id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
5,901 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏။ |
5,902 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝစီဘေဒကထာ ပြီး၏။ |
5,903 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတာပတ္တိမဂ်ခဏ၌ ပဌမဈာန်ကိုဝင်စားသောပုဂ္ဂိုလ်အား ဒုက္ခဟူသောစကားကို မြွက်ဆို၏ဟု အယူရှိသူ ပုဗ္ဗသေလိယ အစရှိကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်လို၍ ဤဝစီဘေဒကထာကို ဟောတော်မူသည်။ |
5,904 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ မိမိဝါဒ၌ တည်၍ ပရဝါဒီက ဝန်ခံသည်။ |
5,905 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ အရူပဘဝကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုသည်။ |
5,906 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ သောတာပတ္တိမဂ်ခဏ ပဌမဈာန်ဝင်စားရာကာလမှ တစ်ပါးသော အလုံးစုံသောသမာပတ်ကို ဝင်စားသောအခါကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုသည်။ |
5,907 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ လောကီသမာပတ်ဝင်စားသူတို့ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
5,908 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ ဒုတိယဈာန် အစရှိသော လောကုတ္တရာသမာပတ်ကိုလည်းကောင်း၊ လောကီသမာပတ် အားလုံးကိုလည်းကောင်း ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
5,909 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ ကိုယ်လှုပ်ရှားမှုသည် ရှေ့သို့ တက်ခြင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ကာယဝိညတ်ပင်တည်း၊ အကြင်စိတ်တို့သည် ဝစီဝိညတ်ကို ဖြစ်စေကုန်၏၊ ထိုစိတ်တို့သည်ပင် ကာယဝိညတ်ကို ဖြစ်စေကုန်၏၊ ဤသို့ဖြစ်သော် အဘယ့်ကြောင့် ကိုယ်၏ လှုပ်ရှားမှု မဖြစ်သနည်းဟု စောဒနာလိုသောကြောင့် သကဝါဒီက မေးသည်။ |
5,910 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ ပရဝါဒီဆရာကား မိမိဝါဒ၏ အစွမ်းအားဖြင့် ပဋိက္ခေပလည်း ပြု၏၊ ဝန်လည်းဝန်ခံ၏။ |
5,911 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ ပဌမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်ကိုဝင်စားသူသည် မဂ်ခဏ၌ ဒုက္ခဟူ၍ နှုတ်မြွက်နိုင်ခဲ့ပါမူ သမုဒယ အစ ရှိသည်ကိုလည်း နှုတ်မြွက်နိုင်ရာ၏၊ ဒုက္ခဟူ၍ နှုတ်မမြွက်နိုင်ခဲ့ပါမူ သမုဒယအစ ရှိသည်ကိုလည်း နှုတ်မမြွက်နိုင်ရာဟု စောဒနာလို၍ သကဝါဒီက မေးသည်။ |
5,912 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀။ ပရဝါဒီဆရာကား မိမိဝါဒ၌ တည်၍ ဝန်ခံခြင်း ပယ်ခြင်းကို ပြုသည်၊ လောကုတ္တရာ ပဌမဈာန်ကိုဝင်စားသူသည် ဒုက္ခ ဒုက္ခဟု အဖန်ဖန် ရှု၏ဟု ပရဝါဒီဆရာက အယူရှိ၏။ |
5,913 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ လောကုတ္တရာ စတုသစ္စဉာဏ်ကို ရည်ရွယ်၍ ဆိုသည်။ |
5,914 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂။ သောတဝိညာဏ်ကို ရည်ရွယ်၍ ဆိုသည်။ |
5,915 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၃။ သောတသမ္ဖဿနှင့် မနောသမ္ဖဿကို ရည်ရွယ်၍ ဖဿနှစ်ပါးဟု ဆိုသည်။ |
5,916 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- (၁၅) ၆-ဒုက္ခာဟာရကထာ၁ |
5,917 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၄။ သကဝါဒီ။ |
5,918 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဒုက္ခ၌ ဉာဏ်ကို ဆောင်ခြင်းသည် မဂ္ဂင်လော၊ မဂ်၌ အကျုံးဝင်သလော။ |
5,919 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော သူတို့သည် ဆင်းရဲဟူသောစကားကို ပြောဆိုကုန်၏၊ ထိုသူအားလုံးတို့သည်ပင် မဂ်ကို ပွားစေကုန်သလော။ |
5,920 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အလုံးစုံသော သူတို့သည် ဆင်းရဲဟူသောစကားကို ပြောဆိုကုန်၏၊ ထိုသူအားလုံးတို့သည်ပင် မဂ်ကို ပွားစေကုန်သလော။ |
5,921 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပွားစေပါကုန်၏။ |
5,922 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဗာလပုထုဇဉ်တို့သည် ဆင်းရဲဟူသောစကားကို ပြောဆိုကုန်၏၊ ဗာလပုထုဇဉ် တို့သည်မဂ်ကို ပွားစေကုန်သလော။ |
5,923 | Uncategorized | ကထာဝတ္ထုပါဠိတော် | အမိကို သတ်သူသည်။ |
5,924 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဖကို သတ်သူသည်။ |
5,925 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန္တာကို သတ်သူသည်။ |
5,926 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ဘုရားရှင်၌) သွေးစိမ်းတည်စေသူသည်။ |
5,927 | Uncategorized | ကထာဝတ္ထုပါဠိတော် | သံဃာကို သင်းခွဲသူသည် ဆင်းရဲဟူသောစကားကို ပြောဆို၏၊ သံဃာကိုသင်းခွဲသူသည် မဂ်ကို ပွားစေသလော။ |
5,928 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုက္ခာဟာရကထာ ပြီး၏။ |
