id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
9,701 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သံဃာကို သင်းခွဲသူသည် အနန္တရိယကံထိုက်သူ ဖြစ်ပါသလော။ |
9,702 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သံဃာကို သင်းခွဲသူ အားလုံးတို့ပင် အနန္တရိယကံထိုက်သူများ ဖြစ်ပါကုန်သလော။ |
9,703 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သံဃာကို သင်းခွဲသူ အားလုံးတို့သည်ပင် အနန္တရိယကံထိုက်သူများ ဖြစ်ပါကုန်သလော။ |
9,704 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဓမ္မကံဟု မှတ်ထင်သည် ဖြစ်၍ သံဃာကို သင်းခွဲသူသည် အနန္တရိယကံထိုက်သူ ဖြစ်ပါသလော။ |
9,705 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၁။ သကဝါဒီ။ |
9,706 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဓမ္မကံဟု မှတ်ထင်သည် ဖြစ်၍ သံဃာကို သင်းခွဲသူသည် အနန္တရိယကံ ထိုက်သူ ဖြစ်ပါသလော။ |
9,707 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဥပါလိ အပါယ်ဘုံ၌ဖြစ်သော ငရဲ၌ဖြစ်သော တစ်ကမ္ဘာပတ်လုံး တည်သော မကုစား နိုင်သော သံဃာကို သင်းခွဲသူသည် ရှိ၏၊ ဥပါလိ အပါယ်ဘုံ၌ မဖြစ်သော ငရဲ၌ မဖြစ်သော တစ်ကမ္ဘာ ပတ်လုံး မတည်သော ကုစားနိုင်သော သံဃာကို သင်းခွဲသူသည် ရှိ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
9,708 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ဓမ္မကံဟု မှတ်ထင်သည် ဖြစ်၍ သံဃာကို သင်းခွဲသူသည် အနန္တရိယကံထိုက်သူ ဖြစ်၏”ဟူ၍ မဆိုသင့်။ |
9,709 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၂။ ပရဝါဒီ။ |
9,710 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဓမ္မကံဟု မှတ်ထင်သည် ဖြစ်၍ သံဃာကို သင်းခွဲသူသည် အနန္တရိယကံ ထိုက်သူ ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,711 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သံဃာကို သင်းခွဲသူသည် အပါယ်ဘုံ၌ ဖြစ်၏၊ ငရဲ၌ ဖြစ်၏၊ တစ်ကမ္ဘာ ပတ်လုံး တည်၏၊ ကွဲပြားမှု အစု'ဝဂ်’၌ မွေ့လျော်၏၊ မတရား၌ တည်၏၊ ယောဂ လေးပါးတို့ကုန်ရာ (နိဗ္ဗာန်) မှ ပျက်စီး၏၊ ညီညွတ်သော သံဃာကို သင်းခွဲပြီး၍ တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
9,712 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် သံဃာကို သင်းခွဲသူသည် အနန္တရိယကံထိုက်သူ ဖြစ်၏။ |
9,713 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အသဉ္စိစ္စကထာ ပြီး၏။ |
9,714 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အနန္တရိယကံ၏ အကြောင်းဖြစ်သော ဝတ္ထုတို့သည် အလေးပြုအပ်ကုန်သည် ဝန်လေးကုန်သည်ဖြစ်ရကား စေတနာနှင့်တကွ လုံ့လမပြုသော်လည်း ထိုဝတ္ထုတို့ကို ဖျက်ဆီးအပ်ကုန်သည်ရှိသော် အနန္တရိယကံထိုက်၏ဟု အယူရှိသူ ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာအချို့တို့ကို ရည်ရွယ်၍ ဤအသဉ္စိစ္စကထာကို ဟောတော်မူသည်။ |
9,715 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ အနန္တရိယကံမည်သည် ကမ္မပထသို့ ရောက်သော ကံဖြစ်၏၊ စေတနာနှင့်တကွ လုံ့လမပြုဘဲ ကမ္မပထပျက်ခြင်း ဖြစ်ခဲ့မူ အနန္တရိယကံမှ ကြွင်းသော ပါဏာတိပါတကံ စသောကံတို့သည် စေတနာနှင့်တကွ လုံ့လမပြုဘဲ ဖြစ်ကြကုန်ရာ၏ဟု စောဒနာလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
9,716 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ထိုသို့သဘောရှိသော အယူ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
9,717 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ အနာရောဂါကို ဆေးကုရာ စသောအခါ၌ စေတနာနှင့်တကွ လုံ့လမပြုဘဲ သေစေမှုကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
