id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,601
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ရှင်အာနန္ဒာမထေရ်သည် ထိုဘီလူးမကို ခေါ်လေ၏။
27,602
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အမျိုးသမီးသည်လည်း “မြတ်စွာဘုရား- ဤဘီလူးမသည် လာပါပြီဘုရား”ဟု လျှောက်လျှင် ဘုရားရှင်သည် “လာပစေ၊ အသံကို မပြုလင့်”ဟု မိန့်တော်မူပြီးနောက် လာ၍ရပ်နေသော ဘီလူးမကို “အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ငါကဲ့သို့သော ဘုရား၏ မျက်မှောက်တော်သို့ သင်တို့နှစ်ဦးစလုံး အကယ်၍ မရောက်လာကုန်သည်ဖြစ်အံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့လည်းကောင်း၊ ဝံနှင့် ...
27,603
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တရားရေအေး တိုက်ကျွေးတော်မူ
27,604
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
[၅] န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
27,605
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
27,606
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဝေရေန၊ ရန်တုံ့မူသဖြင့်။
27,607
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဝေရာနိ၊ ရန်တို့သည်။
27,608
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။
27,609
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
န ဟိ သမ္မန္တိ၊ မငြိမ်းကုန်။
27,610
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အဝေရေန စ၊ ရန်တုံ့မမူသဖြင့်သာလျှင်။
27,611
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သမ္မန္တိ၊ ငြိမ်းကုန်၏။
27,612
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဧသ-ဧသော ဓမ္မော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ ငြိမ်ခြင်းသည်။
27,613
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သနန္တနော၊ ရှေး၌ဖြစ်၏။
27,614
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
တစ်နည်းကား၊ ဧသ-ဧသော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ငြိမ်းခြင်းတည်းဟူသော။
27,615
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဓမ္မော၊ ရှေးရိုးတရားသည်။
27,616
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
သနန္တနော၊ ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအစရှိကုန်သော သူတော်ကောင်းတို့၏ သွားရာ လမ်းခရီးပေတည်း။
27,617
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဒေသနာတော်၏ အကျိုး
27,618
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဂါထာ၏အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
27,619
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။
27,620
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကောင်းကျိုးညွှန်လတ် လယ်စောင့်နတ်
27,621
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
မြတ်စွာဘုရားသည် ထိုအမျိုးသမီးကို “သင်၏သားငယ်ကို ဘီလူးမအား ပေးလိုက်လေလော့”ဟု မိန့်တော်မူ၏။
27,622
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
“ကြောက်လှပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားလေသော် “မကြောက်လင့်၊ သင့်အား ဤဘီလူးမကိုမှီ၍ ဘေးရန်မရှိပြီ”ဟု မိန့်တော်မူလေ၏။
27,623
