id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,701 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပစ္စေကဗုဒ္ဓနှင့် ဘုရားရှင်သည်လည်း ဉာဏ်အထူးရတော်မူသော ဤရဟန္တာများပင် ဖြစ်ပါသည်။ |
30,702 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] ကံသာအမိ ကံသာဖ |
30,703 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိမိပြုသော ကံသည် မိမိကို ပဋိသန္ဓေ စိတ်ရင်းကပင် ကွဲပြားအောင် ပြုရုံသာမက၊ ရုပ်အဆင်း၊ ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာ ဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။ |
30,704 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထင်ရှားစေအံ့-လူတယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန် ပြု၏။ |
30,705 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | လူတယောက်ကား ကုသိုလ်ကို မပြု၊ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ |
30,706 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုသူ ၂-ယောက်တို့ လူ့ ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေ နေရ၏။ |
30,707 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ |
30,708 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပူလွန်းစပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။ |
30,709 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကုသိုလ်နည်းပါးသူများ ဆင်းရဲသူမဝမ်း၌ သန္ဓေတည်ရ၏။ |
30,710 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ |
30,711 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | နားလည်ပြန်လျှင်လည်း ရှောင်ကြဉ်ဖွယ် ဟူသမျှကို ရှောင်ဖို့ရာ။ |
30,712 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဥစ္စာဓန မရှိရှာသောကြောင့် အပူ အစပ် အေးလွန်းသောအစာများကိုလည်း မရှောင်နိုင်ရာ။ |
30,713 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ |
30,714 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အလွန်အေးသော အစာကို စားလိုက်လျှင်လည်း လောကန္တရိက်ငရဲ၌ ကျရ သလို အေးရရှာတော့၏။ |
30,715 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ရုတ်တရက် (ကလျာကယာ) ထိုင်လျက် ထလိုက်လျှင်လည်း ဆွဲ၍ ဆောင့်သလို ပင်ပန်းရှာ၏။ |
30,716 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | [ဤကား ကျမ်းစာတို့၌ ပြအပ်သော အချို့သော ဒုက္ခများသာ ဖြစ်သေး၏။ |
30,717 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သားငယ်၏ ကံမကောင်းမှုကြောင့် အမိဖြစ်သူမှာလည်း မသက်မသောကိုယ်ဝန်ဆောင်ရ၊ ဖွားမြင်ရသည်။ |
30,718 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ |
30,719 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို့နောက် ဖွားချိန်သို့ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင် ဖွားမြင်ရ၍၊ အပြင်ရောက် သောအခါ နုနယ်သော ဖလံနယ် စသည်တို့ဖြင့် ကျကျနနပြုစုကြသောကြောင့် သက်သာခွင့်ရ၏။ |
30,720 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကုသိုလ် နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်း ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသောအခါ၌လည်း အပြုအစု ကောင်းကောင်း မရ၊ အဝတ်ကြမ်းတို့ဖြင့် ကိုင်ကြသောကြောင့် အနာကို ကြက်တောင်နှင့်ဆူသလို မချိမဆန့်ခံရလေတော့သည်။ |
30,721 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံဖြင့် မပြီးသေး၊ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက်ရသည့်ပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေး ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက၊ အဘိုးအဘွား အဒေါ် အရီး ကြီးကြီးငယ်ငယ် စသူတို့က ချော့ကြ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ... |
