ရှစ်ပါးတို့သည်။ |
27,485 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အနိစ္စာ၊ အမြဲမရှိကုန်။ |
27,486 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | မာ သောစိ၊ မစိုးရိမ်လင့်။ |
27,487 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ကိံ သောစသိ၊ အဘယ့်ကြောင့် စိုးရိမ်သနည်း။ |
27,488 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ထိုစကားကိုကြား၍ ညီငယ်ပေါဋ္ဌပါဒသည် မျောက်၌ ငြူစူခြင်းကို ပယ်ခြင်းငှါ မတတ်နိုင်ရကား- |
27,489 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၀၅။ အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊ဇာနာသိ အတ္ထာနိ အနာဂတာနိ။ |
27,490 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ကထံနု သာခမိဂံ ဒက္ခိဿာမ၊နိဒ္ဓါဝိတံ ရာဇကုလတောဝ ဇမ္မံ။ |
27,491 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ၁၁၅။ ရာဓ၊ အစ်ကို ရာဓ။ |
27,492 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ပဏ္ဍိတကော၊ ပညာရှိသည်။ |
27,493 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အနာဂတာနိ၊ မရောက်လာကုန်သေးသော။ |
27,494 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | အတ္ထာနိ၊ အကျိုးတို့ကို။ |
27,495 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဇာနာသိ၊ သိ၏။ |
27,496 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ကထံနု၊ အဘယ်အကြောင်းဖြင့်။ |
27,497 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ဇမ္မံ၊ ယုတ်မာသော။ |
27,498 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | သာခမိဂံ၊ မျောက်ကို။ |
27,499 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | ရာဇကုလတောဝ၊ မင်းအိမ်မှလျှင်။ |
27,500 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာဠဗာဟုဇာတ် | နိဒ္ဓါဝိတံ၊ နှင်ထုတ်စေအပ်သည်ကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.