id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,101 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၃။ ကာလဝိပတ္တိ .... အခါကာလ မကောင်းခြင်း။ |
31,102 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ၄။ ပယောဂဝိပတ္တိ ... ဉာဏ် ဝီရိယ စသော ပယောဂ မရှိခြင်း။ |
31,103 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဂတိသမ္ပတ္တိ ဖြစ်ပုံ |
31,104 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကို “ဂတိသမ္ပတ္တိ” ဟု ခေါ်၏။ |
31,105 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဂတိသမ္ပတ္တိ၌ ဖြစ်ရသောအခါ များစွာသော ကုသိုလ်ကံတို့သည် အကျိုးပေးခွင့် ရကြ၏။ |
31,106 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လူ့ပြည်၌ ဒုက္ခရှိသေးသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဒုက္ခမရှိသလောက်နည်းပါး၏။ |
31,107 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကုသိုလ်ကံတို့ အခွင့်ရ၍ အကျိုးပေးနေသောကြောင့် အစားအသောက်၊ အနေအထိုင်၊ အတွေအကြုံ အာရုံတို့မှာလည်း အကောင်းအမွန် ချည်းသာ ဖြစ်ကြပေသည်။ |
31,108 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကဲ့သို့ ဂတိသမ္ပတ္တိဆိုက်နေသူတို့၌ အကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုအကုသိုလ် ကံများ အကျိုးပေးခွင့် များစွာ မရကြ။ |
31,109 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လူ့ဘုံမှာ “ဒုက္ခမကင်း”ဟု ဆိုရသော်လည်း အပါယ် ၄-ပါးနှင့် စာလျှင် များစွာ သက်သာပါသေး၏။ |
31,110 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကုသိုလ်ကံများက အထိုက်အလျောက် အကျိုး ပေးခွင့် သာသောကြောင့် မကောင်းသော အာရုံမှ တိမ်းနိုင် ရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ကြပေသည်။ |
31,111 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဂတိဝိပတ္တိဖြစ်ပုံ |
31,112 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အပါယ် ၄-ပါးကို “ဂတိဝိပတ္တိ”ဟု ခေါ်၏။ |
31,113 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဂတိဝိပတ္တိ၌ ဖြစ်ရသောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ |
31,114 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ငရဲကျရောက်သူ ပြိတ္တာဖြစ်သူတို့၌ အမြဲ ဒုက္ခရောက်၊ အမြဲ အနှိပ်စက်ခံ၊ အမြဲ ပူလောင်နေရသဖြင့် အကုသိုလ်ကံတွေ ဝိုင်း၍ အကျိုးပေးချင်တိုင်း ပေးဖို့ အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ၊ အထိုက်အလျောက် သက်သာသေး၍ဟုဆိုရသော တိရစ္ဆာန်၌ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာ လွန်စွာ ဆင်းရဲဖို့၊ တုတ် ဓား စသည်ဖြင့် အရိုက်အနှက် အသတ်အဖြတ် ခံရဖို့၊... |
31,115 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အလွန် သေးငယ်သော ပိုးမွှား တိရစ္ဆာန်ကလေးများ၌ကား သွားယင်း လာယင်း သူကနင်း ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတွေ အလွန့် အလွန် အခွင့်ကြပေသည်။ |
31,116 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘဝက ကုသိုလ်ကံတွေ ပါရှိနေကြသော်လည်း ကယ်ဆယ်ဖို့ရန် အခွင့် မရတော့ချေ။ |
31,117 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဥပဓိသမ္ပတ္တိ |
31,118 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ |
31,119 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်း ဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ် သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြ ပေသည်။ |
31,120 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုး အာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေဝီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်း ဝင်သူ ဖြစ်ရ၏။ |
31,121 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွက်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်ပါလော။ |