30,722 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကုသိုလ်နည်းပါးသော သူငယ်အား မိခင်၏ နို့ရည်ကောင်းကို လည်းမရ၊ ဆေးကောင်း ဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့် အဘိုး အဘွား စသူတို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ |
30,723 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိခင်လုပ်သူမှာ ကလေး အနားက မခွလိုပါသော်လည်း ကလေးကို အဆာပြေရုံ နို့တိုက်ပြီးနောက် စားရေးသောက်ရေးအတွက် ဈေးလည်၍သော်လည်း ရောင်းရ။ |
30,724 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကူလီသော်လည်း လုပ်ရသဖြင့် လူမမယ် ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။ |
30,725 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤသို့လျှင် ကလေးအရွယ်လူမမယ်ဘဝ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင် သေးခင်က ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားရပုံကို စုံစုံလင်လင်ကြီး သတိထား၍ “မျက်နှာကြီးရာ ဟင်းဖတ် ပါတတ်သော” ဤကမ္ဘာလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ် မြင်၍ မနေသင့်ပေ။ |
30,726 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ရှေးရှေးဘဝ၌ ကံပြုစဉ်ကာလက မိမိကိုယ်တိုင် အသိဉာဏ် ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အပြစ်တင်၏။ |
30,727 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင် ဖြစ်အောင် ကြိုးစားကြဖို့ လိုပါသည်။ |
30,728 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပဲ သူတပါးမျက်နှာကြီးသည်ကို မနာလိုနေ ကြပါလျှင် နောင်ဘဝ အဆက်ဆက်၌ သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိသောကြောင့် ဤကျမ်းစာ ကြည့်ရှုသူများနှင့် ငါ၏ အတွင်းလူ ဟူသမျှကို သန္ဓေကောင်း ရဖို့ရန် ယခုနှယ်က ကြိုးစားကြပါစေသား။ |
30,729 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သန္ဓေတည်ခြင်း၊ ဤအခင်းကို ရှင်းလင်းခွဲခြား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ သန္ဓေကောင်းဖို့၊ အကြောင်းလှပေ၊ ငါ့အနေမူ၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ အောက်ကျညံ့ဖျင်း၊ သန္ဓေကင်း၍၊ ထန်ပြင်းလုံ့လ၊ ဉာဏ်ရောင် ရှလျက် ကမ္ဘာ့ထက်ကောင်း၊ နိဗ္ဗာန်ပြောင်းဖို့၊ အကြောင်း ဆင့်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်း... |
30,730 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ် ပြီး၏။ |
30,731 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နိဂုံးလင်္ကာ | နိဂုံးလင်္ကာ |
30,732 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နိဂုံးလင်္ကာ | ကျမ်းပြီး မှတ်ထုံး, ကပ္ပတ်ဖုံး၍ နိဂုံး အရာ အကျဉ်းမှာပိမ့်၊ ခုခါမျက်မြင် လူရောရှင်တို့ ပြည်ခွင်နိဗ္ဗာန် ဝင်ဘို့ရန်ဟု ဓိဋ္ဌာန်မနော, စိတ်ကြံစောလည်း သဘောရင်းနှစ် အတွင်းစစ်က, သစ်သစ် လွင်လွင်, မဖြုစင်သော်, ခေမင်ရွှေပြည် ဝေးဦးမည်ကြောင့် ငါသည်၎င်း ငါ့အပေါင်းနှင့် ငါ့နှောင်း ငယ်သား အစထား၍ တရားယူလို့ များလူ ဗိုလ်တို့ နဂိုရ် မြင့... |
30,733 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နိဂုံးလင်္ကာ | ကိုယ်ကျင့်အဘိဓမ္မာ ပြီးပြီး။ |
30,734 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ပဉ္စမအခန်း |
30,735 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဤအခန်း၌ စရိုက် ဝါသနာ အကြောင်းပါသည်။ |
30,736 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဤ ပြခဲ့သော အခန်း ၄-ခန်းဖြင့် စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည် လောက်ပြီ။ |
30,737 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မှုများ၌ ယခု တဘဝနှင့်သာ သက်ဆိုင်သည် မဟုတ်သေး၊ ရှေးရှေးဘဝက အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ |
30,738 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ရှေးရှေးဘဝက အထုံကောင်း ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိ တတ်၏။ |
30,739 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ရှေးရှေးဘဝက အထုံဝါသနာဆိုး ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။ |
