id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
6,101 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သင်တို့သည် အရတော်ကြကုန်၏၊ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။ |
6,102 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ တွေ့ထိမှု၏တည်ရာ'ဖဿာယတန’ ခြောက်မျိုးရှိသော ‘ဆဖဿာယတနိက'ငရဲတို့ကို ငါမြင်အပ်ကုန်၏၊ ထိုငရဲ၌ မျက်စိဖြင့်အဆင်းအားလုံးကို ကြည့်သော် မလိုလားအပ်သောသဘောကိုသာ မြင်၏၊ လိုလားအပ်သောသဘောကိုမမြင်။ |
6,103 | Uncategorized | ကထာဝတ္ထုပါဠိတော် | မနှစ်သက်အပ်သောသဘောကိုသာ မြင်၏၊ နှစ်သက်အပ်သောသဘောကို မမြင်။ |
6,104 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်နှလုံးကို မပွါးစေတတ်သောသဘောကိုသာ မြင်၏၊ စိတ်နှလုံးကို ပွါးစေတတ်သောသဘောကို မမြင်။ |
6,105 | Uncategorized | ကထာဝတ္ထုပါဠိတော် | နားဖြင့်အသံအားလုံးကို နားထောင်သည်ရှိသော်။ |
6,106 | Uncategorized | ကထာဝတ္ထုပါဠိတော် | လျှာဖြင့်အရသာအားလုံးကို လျက်သည်ရှိသော်။ |
6,107 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်ဖြင့် အတွေ့အထိအားလုံးကို တွေ့ထိသည်ရှိသော်။ |
6,108 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်ဖြင့်သဘောတရားအားလုံးကို သိသည်ရှှိသော် မလိုလားအပ်သောသဘောကိုသာ သိ၏၊ လိုလားအပ်သောသဘောကို မသိ။ |
6,109 | Uncategorized | ကထာဝတ္ထုပါဠိတော် | မနှစ်သက်အပ်သောသဘောကိုသာ သိ၏၊ နှစ်သက်အပ်သောသဘောကို မသိ။ |
6,110 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ် နှလုံးကို မပွါးစေတတ်သောသဘောကိုသာ သိ၏၊ စိတ်နှလုံးကို ပွါးစေတတ်သောသဘောကိုမသိ”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
6,111 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့်တူကုန်၏ဟူ၍ ဆိုသင့်ပါ၏။ |
6,112 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်သလော။ |
6,113 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သင်တို့သည် အရတော်ကုန်၏၊ ရဟန်တို့ သင်တို့သည် ကောင်းစွာရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။ |
6,114 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ တွေ့ထိမှု၏တည်ရာ ‘ဖဿာယတန'ခြောက်မျိုးရှိသော ‘ဖဿာယတနိက'နတ်ပြည်တို့ကို ငါမြင်အပ်ကုန်၏၊ ထိုနတ်ပြည်တို့၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သည်ရှိသော် လိုလားအပ်သောသဘောကိုသာမြင်၏၊ မလိုလားအပ်သောသဘောကို မမြင်။ |
6,115 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်သက်အပ်သောသဘောကိုသာ မြင်၏၊ မနှစ်သက်အပ်သောသဘောကို မမြင်။ |
6,116 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်နှလုံးကို ပွါးစေတတ်သောသဘောကိုသာ မြင်၏၊ စိတ်နှလုံးကို မပွါးစေတတ် သောသဘောကို မမြင်။ |
6,117 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နားဖြင့် အသံကို ကြားသည်ရှိသော်။ |
6,118 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှာခေါင်းဖြင့် အနံ့အားလုံးကို နမ်းရှူ သည်ရှှိသော်။ |
6,119 | Uncategorized | ကထာဝတ္ထုပါဠိတော် | လျှာဖြင့် အရသာအားလုံးကို လျက်သည် ရှိသော်။ |
6,120 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်ဖြင့် အတွေ့အထိအားလုံးကို တွေ့ထိသည်ရှှိသော်။ |
