id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,801 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်က စ၍ ကလေးနှင့် မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ် ကြရသည်၊ အမိသည် အကြင်အစား အသောက်ကို စားသောက်၏၊ ထိုအစား အသောက်ဖြင့် အမိဝမ်း၌ တည်နေရသော ကိုယ်ဝန်သူငယ် ကလေးသည် မျှတရရှာ၏၊ (အမိစားအစာသည် ချက်ကြိုးမှစိမ့်၍ ကလေးကိုယ်၌ ပြန့်နှံ့၏)ဟု ကျမ်းစာတို့... |
29,802 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ယခုအခါ၌ကား ကျန်းမာရေးကို အတော်နားလည်သော ဆရာတို့၏ ညွှန်ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည် အားရှိသောအစာကို စားရ၏၊ ကြမ်းကြမ်းတန်းတန်း သွားလာမှုကို သတိပြုရ၊ မကြာမကြာ ကိုယ်ဝန်ကို ဆိုင်ရာဆရာ့ထံ ပြရ၏၊ အအိပ်အစားမှန်စေရ၏။ |
29,803 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | မိဘကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမူ ကျန်းမာသော သားသ္မီးတို့က များပေလိမ့်မည်။ |
29,804 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ထို့ကြောင့် မိခင် ကိုယ်တိုင်ကလည်း ကလေး၏ဒာဟာရကို ကိုယ်ဝန် ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။ |
29,805 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | နိဂုံး |
29,806 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤမျှသော စကားအစဉ်ဖြင့် နားလည်သင့်သမျှ ရုပ်တို့၏ အကြောင်းကို ပြခဲ့ပြီ။ |
29,807 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ဤသို့ ရုပ်တို့၏ဖြစ်အင်ကို စီစဉ်ရကြောင်း ကောင်းမြတ်သော ပဋိပတ်ကြောင့် ဤကျမ်းစာ ကြည့်ရှုသူတိုင်း ယခုဘဝ ကျန်းမာရေး နောင်သံသရာ၌ နိဗ္ဗာန်မပြောင်းရသေးမှီ ရုပ်ကောင်းရုပ်မွန် ရရေးအတွက် ထက်မြက် ကောင်းမြတ်သော ကံကို ပြုနိုင်ကြပါစေ၊ ငါနှင့်အတူ အတွင်းလူတို့ကား ဖြစ်လေရာ ဘဝ၌ (နိဗ္ဗာန်မရသေးလျှင် ကုသိုလ်ကောင်းမှု ပါရမီပြုရာဝယ်) စိတ်သွား... |
29,808 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | “ယခုနောက်နှောင်း ရုပ်ရည်ကောင်းဘို့ ကျိုးကြောင်းစုံလင်, ရုပ်ဖြစ်အင်ကို စီစဉ်ပါရ, ဤပုညကြောင့်, ရှုကြ သသူ များဗိုလ်လူတို့ ခုမူမျှော်တွေးကျန်းမာ ရေးနှင့် နောင်ရေးရုပ်ကောင်း, ရဘို့ကြောင်းဟု ကံကောင်းပြုစေ ငါ့အနေမူ ဘဝေ ဘဝ, ဖြစ်သမျှ၌, ပုည အလုပ် ကြိုးအားထုတ်က, ဤရုပ် ခန္ဓာ ကျန်းခံ့သာ၍ ခိုင်မာစေကြောင်း ဖေါ်အပေါင်းလည်း အကောင်း ဆင်... |
29,809 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ် | ရုပ်နှင့်စပ်၍ မှတ်ဖွယ်များပြီးပြီး၊ |
29,810 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | ဒုတိယ အခန်း |
29,811 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | [ဤအခန်း၌ စေတသိက်အကြောင်းနှင့် အကုသိုလ်စေတသိက်များပါသည်။ |
29,812 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | ] စေတသိက်က စိတ်ကို ခြယ်လှယ်ပုံ |
29,813 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | စိတ် အကြောင်းကို ပြရာဝယ် “စိတ်ကောင်းစိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ |
29,814 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | သို့သော် စိတ်သည် အာရုံကို သိဖို့ရန် ကိစ္စတခုသာရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြား နိုင်ချေ။ |
29,815 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | စေတသိက် အမျိုးမျိုးနှင့်အတူ ဖြစ်ရသောကြောင့် ထိုစေတသိက် အများ၏ အကောင်းအဆိုးလိုက်၍ စိတ်သည်လည်း စိတ်ကောင်းစိတ်ဆိုး ဖြစ်ရပေသည်။ |
29,816 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက်စေတသိက်များက ခြယ်လှယ်၍ထားကြသည်”ဟု ဆိုလိုသည်။ |
29,817 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | ဥပမာ-ရေသည် ပင်ကိုယ် အနေဖြင့် အရောင်တမျိုးတည်းရှိသော်လည်း ဆေးနီ-ဆေးဝါ-ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက်ဖြစ်ရတော့ သကဲ့သို့တည်း။ |
29,818 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | ထို့ကြောင့် စိတ်ကောင်း စိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာ သင့်ကြပေသည်။ |
29,819 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း | [ဆောင်] စိတ်၏တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်းဆိုး၊ မကွဲရိုးတည်း၊ တမျိုးတွဲဖက်၊ စေတသိက် တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လဲ စေတသိုက်ကြောင့်သာကိုး၊ |
29,820 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ကုက္ကုစ္စ အကြောင်း |
29,821 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | နောင်တ တဖန် ပူပန်ခြင်း သဘောသည် ကုက္ကုစ္စတည်း။ |
29,822 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တ တဖန်၊ ပူပန် ထန်ပြင်း”ဟု ဆိုခဲ့သည်။ |
