id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
31,301
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ
နိဂုံး ဤမျှသော စကားအစဉ်ဖြင့် ကံနှင့် ကံ၏ သတ္တိ၊ ကံ၏ အကျိုးပေးပုံများ ပြီးဆုံးပြီ။
31,302
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ
ဤသို့ ကံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်များကို ရေးသားရကြောင်း ကောင်းမှုပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကိုရှုသူတိုင်း ကမ္မဿကတာဉာဏ် ရင့်သန်၍ သမ္မာဒိဋ္ဌိအစစ် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။
31,303
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ
ငါနှင့်တကွ ငါ၏ အတွင်းလူ ဟူသမျှလည်း ဖြစ်လေရာ ဘဝတို့၌ သမ္မာဒိဋ္ဌိ အစစ်ချည်း ဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားကိုသာ ကြိုးစားကြပါစေ။
31,304
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ
ကံနှင့် စပ်ရာ၊ အဖြာဖြာကို၊ ကောင်းစွာ ခွဲခြမ်း၊ ရေးသည့်စွမ်းကြောင့်၊ ဤကျမ်းရှုကြ၊ ဟူသမျှကို၊ ကမ္မသကတာ၊ ဉာဏ်ရင့်စွာဖြင့်၊ သမ္မာယူစစ်၊ ဖြစ်ကြပါစေ၊ ငါ့ အနေသော်၊ အခြေခိုင်မြဲ၊ သမ္မာစွဲ၍၊ မကွဲအသင်း၊ ငါ့အရင်းလည်း၊ မယွင်းငါ့တူ၊ သမ္မာယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
31,305
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ
ကံနှင့် စပ်၍ အရပ်ရပ် မှတ်ဖွယ် ပြီးပြီ။
31,306
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
အချီနိဒါန်း
31,307
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ပဇာ သဗ္ဗာ သုဿယန္တု, ဝုဋ္ဌဟန္တု သုမင်္ဂလာ၊ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ, ပူရေန္တု၊ သဗ္ဗပါရမိံ
31,308
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ပဇာ သဗ္ဗာ၊ ကိုယ်စီ ကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြ စပ်ကြ, သတ္တဝါ ဟူသမျှတို့သည်။
31,309
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
သုဿယန္တု၊ အိပ်မက် ရာမက် ကောင်းစွာမက်၍ နှစ်သက် ကြည်သာ, အိပ်စက်နိုင်ကြပါစေသတည်း။
31,310
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
သုမင်္ဂလာ၊ မင်္ဂလာ ကျက်သရေ, ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။
31,311
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ဝုဋ္ဌဟန္တု၊ ကောင်းစွာ မိုယ်းသောက် အလင်းရောက်လျက် ထမြောက် နိုးကြားနိုင်ကြပါစေသတည်း။
31,312
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ဒုဂ္ဂတိံ ဂါမိံ၊ အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း, မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။
31,313
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ဒူသေန္တု၊ သူတော် လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါ စေသတည်း။
31,314
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
သဗ္ဗပါရမိံ၊ အလောင်းအလျာ, ဖြည့်ကောင်းရာသည့် သုံးဖြာ ဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။
31,315
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ပူရေန္တု၊ တဆင့်ထက် တဆင့် ရင့်ထက် ရအောင် မလင့် ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေသတည်း။
31,316
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူ သတ္တဝါတို့၌ မေတ္တာ ကရုဏာ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်၊ ထိုသူတို့၏ ခြောက် သွေ့သွေ့ အပူဓာတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟပ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။
31,317
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
အပူဓာတ်ဆိုတာ ဘာလဲ
31,318
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ထို အပူခက် ဟူသည်လည်း တယောက်နှင့် တယောက် မညှာတာနိုင်အောင် ဖြစ်နေသော လောဘ, ဒေါသ, မာန်မာနနှင့် ဣသာ မစ္ဆရိယ စသည်တို့ပင်တည်း၊ ထိုအပူဓာတ်သည် ယခုဘဝတွင်သာ ခြောက်ကပ်စေသည် မဟုက်, သံသရာ တလျှောက် နောက်နောက် ဘဝ၌လည်း ခြောက်ကပ်စေလိမ့်မည်သာ၊ ထို့ကြောင့် ထိုအပူဓာတ်တွေ့ကို ယခုဘဝက စွမ်းနိုင်သမျှ ငြိမ်းသက်လျက် မြင့်မြတ်သော စိတ်ထားဖြင့် မေ...