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအမျိုးသမီးသည် သားငယ်ကို ဘီလူးမအား ပေးလေ၏။
27,624
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဘီလူးမသည် ထိုသားငယ်ကို နမ်းရှုံ့ လည်ဖက်ပြီးလျှင် တစ်ဖန် အမိအားသာလျှင် ပေး၍ ငိုခြင်းငှာ အားထုတ်လေ၏။
27,625
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ မြတ်စွာဘုရားသည် ဘီလူးမကို “ဤသို့ ငိုခြင်းငှာ အားထုတ်ခြင်းကား အကြောင်း အသို့နည်း”ဟု မေးတော်မူလေ၏။
27,626
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
“မြတ်စွာဘုရား- တပည့်တော်မသည် ရှေးအခါ၌ ဟုတ်ဟုတ်ငြားငြား (အစားအစာကို မရွေးမချယ်၊ သက်ရှိသက်မဲ့ ရှာဖွေ၍) အသက်ကို မွေးရပါလျက်လည်း ဝမ်းပြည့်လောက်အောင်သော အစာကို ရဖူးသည်မရှိပါ၊ ယခုအခါ အဘယ်သို့ အသက်မွေးရပါအံ့နည်း”ဟု လျှောက်လေ၏။
27,627
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ မြတ်စွာဘုရားသည် “မစိုးရိမ်လင့်”ဟု ဘီလူးမကို နှစ်သိမ့်စေပြီးလျှင် “ဤဘီလူးမကိုဆောင်၍ မိမိ၏အိမ်၌ နေစေပြီးလျှင် ယာဂုဦး, ထမင်းဦးတို့ဖြင့် လုပ်ကျွေးလေလော့”ဟု ထိုအမျိုးသမီးကို မိန့်တော်မူ၏။
27,628
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အမျိုးသမီးသည် ထိုဘီလူးမကို ခေါ်ဆောင်ပြီးလျှင် ခေါင်လျောက်၌နေစေ၍ ယာဂုဦး ထမင်းဦးတို့ဖြင့် လုပ်ကျွေးသမှု ပြုလေ၏။
27,629
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ဘီလူးမ၏စိတ်၌ စပါးထောင်းသောအခါ၌ ကျည်ပွေ့ဖျားဖြင့် ဦးထိပ်ကို ပုတ်ခတ်ဘိသကဲ့သို့ ထင်လေ၏။
27,630
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုဘီလူးမသည် အဆွေခင်ပွန်းဖြစ်သော အမျိုးသမီးကိုခေါ်၍ “ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ တစ်ပါးသောအရပ်၌ ငါ့ကို ထားပါလော့”ဟု ဆိုသဖြင့် မောင်းတင်းကုပ်၌လည်းကောင်း၊ ရေအိုးတုတ်ထားရာ အရပ်၌လည်းကောင်း၊ ခုံလောက်ရှိရာ စဖို၌လည်းကောင်း၊ တံစက်ကျရာ အရပ်၌လည်းကောင်း၊ တံမြက်ချေးစွန့်ရာ အရပ်၌လည်းကောင်း၊ ရွာတံခါး၌လည်းကောင်း ပြောင်း၍ ပြောင်း၍ ဤအ...
27,631
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုသို့ပင် နေစေသော်လည်း ဤမောင်းတင်းကုပ်အရပ်၌ ကျည်ပွေ့ဖြင့် ငါ၏ဦးခေါင်းကို ထုခွဲသကဲ့သို့ ထင်၏။
27,632
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဤရေအိုးတုတ်ထားရာ အရပ်၌ သူငယ်တို့သည် လုတ်ဆေးရေကို ထွေးစွန့်ကုန်၏။
27,633
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဤစဖိုအိမ်အရပ်၌ ခွေးတို့သည် အိပ်ကုန်၏။
27,634
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဤတံစက်မြိတ် အရပ်၌ သူငယ်တို့သည် အညစ်အကြေးကို စွန့်ပစ်ကြကုန်၏။
27,635
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဤတံမြက်ချေးစွန့်ရာ အရပ်၌ တံမြက်မှိုက်ကို စွန့်ပစ်ကြကုန်၏။
27,636
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဤရွာတံခါးအရပ်၌ ရွာသူသားငယ်တို့သည် အမှတ်သညာ လက္ခဏာနှင့်ယှဉ်သော ကစားခြင်းကို ပြုကြကုန်၏ဟု ဆို၍ အလုံးစုံသောအရပ်တို့ကို ပယ်လေ၏။
27,637
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ဘီလူးမကို ရွာ၏အပ ဆိတ်ငြိမ်သော နေရာ၌ထား၍ ဘီလူးမအလို့ငှာ ယာဂုဦး ထမင်းဦး စသည်တို့ကို ထိုအရပ်သို့ ပို့ဆောင်ကြကုန်၏။
27,638
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုဘီလူးမသည် “ဤနှစ်၌ မိုးကောင်းလတ္တံ့၊ ကြည်းကုန်းအရပ်၌ စပါး စိုက်ပျိုးလော့၊ ဤနှစ်၌ မိုးခေါင်လတ္တံ့၊ ချိုင့်ဝှမ်းရာအရပ်၌ စပါး စိုက်ပျိုးလော့”ဟု အဆွေခင်ပွန်းမ ဖြစ်သော အမျိုးသမီးအား ပြောကြား၏။
