id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,601 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အဋ္ဌမအခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘဝသစ်၌ ပထမဆုံး စိတ်စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ |
30,602 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုပထမဆုံးဖြစ်သော စိတ်စေတသိက် ရုပ်များကိုပင် “ပဋိသန္ဓီ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ |
30,603 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုပဋိသန္ဓေ"ဟူသော ပါဠိစကား၌ ဘဝဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း”ဟု ဆိုလိုသည်။ |
30,604 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဋိသန္ဓေ ၄-မျိုး |
30,605 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို ပဋိသန္ဓေ စိတ်စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုး လိုက်၍ ဩပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုးပြားသည်။ |
30,606 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဩပပါတိက ပဋိသန္ဓေ |
30,607 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေတည်း။ |
30,608 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | နတ် ဗြဟ္မာ ငရဲသူငရဲသား ပြိတ္တာ အသုရကာယ်တို့သည် ဤဥပပတ်ပဋိသန္ဓေ နေရကား မိခင်ဝမ်း၌ အောင်းဖွယ် မလို။ |
30,609 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဋိသန္ဓေ စိတ် စေတသိက်ရုပ်များ ဖြစ်သည်နှင့်တပြိုင်နက် သူတို့နေရမည့် ဗိမာန် တော တောင် မြစ် သမုဒ္ဒရာကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း ကြီးကြီးမားမား အထင်အရှား ဖြစ်သည်။ |
30,610 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကမ္ဘာဦး လူများလည်း ဤ ဩပပါတိက ပဋိသန္ဓေ နေသူများပင် ဖြစ်ကြသည်။ |
30,611 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤ ဩပပါတိက ပဋိသန္ဓေကို “ဥပပါတ် ပဋိသန္ဓေ” ဟုလည်း ခေါ်သည်။ |
30,612 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သံသေသဇ ပဋိသန္ဓေ |
30,613 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ငြိတွယ်၍ ဖြစ်လောက်သော အရပ်၌ ကပ်ငြိ တွယ်တာ၍ ဖြစ်ရသော ပဋိသန္ဓေတည်း။ |
30,614 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤ သံသေဒဇ ပဋိသန္ဓေ နေသူကား အလွန် သေးငယ်သော အရွယ်မှ စ၍ တဖြည်းဖြည်း ကြီးပွားရ၏။ |
30,615 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုသံသေဒဇမျိုးတွင် ပိုးလောက် စသော သတ္တဝါတို့သည် မစင်ပုပ် ငါးပုပ် စသော ပုပ်နံသော အရာဝတ္ထုများဝယ် ငြိတွယ်၍ ဖြစ်ကြရ၏။ |
30,616 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဒုမဝတီ မိဖုရားသည် ပဒုမ္မာကြာပန်းဝယ် ငြိတွယ်၍ ဖြစ်ရ၏။ |
30,617 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဝေဠုဝတီ မိဖုရားသည် ဝါးလုံးအတွင်းဝယ် ငြိတွယ်၍ ဖြစ်ရ၏၊ ဘုရားကို စွပ်စွဲသော “စိဉ္စမာန” ဟု ခေါ်သော စိဉ္စမာနဝိကာသည် မန်ကျည်းပင်ဝယ် ငြိတွယ်၍ ဖြစ်ရ၏။ |
30,618 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤသို့ စသည်ဖြင့် သံသေဒဇ ပဋိသန္ဓေနေသော သန္ဓေသူ လူတွေ အတော်များ ရှိလေသည်။ |
30,619 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အဏ္ဍဇပဋိသန္ဓေ |
30,620 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက် ငှက် စသော သတ္တဝါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တဝါများတည်း။ |
30,621 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဇာတ်နိပါတ် ရာဇဝင်များ၌ လူအချို့ တိုလည်း နဂါးမနှင့် အကြောင်း ပါ၍ အဏ္ဍဇပဋိသန္ဓေ တည်နေပြီးလျှင် လူသတ္တဝါ ဖွားမြင်ကြောင်းကို အဆိုရှိ လေသည်။ |