31,122 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လူ့ဘဝကို မဆိုထားဘိ၊ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည် ဖြစ်နေလျှင်) လူချမ်းသာတို့၏ လက်သပ်မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့် သာပြန်လေ၏။ |
31,123 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရုပ်အဆင်းလှမှု ဟူသော ဥပဓိသမ္ပတ္တိ ဤမျှလောက်ပင် အကျိုးများပေသည်။ |
31,124 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဥပဓိဝိပတ္တိ |
31,125 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဂတိဝိပတ္တိ ဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်းမလှမှုဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ |
31,126 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဂတိသမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိ ဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုးကို ရသင့်သလောက်မရပဲ ရှိတတ်၏။ |
31,127 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အမျိုးမြတ်ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူတို့က မကြည်ဖြူနိုင်ကြ။ |
31,128 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့် မကြည်ဖြူနိုင်ခြင်းမှာလည်း ထင်ရှားသော သက်သေ သာဓကကြီးပင်တည်း။ |
31,129 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကဲ့သို့ ဥပဓိဝိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော်လုပ်ရ၊ ဖျာတော်ရက်ရ၊ ပွဲတော်ချက်နှင့် သွက်သွက် လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ |
31,130 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သမီးခင်ပွန်း ၂-ယောက် ရုပ်အဆင်းချင်း ရွှေ့သွား နောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိ ဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ |
31,131 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ရုပ်အဆင်း မလှမှု ဟူသော ဥပဓိဝိပတ္တိကား ဤမျှ လောက်ပင် ဆိုးရွားလှချေသည်။ |
31,132 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကာလသမ္ပတ္တိ |
31,133 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလ သမ္ပတ္တိ”ဟု ခေါ်၏။ |
31,134 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တိုင်းသူပြည်သားတို့ကို သာယာ ဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသည်ဖြင့် စီမံတတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။ |
31,135 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံ ကြရ၏။ |
31,136 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပူပန် သောက ကင်း၍ ဆွေမျိုး ဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတိုပင် ချမ်းသာကြ၏။ |
31,137 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တက်ကပ်အခါလည်း ကာလသမ္ပတ္တိ ပင်တည်း။ |
31,138 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကဲ့သို့ ကာလသမ္ပတ္တိ ကြုံကြိုက်သောအခါ ပြတ်သတ် ငတ်နေအောင် အကျိုးပေးမည့် အကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။ |
31,139 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကာလဝိပတ္တိ |
31,140 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မင်းဆိုး မင်းယုတ် ခေါင်းဆောင် အညံ့စားတို့ ရွှေ့သွားဦးဆောင် လုပ်လျက် စိုးအုပ်နေရာ အခါကို “ကာလ ဝိပတ္တိ”ဟု ခေါ်၏။ |
31,141 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တိုင်းပြည်ပျက်သောအခါ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများလည်း ကာလဝိပတ္တိ ပင်တည်း။ |
31,142 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကဲ့သို့ ကာလဝိပတ္တိ ကြုံရသောအခါ၌ ရှေးက ပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ |
31,143 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လူအများပင် ဆင်းရဲ ပြတ်သတ် ငတ်မွတ်ကြရ၏။ |
