id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
9,001 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ သံဃာသည် အကယ်၍ မသောက်ခဲ့ပါလျှင် မြတ်စွာဘုရားသည် အဘယ်သူအား အဖျော်ရှစ်ပါးတို့ကို ခွင့်ပြုခဲ့ပါသနည်းဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,002 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၇၄) ၉-န ဝတ္တဗ္ဗံ။ |
9,003 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မဟပ္ဖလန္တိကထာ၁ |
9,004 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၉၇။ သကဝါဒီ။ |
9,005 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သံဃာအား လှူအပ်သော အလှူသည် များသော အကျိုးရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,006 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သံဃာသည် အဝေးမှ ဆောင်ယူအပ်သော ဝတ္ထုကို ခံယူထိုက်သည် ဧည့်သည် အတွက် ထားအပ်သော ပစ္စည်းကို ခံယူထိုက်သည် မြတ်သောအလှူကို ခံယူထိုက်သည် လက်အုပ်ချီမှုကို ခံယူထိုက်သည် လူအပေါင်းတို့၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သည် မဟုတ်ပါလော။ |
9,007 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သံဃာသည် အဝေးမှ ဆောင်ယူအပ်သော ဝတ္ထုကို ခံယူထိုက်သည်။ |
9,008 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ လူအပေါင်း၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ခဲ့မူ ထို့ကြောင့် “သံဃာအား ပေးလှူအပ်သော အလှူသည် များသော အကျိုးရှိ၏”ဟူ၍ ဆိုသင့်၏။ |
9,009 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သံဃာအား လှူအပ်သော အလှူသည် များသော အကျိုးရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,010 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ယောကျ်ားမြတ်တို့သည် မြတ်သော အလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။ |
9,011 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ဟောအပ်ပါကုန်၏။ |
9,012 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ယောကျ်ား မြတ်တို့သည် မြတ်သောအလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရားဟောအပ်ခဲ့ပါကုန်မူ ထို့ကြောင့် “သံဃာအား လှူအပ်သော အလှူသည် များသော အကျိုးရှိ၏”ဟူ၍ ဆိုသင့်၏။ |
9,013 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၉၈။ သကဝါဒီ။ |
9,014 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဂေါတမီ သင်သည် သံဃာအား လှူလော၊ သံဃာအား လှူအပ်သော် သင်သည် ငါ (ဘုရား) ကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း ပူဇော်အပ်ပြီး ဖြစ်လတ္တံ့”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,015 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် သံဃာအား လှူအပ်သော အလှူသည် များသော အကျိုးရှိ၏။ |
9,016 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သံဃာအား လှူအပ်သော အလှူသည် များသော အကျိုးရှိ၏”ဟူ၍ မဆိုသင့် ပါသလော။ |
9,017 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အဘယ်ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် ပူဇော်ကြ ကုန်သော ကောင်းမှုကို အလိုရှိကုန်သော ဥပဓိအကျိုးရှိသည့် ကောင်းမှုကို ပြုလုပ်ကုန်သော လူသတ္တဝါတို့အား များမြတ်သော အကျိုးရှိပါသနည်း”။ |
