id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,901
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
[ဥပရိပဏ္ဏာသ ဒက္ခိဏဝိဘင်္ဂသုတ်၊ အဋ္ဌကထာ။
28,902
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
]ဤ စကားအရ သေလွန်သူကို ရည်စူး၍ အမျှဝေရာ၌ ရှေးဦးစွာ မိမိစိတ်၌ စိုးရိမ် ပူဆွေး ငိုကြွေးမှု အကုသိုလ်များကို ကင်းစေလျက် ကုသိုလ် စင်စင် ကြယ်ကြယ်ဖြင့် ဆွမ်း၊ သင်္ကန်း၊ ဖိနပ်၊ ထီး၊ ကျောင်း ဒါနမျိုးကို ပြုကြရပေလိမ့်မည်။
28,903
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
[ကျောင်းသည် သွားလေသူမှာ နေစရာအတွက် ဖြစ်၏။
28,904
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
] ထိုဒါနကိုလည်း သီလ အစင်ကြယ်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်၍ (သို့မဟုတ် သံဃိကဒါန ဖြစ်စေ၍) ပြုရမည်။
28,905
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထိုကုသိုလ်ပြုခါနီး၌ သွားလေသူကို ခေါ်ယူ ဖိတ်ထားလျှင် သာ၍ ကောင်း၏။
28,906
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
(လာနိုင်လျှင် လာလိမ့်မည်။
28,907
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
) ထို့နောက် သွားလေသူ၏ နာမည်ကို ခေါ်၍ ကြားလောက်အောင် အသံကျယ်ဖြင့် အမျှဝေရမည်။
28,908
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ယခုကာလ ဖြစ်ပုံ
28,909
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ယခုကာလဖြစ်ပုံ
28,910
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ယခုကာလ၌ကား ပုဂ္ဂိုလ် ကောင်းဆိုးကိုလည်း မရွေးချယ်အား၊ မိမိ၏ စိတ်ကို စင်ကြယ်အောင် (ကုသိုလ်ဖြစ်အောင်လည်း) သတိမထားနိုင်တော့ပဲ သူတပါး အကဲ့ရဲ့လွတ်ရုံ ချီးမွမ်းခံရရုံ သဘောထား၍ ငိုငိုရီရီနှင့် သုသာန်မှာ လှူဖွယ်ဝတ္ထုကို (တချို့မှာ ငွေတွေကို) လှူဒါန်းလျက် အမျှဝေကြ၏။
28,911
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထိုဒါနများအတွက် သွားလေသူ အကျိုးရ နိုင်မည်-မရနိုင်မည်ကိုကား မစဉ်းစားတော့ချေ။
28,912
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထိုကဲ့သို့ သောက ပရိဒေဝဖြင့် သုသာန်မှာလှူဒါန်းမည့်အစား သောကပရိဒေဝကင်း၍ စိတ်ကြည်လက်ကြည်နှင့် မိမိတို့အိမ်မှာ ကျကျနန ကုသိုလ်ပြုခြင်း၊ အမျှဝေခြင်းသာ စည်းကမ်းကျဖွယ် ရှိ၏။
28,913
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
သောက ကင်း၍ စိတ်ရှင်းရှင်း လှူနိုင်ပါမူ သုသာန်မှာ လှူလည်း အကျိုး မယုတ်ပါ။
28,914
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
[ဤကိစ္စနှင့်စပ်၍ သတိပေးဖွယ်များကို “အနာဂတ် သာသနာ” ကျမ်းစာတွင် သတိပေးထားသည်။
28,915
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
]အမျှရနိုင်သူ
28,916
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ဤသို့ အမျှဝေရာဝယ် သေလွန်သူက အိမ်၏ အနီးအပါး စသည်၌ ပြိတ္တာ ဖြစ်နေမှသာ သာဓု ခေါ်နိုင်၍ အမျှရသည်။
28,917
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
လူ နတ် တိရစ္ဆာန် တောကြီး တောင်ကြီးတို့၌ ပြိတ္တာဖြစ်နေလျှင်ကား အမျှဝေသော်လည်း သာဓုမခေါ်နိုင်၊ အမျှမရ။
28,918
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
သို့သော် ရှေးရှေးက ဆွေမျိုးဟောင်း ပြိတ္တာများရှိနေလျှင် သူတို့မှာ အမျှရနိုင်ကြသေးသဖြင့် တစုံတယောက် သေဆုံးရာ၌ ကုသိုလ်ပြုခြင်း အမျှဝေခြင်း ထုံးစံမှာ ကောင်းသောထုံးစံပင် ဖြစ်ပါသည်။
28,919
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ပတ္တိဒါန အကြောင်း
28,920
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
မိမိရသော ကုသိုလ် အဖို့ကို သူတပါးတို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန”ဟု ခေါ်၏။
28,921
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
[ပတ္တိ-မိမိ၌ ရအပ်သော အဖို့ကို+ဒါန-သူတပါးအား ပေးခြင်း] ဒါနပြုရာ၌ ထိုဒါနအတွက် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေပြီ။
28,922
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ထိုမိမိရရှိသော ကုသိုလ် အဖို့ကို မိမိရသလို ညီတူ ညီမျှ သူတပါးလည်း ရစေလိုသော ဆန္ဒသည် အလွန် ဖြူစင် မြင့်မြတ်သော စိတ်ထားပေတည်း။
28,923
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ထိုဆန္ဒမျိုးဖြင့် “အကျွန်ုပ် ပြုသော ကုသိုလ်အဖို့ကို ကြားကြားသမျှ သတ္တဝါအပေါင်းအား အမျှပေးဝေပါ၏။
28,924
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
အကျွန်ုပ်နှင့်အတူ ကုသိုလ်အဖို့ကို ရကြပါစေ”ဟု အမျှပေးဝေခြင်း (အညီအမျှ ရအောင် ဝေခြင်း) ကိုသာ “ပတ္တိဒါန” ကုသိုလ်ဟု မှတ်ပါ။
28,925
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
