id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
8,901
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ဣန္ဒြေနှင့် စပ်သော တရားသည်သာ ဆင်းရဲ ‘ဒုက္ခ’ မည်၏။
8,902
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဣန္ဒြိယဗဒ္ဓကထာ ပြီး၏။
8,903
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ဣန္ဒြိယဗဒ္ဓတရားသည် ဒုက္ခ၏ တည်ရာဝတ္ထု၏ အဖြစ်ကြောင့် ဒုက္ခမည်၏၊ အနိန္ဒြိယဗဒ္ဓ တရားသည် ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် နှိပ်စက်သော အနက်သဘောကြောင့် အကြင် တရားသည် မမြဲ၊ ထိုမမြဲသောတရားသည် ဒုက္ခဟူ၍ ရေတွက်အပ်သည်၏ အဖြစ်ကြောင့် ဒုက္ခမည်၏၊ ဤသို့သော ဝေဖန်မှုကို မယူမူ၍ အကြင်ဒုက္ခသစ္စာတရားတို့ကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအ...
8,904
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ “ယဒနိစ္စံ တံ ဒုက္ခံ”ဟု ဟောတော်မူသောကြောင့် ဣန္ဒြိယဗဒ္ဓသည်သာ အနိစ္စ ဖြစ်ရာသလောဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
8,905
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ “ယဒနိစ္စံ တံ ဒုက္ခံ” ဟူသော စကားဖြင့် သိမ်းကျုံးရေတွက်အပ်သော အနိန္ဒြိယဗဒ္ဓတရား၏ ဒုက္ခ၏ အဖြစ်ကို တားမြစ်ရန် မတတ်ကောင်းသောကြောင့် ပရဝါဒီဆရာ၏ စကားနှစ်ရပ်လုံးပင် သာဓက မထိုက်လေ။
8,906
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- ၁၇-သတ္တရသမဝဂ် (၁၇၀) ၅-ဌပေတွာ အရိယမဂ္ဂ နိ ္ထကထာ၁
8,907
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၈၉။ သကဝါဒီ။
8,908
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရိယမဂ်ကို ချန်ထား၍ ကြွင်းကျန်သော သင်္ခါရတို့သည် ဒုက္ခမည်ကုန်သလော။
8,909
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဆင်းရဲဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည်လည်း ဒုက္ခမည်ပါသလော။
8,910
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဆင်းရဲဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်ပါသလော။
8,911
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရိယသစ္စာတို့သည် သုံးပါးတို့သာလော။
8,912
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယသစ္စာတို့သည် သုံးပါးတို့သာ ဖြစ်ကုန်သလော။
8,913
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဆင်းရဲခြင်း ‘ဒုက္ခ’ လည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း'ဒုက္ခသမုဒယ’ လည်းကောင်း၊ ဆင်းရဲချုပ်ရာ'ဒုက္ခနိရောဓ'လည်းကောင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ‘ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ’ လည်းကောင်း ဤသို့ အရိယသစ္စာလေးပါးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။
8,914
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ဆင်းရဲ ‘ဒုက္ခ'လည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း'ဒုက္ခသမုဒယ'လည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘ဒုက္ခနိရောဓ'လည်းကောင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ‘ဒုက္ခနိရောဓဂါမိနီပဋိပဒါ’ လည်းကောင်း ဤသို့ (အရိယသစ္စာ) လေးပါးတို့ကို မြတ်စွာဘုရား ဟောအပ် ခဲ့ကုန်မူ “အရိယသစ္စာတို့သည် သုံးပါးတို့သည်သာ”ဟူ၍ မဆိုသင့်။
8,915
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဘယ်အနက်သဘောကြောင့် ဆင်းရဲဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်သနည်း။
8,916
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မမြဲသော အနက်သဘောကြောင့် (ဆင်းရဲဖြစ်ကြောင်းသည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်ပါသည်)။
8,917
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယမဂ်သည် အနိစ္စမည်ပါသလော။
8,918
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယမဂ်သည် ဒုက္ခမည်ပါသလော။
8,919
