id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
8,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်တရားသည်လည်း အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုပစ္စည်းတရားသည် ထိုအာရမ္မဏ ပစ္စယုပ္ပန်တရားတို့အားသာ အနန္တရ သမနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်။ |
8,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ပစ္စယသတ္တိကို ပိုင်းခြား သတ်မှတ်အပ်၏ဟု အယူရှိသူ မဟာသံဃိကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာတို့ကို ဟောတော်မူသည်။ |
8,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၄၆) ၂-အညမညပစ္စယကထာ ၁ |
8,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၈။ သကဝါဒီ။ |
8,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်သာ သင်္ခါရတို့ ဖြစ်ကုန်၍ “သင်္ခါရဟူသော အကြောင်းကြောင့်လည်း အဝိဇ္ဇာ ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝိဇ္ဇာသည် သင်္ခါရနှင့် အတူတကွ ဖြစ်သည် မဟုတ်ပါလော။ |
8,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အဝိဇ္ဇာသည် သင်္ခါရနှင့် အတူတကွ ဖြစ်ခဲ့မူ ထို့ကြောင့် “အဝိဇ္ဇာဟူသော အကြောင်းကြောင့်လည်း သင်္ခါရတို့ ဖြစ်ကုန်၍ သင်္ခါရဟူသော အကြောင်းကြောင့်လည်း အဝိဇ္ဇာ ဖြစ်၏”ဟူ၍ ဆိုသင့်၏။ |
8,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တဏှာဟူသော အကြောင်းကြောင့်သာ ဥပါဒါန်သည် ဖြစ်၍ “ဥပါဒါန်ဟူသော အကြောင်းကြောင့်လည်း တဏှာသည် ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တဏှာသည် ဥပါဒါန်နှင့် အတူတကွ ဖြစ်သည် မဟုတ်ပါလော။ |
8,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ တဏှာသည် ဥပါဒါန်နှင့် အတူတကွ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “တဏှာဟူသော အကြောင်းကြောင့်လည်း ဥပါဒါန် ဖြစ်၍ ဥပါဒါန်ဟူသော အကြောင်းကြောင့်လည်းတဏှာ ဖြစ်၏”ဟူ၍ ဆိုသင့်၏။ |
8,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၉။ ပရဝါဒီ။ |
8,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ရဟန်းတို့ အိုမှုသေမှုဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေမှုသည် ဖြစ်၍ ပဋိသန္ဓေနေမှုဟူသော အကြောင်းကြောင့် ဘဝသည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
8,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၍ “သင်္ခါရဟူသော အကြောင်းကြောင့်လည်း အဝိဇ္ဇာသည် ဖြစ်၏”ဟူ၍ မဆိုသင့်၊ တဏှာဟူသော အကြောင်းကြောင့်သာ ဥပါဒါန် ဖြစ်၍ “ဥပါဒါန်ဟူသော အကြောင်းကြောင့်လည်း တဏှာ ဖြစ်၏”ဟူ၍ မဆိုသင့်။ |
8,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၍ နာမ်ရုပ်ဟူသော အကြောင်းကြောင့်လည်း ဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
8,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အဝိဇ္ဇာဟူသော အကြောင်းကြောင့်လည်း သင်္ခါရတို့ ဖြစ်ကုန်၍ သင်္ခါရဟူသော အကြောင်းကြောင့်လည်း အဝိဇ္ဇာသည် ဖြစ်၏၊ တဏှာဟူသော အကြောင်းကြောင့်လည်း ဥပါဒါန် ဖြစ်၍ ဥပါဒါန်ဟူသော အကြောင်းကြောင့်လည်း တဏှာသည် ဖြစ်၏။ |
8,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အညမညပစ္စယကထာ ပြီး၏။ |
8,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အဝိဇ္ဇာပစ္စယာ သင်္ခါရာဟူသော ပါဠိအစဉ်သာ ရှိ၏၊ သင်္ခါရ ပစ္စယာ အဝိဇ္ဇာဟူသော ပါဠိအစဉ်ကား မရှိ၊ ထို့ကြောင့် အဝိဇ္ဇာသည်သာလျှင် သင်္ခါရတို့၏ ပစ္စည်းအကြောင်းတရား ဖြစ်၏၊ သင်္ခါရတို့သည် အဝိဇ္ဇာ၏ အကြောင်းတရား မဟုတ်ကုန်ဟု အယူရှိသူ မဟာသံဃိကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤအညမညပစ္စယကထာကို ဟောတော်မူသည်။ |
8,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သင်္ခါရ၏ အရ အပုညာဘိသင်္ခါရကိုသာ ယူအပ်၏၊ ထို့ကြောင့် ‘သင်္ခါရပစ္စယာပိ အဝိဇ္ဇာ’ဟူရာ၌လည်း သဟဇာတ, အညမည, အတ္ထိ, အဝိဂတ, သမ္ပယုတ္တတို့၏ အစွမ်းအားဖြင့် ကျေးဇူးပြုသည်၏ အဖြစ်ကို သိလေ။ |
