id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,801
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ယခုဘဝ ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင် အမြဲ ဓနရှင်များ ဖြစ်နိုင်ကြပေမည်။
28,802
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် တဘဝမျှပင် ခေတ္တပိုင်ရသော ဓနကို “ငါပိုင်”ဟု သဘောမထားပဲ “ဆင်းရဲသား အများဆိုင်သော ငါပိုင်”ဟု သဘောထား၍ ဒုက္ခိတအများကို ဖြန့်ဖြူးနိုင်စေရမည်။
28,803
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မြစ် စသည်နှင့် တူသော ဓနရှင်
28,804
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
လောကနီတိ ကျမ်းများ၌လည်း သူတော်စင် ဓနရှင်သည် တူသာ ဓနရှင်မြစ်၊ သစ်ပင်၊ မိုးများနှင့် တူ၏-ဟု ဆိုထား၏။
28,805
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မြစ်များ၌ ရေတွေရှိသော်လည်း ထိုရေကို မြစ်က မသောက်ပါ။
28,806
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ရေလိုသူတို့ ချိုးကြ သောက်ကြဖို့ရာ ရေတွေကို စုထားသည်။
28,807
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
သစ်ပင်များလည်း သစ်သီးကို မိမိတို့ မစားကြ၊ အလိုရှိသူတို့ သုံးစားကြဖို့ အသီးကို သီးပေးကြသည်။
28,808
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
မိုးများသည် ရေတွင်း ရေကန်တို့၌သာ ရွာသည်မပာုတ်၊ ရေမရှိသော ကုန်းပြင်မှာလည်း ရွာကြသည်။
28,809
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့အတူ ဓနရှင် သူတော်ကောင်းများလည်း မိမိတို့ချည်းသာ သုံးစွဲဖို့ရာ ပစ္စည်း ဥစ္စာများ ရှာဖွေ စုဆောင်းထားသည် မဟုတ်၊ ဆင်းရဲသားများအတွက်လည်း လက်ရှိ ပစ္စည်းများကို သိမ်းဆည်း၍ ထားကြလေသည်။
28,810
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနပြုသော အခါလည်း ချမ်းသာ ကြွယ်ဝ၍ ရေရှိသော တွင်းနှင့် တူသူကိုသာ (ဘုန်းကံ ကြီးမားသော ဆရာတော်ကြီးများကိုသာ) ရွေးချယ်၍ မပြုပဲ ကုန်းပြင်နှင့် တူသော ဆင်းရဲသားများကိုလည်း ပြုကြရသည်ဟု ဆိုလို၏။
28,811
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဖြာစီးကြ၊ မြစ်ထိုမျှကား၊ ချမ်းမြ ရည်တွေ၊ စီးသည့်ရေကို၊ ရှိသည့်အလျောက်၊ မြစ် မသောက်ဘူး၊ ပေါက်ရောက်ပွားစည်၊ သစ်ပင်သည်ကား၊ သစ်သီးများကို၊ မစား ကြဘူး၊ သွန်မှူးရေရည်၊ မိုးတုံသည်လည်း၊ ရေတည်သင့်ရာ၊ တွင်း၌ သာလျှင်၊ ရွာသည်ဟုတ်ဘူး၊ ဂုဏ်ထူးမြင်ကျယ်၊ သူတော်ကြွယ်တို့၊ လက်ဝယ်ဥစ္စာ၊ ရတနာလည်း၊ လာလာအများ...
28,812
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဤပြဆိုခဲ့သော အစဉ်ဖြင့် ဓနရှင်ဘဝ၌ ဒါနပြုခြင်းသည် မေတ္တာ ကရု မုဒိတာ ဗြဟ္မစိုရ်တရား အမြဲ တိုးပွားစေသဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာ ကြည်လင်၍ ကုသိုလ်ရနေရုံမက နောက်နောက်ဘဝ၌ ဓနရှင်ဖြစ်ဖို့အကြောင်း ထပ်လောင်း၍ ကောင်းပြန်စေသည့်ပြင် သံသရာလမ်း ဖြောင့်တန်းစွာဖြင့် ခေမာ နိဗ္ဗာန်သို့ ရောက် စေနိုင်သော ဒါနကို အဘယ်မှာ မေ့လျော့ သင့်ပါတော့...