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယမဂ်သည် အနိစ္စမည်သည် ဖြစ်ပါလျက် ထိုမဂ်သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မမည်ပါသလော။
8,920
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဆင်းရဲဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည် အနိစ္စမည်သည် ဖြစ်ပါလျက် ထိုဆင်းရဲ ဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မမည်ပါသလော။
8,921
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဆင်းရဲဖြစ်ကြောင်းသည် ‘ဒုက္ခသမုဒယ’ ဖြစ်၍ ထိုဆင်းရဲဖြစ်ကြောင်း ‘ဒုက္ခသမုဒယ'သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်ပါသလော။
8,922
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရိယမဂ်သည် အနိစ္စမည်၍ ထိုအရိယမဂ်သည်လည်း ဆင်းရဲ ‘ဒုက္ခ’ မည်ပါသလော။
8,923
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၀။ ပရဝါဒီ။
8,924
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “အရိယမဂ်ကို ချန်ထား၍ ကြွင်းကုန်သော သင်္ခါရတို့သည် ဆင်းရဲ ‘ဒုက္ခ’ မည်ကုန်၏”ဟူ၍ မဆိုသင့်ပါသလော။
8,925
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထိုအရိယမဂ်သည် ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဖြစ်သည် မဟုတ်ပါလော။
8,926
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ ထိုအရိယမဂ်သည် ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဖြစ်ခဲ့ပါမူ ထို့ကြောင့် “အရိယမဂ်ကို ချန်ထား၍ ကြွင်းကျန်သော သင်္ခါရတို့သည် ဆင်းရဲ ‘ဒုက္ခ’ မည်ကုန်၏”ဟူ၍ ဆိုသင့်၏။
8,927
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဌပေတွာ အရိယမဂ္ဂန္တိကထာ ပြီး၏။
8,928
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ အရိယာမဂ်ကို ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဟူ၍ ဟောတော်မူသောကြောင့် အရိယမဂ်မှ တစ်ပါးသော သင်္ခါရတို့သာ ဒုက္ခမည်ကုန်၏ဟု အယူရှိသူ ဟေတုဝါဒဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောသည်။
8,929
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဤအကြောင်းကြောင့် ဤသို့ဖြစ်လျှင် သမုဒယ၏လည်း ဒုက္ခ၏အဖြစ်သည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
8,930
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ဟေတုလက္ခဏာကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
8,931
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သည်၏ အဖြစ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
8,932
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅။ သုတ်နှင့် ဆန့်ကျင်အံ့သည်မှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
8,933
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆။ မိမိအယူ၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။
8,934
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၇၁) ၆-န ဝတ္တဗ္ဗံ သံဃော ဒက္ခိဏံ ပဋိဂ္ဂဏှာတိကထာ၁
8,935
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၁။ သကဝါဒီ။
8,936
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သံဃာသည် အလှူကို ခံယူ၏”ဟူ၍ မဆိုသင့်ပါသလော။
8,937
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃာသည် အဝေးမှ ဆောင်ယူအပ်သော ဝတ္ထုကို ခံယူထိုက်သည် ဧည့်သည်အတွက် ထားအပ်သော ပစ္စည်းကို ခံယူထိုက်သည် မြတ်သောအလှူကို ခံယူထိုက်သည် လက်အုပ်ချီခြင်းကို ခံယူထိုက်သည်လောက၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သည် မဟုတ်ပါလော။
8,938
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာသည် အဝေးမှ ဆောင်ယူအပ်သောဝတ္ထုကို ခံယူထိုက်သည် ဧည့်သည် အတွက် ထားအပ်သော ပစ္စည်းကို ခံယူထိုက်သည် မြတ်သော အလှူကိုခံယူထိုက်သည် လက်အုပ်ချီခြင်းကို ခံယူ ထိုက်သည်လောက၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သည် ဖြစ်ခဲ့ပါမူ ထို့ကြောင့် “သံဃာသည် အလှူကို ခံယူ၏”ဟူ၍ ဆိုသင့်၏။