31,319
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
သံသရာဆိုတာ ဘာလဲ
31,320
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
“သံသရာတလျောက်” ဟူသော စကားအရ “သံသရာဆိုတာ “ဘာလဲ”ဟု စဉ်းစားဖွယ်ရှိ၏၊ သတ္တဝါတို့ တည်နေရာ ဤ ကမ္ဘာလောကကြီးကို “သံသရာ”ဟု ခေါ်သည် မဟုတ်၊ စိတ် စေတသိက် ရုပ်တရားတို့ တခုပြီးတခု ဆက်ကာဆက်ကာ ဖြစ်နေမှုကိုသာ “သံသရာ”ဟု ခေါ်သည်။
31,321
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
[သံ = ဆက်စပ်လျက်+သရ--ဖြစ်ခြင်း။
31,322
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
လူ နတ် ဗြဟ္မာဆိုတာ
31,323
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
စိတ် စောသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။
31,324
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ထိုနာမ် တရားနှင့် ရုပ်တရားတို့ ပေါင်းစပ်၍ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေသော အစဉ်အတန်းကိုပင် လူ နတ် ဗြဟ္မာဟု လည်းကောင်း ပုဂ္ဂိုလ် သတ္တဝါ, ငါ သူ ယောက်ျား မိန်းမ (အထီး-အမ)ဟု လည်းကောင်း ခေါ်ကြရသည်၊ စင်စစ်မှာ ရုပ် နာမ် ၂ပါးကို ဖယ်ထားလိုက်လျှင် လူ နတ် ဗြဟ္မာ သတ္တဝါ ဟူ၍ သီးခြား မရှိတော့ချေ။
31,325
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ရုပ်နာမ်တို့ ဘာကြောင့် ဖြစ်ကြသလဲ
31,326
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ရုပ် နာမ် တရားအစုတို့၏ ဆက်ကာဆက်ကာ ဖြစ်ပျက်နေခြင်းမှာလည်း အကြောင်းမဲ့ သက်သက် ဖြစ်ပျက်ကြသည်မဟုတ်၊ မိမိတို့ အပြင်ဘက်မှာ အမြဲတွေ့ကြုံနေရသော အာရုံများနှင့် မိမိတို့သန္တာန်ဝယ် ရှေးရှေးက ဖြစ်နှင့်သာ ကံများကြောင့်သာ ရုပ် နာမ်တရားတို့ ဆက်လက်၍ ဖြစ်ပွားနေကြသည်၊ ထို့ကြောင့် ရုပ် နာမ်ဖြစ်ဖို့ရာ အပြင်ဘက်က အာရုံအကြောင်း ရှေးရှေးက ကံအ...
