id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,001 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဆိုလိုရင်းကား-ခန္ဓာကိုယ်၌ စိတ်တခုပြီးတခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည် ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစုံတရာ မကျန်ရစ်တော့။ |
31,002 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သတ္တိ ထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။ |
31,003 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဥပမာ-မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိန်အဝါသည် သားသမီး အပေါ်၌ သိသိသာသာ မကျန်ရစ်တော့ပဲ ထက်မြက် ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန် အဝါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။ |
31,004 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ခန္ဓာအစဉ်၌ ကံသတ္တိများ လိုက်ပါပုံ |
31,005 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အသီး သီးသော သစ်ပင်မျိုး၌ အသီး သီးစေ ခန္ဓာအစဉ်၌ တတ်သော ဓာတ်သတ္တိ အမြဲ ပါရှိသည်။ |
31,006 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သစ်ပင် ပေါက်ခါစ၌လည်း ပါရှိ၏။ |
31,007 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အညွန့် အခက် အရွက် ထွက်သောအခါ ပင်လုံးနှင့်တကွ ထိုအသီးနှင့် အသီး၏ အစေ့မှာလည်း ပါရှိ၏။ |
31,008 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုအစေ့ ရင့်၍ မြေ၌ချပြီး စိုက်ပျိုးသောအခါ၌လည်း အသီး သီးစေတတ်သော ဓာတ်သတ္တိ ပါရှိ၏။ |
31,009 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုဓာတ် သတ္တိသည် “ဘယ်လိုအရာ”ဟု ခွဲခြားမရသော်လည်း ထိုသစ်ပင်အမျိုးတို့၏ အစဉ်အဆက်မှာ သီးစေတတ်သော ဓာတ်သတ္တိ တမျိုးကား ဧကန် ပါရှိသကဲ့သို့၊ ထို့အတူ ရုပ်တခုပြီးတခု နာမ်တခုပြီး တခု ဆက်၍ဆက်၍ ဖြစ်ပျက်နေကြရာ၌ အသစ်ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ဝယ် ချုပ်လေပြီးသော ထိုစေတနာ ကံတရား၏ သတ္တိလည်း အမြဲလိုက်ပါလျက် ရှိသည်။ |
31,010 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | စုတိစိတ် အခိုက်မှာလည်း ကံ၏သတ္တိတွေ အများအပြား ရှိနေသည်။ |
31,011 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | စုတေပြီးနောက် ဘဝအသစ် ပဋိသန္ဓေ ခဏ၌လည်း ကံ၏ သတ္တိတွေ ပါရှိ၏။ |
31,012 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့နောက် တဘဝလုံးနှင့် ထိုဘဝ၏ စုတိ၊ ထို့နောက် တဖန် ပဋိသန္ဓေ ခဏ၌လည်း ရုပ် နာမ်ခန္ဓာ အစဉ်မှာ (ဘယ်လိုအရာမျိုးဟု အထင်အရှား အထည် ဝတ္ထုကို ခွဲခြား မရသော်လည်း) အကျိုး မပေးရသေးသော ကံ၏ သတ္တိတွေ လိုက်ပါ တည်ရှိလေသည်။ |
31,013 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | (ကံ၏ သတ္တိ ဟူသည် အထည်ကိုယ် အထင်အရှား မဟုတ်၊ သတ္တိမျှသာ ဖြစ်ကြောင်းကို သတိပြုပါ။ |
31,014 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | )ကံပြုသူ၌ ကံအကျိုးတိုက်ရိုက် ရပုံ |
31,015 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ပြခဲ့သော စကားစဉ်အရ သတ္တဝါတို့ တဘဝမှ တဘဝ ပြောင်းကြရသော်လည်း ရှေးဘဝက မိမိ၏ အဝိဇ္ဇာ တဏှာ ကံစွမ်းအတွက် နောက်ဘဝ အသစ်၌ ဖြစ်ရသောကြောင့် နောက်ဘဝ ဖြစ်သူသည် သူများမဟုတ် မိမိပင်တည်း။ |
31,016 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ပြုခဲ့သမျှသော စေတနာ ကံတရားတို့သည် ချုပ်ပျောက်သွားသော်လည်း ထိုကံ၏ အရှိန်သတ္တိတွေ အကျိုး မပေးရသေးသမျှ မပျောက်မပျက် လိုက်ပါလျက်ရှိသောကြောင့် မိမိပြုသော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ လူရိပ် လိုက်ပါသလို) မိမိကို စောင့်ရှောက်ရန် အမြဲ လိုက်ပါနေ၏။ |
