id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
6,001 | Uncategorized | ကထာဝတ္ထုပါဠိတော် | မာနနှင့် တကွဖြစ်သော။ |
6,002 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒိဋ္ဌိနှင့် တကွဖြစ်သော။ |
6,003 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိစိကိစ္ဆာနှင့် တကွဖြစ်သော။ |
6,004 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိနနှင့် တကွဖြစ်သော။ |
6,005 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဥဒ္ဓစ္စနှင့် တကွဖြစ်သော။ |
6,006 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဟိရိကနှင့် တကွဖြစ်သော။ |
6,007 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနောတ္တပ္ပနှင့် တကွဖြစ်သော စိတ်သည် တစ်နေ့လုံး တည်နေပါသလော။ |
6,008 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ခုသော စိတ်သည် တစ်နေ့လုံး တည်ပါသလော။ |
6,009 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် မျက်စိဖြင့် အဆင်းကို မြင်၏၊ ထိုစိတ်ကြောင့်သာလျှင်နားဖြင့် အသံကို ကြားပါသလော။ |
6,010 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူပါသလော။ |
6,011 | Uncategorized | ကထာဝတ္ထုပါဠိတော် | လျှာဖြင့် အရသာကိုလျက်ပါသလော။ |
6,012 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိပါသလော၊ စိတ်ဖြင့် သဘောတရားကို သိပါ့သလော။ |
6,013 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အကြင်စိတ်ကြောင့်သာလျှင် စိတ်ဖြင့် သဘောတရားကို သိ၏၊ ထိုစိတ်ကြောင့်သာလျှင်မျက်စိဖြင့် အဆင်းကို မြင်ပါသလော။ |
6,014 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နားဖြင့် အသံကို ကြားပါသလော။ |
6,015 | Uncategorized | ကထာဝတ္ထုပါဠိတော် | နှာခေါင်းဖြင့် အနံ့ကိုနမ်းရှူ ပါသလော။ |
6,016 | Uncategorized | ကထာဝတ္ထုပါဠိတော် | လျှာဖြင့် အရသာကို လျက်သလော၊ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိပါသလော။ |
6,017 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် ရှေ့သို့ တက်၏၊ ထိုစိတ်ကြောင့်သာလျှင် နောက်သို့ဆုတ်ပါသလော။ |
6,018 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် နောက်သို့ ဆုတ်၏၊ ထိုစိတ်ကြောင့်သာလျှင် ရှေ့သို့တက်ပါသလော။ |
6,019 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် တည့်တည့်ကြည့်၏၊ ထိုစိတ်ကြောင့်သာလျှင်တစောင်းကြည့် ပါသလော။ |
6,020 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် တစောင်းကြည့်၏၊ ထိုစိတ်ကြောင့်သာလျှင်တည့်တည့်ကြည့်ပါသလော။ |
6,021 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် ကွေး၏၊ ထိုစိတ်ကြောင့်သာလျှင်ဆန့်ပါသလော။ |
6,022 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်စိတ်ကြောင့်သာလျှင် ဆန့်၏၊ ထိုစိတ်ကြောင့်သာလျှင် ကွေးပါသလော။ |
6,023 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၇။ သကဝါဒီ။ |
6,024 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့၏ တစ်ခုသော စိတ်သည်အသက်ထက်ဆုံး တည်ပါသလော။ |
6,025 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ လူတို့၏ တစ်ခုသော စိတ်သည် အသက်ထက်ဆုံး တည်ပါသလော။ |
6,026 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့၏ တစ်ခုသော စိတ်သည်အသက်ထက်ဆုံး တည်ပါသလော။ |
6,027 | Uncategorized | ကထာဝတ္ထုပါဠိတော် | စာတုမဟာရာဇ်နတ်တို့၏။ |
6,028 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ တာဝတိံသာနတ်တို့၏။ |
6,029 | Uncategorized | ကထာဝတ္ထုပါဠိတော် | ယာမာနတ်တို့၏။ |
6,030 | Uncategorized | ကထာဝတ္ထုပါဠိတော် | တုသိတာနတ်တို့၏။ |
6,031 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိမ္မာနရတီနတ်တို့၏။ |
