id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
8,101 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမရာဂသည် ကာမဓာတ်၌ ကိန်း၍ ကာမဓာတ်၌ အကျုံးဝင်သည် မဟုတ်ပါလော။ |
8,102 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ ကာမရာဂသည် ကာမဓာတ်၌ ကိန်း၍ ကာမဓာတ်၌ အကျုံးဝင်သည် ဖြစ်ခဲ့ပါမူ “ရူပရာဂသည် ရူပဓာတ်၌ ကိန်း၍ ရူပဓာတ်၌ အကျုံးဝင်၏၊ အရူပရာဂသည် အရူပဓာတ်၌ ကိန်း၍ အရူပဓာတ်၌ အကျုံးဝင်၏”ဟူ၍ ဆိုသင့်၏။ |
8,103 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပရိယာပန္နကထာ ပြီး၏။ |
8,104 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ကာမရာဂသည် ကာမဓာတ်၌ ကိန်း၍ ကာမဓာတ်၌ အကျုံးဝင်၏ဟူ၍လည်း ဆိုအပ်၏၊ ထို့ကြောင့် ရူပရာဂ အရူပရာဂတို့သည် ရူပဓာတ် အရူပဓာတ်တို့၌ ကိန်းကုန်၏၊ ရူပဓာတ် အရူပဓာတ်တို့၌ အကျုံးဝင်ကြသည် မည်ကုန်၏ဟု အယူရှိကြကုန်သော အန္ဓကနှင့် သမ္မိတိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤပရိယာပန္နကထာကို ဟောတော်မူသည်။ |
8,105 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၄၃) ၈-အဗျာကတ ကထာ၁ |
8,106 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၀၆။ သကဝါဒီ။ |
8,107 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဒိဋ္ဌိသည် အဗျာကတလော။ |
8,108 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိသည် ဝိပါက်အဗျာကတလော၊ ကိရိယာအဗျာကတလော၊ ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။ |
8,109 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိသည် အဗျာကတလော။ |
8,110 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိနှင့် ယှဉ်သော ဖဿသည် အဗျာကတလော။ |
8,111 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိနှင့် ယှဉ်သော ဝေဒနာသည်။ |
8,112 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စေတနာသည်။ |
8,113 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်သည် အဗျာကတလော။ |
8,114 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိနှင့် ယှဉ်သော ဖဿသည် အကုသိုလ်လော။ |
8,115 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိသည် အကုသိုလ်လော။ |
8,116 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်သည် အကုသိုလ်လော။ |
8,117 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၀၇။ သကဝါဒီ။ |
8,118 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒိဋ္ဌိသည် အကျိုး'ဖလ'မရှိပါသလော၊ အကျိုး'ဝိပါက်'မရှိပါသလော။ |
8,119 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဒိဋ္ဌိသည် အကျိုး'ဖလ'ရှိသည်၊ အကျိုး'ဝိပါက်'ရှိသည် မဟုတ်ပါလော။ |
8,120 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဒိဋ္ဌိသည် အကျိုး'ဖလ'ရှိသည်၊ အကျိုး ‘ဝိပါက်'ရှိသည် ဖြစ်ခဲ့မူ “ဒိဋ္ဌိသည် အဗျာကတဖြစ်၏”ဟူ၍ မဆိုသင့်။ |
8,121 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အပြစ်တို့သည် မိစ္ဆာဒိဋ္ဌိလျှင် အကြီးဆုံးဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ် ကုန်သည် မဟုတ်ပါလော။ |
8,122 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အပြစ်တို့သည် မိစ္ဆာဒိဋ္ဌိလျှင် အကြီးဆုံးဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်ခဲ့မူ “ဒိဋ္ဌိသည် အဗျာကတတည်း”ဟူ၍ မဆိုသင့်။ |
8,123 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝစ္ဆ မိစ္ဆာဒိဋ္ဌိသည် အကုသိုလ်တည်း၊ သမ္မာဒိဋ္ဌိသည် ကုသိုလ်တည်းဟု မြတ်စွာဘုရား ဟောတော်မူအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
8,124 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ဒိဋ္ဌိသည် အဗျာကတတည်း”ဟူ၍ မဆိုသင့်။ |
8,125 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ပုဏ္ဏ ငါဘုရားသည် မိစ္ဆာဒိဋ္ဌိရှိသူအား ငရဲကိုဖြစ်စေ၊ တိရစ္ဆာန်မျိုးကိုဖြစ်စေ လားရာ ဂတိနှစ်မျိုးတို့တွင် ဂတိတစ်မျိုးမျိုးကို ငါ ဆို၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
8,126 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၀၈။ ပရဝါဒီ။ |