31,017 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း(လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲ လိုက်ပါနေ၏။ |
31,018 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | မိမိပြုအပ်သော အကုသိုလ်ကံ၏ အကျိုးကို မိမိသာ တိုက်ရိုက်ရသောကြောင့် “ဒီဘဝ ဒီကိုယ်စံ၊ နောက်ဘဝ နောက် ကိုယ် ခံလိမ့်မည်”ဟု တချို့က ပြောကြသော်လည်း နောက်ဘဝ နောက်ကိုယ်မှာ သူများ မဟုတ်၊ မိမိပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ကြပါကုန်။ |
31,019 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကုသိုလ် ကံတူအကျိုးပေး |
31,020 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဇာတ်တော်များ၌ ကံတူ အကျိုးပေးပုံတွေ များစွာ ပါရှိ၏။ |
31,021 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ရှေးရှေးက စိတ်တူကိုယ်တူပြုခဲ့သော ကံတို့သည် နောင်အခါလည်း အတူ အကျိုးပေးတတ်ကြ၏။ |
31,022 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဒါန အတူပြုခြင်း၊ သီလအတူ ဆောက်တည်ခြင်း၊ ထိုကဲ့သို့ အတူတကွ ပြုခွင့်မရသော အခါ၌လည်း တယောက်ပြုနေသည်ကို တယောက်က သဘောကျခြင်း(အိမ့်ရှင်က ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း) ဤသို့ စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုသည်။ |
31,023 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုကဲ့သို့ ကံတူ ပြုရာ၌ ပညာရှိ သူတော်ကောင်းချင်း ဖြစ်လျှင် တယောက်စကား တယောက်နားထောင်ကာ မခွဲမခွါ နေလိုသော သမ္မာဆန္ဒဖြင့် တယောက်နှင့်တယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖိုမှာ မကင်းပဲ ရှိတတ်၏။ |
31,024 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ တဏှာဆန္ဒ အလိုကျအောင် ထိုသူ ၂-ယောက်တို့ အတူ တွေ့ဆုံရတတ်၊ အတူ အကျိုးခံစားရတတ် ပေသည်။ |
31,025 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဤအရာမျိုးကို “ကံတူ အကျိုးပေး”ဟု ခေါ်သည်။ |
31,026 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုကဲ့သို့ တယောက်နှင့်တယောက် ငဲ့ညာမှုဆန္ဒ ပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဘက် အဖြစ်ဖြင့် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များ ဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာကဿပနှင့်မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့်အနော်ဇာတို့အပြင် မကင်းရာ မကင်းကြောင်းဖြစ်၍ ပါလာကြသော ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလ္လာန... |
31,027 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အကုသိုလ်ကံတူအကျိုးပေး |
31,028 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အကုသိုလ် အရာမှာလည်း စိတ်တူ သဘောတူပြုလျှင် ကံတူ အကျိုးပေးပင် ဖြစ်၏။ |
31,029 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ရှေးက ဇနီးမောင်နှံ ၂-ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တခုသို့ ရောက်သွားသည်။ |
31,030 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုနေရာ၌ အစာ မရသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ |
31,031 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရား လက်ထက်၌ ဥတေနမင်း၏ သားတော် ဗောဓိမင်းသားနှင့်မိဖုရား ဖြစ်လာကြသော်၊ ရှေးက ငှက်ကလေး တွေကို သတ်စားမိခဲ့သော ကံကြောင့် သားသမီးမရပဲ ရှိလေသည်။ |
31,032 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမက သဘော မတူခဲ့လျှင် မိန်းမအတွက် သားသမီး ရထိုက်၏။ |