9,018 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသို့ နတ်တို့ကို အစိုးရသော သိကြားမင်းသည် မြတ်စွာဘုရားအား လျှောက်၏။ |
9,019 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သိကြားမင်း ကျင့်ဆဲဖြစ်သော မဂ်ပုဂ္ဂိုလ်လေးဦးတို့သည်လည်းကောင်း၊ ဖိုလ်၌ တည်သောပုဂ္ဂိုလ်လေးဦးတို့သည်လည်းကောင်း (ရှိကုန်၏)။ |
9,020 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤ (ရှစ်ပါးသော) သံဃာတော်သည် ဖြောင့်မတ်သည် ဖြစ်၍ ဖြစ်ပေ၏။ |
9,021 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပညာ အကျင့်သီလ သမာဓိ နှင့် ပြည့်စုံပေ၏။ |
9,022 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသံဃာ၌ ပေးလှူအပ်သော အလှူသည် ပူဇော်ကုန်သော ကောင်းမှုကို အလိုရှိကုန်သော ဥပဓိအကျိုးရှိသည့် ကောင်းမှုကို ပြုလုပ်ကုန်သော လူသတ္တဝါတို့အား များမြတ်သော အကျိုးရှိ၏”။ |
9,023 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသို့ မြတ်စွာဘုရား မိန့်တော်မူ၏။ |
9,024 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မှန်၏၊ ဤသံဃာသည် ပြန့်ပြောသည် (ဖြစ်၍) မြင့်မြတ်ခြင်းသို့ ရောက်ပေ၏၊ ဤသံဃာကို ရေ၏တည်ရာ သမုဒ္ဒရာနှင့်အတူ နှိုင်းယှဉ်အပ်ပေ၏၊ ဤဂုဏ်တို့ကြောင့် မြတ်ကုန်သော အရောင်အလင်းကို ပြုတတ်ကုန်သော ဘုရားမြတ်၏ တပည့်သားတို့သည် တရားကို ဟောကြကုန်၏။ |
9,025 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်သူတို့သည် သံဃာကို ရည်မှန်း၍ အလှူ'ဒါန'ကို ပေးလှူကုန်၏၊ ထို သူတို့သည် အလှူ'ဒါန’ ကို ကောင်းစွာ ပေးလှူအပ်သည် မည်၏၊ ကောင်းစွာ ပူဇော်အပ်သည် မည်၏၊ ကောင်းစွာ ပသအပ်သည် မည်၏၊ သံဃာသို့ ရောက် သော သံဃာ၌ တည်သော ထိုအလှူကို မြင့်မြတ်သော အကျိုးရှိ၏”ဟူ၍လောကကို သိတော်မူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ် ၏။ |
9,026 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လောက၌ အကြင်သူတို့သည် ဤကဲ့သို့သော ပူဇော်ပသမှုကို အောက်မေ့ ကုန်လျက် နှစ်သက်သော သဘောရှိကုန်သည် ဖြစ်၍ အကြောင်းရင်းနှင့် တကွ သော ဝန်တိုနှမြောမှု အညစ်အကြေးကို ပယ်ရှား၍ နေကုန်၏၊ ထိုသူတို့သည် မကဲ့ရဲ့ထိုက်ကုန်သည် ဖြစ်၍ နတ်ပြည်အရပ်သို့ ကပ်ရောက်ကုန်၏၊ ဤသို့သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
9,027 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် သံဃာအား လှူအပ်သော အလှူသည် များမြတ်သော အကျိုးရှိ၏။ |
9,028 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | န ဝတ္တဗ္ဗံ သံဃဿ ဒိန္နံ မဟပ္ဖလန္တိကထာ ပြီး၏။ |
9,029 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မဂ်ဖိုလ်တို့သည်သာ သံဃာမည်၏၊ ထိုမဂ်ဖိုလ်တို့အားလည်း တစ်စုံတစ်ရာကိုမျှ ပေးလှူခြင်းငှါမတတ်ကောင်း၊ ထိုမဂ်ဖိုလ်တို့သည်လည်း တစ်စုံတစ်ရာကိုမျှ မခံယူနိုင်၊ ထိုမဂ်ဖိုလ်တို့အား ပေးလှူခြင်းဖြင့် တစ်စုံတစ်ခုသော ကျေးဇူးပြုခြင်းသည် မပြည့်စုံနိုင်ဟု အယူရှိသူ ထိုဝေတုလ္လကဂိုဏ်းဝင်တို့ကိုပင် ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
9,030 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သံဃာအား ပေးလှူမှုသည် အကျိုးမကြီးခဲ့ပါမူ မြတ်စွာဘုရားသည် ဤသို့ ချီးမွမ်းတော်မမူရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,031 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၇၅) ၁၀-န ဝတ္တဗ္ဗံ ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလန္တိကထာ၁ |
