id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
9,101
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၀၄။ သကဝါဒီ။
9,102
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် “တရားတော်ကို ဟောပြတော်မူအပ်၏”ဟူ၍ မဆိုသင့်ပါသလော။
9,103
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဘယ်ပုဂ္ဂိုလ်သည် ဟောပြတော်မူအပ်ပါသနည်း။
9,104
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
နိမ္မိတရုပ်ပွါးတော်သည် ဟောပြတော်မူအပ်ပါ၏။
9,105
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
နိမ္မိတရုပ်ပွါးတော်သည် မာရ်ငါးပါးကို အောင်မြင်တော်မူပါသလော၊ လူနတ်တို့၏ ဆရာလော၊ မဖောက်မပြန် မှန်ကန်စွာ ကိုယ်တိုင် (တရားအားလုံးကို) သိတော်မူပါသလော၊ အလုံးစုံကို သိတော်မူပါသလော၊ အလုံးစုံကို မြင်တော်မူပါသလော၊ တရား၏အရှင် ဖြစ်တော်မူပါသလော၊ တရားကြောင့် ကိုးကွယ်ရာ ဖြစ်တော်မူပါသလော။
9,106
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားတော်ကို ဟောတော်မူအပ်၏”ဟု မဆိုသင့်ပါသလော။
9,107
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်အာနန္ဒာသည် ဟောပြတော်မူအပ်ပါ၏။
9,108
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်အာနန္ဒာသည် မာရ်ငါးပါးကို အောင်မြင်တော်မူပါသလော၊ လူနတ်တို့၏ ဆရာ ဖြစ်တော်မူပါသလော၊ မဖောက်မပြန် ကိုယ်တော်တိုင် (တရားအားလုံးကို) ထိုးထွင်း၍ သိတော်မူပါသလော၊ အလုံးစုံကို သိတော်မူပါသလော၊ အလုံးစုံကို မြင်တော်မူပါသလော၊ တရား၏ အရှင်သခင် ဖြစ်တော်မူပါသလော၊ တရားကြောင့် ကိုးကွယ်ရာ ဖြစ်တော်မူပါသလော။
9,109
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၀၅။ သကဝါဒီ။
9,110
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားတော်ကို ဟောပြတော်မူအပ်၏”ဟု မဆိုသင့်ပါသလော။
9,111
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“သာရိပုတြာ ငါဘုရားသည် အကျဉ်းအားဖြင့်လည်း တရားတော်ကို ဟောပြတော်မူ၏၊ သာရိပုတြာ ငါဘုရားသည် အကျယ်အားဖြင့်လည်း တရားတော်ကို ဟောပြတော်မူ၏၊ သာရိပုတြာ ငါဘုရားသည် အကျဉ်းအကျယ်အားဖြင့်လည်း တရားတော်ကို ဟောပြတော်မူ၏၊ တရားကို သိသူတို့ကို မူကား ရနိုင်ခဲကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
9,112
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားတော်ကို ဟောပြ တော်မူအပ်၏။
9,113
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားတော်ကို ဟောပြတော့်မူအပ်၏”ဟု မဆိုသင့်ပါသလော။
9,114
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ရဟန်းတို့ ငါဘုရားသည် ထူးသောဉာဏ်ဖြင့် သိ၍ တရားကို ဟောတော်မူ၏၊ ထူးသော ဉာဏ်ဖြင့် မသိဘဲ တရားကို ဟောတော်မူသည် မဟုတ်၊ ရဟန်းတို့ အကြောင်းနှင့်တကွသော တရားကို ငါဘုရား ဟောတော်မူ၏၊ အကြောင်းနှင့်တကွ မဟုတ်သောတရားကို ငါဘုရား ဟောတော်မူသည် မဟုတ်၊ ရဟန်းတို့ ကိလေသာကို ပယ်ရှားခြင်းနှင့်တကွဖြစ်သော တရားကို ငါဘုရား ဟောတော်မူ၏၊ ကိလေသာ ပယ်ရှ...
9,115
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားကို ဟောပြတော်မူအပ်၏။
9,116
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဓမ္မဒေသနာကထာပြီး၏။
9,117
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ တုသိတာနတ်ပြည်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားသည် တရားဟောတော်မူခြင်း အကျိုးငှါ နိမ္မိတရုပ်ပွါးတော်ကို စေလွှတ်၏၊ ထို့ကြောင့်ပင် ထိုနိမ္မိတရုပ်ပွါးတော်၏ တရားဒေသနာကို နာခံပြီး၍ အရှင်အာနန္ဒာမထေရ်သည် တရားတော်ကို ဟော၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကိုယ်တော်တိုင် တရားမဟောပါဟု အယူရှိကြကုန်သော ဝေတုလ္လကဂိုဏ်းဝင် ပရဝါဒီဆရာ...