30,740 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ပညာရှိ သူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကိုပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်” ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ |
30,741 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက် ချွတ်လိုက်သည်နှင့် တပြိုင်နက် ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။ |
30,742 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာ ဝနေသော်လည်း ဖိနပ်စုတ် တွေ့က မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုး အထုံပါ လာ၍ ဝါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ဝါသနာမှာ မပျောက်နိုင်ပဲ ရှိတတ်လေသည်။ |
30,743 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကိုဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက် အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။ |
30,744 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | စရိုက် ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ |
30,745 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓါ၊ ဝိတက် အားဖြင့် ၆-ပါး ပြား၏။ |
30,746 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | [လောဘကို ရာဂဟုလည်းကောင်း၊ ဉာဏ်ပညာကို ဗုဒ္ဓိဟုလည်းကောင်း ခေါ်၏။ |
30,747 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဒေါသ စသည်မှာ ပြခဲ့သော စေတသိက်များပင်တည်း။ |
30,748 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ] သတ္တဝါတယောက်၌ ထိုစရိုက် ၆-ပါးတွင် တပါးပါး ဖြစ်စေ၊ ၂-ပါး၊ ၃-ပါး စသည် ရောလျက်ဖြစ်စေ ဖြစ်လေ့ရှိ၏။ |
30,749 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | အကဲခတ်နည်း |
30,750 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | "ဤသူသည် မည်သည့် စရိုက်ရှိသူ ဖြစ်ပါလိမ့်မည်နည်း” ဟုအကဲခတ်ဖို့ရာ အသွားအလာ အနေအထိုင်ကို လည်းကောင်း၊ သူကြိုက်တတ်သော အစာကို လည်းကောင်း၊ အဖြစ်များသော တရားကို လည်းကောင်း သတိပြု၍ ကြည့်ရှု အကဲခတ်ရသည်။ |
30,751 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထိုစရိုက် အမျိုးမျိုး ရှိသူတို့တွင် ရာဂနှင့်သဒ္ဓါစရိုက်ရှိသူ၊ ဒေါသနှင့်ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟနှင့်ဝိတက်စရိုက်ရှိသူမှာ သွားလာ နေထိုင် အလုပ်အကိုင် အစားအသောက်မှစ၍ သဘောတူတတ်ကြသည်။ |
30,752 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ |
30,753 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ၂-ဦးလုံးပင် အသွား အလာ အနေအထိုင် ယဉ်ကျေး၏။ |
30,754 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ၊ အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော အလုပ်တို့၌ သေသေသပ်သပ် ရှိ၏။ |
30,755 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ချိုဆိမ့် မွှေးကြိုင် ပျံလှိုင် နူးညံ့သော အစားအသောက် အသုံးအဆောင်ကို နှစ်သက်၏။ |
30,756 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထို၂-နှစ်ယောက်တို့ ထူးခြားပုံကား- ရာဂ စရိုက်ရှိသူသည် ကာမဂုဏ် အာရုံများကို မခွဲနိုင် မခွါရက်အောင် စွဲမက်တတ်၏။ |
30,757 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ပရိယာယ်မာယာ များ၏။ |
30,758 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ကောက်ကျစ်စဉ်းလဲမှု သာဌေယျ ပေါ၏။ |
30,759 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | မာန၊ လောဘကြီး၏။ |
30,760 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | သဒ္ဓါစရိုက်ရှိသူ...မာယာသာဌေယျနှင့် မာန လောဘတို့ မကြီးမားပဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ ရှိ၏။ |
30,761 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဝတ်ကျောင်း ဘုရား သံဃာများကို ဝပ်တွား ဆည်းကပ် လေးမြတ် ပူဇော်ကာ တရားနာလေ့ ရှိသည်။ |