27,639
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ အမျိုးသမီးမှကြွင်းသော ပြည်သူပြည်သားတို့ စိုက်ပျိုးအပ်သော ကောက်သည် အလွန်ရေများသဖြင့်လည်းကောင်း၊ ရေမရှိသဖြင့်လည်းကောင်း ပျက်စီး၏။
27,640
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအမျိုးသမီးအားကား အလွန်လျှင် ပြည့်စုံ၏။
27,641
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌နေကုန်သော သူတို့သည် “ချစ်သမီး- သင်စိုက်ပျိုးအပ်သော ကောက်သည် အလွန် ရေများသဖြင့်လည်း မပျက်စီး၊ ရေမရှိသဖြင့်လည်း မပျက်စီး၊ မိုးကောင်းအံ့သည့် အဖြစ်၊ မိုးခေါင်အံ့သည့် အဖြစ်ကိုသိ၍ လယ်လုပ်ခြင်းအမှုကို ပြုသလော၊ ဤအကြောင်းကား အဘယ်နည်း”ဟု မေးမြန်းကြကုန်၏။
27,642
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ အမျိုးသမီးသည် “ငါတို့၏ အဆွေခင်ပွန်းမဖြစ်သော ဘီလူးမသည် မိုးကောင်းအံ့သည့်အဖြစ်၊ မိုးခေါင်အံ့သည့်အဖြစ်ကို ပြောကြား၍ ငါတို့သည် ထိုဘီလူးမစကားဖြင့် မြင့်ရာအရပ်၊ နိမ့်ရာအရပ်တို့၌ ကောက်တို့ကို စိုက်ပျိုးကြကုန်၏။
27,643
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထို့ကြောင့်သာလျှင် ငါတို့အား စပါးပြည့်စုံကုန်၏။
27,644
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
အမြဲမပြတ် ငါတို့အိမ်မှ ယာဂုထမင်း စသည် ဆောင်ပို့သည်တို့ကို သင်တို့ မမြင်ကြကုန်သလော၊ ယာဂုထမင်း စသည်တို့ကို ထိုဘီလူးမအား ပို့ဆောင်အပ်ကုန်၏၊ သင်တို့သည်လည်း ထိုဘီလူးမအား ယာဂုဦး ထမင်းဦး စသည်တို့ကို ပို့ဆောင် ပ,သကြကုန်လော့၊ သင်တို့၏ အမှုတို့ကိုလည်း ထိုဘီလူးမသည် ကြည့်ရှု မ,စလတ္တံ့”ဟု ဆိုလေ၏။
27,645
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုအခါ ဘီလူးမအား ပြည်အလုံး၌ နေကုန်သော သူတို့သည် ပူဇော်သက္ကာရကို ပြုကြကုန်၏။
27,646
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ဘီလူးမသည်လည်း ထိုအခါမှစ၍ အလုံးစုံသောသူတို့၏ အမှုတို့ကို ကြည့်ရှုမ,စသည်ရှိသော် အခြံအရံများ၍ လာဘ်ကောင်းလာဘ်မြတ်ရသဖြင့် ပြန့်ပြောသည့်အဖြစ်သို့ ရောက်လေ၏။
27,647
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုဘီလူးမသည် နောက်အဖို့၌ ရှစ်ခုသော စာရေးတံ ဆွမ်းတို့ကို (ဆွမ်းရှစ်အုပ် အမြဲလှူ၏၊ ဆွမ်းဝတ်တည်ထား၏ ဟူလို။
27,648
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
) ဖြစ်စေ၏။
27,649
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ထိုစာရေးတံ ဆွမ်းတို့ကို ယခုကာလ ယခုနေ့တိုင်အောင် ပေးလှူပူဇော်လျက် ရှိကုန်သည်သာလျှင်တည်း။
27,650
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထု
ကာဠီဘီလူးမဝတ္ထု ပြီး၏။
27,651
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
၄ - ကာဠယက္ခိနီဝတ္ထု
27,652
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
27,653
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားငယ်ဘဝမှစ၍ ကာဠဘီလူးမဖြစ်သည်တိုင်အောင် ဆုတောင်းမှားခဲ့သော ကာဠဘီလူးမကို အကြောင်းပြု၍ ဟောတော်မူသည်။
27,654
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဒေသနာတော်အဆုံး၌ ဘီလူးမ သောတာပန်တည်၍ ရန်ပြုဖက် မိန်းမနှင့်လည်း မိတ်ဆွေဖြစ်သွားသည်။
27,655
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