30,622 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဇလာဗုဇ ပဋိသန္ဓေ |
30,623 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အမိဝမ်းတွင်း သားအိမ်၌ ဖြစ်ကြရသော လူ မြင်း ကျွဲ နွား စသော သတ္တဝါတို့သည် ဇလာဗုဇ ပဋိသန္ဓေနေရသော သတ္တဝါများတည်း။ |
30,624 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်ရသော အောက်နတ်တို့တွင် အချို့နတ်များလည်း ဇလာဗုဇ ပဋိသန္ဓေ နေကြရသည်။ |
30,625 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | [အဏ္ဍဇနှင့် ဤ ဇလာဗုဇ ၂-ပါးကို ဂဗ္ဘသေယျက ပဋိသန္ဓေ နေသူများဟုလည်း ခေါ်၏။ |
30,626 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဂဗ္ဘ= အမိဝမ်း၌+သေယျက =ကိန်းရသူ။ |
30,627 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] ပဋိသန္ဓေ နေခြင်း၏ အကြောင်း ၃-ပါး |
30,628 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သံသေဒဇ ဥပပါတ် ပဋိသန္ဓေနေရသူတို့သည် မိဘနှင့် မစပ်ပဲ မိမိတို့၏ ကံသက်သက်ကြောင့် ဖြစ်ရကား ပဋိသန္ဓေ နေရခြင်း အကြောင်းကို ရှာဖွယ်မလို၊ ဂဗ္ဘသေယျက သတ္တဝါတို့မှာ အမိဝမ်း၌ ဖြစ်ကြရသောကြောင့် “ဘယ်လိုအကြောင်း စုံမှ အမိဝမ်း၌ကိန်းအောင်းနိုင်ကြသနည်း”ဟု မေးဖွယ် ရှိ၏။ |
30,629 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အဖြေကား... ၁-မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ် စင်ကြယ်ခြင်း၊ ၂-မိဘလောင်း ၂-ဦးတို့ ပျော်မြူး ပေါင်းသင်းခြင်း၊ ၃-သန္ဓေ တည်မည့် သူငယ်လောင်းက ဘဝဟောင်းမှ စုတေခြင်း၊ ဤအကြောင်း ၃-ပါး စုံမှ ပဋိသန္ဓေတည်နေနိုင်သည်။ |
30,630 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤအရာ၌ မိဘ ၂-ဦးတို့ တကြိမ်တခါမျှ ပျော်မြူးလျှင် ၇-ရက်အတွင်း၊ သို့မဟုတ် ၁၅-ရက်အတွင်း သန္ဓေတည်ခွင့်ရှိသည်ဟု ကျမ်းစာတို့၌ ဆိုကြ၏၊ ဤကား ယခုကာလ အများအပြား ဖြစ်ရသော ပဋိသန္ဓေ တည်နေရိုးတည်း။ |
30,631 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အလွန်ထူးဆန်းသော တချို့ အကြောင်း |
30,632 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိ ကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ |
30,633 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အလောင်းတော် သုဝဏ္ဏသာမ (သုဝဏ္ဏသျှံ)၏ မိခင်သည် ပန်းပွင့် ပြီးခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ |
30,634 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ပြီးခါစဝယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံဖြင့် သန္ဓေရ၏။ |
30,635 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ |
30,636 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဘုရားရှင်လက်ထက်တော်က ဘိက္ခုနီမ တဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုတ်ယူမိ၍ သန္ဓေ ရ၏။ |
30,637 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ရသေ့တဦး၏ သုက်နှင့်ရောသော ကျင်ငယ်ရေကို သမင်မ သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ |
30,638 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုအကြောင်း များက တခါတရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။ |
30,639 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဋိသန္ဓေစိတ် စေတသိက်နှင့်အတူ ရုပ်ကလေးများပါရှိ၏။ |
30,640 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုရုပ်ကလေးများကို “ကလလရေကြည်”ဟု ခေါ်ကြ၏။ |
30,641 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | “ထို ကလလရေကြည်ကား မြောက်ကျွန်းသူတို့၏ ဆံပင်ကို အလွန်ကြည်သော ဆီတွင် နှစ်၍ ထိုဆံပင်ဖျား၌ ပါလာသော ဆီကြည်ကလေးမျှ ပမာဏရှိ၏”ဟု ဆိုသည်။ |