31,033 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ယောက်ျားက သဘော မကျလျှင် ယောက်ျားအတွက် သားသမီး ရထိုက်၏။ |
31,034 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသူ ၂-ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီး မရပဲ ရှိလေသည်။ |
31,035 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဤသို့ စသည်ဖြင့် စိတ်တူ ကိုယ်တူ ပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တယောက်က အကုသိုလ် ပြုလိုလျှင် သဘောမတူပဲ တားမြစ်ဖို့ သတိပြုသင့်ကြ ပေသည်။ |
31,036 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | “အကုသိုလ် နှင့်၊ ကုသိုလ် နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာ မရ၊ လင်ပြုကလည်း၊ မယား အိမ်သူ၊ စိတ်မတူသော် မှတ်ယူမှန်စွာ၊ မရရာဘူး”-မဃဒေဝ လင်္ကာ။ |
31,037 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကုသိုလ်ကံ အကျိုးပေး အာနိသင် |
31,038 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | လောက၌ ဆရာတပည့်တစု၊ မိသားတစုံ၊ ဆွေမျိုးတစု စသည်ဖြင့် အစုအဖွဲ့ရှိတတ်လေရာ၊ တယောက်ယောက်၏ ကုသိုလ်ကံ အကျိုးကို အစုအဖွဲ့ ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားရ၏။ |
31,039 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သီဟိုဠ်ကျွန်း ဘာတိကမင်း လက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေမဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမှိုက် သုတ်သင်သူများ ပြုထားလေ၏။ |
31,040 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသူတို့ အထဲမှာ အဆင်းလှသူကလေး တယောက်ကို ရှင်ဘုရင် မြင်၍ ထိုသူ့ကို နန်းတွင်းမှာ “သာမာဒေဝီ” ဟူသော ဘွဲ့အမည်ဖြင့် အကျွမ်းတဝင် ထားပြီးနောက်၊ သူ့ကို အကြောင်းပြု၍ သူ၏ ဆွေမျိုးများကိုလည်း အပြစ်မှ လွတ်စေပြီးလျှင် ချမ်းသာစွာ အသက်မွေး နိုင်လောက်အောင် ချီးမြှောက် မ စလေသည်။ |
31,041 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဤကား တယောက် ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံတည်း။ |
31,042 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | [ဤနေရာဝယ် “ဆွေမျိုးများမှာလဲ ကုသိုလ်ရှိလို့ပေါ့”ဟု ပြောစရာ ရှိ၏။ |
31,043 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သို့သော် ထိုဆွေမျိုးများ၌ရှိသော ကုသိုလ်ကံမှာ သာမာဒေဝီ မပါလျှင် အကျိုးပေးနိုင်လောက်သော အခြေအနေ မရှိချေ။ |
31,044 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ]အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ |
31,045 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျား ခတ်တတ် သေး၏။ |
31,046 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတပါးသည် သီလရှိသော သူတော်ကောင်း ပေတည်း။ |
31,047 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညို သည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစား သွားခါနီး၌ အာဂန္တု ကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ |
31,048 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒါယကာ၍ ကိုယ်တော်ဟာ အင်မတန် အအိပ် ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ |
31,049 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | [ထိုစကားသည် မစ္ဆရိယအသံပါသော စကားတည်း။ |
31,050 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ပါးနပ်သော ကျောင်းဒကာက သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်မိ၏။ |