သတိပြုရန်
28,926
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ထိုကဲ့သို့ သူတပါးတို့အား မိမိကဲ့သို့ ကုသိုလ်ရစေလိုသော စိတ် မရှိသော “သူများယောင်လို့ယောင်၊ အမယ်တောင်မှန်း မြောက်မှန်း မသိ” ဟူသကဲ့သို့ သူများ အမျှဝေရိုးရှိ၍သာ မိမိနှုတ်က “အမျှ ယူတော်မူကြပါ”ဟု ဆိုသော်လည်း ပတ္တိဒါန ကုသိုလ်စစ်စစ် ဖြစ်ဖို့ရန် ခဲယဉ်းလေသည်။
28,927
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ရှေးတုန်းက နာမည်ကြီးသော အလှူဒကာ တယောက်မှာ ကြွေးယူ၍ အလှူအကြီးအကျယ်ပေး၏။
28,928
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
သူထင်သလောက် ငွေကူမလာသောကြောင့် ညနေ ရေစက်ချယင်း (ဘုန်းကြီးက ရေစက်ချ ပေးနေစဉ်) မိမိ၏ စိတ်ကူးနှင့် ကြွေးစာရင်း ရှင်းနေ၏။
28,929
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ထိုအခါ အကြွေးများစွာ ကျန်ရှိတော့မည့် အကြောင်းကို သိရ၍ ရေစက်ချလည်းဆုံး စိတ်ကလည်း မကြည်မသာ ရှိတုန်းမှာ အနီး အပါး လူကြီးများက “အမျှဝေလိုက်၊ အမျှဝေလိုက်”ဟု တိုက်တွန်းမှ ဗြူးကနဲ့ သတိရသဖြင့် “အမျှဗျို့”ဟု ဆိုရမည့်အစား “သောက်ကျိုးနဲပါဗျိုး”ဟု ဆိုမှားမိလေသတဲ့။
28,930
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
အမျှဝေသော်လည်း အကျိုးမနည်း
28,931
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
မိမိရသော ကုသိုလ်အဖို့ကို သူတပါးအား အမျှဝေသောအခါ “မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား”ဟု စဉ်းစားဖွယ်ရှိ၏ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း ဖြစ်၏။
28,932
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။
28,933
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
မိမိမှာ ဒါနကုသိုလ်ဖြစ်သလို သူတပါးအားလည်း ဖြစ်စေလိုသောအခါ “ရွှေပေါ်မြတင်” သကဲ့သို့ မူလ ဒါနကုသိုလ် အပေါ်တွင် ပတ္တိဒါန ကုသိုလ် ထပ်၍တင်ရာ ရောက်၏။
28,934
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
ထို့ကြောင့် အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွား သည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်။
28,935
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌ မူလမီးမှာ အရောင် မမှိန်သည့်အပြင် နောက်မီးတွေ့၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း။
28,936
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း
[သီလ ကုသိုလ်၊ ဘာဝနာ ကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တိဒါနကုသိုလ် ဖြစ်ကြသည်သာ။
28,937
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ပုည ကြိ ယ ဝတ္ထု ၁၀-ပါး
28,938
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု = ကောင်းသောအမှု”ဟု ခေါ်၏။
28,939
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ထိုပုညစုကို ဧကန် ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ” မြန်မာလို “ပြုသင့်သောတရား”ဟု ခေါ်၏။
28,940
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
[ဝတ္ထု =ကောင်းကျိုး ချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု” ခေါ်သည်ဟု မှတ်ပါ။
28,941
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။
28,942
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
၁။ ဒါန၂။
28,943
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
သီလ၃။ ဘာဝနာ၄။
28,944
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
အပစာယန၅။ ဝေယျာဝစ္စ၆။
28,945
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ပတ္တိဒါန၇။
28,946
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ပတ္တာနုမောဒနဂ။
28,947
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ဓမ္မသဝန၉။ ဓမ္မဒေသနာ၁၀။
28,948
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး
ဒိဋ္ဌိဇုကမ္မတည်း။
28,949
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ပုဗ္ဗ-မုဉ္စ-အပရစေတနာ
28,950
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ပုဗ္ဗစေတနာ
28,951
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
အလှူတမျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုး ရနိုင်၏။
28,952
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတနာ” မည်၏။
28,953
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထိုသို့ ပုဗ္ဗစေတနာနယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူဒကာ အလှူ့အမ၊ ကျောင်းဒကာ ကျောင်းအမ စသည်ဖြင့် ထင်ရှား ကျော်စော လိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြားလိုသောစိတ်များ မဖြစ်စေရ။