8,127 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဒိဋ္ဌိသည် အဗျာကတတည်း”ဟူ၍ မဆိုသင့်ပါသလော။ |
8,128 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝစ္ဆ “လောကသည် မြဲ၏”ဟူသော ဤစကားကို မဆိုအပ်၊ ဝစ္ဆ “လောကသည် မမြဲ”ဟူသော ဤစကားကို မဆိုအပ်၊ ဝစ္ဆ “လောကသည် အဆုံးရှိ၏”ဟူသော ဤစကားကို မဆိုအပ်၊ ဝစ္ဆ “လောကသည် အဆုံးမရှိ”။ |
8,129 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”။ |
8,130 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “အသက်သည် တခြား ကိုယ်သည် တခြား”။ |
8,131 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”။ |
8,132 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”။ |
8,133 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်”။ |
8,134 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကို မဆိုအပ်ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
8,135 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ဒိဋ္ဌိသည် အဗျာကတတည်း။ |
8,136 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ မိစ္ဆာဒိဋ္ဌိရှိသော ယောကျ်ားပုဂ္ဂိုလ်၏ ဒိဋ္ဌိအားလျော်စွာ ယူအပ်သော ဆောက်တည်အပ်သော အကြင်ကာယကံသည်လည်းကောင်း၊ အကြင်ဝစီကံသည်လည်းကောင်း၊ အကြင် စေတနာသည်လည်းကောင်း၊ အကြင်တောင့်တမှုသည်လည်းကောင်း၊ အကြင်စိတ်ညွတ်မှုသည်လည်းကောင်း၊ အကြင်ပြုပြင်မှု ‘သင်္ခါရ'တို့သည်လည်းကောင်း ရှိကုန်၏။ |
8,137 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလုံးစုံသော ထိုတရားတို့သည် အလိုမရှိခြင်းငှါ မနှစ်သက်ခြင်းငှါ မမြတ်နိုးခြင်းငှါ အကျိုးစီးပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
8,138 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ဒိဋ္ဌိသည် အဗျာကတ”ဟူ၍ မဆိုသင့်။ |
8,139 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဗျာကတကထာပြီး၏။ |
8,140 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဝိပါက်, ကိရိယာ နာမက္ခန္ဓာ ရုပ် နိဗ္ဗာန်ဟု ဆိုအပ်သော အဗျာကတလေးပါးတို့ကို အကျိုးကို မဖြစ်စေတတ်သောကြောင့် အဗျာကတဟု ဟောတော်မူအပ်၏၊ ဒိဋ္ဌိစေတသိက်ကိုမူ ‘သဿတော လောကောတိ ခေါ ဝစ္ဆ အဗျာကတ မေတံ’ ဟူ၍ သဿတ စသည်၏ အဖြစ်ဖြင့် မဖြေဆိုအပ်သည်၏ အဖြစ်ကြောင့် အဗျာကတဟု ဟောတော်မူ၏၊ ဤသို့ ဝေဖန်မှုကို မယူမူ၍ ရှေးအဗျာကတလေးပါးကဲ့သို့ ဒိဋ္ဌိစေတသ... |
8,141 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၄၄) ၉-အပရိယာပန္နကထာ ၁ |
8,142 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၀၉။ သကဝါဒီ။ |
8,143 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဒိဋ္ဌိသည် ဝဋ်၌ အကျုံးမဝင်ပါသလော။ |
8,144 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် မဝင်ပါ။ |
8,145 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ဒိဋ္ဌိသည်) မဂ်လော၊ ဖိုလ်လော၊ နိဗ္ဗာန်လော၊ သောတာပတ္တိမဂ်လော၊ သောတာ ပတ္တိဖိုလ်လော၊ သကဒါဂါမိမဂ်လော၊ သကဒါဂါမိဖိုလ်လော၊ အနာဂါမိမဂ်လော၊ အနာဂါမိဖိုလ်လော၊ အရဟတ္တမဂ်လော၊ အရဟတ္တဖိုလ်လော၊ သတိပဌာန်လော၊ သမ္မပ္ပဓာန် ဣဒ္ဓိပါဒ် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်လော။ |
8,146 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၀။ ပရဝါဒီ။ |
8,147 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဒိဋ္ဌိသည် ဝဋ်၌ အကျုံးမဝင်”ဟူ၍ မဆိုသင့်ပါသလော။ |
8,148 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်သည် “ကာမဂုဏ်တို့၌ တပ်စွန်းမှု ‘ရာဂ’ ကင်းသူတည်း”ဟု ဆိုသင့်ပါသလော။ |
8,149 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဒိဋ္ဌိကင်းသူတည်း”ဟု ဆိုသင့်ပါသလော။ |
8,150 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ဒိဋ္ဌိသည် ဝဋ်၌ အကျုံးမဝင်ပါ။ |
8,151 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အပရိယာပန္နကထာ ပြီး၏။ |
8,152 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စုဒ္ဒသမဝဂ် ပြီး၏။ |
8,153 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ပုထုဇဉ်ဈာနလာဘီပုဂ္ဂိုလ်သည် ကာမတို့၌ တပ်မက်ခြင်းကင်းသူဟူ၍ ဆိုအပ်၏၊ ဒိဋ္ဌိကင်းသူဟူ၍ကား မဆိုအပ်။ |