31,327
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
အရေးကြီးသောအကြောင်း
31,328
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ထို ၂-မျိုးသော အကြောင်းတွင် အပြင်ဘက်၌ တွေ့ကြုံကြရသော အာရုံအကြောင်းများသည် အတွင်းစိတ်အမျိုးမျိုး ဖြစ်အောင် အရိပ်အရောင်ပြရုံသာဖြစ်၍ အရေးမကြီးလှ၊ ကောင်းကောင်းဆိုးဆိုး အပြင် အာရုံအမျိုးမျိုးနှင့် တွေ့ရာ၌ မိမိ၏အတွင်း စိတ်ဓာတ် ကောင်းမွန်ဖို့သာ အရေးကြီးပေသည်။
31,329
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ဆိုလိုရင်းကား-“မိမိတို့အတွင်းစိတ်က အမြဲကောင်းမွန်နေပါမူ နောက် နောက်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းအမွန်ချည်း ဖြစ်ရပေမည်။
31,330
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
တဘဝပြောင်းသော်လည်း စိတ်ကောင်းရုပ်ကောင်း (လူ နတ် ဗြဟ္မာ သတ္တဝါ အကောင်း)ချည်း ဖြစ်ရမည် မိမိတို့၏အတွင်းစိတ်က ယုတ်မာ ဆိုးဝါးနေပါမူ(ရှေးရှေးတုန်းက စိတ်ကောင်းအတွက် ယခုဘဝမှာကောင်းလျက် ရှိပါသော်လည်း) နောက်နောက်ဘဝတို့၌ စိတ်ဆိုး ရုပ်ဆိုး (ငရဲ ပြိတ္တာ တိရစ္ဆာန်မျိုး) ချည်းသာ ဖြစ်ရမည်”ဟု ဆိုလိုသည်။
31,331
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ယောနိသာရှိမှ စိတ်ကောင်းရ
31,332
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ယောနိသောရှိမှလည်း စိတ်ကောင်း နှလုံးကောင်း ရရှိနိုင်ကြသည်၊ တွေ့ရာကြုံရာကိစ္စ၌ သင့်လျော်အောင် နှလုံးသွင်းလေ့ ရှိမှုကို ယောနိသော မနသိကာရ”ဟု ခေါ်၏၊ ယခု ကာလ၌ မနသိကာရကိုဖြုတ်၍ “ယောနိသော”ဟု ပြောကြသည်။
31,333
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ထိုကဲ့သို့ သင့်တော်အောင် နှလုံးသွင်းမှု(ယောနိသော)ရှိလျှင် အကုသိုလ်စိတ်(မကောင်း စိတ်)မဖြစ်ပဲ စိတ်ကောင်းချည်းဖြစ်သည်၊ ယောနိသော မရှိလျှင် စိတ်ကောင်း ဖြစ်လောက်သော အရာ ကိစ္စများ၌ပင် စိတ်မကောင်း ဖြစ်နေတတ်၏ ထို့ကြောင့် များစွာသော ရှင် လူအပေါင်းတို့ စိတ်ကောင်းရဖို့ရာ “ယောနိသော”သာလျှင် အရေး အကြီးဆုံးဖြစ်ပေသည်။
31,334
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
အကြောင်းအဆက်ဆက်
31,335
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ယောနိသော ရှိခြင်း-မရှိခြင်းတို့၏ အကြောင်းများကား စာကောင်း ပေကောင်း ကြည့်ရှုခြင်း-မကြည့်ရှုခြင်း ပညာရှိထံ နည်းခံခြင်း-မခံခြင်းများတည်း စာကောင်း ပေကောင်းကို ကြည့်ရှုလေ့ရှိသူ ပညာရှိသူတော်ကောင်းထံ နည်းခံလေ့ရှိသူ (ပညာရှိ သူတော်ကောင်းနှင့် ပေါင်းလေ့ရှိသူ)ဖြစ်လျှင် အကြားအမြင်တိုးပွား၏၊ ထိုသို့ အကြား အမြင် တိုးပွားသူမှာ “ငါ့သန...