6,121 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်ဖြင့် သဘောတရားအားလုံးကို သိသည်ရှိသော် လိုလားအပ်သောသဘော ကိုသာ သိ၏၊ မလိုလားအပ်သောသဘောကို မသိ။ |
6,122 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှစ်သက်အပ်သောသဘောကိုသာ သိ၏၊ မနှစ်သက်အပ်သောသဘောကို မသိ။ |
6,123 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ်နှလုံးကိုပွါးစေတတ်သောသဘောကိုသာ သိ၏၊ စိတ်နှလုံး ကို မပွါးစေတတ်သောသဘောကို မသိ”ဟူ၍မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှှိသည်သာ မဟုတ်ပါလော။ |
6,124 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟူ၍မဆိုသင့်ပါသလော။ |
6,125 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်သဘောတရားသည် မမြဲ၊ ထိုသဘောတရားသည် ဆင်းရဲ၏ဟု မြတ်စွာဘုရားဟောတော်မူအပ်သည် ဖြစ်၍ သင်္ခါရအားလုံးတို့သည် မမြဲကုန်သည် မဟုတ်ပါလော။ |
6,126 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အကြင်သဘောတရားသည် မမြဲ၊ ထိုသဘောတရားသည် ဆင်းရဲ၏ဟု မြတ်စွာဘုရားဟောတော်မူအပ်သည် ဖြစ်၍ သင်္ခါရအားလုံးတို့သည် မမြဲကုန်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပြုပြင်အပ်သောသင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟူ၍ ဆိုသင့်၏။ |
6,127 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် တူကုန်၏။ |
6,128 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒါနသည် အလိုမရှိအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်နှလုံးကို မတိုးပွါးစေတတ်သော အကျိုးရှိသလော၊ သွန်းလောင်းအပ်သော အကျိုးရှှိသလော၊ ဒုက္ခကို ဖြစ်စေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။ |
6,129 | Uncategorized | ကထာဝတ္ထုပါဠိတော် | သီလသည်။ ပ။ |
6,130 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥပုသ်ကျင့်သုံးခြင်းသည်။ |
6,131 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဘာဝနာပွါးခြင်းသည်။ |
6,132 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မြတ်သောအကျင့်သည် အလိုမရှိအပ်သော အကျိုးရှိသလော၊ မနှစ်သက်အပ်သော အကျိုးရှိသလော၊ စိတ်နှလုံးကိုမပွါးစေတတ်သော အကျိုးရှိသလော၊ သွန်းလောင်းအပ်သော အကျိုးရှိသလော၊ ဆင်းရဲကို ဖြစ်ပေါ်စေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော။ |
6,133 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒါနသည် အလိုရှိအပ်သော အကျိုးရှိသည်၊ နှစ်သက်အပ်သော အကျိုးရှိသည်၊ စိတ်နှလုံးကို ပွါးစေတတ်သော အကျိုးရှိသည်၊ မသွန်းလောင်းအပ်သော အကျိုးရှိသည်၊ ချမ်းသာကို ဖြစ်စေတတ်သည်၊ ချမ်းသာသော အကျိုးရှိသည် မဟုတ်ပါလော။ |
6,134 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ဒါနသည် အလိုရှိအပ်သော အကျိုးရှိသည်၊ နှစ်သက်အပ်သော အကျိုးရှှိသည်၊ စိတ်နှလုံးကို ပွါးစေတတ်သော အကျိုးရှိသည်၊ မသွန်းလောင်းအပ်သော အကျိုးရှိသည်၊ ချမ်းသာကို ဖြစ်ပေါ်စေတတ်သည်၊ ချမ်းသာသော အကျိုးရှိသည် ဖြစ်ခဲ့ပါမူ ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟူ၍ မဆိုသင့်။ |
6,135 | Uncategorized | ကထာဝတ္ထုပါဠိတော် | သီလသည်။ ဥပုသ်စောင့်သုံးမှုသည်။ |
6,136 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဘာဝနာပွါးမှုသည်။ |