8,154 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ဒိဋ္ဌိသည် ကာမဓာတ်၌ အကျုံးဝင်သော တရားဟူ၍ မဆိုအပ်ဟု အယူရှိသူ ပုဗ္ဗသေလိယဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤအပရိယာပန္နကထာကို ဟောတော်မူသည်။ |
8,155 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၅-ပန္နရသမဝဂ် |
8,156 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၄၅) ၁-ပစ္စယတာကထာ ၁ |
8,157 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၁။ သကဝါဒီ။ |
8,158 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပစ္စယသတ္တိကို ပိုင်းခြားသတ်မှတ်အပ်ပါသလော။ |
8,159 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပိုင်းခြားသတ်မှတ်အပ်ပါ၏။ |
8,160 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီမံသသည် အကြောင်း'ဟိတ်'ဖြစ်၍ ထိုအကြောင်း'ဟိတ်'သည်လည်း အဓိပတိဖြစ်သည် မဟုတ်ပါသလော။ |
8,161 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီမံသသည် အကြောင်း'ဟိတ်'ဖြစ်၍ ထိုအကြောင်း'ဟိတ်'သည်လည်း အဓိပတိဖြစ်ပါမူ ထိုအကြောင်းကြောင့် “ဟေတုပစ္စည်းဖြင့် ကျေးဇူးပြု၍ အဓိပတိပစ္စည်းဖြင့် ကျေးဇူး ပြု၏”ဟူ၍ ဆိုသင့်၏။ |
8,162 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆန္ဒာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်သည် မဟုတ်ပါလော။ |
8,163 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဆန္ဒာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,164 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၂။ သကဝါဒီ။ |
8,165 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်သည် မဟုတ်ပါလော။ |
8,166 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်ခဲ့ ပါမူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူး ပြု၏”ဟူ၍ ဆိုသင့်၏။ |
8,167 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး ‘အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်သည် မဟုတ်ပါလော။ |
8,168 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,169 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီး အမှူးသည်လည်း မဂ္ဂင် (ဖြစ်သည်) မဟုတ်ပါလော။ |
8,170 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ ဝီရိယာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း မဂ္ဂင်ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ မဂ္ဂပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,171 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၃။ သကဝါဒီ။ |
8,172 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်သည် မဟုတ်ပါလော။ |
8,173 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,174 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး ဖြစ်၍ ထိုအကြီးအမှူး ‘အဓိပတိ'သည်လည်း အကြောင်းအထောက်အပံ့ ‘အာဟာရ’ ဖြစ်သည် မဟုတ်ပါလော။ |
8,175 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း အကြောင်းအထောက်အပံ့ ‘အာဟာရ’ ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ အာဟာရပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,176 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီး အမှူး ‘အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်သည် မဟုတ်ပါလော။ |
8,177 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ စိတ္တာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,178 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၄။ သကဝါဒီ။ |
8,179 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်သည် မဟုတ်ပါလော။ |
8,180 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်ခဲ့မှု ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူပြု၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,181 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး"အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး ‘အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်သည် မဟုတ်ပါလော။ |
