id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,601 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အို... အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက် ဘက်က အောက်တန်းကျရမည်မှာ ဗေဒင်မေးနေစရာ မလိုတော့ပါ။ |
29,602 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်း လမ်းမှန်များကို ညွှန်ပြကြပါ။ |
29,603 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ကျောင်းသူ ကျောင်းသားတို့ကလည်း စိတ်ပါ လက်ပါ ကြိုးစားကြပါ။ |
29,604 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဓနရှင် လူကြီးလူကောင်းနှင့် သံဃာတော် အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။ |
29,605 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း | ဤသို့ တနိုင်ငံလုံး ကြိုးစားမှသာ ယခုဘဝ၌ နာလန်ထူပြီးလျှင် သံသရာအဆက်ဆက်လည်း ထက်မြက်သော ဇာတိ ပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်။ |
29,606 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | အများသုံးနေသော မေတ္တာ ပို့နည်း |
29,607 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ပါဠိ-“သဗ္ဗေ သတ္တာ အဝေရာဟောန္တ *၊ အဗျာပဇ္ဇာဟောန္တု*၊အနီဃာဟောန္တု*၊ သုခီ အတ္တာနံ့ ပရိဟရန္တု*။ |
29,608 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | မြန်မာ-“၁-သတ္တဝါအားလုံး ဘေးရန်ကင်းကြပါစေ။ |
29,609 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ၂-ဒေါမနဿကင်းကွာ စိတ်ချမ်းသာကြပါစေ။ |
29,610 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ၃-ဒုက္ခကင်းကွာ ကိုယ်ချမ်းသာကြပါစေ။ |
29,611 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ၄-ချမ်းသာခြင်း ရှိ၍ မိမိကိုယ်ကို အသက် ရှည်အောင် ဆောင်ရွက်နိုင်ကြပါစေ” |
29,612 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | အမှန်မေတ္တာပို့နည်း |
29,613 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | သတ္တဝါအများကို ဖြစ်စေ၊ တယောက်ယောက်ကို ဖြစ်စေ ရည်စူး၍ ထိုသူ၏ စီးပွားချမ်းသာကို လိုလားမှသာ ထိုသူ၏အထံသို့ မေတ္တာပို့ရာ ရောက်၏။ |
29,614 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | တွေးချင်ရာတွေး၊ ကြံချင်ရာကြံပြီးလျှင် မိမိ နှုတ်တက် ရနေသော “အဝေရာ ဟောန္တု” စသည်ကို ရွတ်ဆိုနေသော်လည်း အမှန် မေတ္တာပို့ရာ မရောက်။ |
29,615 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ထို့ကြောင့် မိမိ နားလည်သော (ဆိုလိုရင်း အဓိပ္ပါယ် မိမိ၏စိတ်မှာ ပေါ်မလာသော) ပါဠိဖြင့် “အဝေရာ ဟောန္တု စသည် ဆို၍ ပို့ခြင်းထက် မြန်မာလို ပြုခြင်းကသာ လိုရင်းကျဖွယ် ရှိသည်။ |
29,616 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ထို့ကြောင့် မိမိ မေတ္တာပို့လိုသူ၏ နာမည် သွင်းပြီးလျှင်- |
29,617 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | “ငါ၏ မိခင် သည်...ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၍၊ ကိုယ်ပါခံကျန်း၊ လွန်ရွှင်လန်းလျက်၊ ချမ်းမြေ့သာချို၊ မိမိကိုယ်လျှင်၊ အသက်ရှည်အောင်၊ ရွက်ဆောင်နိုင်ပါစေ”ဟု |
29,618 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | စိတ်ပါလက်ပါ ရွတ်ဆို၍ ပိုသင့်သည်။ |
29,619 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ဖခင်ကို ပိုရာ၌ “ငါ၏ ဖခင်သည်” ဆရာကို ပိုရာ၌ “ငါ၏ဆရာသည်”ဟု ပြောင်းလွှဲ၍ ဆိုပါ။ |
29,620 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | သတ္တဝါအားလုံးကို သိမ်းကျုံး၍ ပိုရာ၌ “သတ္တဝါ ဟူသမျှ”ဟု ဆိုပါ။ |