30,762 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | [သွားမှု ရပ်မှု ထိုင်မှု လျောင်းမှု ဤ ၄-ပါးကို “ဣရိယာပုထ်”ဟု ခေါ်၏။ |
30,763 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဤ ၄-ပါးကို လင်္ကာ၌ “ယာပိုက်လေးထွေ”ဟု ဆိုထားသည်။ |
30,764 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | [ဆောင် ရာဂစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနစေလတ်၊ လွန်သေသပ်ရှင်၊ လေးမြတ်ဖွယ်ရေး၊ ဘောဇဉ်ရွေးက၊ ချိုမွှေးဆိမ့်အိမ့်၊ လွန်နှစ်သိမ့် သတဲ့၊ မစိမ့်လောက်တုံ၊ကာမဂုဏ်ကြောင့် အာရုံစွဲကာ၊ ခွဲမခွါတည်း၊ မာယာ ဗရဝ၊ သာဌေယျနှင့်၊ မာနဖိစီး၊ အလိုကြီး၏၊ ထိုနည်းသဒ္ဓါ၊ စရိုက်မှာမူ၊ မာယာစသော၊ ပြစ်မနှ... |
30,765 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဤသူမွန်မြတ်ပေတကား။ |
30,766 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဒေါသ စရိုက်ရှိသူနှင့်၊ ဗုဒ္ဓိစရိုက်ရှိသူ |
30,767 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | စရိုက် ၂-မျိုးလုံး ရုန့်ရင်း ကြမ်းတမ်းသော အသွား အလာ အနေအထိုင် ရှိ၏။ |
30,768 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော ကိစ္စ၌ ကျကျနန သေသေသပ်သပ် မရှိ။ |
30,769 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | အချဉ် အငန် အစပ် အခါး စူးရှသောအရသာများကို နှစ်သက်တတ်၏။ |
30,770 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | မကောင်းသော အဆင်း အသံ စသည်နှင့် တွေ့ကြုံလျှင် သည်းခံ အောင့်အည်း၍ ချုပ်တည်းခြင်း မရှိပဲ ဆဲဆို ငေါက်ငမ်း ကြမ်းတမ်း စိတ်တို၏။ |
30,771 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဤသို့ ဒေါသနှင့်ပညာ စရိုက်ကို ဖြစ်ပုံချင်း တူသောကြောင့် ထိုစရိုက်ရှိသူတို့သည် (မိမိစိတ်ကို မပြင်သေးသမျှ) ဆဲဆို ငေါက်ငမ်း ကြမ်းတမ်းနေကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်လေသည်။ |
30,772 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထိုသူ ၂-မျိုးတို့ ကွဲလွဲပုံကား...ဒေါသစရိုက် ရှိသူ၌ ရန်ငြိုးဖွဲ့မှု အာဃာတ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမ ခက်ခြင်း ဒုဗ္ဗစ တရားတို့ ဖြစ်ပွားလေ့ ရှိ၏။ |
30,773 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဗုဒ္ဓိစရိုက်ရှိသူ၌ကား ရန်ငြိုးဖွဲ့ခြင်း စသော တရားတို့မရှိ။ |
30,774 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဆိုဆုံးမ၍လွယ်၏။ |
30,775 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | စားဖွယ် သောက်ဖွယ် ဟူသမျှ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ ရှိ၏။ |
30,776 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | နောင်ရေးနောင်တာ သံသရာအတွက် သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ ရှိရကား ပါရမီကုသိုလ်များကို ကြိုးစားလေ့ ရှိသည်။ |
30,777 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | [ဆောင် ဒေါသစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ကြမ်းတမ်းလေ၏၊ ထွေထွေကိစ္စ ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်တည်း၊ စားဖွယ် ငန် ချဉ်၊ စပ် ခါး မင်၏၊ ငါးအင် အာရုံ၊ မဖွယ်ကြုံလျှင်၊ ယမ်းပုံမီးကျ၊ စိတ်တိုလျ၍၊ ကောဓ ထန်သည်း၊ ရန်ငြိုးကြီးလျက်၊ ဖိစီး ဣဿာ၊ မစ္ဆေရာနှင့်၊ မက္ခာ ပဠာသ၊ ဒုဗ္ဗစတို့၊ မုချဆစ်ပွား၊ အပြစ်များ၏။ |
30,778 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | တရားပညာ၊ စရိုက်မှာမူ၊ ရှေ့လာအားလုံး၊ နည်းတူ သုံးလည်း၊ လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊ စားဖွယ် ကသိုဏ်း၊ ဘေ့ကြုံတိုင်းလည်း၊ နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်တည်း၊ ကြိမ်ကြိမ်နောင်လာ၊ သံသရာကို၊ ပညာသတိ၊ ပျော်ခေါ်ညို၍၊ ဂတိနောင်လျှင်၊ ကောင်းအောင်ပြင်သည်၊ လူတွင် သူမြတ် ပေတကား။ |
30,779 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | မောဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူ |
