id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
8,801 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စေတီကို အရိုအသေ ပြုရာသလော။ |
8,802 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ပြုရာ၏။ |
8,803 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်သကဝါဒီ ရဟန္တာသည် စေတီကို အရိုအသေ ပြုခဲ့ပါမူ “ရဟန္တာအား ကောင်းမှုကို ဆည်းပူးခြင်းသည် မရှိ”ဟူ၍ မဆိုသင့်။ |
8,804 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆ အရဟတော ပုညူပစယောတိကထာ ပြီး၏။ |
8,805 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ရဟန္တာပုဂ္ဂိုလ်၏ အလှူပေးခြင်း မိမိဥစ္စာကို ခွဲခြမ်းဝေဖန်ခြင်း စေတီတော်ကို ရှိခိုးခြင်းစသော အမှုတို့ကို မြင်၍ ရဟန္တာပုဂ္ဂိုလ်အား ကုသိုလ်ကောင်းမှုကို ဆည်းပူးခြင်းသည် ရှိသေး၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
8,806 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ရဟန္တာမည်သည် ကုသိုလ် အကုသိုလ်ကို ပယ်စွန့်ပြီးဖြစ်၏၊ ကုသိုလ်ကို ပြုသည် ဖြစ်ဘိမူ အကုသိုလ်ကိုလည်း ပြုရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,807 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပါဏာတိပါတ စသော အမူအရာကို မတွေ့မြင်ရသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,808 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ရဟန္တာအား ဘဝဂါမိကံမျိုး မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,809 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ကိရိယာစိတ်ဖြင့် ပေးလှူမှုစသည် ဖြစ်သင့်သောကြောင့် သကဝါဒီက ဝန်ခံသည်။ |
8,810 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ ပရဝါဒီဆရာသည် စိတ်ကို မယူမူ၍ ကိရိယာဖြစ်ခြင်းမျှကို ပြသဖြင့်သာ မိမိအယူကို တည်စေ၏၊ သို့သော်လည်း မသင့်မတင့်သောအားဖြင့် တည်စေရကား မိမိဝါဒကို တည်စေသည် မမည်။ |
8,811 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၆၇) ၂-နတ္ထိ အရဟတော အကာလမစ္စူတိကထာ ၁ |
8,812 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၀။ သကဝါဒီ။ |
8,813 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန္တာအား သေချိန် မရောက်ဘဲ သေခြင်း မရှိပါသလော။ |
8,814 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာကို သတ်သောသူသည် မရှိပါသလော။ |
8,815 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာကို သတ်သောသူသည် ရှိပါသလော။ |
8,816 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာအား သေချိန် မရောက်ဘဲ သေခြင်းရှိပါသလော။ |
8,817 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာအား သေချိန် မရောက်ဘဲ သေခြင်း မရှိပါသလော။ |
8,818 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်သူသည် ရဟန္တာကို သတ်၏၊ ထိုသူသည် အသက်ရှင်သေးသည့် အသက် ကြွင်းရှိသေးသည့် ရဟန္တာကို သတ်ပါသလော၊ အသက်မရှင်သည့် အသက်ကြွင်းမရှိသည့် ရဟန္တာကို သတ်ပါသလော။ |
8,819 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသက်ရှင်သေးသည့် အသက်ကြွင်းရှိသေးသည့် ရဟန္တာကို သတ်၏။ |
8,820 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အသက်ရှင်သေးသည့် အသက်ကြွင်းရှိသေးသည့် ရဟန္တာကို သတ်ခဲ့ပါမူ “ရဟန္တာအား သေချိန်မရောက်ဘဲ သေခြင်း မရှိ”ဟူ၍ မဆိုသင့်။ |
8,821 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသက်မရှင်သည့် အသက်ကြွင်းမရှိသည့် ရဟန္တာကို သတ်၏ဟု နှလုံးပြု၍ ရဟန္တာကို သတ်သောသူသည် မရှိပါသလော။ |
8,822 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၁။ သကဝါဒီ။ |
8,823 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန္တာအား သေချိန် မရောက်ဘဲ သေရခြင်းသည် မရှိပါသလော။ |
