id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
6,501 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ ဝိတက်နှင့်လည်းတကွ ဝိစာရနှင့်လည်းတကွဖြစ်သော သမာဓိ၊ ဝိတက့်ကား မရှိ ဝိစာရမျှသာရှိသော သမာဓိ၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော သမာဓိ ဤသို့ သမာဓိသုံးပါးတို့ကို မြတ်စွာဘုရား ဟောအပ်ခဲ့ကုန်မူ “အလုံးစုံသော စိတ်သည် ဝိတက်ကြောင့် ကျရောက်၏”ဟူ၍ မဆိုသင့်။ |
6,502 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက္ကာနုပတိတကထာ ပြီး၏။ |
6,503 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဝိတက်၏ ကျရာတရားမည်သည် အာရုံသမ္ပယောဂအားဖြင့် နှစ်ပါးရှိ၏၊ ဤမည်သော စိတ်သည် ဝိတက်၏အာရုံ မဖြစ်နိုင်ဟု သတ်မှတ်ထားခြင်း မရှိသောကြောင့် စိတ်အားလုံးသည် ဝိတက်၏ ကျရာ ဖြစ်ရာ၏၊ ဝိတက်နှင့်မယှဉ်သော စိတ်၏ ဖြစ်သင့်သောကြောင့် စိတ်အားလုံးသည် ဝိတက်၏ ကျရာတရား မဟုတ်ခဲ့၊ ဤသို့ မခွဲဝေမူ၍ သာမညအားဖြင့် စိတ်အားလုံးသည် ဝိတက်၏ကျရာ ဖြစ်၏ဟု အယူရ... |
6,504 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၉၁) ၈-ဝိတက္ကဝိပ္ဖါရသဒ္ဒကထာ၁ |
6,505 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၃။ သကဝါဒီ။ |
6,506 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အလုံးစုံအားဖြင့် ကြံစည်သူ သုံးသပ်သူအား ဝိတက်ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော။ |
6,507 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံအားဖြင့် တွေ့ထိသူအား တွေ့ထိမှု ‘ဖဿ'ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံအားဖြင့် ခံစားသူအား ခံစားမှု ‘ဝေဒနာ'ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံအားဖြင့် မှတ်သားသူအား မှတ်သားမှု ‘သညာ'ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံအားဖြင့် စေ့ဆော်သူအား စေ့ဆော်မှု ‘စေတနာ'ကြော... |
6,508 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံအားဖြင့် ကြံစည်သူ သုံးသပ်သူအား ကြံစည်မှု ‘ဝိတက်'ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော။ |
6,509 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကြံစည်မှု ‘ဝိတက်'ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် သောတဝိညာဏ်ဖြင့် သိအပ်ပါသလော၊ သောတ၌ ထိခိုက်ပါသလော၊ သောတအား ရှေးရှုထင်ခြင်းသို့ ရောက်ပါသလော၄။ |
6,510 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိတက်ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် သောတဝိညာဏ်ဖြင့် မသိအပ်သည်ဖြစ်၍ သောတ၌ မထိခိုက်ပါသလော၊ သောတအား ရှေးရှုထင်ခြင်းသို့ မရောက်ပါသလော၅။ |
6,511 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝိတက်ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် သောတဖြင့် မသိအပ်သည် ဖြစ်၍ သောတ၌ မထိခိုက် သောတအား ရှေးရှုထင်ခြင်းသို့ မရောက်ခဲ့ပါမူ “အလုံးစုံအားဖြင့် ကြံစည်သူ စိတ်ကူးသူအား ဝိတက်ကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိ၏”ဟူ၍ မဆိုသင့်။ |
6,512 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက္ကဝိပ္ဖါရသဒ္ဒကထာ ပြီး၏။ |
6,513 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “ဝိတက္ကဝိစာရာ ဝစီသင်္ခါရာ”ဟူ၍ ဟောတော်မူအပ်သောကြောင့် ခပ်သိမ်းသောအဖို့အားဖြင့် ကြံစည်သူ ဆင်ခြင်သူအား အယုတ်ဆုံးအားဖြင့် မနောဓာတ်ဖြစ်ရာအခါ၌လည်း ဝိတက္ကဝိပ္ဖါရမည်သော အသံသည် ဖြစ်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဝိတက္ကဝိပ္ဖါရ ကထာကို ဟောတော်မူသည်။ |
6,514 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဝိတက္ကဝိပ္ဖါရမျှ ဖြစ်သော သဒ္ဒ ရှိခဲ့ပါမူ ဖဿာဒိဝိပ္ဖါရသဒ္ဒသည်လည်း ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို ထုတ်သည်။ |
6,515 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ထိုသို့သဘောရှိသော သုတ်အမြွက်မျှကို မတွေ့မမြင်သောကြောင့် ပဋိက္ခေပပြုသည်။ |
