id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,501 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း | ထို့ကြောင့် နှလုံးလေပင့်၍ ဘဝင်မြင့်သူအား ထောင်လွှား တက်ကြွ မာန်မာန ဖြစ်ခြင်းသည် သူတပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံမက၊ နောက်နောက်ဘဝတို့၌ အမျိုးညံ့ဖို့ အကြောင်း မကောင်း သက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း နောက် နောက် ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အ... |
30,502 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အဟိရိက အကြောင်း |
30,503 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မရှက်ခြင်းသဘောသည် အဟိရိကတည်း၊ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟု ဆိုခဲ့သည်။ |
30,504 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့်တူ၏။ |
30,505 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ |
30,506 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ချဲ့ဦးအံ့--မစင်သည်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ |
30,507 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်။ |
30,508 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မစင်ထဲ၌ လူးကာလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တမျိုးတက်သည်ဟု မှတ်ထင်လေသည်။ |
30,509 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည် သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန်စက်ဆုပ် ရွံရှာဖွယ်ကောင်း၏။ |
30,510 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မတော် တဆပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏ အလယ်မှာ ရှက်ဖွယ်သာ ဖြစ်၏။ |
30,511 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | သို့သော် အဟိရိက သဘောကား ထိုဒုစရိုက်တို့ကို စက်ဆုပ်ရွံရှာခြင်း လည်းမရှိ၊ ပြုမိသော်လည်းမရှက်တတ်ချေ။ |
30,512 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | စင်စစ်မှာ အဟိရိကသမား အရှက်မရှိ သူများအလယ်၌ ဒုစရိုက်များများပြုနိုင်သည်ကိုပင် “ကြီးကျယ်သော ဂုဏ်တမျိုး”ဟု မှတ်ထင်နေလေသည်။ |
30,513 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့် ပညာရှိများပင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေတော့သည်။ |
30,514 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ဤစကား မှန်မမှန်ကို ပညာရှိ အခေါ်ခံရသူတိုင်း ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ကြည့်ကြပါလေ။ |
30,515 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ဟရိတစဝတ္ထု မှတ်ချက် |
30,516 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မောဟအခန်း၌ ပြခဲ့သော ဟရိတစ ရှင်ရသေ့၏ ပြုမူပုံ၌ ဤအဟိရိက သဘောလည်း ပေါလောပေါ်အောင်ထင်ရှား၏။ |
30,517 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်းကြီးဖြစ်၏။ |
30,518 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထက်ထပ်ဝယ် မောင်းမမိဿံတို့၏ အလယ် တကယ်ရှက်စရာ ကောင်းသော ကာမမှုကြီးပေတည်း။ |
30,519 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ထိုမျှလောက် မဖွယ်ရာသောကိစ္စကိုပင် မောဟကလည်းဖုံးလွှမ်း၊ အဟိရိကကလည်း မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန်ယွင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။ |
30,520 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အကုသိုလ်မှန်လျှင် ရှက်ဖွယ် |
30,521 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | မကောင်းမှု ဒုစရိုက်မှန်လျှင် ဤ ကာမမှုသာ ပရိသတ် အလယ်၌ ရှက်ဖွယ် မဟုတ်သေး။ |
30,522 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | အပြင်းအထန် စိတ်ဆိုးသဖြင့် ဟစ်အော် ငေါက်ငန်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကိုလေပင့်၍ ဘဝင် မြင့်သော အရူးကဲ့သို့ ထောင်လွှား ကြွတက် သူတပါးကို အဖက်မထင် စိတ်ကြီးဝင်သောမာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ ချင်သော ဣသာမှု စသည်များလည်း စက်ဆုပ် ရွံရှာ ရှက်ဖွယ်ရာ ကောင်းလှပေသည်။ |