အနက် ဣဓ၊ ဤလောက၌။
27,656
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဝေရေန၊ ရန်တုံ့မူခြင်းဖြင့်။
27,657
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ကုဒါစနံ၊ တရံတဆစ်မျှ။
27,658
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
န ဟိ သမ္မန္တိ၊ မငြိမ်းနိုင်ကုန်။
27,659
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ဝဍ္ဎန္တိယေဝ၊ ရန်ပွါးကုန်သည်သာလျှင်တည်း)။
27,660
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
အဝေရေန စ၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင်။
27,661
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဧသ ဧသော၊ ဤသို့ရန်တုံ့မမူသဖြင့်သာ ရန်ငြိမ်းခြင်းသည်။
27,662
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သနန္တနော၊ ရှေး၌ဖြစ်သော။
27,663
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ဝါ) ရှေးပညာရှိသူတော်ကောင်းတို့၏ အစဉ်အလာဖြစ်သော။
27,664
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဓမ္မော၊ သဘောတရားဓမ္မတာပင်တည်း။
27,665
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
စကားပြေ ဤလောက၌ ရန်တုံ့မူသဖြင့် ရန်တို့သည် ဘယ်အခါမျှ မငြိမ်းနိုင်ပဲ တိုးပွါးသည်ထက် တိုးပွါးနိုင်သည်။
27,666
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ရန်တုံ့မမူသဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။
27,667
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဤသို့ဖြစ်ခြင်းသည် ရှေးပညာရှိ သူတော်ကောင်းတို့၏ အစဉ်အလာ ဓမ္မတာသဘောပင်ဖြစ်သည်။
27,668
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဝေရေန ဝေရာနိ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို တံထွေးစသည်တို့ဖြင့် ဆေးကြောသုတ်သင်သဖြင့် စင်ကြယ်အောင် မကောင်းသော အနံ့အသက်မထွက်အောင် မပြုနိုင်ပဲ ပို၍ပင် မစင်ကြယ်ပဲ မကောင်းသောအနံ့များ လှိုင်ထွက်ရာသကဲ့သို့ ဆဲရေးပုတ်ခတ်သူကို တဖန်ပြန်၍ ဆဲရေးပုတ်ခတ်မှုပြုလျက် ရန်တုံ့မူခြင်းသည် ဘယ်အခါမျှ ရန်မငြိမ်...
27,669
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
အဝေရေန စ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို ကြည်လင်သောရေဖြင့် ဆေးကြောသုတ်သင်သဖြင့်သာ မကောင်းသောအနံ့အသက် ပျောက်သကဲ့သို့—
27,670
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(က) ခန္တီ, မေတ္တာတည်းဟူသော ရေ၊
27,671
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ခ) ယောနိသောမနသိကာရ၊
27,672
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ဂ) မိမိပြုသောအမှု(ကံ)ကို ဆင်ခြင်လျက် ရန်တုံ့မမူသဖြင့်သာ ရန်ကို ငြိမ်းအေးစေနိုင်သည်။
27,673
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ပုန်းမကြည်— ကာဠယက္ခိနီဘီလူးမအား လယ်သူမသည် နေ့စဉ် ယာဂုထမင်းဦးတို့ကို ပူဇော်သဖြင့် ဘီလူးမက ပြန်လည်၍ စပါးစိုက်ရန်သင့်လျော်သောအရပ်ကို ပြောကြားပေးသောကြောင့် စပါးအထွက်တိုးသည်။
27,674
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
အခြားသူများလည်း အတုယူ၍ ဘီလူးမအား ပူဇော်ကြသောကြောင့် စပါးများ ကောင်းမွန်လာကြသည်။
27,675
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သို့အတွက် ယခုကာလတိုင် အချို့အရပ်ဒေသ၌ ပုန်းမကြည်ခေါ် လယ်နတ်တင်လေ့ရှိကြသည်။