31,144 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ကုသိုလ်ကံ ကြီးမားသူတိုပင် ထိုကုသိုလ်ကံ အခွင့်မရပဲ ရှိသမျှ အကုသိုလ်ကံတို့၏ ဒဏ်ကို ခံကြရသောကြောင့် ပြေးရ လွှားရ၊ ပုန်းရ လျှိုးရ၊ စားချင်တာ မစားရ၊ ချစ်သူနှင့် ကွဲရ၊ တချို့ မသေလောက်သော ရောဂါ ကလေးအတွက် သင့်တော်သောဆေး၊ ကုပေးမည့် ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ရလေသည်။ |
31,145 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂသမ္ပတ္တိ |
31,146 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သတိ၊ ဝီရိယ၊ ဉာဏ်ကို “ပယောဂ” ဟု ခေါ်၏။ |
31,147 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာပညာနှင့် အကြံကောင်းသော ဝိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။ |
31,148 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ ဝီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွ ရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂ သမ္ပတ္တိချည်း ပင်တည်း။ |
31,149 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နတ်ပြည် ဗြဟ္မာပြည်တို့၌ ပယောဂ သမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤ လူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုး ထင်ရှား၏။ |
31,150 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်အောင် ကြီးကျယ်သော အကုသိုလ်ကံ ပါသူ နည်းပါးလှ၏။ |
31,151 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အတော်အတန် ထက်သန်သော ကံများကား ပယောဂ သမ္ပတ္တိ ရှိ မရှိ လိုက်၍ အကျိုးပေး၏။ |
31,152 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက် မထက် လိုက်၍ အကျိုးပေးကြရသည်။ |
31,153 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အချုပ်ကား-ယခု လူတို့ ကောင်းကျိုးရဖို့ အရေး၌ ရှေးကံတခုကိုသာ အားမကိုးသင့်။ |
31,154 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခုဘဝ ပြုအပ်သော ပယောဂကိုလည်း အားကိုးရမည်။ |
31,155 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂသမ္ပတ္တိသည် ရှေးကကုသိုလ်ကံကို အခွင့်သာအောင် ရေလာမြောင်းပေး ပြုလုပ်ခြင်းနှင့်တူ၏။ |
31,156 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့ကြောင့် (ရုတ်တရက် ထီပေါက်ခြင်း၊ ရွှေအိုးတွေခြင်း မျိုးမှ တပါး)ကူးသန်းရောင်းဝယ်ခြင်း စသည်ကြောင့် ကောင်းကျိုးခံစားရရာ၌ တကျပ်သားလျှင် ရှေးကံ၏သတ္တိမှာ တမတ်သားလောက်သာ ပါဝင်၍ ယခုဘဝ သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိက သုံးမတ်သားလောက် ပါရှိနိုင်ကြောင်းကို ကောင်းကောင်းကြီး နားလည်ကြပါကုန်။ |
31,157 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂ သမ္ပတ္တိ ဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ |
31,158 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အကုသိုလ်ကံများကို အလွန်ကြီးသောကံ၊ သိပ်မကြီးမားသောကံဟု ၂-မျိုး ခွဲခြားပါ။ |
31,159 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော ကံကို ပယောဂသမ္ပတ္တိဖြင့် တားဆီးသော်လည်း လွှတ်ခွင့်ရမည် မဟုတ်။ |
31,160 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် သက်သာအောင် တတ်နိုင်ပါ၏။ |
31,161 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ခြင်း ဟူသော အလွန်ကြီးမားလှသည့် ပါဏာတိပါတကံကို ပြုမိ၏။ |
31,162 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုကံကြောင့် မုချ အဝီစိသို့ ကျတော့မည်သာ။ |
31,163 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂသမ္ပတ္တိက ဘယ်လောက်ပင် ကောင်းသော်လည်း လုံးဝ လွတ်လပ်ခွင့် မရနိုင်။ |
31,164 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် ခမည်းတော်မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန် ကြည်ညိုသော ပယောဂသမ္ပတ္တိကြောင့် အဝီစိငရဲ၌ မကျပဲ အဝီစိငရဲ၏ အခြံအရံဖြစ်သော ဥဿဒငရဲ၌ ကျသဖြင့် သက်သာခွင့်ရလေသည်။ |
31,165 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤစကားဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံများ ကိုပင် ပယောဂသမ္ပတ္တိက သက်သာအောင် တတ်နိုင်သေးသည်ဟု မှတ်ပါ။ |