6,516 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ဝိတက်၏ ပျံ့နှံ့ခြင်းမျှဖြစ်သော အသံကိုသာ ရည်ရွယ်၍ မေးသည်၊ ဝိတက်၏ ပျံ့နှံ့ခြင်းကြောင့်ဖြစ်သော အိပ်ပျော်နေသူတို့၏အသံကို ရည်ရွယ်၍ မေးသည်မဟုတ်။ |
6,517 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီ၏ အလိုအားဖြင့် ပြသောအမေးတည်း၊ ပရဝါဒီဆရာသည် ဝိတက်၏ ပျံ့နှံ့ခြင်းမျှ ဖြစ်သော အသံသည် သောတဝိညာဏ်၏ အာရုံမဟုတ်ဟု ဆို၏၊ သကဝါဒီဆရာကား ‘ဝိတက္ကဝိပ္ဖါရသဒ္ဒံ သုတွာ အာဒိဿတိ’ဟု ဟောတော်မူသောကြောင့် ဝိတက္ကဝိပ္ဖါရသဒ္ဒသည် သောတဝိညာဏ်ဟု ဆို၏။ |
6,518 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၉၂) ၉-န ယထာစိတ္တဿ ဝါစာတိကထာ၁ |
6,519 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၄။ သကဝါဒီ။ |
6,520 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်ပါသလော။ |
6,521 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿမရှိသူအား ပြောဆိုမှုသည် ရှိပါသလော၊ ဝေဒနာမရှိသူအား ပြောဆိုမှုသည်၊ သညာမရှိသူအား ပြောဆိုမှုသည်၊ စေတနာမရှိသူအား ပြောဆိုမှုသည်၊ စိတ်မရှိသူအား ပြောဆိုမှုသည် ရှိပါသလော၂။ |
6,522 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံအားဖြင့် တွေ့ထိသူအား ဖဿကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံအားဖြင့် ခံစားသူအား ဝေဒနာကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံအားဖြင့် မှတ်သားသူအား သညာကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစုံ အားဖြင့် စေ့ဆော်သူအား စေတနာကြောင့် ပျံ့နှံ့ခြင်းဟူသော အသံသည် ရှိပါသလော၊ အလုံးစု... |
6,523 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံအားဖြင့် ကြံစည်သူ သုံးသပ်သူအား ဝိတက်ကြောင့် ပျံ့နှံ့ခြင်းရှိသော အသံသည် ရှိပါသလော။ |
6,524 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်ကြောင့် ပျံ့နှံ့ခြင်းရှိသော အသံသည် သောတဝိညာဏ်ဖြင့် သိအပ်သည် ဖြစ်၍ သောတ၌ ထိခိုက်ပါသလော၊ သောတအား ရှေးရှုထင်ခြင်းသို့ ရောက်ပါသလော။ |
6,525 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿရှိသူအား ပြောဆိုမှုသည်၊ ဝေဒနာရှိသူအား ပြောဆိုမှုသည်၊ သညာရှိသူအားပြောဆိုမှုသည်၊ စေတနာရှိသူအား ပြောဆိုမှုသည်၊ စိတ်ရှိသူအား ပြောဆိုမှုသည် ရှိသည် မဟုတ်ပါလော။ |
6,526 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဖဿရှိသူအား ပြောဆိုမှုသည်။ |
6,527 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ရှိသူအား ပြောဆိုမှုသည် ရှိခဲ့ပါမူ “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,528 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်ပါသလော။ |
6,529 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဆင်ခြင်သူအား ပြောဆိုမှုသည်။ |
6,530 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ နှလုံးမသွင်းသူအား ပြောဆိုမှုသည်။ |
6,531 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုမတောင်းသူအား ပြောဆိုမှုသည် ရှိပါသလော။ |
6,532 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆင်ခြင်သူအား ပြောဆိုမှုသည်။ |
6,533 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ နှလုံးသွင်းသူအား ပြောဆိုမှုသည်။ |
6,534 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းသူအား ပြောဆိုမှုသည် ရှိသည် မဟုတ်ပါလော။ |
6,535 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဆင်ခြင်သူအား ပြောဆိုမှုသည်၊ နှလုံးသွင်းသူအား ပြောဆိုမှုသည်၊ ဆုတောင်းသူအား ပြောဆိုမှုသည် ရှိခဲ့ပါမူ “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,536 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပြောဆိုမှုသည် စိတ်ကြောင့် ဖြစ်သည် စိတ်နှင့်အတူ ဖြစ်သည် စိတ်နှင့်တကွ တူသော ဖြစ်ခြင်းရှိသည် မဟုတ်ပါလော။ |
