id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
30,801
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဤသို့လျှင်စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက်ဘဝတို့၌ မကောင်းသော စရိုက်များ မပါရအောင် သဒ္ဓါပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်။
30,802
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဝါသနာဘာဂီ ဆက်တိုင်းမီ
30,803
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
မကောင်းသော အရာဌာန၌ ဝါသနာ ဟူသည် ကိလေသာ၏ သတ္တိတည်း။
30,804
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ကောင်းသော အရာဌာန၌ ဝါသနာကြား သမ္မာ ဆန္ဒပင်တည်း။
30,805
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ထိုဝါသနာသည် သတ္တဝါတို့၏ သန္တာန်၌ ဘဝတိုင်းမှာပင် စွဲကပ်နေ၏။
30,806
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက်အား ကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘဝ၌ တရားဖြင့် မနှိမ်ချိုး ပါလျှင် ထိုဝါသနာအထု စွဲကပ်၍ နောက်ဘဝများသို့ လိုက်ပါသွားတတ်၏။
30,807
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဒေါသ မောဟ ဝိတက်များလည်း ဤနည်းပင်တည်း။
30,808
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားလျှင် ထိုပညာ၏ အထုံ ဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတလျှောက် လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်သည်။
30,809
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဘုရားဆုကို ပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတြာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီ နေသောကြောင့် ဖြစ်ပေသည်။
30,810
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ထို့ကြောင့် ယခုဘဝ၌ပင် မကောင်းသော ဒုစရိုက်များ ပပျောက်၍ စရိုက်ကောင်းတခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။
30,811
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ရာဂစရိုက်ရှိသူသည် ရာဂနည်းပါးအောင် တွေ့ရာအာရုံများ၌ အသုဘဟု ရှုလေ့ရှိရမည်။
30,812
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
သို့မှသာ ရာဂအထုံ ပျောက်သွားပါလိမ့်မည်။
30,813
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဒေါသစရိုက် ရှိသူသည် ဒေါသနည်းပါးအောင် မေတ္တာ တရားကို ကြိုးစားရလိမ့်မည်။
30,814
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
မေတ္တာဓာတ်သည် အအေးဓာတ်ဖြစ်၍ ဒေါသ၏ အပူဓာတ်ကို ငြိမ်းနိုင်သည်။
30,815
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
မောဟစရိုက်ရှိသူသည် မောဟနည်းပါးအောင် ပညာရှိထံ ချဉ်းကပ်၍ မေးမြန်း ရမည်။
30,816
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
အာနာပါနကမ္မဋ္ဌာန်းကိုလည်း ပွားများရမည်။
30,817
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
အမေးအမြန်း များလျှင် အသိဉာဏ် တိုးပွား၍ မောဟအထုံ ကင်း သွားလိမ့်မည်။
30,818
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
သဒ္ဓါ ပညာ ဟူသော စရိုက်ကောင်းရှိသူကား မိမိမှာ ရှိနေသော ထိုစရိုက်များကို ဝမ်းသာအားရ သဘောကျပြီး တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်။
30,819
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဤမျှသော စကားအစဉ်ဖြင့် စရိုက်ဝါသနာအကြောင်းများ ပြီးခဲ့ပြီ။
30,820
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ဤသို့ ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် များစွာသော လူအပေါင်းတို့ စရိုက်ကောင်း ရကြပါစေ။
30,821
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ငါ၏ အဖော်အပေါင်းဟူသမျှလည်း ယခုဘဝကစ၍ စရိုက်ကောင်းရှိအောင် ကြိုးစားကာ စရိုက်ဆိုးများကို အစွမ်းကုန် ပယ်ရှားနိုင်ကြပါစေ။
30,822
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
စာပေ ပညာကို နေ့စဉ် ပို့ချ ရေးသား၍ နေရသော ငါအတွက်ကား အဖိုးတန်လှသော ပညာစရိုက်သည် ငါ၏ သန္တန်၌ သာမန်မက အမြူတေတမျှ ခိုင်မြဲ တည်တံ့ပါစေ။
30,823
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
ထိုပညာကြောင့်ပင် အမှန်အကန်ကိုသာ ယုံကြည်တတ်သော သဒ္ဓါစရိုက်လည်း အလွဲအမှားကို ပယ်ရှား၍ အဖြောင့်အမှန်ကိုသာ ယုံကြည်လေ့ ရှိအောင် စွမ်းဆောင်နိုင်ပါစေ။
30,824
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
စရိုက် ဝါသနာ၊ ကြောင်းအရာကို၊ ကောင်းစွာ ရေးလတ်၊ ပဋိပတ်ကြောင့်။
30,825
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
အမြတ်စရိုက်၊ လူတိုင်းဆိုက်၍၊ သိုက်မြိုက်ကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ရာဂ-ဒေါသ၊ မောဟဝိတက်၊ စရိုက်တွက်ကြောင့် ယောက်ယက် ခတ်ပျော်၊ လျှပ်ပေါ်ခြင်း၊ လော်လီကင်းလျက်၊ သန့်ရှင်းဝေဆာ၊ စေတနာနှင့်၊ သဒ္ဓါဖြိုးပြက်၊ ဉာဏ်ရောင်လက်၍၊ ဆက်ဆက်မပြောင်း၊ ကောင်းထက်ကောင်းသား၊ အပေါင်းကြီးငယ် အသွယ်သွယ်လည်း၊ ငါနှယ် နည်းတူ၊ စရိုက်ဖြူသည်၊ နိ...