30,523 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ |
30,524 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း | ဤ အဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း “အဟိရိကစိတ်= မရှက်စိတ်”ဟု ခေါ်၍ ဒုစရိုက်အမှုပြုနေသူကိုလည်း “အရှက်မရှိသူ”ဟု ခေါ်ဝေါ်ရလေသည်။ |
30,525 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ဣဿာ အကြောင်း |
30,526 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ငြူစူခြင်း၊ မနာလိုခြင်း သဘောရှိသည် “ဣဿာ” ပင်တည်း။ |
30,527 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထို့ကြောင့် “ဣဿာလျှံမူ၊ လွန့်၏”ဟု ဆိုခဲ့သည်။ |
30,528 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သူတပါး လှကြောင်း၊ ဥစ္စာ ပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများကို ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုတွင်သာမကပဲ ဇီးကွက်လောက်တော့ ငှက်တိုင်းလှ၍၊ သည်လို ယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နှုတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်း ထိုးကာနှင့် ပြောဆို ကဲ့ရဲ့တတ်ခြင်းသည် ဣသာ ... |
30,529 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ကျေးရွာသားတို့ ကဲ့ရဲ့ ရာ၌ကား “ဒီ ထန်းသီးမှုတ်မျိုးတော့ ဘယ်ထန်းပင် အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။ |
30,530 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | “ကိုယ်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ”ဟု ဆိုရိုး ရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။ |
30,531 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ငါးပိသည်က ရွှေသည်၏ အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည် အချင်းချင်း၊ ငါးပိသည် အချင်းချင်း၊ ရဟန်း သံဃာ အချင်းချင်း၊ ဓမ္မကထိက အချင်းချင်း စာချဘုန်းကြီး အချင်းချင်း၊ ဆရာတော် အချင်းချင်း အတင်း ပြောကာ ဣဿာ ဖြစ်ဘတ်ကြသည်။ |
30,532 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သူ၏ ကံစမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်းကြောင့် မိမိထက် သာလွန်၍ တိုးတက်နေသူကို အတင်း အဖျင်းပြောကာ ဣဿာ ဖြစ်မှုကြောင့် ထိုသူ့မှာ အကျိုးမယုတ်ပဲ မိမိမှာသာ ပညာရှိတို့ အထင်သေးခံရမည့်ပြင် ဘဝသံသရာ၌လည်း ယခုထက် အောက်ကျဖို့ အကြောင်း မကောင်းသောတရားတမျိုးဖြစ်၍ စင်စစ် ပယ်ရှားထိုက်လှပေသည်။ |
30,533 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | မြဂူကို မနာလိုသော ဝက်များ ဟိမဝန္တာတောင် ဂူအတွင်း၌ ခြင်္သေ့တစီး အောင်းနေ၏ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေကြသည်။ |
30,534 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေ ကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏အရောင်ကိုပင် အပြစ်မြင်နေကြ၏။ |
30,535 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | အခါတပါး၌ ထိုဝက်အများ တိုင်ပင်ကာ ရွှံ့ညွန်ထဲ၌လူးပြီးလျှင် ထိုညွှန်ဖြင့် မြဂူကို (အရောင်မှိန်သွားအောင်) ပွတ်တိုက်ကြလေရာ၊ မြဂူမှာ အရောင်မညှိုးပဲ တိုး၍ ပြောင်လာလေသည်။ |
30,536 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထို့အတူ မိမိထက် သာသူကို မနာလို၍ အပြစ်ပြောလျှင် မိမိမှာသာ အနေခက်၍ အထက်တန်းရောက်ပြီးသူမှာ တိုး၍သာ ပြောင်ဖွယ် ရှိလေသည်။ |
30,537 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | အတုက္ကံသန ပရဝမ္ဘနာ |
30,538 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | စကားပြောသောအခါ ဖြစ်စေ၊ စာရေးသောအခါ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍(ဂုဏ်ဖော်၍)ပြောဆိုရေးသားခြင်းကို “အတ္တုက္ကံသန”ဟု ခေါ်၏။ |
