id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,701 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၅။ စက္ခုပသာဒ၆။ |
29,702 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | သောတပသာဒ၇။ |
29,703 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဃာနပသာဒ၈။ ဇိဝှါပသာဒ၉။ |
29,704 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၁၀။ ရူပါရုံ၁၁။ |
29,705 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | သဒ္ဒါရုံ၁၂။ |
29,706 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဂန္ဓာရုံ၁၃။ |
29,707 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ရသာရုံဖောဋ္ဌဗ္ဗာရုံ [ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃-ပါးကိုပင် တွေ့ထိဘွယ် အာရုံတမျိုးဖြစ်၍ ဖောဋ္ဌဗ္ဗာရုံဟု ခေါ်ထားသည်။ |
29,708 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၁၄။ ဣတ္ထိဘာဝ၁၅။ |
29,709 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၁၆။ ဟဒယဝတ္ထု၁၇။ |
29,710 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဇီဝိတ၁၀။ ဩဇာ (အာဟာရ)၁၉။ |
29,711 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | မဟာဘုတ် ၄-ပါးအကျယ် |
29,712 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပထဝီဓာတ် |
29,713 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပကတိမြေသည် ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင် လောက်အောင် ခိုင်မာသကဲ့သို့ အတူဖြစ်ဘက် ရုပ်တရား စုကို ခံယူ ဆောင်ထားနိုင်လောက်အောင် ခိုင်မာသော ရုပ်ကို ပထဝီဓာတ် (မြေဓာတ်)ဟု ခေါ်သည်၊ ပကတိမြေကြီးနှင့် ကျောက်ခဲသံခဲ စသည်မှာ ဤပထဝီဓာတ် လွန်ကဲသော ရုပ်အစုအဝေးများတည်း |
29,714 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အာပေါဓာတ် |
29,715 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပကတိရေသည် မြေမှုန့် မုံမှုန့် စသည်တို့ကို ပေါင်းစပ်ဒေသကဲ့သို့ အတူဖြစ်ဘက် ရုပ်မှုန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော)ရုပ်ကို အာပေါဓာတ် ရေဓာတ်)ဟုခေါ်သည်၊ ဤ အာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်း သဘောလည်း ရှိသေးသည်။ |
29,716 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ထို့ကြောင့် ပကတိ, ကျင်ငယ် တံထွေး နှပ် စသည်တို့မှာ အာပေါဓာတ် လွန်ကဲသော ရုပ်အစု ဖြစ်ကြပေသည်။ |
29,717 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပကတိ မီးငွေ့ နေပူငွေ့များသည် အစိုအစေးများကို ခြောက်စေသကဲ့သို့ အာပေါဓာတ်ဖြင့် စိုစွတ် စေးကပ်သော ရုပ် အမှုန့်များကို အလွန်ကြီး မစိုစေဘဲ အနေတော်ရုံ သွေ့ခြောက်စေသော ရုပ်ကို တေဇောဓာတ် (မီးဓာတ်)ဟု ခေါ်၏၊ နွေအခါ၌ ကျန်းမာသူတို့၏ ခန္ဓာကိုယ်ဝယ် အအေးငွေ့ရှိ၏၊ ထိုအအေးငွေ့လည်း တေဇောဓာတ်ပင်တည်း၊ ထို့ကြောင့် ဥဏှတေဇော သီတတေဇောဟု တေဇော... |