30,826
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း
စရိုက် ဝါသနာ ပြီးပြီ။
30,827
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ကိုယ်ကျင့်အဘိဓမ္မာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
30,828
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ပထမအခန်း (ဤအခန်း၌ ပရမတ်အကြောင်း စိတ်အကြောင်းပါသည်။
30,829
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
) ပရမတ္ထတရား ၄ ပါး
30,830
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။
30,831
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
မြန်မာလို “မြတ်သော အနက်သဘော” ဟုဆိုလိုသည်။
30,832
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
“မြတ်” ဆိုသည်မှာလည်း “မွန်မြတ်-မြင့်မြတ်-ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုယ်သဘောအတိုင်း မဖေါက်ပြန် မပြောင်း မလွဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
30,833
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
(ပရမ= မြတ်သော+အတ္ထ= အနက်သဘော၊ ပရမတ္ထ=မြတ်သော အနက်သဘော၊ ဤပရမတ္ထ သဘောကို “ပရမတ်”ဟု လည်းခေါ်၏။
30,834
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
) ထိုပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် ၄ ပါး ရှိသည်။
30,835
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
မဖောက်ပြန်ပုံ
30,836
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စေတသိက်တရားတို့၌ လောဘ ဒေါသများပါရှိ၏။
30,837
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။
30,838
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
လောဘသည် ပညာရှိသူတော်ကောင်း၏သန္တာန်မှာဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာဖြစ်ဖြစ်၊ ခွေးသန္တာန်မှာဖြစ်ဖြစ် လိုချင်သောသဘောမှ ဖေါက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။
30,839
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထို့အတူ ဒေါသ၏ခက်ထန်ခြင်းသဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖေါက်ပြန် မပြောင်းလဲချေ။
30,840
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်း သိပါ။
30,841
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက် စားခြင်းမရှိပဲ မူရင်းအတိုင်း ထင်ရှားမြဲ ဖြစ်သောကြောင့် မိမိ-သူတပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုညွှန်ပြမည့် ပရမတ်သဘောများကို ကြိုးကြိုးစားစား လေ့လာသင့်ကြပါသည်။
30,842
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
[ဆောင်] ၁။
30,843
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
သဘောအမှန်၊ မဖေါက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။
30,844
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါး ပြားဘိသော်။
30,845
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်အကြောင်း
30,846
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အာရုံကို သိတတ်သော သဘောသည် စိတ်
30,847
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြ၏။
30,848
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုသို့ အာရုံတွေ သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။
30,849
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
“သိ”ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ”ဟု ခေါ်သည်။
30,850
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အာရုံ ၆ ပါး အသိ ၆ မျိုး
30,851
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
၁။ အဆင်း အရောင် ဟူသမျှ ... ရူပါရုံ၂။
30,852
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အသံ ဟူသမျှ ... သဒ္ဒါရုံ၃။
30,853
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အနံ့ ဟူသမျှ ... ဂန္ဓာရုံ၄။
30,854
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အရသာ ဟူသမျှ ... ရသာရုံ၅။
30,855
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အတွေ့ ဟူသမျှ ... ဖောဋ္ဌဗ္ဗာရုံ၆။
30,856
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ကြွင်းသော သိဖွယ်ဟူသမျှ .... ဓမ္မာရုံ
30,857
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ရူပါရုံကို မြင်သောအခါ မြင်သိ-သိသောစိတ် ဖြစ်၏။
30,858
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
သဒ္ဒါရုံကို ကြားသောအခါ ကြားသိ-သိစိတ်၊ ဂန္ဓာရုံကို နံသော မွှေး သောအခါ နံသိ မွှေးသိ-သိသောစိတ်၊ ရသာရုံကို အရသာ ခံသောအခါ အရသာသိ-သိသောစိတ်၊ တစုံတခုကို တွေ့ထိရသောအခါ အတွေ့အထိသိ-သိသောစိတ်၊ ထိုအာရုံငါးပါးနှင့် တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိစိတ်များ ဖြစ်ကြလေသည်။
30,859
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။
30,860
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်၏ အခြင်းအရာ
30,861
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်သည် အဝေးသို့လည်း သွားနိုင်၏။
30,862
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
တပါးတည်းသာ လှည့်လှည်လေ့ ရှိ၏။
30,863
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ခန္ဓာကိုယ် အထည် ဒြပ်လည်းမရှိ။
30,864
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူသည်။
30,865
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုဟောတော်မူသည့် အတိုင်း စိတ်၏ အခြင်းအရာကို ထင်ရှား ပြပါဦးမည်။
30,866
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အဝေးလည်းသွား
30,867
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်သည် ခြေဖြင့် လျှောက်သွား သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ်။
