id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
6,601 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ဓာတ် တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံသူ၊ အနာဂတ်ဓာတ် တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန်ဓာတ် တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,602 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဓာတ်ငါးဆယ့်လေးပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,603 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်စက္ခုန္ဒြေနှင့် ပြည့်စုံသူ၊ အနာဂတ်စက္ခုန္ဒြေနှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန်စက္ခုန္ဒြေနှင့် ပြည့်စုံသူ ရှိပါသလော။ |
6,604 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုန္ဒြေ သုံးပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,605 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ဣန္ဒြေ နှစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ၊ အနာဂတ်ဣန္ဒြေ နှစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန်ဣန္ဒြေ နှစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,606 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေခြောက်ဆယ့်ခြောက်ပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,607 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၀။ ပရဝါဒီ။ |
6,608 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အတိတ် အနာဂတ်တရားတို့နှင့် ပြည့်စုံသူ ရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
6,609 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှစ်ပါးသော ဝိမောက္ခဈာန်နှင့် ပြည့်စုံသူသည် လေးပါးသောဈာန်တို့ကို အလိုရှိတိုင်း ရခြင်းရှိသူသည် အစဉ်အတိုင်း ချမ်းသာစွာ နေကြောင်း သမာပတ်ကိုးပါးတို့ကို ရခြင်းရှိသူသည် ရှိသည် မဟုတ်ပါလော။ |
6,610 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်သကဝါဒီ ရှစ်ပါးသော ဝိမောက္ခဈာန်နှင့် ပြည့်စုံသူသည် ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရခြင်းရှိသူသည် အစဉ်အတိုင်း ချမ်းသာစွာ နေထိုင်ကြောင်း သမာပတ်ကိုးပါးတို့ကို ရခြင်း ရှိသူသည် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် “အတိတ်တရား အနာဂတ်တရားတို့နှင့် ပြည့်စုံသူ ရှိ၏”ဟူ၍ ဆိုသင့်၏။ |
6,611 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတီတာနာဂတသမန္နာဂတကထာ ပြီး၏။ |
6,612 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နဝမဝဂ် ပြီး၏။ |
6,613 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ပညတ်တို့သည် သမန္နာဂတပညတ်၊ ပဋိလာဘပညတ်ဟူ၍ နှစ်ပါးရှိကုန်၏။ |
6,614 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုနှစ်ပါးတို့တွင် ပစ္စုပ္ပန်တရားနှင့် ပြည့်စုံသူကို သမ္မန္နာဂတဟု ဆိုအပ်၏၊ သမာပတ်ရှစ်ပါးကိုရသူ ဈာနလာဘီ ပုဂ္ဂိုလ်၏ သမာပတ်တို့သည် တစ်ပြိုင်နက်သောခဏ၌ မဖြစ်ကြပါကုန်သော်လည်း ထိုးထွင်းသိပြီး၍ မဆုတ်ယုတ် မလျောကျခြင်းကြောင့် သမာပတ်ရှစ်ပါးကို ရသူဟူ၍ပင် ဆိုရ၏၊ ဤသို့ ဝေဖန်ခြင်းကို မပြုဘဲ ဈာနလာဘီတို့အား အတိတ်အနာဂတ်ဖြစ်သော ဈာန်တို့သ... |
6,615 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ထိုဈာနလာဘီတို့သည် အတိတ် အနာဂတ်ဈာန် နှင့်လည်း ပြည့်စုံကုန်၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
6,616 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၀-ဒသမဝဂ် |
6,617 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၉၅) ၁-နိရောဓကထာ၁ |
6,618 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၁။ သကဝါဒီ။ |
6,619 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဥပပတ္တိဘဝကို ရှာဖွေကြောင်းဖြစ်သော ခန္ဓာငါးပါးသည် မချုပ်ငြိမ်းဘဲ ကိရိယာ ခန္ဓာငါးပါးတို့ ဖြစ်ပါကုန်သလော။ |
6,620 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခန္ဓာဆယ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၊ ခန္ဓာဆယ်ပါးတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,621 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဥပပတ္တိဘဝကို ရှာဖွေကြောင်းဖြစ်သော ခန္ဓာငါးပါးသည် မချုပ်မငြိမ်းဘဲ ကိရိယာ ခန္ဓာလေးပါးတို့ ဖြစ်ပါကုန်သလော။ |