31,336
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
၁။ တွေ့ရာကြုံရာကိစ္စ၌ ယောနိသောရှိသဖြင့် သင့်လျော်အောင် နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျက် ကြီးမားသော စိတ် သဘောရှိသူ အပေါင်းအသင်းဆန့်သူ ဖြစ်စေလိုခြင်း
31,337
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
၂။ ချမ်းသာရွှင်ပြု ရာထူးဂုဏ်သိရ် စည်းစိမ်တိုးတက်နေသည်ဖြစ်စေ တစုံတခု ပျက်စီးမှုကြောင့် ဆင်းရဲဒုက္ခ ရောက်နေရသည် ဖြစ်စေ စိတ်နေ မပြောင်း စိတ်ကောင်း မပျက် စိတ်စက်ကြည်ကြည် တည်တည်တံ့တံ့နှင့် ခံ့ခံ့ကြီးနေနိုင်စေလိုခြင်း
31,338
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
၃။ နောက်ဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် ပြောင်ပြောင် လက်လက်နှင့် အဆက်ဆက် တန်းမြင့်ဖို့ရာ ယခုဘဝ၌ပင် ဒါနသီလ စသော လက်လှမ်းမီရာ ပါရမီကောင်းမှု ကုသိုလ်စုကို ကြိုးစားနေသူ ဖြစ်စေ လိုခြင်း
31,339
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ဤ ၃-ချက်ကို အရင်းထား၍ များစွာသော လူအပေါင်းတို့ ကိုယ်ကျင့် ကောင်းရာ “ကိုယ်ကျင့်အဘိဓမ္မာ”ဟူသော နာမည်ဖြင့် ကျမ်းသစ်တစောင် တည်ထောင် ဖန်တီးရပေသတည်း။
31,340
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
ထောက်မှန်ပေါ်တွင် ကိုယ့်အသွင်ကို ဆင်ခြင်လိုမှု နေ့စဉ်ရှူသို့ ယခုဤကျမ်း မှန်လိုမှန်း၍ ရှုစမ်းစေချင် ကိုယ်ဖြစ်အင်ကို ဆင်ခြင်လေကွဲ့ – နေ့စဉ်တဲ့။
31,341
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အချီနိဒါန်း
အချီနိဒါန်း ပြီးပြီ။
31,342
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အဋ္ဌမအခန်း
31,343
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[ဤ အခန်း၌ စုတေခါနီး အဖြစ်အပျက်ပါသည်။
31,344
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
] ပြခဲ့သော အခန်းများဝယ် လူသတ္တဝ၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သော ကံများကို ပြခဲ့ပါပြီ။
31,345
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုသို့ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်နေကြယင်းပင် ဥစ္စာ စီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ပဲလည်း သေမြဲ ဓမ္မတာ သေပေါက် သေဝသို့ အသေခံ ရောက်ကြရရှာတော့မည်။
31,346
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်ငှ သတိပြုကြဖို့ ဆက်လက် ညွှန်ပြပါဦးမည်။
31,347
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သေခြင်းအကြောင်း ၄-ပါး
31,348
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
၁-အသက်တမ်း ကုန်ခြင်း၊ ၂-ကံအစွမ်း ကုန်ခြင်း၊ ၃-အသက်တမ်း ကံအစွမ်း ၂-မျိုးလုံး ကုန်ခြင်း၊ ၄-ဥပစ္ဆေဒက ကံက သတ်ဖြတ်ခြင်း၊ ဤသို့ သတ္တဝါတို့ စုတေရခြင်း အကြောင်း ၄-မျိုး ရှိ၏။
31,349
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပမာ-ဆီမီးငြိမ်းရာ၌ ၁-ဆီကုန် ခန်းခြင်း၊ ၂-မီးစာ ကုန်ခြင်း၊ ၃-ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ ၄-ဆီနှင့်မီးစာ ရှိသေးသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ် တမင် ငြိမ်းသတ်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
31,350
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အသက်တမ်း ကုန်၍ စုတေရပုံ
31,351
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုထို ဘုံဘဝ၌ သတ်မှတ်ထားအပ်သော အသက်တမ်း ရှိ၏။
31,352
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤလူ့ဘုံ၌ တက်ကပ် အခါဝယ် တဖြည်းဖြည်း တက်၍ အသချေင်္ တိုင်အောင် အသက်တမ်း ရှိ၏။
31,353
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဆုတ်ကပ် အခါ၌ကား တဖြည်းဖြည်း ဆုတ်ကာ ၁၀-နှစ်တမ်း တိုင်အောင် အသက်တမ်း ရှိ၏။
31,354
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘုရားရှင် လက်ထက်တော်၌ အသက် တရာတမ်းဟု ဆို၏။
31,355
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ယခု ၇၅-နှစ် တမ်းဟု ခန့် မှန်းကြသည်။
31,356
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ် ထားအပ်သော အသက်တမ်းကို မလွန်နိုင်ကြ။
31,357