30,868
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရင်း အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။
30,869
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဥပမာ-မန္တလေး၌နေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည် မဟုတ်၊ မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သိုလှမ်း၍ အာရုံပြုနိုင်သည်။
30,870
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။
30,871
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
တပါးတည်းလည်
30,872
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်သည် အလွန် အဖြစ် အပျက် မြန်၏။
30,873
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
လက်ဖျစ် တချက်တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတသိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။
30,874
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုမျှလောက် အဖြစ် အပျက် မြန်သည့်အတွက် စိတ် ၂ မျိုး ၃ မျိုး တပြိုင်နက်ဖြစ်၍ အာရုံ ၂ ခု ၃ ခုကို တခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။
30,875
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စင်စစ်မှာ ၂ စိတ် ၃ စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစိတ်ပြီးမှ တစိတ်ဖြစ်၍ အာရုံတခုကို ယူပြီးမှတခြားအာရုံတခုကို ဆက်၍ယူရသည်။
30,876
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာ ထိုင်လျက် ချိုချဉ်စားယင်း က၍ သီဆိုနေသူ့ကို ကြည့်ရှုနားထောင်ရာ၌ အဆင်း-အသံ-အနံ့-အရသာ-အတွေ့-အာရုံ ၅ မျိုးလုံးပင် အနီးအပါး တွင်ရှိ၏။
30,877
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုအခါ၌ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တပြိုင်နက် မသိ၊ မိမိ အနှစ်သက်ဆုံး အာရုံတခုခုကို စိတ်တမျိုးဖြင့် ရှေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တခုပြီးတခု ဆက်၍ ဆက်၍ သိသည်။
30,878
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဤသို့လျှင် စိတ်သည် ၂ ပါး၊ ၃ ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုး မရှိ။
30,879
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
တခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တပါးတည်းလည်”ဟု ဆိုရပေသည်။
30,880
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဆက်ဦးအံ့-“လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ်၊ အဝေး အာရုံကို ယူနိုင်သောကြောင့် “လည် = လှည့်လည်ဟု ဆိုရပေသည်။
30,881
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အာရုံတခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစိတ်ထည်းက အပြီးအစီး သိအောင် မယူနိုင်။
30,882
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အရုံတခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ရသည်။
30,883
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူ အပေါင်းတို့က မြင်မြင်ချင်း၊ ကြား-ကြားချင်း၊ မွှေး-မွေးချင်း၊ ထိ-ထိချင်း သိသည်ဟု မှတ်ထင်ကြလေသည်။
30,884
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ကိုယ်ထည်မရှိ
30,885
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှား မရှိ။
30,886
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထို့ကြောင့် စိတ်ကို ဖြူသည်၊ မဲသည်၊ ပိန်သည်၊ ဝသည်ဟု မဆိုနိုင်။
30,887
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အာရုံကိုသိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။
30,888
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဂူအောင်းဘိ
30,889
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
မြင်သိ သိသော စိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။
30,890
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ကြားသိ သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။
30,891
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
နံသိ သိသော စိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။
30,892
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အရသာသိ သိသော စိတ်သည် အတွင်းမှာ ဖြစ်၏။
30,893
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အတွေ့သိ သိသော စိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာ ဖြစ်၏။
30,894
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဤသို့လျှင် အချို့အချို့ စိတ်များ မျက်လုံး စသော အရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တိုကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။
30,895
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ဤသို့ လိုဏ်ဂူနှင့် တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။
30,896
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အချုပ်မှာ စိတ် ဟူသည် ပုံသဏ္ဌာန် မရှိ အာရုံကို ရအောင်ယူခြင်း အာရုံကိုသိခြင်း သဘော သတ္တိသာတည်း။
30,897
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုကဲ့သို့ အာရုံယူရာ၌ မိမိ ဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တဆံခြည်မျှ အပြင်မထွက်ကြပဲ အလွန်ဝေးသော အာရုံကို လှမ်း၍ ယူနိုင်ကြသည်။
30,898
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
ထိုသို့ ယူရာ၌ ၂ စိတ် ၃ စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ်။
30,899
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
တဆိတ်ပြီး တစိတ် စီကာ စဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
30,900
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ပထမအခန်း
အာရုံတခုခု ရအောင်ပြု မှတ်ရှု စိတ်သိပုံ။