id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,701
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
[ပုဗ္ဗ-မုဉ္စ-အပရ စေတနာ ၃-မျိုး၊ တိဟိတ် ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ ဩမက ကုသိုလ် ၂-မျိုးအခွဲကို သီလ စသော ကုသိုလ်များ၌လည်း ရနိုင်၏။
28,702
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
] [ဆောင်] ၁။
28,703
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
28,704
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
၂။ ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
28,705
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ အမြတ်ခေါ်။
28,706
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
၄။ ရွှေ နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် ဩမကခေါ်။
28,707
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အယုတ် အလတ် အမြတ် ခွဲနည်းတမျိုး
28,708
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါနဟု ဒါန ၃-မျိုး ရှိ၏။
28,709
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အစားအဝတ်များကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါန ဖြစ်၏။
28,710
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူ ပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါန ဖြစ်၏။
28,711
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိမိသုံးသော ပစ္စည်းထက် သာလွန် ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။
28,712
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တနည်း– ဒါသဒါန၊ သဟာယဒါန၊ သာမီဒါနဟု ၃-မျိုး ရှိ၏။
28,713
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန” ဟုခေါ်သည်။
28,714
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“ကျွန်အနေမျိုး ဖြစ်သော အောက်တန်းစား အလှူ”ဟု ဆိုလိုသည်။
28,715
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယ ဒါန”ဟု ခေါ်၏။
28,716
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“မိတ်ဆွေ သူငယ်ချင်း အနေမျိုး ဖြစ်သော အလတ်တန်း စား အလှူ”ဟု ဆိုလိုသည်။
28,717
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပြခဲ့သော ပဏီတဒါနကို “သာမီဒါန”ဟု ခေါ်၏။
28,718
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“အရှင် သခင်မျိုး ဖြစ်သော အထက်တန်းစား အလှူ”ဟု ဆိုလိုသည်။
28,719
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တနည်း-ဒါနပြုတုန်း၌ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါ တရားကို ညံ့လျှင် “ဟီန ဒါန” ဖြစ်၏။
28,720
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမ ဒါန” ဖြစ်၏။
28,721
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ ထက်သန်လျှင် “ပဏီတ ဒါန” ဖြစ်၏။
28,722
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တနည်း–ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူ့ဒကာ စသောဂုဏ် “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမှုကို လိုလား၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။
28,723
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“နောင်ဘဝ သံသရာ၌ တစုံတခုကောင်းကျိုးကိုရလိမ့်မည်”ဟု အကျိုးကို မျှော်၍ ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း။
28,724
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
နောင်သံသရာ၌ အကျိုးရ မရကို ဂရုမစိုက်ပဲ (အကျိုးမရချင် နေပေစေ) “သူတော်ကောင်း ပညာရှိ” ဆိုတာ သူတပါးကို ပေးကမ်း ချီးမြှောက်ရိုး ထုံးစံတည်းဟု သဘော၍ သူတပါးကို စားစေ ဝတ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူ စွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။
28,725
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကို မမျှော်ပဲ ပြုသော ဒါနက မြတ်ပုံကို သတိပြုသင့်၏။
28,726
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိမိ အကျိုးကို မလိုလားပဲ “သူတပါး ချမ်းသာလျှင် ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော် ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။
28,727
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တနည်း–ဘဝစည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။
28,728
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း၊ သတ္တဝါများ၏ သံသရာမှ လွတ်မြောက်ရေးကို မျှော်တွေးလျက် ဘုရားအလောင်းကို ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။
28,729
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤကား တမျိုးထက်တမျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။
28,730
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
[သီလ စသည် များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။
28,731
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနအကျိုး
28,732
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါန၏ အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ် မလိုပါ။
28,733
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တိရစ္ဆာန်ကလေး တကောင်အား ဝဝလင်လင်ရှိအောင် ထမင်း တထပ်ကျွေးသော ဒါနကလေးသည်ပင် ဘဝပေါင်း တရာတို့၌ “အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန” (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း) ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။
28,734
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တခြား ကုသိုလ်ကြောင့် လူ နတ် ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။
28,735