29,823 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ချဲ့ဦးအံ့-ဤ ကုက္ကုစ္စ၏ နောင်တရမှုသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာမှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ်ကို မပြုခဲ့မိ၍ “မပြုမိတာမှားလေစွ”ဟု လည်းကောင် နောင်တရခြင်း ၂-မျိုး ရှိ၏။ |
29,824 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | နောင်တရပုံ |
29,825 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | “ဒု-သ-န-သော”ဟု အများ ပြောကြသော သဌေးသား ၄-ယောက်သည် လူ့ ဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းဥစ္စာ အလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ |
29,826 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထို့နောက် “လောဟကုမ္ဘီ”သံရည်ပူငရဲ၌ ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍ |
29,827 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | “ငါတို့သည် ပစ္စည်းဥစ္စာ ပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိပဲ မှားယွင်းစွာ အသက် မွေးခဲ့ကြတယ်နော်”ဟု ပြောလိုသော စကားများကို စုံလင်စွာ မပြော နိုင်ပဲ “ဒု” ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ |
29,828 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤသူ၌ ကုသိုလ်ကောင်းမှုကို မပြုခဲ့မိ၍ နောင်တရသော ကုက္ကစ္စ ဖြစ်သည်။ |
29,829 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အခြား တယောက်ကလည်း... “ငတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာ မဟုတ်ပါဘူး၊ လူ့ဘဝတုန်းက မကောင်းမှုကို ငါတို့ပြုခဲ့ ကြတယ်နော်”ဟု ပြောလိုရင်း စကားဆုံးအောင် မဟနိုင်ပဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ |
29,830 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤ သူကား အကုသိုလ်ကို ပြုခဲ့မိ၍ နောင်တရသည်။ |
29,831 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤကဲ့သို့ နောင်တရမှု၊ နောက်တဖန် ပြန်၍ ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည် မဟုတ်ပါ။ |
29,832 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ယခု ဘဝမှာလည်း ထိုသို့ ပူပန်တတ်ကြပါသည်။ |
29,833 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲတွင်မက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်လေသည်။ |
29,834 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | နောင်တမရသင့်ပုံ |
29,835 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အကုသိုလ်ကိုပြုလုပ်ပြီးမှ နောင်တ တဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ |
29,836 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ကုက္ကုစ္စ အကုသိုလ်အသစ်ပင်တိုးလာပါသေး၏။ |
29,837 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထို့ကြောင့် နောင်တ တဖန် ပူပန်မနေပဲ ပြုပြီးသမျှ အကုသိုလ်များ နောင်ခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုး နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ရမည်။ |
29,838 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျိုး “ငါမှာ နောင်အခါ မဖြစ်စေရ”ဟု စိတ်ပါ လက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ် (သိပ်မကြီးကျယ်လျှင်) အကျိုးမပေးပဲ ပပျောက်သွားတတ်ကြောင်းကို (မဟာဝဂ္ဂ သံယုတ်၌) ဟောတော်မူသည်။ |
29,839 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အချိန်ရှိခိုက် လုံ့လစိုက် |
29,840 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ငယ်ရွယ်စဉ် အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃-မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်၏။ |
29,841 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | “မိုးကုန်မှ ထွန်ချ”လျှင် အကျိုးရနည်းရုံမက၊ လုံးလုံးမရပဲလည်း ရှိတတ်သည်။ |
29,842 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကိုမပြုမိတာ မှားပေါ့”ဟု နောင်တမဖြစ်စေသင့်။ |
29,843 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူ များသော လူတို့ထက် အပုံကြီး သာပါသေးသည်။ |
29,844 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | တမ္ဗဒါဌိက မည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ် ကျသူများကို သတ်ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့၏။ |
29,845 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ကောင်းစွာမသတ်နိုင်သော အဘိုးကြီးအရွယ်ရောက်မှ သူသတ်ရာထူးက ထွက်၏။ |
29,846 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | သေခါနီးဆဲဆဲမှာ အရှင်သာရိပုံနှင့်တွေ့၍ တရားနာရာတွင် သူ လုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ခြား၍ နေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ပဲ ရှိလေသည်။ |
29,847 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိုအခါ အရှင်သာရိပုတြာ သိတော်မူ၍ “ဒါယကာ..အသင် သတ်ချင်လို သတ်တာလား၊ အသက်မွေးမှုအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရ တာလား”ဟု မေးတော်မူလေရာ၊ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ။ |
