title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
စိတ်ပူပန်မှု ဖြစ်ခြင်းအတွက် ကုသမှုများ
စိတ်ပူပန်မှု ဆိုတာဒေါသစိတ်ကို တုံ့ပြန်ခြင်းမျိုးဖြစ်ပြီး ခြိမ်းခြောက်မှုကို ခံစားရချိန်မှာ၊ စိတ်ဖိအားဖြစ်တဲ့အခါ၊ စိတ်ဖိစိးမှုရှိတဲ့ အနေအထားကို ကြုံလာရချိန်မှာ အလိုအလျောက် စေ့ဆော်လာတဲ့ သဘာဝပဲဖြစ်ပါတယ်။စိတ်ပူပန်မှုပုံစံတွေ ကွဲပြားတဲ့အလိုက် ကုသမှုတွေလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ဟာ ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး တချို့ကတော့ ပျောက်ကင်းအောင် ကုသခြင်းဖြစ်ပါတယ်။စိတ်ကျရောဂါဆေးများဟာ SSRI ဆေးအုပ်စုဝင်ဆေးများ ဖြစ်ပြီး စိတ်ပူပန်မှု ပြဿနာမျိုးစုံကို ကာကွယ်ကုသဖို့ သုံးကြပါတယ်။အောက်ပါဆေးများဟာနာတာရှည်စိတ်ပူပန်မှုပြဿနာကို ကုသရာမှာ သုံးကြပါတယ်။ဒီဆေးတွေကို နေ့စဉ်သောက်ဖို့လိုသလား၊ ရောဂါဖြစ်ချိန်မှ သောက်သင့်သလားဆိုတာ နားလည်တတ်ကျွမ်းသူကို မေးမြန်းသင့်ပါတယ်။ရုတ်တရက်ဖြစ်လာတဲ့ စိတ်ပူပန်မှု ပြဿနာအတွက် စိတ်ပူပန်မှုပျောက်ကင်းစေတဲ့စိတ်ငြိမ်ဆေးတွေ သုံးစွဲနိုင်ပါတယ်။ အမြန်ဆုံးသက်သာစေတဲ့ စိတ်ငြိမ်ဆေးတွေကို Benzodiazepines လို့ လူသိများပါတယ်။ အောက်ပါဆေးတွေဖြစ်ပါတယ်။ဒီဆေးတွေက ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်သောက်လို့ရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်၊၊ မိမိသဘောနဲ့ မိမိ သောက်တာကို ရှောင်သင့်ပါတယ်၊၊ မကြာခဏ စိတ်ပူပန်တတ်တဲ့ သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဆောင်ထားနိုင်ပါတယ်၊၊။စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ဆေးဝါးများနဲ့ဖြစ်ဖြစ်၊ ဆေးဝါးများမပါဘဲဖြစ်ဖြစ် ကုသပေးခြင်းဟာ စိတ်ပူပန်မှုနဲ့ဆိုင်တဲ့ ပြသနာတွေအတွက် အခြေခံကျတဲ့ ကုသမှုအနေနဲ့ မှတ်ယူနိုင်ပါတယ်။စိတ်ပူပန်မှု ပြဿနာတွေကို သက်သာပျောက်ကင်းစေတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုပုံစံများစွာ ရှိတယ်လို့ သုတေသနတွေမှာ ဖော်ပြထားကြပါတယ်။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ စိတ်ပူပန်မှု ကုသရာမှာ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်း လုပ်တိုင်းမှာ အနည်းဆုံးမိနစ် ၃၀လောက် ကြာစေပြီး သင့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ နှလုံးခုန်နှုန်းဖြစ်အောင် လေ့ကျင့်ယူပါ။ဒါ့ပြင် အောက်ပါယောဂအသက်ရှူလေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပေးပါ။စိတ်ပူပန်နေရင် ဖိစီးမှုရှိနေရင် အောက်ပါအတိုင်း ဖြေရှင်းကြည့်ပါ။ယောဂကျင့်ခြင်း၊ သီချင်း နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း၊ အာရုံကြောဖြေလျှော့သော နည်းစနစ်များကို လေ့လာခြင်း စတာတွေကို ပြုလုပ်ပါ။ ပြဿနာတွေကနေ ရှောင်ခွာနေခြင်းဟာလည်း သင့်စိတ်ကို ရှင်ရှင်းလင်းလင်း ဖြစ်လာစေပါတယ်။အစာ မစားမိဘဲ လွတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ ကျန်းမာရေးနဲ့ညီညွတ်ပြီး စွမ်းအင်ဖြစ်စေတဲ့ အားဖြည့်စာများကို လက်ဝယ်ဆောင်ထားပါ။သူတို့ဟာ စိတ်ပူပန်မှုကို ပိုဆိုးစေနိုင်ပါတယ်။စိတ်ဖိစီးမှုဖြစ်နေချိန်မှာ အိပ်ရေးဝပြီး အနားကောင်းကောင်းရဖို့ လိုပါတယ်။သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ဖြည်းညင်းစွာရှူပြီး ဖြည်းညင်းစွာ ပြန်ထုတ်ပါ။ထပ်ခါထပ်ခါလုပ်ပါ။ လိုအပ်ရင် ၂၀ထိ တိုးရေပါ။အားလုံးအပြည့်အ၀ မလုပ်နိုင်ရင်တောင် အနီးစပ်ဆုံး လုပ်ဆောင်နိုင်မှုတွေအတွက် ဂုဏ်ယူပါ။သင်တွေးထားသလောက် ဆိုးရွားရဲ့လားလို့ ဆင်ခြင်ပါ။ရယ်မောခြင်းဟာ အသက်ရှည်စေပါတယ်။အဖျက်သဘောအမြင်တွေ နေရာမှာ အစားထိုးပါ။လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ လှုပ်ရှားခြင်းဟာ စိတ်ဖိစီးမှုတွေကနေ ခဏတာ သက်သာစေပါတယ်။လုပ်ငန်းခွင်၊ မိသားစု၊ ကျောင်း ဒါမှမဟုတ် ဘယ်အရာက သင့်ကို ပူပန်စိတ်ဖြစ်စေသလဲ သိအောင်လုပ်ပါ။ ဖိစီးမှုတွေကို ရေးသားဖော်ပြပါ။သင့်ကို လွှမ်းမိုးနေတဲ့ ခံစားချက်တွေကို မိတ်ဆွေနဲ့ မိသားစုဝင်တွေဆီမှာ ရင်ဖွင့်ပါ။ ဆရာဝန်များ၊ ကုသသူများထံမှာ အကူအညီယူပါ။တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အကူအညီတောင်းခံပါ၊၊။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/treatments-for-anxiety/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/3-tips-for-happy-and-heathy-life/
သားသားမီးမီးတွေ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင်
အခုအချိန်ကတော့တုပ်ကွေးဖျားနာသိပ်ကိုပေါတဲ့ မိုးရာသီကို ရောက်ရှိနေပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာCOVID-19ကပ်ဘေးကလည်း ဆက်လက်ရှိနေဆဲပါ။ ဒီအချိန်မှာပဲ ကလေးတွေရဲ့ စာသင်ကျောင်းတချို့က ပြန်ဖွင့်ဖို့ နီးစပ်လာနေပါပြီ။ ဒီလိုအချိန်မှာမိဘတိုင်းတွေးပူနေကြတာက မိမိတို့ရဲ့ ကလေးတွေ ဖျားမှာနာမှာကိုပါပဲ။တုပ်ကွေးနဲ့ ဖျားနာခြင်းတွေ ကင်းဝေးဖို့ဆိုရင် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းနေဖို့ လိုအပ်ပါတယ်။ကိုယ်ခံအားစနစ်ဟာသားသားမီးမီးတို့ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးတာမို့ တော်ရုံဖျားနာဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ကလေးတွေ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် အချက်(၃)ချက်နဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကတော့။–ရှေ့တန်းခံစစ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ။– ကိုယ်ခံအားဆဲလ်တွေကိုဖွံ့ဖြိုးစေမယ့်အာဟာရတွေနဲ့။–Antibodiesကိုထုတ်လုပ်ပေးနိုင်တဲ့အာဟာရဓာတ်တွေရယ်ပါပဲ။ရှေ့တန်းခံစစ်ဆိုတာခန္ဓာကိုယ်ရဲ့ တံခါးပေါက်တွေပါပဲ။ ဥပမာပြောရရင် အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ပါ။ ဒီလမ်းကြောင်းတွေကနေ ရောဂါပိုးတွေဝင်လာနိုင်လို့ ဒီလမ်းကြောင်းမှာရှိတဲ့ ခုခံအားစနစ်ကို မြှင့်တင်ထားဖို့ လိုတာပေါ့။ဥပမာအားဖြင့်ပြောရရင်ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်ဓာတ် (Zinc) တွေဟာ ရှေ့တန်းခုခံအားစနစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါပဲ။ကျန်းမာတဲ့ အစာခြေစနစ်အတွက်ဆိုရင်တော့ LcFosဆိုတဲ့ ဓာတ်လေးပါ လိုအပ်တာပေါ့။ ဒီအာဟာရဓာတ်တွေကို ရဖို့ဆိုရင် အစေ့အဆန်တွေ၊ အနှံတွေ၊ ကီဝီသီး၊ လိမ္မော်၊ မာလကာ၊ သံပုရာ၊ ကျွဲကော၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီအမျိုးမျိုး၊ဟင်းနုနွယ်ရွက်စတာတွေကို ကျွေးမွေးလို့ရပါတယ်။ကလေးတစ်ယောက် ကိုယ်ခံအား အားကောင်းနေစေဖို့ဆိုရင် ကိုယ်ခံအားဆဲလ်စ်တွေ (Immune Cells) ပုံမှန်ဖွံ့ဖြိုးတိုးပွားနေဖို့ လိုအပ်ပါတယ်။Immune Cells တွေ အားကောင်းနေစေဖို့အတွက်ဆိုရင်တော့ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဗီတာမင် E ၊ ဇင့် (Zinc) ၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ Antibodies တွေပါပဲ။ Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေ ကျန်းမာစေဖို့နဲ့ ဖျားနာမှုကင်းဝေးစေဖို့ အရေးပါလှပါတယ်။ဗီတာမင် A ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ဗီတာမင် E၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက Antibodies တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ဘယ်လို အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရမလဲဆိုတာကို သိပြီဆိုရင် ဒီအာဟာရဓာတ်တွေ ဘယ်လိုအစားအစာတွေမှာ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးတာကနေစလို့ တစ်နေကုန် စားသောက်တာတွေအထိ အားလုံးကို ကျွေးမွေးစီမံရာမှာ ကိုယ်ခံအားစနစ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို ချက်ပြုတ်စီမံပေးနိုင်ရင် အကောင်းဆုံးပါပဲ။ဒီတော ဘယ်လိုအာဟာရဓာတ်တွေကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်သလဲဆိုတာကိုလည်း သိထားရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ဒီလိုအစားအစာတွေကနေတဆင့် အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ကာ ရောဂါပိုးမွှားတွေအန္တရာယ်ကနေကာကွယ်ပေးကြပါစို့နော်…။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/flu-season-nutrient-for-kids/
ဝက်ခြံရှိသူလေးတွေအတွက် သင့်တော်တဲ့ Evening Primrose Oil
ဝက်ခြံအကြောင်းကြားလိုက်ရရင် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး ထင်ရပေမယ့် ဝက်ခြံက တော်ရုံနဲ့ မပျောက်တာတော့ အသေအချာပါ။ ဝက်ခြံပျောက်သွားခဲ့ရင်တောင်ကျန်နေခဲ့တဲ့အမာရွတ်တွေက မှန်ကြည့်လိုက်တိုင်းစိတ်အနှောင့်အယှက်ဖြစ်စေတယ်နော်။ ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားရတာက ကံကောင်းခြင်းတစ်ခုဆိုတာကို ဝက်ခြံပေါက်ဖူးသူတိုင်း နားလည်မယ်ထင်ပါတယ်။ အစား မှားလိုက်လို့ ဒါမှမဟုတ်စိတ်ဖိစီးလို့၊အိပ်ရေးပျက်လို့ ဆိုတဲ့ အကြောင်းအရင်း အမျိုးမျိုးရဲ့ နောက်မှာ ဝက်ခြံက ပေါက်လာတတ်စမြဲပါ။လေဒီလေးတွေမှာဆိုရင် လစဉ်ကြုံရတဲ့ ပြဿနာ​ကြောင့် ကိုယ်တွင်းမှာဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ဝက်ခြံ ထွက်တတ်ပါသေးတယ်။ ဒီလို အကြောင်းအရင်းအမျိုးမျိုးနဲ့ ပေါက်နေတဲ့ ဝက်ခြံလေးတွေကိုEvening primrose oilလေး သုံးပြီး တိုက်ထုတ်ကြည့်ရအောင်လား……….။Evening primrose oil (EPO) ကို  မြောက်အမေရိကနဲ့ ဥရောပဒေသတို့မှာ ပေါက်ရောက်တဲ့Oenothera biennisအပင်ရဲ့ အစေ့ကနေ ရရှိတာဖြစ်ပါတယ်။Evening primrose oil မှာomega-6polyunsaturated fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြိး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။Evening primrose oil (EPO)ပြည်ဖုတွေလိုဖြစ်နေတဲ့ ဝက်ခြံတွေ၊ဆားဝက်ခြံနဲ့ အသားအရေခြောက်သွေ့ကြမ်းတမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံသက်သာစေတဲ့ဆေးတွေ လိမ်းတာ​ကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ဒါတွေအပြင် လေ့လာမှုတွေအရ သိရတာက Evening primrose oil (EPO) ဟာ ဟော်မုန်း​အပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ၊ အဆီတွေကြောင့် ဖြစ်တဲ့ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။အ​ကြောင်းကတော့ Evening primrose oil (EPO) က ခန္ဓာကိုယ်တွင်းက omega-6 နဲ့omega-3essential fatty acids တို့ကို အချိုးညီစေလို့ပါပဲ။ ဒီ အကျိုးပြု အဆီနှစ်မျိုးစလုံးကိုခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါ​ကြောင့် ဒီအကျိုးပြုအဆီတွေကို ရရှိစေဖို့ အစားအစာကို အားကိုးရပါတယ်။ Evening primrose oil (EPO) မှာက omega-6 fatty acids ကြွယ်ဝစွာပါဝင်နေပါတယ်။ပုံမှန်အားဖြင့်ကတော့ Evening primrose oil (EPO) မှာ linoleic acid  လို့ခေါ်တဲ့ omega-6 fatty acids က ၇၀ ရာခိုင်နှုန်းကနေ ၇၄ ရာခိုင်နှုန်း အထိပါဝင်နေတာကြောင့်။Evening primrose oil (EPO) ကကောင်းကျိုးများတာ မှန်ပေမယ့် အခုလိုမျိုး ဘေးထွက်ဆိုးကျိုးလေးတွေတော့ ရှိနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ နဲ့ သွေးကျဲဆေးသောက်သုံးနေရသူတွေအတွက်ကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/can-you-use-evening-primrose-oil-for-acne-spots-and-scars/
မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow လို့ ရတယ်ဆိုတာ သိပြီးပြီလား!
မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow လို့ ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါဦးနော်။နေအိမ်တော်တော်များများမှာ စိုက်ပျိုးထားတတ်သလို နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိတဲ့ မာလကာသီး နဲ့ ဒီအသီးရဲ့ အပင်ကရဲ့ မာလကာရွက်တွေက အသားအရေကို ဘယ်လိုများ ကျန်းမာစေလဲ။ မာလကာရွက် နဲ့မာလကာသီးလေးတွေကို အသုံးပြုပြီးအသားအရေ ကျန်းမာစေဖို့ဘယ်လိုများ face mask လုပ်လို့ ရလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါနော်။မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow စေဖို့ ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။နွေရာသီမှာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးသလိုအဆီပြန်ခြင်း ကင်းစေဖို့နဲ့ ဝက်ခြံ မဖြစ်အောင်ရောဆားဝက်ခြံသက်သာစေဖို့ပါ ထောက်ကူပေးမှာပါ။ဘာတွေလိုအပ်မလဲ!။မာလကာသီး mask ဘယ်လို လုပ်ရမလဲ!။မာလကာသီး mask ဘယ်လို လုပ်ရမလဲဆိုတော့ လွယ်ပါတယ်။ အရင်ဆုံး မာလကာသီးက အမှည့်ဆိုရင် ဇွန်းလေးနဲ့ ကြိတ်ခြေလိုက်ရုံပါ။ ဒီလိုမှ မဟုတ်ဘဲ မာလကာသီးက မာမယ်။ အစိမ်းဆိုရင် blender ထဲ ထည့်ကြိတ်လိုက်ပါ။ပြီးရင်တော့ငှက်ပျောသီး (သီးမွှေးက ပိုကောင်းပါတယ်) ကို ကြိတ်ခြေပါ။ ဇွန်းလေးနဲ့ခြေပေးလည်း ရပါတယ်။ ပြီးရင်တော့ ငှက်ပျောသီးကြိတ်ထားတဲ့ အထဲကို မာလကာသီး ကြိတ်ထားတာလေး ထည့်ပါမယ်။ ဆတူရောပါမယ်။ နှံ့အောင် မွှေပါမယ်။ ပြီးရင် ဒိန်ချဉ် ထည့်ပါမယ်။ နှံ့အောင် မွှေလိုက်ပါ။ ပြီးရင်တော့ ပျားရည်လေး ထည့်ပြီး သေချာ နှံ့စပ်အောင် မွှေပေးပါ။ ၅ မိနစ်လောက် ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။အသုံးပြုနည်းကရော ဘယ်လိုလဲ!။အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ကြိတ်ခြေထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့မျက်နှာကိုရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီးချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။အသားအရောင် မညီတာကို သက်သာစေသလိုအရေပြားကို ကြည်လင် လှပစေပြီးအရေးအကြောင်းတွေသက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။မာလကာရွက်မှာ အသားအရေကို ကျန်းမာစေပြီး ကြည်လင်လှပစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နေလောင်တာ၊ နေအပူကြောင့် အသားအ​ရောင် မညီတာ၊ ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပြီးအသားအရေကို Glow စေဖို့ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဘာတွေ လိုအပ်မလဲ!။မာလကာရွက် mask လုပ်ဖို့အတွက်။မာလကာရွက် mask ဘယ်လို လုပ်ရမလဲ!။မာလကာရွက် maskဘယ်လို လုပ်ရမလဲဆိုတော့ အရင်ဆုံး မာလကာရွက်တွေကို ရေနဲ့ စင်နေအောင် ၂ ထပ်လောက် ဆေးလိုက်ပါ။ ရိုးရိုးရေနဲ့ ဆေးရင်ကို ရပါပြီ။ ပြီးရင်တော့ blender ထဲကို ထည့်ပြီး ကြိတ်ပါ။ နောက်ဆုံးမှာ Rosewater စားပွဲတင်ဇွန်း ၁ ဇွန်းစာနဲ့ ရေပေးပါ။အဲ့တာကိုမှ အသားအရောင်ညီဖို့အတွက်ဆိုရင် ကြက်ဥအကာတစ်လုံး ရောမွှေနိုင်ပါတယ်။ အသားကြည်ပြီး  glowဖို့ဆိုရင်တော့ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာ ထည့်မွှေလိုက်ပါ။အသုံးပြုနည်းကရော ဘယ်လိုလဲ!။အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ကြိတ်ခြေထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလိုဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီး အရေးအကြောင်းတွေ သက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။အိမ်သုံး DIY maskတွေ ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေ လတ်ဆတ်သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေ မသန့်ခဲ့ရင် မျက်နှာမှာ အရေပြား ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါသုံးစာပဲ လုပ်ပြီး ပိုတာတွေကို လွှင့်ပစ်သင့်ပါတယ်။ မျက်နှာပေါ်မှာ တင်ပြီး အသုံးပြုပြီးရင်လည်း ရေနဲ့ သေချာ ဆေးဖို့ လိုပါတတယ်။ အကြွင်းအကျန်တွေ ရှိနေခဲ့ရင် မျက်နှာပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်လာနိုင်ပါတယ်။နောက်တစ်ခုက ဓာတ်မတည့်တဲ့ ပြဿနာပါ။ ပါဝင်ပစ္စည်းတွေထဲမှာ ကိုယ်နဲ့ ဓာတ်မတည့်စေတဲ့ အရာတစ်ခုခု ပါသလားဆိုတာကို စစ်ဆေးပါ။ ဥပမာ ပျားရည်နဲ့ ဓာတ်မတည့်တဲ့ဘူးဆိုရင် ပျားရည်ကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-guava-fruits-and-leaves-for-skin-glow/
ဗောဓိညောင်က အလှအပကို ဘယ်လို အားဖြည့်ပေးသလဲ!
ဗောဓိညောင်ကို အလှအပအတွက် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဗောဓိညောင်က ကျန်းမာရေးအတွက် အကျိုးများသလိုအလှအပအတွက်လည်း အတော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဗောဓိညောင်ရဲ့ အရွက်နဲ့ ပင်စည်က အခေါက်ကို အရေပြားရောဂါ တော်တော်များများ အတွက် အသုံးပြုပေးလို့ ရပါတယ်။ဝက်ခြံ၊ဆားဝက်ခြံနဲ့အမည်းစက်တွေသက်သာစေဖို့လည်း ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ဗောဓိညောင် ဆိုတာ။ဗောဓိညောင် ဆိုတာက ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးပါ။ ဒီအပင်ကသဖန်းပင်နဲ့ မျိုးရင်းတူပြီး mulberry မျိုးရင်းပင်ဆိုလည်း ဟုတ်ပါတယ်။ အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောလေး ရှိပါတယ်။ အရွက်မှာ ရွက်ကြောတွေ ဖြာနေပြီး နုစဉ်မှာ ညီုတိုတို ရှိပြီး ရင့်လာချိန်မှာ အစိမ်းရောင်လေးပါ။ဗောဓိညောင်ရဲ့ အရွက်တင် အခေါက်၊ ပင်စည်၊ အမြစ် စတာတွေကို အလှအပအတွက် အသုံးပြုပေးလို့ ရပါတယ်။ဗောဓိညောင်က အလှအပကို ဘယ်လို အားဖြည့်ပေးသလဲ!။ဗောဓိညောင်က အလှအပကို ဘယ်လို အားဖြည့်ပေးသလဲ ဆိုတော့။ဗောဓိညောင်ရဲ့ အခေါက်ကို သွေးပြီးဖြစ်ဖြစ် ဒါမှမဟုတ် အရွက်ကို သန့်စင်အောင်ဆေးပြီး ကြိတ်ပြီးဖြစ်ဖြစ် အရေပြားပေါ်မှာ တိုက်ရိုက်လေး အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံကို အရောင်ကျစေနိုင်သလိုအမာရွတ် မကျန်စေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။ ဆားဝက်ခြံတွေကိုရောဝက်ခြံအမျိုးမျိုးကိုပါ သက်သာစေနိုင်ပါတယ်။ဝက်ခြံထပ်မဖြစ်အောင် ကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။အရေပြားမှာ ဝက်ခြံကြောင့် ဖြစ်ဖြစ် ထိခိုက်မိတာကြောင့် ဖြစ်ဖြစ် ရောင်ရမ်းနာကျင်တာကို သက်သာစေဖို့ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အခေါက်ကို သွေးလူးတာ ဖြစ်ဖြစ်၊ အရွက်ကို ကြိတ်ပြီး သုံးတာဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။အရေပြားပေါ်မှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့အတွက်လည်း ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အနာကို သန့်စင်အောင် ဆေးကြောပြီး အနာတဝိုက်မှာ အခေါက်ကို သွေးလိမ်းပေးတာ၊ အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို လိမ်းပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဗောဓိညောင်ရွက်က အရေပြားပေါ်ကအရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အသားအရေ တင်းရင်းစေချင်သူတိုင်း အသုံးပြုပေးလို့ ရပါတယ်။ဗောဓိညောင်ရွက်ကို အလှပျက်စေတဲ့အကြောပြတ်ရာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ပြီး အကြောပြတ်ရာပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရွက်နုလေးတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ဗောဓိညောင်ရဲ့ နောက်ထပ် အလှအပ ရေးရာ နောက်တစ်ခုကတော့ဖနောင့်ကွဲတာတွေကို သက်သာစေတာပါ။ အရွက်သတ္တုရည်ကို သုံးလို့ ရသလို ပြုတ်ရည်ကို အသုံးပြုပေးလည်း ရပါတယ်။ အရွက်အဆီအနှစ်နဲ့ ထုတ်ထားတဲ့ ဆပ်ပြာကို သုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။အရေပြားယားယံတာနဲ့နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေဖို့အတွက် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ အခေါက်သွေးလိမ်းတာ၊ အရွက်နုနုလေးကို ပွတ်ခြေပြီး လိမ်းပေးတာမျိုး လုပ်ပေးလို့ ရသလို သတ္တုရည်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။အသားအရေကို ကြည်လင်တောက်ပချင်တယ်ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။မျက်နှာပေါင်းတင်ဖို့အတွက် အသုံးပြုပေးလို့ အရွက်သတ္တုရည်ကို ပုံမှန်လေး သုံးပေးတာကလည်း အဆင်ပြေပါတယ်။ဗောဓိညောင်ပင်ကရတဲ့ အခေါက်၊ အရွက်၊ အမြစ်တွေက အရေပြားကို ကျန်းမာစေတယ်ဆိုပေမယ့် လေ့လာမှုတွေ ဆက်လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိတဲ့ အမြစ်၊ အခေါက်တွေကို အရေပြားမှာ တိုက်ရိုက်အသုံးပြုတဲ့အခါ အဆိပ်အတောက်တွေပါ ပါဝင်တတ်တာကို သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်မှာ ထိခိုက်လွယ်တဲ့အသားအရေရှိရင်၊ အရေပြားရောဂါအခံတစ်ခုခု ရှိနေရင် အသုံးမပြုသင့်ပါဘူး။သုံးနေရင်းနဲ့ မသက်သာဘူးဆိုရင်လည်း တတ်ကျွမ်းသူနဲ့ ပြသပြီး ဆက်လက်ကုသသင့်ပါတယ်။ အရေပြားပေါ်မှာ အသုံးပြုနေတုန်း ယားယံတာ၊ ရောင်ရမ်းတာ စတဲ့ ဓာတ်မတည့်လက္ခဏာတွေ ပေါ်လာရင် ရေနဲ့ ဆေးချပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/uses-of-peepal-tree-for-beauty/
COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ
ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင်ဂရုစိုက်မှုနဲ့အတူ မဖြစ်မနေ ဂရုစိုက်ကာကွယ်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ကိုဗစ်ဗိုင်းရပ်စ်အဓိက ဝင်ရောက် ဖျက်ဆီးပစ်နိုင်တဲ့ အဆုတ်ပါ။အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကျန်းမာဖို့က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ အရေးပါသလို အခုလို ကိုဗစ်ကာလမှာလည်း ကျန်းမာနေစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ အကြောင်းကို ပြောပြပေးပါရစေ။COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များကတော့။အခုလိုကာလက နေအိမ်မှာ နေထိုင်ရတဲ့အချိန် ပိုများပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် နေအိမ်တွင်း လေထု သန့်စင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နေအိမ်ကို နေ့စဉ် သန့်ရှင်းရေး လုပ်ပါ။ ဖုန်စုပ်ပါ။ လိုက်ကာတွေ၊ အိပ်ရာခင်းတွေကို ပုံမှန် လဲလှယ်ပါ။တစ်လတစ်ခေါက်လောက် တစ်အိမ်လုံးကို ဖုန်ခါပစ်ပါ။လေဝင်လေထွက်ကောင်းစေဖို့လည်း ဂရုစိုက်ပါ။ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က ရေဓာတ်ပြည့်ဝဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ရေဓာတ် ပြည့်ဝမှုက ကိုယ်ခံအား ကောင်းစေသလို အဆုတ် ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ရေများများသောက်တာက အဆုတ်ကို ချွဲတွေကြောင့် ထိခိုက်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အသက်ရှူရ ကောင်းစေပါတယ်။အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကိုလည်း ကာကွယ်ပေးပါတယ်။ဆေးလိပ်သောက်တာက အဆုတ် ကျန်းမာရေးကို အားနည်းစေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေသလို အဆုတ်ကင်ဆာအပါအဝင် အမျိုးမျိုးသော အဆုတ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်လေးကို ကိုဗစ် ရန် နဲ့ အခြားသော ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ဆေးလိပ် ဖြတ်ပါ။ဆေးလိပ်အပြင် vape သောက်တာ၊ e-cigs သောက်တာတွေကိုပါ မလုပ်ပါနဲ့။ ဒါတွေက အဆုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။ကြွက်သားတွေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင် ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ရသလို အဆုတ် ကျန်းမာစေဖို့လည်း လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန် လုပ်တာကကိုယ်ခံအားကောင်းစေသလို အဆုတ်ကိုလည်း ကျန်းမာစေမှာပါ။လေ့ကျင့်ခန်း လုပ်တာက အဆုတ်ကို သန့်စင်စေပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ကိုယ်လက်လေ့ကျင့်ခန်း လုပ်သလို အသက်ရှူလေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်သင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးတာက အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အဆုတ်ကို သန့်စင်စေပါတယ်။ဒါ​ကြောင့် မနက်ခင်းတိုင်းမှာ အဆုတ်အတွက် အကျိုးပြုတဲ့ အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန် လုပ်ပေးပါ။အဆုတ်ကျန်းမာစေဖို့က အာဟာရ ပြည့်ဝအောင် စားသောက်ဖို့လည်း လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာအဆုတ်ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်မယ့် နနွင်း၊ ဖရုံစေ့၊ ဘယ်ရီသီး၊ ငရုတ်ပွ၊ ရေနွေးကြမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ငါးစတာတွေကို စားပေးပါ။ဒီလို လုပ်ဆောင်ပေးတာက အဆုတ်ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ အဆုတ်လေး ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေကို အခုပဲ လိုက်နာလိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/best-health-tips-for-lungs-during-covid/
မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။
ရှိတာပေါ့။ မွေးကတည်း ကသွားပေါက်နေတဲ့ ကလေး ရှိပါတယ်။ ကလေးတော်တော်များများက၆လလောက်ဆို သွားငုတ်တုတ်၊ လူငုတ်တုတ် ဖြစ်နေပါပြီ။ အတိုးအလျော့နဲ့ ပြောရင် ၄လနဲ့ ၇လကြားပေါ့။ ဒါပေမယ့် တချို့ကလေးက အမေဝမ်းက ကျွတ်ကတည်းက သွားလေးနဲ့။ တချို့ကျတော့လည်း မွေးပြီး တစ်လလောက်နေတော့ သွားပေါက်လာရော။ ဒါတွေဟာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြရအောင်။ကလေး ၂၀၀၀မှာ ၁ယောက်လောက်က မွေးကတည်းက သွားပါလာပါတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် တချို့သော အကြောင်းတွေက ကလေးကို မွေးကတည်းက သွားပေါက်စေပါတယ်။သွားဖုံးမှာ ပေါက်တာလည်း ရှိသလို နှုတ်ခမ်းနားမှာ၊အာခေါင်မှာ ပေါက်တာလည်း ရှိပါတယ်။ များသောအားဖြင့်တော့ မွေးကတည်းက သွားပေါက်တဲ့ကလေးတွေက အောက်က ရောဂါစုတွေနဲ့ တွဲနေတာ များပါတယ်။ ဘာတွေလည်း ဆိုတော့။အပေါ်က ပြောထားတဲ့ ရောဂါတွေအပြင် တခြားအကြောင်းတွေကြောင့်လည်း သွားပေါက်နိုင်ပါတယ်။ ဒီလို မွေးကတည်းက သွားပါတဲ့ကလေးရဲ့ ၁၅ရာခိုင်နှုန်းက အရင်က ဒီလို သွားပေါက်ဖူးတဲ့ မျိုးရိုးရှိတာကို တွေ့ရပါတယ်။ မိန်းကလေးတွေက ယောကျာ်းတွေထက် ပိုဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာအာဟာရမပြည့်ဝတာကလည်း ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုပါပဲ။သွားလို့ ပြောပေမယ့် တစ်ခါတစ်လေ မြင်နေကြ သွားတွေနဲ့ မတူတာကိုလည်း တွေ့ရပါတယ်။ လေ့လာချက်တွေအရတော့ ဒီကလေးတွေမှာ သွားအမျိုးအစား ၄မျိုးပေါက်နိုင်ပါတယ်။များသောအားဖြင့်တော့ တစ်ချောင်းတည်း ထွက်တာ များပါတယ်။ မွေးကတည်းက သွားတွေ အများကြီး ပေါက်နေတာက ပိုတောင်ရှားပါတယ်။ အောက်ရှေ့သွားက အပေါ်ရှေ့သွားထက် ပိုတွေ့ရပါတယ်။ ၁ရာခိုင်နှုန်းလောက်ကပဲ မွေးကတည်းကအံသွားပေါက်တာပါ။ပေါက်တဲ့သွားအနေအထားကို ကြည့်ပြီး ဒီသွားက ကလေးကို ဘာပြဿနာ ပေးနိုင်လဲဆိုတာ စဉ်းစားပြီး ကုသမှုတွေ ပေးရပါတယ်။တချို့ကလေးတွေက မွေးတုန်းက သွားမပါဘဲ မွေးပြီး တစ်လလောက်နေတော့ သွားပေါက်တာကို တွေ့ရပါတယ်။ Pediatrics ဂျာနယ်အဆိုအရတော့ ဒီလို သွားစောပေါက်တာက မွေးကတည်းက သွားပေါက်တာထက် ပိုပြီးရှားပါတယ်။ဒီလို သွားစောပေါက်တဲ့အတွက် ပုံမှန်သွားပေါက်တဲ့အချိန်အတိုင်းမဟုတ်ဘဲ ကမောက်ကမဖြစ်သွားတာပေါ့။ ဒါ့ပြင် တခြားကလေးတွေ သွားပေါက်ခါနီးရင် ဖြစ်တတ်တဲ့သွားယားတာတို့၊သွားရည်ယိုတာတို့၊ လက်ချောင်းလေးတွေ ကိုက်တာတို့ ရှိမှာ မဟုတ်ပါဘူး။မွေးကတည်း သွားပေါက်နေပေမယ့် ဒီသွားက ခိုင်တယ်။ ယိုင်နဲ့နဲ့ မဟုတ်ဘူး ဆိုရင် ဒီတိုင်းထားလို့ ရပါတယ်။ သွားကလည်း ယိုင်နဲ့နဲ့၊ အမြစ်လည်း မရှိဘူးဆိုရင်တော့ နှုတ်ဖို့ကို အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသွားကနေ။အမြစ်ပါမပါကိုတော့ ဓာတ်မှန်ရိုက်ကြည့်လို့ ရပါတယ်။ အမြစ်မပါဘူးဆိုရင်တော့သွားနှုတ်ဖို့ အကြံပေးချင်ပါတယ်။အကျဉ်းချုပ်ပြောရရင် မွေးကတည်းက သွားပါလာတဲ့ကလေး ရှိပါတယ်။ ရှားပါတယ်။ ဒါက ကျန်းမာရေး အခြေအနေကြောင့်ပါ။ စုန်းပြုစားတာ မဟုတ်သလို၊ ဘီလူးလေး မွေးလာတာလည်း မဟုတ်ပါဘူး။ လုပ်ရမှာက ကလေးဆရာဝန်နဲ့ ပြသပြီး  ကလေးမှ တခြားရောဂါရှိမရှိ ရှာရမှာပါ။ သွားအခြေအနေပေါ်မူတည်ပြီး နှုတ်သင့်ရင် နှုတ်ရမှာပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%90%e1%80%8a%e1%80%ba%e1%80%b8-%e1%80%80-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba-%e1%80%94%e1%80%b1/
ဆင်တုပ်ကွေးဖြစ်နေပြီလား
မိုးလေးဆက်တိုက်ရွာလို့ရာသီဥတုအေးတာနဲ့အတူ မဖိတ်ခေါ်ဘဲ အလည်ရောက်နေတာကရာသီတုပ်ကွေးအပြင် ဆင်တုပ်ကွေးလည်း ပါတယ်နော်။ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားတာပဲ တုပ်ကွေးမဖြစ်တော့ဘူး ဒီတစ်နှစ်တော့လို့ ခပ်အေးအေးမနေလိုက်နဲ့နော်။ဆင်တုပ်ကွေးက သတိထားဖို့လိုနေပါသေးတယ်။ ဆင်တုပ်ကွေးက တုပ်ကွေးကာကွယ်ဆေးထိုးထားရုံနဲ့ မကာကွယ်နိုင်ပါဘူး။ဆင်တုပ်ကွေးက လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် ဆင်တုပ်ကွေးက ရာသီတုပ်ကွေးနဲ့မတူတာက လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ဘဲရောဂါကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာတွေပြနိုင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက သာမန်တုပ်ကွေးဖျားနာမှုနဲ့ ခပ်ဆင်ဆင်တူပေမယ့်ရောဂါလက္ခဏာတွေမှာတော့ ကွာခြားချက်ရှိနေပါတယ်။ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ……။ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ။ဘယ်လိုကုသမလဲ…..။ဆင်တုပ်ကွေးအတွက် ကာကွယ်ဆေးကမရှိပါဘူး။ဖြစ်လာတဲ့အခါမှသာ ကုသမှုခံယူရတာပါ။ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့လိုသလို ဒီအချက်တွေကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။ကာကွယ်လို့ရလား…..။ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားက ဆင်တုပ်ကွေးမှာလည်း အကျုံးဝင်ပါတယ်နော်။ဘယ်သူတွေမှာပိုပြင်းထန်နိုင်လဲ………။ဆင်တုပ်ကွေးက ဒီလိုအခြေအနေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/what-is-chikungunya/
ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း
ကိုယ်တွေကသာ အသက်ကြီးလာတယ်။ ငယ်ငယ်ကတည်းက အိုပါး အိုပါးလို့ခေါ်ရင်း သဘောကျခဲ့ရတဲ့ ကိုရီယား မင်းသား Hyun bin ကတော့ အိုမလာဘဲ အသားအရေက တွန့်တာမျိုးတောင် မရှိဘဲ ကြည်လင်လှပနေလို့ ဘယ်လိုများ အသားအရေကို ထိန်းသိမ်းထားတာလဲ မသိဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးကို ဖော်ပြပေးသွားမှာပါ။လက်ရှိမှာ အသက် ၄၀ ပြည့်ပြီဖြစ်တဲ့ ကိုရီးယား အမျိုးသား သရုပ်ဆောင် Hyun Bin ရဲ့ မျက်နှာ အသားအရေက ကြည်လင်နေပြီး အမည်းစက် မရှိသလို glow ချက်က ကိုယ်တွေတောင် လိုက်မမီလောက်အောင်ပါ။ ဒီလိုမျိုး အသားအရေကို ပိုင်ဆိုင်ထားရတဲ့ လျှို့ဝှက်ချက်ကတော့ အသားအရေကို နေ့စဉ် ပုံမှန် အခုလို ဂရုစိုက်လို့ပါတဲ့။အသားအရေ ထိန်းသိမ်းတဲ့နေရာမှာ တစ်နေ့တည်း တစ်ရက်တည်း လုပ်လို့မရသလို နည်းလမ်းတစ်မျိုးတည်း တစ်ဆင့်တည်းနဲ့လည်း အဆင်မပြေပါဘူး။ ဒီတော့ အိုပါး Hyun Bin က အသားအရေ ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။အသားအရေ ထိန်းသိမ်းမှုတိုင်းမှာ အခြေခံ အကျဆုံးနဲ့ ကျော်သွားလို့ မရတဲ့ အဆင့်တစ်ခုပေါ့။အသားအရေကိုသေချာလေး ထိန်းသိမ်းတာက အသားအရေ ကြည်လင်လှပစေဖို့နဲ့ အနာအဆာ ကင်းစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်တာပါ။အသားအရေကို သန့်စင်တာက အသားအရေ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတာပါ။ ဒီတော့ အသားအရေကို ကိုယ့်ရဲ့ Skin tone နဲ့ လိုက်ဖက်မယ့်မျက်နှာသစ်ဆေးလေး သုံးပြီး သန့်စင်တာနဲ့ အသားအရေ ထိန်းသိမ်းမှုကို စတင်လိုက်ပါ။အသားအရေ ကြည်လင်စေဖို့ဒီအချက်က တော်တော်လေး အရေးပါပါတယ်။ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ကတော့ အသားအရေကို သန့်စင်ပြီးချိန်မှာ အရေပြားရဲ့ ပုံမှန် pH ပမာဏ ပြန်လည် ရရှိစေဖို့အတွက် အသားအရေ ထိန်းသိမ်းမှု အဆင့်ကို လုပ်ဆောင်ပေးပါတယ်တဲ့။ ဒီလို လုပ်ဆောင်ပေးတာက အရေပြားကအသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာပါတဲ့ အရေပြား အားဖြည့် အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေပါတယ်။ဒါကြောင့် အသားအရေကို သန့်စင်ပြီးချိန်မှာ မိမိအသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ Toner လေး သုံးပြီး အသားအရေကို ညှိပေးပါ။အသားအရေကို သန့်စင်ပြီး​ပြီ။ အသားအရေကိုလည်း ညှိပြီးပြီ ဆိုရင် အသားအရေ ကြည်လင်ကျန်းမာစေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့် တစ်ခုက အသားအရေကို လိုအပ်တဲ့ ကုသမှု ပေးတာပါ။ကုသမှုဆိုလို ဆရာဝန်တွေ အရေပြားအထူးကုတွေနဲ့ ကုသတာမျိုး မဟုတ်ပါဘူး။ ဝက်ခြံ၊ဆားဝက်ခြံတွေရှိနေမယ်ဆိုရင် ဒီဝက်ခြံတွေကို သက်သာစေမယ့် ဆေးလေးလိမ်းတာမျိုးကို ဆိုလိုတာပါ။ဒီလိုလုပ်ပေးတာက အသားအရေ ထိခိုက်နိုင်ခြေကို နည်းစေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာဝက်ခြံတွေရှိနေမယ်ဆိုရင် ဝက်ခြံသက်သာစေမယ့် ဆေးတစ်ခုခု လိမ်းပေးပါ။Hyun Bin အသားအရေ အမြဲတမ်း ကြည်လင်စိုပြည်နေရတာက အသားအရေကို လိုအပ်တဲ့ အစိုဓာတ် ရရှိစေဖို့အတွက်အစိုဓာတ်ထိန်းခရင်မ်ပုံမှန် လိမ်းတာကြောင့်ပါ။ အသားအရေက ခြောက်သွေ့တဲ့အခါ ပါးပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အသားအရေကိ ပုံမှန်လေး အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အသားအရေကို သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းဖို့ကို အဆင့်တစ်ခု အနေနဲ့ သေချာလေး လုပ်ဆောင်ပါသတဲ့။အသားအရေကို သန့်စင်တယ်၊ ညှိတယ်၊ ကုသတယ်၊ ရေဓာတ်ဖြည့်တယ်ဆိုတာတွေ လုပ်ရုံနဲ့ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေ ရရှိဖို့ ပြည့်စုံစွားပြီလို့ မယူဆလိုက်ပါနဲ့။ အသားအရေကို ကာကွယ်ဖို့ လိုပါသေးတယ်။ ဒါကြောင့် အသားအရေကိုနေလောင်ကာခရင်မ်လိမ်းပြီး ကာကွယ်ရပါသေးတယ်။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားမှာ ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် တစ်နေ့တာမှာ ရေလုံလောက်အောင် သောက်သုံးတာ၊ သစ်သီးတွေနဲ့ အသားအ​ရေ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးတာကိုလည်း လုပ်ဆောင်ပါသေးတယ်တဲ့။ဒီနည်းလမ်းတွေကို အသုံးပြုပြီး အမျိုးသားထုကြီးလည်း ကိုယ်တိုင် အသားအရေကို အကောင်းဆုံး ထိန်းသိမ်းရင်း ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ……………။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/hyun-bin-skincare-tips/
ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ
ကလိုရိုဖီး ဒီစကားလုံးလေးက လူတိုင်းနဲ့ စိမ်းကောင်းစိမ်းနေနိုင်ပါတယ်။ ကလိုရိုဖီးဆိုတာက ငယ်ငယ်က စာထဲမှာ သင်ခဲ့ဖူးတဲ့ အစိမ်းရောင်ခြယ် ပစ္စည်းတစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အသီးအရွက်လေးတွေနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေ စိမ်းစိုနေအောင် ဖန်တီးပေးထားတဲ့ အရာလေးပါ။အပင်တွေ အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးတဲ့ ကရိုဖီးက အပင်တွေကို နေရောင်တွေကို စုပ်ယူပြီး အာဟာရချက်လုပ်နိုင်စေဖို့တင် ထောက်ကူပေးတာမဟုတ်ဘဲ လူတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ ကလိုရိုဖီးခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ….. ဆိုတာကို လေ့လာကြည့်ရအောင်နော်။ကလိုရိုဖီး ဆိုတာ အပေါ်မှာ ပြောခဲ့သလို အစိမ်းရောင်ခြယ်ပစ္စည်းပါ။  အသီးအရွက်လေးတွေ၊အသီးအနှံလေးတွေစိမ်းစိုနေစေဖို့ ထောက်ကူပေးပါတယ်။ အပက်တွေကို နေရာင်ခြည်စွမ်းအင်ကို စုပ်ယူပြီး အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးပါတဲ့ အရာလေးပါ။ ဘယ်မှာတွေ့ရနိုင်လဲဆိုတော့ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေမှာပါ။ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ဆိုတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ကိုယ်ခံအားကို အားဖြည့်ပေးသလို အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။ကလိုရိုဖီးကို။ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ လေ့လာမှုတွေအရ ကလိုရိုဖီးက။ကလိုရိုဖီးက သွေးဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး ကျန်းမာတဲ့သွေးနီဥဆဲလ်တွေဖြစ်ပေါ်လာအောင် အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကလိုရိုဖီးရဲ့ အ​ခြေခံ ဖွဲ့စည်းပုံနဲ့ သွေးနီဥဆဲလ်တွေရဲ့ အခြေခံ ဖွဲ့စည်းပုံတွေက ခပ်ဆင်ဆင် တူနေတာကြောင့်ပါ။ သွေးနီဥဆဲလ်တွေထဲမှာ ရှိတဲ့ ပရိုတင်းက ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။နေ့စဉ် စားသုံးမှုမှာ ကလိုရိုဖီး ပါဝင်အောင် စားသုံးတာက သွေးနီဥဆဲလ်တွေကို ကျန်းမာစေပြီးသွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကလိုရိုဖီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက အသည်းကျန်းမာစေတာပါ။ အသည်းက ကိုယ်တွင်းက  အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကလိုရိုဖီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကျန်းမာစေသလို အသည်းခြောက်တာ၊ အသည်းကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ ကလိုရိုဖီးကို အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းပေးတာက အနာတွေကို ကျက်စေနိုင်ပါတယ်။ အနာကို ပိုးဝင်တာ၊အနာရင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ထိခိုက်တာတွေကို သက်သာစေဖို့အတွက် ကလိုရိုဖီးကို အသုံးပြုပေးလို့ ရပါတယ်။ဝက်ခြံရှိသူတွေ အနေနဲ့လည်း ဝက်ခြံ သက်သာစေဖို့ ကလိုရိုဖီးကို အသုံးပြုပေးလို့ ရပါတယ်။ ကလိုရိုဖီးရဲ့ နောက်ထပ် အာနိသင်တစ်ရပ်ကတော့ နေရောင်​ကြောင့် အရွယ်မတိုင်ခင် အိုမင်းတာ၊ နေလောင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ကလိုရိုဖီးကို ခန္ဓာကိုယ်က ချွေးနံ့နဲ့ အနံ့ဆိုးတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ချိုင်းချွေးနံ့ နံတာကို သက်သာစေဖို့အတွက်လည်း ကလိုရိုဖီး ပါတာကို အသုံးပြုပေးလို့ ရပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက ကလိုရိဖီး ကြွယ်ဝပါတယ်။ကလိုရိုဖီးက ကျန်းမာစေတာ မှန်ပေမယ့် အလွန်အကျွံ မစားပါနဲ့ ဒီလိုပြောရတာက ကလိုရိုဖီးကို အလွန်အကျွံ စားတဲ့အခါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/the-benefits-of-chlorophyll/
ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ
ဆားဝက်ခြံတွေကတော်တော်လေးကိုအလှပျက်စေတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။ မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေရင် စိတ်ကသိကအောင့်ဖြစ်သလို အသားကိုယားယံတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆားဝက်ခြံ ဘယ်လိုဖြစ်လာတာလဲဆိုတာကနေ စလို့ ဘယ်လိုလုပ်ရင် သက်သာစေမလဲဆိုတာအထိ ဖတ်မိသမျှကိုပြန်လည်ဝေမျှပေးချင်ပါတယ်။နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမျာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင်ဖြစ်တာမျိုးတွေ့ဖူးပါတယ်။ညစ်ပတ်ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။အဆီများတဲ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကိုရှောင်ရှားပေးပါ။ရေကိုအခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုပဲ အဓိကထားရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေဆိုရင်လည်း အစိုဓါတ်ထိန်းခရင်မ်ပါပြီးသား မိတ်ကပ်ကိုရွေး ချယ်ပါ။ ဒီလိုလုပ်တာက မျက်နှာပေါ်က ဆားဝက်ခြံတွေရော အခြားသောဝက်ခြံတွေကိုပါ သက်သာစေပါလိမ့်မယ်။ဆားဝက်ခြံတွေက သန့်ရှင်းမှုအားနည်းလိုပဖြစ်တာမျိုးမဟုတ်ပေမယ့်လည်း မျက်နှာကို သန့်စင်အောင်ထားပေးမယ်ဆိုရင် ဆားဝက်ခြံဖြစ်တာကို သက်သာစေမှာပါ။ ဆားဝက်ခြံရှိနေတဲ့နေရာတွေကို ဆပ်ပြာအပျော့စားလေးသုံးပြီး တစ်နေ့ကို နှစ်ကြိမ်သန့်စင်ပေးပါ။ ဆားဝက်ခြံရှိတဲ့နေရာတွေကို ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ပါနဲ့ အရေပြားကျိန်းစပ်တာမျိုးဖြစ်တတ်လို့ပါ။နောက်ထပ် ဆားဝက်ခြံပျောက်အောင်လုပ်ရမှာတစ်ခုက မျက်နှာကို တစ်ပတ်ကို နှစ်ကြိမ်လောက်ပေါင်းတင်ပေးဖို့ပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့လည်း မမေ့ပါနဲ့။ မျက်နှာပေါ်ကဆဲလ်သေတွကို ဖယ်ရှားတာက မျက်နှာအသားအရေကို အာဟာရဓါတ်စုပ်ယူနိုင်စွမ်းမြင့်တက်စေပြီးချွေးပေါက်တွေကိုလည်း ပွင့်စေနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတာနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှုပုံစံအချို့ကလည်း ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်နေတယ်ဆိုရင်ဆေးလိပ်ဖြတ်ကြည့်လိုက်ပါ။ အသားအရေပိုကောင်းလာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားသုံးပေးခြင်းကလည်း အသားအရေကိုကောင်းမွန်အောင် အားဖြည့်ပေးပါလိမ့်မယ်။တော်တော်များများကတော့ ဆားဝက်ခြံကို မညှစ်ထုတ်ရဘူးဆိုတဲ့အချက်ကို လက်သင့်ခံထားကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်တာကြောင့်ပါ။ ဆားဝက်ခြံတွေကို ညှစ်ထုတ်လိုက်လို့ အနာထဲကိုဘက်တီးရီးယားတွေဝင်သွားမယ်ဆိုရင် မျက်နှာမှာ အမာရွတ်တွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။ဆားဝက်ခြံဖယ်ထုတ်တဲ့ ကိရိယာကိုအသုံးပြုပေးပါ– ဆားဝက်ခြံညှစ်တဲ့ကိရိယာက သတ္တုနဲ့လုပ်ထားပြီး အစွန်းတစ်ဖက်မှာ ဆားဝက်ခြံကို ညှစ်ထုတ်လို့ရတဲ့ အပေါက်သေးသေးလေးပါတတ်ပါတယ်။ သတိပြုစရာတစ်ချက်ကတော့ ဆားကြ်ခြံကိုမညှစ်ထုတ်ခင်မှာ ဆားဝက်ခြံညှစ်ထုတ်ဖို့အသုံးပြုမယ့် ကိရိယာကို ပိုးသေစေဖို့အတွက် အရက်ပြန်သုတ်ပေးဖို့ပါ။ လက်ချောင်းတွေကို အသုံးမပြုတာကြောင့် ပိုးဝင်နိုင်ခြေ နည်းသွားပါလိမ့်မယ်။ဆားဝက်ခြံ ကပ်ခွာသုံးပေးလို့ရပါတယ်– ဆားဝက်ခြံတွေက များသောအားဖြင့်တော့ မျက်နှာရဲ့ T-zone မှာအဖြစ်များပါတယ်။ ဆားဝက်ခြံ ကပ်ခွာကို ဆားဝက်ခြံဖြစ်တဲ့နေရာတွေမှာ မိနစ်အနည်းငယ်လောက်ကပ်ထားပေးပြီးပြန်ခွာလိုက်ပါ ဆားဝက်ခြံတွေရောချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အရာတွေပါ ပါသွားပါလိမ့်မယ်။တတ်သိနားလည်သူတွေနဲ့ပြသပေးပါ– ဆားဝက်ခြံတွေကို ဖယ်ရှားချင်နေတယ်ဆိုရင်တော့ မျက်နှာအလှအပဆိုင်ရာတတ်သိနားလည် သူတွေနဲ့တိုင်ပင်ပြီး ဖယ်ရှားတာက အကောင်းဆုံးပါ။ အလှပြင်ဆိုင်တွေမှာ လွယ်လင့်တကူ လုပ်လိုက်တာတွေက ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့်ဖြစ်နိုင်ရင်တော့ အလှအပဆိုင်ရာဆေးခန်းတွေမှာပြသကြည့်ဖို့အကြံပြုချင်ပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေကသာ ဆားဝက်ခြံ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ဆေးတွေကို ညွှန်းပေးနိုင်မှာပါ။ဆားဝက်ခြံတွေကို မဆိတ်ဆွပါနဲ့– လက်ချောင်းတွေနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်တာကချွေးပေါက်တွေကို ညစ်ပတ်တာတွေ နဲ့ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဆိတ်ဆွတာက ပိုးဝင်ကူးစက်တာတွေကိုဖြစ်စေပြီး အရေပြားရောင်ရမ်းတာနဲ့ ဆားဝက်ခြံတွေကို ပိုဆိုးစေတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်တာတစ်ခုက မျက်နှာပေါ်မှာ အမာရွတ်တွေကျန်ခဲ့စေနိုင်တာပါ။အပြင်းစား ဓာတုပစ္စည်းတွေပါဝင်နေတဲ့ ဆဲသေလ်ဖယ်ရှားတဲ့ အလှကုန်တွေမသုံးပါနဲ့– တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ဆိုင်ထား မယ်ဆိုရင် အပြင်းစား ဆဲသေလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးအလှကုန်တွေက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာ နဲ့ အရေပြားကျိန်းစပ်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ ဆဲလ်သေဖယ်ရှားတဲ့အသားအရေသုံးပစ္စည်းကိုအသုံးပြုတာကြောင့် အသားအရေမှာနာကျင်တာမျိုး ခံစားရမယ်ဆိုရင် ဆက်မသုံးဖို့ အကြံပြုပါရစေ။ ဓာတုပစ္စည်းပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ဆဲလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးပစ္စည်းကိုပြောင်းသုံးပေးပါ။တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ –မနက်ပိုင်းမှာတစ်ကြိမ် ညမအိပ်ခင်တစ်ကြိမ် အနည်းဆုံး ၂ ကြိမ်တော့ မျက်နှာကိုသေသေချာချာသစ်ပေးပါ။ပြီးရင်တော့ မျက်နှာမှာ ဆားဝက်ခြံဖြစ်တာသက်သာစေဖို့ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ မမေ့ပါနဲ့။ မျက်နှာပေါ်မှာ အဆီများရင်ဆားဝက်ခြံပိုဖြစ်နိုင်တာကြောင့် ဖြစ်နိုင်ရင်ရေကိုအခြေခံပြီးထုတ်ထားတဲ့ အစိုဓါတ်ထိန်းခရင်မ်ကိုပဲ အသုံးပြုပေးပါ။ခေါင်းအုံးစွပ်ကိုလျှော်ပေးပါ –ခေါင်းအုံးစွပ်မှာ အိပ်နေတဲ့အခါ မျက်နှာကနေ ထွက်လာတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကခေါင်းအုံးစွပ်မှာ ကပ်ညှိနေနိုင်တာကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ခေါင်းအုံးစွပ်လဲပေးပါ။မျက်နှာကို လက်နဲ့မထိပါနဲ့ –မျက်နှာပေါ်က ဆားဝက်ခြံတွေ၊ ဝက်ခြံတွေကို လက်နဲ့ထိတွေ့တာ၊ ဆိတ်ဆွတာတွေက လက်က ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကိုကူးစက်တာမျိုးတွေကိုဖြစ်ပေါ်စေပြီး ဝက်ခြံတွေကိုပိုမိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လက်ကအညစ်ပတ်ဆုံး အစိတ်အပိုင်းတွေဖြစ်နေတတ်ပြီး ဆားဝက်ခြံတွေကိုဖြစ်စေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ မျက်နှာကိုလက်နဲ့မကြာခဏထိတွေ့တာမျိုးကိုရှောင်ပါ။ မလိုအပ်ဘဲမျက်နှာကို လက်နဲ့မကိုင်ပါနဲ့။ဒီနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် လှပမှုကိုပါထိခိုက်စေတဲ့ ဆားဝက်ခြံလေးတွေကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်လိုက်ကြရအောင်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%86%e1%80%ac%e1%80%b8%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%9a%e1%80%b9%e1%80%9b/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-help-an-unhappy-child-be-happy/
ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး ဒါတွေမှားသိနေကြပါသတဲ့။
ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး ဒါတွေမှားသိနေကြပါသတဲ့။ဓာတ်ဆားရည် ဆိုတာ ဓာတ်ဆား၊ ဂလူးကို့စ်၊ ရေ စတာတွေကို ပေါင်းပြီးဖျော်စပ်ထားတဲ့ ဖျော်ရည် တစ်ခုပါ။ ဒီထဲမှာ လူအများသိကြတဲ့ BPI ဓာတ်ဆားကစလို့sport drinksတွေလည်း ပါပါတယ်။ အားကစားသမားတင်သာမက လူတိုင်းသောက်နိုင်တဲ့ ဓာတ်ဆားဖြည့်အချိုရည်တွေ လည်း ပါပါတယ်။ဒီဟာတွေ သောက်တဲ့အခါ အများစုအနေနဲ့ အယူအဆမှားနေတာလေးတွေ ရှိပါတယ်။ ဓာတ်ဆားဖြည့်အချိုရည်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားတွေ၊ အားအင်ပေးနိုင်တဲ့ ဂလူးကို့စ်တွေအပြင် ရေဓာတ်ပါဖြည့်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဒါကို မှန်မှန်ကန်ကန်သောက်မယ်ဆိုရင် ကျန်းမာရေးအတွက်  အကျိုးများမှာ သေချာပါတယ်။ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး မှားသိနေကြတာတွေကတော့။# ချွေးထွက်တဲ့အခါ ရေပဲ ဆုံးရှုံးတာဖြစ်လို့ ရေပဲသောက်ရင် လုံလောက်တယ်။ချွေးထွက်တဲ့အခါ ရေအပြင် ဓာတ်ဆားတွေပါ ဆုံးရှုံးတာ ဖြစ်ပါတယ်။ သိသာတဲ့အချက်ကတော့ ချွေးက ငန်ကျိကျိအရသာရှိနေတာပါပဲ။ ဆိုလိုတာက ချွေးထဲမှာ ရေအပြင် ဆားဓာတ်တွေပါ ဆုံးရှုံးသွားတာပါ။ ဒါကြောင့် ပြန်ဖြည့်တဲ့အခါ ရေအပြင် ဆားဓာတ်ကိုပါ ပြန်ဖြည့်ရမှာ ဖြစ်ပါတယ်။ ဆားဓာတ် ဆုံးရှုံးသွားတာကို ရေပဲပြန်ဖြည့်ရင် ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမျှခြေပျက်ပြီး ပျို့အန်ချင်တာ၊ ကိုယ်တွေလက်တွေကိုက်ပြီး နေထိုင်မကောင်းတာ ဖြစ်တတ်ပါတယ်။ဒါကြောင့် ချွေးထွက်များတဲ့အခါ ရေထက်စာရင် ဓာတ်ဆားဖြည့်အချိုရည်တွေ သောက်ပေးသင့်ပါတယ်။# ဓာတ်ဆားဖြည့်အချိုရည်ဆိုတာ အားကစားသမားတွေပဲ သောက်ရတယ်။ဓာတ်ဆားဓာတ်ဆိုတာ လူတိုင်းမှာ ရှိတဲ့အတွက် လူတိုင်းလိုအပ်ပါတယ်။ အားကစားသမားတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတဲ့အတွက် ဓာတ်ဆားရည်သောက်ကြပါတယ်။ ဒါကြောင့် ဓာတ်ဆားဖြည့်အချိုရည်တွေက အားကစားသမားတွေအတွက်ပဲ၊ သာမန်လူတွေ သောက်စရာမလိုဘူးလို့ ထင်ကြတာာ ဖြစ်ပါတယ်။တကယ်က အားကစားသမားမှ မဟုတ်ပါဘူး။ ဓာတ်ဆားဓာတ်လိုအပ်တဲ့ ဘယ်သူမဆို သောက်လို့ရပါတယ်။ အားကစားသမားမဟုတ်ပေမယ့်ချွေးထွက်များတဲ့သူ၊ တစ်နေ့တာမှာ လှုပ်လှုပ်ရှားရှား နေရတဲ့သူ၊ ရာသီဥတုပူပူမှာ သွားလာနေရတဲ့ ဘယ်သူမဆို သောက်နိုင်ပါတယ်။# ဓာတ်ဆားဖြည့်အချိုရည်တွေက ငန်လွန်းတယ်။ချွေးထွက်များတဲ့အခါ အဓိကဆုံးရှုံးတာက ဆားဓာတ်ပါ။ ဒါကြောင့် ဓာတ်ဆားရည်တွေမှာ အငန်ကဲထားတာဖြစ်ပါတယ်။ နောက်တစ်ချက်က အငန်ဓာတ်က ရေပိုဆာစေပါတယ်။ ဒါကြောင့် ရေပိုသောက်ဖြစ်အောင် လှုံ့ဆော်ပေးသလို ဖြစ်စေပါတယ်။တစ်ခုရှိတာက ဓာတ်ဆားဖြည့်အချိုရည်တွေမှာ ဆားဓာတ် (ဆိုဒီယမ်) ပါဝင်မှုက တစ်ခုနဲ့ တစ်ခု မတူနိုင်တာကြောင့် ပမာဏကို အရင်စစ်ဆေးသင့်ပါတယ်။ များလွန်းတော့လည်း ဆားဓာတ်က ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေပါတယ်။#ဓာတ်ဆားဖြည့်အချိုရည်တွေက ဆိုဒီယမ်ပါလို့ သွေးတိုးရှိရင် မသောက်သင့်ဘူး။ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တော်တော်များများမှာ အရေးပါပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပေါပေါများများလည်းတွေ့ရပါတယ်။ ဆဲလ်တွင်း ဆဲလ်ပြင် ရေဓာတ်မျှတမှုကို ဖြစ်စေတာကြောင့် နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ သွေးဖိအားကိုလည်း ထိန်းပေးနိုင်ပါတယ်။အများစုသိထားကြတာက ဆိုဒီယမ်များရင် သွေးတိုးတယ်ဆိုတာပါ။ ဒါက မှန်ပါတယ်။ ဒါပေမယ့်  ဆိုဒီယမ်နည်းလွန်းရင်လည်း ခန္ဓာကိုယ်မှာ ရေဓာတ်မျှခြေပျက်တာ၊ သွေးပေါင်ကျတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သွေးတိုးရှိသူတွေကဆိုဒီယမ်များလို့ဆိုပြီး ဓာတ်ဆားဖြည့်အချိုရည်ကို လိုအပ်နေတာတောင် မသောက်ချင်ကြပါဘူး။နေပူထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရတဲ့အခါ၊ ချွေးထွက်များတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့အတွက် ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုပါတယ်။ သွေးတိုးရောဂါအခံရှိသူဆိုရင်တောင် ဒီအချိန်မှာ ဆိုဒီယမ်ဆုံးရှုံးနေတဲ့အတွက် သွေးဖိအားကို ထိန်းဖို့ ဆက်နေမှာပါ။ ဒါ့ပြင် ရေဓာတ်နဲ့ တခြားဆားဓာတ်တွေလည်း ဆုံးရှုံးနေမှာ ဖြစ်တဲ့အတွက် ပြန်ဖြည့်ဖို့ လိုပါတယ်။ မသောက်ဘဲ နေလိုက်ရင် ရေဓာတ်ဆုံးရှုံးတာရော၊ ဓာတ်ဆားတွေ မျှခြေပျက်တာရောပေါင်းပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်နိုင်ပါတယ်။သာမန်အချိန်မှာ ဓာတ်ဆားရည်ခဏခဏသောက်တာမျိုးက မသင့်တော်ပေမယ့် တကယ်လိုအပ်တဲ့အချိန်မှာတော့ သောက်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/myths-and-facts-about-electrolytes-drinks/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aids-tips-for-allergy-person/
ခေါင်းဖြီးတာက တကယ်လိုအပ်လား ...........