29,718 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဤတေဇောကိုပင် ဥတု ဟုလည်း ခေါ်၏၊ ခန္ဓာကိုယ်နှင့် တကွ အပြင်ပ မြေ ရေ တော တောင်ဟူသမျှ၌ ဧသောအခါ သီတတေဇော (သီတဥတု)သည် တလောကလုံးပြန့်နှံ၍, ပူသောအခါ ဥဏှတေဇော (ဥဏှဥတု)သည် တလောကလုံး၌ ပြန့်နှံ့လျက်ရှိ၏၊ ဤတေဇောသည် သူ့အခါနှင့်သူ ပူချိန် ပူ၍ ဧချိန်လျှင် ကျန်းမာ၏၊ ခန္ဓာကိုယ်တွင်း၌ရှိသော ဥဏှတေဇောသည် နဂိုသဘောထက် လွန်ကဲလာလျှင် နဲနဲလွန်လျ... |
29,719 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ထို့အတူ သီတတေဇောလွန်လျှင်လည်း ရောဂါရကြန်တော့သည်သာ။ |
29,720 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ထို့ကြောင့် တေဇော၏ အပြောင်းအလွဲကို မခံနိုင်သူတို့သည် အလွန် ပူသောအခါ၊ ခရီးသွားခြင်း အလွန်ပူသောအစာ စားခြင်း အလွန် အေးသောအခါ ခရီးသွားခြင်း၊ အအေးမိခြင်း, အလွန် အေးသော အစာကို စားခြင်းကို သတိကြီးစွာထား၍ ရှောင်ရှားနိုင်မှသာ ကျန်းမာသူ အသက် ရှည်သူများ ဖြစ်နိုင်သည်။ |
29,721 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပကတိ မီး နေတို့သည် ဥဏှတေဇော လွန်ကဲသော ရုပ်အစုအဝေးများဖြစ်ကြ၍ အေးမြသောရေနှင့် ရေခဲ စသည်တို့မှာ သီတတေဇောလွန်ကဲသော ရုပ်အစုအဝေးများ ဖြစ်ကြလေသည်။ |
29,722 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပါစကဝမ်းမီး |
29,723 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အစာသစ်အိမ်၏အောက်၌ စားသမျှအစာကို ကြေကျက်စေနိုင်သော “ပါစကဝမ်းမီး”ခေါ် တေဇာတမျိုးရှိသေး၏၊ ထိုပါစကတေဇော အားကောင်းသူ၌ စားသမျှအစာ ကြေ၏၊ ထိုတေဇောညံ့လျှင် အစာမကြေဘဲ ဓာတ်ပျက်တတ်၏၊ ထိုကဲ့သို့ ဓာတ်ပျက်မှန်း သိလျှင် ကြေကျက်လွယ်၍ နူးညံ့သော အစာကို စားသောက်မှသာ ကျန်းမာနိုင်မည်။ |
29,724 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပကတိလေသည် ထိုထိုအရာဝတ္ထုကို တွန်းထိုး ထောက်ကန်နိုင်သကဲ့သို့ တကွဖြစ်ဘက် ရုပ်အစုကို အချင်းချင်းထိကပ်နေအောင် တွန်းထိုး ထောက်ကန်တတ်သော ရုပ်ကို ဝါယောဓာတ်(လေဓာတ်)ဟု ခေါ်၏၊ ခန္ဓာကိုယ်တွင်း၌ လေဓာတ် ၆-မျိုး ရှိ၏၊ ၆-မျိုး က.. |
29,725 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၁။ ဥဒ္ဓင်္ဂမ လေ |
29,726 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အထက်သို့ဆန်တက်သော လေတည်း၊ ထိုလေ လွန်ကဲသောအခါ ရင်ပြည့်ခြင်း, ရင်ခံခြင်း၊ ကြို့ထိုးခြင်း၊ ချောင်းဆိုးခြင်း ချီခြင်း စသော ရောဂါများ ဖြစ်စေတတ်၏၊ စကားပြောသောအခါ၌ ဤလေဓာတ်က အထက်သို့ အမြဲတက်လျက်ရှိသောကြောင့် ရင်ပြည့် ရင်ခံ ရောဂါရှိသူသည် ထိုစကားပြောမှုကို အထူးဆင်ခြင်ရမည်၊ ဝမ်းထဲ၌ တစုံတရာအစာမရှိလျှင် သာ၍ပင် အထက်သို့ လေတက်တတ်လေသည... |
29,727 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အဓောဂမ လေ |
29,728 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အောက်သိုစုန်ဆင်းသော လေတည်း၊ ထိုလေလွန် သောအခါ၌ ဝမ်းလျှောခြင်း စသော ရောဂါကို ဖြစ်စေတတ်၏။ |
29,729 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ကုဉ္ဆိဋ္ဌလေ |
29,730 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အူသိမ် အူမရှိ အတွင်းကိုချန်၍ ဝမ်းတွင်း ရှိသမျှအရပ်ဝယ် သွားလာနေသော လေတည်း၊ |
29,731 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ၄။ ကောဋ္ဌာသယ လေ |