30,539 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | [အတ္တ=မိမိကိုယ်ကို+ ဥက္ကံသန =ချီးမြှောက်ခြင်း၊] သူတပါးကို ရှုတ်ချ၍ ရှုတ်ချ၍ (အပြစ်တင်၍) ပြောဆိုရေးသားမှုကို “ပရဝမ္ဘန”ဟု ခေါ်၏။ |
30,540 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | [ပရ=သူတပါးကို+ဝမ္ဘန = ရှုတ်ချခြင်း၊ ထိုတွင် အတ္တုက္ကံသန အမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ |
30,541 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ပရဝမ္ဘာနအမှု၌ကား ယခုပြနေသော ဣသာနှင့် မလိုမုန်းထားသော ဒေါသ သဘော ဖြစ်တတ်လေသည်။ |
30,542 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ဂုဏ်ဖော်ပုံ |
30,543 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | စကားပြောဆိုရာ၊ စာရေးသားရာတို့၌ မိမိ တတ်သိ နားလည်ကြောင်း၊ မိမိ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ အမျိုးအဆွေ ကြီးကြောင်း၊ ဘီအေ-အမ်အေ အောင်ကြောင်း၊ သူများနှင့် ပြိုင်ဆိုင်စဉ်တုန်းက မိမိအနိုင်ရခဲ့ကြောင်း၊ ယခုအခါ အောက်ကျ၍ နေရစေကာမူ ရှေးအခါတုန်းက ရွှေထီးဆောင်းခဲ့ရဘူးကြောင်း၊ (ဘုန်းကြီး ဖြစ်လျှင်) ဘုန်းကံကြီးကြောင်း၊ မိမိ၏ ဒကာ ဒကာ... |
30,544 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ဤသို့ ဂုဏ်ဖော်ကြရာဝယ် ဆင်ခြင် နည်းပါးသူတို့ အပေါ်မှာ အထိုက်အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားက တုံကမူ “ဤသူဟာ အူကြောင်ကြောင်ကြီး”ဟု အထင်သေး တတ်ကြသည်၊သို့ဖြစ်၍ စကားပြောရာ၊ စာရေးရာတို့၌ ဂုဏ်ဖော်ခြင်း ဟူသော အတ္တုက္ကံသန အမှုကို သတိပြု၍ ရှောင်သင့်ပေသည်။ |
30,545 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ဂုဏ်ဖော်သင့်သောအခါ |
30,546 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | တခါတရံ ဂုဏ်ဖော်သင့်သော အချက်များလည်း ရှိတတ်သေး၏။ |
30,547 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျင်မိမိ အလုပ်ကို ဖြစ်စေ၊ မိမိ စကား မိမိ တရားကို ဖြစ်စေ သူတပါးကိုက အထင်သေးဖွယ်ရှိသော အချက်တည်း ထိုကဲ့သို့ အချက်များ ၌ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ |
30,548 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထိုကဲ့သို့ မိမိအလုပ်ပိုစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာန မဟုတ်ပါ။ |
30,549 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှန်းတင်တတ်၊ စီစဉ်တတ်သော အသိ အလိမ္မာပင်ဖြစ်ပါသည်။ |
30,550 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ရှုတ်ချမှု |
30,551 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သူတပါးကို ရှုတ်ချတတ်သော ပရဝမ္ဘနအမှုလည်း သတိ မထားတတ် သူ၏ စာအရေးအသား၊ စကား အပြောအဆိုများ၌ တွေ့ရတတ်သည်။ |
30,552 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ကြားရသူတိုင်းက အထင်အမြင်သေးအောင် နိမ့်ကျသွားအောင် သူတပါးကိုရှုတ်ချခြင်းသည် ယုတ်မာ ဆိုးရွားလှ၏။ |
30,553 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သို့သော် တကယ် ယုတ်မာသူကို အများလူတို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့က ဖြစ်စေ အထင် ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့် စပ်သူတို့) အထင်မမှားရလေအောင် အခါအခွင့် အလိုက် ရှုတ်ချထိုက်ပေသည်။ |
30,554 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သို့သော် ထိုသို့ အများက အထင်ကြီးနေသူကို အပြစ်ပြ၍ ရှုတ်ချရာဝယ် သက်သေခံ မရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေ။ |
30,555 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ကြားဘူးသည်မှာ-ကျောင်းဒကာနှင့် ကျောင်းအမတို့သည် မိမိတို့ ဘုန်းကြီးကို ရဟန္တာလောက်ပင် ကြည်ညိုနေကြ၏။ |
30,556 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | အခါတပါးသော် အလှူတလှူ၌ သံဃာစဉ်ရာတွင် မိမိတို့ဘုန်းကြီးကို မမြင်ရသောကျောင်းဒကာသည်“ဘုန်းကြီး နေမကောင်းဘူး” ထင်၍ ကျောင်းသို့သွားလေသည်။ |
