id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,201 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့မဟုတ် လုံးလုံးမရှာပဲ နေ၏။ |
31,202 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကံ ၅-ပါးကိုလည်း အခွင့်သင့်သလို ကျူးလွန်၏။ |
31,203 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုသူ၌ ပယောဂဝိပတ္တိ ဆိုက်နေရကား တနေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင့် ရကြပေတော့မည်။ |
31,204 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အချုပ်ကား-အလွန် ကြီးကျယ်သော ကုသိုလ် အကုသိုလ်ကံ များမှတပါး များစွာသော ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးခွင့်ရမှု-မရမှုမှာ ပယောဂ အပေါ်၌ အခြေစိုက်လျက် ရှိရကား ပယောဂသမ္ပတ္တိ အမြဲ ရှိနေသူများ၌ (ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ) အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံ တွေသာ အခွင့်ရကြပေသည်။ |
31,205 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂ ဝိပတ္တိရှိနေ သူ၌ကား (ကံဇာတာ မြင့်တုန်း၌ “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ) တနေ့နေ့မှာ အကုသိုလ်အခွင့်သာ၍ ချူနာပါတေးဘဝသို့ နိမ့်ကျရမည် သာတည်း။ |
31,206 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ အရာဝယ် ပယောဂဝိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ ရပ်ရွာ၏ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေ့နိုင်ပါသည်။ |
31,207 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပြုပြင်၍ ရ မရ |
31,208 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပြခဲ့သော ဝိပတ္တိများ ဆိုက်ရောက်နေသူတို့မှာ ပြုပြင်၍ရနိုင်သော အချက်လည်းရှိ၊ မရနိုင်သော အချက်လည်းရှိသည်။ |
31,209 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရပြီးသော ဂတိဘဝကို ပြုပြင်၍ မရတော့ပြီ။ |
31,210 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် မိမိဖွားမြင်ရာ ဒေသက အောက်ကျ နောက်ကျဖြစ်၍ ညံ့ဖျင်းလှလျှင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကောင်းသဖြင့် ပဋိရူပခေါ်သော ဒေသကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။ |
31,211 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နိုင်ငံခြားသားတို့ မြန်မာပြည်လာ၍ စီးပွားရှာပုံ၊ ရှေးခေတ် အထက် အညာသားများ အောက်ပြည်သို့ ဆင်း၍ စီးပွားရှာကြပုံ၊ ပညာကောင်းသော ကျောင်းသို့သွား၍ ပညာသင်ကြပုံမျိုးတည်း။ |
31,212 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုသို့ ပြောင်းရွှေ့ သင့်သော်လည်း မိမိမှာ လူစွမ်းလူစ အရည်အချင်း ရှိမှ သင့်လျော်၏၊ အရည်အချင်း ရှိသူများအတွက် “တရွာမပြောင်း သူကောင်းမဖြစ်”ဟု ဆိုကြသည်။ |
31,213 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အရည်အချင်းမရှိသူကို တရွာပြောင်းလျှင်ကား “တရွာပြောင်းခါမှ သူကောင်း ကျွန်စော်နံရသည်ဟု လည်းကောင်း၊ “ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ”ဟု လည်းကောင်း ဆိုကြသည်။ |
31,214 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရုပ်အဆင်း ဥပဓိလည်း များများကြီး ပြုပြင်၍ မရပြီ။ |
31,215 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် “လူအဝတ် တောင်းအကွပ်”ဟု ပြောစမှတ်ပြုသည့်အတိုင်း ဝတ်စားဆင်ယင် ပြုပြင်တတ် လျှင်ကား နဂို ဥပဓိ ညံ့သော်လည်း ကြည့်သာပါသေး၏။ |
31,216 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တောသူတောသားနှင့် မြို့သူမြို့သားတို့ ကွာခြားပုံကို သတိပြုပါ။ |