29,732 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အူသိမ်အူမတို့အတွင်းဝယ် လှည့်လည်နေသော လေတည်း၊ စားသမျှအစာကို အောက်သို့ဆောင်ပို့သော ဤလေက အူမကြီး အတွင်း၌ရှိသောကြောင့် စားသမျှ အစာတွေ အစာသစ်အိမ်မှ အစာဟောင်း အိမ်သို့ သက်ဆင်းလျက် အပြင်သို့ ထွက်ကြရသည်။ |
29,733 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အင်္ဂမင်္ဂါနုသာရီ လေ |
29,734 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | လက် ခြေ စသောအင်္ဂါကြီးငယ်တို့ကို လျှောက်သော လေတည်း၊ ထိုလေတို့က ကောင်းစွာမလျှောက်လျှင် ရောဂါ ဖြစ်တတ်၏ ခန္ဓာကိုယ်၌ အကြောသေးကလေးများရှိကြ၏၊ထိုးအသေးများ၏ အတွင်း၌ လေလျှောက်လျက်ရှိရာ ကြာရှည်စွာ ကွေး၍နေထိုင်သူ) ရှည်စွာ ကုန်း၍ ဝပ်၍ နေသူ၊ လက်ကို ကွေးထားသူ၌ (ရေပိုက်လုံးကို ကွေးထားလျှင် ရေမသွားသကဲ့သို့) လေ ကောင်းစွာ မလျှောက်နိုင်... |
29,735 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ထို့ကြောင့် ဤလေမျိုး မှန်မှန်လျှောက်အောင် ကြာရှည်စွာ ကွေးပြီးလျှင် ပေါင် ခြေသလုံး ပိညပ် နေအောင် မထိုင်ကြဘို့နှင့် အကြောများ ဆန့်အောင် လမ်းများများ လျောက်ဘို့ တိုက်တွန်းကြသည်။ |
29,736 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အဿာသ ပဿာသ လေ |
29,737 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဤလေကား အသက် ရှူရှိုက်သောအခါ ထွက်သက် ဝင်သက် လေများတည်း၊ အာနာပါနဟုလည်း ခေါ်၏။ |
29,738 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဤသို့လျှင် လေအမျိုးအစား ၆-ပါးရှိ၏။ |
29,739 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | အမာခံနှင့် အမွှန်းတင်ရုပ် |
29,740 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ဤ ပထဝီအခါ တေဇော ဝါယော ဟူသော ဓာတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံရုပ်များတည်း၊ နောက်၌-ပြမည့် ပသာဒရုပ်စသည်ကား ထိုဓာတ်ကြီး ၄-ပါးကိုမှီတွယ်၍ ဖြစ်ရသော အမွှန်းတင် ရုပ်များဖြစ်သည်။ |
29,741 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ထင်ရှားစေအံ့-ခေတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံများဖြစ်ရကား ဓာတ်ကြီးလေးပါးတို့ အစုအဝေး များလေ ခန္ဓာကိုယ်ကြီးမားလေ ဖြစ်၏၊ မြေပြင်ကြီး ကျောက်တောင်ကြီး ရေပြင်ကြီး “မီးလုံးကြီး လေမုန်တိုင်းကြီး စသည်ဖြင့် သက်မဲ့ ဝတ္ထု ကြီးတွေ ကြီးမားလေသမျှ၌၎င်း လူကြီး, နတ်ကြီး, ငါးကြီး, လိပ်ကြီး စသည်ဖြင့် သက်ရှိ အကောင်အထည်တွေ ကြီးမားလေသမျှ၌၎... |
29,742 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ် | ပြလတ္တံ့သော စက္ခု သောတ ရူပ သဒ္ဒ စသည်တို့အတွက်ကား ထူး၍ အရာ ဝတ္ထု ကြီးမားတော့မည်မဟုတ်၊ ဥပမာ-ဆပ်ပျာမွေးခဲ တခဲ၌ အလွန် အနံ့ကောင်းအောင် အနံ့ဓာတ် ဂန္ဓရုပ်တွေ များစွာထုံမွှမ်းထားသော်လည်း ဆပ်ပျော်ခဲသည် တိုး၍လည်းမကြီး အနံ့ဓာတ် ဂန္ဓရုပ်တွေ လျော့လိုက်ခြင်း ကြောင့်လည်း ဆပ်ပျော်ခဲ တိုး၍မငယ်၊ ထို့ကြောင့် ပထဝီစသော ဓာတ်ကြီး ၄-ပါး အထည်ဝ... |
29,743 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အာရုံ ၅-ပါးအကျယ် |
29,744 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အာရုံ |