9,032 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇၉၉။ သကဝါဒီ။ |
9,033 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “မြတ်စွာဘုရားအား လှူအပ်သော အလှူသည် များမြတ်သော အကျိုး ရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,034 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရားသည် အခြေနှစ်ချောင်းရှိသူတို့ထက် (အမျိုးအားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် (ဇာတ်အားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့၏ အကြီးအမှူးဖြစ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် (ဂုဏ်အားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် အလွန်မြတ်သည် အတူမရှိသည် အတူမရှိသော ရှေးဘုရားတို့နှင့်သာ တူသည်။ |
9,035 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပိုင်ဘက် မရှိသည် နှိုင်းယှဉ်ဘက် မရှိသည် ပြိုင်ဘက်ပုဂ္ဂိုလ် မရှိသည် မဟုတ်ပါလော။ |
9,036 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ မြတ်စွာဘုရားသည် အခြေနှစ်ချောင်းရှိသူတို့ထက် (အမျိုးအားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် (ဇာတ်အားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့၏ အကြီး အမှူးဖြစ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် (ဂုဏ်အားဖြင့်) မြတ်သည် အခြေနှစ်ချောင်းရှိသူတို့ထက် အလွန်မြတ်သည် အတူမရှိသည် အတူမရှိသော ရှေးဘုရားတို့နှင့်သာ တူသည်။ |
9,037 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပိုင်ဘက် မရှိသည် နှိုင်းယှဉ်ဘက် မရှိသည်။ |
9,038 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပိုင်ဘက်ပုဂ္ဂိုလ် မရှိသည် ဖြစ်ခဲ့ပါမူ ထို့ကြောင့် “မြတ်စွာဘုရားအား လှူအပ် သော အလှူသည် မြတ်သော အကျိုးရှိ၏”ဟူ၍ ဆိုသင့်၏။ |
9,039 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မြတ်စွာဘုရားအား လှူအပ်သော အလှူသည် မြတ်သော အကျိုးရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,040 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရားနှင့် အကျင့်သီလအားဖြင့်လည်းကောင်း၊ သမာဓိအားဖြင့်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း တူမျှသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ |
9,041 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ မြတ်စွာဘုရားနှင့် အကျင့် ‘သီလ’ အားဖြင့်လည်းကောင်း၊ သမာဓိ အားဖြင့်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း တူမျှသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် မရှိခဲ့ပါမူ ထို့ကြောင့် “မြတ်စွာဘုရားအား လှူအပ်သော အလှူသည် မြတ်သော အကျိုးရှိ၏”ဟူ၍ ဆိုသင့်၏။ |
9,042 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “မြတ်စွာဘုရားအား ပေးလှူအပ်သော အလှူသည် များမြတ်သော အကျိုးရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,043 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ကောင်းမှုကို အလိုရှိကုန်သော ပြန့်ပြောသော အကျိုးကို ရှာမှီးလေ့ ရှိကုန်သော သူတို့၏ အဝေးမှ ယူဆောင်၍ လှူဒါန်းအပ်သော အလှူကို ခံယူထိုက် သောပုဂ္ဂိုလ်တို့တွင် အကြင်မြတ်စွာဘုရားသည် အမြတ်ဆုံးအဖြစ်သို့ ရောက်တော်မူ၏။ |