6,032 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရနိမ္မိတဝသဝတ္တီနတ်တို့၏။ |
6,033 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့၏။ |
6,034 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဗြဟ္မပုရောဟိတာဗြဟ္မာတို့၏။ |
6,035 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဟာဗြဟ္မာတို့၏။ |
6,036 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိတ္တာဘာဗြဟ္မာတို့၏။ |
6,037 | Uncategorized | ကထာဝတ္ထုပါဠိတော် | အပ္ပမာဏာဘာဗြဟ္မာတို့၏။ |
6,038 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာဘဿရာဗြဟ္မာတို့၏။ |
6,039 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရိတ္တသုဘာဗြဟ္မာတို့၏။ |
6,040 | Uncategorized | ကထာဝတ္ထုပါဠိတော် | အပ္ပမာဏသုဘာဗြဟ္မာတို့၏။ |
6,041 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုဘကိဏှာဗြဟ္မာတို့၏။ |
6,042 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏။ |
6,043 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဝိဟာဗြဟ္မာတို့၏။ |
6,044 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတပ္ပါဗြဟ္မာတို့၏။ |
6,045 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုဒဿာဗြဟ္မာတို့၏။ |
6,046 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုဒဿီဗြဟ္မာတို့၏။ |
6,047 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကနိဋ္ဌဗြဟ္မာတို့၏ တစ်ခုသော စိတ်သည် အသက်ထက်ဆုံး တည်ပါသလော။ |
6,048 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည်ကမ္ဘာနှစ်သောင်းတို့ ဖြစ်ကုန်၏၊ အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့၏ တစ်ခုသောစိတ်သည် ကမ္ဘာနှစ်သောင်းတို့ပတ်လုံး တည်ပါသလော။ |
6,049 | Uncategorized | ကထာဝတ္ထုပါဠိတော် | လူတို့၏ အသက်အတိုင်းအရှည်သည် အနှစ်တစ်ရာ ဖြစ်၏၊ လူတို့၏ တစ်ခုသောစိတ်သည် အနှစ်တစ်ရာပတ်လုံး တည်ပါသလော။ |
6,050 | Uncategorized | ကထာဝတ္ထုပါဠိတော် | စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည်သည် အနှစ်ငါးရာတို့ ဖြစ်၏၊ စာတုမဟာရာဇ်နတ်တို့၏ တစ်ခုသော စိတ်သည် အနှစ်ငါးရာတို့ပတ်လုံး တည်ပါသလော။ |
6,051 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာ၏ သုံးဖို့တစ်ဖို့ တည်ပါသလော။ |
6,052 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာတစ်ဝက် တည်ပါသလော။ |
6,053 | Uncategorized | ကထာဝတ္ထုပါဠိတော် | လေးကမ္ဘာတို့ပတ်လုံးတည်သလော။ |
6,054 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှစ်ကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
6,055 | Uncategorized | ကထာဝတ္ထုပါဠိတော် | တစ်ဆယ့်ခြောက်ကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
6,056 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုံးဆယ့်နှစ်ကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
6,057 | Uncategorized | ကထာဝတ္ထုပါဠိတော် | ခြောက်ဆယ့်လေးကမ္ဘာတို့ပတ်လုံး တည်ပါသလော။ |
6,058 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာငါးရာတို့ပတ်လုံး တည်ပါသလော။ |
6,059 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာတစ်ထောင်တို့ပတ်လုံး တည်ပါသလော။ |
6,060 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာနှစ်ထောင်တို့ပတ်လုံး တည်ပါသလော။ |
6,061 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကမ္ဘာရှစ်ထောင်တို့ပတ်လုံးတည်ပါသလော။ |
6,062 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကနိဋ္ဌဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် ကမ္ဘာတစ်သောင်းခြောက်ထောင်တို့ဖြစ်၏၊ အကနိဋ္ဌဗြဟ္မာတို့၏ တစ်ခုသော စိတ်သည် ကမ္ဘာတစ်သောင်းခြောက်ထောင်တို့ပတ်လုံး တည်ပါသလော။ |