29,621 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ဤနည်းကား ပါဠိအတိုင်း တိုက်ရိုက် မြန်မာပြန်ခြင်းတည်း။ |
29,622 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အများသုံးနေသော မေတ္တာ ပို့နည်း | ဤပိုနည်းကို ရှည်သေးသည်ဟု ထင်လျှင်လည်း “ငါ၏ မိခင်သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာပါစေ”... “ငါ၏ ဘခင်သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာပါစေ” “ငါ၏ဆရာသမားတို့သည် ငါ၏ဆွေမျိုးတို့သည်” .... စသည်ဖြင့် ဆို၍ စိတ်ဝင်စားစွာဖြင့် ပို့ကြပါလေ။ |
29,623 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | အလောဘ အကြောင်း |
29,624 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | မလိုချင်မှု သဘောသည် အလောဘ တရားတည်း။ |
29,625 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ |
29,626 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ဤ အလောဘ၏ မလိုချင် မှုသည် လောဘနှင့် ပြောင်းပြန် ဖြစ်၏။ |
29,627 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | မီးနှင့်ရေ ပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်း ဖြစ်သည်။ |
29,628 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။ |
29,629 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောဘဘုန်းကြီး |
29,630 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောဘသမားသည် ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ |
29,631 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | မိမိကို လှူချင်လာအောင် ဆွယ်တရား ဟော၏။ |
29,632 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက်၊ မပေးရက်၊ အလွန် မက်မော၏။ |
29,633 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ထိုပစ္စည်းရမှုကို အကြောင်းပြု၍ “အာဂ...ငါပဲ”ဟု စိတ်ကြီးဝင်လိုက် သေး၏။ |
29,634 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံ ရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရချေ။ |
29,635 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောဘသမားလူ ပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ |
29,636 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ပစ္စည်း ဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ပဲ) မရမက ရှာဖွေလေ့ ရှိ၏။ |
29,637 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ရပြန်လျှင်လည်းတင်းမတိမ်နိုင် “ရလေ လိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ |
29,638 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | တသက်လုံး အချိန်ရှိသမျှ စု၍ရသောပစ္စည်းတွေကို “ငါ့ဟာ..ငါ့ဟာ”ဟု လွန်စွာ စွဲလမ်းနေစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများ ကပင် ပို့ဆောင်တတ်လေသည်။ |
29,639 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောဘသည် ဤ အခြေအနေ ရောက်အောင် ဆိုရွားလှချေတကား။ |
29,640 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | အလောဘဘုန်းကြီး |
29,641 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | အလောဘ ဤသို့ မဟုတ်။ |
29,642 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းကို မခင်မင်။ |
29,643 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | အဆင်သင့် ရသည်ကိုလည်း မသာယာ။ |
