id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,901 | Uncategorized | ကိုးကွယ်ရာဟူသည် | အဆွေတော် ဆတ္တပါဏိ ... သင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ပါသလား? --- ဟု မေးကြည့်၏။ |
32,902 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးမှာ အင်္ဂါလေးပါးရှိတယ်လို့ သင့်ကို ဘယ်သူက ပြောပါသလဲ?ဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သောအခါ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက --- နတ်တို့သနင်း သိကြားမင်းကြီးက ပြောပြသွားကြောင်းကို --- ပြန်ပြောပြလိုက်၏။ |
32,903 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘယ်အကြောင်းကြောင့် ယခုကဲ့သို့ မေးမြန်းလာရပါသနည်းဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သော် ဘုရားအလောင်းတော် ပုဏ္ဏားကြီးကလည်း အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် ပြောပြလိုက်၏။ |
32,904 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ဆတ္တပါဏိလုလင်ကလည်း သူ့မှာ အင်္ဂါလေးပါးရှိကြောင်းမှာ မှန်ကန်ပါကြောင်း ဝန်ခံစကား ပြောကြားလိုက်၏။ |
32,905 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ဘုရားအလောင်းတော်က ထိုဆတ္တပါဏိလုလင်ကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်သွားခဲ့၏။ |
32,906 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆတ္တပါဏိလုလင်ဟူသည်မှာလည်း အရှင်သာရိပုတ္တရာ အလောင်းလျာ ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီးပင် ဖြစ်၏။ |
32,907 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုကြောင့် ပွဲခ မယူဘဲ ကြည်ဖြူစွာဖြင့် အမှုတွဲကို ရင်ဆိုင်ရန် လိုက်ပါ သွားခဲ့၏။ |
32,908 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ထံသို့ ရောက်ရှိသောအခါ အလောင်းတော် ပုရောဟိတ် ပုဏ္ဏားကြီးက အရှင်မင်းမြတ် ... ဤ ဆတ္တပါဏိလုလင်ကား အင်္ဂါလေးပါး နှင့် ပြည့်စုံပါ၏။ |
32,909 | Uncategorized | ကိုးကွယ်ရာဟူသည် | အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ဖြင့် အလိုရှိခဲ့ပါမူ ဤဆတ္တပါဏိလုလင်ကိုပင် ဥယျာဉ်စောင့် ပြုတော်မူကြပါဟု လျှောက်ထားလိုက်၏။ |
32,910 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း ဆတ္တပါဏိလုလင်ကို အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ကန်ပါသလားဟု စစ်ဆေးမေးမြန်းလိုက်၏။ |
32,911 | Uncategorized | ကိုးကွယ်ရာဟူသည် | မှန်ကန်ပါကြောင်းကို ဆတ္တပါဏိလုလင်က ဝန်ခံစကား လျှောက်ထားလိုက်သောအခါ အဘယ်အင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသနည်းဟု ဆက်လက် မေးမြန်းတော် မူလိုက်ပြန်၏။ |