8,824 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာ၏ ကိုယ်၌ အဆိပ် မတက်နိုင်ရာသလော၊ လက်နက် မထိခိုက်နိုင်ရာသလော၊ မီးမလောင်နိုင်ရာသလော။ |
8,825 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာ၏ ကိုယ်၌ အဆိပ် တက်နိုင်ရာသည်၊ လက်နက် ထိခိုက်နိုင်ရာသည်၊ မီးလောင်နိုင်ရာသည် မဟုတ်ပါလော။ |
8,826 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ ရဟန္တာ၏ကိုယ်၌ အဆိပ်တက်နိုင်ခဲ့ပါမူ လက်နက်ထိခိုက်နိုင်ခဲ့ပါမူ မီးလောင်နိုင်ခဲ့ပါမူ “ရဟန္တာအား သေချိန်မရောက်ဘဲ သေရခြင်းသည် မရှိ”ဟူ၍ မဆိုသင့်။ |
8,827 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန္တာ၏ ကိုယ်၌ အဆိပ် မတက်နိုင်ရာသလော၊ လက်နက် မထိခိုက်နိုင်ရာသလော၊ မီး မလောင်နိုင်ရာသလော။ |
8,828 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၂။ ပရဝါဒီ။ |
8,829 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန္တာအား သေချိန် မရောက်ဘဲ သေရခြင်းသည် ရှိပါသလော။ |
8,830 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ငါ (ဘုရား) သည် ကောင်းစွာ စေ့ဆော်မှုရှိကုန်သော ပြုအပ်ပြီးကုန်သော ဆည်းပူးအပ်ပြီးကုန်သော ကံတို့၏ အကျိုးကို မခံစားရမူ၍ ကင်းပျောက်သည်၏ အဖြစ်ကို ဟောတော် မမူ၊ အမှန်စင်စစ်သော်ကား ထိုကံကို မျက်မှောက်ဘဝ၌သာလျှင်လည်းကောင်း၊ နောက်ဘဝ၌လည်းကောင်း၊ အခြား အဆက်ဆက်သော ဘဝ၌လည်းကောင်း ခံစားရ၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠ... |
8,831 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ရဟန္တာအား သေချိန်မတန်ဘဲ သေခြင်းသည် မရှိ။ |
8,832 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နတ္ထိ အရဟတော အကာလမစ္စူတိကထာ ပြီး၏။ |
8,833 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “နာဟံ ဘိက္ခဝေ သဉ္စေတနိကာနံ ကမ္မာနံ ကတာနံ ဥပစိတာနံ အပ္ပဋိသံဝေဒိတွာ ဗျန္တိဘာဝံ ဝဒါမိ”ဟူသော သုတ်၏ အနက်ကို မသင့်သောအားဖြင့် ယူ၍ ရဟန္တာပုဂ္ဂိုလ်မည်သည် ကံအားလုံးတို့၏ အကျိုးဝိပါက်ကို ခံစားပြီးမှသာလျှင် ပရိနိဗ္ဗာန်ပြုသင့်၏၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်အား အကာလမရဏမည်သည် မရှိဟု အယူရှိသူ ရာဇဂိရိက သိဒ္ဓတ္ထိကဂိုဏ်းဝင်တို့ကို ရည်... |
8,834 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ရဟန္တာအား အကာလမရဏ မရှိခဲ့ပါလျှင် ‘အရဟန္တဃာတကကံ’ မည်သည် မရှိနိုင်ရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,835 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ရှေးကပြုခဲ့ဖူးသော ကံမကုန်သေးသမျှ ကာလပတ်လုံး အဆိပ်တက်ခြင်းစသည် မဖြစ်နိုင်ဟူသော အယူဖြင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,836 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၆၈) ၃-သဗ္ဗမိဒံ ကမ္မတောတိကထာ ၁ |
8,837 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၃။ သကဝါဒီ။ |
8,838 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဤကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသာဝဋ်အားလုံးသည် ကံကြောင့် ဖြစ်ပါသလော။ |
8,839 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကံသည်လည်း ကံကြောင့် ဖြစ်ပါသလော။ |
8,840 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤဝဋ်အားလုံးသည် ကံကြောင့် ဖြစ်ပါသလော။ |
8,841 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤဝဋ်အားလုံးသည် ရှေး၌ ပြုအပ်ပြီးသော ကံအကြောင်းကြောင့် ဖြစ်ပါသလော။ |
8,842 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤဝဋ်အားလုံးသည် ကံ၏ အကျိုးကြောင့် ဖြစ်ပါသလော။ |
8,843 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၄။ သကဝါဒီ။ |