29,644 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ဒကာ ဒကာမတို့က ကုသိုလ်ရချင်၍ စွန့်ကြဲလိုက်သော စာလုံး စားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော် အနေနှင့် စဉ်းစား၍မကြည့်သေးပဲ ယောက်ျားကောင်း တယောက်အနေနှင့် စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန် တူ၏။ |
29,645 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | “ယောက်ျားကောင်း”ဟူသည် မိမိကသာ သူတစ်ပါးတို့အား ပေးကမ်းစွန့်ကြဲသင့်သည်ဟု သဘောထားဟန်လက္ခဏာရှိသည်။ |
29,646 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ထို့ကြောင့် အလောဘဓာတ်ခံ ရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်းမရှိ။ |
29,647 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လူ ဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်း မရှိ။ |
29,648 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနား ညှာတာလေ့ရှိ၏။ |
29,649 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ ရှိ၏။ |
29,650 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်။ |
29,651 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | မုတ္တစာဂီ = လူကောင်း သူကောင်း ပီပီဖြင့် လွတ်လွတ် ကျွတ်ကျွတ် စွန့်လေ့ ရှိ၏။ |
29,652 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ရွှေအိမ် ရွှေနန်းကို သော်မှလည်း ပြတ်ပြတ် တောက်တောက် စွန့်ခွါ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်း မွေ့လျော် စံပျော်နိုင်ကြပေသည်။ |
29,653 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍ “လောဘသမားလော၊ အလောဘသမားလော”ဟု စစ်ကြော ကြည့်ကြပါကုန်။ |
29,654 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | လောဘသမား ဖြစ်နေသေးလျှင် ယခုဘဝက အမြန်ပြင်ကြပါ။ |
29,655 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း | အလောဘသမားဘက်သို့ ပါဝင်နိုင်သူဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘ သမားအစစ် ဖြစ်အောင် အားထုတ်ကြပါကုန်။ |
29,656 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | ဥပက္ခာ ပို့နည်း |
29,657 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | ဥပေက္ခာပို့ရာ၌ ပါဠိလို “ကမ္မဿကာ”၊ မြန်မာလို “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိသည်။ |
29,658 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | ကောင်းလဲသူ့ ကံ၊ ဆိုးလဲသူ့ကံ”ဟု ပို့ရသည်။ |
29,659 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | ဆိုလိုရင်းကားငါက ချမ်းသာအောင် မေတ္တာပို့သော်လဲ သူ့ကံရှိမှ ချမ်းသာမည်။ |
29,660 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | ငါက သနားသော်လည်း သူ့ ကံရှိမှသာ ဒုက္ခက လွတ်မည်။ |
29,661 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | သူ ချမ်းသာနေသည်ကို ငါက ဝမ်းမြောက်၍ ဤ စည်းစိမ် ချမ်းသာမှ မလွတ်စေလိုသော်လည်း သူ့ ကံ ရှိမှသာ ဤစည်းစိမ်နှင့် ဤအသက် မြဲနိုင်မည်။ |
29,662 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း | သို့ဖြစ်၍ ငါကြောင့်ကြစိုက်ဖွယ် မလို “ကမ္မသကာပဲ”ဟု ဆိုလိုသည်။ |
29,663 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ဥပေက္ခာ အကြောင်း |
29,664 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | သတ္တဝါတို့ အပေါ်၌ လျစ်လျူရှုခြင်း သဘောသည် ဥပေက္ခာတည်း။ |
29,665 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ထို့ကြောင့် “ရှုသည့်လျစ်လျူ၊ ပေက္ခပြုလော”ဟု ဆိုခဲ့သည်။ |