28,813
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် ဘုရား တရားတော် အရ ဂ-ပါးသီလ၊ ၁၀-ပါးသီလ၊ အာဇီ ဝဋ္ဌမက သီလများကို စောင့်သုံးလျက် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ကာ ကောင်းစွာ ရေမိုးချိုးပြီးနောက် မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ် ၃-ပါးကို ပွားများ၍ “အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇရာ မရဏမှာ ပရိမုစ္စိဿာမိ=ဤ ဒါန အကျင့်ဖြင့် အို နာ သေရေး ဆင်းရဲဘေးမူ ဧကန် လွတ်မြောက်ရတော့မည်” ဟု တ...
28,814
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
အဘယ်မှာလျှင် သံသရာ ရေယဉ်ကြော၌ ကြာရှည်စွာ မျောအောင် ဆွဲထားမည်နည်း။
28,815
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
နိဗ္ဗာန်သို့ အမြန်တက်အောင် ခပ်သွက်သွက် ပိုဆောင်လိမ့်မည် မဟုတ်ပါလော။
28,816
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါန ပစ်ပယ်လျှင် ဖြစ်ဖွယ် အပြစ်
28,817
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ယခု ပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု မမှတ်ဘဲ့။
28,818
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါန၏ ကျေးဇူးသက်သက် စာတအုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည် ဟူ၍ မဆိုနိုင်။
28,819
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။
28,820
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
တချို့ လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီ ဆိုပါတော့။
28,821
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုကဲ့သို့ ပစ်ပယ်လိုက်လျှင် တယောက်နှင့် တယောက် ပေးကမ်း ချီးမြှောက်ခြင်း မရှိတော့ရကား အချင်းချင်း မေတ္တာ မရောက်ပဲ သွေ့ခြောက်ခြောက်ဖြစ်ကြရတော့မည်။
28,822
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေထား၍ ရှုစားရမည်နည်း။
28,823
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“ဒီအကောင်တွေငတ်လိုသေသေ”ဟု သဘောထားရတော့မည်။
28,824
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုသို့ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏ စိတ်ထားသည် ကြမ်းတမ်း သွားချေပေါ့။
28,825
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။
28,826
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဆက်ဦးမည်...ငါတို့ ဘုရားရှင်သည် ထီးနန်းကို စွန့်ခွာတော်မူခဲ့သည်မှစ၍ ဒါနရှင်တို့ အကူအညီဖြင့်သာ ဘုရားဖြစ်တော်မူလာခဲ့ရပေသည်။
28,827
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဘုရားဖြစ်တော် မူပြီးနောက်၌လည်း အနာထပိဏ် ဝိသာခါ ဗိမ္ဗိသာရမင်း စသော ဒါနရှင်ကြီးများ၏ အကူအညီ ရ၍သာလျှင် သာသနာတော်ကြီးကို တည်ထောင်တော်မူနိုင် ပေသည်။
28,828
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ထိုခေတ်မှစ၍ ဒါနကို ပယ်သူများ ထွန်းကားနေခဲ့ပါလျှင် ဘုရားရှင်လည်း မပွင့်နိုင်ရာ၊ သာသနာတော်မှာမူ သာ၍ပင် ဝေးခဲ့ရာ၏။
28,829
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ငါတို့ ဘုရားရှင် လက်ထက်တော်ကို ထားလိုက်ပါဦးတော့။
28,830
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ကမ္ဘာ့ ကမ္ဘာ သံသရာဝယ် ဒါနဟု ခေါ်သော အကျင့်ကောင်း တမျိုးသာ မရှိပါမူ ဂင်္ဂါဝါဠု သဲစုမကသော ဘုရားရှင်များ ဧကန် ပွင့်တော်မူခွင့် ရကြမည် မဟုတ်ပါ။
28,831
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
“ဖွတဲ့ လွှဲစေ ဖယ်စေ” ယခုအချိန်မှစ၍ နောက်နောက်အခါ ကမ္ဘာ အသစ်အသစ်တို့၌ ဒါနကို ပစ်ပယ်လိုသူများ မဖြစ်ပေါ်ရစ်ပါစေသား။
28,832
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
ဒါနအစွမ်း၊ လက်ရုံးတန်းဖို့၊ ဆုံးခန်းရောက်ဖွယ်၊ ဤကျမ်းငယ်က၊ အဘယ်ထုတ်ချောက်၊ ရေးသားလောက်လိမ့်၊ နှိုင်းထောက်ကြံချယ်၊ ဉာဏ်မမယ်တို့၊ စိတ်ဝယ်ဝိုးဝါး၊ မထင်မှားနှင့်၊ ဘုရားဆူဆူ၊ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အသစ်တရား၊ ဟောဖော်ထားလျက်၊ အများဝေနေ၊ ကျွတ်လွတ်စေ၏၊ ထွေထွေများမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊ အရောင်ထွက်သို့၊ ...
