id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,501
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဒက္ခိဿာမ၊ မြင်ရကုန်အံ့နည်း။
27,502
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ထိုစကားကို ကြား၍ နောင်တော်ရာဓသည်-
27,503
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
၁၁၆။ စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
27,504
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
သယမေဝ တံ ကာဟတိ ကာဠဗာဟုယေနာရကာ ဌဿတိ အန္နပါနာ။
27,505
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
၁၁၆။ ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ။
27,506
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကာဠဗာဟု၊ ကာဠဗာဟု မျောက်သည်။
27,507
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကဏ္ဏံ၊ နားကို။
27,508
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
စာလေတိ၊ လှုပ် လှက်၏။
27,509
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဘကုဋိံ၊ မျက်မှောင် ကြုတ်ခြင်းကို။
27,510
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကရောတိ၊ ပြု၏။
27,511
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
မုဟုံ မုဟုံ၊ ရုတ်ချည်း ရုတ်ချည်း။
27,512
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကုမာရေ၊ မင်းသားငယ်တို့ကို။
27,513
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဘာယယတေ၊ လန့်စေ၏။
27,514
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ယေန၊ အကြင်အကြောင်းဖြင့်။
27,515
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
အန္နပါနာ၊ ထမင်းအဖျော်မှ။
27,516
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
အာရကာ၊ ဝေးစွာ။
27,517
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဌဿတိ၊ တည်လတ္တံ့။
27,518
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဧတံ၊ ထိုအကြောင်းကို။
27,519
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
သယံ၊ မိမိသည်။
27,520
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကာဠဗာဟု မျောက်သည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှ နား, နှာခေါင်း လှုပ်ခြင်းအစရှိသည်တို့ကို ပြုလျက် မင်းသားငယ်တို့ကို ချောက်၏။
27,521
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
မင်းသားငယ်တို့သည်လည်း ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။
27,522
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
မင်းသည် အဘယ် အကြောင်းနည်းဟု မေး၏။
27,523
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကို ထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။
27,524
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကျေးသားတို့အား တဖန် ပကတိ လာဘသက္ကာရသည် ဖြစ်၏။
27,525
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠဗာဟုမျောက် ဖြစ်ဘူးပြီး၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓကျေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
27,526
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကိုယ်၏လာဘ်သပ်၊ ဒေဝဒတ်၊ ကိုယ်ဖြတ် လေတော့သည်
27,527
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာဠဗာဟုဇာတ်
ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠဗာဟုဇာတ်သည် ပြီး၏။
27,528
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ယမကဝဂ် ၄။
27,529
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကာဠီ ဘီလူးမဝတ္ထု
27,530
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
န ဟိ ဝေရေန အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမမြုံကို အကြောင်းပြု၍ ဟောတော်မူ၏။
27,531