9,718 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ စေတနာနှင့်တကွ လုံ့လမပြုဘဲ ဇီဝိတိန္ဒြေမှ ချသည်၏ အဖြစ်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
9,719 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆။ ဤသို့သော အဓိပ္ပါယ်ကို မယူမူ၍ မိမိဝါဒကို တည်စေခြင်းသည် မသင့်သောအားဖြင့် တည်စေသည်၏အဖြစ်ကြောင့် တည်စေကြောင်း မဟုတ်သည်သာတည်း။ |
9,720 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၇။ “သံဃံ သမဂ္ဂံ ဘေတွာန ကပ္ပံ နိရယမှိ ပစ္စတိ”ဟူသော စကားကို မသင့်သော အကြောင်းအားဖြင့်ယူ၍ ပရဝါဒီက ဝန်ခံသည်။ |
9,721 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈။ ဓမ္မကံဟု အမှတ်ရှိသော ပုဂ္ဂိုလ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုသည်။ |
9,722 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉။ ဓမ္မကံဟု အမှတ်ရှိသော ပုဂ္ဂိုလ်ကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
9,723 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၃။ သကဝါဒီ။ |
9,724 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပုထုဇဉ်အား အသိ ‘ဉာဏ်'သည် မရှိပါသလော။ |
9,725 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်အား ပညာသည်၊ အပြားအားဖြင့် သိခြင်းသည်၊ စိစစ်ခြင်းသည်၊ အပြား အားဖြင့် စိစစ်ခြင်းသည်၊ တရားတို့ကို စိစစ်ခြင်း ‘ဓမ္မဝိစယ'သည်၊ ကောင်းစွာ မှတ်ခြင်းသည်၊ ကပ်၍ မှတ်ခြင်းသည်၊ ရှေးရှုကပ်၍ မှတ်ခြင်းသည် မရှိပါသလော။ |
9,726 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်အား ပညာသည်၊ အပြားအားဖြင့် သိခြင်းသည်။ |
9,727 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရှေးရှုကပ်၍ မှတ်ခြင်းသည် ရှိသည် မဟုတ်ပါသလော။ |
9,728 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ပုထုဇဉ်အား ပညာသည်၊ အပြားအားဖြင့် သိခြင်းသည်၊ စိစစ်ခြင်းသည်။ |
9,729 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရှေးရှုကပ်၍ မှတ်ခြင်းသည် ရှိခဲ့မူ “ပုထုဇဉ်အား အသိ ‘ဉာဏ်’ မရှိ”ဟု မဆိုသင့်။ |
9,730 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၄။ သကဝါဒီ။ |
9,731 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်သည် ပဌမဈာန်ကို ဝင်စားရာသလော။ |
9,732 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ပုထုဇဉ်သည် ပဌမဈာန်ကို ဝင်စားနိုင်ခဲ့ပါမူ “ပုထုဇဉ်အား အသိ ‘ဉာဏ်’ မရှိ”ဟု မဆိုသင့်။ |
9,733 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်သည် ဒုတိယဈာန်ကို။ |
9,734 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားရာသလော။ |
9,735 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အာကိဉ္စညာယတန ဈာန်ကို။ |
9,736 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ နေဝသညာနာသညာယတနဈာန်ကို ဝင်စားရာသလော။ |
9,737 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်သည် အလှူကို ပေးလှူရာသလော။ |
9,738 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သင်္ကန်းကို ပေးလှူရာသလော။ |
9,739 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကျောင်းကို ပေးလှူရာသလော။ |
9,740 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ပေးလှူရာသလော။ |
9,741 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ပုထုဇဉ်သည် သူနာ၏အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေးကို ပေးလှူခဲ့မူ “ပုထုဇဉ်အား အသိ ‘ဉာဏ်’ မရှိ”ဟု မဆိုသင့်။ |
9,742 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၅။ ပရဝါဒီ။ |
9,743 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပုထုဇဉ်အား အသိ ‘ဉာဏ်'သည် ရှိပါသလော။ |