8,939
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သံဃာသည် အလှူကို ခံယူ၏”ဟူ၍ မဆိုသင့်ပါသလော။
8,940
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ားမြတ်တို့သည် မြတ်သော အလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။
8,941
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ားမြတ်တို့သည် မြတ်သော အလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါကုန်မူ ထို့ကြောင့် “သံဃာသည် မြတ်သော အလှူကို ခံယူ၏”ဟူ၍ ဆိုသင့်၏။
8,942
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သံဃာသည် မြတ်သော အလှူကို ခံယူ၏”ဟူ၍ မဆိုသင့်ပါသလော။
8,943
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃာအား အလှူ ‘ဒါန'ကို ပေးလှူသော အချို့သူတို့သည် ရှိကုန်သည် မဟုတ်ပါလော။
8,944
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာအား အလှူ ‘ဒါန’ ကို ပေးလှူသော အချို့သူတို့သည် ရှိခဲ့ပါကုန်လျှင် ထို့ကြောင့် “သံဃာသည် မြတ်သော အလှူကို ခံယူ၏”ဟူ၍ ဆိုသင့်၏။
8,945
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သံဃာအား သင်္ကန်းကို ပေးလှူသော။
8,946
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဆွမ်းကို ပေးလှူသော ကျောင်းကို ပေးလှူ သော သူနာ၏ အထောက်ပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ပေးလှူသော ခဲဖွယ်ကို ပေးလှူသော စားဖွယ်ကို ပေးလှူသော။
8,947
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ သောက်ရေကို ပေးလှူသော အချို့သူတို့သည် ရှိကုန်သည် မဟုတ်ပါလော။
8,948
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာအား သောက်ရေကို ပေးလှူသော အချို့သူတို့သည် ရှိခဲ့ပါကုန်မူ ထို့ကြောင့် “သံဃာသည် မြတ်သောအလှူကို ခံယူ၏”ဟူ၍ ဆိုသင့်၏။
8,949
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“မီးသည် ဆီ ထောပတ် စသော ပူဇော်ဖွယ်ကို ခံယူသကဲ့သို့လည်းကောင်း၊ မြေကြီးသည် ကြီးစွာသော မိုးရေကို ခံယူသကဲ့သို့လည်းကောင်း၊ သမာဓိနှင့် ပြည့်စုံသော သံဃာသည် မြတ်သော အလှူကို ခံယူ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
8,950
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် သံဃာသည် မြတ်သော အလှူကို ခံယူ၏။
8,951
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၂။ ပရဝါဒီ။
8,952
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သံဃာသည် မြတ်သောအလှူကို ခံယူပါသလော။
8,953
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ခံယူပါ၏။
8,954
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဂ်သည် ခံယူသလော၊ ဖိုလ်သည် ခံယူသလော။
8,955
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
န ဝတ္တဗ္ဗံ သံဃော ဒက္ခိဏံ ပဋိဂ္ဂဏှာတီတိကထာ ပြီး၏။
8,956
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ မုချဆတ်ဆတ် ပရမတ်အားဖြင့် မဂ်ဖိုလ်တို့သည်သာ သံဃာမည်ကုန်၏၊ မဂ်ဖိုလ်မှတစ်ပါး သံဃာမည်သည် မရှိ၊ မဂ်ဖိုလ်တို့သည်လည်း တစ်စုံတစ်ရာ ဘာကိုမျှ မခံယူတတ်၊ ထို့ကြောင့် သံဃာသည် အလှူကို ခံယူ၏ဟု မဆိုသင့်၊ ဤသို့ အယူရှိသူ ယခုအခါ မဟာပုညဝါဒီဟု ဆိုအပ်သော ဝေတုလ္လကဂိုဏ်းဝင်တို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
8,957
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ သံဃာသည် အလှူကို မခံယူနိုင်ခဲ့ပါမူ သံဃာကို မြတ်စွာဘုရားသည် အာဟုနေယျ စသည်တို့ဖြင့် ချီးမွမ်းတော်မမူရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
8,958
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ဤသုတ်သည် ပရသမယမှ လာသောသုတ် ဖြစ်သည်။
8,959
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ ဤအမေးကို ပရဝါဒီဆရာက မိမိ၏ဝါဒဖြင့် မေးသည်၊ မဂ်ဖိုလ်တို့သာ သံဃာမည်သည် မဟုတ်ကုန်၊ မဂ်ဖိုလ်တို့ ဖြစ်ပေါ်လာမှုကြောင့် စင်ကြယ်သော ခန္ဓာတို့ကို အစွဲပြု၍ ပညတ်အပ်ကုန်သော ရှစ်ယောက်သောပုဂ္ဂိုလ်တို့သည် သံဃာမည်ကုန်၏၊ ထို့ကြောင့် သာဓက မထိုက်။
