id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
7,101 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တိဿောပိ အနုသယကထာ ပြီး၏။ |
7,102 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ပုထုဇဉ်ပုဂ္ဂိုလ်သည် ကုသိုလ်အဗျာကတစိတ် ဖြစ်လတ်သော်လည်း အနုသယနှင့်တကွ ဖြစ်၏ဟု ဆိုထိုက်၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ထိုကုသိုလ်အဗျာကတစိတ် ဖြစ်ဆဲခဏ၌ ရှိသော ကုသိုလ်အဗျာကတဟိတ်ဖြင့် အနုသယတို့သည် ဟိတ်ရှိသည် မဟုတ်ကုန်၊ ထိုကုသိုလ်အဗျာကတစိတ်နှင့် မယှဉ်ကြကုန်၊ ထို့ကြောင့် ထိုအနုသယတို့သည် အဗျာကတ အဟေတုက စိတ္တဝိပ္ပယုတ္တတို့ ဖြစ်ကုန်၏ဟု ... |
7,103 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၄။ သကဝါဒီ။ |
7,104 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ (မဂ်ဖြင့်) အဝိဇ္ဇာကင်းပြီး ဖြစ်၍ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် ‘ဉာဏ်ရှိသူ’ဟူ၍ မဆိုသင့်ပါသလော။ |
7,105 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရာဂကင်းလတ်သော် “ရာဂကင်းသူ”ဟူ၍ မဆိုသင့်ပါသလော၂။ |
7,106 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝိဇ္ဇာကင်းပြီး ဖြစ်၍ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် “ဉာဏ်ရှိသူ”ဟူ၍ မဆိုသင့်ပါသလော။ |
7,107 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒေါသကင်းလတ်သော်၊ မောဟကင်းလတ်သော်၊ ကိလေသာကင်းလတ်သော် “ကိလေသာ မရှိသူ”ဟူ၍ မဆိုသင့်ပါသလော။ |
7,108 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရာဂကင်းလတ်သော် “ရာဂကင်းသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,109 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝိဇ္ဇာကင်းပြီး ဖြစ်၍ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် “ဉာဏ်ရှိသူ”ဟူ၍ ဆိုသင့် ပါသလော။ |
7,110 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သကဝါဒီၤ။ ။ |
7,111 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒေါသကင်းလတ်သော်၊ မောဟကင်းလတ်သော်၊ ကိလေသာကင်းလတ်သော် “ကိလေသာ မရှိသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,112 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝိဇ္ဇာကင်းပြီး ဖြစ်၍ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် “ဉာဏ်ရှိသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,113 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၅။ ပရဝါဒီ။ |
7,114 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အဝိဇ္ဇာကင်းပြီး ဖြစ်၍ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် “ဉာဏ်ရှိသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,115 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ဉာဏ်ကြောင့် ဉာဏ်ရှိသူ၊ ချုပ်ပြီး, ကင်းပြီး, ငြိမ်းပြီးသော ဉာဏ်ကြောင့် ဉာဏ်ရှိသူ ဖြစ်ပါသလော။ |
7,116 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဂ်ဉာဏ်ဖြင့် (အဉာဏ) မောဟ ကင်းသော်လည်း တစ်ဖန် စက္ခုဝိညာဏ်စသည်တို့၏ အစွမ်းအားဖြင့် ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လတ်သော် ထိုမဂ်စိတ် မဖြစ်ပေါ်လာသောကြောင့် ဉာဏ်ရှိသူဟူ၍ မဆိုထိုက်ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
7,117 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဉာဏ်၏ ဆန့်ကျင်ဘက် မောဟကင်းလတ်သော် ဉာဏ်ရှိသူဟူ၍ ပညတ်မဖြစ်ခဲ့ပါမူ ရာဂစသည်တို့ ကင်းလတ်ကုန်သော် ရာဂကင်းသူစသော ပညတ်သည်လည်း မဖြစ်ရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
7,118 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ရာဂစသည်တို့ ကင်းလတ်ကုန်သော် ရာဂရှိသူစသည်၏ အဖြစ်၌ ယုတ္တိကို မမြင်ရကား ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,119 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ဉာဏ်ကို ရခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဉာဏ်ရှိသူဟု ဆိုခြင်းငှါ ထိုက်၏၊ ထို့ကြောင့် သကဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,120 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၁၀) ၅-ဉာဏံ စိတ္တဝိပ္ပယုတ္တန္တိကထာ၁ |
7,121 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၆။ သကဝါဒီ။ |