29,745 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | “အာရမ္မဏ”ဟူသော ပါဠိကို မြန်မာလို “အာရုံ”ဟု ပြန်ထားကြ၏။ |
29,746 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | “စိတ်၏ မွေ့လျော်ရာ”ဟု ဆိုလိုသည်၊ မည်သည့် စိတ်မဆို အာရုံတခုခုနှင့် ကင်း၍ မဖြစ်နိုင်၊ အာရုံ ရှိမှသာ စိတ် ဖြစ်နိုင်သည်။ |
29,747 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ ပျော်မွေ့ရာဖြစ်သည်၊ ထိုအာရုံများတွင် အဆင်း အရောင် ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏၊ အသံရုပ်ကို သူရဲ့ သဒ္ဒါရုံ, အနံ့ရုပ်ကို ဂန္ဓာရုံ, အရသာရုပ်ကို ရသာရုံ, အတွေ့ရုပ်ကို ဖောဋ္ဌဗ္ဗာရုံဟု ခေါ်သည်။ |
29,748 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | [“ဓမ္မာရုံ”ဟူသည်ကား ရုပ်ချည်းသက်သက် မဟုတ် ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။ |
29,749 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤအာရုံများတွင် နှစ်သက်ဘွယ်ကောင်းလှသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံများကို “ကာမဂုဏ်” ဟုလည်းခေါ်၏။ |
29,750 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | [ကာမ-လိုလား နှစ်သက်အပ်သော+ဂုဏ= ဂုဏ် = အနှောင်အဖွဲ့] ကာမဂုဏ်ငါးပါး အာရုံတရားဟူရာ၌ ဤအဆင်း (ရူပါရုံ)စသော ၅-ပါး ကိုပင် ဆိုသည်။ |
29,751 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | သို့ဖြစ်၍ မိန်းမတို့၏ အဆင်း, အသံ, အနံ့နှင့် ချက်ပြုတ် ကျွေးမွေးအပ်သော အရသာ, ကိုယ်အတွေ့များသည် ယောက်ျားတို့ အနှစ် သက်ဆုံး ကာမဂုဏ်တည်း၊ ယောက်ျားတို့၏ အဆင်း စသည်များလည်း မိန်းမတို့အတွက် အနှစ်သက်ဆုံးသော ကာမဂုဏ်များ ဖြစ်ကြလေသည်။ |
29,752 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ပဋိသန္ဓေတည်စ ပဌမဆုံးခဏ၌ပင် အဖို အမ ကွဲပြားဘို့ရန် ရှေးကံ၏ အစွမ်းကြောင့် ရုပ်တမျိုးစီ ပါရှိခဲ့ကြသည်။ |
29,753 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုရုပ်ကလေးများသည် ခန္ဓာကိုယ်တခုလုံး အရပ်ရပ်၌ပင် ရှိကြလေ၏၊ မိန်းမဖြစ်ဘို့ရန် ထိုအနင်းခံရုပ်ကို ဣတ္ထိဘာဝရုပ် ယောက်ျားဖြစ်ဘို့ရန် ထိုအရင်းခံရုပ်ကို ပုရိသဘာဝ ရုပ်ဟု ခေါ်၏၊ သစ်ပင် မျိုးစေ့အလိုက် အကိုင်း အခက် အရွက် အသီးတို့ ထွက်သကဲ့သို့ အတူ ဣတ္ထိဘာဝရုပ်ဟူသော အရင်းခံ မျိုးစေ့ကြောင့် မိန်းမ ပုံသဏ္ဌာန်, မိန်းမ အင်္ဂါ, မိန်းမ အ... |
29,754 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤရုပ်ကား သားမြတ် ၂-ခု အလယ်ဝယ် ရင်ချိုင့် အတွင်းရှိ သွေးများကို ပြန့်နှံ့နေသော ရုပ်တည်း၊ များစွာသော စိတ်ရှိသည် ဤရုပ်ကို မှီ၍ ဖြစ်ကြရ၏၊ [“ဟဒယ-နှလုံး”ဟု မြန်မာပြန်ကြ၏၊ ဆရာဝန်များ ယူကြသော နှလုံးနှင့် နေရာချင်းမတူပါ။ |
29,755 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | နာမ်တရားတို့၌ အသက်ဟု ခေါ်သော ဇီဝိတိန္ဒြေ စေတသိက် ရှိသကဲ့သို့ ဤ ရုပ်တရားတို့၌လည်း “အသက်”ဟု ခေါ်သော ဇီဝိတရုပ်ရှိ၏၊ သို့သော် ဤ ဇီဝိတ ခေါ်သော အသက်သည် စိတ် ဥတု အာဟာရကြောင့်ဖြစ်ရသော ရုပ်များ၌မပါ ကံကြောင့်ဖြစ်ရသော ရုပ်များ၌သာ ပါ၏။ |