28,833
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ဓမ္မဒေသနာ အကြောင်း
28,834
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
တရားဟောမှုကို “ဓမ္မဒေသနာ” ကုသိုလ်ဟု ခေါ်၏။
28,835
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ရိုးသားဖြူစင် မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြော ပြသဆုံးမ ပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူ ဟူသမျှကို ဓမ္မအလှူက နိုင်၏။
28,836
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ဓမ္မအလှူက အကျိုးပေး သာ၏”ဟု ဟောပြတော်မူသည့်အတိုင်း အလွန် အကျိုးကြီးပေ၏။
28,837
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထို့ကြောင့် ဓမ္မဒေသနာ ကုသိုလ်အစစ် ဖြစ်စေလိုလျှင် ထိုတရားဟောမှုနှင့် ရမည့် ပစ္စည်း လာဘ်နှင့် ကျော်စောခြင်း ဂုဏ် ပကာသနကို မမျှော် သင့်ချေ။
28,838
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
မျှော်လင့်လျှင် ထိုလာဘ်လာဘနှင့် ဂုဏ် ပကာသနကို လိုချင်သေး လောဘက ဓမ္မဒေသနာ ကုသိုလ်ကြီး၏ အကျိုးပေးကို သေးသိမ် ညံ့ဖျင်းအောင် နှောင့်ယှက်လိမ့်မည်ဖြစ်၍ ကောသလမင်း အိပ်မက်မှာ လာသည့်အတိုင်း တသိန်းတန် စန္ဒကူးကို ရက်တက်ရည်ပုပ်နှင့် လဲလှယ်စားသောက်သူကဲ့သို့ ဖြစ်လိမ့်မည်။
28,839
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
[ဆောင်] တသိန်းတန် စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရေ။
28,840
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
အဖိုး မတန်ပဲနှင့်၊ လဲထပ်ကြပေ။
28,841
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
မြတ်ဗုဒ္ဓေ၊ စိန္တမိန့်ကြား။
28,842
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ဖိုးထိုက်စွာ ဓမ္မာမြတ်ကို၊ပစ္စယာ လေးဖြာလာဘ်နှင့်၊ လဲထပ်လို့စား။
28,843
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ဓမ္မကထိက ဂုဏ်ရည်
28,844
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထို့ပြင် တရားဟောပြောနိုင်သော အရည်အချင်းရှိသူသည် သာမန် ပုဂ္ဂိုလ် မဟုတ်။
28,845
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
အသံသာသာ နှုတ်လျာရှင်းရှင်းနှင့် မိမိ၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ကြားနာသူများ နားလည်အောင် ပြောနိုင်သော ပုဂ္ဂိုလ်မှာ “မ-တထောင် တကောင်ဖွား” ဖြစ်၏။
28,846
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
နွားခြံတွင်း၌ နွားမတထောင် သွင်းလှောင်၍ ထားသော်လည်း ထောင်ထောင်မားမား ဘို့ထွားထွားနှင့် နွားလား ဥသဘ ဖြစ်အောင် ဖွားမြင်နိုင်သော နွားမမှာ တကောင်တလေပင် အနိုင်နိုင်သာ ရှိသကဲ့သို့ ဓမ္မကထိက တပါးမြင်နိုင်သော မိခင်လည်း အလွန်ရှားပေသည်။
28,847
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
အသံလုပ်ခြင်း အပြစ်
28,848
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထို့ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်များလည်း မိမိ၏ မြင့်မြတ်သော ရှေးကံကို တွေးကြံ စဉ်းစားကြပြီးလျှင် ဘုရားရှင်၏ တရားတော်များကို မိမိနှုတ်ဖျားမှ ထွက်စေရာ၌ အသံသာအောင် တမင်္ဂလာပြုခြင်း၊ သံဖို့ သံမ သံတို့ သံရှည် ဆွဲငင်ခြင်းများကို လုံးဝ ရှောင်ရှားလျက် ယောက်ျားပီပီ တည်ကြည်သော အသံဖြင့် ဟောပြော ဆုံးမသင့်ပါသည်။
28,849
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