8,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၄၇) ၃- အဒ္ဓါကထာ၁ |
8,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၀။ သကဝါဒီ။ |
8,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကာလသည် (ကံစိတ်ဥတုအာဟာရဟူသော အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော။ |
8,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလသည် ရုပ်လော။ |
8,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလသည် ဝေဒနာလော။ |
8,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သညာလော။ |
8,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သင်္ခါရတို့လော။ |
8,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏ်လော။ |
8,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ကာလသည် (အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော။ |
8,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ကာလသည် ရုပ်လော။ |
8,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အတိတ်ကာလသည်) ဝေဒနာလော။ |
8,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်ကာလသည် (အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော။ |
8,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အနာဂတ်ကာလသည်) ရုပ်လော။ |
8,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အနာဂတ်ကာလသည်) ဝေဒနာလော။ |
8,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပာန်ကာလသည် (အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော။ |
8,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ပစ္စုပ္ပာန်ကာလသည်) ရုပ်လော။ |
8,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ပစ္စုပ္ပာန်ကာလသည်) ဝေဒနာလော။ |
8,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အတိတ်ဖြစ်သော ရုပ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် အတိတ်ကာလလော။ |
8,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်တို့သည် ကာလငါးမျိုးတို့လော။ |
8,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်ဖြစ်သော ရုပ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် အနာဂတ်ကာလလော။ |
8,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနာဂတ်တို့သည် ကာလငါးပါးတို့လော။ |
8,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပန်ဖြစ်သော ရုပ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် ပစ္စုပ္ပန်ကာလလော။ |
8,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စုပ္ပန်တို့သည် ကာလငါးပါးတို့လော။ |
8,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ခန္ဓာငါးပါးတို့သည် အတိတ်ကာလလော၊ အနာဂတ်ခန္ဓာငါးပါးတို့သည် အနာဂတ်ကာလလော၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့သည် ပစ္စုပ္ပန်ကာလလော။ |
8,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလတို့သည် တစ်ဆယ့်ငါးပါးတို့လော။ |
8,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ဖြစ်သော အာယတနတစ်ဆယ့်နှစ်ပါးတို့သည် အတိတ်ကာလလော၊ အနာဂတ် ဖြစ်သော အာယတနတစ်ဆယ့်နှစ်ပါးတို့သည် အနာဂတ်ကာလလော၊ ပစ္စုပ္ပန်ဖြစ်သော အာယတန တစ်ဆယ့်နှစ်ပါးတို့သည် ပစ္စုပ္ပန်ကာလလော။ |
8,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလတို့သည် သုံးဆယ့်ခြောက်ပါးတို့လော။ |
8,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အတိတ်ဖြစ်သော ဓာတ်တစ်ဆယ့်ရှစ်ပါးတို့သည် အတိတ်ကာလလော၊ အနာဂတ် ဖြစ်သော ဓာတ်တစ်ဆယ့်ရှစ်ပါးတို့သည် အနာဂတ်ကာလလော၊ ပစ္စုပ္ပန်ဖြစ်သော ဓာတ်တစ်ဆယ့်ရှစ်ပါးတို့သည် ပစ္စုပ္ပန်ကာလလော။ |
8,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလတို့သည် ငါးဆယ့်လေးပါးတို့လော။ |