31,217 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ပြင် ဖွားမြင်ခါစ လသား အရွယ် သူငယ်များ၏ လက် ခြေ အင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်သေး၏။ |
31,218 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခုကာလ၌ မိခင်တို့က ပြုပြင်၍ မပေးကြသောကြောင့် တဘက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတဲ့ပဲ စောင်းရွဲ့ နေတတ်ကြ၏။ |
31,219 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မွေးဖွားပြီးစ ကလေး ခါးကုန်းလျှင် ကျောအောက်၌ ပျဉ်ပြားခံပေးကာ ပြုပြင် နိုင်ပါလျက်နှင့် ပြုပြင်၍ မပေးကြ။ |
31,220 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အထက်ပိုင်း လေး၍ ခြေသလုံး ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ် နိုင် ပေ့..ရပ် နိုင် ပေ့”ဟု အရပ် သင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။ |
31,221 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လက် ၂-ဘက်ဖြင့် ချိုင်းအောက်ကို ပွေ့ယူ မြှောက်ချီကြသောကြောင့် ရင်ဘတ်သေးလျက် ပခုံး ၂-ဘက်လည်း သေးနေတတ်၏။ |
31,222 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပက်လက်ယူ၍ ချီသောအခါ တင်ပါးအထက် ခါးပေါ်မှ ကိုင်ယူ၍ ချီကြသောကြောင့် တင်ပါးကော့၍ နေတတ်၏။ |
31,223 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နုနယ်သော လက် ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျောက် ဖြောင့်စင်း လှပါ နိုင်လျက် ပြုပြင်၍ မပေးကြ။ |
31,224 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သင့်မြတ်သော အစာ နို့ရည်များကို တိုက်ကျွေး ဖို့ရန် နားမလည်၍ ရောဂါထူပြောလျက် ကလေးများ ရုပ်အဆင်း ပျက်ကြရ၏။ |
31,225 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤအချက်များသည် မိဘ ဆွေမျိုးတို့၏ ပယောဂသမ္ပတ္တိ မရှိမှုကြောင့် ကလေး၌ အကုသိုလ်ကံ အကျိုးပေးခွင့် သာခြင်း ဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘ လုပ်သူများက (နားလည်မှုဉာဏ်၊ မပျင်းမရိမှု) ပယောဂသမ္ပတ္တိဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။ |
31,226 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကာလသမ္ပတ္တိ ဖြစ်အောင်ကား “ခေါင်းဆောင်၊ မင်း” စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတယောက်တည်း ပြုပြင်လို့ မရနိုင်။ |
31,227 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် အင်မတန် ဆိုးရွာ၍ တကမ္ဘာလုံး ပျက်ပြားနေသောအခါ မဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ ရှိရာ အရပ်သို့ ရွှေ့ပြောင်းနိုင်၏။ |
31,228 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရပ်ရွာလူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကမူ မိမိတို့ရပ်ရွာနယ်ပယ်၌ အထိုက်အလျောက် ကာလသမ္ပတ္တိဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။ |
31,229 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ စကားစဉ် အရ ဂတိ၊ ဥပဓိ၊ ကာလတို့ကို အကုန် မပြင်နိုင်သော်လည်း တတ်သိ နားလည်လျှင် အထိုက် အလျောက် ပြုပြင်နိုင်သည်ဟု သိသာပြီ။ |
31,230 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂကိုကား ပြုပြင်လို့ ရလွယ်၏။ |
31,231 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါ၏။ |
31,232 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နဂိုက ဝီရိယညံ့ဖျင်းလျှင် “ငါမပျင်းဘူး”ဟု ပြုပြင်ကာ ဝီရိယကောင်းသူ ဖြစ်နိုင်၏။ |