8,844 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဤဝဋ်အားလုံးသည် ကံ၏ အကျိုးကြောင့် ဖြစ်ပါသလော။ |
8,845 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကံအကျိုး၏ ဝိပါက်ဖြင့် သူ့အသက်ကို သတ်ရာပါသလော။ |
8,846 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဩော် သတ်ရာပါ၏။ |
8,847 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အသက်ကို သတ်ခြင်းသည် အကျိုးရှိပါသလော။ |
8,848 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကံ၏ အကျိုး'ဝိပါက်'သည် အကျိုးရှိပါသလော။ |
8,849 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကံ၏ အကျိုး'ဝိပါက်'သည် အကျိုးမရှိပါသလော။ |
8,850 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူတစ်ပါးအသက်ကို သတ်ခြင်းသည် အကျိုးမရှိပါသလော။ |
8,851 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကံ၏ အကျိုး ‘ဝိပါက်’ ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူရာပါသလော။ |
8,852 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မုသား ပြောရာပါသလော၊ ဂုံးတိုက်စကားကို ပြောဆိုရာပါသလော၊ ကြမ်းတမ်းသော စကားကို ပြောဆိုရာပါသလော၊ အကျိုးမရှိသော စကားကို ပြောဆိုရာပါသလော၊ (အိမ်ခြံ) အစပ်ကို ဖောက်ဖြတ်ရာပါသလော၊ လုယက်အပ်သော ပစ္စည်းကို ဆောင်ယူရာပါသလော၊ တစ်အိမ်၌ တိုက်ခိုက်မှုကို ပြုရာပါသလော၊ (လုယက်တိုက်ခိုက်ရန်) လမ်းခရီး၌ တည်ရာပါသလော၊ သူတစ်ပါးမယားကို သွားလာ (လွ... |
8,853 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးပစ္စည်းသည် အကျိုးရှိပါသလော။ |
8,854 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကံ၏ အကျိုး ‘ဝိပါက်'သည် အကျိုးရှိပါသလော။ |
8,855 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကံ၏ အကျိုး ‘ဝိပါက်'သည် အကျိုး မရှိပါသလော။ |
8,856 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူနာ၏အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေးပစ္စည်းသည် အကျိုး မရှိပါသလော။ |
8,857 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၅။ ပရဝါဒီ။ |
8,858 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဤဝဋ်အားလုံးသည် ကံကြောင့် ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,859 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ ‘သွားနေသော ရထား၏ နပန်းစွန်းကဲ့သို့’ သတ္တဝါတို့ကို ကံသည် ဖွဲ့စပ်ကုန်၏။ |
8,860 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (သတ္တဝါသည်) ကံကြောင့် ကျော်စောခြင်းကိုလည်းကောင်း၊ ချီးကျူးခြင်းကိုလည်းကောင်း၊ ကံကြောင့်ဆုံးရှုံးခြင်းကို လည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း ရ၏။ |
8,861 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အထူးထူး ပြုတတ်သော ထိုကံကို သိလတ်သော်လောက၌ ကံသည် မရှိဟူ၍ အဘယ့်ကြောင့် ပြောဆိုရာအံ့နည်း”။ |
8,862 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
8,863 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ဤဝဋ်အားလုံးသည် ကံကြောင့် ဖြစ်၏။ |
8,864 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သဗ္ဗမိဒံ ကမ္မတောတိကထာ ပြီး၏။ |
8,865 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ကမ္မုနာ ဝတ္တတိလောကော”ဟူသော သုတ်ကို အမှီပြု၍ ဤကမ္မဝဋ်၊ ကိလေသာဝဋ်၊ ဝိပါကဝဋ် အားလုံးသည် ကံကြောင့်သာ ဖြစ်၏ဟု အယူရှိသူ ရာဇဂိရိကနှင့် သိဒ္ဓတ္ထိကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