မနက်ခင်း အိပ်ရာက ထတဲ့အချိန်၊ အပြင်မသွားခင်နဲ့ ညနေ ရေချိုးပြီးချိန်တွေမှာ ခေါင်းဖြီးလား။ ဒါမှမဟုတ် တစ်နေ့လုံးနေမှ တစ်ကြိမ်ပဲ ခေါင်းဖြီးတာလား……. ခေါင်းကို လုံးဝမဖြီးဘဲနေလား……  ခေါင်းဖြီးတာက တကယ်လိုအပ်လား ………..။ခေါင်းဖြီးတာက အလှအပအတွက်တင် မဟုတ်ပါဘူး။ဆံသားနဲ့ဦးရေပြားကိုပါ ကျန်းမာစေတာပါ။ ဘယ်လိုတွေများ အကျိုးထူးစေလဲ သိချင်ရင် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ခေါင်းဖြီးတာက တကယ်လိုအပ်လား ……….. ဆိုတော့ ခေါင်းပုံမှန်ဖြီးပေးတာကြောင့်။အိပ်ပျော်စေတယ်။ခေါင်းဖြီးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းစေပြီး အင်အားပြည့်စေဖို့ အထောက်အပံ့ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင်မှာ ခေါင်းဖြီးပါတဲ့။ ဆံပင်ကိုနဖူးစပ်က အဖျားထိရောင်အောင် သေချာလေး ဖြီးပေးပါ။ ဒီလိုဖြီးပေးတာကဆံပင်တွေကို ရှင်းစေသလို ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ခေါင်းဖြီးလိုက်တဲ့အခါ ဆံပင်မှာကပ်တွယ်နေတဲ့ မျက်စိနဲ့ မြင်နိုင်တဲ့ အရာကိုရော မမြင်နိုင်တဲ့အရာကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဆံပင်ကျွတ်တွေတင်မဟုတ်ဘဲ ဆံပင်မှာ တွယ်ကပ်နေတဲ့ အရာတွေကိုပါ အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ဆံပင်သန်စွမ်းစေတယ်။ခေါင်းဖြီးတာကဆံပင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်နည်းတစ်ခုပါ။ ခေါင်းဖြီးလိုက်တဲ့အခါ ဦးရေပြားကိုသွေးစီးဆင်းရောက်ရှိမှုကောင်းအောင် လှုံ့ဆော်ပေးနိုင်သလို ဆံပင်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေစုပ်ယူနိုင်စေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်ဆံနွယ်လေးတွေကျန်းမာသန်စွမ်းချင်တယ်ဆိုရင်တော့ ခေါင်းဖြီးပါ။ဆံပင်ကျွတ်တာသက်သာစေတယ်။ခေါင်းဖြီးတာက ဆံပင်ကျွတ်စေတယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။ တကယ်ကတော့ ဆံပင်ကို သေချာလေးဖြီးမယ်ဆိုရင် ဆံပင်ကျွတ်တာကို သက်သာစေမှာပါ။ ခေါင်းဖြီးတာက ဦးရေပြားကဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး ဦးရေပြားမှာ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပါတယ်။ဒါတင်မကပါဘူးဆံပင်အမြစ်တွေဆီကိုအောက်ဆီဂျင်ရောက်ရှိမှု ကောင်းစေသလို ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပါတယ်။ ဆံပင်ကို သန်စွမ်းစေပြီး ဆံပင်ကျွတ် သက်သာစေဖို့ဆိုရင် ခေါင်းဖြီးပေးတာက နည်းလမ်းကောင်းပါ။ဦးရေပြား အဆီပြန်တာကို သက်သာစေတယ်။ခေါင်းဖြီးတဲ့အခါ ဦးရေပြားက ဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေလို့ ဆံပင်အမြစ်ကို အောက်ဆီဂျင် ရောက်ရှိစေနိုင်ပါတယ်။ ဒီလိုရောက်ရှိမှုက ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပြီး အဆီတွေမထွက်အောင် ထိန်းညှိပေးပါတယ်။ခေါင်းသေသေချာချာ ဖြီးပေးတာက ဦးရေပြား အဆီပြန်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ဦးရေပြား ကျန်းမာစေတယ်။ခေါင်းဖြီးတဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးသလိုပါပဲ။ ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးရေပြားမှာအရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဦးရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပုံမှန် ခေါင်းဖြီးပေးဖို့လိုပါမယ်။ခေါင်းဖြီးတဲ့အခါမှာလည်း သင့်တော်တဲ့ ဘီးနဲ့ အသာအယာ ဖြီးပေးဖို့ လိုပါတယ်။ ရေစိုနေချိန် မဖြီးပါနဲ့။ ခေါင်းဖြီးတဲ့အခါ ဆံပင်မငြိအောင် အဖျားကနေ စဖြီးပါ။ ခုနောက်ပိုင်းမှာ scalp massage လုပ်တဲ့ ဘီးလေးတွေ ပေါ်နေပြီဆိုတော့ ဒါလေးတွေနဲ့လည်း ဖြီးလို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/surprising-benefits-of-hair-brushing/
null
null
health
health
https://hellosayarwon.com/health/type-a-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%80%e1%80%ad%e1%80%af/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8%e1%80%90%e1%80%8a%e1%80%ba%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac-%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac/
ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ
ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ ……..ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးမွှားများ၊ မှိုစွဲစေသော ရောဂါပိုးမွှားများ စတာတွေဟာကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တဦးနဲ့တဦး တိုက်ရိုက်ထိတွေ့ခြင်းမှဖြစ်စေ၊ တဆင့်ခံထိတွေ့ခြင်းမှ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ဥပမာ ငှက်ဖျား၊ ဝက်သက်၊ အဆုတ်တီဘီ စတာတွေဟာ ကူးစက်ရောဂါတွေဖြစ်ပြီး တဦးကနေ တဦးကို နည်းလမ်းမျိုးစုံနဲ့ ကူးစက်နိုင်ပါတယ်။ ကာကွယ်တဲ့အနေနဲ့လက်များကို ဆေးကြောခြင်း၊ ကူးစက်ထိတွေ့နိုင်ခြေရှိသော အရာများကို ရှောင်ရှားခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်နိုင်ပါတယ်။ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ ဆိုတော့ အခုလို ကူးစက်တာပါ။ရောဂါပိုးများကို လူနဲ့တိုက်ရိုက်ထိတွေ့ပြီး ကူးစက်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ တဦးနဲ့တဦးထိတွေ့ခြင်းကဖြစ်စေ၊ ရောဂါပိုးရှိတဲ့နေရာကို ထိတွေ့ခြင်းကဖြစ်စေ ကူစက်နိုင်ပါတယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ်။လူအချင်းချင်း ထိတွေ့ကိုင်တွယ်ခြင်း၊ ပွေ့ဖက်ခြင်း စတာတွေကတဆင့် ကူစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေသူနှင့် ထိမိခြင်း၊ ရောဂါပိုးရှိသောသွေးကို သွင်းမိခြင်း၊ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်တတ်ပါတယ်။အထူးသဖြင့် ရောဂါပိုးရှိနေသူမှာ လက္ခဏာမပြသေးတဲ့အချိန်မှာ အခုလို ထိတွေ့ဆက်ဆံမိလို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးဆီကို အချင်းကနေတဆင့် ကူးစက်နိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါအချို့ (ဥပမာ ဂနို) ဟာလည်း မီးဖွားစဉ်မှာ မိခင်ကနေ ကလေးကို ကူးစက်နိုင်ပါတယ်။ချောင်းဆိုးခြင်း၊ နှာချေခြင်း စတာတွေပြုလုပ်ချိန်မှာ ရောဂါပိုးများဟာ အမှုန်အမွှားများအနေနဲ့ ပျံ့နှံ့သွားတတ်ပါတယ်။ ရောဂါရှိသူရဲ့ ကိုယ်ခန္ဓာထဲက ထွက်လာတဲ့ အမှုန်အမွှားများဟာ အနီးအနားမှရှိနေသူများဆီ ရောက်ရှိသွားပြီး ကူးစက်နိုင်ပါတယ်။ အဆိုပါ အမှုန်အမွှားများဟာ ပေအနည်းငယ်လောက်ထိပဲ လွင့်စင်ပြီးရင် မြေပြင်ပေါ်ကျသွားတတ်တာမို့ နီးကပ်နေသူများကိုသာ ကူးစက်တတ်ပါတယ်။ရောဂါပိုးမွှားများဟာ ပတ်ဝန်းကျင်အရာများဆီ ရောက်သွားရာကနေ ထိတွေ့မိပြီး ကူစက်ခြင်း ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။သေးငယ်ပေါ့ပါးလွန်းတဲ့ ရောဂါပိုးများဟာ လေထဲမှာ အချိန်အတိုင်းအတာတခုအထိ ပျံ့နှံ့နေရာကနေ ကူးစက်နိုင်ပါတယ်။ ဥပမာ ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ အခန်းတခန်းထဲကို ဝက်သက်ရှိထားသူတယောက် ဝင်သွားပြီး ပြန်ထွက်ခွာသွားရင်တောင် လေထဲမှာ ပိုးမွှားတွေ ကျန်နေနိုင်ပြီး ထပ်မံဝင်ရောက်လာသူကို ကူးစက်နိုင်ပါတယ်။ရောဂါပိုးမွှားအချို့ဟာ အရာဝတ္တုအမျိုးမျိုးရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေနိုင်ပါတယ်။ ဥပမာ ရောဂါရှိသူတဦးက တံခါးလက်ကိုင်တခုကို ကိုင်မိပြီးသွားရင် အဆိုပါတံခါးလက်ကိုင်ကို ထပ်ကိုင်မိသူတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ ထိမိထားတဲ့လက်ကို မဆေးကြောမိသေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်စိ စတာတွေနဲ့ ထိတွေ့ရင် ရောဂါပိုးကူးစက်နိုင်ပါတယ်။အရာဝတ္တုများအပေါ်မှာ ရောဂါပိုးဟာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကတော့ ပိုးအမျိုးအစားပေါ် မူတည်ပါတယ်။ တခါတရံမှာ သန့်ရှင်းရေး သေချာမလုပ်ထားတဲ့ ဆေးရုံဆေးခန်းသုံးပစ္စည်းကိရိယာတွေကလည်း ကူးစက်နိုင်ပါသေးတယ်။ရောဂါပိုးဝင်ရောက်နေတဲ့ အစားအစာကို စားသုံးမိရင်၊ ရေကို သောက်မိရင် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဥပမာ E Coli ပိုးဟာ အစားအစာတွေကို ကျက်အောင် မချက်ရင်၊ သန့်ရှင်းစွာ မကိုင်တွယ်မိရင် ဝင်ရောက်နိုင်ပါတယ်။ သေချာစွာ ထုတ်ပိုးထားခြင်းမရှိတဲ့ စည်သွပ်အစားအစာတွေမှာလည်း ရောဂါပိုးတွေ ပေါက်ပွားနေနိုင်ပြီး စားသုံးမိချိန်မှာ အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ရောဂါပိုးကူးစက်ထားတဲ့ တိရစ္ဆာန်က ကိုက်မိရင်ဖြစ်စေ၊ တိရစ္ဆာန်များရဲ့ အညစ်အကြေးကို ထိတွေ့ကိုင်တွယ်မိရင်ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ဥပမာ ကြောင်ရဲ့မစင်မှာ ကပ်ပါးပိုးတချို့ ရှိနေနိုင်လို့ သန့်ရှင်းရေးလုပ်ဖို့ ထိကိုင်မိချိန်မှာ ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ကိုယ်ခံစွမ်းအားနည်းပါးသူတွေ ပိုမိုဂရိုစိုက်ရပါမယ်။ငှက်ဖျား၊သွေးလွန်တုပ်ကွေးစတဲ့ရောဂါများဟာ ခြင်ကိုက်ရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ခွေးရူးပြန်၊ ထောင့်သန်း၊ ပလိပ် စတာတွေဟာလည်း တိရစ္ဆာန်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပါတယ်။ဘယ်သူမဆို ကူးစက်နိုင်ပေမယ့် ခုခံအားကျနေတဲ့အခါ သူများထက် ကူးနိုင်ခြေ ပိုမြင့်ပါတယ်။ ခုခံအားကျနေနိုင်တဲ့ အကြောင်းတွေကတော့။ကူးစက်ရောဂါမဖြစ်ပွားအောင် ပတ်ဝန်းကျင်အရာများနဲ့ ထိတွေ့ဖန်များတဲ့ မိမိလက်များကို မကြာခဏ ဆေးကြောရပါမယ်။ မိမိလက်ကို နှာခေါင်း၊ ပါးစပ် စတဲ့ မျက်နှာအစိတ်အပိုင်းတွေနဲ့ မလိုအပ်ဘဲ မကြာခဏ ထိတွေ့ခြင်းမဖြစ်အောင် သတိပြုရပါမယ်။မသန့်ရှင်းတဲ့ အရာတွေကို ကိုင်တွယ်ရင် တခါသုံးလက်အိတ်စွပ်ပါ။ နှာချေ၊ ချောင်းဆိုးချိန်မှာ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားပါ။ မိမိဝန်းကျင်မှာ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ရောဂါအလိုက် သတိပြုရမယ့် အချက်တွေကို ကြိုတင်လေ့လာထားပါ။ အစားအစာများကို သေချာစွာ ချက်ပြုတ်စားသုံးပါ။ လူထူတဲ့နေရာတွေကို mask တပ်ပြီးသွားပါ။ တိရစ္ဆာန်များ၊ အင်းဆက်များ မကိုက်မိအောင် သတိပြုပါ။ကိုယ်ခံစွမ်းအားမြင့်မားအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပါ။ အိပ်ရေး၀၀ အိပ်ပါ။ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ နည်းလမ်းနဲ့ ဘယ်သူတွေမှာ ပိုကူးနိုင်တယ်ဆိုတာ သိထားမယ်ဆိုရင် မိမိနဲ့ မိမိပတ်ဝန်းကျင်က လူတွေ ရောဂါပိုး မကူးစက်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/disease-transmission/
Maple Syrup ကျန်းမာစေသလား
Maple Syrupက မြန်မာလူမျိုးတွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပေမယ့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးလေးတွေရှိနေတာမို့ ဗဟုသုတ ရအောင် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Maple Syrup ဆိုတာ ဘာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။Maple Syrupဆိုတာ Mapleပင်ကနေရတဲ့ အချိုဓာတ်ပါတဲ့ အစေးတစ်မျိုးပါ။ အပင်ရဲ့ ပင်စည်ကို အပေါက်ကလေး ဖောက်ပြီး ဒီအစေးကို ရယူတာပါ။ Maple ပင်က သူ့ရဲ့ ကစီဓာတ်ကို အမြစ်တွေ နဲ့ အကိုင်းအခက်တွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပေါ့။ နွေဦးကာလ ရောက်တဲ့အခါ ဒီလို ကာလရှည်ကြာ စုဆောင်းထားတဲ့ ကစီဓာတ်တွေကို အချိုဓာတ်ပါတဲ့ အစေးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီအချိုဓာတ်ပါတဲ့ အစေးတွေကို ပင်စည်ထဲကရေဓာတ်နဲ့ ပေါင်းစပ်ပြီး ရရှိလာတဲ့ ပင်စည်ကနေကျတဲ့ အစေးနဲ့ရေနဲ့ ရောနေတဲ့ အရောကို ပေါင်းခံလိုက်တဲ့အခါ ဓာတုပစ္စည်း ကင်းစင်တဲ့ Maple Syrupကို ရရှိပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် Maple Syrupက ပျားရည်နဲ့ ခပ်ဆင်ဆင်တူပြီးသကြားအညိုကို ညောင်စေးကျအောင် ကျိုထားတာနဲ့ ခပ်ဆင်ဆင် တူပါတယ်။အမေရိကဒေသမျိုးရင်းပင် ဖြစ်တဲ့ Maple ပင်ကနေ ထုတ်လုပ်ထားတဲ့ အနှစ်ပါ။ပျားရည်လိုပဲ စားသုံးလို့ ရပါတယ်။ Maple Syrup သဘာဝဆန်သလိုအာဟာရတန်ဖိုးလည်း မနည်းပါဘူး။Maple Syrupမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။Maple Syrup ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ ဘယ်လိုမျိုး ကျန်းမာစေတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။Maple Syrupမှာ polyphenol antioxidants ပါဝင်နေတာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆစ်ရောင်နာ၊ အစာခြေစနစ်ရောင်ရမ်းတာ နဲ့ နှလုံးရောဂါတွေကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အပင်ကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။Maple Syrupက ဆဲလ်တွေကို မျိုးဗီဇပြောင်းလဲတာ၊ DNA ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သဘာဝ အတိုင်းလုပ်ထားတဲ့ Maple Syrupက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Maple Syrupကို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို ရေဓာတ်လည်း ဖြည့်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးပြီး အရေပြား ကျိန်းစပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။သန့်စင်ပြီးသား သကြားနဲ့ အချိုတွေက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ Maple Syrupကတော့ အစာကြေစေနိုင်ပြီး လေပွတာ၊ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။Maple syrupမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တော်တော်များများ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျိုးမျိုးသော ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။  Maple syrupက အရောင်ရင့်လေလေ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝလေလေပါ။Maple syrupရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က နှလုံး ကျန်းမာစေနိုင်တာပါ။ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာလိုမျိုးကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/maple-syrup-benefits/
ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI ဘယ်ဟာကို ရွေးကြမလဲ ။ ။
CTတို့MRIတို့ဆိုတာ ခုနောက်ပိုင် းအရမ်းကို ခေတ်စားပြီး အသုံးဝင်တဲ့ပုံရိပ်ဖော် ရောဂါ ရှာဖွေရေးနည်းပညာတွေဖြစ်ပါတယ်။ သာမန် ဓါတ်မှန်အာထရာဆောင်းတို့ထက် သာလွန်ရတဲ့ အကြောင်းအရင်းကတော့ သူတို့နှစ်ခုလုံးက တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လို့ရတဲ့အပြင် ရလာတဲ့အဖြေတွေကလည် းတိကျသေချာမှုရှိတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကဆေးခန်းသွားလို့ CT ရိုက်မလား MRI ရိုက်မလာ ရွေးရတော့မယ်ဆိုရင် ဘာကို ရွေးမလဲ။ သူတို့နှစ်ခုက ဘယ်လိုခြားနားချက်တွေရှိလဲ ။ ။Computed tomography ခေါ်တဲ့CT scanဟာ ကိုယ်တွင်းက ကလီစာတွေ၊အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။MRI ရဲ့ အရှည်ကောက်ကတော့Magnetic resonanceimaging ဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေ အသုံးပြုပြီး ကွန်ပျူနည်းပညာနဲ့ ပေါင်းစပ်ကပုံရိပ်ဖော်တဲ့နည်းပညာ ဖြစ်ပါတယ်။MRI ထက်စာရင် CT ကတော့ လူသုံးများပြီး အကုန်အကျလည်းသက်သာတဲ့ ရောဂါရှာဖွေနည်းပညာတစ်ခုပါ။ ဒါပေမယ့် တိကျမှုအပိုင်းမှာတော့ MRI က CT ထက်ပိုပြီး သာလွန်နေတတ်ပါတယ်။ သူတို့နှစ်ခုရဲ့အဓိက ခြားနားချက်ကတော့ CT့ကဓါတ်ရောင်ခြည်တွေသုံးပြီး ပုံရိပ်ဖော်ပေမယ့် MRI ကတော့ ဓါတ်ရောင်ခြည့်မဟုတ်ဘဲ သံလိုက်စက်ကွင်းကိုသာ အသုံးပြုတာပါ။ဒါ့အပြင် သူတို့နှစ်ခုမှာ ခြားနားချက်တွေ အများကြီးရှိနေပါသေးတယ်။ ရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ ဆိုးကျိုးတွေလည်း မတူကြပါဘူး။ ဒီအချက်တွေက CT နဲ့ MRI နှစ်ခုမှာ ဘယ်တစ်ခုကို ရွေးရမလဲဆိုတဲ့နေရာမှာ အသုံးဝင်လာနိုင်ပါတယ်။CT scan။MRI။CT scan မရိုက်ခင် ဆရာဝန်ကို ကြိုပြောထားရမှာကတော့။MRI မရိုက်ခင် ဆရာဝန်ကို ကြိုပြောရမှာတွေကတော့။တစ်ချို့ဆေးခန်းတွေကျ ကိုယ့်ဘာသာရွေးရသလို တစ်ချို့ဆေးခန်းတွေမှာကျ ဆရာဝန်က ကိုယ်နဲ့သင့်တော်တာရွေးပေးလေ့ရှိပါတယ်။တစ်ခုသိထားရမှာက CT ရော MRI ရောက ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုပေမယ့် သူတို့ဆီက ရနိုင်တဲ့ ဆိုးကျိုး တကယ်ကို နည်းလွန်းပါတယ်။ နောက်ပြီး နှစ်ခုလုံးကလည်း ရောဂါ အဖြေရှာကုသတဲ့နေရာမှာ တိကျတဲ့ အဖြေတွေကိုထုတ်ပေးနိုင်တဲ့အတွက် CT MRI ဘယ်ဟာကို ရွေးရမလဲဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်တယ်နော် ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/ct-mri/
နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့
အသစ်စက်စက် မေမေဖေဖေတို့အတွက် မွေးကင်းစဘေဘီလေးရလာတာက အရုပ်ကလေးတစ်ရုပ်ရလိုက်သလို ချထားစရာမရှိအောင် ချစ်ကြတာနော်။ အမျိုးမျိုး ချော့မြူဆော့ကစားမိကြတယ်နော်။ မွေးကင်းစ ကလေး တစ်ယောက် ကို ဘယ်လောက်ချစ်ချစ် ဒီလိုအပြုအမူတွေမလုပ်မိပါဖို့ သတိထားစေချင်ပါတယ်။ဒီလိုပြောရတာက နုနယ်တဲ့ကလေးတွေကထိခိုက်နိုင်ခြေမြင့်လို့ပါ။ အရမ်းနုနယ်သေးတဲ့အရွယ်မှာ သေချာလေး ဂရုစိုက်ပေးမှ ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းမှာပါ။ ဒါကြောင့် နုနယ်လွန်းတဲ့ ဘေဘီလေးကို ထိခိုက်မှု မရှိဘဲ ကြီးပြင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။မွေးကင်းစ ဘေဘီ ထိခိုက်မှု ကင်းစေဖို့ နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့။ကိုယ်က ချစ်လို့ဆိုပြီး လုပ်လိုက်ပေမယ့် နုနယ်တဲ့ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသစ်စက်စက် မေမေဖဖေတို့အနေနဲ့ ကလေးကို ဒီလို အပြုအမူလေးတွေ မလုပ်မိစေဖို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ဘေဘီလေးကကိုယ်ခံအားအပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ မွေးပြီး ကာလအပိုင်းအခြား တစ်ခုရောက်မှ ကလေးက အပြည့်အဝ ဖွံ့ဖြိုးတာပါ။ ကိုယ်ခံအား မပြည့်အဝ မဖွံ့ဖြိုးခင်မှာ ကလေးကရောဂါပိုးတွေအလွယ်တကူ ကူးစက်နိုင်ပါတယ်။ဒါကြောင့် ငယ်ရွယ်နုနယ်သေးတဲ့ ကလေးကို ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ဘေဘီလေးကို မချီခင်၊ မကိုင်တွယ်ခင်မှာ လက်ကိုရေနဲ့ ဆပ်ပြာသုံးပြီး သေချာ ဆေးကြောပါ။ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း အထက်ပါတဲ့ရေမလိုလက်သန့်ဆေးကို သုံးပြီး ဆေးကြောပေးလို့လည်း ရပါတယ်။ကလေးကို ပွေ့ချီတာပဲဖြစ်ဖြစ် ချော့သိပ်တာပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် ချိုင်းကနေ ချီမတာမျိုး မလုပ်ပါနဲ့။ မွေးကင်းစ ဘေဘီလေးက သူရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို သေချာ ပိုင်ပိုင်နိုင်နိုင် ထောင်မတ်နိုင်တဲ့ အထိအပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ကလေးကို ချီမတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းနေရာအောက်ကို လက်ဝါးလေး သေချာထည့်လို့ ထိန်းပြီး ချီမပါ။ အောက်ချသိပ်တဲ့ခါလည်း ဘေဘီလေးကို အိပ်ရာပေါ်ကို သေချာချပြီးမှ လက်ကို ဖြည်းဖြည်းချင်းထုတ်ပါ။ကလေးကို ချစ်လိုက်တာဆိုပြီး လှုပ်ရမ်းတာ၊ လှုပ်ခါတာမျိုး လုပ်မိနိုင်ပါတယ်။ ဒီလို မလုပ်ပါနဲ့။ ကလေးကို လှုပ်ရမ်းတဲ့အခါဦးနှောက်ထဲမှာ သွေးယိုတာနဲ့ အဆိုးဆုံး သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေးကို အရမ်းချစ်တာပဲဆိုပြီး လှုပ်ခါတာမျိုး မလုပ်ပါနဲ့။ ကလေးကိုအိပ်ရာက ထစေချင်ရင်တောင် လှုပ်ပြီး နှိုးတာမျိုး မလုပ်ပါနဲ့။ ဖြည်းဖြည်းညင်ညင်သာသာ နှိုးပေးပါ။ကလေးက ငယ်သေးတယ် မသွားလာနိုင်သေးဘူးဆိုပေမယ့် တစ်ယောက်တည်း မထားခဲ့ပါနဲ့။ ကလေးကို အိပ်နေတာပဲလေဆိုပြီး ထားခဲ့ရင်းက ကလေးက လူးရင်းလွန့်ရင်း မျက်နှာပေါ်ကို စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစတာတွေ အုပ်မိတာမျိုးကြောင့်အသက်ရှူရပ်ပြီး သေဆုံးတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ကလေးကို ကားနဲ့ အပြင်ခေါ်သွားတဲ့အခါ တွန်းလှည်းနဲ့ အပြင်ခေါ်သွားတဲ့အခါ ဒီအတိုင်းထည့်ခေါ်သွားတာ၊ ကားထိုင်ခုံပေါ် ဒီအတိုင်း တင်ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ခါးပတ်သေချာ ပတ်ပေးပါ။ အရမ်းမတင်းကြပ်စေဖို့နဲ့ အရမ်းလျော့မနေစေဖို့ ဂရုစိုက်ပါ။ ကလေးကို သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။ ကားစီးတဲ့အခါ ကလေးထိုင်တဲ့ ထိုင်ခုံလေး သီးသန့်ဝယ်ထားပေးပါ။ဈေးဝယ်စင်တာလိုနေရာမျိုး သွားရင်ပဲဖြစ်ဖြစ်၊ ဆိုင်ထဲ ခဏလေးပါဆိုပြီး ပဲဖြစ်ဖြစ် ကလေးကို ကားပေါ်မှာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ ကလေးကို ကိုယ်နဲ့တပါတည်း ခေါ်သွားပါ။ ကလေးကို ကားထဲမှာ ထားခဲ့တာက အခန့်မသင့်ရင် သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်တာကြောင့်ပါ။ကလေးကို ချစ်လိုက်တာဆိုပြီး ပစ်မြှောက်တာမျိုး မလုပ်ပါနဲ့။ အရမ်းငယ်သေးတဲ့ ကလေးကခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒါကြောင့် ကလေးကို လေထဲပစ်မြှောက် ဆော့တာမျိုး မလုပ်မိဖို့ ဂရုပြုပါ။ ကလေးကို ပစ်မြှောက်လိုက်တဲ့အခါ ကလေးက အထိတ်တလန့် ဖြစ်သွားတာမျိုး ဖြစ်နိုင်သလို ကလေးက ဟန်ချက်ထိန်းနိုင်ဖို့အတွက် ဒူးကို မကွေးတတ်ပါဘူး။ဘေဘီလေး ထိခိုက်မှု ကင်းစေဖို့အတွက် နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့ ဖေဖေမေမေတို့ရေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-care-101-for-first-time-parents/
ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား
ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာကအရေပြား ပြဿနာအပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား ဆိုတော့ မှိုစွဲနိုင်တယ်လို့ပဲ ပြောပါရစေ။ အကြောင်းကတော့ အရေပြား ချွေးစားတာက အပေါ်မှာ ပြောခဲ့သလို အရေပြား အချင်းချင်း ပွတ်တိုက်ပြီး ပွန်းတာပါ။ ဒီလို ပွန်းတဲ့အခါ အရေပြား အပေါ်ယံလွှာ ပျက်စီးသွားပြီး ပူနွေးစိုထိုင်းနေတဲ့ အရေပြားမှာ အကြိုက်ပေါက်ဖွားနေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေက ပေါက်ပြဲနေတဲ့ အရေပြားကနေ ဝင်ရောက်ပြီး အရေပြားထဲမှာ မှိုပိုး ကူးစက်တာတွေ ဖြစ်လာပါတယ်။ဒီလို အခြေအနေမှာ ကူးစက်မှု အများဆုံး မှိုပိုးကCandidaပါ။ တခြား dermatophytes အမျိုးအစား ပွေးဖြစ်စေတဲ့ မှိုပိုးတွေလည်း ဝင်တတ်ပါတယ်။ အရေပြား မှိုပိုးဝင်တဲ့အခါ အရေပြား ထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေပြား ပွန်းတာကို သေချာလေး ဂရုမစိုက်ဘူးဆိုရင် မှိုပိုးစွဲတာ အပါအဝင် အရေပြားပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။တကယ်တော့ ချွေးစားတာက အရင်းခံ ရောဂါဖြစ်ပြီး မှိုပိုးဝင်တာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ချွေးစားရုံပဲ ဆိုရင်တော့ အရေပြားမှာ။ဒီအဆင့်မှာ သေချာမကုဘဲ ထားလိုက်ရင်တော့ အရေပြား ပိုးဝင်တာ၊ မှိုစွဲတာတွေဖြစ်ပြီး။ဘယ်အစိတ်အပိုင်းတွေမှာ ဖြစ်နိုင်လဲဆိုတော့ ခန္ဓာကိုယ်က အရေပြား အတွန့်အခေါက်တွေ ရှိပြီး ချွေးအိုက်တဲ့နေရာတွေမှာ အဖြစ်များပါတယ်။ စိုထိုင်းဆ များတဲ့နေရာတွေ ဖြစ်ကြတဲ့။ကလေးငယ်လေးတွေမှာဆိုတော့ ချွေးစားတာအပြင် သွားရည်ကျတာ၊ သေးခံလောင်တာတွေကြောင့်။ချွေးစားတာကြောင့်အရေပြားမှိုစွဲတာက ကလေးလေးတွေ ကစလို့ လူကြီးတွေအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်။ချွေးစားတာကြောင့်အရေပြားမှိုပိုးဝင်တာက တော်တော်လေး အဖြစ်များပါတယ်။ လူတိုင်းမှာ အချိန်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် ရာသီဥတု ပူနွေးစိုစွတ်တဲ့ ရာသီဥတု နဲ့ နွေရာသီမှာ အဖြစ်များပါတယ်။ချွေးစားတာကြောင့် အရေပြားမှိုစွဲတာကို သက်သာစေဖို့ဆိုရင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/intertrigo-can-lead-to-fungal-infection/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-dark-elbows-and-knees/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/anxiety-disorders/
DNA စစ်ဆေးခြင်းအကြောင်း သိချင်နေတဲ့မေးခွန်းများ။
အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ်ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား။DNA ဆိုတာ Deoxyribonucleic Acid ရဲ့ အတိုကောက်ကို ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ code ကုဒ်တွေက အဓိကဆို လူတွေမှာလည်း DNA ဆိုတာ အဓိကကုဒ်တွေပါပဲ။ လူတစ်ယောက်ရဲ့ ဆဲလ်တစ်ခုချင်းစီဟာ ပုံစံတူ DNA ကုဒ်တွေနဲ့ ဖွဲ့စည်းထားပြီး လူတစ်ဦးစီတိုင်းဟာ ကိုယ်ပိုင် DNA တွေ ရှိကြပါတယ်။ ကိုယ်ခန္ဓါမှာ AT နဲ့ CG လို့ခေါ်တဲ့ ကြောင်လိမ်လှေကားပုံသဏ္ဍန် DNA letters အတွဲပေါင်း ၃ ဘီလျံခန့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်မှာ ဖွဲ့စည်းထားတဲ့ DNAကုဒ် ချင်းကမတူပါဘူး။ ဒါ့ကြောင့် DNA ဟာ တရားခံပေါ်အောင် အမှုလိုက်တဲ့ နေရာမှာ အဓိကကျတဲ့ သက်သေအဖြစ် အသုံးအဝင်ဆုံး အရာဖြစ်လာတာပါ။DNA တစ်ခုရဲ့ သက်တမ်းဘယ်လောက်ရှိလဲဆိုတာလည်း စိတ်ဝင်စားစရာ အချက်တစ်ခုပါ။ DNA တစ်ခု့ရဲ့သက်တမ်းက နှစ်ပေါင်း ၆.၈ သန်း တောင်ရှိပါတယ်။ လေ့လာချက်တွေအရ DNA မော်လီကျူးတစ်ခုရဲ့ ချိတ်ဆက်ထားတဲ့ အတွဲပေါင်း တစ်ဝက်လောက်ပျက်သွားပါစေဦး DNA တစ်ခုက နှစ်ပေါင်း ၅၂၁ နှစ်တောင်ခံပါတယ်တဲ့။ဒီ အရမ်းအသုံးဝင်တဲ့ DNA ဟာ ရေနဲ့ နေနဲ့ ထိသွားရင် အထဲမှာပါတဲ့ အင်ဇိုင်းတွေ ဖျက်ဆီးခံလိုက်ရသလိုဖြစ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် လုံးဝအစအနပါရှာမရအောင်ဖျက်ဆီးဖို့ဆိုရင်တော့ Bleach (အစွန်းချွတ်ဆေး)လိုမျိုး ပြင်းထန်တဲ့ဓါတုပစ္စည်းတွေအသုံးပြုမှရနိုင်ပါတယ်။ကိုယ်ခန္ဓါပေါ်ကဆံပင်၊ သွေး၊ အရေပြား၊ သုတ်ရည် နဲ့ အခြားတစ်ရှူးဆဲလ်တွေကိုသုံးပြီး DNA ကိုစစ်ဆေးကြပါတယ်။ ဥပမာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ တရားခံနဲ့ ဆံပင်ဖြစ်ဖြစ် သွေးဖြစ်ဖြစ်ကျန်ခဲ့ရင် အဲဒါကို DNA စစ် ပြီးရင် သံသယရှိတယ်လို့ ယူဆရတဲ့ လူတွေရဲ့ ဆံပင် နဲ့ သွေးတွေကို DNA စစ်ပြီး ကိုက်ညီမှု ရှိမရှိ ဆောင်ရွက်တာကို ပြောတာပါ။ ဒါတွေကို ဓါတ်ခွဲခန်းထဲမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ရလာတဲ့ စစ်ဆေးချက်အဖြေကို သက်ဆိုင်ရာတာဝန်ရှိသူထံဆီ လက်ရေးမူနဲ့ ပို့ပေးရတာဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် DNA စစ်ချင်တယ်ဆိုရင်တော့ မစစ်ခင် DNA စစ်ဆေးခြင်းကြောင့် ရလာမယ့် ကောင်းကျိုး ဆိုးပြစ်တွေ အားလုံးကို သိရှိပြီး သဘောတူကြောင့်လက်မှတ်ရေးထိုးဖို့တော့လိုပါလိမ့်မယ်။ဘာ့ကြောင့်လဲဆိုတော့ သက်သေတွေကို မစုဆောင်းနိုင်ရင် အဖြစ်မှန်ပေါ်မှာ မဟုတ်သလို စုဆောင်းတဲ့ အချိန်မှာလည်း စနစ်တကျ မစုဆောင်းခဲ့ရင် သက်သေတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။ အထူးသဖြင့် မှုခင်းဖြစ်ပွားခဲ့တယ်ဆိုရင် ခံလိုက်ရတဲ့ တရားလို အနေနဲ့ မှုခင်းဖြစ်ပြီးပြီးချင်း အကျီၤလဲလိုက်တာ၊ ရေချိုးလိုက်တာ ၊ ရေဆေးလိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ စုဆောင်းတဲ့ မှုခင်းအရာရှိ အနေနဲ့လည်း DNA တွေ ရောထွေးမသွားစေဖို့ လက်အိတ်နဲ့ စနစ်တကျကိုင်ပြီး တစ်ခုချင်း သေချာ ခွဲသိမ်းထားတာမျိုးလုပ်သင့်ပါတယ်။ခန္ဓါကိုယ်ကနေထွက်တဲ့အရည်တိုင်းလိုလိုမှာ DNA စစ်ဆေးလို့ရပါတယ်။ အထူးသဖြင့်တော့။အမှု ဖော်ထုတ်တဲ့နေရာမှာ အသုံးများတဲ့ DNA စစ်ဆေးခြင်းက polymerase chain reaction (PCR) စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ စုဆောင်းရလာတဲ့ သက်သေပစ္စည်းတွေကို PCR နည်းနဲ့ DNA စစ်ဆေးခြင်းအားဖြင့် သန်းနဲ့ချီထွက်လာပြီး ထွက်လာတဲ့ DNA Copy တွေကို သံသယရှိသူရဲ့ DNA နဲ့ ပြန်ပြီးတိုက်စစ်တာပါ။စုဆောင်းရလာတဲ့DNA က အရည်အသွေးပိုင်းထိခိုက်ထားတာလည်း မရှိဘူး၊ လုံလောက်တဲ့ ပမာဏလည်းဖြစ်မယ်ဆိုရင် DNA က ထုတ်ပေးတဲ့ မှုခင်းအဖြေက ၉၉.၉ ရာခိုင်နှုန်းတိကျ မှန်ကန်မှု ရှိပါတယ်။DNA စစ်ဆေးတယ်ဆိုတာ စုဆောင်းရလာတဲ့ သက်သေတွေကိုပဲ စစ်ဆေးရတာ ဖြစ်တဲ့အတွက်ရလာတဲ့ သက်သေကို အစားထိုးလိုက်တာမျိုးဆိုရင်တော့၊ လဲလိုက်တာမျိုးဆိုရင်တော့ စစ်ဆေးချက်ထွက်လာတဲ့အဖြေက တကယ်အဖြစ်မှန်နဲ့ ကွဲလွဲမှုလေးတွေ ရှိနေပါလိမ့်မယ်။ ခုလို သက်သပစ္စည်းတွေကို လဲလိုက်တာမျိုး၊ ဖျက်ဆီးလိုက်တာမျိုးတွေ မရှိခဲ့ဘူးဆိုရင် သေချာစုဆာင်း သိမ်းဆည်းထားမယ်ဆိုရင် DNA က တရားခံကို အတိအကျဖော်ထုတ်ပေးနိုင်မယ့် အမှန်တရားဘက်တော်သား တစ်ယောက်ပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/dna/
အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ
အရက်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိဘူးဆိုတာကတော့ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေပါ၊ဆေးဖြစ်ဝါးဖြစ်ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ဆက်သောက်မိနေသေးတယ် ဟုတ်။ ဒါဆိုရင်တော့ အရက်သောက်တာကြောင့်ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲဆိုတာ သိပြီးပြီလားလို့မေးရတော့ မှာပဲ။ မသိသေးလို့သောက်မိနေတာဆိုရင်တော့ အခုပဲဖတ်ကြည့်လိုက်တော့နော်။အရက်ကို စသောက်တာနဲ့ ခန္ဓါကိုယ်က စပြီးထိခိုက်တာပါ။ အရက်ကြောင့် ခန္ဓါကိုယ်ထိခိုက်မှုက အရက်ပမာဏ နည်းတာ၊ များတာနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် တစ်ခွက်လောက်သောက်တာ ဘာမှမဖြစ်လောက်ပါဘူး၊လို့ မတွေးစေချင်ပါဘူး။ အရက်က နည်းနည်းပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက် ခန္ဓါကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ ထိခိုက်မှုက စတော့တာပါပဲ။အရက်သောက်သုံးမှု ကြာလာတာနဲ့အမျှ ထိခိုက်နိုင်ခြေက များလာလေပါ။ အဆိုးဆုံးကတော့ အသက်သေဆုံး သည်အထိပြင်းထန်နိုင်တာပါ။အသည်းထိခိုက်မယ်။ဒါကတော့ အဖြစ်နိုင်ဆုံး ထိခိုက်မှုတစ်ရပ်ပါ။ အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီးနာတာရှည် အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊အသည်းရောင်တာ၊ အသည်းမှာ အနာဖြစ်တာတွေကအရက်ရဲ့နောက်ဆက်တွဲဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ကတော့အသည်းကင်ဆာကို ခံစားရတာပါပဲ။အစာခြေစနစ်ထိခိုက်မယ်။အယ်လ်ကိုဟောက အစာခြေစနစ်ရဲ့ အတွင်းနံရံတွေကို ပျက်စီးစေနိုင်သလို အစာခြေအက်ဆစ်ထွက်ရှိမှုကို များစေနိုင်ပါ တယ်။ ဒီလိုကနေတဆင့် အစာအိမ်မှာ အနာဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အစာခြေစနစ်ရဲ့ အာဟာရဖြိုခွဲမှု၊ စုပ်ယူမှု၊ ပို့ဆောင်မှု၊ သိမ်းဆည်းမှုတွေကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကသွေးတွင်းသကြားဓါတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။ပန်ကရိယထိခိုက်မယ်။အယ်လ်ကိုဟောက ပန်ကရိယကို ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့အရာတေါ ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုကနေတဆင့် ပန်ကရိယရောင်ရမ်းတာမျိုးဖြစ်ပြီး အစာခြေတဲ့လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပါတယ်။အာရုံကြောစနစ်ထိခိုက်မယ်။အရက်ကိုရေရှည်စွဲသောက်တာက သီရာမင်းလို့ ခေါ်တဲ့ဗီတာမင် B1ချို့တဲ့စေပြီး အာရုံရှုပ်ထွေးတာ၊ သိမြင်မှုစွမ်းရည် ထိခိုက်တာ၊ သင်ယူမှုအားနည်းလာတာ၊ မှတ်ဉာဏ်စွမ်းရည်ထိခိုက်တာတွေဖြစ်လာစေပြီး အာရုံကြောစနစ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ရေတိုမှာတော့ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ စိတ်ခံစားမှုတွေပြောင်းလဲတာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊အာရုံစိုက်နိုင်စွမ်းကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အယ်လ်ကိုဟောကဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။နှလုံးထိခိုက်မယ်။အရက်သောက်တာက နှလုံးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောအလွန်အကျွံသောက်သုံးမှုက သွေးတိုးစေနိုင်သလို နှလုံးခုန်မမှန်တာ၊ နှလုံးသွေးပို့မှုကိုထိခိုက်တာ၊ သွေးခဲတာ၊လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာမျိုး တွေဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး အယ်လ်ကိုဟောသောက်သုံးမှုက ရေရှည်မျာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင် ပါတယ်။မျိုးပွားစနစ်ထိခိုက်မယ်။အယ်လ်ကိုဟောသောက်သုံးမှုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားမှုစနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အမျိုးသားတွေမှာဆိုရင် လိင်တံထောက်မတ်နိုင်စွမ်းကျဆင်းတာ၊ လေဒီလေးတွေမှာဆိုရင်ရာသီသွေးမမှန်တြာဖစ်စေနိုင်ပါတယ်။ အရက်ကို ရေရှည်ဆွဲသောက်မယ်ဆိုရင်တော့ မျိုးအောင်နိုင်စွမ်းကျဆင်း စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာ။ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်စေနိုင်သလို အရက်ကြောင့်သန္ဓေသားပုံစံမမှန်တာမျိုးတွေဖြစ်နိုင်ပါတယ်။အရိုးကျန်းမာရေးထိခိုက်မယ်။အယ်လ်ကိုဟောသောက်သုံးမှုက ကိုယ်တွင်းမှာကယ်လ်ဆီယမ်မမျှတမှုကိုဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာ ခန္ဓါကိုယ် အတွက်နဲ့အရိုးကျန်းမာဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းကျသွားစေပါတယ်။ အရက်အလွန်အကျွံသောက်သုံးမှုက ကိုယ်တွင်းကဗီတာမင် Dပမာဏကို ထိခိုက်စေနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို ကျဆင်းစေမှုကနေတဆင့် အရိုးပွတာ၊အရိုးပါးတာမျိုးတွေခံစားရနိုင်ပါတယ်။ဒါတွေတင်မကပါဘူး။ အရက်ကြောင့် ခန္ဓါကိုယ်မှာ များစွာထိခိုက်နိုင်တာကြောင့် အကောင်းဆုံးကတော့ အရက်ဖြတ်ဖို့ ကြိုးစားတာပါလို့ အကြံပြုရင်း……..။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%9b%e1%80%80%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%99%e1%80%bd/
ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ
ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာအရည်တွေစုပုံလာတဲ့အခြေအနေတစ်ရပ်ပါ။ရောဂါအခြေအနေတစ်ရပ်ရပ်ရဲ့နောကဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။ အခုတစ်ခေါက်တော့ရေဖျဉ်းဆွဲတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာလေးကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။ဒီအချက်တွေကြောင့်ရေဖျဉ်းဆွဲရတာပါ။ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်။ဆားလျှော့စားပါ။ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာကရေတွေကိုပိုပြီး စုစေနိုင်တာကြောင့်ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကိုလျှော့စားဖို့လည်း မမေ့ပါနဲ့။နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ အသားတွေအစားပဲအမျိုးမျိုးနပြ အခြားသော ပရိုတင်းရနိုင်တဲ့ အစားအစာတွေကို စားပေးဖို့ပြောပါရစေ။အဆိပ်အတောက်နဲ့ဓါတုပစ္စည်းတွေကိုရှောင်ပါ။ဖြစ်နိုင်ရင် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲစားသုံးပေးပါ။ ဒီလိုစားသုံးပေးတာက ခန္ဓါကိုယ်ထိခိုကနိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသည်းထိခိုက်မှုဖြစ်နိုင်ခြေကို နည်းစေနိုင်တာကြောင့်ရေဖျဉ်းစွဲနေသူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်မှာပါ။အုန်းရည်သောက်ပါ။ပိုတက်ဆီယမ် နဲ့electrolytes ပါဝင်တဲ့ အုန်းရည်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်စေပြီး ကိုယတွင်းမျာ အရည်တွေစုနေတာမျိုး မဖြစ်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။အယ်လ်ကိုဟောေရှာင်ပါ။အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့သောက်စရာတိုင်းကိုရှောင်ဖို့လိုပါမယ်။ အယ်လ်ကိုဟောရောဂါအခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် လုံးဝရှောင်ကြဉ်ဖို့လိုပါမယ်။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကိုသန်မာစေပြီးရေတွေစုနေတာကိုဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပါ။နေ့ခင်းဘက်မှာ အိပ်တာမျိုးမလုပ်ဘဲ ညစဉ်တိုင်းမှာစောစောအိပ်လို့ မနက်စောစောထတဲ့ပြည့်ဝကောင်းမွန်တဲ့အိပ်စက်မှုအလေ့အထကိုမွေးမြူပေးပါ။ရေဖျဉ်းစွဲနေသူတွေအတွက် သင့်တော်တဲ့အစားအစာတွေကတော့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%9b%e1%80%b1%e1%80%96%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9e%e1%80%90/
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် ဟင်းချက်ဆီ
ကလေးတစ်ယောက်အတွက် စားသုံးသမျှက ဘေးကင်းပြီးအာဟာရဖြစ်ဖို့လိုပါမယ်။ ဒါကြောင့်လည်းမေမေတွေက အစားအစာ ရွေးချယ်တဲ့အခါ အိမ်မှာ ကလေးရှိလာရင် ပိုဂရုစိုက်လာ​ကြတာပါ။ ဒီတစ်ခေါက်တော့ ကလေးတွေ အစားစစားချိန်မှာ ဘယ်လိုဟင်းချက်ဆီကို သုံးရမလဲဆိုတာ တွေးရခက်နေတဲ့ မေမေတွေအတွက် ဟင်းချက်ဆီ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။ကလေးတွေကခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဆီကို လိုအပ်ပါတယ်။ ကလေးကလမ်းစလျှောက်တတ်ပြီဆိုရင်ဦးနှောက်နဲ့ခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဆီကို လိုအပ်ပါမယ်။ဒီကာလမှာ မေမေဖေဖေတို့အနေနဲ့ ကလေးကို ဝမှာစိုးတယ်ဆိုပြီး အဆီကို လုံးဝမကျွေးတာမျိုး မလုပ်စေချင်ပါဘူး။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အချိန်မှာ ကလေးကို လုံလောက်တဲ့ အဆီပမာဏ ဖြည့်ပေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ရှိသင့်တဲ့အရပ်အမြင့်နဲ့ကိုယ်အလေးချိန်ကို ရရှိမှာပါ။ ဦးနှောက်နဲ့ခန္ဓာကိုယ်ပါ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ဒီတော့ အဖြေကတော့ ရှင်းပါတယ်။ ကလေးတွေက ဆီစားသုံးဖို့ လိုအပ်ပါတယ်။ ကလေးကို အဆီဓာတ် ပြည့်ဝစေဖို့ဆိုတဲ့ နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီအမျိုးအစားကို သေချာလေး ရွေးချယ်မိဖို့ လိုပါမယ်။ ဒီတော့ ကလေးကို ကျန်းမာတဲ့ အဆီဓာတ် ပြည့်ဝအောင် ဖြည့်ပေးမိစေဖို့ အသင့်တော်ဆုံး ဆီဘယ်လိုရွေးချယ်မလဲ…………..။အဆီဓာတ်က။ဈေးကွက်ထဲမှာ ရွေးချယ်စရာ ဆီအမျိုးအစားတွေက တော်တော်များပါတယ်။ လူကြီးတွေအနေနဲ့ မသိသာပေမယ့် ကလေးတွေအတွက်တော့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆိုတာကမှ အဆင်ပြေမှာပါ။ ကလေးတစ်ယောက်က ဖြည့်စွက်စာစားမယ်ဆိုရင်အစားအစာတွေထဲမှာ မဖြစ်မနေဆီထည့်စားတော့မှာပါ။ အရင်ထက်လည်း ပမာဏ များလာပါပြီ။ ဒီကာလမှာ ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အဆီဓာတ်ကို အသင့်တော်ဆုံးဖြစ်ယမ့် ဆီအမျိုးအစားကနေ ရရှိအောင် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ကလေးက လူကြီးတွေလို ဆီဖြစ်ရင်ပြီးရော စားလို့ မရပါဘူး။ ဒါကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။ ကလေးတွေအနေနဲ့။Canola ဆီ။ကလေးတွေကို ကြော်လှော်ချက်ပြုတ်ကျွေးချင်တဲ့အခါ ထောပတ်ကို သုံးလို့ရသလို ထောပတ်အစား canola ဆီကို အသုံးပြုပေးလို့ ရပါတယ်။ canola ဆီက အစားအစာတွေကို အရသာကောင်းစေသလို ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးတဲ့omega-3-fatty acidsပါဝင်နေပါတယ်။သံလွင်ဆီ။သံလွင်ဆီမှာနှလုံးကျန်းမာစေတဲ့ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးကို သံလွင်ဆီလေးနဲ့ မုန်လာဥနီ၊ပန်းဂေါ်ဖီစိမ်းစတာတွေကို သုပ်ကျွေးတာက အဆင်ပြေမှာပါ။ သံလွင်ဆီက ကလေးတွေရဲ့ လျှာထဲမှာ နည်းနည်းတော့ အရသာ ပြင်းနိုင်ပါတယ်။နှမ်းဆီ။အာရှဒေသ တော်တော်များများမှာ အသုံးများကြပါတယ်။ ဟင်းချက်တဲ့အခါမှာသုံးသလို ဆေးဖက်ဝင်တယ်ဆိုပြီး လိမ်းကျံ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ အရသာက နည်းနည်း ခါးသက်သက်လေးဆိုပေမယ့် ကလေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ omega fatty acids ပါဝင်နေပါတယ်။ ကလေးကိုအရိုးတွေသန်မာစေပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။နေကြာဆီ။နေကြာစေ့ကနေ ထုတ်ထားတဲ့ နေကြာဆီက ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။ နေကြာဆီက ကလေးတွေကို နှလုံး ကျန်းမာစေနိုင်သလို ဦးနှောက်ဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ပဲဆီ။ပဲဆီက ကလေးတိုင်းနဲ့ မတည့်ပါဘူး။ တကယ်လို့ ကလေးက မြေပဲနဲ့ဓာတ်မတည့်ဘူးဆိုရင်တော့ မြေပဲဆီ မကျွေးတာက အဆင်အပြေဆုံး ဖြစ်မှာပါ။ ပဲဆီက ဗီတာမင် E နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်နေပါတယ်။အုန်းဆီ။အုန်းဆီမှာ lauric acid ပါဝင်တာကြောင့် ရောဂါပိုးတွေ ကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့အရေပြားကို အာဟာရဖြည့်ပေးပြီး သွားပေါက်ချိန်မှာသွားဖုံးနာတာကို သက်သာစေနိုင်ပါတယ်။ အရေပြားက နေလောင်ကွက် သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ အုန်းဆီက ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အုန်းဆီက ကလေးတွေအတွက် အကျိုးများတာ မှန်ပေမယ့် မကျွေးခင်မှာ ဓာတ်တည့်ရဲ့လား ဆိုတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။နှမ်းကြတ်စေ့ဆီ။နှမ်းကြတ်စေ့ဆီက ကလေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃ နှစ်ပြည့်မှ ကျွေးသင့်ပါတယ်။ နှမ်းကြတ်စေ့ဆီက အများကြီး သုံးဖို့ မလိုပါဘူး။ အ​ကြောင်းကတော့ ကလေးက နှမ်းကြတ်စေ့ဆီမှာပါတဲ့ အာဟာရဓာတ်ကို Omega-3 fatty acid အဖြစ် ပြောင်းလဲပေးနိုင်တဲ့အင်ဇိုင်းလုံလောက်အောင် မထုတ်ပေးနိုင်ပါဘူး။ဟင်းရွက်ဆီ။အဆီဓာတ် ပါဝင်မှုနည်းတာကြောင့် လူကြီးတွေအတွက် သင့်တော်တယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ ပြည့်ဝဖို့လိုနေတဲ့ ကလေးတွေအတွက်ကတော့ သင့်တော်လှတယ် မဟုတ်ပါဘူး။ ဒီလိုပြောရတာက ဟင်းရွက်ဆီက Omega-3 fatty acid ပါဝင်မှု နည်းတာကြောင့်ပါ။ ကလေးကို ပဲပိစပ်ဆီ၊ ဟင်းရွက်ဆီ စတာတွေကို မကျွေးတာက အဆင်အပြေဆုံးပါ။အဆီက ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုတယ်ဆိုပေမယ့် တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုမကျွေးဖို့ သတိထားရမှာပါ။ ဒါ့ပြင် တိရစ္ဆာန်တွေကရတဲ့ ပြည့်ဝဆီတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။ ကဲ….. အိမ်က အိန်ဂျယ်လ်လေးနဲ့ သင့်တော်မယ့် ဆီအမျိုးအစားကို ကိုယ်တိုင်ရွေးချယ်လိုက်ပါ မေမေတို့ရေ…………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/which-is-the-best-cooking-oil-for-babies/
ကလေးအတွက် အကောင်းဆုံးနို့ ရွေးချယ်နည်း လမ်းညွှန်
ကလေးတစ်ယောက် ကောင်းမွန်စွာ အရွယ်ရောက်လာစေဖို့ ငယ်စဉ်ကတည်းကအာဟာရပြည့်ဝဖို့လိုပါမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကျတတ်ပါတယ်။ ကလေးတွေရဲ့ အာဟာရလမ်းကြောင်းမှာ မဖြစ်မနေအရေးပါတာကတော့နို့တိုက်ကျွေးမှုပါ။ဒီ တစ်ခေါက်တော့ ကလေးတစ်ယောက်ကြီးထွားစေဖို့မဖြစ်မနေ လိုအပ်တဲ့ နို့အာဟာရတွေထဲကမှ ကလေးအတွက် အသင့်တော်ဆုံး နဲ့ အာဟာရအပြည့်ဆုံးဖြစ်မယ့် နို့ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နည်းလမ်းလေး ဆွေးနွေးရအောင်လား ……………။ကလေးတစ်ယောက်ဟာ အသက် ၁၀ နှစ်အထိ အာဟာရပြည်ဝတဲ့ နို့ကို သောက်သုံးဖို့လိုပါမယ်။ မွေးစကနေ ၅ နှစ်အထိကမှတ်ဉာဏ်တည်ဆောက်ဖို့၊ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးဖို့နဲ့ကိုယ်ခံအားတည်ဆောက်ဖို့ ဖြစ်ပြီး ၅ နှစ် ကနေ ၁၀ နှစ်အတွင်းမှာတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့်တို့ ရရှိပြီး အကောင်းဆုံး ဆက်လက် ကြီးထွား ဖွံ့ဖြိုးဖို့ပါ။၁၀ နှစ်ကျော်တဲ့အထိလည်း နို့ကဆက်တိုက်လို့ရပါသေးတယ်။ နို့သောက်သုံးမှုကအရိုး၊သွား နဲ့ကြွက်သားတွေသန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီး ကိုယ်ခံအားလည်း ကောင်းစေလို့ပါ။ကလေးတစ်ယောက် ရွေးချယ်သောက်သုံးနိုင်တဲ့ နို့ အမျိုးအစားက တစ်မျိုးမက ရှိနေပါတယ်။• နွားနို့။• ဆိတ်နို့။• ပဲနို့။• အယ်လ်မွန်နို့။• အာဟာရဖြည့်နို့ ဆိုပြီး အမျိုးမျိုးရှိပါတယ်။ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် နို့ဖြစ်ပြီးရော တိုက်လိုက်လို့ မရပါဘူး။ လူကြီးတွေလို အစားအစုံမစားနိုင်သေးဘဲ နို့အပေါ်မှာ ထိုက်သင့်သလောက် မှီခိုနေရတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစွာ ထောက်ပံ့ပေးနိုင်ဖို့ဆိုရင်။• နေ့စဉ်လိုအပ်တဲ့ အတိုင်းအဆကယ်လ်လိုရီလုံလောက်စွာ ပါဝင်ရမယ်။•ပရိုတင်း။•ဗီတာမင် C။• ဗီတာမင် D။• ကယ်လ်ဆီယမ်။• Omega-3 fatty acid။• Omega 6။•DHA။• အကျိုးပြုဘက်တီးရီးယား (Probiotics)။• အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) တို့ ပါဝင်သင့်ပါတယ်။ကလေးကို အကောင်းဆုံးပဲပေးချင်တဲ့ မေမေတို့အနေနဲ့ ကလေးကို အကောင်းဆုံးဖြစ်စေမယ့် နို့ရွေးချယ်တဲ့အခါ အပေါ်မှာ ပြောခဲ့တဲ့ အာဟာရဓာတ်တွေ ပါဝင်အောင် ဂရုစိုက်ဖို့လိုပါမယ်။ ဒီတော့ ဘယ်နို့မှာ ဘာအာဟာရဓာတ်တွေ ပါနေလဲ။ ကဲ … စကြည့်လိုက်ရအောင်။(၁)နွားနို့။နို့လို့ပြောလိုက်ရင် အများစု ပြေးမြင်လေ့ရှိတာ နွားနို့။ နွားနို့မှာ။• ကယ်လ်လိုရီ။• ရေဓာတ်။• ပရိုတင်း။• အဆီဓာတ်။• ကယ်လ်ဆီယမ်။•Lactose(နို့သကြားဓာတ်) စတာတွေ ပါဝင်နေပါတယ်။ဒီလောက်ဆိုရင်တော့ လိုအပ်တဲ့ အာဟာရတွေ တော်တော်များများပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာရှိတဲ့ ကလေးတွေကတော့ မသောက်သင့်ပါဘူး။ မလိုအပ်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ဝမ်းပျက်တာ၊ လေထိုးလေပွတာတွေ ဖြစ်လာခဲ့ရင် အာဟာရရဖို့ထက် ကလေးနေမကောင်းဖြစ်ဖို့ အလားအလာပိုများပါတယ်။ နွားနို့သောက်တိုင်း ကလေးက ဝမ်းပျက်နေပြီဆိုရင် lactose intolerance ကို စဉ်းစားသင့်ပါတယ်။(၂)ဆိတ်နို့။ကြိုက်သူနည်းသလို တော်တော်များများက အနံ့ပြင်းလို့ မသောက်ဖြစ်ကြတဲ့ ဆိတ်နို့မှာတော့။• ကယ်လ်လိုရီ။• အဆီဓာတ်။• ပရိုတင်း။• ဆိုဒီယမ်။• ကာဗိုဟိုက်ဒရိတ်။•ပိုတက်ဆီယမ်။• ကယ်လ်ဆီယမ်။• ဗီတာမင် A။• ဗီတာမင် C။• ဗီတာမင် D တို့ပါဝင်နေပါတယ်။ဆိတ်နို့ရဲ့ အားသာချက်က အာဟာရပြည့်ဝတဲ့အပြင်ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ပါဝင်ပါတယ်။ ကလေးတွေမှာ lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ ဖြစ်နိုင်ခြေလည်း နည်းပါတယ်။ ဒါပေမယ့် ကလေးရဲ့ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးဖို့ လိုအပ်မယ့် DHA လိုမျိုး အာဟာရဓာတ် ပါဝင်မှုမရှိသေးပါဘူး။(၃)ပဲနို့။ကလေး အများစုကြိုက်ကြတဲ့ ပဲနို့ကတော့ ကလေးကို lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ လုံးဝမဖြစ်စေတဲ့ နို့တစ်မျိုးပါ။ အပင်ကနေရတဲ့ ပရိုတင်းကို အခြေခံပြီး ထုတ်ထားတဲ့ ပဲနို့မှာ။• ကယ်လ်လိုရီ။• ပရိုတင်း။• အဆီဓာတ်။• ဆိုဒီယမ်။• ကယ်လ်ဆီယမ်။•သံဓာတ်။• Maganese တို့ပါဝင်နေပါတယ်။ဒါဆိုရင် ကလေးနဲ့ သင့်တော်ပြီလား……. အာဟာရပြည့်ပေမယ့် အပြည့်အဝ သင့်တော်တာမျိုး မဟုတ်သေးပါဘူး။ ပဲနို့က အပေါ်မှာ ပြောခဲ့တဲ့ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့Omega-3 fatty acid၊Omega 6၊ DHA နဲ့ အကျိုးပြု ဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ ပါဝင်မှုက Zero ပါ။(၄) အယ်လ်မွန် နို့။အယ်လ်မွန် နို့က။• ကယ်လ်လိုရီ။• အဆီဓာတ်။• ပရိုတင်း။• ကာဗိုဟိုက်ဒရိတ်။•အမျှင်ဓာတ်။• ကယ်လ်ဆီယမ်။• ပိုတက်ဆီယမ်။• ဗီတာမင် D။•ဗီတာမင် Eတို့ ပါဝင်နေပါတယ်။လူကြီးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတစ်ခုဆိုပေမယ့် ကလေးတွေအတွက်ကြတော့ ကြီးထွားဖွံ့ဖြိုး မှုကို ထောက်ပံ့ပေးမယ့် ကယ်လ်လိုရီ ပါဝင်မှုက တော်တော်လေး နည်းပါတယ်။ ကယ်လ်လိုရီပါဝင်မှု နည်းနေတဲ့ အမျိုးအစားကို ရွေးချယ်မိမယ်ဆိုရင်တော့ ကလေးက ထွားသင့်သလောက် မထွားတော့ဘူးပေါ့။(၅)အာဟာရဖြည့် နို့။ဒီအမျိုးအစားကတော့ ခုနက ပြောခဲ့တဲ့ နို့အမျိုးအစား တစ်ခုခုအပေါ် အခြေခံပြီး နောက်ဆက်တွဲ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်စွက်တာမျိုးပါ။ ဥပမာ နွားနို့ကိုအခြေခံပြီး နဂိုမပါဝင်တဲ့ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ထပ်မံဖြည့်စွက်ထားတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ အာဟာရဖြည့်နို့ဆိုတဲ့အတိုင်း နို့ထဲမှာ ကလေးရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့၊ ဉာဏ်ရည် ထက်မြက်ပြီး ဦးနှောက်နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့။• ကယ်လ်လိုရီတွေ။• ပရိုတင်း။• ဗီတာမင် C။•ဗီတာမင် D။• ကယ်လ်ဆီယမ်။• Omega-3 fatty acid။• Omega 6။• DHA။• အကျိုးပြုဘက်တီးရီးယား (Probiotics)။• အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) တို့ လုံလောက်ပြည့်ဝစွာ ပါဝင်တာက သူ့ရဲ့ အားသာချက်ဖြစ်ပါတယ်။အခုလောက်ဆို ကလေးကို အကောင်းဆုံး ဆိုတာမှ ပေးချင်တဲ့ မေမေတို့ ဘယ်နို့က ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးနိုင်မလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ အကောင်းဆုံးသောအာဟာရကို ရွေးချယ်စီမံနိုင် ကြပါစေ မေမေတို့ရေ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/choose-the-best-milk-for-kids/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ
ကမ္ဘာပေါ်မှာCovid-19ကြောင့် သေဆုံးသူဦးရေတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာနဲ့အမျှကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိမိကိုယ်တိုင်ရော မွေးဖွားလာမယ့်ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ အမေးများတဲ့ မေးခွန်းလေးတွေအတွက် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။(၁) ကိုယ်ဝန်ဆောင်မိခင် တွေက ကိုဗစ်ကူးစက်ခံရဖို့ အလားအလာများနေလား။ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေ ပိုမိုများနေသလားဆိုတာကို သက်သေပြချက်များ မရှိသေးပေမယ့်လည်း ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကြီး (CDC)ရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။သွေးတိုးနဲ့ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို အထက်ပါ ဆိုးကျိုးတွေဖြစ်ဖို့ အလားအလာပိုများစေတာမို့လို့ ဂရုစိုက်သင့်ပါတယ်။(၂) Covid-19 ဗိုင်းရပ်စ်ဟာ မိခင်ကနေ ကလေးဆီသို့ ကူးစက်နိုင်လား။ကိုဗစ်ကူးစက်ခံရသူ မိခင်ရဲ့ အချင်းကနေ ကလေးဆီကို ကူးစက်နိုင်သလားဆိုတဲ့ အဖြေအတိအကျကို ပညာရှင်များ ဖော်ထုတ်နေကြဆဲ ဖြစ်ပါတယ်။ CDCရဲ့ ထုတ်ပြန်ချက်တစ်ခုအရ မွေးပြီးစ ကလေးငယ်တစ်ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်အဖြေ Positiveထွက်ခဲ့ပေမယ့် မမွေးဖွားခင် ကူးစက်ခဲ့သလား၊ မွေးဖွားပြီးမှ ကူးစက်သလားဆိုတာ အဖြေရှာမရခဲ့ပါဘူး။(၃) ကိုယ်ဝန်ဆောင်စဉ်မှာ Covid-19ကူးစက်မခံရဖို့ အထူးလိုက်နာဆောင်ရွက်ချက်တွေ လိုအပ်လား။ကိုယ်ဝန်ဆောင်စဉ် ပုံမှန်ရက်ချိန်းပြပြီး စစ်ဆေးမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။ ဒီအတွက် ဆေးရုံကို သွားတဲ့အခါမှာတော့ ကိုဗစ်မကူးစက်စေဖို့ ဂရုစိုက်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ အရေးကြီးတာကတော့ ကိုယ်ဝန်ဆောင်ချိန် ပထမ၃လမှာဖြစ်စေ မွေးဖွားခါနီးကိုယ်ဝန်အရင့်အမာနဲ့ဖြစ်စေ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပုံမှန်ခံယူသင့်ပါတယ်။ ဆေးရုံသို့ သွားစဉ်မှာနှာခေါင်းစည်းတပ်ခြင်း၊အာဟာရပြည့်အောင် စားသောက်ခြင်း၊အိပ်ရေးဝဝအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုနည်းပါးအောင်နေခြင်းတို့ဖြင့်ကိုယ်ခံအားကောင်းအောင် ကြိုးစားသင့်ပါတယ်။(၄) Covid-19ကြောင့် ရင်သွေးလေးမီးဖွားဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ထိခိုက်စေတော့မှာလား။ဆေးရုံတိုင်းနီးပါးမှာ Covid-19အတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်ချက်တွေရှိနေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ဖို့မလိုဘဲ ပုံမှန်ပြသရမယ့် ရက်ချိန်းတွေကို သွားရောက်ပြသခြင်းဖြင့် ကိုယ်ဝန်ဆောင်သက်တမ်းတစ်လျှောက်မှာ ဖြစ်ပေါ်မယ့် ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်သလို မိခင်ရောရင်သွေးလေးရဲ့ ကျန်းမာရေးကိုလည်း အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။(၅) ဒီကပ်ရောဂါကာလတွင်း စိုးရိမ်ပူပန်ရခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဘယ်လို ထိန်းချုပ်ရမလဲ။သာမန်အခြေအနေမျိုးမှာတောင်မှ ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် စိုးရိမ်သောကများတဲ့ ကာလဖြစ်ပါတယ်။ ခုလို ကပ်ရောဂါကာလမှာဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်ရော မီးဖွားချိန်အတွက်ပါ ကြိုတင်ပူပန်မှုတွေ များနေရမှာဖြစ်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေကို ပြေပျောက်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ယောဂကစားခြင်း၊ မိသားစု/သူငယ်ချင်းများနဲ့ စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း စသည်ဖြင့် မိမိစိတ်ကို ပြေလျော့စေမယ့် နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ရေးသားသူ – Dr. Rose။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/care-of-pregnant-woman-during-covid-19/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/menstrual-cycle-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%85%e1%80%80%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8-%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%ac/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/impact-of-bipolar-disorder-on-sex/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/developmental-disorder/about-psychosis/
ဆံသားကျန်းမာဖို့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးချယ်တော့မယ်ဆိုရင်
သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တခြားခေါင်းလျှော်ရည်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ပျော့တယ်။ အဲ့တော့ ဆံသားနဲ့ ဦးရေပြားကိုလည်း အရမ်း မပျက်စီးစေနိုင်တော့ဘူးပေါ့။ ဦးရေပြား အမျိုးမျိုး၊ဆံသားပြဿနာရှိသူတွေအတွက်ဆိုရင် တော်တော် အသုံးဝင်ပါတယ်။ တွေ့ကရာ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်တာထက် ဒီလို မပြင်းတဲ့ ဆပ်ပြာနဲ့ လျှော်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ဆံသားနဲ့ ဦးရေပြားအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။• နေ့တိုင်းလိုလို ခေါင်းလျှော်တတ်တဲ့သူတွေ။• ဓာတ်ပစ္စည်း သို့မဟုတ် အပူဒဏ်ကြောင့် ပျက်စီးနေတဲ့ဆံသားပိုင်ရှင်တွေ။• ခြောက်ပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေတဲ့ ဆံပင်သားတွေ။• အရမ်း ပျော့လွန်းပြီး အထိခိုက် မခံနိုင်တဲ့ ဆံနွယ်မျိုးတွေ။•ဗောက်အရမ်း ထတဲ့သူတွေ။• မကြာခဏ ဆံသား ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆံပင် ဆေးဆိုးလိုက် လုပ်တတ်သူတွေ။• ဆံပင် တော်တော် ကျွတ်တတ်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။များသောအားဖြင့် စတိုးဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဆံသားနဲ့အရေပြားဆေးခန်းတွေမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။ ဆံသား ဆရာဝန်ရဲ့ ခွင့်ပြုချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ခေါင်းလျှော်ရည်ဘူး ရဲ့ ပါဝင်ပစ္စည်း အညွှန်းမှာ။• Cocamidopropyl betaine။• Long-chain amino esters။• Ammonioesters။• Cetyltrimethylammonium chloride။• Polyoxyethylene fatty alcohols။• Polyoxyethylene sorbitol esters။• Alkanolamides။• Sodium lauraminopropionate စတဲ့ ဓာတ်ပစ္စည်း အချက်တွေကို ကြည့်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။နောက်ထပ် ဆံသားကို ပိုမို ချောမွေ့စေဖို့ ထပ်ဆောင်း ထည့်ပေးထားတဲ့ (ဓာတုပစ္စည်း မဟုတ်သော)သဘာဝပစ္စည်းတွေထဲမှာဆိုရင် သစ်ပင်ပန်းမန်က ထွက်တဲ့ အဆီအနှစ်တွေ၊ Shea Butter လို့ ခေါ်တဲ့ ထောပတ်ဆီတစ်မျိုး၊ Panthenol အစရှိတဲ့ ဆံသားအတွက် ဗီတာမင်အာဟာရဓာတ်တွေ၊ Glycerin လို့ ခေါ်တဲ့ အရေပြား ချောမွေ့စေတဲ့ ချောဆီလိုမျိုး၊ သံလွင်ဆီ အစရှိတဲ့ ဆီသန့်တွေကိုလည်း ထည့်သွင်းထားတတ်ပါတယ်။၁။ဆံသားခြောက်တဲ့ သူတွေအတွက် အရမ်းကောင်းပါတယ်။ ဦးရေပြားကို သန့်စင်စေသလိုအစိုဓာတ်ကိုလည်း ထိန်းညှိပေးတယ်။ နဂို ဆံသားချောစေတဲ့ အဆီထွက်နည်းခြင်းကြောင့် ခေါင်းခဏခဏ လျှော်လို့လည်း ဒီ့ထက် ပိုခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ခေါင်းလျှော်ရည် အပျော့စား အသုံးပြုပြီးရင် ဆံသားကို ဒီ့ထက် ပိုပြီး ချောမွေ့တောက်ပြောင်သွားစေဖို့Conditionerပျော့ဆေး အသုံးပြုပေးရင် ပိုကောင်းပါတယ်။၂။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့ သူတွေအတွကတော့ ဒီပြဿနာကို ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ကျွတ်တဲ့ ဆံပင်အရေအတွက်ကို နည်းသွားအောင်တော့ ကူညီပေးနိုင်ပါတယ်။၃။ ဆံသားကြမ်းတဲ့ သူတွေအတွက်လည်း အထူးကောင်းပါတယ်။ ခေါင်းလျှော်ရည်မှာ ဆံသားကို ထိခိုက်ပျက်စီးစေတဲ့ ဓာတုဗေဒ ပစ္စည်းအကြမ်းစားတွေ မပါဝင်တာကြောင့် စိတ်ချပြီး သုံးလို့ရပါတယ်။၄။ဦးရေပြားအဆီပြန်တဲ့သူတွေအတွက် ခေါင်းလျှော်ရည် အပျော့စားရော၊ အပြင်းစားပါ သုံးပေးနိုင်ပါတယ်။ ဒီလို ဦးရေပြား ပိုင်ရှင်တွေအတွက် အပြင်းစား သုံးပြီး ခေါင်းလျှော်လိုက်လို့ အရမ်းကြီး ထိခိုက်ပျက်စီးသွားတာမျိုး မဖြစ်စေပါဘူး။၅။ ဆံပင်သား အရမ်းပါးတဲ့သူတွေဆိုရင်ခေါင်းလျှော်ရည်အပျော့စား အသုံးပြုခြင်းဖြင့် ဆံသားကျိုးတာ၊ဆံပင်နှစ်ခွဖြစ်တာကို လျော့နည်းစေပြီး ဆံပင်ကို နဂိုအတိုင်း ပျော့ပျောင်းနူးညံ့စေနိုင်ပါတယ်။၆။ မွေးရာပါဆံပင်ကောက်သူတွေ၊ သို့မဟုတ် ဆံပင်ကို မကြာခဏ အပူပေးပြီး ကောက်တဲ့သူတွေဆိုရင် ဦးရေပြားက တခြားသူတွေထက် ပိုခြောက်နေတတ်ပါတယ်။ ဒီလို ဆံသားပိုင်ရှင်တွေဆိုရင် ခေါင်းလျှော်ရည် အပျော့စား အသုံးပြုပေးခြင်းဖြင့် ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်း မလျှော်ဖို့တော့ သတိထားပေးပါ။ ဆံပင် အရောင် ခဏခဏ ဆိုးတတ်တဲ့သူတွေအတွက်လည်း အတူတူပါပဲ။၇။ဗောက်ထတဲ့သူတွေဆိုရင် ခေါင်းလျှော်ရည် အပြင်းစားကို လုံးဝမသုံးသင့်ပါဘူး။၈။ ငယ်သေးတဲ့ ကလေးတွေကို ခေါင်းလျှော်ပေးဖို့အတွက် ခေါင်းလျှော်ရည် အပျော့စားကို အသုံးပြုခြင်းဖြင့် ကလေး ဦးရေပြား ယားယံတာ၊ ကြမ်းတမ်းတာမျိုး မဖြစ်စေနိုင်ပါဘူး။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-live-fit-with-your-feeling/
Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း)
လူတယောက်သည် သာမန်အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်နှင့် နေ့စဉ်လူနေမှုဘဝတွင် ရှိသင့်ရှိထိုက်သော အရည်အသွေးများ မရှိခြင်းသည် အသိဉာဏ်မစွမ်းခြင်း ခေါ် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်သည်ဟုဆိုပါသည်။ဉာဏ်ရည်နှောင့်နှေးခြင်းသူများသည် ပညာရပ်တခုကို ပုံမှန်သူများထက်ကျွမ်းကျင်ရန် ပိုနှေးပါသည်။ ဉာဏ်ရည်နှောင့်နှေးသူများတွင် အနုဆုံးအဆင့်မှ အဆိုးရွားဆုံးအဆင့်ဟူ၍ရှိပါသည်။အလွမ်ပြင်းထန်သော အဆင့်များသည် မွေးကတည်းက ဉာဏ်နှေးကြောင်းသိရသည်။ သို့သော် အနုစားအဆင့်ရှိသော ကလေးများသည် သူတို့၏အရွယ်အလိုက် ဖွံ့ဖြိုးမှုမှတ်တိုင်များ မရောက်ရှိတော့မှသာ ဉာဏ်နှေးကြောင်းသိရပြီး အများစုသည် ၁၈ နှစ်ခန့်အရွယ်ရောက်မှသာ သိကြသည်။ဉာဏ်ရည်နှေးသူများသည် အောက်ပါ ၂ချက်တွင်အားနည်းပါသည်။IQဟုသိကြသောအသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုများတွင် လေ့လာနိုင်စွမ်း၊ အကြောင်းပြချက်များပေးနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနှင့် ပြသနာများ ဖြေရှင်းနိုင်စွမ်းတို့ပါဝင်သည်။လိုက်လျောညီစွာနေထိုင်ပြုမူတတ်ခြင်းတွင် နေ့စဉ်ဘဝအတွက်လိုအပ်သော ကျွမ်းကျင်မှုများ၊ လူအချင်းချင်း အပြန်အလှန် အဆင်ပြေအောင်ဆက်ဆံမှုများ နှင့် တဦးကို တဦး အပြန်အလှန်ဂရုစိုက်မှုများပါဝင်သည်။ဉာဏ်ရည်နှောင့်နှေးခြင်းသည် မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။ထို့ပြင် သင့်ကလေးသည် ဉာဏ်ရည်နှောင့်နှေးနေလျှင် အောက်ပါ အမူအကျင့်ဆိုင်ရာပြသနာများနှင့် ကြုံတွေ့ရနိုင်ပါသည်။ပြင်းထန်စွာ ဉာဏ်ရည်နှောင့်နှေးသော ကလေးများသည် မတက်ရောဂါ၊ စိုးရိမ်ခြင်းနှင့် အောတစ်ဇင် စသည့် စိတ်ခံစားမှုများမူမမှန်ခြင်း၊ ကြွက်သားများ လှုပ်ရှားမှုအားနည်းခြင်း၊ အမြင်နှင့် အကြားအာရုံအားနည်းခြင်း စသည့်အခြားသော ကျန်းမာရေးပြသနာများနှင့် လည်းတွဲနေနိုင်ပါသည်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်ပါတို့သည် ဉာဏ်ရည်နှောင့်နှေးခြင်း ကိုအများဆုံး ဖြစ်စေသော အကြောင်းများဖြစ်သည်။Down ရောဂါစု နှင့် Fragile X ရောဂါစုများဖြစ်ခြင်း။အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အစာအဟုရချို့တဲ့ခြင်း နှင့် အချို့သောကူးစက်ရောဂါများသည် သနေ္ဓသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။ကလေးမွေးချိန် အောက်ဆီဂျင်လုံလောက်စွာမရခြင်း၊ လမစေ့မီ မွေးဖွားခြင်း ဉာဏ်ရည်နှောင့်နှေးခြင်း ကိုဖြစ်စေသည်။ဦးနှောက် အမြှေးပါးရောင်ခြင်း၊ ကြက်ညှာချောင်းဆိုးဝက်သက်ပေါက်ခြင်း၊ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း၊ ရေမွန်းခြင်း၊ လွန်စွာ အစာအာဟာရပြတ်ခြင်း၊ ဦနှောက်ပိုးဝင်ခြင်း နှင့် ခဲ စသည့်သတ္တုများ အဆိပ်သင့်ခြင်းနှင့်၎င်းတို့ကို အလွဲသုံးစားလုပ်ခြင်း ဉာဏ်ရည်နှောင့်နှေးခြင်း ကိုဖြစ်စေသည်။အထက်ပါအကြောင်းအရင်းများကြောင့် မဟုတ်ဘဲ သုံးပုံနှစ်ပုံသော ကလေးများတွင် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်နိုင်ပြီး အကြောင်းရင်းကို မသိရသေးပါ။ဉာဏ်ရည်နှောင့်နှေးခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရှိသင့်ရှိထိုက်သော အရည်အသွေးများ မရှိခြင်းသည် အသိဉာဏ်မစွမ်းခြင်း ခေါ် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်သည်ဟုဆိုပါသည်။ဉာဏ်ရည်နှောင့်နှေးခြင်း ကိုသိရန် ဆရာဝန်က။သင့်ကလေးကို Stanford-Binet Intelligence Test ကဲ့သို့သောစံသတ်မှတ်ထားသော စမ်းသပ်မှုများ ပြုလုပ်ပြီး သင့်ကလေး၏ IQ ကိုစစ်ဆေးလိမ့်မည်။Vineland Adaptive Behavior Scales ကဲ့သို့သော အတိုင်းအတာများဖြင့်လည်း သင့်ကလေး၏ အခြားရွယ်တူကလေးများနှင့် နှိုင်းစာထားသော နေ့စဉ်လုပ်ဆောင်မှုများနှင့် လူမှုဆက်ဆံမှုစွမ်းရည်များကို တိုင်းတာနိုင်သည်။သို့သော် ကလေးများသည် သူတို့ကြီးပြင်းရာဒေသပေါ်မူတည်ပြီးအမူအကျင့်များကွဲပြားခြင်း၊ မိသားစု တခုနှင့်တခုလူမှုစီးပွားရေးများ မတူညီခြင်း စသောအချက်များကြောင့် အဆိုပါစမ်းသပ်မှုများလည်း ကွာခြားမှုရှိနိုင်ပါသည်။ဓါတ်ခွဲစစ်ဆေးမှုများ နှင့် ပုံရိပ်များကို ရိုက်ခြင်းစသည့်စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့်လည်း သင့်ကလေး၏ဦးနှောက်တွင် ထိခိုက်မှုများ ရှိမရှိ၊ မျိုးရိုးဗီဇနှင့် ဇီဝကမ္မပြောင်းလဲမှုများရှိမရှိကို သိနိုင်ပါသည်။နားမကြားခြင်း၊ လေ့လာနိုင်စွမ်းမရှိခြင်း၊ အာရုံကြောဆိုင်ရာပြသနာများနှင့် စိတ်ခံစားမှုများ မူမမှန်ခြင်းတို့ကြောင့်လည်း ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့ဖြစ်နိုင်ပါသည်။ကလေးတယောက်တွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ မျိုးရိုးဗီဇနှင့် ဇီဝကမ္မပြောင်းလဲမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုများရှိနေလျှင် ရောဂါကို သိရှိရန် အမျိုးမျိုးသော စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။၎င်းတို့မှာ သွေး၊ ဆီးစစ်ခြင်း၊သင့်ကလေး၏ဦးနှောက်တွင် ထိခိုက်မှုများ ရှိမရှိပုံရိပ်များကို ရိုက်ခြင်း၊ အတက်ရောဂါများရှိမရှိ သိရန် EEG ရိုက်ခြင်း စသည်တို့ဖြစ်သည်။ ဆရာဝန်က သင့်ကလေး၏ရောဂါကို တိကျစွာသိရှိရန် အဆိုပါ စမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်ပါသည်။သင့်ကလေးတွင် နားမကြားခြင်း၊ အာရုံကြောပြသနာများရှိခြင်း စသည် ဖွံ့ဖြိုးမှုနောက်ကျစေသောအကြောင်းရင်များကို လည်းစမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုနောက်ကျစေသော အခြားသော အကြာင်းရင်းများမတွေ့ရှိပါမှ သမားရိုးကျစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။သင့်ကလေးနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်မှသာလျှင်ပြသနာကို ကိုင်တွယ်ရလွယ်ကူပေလိမ့်မည်။သင့်ကလေး၏ လိုအပ်ချက်များကို ဖော်ထုတ်ပေးနိုင်သော မိသားစုဝန်ဆောင်မှုများ၏ အကူအညီကို ယူနိုင်သည်။ ထိုအခါ သင့်ကလေးအား ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်အတိုင်းဖြစ်ရန် လိုအပ်သော အစီအစဉ်များကို သိရှိနိုင်ပါသည်။ ထိုအစီအစဉ်များထဲတွင် သင့်မိသားစုတွင် လိုအပ်နေသည်များကိုပါ ထည့်သွင်းရေးဆွဲနိုင်ပါသည်။ကုသမှုခံယူရခြင်း၏အဓိကရည်ရွယ်ချက်မှာ သင့်ကလေးကို ပညာရေး၊ လူမှုဆက်ဆံရေး နှင့် လူနေမှုဘဝတွင်ရှိသင့်သော စွမ်းရည်များကို အပြည့်အဝရရှိစေရန်ဖြစ်ပါသည်။ ထိုကုသမှုတွင်အမူအကျင့်များကို သင်ပေးခြင်း၊ ရောဂါပျောက်ကင်းမှုကို အထောက်အကူပြုသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ၊ ဆွေးနွေးမှုများ နှင့် ဆေးများ လိုအပ်သလိုပါဝင်သည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်နှောင့်နှေးသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/mental-retardation-%e1%80%a5%e1%80%ac%e1%80%8f%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%94%e1%80%bd%e1%80%b8%e1%80%bb%e1%80%81/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%99%e1%80%ba%e1%80%b3%e1%80%ad%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-a-type-a-%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%80%e1%80%af/
Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!