31,233 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဒေါသကြီးလျှင် ဒေါသမဖြစ်အောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန် အေးမြသူ ဖြစ်နိုင်၏။ |
31,234 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မာနကြီးလျှင် မာနကို ပြုပြင်နိုင်၏။ |
31,235 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အသိ အလိမ္မာ ဉာဏ်ပညာ မရှိလျှင် တတ်သိ နားလည်သူတို့၏ စကားကို နားထောင်၍ ယခုပြုပြင်လျှင် ယခု အလိမ္မာ တိုး၏။ |
31,236 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အတော်ကြာလျှင် တဘဝပြောင်းသလို အသိအလိမ္မာတွေ တိုးလာ၏။ |
31,237 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | (စာကျက်၍ မရသဖြင့် သတိမကောင်းသူဟု ဆိုကြသော်လည်း၊ ယခုကာလ ဉာဏ်မကောင်းဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရ မကျက်ပဲ ဖြစ်နိုင်ပါသည်။ |
31,238 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ အလိမ္မာကို ပြိုင်ပြင်လေ့ရှိသူသည် ယခုဘဝသာ လိမ္မာမည် မဟုတ်။ |
31,239 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နောင်သံသရာလည်း အလိမ္မာဓာတ် လိုက်ပါလျက် တသံသရာလုံး အလိမ္မာတုံး ဖြစ်နိုင်ပေသည်။ |
31,240 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | “မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး။ |
31,241 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ” ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုး ရှိ၏။ |
31,242 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ခရစ်ယာန်ဘာသာ မဟာမေဒင် ဘာသာတို့၌ သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူ တို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ |
31,243 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးကပြုခဲ့သောကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ |
31,244 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဖန်ဆင်းသူကို စွဲလမ်းမှု၏ မှားပုံမှာ ဤကျမ်းစာ ရှုသူတို့ ရိပ်မိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ |
31,245 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိတမျိုးမှ မလွတ်ကင်းပဲ ရှိကြလေသည်။ |
31,246 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဒိဋ္ဌိ၏ ယူမှားပုံကား... “ယခု မျက်မြင် သတ္တဝါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင် အကျိုးကို ခံစားရ၏။ |
31,247 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုအကျိုးအားလုံးသည် ရှေးက ပြုခဲ့သော ကံကြောင့် ချည်းသာ ဖြစ်၏” ဤသို့ စသည်ဖြင့် ယူလေသည်။ |
31,248 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မိစ္ဆာအယူကို စဉ်းစားလျှင် ယခုအခါ “မကောင်းလည်းကံ၊ ကောင်းလည်းကံ”ဟု ကံတခုကို စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့လည်း ထိုပုဗ္ဗေကတ ဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်။ |
31,249 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် ရှေ့၌ ပြခဲ့ပြီးသော သမ္ပတ္တိ ၄-ပါး ဝိပတ္တိ ၄-ပါးတို့ကို စဉ်းစားပြီးလျှင် ငါတို့သန္တာန်၌ အကျိုး မပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်နေ သည်ကား မှန်၏။ |
31,250 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် ထိုကံတွင် အကုသိုလ်ကံတို့သည် ဝိပတ္တိ အမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့် ရကြ၏။ |