31,051 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “အာဂန္တုကိုယ်တော်အား လှူပါလေ”ဟု မှာ၍ သပိတ်ထဲ၌ ဆွမ်းထည့် ပေးလိုက်လေသည်။ |
31,052 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကျောင်းဘုန်းကြီးသည် သဘောမကျ။ |
31,053 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | “သည်လို ဆွမ်းကောင်း စားနေရလျှင် ငါ့ကျောင်းက ဆွဲချသော်လဲ သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်၍နေမည် စိုးသော အာဝါသမစ္ဆရိယ၊ မိမိထက် သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ထည့်ပေးလိုက်သော ဆွမ်းကို လမ်းမှာ သွန်ပစ်လေသည်။ |
31,054 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | [ဤနေရာ၌ ဆွမ်းသွန်ပစ်ခဲ့ပုံ အပြစ်ကြီးကိုပါ သတိပြုပါ။ |
31,055 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ] အာဂန္တု အရှင်မြတ်လည်း ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီး ဖြစ်သောကြောင့် ကျောင်းသို့ ရောက်၍ ရှာဖွေသောအခါ အာဂန္တုကိုယ်တော်ကို မတွေ့မှ နောင်တ တဖန် ပူပန်မှု ကုက္ကုစ္စဖြင့် စိတ်ထဲ၌ ပူလောင်နေရကား စိတ်ရော ကိုယ်ပါ သွေ့ခြောက်လျက် မကြာမီ စုတေပြီးနောက် ငရဲသို့ ရောက်ရ... |
31,056 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘဝ ၅၀၀၊ ခွေးဘဝ ၅၀၀-တို့၌ အစာ ဝအောင် မရသည်သာ များလေ၏။ |
31,057 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ၊ ငါတို့ ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေ နေရလေသည်။ |
31,058 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသူ ပဋိသန္ဓေ နေသည်ကစ၍ တံငါများ ငါးအရနည်းရုံသာမက တရွာလုံး မင်းဒဏ် ၇-ကြိမ် ခံရ၊ ၇-ကြိမ် မီးလောင်ခံရလေသည်။ |
31,059 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့နောက် စဉ်းစားတတ်သူ လူကြီးများက “ငါတို့ရွာ၌ ကံဆိုးသူရှိလိမ့်မည်။ |
31,060 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ရွာကို တဝက်စီ ခွဲကြစို့”ဟု ပြော၍ တဝက်စီ ခွဲကြရာ ထိုကိုယ်ဝန်ပါသော ဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သစ် ထပ်၍ ထပ်၍ ခွဲကြရာ၊ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့ တအိမ်သာ သီးခြား ဖြစ်နေလေသည်။ |
31,061 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသို့ သီးခြား ဖြစ်ရပြီးနောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ပြီးလျှင် သွားလာနိုင်သောအခါ ခွက်ကလေးကို ကလေးလက် အပ်၍ မိခင် ထွက်ပြေးလေသည်။ |
31,062 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကလေး ငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်း စားသောက်၍ ၇-နှစ် အရွယ်သို့ ရောက်သောအခါ အရှင်သာရိပုတ္တာနှင့် တွေ့သဖြင့် ရှင်ပြုပေး ပြီးနောက် “လောသကတိဿ” မည်သော ရဟန်းဖြစ်၍ တရားကို အားထုတ်စေရာ (ရှေး ရဟန်းဘဝတုန်းက သီလရှိသော ပုဂ္ဂိုလ် ဖြစ်သည့်အတွက်) ရဟန္တာ ဖြစ်လေသတည်း။ |
31,063 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသို့ ရဟန္တာ ဖြစ်သော်လည်း တနေ့မျှ ဆွမ်းဝအောင် မဘုဉ်းပေးရရှာ။ |
31,064 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ပရိနိဗ္ဗာန် စံမည့်နေ့၌ အရှင်သာရိပုတြာ ခေါ်၍ ဆွမ်းခံ အတူ သွားရာ အရှင်သာရိပုတြာပင် ဆွမ်းမရတော့ချေ။ |
31,065 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့နောက် ထိုရဟန်းကို ပြန်လွှတ်၍ တပါးတည်း ဆွမ်းခံမှ ဆွမ်းရလေသတဲ့။ |
31,066 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | အရှင်သာရိပုတြာလည်း အိမ်တအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုရဟန်းအတွက် အိမ်က လူများကို ထိုရဟန်းအထံသို့ ဆွမ်းပို့ လွှတ်လိုက်ရာ လွှတ်လိုက်သူများက သတိမေ့ပြီး လမ်းမှာ ချစားကြလေသည်။ |