6,137 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်သောအကျင့်သည်အလိုရှှိအပ်သော အကျိုးရှိသည်၊ နှစ်သက်အပ်သော အကျိုးရှှိသည်၊ စိတ်နှလုံးကို ပွါးစေတတ်သောအကျိုးရှိသည်၊ မသွန်းလောင်းအပ်သော အကျိုးရှိသည်၊ ချမ်းသာကို ပွါးစေတတ်သည်၊ ချမ်းသာသောအကျိုးရှိသည် မဟုတ်ပါလော။ |
6,138 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ မြတ်သောအကျင့်သည် အလိုရှိအပ်သော အကျိုးရှိသည်၊ နှစ်သက်အပ်သော အကျိုးရှိသည်၊ စိတ်နှလုံးကို ပွါးစေတတ်သော အကျိုးရှှိသည်၊ မသွန်းလောင်းအပ်သော အကျိုးရှိသည်၊ ချမ်းသာကို ဖြစ်ပေါ်စေတတ်သည်၊ ချမ်းသာသော အကျိုးရှိသည် ဖြစ်ခဲ့ပါမူ ပြုပြင်အပ်သောသင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟု မဆိုသင့်။ |
6,139 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှား သိပြီး သောတရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသောဝိဝေကသည်ချမ်းသာ၏။ |
6,140 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောက၌ အမျက် မထွက်ခြင်းသည် လည်းကောင်း၊ သတ္တဝါအပေါင်းတို့၌ (မညှဉ်းဆဲမိအောင်) စောင့်စည်းခြင်းသည် လည်းကောင်း ချမ်းသာ၏။ |
6,141 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှု'ရာဂ’ ကင်းသည်၏ အဖြစ်သည်ချမ်းသာ၏၊ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။ |
6,142 | Uncategorized | ကထာဝတ္ထုပါဠိတော် | ချမ်းသာခြင်းဖြင့် ချမ်းသာသို့ ရောက်၏၊ ထိုရောက်သောချမ်းသာကား ချမ်းသာ အစစ်ပေတည်း၊ ဤဝိဇ္ဇာသုံးပါးတို့သို့ ရောက်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာပေတည်း”ဟူ၍ မြတ်စွာဘုရားဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
6,143 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ပြာပူနှင့် တူကုန်၏ဟူ၍ မဆိုသင့်။ |
6,144 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကုက္ကုဠကထာ ပြီး၏။ |
6,145 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ ‘သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ, သဗ္ဗေ သင်္ခါရာ ဒုက္ခာ’ အစရှိသော သုတ်တို့ကို မသင့်သောအားဖြင့် ယူ၍ မုချအားဖြင့် သင်္ခါရတရားအားလုံးတို့သည် ပြာပူကဲ့သို့ ဖြစ်ကုန်၏၊ အလျှံကင်း၍ ရဲရဲညီးသော မီးကျီးနှင့် ရောကုန်သကဲ့သို့ ဖြစ်ကုန်၏၊ ပြာပူငရဲနှင့် တူကုန်၏ဟု အယူရှိကြကုန်သော ဂေါကုလိကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို အထူးထူး အပြားပြားသော သ... |
6,146 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ အပိုင်းအခြားကို မပြုဟူသည် သာမညအားဖြင့် အားလုံးပင် ပြာပူနှင့် တူကုန်သလောဟူ၍ ဆိုလိုသည်။ |
6,147 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- (၁၈) ၉-အနုပုဗ္ဗာဘိသမယကထာ၁ |
6,148 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၉။ သကဝါဒီ။ |
6,149 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သစ္စာလေးပါးတို့ကို အစဉ်အတိုင်း ထိုးထွင်း၍ သိပါသလော။ |
6,150 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း သောတာပတ္တိမဂ်ကို ပွါးများပါသလော။ |
6,151 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အစဉ်အတိုင်း သောတာပတ္တိမဂ်ကို ပွါးများပါသလော။ |
6,152 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အစဉ်အတိုင်း သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုပါသလော။ |