6,063 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့၏ စိတ်သည် ခဏခဏ ဖြစ်ပါသလော၊ ခဏခဏ ချုပ်ပါသလော။ |
6,064 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ခဏခဏ စုတေကုန်ပါသလော၊ ခဏခဏ ပဋိသန္ဓေနေပါကုန်သလော။ |
6,065 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် အကြင်စိတ်ဖြင့်သာပဋိသန္ဓေနေကုန်၏၊ ထိုစိတ်ဖြင့်သာ စုတေပါကုန်သလော။ |
6,066 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိတ္တဋ္ဌိတိကထာ ပြီး၏။ |
6,067 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ သမာပတ်စိတ်ကိုလည်းကောင်း၊ ဘဝင်စိတ်ကိုလည်းကောင်း မပြတ်သော အစဉ်အဆက်ဖြင့် ဖြစ်နေသည်ကို မြင်၍ တစ်ခုတည်းသာလျှင် ဖြစ်သော စိတ်သည် ရှည်ကြာစွာ တည်နေ၏ဟု အယူ ရှိကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ခြင်းငှါ ဤစိတ္တဋ္ဌိတိကထာကို ဟောတော်မူသည်။ |
6,068 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ဌီခဏကို မသုံးသပ်မူ၍ ‘အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော’ဟူသော ဒေသနာနည်းဖြင့် ဥပါဒ်ခဏနှင့် ဘင်ခဏ နှစ်ပါး၏ အစွမ်းဖြင့် ဤပုစ္ဆာကို ပြုသည်။ |
6,069 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ စိတ်ထက် အထူးအားဖြင့် လျင်သော အပြန်ရှိကုန်သော တရားတို့ကို မမြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
6,070 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ တစ်ဖန် မေးမြန်းလတ်သော် အကြင်စိတ်၏ ရှည်သော တည်ခြင်းကို အလိုရှိ၏၊ ထိုစိတ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်၏။ |
6,071 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ ‘စုလ္လာသီတိသဟဿာနိ ကပ္ပါ တိဋ္ဌန္တိ ယေ မရူ’ အစရှိသောစကား၏ အစွမ်းအားဖြင့် အရူပဘုံမှ တစ်ပါးသောဘုံ၌ အသက်ထက်ဆုံး တည်ခြင်းကို ပယ်၍ အရူပဘုံ၌ အသက်ထက်ဆုံး တည်ခြင်းကို ဝန်ခံသည်။ |
6,072 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ သကဝါဒီ အမေးကဲ့သို့ အဋ္ဌကထာ ဆို၏၊ မူလဋီကာဆရာကား ပရဝါဒီ၏ စကားဟု ဆိုသည်။ |
6,073 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- (၁၇) ၈-ကုက္ကုဠကထာ၁ |
6,074 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၈။ သကဝါဒီ။ |
6,075 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်သလော။ |
6,076 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဩော် တူကုန်၏။ |
6,077 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုခဝေဒနာသည် ကိုယ်၌ ဖြစ်သောချမ်းသာ၊ စိတ်၌ ဖြစ်သောချမ်းသာ၊ နတ်၌ ဖြစ်သော ချမ်းသာ၊ လူ၌ ဖြစ်သောချမ်းသာ၊ လာဘ်ရမှု ချမ်းသာ၊ အရိုအသေပြုမှု ချမ်းသာ၊ ယာဉ်စီးရမှုချမ်းသာ၊ အိပ်မှု ချမ်းသာ၊ အစိုးရမှု ချမ်းသာ၊ လွှမ်းမိုးကြီးကဲမှု ချမ်းသာ၊ လူ၏ ချမ်းသာ၊ ရဟန်းအဖြစ် ချမ်းသာ၊ အာသဝတို့ အာရုံဖြစ်သော ချမ်းသာ၊ အာသဝတို့၏ အာရုံ မဟုတ်သော ချမ်းသ... |
6,078 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ သုခဝေဒနာသည်။ |
6,079 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထိုးထွင်းသိမှု ချမ်းသာသည် ရှိခဲ့ပါမူ ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟူ၍ မဆိုသင့်။ |
6,080 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်ပါသလော။ |
6,081 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် တူပါကုန်၏။ |
6,082 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် ဒုက္ခဝေဒနာ၊ ကိုယ်၌ ဖြစ်သော ဆင်းရဲ၊ စိတ်၌ဖြစ်သော ဆင်းရဲ၊ စိုးရိမ် ပူဆွေး ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ဖြစ်ကုန်သလော။ |