9,044 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤလောက၌လည်းကောင်း၊ အခြားသောလောက၌လည်းကောင်း ထို မြတ်စွာဘုရားထက် မြင့်မြတ်သူသည်လည်းကောင်း၊ ထိုမြတ်စွာဘုရားနှင့်တန်းတူ ညီမျှသူသည်လည်းကောင်း မရှိချေ”ဟူ၍ မြတ်စွာဘုရား ဟောကြားအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,045 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် မြတ်စွာဘုရားအား လှူအပ်သော အလှူသည် များမြတ်သော အကျိုးရှိ၏။ |
9,046 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | န ဝတ္တဗ္ဗံ ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလန္တိကထာ ပြီး၏။ |
9,047 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တစ်စုံတစ်ခုကိုမျှ ဘုဉ်းပေးသုံးဆောင်တော်မမူ၊ လောကသို့ လိုက်ရန် အကျိုးငှါသာ ဘုဉ်းပေးသုံးဆောင်သကဲ့သို့ မိမိကိုယ်ကို ပြတော်မူ၏၊ ထို့ကြောင့် မြတ်စွာဘုရား၌ ပေးလှူအပ်သော အလှူသည် အကျိုးမများဟု အယူရှိသူ ထိုဝေတုလ္လကဂိုဏ်းဝင်တို့ကိုပင် ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
9,048 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ လူဒုဿီလ၌သော်လည်း ပေးလှူအပ်သော အလှူသည် ဘဝတစ်ထောင်သော အာနိသင်ရှိ၏၊ အဘယ့်ကြောင့် ဤသို့ သဘောရှိသောပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် အကျိုး မများဘဲ ရှိအံ့နည်းဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,049 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၇၆) ၁၁-ဒက္ခိဏာဝိသုဒ္ဓိကထာ ၁ |
9,050 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၀၀။ သကဝါဒီ။ |
9,051 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အလှူ'ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံကြောင့် မစင်ကြယ်ပါသလော။ |
9,052 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝေးမှ ယူဆောင်၍ လှူအပ်သောဝတ္ထုကို ခံယူထိုက်ကုန်သော ဧည့်သည်တို့အတွက် ထားအပ်သောပစ္စည်းကို အလှူခံထိုက်ကုန်သော မြတ်သောအလှူကို ခံယူထိုက်ကုန်သော လက်အုပ်ချီခြင်းကို ခံယူထိုက်ကုန်သော လူအပေါင်း၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ကုန်သော အချို့သော အလှူခံပုဂ္ဂိုလ်တို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
9,053 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အဝေးမှ ယူဆောင်၍ လှူအပ်သောဝတ္ထုကို ခံယူထိုက်ကုန်သော ဧည့်သည်တို့အတွက် ထားအပ်သောပစ္စည်းကို ခံယူထိုက်ကုန်သော မြတ်သောအလှူကို ခံယူထိုက်ကုန်သော လက်အုပ်ချီမှုကို ခံယူထိုက်ကုန်သော လူအပေါင်း၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ကုန်သော အချို့သော အလှူခံပုဂ္ဂိုလ်တို့ ရှိကုန်သည် ဖြစ်ခဲ့... |
9,054 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အလှူ'ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံကြောင့် မစင်ကြယ်ပါသလော။ |
9,055 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ားမြတ်တို့ကို မြတ်သော အလှူကို ခံယူထိုက်ကုန်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။ |