29,666 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | (ဤဥပေက္ခာကို အဘိဓမ္မာ ကျမ်းများ၌ “တတြမဇ္ဈတ္တတာ စေတသိက်”ဟု ခေါ်သည်။ |
29,667 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ) လျစ်လျူရှူ-ဟူသည် မေတ္တာကဲ့သို့ ချစ်လည်းမချစ်၊ ကရုဏာကဲ့သို့ သနားလည်း မသနား၊ မုဒိတာကဲ့သို့ ဝမ်းလည်းမမြောက်၊ ဒေါသကဲ့သို့ မုန်းလည်းမမုန်းပဲ “မကောင်းလဲ သူ့ကံ ကောင်းလဲ သူ့ကံ”ဟု ကမ္မဿကာ ချထားခြင်းတည်း။ |
29,668 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | [“ကမ္မ=မိမိပြုအပ်သောကံသာ + သက=မိမိ ဥစ္စာဖြစ်သည်”ဟု သဘော ထားခြင်း။ |
29,669 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ] ယခုကာလ၌ ပြောဆို ဆုံးမ၍ မရသော တပည့် သားသမီးများကို “လျစ်လျူရှုထားသည်”ဟု ပြောကြ၏။ |
29,670 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ထိုသို့ လျစ်လျူရှုခြင်းကား တပည့် (သို့မဟုတ် သားသမီး)ကို စိတ်၌ ထည့်၍ မစဉ်းစားတော့ပဲ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နေချင်သလို နေပေစေဟု ပစ်စလက်ခတ် ထားခြင်းတည်း။ |
29,671 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ထိုပစ်စလက်ခတ် ထားခြင်းသည် ဤနေရာ၌ ပြနေသော ဥပေက္ခာ မဟုတ်။ |
29,672 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ဤဥပေက္ခာ၏ လျစ်လျူရှုခြင်းကား စိတ်ထဲမှာထည့်၍ စဉ်းစားပါသေးသည်။ |
29,673 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | သို့ရာတွင် အမုန်းဘက်သို့လည်းမရောက်စေ၊ အချစ်ဘက်သို့လည်းမရောက်စေပဲ အလယ် အလတ် စိတ်ထား၍ ရှုစားနိုင်သော သဘောတည်း။ |
29,674 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ဤ ဥပေက္ခာသည် သာမန် လူတို့၌ ဖြစ်နိုင်ပါ၏။ |
29,675 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပေက္ခာ အကြောင်း | ဈာန်ရအောင် ရှုသော ဥပေက္ခာကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ တပါးပါးဖြင့် တရားပေါက်ပြီးသူ၌သာ တိုးတက် အားထုတ်မှဖြစ်နိုင်ပါသည်။ |
29,676 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ဒသမ အခန်း [ပဋိသန္ဓေ တည်စကပင် ကလလ ရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တဘဝလုံးအတွက် ရုပ် ခန္ဓာကိုယ်၏ အဖြစ် အပျက်ကို နားလည် သင့်ကြ ပေသည်။ |
29,677 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ထို့ကြောင့် ဤအခန်း၌ ရုပ်နှင့် စပ်၍ မှတ်ဖွယ်များကို ပြမည်။ |
29,678 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ] ရုပ်ခေါ်ပုံ |
29,679 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | “ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်”ဟု ခေါ်၏။ |
29,680 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | “ဖေါက်ပြန်တတ်သော သဘောတရား”ဟု ဆိုလို၏။ |
29,681 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ဖောက်ပြန်ခြင်း၏ အကြောင်းကား အအေး အပူ စသောအားဖြင့် များစွာရှိ၏။ |
29,682 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ထိုတွင် အအေးကြောင့် ရုပ်ဖေါက်ပြန် ပျက်စီးပုံကား-ဆောင်းအခါ အသားအရေ ကွဲခြင်း၊ အလွန် ချမ်းသောအခါ အသားအရေ ညိုမဲခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိက် ငရဲသားတို့၏ ကမ္ဘာကို ခံသော ရေသို့ ကျ၍ မွမွကျေရခြင်း စသည်များတည်း၊ အပူကြောင့် ဖောက်ပြန်ပျက်စီးပုံမှာ--နေပူထဲ၌ သွားသောအခါ အသားအရေ နီမြန်းခြင်း၊ နေပူ-မီးလောင်၍ ညိုမဲခြင်း၊ အပူ မိ... |