Probiotics လို့ ပြောလိုက်ရင် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ပဲ အများက သိထားကြတာပါ။ တကယ်ကတော့ probiotics တွေကအစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားကို အတွင်းပိုင်းကနေစပြီး လှပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါသတဲ့။ ဒီလိုဆို လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာ ပြေလည်စေဖို့ရော probiotics ကို အားကိုးလို့ရမလားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။Probiotics နဲ့ ဝက်ခြံအကြောင်းကို မပြောခင် Probiotics အကြောင်းလေးကနေစပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ရှင်းပြပေးပါမယ်။Probiotics ဆိုတာက ခန္ဓာကိုယ်ကိုယ်ကို ကျန်းမာစေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာတဲ့ ဘက်တီးရီးယားလေးတွေ များပြားစေဖို့ လုပ်ဆောင်ပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေပေါ့။ဒီကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေကို အချဉ်စိမ်ထားတဲ့ အစားအစာတွေဖြစ်ကြတဲ့ဒိန်ချဉ်၊ ချဉ်ဖတ်၊ ကင်မ်ချီတို့လိုမျိုး အစားအစာတွေထဲမှာ တွေ့ရနိုင်ပါတယ်။ သာမန်မျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့။Probiotics လို့ သိကြတဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး ကျန်းမာစေမယ့် ဘက်တီးရီးယားတွေကို တိုးပွားစေတာကြောင့် စားသမျှ အာဟာရဖြစ်စေဖို့နဲ့ အစာခြေစနစ်ပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။နောက်တစ်ချက်က အရေပြားအပါအဝင် ခန္ဓာကိုယ်အနှံ့က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အစာခြေစနစ်လိုပဲအရေပြားမှာလည်း ကောင်းကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားဆိုပြီး ရှိနိုင်ပါတယ်။ ဒီ ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းပေးမယ်ဆိုရင် အရေပြား ကျန်းမာရေးကို ထောက်ကူပြီးသားဖြစ်မှာပါ။အရေပြားအတွက် probiotics ကို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို သောက်ပေးလို့လည်း ရပါတယ်။ Probiotics ပါတဲ့ အစားအစာတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ ဒီတော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတာကို ဆက်ပြောပြပေးပါမယ်။ Probiotics က ဝက်ခြံ သက်သာစေပါတယ်။ ဒီလို ပြောရတာက Probiotics က။ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အရေပြားကိုရောင်ရမ်းတာယားယံတာတွေကို ဖြစ်စေပါတယ်။ ဒီလို နေရခက်တာကြောင့် လက်နဲ့ ကုတ်ဖဲ့တာ ညှစ်တာတွေ လုပ်မိရင်းက အရေပြားမှာ ဝက်ခြံတွေက မပြတ်တမ်းထွက်လာပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Probiotics ကို အားကိုးလို့ ရပါတယ်။ အကြောင်းကတော့ ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွက အရေပြားမှာ ကျန်းမာတဲ့ ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီးအရောင်ကျစေဖို့ထောက်ကူပေးပါတယ်။အရေပြားပေါ်မှာ probiotics ကို တိုက်ရိုက် အသုံးပြုပေးတာကဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးရာရောက်ပါတယ်။ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့်အရေပြားမှာ ထိခိုက်တာ၊ ပိုးဝင်ကူးစက်လွယ်တာတွေ မဖြစ်စေဖို့လည်း probiotics က ကာကွယ်ပေးပါတယ်။ ဝက်ခြံအပြင်အရေပြားပြဿနာတော်တော်များများကို ကာကွယ်ပေးသလို သက်သာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်တာ၊ အပြင်းစား ဓာတုပစ္စည်းတွေ သုံးတဲ့အခါ အရေပြားပျက်စီးပြီးအရေပြား ထိခိုက်လွယ်တာ၊ နီမြန်းတာ၊ ဝက်ခြံထွက်တာ၊ ကျိန်းစပ်တာတွေ ဖြစ်တတ်ပါတယ်။ Probioticsက အရေပြားရဲ့ သဘာဝ အရံအတားကို ကာကွယ်ပေးတာကြောင့် အထက်ပါပြဿနာတွေကို သက်သာစေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/probiotics-benefits-for-acne/
ကပ်ပါးပိုးကူးစက်ခြင်းအကြောင်း
ကပ်ပါးပိုးမွှားများဟာ သူတို့ရဲ့ ရပ်တည်ရေးအတွက် တခြားသက်ရှိတွေအပေါ်မှာ မှီခိုရှင်သန်နေကြပါတယ်။ ကပ်ပါးပိုးအချို့ဟာ သူတို့မှီခိုတဲ့ သက်ရှိတွေအပေါ် သိပ်ပြီး ဒုက္ခမပေးတတ်ပါဘူး။ ဝင်ရောက်နေမှန်းလည်း မသိသာပါဘူး။ဒါပေမယ့် ကပ်ပါးပိုးမွှားအချို့ကတော့ သူတို့အိမ်ရှင်ခန္ဓာကိုယ်ထဲမှာ ထပ်မံပေါက်ပွားကြပြီး အရေးကြီးကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထဲထိ ထိုးဖောက်ဝင်ရောက်ပြီး ရောဂါဘယများ ဖြစ်ပွားစေတတ်ပါတယ်။ အဆိုပါ အခြေအနေကိုကပ်ပါးရောဂါပိုး ကူးစက်ခြင်း(Parasitic Infection) လို့ ခေါ်ဝေါ်ပါတယ်။ကပ်ပါးရောဂါပိုး ကူးစက်ခြင်းဟာ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။ ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အဆိုးဆုံးရောဂါတခုကတော့ငှက်ဖျားရောဂါပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တခြားသော ကပ်ပါးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကတော့။– Trichomoniasis။– Giardiasis။– Cryptosporidiosis။– Toxoplasmosis။စတာတွေ ဖြစ်ပါတယ်။ရောဂါလက္ခဏာတွေဟာ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အဓိကအားဖြင့် တွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• Trichomoniasis ဟာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ တခါတရံမှာ လိင်အင်္ဂါဝန်းကျင်မှာ နီရဲခြင်း၊ ယားယံခြင်း၊ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း စတာတွေ ကြုံရပါတယ်။• Giardiasis ကတော့ ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း စတာတွေ ဖြစ်စေပါတယ်။• Cryptosporidiosis မှာတော့ အစာအိမ်အော်င့ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဖျားနာခြင်း စတာတွေ ကြုံရပါတယ်။• Toxoplasmosis ဖြစ်ရင်တော့တုပ်ကွေးလက္ခဏာတွေကြုံရတတ်ပါတယ်။ ကြွက်သားများ ကိုက်ခဲခြင်း၊ အကျိတ်များရောင်ခြင်း၊ တလကျော်ကျော်လောက် နာကျင်ကိုက်ခဲနေတတ်ခြင်းတွေ ကြုံရပါတယ်။ကပ်ပါးပိုး သုံးမျိုးကြောင့် ဖြစ်ပွားရပါတယ်။ အဆိုပါ ကပ်ပါးပိုးတွေကတော့။• ပရိုတိုဇိုဝါ (protozoa)။• ဟဲလ်မင့် (Helminthes)။• အက်တိုပါရာဆိုဒ် (ectoparasites) စတာတွေ ဖြစ်ပါတယ်။Protozoa ရောဂါပိုးဟာ ဆဲလ်တခုတည်းသာရှိတဲ့ သက်ရှိတမျိုးဖြစ်ပြီး ကိုယ်ခန္ဓာထဲမှာ ရှင်သန်နေထိုင်နိုင်၊ ပေါက်ပွားနိုင်ပါတယ်။ giardiasis ရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးဟာ ပရိုတိုဇိုဝါ အမျိုးအစားဖြစ်ပါတယ်။ အဆိုပါပိုးပါတဲ့ရေကို သောက်မိရာကနေ ကူးစက်နိုင်ပြီး ဆိုးရွားပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပါတယ်။Helminths ကတော့ ဆဲလ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိဖြစ်ပြီး ကိုယ်ခန္ဓာပြင်ပမှာရော အတွင်းမှာပါ ရှင်သန်နိုင်ပါတယ်။ သန်ကောင်မျိုးစုံဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ သန်ကောင်၊သန်ပြားကောင်၊ တုတ်ကောင်စတာတွေ ဖြစ်ပါတယ်။Ectoparasites အမျိုးအစားကတော့ အရေပြားပေါ်မှာ နေကြပါတယ်။ အင်းဆက်အချို့လည်း ပါဝင်ပါတယ်။ သန်း၊ မွှား၊ လှေး စတာမျိုးတွေ ဖြစ်ပါတယ်။ကပ်ပါးပိုးတွေဟာ နည်းလမ်းမျိုးစုံနဲ့ ပျံ့နှံ့ဖြစ်ပွားစေပါတယ်။ ဥပမာ ပရိုဆိုဇိုဝါနဲ့ ဟဲလ်မင့်ကပ်ပါးများဟာ ရေ၊ အစားအစာ၊ မြေကြီး၊ သွေး၊ အညစ်အကြေး စတာတွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ တချို့ကတော့ လိင်မှတဆင့် ကူးစက်ပါတယ်။ တချို့ကတော့ အင်းဆက်များကနေ တဆင့်ခံ ကူးစက်တတ်ပါတယ်။ ဥပမာ ငှက်ဖျားဖြစ်စေတဲ့ ပရိုတိုဇိုဝါပိုးဟာ ခြင်ကိုက်ရာကနေ တဆင့်ကူးစက်စေပါတယ်။ကပ်ပါးပိုးကူးစက်နိုင်ခြေနည်းအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ၎င်းတို့ကတော့။–လိင်ဆက်ဆံရာမှာ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတွေသုံးပါ (ဥပမာ ကွန်ဒုံး)။– လက်ကိုမကြာခဏဆေးပါ။ အထူးသဖြင့် မချက်ပြုရသေးတဲ့ အစားအစာတွေ၊ အညစ်အကြေးတွေကို ကိုင်တွယ်ပြီးရင် ဖြစ်ပါတယ်။– အစားအစာမျိုးကို အမျိုးအစားအလိုက် သတ်မှတ်အပူချိန်နဲ့ ကျက်အောင်ချက်ပြုတ်ပါ။–သန့်ရှင်းစိတ်ချရသောရေကိုသာ သောက်ပါ။ မြစ်ရေ၊ ကန်ရေများဆိုရင် ကျိုချက်ပြီးမှ သောက်သုံးပါ။– ကိုယ်ဝန်ရှိနေချိန်မှာ ကြောင်များကို ကိုင်တွယ်ခြင်း၊ ၎င်းတို့ အညစ်အကြေးများကို သန့်ရှင်းခြင်း မလုပ်ပါနဲ့။မိမိမှာ ရောဂါပိုးကူးစက်ခံရတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပါ။ စောစီးစွာပြသပြီး ကုသမှုခံယူရင် မိမိရောဂါမြန်မြန်ပျောက်နိုင်သလို တခြားသူတွေဆီ ကူးစက်နိုင်ခြင်းကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/parasitic-infections/
ဝက်ခြံရှိသူလေးတွေ လုပ်မိတတ်တဲ့ အသားအရေထိန်းသိမ်းမှု အလွဲလေးများ
ဝက်ခြံက လူတော်တော်များများ ခံစားနေရတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံက အလှအပကို ထိခိုက်စေသလို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ဆိုရင် စနစ်တကျ မလုပ်ဆောင်ဘူးဆိုရင်တော့ ကောင်းလာထက်ဖို့ထက် ဆိုးသွားဖို့က ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ဒီတော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံပျောက်ချင်လို့ဆိုပြီး အခုလို အများတွေများလုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်ရအောင်လား………..။မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံလေးတွေ ပျောက်ချင်ဇောနဲ့ ဒါတွေလုပ်မိနေလား ဆန်းစစ်ကြည့်ရအောင်။မျက်နှာကိုခဏခဏသစ်နေမိတယ်။မျက်နှာ ခဏခဏသစ်လို့ ဝက်ခြံမပျောက်ပါဘူး။အသားအရေက ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အနေအထားဖြစ်စေတာ​ကြောင့် မျက်နှာမှာ ရောင်ရမ်းတာတွေတောင် ပိုဖြစ်နိုင်ပါတယ်။မျက်နှာကို ခဏခဏscrubလုပ်တယ်။ဝက်ခြံတွေကို သက်သာစေချင်တာရော မျက်နှာကိုနာအောင် အလှပျက်အောင်လုပ်တယ်ဆိုတဲ့ အငြိုးရော ပေါင်းပြီး scrub တွေ ခဏခဏလုပ်နေမိလို့ကတာ့ ဝက်ခြံတွေက အပြုံးမပျက်ဘဲ အထိနာမှာ လုပ်မိတဲ့ ကိုယ်တွေပါ။ ဝက်ခြံရှိတဲ့အသားအရေက scrub လုပ်ရမယ်ဆိုပေမယ့် တစ်ပတ်ကို  ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ဆိုရင် လုံလောက်ပါပြီ။သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ scrub မျိုးကိုပဲ ရွေးပါ။ဝက်ခြံတွေကို ညှစ်တယ်။ဝက်ခြံတွေဖြစ်လာတဲ့အခါ ညှစ်တတ်ကြတဲ့သူတော်တော်လေးများပါတယ်။ ဒီလိုညှစ်လိုက်တဲ့အခါ ပိုးဝင်သွားပြီး အမာရွတ်ဖြစ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ဝက်ခြံက နီမြန်းရောင်ရမ်းနေမယ်ဆိုရင်တောင်မှာ မညှစ်ပါနဲ့။ ရေနွေးနွေးလေးကို ဂွမ်းစလေးမှာ ဆွတ်ပြီး ကပ်ပေးတာမျိုးပဲလုပ်ပါ။ ဒါက ဝက်ခြံကို မြန်မြန်ပျောက်စေမှာပါ။Moisturizerမသုံးဘူး။ဝက်ခြံရှိတာကြောင့် ဝက်ခြံသက်သာစေဖို့ဆေးတွေ သုံးတဲ့အခါ အသားအရေက ခြောက်သွေ့နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Moisturizer သုံးဖို့လိုပါမယ်။ ဒီလို အသုံးပြုတာက ချွေးပေါက်တွေကို ပိတ်စေပြိး ဝက်ခြံပိုဆိုးစေမယ်လို့ ထင်စရာရှိပေမယ့် Moisturizer ခရင်မ် အမျိုးအစားမဟုတ်တာမျိုးကို ရွေးလို့ရပါတယ်။ Moisturizer က အသားအရေကိုအစိုဓာတ်ဖြည့်ပေးပြီး ကျန်းမာနေစေဖို့ အထောက်အကူပြုပေးပါတယ်။ဝက်ခြံရှိသူတွေ လုပ်မိတတ်တဲ့ အကြီးမားဆုံး အမှားတစ်ခုပါ။ တကယ်ကတော့ အသားအရေကနေလောင်ဒဏ်ကနေ မဖြစ်မနေကာကွယ်ဖို့လိုပါမယ်။ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်မှ ဝက်ခြံကလည်း သက်သာပြီးဝက်ခြံအမာရွတ်တွေ ကင်းမှာပါ။ဒါပေမယ့် တော်တော်များများက နေလောင်ကာခရင်မ်လူးရင် ဝက်ခြံပိုဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် အပြင်ထွက်ခါနီးတိုင်း ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ပြောပါရစေနော်။ခေါင်းပေါ်ကဗောက်တွေကို အမှုမဲ့အမှတ်မဲ့ထားထားတယ်။ဝက်ခြံပျောက်ချင်တယ်ဆိုရင်ဦးရေပြားကို မေ့ထားလို့မရပါဘူး။ ဦးရေပြားမှာ ဗောက်တွေရှိနေတာက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် ခေါင်းကို ပုံမှန်လျှော်ပြီး ဦးရေပြားမှာ ဗောက်ကင်းအောင် ဂရုစိုက်ပါ။Cleansing Water ကို အသားအရေပေါ်မှာ အချိန်အကြာကြီးထားတယ်။မျက်နှာကို ရေမလိုမျက်နှာသန့်စင်ဆေးရည်တွေသုံးပြီး သန့်စင်တယ်ဆိုတိုင်း မျက်နှာ ထပ်သစ်ဖို့ မလိုဘူးဆိုပြီး မထားလိုက်ပါနဲ့။ ၁ဝ မိနစ်မတိုင်ခင်မှာ မျက်နှာကိုမျက်နှာသစ်ဆပ်ပြာအသုံးပြုပြီး ဆေးကြောသန့်စင်ပါ။ ဒါမှာ အသားအရေ ထိခိုက်မှုကင်းပြီးဝက်ခြံသက်သာစေမှာပါ။ဝက်ခြံအတွက် ဆေးတွေကို အများကြီးသုံးတာ။ဆေးလိမ်းတယ်သက်သာတယ်။ အများကြီးလူးရင် မြန်မြန်သက်သာမယ်ဆိုတဲ့ အယူအဆဆက မမှန်ပါဘူး။ ဝက်ခြံပျောက်ဆးတွေကို မှန်ကန်တဲ့ ပမာဏနဲ့ အချိန်မှန်မှန် လူးပေးရမှာပါ။ ဆေးလူးပေးသလို အသားအရေကိုလည်း ပြန်လည်ပြုပြင်မှုတွေလုပ်ဖို့ အချိန်ပေးရပါမယ်။ကဲ…အခုပြောတာတွေထဲက ဘယ်နှချက်လောက်လုပ်မိနေလဲ…ဝက်ခြံမပျောက်တာက ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်လို့ သေချာလေးဂရုစိုက်စေချင်ပါတယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/dont-make-these-acne-treatment-mistakes/
နှမ်းကြတ်စေ့ ကျန်းမာစေသလား
နှမ်းကြတ်စေ့ ဆိုတာက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံးကောက်နှံတစ်မျိုးပါ။ နှမ်းကြတ်စေ့က မြောက်အမေရိက မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ ဘယ်လိုများ နှမ်းကြတ်စေ့က ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။နှမ်းကြတ်စေ့ ဆိုတာ တော်တော်လေး သေးငယ်တဲ့ နှမ်းစေ့လိုမျိုး အစေ့လေးတွေပါ။ ဒီအစေ့လေးတွေက ခပ်ဆိမ့်ဆိမ့် အရသာရှိသလို နှလုံးကျန်းမာစေတဲ့ အဆီတွေလည်း ပါဝင်နေပါတယ်။ ဒီအတိုင်း စားလို့ ရသလို အချိုပွဲတွေထဲမှာ ထည့်စားလို့ ရပါတယ်။ ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးပါတယ်။နှမ်းကြတ်စေ့မှာပါတဲ့အာဟာရဓာတ်များကတော့။နှမ်းကြတ်စေ့ ကျန်းမာစေသလား ဆိုတော့ အခုလိုမျိုး ကျန်းမာရေး အာနိသင်ပေးပါတယ်။နှမ်းကြတ်စေ့ကသွေးတွင်းအဆီကို ကျစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကျန်းမာစေဖို့ရော နှလုံးရောဂါ ကာကွယ်ဖို့ပါ အသုံးပြုပေးလို့ ရပါတယ်။နှမ်းကြတ်စေ့ကသွေးတိုးရောဂါသက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နှမ်းကြတ်စေ့က သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးမတိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။နှမ်းကြတ်စေ့ကို ပုံမှန် စားသုံးပေးတာကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လှော်ထားတဲ့ နှမ်းကြတ်စေ့ကို တစ်နေ့ လက်ဖက်စားဇွန်း ၃ ဇွန်း စားပေးတာက သွေးထဲက မကောင်းတဲ့အဆီတွေကို ကျဆင်းစေနိုင်ပါတယ်။နှမ်းကြတ်စေ့မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ပါဝင်နေတာကြောင့် သွေးတွင်းက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။ သွေးတွင်းကိုလက်စထရော ကျဆင်းအောင် လုပ်ဆောင်ပေးပြီးလေမဖြတ်အောင် ကာကွယ်ပေးပါတယ်။နှမ်းကြတ်စေ့မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။အစာမကြေတာမျိုး မဖြစ်အောင်လည်း ထောက်ကူပေးပါတယ်။ လိပ်ခေါင်း သက်သာစေဖို့နဲ့ အူမကြီး ကင်ဆာကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။နှမ်းကြတ်စေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော ပါဝင်နေပါတယ်။နှမ်းကြတ်စေ့က အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဝမလွန်စေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ဆိုရင် တစ်နေ့ကို နှမ်းကြတ်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် စားပေးပါ။နှမ်းကြတ်စေ့မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးသလို ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးပါတယ်။နှမ်းကြတ်စေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။နှမ်းကြတ်စေ့ကို စားသုံးမယ်ဆိုရင် အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/flax-seed-benefits/
Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း)
လေပြွန်အဖုံး နီရဲရောင်ရမ်းနေခြင်းဟာ ဒီရောဂါရဲ့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတခုပဲ ဖြစ်ပါတယ်။ လေပြွန်အဖုံးရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတခုပါ။ လေပြွန်ဝအဖုံးဟာ သင့်လျှာရဲ့ အရင်းမှာ ရှိပြီး အရိုးနုလေးတွေနဲ့ အဓိက ပြုလုပ်ဖွဲ့စည်းထားပါတယ်။သင်အစာစား၊ရေသောက်တဲ့အခါ လေပြွန်ထဲကို အစာတွေ၊ရေတွေ မဝင်ရအောင် ဒီလေပြွန်အဖုံးက ကာကွယ်ပေးပါတယ်။ လေပြွန်ဖုံးမှာ ပါဝင်ဖွဲ့စည်းထားတဲ့ တစ်ရှူးတွေဟာ ကူးစက်ပိုးဝင်ပြီဆိုရင် ရောင်ရမ်းလာပြီး လေဝင်ရာလမ်းကြောင်းကို ပိတ်ဆို့လိုက်ပါတော့တယ်။ တကယ်လို့ သင် ကိုယ်တိုင် ဒါမှမဟုတ် သင်မိသားစု၊မိတ်ဆွေတယောက်ယောက်မှာ လေပြွန်အဖုံး ရောင်ရမ်းတဲ့ ဝေဒနာခံစားနေရပြီလို့ ယူဆရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။လေပြွန်ဖုံးရောင်ရမ်းခြင်းဟာ ရှေးယခင်ကဆိုရင်တော့ ကလေးတွေမှာသာ အဖြစ်များတဲ့ ရောဂါတမျိုးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေမှာပါ ပိုပိုပြီး တွေ့လာရပါပြီ။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ရောဂါကို အမြန်ဆုံးအဖြေရှာအတည်ပြုပြီး ဆေးဝါးကုသမှုခံယူဖို့ လိုအပ်တယ်ဆိုပေမယ့် အသက်ရှုလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ပိုဖြစ်လာနိုင်တဲ့ ကလေးတွေမှာတော့ ပိုမိုပြီး အထူးဂရုစိုက် အဖြေရှာ ကုသပေးရပါမယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လေပြွန်ဖုံးရောင်ရမ်းခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့…။ဘာအကြောင်းကြောင့်ပဲ လေပြွန်ရောင်သည်ဖြစ်စေ ပေါ်ပေါက်လာတဲ့ လက္ခဏာတွေက အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ပေါ်မူတည်ပြီးတော့(ကလေး ဒါမှမဟုတ် အရွယ်ရောက်ပြီးသူ) ရောဂါလက္ခဏာတွေ ကွဲပြားမှုရှိနေနိုင်ပါတယ်။ကလေးတွေဟာ နာရီပိုင်းအတွင်းမှာပဲ လေပြွန်ရောင်ခြင်းဝေဒနာကို ခံစားလာရနိုင်ပေမယ့် အရွယ်ရောက်ပြီးသူတွေမှာတော့ ပိုမိုနှေးကွေးပြီး ရက်ပိုင်းအတွင်းမှာမှ ပေါ်လာမှာ ဖြစ်ပါတယ်။ကလေးတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အဖျားကြီးခြင်း။ရှေ့သို့ကုန်းလိုက်ရင် သို့မဟုတ် မတ်မတ်ထိုင်လိုက်ရင် ရောဂါလက္ခဏာများ သက်သာသွားခြင်း။လည်ချောင်းနာခြင်း။အသံဩခြင်း။သွားရည်များ မထိန်းနိုင်ဘဲ စီးကျခြင်း။အစာ၊ရေမြိုရခက်ခြင်း။အစာ၊ရေမြိုချလျှင် နာကျင်ခြင်း။ဂဏှာမငြိမ်ဖြစ်ခြင်း။ပါးစပ်နှင့်သာ အသက်ရှုရခြင်း။လေပြွန်ရောင်ဝေဒနာ ခံစားနေရတဲ့ လူကြီးတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့။အဖျားတက်ခြင်း။အသက်ရှုရခက်ခြင်း။အစာ၊ရေမြိုရခက်ခြင်း။ခပ်ကြမ်းကြမ်း၊ခပ်ရှရှအသံဖြစ်နေခြင်း။အသက်ရှုလျင် အသံများမြည်ခြင်း။ပြင်းထန်စွာ လည်ချောင်းနာခြင်း။ပုံမှန်အတိုင်း ကောင်းစွာ အသက်မရှုနိုင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။လေပြွန်ရောင်ရမ်းခြင်းကို မကုသဘဲ ထားမယ်ဆိုရင် လေဝင်ရာလမ်းကြောင်းကို လုံးဝပိတ်ဆို့သွားစေမှာ ဖြစ်ပါတယ်။ ဒီလို ပိတ်ဆို့သွားပြီဆိုရင် (သွေးထဲမှာ အောက်ဆီဂျင်ဓါတ် တဖြည်းဖြည်းနည်းသွားတာကြောင့်) သင့်အရေပြားဟာ ပြာနှမ်းနှမ်းဖြစ်လာမှာပါ။ ဒီအခြေအနေကတော့ အလွန်အရေးကြီးတဲ့ အခြေအနေဖြစ်ပြီး အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရမှာ ဖြစ်ပါတယ်။ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းဟာ လေပြွန်ဖုံးရောင်ရမ်းခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းပါ။ သင်အသက်ရှုတဲ့အခါ ဘက်တီးရီးယားက သင့်ခန္ဓါကိုယ်ထဲ ဝင်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ လေပြွန်ဖုံးကို ပိုးကူးစက်ပါပြီ။ လေပြွန်ဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အဓိက ပိုးမွှားကတော့ Hib လို့လည်း ခေါ်ကြတဲ့ Haemophilus influenzae type b အမျိုးအစား ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။အဆိုပါ ဘက်တီးရီးယားပိုးကူးစက်ခံနေရတဲ့သူ ချောင်းဆိုးတာ၊နှာချေဆတ်တာ ဒါမှမဟုတ် နှာခေါင်းကနေ လေမှုတ်ထုတ်လိုက်တာမျိုး ပြုလုပ်လိုက်တဲ့အခါမှာ ထွက်လာမယ့် Hib ဘက်တီးရီးယားပါဝင်လာတဲ့ လေကို ရှူသွင်းမိပြီဆိုရင်တော့ သင်လည်း ရောဂါပိုးကူးစက်ခံရပါပြီ။ လေပြွန်ဖုံးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အခြားသော ဘက်တီးရီးယား မျိုးနွယ်တွေကတော့ Streptococcus A, B, ဒါမှမဟုတ် C နဲ့Streptococcus pneumoniae ဘက်တီးရီးယားတွေပဲ ဖြစ်ကြပါတယ်။Streptococcus A အမျိုးအစား ဘက်တီးရီးယားကတော့ လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သလို ဘက်တီးရီးယား နမိုးနီးယားကိုလည်း ဖြစ်စေနိုင်တဲ့ မျိုးစိတ်ပဲ ဖြစ်ပါတယ်။ဒါ့အပြင် ရေယုံလို၊ရေကျောက်လို ရောဂါမျိုးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကလည်း (အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့အတူ) လေပြွန်ဖုံးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အနှီးလောင်ခြင်း သို့မဟုတ် မှိုစွဲခြင်းကို ဖြစ်စေတဲ့ ဖန်ဂိုင်း မှိုတွေကလည်း လေပြွန်ဖုံးရောင်ရမ်းမှုကို ဖြစ်စေမှာပါ။အခြားသော အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ကိုကင်းသုံးစွဲခြင်း။ဓါတုဗေဒပစ္စည်းတွေ ရှုသွင်းခြင်း၊ဓါတုဗေဒပစ္စည်းများကြောင့် စားလောင်ခြင်း။ပြင်ပပစ္စည်းတခုခုကို မြိုချမိခြင်း။လည်ချောင်းထဲ ရေနွေးငွေ့လောင်ခြင်း သို့မဟုတ် အခြားပုံစံတမျိုးမျိုးဖြင့် အပူလောင်ခြင်း။ဓါးထိုးခံရခြင်း၊သေနတ်ပစ်ခံရခြင်း ကဲ့သို့သော လည်ချောင်းထိခိုက်ဒါဏ်ရာတမျိုးမျိုး ရရှိခြင်း။လေပြွန်ဖုံးရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လူတိုင်းလူတိုင်း လေပြွန်ဖုံးရောင်ရမ်းခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အသက် ဆယ့်နှစ်လအောက်ကလေးသူငယ်တွေမှာ လေပြွန်ဖုံးရောင်ရမ်းခြင်း ဝေဒနာကို ပိုမိုခံစားရနိုင်ချေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကလေးတွေမှာ Hib ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြီးပြည့်စုံအောင် မထိုးရသေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ခြုံငုံကြည့်မယ်ဆိုရင်တော့ ဒီရောဂါဟာ အသက်နှစ်နှစ်ကနေ အသက်ခြောက်နှစ်အထိ ကလေးတွေမှာ အဖြစ်များတာကိုလည်း တွေ့ရပါသေးတယ်။အရွယ်ရောက်ပြီးသားလူကြီးတွေအတွက်ဆိုရင်တော့ အသက် ရှစ်ဆယ့်ငါးနှစ်ထက်ကြီးခြင်းဟာ လေပြွန်ဖုံးရောင်ရမ်းခြင်းရောဂါဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အကြောင်းရင်းခံတခုပဲ ဖြစ်ပါတယ်။Hib ကာကွယ်ဆေးမထိုးပေးနိုင်တဲ့ တိုင်းပြည်တွေ ဒါမှမဟုတ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာလည်း ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားပါတယ်။ ကိုယ့်ကလေးကို Hib ကာကွယ်ဆေးမထိုးပေးတဲ့ မိဘတွေကြောင့်လည်း ကလေးတွေမှာ ရောဂါခံစားနိုင်ချေ မြင့်မားပါတယ်။ဒီရောဂါဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အကြောင်းရင်းကိုတော့ တိတိပပ မသိရှိရသေးပါဘူး။တကယ်လို့ သင်ဟာ လူအမြောက်အများနဲ့ အလုပ်လုပ်ရတယ် ဒါမှမဟုတ် နေထိုင်တယ်ဆိုရင်တော့ အခြားလူတွေဆီက ကူးစက်ရောဂါပိုးကူးဖို့ အခွင့်အလမ်း ပိုများပါတယ်။ အလားတူပါပဲ၊ လူဦးရေထူထပ်တဲ့ ပတ်ဝန်းကျင်တွေ (ဥပမာ ကျောင်း ဒါမှမဟုတ် နေ့ကလေးထိန်းကျောင်းတွေ)ဟာ သင်နဲ့ သင့်ကလေးကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအမျိုးအစားအားလုံးနဲ့ ထိတွေ့နိုင်ချေ ပိုများစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါ ပတ်ဝန်းကျင်တွေမှာဆိုရင် လေပြွန်ဖုံးရောင်ရမ်းခြင်း အဖြစ်များပါတယ်။သင့်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်အားနည်းတယ်ဆိုရင် သင့်အနေနဲ့ ကူးစက်ပိုးမွှားတွေကို တိုက်ထုတ်ဖို့ ပိုမိုခက်ခဲသွားမှာ ဖြစ်တာကြောင့် ခုခံအားစနစ် ကောင်းစွာ အလုပ်မလုပ်ခြင်းဟာ လေပြွန်ဖုံးရောင်ရမ်းခြင်းရောဂါကို ပိုဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ဆီးချိုရောဂါရှိခြင်းဟာ ဒီရောဂါပိုမိုဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါဟာ အခြေအနေ အတော်လေးဆိုးရွားတတ်တာမို့ အရေးပေါ်အနေအထားမှာဆိုရင် ရောဂါရာဇဝင်မေးမြန်းခြင်း နဲ့ လူနာအား စမ်းသပ်ခြင်း၊ ဒီနှစ်ခု ပြုလုပ်ရုံနဲ့တင် လေပြွန်ဖုံးရောင်ရမ်းတာ ဟုတ်မဟုတ် အဖြေရှာ အတည်ပြုနိုင်ပါလိမ့်မယ်။ သင့်မှာ လေပြွန်ဖုံးရောင်ရမ်းတဲ့ ရောဂါခံစားနေရပြီလို့ ဆရာဝန်က ယူဆရင် အများအားဖြင့် ဆေးရုံတက်ခိုင်းလေ့ရှိပါတယ်။ ဆေးရုံတက်ပြီးပြီဆိုရင်တော့ ရောဂါကို ပိုမိုပြီးတိတိကျကျ သိရှိအတည်ပြုနိုင်ဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။လည်ချောင်းနဲ့ ရင်ဘတ်ကို ဓါတ်မှန်ရိုက်ခြင်း : ရောင်ရမ်းမှု နဲ့ ကူးစက်ပိုးဝင်မှု ဘယ်အခြေအနေထိ ဆိုးရွားသလဲဆိုတာကို သိရှိနိုင်ပါမယ်။လည်ချောင်းမှ အကျိအချွဲကိုယူပြီး ပိုးမွေးခြင်း၊သွေးဖောက်ပြီး ပိုးမွေးခြင်း : ကူးစက်ပိုးဟာ ဘက်တီးရီးယားကြောင့်လား သို့မဟုတ် ဗိုင်းရပ်စ်ကြောင့်လားဆိုတာကို သိရှိနိုင်ပါမယ်။မှန်ပြောင်းပြွန်လေးထည့်ပြီး လည်ချောင်းအတွင်းပိုင်းအား ကြည့်ရှုစစ်ဆေးခြင်း။သင့်မှာ လေပြွန်ဖုံးရောင်ရမ်းခြင်း ရောဂါ ခံစားနေရပြီလို့ ဆရာဝန်က ယူဆလိုက်ပြီဆိုရင် ပထမဆုံး ခံယူရမယ့် ကုသမှုကတော့ သင့်ရဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်(pulse oximetry device လို့ခေါ်တဲ့ ပစ္စည်းလေးတခုကို အသုံးပြုပြီး တိုင်းတာခြင်းဖြစ်ပါတယ်)။ တကယ်လို့ သင့်သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏ အရမ်းနည်းနေပြီဆိုရင်တော့ နှာခေါင်းပိုက် ဒါမှမဟုတ် နှာခေါင်းအုပ်တို့ကနေတဆင့် အောက်ဆီဂျင်ရှုရပါမယ်။ အောက်ဖော်ပြပါ ကုသမှုနည်းလမ်းတွေထဲက တခု ဒါမှမဟုတ် အားလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။သင်အစာ/ရေ တို့ကို ပုံမှန်မြိုနိုင်ပြီဆိုတဲ့ အချိန်ထိ အကြောသွင်းဆေးတွေကို (အာဟာရအလို့ငှာ၊ရေဓါတ်အလို့ငှာ) သွင်းပေးရပါမယ်။ဘက်တီးရီးယားပိုးမွှားတွေကို သုတ်သင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း သုံးစွဲရပါမယ်။လည်ချောင်းအရောင်ကျစေဖို့အတွက် အရောင်အရမ်းကျဆေးတွေ (ဥပမာ ကော်တီကိုစတီးရွိုက်)ကို သုံးစွဲရပါမယ်။ထူးထူးခြားခြား ဆိုးရွားတဲ့ လူနာတွေမှာတော့ လည်ပြွန်ကို အပေါက်ဖောက်ပြီး ကုသမှုခံယူဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒီလို အပေါက်ဖောက်တဲ့အခါ ဆရာဝန်က သင့်ရဲ့လေပြွန်ထဲကို အပ်တချောင်းထိုးထည့်လိုက်ပါလိမ့်မယ်။ အခုလို လည်ပြွန်အပေါက်ဖောက်လိုက်ခြင်းအားဖြင့် အောက်ဆီဂျင်အဝင်အထွက်ကို ပုံမှန်အတိုင်း ဆက်ရှိနေစေသလို အသက်ရှုလမ်းကြောင်း အလုပ်မလုပ်တော့ခြင်းကိုလည်း တားဆီးကာကွယ် ပေးနိုင်ပါသေးတယ်။ ရောဂါဖြစ်နေမှန်းအမြန်သိပြီး အမြန်ကုသမှုခံယူတဲ့ လူနာအများစုဟာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ပျောက်ကင်းသွားလေ့ရှိပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လေပြွန်ဖုံးရောင်ရမ်းခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ပိုးမွှားကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ဖို့အတွက် လက်ကို မကြာခဏဆေးပေးပါ ဒါမှမဟုတ် လက်ဆေးဂျယ်လ်ကို အသုံးပြုပေးပါ။အခြားလူတွေနဲ့ စားစရာ သောက်စရာ ပန်းကန်ခွက်ယောက်တွေ မျှဝေသုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ဆေးလိပ်ကို ရှောင်ကျဉ်ခြင်း၊လုံလောက်စွာ အနားယူခြင်း၊ကာလရှည်စွဲကပ်နေတဲ့ ကျန်းမာရေးပြဿနာတွေအားလုံးကို စနစ်တကျ ရက်ချိန်းမှန်မှန်ကုသပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/epiglottitis-%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%a1%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9/
မှိုတက်တာမှန်သမျှ အန္တရာယ်ပါ
ကြက်သွန်နီ အခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့ တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်း တစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို မှိုတက်တာမှန်သမျှ အန္တရာယ်ပါ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။အစားအစာတင် မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား။ အဲဒီ မှိုက ထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါနာတာရှည်အဆုတ်ရောဂါဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြား ရောဂါပိုးတွေ ကူးစက်ခံရလွယ်စေနိုင်ပါတယ်။မှိုကို ထိမိတာ၊ ရှူမိတာနဲ့ ဓာတ်မတည့်တတ်သူ မဟုတ်ရင်တောင် သာမန်လူတွေမှာ မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –။ပုံမှန်အားဖြင့် မှိုတွေကြောင့် –။တကယ်လို့ မှိုနဲ့ဓာတ်မတည့်သူဒါမှမဟုတ်ပန်းနာရင်ကျပ်ရှိသူဆိုရင် –။မှိုနဲ့ ကြာရှည် ထိတွေ့မယ်၊ မှိုတွေ ကြားမှာ နေလာတာ ကြာမယ် ဆိုရင်တော့ လက္ခဏာ ချက်ချင်း မသိသာရင်တောင် နောက်ပိုင်း ဒါတွေဖြစ်လာနိုင်ပါတယ် –။အဆိုးဆုံးကအဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့လို ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဓာတ်မတည့် ဖြစ်တတ်သူတွေနဲ့ပန်းနာရင်ကျပ်ရှိသူတွေ အပြင် ဒီလူတွေမှာလည်း မှိုနဲ့ ပတ်သက်ပြီး စိတ်ပူရပါတယ် –။မိမိနဲ့ မိမိ မိသားစုရဲ့ ကျန်းမာရေးအတွက် အိမ်တွင်းက မှိုတွေကို သန့်စင်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/black-mold-exposure/
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်
လူတော်တော်များများဟာကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ချင်လို့ပေါ့။ လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် အမျိုးသားတွေထက် ပိုပြီး ကောင်းကျိုးများတာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာလိုက်စို့နော်။လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် အချိုးအစားကိုလည်း ပြေပြစ် လှပစေပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ကျန်းမာရေးလည်း ကောင်းစေနိုင်ပါတယ်။လေဒီလေးတွေထဲမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်။ တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ ထက် မနည်း လုပ်ဆောင်တဲ့ လေဒီလေးတွေက တက်ကြွသွက်လက်နေပြီး ကျန်းမာရေးလည်း ကောင်းကြပါတယ်။ အသားအရေကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ် လို့ ဆိုပေမယ့်လည်း လေဒီလေးတိုင်းက လေ့ကျင့်ခန်း လုပ်ဖြစ်လားဆိုတော့ မလုပ်ဖြစ်ကြပါဘူး။ လေဒီလေးတွေက အိမ်မှုကိစ္စတွေ၊ ကလေးတာဝန်နဲ့ အခြားသော တာဝန်ဝတ္တရားတွေကြောင့် လေ့ကျင့်ခန်းလုပ်ဖြစ်သူက အနည်းစုပဲ ရှိပါတယ်။ ဒီအနည်းစုထဲမှတောင် လေ့ကျင့်ခန်းကို နေ့တိုင်း လုပ်ဖြစ်သူက ခပ်ရှားရှားပါ။လေဒီလေးတွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက်လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင်။လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေကိုရောအမျိုးသမီးတွေကိုပါ ဝိတ်ကျစေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေလောက် ကိုယ်အလေးချိန် ကျဖို့ မလွယ်ပါဘူး။  အထူးသဖြင့် မီးဖွားပြီး အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ကာလက တက်နေတဲ့ ဝိတ်တွေကို ပြန်ချဖို့ ခက်ခဲတာမျိုး ရှိန်ုငမပါတယ်။လေဒီလေးတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် ကိုယ်ဝန်မဆောင်ခင်၊ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မီးဖွားပြီးချိန်တွေမှာပါ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး ကိုယ်အလေးချိန် ထိန်းဖို့ လိုပါမယ်။ရာသီလာနေချိန်မှာ လေဒီလေးတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲသွားတာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက endorphins ဟော်မုန်းတွေကို ထွက်စေတာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။အရိုးသိပ်သည်းဆ လျော့ကျလာတဲ့အခါ အရိုးပွရောဂါကို ခံစားလာရနိုင်ပါတယ်။ အရိုးပွရောဂါက အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးသလို အရိုးသိပ်သည်းဆကိုလည်း ထိန်းပေးနိုင်တာကြောင့် အသက်အရွယ်ရလာချိန်မှာ ခံစားရနိုင်တဲ့ အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ကြွက်သားနဲ့ အရိုးတွေကို သန်မာစေမယ့် လေ့ကျင့်ခန်းတွေကို အဓိက ထားလုပ်ပေးပါ။လေဒီလေးတွေ နဲ့ အသားအရေ ထိန်းသိမ်းမှုက ခွဲထားလို့ မရတဲ့ အရာတွေပါ။ လေ့ကျင့်ခန်း လုပ်တာက အရေပြားကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အရေပြားပြဿနာတွေကို ကင်းစေပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာ ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ လေဒီလေးတွေအနေနဲ့ လေ့ကျင့်ခန်း လုပ်ပေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၀% အထိလျှော့ချနိုင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မျိုးရိုးရှိမယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးရင်း ပုံမှန် စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။လေ့ကျင့်ခန်း လုပ်တာက လူတိုင်းကို ကျန်းမာစေတာပါ။ တစ်နေ့တာမှာ မိနစ် ၂၀ ကနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/exercises-benefits-for-females/
ကိုယ်ခံအား အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု
ရာသီတုပ်ကွေးဆိုတိုင်းလည်း မဖြစ်ပါဘူး။ရောဂါပိုးတော်တော်များများကလည်း ကိုယ့်မှာ မဖြစ်ပါဘူးဆိုတာက တကယ်တော့ ကိုယ်ခံအား ကောင်းနေလို့ပါ။ လူတစ်ယောက်နေ့ရက်တိုင်းမှာ လုပ်ဆောင်ရမယ့် ကိစ္စတိုင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်နေတာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်ထားတာကြောင့်ပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်ကဆိုဖျားတယ်ဆိုတာသိပ်မရှိဘူး။ အခုအရွယ်ရလာမှပဲ ခဏခဏဖျားနေတယ်ဆိုတဲ့သူတွေအတွက် သိထားသင့်တဲ့အချက်လေးတစ်ခုကိုပြောပြပေးချင်တာပါ။အသက်အရွယ်ပြောင်းလဲလာမှုက ကိုယ်ခံအားစနစ်အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ခါမှာ ကိုယ်ခံအား က အပြည့်အဝမဖွံ့ဖြိုးသေးသလို အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကတဖြည်းဖြည်းချင်းအားနည်းလာပါတယ်။ လူတစ်ယောက်ဟာ အသက် တစ်နှစ်ကြီးလာတိုင်း ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းက တဖြည်းဖြည်နဲ့ကျလာပါတယ်။ ဒီလိုအခြေအနေမှာရောဂါတွေကို ခံစားရနိုင်စွမ်းကသက်လတ်ပိုင်းအရွယ်လောက် မကောင်းတော့တာအမှန်ပါ။အသက်အရွယ်ကြီးလာလေလေ ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်းနည်းလာလေလေပါ။အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခံအားနည်းလာတာက ဒီအချက်တွေကြောင့်လည်း ပါပါတယ်။အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က အားနည်းလာနိုင်တယ်ဆိုပေမယ့် ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/aging-changes-in-immunit/
အကောင်းမြင်စိတ် စွမ်းအား
အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော အချက်ပင်ဖြစ်သည်။ လူတစ်ဦး အကောင်းမြင်တတ်လား၊ အဆိုးမြင်တတ်လားဆိုတာကို သူ၏ မသိစိတ်ပြုမှုပုံအပေါ် အခြေခံပြီးဆုံးဖြတ်ပါသည်။အုပ်စုဖွဲ့ပြီး ပြောဆိုဆွေးနွေးခြင်းသည် အကောင်းမြင်စိတ်၏ ကူးစက်တတ်သော အပေါ်တွင် အခြေခံထားပါသည်။ အုပ်စုအဖွဲ့ အကူအညီ၏ အဓိကရည်ရွယ်ချက်သည် လူနာတွေဆီကို အကောင်းမြင်စိတ်တွေ သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ သင်သည် အခြားသူများ၏ ဘဝအကြောင်းကို ကြားရသောအခါတွင် ပိုပြီး စိတ်သက်သာကောင်း သက်သာလာနိုင်ပါတယ်။ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော လူများဝန်းရံနေသောအခါတွင် ကျွန်ုပ်တို့သည် မသိစိတ်ကနေ ထိုသူများကဲ့သို့ ဖြစ်အောင်လိုက်လံ ကြိုးစားလျက်ရှိသည်။ အကောင်းမြင်စိတ်ရှိသောသူသည် အခြားလူများ စိတ်တက်ကြွလာစေဖို့အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ထို့သို့ဆိုလျှင် ဘာကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်အတွေးတွေနဲ့ လွှမ်းခြုံဖို့ မကြိုးစားကြည့်တာလဲ။ အကောင်းမြင်တတ်သော စိတ်ထားသည် ကျွန်ုပ်တို့ကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ဆီကို တောက်ပမှု၊ ခွန်အား၊ အောင်မြင်မှု နဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ထို့ပြင် ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက်တောင် ကောင်းကျိုးများ ဖြစ်ထွန်းစေပါတယ်။အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ဝမ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။ သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။သင်လည်း ထိုနည်းတူတွေးကြည့်ပါ။ သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။ သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓါကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။ သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။ သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။ သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba-%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac/
ပီလောပီနံရွက် စားလို့ရလား
ပီလောပီနံဥကို စားလို့ရတယ်ဆိုတာ လူတိုင်း သိပေမယ့် ပီလောပီနံရွက်ကို စားလို့ရတယ်။ ကျန်းမာရေး ကောင်းကျိုးရှိတယ်ဆိုတာကိုတော့ သိသူရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပီလောပီနံရွက် စားလို့ရလား! စားရင် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ပီလောပီနံဆိုတာကန်စွန်းဥ၊အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံရွက် ဆိုတာကတော့ ပီလောပီနံပင်ရဲ့ အရွက်ပါ။လက်ဝါးပုံစံ အရွက်ကားကားမှာ ရှည်မြောမြော အရွက် ၇ ရွက်ပါပြီး အပေါ်မျက်နှာပြင်က ပြောင်ချောချောပါ။ အောက်ဘက်မှာတော့ ရိုးတံလေးတွ ဖြာနေပါတယ်။ အပင်က အရမ်းမ​မြင့်ပါဘူး။ ရိုးတံတွေ ဖြာထွက်ပြီး နုစဉ်မှာ ညိုတိုတိုလေးပါ ရင့်လာရင် တစဖြည်းဖြည်း အစိမ်းရောင် ရင့်လာပါတယ်။ ရိုးတံက နီနီလေးတွေပါ။ သင်္ဘောပင်ရဲ့ အရွက်ထွက်တဲ့ပုံစံနဲ့ ဆင်ပါတယ်။ပီလောပီနံရွက်မှာပြည့်ဝဆီပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။အမျှင်ဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာ ပါဝင်နေသလိုအကျိုးပြု ကိုလက်စထရောနဲ့ပရိုတင်းတို့လည်း ပါဝင်ပါတယ်။အခြား အာဟာရဓာတ်တွေအနေနဲ့ ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိ့၊ကယ်လ်ဆီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။ပီလောပီနံရွက် စားလို့ရလား ဆိုတော့ စားလို့ရပါတယ်။ အရွက် နုနုလေးတွေကိုပါ။ အရွက်နုနုလေးတွေကို အသားဟင်းထဲ ထည့်ချက်လို့ရသလို အရွက်ကို ကြော်စားတာ၊ ပြုတ်တို့တာတွေ လုပ်လို့ ရပါတယ်။ပီလောပီနံက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ ပီလောပီနံရွက်က ကယ်လ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပီလောပီနံရွက်က အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ခေါင်းကိုက်တာ၊ အအေးမိတာ၊ သန်ကောင်၊ အဆစ်ရောင်နာ၊ ပါးစပ်ထဲက အနာ၊ ဝမ်းပျက်တာတွေကို သက်သာစေနိုင်သလို သက်လုံကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ပီလောပီနံရွက်က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာသွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပီလောပီနံရွက်မှာ ဖောလိတ်နဲ့ ဗီတာမင် C ပါဝင်မှု ကြွယ်ဝတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ပီလောပီနံရွက်မှာ ပရိုတင်း ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ lysine protein ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သေချာဆေးကြောပြီးမှ ချက်ဖို့ လိုပါမယ်။ ချက်တဲ့အခါမှာလည်း သေချာကျက်အောင် ချက်ဖို့ လိုပါမယ်။ပီလောပီနံရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က အဖျားကျစေပြီး ခေါင်းကိုက်တာကို သက်သာစေတာပါ။ အရွက်ကို ဟင်းအနေနဲပ ချက်စားပေးလို့ရသလို ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။ပီလောပီနံရွက်က အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေစနစ်ကို ထိခိုက်စေတဲ့ ပိုးတွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ပီလောပီနံရွက်က ခံတွင်းမြိန်စေပြီး အစားစားချင်စိတ် တိုးအောင် လုပ်ဆောင်ပေးပါတယ်။ အရည်ပြုတ်ပြီး သောက်ပေးလို့ ရသလို ဟင်းချက်စားတာကလည်း နည်းလမ်းကောင်းပါ။ပီလောပီနံရွက်ကို အဆစ်​ရောင်တာ အဆစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ နာကျင်တဲ့နေရာကို တိုက်ရိုက် အသုံးပြုပေးလို့ ရသလို စားသုံးပေးလို့လည်း ရပါတယ်။ပီလောပီနံရွက်ကသဘာဝသန်ကျဆေးတစ်မျိုးပါ။ ပီလောပီနံရွက် စားသုံးပေးတာက သန်ကျစေဖို့ ထောက်ကူပေးနိုင်ပြီး အစာခြေစနစ်အတွင်းက ကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ထိခိုက်ဒဏ်ရာတွေအတွက်လည်း ပီလောပီနံရွက်ကို အသုံးပြုပေးလို့ ပါတယ်။ အရွက်ကို ကြိတ်ပြီး အနာပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို ပြုတ်ရည်ကို အသုံးပြုပေးလို့လည်း ပါတယ်။ပရိုတင်း၊ ဗီတာမင် C နဲ့ သံဓာတ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ပီလောပီနံရွက်ကို စားသုံးမယ်ဆိုရင် ရေသေချာစင်အောင် ဆေးကြောပြီး သေချာကျက်အောင် ချက်ဖို့ လိုပါမယ်။ အစိမ်းစားတာကို ရှောင်ရပါမယ်။ ဒါမှ အဆိပ်အတောက် မဖြစ်စေမှာပါ။ အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-cassava-leaves/
ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ
မိုးဦးတော့ကျလာခဲ့ပါပြီ။ မိုးနဲ့အတူကူးစက်ရောဂါတွေ၊ မှိုရောဂါတွေ၊အရေပြားရောဂါတွေ၊ ကာလဝမ်းလို၊တုပ်ကွေးလို ရောဂါတွေလည်း ကပ်လျက်လိုက်ပါလာကြပါတော့မယ်။ မိမိရဲ့ နေအိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင် ဒီကာလဟာ မိဘတွေအတွက်တော့ ရင်ပူစရာကာလတစ်ခုပါပဲ။ ရာသီအကူးအပြောင်းမှာ ဖျားတာနာတာမျိုးက ကလေးတွေမပြောနဲ့ လူကြီးတွေမှာတောင် ဖြစ်တတ်တာမျိုးမဟုတ်လား။ခုလိုကာလမျိုးမှာ ရင်သွေးတွေကို စားတာသောက်တာ နေတာထိုင်တာကအစ ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အစားအသောက်ပါပဲ။ကလေးတွေ ရဲ့ နုနယ်တဲ့ အစာအိမ်လေးတွေဟာ အစာပေါင်းစုံကို လက်ခံနိုင်စွမ်းမရှိပါဘူး။ ခုလို ရာသီအကူးအပြောင်းတွေမှာ ကိုယ်ခံအားပိုနည်းနေနိုင်တာမို့ အဖျားအနာပိုဖြစ်နိုင်ပါတယ်။ လူတိုင်းနီးပါးရဲ့ ကျန်းမာရေးပြဿနာတွေမှာ အစာအိမ်က ရာခိုင်နှုန်းတော်တော်များများ အရေးပါနေတတ်တယ်မဟုတ်လား။ဒါကြောင့် ဒီလို ရာသီအကူးအပြောင်းကာလတွေမှာရင်သွေးတွေကို မကျွေးမွေးပဲ သတိထား ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြချင်ပါတယ်။ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ ကတော့။အဆီများတာတွေ၊ ဆီကြော်မုန့်တွေဟာ လူကြီးတွေကိုသာမက ကလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဆီများပြားမှုကြောင့် အစာခြေဖျက်မှုကိုနှေးကွေးစေပြီး လူကိုလည်း ထိုင်းမှိုင်းလေးလံစေနိုင်ပါတယ်။ အစာခြေစနစ် ချို့ယွင်းတာနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာလည်း အားနည်းလာတတ်တာကို မမေ့သင့်ပါဘူး။မိုးကအေးပါတယ်ဆိုမှ ရေခဲချောင်းလိုအရာတွေစားရင် ကျန်းမာရေးထိခိုက်နိုင်တာ မိဘတိုင်း သိကြပါတယ်။ ဒါပေမယ့် ကလေးတွေ ရဲ့ အတွေးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ချိုချိုအေးအေးမုန့်လေးတွေက သူတို့ စားချင်တဲ့အချိန်တိုင်းမှာ အရသာရှိပြီး စွဲဆောင်မှုရှိနေမှာမို့ မဖြစ်မနေတားဆီးသင့်ပါတယ်။ခုလို မိုးဝင်ကာစအချိန်တွေက စိုထိုင်းစများပြီး မိုးခဏခဏ ရွာသွန်းချိန်မျိုးပါ။ နောက်ပြီး ငါးမျိုးစိတ်တွေရဲ့ သားပေါက်ချိန်လည်းဖြစ်ပါတယ်။ ခုလိုအချိန်မျိုးမှာ ငါးတချို့နဲ့ ပင်လယ်စာတချို့မှာ အရသာပြောင်းလဲနေတတ်တာကနေစလို့ သက်ရောက်မှုအများအပြားရှိနေတတ်ပါတယ်။ တစ်ခါတရံမှာ ကလေးတွေကို ဓာတ်မတည့်တာနဲ့ အစာခြေဖျက်ရခက်တာတွေဖြစ်နိုင်ပါတယ်။ဒါပေမယ့် ငါးက ကလေးတွေ အတွက် လိုအပ်တဲ့အာဟာရတွေ  ပါဝင်နေတာကြောင့် ကျွေးမယ်ဆို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ပြီး နည်းနည်းစီ ကျွေးနိုင်ပါတယ်။ဆား၊ အငန်ဓာတ်များတဲ့ အစားအစာတွေကို စားမိတဲ့အခါ နှေးကွေးလေးလံတာနဲ့ အရေပြားခြောက်သွေ့တာတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမျိုးတွေမှာပေါ့။ ရေဓာတ်ဆုံးရှုံးတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အငန် အစားများရင် ရေခဏခဏ ဆာတာပေါ့။သရက်သီးဟာ ဒီကာလရဲ့ ရာသီပေါ် အစားအစာပါ။ လူတိုင်းနီးပါး သရက်သီးကို အားရပါးရစားတတ်ကြပါတယ်။ ကလေးတွေ လည်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကို မမေ့သင့်ပါဘူး။ သရက်သီး အလွန်အမင်းစာတာဟာ ဝမ်းလျှောတာနဲ့ မိတ်ဖု၊ ဝက်ခြံစတာတွေ ဖြစ်ပေါ်စေနိုင်တာကို မမေ့သင့်ပါဘူး။ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တာကို သတိထားသင့်ပါတယ်။ ရာသီဥတုအခြေအနေကြောင့်လည်း ထိန်းသိမ်းရတာ အခက်တွေ့နိုင်ပါသေးတယ်။ သေသေချာချာ ပိုးသတ်ထားတဲ့ နို့တွေလောက်ပဲ တိုက်သင့်ပါတယ်။အချိုရည်ကတော့ တကယ်တမ်းအားဖြင့် ဘယ်လိုရာသီဥတုမျိုးမှာမဆို ရင်သွေးတွေကို မတိုက်ကျွေးတာအကောင်းဆုံးဖြစ်ပါတယ်။ အချိုရည်တွေဟာ ရင်သွေးတွေကို အကျိုးပြုတဲ့အာဟာရဓာတ်တွေ ပါဝင်ခြင်းမရှိသလို အစာခြေစနစ်ကို နှောင့်ယှက်နိုင်ပြီး ကလေးကို ပိုမိုအားနည်းသွားစေတတ်ပါတယ်။ အခန့်မသင့်ရင် ဖျားစေနာစေနိုင်ပါတယ်။ သဘာဝမဟုတ်တဲ့ သကြားဓာတ်ပါတဲ့ အချိုရည်တွေဟာ ကလေးတွေအတွက် အန္တရာယ်ပါ။မိုးရာသီမှာ အသုပ်စုံစားရင် ဝမ်းလျှော တတ်တယ်ဆိုတဲ့ မြန်မာ အယူအဆတစ်မျိုးရှိပါတယ်။ လက်သုပ်စုံတွေဟာ မသန့်ရှင်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတာပါ။ လက်သုပ်စုံတွေသာမက သစ်သီးသစ်ရွက်သုပ်တွေ ကျွေးမွေးရင်လည်း စနစ်တကျစင်ကြယ်အောင် ဆေးကြောနိုင်ဖို့ ဂရုပြုရမှာဖြစ်သလို လမ်းဘေးစာတွေ ကျွေးမွေးတာမျိုးတွေကိုလည်း မပြုလုပ်ဖို့ သတိထားသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/foods-kids-should-avoid-in-rainy-season/
ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ
ဆံပင်ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်ကို သေချာဂရုစိုက်မှာကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆံပင် အဖျားနှစ်ခွဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ဆံပင် အဖျားနှစ်ခွဆိုတာ ဆံသားရဲ့ အဖျားမှာ ဆံပင်က တစ်ခုထဲမဟုတ်ဘဲ နှစ်ခုကွဲနေတာမျိုး တစ်ခါတလေ ၃ ခွ၊ ​၄ ခွလောက်အထိ ကွဲနေတာမျိုးတွေတောင်ရှိတတ်ပါတယ်။ အဖျားတွေက ခြောက်ဖွာပြီး ဒီလိုလေးတွေ ကွဲနေတာကို ဆံပင် အဖျား နှစ်ခွဖြစ်တယ်၊ လို့ ခေါ်တာပါ။ဆံပင် အဖျား နှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။ဆံပင်အဖျားနှစ်ခွကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့။ကြက်ဥအကာ။ကြက်ဥက ဆံသားကို အားဖြည့်ပေးသလို ဆံပင်အဖျားနှစ်ခွဖြစ်တာကိုလည်း သက်သာစေနိုင်မှာပါ။ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်တာကို သက်သာစေပြီး ဆံသားကို နက်မှောင် တောက်ပြောင်စေမှာပါ။ ကြက်ဥအကာက ဆံသားကို အရင်း ကနေ အဖျားအထိပရိုတင်းပြည့်ဝအောင် ဖြည့်ပေးနိုင်ပါတယ်။ ဆံသားကို အစိုဓာတ် ထိန်းပေးပြီးconditionerအဖြစ် အသုံးပြုပေးလို့ ရပါတယ်။ဘီယာ။ဘီယာက သောက်လို့ကောင်းရုံတင် မဟုတ်ပါဘူး။ဆံပင်အမြစ်တွေကို အားဖြည့်ပေးပြီး ပျက်စီးနေတဲ့ ဆံပင်ကို ပရိုတင်း ဖြည့်ပေးပါတယ်။ အဖျား နှစ်ခွဖြစ်တာကို သက်သာစေနိုင်ပါတယ်။ဆံပင်ထူထဲစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်အတွက် conditioner အဖြစ် အသုံးပြုလို့ ရပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဘီယာ လောင်းချပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက် ထားလိုက်ရုံပါ။ပျားရည်။ပျားရည်က အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်သလို ဆံသားကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပျားရည်ကဦးရေပြားကိုရော ဆံသားကိုပါ ထိန်းပေးနိုင် ပါတယ်။ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆံပင်ကိုလည်း အရင်းကနေ အဖျားအထိ အားဖြည့်ပေးပြီး ဆံပင် အဖျားနှစ်ခွ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဦးရေပြားပြဿနာ ကင်းစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။သံပရာရည်။သံပရာရည်က သဘာဝ conditioner ပါ။ ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ဆံပင်ကျိုးပျက်တာ၊ အဖျားနှစ်ခွ ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ရေတစ်ခွက်စာထဲကို သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်လို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဆေးချပေးရုံပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။Rose water။Rose water က ရနံ့ကတင် လန်းဆန်းစေတာ မဟုတ်ပါဘူး။ အနာကျက်စေနိုင်သလို အရေပြားကို ထိန်းသိမ်းပေးပြီး ဆံသားကျန်းမာရေးကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင် အဖျား နှစ်ခွ ဖြစ်နေတယ်ဆိုရင် Rose water  လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၈ ဇွန်း တို့ကို ရောပြီး ဆံပင်မှာလူးပါ။ တစ်နာရီလောက် ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ငှက်ပျောသီး။ငှက်ပျောသီးက ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ငှက်ပျောသီး အမှည့်ကိုအုန်းနို့လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဆံသားကိုရော ဦးရေပြားကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။ ၁ နာရီလောက် ထားပြီး သဘာဝ ခေါင်းလျှော်ရည် တစ်မျိုးမျိုးနဲ့လျှော်ချလိုက်ရုံပါ။ပန်းသီးရှာလကာရည်။ဆံသားကို ပျော့ပျောင်း နူးညံ့စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၅၀၀ မီလိ လီတာနဲ့ ရောပြီး ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လောင်းချပြီး ၁၅ မိနစ်လောက် ထားပေးပါ။ဒိန်ချဉ်။ဒိန်ချဉ်ကသဘာဝ moisturiser ပါ။ ဆံပင် ကျိုးပျက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ။ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာထဲကိုသံလွင်ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောပြီး ခေါင်းမှာ လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ရုံပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/remedies-for-split-ends-without-getting-a-haircut/
ဘေဘီလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် သောက်စရာများ
ဘေဘီလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်မှာမေမေဖေဖေတို့ဘက်က လုပ်ပေးရမှာတွေ၊ ဂရုစိုက်ရမှာတွေက အတော်လေး များသား။ ဒီလို ဂရုစိုက်မှုတွေထဲမှာ ထည့်တွေးရတဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကလေးကို ဒါလေးတိုက်လို့ ဖြစ်ပါ့မလား။ ဒီအရွယ်ဆို တိုက်လို့ရပြီလားဆိုတဲ့ ကိစ္စပါ။ဒီစိတ်ထဲ တွေးပူနေရတဲ့ကိစ္စကို တူတူဆွေးနွေးကြရအောင်လား။ဘေဘီလေး တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ဘယ်အရွယ်မှာ ဘာတွေများတိုက်ရမလဲဆိုတော့။မွေးစကနေ ၁ နှစ်တာ။၁ နှစ် ကနေ ၂ နှစ်တာ။ကလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတာဖြစ်ပြီး ဒီကာလမှာ အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါတာပါ။ ကလေးကို အသက် ၁ နှစ် ကနေ ၂ နှစ်အတွင်းမှာ အာဟာရပြည့်ဝတဲ့နို့ကို သေချာလေး တိုက်ကျွေးဖို့ လိုပါမယ်။  ကလေးက နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ (lactose intolerance) ရှိမယ်ဆိုရင်တော့ ဆိတ်နို့ တိုက်ပေးလို့ ရပါတယ်။ကလေးကို နို့တိုက်ရမယ်ဆိုတာကြောင့် အာဟာရပြည့်ဝအောင်ဆိုပြီး ပဲနို့၊ မုယောအားဖြည့်သောက်စရာတွေကိုတော့ မတိုက်စေချင်ပါဘူး။ ဒါတွေက အာဟာရ ပါဝင်မှုထက် သကြားပါဝင်မှု ပိုများနေတာကြောင့် ကလေးကိုချောင်းဆိုးတာကစလို့သွားပိုးစားတာ၊ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေဖြစ်စေနိုင်ပါတယ်။အသက် ၁ နှစ်ကျော် ကလေးတစ်ယောက်ကို နေ့စဉ် အာဟာရပြည့်ဝတဲ့ နို့ ၅၀၀ မီလီလီတာ တိုက်ကျွေးပေးရပါမယ်။ ဒါမှလည်း ကလေးကအရိုးနဲ့ ကြွက်သားတွေ အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။သစ်သီးဖျော်ရည်တွေက ဗီတာမင် C ကြွယ်ဝတာမှန်ပေမယ့် ကလေးအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့အမျှင်ဓာတ်မပါဝင်ပါဘူး။ သစ်သီးဖျော်ရည်က ၁၀၀ ရာခိုင်နှုန်းအသီးဖျော်ရည်ဆိုရင်တောင်မှ အချိုပါဝင်မှုက မြင့်ပါတယ်။ ဒီလို အချိုများတဲ့ အစားအစာတွေက ကလေးကို အဝလွန်စေတာ၊ သွားပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကလေးကိုသစ်သီးဖျော်ရည်တိုက်ချင်တယ်ဆိုရင် ကိုယ်တိုင်သေချာ အသီးစစ်စစ်ကို ကြိတ်ဖျော်ပေးပါ။ သကြားလုံးဝ မထည့်ပါနဲ့။ ဒီ အသီးစစ်စစ် ဖျော်ရည်ကိုလည်း ကလေးကို ၁၂၀ မီလီလီတာကနေ ၁၈၀ မီလီလီတာလောက်ပဲ တိုက်ပါ။ အသီးဖျော်ရည်ထက် အသီးကို စားတာက အာဟာရပိုပြည့်ဝသလို ကလေးရဲ့ သွားနဲ့ မေးရိုးတွေ သန်စွမ်းအောင် လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။ကလေးကို ငယ်စဉ်ကတည်းကရေသောက်တတ်အောင်၊ အချိုများတာတွေကို သိပ်မစားဖြစ်အောင် သေချာလေး ဂရုစိုက်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/drinks-for-babies-and-toddlers/
မော့တာလျှော့ကြစို့
မော့တာလျှော့ကြစို့ ………… အရက်ကို နည်းနည်း စသောက်ရင်း စွဲမှန်း မသိ စွဲနေပြီလား။ နေ့တိုင်း မမော့ရ မနေနိုင် ဖြစ်နေပြီလား။ ဒါဆို ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာဖို့ သေချာနေပြီနော်။ ဘယ်လို နည်းလမ်းလေးတွေနဲ့ အရက်ကို ထိန်းထိန်းသိမ်းသိမ်း သောက်ရမလဲ ဆိုတာ ဆက်လေ့လာ ကြည့်လိုက်ပါအုံး။မော့တာလျှော့ကြစို့ လို့ ပြောရတာက ဘယ်အစားအသောက် မဆို တန်ဆေး လွန်ဘေး ချည်းဘဲ မဟုတ်လား။ အရက် သောက်တာလည်း ဒီလိုပဲလေ၊ နည်းနည်း သောက်ရင်တော့ ဘာမှ မသိသာပေမဲ့ သောက်ရင်း သောက်ရင်း များလာတော့ ရေရှည်မှာအသည်းကစပြီး တစ်ကိုယ်လုံး ဒုက္ခရောက်တော့တာပေါ့။ ဒါ့ကြောင့် အရက်ကို စည်းကမ်း ရှိရှိ သောက်ဖြစ်အောင် ဒီအချက်လေးတွေ အတိုင်း လုပ်ဆောင်ကြည့်ပါ။–           မသောက်ခင် ကတည်းက ဘယ်နှခွက်ပဲ သောက်မယ် ဆိုတာ စိတ်ထဲက တွေးထားပါ၊ သတ်မှတ်ထားတဲ့ ခွက်ပမာဏ အတိုင်းပဲသောက်ပါ။ သတ်မှတ် မထားဘဲ အဆင်ပြေသလို သောက်နေရင် အရက် ပမာဏ အများကြီး ဝင်သွားနိုင်လို့ ဖြစ်ပါတယ်။–           တစ်ပတ်ကို အရက်၊ ဘီယာ၊ ဝိုင်သောက်ဖို့ ဘယ်လောက်ပဲ ပိုက်ဆံ သုံးမယ်ဆိုပြီး ကန့်သတ်ချက် လုပ်ထားပါ။ ဒီလို လုပ်တာက ပိုက်ဆံလည်း ချွေတာရာ ရောက်သလို အရက်လည်း လျှော့သောက် ဖြစ်စေမှာပါ။–           ကိုယ် အရက် လျှော့သောက်ဖို့ ကြိုးစားနေတယ် ဆိုတာ ကိုယ့်ဘေးနား သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အထူးသဖြင့် သောက်ဖော်သောက်ဖက်တွေကို ပြောပြထားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ် လေးလေးနက်နက် လုပ်နေတယ် ဆိုတာလည်း သူတို့ သိပါစေ၊ ဒါဆို သူတို့လည်း အထောက်အကူ ပေးနိုင်မှာပါ။–           အရက်ကို ချက်ချင်းကြီး တိခနဲ ဖြတ်တာမျိုး မလုပ်သင့်တာ လူတိုင်း သိမှာပါ။ ဒါ့ကြောင့် တစ်ရက်ချင်း နည်းနည်းချင်းစီ လျှော့သောက်သွားပေးသင့် ပါတယ်။ ဒါဆို တဖြည်းဖြည်းနဲ့ အရက် လုံးဝ ပြတ်သွားတဲ့ အထိတောင် ဖြစ်နိုင်ပါတယ်။–           အရက် ဒါမှမဟုတ်ဝိုင် သောက်တာကို လုံးဝ မဖြတ်ပစ်နိုင် သေးရင် နောက်တစ်နည်း လုပ်လို့ ရတာ ရှိပါသေးတယ်။ ခွက်သေးသေး ဒါမှမဟုတ် ပုလင်းသေးသေးပဲ ရွေးသောက်ပါ။ နည်းနည်းပဲ သောက်တာက အများကြီး သောက်တာ ထက်တော့ ပိုကောင်းပါတယ်။–           အရက်၊ဘီယာသောက်ရင်လည်း ပြင်းအား နည်းတဲ့ အမျိုးအစားတွေကိုပဲ ရွေးချယ် သောက်ပေးပါ။ ဥပမာ lager beer မသောက်ဘဲ နည်းနည်း ပေါ့တဲ့ ဘီယာပဲ သောက်တာမျိုး၊ အရက် ဆိုလည်း အယ်လ်ကိုဟော ပါဝင်မှု ပိုနည်းတဲ့ အရက်ကို သောက်တာမျိုး လုပ်နိုင်ပါတယ်။–           အရက် သောက်တာကရေဓာတ် ခန်းခြောက်စေပါတယ်။ ဒါ့ကြောင့် အရက် သောက်နေချိန်မှာ ရေ သို့မဟုတ်သစ်သီးဖျော်ရည်တစ်မျိုးမျိုးပါ တစ်လှည့်စီ သောက်ပေးပါ။ ဒါဆို အရက်လည်း အရမ်း မသောက်နိုင်တော့ သလို ရေဓာတ်လည်း မခန်းခြောက်စေတော့ပါဘူး။–အရက်ကိုအချိန် သတ်မှတ်ပြီး သောက်ပါ။ ညနေ ရုံးဆင်းတိုင်း သူငယ်ချင်းတွေနဲ့ စုံပြီး သောက်လိုက်၊ ညဘောလုံးပွဲကြည့်ရင်း သောက်လိုက်နဲ့ လုပ်နေရင် တစ်ပတ်လုံး နားရက် မရှိ သောက်နေရပါလိမ့်မယ်။ အဲ့တော့ တစ်ပတ်အတွင်းမှာ ဘယ်နေ့ပဲ သောက်မယ် ဆိုပြီး သေချာသတ်မှတ်ထားပါ။အရက်ကို ပုံမှန် သောက်နေကျပမာဏထက်လျှော့သောက်လိုက်မယ်ဆို ရေတိုမှာရော ရေရှည်မှာပါ သိသာတဲ့ရလဒ်တွေခံစားရမှာပါ။ ကိုယ်သောက်နေကျပမာဏထက်လျှော့သောက်တာနဲ့တင် တစ်ပတ်အတွင်းမှာ အရင်ကထက်ပိုလန်းဆန်းလာတာ၊ မနက်ပိုင်းအိပ်ရာနိုးရင်ခေါင်းကကြည်လင်လန်းဆန်းနေတာ၊ အသားအရည် ပိုစိုပြေလာတာ၊တစ်နေ့တာလုံးအားအင်ပြည့်ဝသလိုခံစားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာဆိုလည်း။–           ညဖက်အိပ်ရေး၀၀အိပ်ပျော်တာ။–           စဉ်းစားဆုံးဖြတ်နိုင်စွမ်း တိုးတက်လာတာ။–           နှလုံးကျန်းမာရေးပိုကောင်းလာတာ။–           ခုခံအားစနစ်ပိုးကောင်းလာတာ တွေခံစားရမှာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေရရှိခံစားချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး အရက်ကိုပုံမှန်ထက် လျှော့သောက်ဖို့ ကြိုးစားကြပါစို့လို့ နှိုးဆော်လိုက်ရပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/drinking/
သားသားမီးမီးတို့ကို ပျိုးထောင်ရတာ ပျော်စရာအကောင်းဆုံးပါ
သားသမီးတိုင်းကို ရင်နဲ့အမျှချစ်ကြတဲ့သူတွေက မိဘတွေကလွဲလို့ အခြားသူမရှိပါဘူး။မေမေက ကိုးလဆယ်လလွယ်ပြီး မွေးဖွားပေးသလိုကိုယ်ဝန်ဆောင်ကာလတစ်လျှောက် မေမေနဲ့ ဗိုက်ထဲက ကလေးဘေးကင်းစေဖို့ အမြဲမပြတ်စောင့်ကြည့်ပေးသူက ဖေဖေပါ။ ဒီလိုမေမေနဲ့ဖေဖေရဲ့ အနှိုင်းမဲ့တဲ့ မေတ္တာတွေကြောကြောင့်သားသားမီးမီးတို့က ကျန်းမာပျော်ရွှင်စွာ လူလားမြောက်လာရတာပါ။ဒီခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမယ်ထင်ပါတယ်။ ဘာစားချင်လိုက်တာ၊ ဘာလေးကိုတော့ ရှာနေတာ မတွေ့ဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ပြောလိုက်ရင်တောင် ချက်ကျွေးတာ၊ အဆင်သင့်ရှာပေးထားတာတွေကြောင့် အံ့အားသင့်ခဲ့ရတဲ့ မေမေ့ရဲ့ အလိုက်သိမှုတွေကြောင့် အဆင်ပြေခဲ့ရတာ ရေတွက်လို့မကုန်အောင်ပါ။အဖေတွေဟာ အမေတွေလောက်ဂရုစိုက်မှုတွေကို သိသိသာသာဖော်ပြလေ့မရှိကြပေမယ့် ဘေးကနေ မသိမသာ ထိန်းကျောင်းပေးနေပါတယ်။နေ့စဉ်ဘဝပြဿနာတွေမှာ ပါဝင်လေ့မရှိရင်တောင် ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ တွေဝေမှုတွေဖြစ်နေချိန်မှာ အကောင်းဆုံးဖြစ်အောင် လမ်းပြပေးတတ်ကြပါတယ်။ငယ်ငယ်မှာချစ်ခြင်းမေတ္တာအပြည့်အဝရရှိခဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြည့်ဝသူတွေအဖြစ်ကြီးပြင်းလာကြပါတယ်။ ချစ်ခြင်းမေတ္တာကိုလည်း လက်ဆင့်ကမ်းမျှဝေတတ်ကြပါတယ်။ ကိုယ်တိုင်မိဘနေရာရောက်တဲ့အခါမှာလည်း အကောင်းဆုံးလုပ်နိုင်ဖို့ အလားအလာရှိသူတွေဖြစ်ကြပါတယ်။သားသမီးတွေကို ပျိုးထောင်ချင်မှ ရရှိလာတဲ့ ပျော်ရွှင်မှုတွေက နှိုင်းယှဉ်လို့မရပါဘူး။ သင်ရော သင့်ရဲ့ သားသားမီးမီးကို အကောင်းဆုံးပျိုးထောင်ပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါဆိုရင်တော့  မိဘတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒီနည်းလမ်းလေးတွေနဲ့ ပြသလိုက်ပါ။အာဟာရပြည့်ဝအောင် ကျွေးမွေးတာက မေမေဖေဖေတို့ရဲ့ တာဝန်တွေထဲကတစ်ရပ်ပါ။ ဒါကြောင့် ကလေးကို အစားစစားတတ်တဲ့အရွယ်ကစပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကိုကျန်းမာပျော်ရွှင်ပြီးဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ထမင်း– ကြီးထွားဖို့လိုအပ်တဲ့ ကစီဓာတ် ရရှိစေပြီး အင်အားပြည့်ဝစေမှာပါ။ကိုယ်ခံအားကို အကောင်းဆုံးတည်ဆောက်ပေးသလို ကူးစက်ရောဂါတွေအန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။အသား–အရိုးနဲ့ကြွက်သားတွေသန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သံဓာတ်၊ အာရုံစူးစိုက်မှု ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးတဲ့အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းက အဆီမပါတဲ့အနီရောင်အသား၊ ကြက်သားတို့ကို ကျွေးပေးပါ။ကြက်ဥ– ပရိုတင်းကြွယ်ဝသလိုဗီတာမင် Dလည်းပြည့်ဝစွာပါဝင်နေပါတယ်။ကယ်လ်ဆီယမ်စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အာဟာရပြည့်ဝစေသလို ကလေးတော်တော်များများ အကြိုက်တွေ့မယ့် အစားအစာတစ်မျိုးပေါ့။နို့နဲ့နို့ထွက်ပစ္စည်း–ကယ်လ်ဆီယမ်နဲ့ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးပေးရုံနဲ့ ကလေးကို အကောင်းဆုံးကြီးထွားသန်မာစေနိုင်မှာပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေပြီး ကြွက်သားဖွံ့ဖြိုးစေနိုင်ပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ– အမြင်အာရုံကောင်းစေမယ့်ဗီတာမင် A၊ ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် C၊ ဖောလိတ်၊ ဇင့်ဓာတ် တို့ပါဝင်နေပါတယ်။အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့်အစာခြေစနစ်ကျန်းမာပြီး အာဟာရပြည့်ဝစေမှာပါ။သစ်သီးတွေ– ကလေးက ဗီတာမင် C လိုမျိုးကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေကို သစ်သီးတွေကနေရရှိပါတယ်။ ဒါကြောင့် ကလေးကို သစ်သီးလေးတွေ ပြင်ဆင်ကျွေးမွေးဖို့လည်း မမေ့ပါနဲ့။အစေ့အဆန်တွေ– အစေ့အဆန်တွေက ကလေးရဲ့ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့Omega-3 Fatty Acidကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစေ့အဆန်လေးတွေကိုပါ ပြင်ဆင်ကျွေးမွေးပေးပါ။အခွံမာသီးတွေ– အခွံမာသီးတွေမှာ ကလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးကို ဉာဏ်ရည် ထက်မြက်စေချင်ရင်တော့ ငယ်စဉ်ကတည်းက အခွံမာသီးတွေကို ထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။ဒိန်ချဉ်– ကလေးအရိုးနဲ့သွားတွေသန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစေနိုင်သလို ပရိုတင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ (Probiotics (Lactobacillus) ) လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူနံရံတွေကိုအာဟာရစုပ်ယူမှုအားကောင်းစေပြီး ကလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။အာဟာရပြည့်ဝအောင်ဖြည့်ဆည်းပေးတာအပြင်။ကိုယ်တိုင်ပျိုးထောင်လိုက်တဲ့ ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုပါ။ ကဲ…..မေမေဖေဖေတို့ရေ ရင်နဲ့အမျှချစ်ရတဲ့ သားသားမီးမီးတို့ကို အကောင်းဆုံးပျိုးထောင်ပြီး မိဘဖြစ်ရတဲ့ ပီတိကို ခံစားဖို့ အဆင်သင့်ပဲလား……။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/must-eat-nutrients-for-your-child/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a1%e1%80%95%e1%80%b0%e1%80%92%e1%80%8f%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%9e/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/how-to-thicken-your-eyebrows-naturally/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/pfizer-vaccine-vs-moderna-vaccine/
သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ
သွေးဆုံးတယ်ဆိုတာက ကျွန်မတို့အမျိုးသမ်းတိုင်းမလွဲမသွေတွေ့ကြုံခံစားကြရမယ့် အတွေ့အကြုံတစ်ခုပါ။ သွေးဆုံးတယ်ဆိုတာက ဘယ်ချိန်မှာသွေးဆုံးမလဲ ကြိုတင်တွက်ချက်ပြင်ဆင်ထားလို့မရပါဘူး။ ဒါပေမယ့်သွေးဆုံးတာကနေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲလပိုင်း ဒါမှမဟုတ် နှစ်ပိုင်း အလိုလောက်ကတည်းကလက္ခဏာတွေကြိုတင်ပြသတတ်ပါတယ်။ လက္ခဏာတွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက်သွေးဆုံးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ကိုယ်ဝန်ရှိတာလည်းမဟုတ်၊ ဖျားနာတာလည်းမဟုတ်ဘဲနဲ့ ၁၂ လဆက်တိုက် ရာသီသွေးမဆင်းဘူးဆိုရင်တော့သွေးဆုံးပြီလို့ဆို လို့ရပါတယ်။ အမျိုးသမီးတော်တော်များများက အသက် ၄၀ ကနေ ၅၀အရွယ်လောက်မှာသွေးဆုံးတတ်ကြပါတယ်။ သားအိမ်ထုတ်တဲ့ ခွဲစိတ်မှု တစ်ရပ်ခံယူဖူးရင်ပဲဖြစ်ဖြစ် ကင်ဆာလိုမျိုးရောဂါတစ်ရပ်ရပ်ကြောင့် သားအိမ် (သို့) မျိုးဥအိမ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူဖူးရင်ပဲဖြစ်ဖြစ်သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။ပုံမှန်အားဖြင့်သွေးဆုံးတဲ့ အသက်က ၅၁ နှစ်ဆိုပေမယ့် အချို့မှာ အသက် ၃၀ အရွယ်လောက်မှာဖြစ်တတ်ပြီး အချို့မှာတော့ အသက် ၆၀နောက်ပိုင်းလောက်မှာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ အမျိုးသမီးတစ်ဦးဘယ်အရွယ်မှာသွေးဆုံးမလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးနိုင်တဲ့ စမ်းသပ်မှုတွေတော့ အခုချိန်ထိမရှိသေးပါဘူး။အမျိုးသမီးတစ်ဦးရဲ့ အပျိုဖော်ဝင်ချိန်က ဘယ်အချိန်မှာသွေးဆုံးမလဲဆိုတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ ရာသီသွေးဆုံးတဲ့လက္ခဏာတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းတာ၊ မျက်နှာတွေနီမြန်းတာ၊ အမျိုးသမီး အင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေ ခံစားရတာ နဲ့ စိတ်ခံစားချက်အခြေအနေပြောင်းလဲတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။နောက်ဆက်တွဲရောဂါအနေနဲ့ သွေးဆုံးပြီးချိန်မှာosteoporosisအရိုးပွရောဂါနဲ့ နှလုံးရောဂါheart diseaseတွေခံစားရနိုင်ပါတယ်။အမျိုးသမီးတစ်ဦးချင်းစီအတွက်သွေးဆုံးရောဂါနဲ့ပတ်သက်ပြီး ကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။သွေးဆုံးဖို့ လပိုင်းအလို (သို့) နှစ်ပိုင်းအလိုလောက်မှာ သင့်အနေနဲ့အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ရာသီသွေးဆင်းမှုပြောင်းလဲလာတာ အပါအဝင် လက္ခဏာတွေက အမျိုးသမီး တစ်ဦးနဲ့တစ်ဦး မတူတာမျိုးတွေဖြစ်နိုင်ပါတယ်။ အမျိုးသမီး အများစုကတော့သွေးမဆုံးခင်မှာ ရာသီသွေးဆင်းမှုမမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။သွေးမဆုံးခင်အကြိုကာလအတွင်းမှာ ရာသီသွေးထိမ်သွားတာမျိုးတွေဖြစ်ပေါ်စားရနိုင်ပါတယ်။ တခါတလေမှာ ရာသီသွေးက တစ်လလောက် ထိမ်သွားပြီးပြန်ဆင်းတာမျိုးရှိသလို လအတော်ကြာထိမ်ပြီးမှ ရာသီသွေးပြန်ပေါ်တာမျိုးတွေရှိပါတယ်။ ရာသီသွေးဆင်းတဲ့ ကာလက တိုတောင်းသွားပြီး ရာသီသွေးဆင်းချိန် တအားကပ်သွားတာမျိုးတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ရာသီသွေးဆင်းတာ ပုံမှန်မဟုတ်တာက ကိုယ်ဝန်ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဆေးကုသမှု နဲ့ ခွဲစိတ်ကုသမှု အခြေအနေတွေက ရာသီသွေးဆုံးတဲ့ ကာလအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။သားဥအိမ် ခွဲစိတ်ဖယ်ရှားခြင်း။သားဥအိမ်ကို ခွဲစိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုက ရာသီသွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။surgical menopause လို့လည်းခေါ်ကြပါတယ်။သွေးဆုံးမငအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ကင်ဆာ ဓါတုကုထုံး (သို့) ဓါတ်ရောင်ခြည်ကုထုံး။ကင်ဆာအမျိုးအစားနဲ့ ကင်ဆာဖြစ်ပွားတဲ့နေရာပေးမှာ မူတည်ပြီး ကင်ဆာကုထုံးပုံစံက ကွဲပြားနိုင်ပါတယ်။ အဆိုပါ ကုထုံးတွေကို မျိုးဥအောင်တဲ့ အမျိုးသမီးတွေမှာ လုပ်ဆောင်မယ်ဆိုရင်သွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ကင်ဆာကုထုံးခံယူနေစဉ်အတွင်းမှာသွေးဆုံးလက္ခဏာတွေဖြစ်ပေါ်လာနိုင်သလို ကုသမှုခံယူပြီးနောက်ပိုင်းမှာသွေးဆုံးမယ့် လက္ခဏာတွေပေါ်ပေါက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။သွေးဆုံးချိန်စောလွန်းခြင်း။သွေးဆုံးချိန်စောလွန်းတယ်ဆိုတာက အသက် ၄၀ မတိုင်မှာသွေးဆုံးတာကိုခေါ်တာပါ။ ဒီအခြေအနေမျိုးက အမျိုးသမီးတွေအားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်မှာဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပါတယ်။ရောဂါတွေကြောင့်ဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။သွေးဆုံးပြီးတဲ့ အခါရောဂါအချို့ဝင်ရောက်လာနိုင်သလိုဖြစ်ပေါ်ခံစားရနိုင်ခြေလည်းတိုးလာတတ်ပါတယ်။နှလုံး နဲ့သွေးကြောဆိုင်ရာရောဂါ။ခန္ဓါကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျဆင်းလာတဲ့ အခါ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ပါတယ်။ နှလုံးရောဂါက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အသက်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်ခံစားရစေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အဓိကလုပ်ဆောင်ရမယ့်အချက်က လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာ နဲ့ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ကိုလက်စထရော ပမဏနဲ့ သွေးဖိအားတအားမြင့်တက်နေတယ်ဆိုပါကလည်း သွေးတွင်း ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကျအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင် ပါတယ်။အရိုးတွေ ကြွပ်ဆတ်ပြီး အားနည်းလာခြင်း။သွေးဆုံးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ အရိုးတွေကြွပ်ဆတ်ပြီး အားနည်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါအခြေအနေက အရိုးကျိုးနိုင်ခြေကိုတိုးစေနိုင်ပါတယ်။သွေးဆုံးပြီးနောက် ပထမအစောပိုင်းနှစ်တွေအတွင်းမှာ အရိုးသိပ်သည်းဆတေါ အလျင်အမြန်ကျဆင်းသွားတာကိုတွေ့ကြုံခံစားရနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ အရိုးပွရောဂါခံစားနေရတဲ့သွေးဆုံးပြီးအမျိုးသမီးတွေမှာကျောရိုး၊တင်ပါးဆုံရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးတာမျိုးတွေ အဖြစ်များပါတယ်။ဆီးမထိန်းနိုင်ခြင်း။ဆီးလမ်းကြောင်းနဲ့မွေးလမ်းကြောင်းက တစ်ရှုးတွေကကျုံဆန့်အားလျော့သွားတဲ့အချိန်မှာ မကြာခဏဆီးသွားတာ၊ ရုတ်တရက်ဆီးတအားသွားချင်တာ၊ ဆီးမထိန်းနိုင်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းက တစ်ရှုးတွေရဲ့ ကျုံ့ဆန့်အားလျော့ကျသွားတဲ့အခါချောင်းဆိုးရင်ပဲဖြစ်ဖြစ် ရယ်မောတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အလေးအပင်တစ်ခုခုကိုမတာမျိုးပဲဖြစ်ဖြစ်လုပ်တဲ့အခါမျိုးမှာ ရုတ်တရက် ဆီးထွက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေတောင်ခံစားရနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှုရှိလာခြင်း။အစိုဓါတ်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာတာကြောင့်အမျိုးသမီးအင်္ဂါခြောက်သွေ့လာနဲ့ ကြွက်သားတွေအားနည်းလာတာက မသက်မသာဖြစ်စေတာမျိုးတွေ ခံစားရစေနိုင်သလို လိင်ဆက်ဆံတဲ့ အခါသွေးဆင်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါမသက်မသာခံစားမငတွေခံစားလာရတဲ့အခါ သင့်အနေနဲ့ လိင်ဆက်ဆံလိုစိတ်တွေ ကျဆင်းတာမျိုးဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ရေကိုအခြေခံပြီးထုတ်ထားတဲ့ မိန်းမကိုယ်သုံးအစိုဓါတ်ထိန်းဆေးတွေ၊ချောဆီတွေကိုသင့်ကို အကူအညီပေးပါလိမ့်မယ်။ တကယ်လို့ မိန်းမကိုယ်ပြင်ပမှာလူးရတဲ့ဆေးတွေက ထိရောက်မှုမရှိဘူးဆိုရင် အတွင်းပိုင်းအတွက်အသုံးပြုရတဲ့ ခရင်ခ်တွေလူးပေးတာ၊ဆေးပြားထည့်တာနဲ့ ကွင်းထည့်တာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။ကိုယ်အလေးချိန်တိုးလာခြင်း။သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေနှေးကွေးသွားတာကြောင့်သွေးဆုံးချိန်ကာလအတွင်းနပြသွေးဆုံးပြီးချိန်ကာလတွေအတွင်းမှာ ကိုယ်အလေးချိန် တက်လာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားကိုသင့်တင့်ရုံစားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပေးရင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လိုပါတယ်။ကံကောင်းတာတစ်ချက်ကသွေးဆုံးတာနဲ့ပတ်သက်တဲ့ လက္ခဏာတွေက ခဏတာလောက်ပဲဖြစ်တာဖြစ်ပါတယ်။အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကသွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရာမှာ အထေက်အကူရစေနီုင်သလိုသွေးဆုံးချိန်ခံစားရနိုင်တဲ့ လက္ခဏာတွေကိုလျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/how-to-overcome-menopausal-symptoms/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/subacute-thyroiditis-in-covid-19/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/foods-you-shouldnt-eat-during-the-winter/
သွေးတိုးနဲ့ COVID-19
ရာသီဥတုက နွေရာသီမို့ ပူကလည်းပူ၊ တစ်ကမ္ဘာလုံးမှာCOVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့နေတာမို့ ခုချိန်ကတော့ လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ကြပဲ အိမ်တွင်း အောင်းနေကြတဲ့ ကာလမျိုးပေါ့။ ဒီလိုကာလမျိုးမှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။ဒီဝေဒနာကလည်း သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေ၊ ကိုယ်ခံအားစနစ် အားနည်းတာတွေရှိနေရင် ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားတယ်မဟုတ်လား။သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ကင်ဆာ၊ အသည်း၊ အဆုပ်နဲ့ ကိုယ်ခံအားစနစ်အားနည်းသူတွေအနေနဲ့ ဂရုတစိုက်နေထိုင်သင့်တဲ့ ကာလမျိုးပေါ့။အထူးသဖြင့် သွေးတိုးဝေဒနာခံစားနေရသူတွေအဖို့တော့ စိတ်မသက်မသာစရာ အချိန်မျိုးဖြစ်ပါတယ်။ သွေးတိုးဝေဒနာဆိုတာကလည်း လူအများစုမှာ အဖြစ်များတဲ့ ဝေဒနာမျိုးဖြစ်တာမို့ လူအတော်များများနဲ့ ဆက်ဆိုင်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ နေပူလို့ သွေးတိုးမှာ စိုးရိမ်နေရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာမို့ သွေးတိုးသမားတွေအတွက်တော့ စိတ်ပင်ပန်းမှုပို ကြုံရနိုင်ပါတယ်။လေ့လာချက်တွေအရလည်း COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက သွေးတိုးရောဂါဖြစ်နေပါတယ်။ အီတလီနိုင်ငံမှာဆိုရင်ဗိုင်းရပ်စ်ကြောင့်အသက်ဆုံးရှုံးခဲ့သူစုစုပေါင်းရဲ့ ၇၆.၁% ဟာ သွေးတိုးဝေဒနာ အခံရှိသူတွေဖြစ်ကြပြီး တရုတ်မှာလည်း ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၅၀% နီးပါး လောက်ဟာ သွေးတိုးဝေဒနာ အခံရှိသူတွေပါ။ဒါပေမယ့် အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ သွေးတိုးဝေဒနာ ကိုယ့်မှာစွဲကပ်နေတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို ကူးစက်ခံရရင်တောင်မှ အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ယတိပြတ် ဆိုလို့မရနိုင်သေးပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုအပ်တဲ့ အခြေအနေ တစ်ရပ်ဖြစ်တယ်ဆိုတာကတော့ အမှန်ပါပဲ။ရောဂါပိုးဟာကိုယ်ခံအားစနစ်ကိုအားနည်းသွားစေတာပြီး နှလုံးနဲ့အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် နှလုံးလုပ်ဆောင်ချက် အားနည်းလေ့ရှိတဲ့ သွေးတိုးဝေဒနာရှင်တွေကို ပိုမိုထိခိုက်စေတာဖြစ်ပါတယ်။ သွေးတိုးဝေဒနာဟာ နိုင်ငံတကာမှာသာမက မြန်မာပြည်မှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေ ရဲ့ ၃၇% လောက်ဟာ အဆိုပါဝေဒနာ စွဲကပ်နေကြပါတယ်။သွေးတိုးဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် အဓိကအားဖြင့်တော့ နှလုံးအဆို့ရှင်ဆီ သွေးပမာဏအများအပြားရောက်ရှိပြီး သွေးလွှတ်ကြောနံရံတွေ ကျဉ်းမြောင်းလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာဖြစ်ပါတယ်။များသောအားဖြင့် သွေးတိုးဝေဒနာရှင်တွေ COVID-19 ရောဂါပိုး ကူးစက်ခံရတဲ့အခါမှာ အောက်ပါ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ပျက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ COVID-19 ဟာ ခန္တာကိုယ်ရဲ့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကို ယိုယွင်းစေတဲ့အထိ တိုက်ခိုက်တာကြောင့် သွေးတိုးအပါအဝင်နာတာရှည်ဝေဒနာခံစားနေရသူတွေဟာ နဂိုဝေဒနာပိုမိုဆိုးရွားလာတာကို ခံစားရသလို ရောဂါပိုးရဲ့ ဒါဏ်ကိုပါ ဆက်လက်ခံစားကြရတာဖြစ်ပါတယ်။သွေးတိုးဝေဒနာရှင်တွေအနေနဲ့ ပိုးကူးစက်ခံရချိန်မှာ နှလုံးလုပ်ဆောင်ချက်တွေ အပြင်းအထန် တိုက်ခိုက်ခံရမှာဖြစ်ပြီး ဒီအခြေအနေဟာ အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။သွေးတိုးဝေဒနာရှင်အများစုဟာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ရောဂါလက္ခဏာတွေကို မမြင်တွေ့ရပဲ ရှိနေနိုင်ပါတယ်။ တစ်ချို့လူတွေဟာ သူတို့မှာ သွေးတိုးရှိနေတယ်ဆိုတာကို လုံးဝမသိကြပါဘူး။ ဒီအချက်ဟာ အလွန် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပြီး ခုလိုကာလမျိုးမှာ မိမိမှာ သွေးတိုးရှိမရှိနဲ့ သွေးတိုးရှိနေရင်တောင်မှ သွေးပေါင်ချိန် အခြေအနေကို စစ်ဆေးဖို့ လုံးဝလိုအပ်မှာဖြစ်ပါတယ်။ဒါ့အပြင် –။ဒီအချက်တွေကို သေချာရုစိုက်မယ်ဆိုရင် Covid-19 ဝေဒနာ မကူးစက်အောင် ကောင်းမွန်စွာ ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်မှာချင်တာက တကယ်လို့ ကိုယ့်မှာ သွေးတိုးဝေဒနာရှိနေတယ်ဆိုရင် အကြောက်လွန်တာမျိုး မဖြစ်နေဖို့နဲ့ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာဖို့ပါပဲ။ဒီလိုသာ လိုက်နာမယ်ဆိုရင် ရောဂါပိုးကို ကြောက်နေစရာမလိုပဲ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရတယ်ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-high-blood-pressure/
အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ
အမျိုးသားတွေဟာ ယေဘုယျအားဖြင့် တခြားသူတွေဆီက အကူအညီယူလေ့မရှိပါဖူး။ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ကိုယ်သူတို့ ကြံ့ခိုင်တယ်၊ ကိုယ့်အားကိုကိုးနိုင်တယ်၊ နာကျင်မှုတွေကို တင်းခံနိုင်တယ် ဒါမှမဟုတ် ဘယ်အခြေအနေတွေကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ယူဆထားလို့ပါပဲ။ ဒီလို အချက်တွေကြောင့် အမျိုးသားတွေအနေနဲ့ သူတို့မှာ ကျန်းမာရေးပြဿနာတခုခုဖြစ်နေရင် တော်ရုံနဲ့ သိလေ့မရှိပါဖူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ ပတ်သက်လို့ပေါ့။ အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။စိတ်ကျဝေဒနာဆိုတာဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ဆိုးရွားတဲ့ အခြေအနေတခုပါ။ သူ့ဖာသာ ပြန်လည်ကောင်းမွန်နိုင်တဲ့ အခြေအနေတခုလည်း မဟုတ်ပါဖူး။ ဥပမာ သင် လက်ကျိုးတာတို့၊ ခြေထောက်မှာ ဒဏ်ရာအကြီးအကျယ်ရတာမျိုးတို့ဆိုရင် ဆေးမကုဘဲ ပြန်မကောင်းပါဖူး။စိတ်ကျဝေဒနာဟာလည်း ထိုနည်း၎င်းပဲ ဖြစ်ပါတယ်။ဟုတ်ပြီ ဒါဖြင့် စိတ်ကျဝေဒနာဆိုတာ ဘယ်လို အခြေအနေမျိုးလည်း။ ခဏတဖြုတ် စိတ်ဓာတ်ကျတာနဲ့ ဘယ်လိုကွာလဲ။အမျိုးသားတွေဟာ စိတ်ကျဝေဒနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ (ဥပမာ ပင်ပန်းနွမ်းနယ်တာ၊ ပိန်သွားတာ)ကို အမျိုးသမီးတွေထက် ပိုသတိထားမိလွယ်ပြီး အသေအချာလည်း ပြောပြနိုင်ကြပါတယ်။ သူတို့ စိတ်ဓာတ်ကျနေပါတယ်လို့ ထုတ်ပြောရမှာထက် ဒီရက်ပိုင်း “စိတ်တို၊ ဒေါသကြီး”နေတတ်တယ်လို့ ခံစားရပါလိမ့်မယ်။ လူတိုင်းလူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ ဝမ်းနည်းနေတာ၊ စိတ်တိုဒေါသကြီးနေတာ၊ စိတ်ခံစားလွယ်တာ၊ အိပ်မပျော်တာ ဒါမှမဟုတ် ဘယ်အရာကိုမှ အာရုံမစိုက်နိုင်တာမျိုးတွေကို နှစ်ပတ်လောက်ထက် ပိုပြီး ခံစားနေရပြီဆိုရင်တော့ သင် စိတ်ကျဝေဒနာခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ အားကစားတွေလည်း မလုပ်ချင်ဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတာ၊ ချစ်သူနဲ့ ဒိတ်ရတာမျိုးတွေတောင် စိတ်မပါတော့ဘူး ဒါမှမဟုတ် အရင်က သင်ပျော်ပျော်ပါးပါးကြီးလုပ်နေကျ အရာတွေကိုလည်း မလုပ်ချင်တော့ဘူး ဒါတွေလည်း ဖြစ်လာနိုင်ပါတယ်။စိတ်ကျရောဂါဟာ အရမ်းအဖြစ်များတဲ့ ရောဂါတမျိုးဖြစ်ပြီး အမျိုးသား ရှစ်ယောက်မှာ တစ်ယောက်လောက်ဟာ တကွေ့မဟုတ် တကွေ့ ဒီဝေဒနာကို ခံစားရလေ့ရှိတဲ့လို့ ဆိုပါတယ်။ သင်ကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ သင့်မိသားစုနဲ့ သင့်ချစ်သူခင်သူ အပေါင်းအသင်းတွေအတွက်ပါ ဒီရောဂါရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။အမျိုးသားတွေမှာ စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေကို သတိထားမိဖို့ ခဲယဉ်းတာဟာ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ အမျိုးသားတွေဟာ ပျော့ညံ့တယ် အထင်မခံနိုင်တာကြောင့် ပြဿနာတခုခုနဲ့ ရင်ဆိုင်နေရကြောင်းကို ဝန်ခံလေ့ မရှိကြပါဖူး။ ဒါ့အပြင် ကိုယ့်ခံစားချက်ကို ရင်ဖွင့်တာ၊ ဖွင့်ဟတိုင်ပင်တာမျိုးဟာလည်း အားနွဲ့တဲ့ အမျိုးသမီးတွေသာ လုပ်လေ့ရှိတာလို့ လူတွေက သတ်မှတ်လေ့ရှိကြပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ စိတ်ကျဝေဒနာခံစားရပြီဆိုရင် စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေထက် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးတွေ (ဥပမာ ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရတာ)ကိုသာ ပြောလေ့ရှိကြတာပါ။၁။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာ :အမျိုးသားတွေမှာ စိတ်ကျရောဂါဖြစ်ပြီဆိုရင် နောက်ကျောနာတာ၊ ခေါင်းခဏခဏကိုက်တာ၊ အိပ်မပျော်တာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာ ဒါမှမဟုတ် အစာမကြေတာစတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အဖြစ်ပြလေ့ရှိကြပါတယ်။ ဒီ လက္ခဏာတွေဟာ သာမန်ဆေးကုသမှုနဲ့လည်း သက်သာမသွားတတ်ပါဖူး။၂။ ဒေါသကြီးတာ :ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်တာ၊ ဝေဖန်ပြောဆိုတာကို ဆတ်ဆတ်ထိ မခံနိုင်တာ၊ ဟာသပြောလို့တောင် ရယ်ရကောင်းမှန်းမသိတော့တာမျိုးကနေ ကားမောင်းရင်းဒေါသထွက်၊ ဆဲဆိုနေတာ၊ တချိန်လုံး ဒေါသတကြီးဖြစ်နေတာ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ပြုမူတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသားတွေမှာ သူတပါးကို အနိုင်ကျင့်နှိပ်စက်တာ၊ ထိန်းချုပ်ကန့်သတ်ချုပ်ချယ်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။၃။ နမော်နမဲ့နိုင်လာ၊ အဆင်ခြင်မဲ့လာတာ :အန္တရာယ်များတဲ့ အားကစားတွေကို လုပ်လာတာ၊ ကားမဆင်မခြင်မောင်းတာ၊ အန္တရာယ်များတဲ့ လိင်ဆက်ဆံတာမျိုးကို မဆင်မခြင်လုပ်လာတာ(ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားတာမျိုး) စတဲ့ စဉ်းစားဉာဏ်နည်းတဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်လာနိုင်ပါတယ်။ အရက်တွေ၊ ဆေးတွေ အလွန်အကျွံသုံးမယ်။ လောင်းကစားတွေ အရမ်းလုပ်မယ် စတဲ့ အပြုအမူတွေကိုလည်း မြင်တွေ့ရတတ်ပါတယ်။အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ဇီဝဗေဒဖြစ်စဉ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ လူမှုရေးပြဿနာတွေအပြင် စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ လုပ်ငန်းခွင် စတာတွေမှာ အဆင်မပြေမှုတွေက စိတ်ကျရောဂါဖြစ်ရခြင်းရဲ့ တစိတ်တပိုင်း အကြောင်းရင်းတွေပါ။ ဒါ့အပြင် လူမှုဘဝမှာ စိတ်ဖိစီးမှုတွေ များလွန်းတာ၊ ကူတွယ်ရာမဲ့တာ၊ အလွန်အမင်း ဝမ်းနည်းစိတ်ထိခိုက်ရတာ၊ လူရောစိတ်ပါ ချုံးချုံးကျတာမျိုးတွေကို ဖြစ်စေတဲ့ အရာတွေကလည်း အမျိုးသားတွေကို စိတ်ကျရောဂါဆီ ဦးတည်စေပါတယ်။ ဒီလိုဖြစ်စေတဲ့ အရာတွေက-။သင့်လူမှုဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်ခြင်းဟာစိတ်ကျဝေဒနာကိုသက်သာလျော့ပါးစေပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-in-men/
အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ
ဆေးခန်းအများစုတွင် ထိုးပေးနေသည့်အကြောဆေးဆိုသည်မှာ ခန္ဓာကိုယ် သွေးကြောထဲသို့ဂလူးကို့စ်ဓာတ်၊ ဗီတာမင် B အုပ်စု ( များသောအားဖြင့် B1, B6, B12 )၊ ဗီတာမင် C တို့ကို ရောစပ်၍ ဖြစ်စေ၊ အသားဓာတ်အားဆေး ( ဥပမာ – မိုရီယာမင်) ဖြစ်စေ  ထိုးသွင်းပေးခြင်းဖြစ်သည်။အဓိကအားဖြင့်  ပါးစပ်မှမစားနိုင်တော့သော သက်ကြီးရွယ်အိုများ ၊အစာချေဖျက်စုပ်ယူမှုအားနည်းသည့် ရောဂါသည်များ၊ နာတာရှည်ရောဂါသည်များ၊ နလန်ထလူမမာများနှင့် ရုတ်တရက် သွေးတွင်းအချိုဓာတ်ကျနေသော (သို့) သွေးပေါင်ကျနေသော လူနာများအတွက်သာ ထိုးပေးရန် လိုအပ်လေ့ရှိသည်။ခန္ဓာကိုယ်တွင်း အာဟာရဖြည့်တင်းခြင်းကို ပုံမှန်လုပ်နေနိုင်သည့် သူတစ်ယောက်အဖို့ အကြောဆေးသွင်းစရာ မလိုပါ။ အကြောဆေးသွင်းသည့်အတိုင်း အာနိသင်လည်းရ အန္တရာယ်လည်းကင်းအောင် မည်သို့စားသောက်ရမည် ဆိုသည်ကိုသာ သိရန်လိုပါသည်။ ဒီတော့ အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။သဘာဝ အသားဓာတ် ရရန် “အသားစားရမှာ စျေးကြီးတယ်” ဟု ဆင်ခြေပေးကြသူများကို သိစေချင်သည်မှာ အသားစားမှ အသားဓာတ်ရသည်မဟုတ်ပါ။ ပဲ၊ မှိုနှင့် အချို့သော အသီးအရွက်များတွင်လည်းအသားဓာတ်ပါပါသည်။ မကြာသေးမီက ပြုလုပ်ထားသော သုတေသနများအရ ဒန့်သလွန်သည်လည်း အမျှင်ဓာတ် နှင့် အသားဓာတ် အကြွယ်ဝဆုံး ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ကြောင်းသိရသည်။ အရွက်ကိုပဲ ချက်စားစား၊ အသီးကိုပဲ ချက်စားစား အဆင်ပြေသည်။ အကယ်၍ အသားမဝယ်နိုင်လျှင်လည်း အရိုးဝယ်ပြီး အရိုးပြုတ်ရည် လုပ်သောက်၍ ရသေးသည်။သဘာဝ အချိုဓာတ် ပါသော အသီးအနှံများကို ဖျော်ရည်လုပ် သောက်ပေးသင့်သည်။အုန်းစိမ်းရည်၊ကြံရည်သန့်သန့် ၊ ပဲနို့ရည် ၊ ပြောင်းနို့ရည်၊ ဖရဲသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရှောက်ချိုသီး စသည်တို့မှာ စျေးတော်သဖြင့် အကုန်အကျသက်သာနိုင်သည်။  အသီးအနှံဖျော်ရည် ဖျော်ရာတွင် အရသကောင်းအောင်သကြားအလွန်အကျွံ မသုံးဘဲ ပင်ကိုအချိုဓာတ်အတိုင်း သောက်ပေးနိုင်လျှင်ပိုကောင်းသည်။အကြောဆေးမှာပါသည့်  သက်စောင့်ဓာတ် အမျိုးအစားများကိုဟင်းသီးဟင်းရွက်သစ်သီးဝလံများတွင် အများဆုံးတွေ့ရနိုင်သည်။ ဗီတာမင် B12 တစ်မျိုးသာ အသီးအရွက်များတွင် မပါဘဲ သားငါးမှ ရသည်။ဆန်လုံးညို၊ဂျုံကြမ်း၊ အစေ့အဆန်များ( ဗာဒံစေ့၊ ဖရုံစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့ စသည်)၊  ကညွှတ်၊ အာလူး၊ ပန်းဂေါ်ဖီ၊ လိမ္မော်သီး၊ အမဲသား၊ အသည်း၊ တူနာငါး၊ ဥအမျိုးမျိုး တို့ဖြစ်သည်။တို့ဖူး၊ ကန်စွန်းဥ၊ အာလူး၊ ငှက်ပျောသီး၊ထောပတ်သီး၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ငါး၊ ပဲနို့ တို့ဖြစ်သည်။အဓိက အားဖြင့် ဆာဒင်းငါး၊ အမဲသား၊ ကလီစာ၊ ပင်လယ်သတ္တဝါများ၊  နို့/ နို့ထွက်ပစ္စည်းနဲ့  ပဲအမျိုးမျိုးတို့ ဖြစ်သည်။ပန်းငရုတ်ပွ၊ ကီဝီသီး၊ မာလကာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုတ်၊ခရမ်းချဉ်သီးတို့ဖြစ်သည်။တကယ့် တကယ် သက်စောင့်ဓာတ် ဆိုသည်မှာ ယခုခေတ် အကြောဆေးမှာပါသည့် ဓာတ်တွေအပြင် အမျိုးအစားအများကြီး ရှိသေးသည်။ ( ခန္ဓာကိုယ်အတွက်လိုအပ်သည့် သက်စောင့်ဓာတ်အမျိုးမျိုး နှင့် သတ္တုဓာတ်များ အကြောင်းကို သပ်သပ် ဖော်ပြပေးပါဦးမည်။)။အကြောဆေးသည် ထိုးတုန်း ခဏသာ လန်းဆန်းသွားသကဲ့သို့ ခံစားရသော်လည်း ပုံမှန်အစားအသောက်မှရသော သက်စောင့်ဓာတ်များက ရေရှည်တွင် ပို၍ အကျိုးများသည်။ ပါးစပ်က စားပေးခြင်းသည် ခန္ဓာကိုယ်အတွက် ပိုထိရောက်သည်ဆိုသည့် သုတေသနအဆိုများလည်း ရှိသည်။ဥပမာ ဗီတာမင် C ဆိုလျှင် အကြောဆေးမှတစ်ဆင့် သွင်းလျှင် ခန္ဓာကိုယ်ထဲသို့ ၁၂% သာရောက်နိုင်သော်လည်း အစားအစာမှတစ်ဆင့် ဆိုလျှင် ၄၀% ထိပင် ရနိုင်သည်။ဗီတာမင် B12 ဆိုလျှင် ထိုးဆေးအနေနှင့်  ၄-၂၇% သာရသော်လည်း အစားအစာမှတစ်ဆင့် ဆိုလျှင် ၇၃%-၉၆% ထိရသည်။ အကြောဆေးမှတစ်ဆင့် သွေးထဲသို့ တိုက်ရိုက်ရောက်လျှင် မိနစ် ၃၀ အတွင်း အာနိသင်ပြနိုင်ပြီး ပါးစပ်က စားလျှင် အာနိသင်ပြနိုင်ရန် ၅-၁၂ နာရီ အထိ ကြာမြင့်နိုင်သည်။ ထို့ကြောင့်ပင် လူတွေက အာနိသင် အမြန်ပြသည့် နည်းကို စွဲလမ်းနေကြခြင်း ဖြစ်သည်။ ဖြည်းပေမယ့် ပိုထိရောက်သည့် နည်းကို စိတ်ရှည်ရှည်နှင့် လိုက်နာနိုင်လျှင် မိမိအတွက် ပိုအကျိုးရှိသည်။ လက်ဖက်ကောင်းကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရသည်လေ။အကြောဆေးကို မလိုအပ်ဘဲ ခဏခဏထိုးလျှင် ကိုယ်တွင်း ဓာတ်ဆားနှင့် သတ္တုဓာတ်တွေ ကမောက်ကမ ဖြစ်ပြီး ရောဂါ ပိုလာနိုင်သည်။ မိမိမှာ ရောဂါအခံ တစ်ခုခု ရှိနေလျှင် ပိုဆိုးတတ်သည်။ ဥပမာဆီးချိုသမားအကြောဆေးထိုးမိလျှင် ဆေးမှာပါသည့် ဂလူးကို့စ်ဓာတ်ကြောင့် ဆီးချိုရောဂါ ပိုဆိုးလာနိုင်ပြီး ထိန်းရခက်လာတတ်သည်။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – ဒေါက်တာနှင်းနုအေး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-you-can-use-instead-of-iv-tonics/
ကိုဗစ်ကာလ ဝိရောဓိများ
ကိုဗစ်ကာလမှာ ရောဂါပိုးကူးမှာကြောက်နေရတဲ့အတွက် တစ်ခုခုဆို ဒါလေး လုပ်လို့ရလား၊ ဟိုလိုလေးလုပ်ရင် ရောဂါကူးနိုင်လားဆိုပြီး တွေးတတ်ကြပါတယ်။ လူအများကြား သွားရပြီဆိုရင် ဘယ်လိုနေရင် ကိုယ့်အတွက် စိတ်အချရဆုံး ဖြစ်မလဲ၊ သူများကို မကူးအောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာရပါပြီ။ အထူးသဖြင့် ခုလို ဝိရောဓိဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာပေါ့။ခုဆိုရင် ခရီးသွားလာဖို့က အရင်ကလောက် မတင်းကြပ်တော့ပါဘူး။ ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း ဒီဇင်ဘာ တစ်ရက်ဆို ပြန်ပြီး ပြေးဆွဲတော့မှာပါ။လက်ရှိမှာတော့ ခြွင်းချက်အနေနဲ့ ပြည်ပက ပြည်တွင်းသို့ ကယ်ဆယ်ရေး လေယာဉ်တွေ၊ ပြည်တွင်းအစိုးရကိစ္စအတွက် ပြေးဆွဲခြင်းတွေ ရှိနေပါတယ်။ပြန်ပြီးခွင့်ပြုလို့ ပြည်တွင်းမှာ လေကြောင်းလိုင်းတွေနဲ့ သွားမယ်ဆိုရင် ကားတွေထက် မြန်မြန်ရောက်တာမှန်ပေမယ့် တစ်ဖက်ကလည်း စိတ်ချမှု ရှိပါ့မလားဆိုပြီး ပြန်တွေးနေမှာပါ။ မကြာဘူးဆိုပေမယ့် အလုံပိတ်လေယာဉ်ထဲမှာ နီးနီးကပ်ကပ်စီးရမယ်၊ ဒီ့မတိုင်ခင်လည်း လေဆိပ်မှာ တန်းစီရဦးမယ်ဆိုတော့ အန္တရာယ်ကင်းအောင် ဘယ်လိုများ နေကြရင်ကောင်းမလဲ။CDCရဲ့ အဆိုအရတော့ ဗိုင်းရပ်စ်တော်တော်များများက လေယာဉ်စီးရာကနေ ကူးနိုင်ဖို့ဆိုတာ အခွင့်အလမ်းနည်းပါတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ လေယာဉ်ထဲမှာ လေတွေရွေ့လျားတဲ့ပုံနဲ့ လေတွေ စစ်ထုတ်တဲ့ စနစ်ကြောင့်ပါတဲ့။လေယာဉ်ကနေ ကူးနိုင်ခြေနည်းတယ်ဆိုပေမယ့် ဘေးကနေ အတူတူထိုင်တဲ့သူ၊ လေဆိပ်မှာ လူအများကြီးနဲ့ အကြာကြီး တန်းစီရတာကြောင့်တော့ ကူးနိုင်ခြေ ရှိပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက်။အကြောင်းကိစ္စရှိလို့ ကိုယ်ပိုင်ကားနဲ့ တစ်နယ်ကနေ တစ်နယ်သွားနေရသူဆိုရင်လည်း အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။အထူးသဖြင့် မြို့တွင်းမှာ ဟိုနားဒီနားသွားတဲ့အခါမှာပေါ့။ ကားပေါ်မှာလည်း ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ်နဲ့ တစ်အိမ်တည်းမှာ အတူနေတဲ့သူ ပါလာတယ်။ ကားကလည်း အလုံပိတ်။ တပ်စရာ လိုမလားပေါ့။ယေဘုယျအားဖြင့်တော့ ကားပေါ်မှာ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် တစ်အိမ်တည်း နေတဲ့သူနဲ့ စီးလာတာဆိုရင် ကူးနိုင်ခြေ တော်တော်နည်းတဲ့အတွက် တပ်စရာမလိုပါဘူး။ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ တပ်ဖို့ လိုပါလိမ့်မယ်။နောက်ထပ်သတိထားရမှာက နှာခေါင်းစည်းကို မှန်မှန်ကန်ကန် တပ်ဖို့ပါ။ နှာခေါင်းနဲ့ ပါးစပ်ပဲ လုံရပါမယ်။ မျက်လုံးပါ အုပ်မိရင် မြင်ကွင်းပိတ်ပြီး ကားအက်စီးဒင့် ဖြစ်တတ်ပါတယ်။ဒါကလည်း တွေးစရာတစ်ခုပါပဲ။ ရောဂါပိုးရှိနေရင်တောင် လက္ခဏာက ပြချင်မှ ပြတာကြောင့် ကိုယ့်မှာရှိတဲ့ ပိုးက အတူနေ အိမ်ထောင်ဘက်ကို ကူးသွားမလားဆိုပြီး စိုးရိမ်တတ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ၆ပေကွာအောင် မနေနိုင်ရင် ရောဂါပိုးကူးနိုင်ခြေရှိတာကြောင့် လိင်ဆက်ဆံတာကလည်း သွယ်ဝိုက်ပြီး ကူးနိုင်တယ်ဆိုတာ သိထားရပါမယ်။ အတူနေတဲ့အခါ နီးကပ်လွန်းတာကြောင့် အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှားတွေ၊ တံတွေးတွကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ပြင် ပိုးရှိသူ ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ပွတ်သပ်မိရင်လည်း ကူးနိုင်ပါတယ်။ကိုဗစ်ပိုးကို သုက်ရည်ထဲမှာ တွေ့ရပေမယ့် လိင်ဆက်ဆံရာကနေ ထွက်လာတဲ့ မိန်းမကိုယ်အရည်၊ သုက်ရည်ကနေ နောက်တစ်ယောက်ကို ကူးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ လိင်ကနေတဆင့် ကူးနိုင်လားဆိုတာက ထပ်ပြီး လေ့လာရမယ့် ကိစ္စဖြစ်ပါတယ်။ဒီလိုပဲ မစင်ထဲမှာလည်း တွေ့ရပေမယ့် ကူးနိုင်၊ မကူးနိုင်ကတော့ ထပ်ပြီး လေ့လာရဦးမှာပါ။အတူနေမယ်ဆိုရင် သတိထားသင့်တဲ့အချက်တွေကတော့။ကိုဗစ်ကာလမှာ အကောင်းဆုံး ဆက်ဆံနည်းကတော့ တစ်ကိုယ်ရည် အာသာဖြေနည်းပဲဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ တစ်ယောက်ယောက်နဲ့ အတူနေတာထက်စာရင် တစ်ကိုယ်တည်း အာသာဖြေတာက ပိုပြီး စိတ်ချရပါတယ်။ လက်သေချာဆေးဖို့တော့ လိုတာပေါ့။အိမ်ထောင်ဘက်နဲ့လည်း လိင်ဆက်ဆံတာထက်စာရင် တခြားနည်းတွေသုံးပြီး (ဥပမာ လက်ဆောင်ပေးတာဖြစ်ဖြစ်၊ စျေးဝယ်ထွက်တာဖြစ်ဖြစ်) သံယောဇဉ်တိုးအောင်နေဖို့ အကြံပေးထားပါတယ်။ကိုဗစ်ကာလမှာ ဒီလိုဝိရောဓိဖြစ်စရာကိစ္စတွေကတော့ အများကြီး ရှိနေဦးမှာပါ။ အရေးကြီးတာက ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုနဲ့ သူများကို ရောဂါပိုးမကူးအောင် ကာကွယ်ဖို့ပါပဲ။ ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျ လိုက်နာဖို့ပါပဲ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%ac%e1%80%9c-%e1%80%9d%e1%80%ad%e1%80%9b%e1%80%b1%e1%80%ac%e1%80%93%e1%80%ad%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
pulmonary fibrosis (အဆုတ်အသားမာတက်ခြင်း)
အဆုတ်ပျက်စီးပြီး အမာရွတ်တွေဖြစ်လာတဲ့ အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆုတ်တစ်ရှုးတွေ ထူထဲသွားတာကြောင့် ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ ခက်ခဲသွားပြီး ပိုဆိုးလာတဲ့အခါမှာ အသက်ရှုရခက်ခဲလာပါတယ်။အဆုတ်အမာရွတ်ဖြစ်ခြင်းဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတော်တော်များများမှာတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်တွေ မပြောနိုင်ကြပါဘူး။ ရောဂါရင်းမြစ်ကို မရှာဖွေနိုင်တော့ဘူးဆိုရင်တော့ အကြောင်းအရင်းမသိရှိရသော အဆုတ်အသားမာတက်ခြင်းလို့ သတ်မှတ်လိုက်ပါတယ်။ ထိုအခြေအနေကြောင့်ဖြစ်သော အဆုတ်ပျက်စီးခြင်းဟာ ပြန်လည်မပြုပြင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ဆေးဝါးတွေ၊ကုထုံးတွေနဲ့ကတော့ ရောဂါလက္ခဏာတွေကို သက်သာစေပြီး နေရထိုင်ရအဆင်ပြေလာစေပါလိမ့်မယ်။ အချို့လူတွေမှာတော့ အဆုတ်အစားထိုးခြင်းက သင့်တော်နိုင်ပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။အဆုတ်အသားမာတက်ခြင်းရဲ့ ဖြစ်ပေါ်ပုံတွေ၊ ရောဂါလက္ခဏာဆိုးရွာမှုတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြပါတယ်။ အချို့လူတွေက မြန်မြန်ဆန်ဆန်နဲ့ ဆိုးဆိုးရွားရွားဖျားနာကြပါတယ်။ အချို့ကျတော့ ဖြည်းဖြည်းချင်းပိုးဆိုးလာတတ်ပြီး နှစ်တွေလတွေထိ ကြာမြင့်သွားနိုင်ပါတယ်။အချို့လက္ခဏာတွေ ဥပမာအားဖြင့် အသက်ရှုကြပ်ခြင်းလိုမျိုး တွေဟာ လျင်လျင်မြန်မြန်ပိုဆိုးလာတတ်ပြီး ရက်တွေ ရက်သတ္တပတ်တွေ ကြာမြင့်နိုင်ပါတယ်။ ထိုအခြေအနေတွေမှာဆိုရင် အသက်ရှုစက်တပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ပဋိဇီဝဆေးတွေ၊ ကော်တီကိုစတီးရွိုက်တွေနဲ့ အခြားဆေးတွေပါ ပေးပါလိမ့်မယ်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေ ရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။အခြေအနေတော်တော်များများမှာတော့ အကြောင်းအရင်းမသိရပါဘူး။အဆုတ်အသားမာတက်နိုင်ခြေများစေသော အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။အောက်ပါတို့က အဆုတ်အသားမာတက်နိုင်ခြေကို မြင့်မားစေပါတယ်။အသက်အရွယ်။အဆုတ်အမာရွတ်ဖြစ်ခြင်းကို ကလေးတွေမှာ တွေ့ရှိရသော်လည်း တကယ်တမ်းဖြစ်နိုင်ခြေများတာက သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ကျား၊မ။မိန်းမတွေထက် ယောက်ျားတွေမှာ ပိုဖြစ်တတ်ပါတယ်။ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်နေတဲ့သူကော၊ ဆေးလိပ်သောက်ဖူးထားတဲ့သူတွေမှာပါ ဖြစ်နိုင်ခြေများပါတယ်။ အဆုတ်တစ်ရှုးလေဝင်တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။အချို့အလုပ်အကိုင်များ။ မိုင်းတွင်းတူးလုပ်ငန်း၊ လယ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ ဒါမှမဟုတ် အဆုတ်အတွက် မကောင်းတဲ့ ဓါတ်ပစ္စည်းတွေနဲ့ ထိတွေ့နေသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ကင်ဆာကုထုံးများ။ရင်ဘတ်ကို ဓါတ်ကင်ခြင်း ဒါမှမဟုတ် အချို့ကင်ဆာဆေးဝါးတွေက အဆုတ်အမာရွတ်ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။မျိုးရိုးဗီဇ။ အချို့ အဆုတ်အမာရွတ်တွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ထိုအခြေအနေမှာ မျိုးရိုးဗီဇက အရေးကြီးအချက်တစ်ခုပါပဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဆုတ်အသားမာတက်စေတဲ့ ရောဂါများစွာရှိပါတယ်။ လူနာကို အထူးကုနဲ့ပြခိုင်းပြီး မှန်ကန်တဲ့ စစ်ဆေးမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဆေးလိပ်သောက်လား၊ အလုပ်မှာ အဆုတ်ကို အန္တရယ်ဖြစ်စေနိုင်တဲ့ အရာတွေ ရှုမိနေလား၊ ဘာဆေးတွေသောက်ထားလဲ၊ အခြားဘာရောဂါတွေရှိလဲ၊ မိသားစုထဲမှာ ဘာရောဂါတွေ ဖြစ်ဖူးလဲနဲ့ ဝါသနာက ဘာတွေလဲဆိုတာကို မေးမြန်းပါလိမ့်မယ်။အခြားသော စစ်ဆေးမှုတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း။အဆုတ်ဘယ်လောက်ပျက်စီးနေတယ်ဆိုတာ သိရှိဖို့ အသက်ရှုစမ်းသပ်မှုပြုလုပ်ခြင်း။သွေးတွင်းအောက်စီဂျင်ပမာဏ၊ ကိုယ်တွင်းပစ္စည်းတွေကို ကိုယ်ရဲ့ပဋိဓါတ်တွေက ပြန်လည်တိုက်ခိုက်သောရောဂါနဲ့ ပိုးဝင်ခြင်းတွေ ရှိမရှိသိဖို့ သွေးစစ်ပါလိမ့်မယ်။ပုံရိပ်ပြတ်သားသောစီတီစကင် (HRCT)။HRCT ဖြင့်မရပါက အဆုတ်အသားစယူခြင်း။ အသားစအနည်းငယ်ကို ခွဲစိတ်ထုတ်ယူရမှာ ဖြစ်ပါတယ်။အဆုတ်၏ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်စိုက်တို့ လဲလှယ်နိုင်စွမ်းအား ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စမ်းသပ်မှာဖြစ်ပါတယ်။ထိုရောဂါအတွက် ကုသမှုမရှိသေးသလို၊ ရောဂါဖြစ်ပွားမှုကို ရပ်တန့်ပေးနိုင်တဲ့ ဆေးလည်းမရှိပါဘူး။ အချို့ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေကို ခဏတာ သက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ် ပိုဆိုးလာမှုကို နှေးကွေးစေပါတယ်။ အခြားနည်းလမ်းတွေကတော့ နေလို့ထိုင်လို့ကောင်းစေဖို့ဖြစ်ပါတယ်။ ဆရာဝန်တွေက သင့်တော်တဲ့ကုသမှုရွေးချယ်ခြင်းကို လူနာအခြေအနေဘယ်လောက်ဆိုးတယ်အပေါ်မှာ မူတည်ပြီး ပြုလုပ်မှာဖြစ်ပါတယ်။ဆေးဝါးများ။မျိုးဆက်သစ်ဆေးဝါးများ ဖြစ်သော Pirfenidone(Esbriet) နဲ့ Nintedanib(Ofev) တို့ကို သောက်သုံးနိုင်ပါတယ်။ ထိုဆေးဝါးတွေဟာ ရောဂါပိုဆိုးလာမှုကို နှေးကွေးစေနိုင်ပါတယ်။ ထိုဆေးဝါးနှစ်မျိုးလုံးက အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ(FDA) က အတည်ပြုပြီး ဖြစ်ပါတယ်။ ဆေးဝါးအသစ်တွေ၊ ဖော်မျူလာအသစ်တွေလည်း ထုတ်လုပ်နေပြီဖြစ်သော်လည်း FDA အသိအမှတ်မပြုသေးပါဘူး။Nintedanid က မအီမသာဖြစ်ခြင်းနဲ့ ဝမ်းလျောခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ Pirfenidone ကတော့ ထိုဆိုးကျိုးတွေအပြင် အင်ပျဉ်တွေပါ ထွက်စေမှာပါ။နောက်ထပ်ဆေးဝါးတွေကိုတော့ လေ့လာလျက်ရှိပါတယ်။အထက်တွင် ဖော်ပြပြီးသား GERD ကို ကုသဖို့အတွက်ကတော့ အက်စစ်ဆန့်ကျင်ဆေးဝါးတွေ အသုံးပြုကြပါတယ်။အောက်စီဂျင်ကုထုံး။အောက်စီဂျင်အသုံးပြုခြင်းက အဆုတ်ပျက်စီးခြင်းကို မတားဆီးနိုင်သော်လည်း အသက်ရှုရ၊ လှုပ်ရှားသွားလာရ လွယ်ကူစေနိုင်ပါတယ်။သွေးတွင်းအောက်စီဂျင်နည်းပါးခြင်းအား ကာကွယ်ပေးနိုင်ပါတယ်၊ လျော့နည်းစေနိုင်ပါတယ်။နှလုံးညာဘက်ခြမ်းရှိ သွေးပေါင်ချိန်အား လျော့ချပေးနိုင်ပါတယ်။အိပ်စက်မှုအတွက် အကျိုးပြုပြီး နေရထိုင်ရသက်သောင့်သက်သာရှိစေပါတယ်။အချို့လူတွေက အောက်စီဂျင်ကို အချိန်တိုင်း အသုံးပြုကြသော်လည်း အိပ်တဲ့အချိန်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာသာဆိုလည်း အဆင်ပြေပါတယ်။အဆုတ်ပြန်လည်ထူထောင်ပေးခြင်း။ထိုနည်းလမ်းက ရောဂါလက္ခဏာတွေ သက်သာစေနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာလည်း အဆင်ပြေစေပါတယ်။ အောက်ပါတို့အပေါ်မှာ အဓိကအာရုံစိုက်ထားပါတယ်။အဆုတ်အစားထိုးကုသခြင်း။အဆုတ်အစားထိုးခြင်းကလည်း ရွေးချယ်စရာတစ်ခုဖြစ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက နေရထိုင်ရအဆင်ပြေသွားစေပြိး သက်တမ်းပိုရှည်စေနိုင်လို့ပါ။ ဒါပေမယ့်လည်း ခန္ဓါကိုယ်က အစားထိုးသော အဆုတ်အား ပြင်းပယ်ခြင်းနဲ့ ပိုးဝင်ခြင်းလိုမျိုး ထပ်တိုးရောဂါတွေ ရှိလာနိုင်ပါတယ်။ ထိုအကြောင်းအရာတွေအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးရပါမယ်။အဆုတ်အသားမာတက်ခြင်းကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။အဆုတ်ရောဂါရှိနေမယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ အရေးကြီးပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေရှိတာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဆေးလိပ်ငွေ့ရှုမိရင်လည်း အန္တရယ်ရှိတာကြောင့် ဆေးလိပ်သောက်တဲ့သူတွေ အနားမှာ မနေပါနဲ့။ကျန်းမာစွာစားသောက်ပါ။ အဆုတ်ရောဂါရှိတဲ့သူတွေဟာ စားရသောက်ရအဆင်မပြေတာကြောင့်ကော အသက်ရှုရခက်လို့ အားပိုထုတ်ရတဲ့အတွက်ကြောင့်ပါ ကိုယ်အလေးချိန်ကျဆင်းတတ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝပြီး ကယ်လိုရီအသင့်တင့်ပါတဲ့ အစားအစာတွေ စားဖို့လိုပါတယ်။ နေ့ဘက်တွေမှာ နည်းနည်းနဲ့ ခဏခဏစားသောက်ပေးပါ။သစ်သီးသစ်ရွက်တွေ၊ နှံစားသီးနှံတွေ၊ အဆီမပါသော ဒါမှမဟုတ် အဆီနည်းသော နို့ထွက်ပစ္စည်းတွေနဲ့ အဆီမပါသောအသားတွေ စားပေးပါ။ ပြန်ကျော်ဆီတွေ၊ ပြည့်ဝဆီတွေပါသော၊ ဆားများသော၊ သကြားများသော အစားအစာတွေ ရှောင်ကျဉ်ပါ။ အာဟာရပညာရှင်တွေထံမှာ အကြံအဉာဏ်တွေ တောင်းခံနိုင်ပါတယ်။လှုပ်လှုပ်ရှားရှားနေထိုင်ပါ။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက အဆုတ်စွမ်းရည်ကို ထိန်းသိမ်းပေးနိုင်ပြိး စိတ်ဖိစီးမှုလျော့နည်းစေနိုင်ပါတယ်။ လမ်းလျောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်းတို့လိုမျိုး အားကစားတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်းပေးပါ။ ဘယ်အားကစားတွေက ကိုယ်နဲ့သင့်တော်လဲဆိုတာ ဆရာဝန်ဖြင့် တိုင်ပင်ပေးပါ။ ဝှီးချဲနဲ့နေရပြီဆိုရင်တော့ လမ်းလျောက်ဖို့မလိုသော ကိုယ်ဝါသနာပါမယ့် အားကစားတွေ ရွေးချယ်ပေးပါ။အနားယူဖို့အချိန်ပေးပါ။ လုံလောက်သော အနားယူမှုရှိနေပါစေ။ ထိုသို့ပြုလုပ်ပေးခြင်းက အားအင်ပြည့်ဝနေစေပြီး ဖိအားတွေကို ရင်ဆိုင်နိုင်စေပါလိမ့်မယ်။ကာကွယ်ဆေးထိုးပါ။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းက လူနာ့ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါကာကွယ်ဆေးနဲ့ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးတို့ ထိုးပေးပါ။ မိသားစုဝင်တွေကိုလည်း ကာကွယ်ဆေးထိုးပေးပါ။ တုပ်ကွေးရာသီမှာ လူစုလူဝေးထဲသွားလာခြင်းကို ရှောင်ကျဉ်ပါ။ကုသမှုလုပ်ငန်းစဉ်ကို သေချာလိုက်နာပါ။ ကုသမှုတွေ ဆက်လက်ခံယူနေဖို့ လိုအပ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပါ၊ ညွှန်ကြားထားတဲ့အတိုင်း ဆေးသောက်ပါ၊ လိုအပ်သလို အစားအသောက်ချိန်စားပြီး လေ့ကျင့်ခန်းလည်း ပြုလုပ်ပေးပါ။ ဆရာဝန်ရက်ချိန်းတိုင်း မှန်မှန်သွားပါ။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pulmonary-fibrosis-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။
အားကစားသမား တစ်ယောက်မဟုတ်ရင်ဓာတ်ဆားရည်သောက်စရာ မလိုဘူးလား ဆိုတော့ စာဖတ်ပရိသတ်ရော ဘယ်လို ထင်လဲ။ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဓာတ်ဆားဓာတ်တွေက လျှပ်စီးကြောင်းလေးတွေကို သယ်ဆောင်ပေးပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေ ကျုံ့ဆန့်မှုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် လုံလောက်မှ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှား သွားလာနိုင်မှာပါ။ဓာတ်ဆားဓာတ် ဆိုတာက သတ္တုဓာတ်တွေပါ။ ဓာတ်ဆားဓာတ်တွေက လျှပ်စစ် အဖိုဓာတ် နဲ့ အမဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးထားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်မျှတမှ ဦးနှောက်ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှာပါ။ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်ဆားဓာတ်တွေက။ဒီဓာတ်တွေက စုပေါင်းပြီး ဆဲလ်တွေထဲကို အာဟာရ ဝင်ရောက်နိုင်စေဖို့လုပ်ဆောင်ပေးသလို အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့နဲ့ ခန္ဓာကိုယ်မှာ အင်အားဖြစ်စေဖို့ ထောက်ကူပေးပါတယ်။လူတော်တော်များများ ယူဆနေတာက ဓာတ်ဆားရည်ဆိုတာ အားကစားသမားတွေ သောက်တဲ့အရာလို့ပေါ့။ အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်လို့ ချွေးတွေ အရမ်းထွက်မှ သောက်ရတာမျိုးလို့ပေါ့။ ဒါဆိုရင် အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။ တကယ်ကတော့ ဓာတ်ဆားရည်က အားကစားသမားတွေမှ သောက်ရတဲ့ သောက်စရာတွေ တစ်ခုရယ်တော့ မဟုတ်ပါဘူး။ ဓာတ်ဆားရည်ကို အားကစားသမား မဟုတ်လည်း သောက်လို့ရပါတယ်။အကြောင်းကတော့ နေ့စဉ် လှုပ်ရှားမှုတွေနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေကြောင့် ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်လို့ပါ။ ရေဓာတ်ဆုံးရှုံးတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်တဲ့အခါ၊ အော့အန်တာ၊ ချွေးထွက်များတာလိုမျိုး အခြေအနေတွေကြောင့် ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်။ဒီလိုအခြေအနေတွေကြောင့် ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ဆိုရင် ဓာတ်ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် သောက်ဖို့ လိုပါမယ်။ ပုံမှန်အားဖြင့်လည်း နေအပူချိန် ပြင်းတာကြောင့် ချွေးထွက်များတာနဲ့ ဆီးသွားတာတွေကနေတဆင့်လည်း ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်ပါတယ်။နောက်တစ်ခုက လမ်းလျှောက်ရတာ ကြိုက်လို့၊ စက်ဘီးစီးရတာ ကြိုက်လို့ အပြင်သွားတဲ့အခါ သိပ်မဝေးရင် လမ်းလျှောက်သွားတာ၊ စက်ဘီးစီးသွားတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်လည်း ချွေးထွက်များပြီး ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်။ နောက်တစ်ခုက အိမ်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးချိန်မှာလည်း ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးသွားတာမျိုးတွေ ရှိနိုင်ပါတယ်။ဒါကြောင့် ဓာတ်ဆားရည်ဆိုတာကို အားကစားလုပ်မှ အားကစားသမားမှ သောက်ရတယ်လို့ တထစ်ချ ယူဆမထားစေချင်ပါဘူး။ နေ့စဉ် လှုပ်ရှားမှုတွေကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်နဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်လည်း ဓာတ်ဆားရည်ကို သောက်ပေးဖို့ လိုအပ်ပါမယ်။ကြွက်တက်တာ၊ သွေးပေါင်ကျတာ၊ သွေးချိုကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခဏတာသက်သာစေဖို့အတွက်လည်း ဓာတ်ဆားရည်ကို သောက်ပေးလို့ ရပါသေးတယ်။ဓာတ်ဆားဓာတ်က ခန္ဓာကိုယ်အတွက် အခုလို တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/i-am-not-athlete-do-i-need-to-drink-electrolyte-drink/
နှုတ်ခမ်းနီမလေးတွေ သိထားသင့်တဲ့အချက်လေးများ
နှုတ်ခမ်းနီတွေက လူကိုပိုမိုဆွဲဆောင်မှုရှိသွားစေနိုင်တယ်ဆိုပေမယ့် နှုတ်ခမ်းနီ အများစုမှာ ခဲဓာတ်၊ cadmium၊ chromium၊ aluminum နဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ၅ မျိုးပါဝင်နေတယ်လို့ ကယ်လ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရသိရပါတယ်။ နှုတ်ခမ်းနီက အမျိုးသမီးအများစုအတွက် အရေးပါလှတဲ့ အလှကုန်တစ်မျိုးဖြစ်သလို အနှစ်သက်ဆုံး အလှပြင်ပစ္စည်း တစ်မျိုးလို့ဆိုလို့ရပါတယ်။နှုတ်ခမ်းနီ တော်တော်များများ ခဲဓာတ်တွေပါဝင်နေပြီးခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များသလို ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ နှုတ်ခမ်းနီ ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီမလေးတွေ အနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်စေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို လက်လှမ်းမီသလောက် စုဆောင်းဖော်ပြပေးလိုက်ပါတယ်။နှုတ်ခမ်းနီတွေကို တာရှည်အထားခံအောင် အသုံးပြုထားတဲ့ ဖော်မယ်လ်ဒီဟိုက် နဲ့parabensလိုမျိုးဓာတုပစ္စည်းတွေက မျက်လုံးတွေကို ကျိန်းစပ်စေတာ၊ချောင်းဆိုးတာနဲ့ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရစေနိုင်ပါတယ်။နှုတ်ခမ်းနီ တော်တော်များများမှာ ခဲဓာတ်က အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ခဲဓာတ်ပမာဏတွေများစွာပါဝင်နေတတ်ပါတယ်။ ခဲဓာတ်က အာရုံကြောကိုအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ခဲဓာတ်နဲ့ အလွန်အကျွံထိတွေ့မှုကအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ပျက်စီးတာ၊ ဟော်မုန်း မညီမျှတာနဲ့ မြုံတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နှုတ်ခမ်းနီမှာ Cadmium၊ Magnesium နဲ့ Chromium လိုမျိုးဓာတ်တွေက အန္တရာယ်ဖြစ်စေလာက်တဲ့ ပမာဏအထိပါဝင်နေပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းတွေ ပေါင်းစည်းမိသွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာလိုမျိုး အန္တရာယ်ရှိစေနိုင်တဲ့ရောဂါမျိုးတွေခံစားရနိုင်ပါတယ်။Cadmium ပါဝင်မှုများတာကကျောက်ကပ်ပျက်စီးသည်အထိဖြစ်စေနိုင်ပါတယ်။နှုတ်ခမ်းနီ တော်တော်များများမှာ petrochemicals ကမပါမဖြစ်ပါဝင်လေ့ရှိတဲ့ အရာတစ်မျိုးပါ။petrochemicals က ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။petrochemicals က ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့ကနေထွက်ရှိတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။ petrochemicalsတွေက endocrine ဂလင်းတွေကို ထိခိုက်စေပြီးခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ မျိုးပွားမှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။နှုတ်ခမ်းနီတွေမှာ တာရှည်ခံအောင်bismuth oxychloride ဆိုတဲ့ ဓာတုပစ္စည်းတစ်ခုအသုံးပြုကြပါတယ်။ အဆိုပါ ဓါတုပစ္စည်းတွေက ခန္ဓါကိုယ်ကို ထိခိုက်စေပါတယ်။ နှုတ်ခမ်းနီ ထဲမှာပါဝင်တဲ့carcinogenicတွေကြောင့်လည်း ခန္ဓါကိုယ်ကိုထိခိုက်တာဖြစ်ပါတယ်။ နှုတ်ခမ်းနီတွေမှာ ပါဝင်လေ့ရှိတဲ့ propylparabens ကလည်း ဖော်မယ်လ်ဒီဟိုက်လိုမျိုး တာရှည်ခံအောင် လုပ်ဆောင်ပေးပါတယ်။နှုတ်ခမ်းနီကို အချိန်ပြည့်နီးပါး ဆိုးထားမယ်ဆိုရင် အစားစားတဲ့အခါ မိမိစားလိုက်တဲ့ အစာတွေမှာ နှုတ်ခမ်းနီတွေ စွန်းပေသွားပြီး စားမိလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ အချိန် ကြာလာတဲ့အခါ ခန္ဓာကိုယ်တွင်းကို နှုတ်ခမ်းနီရဲ့ အဆိပ်ဓာတ်တွေ အများအပြား ဝင်ရောက်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းနီတောင့်နဲ့ နှုတ်ခမ်းနီ အဆီတွေကို နေ့စဉ်စားသုံးမိတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ aluminium၊ cadmium၊ chromium နဲ့ manganeseတွေနည်းနည်းချင်းစီ ရောက်ရှိသွားပြီး အချိန်ကြာလာတာနဲ့အမျှ ပမာဏတွေ တိုးလာပြီး အဆိပ်သင့်တာမျိုးတွေ ခံစားလာရစေပါတယ်။အောက်မှာဖော်ပြထားတဲ့ အရာတွေက နှုတ်ခမ်းနီ အများစုမှာပါဝင်လေ့ရှိတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ပစ္စည်းတွေဖြစ်ပါတယ်။အမျိုးသမီးတွေအနေနဲ့ တစ်နေ့တာအတွင်း နှုတ်ခမ်းနီကို အကြိမ်ကြိမ်ဆိုးနေမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ပမာဏထက်ကျော်ပြီး ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာကနေတဆင့် ခန္ဓာကိုယ်ကို ထိခိုက်အဆိပ်သင့်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အနေနဲ့ အန္တရာယ်ကင်းတဲ့ နှုတ်ခမ်းနီတစ်တောင့် ဝယ်ယူလိုတယ်ဆိုရင်တော့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/harmful-effects-of-lipsticks/
ပျိုမေတို့ ဒူးခေါင်းမည်းနေတဲ့ပြဿနာကို ဒီလိုကုစားကြမယ်
ကောင်မလေးတချို့ ကြည့်လိုက်ရင် အသားလေးက ဖြူဖွေးပြီးတော့ ချစ်စရာလေး၊ ပေါင်တို၊ ပေါင်ပြတ်ဘောင်းဘီတွေ စကပ်အတိုတွေ ဝတ်လိုက်တော့မှ ဒူးခေါင်းက ကွက်ပြီးမည်းနေရင် သိပ်ကြည့်ရဆိုးတာနော်။ ယောက်ျားလေးတွေအတွက်တော့တံတောင်ဆစ်တွေ၊ ဒူးခေါင်းတွေ မည်းတာက သိပ်ဂရုစိုက်စရာမလိုတဲ့ ကိစ္စလို့ထင်ထားပေမယ့် အလှကြိုက်တဲ့မိန်းကလေးတွေအတွက်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး မလုံမလဲဖြစ်ရလောက်တဲ့အထိ အရှက်ရစေနိုင်ပါတယ်။များသောအားဖြင့် ဒူးခေါင်းမည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ မဟုတ်ဘဲတစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ကိုယ့်ရဲ့ ငယ်စဉ်ကတည်းက နေထိုင်မှုပုံစံ မှားယွင်းတာကြောင့် ဒူးခေါင်းအရေပြားမှာ ဆဲလ်အသေတွေ စုပုံလာပြီး ကြာလာတော့ အမည်းကွက်လို ဖြစ်သွားတာပါ။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့။• ဒူးခေါင်းကို အမြဲကွေးပြီး ပဆစ်တုပ်ထိုင်တတ်တဲ့ အကျင့်ရှိတာ။• ပေါင်၊ ခြေသလုံးတွေပေါ်တဲ့ ဘောင်းဘီတို၊ စကပ်တွေ အမြဲဝတ်ပြီး အရေပြားကို နေလောင်ကာခရင်မ် Sunscreen မလိမ်းပေးတာ။• အစိုဓာတ်ထိန်းခရင်မ် (Moisturizer) မလိမ်းတဲ့အတွက် ခြောက်ကပ်ကပ်ဖြစ်ပြီး ကြမ်းလာတာ။• ဒူးခေါင်းဖိထိုင်နေလျက်နဲ့ မြေကြီးနဲ့ ပွတ်ဆွဲနေတတ်တာ။• မိန်းကလေးတွေမှာဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာတာ။• အရေပြားနှင်းခူရောဂါ။•ဆိုရီရေးစစ်(Psoriasis) အရေပြားရောဂါကြောင့်ပဲ ဖြစ်ပါတယ်။ဒူးခေါင်းမည်းနေတဲ့သူအများစုက နှစ်ပေါင်းများစွာ ဆဲလ်အသေတွေ စုပုံလာတဲ့အတွက် နဂိုအသားအရောင်ပျောက်ပြီး မည်းညစ်လာတာဖြစ်ပါတယ်။ ဒီတော့ ဒူးခေါင်းမည်းတာပျောက်ဖို့ Skincare ပြန်လုပ်ရင်တောင်မှ နဂိုအတိုင်းပြန်ဖြစ်လာဖို့ဆိုရင် အချိန်ပေးဖို့လည်း လိုသလို တော်တော်လေးလည်း စိတ်ရှည်သည်းခံပေးဖို့ လိုပါတယ်။ဒါကြောင့် ဒူးခေါင်းလေးမည်းနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအနေနဲ့ ခုပြောပြပေးမယ့် အချက်လေးတွေကို သေချာဂရုစိုက်ပြီး လုပ်ကြည့်ဖို့ ဝေမျှပေးလိုက်မယ်နော်။၁။ ရေများများသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ၃လီတာထက် မနည်းသောက်ဖို့ အရေးကြီးပါတယ်။၂။ အချဉ်ဓာတ် ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဥပမာ – လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ သံပယိုသီး၊ ဘယ်ရီသီးတွေကို များများစားပေးသင့်ပါတယ်။ဟင်းသီးဟင်းရွက်တွေထဲက သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီတွေနဲ့ အစိမ်းရင့်ရော် ဟင်းရွက်တွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။၃။ ရေချိုးပြီးတဲ့အခါ ဒူးခေါင်းကို အစိုဓာတ်ထိန်းခရင်မ် အရင်လိမ်းပေးပါ။ ကိုယ့်ရဲ့ အရေပြားက အစိုဓာတ်ပြည့်ဝနေမှသာ အသားအရေက စိုစိုပြေပြေနဲ့ ကြည့်ကောင်းမှာပါ။ များသောအားဖြင့် ဒူးခေါင်းမည်းတဲ့နေရာမှာ အသားက ခြောက်ပြီး ကြမ်းနေတတ်တာ သတိထားမိမှာပါ။ ဒါကြောင့် ရေချိုးပြီးတာနဲ့ ခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် မြန်မြန်လိမ်းဖို့ လိုမယ်နော်။ အစိုဓာတ်ထိန်းခရင်မ်အစားရှားစောင်းလက်ပပ်၊ ပျားရည်၊ လိမ္မော်၊ သံပရာအဆီအနှစ် ပါဝင်တဲ့ Body Lotion မျိုးကို ဒူးခေါင်းမှာ စက်ဝိုင်းပုံစံလိမ်းပြီး နှိပ်နယ်ပေးလို့လည်း ရပါတယ်။၄။ အားလပ်ရက်တွေမှာ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ဒူးခေါင်းကိုScrubနဲ့တိုက်ပေးပါ။ Scrub တိုက်ခြင်းဟာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေကို အလွှာလိုက် ကွာ်ကျစေပြီး အရေပြားဆဲလ်အသစ်တွေ ပြန်ဖြစ်လာစေဖို့လည်း ကူညီပေးနိုင်လို့ ဒူးခေါင်းမည်းနေတဲ့ပျိုမေတိုင်းအတွက် အကောင်းဆုံးပါပဲ။ သကြားဖြူ၊ သကြားညို၊ ပျားရည်၊ သေချာကြိတ်ထားတဲ့ ကော်ဖီစေ့၊ နှင်းဆီပန်းပွင့်၊ သံလွင်ဆီ အစရှိတဲ့ မီးဖိုချောင်သုံးနဲ့ အိမ်သုံးပစ္စည်းတွေကို ကိုယ်အဆင်ပြေတာရောပြီး အိမ်သုံး Scrub လုပ်လို့ရသလို အပြင်ကနေ ဝယ်ပြီးလုပ်လည်း အဆင်ပြေပါတယ်။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ Chemical Peeling ဂျယ်လ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်လောက်သာ အများဆုံး ကြေးချွတ်သင့်ပါတယ်။ Scrub တိုက်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။၅။ အပြင်သွားလို့ ဘောင်းဘီတို၊ စကပ်တွေ ဝတ်တော့မယ်ဆိုရင် နေနဲ့ထိမယ့်အရေပြားမှန်သမျှ Sunscreen လိမ်းပြီးမှ အပြင်ထွက်ပါ။ အဓိက မျက်နှာကို လိမ်းပေးရမှာဖြစ်ပြီး လည်ပင်း၊ လက်၊ ခြေထောက်နဲ့ ဝမ်းဗိုက်၊ ကျောပြင်တွေကိုပါ လိမ်းဖို့ လိုပါတယ်။ ကိုယ့်အသားအရောင်ပေါ်မူတည်ပြီး SPF 30 မှ 50 ထိပါဝင်တဲ့ နေလောင်ကာခရင်မ်တွေ ရွေးချယ်နိုင်ပါတယ်။ဒါဆို အလှကြိုက်လွန်းတဲ့ ပျိုမေလေးတွေ အတိုအပြတ်လေးတွေ ဝတ်ပြီး အပြတ်လန်းနိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/knee-beauty-ways-for-ladies/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pneumoconiosis-%e1%82%8f%e1%80%ba%e1%80%b4%e1%80%99%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%94%e1%80%ae%e1%80%9b%e1%80%af%e1%80%ad%e1%80%85%e1%80%85%e1%80%b9/
အရပ်ရှည် ဖို့ကလေးဘဝကတည်းကသေသေချာချာဂရုစိုက်ကြမယ်။
ဒီနေ့ခေတ်ကြီးမှာအရပ်ရှည်ခြင်းဟာလည်း လာဘ်တစ်ပါးပါပဲ။ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေအတွက်ပါ အရပ်မြင့်ခြင်းက အခြားသူတွေထက် တစ်ပန်းသာတဲ့ ခေတ်ကြီးမှာ မေမေတို့အနေနဲ့ မိမိတို့ကလေး အရပ်ရှည်လာနိုင်ဖို့အတွက် ဂရုစိုက်ပေးရမယ့် တာဝန်ရှိပါတယ်။ အရပ်မြင့်ခြင်း မမြင့်ခြင်းဟာမျိုးရိုးဗီဇပေါ်မူတည်တယ်ဆိုတာ မှန်ပေမယ့် မျိုးရိုးဗီဇ တစ်ခုတည်းနဲ့ သတ်ဆိုင်တာတော့ မဟုတ်ပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကလည်း အရပ်မြင့်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အခုအစားအသောက်၊ အနေအထိုင် ပြောင်းလိုက်ရုံနဲ့ ခုချက်ချင်း အရပ်မြင့်လာမှာ မဟုတ်ပါဘူး။ ကလေးငယ်ဘဝတည်းက သေသေချာချာ စားသောက်နေထိုင်မှုပုံစံတွေ ကောင်းမွန်အောင် ဂရုစိုက်ထားမှသာ ဖွံ့ဖြိုးကြီးဖွားတဲ့ အရွယ်ရောက်တဲ့အခါ တစ်ဖြည်းဖြည်းနဲ့ အကျိုးခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ မိမိကလေးအတွက် အရပ်ရှည်လာစေဖို့ ငယ်ဘဝထဲက ဘယ်လို ကျွေးမွေး၊ပြုစုသင့်တယ် ဆိုတာလေးတွေကိုမျှဝေပေးသွားပါမယ်။ကလေးကို အသက်၆လအထိမိခင်နို့တစ်မျိုးတည်းတိုက်ပြီး ၆လ ကျော်တဲ့အခါမှာလည်း သူ့အသက်အရွယ်နဲ့ သူ မျှတတဲ့ အာဟာရဓာတ်တွေပါအောင် ကျွေးပေးရပါမယ်။ ပရိုတင်းဓာတ်နဲ့ ကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ အထူးသဖြင့်ဗီတာမင် Dနဲ့ကယ်လ်ဆီယမ်စတဲ့ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ကြက်သား၊ ဗာဒံစေ့ကဲ့သို့သော အစေ့အဆံများ၊ အစိမ်းရင့်ရောင်အရွက်များ၊ ကန်စွန်းဥ၊ ကြက်ဥ၊ဘဲဥ စတဲ့ ဥအမျိုးမျိုး နဲ့ နို့၊ ဆယ်လမွန်ငါး၊ အသီးအနှံများ စတာတွေက မေမေတို့အတွက် ကလေးတွေကို အရပ်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအစားအစာလေးတွေကို နေ့စဉ်အစားအစာတွေထဲမှာ ပါအောင် ဂရုတစိုက် ထည့်ကျွေးဖို့ မမေ့ပါနဲ့နော်။အိပ်တဲ့အချိန်မှာ humangrowth hormoneလို့ခေါ်တဲ့ ကြီးထွားမှုကို ဖြစ်စေတဲ့ ဟော်မုန်းလေးတွေထွက်ပါတယ်။ ဒါ့ကြောင့် သူ့အသက်အရွယ်အလိုက် လိုအပ်တဲ့အိပ်စက်ခြင်းရဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ဟာ ကလေးတွေဆို အနည်းဆုံး ၁၀နာရီကျော်အိပ်သင့်ပြီး အရွယ်ရောက်ပြီးသားသူတွေဆိုရင်တော့ အနည်းဆုံး ရှစ်နာရီ အိပ်စက်သင့်ပါတယ်။တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား နေတာကလည်း အရပ်ရှည်အောင် အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဆိုရင်လည်း အိမ်မှာ ကစားပေးတာမျိုးအပြင်၊ ကျောင်းနေအရွယ် ကလေးတွေဆိုရင်လည်း အနည်းဆုံး တစ်နေ့ကို တစ်နာရီလောက်တော့ ကစားတာ၊ ကြိုးခုန်၊ ဘောလုံးကန်၊ စက်ဘီးစီး၊ လမ်းလျှောက် စတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ဖုန်းတွေ၊ တီဗီဂိမ်းတွေနဲ့ပဲ အမြဲထိုင်ပြီး အချိန်မကုန်နေဖို့နဲ့ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်ဖို့ကိုလည်း ငယ်ငယ်ကတည်းက မိဘတွေက ကူညီလေ့ကျင့်ပေးထားသင့်ပါတယ်။ ဒါ့အပြင် နည်းနည်းအရွယ်ရောက်လာတဲ့အခါ yoga ဆော့တာ၊ push-up နဲ့ အခြားနှစ်သက်ရာ လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။မတ်တပ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ နဲ့ အိပ်နေတဲ့အခါမှာတောင် ပုံစံမှန်ဖို့လိုအပ်ပါတယ်။ ပုခုံ၊ လက်ပြင်၊ ကျော စတဲ့ နေရာတွေ ကုန်းပြီးနေတာမျိုးကဲ့သို့ကိုယ်ဟန်အနေအထားမမှန်တာ အကျင့်တစ်ခုလို ဖြစ်လာတဲ့အခါမှာလည်း အရပ်ရှည်သင့်သလောက် မရှည်တော့ပါဘူး။ ဒါ့ကြောင့် အနေအထားမှန်အောင်၊ မတ်မတ်လေးဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသွားတဲ့အခါ လူတစ်ယောက်ရဲ့ အရိုး၊ အဆစ်ကြီးထွားမှုတွေ ရပ်တန့်သွားတဲ့ အတွက် အရပ်ဆက်မရှည်နိုင်တော့ပါဘူး။ အသက် ၂၅နှစ်ထိ အရပ်ရှည်နိုင်ဖို့ အခွင့်အရေးရှိသေးတယ် ဆိုပေမယ့် များသောအားဖြင့် မိန်းကလေးတွေမှာဆို အသက် ၁၆ ပတ်ဝန်းကျင် နဲ့ ယောကျ်ားလေးတွေမှာဆို အသက် ၁၈၊ ၁၉နှစ် ပတ်လည်ကို ကျော်လွန်သွားတဲ့အခါ ကြီးထွားမှုတွေ နှောင့်နှေးလာပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်မှ အရပ်ရှည်အောင် အစားအစာနဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲမယ်ဆိုရင် အကျိုးမရှိပါဘူး။“ကြိုတင်ပြင်ဆင်အောင်ပွဲဝင်” ဆိုတဲ့အတိုင်း မေမေတို့အနေနဲ့ ဖော်ပြပါ အချက်လေးတွေကို  ကလေးရဲ့ ငယ်ဘဝထဲက ကြိုတင်လေ့ကျင့်ပေးထားပြီး အောင်ပွဲဝင်နိုင်ကြဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/tall-young-kids/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%a6%e1%80%b8%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-botox/
Covid-19 ကပ်ဘေးကာလမှာ ဘေးကင်းစွာ ဈေးဝယ်ထွက်မယ်ဆိုရင်
၂၀၁၉ ဒီဇင်ဘာ အကုန်လောက်ကတည်းက တရုတ်နိုင်ငံကနေ စတင်လာခဲ့တဲ့ Covid-19 ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ဆိုရင်တော့ဖြင့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပြီပဲ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေကပ်ရောဂါအဖြစ်နဲ့ မကြေငြာခင်ကတည်းက ကျန်းမာရေးပညာရှင် အများစုက စားနပ်ရိက္ခာတွေ ကြိုတင်လှောင်ထားဖို့ သတိပေးခဲ့ပေမယ့် ပြည်သူအများစုက မယုံခဲ့ကြပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ကြိုတင်သိုလှောင်လို့ မဖြစ်တဲ့ အခြေအနေလည်း ရှိတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့တော့ မရပါဘူး။အဲ့တော့ ဘာလုပ်လို့ ရမလဲဆိုရင် မလိုအပ်ဘဲအိမ်ပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ စားနပ်ရိက္ခာ ကုန်ခါနီးမှသာ ထွက်ဝယ်ဖို့ လိုပါတယ်။ ထွက်ဝယ်တဲ့အခါမှာလည်း သတိထားရမှာတွေ အများကြီးပါပဲ။ ဒီတော့ ကိုယ့်အိမ်ရဲ့ စားဝတ်နေရေးကို ဦးဆောင်နေရတဲ့ အိမ်ထောင်ရှင် မေမေတွေ ဈေးဝယ်ထွက်တဲ့အခါ အဓိက ဦးစားပေးအနေနဲ့။၁။ ရေကို ကြိုတင်သိုလှောင်ထားပါ။ ကိုယ့် အိမ်အနီးအနားကနေ ရေသန့်ပုံးတွေကို တစ်ခါဆိုရင် ၃ပုံးစီလောက် မှာပြီး သိုလှောင်ထားလို့ ရပါတယ်။ အိမ်မှာမိသားစုဝင်တွေ များရင်တော့ နည်းနည်း ပိုမှာပေါ့။၂။ အစားအသောက် ဝယ်ခြမ်းတော့မယ်ဆိုရင် တာရှည်ခံမယ့် အရာတွေကို ဦးစားပေး ဝယ်ပါ။၃။တာရှည်ခံအစားအသောက်တွေထဲမှာ ခေါက်ဆွဲခြောက်၊ အအေးခံထားလို့ ရတဲ့ အစားအစာတွေ (ဥပမာ – အသားလုံး၊ ဝက်အူချောင်း၊ ဝက်သားပြား စတာတွေ) ၊စည်သွပ်ဘူးပိတ် အစားအစာ၊ ပဲနဲ့အစေ့အဆန်မျိုး၊ ဆန်၊ သစ်သီးခြောက်၊ အအေးဘူးတွေကို ရွေးဝယ်ပါ။၄။ သိပ်ပြီး တာရှည်မခံတဲ့ အစားအစာတွေ၊ မုန့်ပဲသရေစာတွေကိုတော့ ဒုတိယ ဦးစားပေးအနေနဲ့ပဲ ဝယ်ပါ။၅။ ဆေးဝါးတွေကို မမေ့ပါနဲ့။ ကိုယ့်အိမ်မှာ ရောဂါဖြစ်နေတဲ့ မိသားစုဝင်တွေ ရှိရင် သူတို့ရဲ့ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေကို ဆေးရုံမှာ ၃လစာ သို့မဟုတ် ၆လစာလောက် ထုတ်ထားပါ။ အဲ့လိုမဟုတ်လည်း ဆရာဝန်ဆီ အရင်ဆုံး အကြောင်းကြားပြီး ဆေးစာအတိုင်း လိုအပ်တဲ့ ဆေးတွေကို ကိုယ့်အနီးအနားက ဆေးခန်းတွေမှာ ဝယ်ထားပါ။အအေးမိ၊ ဖျားနာ၊ ချောင်းဆိုးပျောက်ဆေး၊ ခေါင်းကိုက်ပျောက်ဆေး စတာတွေလည်း ဝယ်ထားပါ။၆။ မဖြစ်မနေ အိမ်အတွက် အသုံးလိုမယ့် ပစ္စည်းတွေ၊ ဥပမာ – ဓာတ်ခဲ၊ အိမ်သာသုံး တစ်သျှူး၊Mask၊ အမျိုးသမီးများ ရာသီလာစဉ်လစဉ်သုံးပစ္စည်းများ၊ ဂွမ်းထုပ်၊ ကလေး နို့မှုန့်၊ diaper သေးခံ၊အိမ်သန့်ရှင်းရေးသုံး ပစ္စည်း၊ ဆပ်ပြာ၊ ပရိဘောဂအတွက် ပိုးသတ်ဆပ်ပြာ၊ ဖုန်းငွေဖြည့်ကဒ်တွေကို ဝယ်ထားပါ။၇။ မလိုအပ်ဘဲ ဈေးနေရာတွေ မသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးအနေအထားက အရမ်းကျဉ်းပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ သွားလာဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ပါပဲ။ မဖြစ်မနေ သွားရမယ်ဆိုရင်လည်းMaskတပ်သွားပါ။ လက်သန့်စင်ဆေးရည် ဆောင်သွားပါ။၈။ အပြင်ကနေ ဝယ်ခြမ်းပြီး ပြန်လာရင် ပါလာတဲ့ ပလတ်စတစ်အိတ်တွေကို စနစ်တကျ စွန့်ပစ်ပါ။ စားစရာတွေကို သေချာသန့်စင်ဆေးကြောပါ။ အဝတ်အစားတွေကို လျှော်ဖွပ်ပါ ဒါမှမဟုတ်လည်း လျှော်ဖို့အတွက် သီးသန့် ဖယ်ထားပါ။ ရေချိုးပါ။ လက်ကို ရေ၊ဆပ်ပြာနဲ့ ပြန်ဆေးပါ။ကိုယ့်မိသားစုဝင်တွေ အနေနဲ့လည်း အိမ်မှာပဲ တတ်နိုင်သလောက် နေဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့ကို ထပ်ပြီး တိုက်တွန်းပါရစေ။ ရောဂါပိုးဟာ ကူးစက်ခံရတဲ့တိုင်အောင် ၂ရက်လောက်ထိ ဘာလက္ခဏာမှ မပြဘဲ ကိုယ်ခန္ဓာထဲ ရှိနေတတ်တဲ့အတွက် ကိုယ့်ကြောင့် ကိုယ့်မိသားစုပါ ဒုက္ခမရောက်စေဖို့ သေချာ ဂရုစိုက်ပေးဖို့ကိုလည်း မှာချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-shopping/
ကလေးမွေးဖွားခါနီးမေမေတွေ COVID_19 ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ……….
အခုလိုကာလမှာကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားတော့မယ့် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။(COVID-19)ဆိုတာ……………..။Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရတဲ့အခါချောင်းဆိုးတာ၊ ကိုယ်ပူတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကူးစက်ခံရနိုင်ခြေများတယ်၊ ကူးစက်တာနဲ့ သေမှာပဲလားလို့ဆိုပြီး စိုးရိမ်မနေပါနဲ့။လက်ကို မကြာခဏ ဆေးကြောသန့်စင်မယ်။ မျက်နှာကိုကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ (၁ မီတာ) ခွာနေမယ်ဆိုရင် ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ နေမကောင်းတဲ့သူနဲ့ အနည်းဆုံး ၃ ပေခွာပြီး နေဖို့လိုပါ မယ်။Coronavirus disease (COVID-19) ကူးစက်ခံရသူတစ်ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၁ ရက် ကနေ ၁၄ ရက်အတွင်းမှာ။• အဖျားတက်မယ်။•ခြေကုန်လက်ပမ်းကျမယ်။•အသက်ရှူ ရခက်မယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ရောဂါပိုး ကူးစက်ခံလိုက်ရသူတစ်ယောက်ဟာရောဂါပိုးစကူးစက်ခံရတဲ့နေ့နေ ၁၄ ရက်အတွင်းမှ ရောဂါလက္ခဏာတွေ ပြလာတတ်ကြပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး ၁၄ ရက်တာ ကာလအတွင်းမှာကိုယ်ပူတာ၊အဖျားတက်တာ၊ အားအင်ကုန်ခမ်းတာ၊ ချောင်းခြောက်ဆိုးတာလိုမျိုး လက္ခဏာတွေပြတတ်ပါတယ်။ ရောဂါ ခံစားရသူရဲ့ ၈၀ ရာခိုင်နှုန်းမှာ အထူးကုသမှုတွေ လုပ်စရာမလိုဘဲ ပြန်လည်ကျန်းမာလာကြပါတယ်။ဒီရောဂါကို ကာကွယ်ဆေးရော ကုသဆေးပါမရှိသေးပါဘူး။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့လည်း။တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုတွေ့မယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။မိခင်ဆီကနေ ကလေးဆီကို ကူးစက်နိုင်ခြေရှိသလားဆိုတာက တိတိကျကျ အဖြေမထုတ်နိုင်သေးပေမယ့် ကလေးတွေမှာ ရောဂါကူးစက်ဖြစ်ပွားတာက ရာခိုင်နှုန်း နည်းနည်းပဲရှိပါသေးတယ်။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်စဆောင်ချိန်ကတည်းက လိုအပ်တဲ့ကာကွယ်ဆေးတွေ အကုန်လုံးကို သေချာလေးထိုးနှံထားဖို့တော့ လိုပါမယ်။ နောက်တစ်ချက်က မွေးဖွားပြီးချိန်မှာလည်း ကလေးကိုနို့ချိုတိုက်ကျွေးလို့ရပါတယ်။သေချာလေးကုသမှုကိုတော့ ခံယူဖို့လိုပါမယ်။စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ သေချာလေး ကုသမှုခံယူဖို့တော့ လိုအပ်မှာပါ။ ကလေးကို မချီခင် နှာခေါင်းစည်းတပ်တာ၊ လက်တွေကို သေချာဆေးကြောတာ မျိုးတွေ လုပ်ဖို့လိုပါမယ်။ ကိုင်တွယ်ထိတွေ့ထားတဲ့ အရာတွေကိုလည်း မ​ကြာခဏ ဆိုသလို ပိုးသတ် သန့်စင်ဖို့လိုပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-pregnancy/
Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ
ဆေးခန်းသွားပြလိုက်လို့ လူနာဖြစ်နေတဲ့ ရောဂါက Autoimmune ရောဂါပါ။ ခုခံအားက တုံ့ပြန်မှုများနေတာ၊ ခုခံအား ကမောက်ကမ ဖြစ်နေတာ စသဖြင့် ဆရာဝန်က ရှင်းပြလိုက်တာကို ကြားဖူးမှာပါ။ ဆရာဝန်က ရှင်းပြလို့သာ ‘အင်း’ ဆိုပြီး နားလည်သလိုလို လုပ်လိုက်ရတာ၊ တကယ်က ဒါဘာရောဂါကြီးလဲဆိုပြီး စိတ်ထဲမှာ တွေးနေမှာပါ။ ဒီဆောင်းပါးထဲမှာတော့ Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆိုတာကို အသေးစိတ် ပြောပြပေးမှာပါ။ခန္ဓာကိုယ်ထဲကို အပြင်ကနေ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်လာတယ်ဆိုပါစို့။ခုခံအားက ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင်ဆိုပြီး ရှေ့တန်းကနေ တိုက်ထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် ခုခံအားရဲ့ အလုပ်က ပြင်ပကနေ ဝင်လာတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးဖို့ပါ။ ဒါက သူ့ရဲ့ အလုပ်ပါ။Autoimmune ရောဂါမှာတော့ ခုခံအားက ခန္ဓာကိုယ်ထဲက ဆဲလ်အကောင်းတွေ၊ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မှားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ခုခံအားကမောက်ကမ ဖြစ်နေတယ်။ ခုခံအားက အတက်ကြွလွန်နေတယ်ဆိုပြီး ပြောတာ ဖြစ်ပါတယ်။ခုခံအားက ဘာလို့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆဲလ်တွေ၊ ကိုယ်တွင်းအင်္ဂါတွေကို လိုက်တိုက်ခိုက်တာလဲဆိုတာ မသိရသေးပါဘူး။ ဘာကြောင့် ကိုယ့်ရဲ့ ခုခံအားမှာမှ ဒီလိုလာဖြစ်နေတာလဲဆိုတာကိုလည်း မသိရသေးပါဘူး။ဒါပေမယ့် Autoimmune ရောဂါက အောက်ပါ အချက်တွေနဲ့ ဆက်စပ်နေတာကိုတော့ တွေ့ရပါတယ်။ဒီအချက်တွေ ရှိတိုင်း Autoimmune ရောဂါ ဖြစ်တာမျိုး မဟုတ်ပေမယ့် ဖြစ်နိုင်ခြေ ပိုများစေပါတယ်။Autoimmune ရောဂါပေါင်း အမျိုး၈၀လောက်ရှိပြီး ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ။အရိုးအဆစ်တွေမှာဆိုရင်။အစာအိမ်နဲ့ အူလမ်းကြောင်းမှာဆိုရင်။‌ဟော်မုန်းရောဂါတွေမှာဆိုရင်။အရေပြားမှာဆိုရင်။အာရုံကြောစနစ်မှာဆိုရင်။ဒါက အဖြစ်များတဲ့ရောဂါတွေပဲ ရှိပါသေးတယ်။ တခြား ရှားပါးရောဂါတွေလည်း ရှိပါသေးတယ်။Autoimmune ရောဂါတွေက ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေလည်း ကွဲပြားပါတယ်။ ဥပမာ အရိုးအဆစ်မှာဖြစ်တာဆိုရင် အဆစ်နာတာ၊ ရောင်တာတွေ ဖြစ်တတ်သလို အရေပြားဆိုရင်လည်း ယားယံတာ၊ အကွက်တွေထတာ စတာတွေ ဖြစ်တတ်ပါတယ်။ဥပမာ SLEကို အရေပြားလေးဖက်နာလို့ ခေါ်ကြပေမယ့် အဆစ်တွေ၊ နှလုံး၊ အဆုတ် စတာတွေကိုပါ ထိခိုက်နိုင်ပါတယ်။Autoimmune ရောဂါတွေအတွက် သောက်နေတဲ့ ကိုယ်ခံအား ထိန်းညှိဆေးတွေက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သလို ရောဂါကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးတာ၊ ပိုကောင်းတာ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဆေးတွေ ပြန်ညှိတာ၊ ပြောင်းတာ လုပ်ဖို့ လိုပါတယ်။Autoimmune ရောဂါတွေက ဖြစ်တဲ့ပုံစံ တူတာကြောင့် တစ်ခုဖြစ်ရင် နောက်တစ်ခု လိုက်ဖြစ်နိုင်ပါတယ်။ ဥပမာ အရေပြားလက်ဖက်နာ ရှိသူမှာ အူမကြီးရောင်ရမ်းတာ၊ လည်ပင်းကြီးရောဂါ စတာတွေ ထပ်ဖြစ်နိုင်ပါတယ်။Autoimmune ရောဂါတွေက ဖြစ်ရတဲ့ အကြောင်းရင်း တိတိကျကျ မရှိတဲ့အတွက် အပြီးပျောက်အောင်လည်း ကုသလို့ မရပါဘူး။ ဒါပေမဲ့ ရောဂါကို ကြွမလာအောင် ဆေးတွေနဲ့ ထိန်းထားလို့ ရပါတယ်။ဆေးတွေ ပုံမှန်သောက်မယ်။ ကိုယ်နဲ့ မတည့်တာတွေကို ရှောင်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ နေလို့ ရပါတယ်။Autoimmune ရောဂါတွေက ဘယ်သူတွေမှာ ဖြစ်မလဲ ကြိုမသိနိုင်သလို ကာကွယ်လို့လည်း မရပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းစေဖို့ဆိုရင်။-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။-ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးနေပါ။-ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့တာကို ‌လျှော့ပါ။-ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။-ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။Autoimmune ရောဂါတွေကိုစတီးရွိုက်လိုမျိုး ကိုယ်ခံအားထိန်းညှိဆေးနဲ့ ဖိနှိပ်ထားရတဲ့အတွက် ကိုယ်ခံအား ကျနေနိုင်ပါတယ်။ ဒါကြောင့် တခြားရောဂါပိုးတွေ ဝင်မလာအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာတွေ လုပ်ဖို့ လိုပါတယ်။Autoimmune ရောဂါဆိုတာ ဘယ်သူမှာ ဖြစ်မှာလဲ၊ ဘာကြောင့်ဖြစ်တာလဲ မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း ရောဂါတွေကို ဆေးနဲ့ ထိန်းချုပ်ထားလို့ရပါတယ်။ ရောဂါကို ကြွမလာအောင် ဆေးဝါးတွေ၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ထိန်းချုပ်ထားမယ်ဆိုရင် သာမန်လူလိုပဲ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/autoimmune-what-you-need-to-know/
မွေးကျွတ်နာဆိုတာ ဘာများလဲ………….
အရေပြားပေါ်မှာ ပေါက်နိုင်တဲ့အနာတွေ၊ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ အမျိုးမျိုးရှိပါတယ်။ အကြောင်းကတော့ ပြင်ပက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေနဲ့ အခြားသော ဓာတ်မတည့်တဲ့အရာတွေက ကိုယ်တွင်းကို မဝင်ရောက်ခင်မှာခန္ဓာကိုယ်ရဲ့ ခံတပ် အရေပြားကို အရင်တိုက်ခိုက်တာကိုး။ ဒီတော့ အရေပြားက ပြဿနာအမျိုးမျိုး ကြုံရပြီပေါ့။ ဒီတစ်ခေါက်တော့ မွေးကျွတ်နာဆိုတာ ဘာများလဲ…………. ဆိုတာကို ပြောပြပေးချင်ပါတယ်။မွေးကျွတ်နာဆိုတာက အရေပြားမှာဖြစ်တဲ့ ပိုးဝင်တဲ့ ရောဂါတစ်မျိုးပါ။ အထူးသဖြင့်မွေးညှင်းပေါက်လေးတွေ အဆီဂလင်း လေးတွေ ပိတ်ဆို့မှုကနေ စတင်ဖြစ်တာပါ။ ပြီးတော့ ပိုးဝင်လာတာပေါ့။ ဖြစ်ကာစမှာ အရေပြားက အနီရောင်ပြောင်းလာမယ်။ ပြီးရင်ရောင်လာပြီး ပြည်တွေ စဖြစ်လာပါမယ်။ အနာဖြစ်ပြီး ၄ ရက် ကနေ ၇ ရက်လောက်မှာ ပြည်တွေက ဖောင်းတင်းနေပါလိမ့်မယ်။ထိလိုက်ရင် တော်တော်လေးနာသလို ဖိမိရင်လည်း မျက်ရည်ကျတဲ့အထိ နာတာမျိုးခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ ဂုတ်၊ ချိုင်းကြား၊ ပခုံး နဲ့ တင်ပါး၊ ခြေသလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ မျက်ခမ်းသားမှာတောင် ဖြစ်နိုင်ပါတယ်။မွေးကျွတ်နာအများစုက ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့Staphylococcalဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဒီဘက်တီးရီးယားတွေက ချွေးပေါက်လေးတွေ၊ အရေပြားပေါ်ကပြတ်ရှရာလေးကနေတစ်ဆင့် မွေးညှင်းအိတ်လေးတွေဆီကို ဝင်ရောက်သွားရာကနေ ရောင်ရမ်းပြီး စဖြစ်တာပါ။သန့်ရှင်းမှုအားနည်းတာကြောင့်လို့တော့ တထစ်ချဆိုလို့ မရပေမယ့် အရေပြားကို သေချာသန့်စင်ဖို့ကတော့ လိုအပ်ပါမယ်။မွေးကျွတ်နာက လူတိုင်းမှာ ဖြစ်နိုင်ပေမယ့်။မွေးကျွတ်နာဖြစ်တဲ့အခါ။မွေးကျွတ်နာ ဖြစ်တာနဲ့အတူ။မွေးကျွတ်နာ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/boils/
အများကိုကူညီဖေးမတာကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး
အတ္တဟိတ ထက်ပရဟိတကပိုအရေးကြီးတယ်ဆိုတာမျိုးကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ပါးသူတွေကို အကူအညီပေးတာက ကိုယ့်ကိုယ်ကို ကူညီရာလည်းရောက်ပါတယ်။ ဘဝမှာရှင်သန်နေထိုင်ရင်း အခြားသူတွေကို ကူညီဖေးမတာက ဘဝရှင်သန်မှုကို ပိုမိုအဓိပ္ပါယ်ပြည့်စုံစေပါတယ်။ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်တာမျိုးပဲဖြစ်ဖြစ်။ ကလေးငယ်လေးတွေကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပြသပေးရတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးတာက မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကို အထောက်အကူပြုရာကြသလို မိမိကိုယ်တိုင်မှာလည်းကောင်းကျိုးကျေးဇူးတွေခံစားရနိုင်ပါတယ်။ မိမိထက်အားနည်းနေတဲ့သူတွေ၊ အကူအညီလိုအပ်နေသူတွေကို ကူညီဖေးမတာက ကျန်းမာရေးအပေါ်တော်တော်လေးကို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်၊လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။သူတစ်ပါးကို ကူညီဖေးမတာက စိတ်ခံစားမှုကိုကောင်းမွန်စေရုံသာမက ကျန်းမာရေးအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ သူတစ်ပါးကို ကူညီပေးတာက စိတ်ဓါတ်ကျမှုကိုခံစားရနိုင်ခြေနည်းစေသလိုသွေးတိုးရောဂါခံစားရနိုင်ခြေနဲ့သေဆုံးနိုင်ခြေတွေကိုလည်း တိုးစေနိုင်ပါတယ်။ အများကိုကူညီပေးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတယ်၊လိုပခ့စားရမှုကို တိုးစေတယ်ဆိုတာက သိပ်တော့ အံ့သြစရာမရှိပါဘူး။ သူတစ်ပါးကို ကူညီပေးတာက ကိုလက်စထရောပမာဏကို ကျစေနိုင်တဲ့ အပြင် BMI ကိုလည်း တိုးတက်စေနိုင်တယ်။ လို့လည်း ဆိုပါတယ်။သူတစ်ပါးကိုဖေးမကူညီပေးတာကနေ ဘာတွေရရှိနိုင်မလဲဆိုတာလေးကို ကြည့်ကြည့်ရအောင်ပါ။အရည်အသွေးကိုမြှင့်တင်နိုင်စေခြင်း။သူတစ်ပါးကို ကူညီတာက ခပ်ပေါ့ပေါ့နေတတ်တဲ့ အလေ့အထကိုပျောက်ပျက်စေနိုင်ပါတယ်။ သူတစ်ပါးကို ကူညီပေးတာက လူသစ်တွေနဲ့တွေ့ဆုံခွင့်ရရှိသလို အတ်ပညာအသစ်တွေကိုလည်းလေ့လာသင်ယူခွင့်ရရှိစေပါတယ်။ သူတစ်ပါးကို ကူညီပေးတာက လူပီသတဲ့ လူတစ်ဦးအနေနဲ့ ရှင်သန်ရပ်တည်ခွင့်ရရှိစေပါတယ်။ သူတစ်ပါးကို ကူညီပေးတဲ့သူတွေဟာ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာသလို၊ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို ခံစားရနိုင်ပြီးပျော်ရွှင်မှုကိုလည်း ရရှိခံစားနိုင်ပါတယ်။စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ခြင်း။ခေတ်သစ်လူနေမှုဘဝပုံစံက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ပရဟိတလုပ်တာဖြစ်ဖြစ်၊ အခြားသူတွေကို ကူညီပေးတာဖြစ်ဖြစ် လုပ်ဆောင်နေချိန်မှာ သူတစ်ပါးတွေရဲ့ အခက်အခဲကိုဖြေရှင်းပေးရင်း ကိုယ့်ကြုံတွေ့နေရတဲ့ အခက်အခဲကိုဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်းရရှိမှာဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်ခြင်းနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေနဲ့လေ့ကျင့်ခန်းတွေက စိတ်ဖိစီမှုတွေကိုလျော့ကျစေနိုင်ပါတယ်။အသက်ရှည်စေနိုင်ခြင်း။သူတစ်ပါးကို ကူညီလိုက်တိုင်းရရှိခံစားရတဲ့ ပီတိလေးတွေက စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေတာကြောင့် သူတစ်ပါးကို ကူညီပေတာကိုရေရှည်လုပ်ဆောင်တဲ့အခါ အသက်ပိုရှည်လာစေနိုင်သလိုရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းလျော့ကျစေပြီး ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ခြင်း။သုတေသနအချို့မှာ သူတစ်ပါးကိုကူညီပေးတာက (Dementia) မှတ်ဉာဏ်ချို့ယွင်းခြင်း ကိုလျော့ကျစေနိုင်တယ်လို့တွေ့ရှိရပါတယ်။ သူတစ်ပါးကို ကူညီဖေးမပေးခြင်းက ဦးနှောက်တွင်းကelasticity တွေကိုတိုးတက်ကောင်းမွန်စေနိုင်တယ်။ လို့ဆိုပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်တာက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးနိုင်သလို ကာကွယ်ရာမှာလည်း အထောက်အကူပြုနိုင် ပါတယ်၊လို့လည်းဆိုပါတယ်။BMI နဲ့ ကိုလက်စထရောပမာဏကိုကျဆင်းစေနိုင်ခြင်း။သူတစ်ပါးကို ကူညီဖေးမတာက ခန္ဓါကိုယ်ညွှန်းကိန်း (BMI)ပေါ်မှာ ထိရောက်မှုရှိစေနိုင်သလို ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်၊ လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ၂ လကြာ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်တာက BMI ကိုကျဆင်းစေသလို ကိုလက်စထရောပမာဏကိုလည်းကျဆင်းစေနိုင်တယ်။ လို့တွေ့ရှိခဲ့ရပါတယ်။ သူတစ်ပါးကို ကူညီတာက ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးတက်စေနိုင်ပါတယ်၊ လို့သုတေသီတွေက ဆိုပါတယ်။သွေးဖိအားကျဆင်းစေနိုင်ခြင်း။လေ့လာမှုတစ်ရပ်အတွင်း တစ်နှစ်ကို နာရီ ၂၀၀ ပရဟိတလုပ်တဲ့သူတွေက ပရဟိတမလုပ်တဲ့သူတွေထက်သွေးတိုးရောဂါခံစားရနိုင်ခြေလျော့နည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ပရဟိတလုပ်တာ နာရီ ၂၀၀ ထက်နည်းတဲ့သူတွေမှာလည်းသေါးတိုးရောဂါဖြစ်နိုင်ခြေလျော့နည်းတာမျိုးမရှိဘူးလို့သိရပါတယ်။သူတစ်ပါးကို ကူညီပေးတာကကိုလက်စထရောပမာဏကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုလျော့ပါး သက်သာစေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေနိုင်တယ်လို့လေ့လာမှုတွေအရသိရပါတယ်။ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေနိုင်ခြင်း။ရုပ်ပိုင်းဆိုင်ရာအရ သူတစ်ပါးကို ကူညီပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရ ာအကျိုးကျေးဇူးတွေကို ခံစားရမှာမလွဲပါပဲ။ ဥပမာပြောပြရရင်ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ပစ္စည်းတွေဝိုင်းသယ်ပေးတယ်ဆိုပါစို့၊ အလေူအပင်တွေဝိုင်းသယ်ပေးတာကြောင့် ခန္ဓါကိုယ်တွင်း ကကယ်လ်လိုရီတွေလောင်ကျွမ်းသွားမှာဖြစ်ပါတယ်။ဆေးသုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ စာကြည့်တိုက်ရှင်းတဲ့နေရာတွေမှာ ဝိုင်းလုပ်ပေးမယ်ဆိုရင် အလေးမတဲ့လေ့ကျင့်ခန်းလုပ်သလိုမျိုး ၊ အကြောဆန့်လေ့ကျင့်ခန်းလုပ်သလိုမျိုး အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်တဲ့ အပြင်အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။မိသားစုဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ခြင်း။ပရဟိတလုပ်တဲ့သူတွေက အများနဲ့လိုက်လျောညီထွေဆက်ဆံနေထိုင်တတတ်တာကြောင့် မိသားစုတွင်းမှာလည်း အဆင်ပြေပြေဆက်ဆံနိုင်ပါတယ်။ သူတို့ဟာ မိသားစုဝင်တွေအပေါ်မှာ မှီခိုတာမျိုးမရှိဘဲ ကိုယ်တိုင်လုပ်ဆောင်ရင်း အခြားမိသားစုဝင်တွေကိုလည်း ကူညီဖေးမတတ်ကြပါသေးတယ်။ စိတ်ပိုင်းဆိင်ရာကျန်းမာသန်စွမ်းကြသလို စိတ်ကျရောဂါခံစားရနိုင်ခြေကလည်း အခြားသူတွေထက်နည်းပါတယ်။ မိမိကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအမှီအခိုကင်းတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေတိုးတက်ကောင်းမွန်ခြင်း။ပရဟိတလုပ်ဆောင်တာက ဦးနှောက်လုပ်ငန်းစဉ်ေတွေအတွက် အကျိုးကျေးဇူးကောင်းတွေရရှိစေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို သင်ကြားပေးရာမှာ အကူအညီပေးမှုက ကလေးငယ်တွေကို စာတွေဖတ်ပြရင်း မိမိကိုယ်တိုင်လည်း သိမြင်မှုစွမ်းရည်တိုးလာသလိုနေ့စဉ်ဘယနေထိုင်မှုမှာလည်း လုပ်ငန်းဆောင်တာတွေသတ်မှတ်မှုတွေနဲ့ အစီအစဉ်ရေးဆွဲချမှတ်မှုတွေမှာ တိုးတက်မှုကိုရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။စိတ်ကျန်းမာရေးကို တိုးတက်စေနိုင်ခြင်း။ပရဟိတလုပ်ဆောင်ခြင်းနဲ့ စိတ်ကျန်းမာရေးအကြားမှာ ဆက်စပ်မှုရှိနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ သူတစ်ပါးကို ကူညီဖေးမပေးတဲ့ သူတွေက အခြားသူတွေထက် စိကျန်းမာရေးပိုမိုကောင်းမွန်တာကိုတွေ့ရှိခဲ့ရပါတယ်။သူတစ်ပါးကို ကူညီဖေးမတာက အသက်အရွယ်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာက အခြားသူတွေထက်ပိုကောင်းတယ်လို့ လေ့လာမှုတွေအရတွေ့ရှိခဲ့ရပါတယ်။စိတ်ဓါတ်ကျနိုင်ခြေကိုလျော့ကျစေနိုင်ခြင်း။သင်ဟာ အခြားသူတွေကို စိတ်ဓါတ်မကျအောင် ကူညီပေးနေရသူတစ်ဦးဖြစ်မယ်ဆိုရင် သင်ဟာစိတ်ဖိစီးမှု လက္ခဏာတွေကို အလွယ်တကူကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ပရဟိတလုပ်ဆောင်မှုက လူအများနဲ့ထိတွေ့ဆက်ဆံရတာကြောင့် တစ်ကိုယ်တည်း အထီးကျန်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလို စိတ်ကျရောဂါခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဘဝကို အဓိပ္ပါယ်ပြည့်ဝစွာရှင်သန်ခွင့်ရရှိစေပြီး မိမိဘဝကိုမိမိကျေနပ်မှုကိုလည်းရရှိခံစားရစေနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%96%e1%80%b1%e1%80%b8%e1%80%99%e1%80%90%e1%80%ac%e1%80%80%e1%80%94%e1%80%b1-%e1%80%9b/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/myths-related-by-tickling-kids/
Bronchiectasis (Bronchiectasis ဆိုတာ ဘာလဲ)
Bronchiectasis ဆိုတာ အဆုတ်ထဲမှာ ရှိတဲ့ လေပြွန်တွေ ပျက်စီးသွားပြီး ပုံမှန်မဟုတ်တော့ပဲ ကျယ်လာတာ ဖြစ်ပါတယ်။ အဆုတ်ထဲက ပျက်စီးသွားတဲ့ အသက်ရှူလမ်းကြောင်းတွေက ဘတ်တီးရီးယားနဲ့ အချွဲတွေကို အဆုတ်ထဲမှာ ပေါ်ပေါက်လာစေပါတယ်။ နောက်ဆုံးမှာ ဘတ်တီးရီးယား၊ အချွဲတွေက အဆုတ်ရဲ့ ကာကွယ်နိုင်မှု စွမ်းရည်ကို ဖျက်စီးလိုက်ပြီး အသက်ရှူလမ်းကြောင်းတွေမှာ ရောဂါပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်းတွေ ဖြစ်လာပါတယ်။လေပြွန်နံရံတွေက ကာလကြာမြင့်စွာ ယောင်ယမ်းခြင်း နှင့် ပိုးဝင်ခြင်းတို့ကြောင့် ထူလာပြီး အချွဲ တွေ စုပုံ လာစေပါတယ်။Bronchiectasis က အမြစ်ပြတ် ကုလို့ မရနိုင်ပါဘူး။ ဒါပေမယ့် သင့်တင့်တဲ့ ကုသမှုနဲ့ အသက်ရှင်သန် နိုင်ပါတယ်။ သင့် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေ အောက်ဆီဂျင်မပြတ်သွားဖို့ အတွက်သေချာကုဖို့တော့လိုပါလိမ့်မယ်။အင်္ဂလန်နိုင်ငံရဲ့ သုံးပုံနှစ်ပုံလောက်မှာ ဒီရောဂါ ရှိကြပါတယ်။ တကယ်တော့ ဒီထက်ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြား အဆုတ်ရောဂါတွေ ရှိတဲ့ လူတွေမှာလဲ ဒီရောဂါ ရှိနိုင်လို့ပါ။ ဒီရောဂါက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကလေးတွေတောင် ဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ အဖြစ်များပါတယ်။ အသေးစိတ် သိချင်ရင်တော့ သင့် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။တွေ့ရများတဲ့ ရောဂါ လက္ခဏာတွေကတော့။ချောင်းဆိုးပြီး အစိမ်းရောင်၊ အဝါရောင် အကျိအချွဲများ ထွက်ခြင်း၊။လှုပ်ရှားမှုများတဲ့ အချိန်မှာ အသက်ရှူမဝဖြစ်ခြင်း၊။လှုပ်ရှားမှုများတဲ့ အချိန်မှာ မောပန်းခြင်း၊။ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊။အသက်ရှူတဲ့ အခါမှာ တရွှီရွှီမြည်ခြင်း၊။ချောင်းဆိုးတဲ့ အခါ အချွဲများနှင့် အတူ သွေးများပါလာခြင်း၊။ရင်ဘတ်အောင့်ခြင်း၊။အရေပြား ပြာလာခြင်း၊။အလေးချိန်လျော့ကျခြင်း၊။မောပန်းခြင်း၊။လက်သည်း၊ခြေသည်းများ အောက်မှ အရေပြားများ ထူလာခြင်း၊။အထက်ဖော်ပြပါ လက္ခဏာများမှာ မပါတဲ့ လက္ခဏာများလဲ ဖြစ်နိုင်ပါတယ်။ ရောဂါ လက္ခဏာနဲ့ ပတ်သတ်ပြီး မရှင်းတာ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိရင် သို့မဟုတ် မေးခွန်းများမေးချင်ရင် သင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ လူတွေရဲ့ ခန္ဓါကိုယ်က ပုံစံ အမျိုးမျိုးနဲ့ တုန့်ပြန်ပါတယ်။ သင့်ရဲ့ အကောင်းဆုံး အခြေအနေ အတွက် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါ။Bronchiectasis ကို ဘာတွေက ဖြစ်စေသလဲ။အဆုတ်တွင် ရောဂါပိုးဝင်ခြင်းကြောင့် အဖြစ် အများဆုံးပါ။ တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ် ရောဂါပိုးများ၊ စတပ် သို့မဟုတ် တီဘီပိုးကဲ့သို့ ဘတ်တီးရီးယားပိုးများ ဝင်ခြင်း တို့ ပါဝင်ပါတယ်။ပြင်ပမှ အရာများ ရှူသွင်းမိခြင်း၊ အစာများ အသက်ရှူလမ်းကြောင်းသို့ ဝင်သွားခြင်း၊။ခုခံအားကျဆင်းခြင်း ( သွေးတွင်းတွင် ရောဂါပိုးများကို တိုက်ခိုက်သော ပရိုတိန်း နဲပါးခြင်း)။အူယောင်သော ရောဂါများ။အဆစ်အမြစ်ယောင် ရောဂါများ (လေးဖက်နာ ရောဂါနှင့် ကိုယ်ခန္ဓါခြောက်သွေ့ခြင်းများ )။Alpha 1-antitrypsin ချို့တဲ့ခြင်း။နာတာရှည် အသက်ရှူလမ်းကြောင်းကျဉ်းသည့် ရောဂါများ။ခုခံအား ကျဆင်းမှု ရောဂါများ၊ ခုခံအားကျဆင်းနေတဲ့ အတွက် ကူးစက်ရောဂါများ ပိုမို ဖြစ်လာနိုင်ပြီး ဒီရောဂါကို ပိုဖြစ်စေပါတယ်။အစာအိမ်မှ အစာရေမြိုသို့ အစာအိမ်မှ အချဉ်ရည်များ ပြန်တက်ခြင်း။ဓါတ်မတည့်သော မှိုရောဂါများ (ဓါတ်မတည့်၍ အဆုတ်ယောင်ခြင်း)။ဒီရောဂါကို ပိုဖြစ်စေတဲ့ အချက်တွေ များစွာ ရှိပါတယ်။လေပြွန်တွင် CFTR ဟုခေါ်သော ပရိုတိန်း မပါဝင်ခြင်း၊ ချို့တဲ့ခြင်း။ကိုယ်ခန္ဓါကိုယ် အဖွဲ့အစည်းများတွင် ဤရောဂါနှင့် ဆက်စပ်သော ရောဂါများ ဖြစ်လာခြင်း။နာတာရှည် ပြင်းထန်သော၊ အသက်ရှူလမ်းကြောင်းကို ပျက်စီးစေသော အဆုတ်ရောဂါများ (တီဘီရောဂါ) ဖြစ်လာခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန် မဟုတ်သော အသံများ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေမှုကို သက်သေပြနိုင်ရန် အသက်ရှူသံနားထောင်ပါ။ရောဂါပိုးဝင်ခြင်းကို သိနိုင်ရန် သွေးစစ်ပါ။ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ် ပိုးများကို ရှာဖွေရန် သလိပ်စစ်ပါ။အဆုတ်ရဲ့ ပုံရိပ်များကို သိနိုင်ရန် ဓါတ်မှန်ရိုက်ပါ။အဆုတ်ထဲသို့လေကောင်းစွာ ရောက်မရောက် သိနိုင်ဖို့အတွက် အဆုတ်ရဲ့ လုပ်ငန်းတာဝန်ကို စစ်ဆေးသော စမ်းသပ်မှုများ ပြုလုပ်ပါ။တီဘီရောဂါအတွက် PPD ဟုခေါ်သော အရေပြားစမ်းသပ်မှုများ ပြုလုပ်ပါ။ABPA ရှိ၊ မရှိကို သိနိုင်ရန် မှိုနှင့် ပဋိဇီ၀ ဖြစ်သည့် IgE ကို စစ်ဆေးပါ။ကိုယ်ပိုင် တစ်ရှူးကို ပြန်တိုက်သည့် ရောဂါများကို စစ်ဆေးသည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း။ဒီရောဂါအတွက် တိကျသေချာတဲ့ ကုသမှု မရှိပါဘူး။ ဒါပေမယ့် မြန်ဆန်တဲ့ ကုသမှု ရရှိခဲ့ရင် ရောဂါ အခြေအနေကို ပြောင်းလဲနိုင်မှာပါ။ ကုသမှုရဲ့ရည်ရွယ်ချက်က ရောဂါပိုး ဝင်ခြင်းကို ထိန်းချုပ်ဖို့၊ အကျိအချွဲတွေ ထွက်မှုကို ထိန်းချုပ်ဖို့အတွက် ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းသွားမှုကို ကာကွယ်ဖို့နဲ့အဆုတ် ပျက်စီးမှု ကို လျှော့ချဖို့အတွက် အရေးကြီးပါတယ်။ဒီရောဂါမှာ ဘတ်တီးရီးယားတွေက လေပြွန်တွေကို ပျက်စီးစေတဲ့ အတွက် ပဋိဇီဝဆေး တွေနဲ့အများဆုံး ကုပါတယ်။Macrolides ဆိုတာ ဘတ်တီးရီးယားတွေကို သတ်တဲ့ အပြင် လေပြွန်ယောင်ခြင်းတွေကို လျော့စေတဲ့ ပဋိဇီဝဆေး တစ်မျိုးပါ။ချွဲ၊ သလိပ်တွေကို နည်းစေတဲ့ ဆေးများကို ဆေးရှူတဲ့ ကိရိယာလေးက တစ်ဆင့် ရှူရပါတယ်၊ အဲ့ ဆေးကို ဆလိုင်းနဲ့ဖျော်ပြီး ကိရိယာလေးထဲမှာ အမှုန်အမွှား အသွင်ပြောင်းပြီး အဆုတ်ထဲကို ရှူသွင်းရပါတယ်၊ ဒီလို ရှူခြင်းက လေပြွန်ထဲက အချွဲတွေကို ပျော်ဝင်သွားစေပြီး ချောင်းဟန့်အလွယ်တကူ ထုတ်ပစ်လို့ရစေပါတယ်။အချွဲတွေကို ပါးသွားစေသော စက်တွေက ချွဲတွေကို ရှင်းထုတ်လို့ရပါတယ်။ ဒီစက်က လူနာကို အသက်ရှူ ရတာ လွယ်စေပါတယ်။ စက်က လေပြွန် ထဲမှာ လေဝင်ရတာ လွယ်စေပြီး အချွဲတွေကို ဖျက်ဆီး ပစ်ပါတယ်။ ရင်ဘတ်ကို တုန်ခါစေပြီး အချွဲတွေကို လျော့နည် စေတဲ့ ဝတ်ဆင်လို့ရတဲ့ အခြား ပစ္စည်း တွေလဲ ရှိပါတယ်။ ဘယ်လို ပစ္စည်းက မိမိနဲ့အဆင်ပြေမလဲ ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။အောက်ဆီဂျင်ဖြင့် ကုသခြင်း။ဆိုးဝါးသော အခြေအနေ တွေမှာ ဆေးရုံတင်ပြီး ကုသခြင်း။Corticosteroid ဖြင့် ကုသခြင်း။မှန်ကန်သော အစားအသောက်များ ရွေးချယ် စားသောက်ခြင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။အိမ်တွင်းဆေးဝါးများဖြင့် ကုသခြင်း။ဘယ်လို ဘဝနေထိုင်မှု ပုံစံ ပြောင်းလဲခြင်း နှင့် ဘယ်လို အိမ်တွင်း ဆေးဝါးများဖြင့် ကုသခြင်း က ရောဂါကို လျော့စေမလဲ။စောစော ကုသဖို့သတိရပါ။ အဆုတ်ထဲကို ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။အပြင်သွားရင် ညစ်ညမ်းသော လေတွေ၊ ဓါတု ဓါတ်ငွေ့တွေကို မရှူမိစေရန် ကာကွယ်ပါ။အဆုတ်ကျန်းမာလာစေဖို့ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။သင့် ကလေးတွေကို တုပ်ကွေးရောဂါ၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို တတ်နိုင်သလောက် မြန်မြန် ထိုးပေးပါ။မေးချင်တဲ့ မေးခွန်းရှိရင် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ဖြေရှင်းမှု ကို ပေးနိုင်ပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/bronchiectasis/bronchiectasis-bronchiectasis-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
COVID-19 ဖြစ်ပွားနေချိန်မှာ ကလေးမွေးဖွားကြမယ့် မေမေတွေ သိချင်နေမယ့်မေးခွန်းများ
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ကြေညာထားတဲ့COVID_19ဖြစ်ပွားနေချိန်မှာ သာမန်လူတွေတောင် စိုးရိမ်နေတယ်ဆိုရင် ဘေဘီလေးကို လွယ်ထားရတဲ့ မေမေတွဆို ပိုကြောက်နေနိုင်ပါတယ်။ ကြောက်ရွံ့မှုနဲ့အတူ မေးချင်နေမယ့် မေးခွန်းတွေလည်း ရှိနေလောက်ပါတယ်။ ဒီမေးခွန်းတေါထဲကမှ မေမေတွေ သိချင်နေလောက်မယ့်မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ကိုယ်ဝန်ဆောင်နေချိန်က မေမေရောဘေဘီလေးအတွက်ပါ အရေးကြီးပါတယ်။ ဒီအရေးအကြီးဆုံးအချိန်မှာ COVID_19 ကို ကြောက်ရွံ့နေတဲ့ မေမေတို့အနေနဲ့ စိုးရိမ်နေတာတွေက ဖြစ်နိုင်ခြေရှိလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်မေမေတွေက အခြားသူတွေထက် COVID_19 ကူးစက်ခံရနိုင်ခြေ ပိုများနေသလား………..။ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့ သုတေသနေတွေလုပ်ဆောင်နေပါတယ်။ COVID_19 ကလူတိုင်းကို ကူးစက်နိုင်သလို ကိုယ်ဝန်ဆောင် မေမေတို့ကိုလည်း ကူးစက်နိုင်ပါတယ်။ အခုထိတော့ COVID_19 က ကိုယ်ဝန်ဆောင်မေမေတွေမှာ အခြားသူထက်ကူးစက်နိုင်ခြေပိုများသလားဆိုတာကတော့ အတိအကျပြောနိုင်ဖို့ခက်ပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပုံမှန်ထက်ကိုယ်ခံအားပိုနည်းနေတတ်တာကတော့ အမှန်ပါ။ ဒါကြောင့် အကောင်းဆုံးကတော့ ကာကွယ်ဖို့ပါ။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID-19 ကူးစက်မှုကနေ ကာကွယ်နိုင်သလား……..။ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့လည်း အခြားသူတွေနည်းတူ ဒီရောဂါဆိုးကြီး အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ COVID_19 အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID_19 ကို စစ်ဆေးမှုလုပ်သင့်လား………။ဒါကတော့ ကိုယ်ဘယ်မှာနေထိုင်သလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့မိတာ၊ ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ဒေသမှာ နေထိုင်တာမျိုးဆိုရင်တော့ စစ်ဆေးသင့်ပါတယ်။ဒီလိုမှမဟုတ်ဘဲရောဂါလက္ခဏာတွေရှိနေမယ်ဆိုရင်လည်း စစ်ဆေးသင့်ပါတယ်။ ပုံမှန်အတိုင်းကတော့ စစ်ဆေးဖို့ မလိုပါဘူး။COVID-19 က မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်လား……………..။COVID-19 ကမိခင်ကနေ ကလေးဆီကို ကူးစက်နိုင်သလားဆိုတာကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒီလိုကူးစက်မှု့ ကိုယ်ဝန်လွယ်ထားရချိန်မှာလား ၊ မွေးဖွားစဉ်မှာလားဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို အခုချိန်ထိ ရေမြွှာရည်နဲ့ မိခင်နို့ထဲမှာ ရှင်သန်နိုင်တယ်၊လို့ မတွေ့ရသေးပါဘူး။မိခင်က COVID_19 ကူးစက်ခံထားရရင် ခွဲမွေးဖို့လိုမလား………….။မလိုပါဘူး။ WHO ကခွဲမွေးတယ်ဆိုတာက မွေးဖွားဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာမှ လိုအပ်မှာပါ။ မိခင်က ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုရင်တောင် ရိုးရိုးမွေးဖွားနိုင်မယ်ဆိုရင် မွေးဖွားလို့ရပါတယ်။ လိုအပ်မယ်ဆိုရင်ဆရာဝန်က ခွဲမွေးဖို့ ညွှန်ကြားပါလိမ့်မယ်။မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကိုနို့တိုက်လို့ရပါ့မလား………။ရပါတယ်။ မိခင်က COVID_19 ကူးစက်ခံထားရပေမယ့် ဆန္ဒရှိရင် ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့်။မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို ချီလို့ရပါ့မလား………..။ရပါတယ်။ ဒါပေမယ့် ကလေးကို ရောဂါပိုး မကူးစက်စေဖို့အတွက်ဆိုရင် မေမေအနေနဲ့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/qa-on-covid-19-pregnancy-childbirth-and-breastfeeding/
အဝတ်အစားတွေပေါ် ရောဂါပိုး မကပ်ငြိစေဖို့ဆိုရင်
လက်ရှိမှာကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ COVID-19 ရောဂါဆိုးဟာ ကူးစက်နှုန်းမြန်သလို မျက်နှာပြင်အမျိုးမျိုးကိုလည်း တွယ်ငြိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။မျက်နှာပြင် အမျိုးမျိုး၊ ဧရိယာအမျိုးမျိုးမှာ တွယ်ငြိနေနိုင်တာမို့ မျက်နှာကိုနှာခေါင်းစည်းတပ်ဖို့နဲ့ လက်ကို သန့်စင်စွာ ဆေးကြောဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက တိုက်တွန်းနေကြရပါတယ်။ နောက်ပြီး နေအိမ် အပြင်ကို တတ်နိုင်သမျှ မထွက်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ဖို့လည်း သတိပေးမှုတွေ ပြုလုပ်ထားကြပါတယ်။ခုလိုအချိန်မျိုးမှာ မဖြစ်မနေ အလုပ်သွားရမယ်၊ အပြင်ကို သွားရဖို့ ကြုံလာမယ်၊ အိမ်အတွက် လိုအပ်တာတွေ ဝယ်ခြမ်းဖို့ ဈေးဝယ်ရမယ့် အခြေအနေမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာမယ်ဆိုရင်တော့ မိမိတို့ဆီကို ရောဂါပိုးမကူးစက်အောင် ကာကွယ်ဖို့ ပိုမိုလိုအပ်လာပါပြီ။အပြင်ထွက်နေတဲ့ အခိုက်အတန့်မျိုးတွေမှာ တခြားလူတွေနဲ့ ထိတွေ့မိတာ၊ စီးနင်းတဲ့ယာဉ်၊ ကိုင်တွယ်မိတဲ့ ပစ္စည်းတွေရှိနိုင်တာကြောင့် အိမ်ပြန်ရောက်ချိန်တိုင်းမှာ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာတော့ ရှိနေကြမှာပါ။ဒီလို အခြေအနေမျိုးမှာ လူတိုင်းနီးပါး သိချင်ကြတာက အဝတ်အထည်တွေဟာ ရောဂါပိုး ကပ်ငြိနိုင်သလား ဆိုတာနဲ့ ကပ်ငြိနိုင်တယ်ဆိုရင် ဘယ်လို ရှင်းလင်းဖယ်ရှားမလဲ ဆိုတာတွေပါပဲ။COVID-19ဟာ သတ္တုတွေ၊ မာကျောတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္တုတွေနဲ့ ဖုန်းမျက်နှာပြင်လို အရာတွေပေါ်မှာ သက်တမ်းအတော်ကြာအောင် နေထိုင်တွယ်ငြိနေနိုင်ပါတယ်။ နာရီပိုင်းကနေ ရက်အနည်းငယ်ကြာတဲ့အထိ အသက်ရှင်နိုင်စွမ်းရှိပါတယ်။ အဝတ်အထည်တွေအပါအဝင် ပျော့ပြောင်းတဲ့ မျက်နှာပြင်တွေပေါ်မှာတော့ တွယ်ငြိနိုင်စွမ်း အားနည်းတယ်လို့ ဆိုထားပါတယ်။ဒါပေမယ့်လည်း လုံးဝ ကပ်ငြိနေနိုင်ခြင်းမရှိတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပြင်ပက ပြန်လာပြီးချိန်တိုင်းမှာ အဝတ်အစား လဲလှယ်ဖို့ လိုအပ်သလို လျှော်ဖွတ်ဖို့အတွက်လည်း ချက်ခြင်းပြင်ဆင်ဖို့ လိုအပ်တာပါ။အပြင်ကနေ ပြန်လာပြီဆိုတာနဲ့ အဝတ်အစားကို ချက်ခြင်းလဲလှယ်ပစ်ဖို့ လိုအပ်ပါတယ်။ ပြီးရင် လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီး ဝတ်ပြီးသား အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ စီစဉ်တာက ပိုးမွှားကူးစက်နိုင်ခြေကို အလွန်ထိထိရောက်ရောက်လျှော့ချပေးနိုင်ပါတယ်။အမေရိကန်အခြေစိုက် Centres for Disease Control and Prevention (CDC) ရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အဝတ်တွေကို လျှော်ဖွတ်သန့်စင်ဖို့ အကြံပြုထားပါတယ်။ဒီအချက်တွေဟာ COVID1-19 သာမက တခြားသော ကူးစက်နိုင်တဲ့၊ အဝတ်အထည်မှာ တွယ်ငြိလာနိုင်တဲ့ ရောဂါပိုးအများအပြားကို သန့်စင် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးကတော့ တတ်နိုင်သမျှ အပြင်မထွက်ဖို့နဲ့ ကျန်းမာရေးဌာနက သတ်မှတ်ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ပါပဲနော်။ ကျန်းမာကြပါစေ။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-on-fabric-what-you-should-know/
Ice လို့ခေါ်ကြတဲ့ Crystal meth
Ice ဆိုတိုင်း ရေခဲမဟုတ်ပါ။ methamphetamine အခဲပုံစံကို ice လို့ ခေါ်ကြတာဖြစ်ပါတယ်။Crystal meth ၊ shabu၊ crystal ၊ glass ၊shard စတဲ့ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ Crystal meth ကဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတဲ့စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှုတာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင်မူးယစ်ဆေးပါ။ကြည်လင်တဲ့ ပုံဆောင်ခဲ အချောင်းလေးတွေ ပုံစံဖြစ်လို့ ice သို့မဟုတ် glass လို့ခေါ်တတ်ကြတဲ့ Crystal meth ဟာ အနံ့မရှိ၊ ပြာလဲ့လဲ့ သို့မဟုတ် အရောင်မရှိတတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေမှာသုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။ ဒါကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို ခံစားရတယ် ဒါမှမဟုတ် ရောက်ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားရနိုင်ပါတယ်။Crystal methကို အများအားဖြင့် ရှူရှိုက်ခြင်း၊ အပ်နဲ့ ထိုးသွင်းခြင်းနည်းနဲ့ သုံးကြပြီး ၃ စက္ကန့်ကနေ ၇ စက္ကန့်အတွင်း သာယာခံစားမှု ရနိုင်တယ်လို့ ဆိုပါတယ်။ တချို့က မျိုချကြပြီး(၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်း ခံစားမှုရနိုင်)တချို့က ရှိုက်ရှူကြပါတယ်(၃မိနစ်ကနေ ၅ မိနစ်အတွင်း ခံစားမှုရနိုင်)။ ဒီနည်းတွေအပြင် Crystal meth ကို စအို သို့မဟုတ်ဆီးလမ်းကြောင်းထဲကို ထည့်သွင်းတတ်ကြပါသေးတယ်။ကိုယ့်မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့လူတစ်ယောက်မှာ အပြောင်းအလဲတွေဖြစ်လာတာ သတိထားမိရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။ Meth သုံးနေသူ သို့မဟုတ် စွဲနေသူတစ်ယောက်မှာ –။Meth/Ice ရဲ့အာနိသင်က ၆ နာရီဝန်းကျင်အထိ ရှိနိုင်ပေမယ့် ဆေးသုံးပြီး ရက်အနည်းငယ်ကြာတဲ့အထိ အိပ်မပျော်နိုင် ဖြစ်နေတတ်ပါတယ်။ Ice ရဲ့အာနိသင်က တစ်ယောက်နဲ့တစ်ယောက်မှာ မတူတတ်ကြပါဘူး။Ice ကို အပ်နဲ့ထိုးသွင်းခြင်း၊ အပ်တစ်ချောင်းကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းက အသည်းရောင်ရောဂါ ဘီ၊အသည်းရောင်ရောဂါ စီ နဲ့HIV/AIDSရောဂါတွေကူးစက်ရရှိနိုင်ခြေ ပိုများနိုင်ပါတယ်။ Ice ကို နှာခေါင်းကရှိုက်ရှူခြင်းက နှာခေါင်းလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေနိုင်ပါတယ်။Ice ကို သုံးစွဲတာကြာလာရင် ဖြစ်လာမယ့် အကျိုးဆက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်နိုင်ပါတယ် –။ပမာဏ အများကြီးကို ဒါမှမဟုတ် အပြင်းစားတွေ သုံးလိုက်မိပြီဆိုရင် ဆေးလွန်(overdoseဖြစ်)နိုင်ပါတယ်။ သုံးစွဲသူမှာ အောက်ပါ လက္ခဏာတွေ ဖြစ်လာတာတွေ့ရရင် အရေးပေါ် ဆေးရုံတင်ပါ။အချိန်အတော်ကြာ Iceကို သုံးထားပြီးမှ ဆေးဖြတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ice မပါဘဲ ကျင့်သားရအောင် လည်ပတ်ရတာဖြစ်လို့ အတော်ကို ခက်ခဲပါတယ်။ ဆေးဖြတ်တဲ့အချိန် ဖြစ်တဲ့လက္ခဏာတွေက တစ်ပတ်ကျော်ရင် လျော့ပါးသက်သာလေ့ရှိပြီး အများစုက တစ်လကြာပြီးနောက် ပျောက်ကင်းသွားလေ့ရှိပါတယ်။ဆေးဖြတ်နေတဲ့အချိန်မှာ –။ဆေးဖြတ်ခြင်းက အများအားဖြင့် ရက်ပိုင်းကနေ ရက်သီတင်းပတ် အနည်းငယ်အထိ ကြာမြင့်မှာဖြစ်ပေမယ့် iceကို ငတ်မွတ်တောင့်တခြင်းလိုမျိုး လက္ခဏာတချို့က အတော်ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးအမျိုးအစား၊ သုံးစွဲလာခဲ့တဲ့အချိန်ကာလ၊ တခြားမူးယစ်ဆေးတွေကိုပါ သုံးနေသလား၊ သုံးစွဲသူရဲ့ အထွေထွေကျန်းမာရေးနဲ့ ဆေးဖြတ်တဲ့နေရာတို့ကို မူတည်ပြီး ဆေးဖြတ်ချိန်ကာလက ကွာခြားမှုရှိပါတယ်။မူးယစ်ဆေးဖြတ်တဲ့ကိစ္စမှာ ပြန်လည်ထူထောင်ရေးပရိုဂရမ်တွေက အကူအညီပေးနိုင်သလို နောက်ပိုင်းမှာ မူးယစ်ဆေးကင်းစင်တဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လမ်းပြကူညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/ice-crystal-meths/
ညိုချောလေးနဲ့ပျိုမေတွေ ဆောင်းရာသီမှာ ခုလိုအသားအရေထိန်းသိမ်းကြမယ်