32,912 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ဆတ္တပါဏိလုလင်က အင်္ဂါလေးပါးကို ဤသို့ တင်ပြခဲ့၏။ |
32,913 | Uncategorized | ကိုးကွယ်ရာဟူသည် | အင်္ဂါ လေးပါး |
32,914 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် --- |
32,915 | Uncategorized | ကိုးကွယ်ရာဟူသည် | ၁။ အနုသူယက = မငြူစူတတ်ခြင်း, |
32,916 | Uncategorized | ကိုးကွယ်ရာဟူသည် | ၂။ အမဇ္ဇပါယက = အရက် မသောက်တတ်ခြင်း, |
32,917 | Uncategorized | ကိုးကွယ်ရာဟူသည် | ၃။ နိသ္နေဟက = မည်သူ့ကိုမျှ မချစ်တတ်ခြင်း, |
32,918 | Uncategorized | ကိုးကွယ်ရာဟူသည် | ၄။ အက္ကောဓန = မည်သူ့ကိုမျှ မမုန်းတတ်ခြင်း (= အမျက်မထွက်တတ်ခြင်း) --- |
32,919 | Uncategorized | ကိုးကွယ်ရာဟူသည် | ဆိုသည့် အင်္ဂါလေးရပ်တို့ ဖြစ်ကြပါသည်။ |
32,920 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် မည်သူ့အပေါ်၌မျှ ငြူစူ-စောင်းမြောင်းသည့် စိတ်ထား မရှိပါ။ |
32,921 | Uncategorized | ကိုးကွယ်ရာဟူသည် | သေရည်သေရက်ကိုလည်း ဘယ်တုန်းကမှ မသောက်စဖူးပါ။ |
32,922 | Uncategorized | ကိုးကွယ်ရာဟူသည် | သူတစ်ပါးတို့အပေါ်၌ ချစ်ခြင်းသည်လည်းကောင်း, မုန်းခြင်းသည်လည်းကောင်း (အမျက်ထွက်ခြင်းသည်လည်းကောင်း) တစ်ခါမျှ မဖြစ်ခဲ့စဖူးပါ။ |
32,923 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးသည် ဤအင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။ |
32,924 | Uncategorized | ကိုးကွယ်ရာဟူသည် | ယနေ့ မျက်မှောက်ခေတ်တွင် ကိုယ့်ထက်သာ မနာလိုသည့်စိတ်ထား, ကိုယ့်စည်းစိမ် ရာထူးဂုဏ်သိန်ကို အထိမခံနိုင်သည့် စိတ်ထား --- ဤစိတ် ထားများသည် လူသားတို့ကို အများဆုံး ဒုက္ခပေးနေသည် မဟုတ်ပါလား? ဤ စိတ်ထားမျိုးများ မရှိအောင် အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် ဆတ္တပါဏိလုလင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားခဲ့ပါသနည်း? ဆတ္တ... |
32,925 | Uncategorized | ကိုးကွယ်ရာဟူသည် | (၁) မငြူစူတတ်ခြင်း |
32,926 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် ဟို ရှေးယခင် တစ်ခုသော ဘဝဝယ် ဤဗာရာဏသီပြည်မှာပင် ရှင်ဘုရင် တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ |
32,927 | Uncategorized | ကိုးကွယ်ရာဟူသည် | အမျိုးသမီးဟူသော အကြောင်းကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးကို နှောင်ဖွဲ့ ခဲ့ဖူးပါတယ် ဤသို့ စသည်ဖြင့် မိမိ၏ မှားကွက်ကို တင်ပြလျှောက်ထားခဲ့၏။ |