8,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အတိတ်ဖြစ်သော ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့သည် အတိတ်ကာလလော၊ အနာဂတ်ဖြစ် သော ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့သည် အနာဂတ်ကာလလော၊ ပစ္စုပ္ပန်ဖြစ်သော ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့သည် ပစ္စုပ္ပန်ကာလလော။ |
8,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာလတို့သည် ခြောက်ဆယ့်ခြောက်ပါးတို့လော။ |
8,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၁။ ပရဝါဒီ။ |
8,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ကာလသည် (အကြောင်းလေးပါးတို့ဖြင့်) ပြီး၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ စကား၏ တည်ရာ ကထာဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ |
8,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ် သုံးပါးတို့နည်း၊ ရဟန်းတို့ အတိတ်ကာလကိုမူလည်း အကြောင်းပြု၍ ‘အတိတ်ကာလ၌ ဤသို့ ဖြစ်ခဲ့ပြီ’ဟု စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ အနာဂတ်ကာလကိုမူလည်း အကြောင်းပြု၍ ‘အနာဂတ်ကာလ၌ ဤသို့ ဖြစ်လတ္တံ့’ဟု စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ ပစ္စုပ္ပန်ကာလကိုမူလည်း အကြောင်းပြု၍ ‘ယခု ဤသို့ ဖြစ်ဆဲ ဖြစ်၏’ဟူ၍ စကားကို ပြောဆိုရာ၏။ |
8,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ ဤသုံးပါးတို့ကား စကား၏ တည်ရာ ကထာဝတ္ထုတို့ပေသည်း”။ |
8,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
8,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ကာလသည် (အကြောင်းလေးပါးတို့ဖြင့်) ပြီး၏။ |
8,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဒ္ဓါကထာ ပြီး၏။ |
8,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “တိဏိမာနိ ဘိက္ခဝေ ကထာဝတ္ထူနိ” ဟူသော သုတ္တန်ပါဠိကို အမှီပြု၍ အကြောင်းတို့ဖြင့် ပြီးသောကာလဟု ခေါ်ဆိုရသော အဓွန့်မည်သည် ရှိ၏ဟု အယူရှိသူတို့ကို ရည်ရွယ်၍ ဤအဒ္ဓါကထာကို ဟော်တော်မူသည်။ |
8,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၄၈) ၄- ခဏလယမုဟုတ္တကထာ |
8,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၂။ သကဝါဒီ။ |
8,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ခဏသည် အကြောင်းလေးပါးတို့ဖြင့် ပြီးပါသလော၊ လယသည် (ထို့အတူ) (အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော၊ မုဟုတ်သည်၁ (အကြောင်းလေးပါးတို့ဖြင့်) ပြီးပါသလော။ |
8,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (မုဟုတ်သည်) ရုပ်လော။ |
8,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (မုဟုတ်သည်) ဝေဒနာလော။ |
8,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သညာလော။ သင်္ခါရတို့လော။ |
8,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိညာဏ်လော။ |
8,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၃။ ပရဝါဒီ။ |
8,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “မုဟုတ်သည် အကြောင်းလေးပါးတို့ဖြင့် ပြီး၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ဤသုံးပါးတို့ကား စကား၏ တည်ရာ ကထာဝတ္ထုတို့ပေတည်း။ |
8,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ် သုံးပါးတို့နည်း၊ ရဟန်းတို့ အတိတ်ကာလကိုမူလည်း အကြောင်းပြု၍ ‘အတိတ်ကာလ၌ ဤသို့ ဖြစ်ခဲ့သည်’ဟု စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ အနာဂတ်ကာလကိုမူလည်း အကြောင်းပြု၍ ‘အနာဂတ်ကာလ၌ ဤသို့ ဖြစ်လတ္တံ့’ဟု စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလကို မူလည်း အကြောင်းပြု၍ ‘ယခုပစ္စုပ္ပန်ကာလ၌ ဤသို့ ဖြစ်ဆဲဖြစ်သည်’ဟု စကားကို ပြောဆ... |
8,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် မုဟုတ်သည် အကြောင်းလေးပါးဖြင့် ပြီး၏။ |
8,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ခဏလယမုဟုတ္တကထာ ပြီး၏။ |