6,622 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခန္ဓာကိုးပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၊ ခန္ဓာကိုးပါးတို့သည် မျက်မှောက် အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,623 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခန္ဓာကိုးပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၊ ခန္ဓာကိုးပါးတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,624 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဋိသန္ဓေကို ရှာဖွေကြောင်းဖြစ်သော ခန္ဓာငါးပါးတို့သည် မချုပ်ငြိမ်းဘဲ ကိရိယာ ဉာဏ် ဖြစ်ပါသလော။ |
6,625 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခန္ဓာခြောက်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၊ ခန္ဓာခြောက်ပါးတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,626 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ခန္ဓာခြောက်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၊ ခန္ဓာခြောက်ပါးတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,627 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၂။ ပရဝါဒီ။ |
6,628 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပဋိသန္ဓေကို ရှာဖွေကြောင်းဖြစ်သော ခန္ဓာငါးပါးတို့သည် ချုပ်ငြိမ်းလတ်သော် မဂ်သည် ဖြစ်ပါသလော။ |
6,629 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သေသူသည် မဂ်ကို ပွါးစေပါသလော၊ ကွယ်လွန်သူသည် မဂ်ကို ပွါးစေပါသလော။ |
6,630 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ပဋိသန္ဓေကို ရှာဖွေကြောင်းဟု ရေတွက်ခြင်းသို့ရောက်သော ဘဝင်စိတ်၏ ဘင်ခဏနှင့် တစ်ပြိုင်နက် ကိရိယာဟု ရေတွက်ခြင်းသို့ ရောက်သော ကုသိုလ် အကုသိုလ် နာမက္ခန္ဓာလေးပါး တိဇရုပ်ဟူသော ရူပက္ခန္ဓာတစ်ပါး ပေါင်း ကိရိယာ ခန္ဓာငါးပါးတို့သည် ဖြစ်ကြကုန်၏၊ ထိုကိရိယာ ခန္ဓာငါးပါးတို့ မဖြစ်ကုန်သော် ဘဝင်စိတ်ချုပ်သောအခါ အစဉ်ပြတ်ရာ၏ဟု အယူရှိကြကုန်သ... |
6,631 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ပဋိသန္ဓေကို ရှာမှီးကြောင်း ခန္ဓာတို့၏လည်းကောင်း၊ ကိရိယာခန္ဓာတို့၏လည်းကောင်း အစွမ်းအားဖြင့် ခန္ဓာတို့သည် ငါးပါးသာ ရှိကုန်၏ဟု နှလုံးပြု၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
6,632 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ရှေ့နောက်၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဥပက္ကိလေသိကခန္ဓာ ကိရိယာခန္ဓာတို့၏ အစွမ်းအားဖြင့်လည်းကောင်း ထူးသည်၏အဖြစ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
6,633 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ သုတ္တလေသ မရမရှိသောကြောင့် ပဋိက္ခေပပြုသည်။ |
6,634 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၀-ဒသမဝဂ် (၉၆) ၂-ရူပံ မဂ္ဂေါတိကထာ၁ |
6,635 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၃။ သကဝါဒီ။ |
6,636 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ရုပ်သည် မဂ်ဖြစ်ပါသလော။ |
6,637 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုရုပ်သည် အာရုံနှင့်တကွ ဖြစ်ပါသလော၊ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု ကောင်းစွာ နှလုံးသွင်းမှု ပြုမှု စိတ်၌ စေ့ဆော်မှု တောင့်တမှု ဆုတောင်းမှုသည် ရှိပါသလော။ |
6,638 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုရုပ်သည် အာရုံမရှိသည် မဟုတ်ပါလော၊ ထိုရုပ်အား ဆင်ခြင်မှု။ |
6,639 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ထိုရုပ်သည် အာရုံမရှိခဲ့ပါလျှင် ထိုရုပ်အား ဆင်ခြင်မှု။ |
6,640 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းမှု မရှိခဲ့ပါလျှင် “မဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ရုပ်သည် မဂ်”ဟူ၍ မဆိုသင့်။ |
6,641 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ်လော။ |
6,642 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် အာရုံရှိပါသလော၊ သမ္မာဝါစာအား ဆင်ခြင်မှု။ |
6,643 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် အာရုံမရှိသည် မဟုတ်ပါလော၊ သမ္မာဝါစာအား ဆင်ခြင်မှု။ |
6,644 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သမ္မာဝါစာသည် အာရုံမရှိခဲ့ပါမူ သမ္မာဝါစာအား ဆင်ခြင်မှု။ |
6,645 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းမှု မရှိခဲ့ပါမူ “သမ္မာဝါစာသည် မဂ်”ဟု မဆိုသင့်။ |
6,646 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာကမ္မန္တသည်။ |