6,153 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ (သစ္စာလေးပါးတရားတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိပါသလော။ |
6,154 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း သကဒါဂါမိမဂ်ကို ပွါးများပါသလော။ |
6,155 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း သကဒါဂါမိမဂ်ကို ပွားများပါသလော။ |
6,156 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုပါသလော။ |
6,157 | Uncategorized | ကထာဝတ္ထုပါဠိတော် | (သစ္စာလေးပါးတရားတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိပါသလော။ |
6,158 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း အနာဂါမိမဂ်ကို ပွါးများပါသလော။ |
6,159 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း အနာဂါမိဖိုလ်ကို မျက်မှောက် ပြုပါသလော။ |
6,160 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း အရဟတ္တမဂ်ကို ပွါးများပါသလော။ |
6,161 | Uncategorized | ကထာဝတ္ထုပါဠိတော် | အစဉ်အတိုင်း အရဟတ္တဖိုလ်ကို မျက်မှောက် ပြုပါသလော။ |
6,162 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၄၀။ သကဝါဒီ။ |
6,163 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုမြင်သဖြင့် အဘယ်တရားကို ပယ်စွန့်ပါသနည်း။ |
6,164 | Uncategorized | ကထာဝတ္ထုပါဠိတော် | သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသကိုလည်းကောင်း၊ ထိုတရားတို့နှင့်တကွ တစ်ခုသောစိတ်၌ တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ပယ်စွန့်ကုန်၏။ |
6,165 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ သောတာပန်မည်သလော၊ လေးဖို့ပြု၍ သောတာပန် မမည်သလော၊ လေးဖို့ပြု၍ သောတာပတ္တိဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် မတွေ့ထိဘဲ နေသလော၊ လေးဖို့ပြု၍ သတ္တက္ခတ္တုပရမသောတာပန် မည်သလော၊ ကောလံကောလသောတာပန် မည်သလော၊ ဧကဗီဇီသောတာပန် မည်သလော၊ ... |
6,166 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံသလော၊ လေးဖို့ပြု၍ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် မပြည့်စုံသလော။ |
6,167 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမုဒယသစ္စာကို သိမြင်သဖြင့်။ |
6,168 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နိရောဓသစ္စာကို သိမြင်သဖြင့်။ |
6,169 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မဂ္ဂသစ္စာကိုသိမြင်သဖြင့် အဘယ်ကို ပယ်စွန့်ပါသနည်း။ |
6,170 | Uncategorized | ကထာဝတ္ထုပါဠိတော် | သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသကိုလည်းကောင်း၊ ထိုတရားတို့နှင့် တကွ တစ်ခုသောစိတ်၌ တည်သော ကိလေသာတို့ကိုလည်းကောင်းလေးဖို့ပြု၍ ပယ်စွန့်၏။ |
6,171 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ သောတာပန်မည်သလော၊ လေးဖို့ပြု၍ သောတာပန် မမည်သလော၊ လေးဖို့ပြု၍ သောတာပတ္တိဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ လေးဖို့ပြု၍ သတ္တက္ခတ္တုပရမသောတာပန်, ကောလံကောလသောတာပန်, ဧကဗီဇီသောတာပန်မည်သလော၊ ဘုရား၌ သက်ဝင်၍ ကြည... |
6,172 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံသလော၊ လေးဖို့ပြု၍ အရိယာတို့ နှစ်သက်အပ်သောသီလတို့နှင့် မပြည့်စုံသလော။ |
6,173 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၄၁။ သကဝါဒီ။ |