9,118
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဖန်ဆင်းအပ်သော ရုပ်ပွါးတော်သာ တရားဟောခဲ့ပါမူ ထိုနိမ္မိတကိုယ်တော်သည်သာ ဆရာဘုရား ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,119
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ နိမ္မိတရုပ်ပွါးတော်၏ ဇိနအဖြစ်ကို ဝန်မခံလို၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
9,120
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၇၉) ၃- ကရုဏာကထာ၁
9,121
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၀၇။ သကဝါဒီ။
9,122
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားမှု ‘ကရုဏာ'သည် မရှိပါသလော။
9,123
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ချစ်ခင်မှု ‘မေတ္တာ'သည် မရှိပါသလော။
9,124
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားမှု ‘ကရုဏာ'သည် မရှိပါသလော။
9,125
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဝမ်းမြောက်မှု ‘မုဒိတာ'သည်။
9,126
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ လျစ်လျူ ရှုမှု ‘ဥပေက္ခာ'သည် မရှိပါသလော။
9,127
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ချစ်ခင်မှု ‘မေတ္တာ'သည် ရှိပါသလော။
9,128
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားမှု ‘ကရုဏာ'သည် ရှိပါသလော။
9,129
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ လျစ်လျူ ရှုမှု ‘ဥပေက္ခာ'သည် ရှိပါသလော။
9,130
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သနားခြင်း'ကရုဏာ'မရှိသူ ဖြစ်ပါသလော။
9,131
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သနားခြင်း ‘ကရုဏာ’ ရှိသူ၊လောက၏ စီးပွါးကို ကျင့်သူ၊လောကကို သနားစောင့်ရှောက်သူ၊လောက၏ အကျိုးကို ပြုကျင့်သူ ဖြစ်သည် မဟုတ်ပါလော။
9,132
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရှင်ပရဝါဒီ မြတ်စွာဘုရားသည် သနားခြင်း ‘ကရုဏာ'ရှိသူ၊လောက၏ စီးပွါးကို ကျင့်သူ၊လောကကို သနားစောင့်ရှောက်သူ၊လောက၏ အကျိုးကို ပြုကျင့်သူ ဖြစ်ခဲ့ပါမူ “ဘုန်းတော် ကြီးသော မြတ်စွာဘုရားအား သနားခြင်း ‘ကရုဏာ’ မရှိ သူ”ဟူ၍ မဆိုသင့်။
9,133
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားခြင်း'ကရုဏာ'သည် မရှိပါသလော။
9,134
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ်ကို ဝင်စားသည် မဟုတ်ပါလော။
9,135
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူခဲ့ပါမူ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားခြင်း'ကရုဏာ'သည် မရှိ”ဟူ၍ မဆိုသင့်။
9,136
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၀၈။ ပရဝါဒီ။
9,137
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားခြင်း'ကရုဏာ'သည် ရှိပါသလော။
9,138
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် တပ်စွန်းမှု ‘ရာဂ’ ရှိသူ ဖြစ်ပါသလော။
9,139
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့်ပင် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား သနားခြင်း'ကရုဏာ'သည် မရှိ။
9,140
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကရုဏာကထာ ပြီး၏။
9,141
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ချစ်ခင်အပ်ကုန်သော ဝတ္ထုတို့၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့် ရာဂနှင့်တကွဖြစ်ကုန်သော သူတို့၏ ရာဂ၏ အစွမ်းအားဖြင့် ကရုဏာ၏ အတုအရောင်ဖြစ်သော ဖြစ်ခြင်းကို တွေ့မြင်ရ၍ ရာဂသည်ပင် ကရုဏာ မည်၏၊ ထိုကရုဏာ အမည်ရသော ရာဂသည်လည်း မြတ်စွာဘုရားအား မရှိ၊ ထို့ကြောင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားအား ကရုဏာမရှိဟု အယူရှိကြကုန်သော ဥတ္တရာပထ...