32,928 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုမှားကွက်ကား ဤသို့တည်း။ |
32,929 | Uncategorized | ကိုးကွယ်ရာဟူသည် | လွန်လေပြီးသော အတိတ်ဘဝ တစ်ခုတွင် .. အရှင်သာရိပုတ္တရာ အလောင်းလျာ ဖြစ်သည့် သူတော်ကောင်းသည် ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း အဖြစ်ဖြင့် ထီးဖြူအုပ်ချုပ်မင်းလုပ်ခဲ့၏။ |
32,930 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းတော် ကား ထိုရှင်ဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။ |
32,931 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း မိမိ၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအား လိုရာဆုကို ယူစေဟု ဆုပေးထားခဲ့၏။ |
32,932 | Uncategorized | ကိုးကွယ်ရာဟူသည် | မိဖုရားကြီးကလည်း --- |
32,933 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မအဖို့ရာ အခြားတစ်ပါးသော ဆုဟူသည် ရခဲတဲ့သဘော မရှိပါ၊ ဤနေ့မှ စ၍ အရှင်မင်းမြတ်သည် အခြားတစ်ပါးသော အမျိုးသမီးကို ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် ဘယ်တော့မှ မကြည့်ရဘူး၊ ဒီဆုကိုပဲ ပေးပါဟု ဆုယူလေသည်။ |
32,934 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤဆုမျိုးကိုလည်း ရှင်ဘုရင်ကြီးအနေဖြင့် ပေးဖို့ရန် အလွန် ခက်ခဲသောကြောင့် အကြိမ်ကြိမ် ငြင်းဆန်ခဲ့၏။ |
32,935 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော် မိဖုရားကြီးက အကြိမ်ကြိမ် အတင်းအကြပ် တောင်းဆိုနေသဖြင့် ရှင်ဘုရင်ကြီးက ထိုဆုကို ပေးရန် သဘောတူညီလိုက်၏။ |
32,936 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအချိန်မှ စ၍ တစ်သောင်းခြောက်ထောင်ကုန်သော ကချေသည် မောင်းမမိဿံတို့အပေါ်၌ တစ်ဦးသော အမျိုးသမီးကိုမျှလည်း ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် မကြည့်ခဲ့စဖူးပေ။ |
32,937 | Uncategorized | ကိုးကွယ်ရာဟူသည် | မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုရိုး ရှိသည့်အတိုင်း မိမိထားရှိသည့် ကတိသစ္စာ ကို ရိုသေစွာ စောင့်ထိန်းခဲ့၏။ |
32,938 | Uncategorized | ကိုးကွယ်ရာဟူသည် | သို့သော် အကြောင်းကား ဖြစ်ပေါ်လာခဲ့ပြန်၏။ |
32,939 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါဝယ် ပစ္စန္တရာဇ်အရပ်၌ ခိုးသားဓားပြ သူပုန်ဘေးရန်ကြောင့် ပျက်စီးနေ၏။ |
32,940 | Uncategorized | ကိုးကွယ်ရာဟူသည် | ပစ္စန္တရာဇ်အရပ်၌ ချထားသော စစ်သည်တော်တို့ကလည်း ခိုးသားဓားပြ သူပုန်တို့နှင့် နှစ်ကြိမ် သုံးကြိမ် စစ်ဆင်ကြရာ ငြိမ်းအေးရန် မစွမ်းဆောင်နိုင်ကြသဖြင့် ရှင်ဘုရင်၏ ထံတော်သို့ သံတော်ဦးတင်လာကြ၏။ |