8,960
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၇၂) ၇-န ဝတ္တဗ္ဗံ သံဃော ဒက္ခိဏံ ဝိသောဓေတီတိကထာ၁
8,961
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၃။ သကဝါဒီ။
8,962
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သံဃာသည် မြတ်သော အလှူကို သုတ်သင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,963
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃာသည် အဝေးမှ ယူဆောင်အပ်သော ဝတ္ထုကို ခံယူထိုက်သည် ဧည့်သည် အတွက် ထားအပ်သော ပစ္စည်းကို ခံယူထိုက်သည် မြတ်သော အလှူကို ခံယူထိုက်သည် လက်အုပ် ချီခြင်းကို ခံယူထိုက်သည် လူအပေါင်း၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်သည် မဟုတ်ပါလော။
8,964
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာသည် အဝေးမှ ယူဆောင်အပ်သော ဝတ္ထုကို ခံယူထိုက်သည်။
8,965
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဧည့်သည်အတွက် ထားအပ်သော ပစ္စည်းကို ခံယူထိုက်သည် မြတ်သောအလှူကို ခံယူထိုက်သည် လက်အုပ် ချီခြင်းကို ခံယူထိုက်သည် လူအပေါင်း၏ အတုမဲ့မြတ်သော ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်ခဲ့ပါမူ ထို့ကြောင့် “သံဃာသည် မြတ်သော အလှူကို သုတ်သင်၏”ဟူ၍ ဆိုသင့်၏။
8,966
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သံဃာသည် မြတ်သော အလှူကို သုတ်သင်၏”ဟူ၍ မဆိုသင့်ပါသလော။
8,967
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ားမြတ်တို့သည် မြတ်သော အလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ကုန်သည် မဟုတ်ပါလော။
8,968
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ဖြစ်သော ယောကျ်ား မြတ်တို့သည် မြတ်သော အလှူကို ခံယူထိုက်သောပုဂ္ဂိုလ်တို့တည်းဟူ၍ မြတ်စွာဘုရား ဟောကြား အပ်ခဲ့ပါကုန်မူ ထိုအကြောင်းကြောင့် “သံဃာသည် မြတ်သော အလှူကို သုတ်သင်၏”ဟူ၍ ဆိုသင့်၏။
8,969
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃာအား အလှူဒါနကို ပေးလှူ၍ မြတ်သော အလှူကို ပြည့်စုံစေနိုင်သော အချို့ သူတို့သည် ရှိကုန်သည် မဟုတ်ပါကုန်လော။
8,970
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာအား အလှူကို ပေးလှူ၍ မြတ်သောအလှူကို ပြည့်စုံစေနိုင်သော အချို့သူတို့သည် ရှိကုန်မူ ထို့ကြောင့် “သံဃာသည် မြတ်သောအလှူကို သုတ်သင်၏”ဟူ၍ ဆိုသင့်၏။
8,971
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သံဃာအား သင်္ကန်းကို ပေးလှူ၍။
8,972
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဆွမ်းကို ပေးလှူ၍။
8,973
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကျောင်းကို ပေးလှူ၍။
8,974
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ပေးလှူ၍။
8,975
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ခဲဖွယ်ကို ပေးလှူ၍ စားဖွယ်ကို ပေးလှူ၍ သောက်ရေကို ပေးလှူ၍ မြတ်သော အလှူကို ပြည့်စုံစေနိုင်သော အချို့ သူတို့သည် ရှိကုန်သည် မဟုတ်ပါလော။
8,976
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃာအား သောက်ဖွယ်ကို ပေးလှူ၍ မြတ်သော အလှူကို ပြည်စုံ စေနိုင်သော အချို့သူတို့ ရှိခဲ့ပါကုန်မူ ထို့ကြောင့် “သံဃာသည် မြတ်သော အလှူကို သုတ်သင်၏”ဟူ၍ ဆိုသင့်၏။
8,977
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၄။ ပရဝါဒီ။
8,978
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သံဃာသည် မြတ်သော အလှူကို သုတ်သင်ပါသလော။
8,979
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် သုတ်သင်ပါ၏။
8,980
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဂ်သည် သုတ်သင်ပါသလော၊ ဖိုလ်သည် သုတ်သင်ပါသလော။
8,981
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
န ဝတ္တဗ္ဗံ သံဃော ဒက္ခိဏံ ဝိသောဓေတီတိကထာ ပြီး၏။
8,982