9,142
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဤကရုဏာမည်သည် ကိလေသာ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သတ္တဝါလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ စေတောဝိမုတ္တိ၏ အဖြစ်ကြောင့်လည်းကောင်း၊ တစ်ဆယ့်တစ်ပါးသော အာနိသင်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း မေတ္တာစသည်တို့နှင့် တူသော သဘောရှိ၏။
9,143
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် မြတ်စွာဘုရားအား ကရုဏာတရား မရှိခဲ့ပါမူ မေတ္တာစသော တရားတို့သည်လည်း မရှိကုန်ရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,144
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ထိုသို့သော ကရုဏာမရှိသူဟူသော ဝေါဟာရကို မမြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
9,145
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၈၀) ၄- ဂန္ဓဇာတိကထာ ၁
9,146
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၀၉။ သကဝါဒီ။
9,147
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်သည် အခြား နံ့သာမျိုးတို့ကို သာလွန်၍ လွှမ်းမိုးနိုင်ပါသလော။
9,148
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် လွှမ်းမိုးနိုင်ပါ၏။
9,149
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် နံ့သာတို့ကို ဘုဉ်းပေးတော်မူပါသလော။
9,150
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် ဆွမ်းနှင့် (ဂျုံဖြင့်ပြုလုပ်သော) မုယောမုံ့ကို ဘုဉ်းပေးတော်မူသည် မဟုတ်ပါလော။
9,151
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မြတ်စွာဘုရားသည် ဆွမ်းနှင့် မုယောမုံ့ကို ဘုဉ်းပေးတော်မူခဲ့ပါမူ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်သည် အခြားသော နံ့သာမျိုးတို့ကို သာလွန်၍ လွှမ်းမိုးနိုင်၏”ဟူ၍ မဆိုသင့်။
9,152
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်သည် အခြားသော နံ့သာမျိုးတို့ကို သာလွန်၍ လွှမ်းမိုးနိုင်ပါသလော။
9,153
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်ကို ရေချိုးကုန်သော, လိမ်းကျံကုန်သော, ပွတ်တိုက်ကုန်သော, သေတ္တာ၌ သိုမှီးကုန်သော,၊ ကတ်၌ ထည့်ထားကုန်သော, ဈေး၌ ဖြန့်ခင်းရောင်းချကုန်သော အချို့သော သူတို့သည်လည်းကောင်း၊ ထိုမြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်ဟူသော နံ့သာဖြင့်လည်း နံ့သာ၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ကုန်သော အချို့သော သူတို့သည်လည...
9,154
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဂန္ဓဇာတိကထာပြီး၏။
9,155
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ မြတ်စွာဘုရား၌ မသင့်သောအကြောင်းအားဖြင့် ချစ်ခင်ခြင်း၏ အစွမ်းအားဖြင့် မြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်တို့သည် တစ်ပါးသော နံ့သာမျိုးတို့ကို အလွန့်အလွန် လွှမ်းမိုး၍ ယူနိုင်၏၊ ထိုမြတ်စွာဘုရား၏ ကျင်ကြီးကျင်ငယ်ထက် အထူးသဖြင့် ကောင်းသော အနံ့ရှိသော နံ့သာမျိုးသည် မရှိဟု အယူရှိကြကုန်သော အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို...
9,156
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၈၁) ၅- ဧကမဂ္ဂကထာ၁
9,157
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၁၀။ သကဝါဒီ။
9,158
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ တစ်ခုတည်းသော အရိယမဂ်ဖြင့် လေးပါးကုန်သော သာမညဖိုလ်တို့ကို မျက်မှောက်ပြုနိုင်ပါသလော။
9,159
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
လေးပါးသော ဖဿတို့၏။
9,160
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ လေးပါးသော သညာတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။
9,161
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တစ်ခုတည်းသော အရိယမဂ်ဖြင့် လေးပါးသော သာမညဖိုလ်တို့ကို မျက်မှောက် ပြုနိုင်ပါသလော။
9,162
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သောတာပတ္တိမဂ်ဖြင့် လေးပါးသော သာမညဖိုလ်တို့ကို မျက်မှောက်ပြုနိုင် ပါသလော။
9,163
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သကဒါဂါမိမဂ်ဖြင့်။
9,164
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အနာဂါမိမဂ်ဖြင့် လေးပါးသော သာမညဖိုလ်တို့ကို မျက်မှောက်ပြုနိုင်ပါသလော။
9,165
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဘယ်မဂ်ဖြင့် (မျက်မှောက်ပြုနိုင်ပါသနည်း)။
9,166
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် (မျက်မှောက်ပြုနိုင်ပါ၏)။
9,167
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် သက္ကာယဒိဋ္ဌိကို ဝိစိကိစ္ဆာကို သီလဗ္ဗတပရာမာသကို ပယ်စွန့်နိုင်ပါသလော။
9,168
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ပယ်စွန့်နိုင်ပါ၏။
9,169
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားခြင်းကို သောတာပတ္တိဖိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်လော။
9,170
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားခြင်းကို သောတာပတ္တိဖိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့မူ “အရဟတ္တမဂ်ဖြင့် သက္ကာယဒိဋ္ဌိကို ဝိစိကိစ္ဆာကို သီလဗ္ဗတပရာမာသကို ပယ်စွန့်နိုင်၏”ဟူ၍ မဆိုသင့်။