29,848 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း” လျှောက်လေလျှင် “သည်လို ဆိုလျှင် အပြစ် ရှိသေးသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီးနောက် ဆက်လက်၍ တရားဟောတော်မူသောအခါ “မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠ သောတာပန်” (သောတာပန်အငယ်=သောတာပန်အတု) ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ |
29,849 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | [ဤဝတ္ထု၌ ရှင်ဘုရင် ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ |
29,850 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | သို့သော် စိတ်သက်သာအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်း ဖြစ်သည်။ |
29,851 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ] မှတ်ချက် |
29,852 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေများစွာ ရှိနေသည်ကား မှန်၏။ |
29,853 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ၊ ကုက္ကစ္စ ငြိမ်းအေးသွားလေသည်။ |
29,854 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ |
29,855 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီး အကုသိုလ်အတွက်လည်း မပူပန်ရ၊ ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တ မဖြစ်ကြစေပဲ၊ ပြခဲ့သော နည်းဖြင့် အကုသိုလ်အသစ် မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။ |
29,856 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိန မိဒ္ဓတို့ အကြောင်း စိတ်ရော ကိုယ်ပါ သွက်လက်ခြင်းမရှိပဲ ထိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “ထိန” ဟုလည်းကောင်း၊ မှိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “မိဒ္ဓ” ဟုလည်းကောင်း၏။ |
29,857 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ |
29,858 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤ စေတသိက် ၂-ပါးသည် အတူ ဖြစ်ရိုးတည်း။ |
29,859 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤ ၂-ပါး ဖြစ်သည့်အခါ လုံ့လ ဝီရိယ ကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ |
29,860 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဆိုင်ရာအလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိပဲ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၏။ |
29,861 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ဤ ၂-ပါး ဖြစ်ပုံသည် အိပ်ပျော်ကာနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။ |
29,862 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ |
29,863 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညှိုးနွမ်းမှုကြောင့် ဖြစ်ရသည်။ |
29,864 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိုအိပ်ချင်မှုမျိုး ရဟန္တာများ၌လည်း ဖြစ်ရလေသည်။ |
29,865 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | နေပူမိသဖြင့် ညှိုးနွမ်းသော သစ်ပင်များလည်း တွန့်ကာ ရှုံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။ |
29,866 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထို့ကြောင့် အိပ်ချင်တိုင်း ထိန မိဒ္ဓ မဟုတ်။ |
29,867 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ထိုထို ကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလုပ် တွန့်ဆုတ်ခြင်း၊ ထိုင်းမှိုင်းခြင်းကိုသာ ထိန မိဒ္ဓဟု မှတ်ပါ။ |
29,868 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း | ယခု ကာလ၌လည်း အလုပ်အကိုင် ပျင်း၍ ထိုင်းမှိုင်းနေသကို “တယ်...ထိန မိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။ |
29,869 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး |
29,870 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ၁။ မောဟ၂။ |
29,871 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | အဟိရိက၃။ အနောတ္တပ္ပ၄။ |
29,872 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ဥဒ္ဓစ္စ၅။ လောဘ၆။ |
29,873 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ဒိဋ္ဌိ၇။ မာနဂ။ |
29,874 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ဒေါသ၉။ ဣဿာ၁၀။ |
29,875 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | မစ္ဆရိယ၁၁။ |
29,876 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ကုက္ကစ္စ၁၂။ |
29,877 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | ထိန၁၃။ မိဒ္ဓ၁၄။ |
29,878 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | [ဆောင်] မသိတတ်ဘိ−မောဟ သိလော၊ အဟိရိက-မရှက်စွတည့်၊ နောတ္တပ္ပမူ-မလန့်ဟူ၏၊ မှတ်ယူပြန့်လျက်-မငြိမ်သက်ထ–ဥဒ္ဓစ္စနှင့် လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ–ထောင်လွှား ကြွတက်၊ ဒေါသတွက်ကြောင့်၊ ခက်ခက်ထန်ထန်၊ ဣဿာလျှံမူ-လွန်ငြူစူ၏၊ ပြောထူ မစ္ဆေ-ဝန်တို့ လေသတဲ့၊ တထွေမှတ်ကြ—ကုက္ကုစ္စကား၊ နောင်တ တဖန်-ပူပန် ထန်ပြင... |