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ကဿပဘုရားရှင် လက်ထက်တော်တုန်းက မိတ်ဆွေ ရဟန်း ၂-ပါး ရှိရာ ကပါးက ဒါနရှင်၊ တပါးက ဒါနမဲ့ ဖြစ်ခဲ့၏။
28,736
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတိုဘုရား လက်ထက်တိုင်အောင် လူ့ပြည် နတ်ပြည် ကျင်လည်ရာဝယ် ဒါနရှင် ကသာ အထက်တန်းကျခဲ့၏။
28,737
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
နောက်ဆုံးဘဝ၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ် ဆွေ ရင်း ၂-ဖော် တွေ့ဆုံ ပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သားဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက် ရွှေပုခက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြား စ္စာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။
28,738
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနသည် သံသရာကို ရှည်စေသလော
28,739
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ယခုကာလ၌ “ဒါနသည် သံသရာရှည်စေ၏”ဟု အယူသည်းကြသည်။
28,740
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။
28,741
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် သံသရာ အရှည် အတိုဝယ် ဒါနကို ရိုးမယ်မဖွဲ့သင့်ပါ။
28,742
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနပြုရာတွင် သူတို့၏ စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။
28,743
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အမှန်မှာ ဒါနက သံသရာ မရှည်စေ။
28,744
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ခံစား ရတော့မည်”ဟု ရည်ရွယ်မှု တဏှာဇောက သံသရာ ရေယဉ်၌ မျောစေခြင်းသာ ဖြစ်သည်။
28,745
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်”ဟု သူတို့ ဉာဏ်ကလေးဖြင့် တွေးကြပြန်သေး၏။
28,746
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်အပေါင်း အသင်္ချေနှင့်အနန္တ (ဂင်္ဂါ ဝါဠု သဲစုမက) ကျွတ်တမ်း ဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ် ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါန အားကြီးနေလို့ ပါလော။
28,747
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မီ ၂-ဘဝမြောက်က အကြီးအကျယ် ဒါနကို ပြုတော်မူ၏။
28,748
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်း။
28,749
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည် မဟုတ်ပါ။
28,750
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မစင်ကြယ်သော တဏှာကြောင့် သံသရာ၌ မျောကြရသည်ဟု မှတ်ပါ။
28,751
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗညုတ ဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီ အခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရသောကြောင့်သာ ဖြစ်သည်။
28,752
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဥပမာ-ရင့်မှ မှည့်နိုင်သော သရက်သီးကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်း။
28,753
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ
28,754
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ကုသိုလ်ပြုစဉ်၌ လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “ဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။
28,755
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
[ဝဋ္ဋ= သံသရာဝဋ်ကို+နိဿိတ=မှီသော ကုသိုလ်။
28,756
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
] “သံသရာဝဋ်မှ ကျွတ်ဖို့ မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်”ဟု ဆိုလိုသည်။
28,757
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “ဝိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။
28,758
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
(ဝိဝဋ္ဋ=ဝဋ်ကင်းရာ နိဗ္ဗာန်+နိဿိတ =မှီသောကုသိုလ်။
28,759
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
] ဤကုသိုလ် ၂-မျိုးတွင် (ဒါန ဖြစ်စေ၊ သီလ စသည် ဖြစ်စေ) ဝဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။
28,760
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဝိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်း ဆုကို ပြည့်လွယ်စေသည်။
28,761
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ
28,762
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါန ရှိသူသည် ဖြစ်လေရာ ဘဝတို့၌ ဥစ္စာ ပြည့်စုံကြ၏။
28,763
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဥစ္စာ ပြည့်စုံလျှင် (ပင်ကိုယ်စိတ်ရင်း ကောင်းသူ၊ ဝိဝဋ္ဋနိဿိတ ဒါနပြုခဲ့သူအတွက်) သီလ လုံခြုံ၏။
28,764
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဥပုသ် ရက်ရှည် စောင့်ခွင့် ရ၏။
28,765
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဥစ္စာမရှိလျှင် ဝမ်းရေး ပူပန်ရသဖြင့် အူမ-မတောင့်၍ သီလ မစောင့်နိုင်ရုံမက ငါးပါးသီလ လုံ့ရန် ခဲယဉ်း၏။
28,766
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနရှိမှ သီလ လွယ်ကူသည်။
28,767
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။
28,768
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ယခု လောကီကျောင်း၌ ပညာရှာရပုံကို ကြည့်ပါ။
28,769
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အခမဲ့ သင်ရသော ဘုန်းကြီးကျောင်း တချို့မှာပင် ပစ္စည်းရှင် သားသမီးများသာ ပို၍ အသင်အပြ ခံရ၏။
28,770
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤသို့လျှင် ဒါနရှိက ပညာရှာမှီးရာ၌ လွယ်ကူပြန်သည်။
28,771
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနရှင်တို့သည် သူတကာက စော်ကားလာလျှင် အဖက်မထင်၍ ဖြစ်စေ၊ စိတ်သဘောကြီး၍ ဖြစ်စေ သည်းခံလွယ်၏။
28,772
