id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
8,001
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယာတို့၏ ရုပ်သည် အဗျာကတလော။
8,002
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယာတို့၏ ရုပ်သည် မဟာဘုတ်တို့ကို စွဲ၍ ဖြစ်ပါသလော။
8,003
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယာတို့၏ ရုပ်သည် အာသဝတို့၏ အာရုံမဟုတ်ပါသလော၊ သံယောဇဉ်တို့၏ အာရုံမဟုတ်ပါသလော၊ ဂန္ထတို့၏ အာရုံမဟုတ်ပါသလော၊ ဩဃတို့၏ အာရုံမဟုတ်ပါသလော၊ ယောဂတို့၏ အာရုံမဟုတ်ပါသလော၊ နီဝရဏတို့၏ အာရုံမဟုတ်ပါသလော၊ ပရာမာသတို့၏ အာရုံမဟုတ်ပါသလော၊ ဥပါဒါန်တို့၏ အာရုံ မဟုတ်ပါသလော၊ ကိလေသာတို့၏ အာရုံမဟုတ်ပါသလော။
8,004
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဟာဘုတ်တို့သည် အာသဝတို့၏ အာရုံမဟုတ်ပါကုန်သလော။
8,005
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိလေသာတို့၏ အာရုံ မဟုတ်ပါကုန်သလော။
8,006
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဟာဘုတ်တို့သည် အာသဝတို့၏ အာရုံဖြစ်ကုန်သလော၊ သံယောဇဉ်တို့၏ အာရုံ ဖြစ်ကုန်သလော။
8,007
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိလေသာတို့၏ အာရုံဖြစ်ကုန်သလော။
8,008
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ဟုတ်ပါကုန်၏။
8,009
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယာတို့၏ ရုပ်သည် အာသဝတို့၏ အာရုံဖြစ်ပါသလော၊ သံယောဇဉ်တို့၏ အာရုံ ဖြစ်ပါသလော။
8,010
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိလေသာတို့၏ အာရုံဖြစ်ပါသလော။
8,011
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆၉၉။ ပရဝါဒီ။
8,012
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “အရိယာတို့၏ ရုပ်သည် မဟာဘုတ်တို့ကို စွဲ၍ ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။
8,013
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ရဟန်းတို့ အလုံးစုံသော ရုပ်ဟူသည် မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို စွဲ၍ (ဖြစ်သော) ရုပ်သည်လည်းကောင်း (ဖြစ်၏)”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။
8,014
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် အရိယာတို့၏ ရုပ်သည် မဟာဘုတ်တို့ကို စွဲ၍ (ဖြစ်၏)။
8,015
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယရူပကထာ ပြီး၏။
8,016
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ သမ္မာဝါစာ သမ္မာကမ္မန္တတို့သည် ရုပ်ဖြစ်ကုန်၏၊ ထိုရုပ်သည်လည်း “သဗ္ဗံ ရူပံ စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ” ဟူ၍ ဆိုခြင်းကြောင့် ဥပါဒါရုပ်တည်းဟု အယူရှိကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤအရိယရူပကထာကို ဟောတော်မူသည်။
8,017
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဤပရဝါဒီ ဆောင်ပြသော သုတ်သည် မဟာဘုတ်တို့ကို ချန်ထား၍ ကြွင်းသော ရုပ်၏ ဥပါဒါရုပ်အဖြစ်ကိုသာ ပြသည်၊ သမ္မဝါစာ သမ္မာကမ္မန္တတို့၏ ဥပါဒါရုပ်အဖြစ်ကို မပြ၊ ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့၏ ရုပ်အဖြစ်မျှကိုပင် မပြီးစေ၊ ဥပါဒါရုပ်၏ အဖြစ်၌မူ အဘယ်မှာ ပြီးစေနိုင်အံ့နည်း၊ ထို့ကြောင့် သာဓက မထိုက်။
8,018
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၄၀) ၅-အညော အနုသယောတိကထာ၁
8,019
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၀၀။ သကဝါဒီ။
8,020
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ကာမရာဂအနုသယသည် တခြား ကာမရာဂသောင်းကျန်းမှုသည် တခြားလော။
8,021
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂသည် တခြား ကာမရာဂသောင်းကျန်းမှုသည် တခြားလော။
8,022
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုကာမရာဂသည်ပင် ထိုကာမရာဂသောင်းကျန်းမှုလော။
8,023
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုကာမရာဂအနုသယသည်ပင် ထိုကာမရာဂသောင်းကျန်းမှုလော။
8,024
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပဋိဃအနုသယသည် တခြား ပဋိဃသောင်းကျန်းမှုသည် တခြားလော။