32,941 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးက စစ်သည်ဗိုလ်ပါထုကို စုရုံးကာ ကိုယ်တိုင်စစ်ချီရန် ပြင်ဆင်ပြီးသောအခါ မိဖုရားကြီးကို ဤသို့ နှုတ်ဆက်စကားပြောကြား၏။ |
32,942 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်မ ...ငါသည် ပစ္စန္တရာဇ်အရပ်သို့ သွားတော့မယ်၊ ထိုပစ္စန္တရာဇ်မှာ စစ်ထိုးရမဲ့ တိုက်ပွဲတွေကတော့ များပြားလှတယ်၊ အအောင်အရှုံးဆိုတာလည်း အမြဲသတ်မှတ်လို့ မရနိုင်ဘူး၊ ဒီလို စစ်မြေပြင်အရပ်မှာ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားဖို့ဆိုတာ ခက်ခဲလှပါတယ်။ |
32,943 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒါကြောင့် သင်ဟာ ဒီနန်းတော်မှာပဲ နေရစ်ခဲ့ပါဟု အမှာစကားပြောကြား၏။ |
32,944 | Uncategorized | ကိုးကွယ်ရာဟူသည် | မိဖုရားကြီးက ရှင်ဘုရင်ကြီး မရှိဘဲ သူ့ချည်း တစ်ယောက်တည်း နန်းတော်၌ မနေရစ်နိုင်ပါကြောင်းကို တင်ပြလျှောက်ထား၏။ |
32,945 | Uncategorized | ကိုးကွယ်ရာဟူသည် | လူရိုးကြီး အရှင်သာရိပုတ္တရာအလောင်းဖြစ်သော ရှင်ဘုရင်ကြီးကလည်း မိဖုရားရဲ့စကားကို ခြွင်းချက်မရှိ ယုံကြည်နေ၏။ |
32,946 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤအကြောင်းခြင်းရာ အချက်တွေသည် နောက်ဆုံးဘဝဝယ် အရှင်သာရိပုတ္တရာအလောင်းလျာ ဖြစ်သည့် ဥပတိဿသူတော်ကောင်းကြီး လူပျိုကြီးဖြစ်ဖို့ရန် အကြောင်းအချို့တို့ပင် ဖြစ်ပေသည်။ |
32,947 | Uncategorized | ကိုးကွယ်ရာဟူသည် | မိဖုရားကြီးမှာလည်း အခြားသူ မဟုတ်ပါ၊ နာမည်ကျော်ဖြစ်သော မယ်မင်းကြီးမ စိဉ္စမာဏအလောင်းလျာပင် ဖြစ်ခဲ့ပေသည်။ |
32,948 | Uncategorized | ကိုးကွယ်ရာဟူသည် | ကလိန်ဉာဏ်အကွက်ဆင်သည့်နေရာမှာ ကျွမ်းကျင်သည့် ဓာတ်ခံ အပြည့်အဝရှိသူ မယ်မင်းကြီးမ စိဉ္စမာဏ အလောင်းလျာဖြစ်သည့် မိဖုရားကြီးက အကွက်ဆင်ကာ လူရိုး ရှင်ဘုရင်ကြီး ယုံကြည်သွားအောင် ဤသို့ လျှောက်ထားပြန်၏။ |
32,949 | Uncategorized | ကိုးကွယ်ရာဟူသည် | ဒီလိုဆိုလျှင် တစ်ယူဇနာ တစ်ယူဇနာအရပ်သို့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်မရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိနိုင်ရန်အတွက် မင်းချင်းယောက်ျား တစ်ယောက်တစ်ယောက်ကို စေလွှတ်ပေးတော်မူပါဟု လျှောက်ထား၏။ |
32,950 | Uncategorized | ကိုးကွယ်ရာဟူသည် | လူရိုး ရှင်ဘုရင်ကြီးကလည်း ချစ်မြတ်နိုးမှု ကြင်နာသနားမှု အပြည့်အဝရှိနေသူ ဖြစ်သဖြင့် ယုံယုံကြည်ကြည်နှင့်ပင် ထို တောင်းဆိုချက်ကို သဘောတူလိုက်၏။ |