6,083 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူကုန်၏ဟူ၍ မဆိုသင့်ပါသလော။ |
6,084 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အလုံးစုံသည် ပြောင်ပြောင်တောက်လောင်၏၊ ရဟန်းတို့ အဘယ်မည်သောအလုံးစုံသည် ပြောင်ပြောင်တောက်လောင်သနည်း။ |
6,085 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ မျက်စိသည်ပြောင်ပြောင်တောက်လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ စက္ခုဝိညာဏ်သည်ပြောင်ပြောင်တောက်လောင်၏၊ စက္ခုသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာ သည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင်တောက်လောင်၏။ |
6,086 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ ရာဂမီးဖြင့် ဒေါသမီးဖြင့် မောဟမီးဖြင့် ပြောင်ပြောင့်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်းနှလုံးမသာရခြင်း ပြင်းစွာ ပင်ပန်းရခြင်းတို့ဖြင့် ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ |
6,087 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- နားသည် ပြောင်ပြောင်တောက်လောင်၏၊ အသံတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ |
6,088 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နှာခေါင်းသည် ပြောင်ပြောင်တောက်လောင်၏၊ အနံ့တို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ လျှာသည် ပြောင်ပြောင် တောက်လောင်၏၊ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ ကိုယ်သည် ပြောင်ပြောင်တောက်လောင်၏၊ အတွေ့အထိတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ |
6,089 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ စိတ်သည် ပြောင်ပြောင်တောက်လောင်၏၊ သဘောတရားတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မနောဝိညာဏ် သည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင် တောက်လောင်၏။ |
6,090 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ ရာဂမီးဖြင့် ဒေါသမီးဖြင့် မောဟမီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်းနှလုံးမသာရခြင်း ပြင်းစွာ ပင်ပန်းရခြင်းတို့ဖြင့် ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
6,091 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့်တူကုန်၏ဟူ၍ ဆိုသင့်၏။ |
6,092 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့် တူပါကုန်သလော။ |
6,093 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ |
6,094 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်ငါးပါးတို့နည်း၊ လိုချင်ဖွယ်နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘော ရှိ၍ ကာမရာဂနှင့် စပ်လျက် တပ်စွန်းဖွယ် ဖြစ်သောစက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း။ |
6,095 | Uncategorized | ကထာဝတ္ထုပါဠိတော် | သောတဝိညာဏ်ဖြင့် သိအပ်သော အသံ။ |
6,096 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဃာနဝိညာဏ်ဖြင့်သိအပ်သော အနံ့။ |
6,097 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ။ |
6,098 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ချစ်ဖွယ်သဘောရှိ၍ ကာမရာဂနှင့် စပ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိအပ်သောအတွေ့အထိတို့တည်း။ |
6,099 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပေတည်းဟူ၍ မြတ်စွာဘုရားဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
6,100 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပြုပြင်အပ်သော သင်္ခါရအားလုံးတို့သည် အပိုင်းအခြားကို မပြုမူ၍ ပြာပူနှင့်တူကုန်၏ဟူ၍ မဆိုသင့်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.