8,025
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပဋိဃသည် တခြား ပဋိဃသောင်းကျန်းမှုသည် တခြားလော။
8,026
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုပဋိဃသည်ပင် ထိုပဋိဃသောင်းကျန်းမှုလော။
8,027
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုပဋိဃအနုသယသည်ပင် ထိုပဋိဃသောင်းကျန်းမှုလော။
8,028
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မာနအနုသယသည် တခြား မာနသောင်းကျန်းမှုသည် တခြားလော။
8,029
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မာနသည် တခြား မာနသောင်းကျန်းမှုသည် တခြားလော။
8,030
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုမာနသည် ထိုမာနသောင်းကျန်းမှုလော။
8,031
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုမာနအနုသယသည်ပင် ထိုမာနသောင်းကျန်းမှုလော။
8,032
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဒိဋ္ဌိအနုသယသည် တခြား ဒိဋ္ဌိသောင်းကျန်းမှုသည် တခြားလော။
8,033
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဒိဋ္ဌိသည် တခြား ဒိဋ္ဌိသောင်းကျန်းမှုသည် တခြားလော။
8,034
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဒိဋ္ဌိသည်ပင် ထိုဒိဋ္ဌိသောင်းကျန်းမှုလော။
8,035
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဒိဋ္ဌိအနုသယသည်ပင် ထိုဒိဋ္ဌိသောင်းကျန်းမှုလော။
8,036
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိစိကိစ္ဆာအနုသယသည် တခြား ဝိစိကိစ ္ဆာသောင်းကျန်းမှုသည် တခြားလော။
8,037
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိစိကိစ္ဆာသည် တခြား ဝိစိကိစ္ဆာသောင်းကျန်းမှုသည် တခြားလော။
8,038
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဝိစိကိစ္ဆာသည်ပင် ထိုဝိစိကိစ္ဆာသောင်းကျန်းမှုလော။
8,039
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဝိစိကိစ္ဆာအနုသယသည်ပင် ထိုဝိစိကိစ္ဆာသောင်းကျန်းမှုလော။
8,040
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘဝရာဂအနုသယသည် တခြားလော၊ ဘဝရာဂသောင်းကျန်းမှုသည် တခြားလော။
8,041
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘဝရာဂသည် တခြား ဘဝရာဂသောင်းကျန်းမှုသည် တခြားလော။
8,042
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဘဝရာဂသည်ပင် ထိုဘဝရာဂသောင်းကျန်းမှုလော။
8,043
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုဘဝရာဂအနုသယသည်ပင် ထိုဘဝရာဂသောင်းကျန်းမှုလော။
8,044
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဝိဇ္ဇာအနုသယသည် တခြား အဝိဇ္ဇာသောင်းကျန်းမှုသည် တခြားလော။
8,045
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဝိဇ္ဇာသည် တခြား အဝိဇ္ဇာသောင်းကျန်းမှုသည် တခြားလော။
8,046
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုအဝိဇ္ဇာသည်ပင် ထိုအဝိဇ္ဇာသောင်းကျန်းမှုလော။
8,047
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုအဝိဇ္ဇာအနုသယသည်ပင် ထိုအဝိဇ္ဇာသောင်းကျန်းမှုလော။
8,048
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“အနုသယသည် တခြား သောင်းကျန်းမှုသည် တခြား”ဟူ၍ မဆိုသင့်ပါသလော။
8,049
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပုထုဇဉ်သည် ကုသိုလ်အဗျာကတစိတ် ဖြစ်လတ်သော် “အနုသယရှိသူတည်း”ဟူ၍ ဆိုသင့်ပါသလော။
8,050
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ထကြွသောင်းကျန်းသူ”ဟူ၍ ဆိုသင့်ပါသလော။
8,051
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် အနုသယသည် တခြား သောင်းကျန်းမှုသည် တခြားတည်း။
8,052
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပုထုဇဉ်သည် ကုသိုလ်အဗျာကတစိတ်ဖြစ်လတ်သော် “ရာဂရှိသူတည်း”ဟူ၍ ဆိုသင့်ပါသလော။
8,053
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် ရာဂသည် တခြား ရာဂသောင်းကျန်းမှုသည် တခြားတည်း။
8,054
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အညော အနုသယောတိကထာ ပြီး၏။
8,055