6,647 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ်လော။ |
6,648 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာအာဇီဝသည် အာရုံရှိပါသလော၊ ထိုသမ္မာအာဇီဝအား ဆင်ခြင်မှု။ |
6,649 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းမှုရှိပါသလော။ |
6,650 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာအာဇီဝသည် အာရုံမရှိသည် မဟုတ်ပါလော၊ ထိုသမ္မာအာဇီဝအား ဆင်ခြင်မှု။ |
6,651 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ သမ္မာအာဇီဝသည် အာရုံမရှိခဲ့ပါမူ ထိုသမ္မာအာဇီဝအား ဆင်ခြင်မှု။ |
6,652 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းမှု မရှိခဲ့ပါမူ “သမ္မာအာဇီဝသည် မဂ်”ဟု မဆိုသင့်။ |
6,653 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၄။ သကဝါဒီ။ |
6,654 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သမ္မာဒိဋ္ဌိသည် မဂ်ဖြစ်၍ ထိုသမ္မာဒိဋ္ဌိသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာဒိဋ္ဌိအား ဆင်ခြင်မှု။ |
6,655 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ်ဖြစ်၍ ထိုသမ္မာဝါစာသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာ ဝါစာအား ဆင်ခြင်မှု။ |
6,656 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် မဂ်ဖြစ်၍ ထိုသမ္မာဒိဋ္ဌိသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာဒိဋ္ဌိအား ဆင်ခြင်မှု။ |
6,657 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ်ဖြစ်၍ ထိုသမ္မာအာဇီဝသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာအာဇီဝအား ဆင်ခြင်မှု။ |
6,658 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာသင်္ကပ္ပသည်။ |
6,659 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာဝါယာမသည်။ |
6,660 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသတိသည်။ |
6,661 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည် မဂ်ဖြစ်၍ ထိုသမ္မာသမာဓိသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာသမာဓိအား ဆင်ခြင်မှု။ |
6,662 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ်ဖြစ်၍ ထိုသမ္မာဝါစာသည်းလည်း အာရုံရှိပါသလော၊ ထိုသမ္မာ ဝါစာအား ဆင်ခြင်မှု။ |
6,663 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာသမာဓိသည် မဂ်ဖြစ်၍ ထိုသမ္မာသမာဓိသည်လည်း အာရုံရှိပါသလော၊ ထိုသမ္မာသမာဓိအား ဆင်ခြင်မှု။ |
6,664 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာသမာဓိသည်။ |
6,665 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် မဂ်ဖြစ်လျက် ထိုသမ္မာဝါစာသည်လည်း အာရုံမရှိပါသလော၊ ထိုသမ္မာဝါစာအား ဆင်ခြင်မှု။ |
6,666 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် မဂ်ဖြစ်လျက် ထိုသမ္မာဒိဋ္ဌိသည်လည်း အာရုံမရှိပါသလော၊ ထိုသမ္မာ ဒိဋ္ဌိအား ဆင်ခြင်မှု။ |
6,667 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သမ္မာဝါစာသည် မဂ်ဖြစ်လျက် ထိုသမ္မာဝါစာသည် အာရုံမရှိပါသလော၊ ထိုသမ္မာ ဝါစာအား ဆင်ခြင်မှု။ |
6,668 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာဝါယာမသည်၊ သမ္မာသတိသည်၊ သမ္မာသမာဓိသည် မဂ် ဖြစ်လျက် ထိုသမ္မာသမာဓိသည်လည်း အာရုံမရှိပါသလော၊ ထိုသမ္မာသမာဓိအား ဆင်ခြင်မှု။ |
6,669 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် မဂ်ဖြစ်လျက် ထိုသမ္မာအာဇီဝသည်လည်း အာရုံမရှိပါသလော၊ ထိုသမ္မာအာဇီဝအား ဆင်ခြင်မှု။ |
6,670 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည်၊ သမ္မာသင်္ကပ္ပသည်၊ သမ္မာဝါယာမသည်၊ သမ္မာသတိသည်။ |
6,671 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာ သမာဓိသည် မဂ်ဖြစ်လျက် ထိုသမ္မာသမာဓိသည် အာရုံမရှိပါသလော၊ ထိုသမ္မာသမာဓိအား ဆင်ခြင်မှု။ |
6,672 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၅။ ပရဝါဒီ။ |
6,673 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “မဂ်နှင့် ပြည့်စုံသူ၏ ရုပ်သည် မဂ်”ဟူ၍ မဆိုသင့်ပါသလော။ |
6,674 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည်၊ သမ္မာကမ္မန္တသည်၊ သမ္မာအာဇီဝသည် မဂ်ဖြစ်သည် မဟုတ်ပါလော။ |
6,675 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ သမ္မာဝါစာသည်၊ သမ္မာကမ္မန္တသည်၊ သမ္မာအာဇီဝသည် မဂ်ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “မဂ်နှင့် ပြည့်စုံသူ၏ ရုပ်သည် မဂ်”ဟူ၍ ဆိုသင့်၏။ |