31,251 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကုသိုလ်ကံတို့လည်း သမ္ပတ္တိ အမျိုးမျိုး ရှိမှသာ အကျိုးပေးခွင့် ကြပေသည်-ဟု ယုံကြည်ကြပါကုန်။ |
31,252 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဆက်ဦးအံ့ – အကုသိုလ်ကံ အကျိုးပေးဖို့ရာ (ကံဇာတာညံ့ခိုက်) ကြုံသော်လည်း သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးပဲ ရှောင်လွှဲရမည် သာတည်း။ |
31,253 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အကယ်၍ ယခုဘဝ၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင်သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန်ရမည် သာတည်း။ |
31,254 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုသို့ ဂတိသမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်။ |
31,255 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် မိမိ မမြင်နိုင်သော ရှေးကံကို တွေးကြံ ကြောက်မနေပဲ ယခုဘဝ၌လည်း စီးပွားရေး တန်းမြင့်၍ နောင် သံသရာ၌လည်း အဆင့်ဆင့် မြင့်မြတ် လေအောင် ယခု လက်ငင်း ပြုပြင်၍ ရကောင်းသော ပယောဂ သမ္ပတ္တိ ကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ကြပါကုန်။ |
31,256 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တူသော အကျိုး ပေးတတ်ပုံ |
31,257 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ တူသောအကျိုးကို ပေးတတ်၏။ |
31,258 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သူတပါးကို သတ်သော ပါဏာတိပါတကြောင့် ဖြစ်ရာဘဝ၌ အသတ် ခံရတတ်၏။ |
31,259 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရောဂါများ တတ်၏။ |
31,260 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့ စသည်ဖြင့် ရတနာ့ဂုဏ်ရည် ၅-ပါး သီလနှင့် ကံ ကံ၏အကျိုး အဖွင့်၌ ပြခဲ့၏။ |
31,261 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | စွန့်ကြဲပေးကမ်း လှူဒါန်းသောအခါ အလှူခံကို စားစေချင်၊ ကောင်းကောင်းမွန်မွန် နေစေချင်သော စေတနာသည် ဒါနတည်း။ |
31,262 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဒါနကြောင့် ဖြစ်လေရာဘဝ၌ စားရ ဝတ်ရ ကောင်းကောင်းမွန်မွန် နေထိုင်ရလောက်အောင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ဓနရှင်များ ဖြစ်လာရပေသည်။ |
31,263 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် လှူဒါန်းပေးကမ်းသည့် အခါတုန်းက အပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာ စိတ်မချမ်းသာလျှင်) ထိုဒါနကြောင့် ရရှိသော စည်းစိမ်ကို ခံစားလိုစိတ် မရှိပဲ ဓနရှင် ဖြစ်ပါလျက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့် နေရတတ်လေသည်။ |
31,264 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သူဌေးတစ်ဦး |
31,265 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ငါတို့ ဘုရား မပွင့်မီ သာသနာပ ကာလ၌ သူကြွယ်တယောက်သည် အိမ်ပေါက်၌ ဆွမ်း ရပ်တော် မူလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား "ဆွမ်းလောင်းကြပါ”ဟု ပြောဆို၍ ကိစ္စ တခုအတွက် နေရာမှ ထသွားပြီးနောက် “ဆွမ်းလောင်း ခိုင်းမိတာ မှားပေါ့။ |
31,266 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုထမင်းများကို အခိုင်းအစေများ စားတာကပင် ကောင်းသေးရဲ့”ဟု တွေးကာ နှလုံး မသာမယာနှင့် အပရစေတနာ ချို့မိလေသည်။ |
31,267 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အကျိုးပေးပုံ |