29,756 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | သတ္တဝါတို့၌ နာမ်ဇီဝိတနှင့် ရုပ် ဇီဝိတ နှစ်ပါးသည် အချုပ် ဖြစ်၏၊ ထိုဇီဝိတ (အသက်) ၂-မျိုးမရှိလျှင် အသေကောင် ဖြစ်ရတော့၏၊ ခန္ဓာကိုယ်၌ရှိနေ ရုပ်တွေ မပုပ်မသိုးဘဲ တည်နေနိုင်သည်မှာလည်း ဤ ဇီဝိတ ခေါ်သော အသက်ရှိနေသောကြောင့် ဖြစ်၏၊ အသေကောင်၌ရှိသော ရုပ်များမှာ ဤ ဇီဝိတခေါ် အသက်မပါခြင်းကြောင့် ပုပ်ရ လေသည်၊ ဤဇီဝိတ ရုပ်လည်း တကိုယ်လုံးမှ... |
29,757 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထမင်း၌ အဆီအနှစ် အစေးရှိ၏၊ ထိုအဆီအနှစ်ကို“ဩဇာ”ဟု၎င်း၊ “အာဟာရ”ဟု၎င်း ခေါ်၏၊ ခန္ဓာကိုယ်၌လည်း ထိုအဆီအနှစ် များပါရှိ၏၊ ချို-ချဉ်-စပ်-ဖန်-အငန်-အခါး, ဤ ခြောက်ပါးကို အရသာ (ရသာရုံ)ဟု ခေါ်၏ ဩဇာကား ထိုအရသာတွင် ပါဝင်သော အဆီအနှစ်တည်း၊ ထိုအဆီအနှစ်သည် ခန္ဓာကိုယ်၌ ရုပ်အသစ်ကို တိုးပွားစေတတ်၏၊ နောက်၌ အကျယ်ပြဦးမည်။ |
29,758 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အာကာသသဒ္ဒါသည် “အကြား” ဟူသော အနက်ကို ဟော၏၊ ရုပ်တို့သည် တခုတည်းခဲ့၍ဖြစ်ရိုး မရှိ၊ အနည်းဆုံး ဂ-ခု၊ ၉-ခု စသည် ပူးတွဲ၍ ဖြစ်ရိုးတည်း၊ ထိုကဲ့သို့ ပူးတွဲဖြစ်ကြသော ရုပ်တစု တစု ကို“ကလာပ်တစည်း”ဟု ခေါ်၏၊ (ကလာပ်ဖွဲ့ပုံနောက်၌ပြမည်။ |
29,759 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ) လက်ချောင်း ၂-ခု ပူးကပ်ညပ်နေသော်လည်း အလယ်၌ အကြား အာကာသ ရှိသကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ်၌ ရုပ်ကလာပ် ကလေးတွေ ပြည့်ညပ်နေသော်လည်း ကလာပ် တခုနှင့်တခုမှာ အကြားရှိသေး၏၊ ထိုအကြားကိုပင်“အာကာသဓာတ်”ဟု (ရုပ်တမျိုးအနေဖြင့်) သမုတ်ထားသည်၊ စင်စစ်မှာ ထင်ရှားရှိနေသော ရုပ်အစစ်မဟုတ်၊ ရုပ်ကလာပ် ၂-ခု ပေါင်းမိမှ အလိုလို ထင်ရှားသော ပညတ် တမျိုး... |
29,760 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ကလာပ်ခေါ်ပုံ |
29,761 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ယခုအခါ မြို့ကြီးတို့၌ လူအများစုပေါင်းထားသောအဖွဲ့ တမျိုးကို “ကလာပ်”ဟု ခေါ်၏။ |
29,762 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ |
29,763 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ပြခဲ့သော ရုပ်ကိုလည်း တခုစီ တခုစီခွဲ၍ ဖြစ်ရိုးမရှိ ပေါင်း၍ ရစကောင်းသော ရုပ်ကလေးများအချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ |
29,764 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုသို့ အတူဖြစ်ဘက် အတူပျက်ဘက် ရုပ်အစုကို “ကလာပ်တစည်း”ဟု မှတ်ပါ၊ |
29,765 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အမြဲတွဲနေသော ရုပ် ၈-မျိုး |
29,766 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ပထဝီ အာပေါတော ဝါယော ဟူသော မဟာဘုတ်ကြီး-၄-ပါးနှင့် ဝဏ္ဏ (အဆင်း) ဂန္ဓ (အနံ့) ရသ (အရသာ) ဩဇာ (အဆီ အနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း၊ ဘယ်နေရာ ဘယ်ဌာနမှ ထိုဂ-ပါးတို့ ကွဲပြားလျက် မရှိ, မြေထဲ၌ ရှိရှိသမျှ မြေမှုန့်တို့သည် ထိုရုပ် ဂ-ပါး အပေါင်းချည်း သာတည်း၊ မြေကြီး၌ အဆင်း (ဝဏ္ဏရုပ်)ပါ၏၊ နမ်းကြည့်လျှင် အနံ့တမျိုးမျိုးရှ... |
29,767 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိတွေ့၍လည်း ရကောင်း၏၊ မြေကြီး၌သာ မဟုတ် ရေ၌လည်း ဤရုပ် ဂ-ပါး, လေ၌လည်း ဤရုပ် ဂ-ပါး၊ မီးပူ နေပူ မီးရောင် နေရောင် စသည်တို့၌လည်း ဤရုပ် ဂ-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။ |