32,951 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့စောင့်အဖြစ် ထားခဲ့ကာ များပြားလှသော စစ်သည်ဗိုလ်ပါထုဖြင့် စစ်ချီထွက်တော်မူရာ တစ်ယူဇနာရှိရာ အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တစ်ယောက် တစ်ယောက်သော မင်းချင်းယောက်ျားကို ငါတို့ရဲ့ အနာရောဂါကင်းကြောင်း သတင်းကောင်းကို လျှောက်ထားသံတော်ဦးတင်ပြီးလျှင် မိဖုရားကြီးရဲ့ သုခ-ဒုက္ခ အဝဝကို သိ... |
32,952 | Uncategorized | ကိုးကွယ်ရာဟူသည် | မယ်မင်းကြီးမကလည်း ဆိုက်ရောက်လာတိုင်း ဆိုက်ရောက်လာတိုင်းသော မင်းချင်းယောက်ျားကို ရှင်ဘုရင်ကြီးက ဘာအတွက် သင့်ကို စေလွှတ်လိုက်ပါသလဲ?ဟု မေးမြန်း၏။ |
32,953 | Uncategorized | ကိုးကွယ်ရာဟူသည် | မင်းချင်းယောက်ျားကလည်း --- အရှင် မိဖုရားတို့ရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိရန် စေလွှတ်လိုက်ပါတယ်ဟု တင်ပြ လျှောက်ထားသောအခါ ဒီလိုဆိုလျှင် ငါ့ရဲ့ သုခ-ဒုက္ခ အဝဝကို သိအောင် လာပေတော့ဟု ခေါ်ကာ ထိုမင်းချင်းယောက်ျားနှင့် မသူတော်အကျင့်ကို ပြုကျင့်လေသည်။ |
32,954 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးက (၃၂)ယူဇနာ ရှိသော ခရီးကို စစ်ချီရသည်ဖြစ်ရာ အားလုံး (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို စေလွှတ်ခဲ့၏။ |
32,955 | Uncategorized | ကိုးကွယ်ရာဟူသည် | (၃၂)ယောက်လုံးသော ယောက်ျားတို့နှင့် ပုံစံတူ ဖောက်ပြားခဲ့၏။ |
32,956 | Uncategorized | ကိုးကွယ်ရာဟူသည် | အသွား (၃၂)ယူဇနာ ရှိသလို အပြန်လည်း (၃၂)ယူဇနာရှိရာ (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို အလားတူ စေလွှတ်ပြန်၏။ |
32,957 | Uncategorized | ကိုးကွယ်ရာဟူသည် | အလားတူပင် မင်းချင်းယောက်ျားတိုင်းနှင့် ဖောက်ပြားပြန်၏။ |
32,958 | Uncategorized | ကိုးကွယ်ရာဟူသည် | တမန် ခြောက်ကျိပ်လေးယောက်တို့နှင့် ဖောက်ပြန်၍ အားမရနိုင်သေးသော မယ်မင်းကြီးမက ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို သွေးဆောင်လာပြန်၏။ |
32,959 | Uncategorized | ကိုးကွယ်ရာဟူသည် | စစ်အောင်ပြီး၍ မြို့သို့ ပြန်လာရာ မြို့တွင်းသို့ ချက်ချင်း မဝင်သေးဘဲ မြို့ကို တန်ဆာဆင်ရန် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်က အမိန့်ပေးလိုက်၏။ |
32,960 | Uncategorized | ကိုးကွယ်ရာဟူသည် | ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မြို့ကို တန်ဆာဆင်ပြီးနောက် နန်းတော်ကိုပါ ဆက်လက် တန်ဆာဆင်ကာ အကျိုး အကြောင်းကို သံတော်ဦးတင်ရန် မိဖုရားထံသို့ သွားရောက်ခဲ့၏။ |
32,961 | Uncategorized | ကိုးကွယ်ရာဟူသည် | မယ်မင်းကြီးမက ဘုရားအလောင်းတော်၏ ရူပကာယ၏ တင့်တယ်စံပယ်ခြင်းသို့ ရောက်ရှိနေသည့် ခန္ဓာကိုယ်ကို တွေ့မြင်ရသောအခါ သွားရည်ယို ခံတွင်း ချဉ်လာသဖြင့် မည်သို့မျှ မရပ်တည်နိုင်သည့်အတွက် မသူတော်အကျင့်ကို ပြုကျင့်ဖို့ရန် ဖိတ်ခေါ်ပြန်၏။ |