အသံကို ဆွဲကာ ငင်ကာ တမင် သာယာအောင် လုပ်၍ ဟောရာ၌ အပြစ် ၅-ပါးကို ဘုရားရှင် ဟောတော်မူသည်မှာ
28,850
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
“ရဟန်းတို့...သီချင်းသံ ပေါက်လာအောင် ရှည်စွာ ဆွဲ၍ တရားဟောရာ၌ အပြစ် ၅-ပါး ရှိသည်။
28,851
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
၁-မိမိအသံကို မိမိပြန်၍ သာယာသော တဏှာ ဖြစ်၏။
28,852
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
၂-ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
28,853
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
၃-လူကြီး လူကောင်းတို့က “ငါ့တို့ သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီးများလဲ သီချင်းဆိုကြတာပဲ”ဟု စွပ်စွဲ ကဲ့ရုံတတ်၏။
28,854
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
[ယခုအခါ လူကြီးသာမက၊ လူငယ်များကပင် ကဲ့ရဲကြလေပြီ။
28,855
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
] ၄-တရားဟောယင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
28,856
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
၅-နောင်လာ နောက်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”ဟု အတု လိုက်တတ်ကြသည်။
28,857
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
[ဆောင်] အသံလုပ်ကာ၊ ဒေသနာဝယ်၊ သေချာအမှန်၊ ကိုယ့်အသံကို၊ ကိုယ်ပြန်၍ထိ၊ တဏှာငြိလျက်၊ နာသည့်လူပေါင်း၊ တဏှာပြောင်းသား၊ သူကောင်းဉာဏ်မြင်၊ လွန်ပြစ်တင်၏။
28,858
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထို့ပြင် တရှိ၊ သမာဓိလည်း ကင်းဘိပေါက်ကြား၊ နောက်နောက်သားတို့၊ လိုက်စား အတု၊ ဤ ၅-ခုသည်၊ မှတ်ရှုရမြဲ အပြစ်တည်း။
28,859
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထိုဟောတော်မူအပ်သော အပြစ်များ ယခုအခါ လုံလောက်စွာ ပေါ်ပေါက်လျက် ရှိလေပြီ။
28,860
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
နောင်လာ နောက်သားတို့ တကယ်ပင် အတုယူကာ တရားဆန်း ဟောနည်းကို သင်ယူကြလေပြီ။
28,861
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထိုသူတို့၏ တရားပွဲ၌ ဉာဏ်အမြော်အမြင် ရှိကြသော လူကြီးလူကောင်းများ နည်းပါးရုံမက၊ မလွဲသာ၍ နာနေရသော လူကြီးလူကောင်းတို့လည်း သူတို့ တရား၌ စိတ်မဝင်စားကြကုန်။
28,862
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ခေတ်ပညာတတ်သူတို့ကမူ (တရားတော် အမှန်နာယူလိုသော်လည်း) ထိုတရားမျိုး နာရမည်ကိုကား ရှက်ဖွယ်ဟု ထင်မှတ်နေကြသည်။
28,863
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
သို့ဖြစ်၍ အသံလုပ် တရားဟောရာ၌ “ကိုယ့်လိပ်ပြာ ကိုယ်ရှက်” ဆိုသလို ရှက်ဖွယ် ကောင်းလှပေသည်။
28,864
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
စကားပြောလည်း တရားဟောပင်
28,865
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ပရိသတ်အလယ် ထိုင်၍ မြိုင်မြိုင်ကြီး ဟောခြင်းကိုသာ တရားဟောပင်။
28,866
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
“ဓမ္မဒေသနာ”ဟု မမှတ်ရ။
28,867
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
မိမိအထံ ရောက်လာကြသော ဒကာ ဒကာမ တယောက် ၂-ယောက်ကိုပင် ပစ္စည်းလာဘ်ကို မမြင်ပဲ ဖြူစင်သောစိတ်ဖြင့် ဟောပြော ဆုံးမ ဩဝါဒ ပေးမှုများလည်း “ဓမ္မဒေသနာ” ပင် ဖြစ်၏။
28,868