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ရန်ဘက်သံသရာလည်ခြင်း၏ အစ
27,532
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တစ်ယောက်သော သူကြွယ်သားသည် အဘသေသည်ရှိသော် လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း အလုံးစုံသော ကိစ္စတို့ကို မိမိတစ်ယောက်တည်းသာလျှင် ပြုလျက် မိခင်ကို လုပ်ကျွေးလေ၏။
27,533
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ထိုသူကြွယ်သား၏ မိခင်သည် “ချစ်သား- သင့်အတွက် သတို့သမီးတစ်ယောက် ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။
27,534
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
“မိခင်- ဤသို့ မဆိုပါလင့်၊ အကျွန်ုပ်သည် အသက်ထက်ဆုံး မိခင်တို့ကို လုပ်ကျွေးပါအံ့”ဟု ဆိုလတ်သော် မိခင်သည် “ချစ်သား- လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း ပြုဖွယ်ကိစ္စတို့ကို သင်သာလျှင် ပြုရ၏။
27,535
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထို့ကြောင့် ငါ့အား စိတ်ချမ်းသာခြင်းမည်သည် မဖြစ်၊ ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။
27,536
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသူကြွယ်သားသည် အဖန်တလဲလဲ ပယ်ပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
27,537
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုမိခင်သည် တစ်ယောက်သော အမျိုးသမီးကို အိမ်သို့ ဆောင်ခြင်းငှာ အိမ်မှ ထွက်သွားလေ၏။
27,538
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ မိခင်ကို သားသည် “အဘယ်အမျိုးအိမ်သို့ သွားအံ့နည်း”ဟု မေး၍ “ဤမည်သော အမျိုးအိမ်သို့ သွားအံ့”ဟု ဆိုသည်ရှိသော် ထိုအမျိုးအိမ်သို့ သွားခြင်းကို တားမြစ်၍ မိမိ ကြိုက်နှစ်သက်သော အမျိုးကို ညွှန်ကြားလေ၏။
27,539
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မိခင်သည်လည်း ညွှန်ကြားသော အမျိုးသမီးအိမ်သို့ သွား၍ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆို နေ့ရက်ကို မှတ်သားပြီးလျှင် ထိုသတို့သား၏အိမ်သို့ ဆောင်ခဲ့၍ နေစေလေ၏။
27,540
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသတို့သမီးငယ်သည်ကား မြုံခဲ့လေ၏။
27,541
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ သူကြွယ်သားကို မိခင်သည် “ချစ်သား- သင်သည် မိမိအလိုအားဖြင့် သတို့သမီးငယ်ကို ဆောင်စေ၏။
27,542
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသတို့သမီးငယ်သည် ယခုအခါ အမြုံဖြစ်ခဲ့၏။
27,543
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သားသမီးမရှိသော အမျိုးမည်သည်လည်း ပျက်စီးတတ်၏၊ အမျိုးမဆက်နိုင်၊ သင့်အား တစ်ပါးသော သတို့သမီးငယ်ကို ဆောင်ဦးအံ့”ဟု ဆိုလေ၏။
27,544
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသူကြွယ်သားသည် “မိခင်- မသင့်လျော်ပါ”ဟု မြစ်ပယ်သော်လည်း အဖန်တလဲလဲ ပြောဆိုလေ၏။
27,545
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မိန်းမမြုံသည် ထိုမိခင်ဆိုသောစကားကို ကြားရ၍ “သားတို့မည်သည် မိဘတို့စကားကို လွန်ခြင်းငှာ မတတ်နိုင်ကြကုန်။
27,546
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ယခုအခါ ငါမှတစ်ပါး သားဖွားနိုင်သော မိန်းမကို ဆောင်ယူ၍ ငါ့ကို ကျွန်မအရာ၌ ထားလတ္တံ့၊ ငါကိုယ်တိုင် သတို့သမီးတစ်ယောက်ကို ဆောင်ရမူကား ကောင်းလေစွ”ဟု ကြံပြီးလျှင် တစ်ယောက်သော အမျိုးအိမ်သို့သွား၍ ထိုခင်ပွန်းယောက်ျား အလို့ငှာ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆိုလေ၏။
27,547
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ “ချစ်သမီး- အဘယ်စကားကို ပြောဆိုဘိသနည်း”ဟု ထိုသတို့သမီးငယ်၏ မိဘတို့သည် ပယ်လတ်သည်ရှိသော် “အကျွန်ုပ်သည် မြုံ၏၊ သားသမီးမရှိသော အမျိုးမည်သည် ပျက်စီးတတ်၏၊ သင်တို့၏သမီးသည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းမကိုလည်းကောင်း ရသည်ရှိသော် သူကြွယ်၏ အိမ်ရှင်မ ဖြစ်လတ္တံ့၊ အကျွန်ုပ်၏ ခင်ပွန်းအလို့ငှာ ထိုသတို့သမီးငယ်ကို ပေးကြပါကု...