9,744 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပုထုဇဉ်သည် ထိုအသိ ‘ဉာဏ်'ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား သိနိုင်ပါသလော၊ သမုဒယ သစ္စာကို ပယ်စွန့်နိုင်ပါသလော၊ နိရောဓသစ္စာကို မျက်မှောက်ပြုနိုင်ပါသလော၊ မဂ္ဂသစ္စာကို ပွါးများစေ နိုင်ပါသလော။ |
9,745 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဉာဏ်သည် လောကီဉာဏ် လောကုတ္တရာဉာဏ်ဟု နှစ်မျိုးရှိ၏၊ သမာပတ္တိဉာဏ်သည် လည်းကောင်း၊ ဒါန စသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ကမ္မဿကတာဉာဏ်သည် လည်းကောင်း လောကီဉာဏ် မည်၏။ |
9,746 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သစ္စာလေးပါးကို ပိုင်းခြားတတ်သော မဂ်ဉာဏ်သည် လည်းကောင်း၊ ဖိုလ်ဉာဏ်သည်လည်းကောင်း လောကုတ္တရာဉာဏ် မည်၏။ |
9,747 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤသို့ ဝေဖန်ခြင်းကို မပြုမူ၍ သစ္စာလေးပါးကို ပိုင်းခြားတတ်သော ဉာဏ်သည်သာ ဉာဏ်မည်၏၊ ထိုမှ တစ်ပါးသော သမာပတ္တိဉာဏ် ကမ္မဿကတာဉာဏ်သည် ဉာဏ်မမည်၊ ထို့ကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်အား ဉာဏ်မရှိ၊ ဤသို့ အယူရှိကြ ကုန်သော ဟေတုဝါဒရှိသူ ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
9,748 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၉၆) ၃-နိရယပါလကထာ၁ |
9,749 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၆။ သကဝါဒီ။ |
9,750 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ငရဲဘုံတို့၌ ငရဲထိန်းတို့သည် မရှိပါကုန်သလော။ |
9,751 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံတို့၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် မရှိပါကုန်သလော။ |
9,752 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံတို့၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် ရှိပါကုန်သလော။ |
9,753 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံ၌ ငရဲထိန်းတို့သည် ရှိပါကုန်သလော။ |
9,754 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လူတို့ ၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် ရှိကုန်သည် ဖြစ်၍ ညှဉ်းပန်း နှိပ်စက်သူ ‘ကာရဏိက'တို့သည်လည်း ရှိပါကုန်သလော။ |
9,755 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံတို့၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် ရှိကုန်သည်ဖြစ်၍ ညှဉ်းပန်းနှိပ်စက်သူ ‘ကာရဏိက'တို့လည်း ရှိပါကုန်သလော။ |
9,756 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံတို့၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် ရှိကုန်သည်ဖြစ်၍ ညှဉ်းပန်းနှိပ်စက်သူ ‘ကာရဏိက'တို့သည် မရှိပါကုန်သလော။ |
9,757 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | လူတို့ ၌ ညှဉ်းပန်းနှိပ်စက်မှု ‘ကမ္မကာရဏ'တို့သည် ရှိကုန်သည် ဖြစ်၍ ညှဉ်းပန်း နှိပ်စက်သူ ‘ကာရဏိက'တို့လည်း မရှိပါကုန်သလော။ |
9,758 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၇။ ပရဝါဒီ။ |
9,759 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ငရဲတို့ ၌ ငရဲထိန်းတို့သည် ရှိပါကုန်သလော။ |
9,760 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဤလူ့ဘုံမှ စုတေလျက် တမလွန်လောကသို့ ရောက်သူကို ဝေဿဘူ ငရဲမင်းသည်လည်း မညှဉ်းဆဲ မနှိပ်စက်နိုင်၊ ပြိတ္တာတို့၏ မင်းဖြစ်သော ငရဲမင်းသည်လည်းကောင်း၊ သောမနတ်မင်းသည်လည်းကောင်း၊ ယမနတ်မင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းသည်လည်းကောင်း မညှဉ်းဆဲ မနှိပ်စက်ကုန်။ |
9,761 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုတမလွန်လောက (ငရဲဘုံ) ၌ မိမိကံတို့သည်ပင် (မိမိကို) ညှဉ်းပန်း နှိပ်စက်ကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,762 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ငရဲဘုံတို့၌ ငရဲထိန်းတို့သည် မရှိကုန်။ |