31,067 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုရဟန်းထံသို့ ဆွမ်းမရောက်ကြောင်း အရှင်သာရိပုတြာ ပြန်လာမှ သိရလေလျှင် ကောသလမင်းထံ စတုမဓူကို အလှူခံ၍ (သပိတ် လွှတ်ပေးလျှင် သပိတ်ပါ ကွယ်မည် စိုးသောကြောင့်) သပိတ်ကို အရှင်သာရိပုတ္တရာ ကိုယ်တိုင် ကိုင်၍ ကျွေးမှ ထိုစတုမဓူကို အဝ ဘုဉ်းပေး၍ ပရိနိဗ္ဗာန် စံလေသည်။ |
31,068 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဤ ဝတ္ထု၌ ကဿပ ဘုရားရှင် သာသနာတော်က ပြုခဲ့သော မကောင်းမှုတို့ကြောင့် သူတယောက်တွင်မက တရွာလုံး မကောင်းကျိုး ခံစားရပုံ၊ အရှင်သာရိပုတ္တာသည်ပင် သူနှင့် တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တယောက်၏ မကောင်းမှုက အခြားသက်ဆိုင်သူများကိုလည်း ကံအရှိန် ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေ သာဓကတို့ ပေတည်း။ |
31,069 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့ကြောင့် မိမိ၏ သံသရာ စခန်း၌ ဖြောင့်တန်းဖို့ အရေးကို မျှော်တွေးမိသူ ဟူသမျှသည် ယခုဘဝ၌ တွေ့ရှိသူ လူယုတ်မာများကို ဆွေမျိုး ဉာတိပင် ဖြစ်နေသော်လည်း မကင်းစကောင်း၍ မပစ်ပယ်နိုင် စေကာမူ ထိုကဲ့သို့ လူမျိုးကို စိတ်အားဖြင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်မှသာ ဘဝအဆက်ဆက်၌ ထိုသူနှင့် ကင်းပြတ်၍ လွတ်လပ်သော သူတော်စင်များ ဖြစ်နိုင်ကြပေလိမ... |
31,070 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဒဏ်ခံရတတ်ပုံ |
31,071 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | တချို့ အကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင် ကောင်းလှ၍ ထိုသူကို တိုက်ရိုက် ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်သွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒကာ၊ ဒကာမများကို ထိခိုက်စေတတ်၏။ |
31,072 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုကဲ့သို့ တစုံ တယောက်ကို ထိခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်”ဟု ပြောစမှတ်ပြုကြ၏။ |
31,073 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခ ရောက်ရသောကြောင့် တနည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီး ပင်ဖြစ်လေသည်။ |
31,074 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | [လင်္ကာ၌ “ဇနမ” ဟူသည် ဖြစ်ပုံတည်း။ |
31,075 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ပါပ+ဂြဟ= မကောင်းသော ဂြိုဟ်၊ “ဂြိုဟ်စီး မကောင်း” ဟူလို။ |
31,076 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ]“အခံ ပုည၊ ရှိကြသူမှာ၊ ဇာတာ မူလ၊ ဇနမ၌၊ ပါပ ဂြဟ၊ စီးနင်း ကျလည်း၊ ကိုယ်မှတပါး၊ ခြွေရံများနှင့်၊ ကျွဲ နွား မျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာ ချမ်းမြေ့၊ ဘေး မတွေ့ဘူး”-မဃဒေဝ လင်္ကာ။ |
31,077 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကံချင်းတူလျက် မျက်နှာလိုက် |
31,078 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | လောက၌ အလွန် ဖြူစင်သော သူတော်ကောင်း တမျိုး၊ သူယုတ်မာ တမျိုးဟု ၂-မျိုး ခွဲရာ၏။ |
31,079 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တခုကို ကိုယ်စီကိုယ်ငှ ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံအကျိုးပေးခွင့်မရ၊ များစွာသောကောင်းမှုတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ |
31,080 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ယုတ်မာသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုး လောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။ |
31,081 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဥပမာ-တညဉ့်သ၌ သဌေးသားသည် အိမ်တအိမ်မှ ကြက်ကို ခိုး၏။ |
31,082 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဘိန်းစားလည်း ကြက်တကောင် ခိုး၏။ |
31,083 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ကြက်ရှင်က သိ၍ လိုက်ရှာသောအခါ ကြက်တကောင်ကို သဌေးသားအထံ၌ တွေ့၏။ |
31,084 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | သဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်ပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ |
31,085 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။ |
31,086 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဥပမာ တနည်းသော်-ဆား တပိဿာကို ဧရာဝတီမြစ်ထဲ၌ ချသော် ရေ၏ အရသာ မပျက်သကဲ့သို့၊ ကုသိုလ်ကံများစွာ ရှိသူ၌ အကုသိုလ်ကလေးအတွက် မကောင်းကျိုးအရသာ မပေါ်နိုင်တော့ပြီ။ |
31,087 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထိုဆားတပိဿာကို သောက်ရေအိုး တလုံးထဲ၌ ထည့်လိုက်လျှင် သောက်ရေတွေ အကုန်ပျက်တော့၏။ |
31,088 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ထို့အတူ အနည်းငယ် ကုသိုလ် ရှိသူ၌ အထိုက်အလျောက် အကုသိုလ် ဖြစ်လျှင် ထိုရှိရင်း ကုသိုလ်ကလေးများ၏ သတ္တိပင် ပျက်ပြားတတ်လေသည်။ |
31,089 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း | ဤသို့လျှင် ကာမာဝစရ ကုသိုလ် အကုသိုလ် ကံသည် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” တတ်ရကား၊ များစွာသော ကုသိုလ်တွေကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက် နိုင်ပါသော်လည်း အနည်းငယ် ကုသိုလ်ကို အနည်းငယ် အကုသိုလ်ကပင် နှောင့်ယှက်နိုင်သောကြောင့် သူတော်ကောင်း ဘက်တွင် ပါဝင်လက်စ ရှိသူတို့သည် ကုသိုလ်အလွန်များအောင် ထူထောင်နိုင် ကြပါစေသား။ |
31,090 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သမ္ပတ္တိ ဝိပတ္တိ |
31,091 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို “သမ္ပတ္တိ”ဟု ခေါ်၏။ |
31,092 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဆိုင်ရာ အကြောင်းများ၏ ချို့ယွင်းမှုကို “ဝိပတ္တိ”ဟု ခေါ်၏။ |
31,093 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သတ္တဝါတို့၏ သန္တာန်၌ ရှေးရှေး ဘဝ ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန် များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို၊ ဝိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။ |
31,094 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သမ္ပတ္တိ ၄-ပါး |
31,095 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၁။ ဂတိသမ္ပတ္တိ .. ရရှိသော ဘဝက ကောင်းခြင်း။ |
31,096 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၂။ ဥပဓိသမ္ပတ္တိ .. ရုပ်အဆင်း လှပခြင်း။ |
31,097 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၃။ ကာလသမ္ပတ္တိ ... အခါကာလ ကောင်းခြင်း။ |
31,098 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၄။ ပယောဂသမ္ပတ္တိ .... ဉာဏ် ဝီရိယ စသော ပယောဂ ရှိခြင်း။ |
31,099 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၁။ ဂတိဝိပတ္တိ .... ရရှိသော ဘဝက မကောင်းခြင်း။ |
31,100 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၂။ ဥပဓိဝိပတ္တိ ... ရုပ်အဆင်း မလှခြင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.