8,182 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း ဣန္ဒြေဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,183 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီး အမှူး ‘အဓိပတိ'သည်လည်း မဂ္ဂင်ဖြစ်သည် မဟုတ်ပါလော။ |
8,184 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဝီမံသာဓိပတိသည် သဟဇာတ်တရားတို့၏ အကြီးအမှူး'အဓိပတိ’ ဖြစ်၍ ထိုအကြီးအမှူး'အဓိပတိ'သည်လည်း မဂ္ဂင်ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ မဂ္ဂပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,185 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၅။ သကဝါဒီ။ |
8,186 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ'သည် အရိယာတရားကို အလေးအမြတ်ပြုသည် ဖြစ်၍ ထိုအရိယာတရားသည်လည်း အာရုံဖြစ်သည် မဟုတ်ပါလော။ |
8,187 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ'သည် အရိယာတရားကို အလေးအမြတ်ပြုသည် ဖြစ်၍ ထိုအရိယာတရားသည်လည်း အာရုံဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြု၍ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,188 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၆။ သကဝါဒီ။ |
8,189 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော ကုသိုလ်သည်လည်း အာသေဝနဖြစ်သည် မဟုတ်ပါလော။ |
8,190 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော ကုသိုလ်သည် လည်း အာသေဝနဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,191 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော အကုသိုလ်သည်လည်း အာသေဝန မဟုတ်ပါလော။ |
8,192 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော အကုသိုလ်သည်လည်း အာသေဝနဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ အာသေဝန ပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ဆိုသင့်၏။ |
8,193 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှေးရှေး၌ ဖြစ်ကုန်သော ကိရိယာဗျာကတတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကိရိယာဗျာကတတရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော ကိရိယာဗျာကတသည်လည်း အာသေဝနဖြစ်သည် မဟုတ်ပါလော။ |
8,194 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရှေးရှေး၌ ဖြစ်ကုန်သော ကိရိယာဗျာကတတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကိရိယာဗျာကတတရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ ထိုကျေးဇူးပြုသော ကိရိယာဗျာကတသည် အာသေဝနဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် “အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၍ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြု၏”ဟူ၍ ဆိုသင့်၏။ |
8,195 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၁၇။ ပရဝါဒီ။ |
8,196 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ပစ္စယသတ္တိကို ပိုင်းခြားသတ်မှတ်အပ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,197 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုသည် ဖြစ်ပါသလော၊ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုသည် ဖြစ်ပါသလော၊ အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုသည် ဖြစ်ပါသလော၊ သမနန္တရပစ္စည်းဖြင့် ကျေးဇူး ပြုသည် ဖြစ်ပါသလော။ |
8,198 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ပစ္စယသတ္တိကို ပိုင်းခြားသတ်မှတ်အပ်၏”။ |
8,199 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပစ္စယတာကထာ ပြီး၏။ |
8,200 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အကြင်တရားသည် ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုပစ္စည်းတရားသည် အကြင်ပစ္စယုပ္ပန်တရားတို့အား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုပစ္စယုပ္ပန်တရားတို့အားသာလျှင် အာရမ္မဏ အနန္တရ သမနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.