30,642 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုရေကြည်သည် ရှေးကံ၏ အစွမ်းကြောင့် ဖြစ်ရသော ရုပ်ကလေး သာတည်း။ |
30,643 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိဘတို့၏ သုက်သွေးမဟုတ်။ |
30,644 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုသုက်သွေးကား ထိုကလလရေကြည် ကလေးကို ထောက်ပံ့ ရုံသာ ဖြစ်သည်။ |
30,645 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိဘသုက်သွေးက ကျေးဇူးပြုပုံ |
30,646 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤ ဆိုခဲ့ပြီးသော စကားအရ ရှေးကံ အစွမ်းကြောင့် အမိဝမ်းမှာ ကလလရေကြည် သန္ဓေတည်ရသော်လည်း မိဘ တို့၏ သုက်သွေးက အရေးတကြီး ထောက်ပံ့ လျက်ရှိသည်ဟု သိသာပြီ။ |
30,647 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုကလလရေကြည်သည် မျိုးစေ့နှင့် တူ၏။ |
30,648 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | မိဘတို့၏ သုက်သွေးကား ရွှံ့ညွှန်ရေမြေများနှင့် တူ၏။ |
30,649 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုကလလရေကြည်ကိုဖြစ်စေသော ရှေးဘဝ ကံမှာ မျိုးစေ့ကို စိုက်ပျိုးသူနှင့် တူပေသည်။ |
30,650 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သို့အတွက် ကလလရေကြည် သန္ဓေတည်နေဖို့ရာ စင်ကြယ်သော သားအိမ်နှင့် အနာရောဂါ အပြစ်အဆာ ကင်းစင်သော သုက်သွေးကောင်းများ အရေးတကြီး လိုလားအပ်ပေသည်။ |
30,651 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သားအိမ်နှင့် သုက်သွေး၌ ရောဂါမကင်းလျှင် ထိုသန္ဓေ သူငယ်သည် ကျန်းကျန်းမာမာနှင့် ကြီးပွါးနိုင်ဖွယ် မရှိသောကြောင့်တည်း။ |
30,652 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို့ပြင်-မြေနီဘွင်း၌ အောင်းနေရသော ဖွတ်သတ္တဝါ၏ အဆင်းသည် နီ၍၊ မြေနက်တွင်း၌ အောင်းနေသော ဖွတ်သတ္တဝါ၏ အဆင်းသည် နက်သကဲ့သို့၊ မိဘကို သုက်သွေး၌ ငြိတွယ်နေရသော သန္ဓေသူငယ်၌ မိဘတို့၏ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက်ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့်သူငယ်၏ အဆင်းသည် တူကြရိုးပင်ဖြစ်၏။ |
30,653 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | လက်ခြေပုံသဏ္ဌာန်များလည်း တူတတ်ကြ၏။ |
30,654 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အဆင်းပုံသဏ္ဌာန် သာမက၊ မိဘတို့၏ စိတ်နေစိတ်ထား သတ္တိဗျတ္တိ အကြံဉာဏ်များလည်း သားသမီးတို့၌ ကူးစက် ပြန့်ပွါးတတ်သည်။ |
30,655 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤသို့ စိတ်ဓာတ်ချင်း ကူးစက်လာခြင်းကား သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ ဥတုဇ ရုပ်များက ကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ |
30,656 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဖွားမြင် ပြီးနောက် မိဘတို့၏ စိတ်နေစိတ်ထား အပြုအမူများကို တွေ့ရဖန်များသဖြင့် အတုယူမိခြင်းကြောင့်လည်း ဖြစ်နိုင်၏။ |
30,657 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို့ကြောင့် ကောင်းမြတ် ထက်မြက်သော အမျိုးမှ ကောင်းမြတ် ထက်မြက်သော သားသမီးများ ထွန်းကား၍ မသန့်သောအမျိုးမှ အညံ့စားသားသမီးများဖြစ်ပွါးတတ်သောကြောင့် ၂-ဘက် လုံးပင် အမျိုးကောင်း၍ မိဘ ၂-ဦး၏ အထူး စင်ကြယ်သော သွေးသား၌ ငြိတွယ်ရသော ကလလရေကြည်သည် အဖိုးတန် သားသမီးကလေး ဖြစ်ဖို့ အကြောင်း အကောင်းဆုံး ခန္ဓာကိုယ်ကလေးပင်တည်း။ |
30,658 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ရှေးစာအုပ်များ “ငှက်ပျောပင်စိုက် မိလိုက် ဘပါ”ဟု ဥပမာပြု၍ ရေးသားခဲ့သော်လည်း ထိုဥပမာ၏ အဓိပ္ပါယ်မှာ “မင်းမျိုး ဖြစ်သူ၏ ကိစ္စ၌သာ ငှက်ပျောပင် စိုက်ရသည်”ဟု ဆိုလိုသတတ်။ |
30,659 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို့ကြောင့် ဤနေရာ၌ မသုံးပဲ ထားသည်။ |