6,174 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကို သိမြင်သဖြင့် အဘယ်ကို ပယ်စွန့်သနည်း။ |
6,175 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကြမ်းတမ်းသော ကာမရာဂကိုလည်းကောင်း၊ ကြမ်းတမ်းသော ဗျာပါဒကိုလည်းကောင်း၊ ထိုတရားတို့နှင့်တကွ တစ်ခုသော စိတ်၌တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ပယ်စွန့်၏။ |
6,176 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ လေးဖို့ပြု၍ သကဒါဂါမ်မည်သလော၊ လေးဖို့ပြု၍ သကဒါဂါမ် မမည်သလော၊ လေးဖို့ပြု၍ သကဒါဂါမိဖိုလ်ကို ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော။ |
6,177 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မဂ္ဂသစ္စာကိုသိမြင်သဖြင့် အဘယ်ကို ပယ်စွန့်သနည်း။ |
6,178 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကြမ်းတမ်းသော ကာမရာဂကိုလည်းကောင်း၊ ကြမ်းတမ်းသော ဗျာပါဒကိုလည်းကောင်း၊ ထိုတရားတို့နှင့် တစ်ခုသော စိတ်၌တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ ပယ်စွန့်၏။ |
6,179 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ သကဒါဂါမ်မည်သလော၊ လေးဖို့ပြု၍ သကဒါဂါမ် မမည်သလော၊ လေးဖို့ပြု၍ သကဒါဂါမိဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော။ |
6,180 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၄၂။ သကဝါဒီ။ |
6,181 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုသိမြင်သဖြင့် အဘယ်ကို ပယ်စွန့်သနည်း။ |
6,182 | Uncategorized | ကထာဝတ္ထုပါဠိတော် | သိမ်မွေ့သော ကာမရာဂကိုလည်းကောင်း၊ သိမ်မွေ့သော ဗျာပါဒကိုလည်းကောင်း၊ ထိုတရားတို့နှင့်တကွ တစ်ခုသော စိတ်၌တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ ပယ်စွန့်၏။ |
6,183 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ အနာဂါမ်မည်သလော၊ လေးဖို့ပြု၍ အနာဂါမ် မမည်သလော၊ လေးဖို့ ပြု၍အနာဂါမိဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ လေးဖို့ပြု၍အန္တရာပရိနိဗ္ဗာယီ မည်သလော။ |
6,184 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဥပဟစ္စပရိနိဗ္ဗာယီမည်သလော၊ အသင်္ခါရပရိနိဗ္ဗာယီမည်သလော၊ သသင်္ခါရပရိနိဗ္ဗာယီမည်သလော။ |
6,185 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥဒ္ဓံသောတအကနိဋ္ဌဂါမီမည်သလော၊ လေးဖို့ပြု၍ ဥဒ္ဓံသောတအကနိဋ္ဌဂါမီမမည်သလော။ |
6,186 | Uncategorized | ကထာဝတ္ထုပါဠိတော် | သိမ်မွေ့သော ကာမရာဂကိုလည်းကောင်း၊ သိမ်မွေ့သော ဗျာပါဒကိုလည်းကောင်း၊ ထိုတရားတို့နှင့်တကွ တစ်ခုသောစိတ်၌ တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ ပယ်စွန့်ပါ၏။ |
6,187 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ အနာဂါမ်မည်သလော၊ လေးဖို့ပြု၍ အနာဂါမ် မမည်သလော၊ လေးဖို့ ပြု၍အနာဂါမိဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ လေးဖို့ပြု၍အန္တရာပရိနိဗ္ဗာယီမည်သလော။ |
6,188 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဥပဟစ္စပရိနိဗ္ဗာယီမည်သလော၊ အသင်္ခါရပရိနိဗ္ဗာယီမည်သလော၊ သသင်္ခါရပရိနိဗ္ဗာယီမည်သလော၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သလော၊ လေးဖို့ပြု၍ ဥဒ္ဓံသောတအကနိဋ္ဌဂါမီမမည်သလော။ |
6,189 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၄၃။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကို သိမြင်သဖြင့်အဘယ်ကို ပယ်စွန့်သနည်း။ |