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ မဂ်ဖိုလ်တို့သည် သံဃာမည်ကုန်၏၊ ထိုမဂ်ဖိုလ်တို့သည်လည်း မြတ်သော အလှူကို သုတ်သင်ရန် မတတ်နိုင်ကုန်ဟု အယူရှိသူ ထိုဝေတုလ္လကတို့ကိုပင် ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
8,983
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(သုတ်သင်၏ဟူသည် အကျိုးကြီးသည်ကို ပြု၏ဟု ဆိုလိုသည်။
8,984
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၁၇၃) ၈-န ဝတ္တဗ္ဗံ သံဃော ဘုဉ္ဇတီတိကထာ ၁
8,985
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇၉၅။ သကဝါဒီ။
8,986
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သံဃာသည် စား၏၊ သောက်၏၊ ခဲ၏၊ လျက်၏”ဟူ၍ မဆိုသင့်ပါသလော။
8,987
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃဘတ်တို့ပြုလုပ်ကုန်သော ဥဒ္ဒေသဘတ်တို့ကို ပြုလုပ်ကုန် သော ယာဂုအဖျော်တို့ကို ပြုလုပ်ကုန်သော အချို့သူတို့သည် ရှိကုန်သည် မဟုတ်ပါသလော၂။
8,988
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံဃဘတ်တို့ကို ပြုလုပ်ကုန်သော ဥဒ္ဒေသဘတ်တို့ကို ပြုလုပ်ကုန်သော ယာဂုအဖျော်တို့ကို ပြုလုပ်ကုန်သော အချို့သူတို့သည် ရှိကုန်မူ ထို့ကြောင့် “သံဃာသည် စား၏၊ သောက်၏၊ ခဲ၏၊ လျက်၏”ဟူ၍ ဆိုသင့်၏။
8,989
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သံဃာသည် စား၏၊ သောက်၏၊ ခဲ၏၊ လျက်၏”ဟူ၍ မဆိုသင့်ပါသလော။
8,990
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် ဂဏဘောဇဉ်ကို ပရမ္ပရဘောဇဉ်ကို အတိရိတ္တဘောဇဉ်ကို အနတိရိတ္တဘောဇဉ်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။
8,991
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မြတ်စွာဘုရားသည် ဂဏဘောဇဉ်ကို ပရမ္ပရဘောဇဉ်ကို အတိရိတ္တ ဘောဇဉ်ကို အနတိရိတ္တဘောဇဉ်ကို ဟောတော်မူအပ်ပါမူ ထို့ကြောင့် “သံဃာသည် စား၏၊ သောက်၏၊ ခဲ၏၊ လျက်၏”ဟူ၍ ဆိုသင့်၏။
8,992
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သရက်သီးအဖျော်ကိုလည်းကောင်း၊ သပြေသီးအဖျော်ကိုလည်းကောင်း၊ အိမ်ငှက်ပျောသီးအဖျော်ကိုလည်းကောင်း၊ တောငှက်ပျောသီးအဖျော်ကိုလည်းကောင်း၊ သစ်မည် စည်သီး အဖျော်ကိုလည်းကောင်း၊ မုဒရက်သီးအဖျော်ကိုလည်းကောင်း၊ ကြာစွယ်အဖျော်ကိုလည်းကောင်း၊ ဖက်သက်တရော်သီးအဖျော်ကိုလည်းကောင်း (ဤသို့) အဖျော်ရှစ်ပါးတို့ကို ဟောအပ်ကုန်သည် မဟုတ်ပါ...
8,993
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဩော် ဟောအပ်ပါကုန်၏။
8,994
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မြတ်စွာဘုရားသည် သရက်သီးအဖျော်ကိုလည်းကောင်း၊ သပြေသီး အဖျော်ကိုလည်းကောင်း၊ အိမ်ငှက်ပျောသီးအဖျော်ကိုလည်းကောင်း၊ တောငှက်ပျောသီးအဖျော်ကိုလည်းကောင်း၊ သစ်မည်စည်သီးအဖျော်ကိုလည်းကောင်း၊ မုဒရက်သီးအဖျော်ကိုလည်းကောင်း၊ ကြာစွယ်အဖျော်ကို လည်းကောင်း၊ ဖက်သက်တရော်သီးအဖျော်ကိုလည်းကောင်း (ဤသို့) အဖျော် ရှစ်ပါးတို့ကို ဟောအပ် ခ...
8,995
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံဃာသည် စားပါသလော၊ သောက်ပါသလော၊ ခဲပါသလော၊ လျက်ပါသလော။
8,996
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဂ်သည် စားပါသလော၊ သောက်ပါသလော၊ ခဲပါသလော၊ လျက်ပါသလော။
8,997
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဖိုလ်သည် စားပါသလော၊ သောက်ပါသလော၊ ခဲပါသလော၊ လျက်ပါသလော။
8,998
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
န ဝတ္တဗ္ဗံ သံဃော ဘုဉ္ဇတီတိကထာ ပြီး၏။
8,999
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ မဂ်ဖိုလ်တို့သည် သံဃာမည်ကုန်၏၊ ထိုမဂ်ဖိုလ်တို့သည်လည်း တစ်စုံတစ်ရာဘာကိုမျှ မစားကြကုန်၊ ထို့ကြောင့် သံဃာသည် စား၏, သောက်၏, ခဲ၏, လျက်၏ဟူ၍ မဆိုထိုက်ဟု အယူရှိသူ ထိုဝေတုလ္လကဂိုဏ်းဝင်တို့ကိုပင် ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
9,000
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ သံဃာသည် အကယ်၍ မစားမသုံးပါမူ သံဃဘတ်စသည်ကို ပြုခြင်းသည် အကျိုးမရှိဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။