9,056 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ား မြတ်တို့ကို မြတ်သောအလှူကို ခံယူထိုက်ကုန်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်ပါကုန်မူ “အလှူ'ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် မစင်ကြယ်”ဟူ၍ မဆိုသင့်။ |
9,057 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အလှူ ‘ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် မစင်ကြယ်ပါသလော။ |
9,058 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မြတ်သောအလှူကို ပြီးစေသော အချို့သောပုဂ္ဂိုလ်တို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
9,059 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မြတ်သောအလှူကို ပြီးစေသော အချို့သောပုဂ္ဂိုလ်တို့သည် ရှိခဲ့ကုန်မူ “အလှူ ‘ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် မစင်ကြယ်”ဟူ၍ မဆိုသင့်။ |
9,060 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သကဒါဂါမ်အား။ |
9,061 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အနာဂါမ်အား။ |
9,062 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန္တာအား အလှူကို ပေးလှူ၍ မြတ်သော အလှူကို ပြီးစေသော အချို့သူတို့ရှိကုန်သည် မဟုတ်ပါလော။ |
9,063 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ရဟန္တာအား အလှူကို ပေးလှူ၍ မြတ်သောအလှူကို ပြီးစေသော အချို့သော သူတို့ရှိကုန်မူ “အလှူ ‘ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် မစင်ကြယ်”ဟူ၍ မဆိုသင့်။ |
9,064 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၀၁။ ပရဝါဒီ။ |
9,065 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အလှူ ‘ဒါန'သည် အလှူခံသူကြောင့် စင်ကြယ်ပါသလော။ |
9,066 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ယောက်သောသူက တစ်ယောက်သောသူကို ပြုလုပ် (ဖန်ဆင်း) နိုင်ပါသလော၊ ချမ်းသာဆင်းရဲကို သူတစ်ပါးက ပြုအပ်ပါသလော၊ အခြားတစ်ယောက်သောသူက ပြုလုပ်၍ အခြားတစ်ယောက်သောသူက ခံစားပါသလော။ |
9,067 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလှူ'ဒါန'သည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် မစင်ကြယ် ပါသလော။ |
9,068 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အာနန္ဒာ အလှူ၏ စင်ကြယ်ခြင်းတို့ကား ဤလေးမျိုးတို့ပေတည်း။ |
9,069 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ် လေးမျိုးတို့နည်း၊ အာနန္ဒာ (အကြင်) အလှူသည် ပေးလှူသူကြောင့်သာ စင်ကြယ်၍ အလှူခံသူကြောင့် စင်ကြယ်သည် မဟုတ်၊ (ထိုအလှူသည်) ရှိ၏။ |
9,070 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနန္ဒာ (အကြင်) အလှူသည် အလှူခံယူသူကြောင့်သာ စင်ကြယ်၍ ပေးလှူသူကြောင့် စင်ကြယ်သည် မဟုတ်၊ (ထိုအလှူသည်) ရှိ၏။ |
9,071 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနန္ဒာ (အကြင်) အလှူသည် ပေးလှူသူကြောင့်လည်း စင်ကြယ်၍ အလှူခံယူသူကြောင့်လည်း စင်ကြယ်၏၊ (ထိုအလှူသည်) ရှိ၏။ |
9,072 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနန္ဒာ (အကြင်) အလှူသည် ပေးလှူသူကြောင့်လည်း မစင်ကြယ်၊ အလှူခံယူသူကြောင့်လည်း မစင်ကြယ်၊ (ထိုအလှူသည်) ရှိ၏။ |