30,780 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | မောဟစရိုက် ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိ၏။ |
30,781 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ရှိ၏။ |
30,782 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဘယ်အစာ နှစ်သက်၏ဟု အမြဲမရှိ။ |
30,783 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြား၍မသိ။ |
30,784 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | သူများ ချီးမွမ်းအပ်သူကို မိမိလည်း လိုက်၍ ချီးမွမ်းတတ်၏။ |
30,785 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | သူများ ကဲ့ရဲ့အပ်သူကိုလည်း လိုက်၍ ကဲ့ရဲတတ်၏။ |
30,786 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | သတိပညာ ကင်း၍ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စကိုနှင့်သာ ကာလကုန်ရလေသည်။ |
30,787 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဝိတက်စရိုက် ရှိသူလည်း မောဟူသမားနှင့် ထူးမခြားနားပင်။ |
30,788 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထိုထိုကိစ္စ၌ စကားပေါလျက် ကိစ္စမချောပဲ မျောနေသည်သာ များ၏။ |
30,789 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ကောင်းသော လုပ်ငန်း၌မူ အစွမ်းအစ မရှိပဲ ပျင်းရိတတ်၏။ |
30,790 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | မိမိကဲ့သို့ လူ့ပေါက်ပန်း လူ့ ဘော်ကြော့တို့နှင့် ပျော်မွေ့ကာ ထွေရာလေးပါး အကြံများလျက် လူအား လူပိုသာ ဖြစ်သည်။ |
30,791 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | [ဆောင်] မောဟစရိုက်၊ ရှိသူ၌ကား၊ ယာပိုက်လေးတွေ၊ ရှုပ်ပွေပွေနှင့်။ |
30,792 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထွေထွေကိစ္စ၊ ရှုပ်ထွေးစွတည်း၊ အာဟာရအရာ၊ စားသောက် ပါလည်း၊ ဘယ်ဟာမိမိ၊ မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း၊ စုံထောက်လှမ်း၍၊ အဆန်းအရိုး၊ ကြောင်းအကျိုးဟု၊ ချောင်းဆိုးယုတ်မြတ်၊ မသိ တတ်သဖြင့်၊ အရပ်ရပ်မှာ၊ နောက်လိုက်သာတည်း၊ ပညာသတိ၊ ကင်းကွာဘိ၍၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကာလကုန်ဆုံး၊ အချိန်ဖြုန်း၏။ |
30,793 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ထုံးနည်းမခြား၊ ဝိတက်များလည်း၊ စကားတွေပေါ၊ ကိစ္စမျောလျက်၊ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လမ်းမူ၊ အစွမ်းမရှိ၊ ပျင်းရိရိတည်း၊ မိမိတိုတမ်း၊ လူ့ပေါက်ပန်းနှင့်၊ ရောပြွမ်းပျော်ပါး၊ အကြံများသည်၊ လူအား လူပိုတွေတကား။ |
30,794 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | စရိုက်ဖြစ်ခြင်း၏ အကြောင်းရင်း |
30,795 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | “လူချင်း တူပါလျက် အဘယ့်ကြောင့် စရိုက် အမျိုးမျိုး ကွဲပြားကြပါလိမ့်မည်နည်း”ဟု စဉ်းစားဖွယ်ရှိ၏။ |
30,796 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ရှေးရှေးဘဝ ကုသိုလ်ကံပြုစဉ်က ဘဝစည်းစိမ်ကို လိုလားတောင့်တသော လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံအကျိုးပေးရာ ဘဝ၌ ရာဂစရိုက် ရှိတတ်၏။ |
30,797 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊ အသိဉာဏ် နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ |
30,798 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ပညာဖြင့် လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍ လည်းကောင်း၊ ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာ ဘဝဝယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ |
30,799 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါ စရိုက် ရှိတတ်၏။ |
30,800 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း | ကာမဝိတက် စသော မကောင်းသောအကြံ ခြံရံလျက် ကံပြုခဲ့လျှင် ဝိတက်စရိုက် ရှိတတ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.