32,962 | Uncategorized | ကိုးကွယ်ရာဟူသည် | ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ဤစကားမျိုးကို မပြောဆိုပါနှင့်၊ ရှင်ဘုရင်ကြီးဟာလည်း ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ် ဖြစ်တယ်။ |
32,963 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးဟာလည်း အကုသိုလ်ကို ကြောက်ရွံ့လှပါတယ်။ |
32,964 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤလို မသူတော်အမှုကို ပြုလုပ်ဖို့ရန် မဝံ့ရဲပါဘူးဟု တင်ပြလျှောက်ထား၏။ |
32,965 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ မယ်မင်းကြီးမက --- |
32,966 | Uncategorized | ကိုးကွယ်ရာဟူသည် | ခြောက်ကျိပ်လေးယောက်ကုန်သော ခြေရင်းအလုပ်အကျွေးဖြစ်ကြတဲ့ မင်းချင်းယောက်ျားတွေဟာ ရှင်ဘုရင်ကြီးကိုလည်း မကြောက်ရွံ့ကြဘူး၊ အကုသိုလ်ကိုလည်း မကြောက်ရွံ့ကြဘူး။ |
32,967 | Uncategorized | ကိုးကွယ်ရာဟူသည် | သင်တစ်ယောက်တည်းကပဲ ရှင်ဘုရင်ကြီးကို ကြောက်ရွံ့ရသလား၊ သင်တစ်ယောက်တည်းကပဲ အကုသိုလ် ကိုရော ကြောက်ရွံ့နေရသေးသလားဟု ပြောဆိုလိုက်ပြန်၏။ |
32,968 | Uncategorized | ကိုးကွယ်ရာဟူသည် | မှန်ပါတယ် အရှင်မိဖုရား ... ထိုမင်းချင်းတမန်တွေဟာလည်း ကျွန်တော်မျိုးလိုသာ ဖြစ်ကြမယ်ဆိုလျှင် ဒီလို အမှုမျိုးကို ပြုကျင့်ကြမှာ မဟုတ်ကြပါဘူး။ |
32,969 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးကတော့ ဒီလိုအပြစ်တွေကို သိနေတဲ့အတွက် ဒီလို လွန်ကျူးမှုမျိုးကို မပြုလုပ်နိုင်ပါဟု တင်ပြလျှောက်ထား၏။ |
32,970 | Uncategorized | ကိုးကွယ်ရာဟူသည် | နင် ဘာတွေပြောနေတာလဲ? စကားတွေ အများကြီး လျှောက်ပြောမနေနဲ့။ |
32,971 | Uncategorized | ကိုးကွယ်ရာဟူသည် | အကယ်၍ ငါ့စကားကို မလိုက်နာလျှင် သင့်ဦးခေါင်းကို ဖြတ်စေရမယ်ဟု မယ်မင်းကြီးမက ပြောပြန်၏။ |
32,972 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါဝယ် အသက်ကိုသာ စွန့်အံ့၊ သီလကို မစွန့်အံ့ဟူသော ဘုရားအလောင်းတော်၏ စိတ်ဓာတ်ကား အလွန် ကြည်ညိုဖွယ်ကောင်းလှ၏။ |
32,973 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းတော်က --- |
32,974 | Uncategorized | ကိုးကွယ်ရာဟူသည် | တစ်ခုသော အတ္တဘော၌ ဦးခေါင်းကို ဖြတ်တောက်ခံရခြင်းကို ထားလိုက်ပါဦး၊ အတ္တဘောပေါင်း အထောင်၌သော်လည်း ဦးခေါင်းကို အဖြတ်ခံရသည်ဖြစ်ပါစေ၊ ကျွန်တော်မျိုးသည် ဤကဲ့သို့သော ယုတ်မာမှုမျိုးကို မပြုလုပ်နိုင်ပါဟု လျှောက်ထားလိုက်၏။ |