5,929 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ ဒုက္ခ ဒုက္ခဟူသောစကားကို ပြောဆိုသူသည် ဒုက္ခသစ္စာ၌ ဉာဏ်ကို ဆောင်သည် မည်၏၊ ဒုက္ခသစ္စာ၌ ဉာဏ်ကို ဆောင်ခြင်းကို ဒုက္ခာဟာရ မည်၏ဟူ၍ ဆိုအပ်၏၊ ထိုဉာဏ်သည် မဂ်မည်၏၊ မဂ်၌ အကျုံးဝင်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်လို၍ ဤဒုက္ခာဟာရကထာကို ဟောတော်မူသည်။ |
5,930 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ဝိပဿနာ မရှုသူတို့ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
5,931 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ ဝိပဿနာရှုသူတို့ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်၊ ထိုဝိပဿနာရှုသူတို့သည် ဒုက္ခဟူသောစကားကို မြွက်ဆိုသည်ရှိသော် မဂ်ကို ပွားစေသည် မည်၏ဟူသော စကားသည် ပရဝါဒီဆရာ၏ အယူမျှသာတည်း။ |
5,932 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ယခင်အဖြေကို ပယ်ဖျက်ခြင်းငှါ ဤမေးခွန်းကို ထပ်၍ မေးသည်။ |
5,933 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- (၁၆) ၇-စိတ္တဋ္ဌိတိကထာ၁ |
5,934 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၅။ သကဝါဒီ။ |
5,935 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ တစ်ခုသော စိတ်သည် တစ်နေ့လုံး တည်နေပါသလော။ |
5,936 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥပါဒ်ခဏသည် နေ့ဝက် ဘင်ခဏသည် နေ့ဝက် တည်ပါသလော။ |
5,937 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ခုသော စိတ်သည် နှစ်ရက်တို့ပတ်လုံး တည်ပါသလော။ |
5,938 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥပါဒ်ခဏသည် တစ်နေ့ ဘင်ခဏသည် တစ်နေ့ တည်ပါသလော။ |
5,939 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ခုသော စိတ်သည် လေးရက်တို့ပတ်လုံး တည်ပါသလော။ |
5,940 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှစ်ရက်တို့ပတ်လုံးတည်ပါသလော။ |
5,941 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဆယ်ရက်တို့ပတ်လုံး တည်ပါသလော။ |
5,942 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်ဆယ်ရက်တို့ပတ်လုံး တည်ပါသလော။ |
5,943 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်လပတ်လုံး တည်ပါသလော။ |
5,944 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်လတို့ပတ်လုံး တည်ပါသလော။ |
5,945 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးလတို့ပတ်လုံး တည်ပါသလော။ |
5,946 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှစ်လတို့ပတ်လုံး တည်ပါသလော။ |
5,947 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဆယ်လတို့ပတ်လုံး တည်ပါသလော။ |
5,948 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်နှစ်ပတ်လုံးတည်ပါသလော။ |
5,949 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်နှစ်တို့ပတ်လုံး တည်ပါသလော။ |
5,950 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးနှစ်တို့ပတ်လုံး တည်ပါသလော။ |
5,951 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှစ်နှစ်တို့ပတ်လုံး တည်ပါသလော။ |
5,952 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဆယ်နှစ်တို့ပတ်လုံး တည်ပါသလော။ |
5,953 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်နှစ်ဆယ်တို့ပတ်လုံး တည်ပါသလော။ |
5,954 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်သုံးဆယ်တို့ပတ်လုံး တည်ပါသလော။ |
5,955 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်လေးဆယ်တို့ပတ်လုံး တည်ပါသလော။ |
5,956 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်ငါးဆယ်တို့ပတ်လုံး တည်ပါသလော။ |
5,957 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်တစ်ရာပတ်လုံး တည်ပါသလော။ |
5,958 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်နှစ်ရာတို့ပတ်လုံး တည်ပါသလော။ |
5,959 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်လေးရာတို့ပတ်လုံး တည်ပါသလော။ |
5,960 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်ငါးရာတို့ပတ်လုံး တည်ပါသလော။ |
5,961 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်တစ်ထောင်ပတ်လုံး တည်ပါသလော။ |
5,962 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်နှစ်ထောင်တို့ပတ်လုံး တည်ပါသလော။ |
5,963 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်လေးထောင်တို့ပတ်လုံး တည်ပါသလော။ |
5,964 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်ရှစ်ထောင်တို့ပတ်လုံး တည်ပါသလော။ |
5,965 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနှစ်တစ်သောင်းခြောက်ထောင်တို့ပတ်လုံး တည်ပါသလော။ |
5,966 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ကမ္ဘာပတ်လုံး တည်ပါသလော။ |
5,967 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်ကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