8,866 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဤဝဋ်အားလုံးသည် ကံကြောင့်သာ ဖြစ်ခဲ့ပါမူ ကံသည်လည်း ကံကြောင့်ဖြစ်၏ဟူသော အနက်ရောက်၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,867 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ကံသည် ကံကြောင့် ဖြစ်ခဲ့မူ ထိုကံသည် ဝိပါက်သာ ဖြစ်ရာ၏ဟူသော အလိုဖြင့် စောဒနာလိုသဖြင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
8,868 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ဤဝဋ်အားလုံးသည် ကံကြောင့်ဖြစ်ခဲ့မူ ရှေး၌ ပြုအပ်ပြီးသော ကံအကြောင်းကြောင့်သာ ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,869 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပုဗ္ဗေကတဟေတုဝါဒသို့ ရောက်အံ့သည်မှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
8,870 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ ဤဝဋ်အားလုံးသည် ကံကြောင့်သာ ဖြစ်ပါမူ အတိတ်ဘဝ၌ ဖြစ်သော ဝဋ်၏ အကြောင်းဖြစ်သော ကံသည်လည်း အတိတ်၏ ရှေးအတိတ်ဘဝ၌ ကံကြောင့် ဖြစ်ရာ၏၊ ထို့ကြောင့် ကံ၏ အကျိုးဝိပါက်ဖြစ်၍ ပြည်စုံရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,871 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ ပရဝါဒီဆရာကား မျိုးစေ့ကြောင့် အညွန့်ဖြစ်သကဲ့သို့ ကံကြောင့် ဖြစ်သည်ကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,872 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈။ တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် ရှေးမျိုးစေ့ကြောင့် နောက်မျိုးစေ့ဖြစ်သကဲ့သို့ ထိုကံ၏လည်း ရှေးကံကြောင့် ဖြစ်၏ဟု ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
8,873 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉။ ဝဋ်အားလုံးသည် ကံ၏ အကျိုးဝိပါက်ကြောင့် ဖြစ်ခဲ့ပါမူ ပါဏာတိပါတ အစရှိသည် တို့ကိုလည်း ကံ၏အကျိုး ဝိပါက်ဖြင့်ပင် ပြုရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,874 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၀။ ဒုဿီလျစေတနာသည်လည်း ရှေးကံကြောင့် ဖြစ်ရကား နည်းပရိယာယ်တစ်မျိုးအားဖြင့် ဝိပါက်ပင် ဖြစ်ရာ၏ဟူသော အယူဖြင့် ဝန်ခံ၏။ |
8,875 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၁။ ပါဏာတိပါတသည် ကံ၏ အကျိုးဝိပါက်ကြောင့် ဖြစ်ခဲ့ပါမူ ပါဏာတိပါတကဲ့သို့ ဝိပါက်သည်လည်း အကျိုးရှိ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
8,876 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၂။ ပရဝါဒီဆရာကား ပါဏာတိပါတ၏ ငရဲ၌ ဖြစ်စေတတ်သည် စသည်တို့ကြောင့် အကျိုးရှိသည်၏ အဖြစ်ကိုမြင်၍ ဝန်ခံသည်။ |
8,877 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၃။ ဤမည်သော အရာသည် ကံ၏ အကျိုးဝိပါက်၏ အကျိုးတည်းဟု ဆိုသောအရာဌာနကို မတွေ့မြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
8,878 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၄။ ဒေယျဓမ္မ၏ အစွမ်းအားဖြင့် ဒါန၏ အကျိုးကို ဟောသည်။ |
8,879 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁၅။ ပရဝါဒီ ဆောင်သောသုတ်သည် ‘ကံသည် မရှိ’ဟု အယူရှိသူ၏ အဖြစ်ကို ပယ်၍ ‘ကံသည် ရှိ၏’ဟု အယူရှိသူ၏ အဖြစ်ကိုသာ ပြသည်၊ အလုံးစုံသော ဝဋ်၏ ကံကြောင့် ဖြစ်သည်ကို မပြ၊ ထို့ကြောင့် သာဓက မထိုက်။ |
8,880 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၆၉) ၄-ဣန္ဒြိယဗဒ္ဓကထာ၁ |
8,881 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၆။ သကဝါဒီ။ |
8,882 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဣန္ဒြေနှင့် စပ်သော တရားသည်သာလျှင် ဆင်းရဲ ‘ဒုက္ခ’ မည်ပါသလော။ |
8,883 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် စပ်သော တရားသည်သာလျှင် အနိစ္စမည်ပါသလော၊ ပြုပြင်အပ်ပါသလော၊ အကြောင်းကို စွဲ၍ ဖြစ်ပါသလော၊ ကုန်ခန်းခြင်းသဘောရှိပါသလော၊ ပျက်စီးခြင်းသဘော ရှိပါသလော၊ ကင်းပြတ်ခြင်းသဘောရှိပါသလော၊ ချုပ်ငြိမ်းခြင်းသဘောရှိပါသလော၊ ဖောက်ပြန်ခြင်းသဘော ရှိပါသလော။ |