32,975 | Uncategorized | ကိုးကွယ်ရာဟူသည် | အသက်ကိုသာ စွန့်၍ သီလကို မစွန့်သော ဘုရားအလောင်းတော်၏ စိတ်ထားကို အဘယ်မည်သော သူတော်ကောင်းသည် မကြည်ညိုဘဲ ရှိနိုင်ပါအံ့နည်း။ |
32,976 | Uncategorized | ကိုးကွယ်ရာဟူသည် | မယ်မင်းကြီးမက ကိုင်း - ရှိစေ၊ သိစေရမယ်ဟု ဘုရားအလောင်းတော်ကို ကြုံးဝါးလိုက်၏၊ ခြိမ်းခြောက်လိုက်၏။ |
32,977 | Uncategorized | ကိုးကွယ်ရာဟူသည် | မိမိရဲ့ တိုက်ခန်းအတွင်းသို့ ဝင်ကာ မိမိကိုယ်ကို မိမိ လက်သည်း ခြေသည်းတို့ဖြင့် ကုတ်ဖဲ့လိုက်၏၊ ဆီဖြင့် ကိုယ်ကို လိမ်းကျံလိုက်၏၊ အဝတ်ဟောင်းတွေကို ဝတ်လိုက်၏၊ လူမမာ အသွင်ကို ဖန်တီးလိုက်၏။ |
32,978 | Uncategorized | ကိုးကွယ်ရာဟူသည် | အခိုင်းအစေ ကျွန်မတွေကိုလည်း ရှင်ဘုရင်ကြီး မေးက ဖျားနာနေကြောင်းကို သံတော်ဦးတင်ရန် မှာကြားထားလိုက်၏။ |
32,979 | Uncategorized | ကိုးကွယ်ရာဟူသည် | ဤကလိန်ဉာဏ်တို့ကား သံသရာအဆက်ဆက်က ကပ်ပါလာနေသော ဓာတ်ငွေ့များပင်တည်း။ |
32,980 | Uncategorized | ကိုးကွယ်ရာဟူသည် | နောက်ဆုံး ဘုရားရှင်နှင့် တွေ့ဆုံသည့် ဘဝတွင်လည်း ဤဓာတ်ငွေ့အရှိန်အဝါတွေကြောင့်ပင် ဘုရားရှင်အပေါ်၌ မဟုတ် မတရား စွပ်စွဲခဲ့၏။ |
32,981 | Uncategorized | ကိုးကွယ်ရာဟူသည် | သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲသို့ ရောက်ခဲ့၏။ |
32,982 | Uncategorized | ကိုးကွယ်ရာဟူသည် | မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ သေကျေပျက်စီးရခြင်း တစ်မျိုးပင်တည်း။ |
32,983 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း မြို့သို့ ဝင်ပြီးနောက် နန်းတော်သို့ အရောက် မိဖုရားကြီးကို မတွေ့သဖြင့် မေးမြန်းလိုက်သောအခါ ဖျားနာကြောင်း သတင်းကို ကြားသိသဖြင့် မိဖုရားအဆောင်သို့ အရောက်သွားခဲ့၏။ |
32,984 | Uncategorized | ကိုးကွယ်ရာဟူသည် | မိမိ အကွက်ဆင်ထားသည့်အတိုင်း မိမိကို ပုရောဟိတ်ပုဏ္ဏားကြီးက အဓမ္မ ပြုကျင့်ရန် ကြံစည်ကြောင်းတို့ကို ကုတ်ခြစ်ထားသော ဒဏ်ရာဒဏ်ချက်တို့ကို ညွှန်ပြကာ တိုင်တန်းလေတော့၏။ |
32,985 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း ယုံကြည်သွားခဲ့၏။ |
32,986 | Uncategorized | ကိုးကွယ်ရာဟူသည် | မီးကျီးတွင်းထဲသို့ ပစ်သွင်းလိုက်သော ဆားကျောက်ပမာ အမျက်ဒေါသ ထောင်းထောင်းထကာ ပုရောဟိတ်ပုဏ္ဏားကြီးကို လက်ပြန်ကြိုးဖြင့် တုပ်နှောင် ကာ သုသာန်သို့ ထုတ်ကာ ဦးခေါင်းဖြတ်၍ သတ်စေဟု အမိန့်ချမှတ်လိုက်၏။ |
32,987 | Uncategorized | ကိုးကွယ်ရာဟူသည် | ဘုရားအလောင်းတော်ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မိဖုရားကြီး၏ ကလိန်ဉာဏ်ကြောင့် ယခုလို အဖမ်းခံရကြောင်းကို သဘောပေါက်သဖြင့် မိမိကို ရှင်ဘုရင်ကြီးအား ပြသပြီးမှသာလျှင် သတ်လိုက သတ်ရန် မေတ္တာရပ်ခံ လိုက်၏။ |