30,557 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထိုအခါ မီးတင်းကုပ်မှ မီးခိုးထွက်နေသည်ကိုမြင်၍ ချောင်းကြည့်မိရာ ဘုန်းတော်ကြီးကိုယ်တိုင် ကြက်ဥ ကြော်နေသည်ကိုမြင်ရသဖြင့် ကြက်သီးထကာ စိတ်မချမ်းမသာနှင့် ကျောင်းအမကို ပြန်ပြောလေရာ၊ ကျောင်းအမက “ကျောင်းဒကာ စိတ်ဖောက်ပြန်လာပေါ့”ဟု စိုးရိမ်၍ “အရပ်ကတို့...လာကြပါဦး၊ ကျုပ်တို့ ကျောင်းဒကာ ဘာဖြစ်လာမှန်း မသိပါဘူး”ဟု အော်လေရာ၊ ကျောင်းဒက... |
30,558 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ထို့နောက် အိပ်ရာဝင်မှ တခါပြန်လေရာ ရှေးနည်း အတိုင်း ကျောင်းအမက အော်မည် လုပ်ပြန်သောကြောင့် ကျောင်းအမကို တောင်းပန်ကာ နောက်နောင်အခါ ဘုန်းကြီး ကြက်ဥကြော်စားသော အမှု မှန်ကို ဘယ်သူ့ကိုမှ မပြောဝံ့တော့ချေ။ |
30,559 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | ဤသို့လျှင် တချို့ အပြစ်များကို ပြောရာ၌ ပြောဆိုသူကိုပင် အရူး အထင်ခံ ရတတ်သေးသောကြောင့် အခါအခွင့်ကို ကြည့်ကာ ပြောသင့်မှ ပြောဆိုရမည်။ |
30,560 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဣဿာ အကြောင်း | သို့ရာတွင် မိမိအိမ်သား အိမ်သူ စသော အလွန် ရင်းနှီးနေသူတို့ကိုကား (မယုံချင် နေပေစေ) ယုတ်မာသူကို အထင်ကြီးနေလျှင် ကြိုတင်၍ သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာ ရောက်သဖြင့် ထိုယုတ်မာ သူ၏ အပြစ်ကို ပြောထား သင့်သည်။ |
30,561 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဥဒ္ဓစ္စ အကြောင်း |
30,562 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | စိတ်၏ ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်း သဘောသည် ဥဒ္ဓစ္စတည်း။ |
30,563 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ |
30,564 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်၌ ခဲကျသောအခါ ပြာတွေ လွင့်တက်သကဲ့သို့ အာရုံတခုခု အပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ပဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ |
30,565 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ထိုဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူ့ ဘော်ကျော့ ဖြစ် တတ်လေသည်။ |
30,566 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | နန္ဒထေရ် စိတ်မတည်ပုံ |
30,567 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်း တရား၌ ငြိမ်သက်စွာ မတည်နိုင်ပဲ စိတ်လွင့်ပါး၍ ဇနပဒ ကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ |
30,568 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဤဝတ္ထု၌ ရဟန်း တရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။ |
30,569 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဥဒ္ဓစ္စ သတ္တိ ညံ့ပုံ |
30,570 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဤ ဥဒ္ဓစ္စသည် သူ့ပင်ကိုယ် သဘောအားဖြင့် မည်သည့် အာရုံ၌မျှ တည်တည်တံ တံ မရှိ။ |
30,571 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း | ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ် တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ် ချနိုင်လောက်အောင် သတ္တိ မကြီးမချေ။ |
30,572 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဥပါယာသ အကြောင်း |
30,573 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဆွေမျိုး ဂုဏ်သိန် စည်းစိမ် ဥစ္စာ စသော သမ္ပတ္တိတို့ တခုခု ပျက်စီးသည့် အခါတို့၌ ပြင်းစွာသော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ |
30,574 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ရိုးရိုးဒေါသ ဖြစ်သောအခါ စိတ်ဆိုး၏၊ သတ်ဖြတ်ချင်၏။ |
30,575 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဤ ဥပါယာသဟု ခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ |
30,576 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ပူပန်သောစိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ ကျသော သွေးများသည် အကြောသို့ လျှောက်ကာ တကိုယ်လုံး ထူပူပြီးလျှင် မေ့မျော၍ပင် သွားတက်၏။ |