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အလွန် ကံထူးသူ “ရသာယန” စသော ဆေးကောင်း ရှိသူတို့သာ အသက်တမ်းကို လွန်နိုင်ကြ ပေသည်။
31,358
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘုရား လက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ဝိသာခါတို့လည်း အသက် ၁၂၀-ရှည်ကြ၏။
31,359
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။
31,360
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုပုဂ္ဂိုလ်များကား အလွန် ကံထူး ပါသူများတည်း။
31,361
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုသို့ ကံအထူးလည်းမပါ၊ သာမန်လောက် ကံကလည်း အသက်တမ်းကို လွန်အောင် မဆောင်တော့ပဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ စုတေရခြင်းကို “အသက်တမ်း ကုန်၍ စုတေရခြင်းဟု ခေါ်၏။
31,362
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းခြင်းနှင့် တူ၏။
31,363
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကံကုန်ခြင်းကြောင့် စုတေရပုံ
31,364
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘဝ တခုကို စီမံလိုက်သော ကံသည် ပဋိသန္ဓေတည်နေသည့် အချိန်မှစ၍ မိမိ၏ သတ္တိ မကုန်သေးသမျှ ဘဝ မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲ ဖန်တီးလျက် ရှိ၏။
31,365
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိနေသေး၏။
31,366
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုမူလ စီမံလိုက်သော ကံနှင့် အားပေး ကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင် အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ စုတေကြရတော့သည်။
31,367
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
၇၅-နှစ်တမ်း၌ ကံစွမ်းက အသက် ၅၀-လောက်သာ ရှိလျှင် ၅၀-အရွယ်မှာပင် စုတေကြရသည်-ဟူလို။
31,368
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပမာဆီမကုန်သေးသော်လည်း မီးဇာ ကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့တည်း။
31,369
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤကဲ့သို့ အသက်တမ်း မကုန်သေးပဲ ကံအစွမ်း ကုန်ခြင်းကြောင့် စုတေရမှုကို “ကံကုန်ခြင်းကြောင့် စုတေခြင်း”ဟု ခေါ်သည်။
31,370
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
၂-မျိုးလုံး ကုန်၍ စုတေရပုံ
31,371
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တချို့ သတ္တဝါတို့ကား အသက်တမ်းလည်း မကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် စုတေကြရသည်။
31,372
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဆီလည်းကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။
31,373
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့ကြောင့် ၇၅-နှစ်တမ်း၌ ၇၅-နှစ် လောက် နေဖို့ရန် ကံပါသူ၏ ၇၅-နှစ် ပြည့်၍ စုတေရမှုကို “အသက်တမ်း ကံအစွမ်း ၂-မျိုးစုံ ကုန်ခြင်းကြောင့် စုတေရခြင်း”ဟု ခေါ်သည်။
31,374
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤပြခဲ့သော အကြောင်း ၃-ပါးတို့တွင် တပါးပါးကြောင့် စုတေခြင်းကို “ကာလ မရဏ =သေချိန် ကျ၍ သေရခြင်း” ဟုလည်း ခေါ်သည်။
31,375
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပစ္ဆေဒကံကြောင့် စုတေရပုံ
31,376
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တချို့ သတ္တဝါတိုကား သက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ တစုံတရာ အနှောင့်အယှက် မရှိလျှင် အတော်ကြာအောင် နေနိုင်သေး၏။
31,377
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သို့သော် ရှေးရှေးဘဝက ဖြစ်စေ၊ ယခုဘဝမှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။
31,378
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပမာ--မီးစာ ဆီ ၂-မျိုးလုံး မကုန်သေးပဲ လေပြင်းတိုက်ခတ်မှု၊ တမင် ငြိမ်းသတ်မှုတို့ကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။
31,379
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုကဲ့သို့ သေရခြင်းကို “ဥပစ္ဆေဒက ကံ၏ သတ်ဖြတ်မှုကြောင့် သေရခြင်း”ဟု ခေါ်သည်။
31,380
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[ဥပစ္ဆေဒက=ကပ်၍ သတ်ဖြတ်တတ်သော ကံ။
31,381
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