28,954
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သား အချင်းချင်း အလှူနှင့်စပ်၍ မကျေမနပ် ဒေါသ-မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစုံတခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသောစိတ်များ မဖြစ်စေရ။
28,955
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထိုသို့ မဖြစ်စေပဲ ပျော်ရွှင် ဝမ်းမြောက်စွာ အရာရာ ကျေနပ်လျက် လှူဖွယ်အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန် စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။
28,956
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
မုဉ္စသဒ္ဒါသည် “စွန့်လွှတ်ခြင်း” ဟူသော အနက်ကို ဟော၏။
28,957
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထို့ကြောင့် စွန့်လွှတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက်မကပ်ပဲ နှုတ်ဖြင့်လျှောက်ထား၍ လှူရာ၌ “လှူပါ၏”ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) “မုဉ္စစေတနာ” မည်၏။
28,958
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ဤ မုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေပဲ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိ တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေပဲ ယခု လှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီ ဆောင်ရွက်လိမ့်မည်ဟု တစုံတခုသော လောကီ အကျိုးကို မမျှော်ပဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ”ဟု မှတ်ပါ။
28,959
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
အလှူ အထမြောက်ပြီးနောက် ထိုကုသိုလ်နှင့်စပ်၍ ဖြစ်သမျှ စေတနာကို “အပရစေတနာ”ဟု ခေါ်၏။
28,960
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထို့ကြောင့် ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ၊ ဝမ်းမြောက်ဖွယ်ကောင်းပေသည်။
28,961
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
နောက်ထပ်လှူချင်သေးသည်”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံ တိုးပွားပြန်၏။
28,962
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ၊ ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီး၏ အပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှာလေစွ”ဟု အပရစေတနာပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်း ဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။
28,963
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
သတိထားဖွယ်
28,964
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှုစသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်း ရှိ၏။
28,965
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့် လည်းကောင်း အနည်းအပါး ဒါနလည်း ရှိ၏။
28,966
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ်အတွက် ဖြစ်စေ၊ သူတပါးတို့လာ၍ နှောင့်ယှက်သောကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။
28,967
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကပဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။
28,968
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
အနည်းငယ် ပြုကြသော ဒါနတို့ကား ခွေးတိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ ဖြစ်သောကြောင့် အလှူခံ ပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ။
28,969
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
အချို့ အရာ၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့ အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာပဲ မုတ္တစာဂီဖြစ်အောင် စွန့်လွှတ်ပေးကမ်း လှူဒါန်းကြရမည်။
28,970
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
မုတ္တ=မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ်+စာဂီ=စွန့်ကြဲ ပေးကမ်းလေ့ရှိသူ။
28,971
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ
] “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘဝ၌ လူ နတ် စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တပဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟု ဆိုလိုသည်။
28,972
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဘာဝနာ အကြောင်း
28,973
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
“ဘာဝနာ” ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွှမ်းခြင်း”ဟု အဓိပ္ပါယ်ရ၏။
28,974
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
မိမိ၏စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တမျိုးတည်း။