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
လူကြီး သူမက လူငယ်များကို သွန်သင်ဆုံးမ နည်းလမ်းပြခြင်း၊ အပြစ်မရှိသော လက်မှု စက်မှု အတတ်ကို သင်ပေးခြင်း၊ စာပေပို့ချခြင်း၊ တရားစာဖတ်ပြခြင်းများလည်း ဓမ္မဒေသနာပင် ဖြစ်ကြပေသည်။
28,869
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း
ထို့ကြောင့် ယခုအခါ တရားဟောနည်းသာမက၊ ခေတ်အားလျော်စ္စာ ဣန္ဒြေရရနှင့် အနှစ်အသား ပါသော စကားပြောနည်း စာရေး စာဖတ်နည်းများ လေ့လာသင့်ကြပေသည်။
28,870
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ဓမ္မဿဝန အကြောင်း
28,871
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
တရားနာခြင်းကို “ဓမ္မဿဝန”ဟု ခေါ်၏။
28,872
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
တရားနာရာ၌...၁-မကြားဖူးသော အကြောင်းအရာများကို ကြားရခြင်း၊၂-ကြားဖူးသော အကြောင်း အရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊၃-ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း၊၄-အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊၅-သဒ္ဓါ ပညာ တိုး၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။
28,873
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
[ဆောင်] သူတော်တရား၊ နာယူငြားက၊ မကြားစဖူး၊ ကြားရဖူး၏။
28,874
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ကြားဖူးပြီးပြန်၊ ထပ်မံ၍ရှင်း၊ လွတ်ကင်းယုံမှား၊ ဖြောင့်သားအယူ၊ စိတ်ကြည်ဖြူသည်၊ ငါးဆူရမြဲ အကျိုးတည်း။
28,875
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
တရားနာအတု
28,876
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ဤ အကျိုးများကို ရဖို့ရန် ရည်သန်၍ တရားနာရာ၌သာ ဓမ္မဿဝန ကုသိုလ်အစစ် ဖြစ်နိုင်၏။
28,877
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ဓမ္မကထိကကို ခင်မင်၍ ဖြစ်စေ၊ ရယ်စရာ မောစရာ အသောပါသဖြင့် ပျော်ရွှင်၍ ဖြစ်စေ၊ “တရားမှ နာဘော်မရဘူး၊ အပျင်းထူလိုက်တာ”ဟု ကဲ့ရဲမည်စိုး၍ ဖြစ်စေ၊ သူများ အထင်ကြီးအောင် ဖြစ်စေ၊ ဓမ္မကထိက၏ အရည်အချင်းကို အကဲခတ်ကာ ကဲ့ရဲတန်လျှင် ကဲ့ရဲလို၍ ဖြစ်စေ နာကြရာ၌ကား ပေါက်ဖော်ကြီး စကားလို “ဝမ်မှာ”စိုးရသည်။
28,878
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ရှေးတုန်းက ပေါက်ဖော်တယောက် လှေစီးသွားရာ လှေသမားက “ပေါက်ဖော်လှေ ကယိုလို့ သတိထားထိုင်ပါ”ဟု သတိပေး၏။
28,879
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ပေါက်ဖော်က “လှေထဲ၌ရှိသော ရေယိုတာ ဘာအရေးစိုက်စရာ ရှိသလဲ”ဟု ယူဆ၍ အားရပါးရ ထိုင်၏။
28,880
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
အတော်ကြာလျှင် တင်ပါးက အေးစက်စက် ရှိ၍ “ကြည့်သောအခါ ရေတွေကို မြင်သဖြင့် “ဟင်...မယိုတဲ့အပြင် ဝမ်တောင် ဝမ်သေးကိုး”ဟု ပြောသတဲ့။
28,881
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ထို့အတူ မကောင်းစိတ် ယိုထွက်ဖို့ တရားနာရာ၌ မယိုပဲ ဝမ်မှာ စိုးရသည်။
28,882
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
စာဖတ်ခြင်း အကျိုး
28,883
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ယခုခေတ်၌ကား အလိမ္မာကို ကောင်းစွာ ပေးနိုင်သော ကျမ်းစာတွေ ပေါများလှ၏။
28,884
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ထိုကဲ့သို့သော ကျမ်းစာများကို ကြည့်ရှု ကျက်မှတ် ရွတ်ဖတ်၍နေလျှင်လည်း တရားနာခြင်း၏ အကျိုးကို ရနိုင်၏။