27,676
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ပုဗ္ဗကြယ်မှ ပုဗ္ဗကြည်၊ ပုဗ္ဗကြည်မှ ပုန်းမကြည်။
27,677
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ဓမ္မ၊ဋ္ဌ၊၁၊၃၃။
27,678
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
) ကျေးဇူးသိတတ်သူ— အပြန်အလှန် ရန်ငြိုးဖွဲ့ခဲ့ကြသော အမျိုးသမီးနှစ်ယောက်တို့သည် နောက်ဆုံးဘဝ၌ လူမိန်းမနှင့် နတ်ဘီလူးမဖြစ်ကြရာ ဘုရားရှင်၏ ဆုံးမမှုကိုခံယူရသဖြင့် အချင်းချင်း ပြေလည်သွားကြပြီးနောက် လူမိန်းမက အစာများ ကျွေးမွေးသဖြင့် နတ်ဘီလူးမကလည်း ပြန်လည်၍ စောင့်ရှောက်ခဲ့သည်။
27,679
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ဓမ္မ၊ဋ္ဌ၊၁၊၃၄။
27,680
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သနန္တနော = သနာသနံ (ရှေး၌) ဘဝေါ သနန္တနော။
27,681
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သန, သနံ + တန။
27,682
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ကာဠယက္ခိနီဝတ္ထု ပြီး၏။
27,683
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
၁-ယမကဝဂ် ၄-ကာဠယက္ခိနီဝတ္ထု ပါဠိဂါထာ
27,684
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
၄၁။ န ဟိ ဝေရေန ဝေရာနိ, သမ္မန္တီဓ ကုဒါစနံ၊အဝေရေန စ သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။
27,685
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဟိ၊ မှန်၏။
27,686
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ကုဒါစနံ၊ တစ်စုံတစ်ခုသောအခါ၌။
27,687
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဝါ၊ ဘယ် အခါ၌မှ။
27,688
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
န သမ္မန္တိ၊ မငြိမ်းအေးနိုင်ကုန်။
27,689
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
စ၊ အနွယကား။
27,690
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဝေရာနိ၊ တို့သည်။
27,691
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
အဝေရေန၊ ရန်တုံ့မမူသဖြင့်။
27,692
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သမ္မန္တိ၊ ငြိမ်းအေးနိုင်ကုန် ၏။
27,693
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဧသ ဓမ္မော၊ ရန်ကိုရန်ချင်း, မတုံ့လျင်းမှ ငြိမ်းအေးနိုင်ခြင်း ဟူသော ဤသဘောသည်။
27,694
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
သနန္တနော၊ ရှေး၌ဖြစ်သော သဘော တည်း။
27,695
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
ဝါ၊ ရှေးဟောင်းထုံးစံတည်း။
27,696
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာဠယက္ခိနီဝတ္ထုဂါထာ
(ပါ-၅) ကာဠယက္ခိနီဝတ္ထုဂါထာနိဿယပြီးပြီ။
27,697
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
(၄) ကာဠ၀ဠိယသူဌေးအကြောင်း
27,698
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ဤကာဠဝဠိယသူဌေး အကြောင်းကား ဥပရိပဏ္ဏာသ အဋ္ဌကထာ ၁-ဒေဝဒဟသုတ်အဖွင့် စာမျက်နှာ (၄)၌ အကျဉ်းချုပ် လာရှိ၏၊ လာရှိပုံကား-
27,699
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ရာဇဂြိုဟ်ပြည်၌ ကာဠဝဠိယ အမည်ရှိသော ဆင်းရဲသား တယောက် ရှိလေသည်။
27,700
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
တနေ့သ၌ ကာဠဝဠိယ၏ ဇနီးသည် စားသုံးရန်အတွက် ဟင်းရွက်နှင့်ရောသော ယာဂုချဉ်ကို ပြုတ်၍ထား၏။