8,884 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် မစပ်သောတရားသည် မမြဲသည် ပြုပြင်အပ်သည် အကြောင်းကို စွဲ၍ ဖြစ်သည် ကုန်ခန်းခြင်းသဘောရှိသည် ပျက်စီးခြင်းသဘောရှိသည် ကင်းပြတ်ခြင်းသဘောရှိသည် ချုပ်ခြင်း သဘောရှိသည် ဖောက်ပြန်ခြင်းသဘောရှိသည် မဟုတ်ပါလော။ |
8,885 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဣန္ဒြေနှင့် မစပ်သောတရားသည် မမြဲသည် ပြုပြင်အပ်သည် အကြောင်းကို စွဲ၍ ဖြစ်သည် ကုန်ခန်းခြင်းသဘောရှိသည် ပျက်စီးခြင်းသဘောရှိသည် ကင်းပြတ်ခြင်း သဘောရှိသည် ချုပ်ခြင်းသဘောရှိသည် ဖောက်ပြန်ခြင်းသဘောရှိသည် မဖြစ်ခဲ့မူ “ဣန္ဒြေနှင့် စပ်သော တရားသည်သာလျှင် ဆင်းရဲ ‘ဒုက္ခ’ မည်၏”ဟူ၍ မဆိုသင့်။ |
8,886 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် မစပ်သော တရားသည် အနိစ္စမည်သည် ပြုပြင်အပ်သည် အကြောင်းကို စွဲ၍ ဖြစ်သည်။ |
8,887 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ခြင်းသဘောရှိသည် ဖြစ်လျက် ထိုဣန္ဒြေနှင့် မစပ်သော တရားသည်လည်း ဆင်းရဲ ‘ဒုက္ခ’ မမည်သလော။ |
8,888 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် စပ်သော တရားသည် မမြဲသည် ပြုပြင်အပ်သည်။ |
8,889 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ခြင်း သဘောရှိသည် ဖြစ်ပါလျက် ထိုဣန္ဒြေနှင့် စပ်သောတရားသည်လည်း ဆင်းရဲ ‘ဒုက္ခ’ မမည်သလော။ |
8,890 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ခြင်း သဘောရှိသည် ဖြစ်ပါလျက် ထိုဣန္ဒြေနှင့် စပ်သော တရားသည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်သလော။ |
8,891 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် မစပ်သော တရားသည် မမြဲသည် ပြုပြင်အပ်သည်။ |
8,892 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ခြင်း သဘောရှိသည် ဖြစ်ပါလျက် ထိုဣန္ဒြေနှင့် မစပ်သော တရားသည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်သလော။ |
8,893 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၇။ သကဝါဒီ။ |
8,894 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဣန္ဒြေနှင့် စပ်သော တရားသည်သာ ဆင်းရဲ ‘ဒုက္ခ’ မည်သလော။ |
8,895 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အကြင်သဘောတရားသည် မမြဲ၊ ထိုမမြဲသော သဘောတရားသည် ဆင်းရဲ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ဣန္ဒြေနှင့် မစပ်သော တရားသည် အနိစ္စမည်သည် မဟုတ်ပါလော။ |
8,896 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရားသည် ဆင်းရဲ၏ဟု မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ဣန္ဒြေနှင့် မစပ်သော တရားသည် မမြဲသည် ဖြစ်ခဲ့ပါမူ “ဣန္ဒြေနှင့်စပ်သော တရားသည်သာ ဆင်းရဲ ‘ဒုက္ခ’ မည်၏”ဟူ၍ မဆိုသင့်။ |
8,897 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၈၈။ ပရဝါဒီ။ |
8,898 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဣန္ဒြေနှင့် စပ်သော တရားသည်သာ ဆင်းရဲ၏”ဟူ၍ မဆိုသင့်ပါသလော။ |
8,899 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် စပ်သော ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသကဲ့သို့ ထို့အတူ ဣန္ဒြေနှင့် မစပ်သော ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးပါသလော။ |
8,900 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဣန္ဒြေနှင့် စပ်သော ဆင်းရဲကို ပိုင်းခြား၍ သိအပ်သော် တစ်ဖန် မဖြစ်သကဲ့သို့ ဤအတူ ဣန္ဒြေနှင့် မစပ်သော ဆင်းရဲကို ပိုင်းခြား၍ သိအပ်သော် တစ်ဖန် မဖြစ်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.