30,660 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပုဂ္ဂိုလ် ၄-မျိုး ပြားပုံ |
30,661 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပဋိသန္ဓေတည်သောအခါ တချို့ ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ |
30,662 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ |
30,663 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | [ဒုဂ္ဂတိ=မကောင်းသော ဂတိ(ဘဝ)၌+အဟိတ်=ပဋိသန္ဓေ စိတ်မှာ အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်များ မပါသော ပုဂ္ဂိုလ်။ |
30,664 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] လူနှင့် လူ့ပြည်၌ ရှိကြသော အချို့ နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ |
30,665 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏၊ [သုဂတိ=ကောင်းသောဂတိ၌ + အဟိတ်=ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုး မပါသူ။ |
30,666 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ] ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ ပြအံ့။ |
30,667 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သုဂတိ အဟိတ်လူ |
30,668 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို ပြခဲ့သော “သုဂတိအဟိတ်” လူတို့သည် အလွန်ညံ့သော ကုသိုလ်ကံကြောင့် လူ့ဘဝ၌ ဖြစ်လာရကား အကန်း အအ(စကားမပြီသူ)၊ အဆွံ့(မသွားနိုင်သူ)၊ အထိုင်း (နားထိုင်းသူ)၊ အဖျင်း အညံ့ (အရှေ့ အနောက် တောင်မြောက်၊ ပဲ-မူး-မတ် စသည်ကိုမျှ သင်ပြ၍ နားမလည်နိုင်သူ)၊ နပုံးပဏ္ဍုက် (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ လုံလုံ လောက်လောက် မပါသူ)၊ ဥဘတောဗျဉ်း (ယောက်ျ... |
30,669 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သုဂတိအဟိတ်နမ်များ |
30,670 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို နတ်များလည်း သေးသိမ်သော ရှေးကုသိုလ်ကံကြောင့် ဖြစ်ရ၏။ |
30,671 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | “နတ်” ဆိုရရုံသာ။ |
30,672 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | တန်ခိုးမရှိ၊ ဘုံဗိမာန် သီးခြားမရှိ၊ ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်သော နတ်ကြီးများကို မှီခို၍ ထိုနတ်ကြီးများ၏ ဗိမာန် အနီးအပါးမှာ နေကြရသည်။ |
30,673 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အစားအသောက်များလည်း ကျကျနနမရှိ၊ အစိမ်း တစ္ဆေများကဲ့သို့ ထမင်းလုံး ဟင်းပေါက်ကို ကောက်ယူ စားသောက်ကြရ၏။ |
30,674 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | တခါတရံ သမာဓိနည်းပါးသော မိန်းမများနှင့် ကလေးများကို ချောက်လှန့် ပူးကပ်၍ ထိုသူတို့ ပစ်အပ်သော တစ္ဆေစာ (ခေါ်စာ)ကိုပင် စားသောက်ကြရသည်။ |
30,675 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အမျိုးအစားအားဖြင့် စာတုမဟာရာဇ် နတ်မျိုးပင်တည်း။ |
30,676 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | လူ့ပြည်၌ လူဆင်းရဲဖြစ်သော်လည်း တချို့မှာ ပညာ အရည်အချင်း ရှိတတ်သကဲ့သို့၊ ထို့အတူ ထိုနတ်ဆင်းရဲများတွင်လည်း သုဂတိ အဟိတ် မဟုတ်ပဲ ပြလတ္တံ့သော ဒွိဟိတ် တိဟိတ် နတ်များလည်း ရှိကြရုံမက ဘုရားရှင်လက်ထက်တော်ကမူ ထိုကဲ့သို့သော နတ်ဆင်းရဲ အများပင် မဂ်ဖိုလ်ကို ရကြပေသေးသည်။ |
30,677 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဒွိဟိတ်ပုဂ္ဂိုလ် |
30,678 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဒါနခန်း၌ ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်၊ တိဟိတ်ဩမက ကုသိုလ် ဟုပြခဲ့ပြီ။ |