6,190 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရူပဘုံ၌ တပ်စွန်းမှု ‘ရူပရာဂ'ကိုလည်းကောင်း၊ အရူပဘုံ၌ တပ်စွန်းမှု ‘အရူပရာဂ'ကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ဥဒ္ဓစ္စကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း၊ ထိုတရားတို့နှင့်တကွ တစ်ခုသောစိတ်၌ တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ ပယ်စွန့်၏။ |
6,191 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ ရဟန္တာမည်သလော၊ လေးဖို့ပြု၍ ရဟန္တာ မမည်သလော၊ ပယ်စွန့်သလော၊ လေးဖို့ပြု၍ ရဟန္တာအဖြစ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍ နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍မနေသလော၊ လေးဖို့ပြု၍ ရာဂကင်းသလော။ |
6,192 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဒေါသကင်းသလော။ |
6,193 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မောဟကင်းသလော။ |
6,194 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပြုဖွယ်ကိစ္စကို ပြုပြီးဖြစ်သူ, ခန္ဓာဝန်ကို ချပြီးသူ, ရအပ်သော မိမိအကျိုးစီးပွါးရှိသူ, ကုန်ခန်းပြီးသောဘဝသံယောဇဉ်ရှိသူ, ကောင်းစွာသိ၍ လွတ်မြောက်ပြီးသူ, အဝိဇ္ဇာတံခါးကျည်ကို ပစ်လွှတ်ပြီးသူ,ကံသင်္ခါရကျုံးမြောင်းကို ဖျက်ဆီးပြီးသူ, တဏှာတံခါးတိုင်ကို နုတ်ပြီးသူ, (တဏှာ) တံခါးရွက် မရှိသူ,အရိယာဖြစ်သူ, (မာန) တံခွန်ချပြီးသူ, ကျပြီ... |
6,195 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်သလော၊ လေးဖို့ပြု၍မျက်မှောက်ပြု ထိုက်သော တရားကို မျက်မှောက် မပြုအပ်သလော။ |
6,196 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိရောဓသစ္စာကို သိမြင်သဖြင့်။ |
6,197 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဂ္ဂသစ္စာကိုသိမြင်သဖြင့် အဘယ်ကို ပယ်စွန့်ပါသနည်း။ |
6,198 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရူပဘုံ၌ တပ်စွန်းမှု ‘ရူပရာဂ'ကိုလည်းကောင်း၊ အရူပဘုံ၌ တပ်စွန်းမှု ‘အရူပရာဂ'ကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ဥဒ္ဓစ္စကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်းထိုတရားတို့နှင့် တကွ တစ်ခုသောစိတ်၌ တည်သော ကိလေသာတို့ကိုလည်းကောင်း လေးဖို့ပြု၍ပယ်စွန့်၏။ |
6,199 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးဖို့ပြု၍ ရဟန္တာမည်သလော၊ လေးဖို့ပြု၍ ရဟန္တာ မမည်သလော၊ လေးဖို့ပြု၍အရဟတ္တဖိုလ်သို့ ရောက်သလော၊ ရသလော၊ သိသလော၊ မျက်မှောက်ပြုသလော၊ ပြည့်စုံစေ၍နေသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေသလော၊ လေးဖို့ပြု၍ ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ လေးဖို့ပြု၍ ရာဂကင်းသလော။ |
6,200 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဒေါသကင်းသလော၊ မောဟကင်းသလော၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူခန္ဓာဝန်ကို ချပြီးသူ, ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ, ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ, အဝိဇ္ဇာတံခါး ကျည်ကို ပစ်လွှတ်ပြီးသူ, ကံသင်္ခါရကျုံး မြောင်းကို ဖျက်ဆီးပြီးသူ, (တဏှာ) တံခါးတိုင်ကိုနုတ်ပြီးသူ, (တဏှာ) တံခါးရွက် မရှိသူ, အရိယာဖြစ်သူ, (မာန) တံခွန်ကို ချပြီးသူ, ကျပြီးသော ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.