27,548
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုနောက်မှ ထိုမိန်းမမြုံအား ဤသို့သော အကြံသည် ဖြစ်၏။
27,549
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
“ဤသတို့သမီးငယ်သည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းကလေးကိုလည်းကောင်း အကယ်၍ ရသည်ဖြစ်အံ့၊ ဤသတို့သမီးငယ်သည်သာလျှင် ပစ္စည်းဥစ္စာတို့၏ အရှင်ဖြစ်လတ္တံ့၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် သားသမီးမရ။
27,550
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသို့သော အခြင်းအရာဖြင့်သာလျှင် ထိုသတို့သမီးငယ်ကို ပြုခြင်းငှာ သင့်၏”ဟု အကြံဖြစ်လေ၏။
27,551
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ သတို့သမီးငယ်ကို ထိုမိန်းမမြုံသည် “ချစ်သမီး- သင့်ဝမ်း၌ ကိုယ်ဝန်တည်သောအခါ ငါ့အား အကြောင်ကြားပါလော့”ဟုဆို၏။
27,552
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သတို့သမီးငယ်သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ကိုယ်ဝန်တည်သည်ရှိသော် မိန်းမမြုံအား အကြောင်းကြားလေ၏။
27,553
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သတို့သမီးငယ်အား မိန်းမမြုံသည် မိမိကိုယ်တိုင်သာလျှင် အမြဲမပြတ် ယာဂု,ထမင်းကို ပေး၏။
27,554
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ သတို့သမီးငယ်အား အာဟာရနှင့် အတူတကွရော၍ ကိုယ်ဝန်ကို ပျက်ကျစေတတ်သော ဆေးကို ပေး၏။
27,555
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကိုယ်ဝန်သည် လျောကျ ပျက်စီးလေ၏။
27,556
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
နှစ်ကြိမ်မြောက်၌လည်း ကိုယ်ဝန်တည်သည်ရှိသော် အကြောင်းကြားပြန်လေ၏။
27,557
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မိန်းမမြုံသည် နှစ်ကြိမ်မြောက်၌လည်း ထို့အတူ ကိုယ်ဝန်ကို ပျက်ကျစေပြန်၏။
27,558
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ သတို့သမီးငယ်ကို အိမ်နီးချင်းမိန်းမတို့သည် “အသို့နည်း၊ သင့်လင်တူဖြစ်သော အစ်မသည် အန္တရာယ်ကို ပြုလေသလော”ဟု မေးကုန်၏။
27,559
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သတို့သမီးငယ်သည် ထိုအကြောင်းကို ပြောကြားသည်ရှိသော် “မိုက်လှစွာသော မိန်းမငယ်- သင် အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ဤမိန်းမမြုံသည် သင်၏ အစိုးတရဖြစ်ခြင်းမှ ကြောက်သောကြောင့် ကိုယ်ဝန်ပျက်ကျစေတတ်သော ဆေးကို ဖျော်၍ပေး၏။
27,560
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထို့ကြောင့် သင့်ကိုယ်ဝန်သည် ပျက်ကျလေ၏။
27,561
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တစ်ဖန် ဤသို့ ပြောဆိုခြင်းအမှုကို မပြုလင့်”ဟု ဆိုအပ်သည်ဖြစ်၍ သတို့သမီးငယ်သည် သုံးကြိမ်မြောက် ကိုယ်ဝန်တည်သောအခါ မပြောမဆိုဘဲ နေလေ၏။
27,562
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ သတို့သမီးငယ်၏ ဝမ်းကို မိန်းမမြုံသည်မြင်၍ “အဘယ့်ကြောင့် ငါ့အား ကိုယ်ဝန်တည်သည့် အဖြစ်ကို မပြောဆိုသနည်း”ဟု မေးမြန်းသဖြင့် သင်သည် “ငါ့ကို ဆောင်ယူလာပြီးလျှင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်ကျစေ၏၊ အဘယ်အကျိုးငှာ သင့်အား ပြောဆိုရအံ့နည်း”ဟု ဆိုလတ်သော် “ယခုအခါ ငါသည် ပျက်စီးလေပြီ”ဟု ကြံ၍ ထိုသတို့သမီးငယ်၏ မေ့လျော့ခြင်း...
27,563
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သူငယ်ကိုယ်ဝန်သည် ရင့်သည်အဖြစ်ကြောင့် လျှောကျခြင်းငှာ မတတ်နိုင်ရကား ဖီလာကန့်လန့်အိပ်လျက် ပြင်းစွာသော ဝေဒနာဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။
27,564
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကြောင်မနှင့် ကြက်မတို့ဘဝ
27,565
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသတို့သမီးငယ်သည် သေခါနီးကာလ၌ “ငါကား ပျက်စီးရတော့မည် ဖြစ်ချေ၏။