7,122 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဉာဏ်သည် စိတ်နှင့် မယှဉ်ပါသလော။ |
7,123 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ဉာဏ်သည်) ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။ |
7,124 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် စိတ်နှင့် မယှဉ်ပါသလော။ |
7,125 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာသည်၊ ပညိန္ဒြေသည်၊ ပညာဗိုလ်သည်၊ သမ္မာဒိဋ္ဌိသည်၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင်သည် စိတ်နှင့် မယှဉ်ပါသလော။ |
7,126 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာသည်၊ ပညိန္ဒြေသည်၊ ပညာဗိုလ်သည်၊ သမ္မာဒိဋ္ဌိသည်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် စိတ်နှင့် ယှဉ်ပါသလော။ |
7,127 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် စိတ်နှင့် ယှဉ်ပါသလော။ |
7,128 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ဉာဏ်သည်) အဘယ်ခန္ဓာ၌ အကျုံးဝင်ပါသနည်း။ |
7,129 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ခၤါရက္ခန္ဓာ၌ အကျုံးဝင်ပါသည်။ |
7,130 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်ပါလျက် စိတ်နှင့် မယှဉ်ပါသလော။ |
7,131 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်ပါလျက် စိတ်နှင့် မယှဉ်ပါသလော။ |
7,132 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ စိတ်နှင့် ယှဉ်ပါသလော။ |
7,133 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် သင်္ခါရက္ခန္ဓာ၌ အကံျုးဝင်သည် ဖြစ်၍ စိတ်နှင့် ယှဉ်ပါသလော။ |
7,134 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် သင်္ခါရက္ခန္ဓာ၌ အကံျုးဝင်သည် ဖြစ်ပါလျက် စိတ်နှင့် မယှဉ်မူ၍ ပညာသည် သင်္ခါရက္ခန္ဓာ၌ အကံျုးဝင်သည် ဖြစ်၍ စိတ်နှင့် ယှဉ်ပါသလော။ |
7,135 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ခါရက္ခန္ဓာသည် တစ်စိတ်တစ်ဒေသ စိတ်နှင့် ယှဉ်သည်ဖြစ်၍ တစ်စိတ်တစ်ဒေသ စိတ်နှင့် မယှဉ်ပါသလော။ |
7,136 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝေဒနာက္ခန္ဓာသည်၊ သညာက္ခန္ဓာသည် တစ်စိတ်တစ်ဒေသ စိတ်နှင့် ယှဉ်သည်ဖြစ်၍ တစ်စိတ်တစ်ဒေသ စိတ်နှင့် မယှဉ်ပါသလော။ |
7,137 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၇။ ပရဝါဒီ။ |
7,138 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဉာဏ်သည် စိတ်နှင့် မယှဉ်”ဟု မဆိုသင့်ပါသလော။ |
7,139 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်နှင့် ပြည်စုံသော ရဟန္တာသည် “ဉာဏ်ရှိသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,140 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် ထိုစက္ခုဝိညာဏ်စိတ်နှင့် ယှဉ်ပါသလော။ |
7,141 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ထို့ကြောင့်ပင် ဉာဏ်သည် စိတ်နှင့် မယှဉ်ပါ။ |
7,142 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဝိညာဏ်နှင့် ပြည့်စုံသော ရဟန္တာသည် “ပညာရှိသူ”ဟူ၍ ဆိုသင့်ပါသလော။ |
7,143 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ဆိုသင့်ပါ၏၃။ |
7,144 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာသည် ထိုစက္ခုဝိညာဏ်စိတ်နှင့် ယှဉ်ပါသလော။ |
7,145 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ပညာသည် စိတ်နှင့် မယှဉ်။ |
7,146 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏံ စိတ္တဝိပ္ပယုတ္တန္တိကထာ ပြီး၏။ |
7,147 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ စက္ခုဝိညာဏ်စသည်နှင့် ပြည့်စုံသူ ရဟန္တာပုဂ္ဂိုလ်ကို မိမိရသော မဂ်ဉာဏ်ကို ရည်ရွယ်၍ ဉာဏ်ရှိသူဟု ဆိုအပ်၏၊ ထိုရဟန္တာပုဂ္ဂိုလ်၏ ထိုဉာဏ်သည် ထိုစက္ခုဝိညာဏ်စသော စိတ်နှင့် သမ္ပယုတ် မဖြစ်၊ ထို့ကြောင့် ဉာဏ်သည် စိတ္တဝိပ္ပယုတ် မည်၏ဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဉာဏံ စိတ္တဝိပ္ပယုတ္တန္တိကထာကို ဟောတ... |
7,148 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဉာဏ်သည် စိတ္တဝိပ္ပယုတ္တ ဖြစ်ခဲ့ပါလျှင် စိတ္တဝိပ္ပယုတ္တဖြစ်သော ရုပ်စသည်တို့တွင် တစ်ပါးပါးဖြစ်ခဲ့ရာ၏ဟု စောဒနာလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
7,149 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ရသည်၏ အစွမ်းအားဖြင့် ထိုပညာရှိ ဖြစ်ခြင်းကို အလိုရှိရကား သကဝါဒီဆရာက ဝန်ခံသည်။ |