8,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ လက်ဖျစ်ဆယ်ချက်အခါသည် တစ်ခဏ၊ ဆယ်ခဏသည် တစ်လယ၊ ဆယ်လယသည် ခဏလယတည်း၊ ထိုခဏ လယဆယ်ခုသည် တစ်မုဟုတ်တည်း။ |
8,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၄၉) ၅-အာသဝကထာ၁ |
8,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၄။ သကဝါဒီ။ |
8,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အာသဝလေးပါးတို့သည် အာသဝကင်းပါကုန်သလော။ |
8,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ကင်းပါကုန်၏။ |
8,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အာသဝလေးပါးတို့သည်) မဂ်လော၊ ဖိုလ်လော၊ နိဗ္ဗာန်လော၊ သောတာပတ္တိ မဂ်လော၊ သောတာပတ္တိဖိုလ်လော။ |
8,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၅။ ပရဝါဒီ။ |
8,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အာသဝလေးပါးတို့သည် အာသဝကင်းကုန်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်အာသဝတို့ဖြင့် ထိုအာသဝတို့သည် အာသဝတို့နှင့်တကွ ဖြစ်ကုန်၏၊ ထိုအာသဝတို့မှ တစ်ပါးသော အခြားအာသဝတို့ ရှိပါကုန်သလော။ |
8,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အာသဝလေးပါးတို့သည် အာသဝကင်းကုန်၏။ |
8,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာသဝကထာ ပြီး၏။ |
8,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အကြင်အာသဝမည်သော တရားဖြင့် အာသဝတရားလေးပါးတို့သည် အာသဝတို့နှင့်တကွ ဖြစ်ကုန်သော တရားတို့ ဖြစ်ကုန်ရာ၏၊ အာသဝတရားလေးပါးတို့ထက် အလွန် အခြားတစ်ပါးသော အာသဝမည်သော ထိုတရား မရှိ၊ ထို့ကြောင့် အာသဝတရားလေးပါးတို့သည် အာသဝကင်းသော တရားသာ ဖြစ်ကုန်၏ဟု အယူရှိသူ ဟေတုဝါဒဆရာတို့ကို ရည်ရွယ်၍ ဤအာသဝကထာကို ဟောတော်မူသည်။ |
8,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ အာသဝတို့သည် အာသဝကင်းသော တရားတို့ ဖြစ်ခဲ့ပါလျှင် မဂ်စသည်တို့၏ လက္ခဏာသို့ရောက်သည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၅၀) ၆- ဇရာမရဏကထာ၁ |
8,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၆။ သကဝါဒီ။ |
8,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ လောကုတ္တရာတရားတို့၏ အိုမှု သေမှုသည် လောကုတ္တရာလော။ |
8,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ( လောကုတ္တရာတရားတို့၏ အိုမှုသေမှုသည်) မဂ်လော၊ ဖိုလ်လော၊ နိဗ္ဗာန်လော၊ သောတာပတ္တိမဂ်လော၊ သောတာပတ္တိဖိုလ်လော။ |
8,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိမဂ်၏ အိုမှု သေမှုသည် သောတာပတ္တိမဂ်လော။ |
8,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိဖိုလ်၏ အိုမှု သေမှုသည် သောတာပတ္တိဖိုလ်လော။ |
8,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သကဒါဂါမိဖိုလ် ၏။ |
8,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနာဂါမိမဂ်၏။ |
8,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနာဂါမိ ဖိုလ်၏။ |
8,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အရဟတ္တမဂ်၏ အိုမှု သေမှုသည် အရဟတ္တမဂ်လော။ |
8,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တမဂ်၏ အိုမှု သေမှုသည် အရဟတ္တမဂ်လော။ |
8,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တဖိုလ်၏ အိုမှု သေမှုသည် အရဟတ္တဖိုလ်လော။ |
8,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတိပဌာန်တို့၏။ |
8,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မပ္ပဓာန်တို့၏၊ ဣဒ္ဓိပါဒ်တို့၏၊ ဣန္ဒြေတို့၏၊ ဖိုလ်တို့၏၊ ဗောဇ္ဈင်တို့၏ အိုမှု သေမှုသည် ဗောဇ္ဈင်လော။ |
8,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၂၇။ ပရဝါဒီ။ |
8,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ လောကုတ္တရာတရားတို့၏ အိုမှု သေမှုသည် လောကုတ္တရာတည်း”ဟူ၍ မဆိုသင့်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.