5,968 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
5,969 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှစ်ကမ္ဘာတို့ပတ်လုံးတည်ပါသလော။ |
5,970 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဆယ့်ခြောက်ကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
5,971 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုံးဆယ့်နှစ်ကမ္ဘာတို့ပတ်လုံးတည်ပါသလော။ |
5,972 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခြောက် ဆယ့်လေးကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
5,973 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာငါးရာတို့ပတ်လုံးတည်ပါသလော။ |
5,974 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာတစ်ထောင် တို့ပတ်လုံး တည်ပါသလော။ |
5,975 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာနှစ်ထောင်တို့ပတ်လုံးတည်ပါသလော။ |
5,976 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာလေးထောင်တို့ပတ်လုံး တည်ပါသလော။ |
5,977 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာရှစ်ထောင်တို့ပတ်လုံး တည်ပါသလော။ |
5,978 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာသောင်းခြောက်ထောင်တို့ပတ်လုံး တည်ပါသလော။ |
5,979 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာနှစ်သောင်းတို့ပတ်လုံး တည်ပါသလော။ |
5,980 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာလေးသောင်းတို့ပတ်လုံး တည်ပါသလော။ |
5,981 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာခြောက်သောင်းတို့ပတ်လုံး တည်ပါသလော။ |
5,982 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာရှစ်သောင်းလေးထောင်တို့ပတ်လုံး တည်ပါသလော။ |
5,983 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥပါဒ်ခဏသည် ကမ္ဘာလေးသောင်းနှစ်ထောင် တည်ပါသလော၊ ဘင်ခဏသည် ကမ္ဘာလေးသောင်းနှစ်ထောင် တည်ပါသလော။ |
5,984 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ တစ်ခုသော စိတ်သည် တစ်နေ့လုံး တည်ပါသလော။ |
5,985 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ရက်ပတ်လုံး အကြိမ်များစွာ ဖြစ်ကုန်၍ ချုပ်ကြသော အခြားတရားတို့သည်ရှိပါကုန်သလော။ |
5,986 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုတရားတို့သည် စိတ်နှင့် အတူ လျင်သောအပြန် ရှိပါကုန်သလော။ |
5,987 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထိုတရားတို့သည် စိတ်နှင့် အတူ လျင်သောအပြန် ရှိပါကုန်သလော။ |
5,988 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ ငါဘုရားသည် ဤစိတ်သည် လျင်မြန်သော ဖြစ်ခြင်းရှိသကဲ့သို့ စိတ်အတူအခြားတစ်ပါး တစ်စုံတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ |
5,989 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ လွန်ကဲလျင်မြန်သော ဤစိတ်သည် နှိုင်းယှဉ်ဖွယ် ဥပမာကိုလည်း ရဖို့ရန် မလွယ်ကူ”ဟူ၍ မြတ်စွာဘုရားဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
5,990 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ထိုတရားတို့သည် စိတ်နှင့် အတူ လျင်သောအပြန် ရှိကုန်၏ဟူ၍ မဆိုသင့်။ |
5,991 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုတရားတို့သည် စိတ်နှင့် အတူ လျင်သောအပြန် ရှိကုန်သလော။ |
5,992 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ဥပမာအားဖြင့် မျောက်သည် တောအုပ်ကြီး၌ လှည့်လည်လတ်သော်သစ်ခက်ကို ဆွဲကိုင်၏၊ ထိုသစ်ခက်ကို လွှတ်၍ အခြားသစ်ခက်ကို ဆွဲကိုင်၏၊ ထိုသစ်ခက်ကို လွှတ်၍အခြားသစ်ခက်ကို ဆွဲကိုင်ပြန်၏၊ ရဟန်းတို့ ဤအတူပင်လျှင် အကြင်တရားကို စိတ်ဟူ၍လည်းကောင်း၊ မနဟူ၍လည်းကောင်း၊ ဝိညာဏ်ဟူ၍လည်းကောင်း ဆိုအပ်၏။ |
5,993 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုတရားသည် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း တခြားတစ်ပါးသာလျှင် ဖြစ်၏၊ တခြားတစ်ပါးသည် ချုပ်၏”ဟူ၍ မြတ်စွာဘုရားဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
5,994 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၆။ သကဝါဒီ။ |
5,995 | Uncategorized | ကထာဝတ္ထုပါဠိတော် | စက္ခုဝိညာဏ်သည် တစ်နေ့လုံး တည်ပါသလော။ |
5,996 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဃာနဝိညာဏ်သည်။ |
5,997 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကုသိုလ်စိတ်သည်။ |
5,998 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရာဂနှင့် တကွဖြစ်သော စိတ်သည်။ |
5,999 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒေါသနှင့် တကွဖြစ်သော စိတ်သည်။ |
6,000 | Uncategorized | ကထာဝတ္ထုပါဠိတော် | မောဟနှင့် တကွဖြစ်သော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.