27,566
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သင်သည်ပင်လျှင် ငါ့ကိုခေါ်ဆောင်၍ သင်သည်ပင်လျှင် သုံးကြိမ်စလုံး သူငယ်တို့ကို ဖျက်ဆီး၏။
27,567
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ယခုအခါ ငါသည်လည်း ပျက်စီးတော့အံ့။
27,568
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ယခု ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမဖြစ်၍ သင်၏ သားငယ်တို့ကို စားခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်စေသော”ဟု ဆုတောင်းခြင်းကိုပြု၍ သေသည်ရှိသော် ထိုအိမ်၌ပင် ကြောင်မ ဖြစ်လေ၏။
27,569
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မိန်းမမြုံကိုလည်း လင်သူကြွယ်သည် ကိုင်ဖမ်းလျက် “သင်ကား ငါ့အမျိုးအနွယ် ဖြတ်ခြင်းကို ပြု၏”ဟု တံတောင်ဆစ်, ဒူးခေါင်း စသည်တို့ဖြင့် ပြင်းစွာ ထောင်းသတ် ပုတ်ခတ်ခြင်းကို ပြုလေ၏။
27,570
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မိန်းမမြုံသည် ထိုပြင်းစွာ ထောင်းသတ် ပုတ်ခတ်သော အနာဖြင့်သာလျှင် သေ၍ ထိုအိမ်၌ပင် ကြက်မ ဖြစ်လေ၏။
27,571
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုကြက်မသည် မကြာမြင့်မီ အဥတို့ကို ဥသည်ရှိသော် ကြောင်မသည်လာ၍ အဥတို့ကို စား၏။
27,572
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စားသည်သာလျှင်တည်း။
27,573
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သစ်မနှင့် သမင်မ
27,574
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ကြက်မသည် “ငါ၏ အဥတို့ကို သုံးကြိမ်တိုင် စားပြီး၍ ငါ့ကိုလည်း စားလိုသည်ဖြစ်၏”ဟု ကြံလျက် “ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်သောအခါ သားသမီးနှင့်တကွ ထိုကြောင်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကို ပြု၍ စုတေသည်ရှိသော် တော၌ သစ်မ (သစ်-ဟူသည် ကြမ်းကြုတ်သော ကျားတစ်မျိုးပင်တည်း။
27,575
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
) ဖြစ်လေ၏။
27,576
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကြောင်မသည်ကား သမင်မ ဖြစ်လေ၏။
27,577
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသမင်မ ဖွားသောကာလ၌ သစ်မသည်လာ၍ သုံးကြိမ် သားငယ်တို့ကို စားလေ၏။
27,578
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
နောက်ဆုံးဘဝ ဘီလူးမနှင့် လူမ
27,579
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သမင်မသည် သေခါနီးကာလ “ဤသစ်မသည် ငါ၏ သားငယ်တို့ကို သုံးကြိမ်စားပြီး၍ ယခု ငါ့ကိုလည်း စားလတ္တံ့၊ ဤကိုယ်အဖြစ်မှ စုတေ သေလွန်သည်ရှိသော် သားသမီးနှင့်တကွသော ဤသစ်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကိုပြု၍ ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမ ဖြစ်လေ၏။
27,580
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သစ်မသည်လည်း ထိုတော၌ပင် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် သာဝတ္ထိပြည်၌ အမျိုးသမီး ဖြစ်လေ၏။
27,581
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအမျိုးသမီးသည် အရွယ်သို့ ရောက်လတ်သော် သာဝတ္ထိပြည် တံခါးနှင့်နီးသော ရွာဝယ် လင့်အိမ်သို့ လိုက်သွားလေ၏။
27,582
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
နောက်အဖို့၌ သားကို ဖွားမြင်လေ၏။
27,583
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဘီလူးမသည်လည်း ထိုအမျိုးသမီး၏ ချစ်လှစွာသော အဆွေခင်ပွန်းအသွင်ဖြင့်လာ၍ “ငါ့အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးသည်ဖြစ်၍ “အိမ်တိုက်ခန်းတွင်း၌ သားဖွားလျက်ရှိ၏”ဟု ပြောဆိုလတ်သည်ရှိသော် “သားယောက်ျားပင် ဖွားမြင်လေသလော၊ သို့တည်းမဟုတ် သမီးမိန်းမပင် ဖွားမြင်သလော”ဟု ဆိုလျက် “ထိုသားငယ်ကို ကြည့်ရှုဦးအံ့”ဟု တိုက်ခန်းတွင်းသို့ ဝင်ပြီးလျ...