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ပုထုဇဉ်သည် ကုသိုလ်အဗျာကတစိတ် ဖြစ်လတ်သော် အနုသယနှင့်တကွဖြစ်သူဟု ဆိုအပ်၏၊ ကိလေသာ ထိုးကျင့်ခံရသူဟူ၍ မဆိုထိုက်၊ ထို့ကြောင့် အနုသယသည် ပရိယုဋ္ဌာနမှ အခြားတစ်ပါးသာတည်း၊ ပရိယုဋ္ဌာနသည်လည်း အနုသယမှ အခြားတစ်ပါးသာတည်းဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
8,056
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ပရဝါဒီဆရာက ပြသော အမေးစကားသည် ထိုအချိန်အခါ၌ အနုသယကို မပယ်အပ်သေးသည်၏အဖြစ်ကြောင့် အနုသယဟု ဆိုအပ်သည်၏အဖြစ်ကိုလည်းကောင်း၊ ကိလေသာတို့ မဖြစ်သေးသည်၏အဖြစ်ကြောင့် ကိလေသာတို့ ထိုးကျင့် ခံရသူဟု မဆိုအပ်သည်၏အဖြစ်ကိုလည်းကောင်း ပြသည်။
8,057
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနုသယပရိယုဋ္ဌာနမှ တစ်ပါး ထိုတခြားတစ်ပါး၏အဖြစ်ကို ပြသည် မဟုတ်၊ ထို့ကြောင့် သာဓက မထိုက်။
8,058
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၄၁) ၆-ပရိယုဋ္ဌာနံ စိတ္တဝိပ္ပယုတ္တန္တိကထာ၁
8,059
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၀၂။ သကဝါဒီ။
8,060
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သောင်းကျန်းမှုသည် စိတ်နှင့် မယှဉ်ပါသလော။
8,061
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထကြွသောင်းကျန်းမှုသည် ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။
8,062
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သောင်းကျန်းမှုသည် စိတ်နှင့် မယှဉ်ပါသလော။
8,063
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရာဂနှင့် တကွဖြစ်သော စိတ်သည်၊ ဒေါသနှင့် တကွဖြစ်သော စိတ်သည်၊ မောဟနှင့် တကွဖြစ်သော စိတ်သည်။
8,064
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အကုသိုလ်စိတ်သည်၊ ညစ်နွမ်းသော ကိလေသာစိတ်သည် မရှိပါသလော။
8,065
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရာဂနှင့် တကွဖြစ်သော စိတ်သည်၊ ဒေါသနှင့် တကွဖြစ်သော စိတ်သည်၊ မောဟ နှင့်တကွ ဖြစ်သော စိတ်သည်။
8,066
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အကုသိုလ်စိတ်သည်၊ ညစ်နွမ်းသော ကိလေသာစိတ်သည် ရှိသည် မဟုတ်ပါလော။
8,067
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ရာဂနှင့် တကွဖြစ်သော စိတ်သည်၊ ဒေါသနှင့် တကွဖြစ်သော စိတ်သည်၊ မောဟနှင့် တကွဖြစ်သော စိတ်သည်။
8,068
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အကုသိုလ်စိတ်သည်၊ ညစ်နွမ်းသော ကိလေသာစိတ်သည် ရှိခဲ့မူ “ထကြွသောင်းကျန်းမှုသည် စိတ်နှင့် မယှဉ်”ဟူ၍ မဆိုသင့်။
8,069
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပရိယုဋ္ဌာနံ စိတ္တဝိပ္ပယုတ္တန္တိကထာ ပြီး၏။
8,070
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ အနိစ္စအ စရှိသောအားဖြင့် နှလုံးသွင်းသူအားလည်း ရာဂ စသည်တို့သည် ဖြစ်ကြကုန်၏။
8,071
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မှန်၏၊ ‘အိုဘာရဒွါဇ တစ်ရံတစ်ခါ အသုဘအားဖြင့် နှလုံးသွင်းအံ့ဟု နှလုံးပြုသော်လည်း သုဘအားဖြင့်သာလျှင် နှလုံးသွင်းမိ၏’ဟု ဟောအပ်သည်သာတည်း၊ ထို့ကြောင့် ပရိယုဋ္ဌာနသည် စိတ္တ ဝိပ္ပယုတ္တသာတည်းဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
8,072
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၄၂) ၇-ပရိယာပန္နကထာ၁
8,073
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၀၃။ သကဝါဒီ။
8,074
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ရူပရာဂသည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်ပါသလော။
8,075
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ရူပရာဂသည်) သမာပတ်ကို ရှာဖွေကြောင်းလော၊ ပဋိသန္ဓေကို ရှာဖွေကြောင်းလော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သလော၊ သမာပတ်ကို ရှာဖွေကြောင်းစိတ်နှင့် ပဋိသန္ဓေကို ရှာမှီးကြောင်း စိတ်နှင့် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော စိတ်နှင့် အတူ ဖြစ်ပါသလော၊ တကွဖြစ်ပါသလော၊ ရောနှောပါသလော၊ ယှဉ်ပါသလော၊ တူသောဖြစ်ခြင်း ရှိပါသလော၊ ...