30,679 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံမှာ ဖြစ်သော်လည်း ကုသိုလ်ပြုစဉ်က အမောဟခေါ်သော ဉာဏ်ပညာနှင့် ယှဉ်၍ မပြုမိခဲ့သောကြောင့် လည်းကောင်း၊ ဉာဏ်ပညာပါသော်လည်း မထက်သန်၊ ထက်သန်သော်လည်း မိမိ၏ ကုသိုလ်ကို ပြန်၍ စိတ်ပျက်၊ ဤအချက်များကြောင့် သေသော်လည်းကောင်း ပဋိသန္ဓေစိတ်၌ အလောဘ အဒေါသ ဟိတ် ၂-မျိုးသာ ပါသော ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရလေသည်။ |
30,680 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပြခဲ့သော အဟိတ်ပုဂ္ဂိုလ် ၂-မျိုးနှင့် ဤဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေစိတ် ဟူသော မျိုးစေ့က ညံ့ဖျင်းသောကြောင့် ထိုဘဝ၌ ဈာန်မဂ်ဖိုလ်များကို ရခွင့် မရှိကြန်တော့။ |
30,681 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သို့သော် ကမ္မဋ္ဌာန်းအားထုတ်လျှင် နောင်ခါ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ဖို့ အကြောင်း ကောင်းမြတ်သော ကုသိုလ်ဖြစ်သည့်အပြင် အထုံပါသဖြင့် ဈာန် မဂ်ဖိုလ်လည်း ရလွယ်နိုင်သောကြောင့် ယခုဘဝ မရသော်လည်း ကြိုးစား၍ အားထုတ်မိအောင် သတိပြုကြရမည်။ |
30,682 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | တိဟိတ်ပုဂ္ဂိုလ် |
30,683 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဒါနခန်း၌ ပြခဲ့ပြီးသော တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် စိတ်ကြောင့် လူ့ပြည် နတ်ပြည်ဝယ် ဖြစ်ရသောအခါ ပဋိသန္ဓေ စိတ်၌ (အလောဘ အဒေါသ အမောဟ) ဟိတ် ၃-ပါး ပါသော တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရ၏။ |
30,684 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထိုပုဂ္ဂိုလ်မျိုးကား တတ်သိနားလည်၏။ |
30,685 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ကြိုးစားလျှင် ဈာန်ကို ရနိုင်၏။ |
30,686 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ပါရမီပြည့်လျှင် မဂ်ဖိုလ်ကိုလည်း ရနိုင်သည်။ |
30,687 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ယခုကာလ၌ တိဟိတ်ပုဂ္ဂိုလ်တို့ ပေါများ၏။ |
30,688 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | စည်းကမ်းကျအောင် အားမထုတ်ကြ၍သာ တရားထူး မရပဲ ရှိကြရလေသည်။ |
30,689 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤသို့လျှင် ပဋိသန္ဓေစိတ်ရင်းက ကွဲပြားခဲ့သောကြောင့် ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် အားဖြင့် ပုထုဇဉ် ၄-မျိုးကွဲပြားရသည်။ |
30,690 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အရိယာရှစ်ယောက် |
30,691 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ထို တိဟိတ်ပုထုဇဉ်သည်ပင် တရားအားထုတ်၍ သောတာပတ္တိမဂ်-ကို ရလျှင် (၁) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်သည်။ |
30,692 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သောတာပတ္တိဖိုလ်ကို ရလျှင် (၂) သောတာပတ္တိဖလဋ္ဌ “သောတာပန် ပုဂ္ဂိုလ် ဖြစ်၏။ |
30,693 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ဤနည်းအတိုင်း အထက်မဂ်ဖိုလ်များကို အဆင့်ဆင့်ရလျှင်- |
30,694 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | ၃။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်၊ ၄။ |
30,695 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊၅။ |
30,696 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အနာဂါမိမဂ်ရ ပုဂ္ဂိုလ်၊ ၆။ |
30,697 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊၇။ |
30,698 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အရဟတ္တမဂ်ရ ပုဂ္ဂိုလ်၊ ၈။ |
30,699 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ် ဖြစ်၏။ |
30,700 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း | [(၈) နံပါတ် ပုဂ္ဂိုလ်ကို “ရဟန္တာ”ဟု ခေါ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.