29,683 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | ထို့ပြင်—မှက် ခြင် စသည်ကြောင့် အဖုအပိမ့် ထခြင်း၊ မြွေ ကင်း ကိုက်၍ အနာဖြစ်ခြင်း၊ သေခြင်း၊ ထမင်းဆာ ရေငတ်ခြင်း စသည်တို့ကြောင့် ခြောက်ကပ် နေခြင်း၊ သေခြင်း စသည်များလည်း ရုပ်၏ ဖေါက်ပြန် ပျက်စီးခြင်းပင်တည်း။ |
29,684 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | [ဆောင်] ပူအေး ထန်ပြင်း၊ မြွေခြင် ကင်းနှင့်၊ ထမင်း ရေဆာ၊ ကြောင်းများစွာကြောင့်၊ သိသာ ဖေါက်ပြား၊ ထိုတရား၊ မှတ်သား ရုပ်ဟု ခေါ်။ |
29,685 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း | [ရုပ် ၂၈-ပါးရှိသော်လည်း၊ အရေးကြီးသော ၁၉-ပါး ကိုသာ ပြမည်။ |
29,686 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | ပသာဒရုပ် ၅-ပါးအကျယ် |
29,687 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာ ကိုယ်တွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်၊ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟု ခေါ်သည်။ |
29,688 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | စက္ခုပသာဒ |
29,689 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ |
29,690 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | မျက်လုံးအတွင်း မျက်နက်ဝိုင်း၏အလယ်၌ ဤစက္ခု အကြည်ဓာတ်ပေါင်း များစွာ ပြန့်နှံ့လျက်ရှိ၏၊ အမျိုးမျိုးသော အဆင်း အရောင် (ရူပါရုံ)များကို ဤစက္ခု အကြည်ဓာတ်က ဖမ်းမိသော အခါ၌ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။ |
29,691 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပြန့်နှံ့၍နေသော အကြည်ဓာတ်များစွာကို “သောတပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အသံ(သဒ္ဒါရုံ)ကို ဤသောတ အကြည်ဓာတ်က ဖမ်းမိသော အခါ၌ သောတဝိညဉ်ခေါ် ကြားသိစိတ် ဖြစ်၏။ |
29,692 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | နှာခေါင်းတွင်းဝယ် ဆိတ်သတ္တဝါ၏ ခွါနှင့် ပုံသဏ္ဌာန်နှင့် တူသော အရပ်၌ ပြန့်နှံ့နေသော အကြည် ဓာတ်ပေါင်းများကို “ဃာနပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အနံ့ (ဂန္ဓာရုံ)များကို ဤဃာနအကြည်ဓာတ်က ဖမ်းမိသောအခါ ဃာနဝိညာဉ်ခေါ် နံသိစိတ်ဖြစ်၏။ |
29,693 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | လျှာအလယ်ငယ် ကြာပွင့်ကြာဖတ်များနှင့် ပုံသဏ္ဌာန်တူသောအရပ်၌ ပြန့်နှံ့တည်ရှိနေသော အကြည်ဓာတ် များစွာကို “ဇိဝှါပသာဒ”ဟု ခေါ်၏၊ စားသောက်သမျှ အစာတွင်ပါဝင်သော အရသာ(ရသာရုံ)များကို ဤဇိဝှါအကြည်ဓတ်က ဖမ်းမိသောအခါ ဇိဝှါဝိညာဉ်ခေါ် အရသာသိ-စိတ်ဖြစ်၏။ |
29,694 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ် | ခြောက်သွေ့သော အသားအရေကို ချန်လှပ်၍ တကိုယ်လုံး အရပ်တိုင်း၌ ပြန့်နှံနေသော အကြည်ဓာတ်ပေါင်းများကို “ကာယပသာဒ”ဟု ခေါ်၏၊ ထိမိ တိုက်မိ တွေ့ထိအပ်သမျှ (ဖောဋ္ဌဗ္ဗာရုံ)များကို ဤ ကာယအကြည်ဓာတ်က ဖမ်းမိသောအခါ ကာယဝိညာဉ် ထိသိ-စိတ် ဖြစ်၏၊ ဤသို့လျှင် ခန္ဓာကိုယ်၌ အကြည်ဓာတ် ၅-မျိုး ရှိသည်။ |
29,695 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | မဟာဘုတ် (ဓာတ်ကြီး၊) ၄-ပါး |
29,696 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၁။ ပထဝီဓာတ်၊၂။ |
29,697 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အာပေါဓာတ်၊၃။ |
29,698 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | တေဇောဓာတ်၊၄။ |
29,699 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဝါယောဓာတ်။ |
29,700 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပသာဒရုပ် ၅-ပါး |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.