6,537 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ပြောဆိုမှုသည် စိတ်ကြောင့် ဖြစ်ခဲ့ပါမူ စိတ်နှင့်အတူ ဖြစ်ခဲ့ပါမူ စိတ်နှင့် တကွ တူသော ဖြစ်ခြင်းရှိသည် ဖြစ်ခဲ့ပါမူ “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,538 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မပြောလိုသူသည် ပြောပါသလော၊ မဆိုလိုသူသည် ဆိုပါသလော၊ မခေါ်လိုသူသည် ခေါ်ပါသလော၊ မမြွက်ဆိုလိုသူသည် မြွက်ဆိုပါသလော။ |
6,539 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပြောလိုသူသည် ပြောသလော၊ ဆိုလိုသူသည် ဆိုသလော၊ ခေါ်လိုသူသည် ခေါ်သလော၊ မြွက်ဆိုလိုသူသည် မြွက်ဆိုပါသလော။ |
6,540 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ပြောလိုသူသည် ပြောခဲ့ပါမူ ဆိုလိုသူသည် ဆိုခဲ့ပါမူ ခေါ်လိုသူသည် ခေါ်ခဲ့ပါမူ မြွက်ဆိုလိုသူသည် မြွက်ဆိုခဲ့ပါမူ “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,541 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၅။ ပရဝါဒီ။ |
6,542 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်ပါသလော။ |
6,543 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အကြင်သူသည်) “အခြားစကားကို ပြောအံ့”ဟူ၍ အခြားစကားကို ပြော၏၊ “အခြား စကားကို ဆိုအံ့”ဟူ၍ အခြားစကားကို ဆို၏၊ “အခြားသူကို ခေါ်အံ့”ဟူ၍ အခြားသူကို ခေါ်၏၊ “အခြား စကားကို မြွက်ဆိုအံ့”ဟူ၍ အခြားစကားကို မြွက်ဆို၏၊ ထိုသူတစ်စုံတစ်ယောက် ရှိသည် မဟုတ်ပါလော။ |
6,544 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ (အကြင်သူသည်) “အခြားစကားကို ပြောအံ့”ဟူ၍ အခြားစကားကို ပြော၏။ |
6,545 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “အခြားစကားကို မြွက်ဆိုအံ့”ဟူ၍ အခြားစကားကို မြွက်ဆို၏၊ ထိုသူတစ်စုံတစ်ယောက်သည် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် “ပြောဆိုမှုသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ ဆိုသင့်၏။ |
6,546 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | န ယထာစိတ္တဿ ဝါစာတိကထာ ပြီး၏။ |
6,547 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်စုံတစ်ယောက်သောသူသည် အခြားတစ်ပါးသော စကားကို ပြောဆိုအံ့ဟု နှလုံးပြု၍ အခြားတစ်ပါးသော စကားကို ပြောဆိုမိ၏၊ ထို့ကြောင့် စကားသည် စိတ်အားလျော်စွာ ဖြစ်သည်မဟုတ်၊ စိတ်နှင့်ကင်း၍လည်း ဖြစ်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
6,548 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ထိုစကားကို ဖြစ်စေတတ်သောစိတ် မဖြစ်ခဲ့ပါမူ ထိုစကားပြောဆဲခဏ၌ ဖဿအစရှိသည်တို့ သည်လည်း မဖြစ်ကုန်ရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
6,549 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ‘ဝိတက္ကဝိပ္ဖါရမျှဖြစ်သော သဒ္ဒါစု ရှိခဲ့ပါမူ ဖဿာဒိဝိပ္ဖါရသဒ္ဒသည်လည်း ဖြစ်ရာ၏’ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
6,550 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ထိုသို့ သဘောရှိသောသုတ်ကို အမြွက်မျှ မတွေ့မြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက်ဖြေသည်။ |
6,551 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ တစ်ပါးသောစကားကို ပြောဆိုအံ့ဟု နှလုံးသွင်း၍ အခြားတစ်ပါးသောစကားကို ပြောဆိုသူသည်လည်း ပြောဆိုလိုသည်သာ မည်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
6,552 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၉၃) ၁၀-န ယထာစိတ္တဿ ကာယကမ္မန္တိကထာ၁ |
6,553 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၆။ သကဝါဒီ။ |
6,554 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကာယကံသည် စိတ်အားလျော်စွာ မဖြစ်ပါသလော။ |
6,555 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿမရှိသူအား ကာယကံသည်။ |
6,556 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်မရှိသူအား ကာယကံသည် ရှိပါသလော။ |
6,557 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿနှင့်တကွ ဖြစ်သူအား ကာယကံသည်။ |