30,577 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | အပူလုံးဆို့ကာ တက်သွားတတ်သည်။ |
30,578 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဆွေမျိုးတယောက် ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေဝသည် အလွန် အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ပဲ တက်သွား၏။ |
30,579 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ထိုတက်သွားခြင်းကား ဥပါယာသ ဒေါသ၏ စနက်ပင်တည်း။ |
30,580 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ထို့ကြောင့် ဥပါယာသသည် သောက ပရိဒေဝတို့ထက်ပင် အပူပြင်းလေသည်။ |
30,581 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ |
30,582 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ပရိဒေဝ၏ ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက် လျှံလာခြင်းနှင့် တူ၏။ |
30,583 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဥပါယာသ ပူလောင်ပုံကား ကျန်သမျှ ဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။ |
30,584 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဥပါယာသ ဖြစ်တတ်သူများ |
30,585 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဤ ဥပါယာသသည် စိတ်အားငယ်တတ်သူနှင့် သူတပါးကို ယုံကြည် အားကိုး နေသူများ၌ အဖြစ်များ၏။ |
30,586 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | အများအားဖြင့် မိန်းမသားတို့၌ ဖြစ်တတ်ကြ၏။ |
30,587 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | မိန်းမသားတို့၏ စိတ်သည် များသောအားဖြင့် ယောက်ျားတို့ စိတ်လောက် မကြီးမားလှချေ။ |
30,588 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ရုပ်အနေကလည်း အင်အားနည်းပါးသည်။ |
30,589 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | စိတ်ကို ကြီးမားအောင် ပြုပြင် တတ်သော အသိဉာဏ် ဗဟုသုတများလည်း မရှိရှာကြ။ |
30,590 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | သူတပါးတို့ကိုလည်း အားကိုးလေ့ ရှိကြ၏။ |
30,591 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ထို့ကြောင့် ထိုသူများသန္တာန်၌ သောကဖြစ်လျှင် ပရိဒေဝလည်း ဖြစ်တော့၏။ |
30,592 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ထိုသောက ပရိဒေဝ အပူဓာတ်သည် အားနည်းသောရုပ်ကို အလွယ်တကူ ဟပ်နိုင်ရကား ဥပါယာသအဖြစ်သို့ တိုးတက်ကာ မကြာခင် မေ့မျော သွားရရှာလေသည်။ |
30,593 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | [ယောက်ျားများပင် ခန္ဓာကိုယ် အားနည်းသောအခါ စိတ်ဆင်းရဲ မခံနိုင်သည်မှာ မျက်မြင်ပင် ဖြစ်သည်။ |
30,594 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ထို့ကြောင့် တစုံတယောက် ကွယ်လွန်၍ ပူဆွေးဒုက္ခ ရောက်သောအခါ ထိုဒုက္ခကို နိုင်အောင်ရှိသော အစားအစာကို စားသောက်မိအောင် ကြိုးစားကြပါ။ |
30,595 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | သို့ဖြစ်၍ များစွာသော ယောက်ျား မိန်းမတို့၌ ဒုက္ခတခု ကြုံသောအခါ ပဌမ ဖြစ်သော သောက ပရိဒေဝမီးကိုပင် အမြန်ဆုံး ငြိမ်းအောင် ငြိမ်းသင့်ကြပေသည်။ |
30,596 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | သို့မှသာ ဥပါယာသ အထိ လွန်မတက်ပဲ သက်သာခွင့် ရကြပေလိမ့်မည်။ |
30,597 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | [သောက ပရိဒေဝ ငြိမ်းအေးရန် အကြောင်းများကို ပြခဲ့ပြီ။ |
30,598 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း | ဤမျှသော စကားအစဉ်ဖြင့် ဒေါသနှင့်စပ်၍ ပြဖွယ် အချက်များ ပြီးပြီ။ |
30,599 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | နဝမအခန်း [ဤအခန်း၌ ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ်ပါသည်။ |
30,600 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] ပဋိသန္ဓေခေါ်ပုံ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.