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပစ္စည်း ဥစ္စာ မရှိက “ငါ့ကို ပစ္စည်း မရှိလို စော်ကားတာပဲ”ဟု အထင်ရှိ၍ သည်းမခံလိုကြ။
28,773
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနရှင်တို့သည် နေရာတိုင်းမှာ သူတပါးကို၏ လေးစားခြင်းကိုခံရသဖြင့် မိမိအား အရိုအသေပေးသူ အပေါ်မှာ မေတ္တာ ကရုဏာ ဖြစ်လွယ်၏။
28,774
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာ ကရုဏာ ဖြစ်ရမည့်အစား၊ ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။
28,775
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်ပုံကို ချဲ့ထွင်ကြည့်ပါ။
28,776
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် သစ္စာပါရမီ ဖြစ် အရေးမှာလည်း ဒါနသည် အကူအညီ ပေး၏။
28,777
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံးပြည့်ဖို့အရေး၌ အနှောင့်အယှက်ပေးတတ်ရကား ဘုရားအလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။
28,778
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ငါတို့ ဘုရားရှင်မှာ စတည်တော်မူစဉ်ကလည်း သုမေဓာဘဝ၌ ဒါနကို စတည်ခဲ့၍ ဝေဿန္တရာဘဝ၌ ဒါနဖြင့် ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံးချုပ်တော်မူခဲ့ပေသည်။
28,779
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနပြုဖွယ် မလိုသူ
28,780
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါန ပြုဖွယ် မလိုသော ပုဂ္ဂိုလ်တမျိုး ရှိသေး၏။
28,781
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုပုဂ္ဂိုလ်မျိုးကား ယခု ဘဝ၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရား အားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။
28,782
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထိုဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဋ္ဌာန်း အားထုတ်မှု လစ်ဟင်း၏။
28,783
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် ယနေ့ နက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။
28,784
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ငါ့တို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော်ဘုရား အထံ၌ မန္တလေးမှ ဒါန ဝါသနာ ပါသော ဆရာတော်ကြီးတပါး ကမ္မဋ္ဌာန်း အားထုတ်နေစဉ် နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှလှူပါ၊ တရားကို အားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။
28,785
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မဟာဂန္ဓာရုံ ဆရာတော် ကိုယ်တိုင်ကား ခန္ဓာဝန် လက်စသိမ်း မသိမ်း မသိရသော်လည်း အားထုတ်တော်မူ စဉ်မှာ အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်း ဖြစ်၏။
28,786
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုမျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လဘ်လာဘတို့ကို ဝေဖန် ခွဲခြား၍ ဒါနပြုတော် မူပါသေးသည်။
28,787
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် တရားထူးပေါက်အောင် အားထုတ်နေခိုက်၌ ဒါန ပြုဖွယ်မလို။
28,788
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။
28,789
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ပျော်စရာ့ဒါန
28,790
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
စွန့်ကြဲ ပေးကမ်း လှူဒါန်းနေရခြင်းသည် အလွန် ပျော်စရာ ကောင်းပေ၏။
28,791
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တကယ့်စေတနာနှင့် တကယ်တမ်း အလှူဒါန ဝါသနာ ပါနေသူသည် ဆင်းရဲသူတွေကို မြင်လျှင် သနား ကရုဏာက အရင်းခံလျက်ရှိသောကြောင့် အားလုံးသတ္တဝါတွေ အပေါ်မှာ ချစ်ကြည်သော မေတ္တာနှင့် ချမ်းသာပြီးသူများကိုနှစ်သက်သော မုဒိတာတို့ မကြာခဏဖြစ်ရကား ဒါနရှင်၏ မျက်နှာသည် စန်းလအသွင် အမြဲ ကြည်လင် အေးမြကာ ကျက်သရေ မင်္ဂလာဖြင့် လွန်စွာ ပျော်ရွှင်ပုံရပေသည်။
28,792
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို ဒါနရှင်၏ အလှူကို ခံယူသူတို့ကလည်း ဒါနရှင်ကို ရည်စူး၍ အထူး မေတ္တာပို့သည့်ပြင် ဒါနရှင် ချမ်းသာလေ အလှူခံများ၌ မုဒိတာပွားလေ ဖြစ်ရကား ဒါန တခုတည်းကပင် လူ သတ္တဝါတို့၌ ဗြဟ္မစိုရ်တရား ထွန်းကားအောင် ပြုနိုင်ပေသည်။
28,793
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် ဒါနအစစ်မှန်လျှင် ဒါနဖြစ်ရုံမက မေတ္တာ ကရုဏာ မုဒိတာတို့နှင့်လည်း အဆင်သင့် လိုက်လျော၍ ဘာဝနာ သဘောကိုလည်း ကျေးဇူးပြုနိုင်ပါသည်။
28,794
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနရှင်မှ ဓနရှင်
28,795
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
လူချမ်းသာ ဟူ၍ အမွှန်း တင်ကြရသော ယခု ကာလ လူ့လောက၌ စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။
28,796
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုကျပ်တည်း ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘဝက ဒါနချို့သူများသာ ဖြစ်၏။
28,797
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘဝ ဓနရှင် ဖြစ်လောက်အောင် ရှေးရှေးဘဝက ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။
28,798
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုဓနရှင်များသည် ဤဘဝတွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်လိုက်ပါမည်လော။
28,799
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ယခု တဘဝ မျက်စိမှိတ်လိုက်သည်နှင့် တပြိုင်နက် လက်ရှိ ဓနများ လက်မဲ့ဖြစ်ကြပြီးလျှင် အသစ်ဘဝတွင် အသစ်ဓနနှင့် စခန်း သွားကြရလိမ့်မည်။
28,800
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် သူတော်ကောင်း ဓနရှင်တို့သည် လက်ရှိ ဓနများကို (အမွေခံ များအတွက် သင့်အောင် ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူး နိုင်မှသာ “ရှေးဘဝက ဒါနရှင်၊ ယခုဘဝ ဓနရှင်။