31,268 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဆွမ်းလှူ ခိုင်းခဲ့သော ကုသိုလ်ကြောင့် ငါတို့ ဘုရားရှင် လက်ထက်တော်၌ သဌေး ဖြစ်လာ၏။ |
31,269 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့ရာတွင် အပရစေတနာ ချို့တဲ့မှုကြောင့် သဌေးနှင့် တူအောင် နေချင်စိတ် မရှိ။ |
31,270 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပိုက်ဆံလျှော်ချည်ဖြင့် ယက်သော အဝတ်ကြမ်းကို ၃-စပ်လောက် ဆက်စပ်ပြီး ဝတ်လေ့ ရှိ၏။ |
31,271 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဆန်ကွဲ ထမင်း ပုန်းရည်ဟင်းကို စားသောက်လေ့ ရှိ၏။ |
31,272 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့ အနုံအမွဲ လူဆင်းရဲ အနေမျိုး နေကာ မကြာခင် အသက်ဆုံး၍ စည်းစိမ် အားလုံး မင်းဘဏ္ဍာ ဖြစ်ရလေသည်။ |
31,273 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဝတ္ထု မှတ်ချက် |
31,274 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ ဝတ္ထုကို လေးနက်စွာ စဉ်းစားသင့်၏။ |
31,275 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခုအခါ မိမိနှင့် ထိုက်တန်သော အဝတ်အစားကို ဝတ်ချင် စားချင်စိတ် မရှိသူ၊ မိမိနှင့် တန်အောင် နေထိုင်ချင်စိတ် မရှိသူများကို တွေ့မြင်ကြရ၏။ |
31,276 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုသူများသည် တရားသဘော သက်ဝင်ကာဝတ်မည့် စားမည့်အတွက် လှူမယ်၊ စွန့်ကြဲ ပေးကမ်းမယ် ဆိုလျှင် သူတော်ကောင်း သဘောဖြစ်၍ အပြစ် မတင်သာချေ။ |
31,277 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုစိတ်မျိုး မဟုတ်ပဲ နှမြော ကုပ်ကပ်သည့်အတွက် မစားရက် မဝတ်ရက်လျှင် သဌေးကြီး ဝဋ်ပါသကဲ့သို့ ဝဋ်ပါသူ-ဟု ဆိုရပေလိမ့်မည်။ |
31,278 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အကောင်းဆုံး |
31,279 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အရပ်ရပ်ကို ကောက်ချက်ချလိုက်လျှင် ထိုက်တန်အောင်လည်း ဝတ်လို့ စားလို့၊ မိမိ၏ကလေးများအတွက်လည်း အမွေအနှစ် ထားလို့၊ ထိုက်တန်အောင်လည်း စွန့်ကြဲပေးကမ်းလို့ နေထိုင်ကြမှာ ပစ္စည်း ဥစ္စာနှင့် ဆိုင်ရာဝယ် လောက သံသရာ ၂-ဖြာလုံး အကျိုးရှိအောင်နေတတ်သူဟု ဆိုရပေမည်။ |
31,280 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် ဒီပဲရင်း ဆရာတော် ဘုရားကြီးသည် “စားလဲ စားကြပါ။ |
31,281 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မသေခင် စားဖိုနဲ့ အမွေအနှစ် ပေးဖို့လဲ ထားကြပါ။ |
31,282 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နောင်သံသရာအတွက် ကုသိုလ် ပဒေသာပင်ကိုလဲ စိုက်ပျိုးကြပါ” ဟူသော တိုက်တွန်းချက်ဖြင့် အောက်ပါ လင်္ကာကို မိန့်ဆိုတော်မူသည်။ |
31,283 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | “စားသမျှ မစင်၊ ထားသမျှ မသေခင်၊ ပြုသမျှ ကုသိုလ်အပင်၊ ယခုကာလ ဘဝကောင်းတွင်၊ စားလဲစား၊ ထားလဲထား၊ ပြုလဲပြုကြမှ တော်မည်ထင်။ |
31,284 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ” သီလ၏ တူသောအကျိုး |
31,285 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အမှန် စောင့်ထိန်းရမည့် ဥပုသ် သီလနှင့် ၅-ပါး သီလသည် စောင့်ထိန်းသောအခါ သတ္တဝါတို့ကိုလည်း ချမ်းသာစေ၏။ |
31,286 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကိုယ်တိုင်လည်း အလုပ် ဗျာပါရ ကင်း၍ ငြိမ်းအေးသော စိတ်ဖြင့် စောင့်ထိန်းရ၏။ |
31,287 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် သီလ အကျိုးပေးသောအခါ (ပစ္စည်း ဥစ္စာ မပေါစေကာမူ) အနာကင်း၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ အေးအေး သက်သာ နေရအောင် အကျိုးပေး၏။ |