9,073 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အာနန္ဒာ ဤလေးမျိုးတို့သည် အလှူ၏ စင်ကြယ်ခြင်းတို့ပေတည်း”ဟူ၍ မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,074 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “အလှူ ‘ဒါန'သည် ပေးလှူသူကြောင့် စင်ကြယ်၍ အလှူခံယူ သူကြောင့် မစင်ကြယ်”ဟူ၍ မဆိုသင့်။ |
9,075 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒက္ခိဏာဝိသုဒ္ဓိကထာပြီး၏။ |
9,076 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သတ္တရသမဝဂ် ပြီး၏။ |
9,077 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အလှူခံပုဂ္ဂိုလ်ကြောင့် အလှူသည် စင်ကြယ်သည် ဖြစ်ခဲ့ပါမူ များသော အကျိုးရှိသည် ဖြစ်ခဲ့ပါမူ အလှူပေးပုဂ္ဂိုလ်သည် အလှူဝတ္ထုကို ပေးလှူအပ်၏၊ အလှူခံပုဂ္ဂိုလ်သည် အကျိုးဝိပါက်ကို ဖြစ်စေအပ်၏၊ ထို့ကြောင့် တစ်ပါးသူ တစ်ယောက်က တစ်ပါးသူ တစ်ယောက်ကို ပြုလုပ်တတ်သူ ဖြစ်ရာ၏၊ ချမ်းသာဆင်းရဲကို အခြားသူတစ်ယောက်သည် ပြုလုပ်အပ်၏ဟူသော အပြစ်ကို ရောက်... |
9,078 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တစ်ပါးသူတစ်ယောက်က ပြုလုပ်၍ တစ်ပါးသူတစ်ယောက်က အကျိုး ခံစားရာ၏၊ ထို့ကြောင့် အလှူပေးပုဂ္ဂိုလ်ကြောင့်သာလျှင် အလှူသည် စင်ကြယ်၏၊ အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်သည် မဟုတ်၊ အလှူပေးသူ၏ စိတ်စင်ကြယ်မှုသည်သာ အကျိုးဝိပါက်ကို ပေးတတ်၏ဟု အယူရှိသူ ဥတ္တရာပထကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
9,079 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ အလှူခံပုဂ္ဂိုလ်ကြောင့် အလှူဒါန မစင်ကြယ်ခဲ့ပါမူ အဘယ်ကြောင့် အလှူခံပုဂ္ဂိုလ်၏ အာဟုနေယျ စသည်၏ အဖြစ်ကို ပြုဘိသနည်းဟု ပြခြင်းငှါ ဤပုစ္ဆာကို တက်သည်။ |
9,080 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပေးလှူသူ ဒါယကာ၏ စေတနာကို အလှူခံပုဂ္ဂိုလ်က ပြုလုပ်အပ်သည် ဖြစ်ပါမူ ဤစောဒနာသည် သင့်သော သဘောရှိသည် ဖြစ်ရာ၏၊ ထိုအလှူပေးပုဂ္ဂိုလ်၏ ပေးလှူကြောင်းစေတနာသည် ထက်ဝန်းကျင် စင်ကြယ်သည်ဖြစ်၍ အလှူခံပုဂ္ဂိုလ်ဟု ဆိုအပ်သော ဝတ္ထုကို အစွဲပြု၍ မြတ်သော အကျိုးရှိသည်၏ အဖြစ်တည်းဟူသော သဘောဖြင့် စင်ကြယ်၏၊ ထို့ကြောင့် ဤစောဒနာသည် မသင့်သော စောဒနာမ... |
9,081 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၇၇) ၁-မနုဿလောကကထာ၁ |
9,082 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၀၂။ သကဝါဒီ။ |
9,083 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူ၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,084 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့သော စေတီတို့သည်လည်းကောင်း၊ အရံ ကျောင်းတိုက် ရွာ (နိဂုံး) မြို့တို့သည်လည်းကောင်း၊ တိုင်းနိုင်ငံတို့သည်လည်းကောင်း၊ ဇနပုဒ်တို့သည်လည်းကောင်း ရှိကုန်သည် မဟုတ်ပါလော။ |
9,085 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့သော စေတီတို့သည်လည်းကောင်း၊ အရံ ကျောင်းတိုက် ရွာ (နိဂုံး) မြို့တို့သည်လည်းကောင်း၊ တိုင်းနိုင်ငံတို့သည်လည်းကောင်း၊ ဇနပုဒ်တို့သည်လည်းကောင်း ရှိကုန်မူ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူ၏”ဟူ၍ ဆိုသင့်၏။ |
9,086 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူ၏”ဟု မဆိုသင့်ပါလော။ |