6,558 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်နှင့်တကွ ဖြစ်သူအား ကာယ ကံသည် ရှိသည် မဟုတ်ပါလော။ |
6,559 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဖဿနှင့်တကွ ဖြစ်သူအား ကာယကံသည်။ |
6,560 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်နှင့်တကွ ဖြစ်သူအား ကာယကံသည် ရှိခဲ့ပါမူ “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,561 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယကံသည် စိတ်အားလျော်စွာ မဖြစ်ပါသလော။ |
6,562 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဆင်ခြင်သူအား ကာယကံသည်။ |
6,563 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုမတောင်းသူအား ကာယကံသည် ဖြစ်ပါသလော။ |
6,564 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆင်ခြင်သူအား ကာယကံသည်။ |
6,565 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းသူအား ကာယကံသည် ရှိသည် မဟုတ်ပါလော။ |
6,566 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဆင်ခြင်သူအား ကာယကံသည်။ |
6,567 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆုတောင်းသူအား ကာယကံသည် ရှိခဲ့ပါမူ “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,568 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယကံသည် စိတ်ကြောင့် ဖြစ်သည် စိတ်နှင့်တကွ ဖြစ်သည် စိတ်နှင့်တကွ တူသော ဖြစ်ခြင်းရှိသည် မဟုတ်ပါလော။ |
6,569 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ကာယကံသည် စိတ်ကြောင့် ဖြစ်သည် စိတ်နှင့်တကွ ဖြစ်သည် စိတ်နှင့် တကွ တူသော ဖြစ်ခြင်းရှိသည် ဖြစ်ခဲ့ပါမူ “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,570 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေ့သို့ မတက်လိုသူသည် ရှေ့သို့ တက်သလော၊ နောက်သို့ မဆုတ်လိုသူသည် နောက်သို့ ဆုတ်သလော၊ တည့်တည့် မကြည့်လိုသူသည် တည့်တည့် ကြည့်ပါသလော၊ တစောင်း မကြည့် လိုသူသည် တစောင်းကြည့်ပါသလော၊ မကွေးလိုသူသည် ကွေးပါသလော၊ မဆန့်လိုသူသည် ဆန့်ပါသလော။ |
6,571 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေ့သို့ တက်လိုသူသည် ရှေ့သို့ တက်သည် မဟုတ်ပါလော၊ နောက်သို့ ဆုတ်လို သူသည် နောက်သို့ ဆုတ်သည် မဟုတ်ပါလော၊ တည့်တည့် ကြည့်လိုသူသည် တည့်တည့်ကြည့်သည် မဟုတ်ပါလော၊ တစောင်းကြည့်လိုသူသည် တစောင်းကြည့်သည် မဟုတ်ပါလော၊ ကွေးလိုသူသည် ကွေးသည် မဟုတ်ပါလော၊ ဆန့်လိုသူသည် ဆန့်သည် မဟုတ်ပါလော။ |
6,572 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရှေ့သို့ တက်လိုသူသည် ရှေ့သို့ တက်ခဲ့ပါမူ။ |
6,573 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဆန့်လိုသူသည် ဆန့်ခဲ့ပါမူ “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်။ |
6,574 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၇။ ပရဝါဒီ။ |
6,575 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ မဆိုသင့်ပါသလော။ |
6,576 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အကြင်သူသည်) “အခြားအရပ်သို့ သွားအံ့”ဟူ၍ အခြားအရပ်သို့ သွား၏။ |
6,577 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “အခြားလက်ကို ဆန့်အံ့”ဟူ၍ အခြားလက်ကို ဆန့်၏၊ ထိုသူတစ်စုံတစ်ယောက်သည် ရှိသည် မဟုတ်ပါလော။ |
6,578 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ (အကြင်သူသည်) “အခြားအရပ်သို့ သွားအံ့”ဟူ၍ အခြားအရပ်သို့ သွား၏။ |
6,579 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ “အခြားလက်ကို ဆန့်အံ့”ဟူ၍ အခြားလက်ကို ဆန့်၏၊ ထိုသူတစ်စုံတစ်ယောက်သည် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် “ကာယကံသည် စိတ်အားလျော်စွာ မဖြစ်”ဟူ၍ ဆိုသင့်၏။ |
6,580 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | န ယထာစိတ္တဿ ကာယကမ္မန္တိကထာ ပြီး၏။ |