29,879 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး | (ကုသလ-ကုသိုလ်၏ + အ-ဆန့်ကျင်ဘက်၊ အကုသလ-ကုသိုလ်၏ + ဆန့်ကျင်ဘက်။ ) |
29,880 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဒိဋ္ဌိ အကြောင်း |
29,881 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိ မည်၏။ |
29,882 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ထို့ကြောင့် “မှားသော အမြင်-ဒိဋ္ဌိတွင်သား”ဟု ဆိုခဲ့သည်။ |
29,883 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဤ အသိအမြင် မှားနေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ |
29,884 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဤ ဒိဋ္ဌိသည် မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံမက “သူ၏အယူက အမှန်၊ သူများ အယူတွေ တလွဲ” ဟုပင် စွပ်စွဲတတ်သေးသည်။ |
29,885 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ မရှိပဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပဲလျက် “အတ္တရှိ၏၊ အသက်ကောင် ရှိ၏”ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။ |
29,886 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | သတ္တဝါတို့ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်ခါ အကျိုးပေးရန် သတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ အကျိုးကို အကောင်းအဆိုး အမျိုးမျိုးခံစားရပါလျက် “ကံ၏အကျိုးမရှိ”ဟု သိမြင်ခြင်း၊ ရုပ်နာမ်တရားတို့၏ ချုပ်ငြိမ်းခြင်း ဟူသော နိဗ္ဗာန်တရား ရှိပါလျက် နိဗ္ဗာန်မရှိဟု သိမြင်ခြင်း၊ နိဗ... |
29,887 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | သတ္တဝါတွေကို သတ်၍ ယဇ်နတ် ပူဇော်ကြခြင်းသည် အင်မတန်ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ |
29,888 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | အလွန်အေးမြသောကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သောကာလ၌ နေ့လယ်ကြောင်တောင်ဝယ် မီးလေးဖိုအလယ်၌ နေ၍ ကိုယ်ကိုမီးကင်ခြင်း၊နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အကျင့်များသည် ကိလေသာ စင်ကြယ်ဖို့အကြောင်း ကောင်းသောအကျင့်တည်း။ |
29,889 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ကောင်းသော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေကို မျှောရခြင်းသည်ပြုမိသော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းသော အကျင့်တည်း။ |
29,890 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဤသို့ စသည်ဖြင့် သိမြင်နေခြင်းသည် “မဟုတ်သည်ကို အဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ |
29,891 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဒါန သီလ ဘာဝနာများကို ပြုခြင်းသည် သုဂတိဘဝသို့ ရောက်ကြောင်း၊ နိဗ္ဗာန်ကို သိမြင်ဖို့အကြောင်း ကောင်းသောအကျင့် မဟုတ်ဟု သိမြင်ခြင်းသည် “ဟုတ်သည်ကို မဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ |
29,892 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှားသိပုံမှာ လွန်စွာ အရာကျယ်လေသည်။ |
29,893 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | ဤ ဒိဋ္ဌိနှင့်တကွဖြစ်သော စိတ်ကို “ဒိဋ္ဌိစိတ်”ဟု ခေါ်၍ ထိုအယူမှားရှိသူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ကြသည်။ |
29,894 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒိဋ္ဌိ အကြောင်း | နောက်နောက် စေတသိက်များ၌လည်း တွဲဖက်စိတ်နှင့် ပုဂ္ဂိုလ် အပေါ်မှာ ထိုက်သလို နာမည်ရပုံကို သိပါ။ |
29,895 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဒုက္ခ ဒေါမနဿတို့ အကြောင်း |
29,896 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ”ဟု ခေါ်၏။ |
29,897 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းမှု၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမှု၊ အရိုက်အနှက်ခံရမှု၊ တစုံတခုနှင့်ထိခိုက်မှု စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်း နွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ |
29,898 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ယခု လောက၌လည်း ကိုယ်ခန္ဓာနာကျင်လျှင် “အလိုလေး....ဒုက္ခ-ဒုက္ခ”ဟု ညည်းညူကြလေသည်။ |
29,899 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုသို့ ခန္ဓာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲ ချင်မှ ဆင်းရဲမည်။ |
29,900 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဘုရားအလောင်း ပါရမီ ဖြည့်တော်မူရာ၌ မဟောသဓာ၊ ဝေဿန္တရာဘဝ စသည်တိုဝယ် ကိုယ်ခန္ဓာ မသက်သာပဲ ဆင်းရဲဒုက္ခ ရောက်တော် မူကြ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.