29,768 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ကလာပ်တခု၏ ပမာဏ |
29,769 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုကလာပ်ကခုသည် အလွန်သေးငယ်၏။ |
29,770 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | စိတ်နိုင်သမျှစိတ် မှုန့်နိုင်သမျှ မှုန့်နေသော မြူမှုန့်ကလေး၌ပင် ကလာပ် အမျိုးပေါင်း အလွန်များစွာ ပါရှိ၏၊ ပလက် မျက်စိဖြင့် ကြည့်၍မမြင်ရ၊ အလွန် အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်၍ ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့် ဥတုကြောင့် အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ်ကလေးတွေ အလွန်များစွာ... |
29,771 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ] အကြောင်း၎င်း-ပါးတို့ ပြုပြင်နေပုံ |
29,772 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤနေရာဝယ် ဓာတ်ကြီး ၄-ပါးကို စုပေါင်း နေပုံနှင့် ကံ စိတ် ဥတု အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်၍ ရှင်းပြပါဦးမည်။ |
29,773 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ် ကလေးကို စဉ်းစားကြဖို့ .. မြေမှုန့်တွေချည်း သက်သက် လူရုပ်ဖြစ်နိုင်မလား မဖြစ်နိုင်၊ မြေမှုန့်ချည်း သက်သက်ထားလျှင် လေတိုက်သဖြင့် လွင့်သွားလိမ့်မည်။ |
29,774 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။ |
29,775 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | မြေနှင့် ရေ ပေါင်းရုံဖြင့်လည်း လူရုပ်ဖြစ်ဘို့ မဆိုထားဘိ၊ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်၊ ထို့ကြောင့် စည်းလုံး မိအောင် စုပေးရဦးမည်၊ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး ရေဆွတ်ထားသဖြင့် စိုစွတ်နေသောရွံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်း ပေးရဦးမည်၊ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်, အပူ... |
29,776 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့အတူ ပထဝီဓာတ်ချည်းသက်သက် ခန္ဓာကိုယ်မဖြစ်နိုင်၊ ပထဝီဓာတ် လွှင့်မသွားအောင် အာပေါဓာတ်က စိမ့်စိုလျက် ရှိရ၏။ |
29,777 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | စိုထိုင်းထိုင်း မရှိရအောင် တေဇာဓာတ်က အငွေ့ပေးလျက် ရှိရ၏။ |
29,778 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | တဖွဲ့စီ တဖွဲ့စီ(တကလာပ်စီ) တွဲမိအောင် ဝါယောဓာတ်က တွန်းထိုးဖိညှပ်လျက် ရှိရ၏၊ ထိုဓာတ်ကြီး ၄-ခု အစုအဖွဲ့၌ မကင်းကောင်းသော ဝဏ္ဏ ဂန္ဓ ရသ ဩဇာတို့ ပါရှိကြ၏၊ ထိုသို့ ရုပ်ကလာပ်များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာ လျော်စွာ မပူးပေါင်းဘဲ) ရှေးက လူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း “လူကိုယ်ကောင်” ဖြစ်အောင် ပူးတွဲမိကြလေသည်... |