31,288 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့်ပင် “ဒါနတော ဘဂဝါ၊ သီလတော သုခိတော”ဟု ပြောစမှတ်ပြုကြသည်။ |
31,289 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | [ဒါနတော-ဒါနကြောင့်၊ ဘောဂဝါ-စည်းစိမ် ကြွယ်ပြော ဥစ္စာပေါသူ ဖြစ်ရ၏။ |
31,290 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သီလတော-သီလကြောင့်၊ သုခိတော-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသူ ဖြစ်ရ၏။ |
31,291 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ]ဘာဝနာ၏ တူသောအကျိုး |
31,292 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းလိုသူကား ပင်ကိုယ်ကပင် လူသူ မခို မြိုင်ညိုစိမ့်စမ်း ရဂုံလမ်း၌ အေးချမ်းသာယာစွာ တကိုယ်တည်း နေ၍ စီးဖြန်းရသည်။ |
31,293 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | စီးဖြန်းသောအခါ၌လည်း ဈာန်ရအောင် အားထုတ်လျှင် လောကီအာရုံ ကာမဂုဏ်ကို အစွမ်းကုန် အပြစ်မြင်နိုင်မှ ဈာန်ရ၏။ |
31,294 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မဂ်ဖိုလ်ရအောင် အားထုတ်လျှင် ရုပ်၊ နာမ်၊ ခန္ဓာ၊ တသံသရာလုံး ငြီးငွေ့နိုင်မှ မဂ်ဖိုလ်ရသည်။ |
31,295 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | “မာတင်္ဂကြီး၊ တောခိုမှီးသို့၊ ကိုယ်တည်း အောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊ ပြည့်အောင် ဖြည့်ပိမ့်၊ ငါ၏ နောက်တော်၊ တယောက်သော်မျှ၊ မခေါ် အပို၊ ဖော် မလိုသည်၊ ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း။ |
31,296 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ” ဟူသော မဃဒေဝ လင်္ကာနှင့် အညီ တကိုယ်တည်း အားထုတ်ရသော ဘာဝနာအလုပ် ၂-မျိုးတွင်လည်း ဈာန်ကိုရ၍ ဗြဟ္မာ့ပြည် ရောက်သောအခါ ကြင်ရာဒေဝီ မဟေသီဗြဟ္မာမ-ဟု မရှာရတော့ပဲ တကိုယ်တည်း အေးချမ်းစွာဖြင့် မေတ္တာ ကရုဏာ မုဒိတာ ပွားများ၍ ခမ်းနားသော ဘုံဗိမာန်တွင် ယောဂီ ကိုယ်တော်ကြီး အသွင် အင်မတန့် သိက္ခာဖြင့် တည်ငြိမ်စွာ နေထိုင် ကြရပေသည်။ |
31,297 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မဂ်ဖိုလ်ပေါက်သူ ဖြစ်လျှင်ကား ပင်ကိုယ်က ရုပ် နာမ်အားလုံးကို အမုန်းကြီး မုန်း၍ အငြီးငွေ့ကြီး ငြီးငွေ့ခဲ့သည့် အားလျော်စွာ နိဗ္ဗာန်ရောက် သောအခါ ဘုံဗိမာန် ဟူသော ရုပ်တရားကို မဆိုထားဘိ၊ ကိုယ်ရုပ် ကိုယ့်နာမ်ပါ မကြွင်းကျန်တော့ပဲ ရုပ်နာမ်နှင့် မစပ်သော ဓာတ်တမျိုးအဖြစ်ဖြင့်သာ တည်ရှိ ပေတော့သည်။ |
31,298 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့လျှင် ဒါန သီလ ဘာဝနာ စသော ကုသိုလ်အားလုံးပင် အကြောင်းနှင့် တူသော အကျိုးကို ဆောင်သောကြောင့် သံသရာ နောင်ရေးကို မျှော်တွေးမိ သူတိုင်း မိမိကိုယ်ကို မိမိ ချစ်ခင်ကာ နိဗ္ဗာန်အထိ သံသရာလမ်း ကောင်းဖို့ရန် မကောင်းသော စိတ်ထားများကို ပယ်ရှား၍ ကောင်းသော ကံကို ချည်း ကြိုးစားသင့်ကြသည်။ |
31,299 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | “အကုသလ၊ ကုသလ၏၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း၊ နှလုံးသွင်းလော့၊ မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏၊ အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ ဝီရိယနှင့်၊ ဉာဏ ထောက်ကူ၊ ထိုသည့် သူမှ၊ လူတွင် လူလွန်၊ လွှား တံခွန်သို့၊ လူမွန်တယောက်၊ တစ် ခေါ်လောက်အောင်၊ ခါရောက် ချိန်ဆုံး၊ တုမဲ့နှုန်း၍၊ ရွှေဘုန်း မ... |
31,300 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ” -မဃဒေဝ လင်္ကာ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.