32,988 | Uncategorized | ကိုးကွယ်ရာဟူသည် | လက်မရွံ့အာဏာသားတို့ကလည်း ထိုပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်ကာ ရှင်ဘုရင်အား ပြသကြ၏။ |
32,989 | Uncategorized | ကိုးကွယ်ရာဟူသည် | ရှင်ဘုရင်ကြီးကလည်း ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်လျှင်မြင်ချင်းပင် အို ပုဏ္ဏားကြီး ... ငါ့အပေါ်၌ ရှက်သင့် ရှက်ထိုက်တဲ့ အမှုကို ဘာကြောင့် သင် မပြုရသလဲ? ဘာကြောင့် သင်ဟာ ဒီလို ယုတ်ညံ့တဲ့ အမှုကို ပြုကျင့်ရသလဲ?ဟု မေးမြန်းစကားပြောကြားလိုက်၏။ |
32,990 | Uncategorized | ကိုးကွယ်ရာဟူသည် | ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးက ဤသို့ တင်ပြ လျှောက်ထားလိုက်၏ --- |
32,991 | Uncategorized | ကိုးကွယ်ရာဟူသည် | အရှင်မင်းမြတ် ...ကျွန်တော်မျိုးဟာ အလွန်စင်ကြယ်တဲ့ သောတ္ထိယ ပုဏ္ဏားအမျိုးအနွယ်မှာ လူဖြစ်လာရတဲ့သူ တစ်ဦးဖြစ်ပါတယ်။ |
32,992 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးဟာ --- |
32,993 | Uncategorized | ကိုးကွယ်ရာဟူသည် | ၁။ ပိုးရွ ချပုံးမျှကိုသော်လည်း တစ်ခါမျှ မသတ်စဖူးပါ။ |
32,994 | Uncategorized | ကိုးကွယ်ရာဟူသည် | ၂။ သူတစ်ပါး၏ ပစ္စည်းကို ဆိုလျှင် မြက်, ဝါးခြမ်းစိတ်မျှကိုသော်လည်း မတရား မယူစဖူးပါ။ |
32,995 | Uncategorized | ကိုးကွယ်ရာဟူသည် | ၃။ တပ်မက်သည့် လောဘစိတ်ဖြင့် သူတစ်ပါးတို့၏ အမျိုးသမီးကို မျက်စိ ဖွင့်၍သော်လည်း မကြည့်ခဲ့စဖူးပါ။ |
32,996 | Uncategorized | ကိုးကွယ်ရာဟူသည် | ၄။ မြူးထူးပျော်ပါးလိုသော စိတ်ထားဖြင့်သော်လည်း မုသားစကားကို မပြောဆိုခဲ့စဖူးပါ။ |
32,997 | Uncategorized | ကိုးကွယ်ရာဟူသည် | ၅။ သမန်းမြက်ဖျားဖြင့်ပင်သော်လည်း တို့၍ သေရည် သေရက်ကို မသောက်သုံးခဲ့စဖူးပါ။ |
32,998 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးသည် အရှင်မင်းမြတ်တို့ အပေါ်၌ အပြစ် မရှိပါ။ |
32,999 | Uncategorized | ကိုးကွယ်ရာဟူသည် | ထို မိဖုရားကြီးကသာ တပ်မက်သည့် လောဘ၏ အစွမ်းဖြင့် ကျွန်တော်မျိုး၏ လက်ကို ကိုင်ဆွဲလျက် မသမာမှုကို ပြုကျင့်ခိုင်းခဲ့၏။ |
33,000 | Uncategorized | ကိုးကွယ်ရာဟူသည် | ကျွန်တော်မျိုးက ပယ်ရှား လိုက်သည့်အတွက် ကျွန်တော်မျိုးကို ခြိမ်းခြောက်ကာ မိမိ၏ ခြောက်ကျိပ် လေးယောက်ကုန်သော တမန်တို့နှင့် ဖောက်ပြားမှုအပြစ်ကို ဒေါသတကြီးနှင့် ပေါ်လွင်အောင် ကျွန်တော်မျိုးအား ပြောပြကာ တိုက်ခန်းအတွင်းသို့ ဝင်ရောက်သွားကာ လူနာဖြစ်အောင် ကလိန်ဉာဏ်ဆင်ခဲ့ပါသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.