9,763 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၈။ သကဝါဒီ။ |
9,764 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း မည်သော ညှဉ်းပန်းနှိပ်စက်မှုကို ပြုကုန်၏၊ ရဲရဲညိသော သံငုတ်ကို လက် (ဖဝါး) ၌ ရိုက်နှက်ကုန်၏၊ ရဲရဲညိသော သံငုတ်ကို ဒုတိယလက် (ဖဝါး) ၌ ရိုက်နှက်ကုန်၏၊ ရဲရဲညိသော သံငုတ်ကို ခြေ (ဖဝါး) ၌ ရိုက်နှက်ကုန်၏၊ ရဲရဲညိသော သံငုတ်ကို ဒုတိယခြေ (ဖဝါး) ၌ ရိုက်နှက်ကုန်၏၊... |
9,765 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ငရဲဘုံတို့၌ ငရဲထိန်းတို့သည် ရှိကုန်၏။ |
9,766 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ငရဲဘုံတို့၌ ငရဲထိန်းတို့သည် မရှိပါကုန်သလော။ |
9,767 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် အိပ်စေကုန်၍ ဓားမတို့ဖြင့် ရွေ ကုန်၏။ |
9,768 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ခြေကားမိုးမြော် ဦးခေါင်းစောက်ထိုး ထားကုန်လျက် ပဲခွပ်တို့ဖြင့် ရွေကုန်၏။ |
9,769 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ရထား၌ တပ်ကုန်၍ ရဲရဲညိ သော အလျှံတပြောင်ပြောင် တောက်လောင်သော မီးအရှိန်အဝါနှင့် တကွ ဖြစ်၍ဖြစ်သော မြေပေါ်၌ (ရှေ့သို့) သွားစေလည်း သွားစေကုန်၏၊ နောက်သို့ ဆုတ်စေလည်း ဆုတ်စေကုန်၏။ |
9,770 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ရဲရဲညိသော အလျှံ တပြောင်ပြောင် တောက်လောင်သော မီးအရှိန်အဝါနှင့် တကွ ဖြစ်၍ဖြစ်သော ကြီးစွာသော မီးကျီးတောင်သို့ တက်လည်း တက်စေကြကုန်၏၊ ဆင်းလည်း ဆင်းစေကြကုန်၏။ |
9,771 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ခြေထောက်မိုးမြော် ဦးခေါင်း စောက်ထိုး ကိုင်ကုန်၍ ရဲရဲညိပူလောင်သော ရဲရဲညိသော အလျှံတပြောင်ပြောင် တောက်လောင်သော မီးအရှိန်အဝါနှင့်တကွ ဖြစ်၍ဖြစ်သော ကြေးအိုး၌ ထည့်ကြကုန်၏၊ ထိုငရဲသားသည် ထိုငရဲ၌ အမြှုပ်တို့ ဖြင့် လိမ်းကျံလျက် ကျက်ရ၏၊ ထိုငရဲသားသည် ထိုငရဲ၌ အမြှုပ်တို့ ဖြင့် လိမ်းကျံလျက် က... |
9,772 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းတို့ ထိုငရဲသားကို ငရဲထိန်းတို့သည် ငရဲကြီး၌ ပစ်ချကုန်၏၊ ရဟန်းတို့ ထိုငရဲကြီးသည်ကား- “လေးထောင့်ရှိ၏၊ တံခါးလေးပေါက်ရှိ၏၊ အဖို့အစုအားဖြင့် ဝေဖန်အပ်၏၊ နှိုင်းယှဉ်အပ်၏၊ သံတံတိုင်းလျှင် အဆုံးအပိုင်းအခြားရှိ၏၊ သံဖြင့် မှောက်ထား အပ်၏၊ ထိုငရဲကြီး၏ သံမြေသည် တောက်ပ၏၊ မီးတောက်မီးလျှံနှင့် ယှဉ်၏၊ ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်တိ... |
9,773 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နိရယပါလကထာ ပြီး၏။ |
9,774 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ငရဲ၌ ငရဲသူသတ္တဝါတို့၏ ကံတို့ကသာလျှင် ငရဲထိန်းအသွင်ဖြင့် ငရဲသူသတ္တဝါတို့ကို သတ်ကြကုန်၏၊ ငရဲထိန်းမည်သော သတ္တဝါတို့သည် မရှိကုန်၊ ဤသို့ အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
9,775 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ငရဲ၌ ငရဲထိန်းတို့ မရှိကုန်မူ ကမ္မကာရဏတို့သည်လည်း မရှိကုန်ရာဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,776 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၉၇) ၄-တိရစ္ဆာနကထာ၁ |
9,777 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၆၉။ သကဝါဒီ။ |
9,778 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ နတ်ဘုံတို့၌ တိရစ္ဆာန်တို့သည် ရှိပါကုန်သလော။ |
9,779 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တိရစ္ဆာန်ဘုံတို့၌ နတ်တို့သည် ရှိပါကုန်သလော။ |