6,676 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရူပံ မဂ္ဂေါတိကထာ ပြီး၏။ |
6,677 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့သည် ရုပ်သာတည်းဟု အယူရှိသူ မဟိသာသက သမ္မိတိယနှင့် မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောသည်။ |
6,678 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သမ္မာဝါစာ အစရှိသည်တို့သည် ဝိရတီမဟုတ်၊ ရုပ်သာ ဖြစ်ကုန်မူ သမ္မာဒိဋ္ဌိ အစရှိသော မဂ်သည် သာရမ္မဏစသော သဘောရှိသကဲ့သို့ ရုပ်သည်လည်း သာရမ္မဏစသော သဘောရှိသည် ဖြစ်ခဲ့ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။ |
6,679 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၉၇) ၃-ပဉ္စဝိညာဏသမင်္ဂိဿ မဂ္ဂကထာ၁ |
6,680 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၆။ သကဝါဒီ။ |
6,681 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိညာဏ်ငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှု ရှိပါသလော။ |
6,682 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိညာဏ်ငါးပါးတို့သည် ပစ္စုပ္ပန်မှီရာဝတ္ထုရှိကုန်သည် ပစ္စုပ္ပန်အာရုံရှိကုန်သည် မဟုတ်ပါလော။ |
6,683 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝိညာဏ်ငါးပါးတို့သည် ပစ္စုပ္ပန်မှီရာဝတ္ထုရှိကုန်မူ ပစ္စုပ္ပန်အာရုံရှိကုန်မူ “ဝိညာဏ်ငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှု ရှိ၏”ဟူ၍ မဆိုသင့်။ |
6,684 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝိညာဏ်ငါးပါးတို့သည် ရှေး၌ ဖြစ်သော တရားလျှင် မှီရာဝတ္ထု ရှိကုန်သည်၊ ရှေး၌ ဖြစ်သော တရားလျှင် အာရုံရှိကုန်သည်၊ အတွင်းသန္တာန်၌ ဖြစ်သော တရားလျှင် မှီရာရှိကုန်သည်၊ အပြင်သန္တာန်၌ ဖြစ်သော တရားလျှင် မှီရာအာရုံရှိကုန်သည်၊ မကွဲပြားသော တရားလျှင် မှီရာရှိကုန်သည်၊ မကွဲပြားသော တရားလျှင် အာရုံရှိကုန်သည်၊ အထူးထူးသော မှီရာရှ... |
6,685 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝိညာဏ်ငါးပါးတို့သည် နှလုံးသွင်းမှု မရှိကုန်မူ “ဝိညာဏ်ငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှုသည် ရှိ၏”ဟု မဆိုသင့်။ |
6,686 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၇။ သကဝါဒီ။ |
6,687 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စက္ခုဝိညာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှု ရှိပါသလော။ |
6,688 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည် ကင်းဆိတ်မှုကို အာရုံပြု၍ ဖြစ်ပါသလော။ |
6,689 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုကိုလည်းကောင်း၊ ကင်းဆိတ်မှုကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
6,690 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “စက္ခုကိုလည်းကောင်း၊ ကင်းဆိတ်မှုကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
6,691 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုကိုလည်းကောင်း၊ ရုပ်ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
6,692 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ စက္ခုကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူသော သုတ္တန် (ပါဠိ) ရှိခဲ့ပါမူ စက္ခုကိုလည်းကောင်း၊ ကင်းဆိတ်မှုကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူ၍ မဆိုသင့်။ |
6,693 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၇၈။ သကဝါဒီ။ |
6,694 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စက္ခုဝိညာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှု ရှိပါသလော။ |
6,695 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည် အတိတ်တရားနှင့် အနာဂတ်တရားကို အာရုံပြု၍ ဖြစ်ပါသလော။ |
6,696 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မဂ်ကို ပွါးစေမှု ရှိပါသလော။ |
6,697 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်သည် ဖဿကို အာရုံပြု၍ ဝေဒနာကို အာရုံပြု၍ သညာကို အာရုံပြု၍ စေတနာကို အာရုံပြု၍ စိတ်ကို အာရုံပြု၍ စက္ခုကို အာရုံပြု၍။ |
6,698 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကာယကို အာရုံပြု၍။ |
6,699 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သဒ္ဒကို အာရုံပြု၍။ |
6,700 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောဋ္ဌဗ္ဗကို အာရုံပြု၍ ဖြစ်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.