31,166 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုမျှလောက် မကြီးမားသော အကုသိုလ်ကံများကိုကား လုံးဝ အကျိုးမပေးအောင် တားဆီးနိုင်သည်။ |
31,167 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | မိဘကို ဆဲရေးခြင်း၊ ဆရာသမားများကို အပြစ် ပြောခြင်း၊ လူကြီးများကို ဆဲရေးခြင်း၊ ဂုဏ်ရှိသူ သီလ သမာဓိ ကြီးမားသူတို့ကို ကဲ့ရဲခြင်း ပြစ်မှားခြင်းတို့သည် အတော်အတန် ကြီးမားသော အကုသိုလ်ကံ များပင် ဖြစ်လေသည်။ |
31,168 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် အပြစ်ကိုကြောက်၍ (သတိရ၍) ပြစ်မှားခံရသူ ရှိသေးလျှင် ထိုသူ့ထံ သွား၍ ဖြစ်စေ၊ ထိုသူ မရှိလျှင် ထိုသူ၏ သင်းချိုင်းသို့ သွား၍ ဖြစ်စေ၊ ထိုကဲ့သို့ မသွားနိုင်ပါလျှင် မာန်မာနကို လျော့၍ တကယ် စေတနာဖြင့် အဝေးမှ ဖြစ်စေ တောင်းပန် ဝန်ချလျှင် (ထို ဝန်ချမှု ပယောဂ သမ္ပတ္တိကြောင့်) ထိုအကုသိုလ်ကံများ အကျိုးမပေးနိုင်တော့ချေ။ |
31,169 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့အတူပင် အခြားသော အကုသိုလ်ကံကလေး များစွာလည်း ကုသိုလ်ကံ အားကြီးလျှင် ပပျောက်ကြရသည်။ |
31,170 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | (ကံချင်းတူပါလျက် ပုဂ္ဂိုလ်မျက်နှာလိုက်ပုံ အခန်း၌ ပြခဲ့သော ကြက်ခိုး ဥပမာ၊ ဆား ဥပမာများကို သတိပြုပါလေ။ |
31,171 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ) ဘုရားပညတ်တော်ကို ကျူးလွန့်၍ အာပတ်သင့်သော ရဟန်းမှာလည်း ဘုရားရှင် အမိန့်တော်အတိုင်း ကုစားလျှင် တချို့ အာပတ်၏ မကောင်းကျိုးများ ပျောက်၏။ |
31,172 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့ စသည်ဖြင့် အတော်အတန် ကြီးမားသော အကုသိုလ်များပင် ပယောဂသမ္ပတ္တိဖြင့် တားဆီးက အကျိုး မပေးတော့ပဲ ပြေပျောက်ကြရလေသည်။ |
31,173 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂ သမ္ပတ္တိကြောင့် စီးပွားရေးတန်းမြင့်ပုံ |
31,174 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | “မိစ္ဆာဒိဋ္ဌိ လူမျိုးတွေ”ဟု ခေါ်ရသော နိုင်ငံခြားသားတို့ သန္တာန်၌ ရှေးရှေးကပြုခဲ့သော ကုသိုလ်ကံများ ဧကန် ပါရှိ၏။ |
31,175 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သူတို့၏ သတိ၊ ဝီရိယ၊ အလိမ္မာဉာဏ် ထက်သန်ပုံမှာလည်းချီးမွမ်းစရာပင်တည်း။ |
31,176 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | တယောက်၏ကျန်းမာရေးကလေးကို မဆိုဘိ၊ တပြည်နှင့် တပြည် လာမည့်ဘေး တွေးကာ စစ်မက် အင်္ဂါတွေကို ဉာဏ်အမျိုးမျိုးဖြင့် စိတ်ကူးကြ၊ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လုပ်ကိုင်နေကြ၏။ |
31,177 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုအလုပ်များကို (ဗုဒ္ဓဘာသာဝင် ဆိုသူတို့က အကုသိုလ်ဖြစ်သည် ဟု နှာခေါင်းရှုံ့ကြသော်လည်း) လောကီ၌ ကြီးပွားကြောင်း ကျက်သရေမင်္ဂလာ တိုးကြောင်း လမ်းကောင်း မဟုတ်ဟုကား မည်သည့် ဗုဒ္ဓဘာသာဝင်မျှ မငြင်း ပယ်နိုင်ကြပေ။ |
31,178 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ မြန်မာနိုင်ငံ လာ၍ စီးပွားရှာကြသော လူမျိုးခြားတို့လည်း အလွန် သတိကောင်းကြ၏။ |
31,179 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | လုံ့လ ဝီရိယမှာ ပြောစရာ မရှိ၊ လိမ္မာပါးနပ်မှုကား မတုနိုင်အောင်ပင်။ |
31,180 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | စီးပွားရှာ၍ ကောင်းမည့် အရပ်ဒေသကို (ပဋိရူပဒေသကို) ရွေးချယ်တတ်ခြင်းမှာလည်း ထိုသူတို့ အသိဉာဏ်ပင်တည်း။ |
31,181 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုမျှလောက် ပယောဂသမ္ပတ္တိ-ရှိနေရကား သူတို့သန္တာန်၌ ရှေးရှေး ဘဝက ပါလာသော ကုသိုလ်ကံတွေသည် အကျိုးပေးဖို့ ဧကန် အခွင့်ကြုံသောကြောင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံကြပေသည်။ |
31,182 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဗုဒ္ဓဘာသာဝင် ဆိုသူ မွန် မြန်မာတို့ တွင်လည်း သတိ၊ ဝီရိယနှင့် အသိ အလိမ္မာ၊ ပညာ၊ အဆင်အခြင်နှင့် အမြော်အမြင် ဟူသော ပယောဂသမ္ပတ္တိ ရှိသူတို့မှာ ကြီးပွားကြသည်သာ။ |