9,780 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နတ်ဘုံတို့၌ တိရစ္ဆာန်တို့သည် ရှိပါကုန်သလော။ |
9,781 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နတ်လောကသည် တိရစ္ဆာန်ဘုံ ဖြစ်ပါသလော။ |
9,782 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုနတ်ဘုံတို့ ၌ ပေါက်ဖတ်တို့သည်၊ နှံကောင်တို့သည်၊ ခြင်တို့သည်၊ ယင်တို့သည်၊ မြွေတို့သည်၊ ကင်းမြီးကောက်တို့သည်၊ ကင်းခြေများတို့သည်၊ တီကောင်တို့သည် ရှိပါကုန်သလော။ |
9,783 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၀။ ပရဝါဒီ။ |
9,784 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ နတ်ဘုံတို့၌ တိရစ္ဆာန်တို့သည် မရှိပါကုန်သလော။ |
9,785 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုနတ်ဘုံ၌ ဧရာဝဏ်မည်သော ဆင်မင်းသည် ရှိသည်မဟုတ်ပါလော၊ (သိန္ဓောမြင်း) တစ်ထောင် ကသော နတ်၌ဖြစ်သော ယာဉ်သည် ရှိသည် မဟုတ်ပါလော။ |
9,786 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ ထိုနတ်ဘုံ၌ ဧရာဝဏ်မည်သော ဆင်မင်းသည် ရှိခဲ့မူ (သိန္ဓောမြင်း) တစ်ထောင် ကသော နတ်၌ဖြစ်သော ယာဉ်သည် ရှိခဲ့မူ ထို့ကြောင့် “နတ်ဘုံတို့၌ တိရစ္ဆာန်တို့သည် ရှိကုန်၏”ဟု ဆိုသင့်၏။ |
9,787 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၁။ သကဝါဒီ။ |
9,788 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုနတ်ဘုံတို့ ၌ ဆင်ကို ဖွဲ့ချည်သူတို့သည်၊ မြင်းကို ဖွဲ့ချည်သူတို့သည်၊ (ဆင်မြင်းကို) အစာကျွေးသူတို့သည်၊ (ဆင်မြင်းကို) ဆုံးမသူ ဆင်ထိန်း မြင်းထိန်းတို့သည်၊ (ဆင်မြင်း၏) အစာကို ပြုလုပ်သူတို့သည် ရှိပါကုန်သလော။ |
9,789 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် နတ်ဘုံတို့၌ တိရစ္ဆာန်တို့သည် မရှိကုန်။ |
9,790 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တိရစ္ဆာနကထာ ပြီး၏။ |
9,791 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ နတ်ပြည်လောက၌ ဧရာဝဏ်စသော နတ်သားတို့သည် ဆင်၏ ပုံသဏ္ဌာန် မြင်း၏ ပုံသဏ္ဌာန်တို့ကို ဖန်ဆင်းကြကုန်၏၊ ထိုနတ်ပြည်လောက၌ တိရစ္ဆာန်တို့ မရှိကုန်၊ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကား တိရစ္ဆာန် အသွင်အပြင် ရှိကုန်သော နတ်သားတို့ကို မြင်၍ နတ်ပြည်လောကတို့၌ တိရစ္ဆာန်တို့ ရှိကုန်၏ဟု အယူရှိကြကုန်၏၊ ထိုဆရာတို့ကို ရည်ရွယ်၍ ဤတိရစ္ဆာနကထာကို ဟေ... |
9,792 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ နတ်ပြည်လောက၌ တိရစ္ဆာန်တို့ ရှိကြကုန်မူ တိရစ္ဆာန်လောက၌လည်း နတ်တို့ ရှိကုန်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,793 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ နတ်ပြည်လောက၌ ဆင်စသည်တို့ ရှိကြကုန်မူ ဆင်ထိန်း စသည်တို့သည်လည်း ရှိကြကုန်ရာ၏ဟု စောဒနာလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
9,794 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၉၈) ၅-မဂ္ဂကထာ၁ |
9,795 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၇၂။ သကဝါဒီ။ |
9,796 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ မဂ်သည် အင်္ဂါငါးပါး ရှိပါသလော။ |
9,797 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မဂ်သည် သမ္မာဒိဋ္ဌိ။ |
9,798 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိဟူသော အင်္ဂါရှစ်ပါးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် မဟုတ်ပါလော။ |
9,799 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ မဂ်သည် သမ္မာဒိဋ္ဌိ။ |
9,800 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိဟူသော အင်္ဂါရှစ်ပါးရှိ၏ဟု မြတ်စွာဘုရား ဟောတော်မူအပ်ခဲ့ပါလျှင် “မဂ်သည် အင်္ဂါငါးပါးရှိ၏”ဟူ၍ မဆိုသင့်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.