9,087 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရားသည် လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ မွေးဖွားတော်မူခဲ့သည်၊ ဗောဓိပင်၏ အနီး၌ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်သစ္စာလေးပါးကို သိတော်မူခဲ့သည်၊ မြတ်စွာဘုရားသည် ဗာရာဏသီ ပြည်၌ ဓမ္မစကြာတရားကို ဟောတော်မူခဲ့သည်၊ စာပါလစေတီ၌ အာယုသင်္ခါရကို စွန့်လွှတ်တော်မူခဲ့သည်၊ မြတ်စွာဘုရားသည် ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည် မဟုတ်ပါလော။ |
9,088 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ မြတ်စွာဘုရားသည် လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ မွေးဖွားတော်မူခဲ့သည်။ |
9,089 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည် ဖြစ်ခဲ့ပါမူ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူ၏”ဟု ဆိုသင့်၏။ |
9,090 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ အခါတစ်ပါး၌ ငါဘုရားသည် ဥက္ကဋ္ဌမြို့ သုဘဂတော အင်ကြင်းပင် အနီးဝယ် သီတင်းသုံးနေတော်မူ၏”ဟူ၍လည်းကောင်း၊ “ရဟန်းတို့ အခါတစ်ပါး၌ ငါဘုရားသည် ဥရုဝေလတော ဆိတ်ကျောင်းညောင်ပင်၌ ဘုရားဖြစ်ခါစ ဖြစ်၍ ရှေးဦးစွာ သီတင်းသုံးနေတော်မူ၏”ဟူ၍လည်းကောင်း၊ “ရဟန်းတို့ အခါတစ်ပါး၌ ငါဘုရားသည် ရာဇဂြိုဟ်မြို့ ရှဉ့်နက်တို့အား အစာပေးရာ ဝေဠုဝန်ကျေ... |
9,091 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသို့ဖြစ်ပါမူ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေ တော်မူခဲ့၏။ |
9,092 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၀၃။ ပရဝါဒီ။ |
9,093 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူခဲ့ပါသလော။ |
9,094 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် တည်နေတော်မူခဲ့ပါ၏။ |
9,095 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မြတ်စွာဘုရားသည်လောက၌ မွေးဖွားတော်မူခဲ့သည်လောက၌ ကြီးပွါးတော်မူခဲ့သည်လောကနှင့် မလိမ်းကျံ မကပ်ငြိဘဲလောကကို လွှမ်းမိုး၍ နေတော်မူခဲ့သည် မဟုတ်ပါလော။ |
9,096 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ မြတ်စွာဘုရားသည်လောက၌ မွေးဖွားတော်မူခဲ့သည်လောက၌ ကြီးပွါးတော်မူခဲ့သည်လောကနှင့် မလိမ်းကျံ မကပ်ငြိဘဲလောကကို လွှမ်းမိုး၍ နေတော်မူခဲ့သည် ဖြစ်ခဲ့ပါမူ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် လူ့ပြည်လောက၌ တည်နေတော်မူခဲ့၏”ဟူ၍ မဆိုသင့်။ |
9,097 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မနုဿလောကကထာ ပြီး၏။ |
9,098 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “တထာဂတောလောကေ ဇာတောလောကေ သံဝဍ္ဎောလောကံ အဘိဘုယျ ဝိဟရတိ အနုပလိတ္တောလောကေန” ဟူသော သုတ်ကို မသင့်မတင့်သောအားဖြင့် ယူ၍ မြတ်စွာဘုရားသည် တုသိတာနတ်ပြည်၌ ဖြစ်တော်မူ၏၊ ထိုတုသိတာနတ်ပြည်၌သာ နေတော်မူ၏၊ လူ့ပြည်လောကသို့ ကြွလာတော်မမူ၊ ဖန်ဆင်းအပ်သော နိမ္မိတရုပ်မျှကိုသာ ဤလူ့ပြည်၌ ပြတော်မူ၏ဟု အယူရှိကြကုန်သော ဝေတုလ္လကဂိုဏ်းဝင် ပရဝါဒီဆရာ... |
9,099 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သီတင်းသုံးတော်မူရာ အရပ်ဖြင့်လည်းကောင်း၊ ပြီးစေကြောင်း သုတ်ပါဠိဖြင့်လည်းကောင်း သိစေရန် ဤပုစ္ဆာကို တက်သည်။ |
9,100 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၇၈) ၂- ဓမ္မဒေသနာကထာ၁ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.