8,076
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(ရူပရာဂသည်) သမာပတ်ကို ရှာဖွေကြောင်းမဟုတ်သည်၊ ပဋိသန္ဓေကို ရှာမှီးကြောင်း မဟုတ်သည်၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းမဟုတ်သည် ဖြစ်၍ သမာပတ်ကို ရှာဖွေ ကြောင်းမဟုတ်သော စိတ်နှင့် ပဋိသန္ဓေကို ရှာမှီးကြောင်းမဟုတ်သော စိတ်နှင့် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းမဟုတ်သော စိတ်နှင့် အတူဖြစ်သည်၊ တကွဖြစ်သည်၊ ရောနှောသည်၊ ယှဉ်သည်၊ တူသ...
8,077
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ရူပရာဂသည် သမာပတ်ကို ရှာဖွေကြောင်း မဟုတ်ခဲ့မူ ပဋိသန္ဓေကို ရှာဖွေကြောင်း မဟုတ်ခဲ့မူ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း မဟုတ်ခဲ့မူ။
8,078
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ တူသော အာရုံရှိသည် ဖြစ်ခဲ့မူ “ရူပရာဂသည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်၏”ဟု မဆိုသင့်။
8,079
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပဓာတ်သည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်ပါသလော။
8,080
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဒ္ဒရာဂသည် သဒ္ဒဓာတ်၌ ကိန်း၍ သဒ္ဒဓာတ်၌ အကျုံးဝင်ပါသလော။
8,081
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပရာဂသည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်ပါသလော။
8,082
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဂန္ဓရာဂသည်။
8,083
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ရသရာဂသည်။
8,084
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဖောဋ္ဌဗ္ဗရာဂသည် ဖောဋ္ဌဗ္ဗဓာတ်၌ ကိန်း၍ ဖောဋ္ဌဗ္ဗဓာတ်၌ အကျုံးဝင်ပါသလော။
8,085
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဒ္ဒရာဂသည် သဒ္ဒဓာတ်၌ ကိန်းသည် ဖြစ်လျက် “သဒ္ဒဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,086
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ရူပဓာတ်သည် ရူပဓာတ်၌ ကိန်းသည် ဖြစ်လျက် “ရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,087
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဖောဋ္ဌဗ္ဗရာဂသည် ဖောဋ္ဌဗ္ဗဓာတ်၌ ကိန်းသည် ဖြစ်လျက် “ဖောဋ္ဌဗ္ဗဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,088
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပရာဂသည် ရူပဓာတ်၌ ကိန်းသည် ဖြစ်လျက် “ရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,089
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၀၄။ သကဝါဒီ။
8,090
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရူပရာဂသည် အရူပဓာတ်၌ ကိန်းသည် ဖြစ်လျက် အရူပဓာတ်၌ အကျုံး ဝင်ပါသလော။
8,091
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(အရူပရာဂသည်) သမာပတ်ကို ရှာဖွေကြောင်းလော၊ ပဋိသန္ဓေကို ရှာဖွေကြောင်းလော၊ မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရကြောင်းလော၊ သမာပတ်ကို ရှာဖွေကြောင်းစိတ်နှင့် ပဋိသန္ဓေကို ရှာမှီးကြောင်းစိတ်နှင့် မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရကြောင်းဖြစ်သောစိတ်နှင့်အတူ ဖြစ်ပါသလော၊ တကွဖြစ်ပါသလော၊ ရောနှောပါသလော၊ ယှဉ်ပါသလော၊ တူသောဖြစ်ခြင်း ရှိပါသလော၊...
8,092
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(အရူပရာဂသည်) သမာပတ်ကို ရှာဖွေကြောင်း မဟုတ်သည်၊ ပဋိသန္ဓေကို ရှာမှီး ကြောင်း မဟုတ်သည်၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်း မဟုတ်သည်ဖြစ်၍ သမာပတ်ကို ရှာဖွေကြောင်း မဟုတ်သော စိတ်နှင့်။
8,093
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ တူသောအာရုံရှိသည် မဟုတ်ပါလော။
8,094
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အရူပရာဂသည် သမာပတ်ကို ရှာဖွေကြောင်း မဟုတ်သည် ပဋိသန္ဓေကို ရှာမှီးကြောင်း မဟုတ်သည်။
8,095
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ တူသောအာရုံရှိသည် ဖြစ်ခဲ့မူ “အရူပရာဂသည် အရူပဓာတ်၌ ကိန်း၍ အရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်။
8,096
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရူပရာဂသည် အရူပဓာတ်၌ ကိန်း၍ အရူပဓာတ်၌ အကျုံးဝင်ပါသလော။
8,097
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သဒ္ဒရာဂသည် သဒ္ဒဓာတ်၌ ကိန်းသည် ဖြစ်လျက် “သဒ္ဒဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,098
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရူပရာဂသည် အရူပဓာတ်၌ ကိန်းသည် ဖြစ်လျက် “အရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,099
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၀၅။ ပရဝါဒီ။
8,100
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ရူပရာဂသည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့် ပါသလော၊ “အရူပရာဂသည် အရူပဓာတ်၌ ကိန်း၍ အရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။