7,150 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၁၁) ၆-ဣဒံ ဒုက္ခန္တိကထာ၁ |
7,151 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၈။ သကဝါဒီ။ |
7,152 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲ တည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,153 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲဖြစ်ကြောင်းတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲဖြစ်ကြောင်းတည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,154 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲ တည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,155 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲချုပ်ရာတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲ ချုပ်ရာတည်း”ဟု အသိဉာဏ် ဖြစ်ပေါ်ပါသလော။ |
7,156 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် မဂ်တည်း”ဟု ပြောဆိုသူအား “ဤတရားသည် မဂ်တည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,157 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲဖြစ်ကြောင်းတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲဖြစ်ကြောင်းတည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,158 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲ တည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,159 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲချုပ်ရာတည်း”ဟု၊ “ဤတရားသည် မဂ်တည်း”ဟု ပြောဆိုသူအား “ဤတရားသည် မဂ်တည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,160 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲတည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,161 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၁၉။ သကဝါဒီ။ |
7,162 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရုပ်သည် မမြဲ”ဟု ပြောဆိုသူအား “ရုပ်သည် မမြဲ”ဟု အသိဉာဏ် ဖြစ်ပါသလော၄။ |
7,163 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲတည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,164 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် မမြဲ”ဟု ပြောဆို သူအား “ဝိညာဏ်သည် မမြဲ”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,165 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရုပ်သည် အနတ္တတည်း”ဟု ပြောဆိုသူအား “ရုပ်သည် အနတ္တတည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,166 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် အနတ္တတည်း”ဟု ပြောဆိုသူအား “ဝိညာဏ်သည် အနတ္တတည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,167 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရုပ်သည် မမြဲ”ဟု ပြောဆိုသူအား “ရုပ်သည် မမြဲ”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,168 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် မမြဲ”ဟု ပြောဆို သူအား “ဝိညာဏ်သည် မမြဲ”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,169 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဤတရားသည် ဆင်းရဲတည်း”ဟု ပြောဆိုသူအား “ဤတရားသည် ဆင်းရဲတည်း”ဟု အသိဉာဏ် ဖြစ်ပါသလော။ |
7,170 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရုပ်သည် အနတ္တတည်း”ဟု ပြောဆိုသူအား “ရုပ်သည် အနတ္တတည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,171 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် အနတ္တတည်း”ဟု ပြောဆိုသူအား “ဝိညာဏ်သည် အနတ္တတည်း”ဟု အသိဉာဏ် မဖြစ်ပါသလော။ |
7,172 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၀။ သကဝါဒီ။ |
7,173 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤ”ဟူ၍လည်းကောင်း၊ “ကား”ဟူ၍လည်းကောင်း၊ “ဆင်း”ဟူ၍လည်းကောင်း၊ “ရဲ”ဟူ၍လည်းကောင်း အသိဉာဏ် ဖြစ်ပါသလော၆။ |
7,174 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣဒံ ဒုက္ခန္တိကထာ ပြီး၏။ |