31,183 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ |
31,184 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခု လူတို့၌ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများလည်း ထိုက်တန်သလို ပါရှိကြနေ၏။ |
31,185 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မှစ၍ အရာရာဝယ် မသင့်မတော်သည်ကို သတိထား၍ ရှောင်ရှားခြင်း၊ မှန်မှန် အိပ် မှန်မှန်စား၊ မှန်မှန်ရေချိုး၊ မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန် ပြုဖို့ရန် မပျင်းမရိ လုံ့လ ရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာ သင့်၏၊ ဘယ်အချိန် ရေချိုးသင့်၏၊ ဘယ်ဆေးကို စားသင့်၏၊ တနေ့ တနေ့လျှင် အနည်းဆုံး ၆-နာရီ အိပ်သင... |
31,186 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့ စသည်ဖြင့် တတ်သိ နားလည်မှုသည် ကျန်းမာဖို့ရန် လမ်းမှန်သော ပယောဂသမ္ပတ္တိ များတည်း။ |
31,187 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤ ပယောဂသမ္ပတ္တိ ရှိသူတို့၌ ကျန်းမာဖို့ရန် ပါလာသော ကံလည်း အခွင့်သာလေသည်။ |
31,188 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဤသို့ စသည်ဖြင့် ပယောဂသမ္ပတ္တိသည် ကုသိုလ်ကံအကျိုးပေးဖို့ရန် အချုပ်အခြာ ဖြစ်ပေရကား ပယောဂသမ္ပတ္တိ ရှိသူသည် ပညာလည်း တတ်နိုင်၏။ |
31,189 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | အိမ်ထောင်ဘက် ကောင်းလည်း ရနိုင်၏၊ မိတ်ဆွေကောင်းလည်း ရနိုင်၏၊ ဆရာကောင်းလည်း တွေ့နိုင်၏၊ ပညာ ဥစ္စာ ရာထူး ဂုဏ်သိန် စည်းစိမ်များလည်း တိုးတက်နိုင်၏။ |
31,190 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | နောက်နောက်ဘဝတို့၌ နိဗ္ဗာန်ရသည့်တိုင်အောင် တန်းမြင့်ဖို့ရန် ယခုဘဝကပင် အခြေခံ ပါရမီများကိုလည်း ရနိုင်၏။ |
31,191 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုပယောဂသမ္ပတ္တိတွင် အရာရာ၌ တတ်သိ နားလည်မှု ဉာဏ်သည် ပထမ အရေးကြီး၏။ |
31,192 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့နောက် အရာရာ၌ သတိထားဖို့ အရေးကြီး၏။ |
31,193 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌ မပျင်းမရိ လုံ့လရှိဖို့ အရေးကြီးသည်။ |
31,194 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ပယောဂဝိပတ္တိ |
31,195 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဉာဏ်ပညာ ကင်း၍ ဖျင်းအထိုင်းမှိုင်းမှု၊ သတိကင်းပေါ့ မေ့လျော့မှု၊ ဝီရိယ ကင်း၍ ပျင်းရိမှုများသည် ပယောဂ ဝိပတ္တိ ချည်းတည်း၊ ထို့ပြင် တယောက်အပေါ် တယောက် ဣဿာ မစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမှု၊ မာန် မာနကြီးမှုများလည်း ကြီးပွားရေး စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂဝိပတ္တိ များပင် ဖြစ်သည်။ |
31,196 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ယခု လူတို့ သန္တာန်၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်၏။ |
31,197 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ထိုအကုသိုလ်ကံ ကြီးများ လူတိုင်းမှာ ရှိတော့မည် မဟုတ်။ |
31,198 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | သို့သော် ပယောဂဝိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုး ပေးမည့် အကုသိုလ်ကလေး များကား ကိုယ်စီကိုယ်ငှ ပါရှိကြသည်။ |
31,199 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ဥပမာ–အမျိုးကောင်း သားသမီးများ ပီပီ ပညာတတ်အောင် သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ ၅-ပါးကို မကျူး လွန်ခြင်း စသည်ဖြင့် အပြစ်ကင်းအောင်နေသူတို့၌ အကုသိုလ်ကံပါရှိသော်လည်း ထိုအကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ |
31,200 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ | ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာရှာချိန်၌လည်း မတရား ရှာဖွေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.