] ဥပစ္ဆေဒက ကံနှင့် သေရသူများ
31,382
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရှင်မောဂ္ဂလ္လာန်သည် ရှေးက အမိကို သတ်ခဲ့ဘူး၏။
31,383
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရှင်မောဂ္ဂလ္လာန် ဘဝ၌ ထိုကံ အခွင့်ရသဖြင့် ခိုးသား ငါးရာ၏ အသတ်ကို ခံပြီးမှ ပရိနိဗ္ဗာန် စံရလေသည်။
31,384
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဘူး၏။
31,385
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဗိမ္မသာရမင်း ဘဝ၌ ထိုကံက အခွင့်ရသဖြင့် ခြေဖဝါးကို ဓားခွဲခံလျက် နတ်ရွာ စံရလေသည်။
31,386
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သာမာဝတီ အမှူးရှိသော နန်းတွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ်ဝင်စားနေစဉ် အလောင်းတော် ထင်၍ မီးရှို့ရာ၊ သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်းကို သိလျက်ပင် မိမိတို့ အမှုပေါ်မည် စိုး၍ ထပ်မံ မီးတိုက်ခဲ့ဘူး၏။
31,387
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘဝဆုံးကြရလေ၏။
31,388
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤကား ရှေးဘဝက ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူ များတည်း။
31,389
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ယခုဘဝမှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော ဝတ္ထုများလည်း ရှိသေး၏။
31,390
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ဒုဿီ” မည်သော မာရ်နတ်သည် ကဿပ ဘုရားရှင်၏ လက်ျာတော်ရံ အဂ္ဂသာဝက အရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေ၏။
31,391
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“နန္ဒ” မည်သော နတ်ဘီလူးကား အရှင်သာရိပုတြာ၏ ရိတ်ပြီးခါစ ဦးခေါင်း ပြောင်ပြောင်ကို လက်ဖြင့် ခေါက်၏။
31,392
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကလာဗုမင်းမှာ အလောင်းတော် ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။
31,393
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုနတ်၊ ဘီလူး၊ မင်းတို့၏ ထိုဘဝ၌ ပြုအပ်သော ကံသည် ထိုဘဝမှာပင် အခွင့်ရ၍ မြေမျို စေလေသည်။
31,394
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤသို့ စသည်ဖြင့် အမိ အဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စော်ကားသူ့ကိုသည် ထိုကဲ့အတွက် အသက်တမ်းစေ့အောင် မနေကြရပဲ လတ်တလော သေရတတ်လေသည်။
31,395
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤဥပစ္ဆေဒကကံ တခုခုကြောင့် သေရခြင်းကိုပင် “အကာလ မရဏ=သေဖို့ရန် အချိန်မကျသေးပဲ သေရခြင်း”ဟု ခေါ်သည်။
31,396
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သေချိန် မကျပဲ သေရသူများ
31,397
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သတ္တဝါတို့၏ သန္တာန်၌ ရှေးက မကောင်းမှုကံကလေးတွေ ကိုယ်စီကိုယ်ငှ အများအပြား ပါရှိကြလေ၏။
31,398
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုကံများသည် မိမိတို့ချည်းသက်သက် သေကြေအောင် မသတ်ဖြတ် နိုင်သော်လည်း သတိမရှိ၊ ဉာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင်၊ အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင် မတတ်သူများကို ဘေးဥပဒ် ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။
31,399
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ရှေးရှေးက သူတပါးကို အငတ် ထားခဲ့ဘူးခြင်း၊ မြွေနှင့် တိုက်ခြင်း၊ အဆိပ် ခတ်ခြင်း၊ တုတ် ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက် သတ်ခြင်း စသည်ဖြင့် သူတပါး သေအောင် တနည်းနည်းဖြင့် ပြုခဲ့သူသည် ထိုကံများ အခွင့်ရသော ဘဝဝယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍သေတတ်၊ မြွေကိုက်၍ သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့် သေတတ်၊ ရေနစ်၍ ...
31,400
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သူတပါးကို တနည်းနည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ဘူးသူသည် ယခုဘဝ၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုးနွမ်း ပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါဖြင့်ပင် သေရတတ်၏။