7,175 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ လောကုတ္တရာမဂ်ခဏ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ဤကား ဒုက္ခသစ္စာတည်းဟု နှုတ်မြွက်၏၊ ဤသို့ နှုတ်မြွက်သော ထိုပုဂ္ဂိုလ်အား ဤကား ဒုက္ခဟု အသိဉာဏ် ဖြစ်ပေါ်လာ၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
7,176 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ မဂ်ခဏ၌ ထိုသို့သောစကားကို ဆိုခြင်းကိုလည်းကောင်း၊ ဉာဏ်ဖြစ်ပေါ်လာခြင်းကို လည်းကောင်း ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။ |
7,177 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပရဝါဒီဆရာသည် ကြွင်းသော သစ္စာတို့နှင့်စပ်သော စကားကို ပုထုဇဉ်သည်သာ ပြောဆို၏၊ ထိုပုထုဇဉ်အားလည်း ထိုသို့ သဘောရှိသော ဉာဏ်ဖြစ်ပေါ်လာခြင်း မရှိဟု အလိုရှိ၏၊ ထို့ကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,178 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ဒုက္ခ၏ ပရိယာယ် ပြသည်၏ အစွမ်းဖြင့် သကဝါဒီက မေးသည်။ |
7,179 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီဆရာကား မိမိ၏ အယူဝါဒ၌ ထိုသို့သော ဝေါဟာရမျိုးကို မမြင်သောကြောင့် ပဋိက္ခေပပြု၍ ဖြေသည်။ |
7,180 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ ဒုက္ခ၌ အသိဉာဏ် ဖြစ်ခဲ့ပါမူ (အက္ခရာအလိုက်) လေးပါးသော ဉာဏ်တို့ ဖြစ်သင့်၏ဟု ပြခြင်းငှါ မေးသည်။ |
7,181 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ ပရဝါဒီဆရာကား ဤသို့ ဉာဏ်လေးမျိုး ဖြစ်ခြင်းကို အလိုမရှိသောကြောင့် ပဋိက္ခေပပြုလျက် ဖြေသည်။ |
7,182 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၁၂) ၇-ဣဒ္ဓိဗလကထာ၁ |
7,183 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၁။ သကဝါဒီ။ |
7,184 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ တန်ခိုးအားနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ပါသလော။ |
7,185 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် တည်နိုင်ပါ၏။ |
7,186 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုအသက်သည် တန်ခိုးကြောင့် ဖြစ်ပါသလော၊ ထိုဂတိသည် တန်ခိုးကြောင့် ဖြစ်ပါသလော၊ ထိုအတ္တဘောကို ရခြင်းသည် တန်ခိုးကြောင့် ဖြစ်ပါသလော၂။ |
7,187 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တန်ခိုးအားနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်ပါသလော။ |
7,188 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ကမ္ဘာပတ်လုံး တည်နိုင်ပါသလော၊ အနာဂတ်ကမ္ဘာပတ်လုံး တည်နိုင်ပါသလော၄။ |
7,189 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နှစ်ကမ္ဘာတို့ပတ်လုံး တည်နိုင်ပါသလော၊ သုံးကမ္ဘာတို့ပတ်လုံး တည်နိုင်ပါသလော၊ လေးကမ္ဘာတို့ပတ်လုံး တည်နိုင်ပါသလော၅။ |
7,190 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသက်ထင်ရှားရှိလတ်သော် ကြွင်းသော အသက်တို့ပတ်လုံး တည်နိုင်ရာသလော၊ အသက်ထင်ရှား မရှိလတ်သော် ကြွင်းသော အသက်တို့ပတ်လုံး တည်နိုင်ရာသလော။ |
7,191 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသက်ထင်ရှားရှိလတ်သော် ကြွင်းသော အသက်တို့ပတ်လုံး တည်နိုင်ရာ၏။ |
7,192 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အသက်ထင်ရှားရှိလတ်သော် ကြွင်းသော အသက်တို့ပတ်လုံး တည်နိုင်ခဲ့ပါမူ “တန်ခိုးအားနှင့် ပြည့်စုံသူသည် တစ်ကမ္ဘာပတ်လုံး တည်နိုင်၏”ဟူ၍ မဆိုသင့်။ |
7,193 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသက်ထင်ရှား မရှိလတ်သော် ကြွင်းသော အသက်တို့ပတ်လုံး တည်နိုင်ရာ၏ဟု (နှလုံးပြု၍) သေသူသည် တည်နိုင်ရာသလော၊ ကွယ်လွန်သူသည် တည်နိုင်ရာသလော။ |
7,194 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၂၂။ သကဝါဒီ။ |
7,195 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဖြစ်ပေါ်လာသော ဖဿသည် မချုပ်ပါစေလင့်”ဟူ၍ တန်ခိုးဖြင့် ချီးမြှောက်ခြင်းငှါ ရအပ်ပါသလော၆။ |
7,196 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဖြစ်ပေါ်လာသော ဝေဒနာသည်။ |
7,197 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော သညာသည်။ |
7,198 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ် လာသော စေတနာသည်။ |
7,199 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော စိတ်သည်။ |
7,200 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖြစ်ပေါ်လာသော သဒ္ဓါသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.