9,171
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရဟတ္တမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂကို ကြမ်းတမ်းသော ဗျာပါဒကို ပယ်စွန့်နိုင်ပါသလော။
9,172
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂကို ကြမ်းတမ်းသော ဗျာပါဒကို ပယ်စွန့်နိုင်ပါသလော။
9,173
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးသည်၏ အဖြစ်ကို သကဒါဂါမိဖိုလ်ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် မဟုတ်ပါသလော။
9,174
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးသည်၏ အဖြစ်ကို သကဒါဂါမိဖိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ “အရဟတ္တမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂကို ကြမ်းတမ်းသော ဗျာပါဒကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,175
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို ပယ်စွန့်နိုင် ပါသလော။
9,176
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရဟတ္တမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို ပယ်စွန့်နိုင်ပါသလော။
9,177
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ကာမရာဂ, ဗျာပါဒကို အကြွင်းမဲ့ ပယ်ရှားခြင်းကို အနာဂါမိဖိုလ်”ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။
9,178
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ကာမရာဂ, ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်ရှားခြင်းကို အနာဂါမိဖိုလ်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ “အရဟတ္တမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,179
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၁၁။ ပရဝါဒီ။
9,180
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “တစ်ခုတည်းသော အရိယမဂ်ဖြင့် လေးခုသော သာမညဖိုလ်တို့ကို မျက်မှောက်ပြု၏”ဟူ၍ မဆိုသင့်ပါသလော။
9,181
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သောတာပတ္တိမဂ်ကို ပွါးစေအပ်ပါသလော။
9,182
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ပွါးစေအပ်ပါ၏။
9,183
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သောတာပန်လော။
9,184
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် သကဒါဂါမိမဂ်။
9,185
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ အနာဂါမိမဂ်ကို ပွါးစေအပ်ပါသလော။
9,186
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ မြတ်စွာဘုရားသည် အနာဂါမ်လော။
9,187
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၁၂။ သကဝါဒီ။
9,188
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ မြတ်စွာဘုရားသည် တစ်ခုတည်းသော အရိယမဂ်ဖြင့် လေးခုသော သာမည ဖိုလ်တို့ကို မျက်မှောက်ပြု၍ တပည့်သာဝကတို့သည် လေးပါးသော အရိယမဂ်တို့ဖြင့် လေးခုသော သာမညဖိုလ်တို့ကို မျက်မှောက်ပြုပါကုန်သလော။
9,189
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မျက်မှောက်ပြုကုန်၏။
9,190
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
တပည့်သာဝကတို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် မမြင်အပ်သော တရားကို မြင်ပါကုန်သလော၊ မသိအပ်သော တရားကို သိပါကုန်သလော၊ မျက်မှောက်မပြုအပ်သော တရားကို မျက်မှောက်ပြုပါကုန်သလော။
9,191
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဧကမဂ္ဂကထာ ပြီး၏။
9,192
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ မြတ်စွာဘုရား၌ မသင့်မတင့်သောအားဖြင့် ချစ်ခင်ခြင်း၏ အစွမ်းအားဖြင့်သာလျှင် မြတ်စွာဘုရားသည် သောတာပန် ဖြစ်၍ သကဒါဂါမ်ဖြစ်၏၊ သကဒါဂါမ်ဖြစ်၍ အနာဂါမ်ဖြစ်၏၊ အနာဂါမ်ဖြစ်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏၊ တစ်ခုတည်းသာဖြစ်သော အရိယာမဂ်ဖြင့် ဖိုလ်လေးပါးတို့ကို မျက်မှောက်ပြု၏ဟု အယူရှိကြကုန်သော အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့...
9,193
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဖိုလ်လေးပါးတို့နှင့် တကွဖြစ်ကုန်သော ဖဿလေးပါး စသည်တို့ကို ပေါင်းစုသည်၏ အစွမ်းအားဖြင့် စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,194
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ အဘယ်မဂ်ဖြင့် မျက်မှောက်ပြုသနည်းဟု မေးလို၍ ဤပုစ္ဆာကို တက်သည်။
9,195
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ ဘုရားဖြစ်သောပုဂ္ဂိုလ်အား သောတာပန်အဖြစ် မရှိသောကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
9,196
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၈၂) ၆- ဈာနသင်္ကန္တိကထာ၁
9,197
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၁၃။ သကဝါဒီ။
9,198
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ဈာန်တစ်ခုမှ ဈာန်တစ်ခုသို့ ပြောင်းရွှေ့နိုင်ပါသလော။
9,199
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ပြောင်းရွှေ့နိုင်ပါ၏။
9,200
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပဌမဈာန်မှ တတိယဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။