27,584
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တစ်ဖန် နှစ်ကြိမ်မြောက် ဖွားမြင်သောအခါလည်း ထိုရှေးအတူသာလျှင် စားပြန်၏။
27,585
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သုံးကြိမ်မြောက်သောအခါ အမျိုးသမီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ခင်ပွန်းသည်ယောက်ျားကို ခေါ်၍ “အရှင်- ဤအရပ် ဤအိမ်၌ ဘီလူးမတစ်ယောက်သည် အကျွန်ုပ်၏ သားနှစ်ယောက်တို့ကို စားသွားလေပြီ၊ ယခုအခါ အကျွန်ုပ်၏ မိဘအိမ်သို့သွား၍ သားကို ဖွားမြင်ပါအံ့”ဟု တိုင်ပင်ပြီးလျှင် မိဘအိမ်သို့သွား၍ သားကို ဖွားမြင်လေ၏။
27,586
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ရန်ဘက်သံသရာမှ လွတ်ရန် အကြောင်းဖန်လာပုံ
27,587
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ၌ကား ဘီလူးမသည် ရေခပ်ရန် အလှည့်ကျရာသို့ သွားရလေ၏။
27,588
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဝေဿဝဏ်နတ်မင်းအား ဘီလူးမတို့သည် အလှည့်ကျအားဖြင့် အန၀တတ်အိုင်မှ ဦးခေါင်းအဆင့်ဆင့်ဖြင့် ရေကို ဆောင်ယူပို့ဆက်ကြရကုန်၏။
27,589
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုဘီလူးမတို့သည် လေးလလွန်မှလည်းကောင်း၊ ငါးလလွန်မှလည်းကောင်း လွတ်ကြကုန်၏။
27,590
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
(ဤကား ရေခပ်လှည့်ကျပုံတည်း) တစ်ပါးသော ဘီလူးမတို့သည် ပင်ပန်းသော ကိုယ်ရှိကြကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်ကြကုန်၏။
27,591
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုဘီလူးမသည်ကား ရေခပ်ရန်အလှည့်မှ လွတ်လျှင်လွတ်ချင်း လျင်မြန်စွာ ထိုအိမ်သို့သွား၍ “ငါ၏ အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးလေ၏။
27,592
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
“ထိုသတို့သမီးကို သင်ဘယ်မှာ တွေ့နိုင်အံ့နည်း၊ ထိုသတို့သမီးသည်ကား ဤအိမ်၌ ဖွားတိုင်း ဖွားတိုင်းသော သူငယ်တို့ကို ဘီလူးမသည် လာ၍ စား၏။
27,593
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထို့ကြောင့် မိဘအိမ်သို့ သွားလေပြီ”ဟု ဆိုလတ်သည်ရှိသော် ထိုဘီလူးမသည် “အမှတ်မရှိ သွားလိုရာ သွားသည်ဖြစ်စေ၊ ငါ၏လက်မှ မလွတ်နိုင်လတ္တံ့”ဟု လျင်စွာသောအဟုန်ဖြင့် ကောင်းစွာအားထုတ်အပ်သော စိတ်ရှိသည်ဖြစ်၍ မြို့တွင်းသို့ ရှေးရှု ပြေးလိုက်သွားလေ၏။
27,594
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အမျိုးသမီးသည်လည်း အမည်မှည့်အံ့သောနေ့၌ သူငယ်ကို ရေချိုးစေ၍ အမည်ကိုမှည့်ပြီးမှ “အရှင်- ယခုအခါ မိမိအိမ်သို့ ပြန်ကြကုန်အံ့”ဟု သားကိုပွေ့ချီလျက် လင်နှင့်အတူတကွ ဇေတဝန်ကျောင်းတော် အလယ်၌ သွားသောခရီးဖြင့် သွားစဉ် သားကို လင့်အားပေး၍ ကျောင်းတော်ရေကန်၌ ရေချိုးပြီးနောက် လင်ရေချိုးသည်ရှိသော် တက်၍ သားငယ်အား နို့တိုက်လျက်နေစဉ် အဝေးမှလ...
27,595
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဘုရားရှင်ထံမှောက် နှစ်ဦးစလုံးရောက်လာ
27,596
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားဟော၍ နေတော်မူ၏။
27,597
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအမျိုးသမီးသည် သားကို မြတ်စွာဘုရား၏ ခြေဖမိုးတော်ပေါ်၌ အိပ်စေ၍ “တပည့်တော်မသည် အရှင်ဘုရားတို့အား ဤသူငယ်ကို လှူဒါန်းပါ၏။
27,598
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တပည့်တော်မ၏ သားငယ်အား အသက်ရှင်ခြင်းကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။
27,599
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကျောင်းတော်တံခါးမုခ်၌ စောင့်နေသော သုမနအမည်ရှိသော နတ်သည် ဘီလူးမအား အတွင်းသို့ ဝင်စေခြင်းငှာ အခွင့်မပေး။
27,600
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ- သွားချေ၊ ထိုဘီလူးမကို ခေါ်ချေလော့”ဟု စေတော်မူလိုက်၏။