28,975
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ထို့ကြောင့် တွေ့ရာ မြင်ရာ သတ္တဝါတို့အပေါ်၌ ကောင်းကျိုး ချမ်းသာ မင်္ဂလာကို အမှန်လိုလား၍ မေတ္တာထားခြင်းသည် မေတ္တာ ဘာဝနာ မည်၏။
28,976
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
“မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်ကို မိမိသန္တာန်၌ ထုံမွှမ်းခြင်း” ဟုဆိုလိုသည်။
28,977
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန် များလေသည်။
28,978
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
တကိုယ်လုံးကို မေတ္တာဖြင့် ထုံမွှမ်းထားသကဲ့သို့ ဖြစ်နေလေသည်။
28,979
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူ့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။
28,980
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
သတ္တဝါများ၏ ကောင်းကျိုး ချမ်းသာတို့ကို လိုလားသော မေတ္တာ ဓာတ်ခံ ရှိနေသောကြောင့် ကြွယ်ဝ ချမ်းသာသူကို မြင်လျှင် ဝမ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေါ်လာနိုင်ပေသည်။
28,981
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေ စိတ်ထား မြင့်မြတ်သူ မှန်လျှင် တွေ့ရာ ကြုံရာ သွားလာ နေထိုင်ယင်းမှာပင် ဖြစ်နိုင်ပေသည်။
28,982
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံ ပြုသော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တဝါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။
28,983
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အကြောင်း ကောင်းပုံ
28,984
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အကြောင်း ဆိုသည်မှာ ဘုရားဖြစ်ဖို့ရန် အကြောင်းဖြစ်သော ပါရမီတည်း၊ ထိုကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရာဝယ် အများ သတ္တဝါတွေလို ပေါ့ပေါ့ဆဆ မဟုတ်။
28,985
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အလွန်ထက်သန်တော်မူပေသည်။
28,986
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ထိုသို့ထက်သန်စွာ ဖြည့်ကျင့်တော်မူရာ၌လည်း ဘဝသံသရာဝယ် ကိုယ်တော့် ချမ်းသာရေးကို မျှော်တွေး၍ ဖြည့်ကျင့်သည် မဟုတ်။
28,987
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
သတ္တဝါအများ၏ စီးပွားချမ်းသာ ရွက်ဆောင်နိုင် အရေးကိုသာ မျှော်တွေး၍ ဖြည့်ကျင့်တော်မူသည်။
28,988
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤ အချက်များ ထင်ရှားအောင် ဝေဿန္တရာမင်း ဘဝ၌ ဒါနပါရမီကို စဉ်းစားပါလော။
28,989
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
များစွာသော လူတို့ ဒါန ပြုကြရာ၌ မိမိကိုယ်ကို “အလှူ့ရှင်”ဟု အများ သိစေလို၏။
28,990
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အလှူခံ ပုဂ္ဂိုလ်တို့က ပြန်၍ ကျေးဇူးတင်စေလို၏။
28,991
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
တတ်နိုင်လျှင် ပြန်၍ပင် ကျေးဇူးဆပ်စေလိုသေး၏။
28,992
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤ ဒါနကြောင့် နောက်နောင်ဘဝတို့၌ စည်းစိမ် ချမ်းသာကို ခံစားလိုကြ၏။
28,993
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အားလုံးပြီးစီးမှ နိဗ္ဗာန်ကို မလိုလဲ လိုလဲ ဆုတောင်းကြ၏။
28,994
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အလောင်းတော် ဝေဿန္တရာမင်းကား ထိုကဲ့သို့ မဟုတ်ပါ။
28,995
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဖွားမြင်ပြီး၍ မကြာခင် မယ်တော် အထံ လက်ကလေး ဖြန့်၍ လှူစရာကို တောင်းတော်မူ၏။
28,996
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤအချိန်မှာ ဂုဏ် ပကာသန စသည်များကို မတွက်တတ် သေးပါ။
28,997
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဝါသနာတော်အတိုင်းသာ သူတပါးအား ပေးကမ်းလိုသော ဆန္ဒက ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။
28,998
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤသို့ ပြင်းပြသော ဆန္ဒတော်ဖြင့် လက်ဝတ်လက်စားများကို ချွတ်ကာ ချွတ်ကာ မကြာမကြာ ပေးကမ်း၍ ထီးနန်းရသော အခါ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာ ကုန်အောင် အလှူတင်းကုပ် ဆောက်လုပ် လှူဒါန်းပါသည်။
28,999
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
အလှူ မဏ္ဍပ်ဝယ် စားကြ သောက်ကြ ဝတ်ဆင်ကြ သူတွေကို ရှုစားတော်မူစဉ် စားသောက် ဝတ်ဆင် ကြရသူတို့ ပျော်ရွှင်ကြပုံကို မြင်ရ၍ ကိုယ်တိုင်လည်း အလွန် ရွှင်ပျတော်မူ၏။
29,000
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း
ဤနေရာ၌လည်း ကိုယ်တော်၏ နောင်သံသရာ ချမ်းသာရေးနှင့် ဂုဏ်ပကာသန အရေးတို့ကို မတွေးအားပါ။