29,779 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုကဲ့သိုကံက စီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောကျ်ား သဏ္ဌာန် မိန်းမ သဏ္ဌာန် ပေါ်အောင်လည်း စီမံရ၏၊ အကုသိုလ်ကံ အလိုက် ငရဲသဏ္ဌာခန့် ပြိတ္တာသဏ္ဌာန်များကိုလည်း စီမံရ၏၊ ကုသိုလ်ကံ ကောင်းမကောင်းကို လိုက်၍ လှပသောဏ္ဌာန်, မလှပ သဏ္ဌာန်များကိုလည်း စီမံရ၏၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဌာန်ကို ရသော်လည်း ရှေးကုသိုလ် ကံများက အခွင... |
29,780 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ်(ရုပ်) တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံ ဖန်တီးထားလေသည်။ |
29,781 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤကံကြောင့်ဖြစ်သောရုပ်ကို “ကမ္မဇရုပ်”ဟု ခေါ်၏။ |
29,782 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ) စိတ်ကပြုပြင်ပုံ |
29,783 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ကံစီမံထားသော ထိုရုပ်ကြီးကို စိတ်ကလည်း ထပ်မံ၍ပြုပြင် ပြန်၏၊ စိတ်၏အလိုအတိုင်း ထိုင်ရ အိပ်ရ ရပ်ရ သွား၏။ |
29,784 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တကိုယ်လုံးပြန့်နှံ့လျက် ဖြစ်၏၊ ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်းထက် သတ္တိကောင်း၏၊ ထိုပါယောဓာတ်အစွမ်းကြောင့် တကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏၊ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်တွေများသည်ထက်များလာသောအခါ ရွေ့ကာ ရွေ့ကာ သွားလာသကဲ့သို့ ဖြစ်၏၊ ထိုဓာတ်အစွမ်းကြောင့် ရွေ့ကာ ရွေ့ကာဖြစ်... |
29,785 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤနေရာ၌ “ရွေ့ကာရွေ့ကာ ဖြစ်ခြင်း”ဟူသော စကားကို ထပ်၍ ထင်ရှား စေဦးအံ့-ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတယောက်၏ ခြေလှမ်း၍ သူသွားနေပုံ ပေါ်လာအောင် သားငယ်ကလေးပေါင်း များစွာရိုက်ကူးရ၏၊ ပဌမကား၌ ရပ်နေပုံသာ ပါသေး၏၊ ဒုတိယ တတိယ စသော ကားများ၌လည်း ထူးခြားခြင်းမရှိလှသေး၊ ကားပေါင်း အတော်များမှ ကြွသလို ပေါ်လာ၏၊ ထိုနောက်လည်း ကားပေါင်း အတော်မ... |
29,786 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုကားပုံကလေးများသည် တကယ့်လူ၏ အနေအထားကို အဆက်ဆက် ထင်ရှားစေသော ပုံကလေးများတည်း။ |
29,787 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထိုကြောင့်“လူသွားသည်”ဟု ဆိုရာ၌ သွားလိုသော စိတ်ကြောင့် ပဌမ ဖြစ်သောရုပ်များ မသွားသေး မတ်တတ်ရပ်လျက် ရှိသေး၏၊ သို့သော် ပဌမ ရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်အစွမ်းကြောင့် မငြိမ်သက်သော အမူအရာ ဖြစ်လာ၏၊ ထို့ကြောင့် ဒုတိယ ရုပ်စုသည် ပဌမရုပ်စု၏နေရာ၌ ထပ်၍ မဖြစ်ဘဲ ထိုနေရာနှင့် ဆက်စပ်နေသော ဒုတိယနေရာ၌ ဖြစ်၏၊ ဤသို့လျှင် နောက်နောက် ဖြစ်ကြသ... |
29,788 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ပြင် “စိတ်ပျိုတော့ ကိုယ်နု” ဆိုသည့်အတိုင်း စိတ်ချမ်းသာသူ၌ ကြည်လင်သော စိတ္ထဇရုပ်များဖြစ်၍, ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ ကြည်လင်၏၊ ထိုက်တန်သမျှ ကျန်းမာအောင် ကြည်လင်သောစိတ်က စွမ်းဆောင်နိုင်၏၊ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဟု ပြောဆိုရိုး ရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့် ဖြစ်သော ရုပ်များ ညှိုးနွ... |