28,885
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ထို့ကြောင့် အချို့သော ခေတ်ဆန်ဆန် တရားကို နာမည့်အစား ကျမ်းစာကိုကြည့်ရှုနေခြင်း၊ နှုတ်ရှင်းသူကို ဖတ်ဖို့ရန်တောင်းပန်၍ ကြားနာခြင်းတို့က သာ၍ အကျိုးများဖွယ် ရှိပါသေးသည်။
28,886
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
[မည်သည့်ကျမ်းစာသည် မိမိတို့နှင့် သင့်လျော်သည်ဟု မရွေးချယ်တတ်လျှင် ဇိနတ္ထပကာသနီ၊ ဗုဒ္ဓဝင်၊ သံဝေဂဝတ္ထု ဒီပနီ၊ ငါးရာ့ငါးဆယ် ဇာတ်တော်ကြီး များနှင့် ရှေးဆရာတော်ကြီးများ စီစဉ်တော်မူအပ်သော ကျမ်းစာတို့သည် အမှန် အကျိုးများသော ကျမ်းစာများ ဖြစ်ပါသည်။
28,887
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ပတ္တာနုမောဒန အကြောင်း
28,888
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှုကို “ပတ္တာနုမောဒန” ကုသိုလ်ဟု ခေါ်၏။
28,889
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
[ပတ္တ=အမျှဝေသဖြင့် မိမိသို့ ရောက်လာသော ကုသိုလ်ကို+အနုမောဒနာ= ဝမ်းမြောက်ခြင်း၊ သာဓု ခေါ်ခြင်း။
28,890
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
] သူတပါးကို ကုသိုလ်ပြုနိုင်ကြသည်ကို မိမိက ဝမ်းမြောက် ဝမ်းသာဖြစ်၍ နေခြင်းသည် အတော် မြင့်မြတ်သော (မုဒိတာ သဘောရှိသော) စိတ်ထား ပေတည်း။
28,891
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထို့ကြောင့် ဤဝမ်းမြောက်မှုကို ကုသိုလ်တမျိုးဟု သတ်မှတ်ရပေသည်။
28,892
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာ တွေး၍) သာဓုခေါ်ရာ၌ “ပတ္တာနုမောဒန” ကုသိုလ်အစစ်ဖြစ်ဖို့ ယဉ်းလှပေသည်။
28,893
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
အချို့ကား သူတပါးတို့ လှူဒါန်းနိုင်သည်ကို ဝမ်းမြောက်မှုမရှိသည့်ပြင် ဣဿာပင် ဖြစ်တတ်သေးသည်။
28,894
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ပတ္တာနုမောဒနကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုး
28,895
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
သေလွန်လေသော မိဘ ဆွေမျိုးကို ရည်စူး၍ ကျန်ရစ်သော ဆွေမျိုးက ဆွမ်းကျွေးတရားနာပြီးနောက် အမျှဝေသည်ကို ဒိဋ္ဌဓမ္မအကျိုး သေသူ ဆွေမျိုးက သာဓုခေါ်ကာ ဝမ်းမြောက်ရာ၌ သေလွန်သူဆွေမျိုးမှာ လက်ငင်း အကျိုးရ၏။
28,896
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ဆွမ်း၍ အမျှဝေသည်ကို သာဓုခေါ်လျှင် ငတ်မွတ်နေသူမှာ အစာကောင်းရ၏။
28,897
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
အဝတ် လှူ၍ အမျှဝေလျှင် အဝတ်မရှိသူမှာ အဝတ်ကောင်းများ ရရှိ၏ဟု ကျမ်းစာတို့၌ တွေ့ရသည်။
28,898
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထိုကဲ့သို့ သေသူကိုရည်မှန်း၍ ကျန်ရစ်သူ ဆွေမျိုးက လှူဒါန်းရာ၌ အလှူခံပုဂ္ဂိုလ်က သီလရှိသူ ဖြစ်ဖို့လည်း အရေးကြီးလှပေသည်။
28,899
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ရှေးတုန်းက ဒုဿီလ ရဟန်း (သီလမရှိသော ရဟန်း) တပါးအား လှူဒါန်း၍ အမျှဝေရာ၊ ၃-ကြိမ်တိုင်အောင်ပင် လှူဒါန်း အမျှဝေ ပါသော်လည်း အဖို့မရသဖြင့် “ငါ့အဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူနေပါတယ်”ဟု ပြိတ္တာဆွေမျိုးက ဟစ်အော်ရှာသည်။
28,900
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း
ထို့နောက် သီလရှိသော ရဟန်း တပါးကို ပင့်ဖိတ် လှူဒါန်း၍ အမျှဝေမှ ကုသိုလ်အဖို့ကိုရသည်။