6,581 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ တစ်စုံတစ်ယောက်သောသူသည် တစ်ပါးသော အရပ်ကို သွားအံ့ဟု နှလုံးပြု၍ အခြားတစ်ပါးသောအရပ်သို့ သွား၏၊ ထို့ကြောင့် ကာယကံသည် စိတ်အားလျော်စွာ ဖြစ်သည်မဟုတ်၊ စိတ်နှင့်ကင်း၍လည်း ဖြစ်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်လျက် ဤကထာကို ဟောတော်မူသည်။ |
6,582 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၉၄) ၁၁-အတီတာနာဂတသမန္နာဂတကထာ၁ |
6,583 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၈။ သကဝါဒီ။ |
6,584 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အတိတ်တရားနှင့် ပြည့်စုံသူ ရှိပါသလော။ |
6,585 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တရားသည် ချုပ်ပြီးသည်၊ ကင်းပြီးသည်၊ ပျက်စီးပြီးသည်၊ ပျောက်ပြီးသည်၊ ကင်းပျောက်ပြီးသည် မဟုတ်ပါလော။ |
6,586 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အတိတ်တရားသည် ချုပ်ပြီးသည်၊ ကင်းပြီးသည်၊ ပျက်စီးပြီးသည်၊ ပျောက်ပြီးသည်၊ ကင်းပျောက်ပြီးသည် ဖြစ်ခဲ့ပါမူ “အတိတ်တရားနှင့် ပြည့်စုံသူ ရှိ၏”ဟူ၍ မဆိုသင့်။ |
6,587 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားနှင့် ပြည့်စုံသူ ရှိပါသလော။ |
6,588 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တရားသည် မဖြစ်သေးသည်၊ မပေါ်သေးသည်၊ ကောင်းစွာ မဖြစ်သေးသည်၊ မဖြစ်ပေါ်သေးသည်၊ အသစ်မဖြစ်သေးသည်၊ ထင်ရှား မဖြစ်သေးသည် မဟုတ်ပါလော။ |
6,589 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အနာဂတ်တရားသည် မဖြစ်သေးသည်၊ မပေါ်သေးသည်၊ ကောင်းစွာ မဖြစ်သေးသည်၊ မဖြစ်ပေါ်သေးသည်၊ အသစ် မဖြစ်သေးသည်၊ ထင်ရှား မဖြစ်သေးသည် ဖြစ်ခဲ့ပါမူ “အနာဂတ်တရားနှင့် ပြည့်စုံသူ ရှိ၏”ဟူ၍ မဆိုသင့်။ |
6,590 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၆၉။ သကဝါဒီ။ |
6,591 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အတိတ်ရူပက္ခန္ဓာနှင့် ပြည့်စုံသူ ရှိပါသလော၊ အနာဂတ်ရူပက္ခန္ဓာနှင့် ပြည့်စုံသူ ရှိပါသလော၊ ပစ္စုပ္ပန်ရူပက္ခန္ဓာနှင့် ပြည့်စုံသူ ရှိပါသလော။ |
6,592 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရူပက္ခန္ဓာသုံးမျိုးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,593 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ခန္ဓာငါးပါးတို့နှင့် ပြည့်စုံသူ၊ အနာဂတ်ခန္ဓာငါးပါးတို့နှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန် ခန္ဓာငါးပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,594 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခန္ဓာတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,595 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်စက္ခာယတနနှင့် ပြည့်စုံသူ၊ အနာဂတ်စက္ခာယတနနှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန် စက္ခာယတနနှင့် ပြည့်စုံသူ ရှိပါသလော။ |
6,596 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခာယတနသုံးမျိုးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,597 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်အာယတန တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ၊ အနာဂတ်အာယတန တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန်အာယတန တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,598 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာယတနသုံးဆယ့်ခြောက်ပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,599 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်စက္ခုဓာတ်နှင့် ပြည့်စုံသူ၊ အနာဂတ်စက္ခုဓာတ်နှင့် ပြည့်စုံသူ၊ ပစ္စုပ္ပန် စက္ခုဓာတ်နှင့် ပြည့်စုံသူ ရှိပါသလော။ |
6,600 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဓာတ် သုံးပါးတို့နှင့် ပြည့်စုံသူ ရှိပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.