29,789 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အိမ်တဆောင်ကို မီးလောင်လျှင် နီးကပ်နေသော အခြားအိမ်များလည်း လောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုးနွမ်း ပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ, ဥတုဇ, အာဟာရဇ ရုပ်များလည်း ပူလောင်ရတော့၏။ |
29,790 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသူသည် အရွယ်နှင့် မတန်အောင် အိုဆိုး၍, ထိုထက်ပူပန်လာသောအခါ နှလုံးကွဲ၍ စုတေရလေတော့၏။ |
29,791 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤသို့လျှင် ခန္ဓာ ကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။ |
29,792 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဥတုက ပြုပြင်ပုံ |
29,793 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏၊ သာယာသော ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏ ကျန်းမာ ဝဖြိုး၏။ |
29,794 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | သန့်ရှင်းသော အိပ်ရာနေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌ ထိုအဝတ်မှ တွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ ကြည်လင်၏။ |
29,795 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ကြောင့် အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲခြင်းသည် ကျန်းမာဘို့ အကြောင်း နည်းကောင်း အစစ်ပင်တည်း၊ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲသူ၌ကား မကောင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး ဆုတ်ယုတ်ပျက်ပြား၏၊ တောတောင် သစ်ပင်တို့သည် မိုယ်ကျသောအခါ၌ ဥတုကောင်းနှင့် တွေ့ရ၍ တိုးတက် ပြန့်ပွား စည်ကာ... |
29,796 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | နွေဥတုကျသောအခါ မကောင်းသော ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။ |
29,797 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိ ဝမ်းတွင်း အောင်းနေစဉ်က စ၍ ပြုပြင်နေရကား ဥတုအလိုက် သစ်ပင်တောတောင်တို့ ပြောင်းလွှဲပုံကိုကြည့်၍ မိမိကိုယ်၌လည်း ဥတု ကောင်းမကောင်း လိုက်၍ ဥတုဇရုပ်များ ပြောင်းရပုံကိုသတိပြုပါကုန်။ |
29,798 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အာဟာရ ပြုပြင်ပုံ |
29,799 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | စားသမျှ အစာ၌ (သောက်ရေ၌ပင်)ပါရှိသော ဩဇာသည် ရုပ်ကိုဖြစ်စေနိုင်၏၊ မိမိနှင့်သင့်သော အစား အသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင် စည်ပင်ကျန်းမာ၏၊ မသင့်တော်သော အစား အသောက်နှင့် ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသောရုပ်များ တိုး၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြ... |
29,800 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | အမိဝမ်းကွင်း သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာကလေး ထင်ရှားသည်က စ၍ အမိစားသမျှ အစာသည် သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏၊ ထိုအခါ ကလေး၏ကိုယ်၌ အာဟာရကြောင့် ရုပ်များ တိုးပွားကြ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.