“ညိုသူချော၊ ဖြူသူလှ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။ အာရှလူမျိုးတွေရဲ့ စံနှုန်းမှာက ဖြူတဲ့သူကိုမှ လှတယ်၊ ဒါကြောင့် လူတိုင်းအသားဖြူဖို့ လိုတယ်လို့ တရားသေ သတ်မှတ်ထားတတ်ကြပေမဲ့ လူတိုင်းမှာ ကိုယ့်အသားအရောင်ပေါ် မူတည်ပြီး မတူညီစွာ လှပတဲ့ အလှတရားကိုယ်စီ ရှိတတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်အသားအရောင်၊အသားအရေအမျိုးအစား၊ အပြင်က ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို သိထားဖို့ပဲ လိုပါတယ်။ ဒါဆို ခုဆောင်းပါးလေးမှာ အသားညိုညက်ညက်လေးနဲ့ လှချင်တဲ့ပျိုမေတွေအတွက်ဆောင်းရာသီမှာ ဘယ်လို အသားအရေထိန်းသိမ်းကြမလဲ၊ အသားအရေမပျက်စီးအောင် ဘယ်လိုဂရုစိုက်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေထက်စာရင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခံရတာ အဖြစ်နည်းပါတယ်။ အဓိကကတော့ အသားအရောင်ကို စွန်းထင်စေတဲ့ မယ်လနင်ဓာတ်တွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လုပ်ပေးနေတာကြောင့်ပါပဲ။ ဒီမယ်လနင်ဓာတ်က အသားအရောင်ကို အဖြူရောင်ကနေ အဝါရောင်၊ လိမ္မော်ရောင်၊ အညိုရောင်၊ အနက်ရောင်တွေထိ ပြောင်းလဲပေးနိုင်ပါတယ်။ အသားအရောင်က နက်လာလေလေနေရောင်ခြည်နဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုပြီးကာကွယ်ပေးနိုင်လေလေပါပဲ။ အဲ့တော့ နွေရာသီလို ပူတဲ့အချိန်တွေအတွက်က သိပ်ပြဿနာမရှိပေမဲ့ ဆောင်းရာသီလို အေးပြီး ခြောက်သွေ့တဲ့ ရာသီမျိုးမှာကျ နည်းနည်း ပြဿနာရှိနိုင်တာပေါ့။နဂို အသားအရောင်က ညိုနေတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အအေးဒဏ်ကြောင့် အသားပပ်၊အသားခြောက်လာရင် အသားအရေပေါ်မှာ ထင်းကနဲ ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ရဲ့ အသားအရေကို သိပ်ပြီး ဂရုစိုက်တာမျိုး မလုပ်ကြပါဘူး။ အဲ့တော့ အရေပြားပြဿနာတွေဖြစ်လာတဲ့အခါ တခြားသူတွေနဲ့ ဖြစ်ပုံခြင်းတူနေရင်တောင် ပိုဆိုးသွားတတ်ပါတယ်။၁။ မျက်နှာသစ်ဆပ်ပြာတွေကို အပျော့စားပဲ သုံးပါ။ ကိုယ့်အသားအရေအမျိုးအစားပေါ် မူတည်ပြီး အဆီပြန်တတ်တဲ့သူတွေဆိုရင် “For Oily Skin” အသားခြောက်တဲ့သူဆိုရင် “For Dry Skin” ဆိုပြီး ဆပ်ပြာမှာပါတဲ့ အညွှန်းကို သေချာဖတ်ပြီးမှ ရွေးချယ်ဝယ်ယူပါ။၂။ မျက်နှာသစ်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကို အမြန်လိမ်းပါ။ အသားညိုလို့ဆိုပြီး အစိုဓာတ်မလိုအပ်ဘူးလို့ မထင်ပါနဲ့။ လူတိုင်းရဲ့ အရေပြားက အစိုဓာတ်မရှိရင် ခြောက်ကပ်ကပ်နဲ့ သိပ်ကြည့်ရဆိုးပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ဆောင်းရာသီမှာ ခြောက်သွေ့အေးမြတဲ့ လေတွေ အမြဲတိုက်နေတဲ့အပြင် လူတွေကလည်း ရေသောက်နည်းသွားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ အစိုဓာတ်ဆုံးရှုံးမှုဖြစ်ပြီး အသားပပ်တတ်တာ သဘာဝပါပဲ။ ဒါကို ကာကွယ်ဖို့ အစိုဓာတ်ထိန်းခရင်မ် ကောင်းကောင်းနဲ့ အမြဲ အသားအရေကို အစိုဓာတ်ထိန်းထားဖို့ လိုပါတယ်။၃။ အိမ်မှာနေရင် အစိုဓာတ်ထိန်းစက် (Humidifier) ကို ဖွင့်ထားပြီး အိမ်တွင်းလေထုကို အစိုဓာတ်၊ ရေဓာတ်ပြည့်နေစေဖို့၊ ခြောက်သွေ့ခြင်းမရှိစေဖို့ ထိန်းထားပေးပါ။၄။ အပြင်ထွက်တော့မယ်ဆိုရင် မျက်နှာနဲ့ နေရောင်ခြည်ထိနိုင်တဲ့လည်ပင်း၊ လက်၊ ခြေထောက်တွေကို Sunscreen လိမ်းပေးပါ။ ခါးပေါ် ချက်ပေါ် အကျီအတိုတွေ ဝတ်တတ်တဲ့ ပျိုမေလေးတွေဆိုရင် ဝမ်းဗိုက်ကိုပဲ လိမ်းပေးဖို့ လိုပါတယ်။အသားညိုလို့ နေရောင်ခြည်ဒဏ်ခံရင် မသိသာဘူးလို့ မထင်လိုက်ပါနဲ့။ ညိုတဲ့သူတွေလည်း မကြာခဏ နေရောင်ထဲ အကာအကွယ်မပါဘဲ ထွက်ရင် အသားအရေထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် နဂိုအသားအရောင်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်သေးတဲ့အတွက် SPF 15 လောက် အနည်းဆုံးပါတဲ့ Sunscreen လိမ်းရင် လုံလောက်ပါတယ်။၅။ လက်၊ ခြေထောက်တွေကို အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ်ရှားစောင်းလက်ပပ်၊ ပျားရည် ပါဝင်တဲ့ Body Lotion နဲ့ ၄နာရီခြား တစ်ခါလောက် လိမ်းပေးပါ။၆။ ညအိပ်ခါနီး ခြေထောက်တွေကို Body Lotion နဲ့ နှံ့နေအောင်လိမ်းပြီး ခြေအိတ်ဝတ်အိပ်ခြင်းဖြင့် ညိုညက်ပြီး အသားဖတ်လန်တာ၊ ခြေဖနောင့်ကွဲတာတွေကို ကာကွယ်ပေးနိုင်တယ်။ နေ့တိုင်းလုပ်ပေးနိုင်ရင် အချိန်တိုအတွင်းမှာ ဝင်းမွတ်စိုပြေနေတဲ့ ခြေထောက်အလှကို ပိုင်ဆိုင်ရမှာပါ။၇။နှုတ်ခမ်းသားကို စိုစိုလက်လက်လေး ဖြစ်အောင် ၄နာရီခြားတစ်ခါ နှုတ်ခမ်းလိမ်းအဆီ (Lip Balm) လိမ်းပေးပါ။ နဂိုအသားညိုတဲ့သူတွေအနေနဲ့ နှုတ်ခမ်းနီအရောင်ရင့်တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။၈။ ရေကို တစ်နေ့ ၃လီတာထက် မနည်း သောက်ပေးပါ။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ။ အိပ်ချိန်ကို တစ်နေ့ ၇နာရီကနေ ၈နာရီထိ ရအောင် အိပ်စက်အနားယူပါ။ခုအပြင်မှာ ရာသီဥတုက ပူလိုက်၊ အေးလိုက်နဲ့ဆိုပြီး ဆောင်းတွင်းကုန်သွားပြီလို့တော့ မထင်လိုက်နဲ့ဦးနော်။ ဒီလိုအချိန်မှာ ကိုယ့်အသားအရေက သူများတွေလို ဖြူမနေဘဲ ညိုနေလို့ဆိုပြီးတော့ စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။အရေးကြီးတာက ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်ညီတဲ့ အရေပြားထိန်းသိမ်းမှုတွေကို သိနားလည်ထားရင် ညိုညိုလေးနဲ့ အသားလေးက ညက်ပြီး သိပ်ကို ကြည့်လို့ကောင်းမှာပါ။ အလှအပကို အလေးအနက်ထားတဲ့ ပျိုမေတွေအတွက် ခုပြောပြပေးခဲ့တဲ့ အချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%8a%e1%80%ad%e1%80%af%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%99%e1%80%b1%e1%80%90%e1%80%bd%e1%80%b1/
အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့
အမျိုးသားတွေရောအမျိုးသမီးတွေမှာရော ကလေးတွေပါ မကျန် ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်မျိုးရှိပါတယ်။ ဒါကတော့ ဝက်ခြံပါ။  ဝက်ခြံက အသက်အရွယ် မရွေး ဖြစ်နိုင်သလို အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့လေဒီလေးတွေမှာမဟုတ်ဘဲ ဘရိုတို့မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေး ပါရစေနော်။ဝက်ခြံပေါက်နေလို့ဖြစ်ဖြစ် ဝက်ခြံ မဖြစ်အောင် ကာကွယ်ချင်လို့ဖြစ်ဖြစ် ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ကဲ ဘယ်လိုများလဲ တူတူကြည့်လိုက်ရအောင်လား။အရေပြားကို သန့်ရှင်းအောင်ထားပါ။မျက်နှာကို ပုံမှန် သန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင် ပါတယ်။ အလုပ် အရမ်းများ နေရင်တောင် မျက်နှာကို တစ်နေ့ ၂ ကြိမ်တော့ သန့်စင်ပေးပါ။ ဆပ်ပြာ မသုံးချင်ရင်တောင် အနည်းဆုံး ရေအေးအေးလေးနဲ့ သန့်စင်ပေးပါ။အပြင်ထွက်နေရတဲ့သူ အနေနဲ့ အရေပြားပေါ်ကချွေးပေါက်ထဲမှာ ဖုန်မှုန့်တွေ ပိတ်ဆို့နေနိုင်ခြေက ပုံမှန်ထက် များပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်စေနိုင်တဲ့ အခွင့်အလမ်းက များနေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ ဒါကြောင့် မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။အလွယ်ကူဆုံးမျက်နှာသန့်ဆေး–ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပါ။ ပြီးရင် ဂွမ်းစလေးနဲ့ယူပြီး မျက်နှာကို အပေါ်ဘက်ကို ဆွဲတင်တဲ့နည်းနဲ့ သန့်စင်ပေးပါ။ဆဲလ်သေတွေဖယ်ရှားပါ။မျက်နှာ အသားအရေမှာ ဝက်ခြံ ကင်းဖို့ဆိုရင် ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက် ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးဖို့ လိုပါမယ်။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဆဲလ်သေတွေ ဖယ်ရှားပေးပါ ။ဒီလိုလုပ်ပေးတာက ဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေလို့အသားအရေကို ကျန်းမာလာစေမှာပါ။ ဆဲလ်သေတွေ ဖယ်ရှားတဲ့အခါ အပြင်းစား ဓာတုပစ္စည်းတွေ ပါဝင်နေတာမျိုးကိုတော့ မသုံးဖို့ ပြောပါရစေ။အဆင်ပြေဆုံး ဆဲလ်သေဖယ်ရှားမှုနည်းလမ်း– baking soda လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့နဲ့ရောပါ။ ပြီးရင် လက်ချောင်းလေးတွေ သုံးလို့ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလေး နှိပ်ပေးရင်းလူးပေးပါ။ ၂ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ခြောက်အောင် သုတ်ပေးပါ။အဆီပြန်မှုကိုထိန်းသိမ်းပါ။လေဒီတွေမှာမှ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အဆီပြန်နိုင် ပါတယ်။ အဆီပြန်တာက ဝက်ခြံတွေ ဖြစ်စေဖို့ အားပေးနိုင်တာကြောင့် အဆီပြန်တာကို သက်သာအောင် လုပ်ဖို့ ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် မျက်နှာ အဆီပြန်တာကို သက်သာစေတဲ့ ရွှံ့စေးနဲ့ ပေါင်းတင်တာမျိုး လုပ်ပေးပါ။နေလောင်ကာခရင်မ်သုံးပါ။နေရောင်ခြည်က ကျန်းမာရေး အတွက် ထိတွေ့ ပေးသင့်တယ် ဆိုပေမယ့်ခရမ်းလွန်ရောင်ခြည်ကတော့ အသားအရေကို ထိခိုက်ပျက်စီး စေသလို ဝက်ခြံတွေကိုဖြစ်စေနိုင် ပါတယ်။ဒါကြောင့် ဝက်ခြံ မဖြစ်ချင်ဘူးဆိုရင် အသားအရေကို နေရောင်ခြည်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် နေရောင်ထဲ မထွက်ခင် နာရီဝက် အလိုမှာ နေလောင်ကာခရင်မ်ကို လူးပေးဖို့ မမေ့ပါနဲ့။မုတ်ဆိတ်ရိတ်တဲ့အခါ သတိထားပါ။မုတ်ဆိတ်ရိတ် တဲ့အခါ ထိရှတာမျိုး မဖြစ်စေဖို့အတွက် သေချာလေး သတိထား စေချင်ပါတယ်။ အကြောင်းကတော့ မုတ်ဆိတ်ရိတ်တဲ့အခါ ထိရှိမိတာက အရေပြားကို ရောင်ရမ်းစေနိုင်သလို အသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် မုတ်ဆိတ်ရိတ်တဲ့အခါ သေချာလေးဂရုစိုက် ဖို့ပြောပါရစေ။ခေါင်းမလျှော်တာကြောင့် ဝက်ခြံ ဖြစ်စေနိုင်လား ဆိုတော့ ဖြစ်စေနိုင်ပါတယ်။ ဆံပင်မှာ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ဒီလိုနဲ့ ဆံသားတွေက မျက်နှာ အရေပြားကို ထိမိမယ်၊ ခေါင်းကဗောက်တွေက မျက်နှာ အသားအရေမှာ လာကပ်မယ် ဆိုရင် ဝက်ခြံ ဖြစ်လာမှာပါ။ ဒါကြောင့် ဝက်ခြံ သက်သာချင်ရင် ခေါင်းကို ပုံမှန် လျှော်ပေးပါ။ဝက်ခြံကိုမဆိတ်ဆွပါနဲ့။ဝက်ခြံတွေက သူတို့ကို သွားဆွရင် ပြန်ပေးတဲ့ သင်ခန်းစာက နည်းနည်း ကြမ်းတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဝက်ခြံတွေကို သွားမဆွပါနဲ့။ ဝက်ခြံကို မြန်မြန်လည်း ပျောက်စေချင်တယ်၊ အမာရွတ်လည်း မကျန်စေချင်ဘူး ဆိုရင် ဝက်ခြံ ဖြစ်လာတဲ့အခါ သူ့အတိုင်းပဲ ထားလိုက်ပါ။ ကုတ်ဖဲ့တာ၊ ဆိတ်ဆွတာတွေ မလုပ်ပါနဲ့။ဒီ နည်းလေးတွေ အသုံးပြုတာက အရေပြားပေါ်က ဝက်ခြံတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/tips-to-prevent-and-reduce-acne-breakouts-in-men/
ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ
ကြက်သွန်နီက ကမ္ဘာတလွှားမှာ အသုံးအများဆုံး ဟင်းခတ်တစ်မျိုးပါ။ ကြော်ပဲစားစား၊ ဟင်းအနှစ်အနေနဲ့ ထောင်းတည့်ပြီးပဲ ချက်ချက်၊ အသုပ်တွေထဲကို ခပ်ပါးပါးလှီးထည့်ပြီးပဲ သုပ်သုပ် အမျိုးမျိုးစားလေ့ရှိတဲ့ ကြက်သွန်နီကိုကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ ရမလား။ ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ မေမေ နဲ့ ဘေဘီလေးအတွက် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကြက်သွန်နီက အနံ့စူးသလို အရသာလည်းပြင်းပါတယ်။ ဒါပေမယ့်ကျန်းမာရေး အကျိုးကျေးဇူးကတော့ တော်တော်လေး များပါတယ်။ အချို့ ကိုယ်ဝန်ဆောင်မေမေတွေဆိုရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ကြက်သွန်နီကို တောင့်တောင့်တတ စားချင်တာမျိုးတောင် ရှိတတ်ပါတယ်။ ဒီလိုမျိုး တောင့်တောင့်တတ စားချင်လာတဲ့အခါ စားသာစားလိုက်ပါလို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေ အထပ်ထပ်ပါ။ ကြက်သွန်နီက ကြက်သွန်ပင်ရဲ့ ဥပါ။ မြေကြီးထဲမှာ ရှိပြီး ပုပုဝိုင်းဝိုးလေးကနေ လုံးလုံးရှည်ရှည်လေး ပုံစံအမျိုးမျိုး ရှိပါတယ်။ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲ ထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ကြက်သွန်နီမှာ။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်နီ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်နီစားတာက ဘေးကင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတတ်တဲ့၊ အစာအိမ်အောင့်တတ်တဲ့ မေမေတွေကတော့ စားဖို့မသင့်ပါဘူး။ကြက်သွန်နီကို အသင့်အတင့် စားပေးတာကမေမေရော ဘေဘီလေးကိုပါကျန်းမာစေနိုင်ပေမယ့် အရမ်းအများကြီးစားရင်တော့ ဘေဘီလေးအတွက် မသင့်တော်ပါဘူး။ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကြက်သွန်နီမှာ cysteine နဲ့ methionine တို့လိုမျိုးအမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကြက်သွန်နီမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပြီး ဘေဘီလေးကို ဗိုက်ထဲမှာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြက်သွန်နီမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး အူတွေနဲ့ အူမကြီး လှုပ်ရှားမှု ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်မှုကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ကြက်သွန်နီမှာ phytonutrientsတွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ ကြက်သွန်နီ ပါဝင်အောင်စားသုံးပေးတာကကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိုးစေဖို့ ကာကွယ်ပေးပြီးကိုယ်ဝန်ဆိပ် တက်တာနဲ့ သွေးတိုးတာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြက်သွန်နီမှာ ပါတဲ့  chromium က အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတော်တော်များများ ရင်ဆိုင်ရတာက အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များလာတာပါ။ ဒါကို ကာကွယ်ဖို့ဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီ ပုံမှန်လေး စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး မေမေ့ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့် သွားချေးတွေ ဖြစ်ပြီး သွားဖုံးတွေ ရောင်ရမ်းတာ၊ သွားဖုံး သွေးယိုတာတွေ ခံစားရနိုင်ပါတယ်။ ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လည်ချောင်းနာတယ်။ ဒါပေမယ့် ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာစိုးလို့ ပဋိဇီဝပိုးသတ်ဆေးတွေလည်း မသောက်ချင်ဘူးဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ပြီး ပျားရည်နဲ့ သောက်ပေးလို့လည်း ရပါတယ်။ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ Homocysteine တွေ ပိုလျှံမနေအောင် ကာကွယ်ပေးပါတယ်။Homocysteine တွေ အရမ်းများလာရင် စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေ ခံစားရစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eating-onions-during-pregnancy/
Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား
Metformin ဆိုတာ အမျိုးအစား (၂) ဆီးချိုရောဂါကိုသဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေးပဲဖြစ်ပါတယ်။ အင်ဆူလင်နဲ့ဖြစ်စေ၊ အခြား အမျိုးအစားနဲ့ဖြစ်စေ တွဲသုံးနိုင်ပေမယ့် အမိုးအစား (၁) အတွက်ကိုတော့ မသုံးနိုင်ပါဘူး။ Metformin ဟာ အသည်းကနေ ဂလူးကို့စ်ထုတ်တာကို ကျစေပြီး သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။သိုင်းရွိုက်ဂလင်းဟာ သင့်လည်ပင်းရဲ့ လေပြွန်ရှေ့ပိုင်းမှာ လိပ်ပြာပုံစံ တည်ရှိပြီး ဟော်မုန်းအချို့ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ (အစာကို စွမ်းအင်အဖြစ်ပြောင်းခြင်း) ကို ပုံမှန်ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။ Triiodothyronine (T3) နဲ့ Thyroxine (T4) လို့ ခေါ်ပါတယ်။သိုင်းရွိုက်ဂလင်းဟာ ဒီဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တော့ရင် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းတွေ နှေးကွေးသွားနိုင်ပါတယ်။ဒီလို ဟော်မုန်းတွေ သိပ်မထုတ်နိုင်တဲ့အခြေအနေကို သိုင်းရွိုက်ဂလင်း သိပ်အလုပ်မလုပ်တဲ့အခြေအနေ (Hypothyroidism) လို့ ခေါ်ပါတယ်။ ထင်ရှားတဲ့လက္ခဏာတွေကတော့ မောပန်းခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ စိတ်ဓါတ်ကျခြင်း တို့ပဲ ဖြစ်ပါတယ်။Metformin ဟာ ဆီးချိုကုသရာမှာ ထိရောက်ပေမယ့် သိုင်းရွိုက်ဂလင်းကို အလုပ်လုပ်နှေးစေပါတယ်။သုတေသနပြုချက်တွေအရ ဒီဆေးဟာ သိုင်းရွိုက်ပြသနာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ Metformin ဟာ သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကို ကျဆင်းစေပါတယ်။ ဒါဟာ နှလုံးရောဂါတွေ၊ အရိုးကျိုးတာတွေ၊ သိုင်းရွိုက်ရောင်ပြီး လည်ပင်းကြီးရောဂါဖြစ်တာတွေ၊ ကိုယ်ဝန်ဆောင်ချိန် ပြသနာများနဲ့ ဖောရောင်သတိလစ်ပြီးအသက်အန္တရယ်ကြုံနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ဒီပြဿနာဟာ အမျီုးသမီးတွေမှာ တွေ့ရပိုများပေမယ့် အမျိုးသားရော အမျိုးသမီးပါ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် သင့်သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်လုပ်ရင် metformin ကုထုံးဟာ သက်ရောက်တယ် မထင်ရပါဘူး။Metformin ဆေးဟာ Sulfonylureas ဆေးများထက် ပိုပြီး သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကို ကျဆင်းနိုင်စေတဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါဟာ သင့်အနေနဲ့ hypothyroidism ကို ကုသနေရတဲ့အခါ metformin သုံးခြင်းဟာ သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကျဆင်းမှုနဲ့ ဆက်စပ်နေတာကို ပြနေပါတယ်။ ဒါပေမယ့် metformin ဟာ သိုင်းရွိုက်ဂလင်းပေါ် ထိရောက်မှု ရှိမရှိ သေချာအောင် အတည်ပြုဖို့ အထောက်အထားတွေ အများကြီး လိုပါသေးတယ်။ လက်ရှိမှာတော့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကျဆင်းခြင်းနဲ့ metformin ဆက်စပ်မှုဟာ သင့်ကို နှလုံးရောဂါလို တခြားပြသနာတွေ ဖြစ်စေသလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။သင့်မှာ ဆီးချိုရောဂါရှိပြီး သိုင်းရွိုက်ဂလင်း အလုပ်လုပ်နှေးရင် metformin မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/metformin-%e1%80%99%e1%80%80%e1%80%b9%e1%80%b1%e1%80%96%e1%80%ac%e1%80%b9%e1%80%99%e1%80%84%e1%80%b9-%e1%80%b1%e1%80%86%e1%80%b8%e1%80%9f%e1%80%ac-%e1%80%9e%e1%80%af%e1%80%ad%e1%80%80%e1%80%b9/
Pneumonitis (အဆုတ်ရောင်ခြင်း )
Pemphigus ဆိုတာ ရှားပါးတဲ့ အရေပြားရောဂါဖြစ်ပြီး အရေပြားနဲ့ ဂလင်းအလွှာတွေဖြစ်တဲ့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေ အရည်ကြည်ဖုတွေပေါက်လာတမျိုးဖြစ်ပါတယ်။အဓိကအားဖြင့်၂မျိုးရှိပါတယ်။pemphigus vulgaris နဲ့ pemphigus foliaceus တို့ဖြစ်ပါတယ်။Pemphigus vulgaris ကတော့ ပါးစပ်မှာစဖြစ်ပြီး နာပါတယ်။Pemphigus foliaceus ကတော့ အရေပြားကိုအဓိကတိုက်ပြီး နာတာထက်ယားတာပိုများပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာဖြစ်တာများပါတယ်။အလွန်အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။PasteTextHere။Pemphigus ရဲ့ လက္ခဏာတွေကတော့ –။အရေပြားနဲ့ ဂလင်းအလွှာတွေမှာ အရည်ကြည်ဖုတွေပေါက်တာဟာ သူ့ရဲ့လက္ခဏာပါ။ အဲ့ဒါတွေဟာ ပေါက်လွယ်ပြီး အနာပွင့်တစ်ခုဖြစ်ကာ အရည်ကြည်ထွက် ပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။Pemphigus နှစ်မျိုးရဲ့ အဓိက လက္ခဏာတွေကတော့ –။Pemphigus vulgaris : အရေပြားနဲ့ ဂလင်းအလွှာတွေဖြစ်တဲ့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေ အရည်ကြည်ဖုတွေပေါက်လာပြီး နာတတ်ပါတယ်။ ယားတာတော့မရှိပါဘူး။ အရည်ကြည်ဖုတွေဟာ လည်ချောင်းမှာပေါက်နေရင် စားရမျိုချရတာတွေ ခက်ခဲနိုင်ပါတယ်။Pemphigus foliaceus : ဂလင်းအလွှာတွေကို မထိခိုက်ပဲ နာလည်းမနာတတ်ပါ။ အရေပြားမှာ အဓိကဖြစ်ပြီး ရင်ဘတ်ကျောဘက်နဲ့ ပုခုံးဘက်တွေမှာ ပေါက်တတ်ပါတယ်။ ဒါတွေဟာ အရေပြားကိုကွဲလွယ်စေပြီး ယားစေတတ်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အောက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ပါးစပ်နဲ့ အရေပြားမှာ အရည်ကြည်ဖုတွေတွေ့လာပြီဆိုရင် ပြသသင့်ပါတယ်။ တကယ်လို့ Pemphigus ဖြစ်နေပြီး ကုသမှုလည်းခံယူနေတယ်ဆိုရင် အောက်ပါအချက်တွေတွေ့တဲ့ အခါပြသပါ။– အရည်ကြည်ဖုအသစ်တွေတွေ့လာခြင်း။– ပြန့်ပွားမှုမြန်လာခြင်း။– ပိုးဝင်လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း နီရဲယောင်ယမ်းခြင်း။– ချမ်းတုန်ဖျားခြင်း။– ကြွက်သားနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း။စတာတွေဖြစ်ပါတယ်။ကိုယ်ခံအားစနစိချို့ယွင်းပြီး မိမိခန္ဓါကိုယ်ကိုပြန်တိုက်တဲ့( auto immue ) ရောဂါဖြစ်ပါတယ်။ အရမ်းအဆိုးရွားကြီးမဟုတ်ပေမယ့် ဘယ်အရာကဖြစ်စေသလဲဆိုတာတော့ မသိရသေးပါဘူး။ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်က အပြင်က ရောဂါတွေဖြစ်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်လေ့ရှိပါတယ်။ Pemphigus ဖြစ်ရင်တော့ သင့်ခန္ဓါကိုယ်က ကောင်းနေတဲ့ ဆဲလ်တွေကိုတိုက်ဖို့ antibodies တွေထုတ်လိုက်ပါတယ်။ရှားပါးဖြစ်စဉ်အနေနဲ့ Pemphigusက ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိူ းအနေနဲ့ ထွက်ပေါ်နိုင်ပါတယ်။ဥပမာ သွေးဖိအားနဲ့ပတ်သက်တဲ့ဆေးတွေဖြစ်ပါတယ်။ ဒီလိုဟာတွေကတော့ ဆေးရပ်လိုက်တာနဲ့ ပြန်ကောင်းလာနိုင်ပါတယ်။အောက်ပါအချက်တွေက ဖြစ်စေပါတယ်။သင်အသက်ကြီးလာလေ ဖြစ်နိုင်ချေမြင့်လာလေဖြစ်ပြီး ဂျူ းလူမျိူ းတွေမှာတော့ pemphigus vulgaris ဖြစ်တာပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရည်ကြည်ဖုတွေဆိုတာအခြေအနေမျိုးစုံမှာဖြစ်နိုင်တဲ့အတွက် စမ်းသပ်ဖို့ကလည်း ခက်ခဲပါတယ်။ ဆရာဝန်က ပြည့်စုံတဲ့ ရာဇဝင်ကိုမေးမြန်းပြီး အရေပြားနဲ့ ပါးစပ်ကိုစစ်ဆေးပါလိမ့်မယ်။ ဒါတွေအပြင်။ဂွမ်းစ ဒါမှမဟုတ်လက်နဲ့ အနာဘေးနားက အရေပြားအကောင်းကို အနည်းငယ်ခြစ်ယူခြင်း ဖြစ်ပါတယ်။Pemphigus ဖြစ်နေတယ်ဆိုရင် အရေပြားက ကွာလွယ်ပါတယ်။ဒီနည်းက အရေကြည်ဖုထတဲ့နေရာက အရေပြားစကိုယူပြီး microscope အောက်မှာကြည်ါတာဖြစ်ပါတယ်။ဒီနည်းရဲ့ ရည်ရွယ်ချက်ကတော့ သွေးထဲက antibodies တွေကို ကြည့်တာဖြစ်ပါတယါ။Desmoglein လို့သိကြပါတယ်။Penphigus ဖြစ်တဲ့အခါ desmoglein အရေအတွက်က များနေပါတယ်။ ရောဂါသက်သာတဲ့အခါမှာတော့ ပြန်လျော့သွားတတ်ပါတယ်။pemphigus vulgaris, ဖြစ်တဲ့အခါ သင့်ဆရာဝန်က ပါးစပ်က အနာတွေကြည့်ဖို့အတွက်ဒီနည်းသုံးနိုင်ပါတယ်။ ပျော့ပြောင်းလွယ်တဲ့ပြွန်ကလေးကို ပါးစပ်ကနေထည့်ကြည့်တာဖြစ်ပါတယ်။ရောဂါလက္ခဏာသက်သာစေဖို့န့ အခြားအရာတွေထပ်မဖြစ်အောင် တားဖို့ဆေးပေးတာကနေစပါတယ်။ မြန်မြန်ကုလေကောင်းလေဖြစ်ပါတယ်။ ဆေးရုံတက်ရနိုင်တာလည်း ဖြစ်သွားနိုင်ပါတယ်။ အသက်အန္တရာယ်ပါခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။သင့်ရောဂါအခြေအနေကို မူတည်ပြီး အောက်ပါဆေးတွေကို တစ်ခုချင်းဒါမှမဟုတ် ပေါင်းပေးနိင်ပါတယ်။Corticosteroid :အပျော့စားလူနာတွေမှာ စတီးရွှိက်ဆေးခရမ်ပေးရုံနဲ့ ရပါတယ်။ အခြားလူတွေမှာတော့ prednisolone ဆေးတွေပေးနိုင်ပါတယ်။Corticosteroid ဆေးတွေပေးတာဟာ ဆိုးကျိုးကြီးကြီးမားမားဖြစ်စေပါတယ်။ သွေးပေါင်ကျတာ အရိုးပါးတာ ရေတိမ် glaucoma အဆီစုခြင်း (moon face ) စတာတွေဖြစ်ပွားနိုက်ပါတယ်။Immunosuppressants : Azathioprine (Imuran) ဒါမှမဟုတ် mycophenolate mofetil (CellCept)ဆေးတွေက တစ်ရှူ းကောင်းတွေကို လိုက်တိုက်နေတဲ့ ကိုယ်ခံအား စနစ်ကိုလျော့ချပေးနိုင်ပါတယ်။ဒါပေမယ့် အခြားရောဂါတွေဝင်လာနိင်တဲ့ဆိုးကျိုးတွေရှိပါတယ်။Biological therapies :အခြားဆေးတွေမတိုးရင် rituximab (Rituxan) ဆေးပေးနိုင်ပါတယ်။ အကြောဆေးဖြစ်ပြီး ရောဂါဖြစ်စေတဲ့ သွေးဖြူ ဥတွေကို အဓိကတိုက်ပါတယ်။Antibiotics, antivirals and antifungal ဆေးတွေကို ပိုးမဝင်အောင် ပေးကြပါတယ်။ကိုယ်ခံအားစနစ်ကို ပြောင်းလဲသောအခြားဆေးဝါးများက ထိရောက်နိင်ပါတယ်။ dapsone နှင့် အကြောသွင်း immunoglobulin စတာတွေ ပါဝင်ပါတယ်။pemphigus ရဲ့ ကုထုံးတွေမှာ ဆေးရုံတက်ဖို့ လိုအပ်နိုင်ပါသည်။ အထက်တွင်ဖော်ပြထားသောဆေးဝါးများနှင့်အတူ :။အနာစိမ်းတွေက သင့်ခန္ဓါကိုယ်ကနေအရည်ဆုံးရှုံးမှုများနိုင်ပါတယ်။ အရည်အစားထိုးကုသမှုက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ သွေးကြော မှတဆင့်ဆေးရည်သွင်းနိုင်ပါတယ်။သွေးကြောမှ အစာ ထည့်သွင်းခြင်း :ပါးစပ်အနာစိမ်းက အစာ စားတဲ့အခါ အလွန်နာရင် ဒီနည်းလိုအပ်နိုင်ပါတယ်။သင်သည်သင်၏နှာခေါင်းမှတဆင် အစာအိမ်ထိ ပြွန်မှတဆင့်အရည်များနဲ့အာဟာရတွေကို အစာမစားရမချင်း ထည့်သွင်းပေးတာဖြစ်ပါတယ်။ပါးစပ်အတွက် ထုံဆေးများ ။သိပ်မဆိုးတဲ့ ပါးစပ်အနာစိမ်းများ နာကျင်တာကို ကူညီပေးနိုင်ပါတယ်။Theraputic plasmapheresis ။ ဤလုပ်ငန်းစဉ်များတွင်ပလာစမာလို့ခေါ်တဲ့ သင့်သွေး အရည်အစိတ်အပိုင်းတစ်ခုကို cell separator device နဲ့ ဖယ်ရှားတာဖြစ်ပါတယ်။ ရည်ရွယ်ချက်သည် သင်၏အသားအရေကို တိုက်ခိုက်နေသောပဋိပစ္စည်းတွေကို ဖယ်ရှားပစ်ရန်ဖြစ်ပါသည်။ အဆိုပါပလာစမာကို လှူဒါန်းထားတဲ့ ပလာစမာသို့မဟုတ်သွေးကြောသွင်းအရည်များဖြင့်အစားထိုးနိုင်ပါတယ်။အရည်ကြည်ဖုများနှင့်အနာစိမ်းတွေကို ရေချိုးတာနဲ့ နှင့် ဂွမ်းသိပ်ခြင်းဖြင့် ပျောက်အောင်ကုပေးနိုင်ပါတယ်။ဒါဟာနှစ်ချိ ကြာနိုင်ပေမယ့်လူအတော်များများ, ကုသပျောက်ကင်းပါတယ်။အခြားသူများကတော့ရောဂါပြန်မဖြစ်ဖို့ ဆေးပမာဏနည်းနည်းကိုစွဲသောက်နေရတတ်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေက Pemphigus နဲ့ သင့်တော်ပါတယ်။သင့်ရဲ့အသားအရေနဲ့ကျန်းမာရေးတိုးတက်လာဖို့နည်းတွေကတော့။သင့်ရဲ့ဆရာဝန်၏ ညွှန်ကြားချက်ကိုလိုက်နာပါ။ သင့်ရဲ့ဒဏ်ရာတွေကို ကောင်းကောင်းစောင့်ရှောက်မှုယူတာက ပိုးကူးစက်မှုများနှင့်အမာရွတ်ဖြစ်တာကို တားဆီးကူညီပေးနိုင်ပါတယ်။talcum အမှုန့်ကိုသုံးပါ။ talcum အမှုန့်ဖြန်းတာက အရည်စိမ့်ပြီး အသားအရေ ကပ်စေးနေတာကို ကာကွယ်နိုင်ပါတယ်။သတ်မှတ်ထားသည့်အတိုင်းသင့်ရဲ့ဆေးဝါးကို သောက်ပါ။ရပ်တန့်တာ သို့မဟုတ်ဆေး ပြောင်းလဲတာက သင့်ရဲ့အခြေအနေပိုဆိုးလာစေနိုင်ပါတယ်။သန့်ရှင်းသောလက်သုတ်ပုဝါပိတ်နှင့်အဝတ်အစား။ ဤပစ္စည်းများကိုမကြာခဏသန့်ရှင်းရေးလုပ်တာဟာ ကူးစက်ရောဂါ ဖြစ်တာကနေ တားဆီးကူညီပေးသည်။ ဒါ့အပြင်အခြားသူများနှင့်ထိုကဲ့သို့သောပစ္စည်းများကိုမဝေငပါနှင့် ။သင့်ရဲ့အသားအရေကိုကာကွယ်ပါ။ အားကစားလုပ်ခြင်းသို့မဟုတ် hot tub အသုံးပြုတာလို သင့်အနာကိုထိခိုက်တာ သို့မဟုတ်ညစ်ညမ်းစေတာကို ရှောင်ကြဉ်ပါ။အချို့ သောအစားအစာများကိုရှောင်ကြဉ်ပါ။ သင်၏နှုတ်၌အရည်ကြည်ဖုဖြစ်ပေါ်ရင် ကြက်သွန်ဖြူ, ကြက်သွန်နီနှင့် ပွန်းပဲ့စေတဲ့ စားအစာများကိုရှောင်ပါ။နေရောင်ထိတွေ့မှု လျော့ချပါ။ ခရမ်းလွန်ရောင်ခြည်က အရည်ကြည်ဖုဖြစ်စေနိုင်သည်။ကောင်းသောခံတွင်းကျန်းမာရေးကိုထိန်းသိမ်းဖို့။အကြောင်းကိုသင့်ရဲ့သွားဆရာဝန်နှင့်အတူပြောဆိုပါ။ ပါးစပ်မှာ အရည်ကြည်ဖုရှိပါက စနစ်တကျ သွားတိုက်ရန်ခက်ခဲပေမည်။ ပါးစပ်ကျန်းမာရေးကာကွယ်စောင့်ရှောက်ဖို့အသင့်ရဲ့သွားဆရာဝန်ကိုမေးပါ။ကယ်လစီယမ်နဲ့ဗီတာမင် D ကိုဖြည့်စွက်လိုအပ်တယ်ဆိုရင်သင့်ဆရာဝန်ကိုမေးပါ။ Corticosteroids က သင့်ရဲ့ကယ်လစီယမ်နဲ့ဗီတာမင် D ကိုလိုအပ်ချက်အပေါ်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်သင်ကကယ်လ်စီယမ်ဖြည့်စွက်ဖို့ သို့မဟုတ်အခြားအပိုဆောင်းအာဟာရလိုအပ်တယ်ဆိုရင်သင့်ဆရာဝန်ကိုမေးလို့ရပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pneumonitis-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ
စမတ်ဖုန်းလှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်း လှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ သိကြလား။တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲကဘက်တီးရီးယားပိုးမွှားတွေကပ်ညှိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်း တစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ ဒါကြောင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားဆိုင်ရာ ပြဿနာလေးတွေကို သိထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။၁။ အရေပြားရောင်ရမ်းခြင်း။ဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုတာဟာအရေပြားကို ရောင်ရမ်းစေနိုင်ပါတယ်။ အထူးသဖြင့် စမတ်ဖုန်းကို အချိန်အတော်ကြာဆုပ်ကိုင်ထားလေ့ရှိတဲ့ လက်တွေဟာ ဖူးယောင်တာ၊ ယားယံတာ၊ နီမြန်းလာတာမျိုးတွေဖြစ်နိုင်ပါတယ်။ စမတ်ဖုန်းတွေဟာ မျက်နှာပြင်အရေပြားကိုလည်းထိခိုက်နိုင်ပြီးတော့ ပါးရိုး၊ နားရွက်၊ မေးရိုးနဲ့ လက်တွေမှာလည်းရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။၂။ စောစီးစွာ အရေးကြောင်းထခြင်း။စမတ်ဖုန်း တွေကနေတစ်ဆင့် စာဖတ်ကြတဲ့အခါမှာ စာလုံးအရွယ်အစားသေးကွေးတဲ့ စာကြောင်းလေးတွေကို အာရုံစူးစိုက်ဖတ်ရလေ့ရှိတာမို့မျက်လုံးပတ်လည်မှာ ပုံမှန်ထက် ပိုမိုစောလျှင်ပြီး အရေးကြောင်းတွေ ပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေကနေထွက်တဲ့ UV အလင်းဟာ အိုမင်းရင့်ရော်မှုကို အားပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ UV အလင်းရောင်ဟာ အရေပြားရဲ့ အတွင်းပိုင်းက ကြွက်သားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။၃။ အမည်းစက်များပေါ်ခြင်း။စမတ်ဖုန်းတွေကြောင့်အမည်းစက်တွေ နေလောင်ကွက်တွေပေါ်လာတာမျိုးက နေရောင်အောက်မှာ ကြာကြာနေတဲ့အခါမျိုးမှာ မျက်နှာမှာဖြစ်တတ်တာမျိုးတွေနဲ့ သဘောသဘာဝခြင်းဆင်တူပါတယ်။ ဖုန်းအသုံးများတာကြောင့် မျက်နှာမှာ အမည်းစက်တွေ ပေါ်လာဖို့ သိသိသာသာတွန်းအားပေးပါတယ်။အထူးသဖြင့် Bluetooth လို လှိုင်းအလျားတိုတဲ့ UHF ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်ချိန်တွေမှာ ပိုမိုထိခိုက်နိုင်ပါတယ်။ နောက်ပြီး ညပိုင်းအချိန်တွေ မှောင်နေတဲ့အခန်းထဲမှာ စမတ်ဖုန်းသုံးတာက နေပူထဲထွက်ပြီး လမ်းလျှောက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့ မျက်နှာပြင်အရေပြားကို တစ်ပုံစံတည်း ထိခိုက်စေနိုင်ပါတယ်။၄။ ဝက်ခြံထွက်ခြင်း။နားထင်၊ နားသယ်စပ်ကနေ မေးရိုးအထိ နေရာတစ်လျှောက်ကိုPhone Zoneလို့ ခေါ်ပါတယ်။ ဒီနေရာတွေဟာ မျက်နှာပြင်ကနေ အဆီအများဆုံးထွက်တဲ့နေရာတွေဖြစ်သလို ဖုန်းမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ အများဆုံး တွယ်ညှိနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ဒါကြောင့် မိုဘိုင်းဖုန်း အလွန်အကျွံ အသုံးပြုတဲ့အခါမျိုးတွေမှာ အဲဒီနေရာတွေမှာဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒီနေရာတွေတင်မကပါဘူး မျက်နှာရဲ့ တခြားအစိတ်အပိုင်းတွေ၊ လက်နဲ့ နှုတ်ခမ်းပတ်ချာလည်နေရာတွေမှာလည်း ဝက်ခြံထွက်နိုင်ချေများပါသေးတယ်။၅။ အသားအရောင်ကို ဖျော့တော့စေခြင်း။မိုဘိုင်းလ်ဖုန်း တွေကို အချိန်ကာလရှည်ကြာစွာ ဆက်တိုက်အသုံးပြုတဲ့အခါမျိုးမှာ ဖုန်းရဲ့ အပူချိန်ဟာ မြင့်တက်လာတတ်ပြီး လူ့အရေပြားရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်လေ့ရှိပါတယ်။ အထူးသဖြင့် လူ့အရေပြားရဲ့ မယ်လနင်ဓာတ် ထုတ်လုပ်မှုကို ထိခိုက်စေပြီးတော့ အမည်းစက်တွေ၊အသားအရောင်မညီညာမှုတွေကို ဖြစ်ပေါ်စေပါတယ်။ကဲ စမတ်ဖုန်းက လူ့အရေပြားကို ထိခိုက်စေနိုင်တယ်ဆိုတာကို သိပြီဆိုရင် စမတ်ဖုန်းတွေကို မကြာခဏ သန့်ရှင်းပေးဖို့နဲ့ သုံးစွဲချိန်ကို လျှော့ချနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%85%e1%80%99%e1%80%90%e1%80%ba%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80-%e1%80%9c%e1%80%b0%e1%80%b7%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ad/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/how-save-your-brain-from-aging/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-you-need-to-know-about-neonatal-jaundice/
ဆီးချိုနောက်ဆက်တွဲ အာရုံကြောဆိုင်ရာပြဿနာများ-အာရုံကြောရောဂါ
အာရုံကြောရောဂါဖြစ်ခြင်းသို့ အာရုံကြောထိခိုက်ခြင်းဟာဆီးချိုရဲ့ ဆိုးရွားပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရဆီးချိုရောဂါရှိသူ ၅၀ ရာခိုင်နှုန်းဟာအာရုံကြောရောဂါ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာမပြရင်တောင် ဆီးချိုရောဂါရှိတာသေချာပြီဆိုရင် ဆယ်နှစ် ဒါမှမဟုတ် အနှစ် ၂၀ မှာအာရုံကြောထိခိုက်ခြင်း ဖြစ်လာတတ်ပါတယ်။ သင့်အနေနဲ့ အာရုံကြောထိခိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် သွေးထဲကသကြားဓါတ်ကိုသေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။လေ့လာချက်များအရဂလူးကို့စ်ဓါတ်ကိုကျန်းမာစေတဲ့ အတိုင်းအတာထဲမှာထိန်းထားတဲ့အပြင် ဆီးချိုနောက်ဆက်တွဲတွေ ထပ်မလာအောင် သွေးပေါင်ချိန်ကိုထိန်းထားနိုင်ခြင်းဟာလည်းအရေးကြီးလှပါတယ်။ ၂၀၁၀ ခုနှစ်ထုတ် ဗြိတိန်ဆေးပညာဂျာနယ်မှာအမျိုးအစား (၂) ဆီးချိုရောဂါဟာသွေးတိုးခြင်းနဲ့ ခိုင်မာစွာဆက်စပ်မှုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ သွေးပေါင်ချိန်ကိုနိမ့်စေခြင်းမှန်ရင်နောက်ဆက်တွဲဖြစ်လာနိုင်ခြေတွေကို ထိန်းပေးခြင်းပဲဖြစ်ပြီး အပေါ်သွေး ၁၂၀ အောက်လျော့နည်းတဲ့အေခြေအနေဟာ အန္တရာယ်အနည်းဆုံးပါပဲ။ဆီးချိုကြောင့်အာရုံကြောရောဂါဖြစ်ခြင်းဟာပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ သွေးတွင်းဂလူးကို့စ်ဓါတ်ကိုသတိမထားဘဲနေခဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓါတ်မြင့်တက်တာ ကြာလာရင် အာရုံကြောတွေဆီအာဟာရဓါတ်နဲ့ အောက်ဆီဂျင်တွေ ပို့ပေးနေတဲ့ သွေးကြောတွေကိုထိခိုက်ပျက်စီးစေပါတယ်။ သွေးထောက်ပံ့မှုမလုံလောက်တာ နှစ်များစွာကြာလာတဲ့အခါ အာရုံကြောတွေထုံလာပါတယ်။ အာရုံကြောရောဂါရလာသူတွေဟာနာကျင်ခြင်းကိုခံစားလာရပါတယ်။ ဒါပေမယ့် ပိုဆိုးလာခဲ့ရင် နာကျင်ခြင်းဟာပျောက်သွားတတ်ပါတယ်။ အာရုံကြောတွေဟာခံစားမှုမရနိုင်အောင် အရမ်းပျက်စီးသွားလို့ ဖြစ်ပါတယ်။အာရုံကြောရောဂါဆိုတာအာရုံကြောပျက်စီးမှုတွေအားလုံးကို ခြုံငုံမိစေတဲ့ အသုံးအနှုန်းတခု ဖြစ်ပါတယ်။ အစွန်အဖျားပိုင်းအာရုံကြောရောဂါ (Peripheral neuropathy)ကတော့ ခြေဖဝါး၊ ခြေမ၊ ခြေထောက်၊ လက်နဲ့ လက်မောင်းကိုထိခိုက်စေတဲ့ အာရုံကြောပျက်စီးမှု ဖြစ်ပါတယ်။ အလိုအလျောက်ထိန်းချုပ်သောအာရုံကြောများရောဂါရခြင်း (Autonomic neuropathy)ကတော့ အစာခြေလုပ်ငန်း၊ ဆီးအိမ်၊ အစာအိမ်အူလမ်းကြောင်း၊နှလုံးနဲ့ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများအတွက် အလုပ်လုပ်သောအာရုံကြောများကိုထိခိုက်စေခြင်း ဖြစ်ပါတယ်။ အရင်းပိုင်းအာရုံကြောရောဂါ (Proximal neuropathy)ကတော့ ပေါင်၊ ပေါင်ထိပ်နဲ့ တင်ပဆုံနေရာတွေကအာရုံကြောတွေကိုထိခိုက်စေပါတယ်။ နေရာသီးသန့်အာရုံကြောရောဂါ (Focal neuropathy)ကတော့ ကိုယ်ခန္ဓါဘယ်အပိုင်းမဆိုတစ်နေရာဒါမှမဟုတ် နေရာအများမှာရုတ်တရက်ချည့်နဲ့သွားခြင်း ဖြစ်ပါတယ်။အမျိုးအစား (၂) ဆီးချိုရောဂါမှာအစွန်အဖျားအာရုံကြောရောဂါဟာလက်မောင်းနဲ့လက်တွေမှာမဖြစ်ခင်ခြေဖဝါးနဲ့ ခြေထောက်တွေကိုအရင်ထိခိုက်ပါတယ်။ လက္ခဏာတွေဟာသာမန်လောက်ကနေဆိုးရွားတဲ့အဆင့်ထိအမျိုးမျိုးကွဲပါတယ်။ ထုံခြင်း၊ ကျဉ်ခြင်း၊ မီးစနဲ့ထိသကဲ့သို့ပူခြင်း၊ အထိမခံနိုင်ခြင်း၊ အပူအအေးကိုမသိခြင်း၊ နာခြင်းနဲ့ ကြွက်တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောရောဂါသည်တချို့ရဲ့ လက္ခဏာတွေဟာ ညဖက်မှာပိုပြတတ်ပါတယ်။ဒီအမျိုးအစားမှာကိုယ်တွင်းအင်္ဂါတွေကိုတုံ့ပြန်ပေးတဲ့ အလိုအလျောက်ထိန်းချုပ်အာရုံကြောတွေကိုအကျိုးသက်ရောက်စေပါတယ်။ ဆီးချိုအမျိုးစအား (၂) မှာအစာခြေခြင်း၊ အသက်ရှူခြင်းဆိုင်တွေမှာ ပြသနာရှိပြီးဆီးမထိန်းနိုင်တာ၊ ပန်းသေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ချွေးဂလင်းတွေနဲ့ မျက်လုံ့းတွေလည်းအားနည်းတတ်ပါတယ်။ လက္ခဏာတွေဟာသာမန်လောက်ကနေဆိုးရွားတဲ့အဆင့်ထိအမျိုးမျိုးကွဲပါတယ်။အစွန်အဖျားအာရုံကြောရောဂါဟာ ကြွက်သားအားနည်းခြင်းနဲ့ တုံ့ပြန်မှုမရှိခြင်းတွေဖြစ်စေပြီးတဦးချင်းစီရဲ့ ရွေ့လျားသွားလာပုံရပ်တည်ပုံတွေကိုအပြောင်းအလဲဖြစ်စေပါတယ်။ လမ်းလျှောက်ပုံမှာပြောင်းလဲခြင်းကြောင့် ခြေဖဝါးပုံပျက်တာ ဒဏ်ရာရတာတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်ဒဏ်ရာရခြင်းဟာဆီးချိုအတွက် အန္တရာယ်များပါတယ်။ အာရုံကြောအားနည်းခြင်းနဲ့ သွေးကောင်းကောင်းမလျှောက်တာပေါင်းရင် အနာတွေ ကျက်ဖို့ခက်ခဲသွားတာကြောင့်ပါ။ အနာကျက်ချိန်ကြာရင် ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။ အဆိုးဆုံးအခြေအနေတွေမှာ ဖြတ်တောက်ရတဲ့ထိ ဖြစ်နိုင်ပါတယ်။အလိုအလျောက်ထိန်းချုပ်တဲ့အာရုံကြောရောဂါရဲ့ ပြဿနာကတော့ သွေးတွင်းဂလူးကို့စ်အရမ်းကျ နေတာ (hypoglycaemia)ကိုလက္ခဏာမပြနိုင်အောင်ဖုံးကွယ်ထားနိုင်တဲ့အတွက် hypoglycaemia ဖြစ်လျှင်မသိဘဲဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဂလူးကို့စ်ဓါတ်နည်းတဲ့ လက္ခဏာတွေဖြစ်တဲ့ ချွေးထွက်များခြင်း၊ ရင်တုန်ခြင်းတွေဟာထင်ရှားပါတယ်။ ဒါပေမယ့် အာရုံကြောထိခိုက်မှုဟာဒီလက္ခဏာတွေကိုဖုံးကွယ်ထားတတ်ပါတယ်။ ထို့ပြင် အလိုအလျောက်အာရုံကြောရောဂါဟာ နှလုံးသွေးကြောရုတ်တရပ်ပိတ်ဆို့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကိုလည်း ဖုံးကွယ်ထားနိုင်တဲ့အတွက် နှလုံးရောဂါသည်မှာတခြားလက္ခဏာတွေဖြစ်တဲ့ ချွေးထွက်များခြင်း၊ လက်မောင်းအောင့်ခြင်း၊ ကျောလည်ပင်းမေးရိုးနဲ့ အစာအိမ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပျို့အန်ချင်စိတ်ရှိခြင်းနဲ့ မူးမေ့ခြင်းတွေ ရှိမရှိသိဖို့အရမ်းအရေးကြီးပါတယ်။အစာခြေလမ်းကြောင်းကိုထိခိုက်စေရင်တော့ ဝမ်းချုပ်ခြင်း၊ အစာမျိုချရန်ခက်ခြင်း၊ အစာခြေရန်ခက်ခြင်းစတဲ့ပြသနာတွေ ဖြစ်စေပါတယ်။ အစာခြေရခက်ခြင်းဟာအချိန်ကြာတာနဲ့အမျှပိုဆိုးလာပြီးလူနာပါာမကြာခဏ ပျို့အန်ခြင်းတွေကြောင့် အားနည်းလာတဲ့အထိဖြစ်တတ်ပါတယ်။ အစာခြေတဲ့နေရာမှာနှေးရင် ဂလူးကို့စ် တိုင်းတာဖို့ ခက်ခဲပါတယ်။ အစာခြေရအရမ်းခက်သူတွေမှာတော့ အရည်သောက်ပဲကျွေးတာဖြစ်ဖြစ်၊ နှာခေါင်းပိုက်ကနေကျွေးတာဖြစ်ဖြစ် လုပ်ဆောင်ရပါမယ်။အာရုံကြောပျက်စီးမှုဟာ နှလုံးကိုပါ ထိခိုက်နိုင်ပြီးလူတယောက်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကိုအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အာရုံကြောမကောင်းတဲ့ အမျိုးအစား (၂) ဆီးချိုသမားတွေဟာအထိုင်အထမှာသွေးပေါင်ချိန်ကျပြီးမူးမေ့တာမျိုး ဖြစ်တတ်ပါတယ်။ဆီးလမ်းကြောင်းနဲ့ လိအင်္ဂါတွေရဲ့ အာရုံကြောကိုထိခိုက်ရင် ဆီးသွားရခက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိတတ်ပါတယ်။ ဥပမာဆီးအိမ်အာရုံကြောမကောင်းရင် ဆီးမထိန်းနိုင်တာ၊ ဆီးအားလုံးမစွန့်နိုင်တာ ဖြစ်တတ်ပါတယ်။ လိင်ပိင်းဆိုင်ရာပြသနာတွေလည်း ဖြစ်နိုင်ပြီးအမျိုးသားများပန်းညှိုးတာပုံမှန်အတိုင်းသုတ်ရည်မလွှတ်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်ခြောက်သွေ့တာ၊ စိတ်ကျေနပ်မှု အပြည့်အဝမရတာ ဖြစ်နိုင်ပါတယ်။ဒီအာရုံကြောရောဂါမျိုးဟာအမျိုးအစား (၂) ဆီးချိုကိုထိခိုက်တတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေ ပိုဖြစ်တတ်ပါတယ်။ ပေါင်၊ ပေါင်ရင်းပိုင်း၊ တင်ပါးနဲ့ခြေထောက်တွေကိုထိခိုက်တတ်ပြီးကိုယ်တဖက်ခြမ်းမှာစဖြစ်တတ်ပါတယ်။ အရင်းပိုင်းအာရုံကြောရောဂါဟာခြေထောက်တွေကိုအားနည်းစေပြီးပိုဆိုးတဲ့ဖြစ်ရပ်တွေမှာ ကြွက်သားအားနည်းသွားပြီးအကူမပါဘဲထသွားထလာမလုပ်နိုင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားဟာနာကျင်တတ်ပါတယ်။ဦးခေါင်းပိုင်း၊ ကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်တွေကိုနေရာသီးသန့်အာရုံကြောရောဂါကဒုက္ခပေးတတ်ပြီးရုတ်တရက်ဖြစ်လာတတ်ပြီးနာကျင်တတ်ပါတယ်။ တချို့မှာတော့ ရက်သတ္တပတ်အနည်းငယ်နေရင် ပျောက်သွားတတ်ပြီးထိခိုက်မှု မကျန်ခဲ့ပါဘူး။နေရာသီးသန့်အာရုံကြောရောဂါရဲ့ လက္ခဏာတွေမှာမစူးစိုက်နိုင်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်လုံးနောက်ပိုင်းကိုက်ခြင်း၊ မျက်နှာတခြမ်းလေဖြန်းခြင်း၊ လက်များထုံကျင်ခြင်းနဲ့ ပေါင်အရှေ့ပိုင်း၊ ခါး၊ တင်ပဆုံ၊ ရင်ညွန့်၊ အစာအိမ်၊ ခြေဖဝါးနဲ့ ညို့သကျည်းစတဲ့နေရာတွေမှာကွက်ပြီးနာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နေရာသီးသန့်အာရုံကြောရောဂါအတွက် နာကျင်မှုသက်သာအောင်ကုသရတာဟာခက်ခဲတဲ့အပိုင်းတစ်ခုပါပဲ။ ကုသပုံနည်းလမ်းတွေ ပေါင်းစပ်ပြီးသက်သာအောင်ကြိုးစားပေမဲ့လူတချို့မှာတော့ နာကျင်မှုဟာအရှင်းမပျောက်တတ်ပါဘူး။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%b2-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af/
အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်
ပန်းနာရင်ကြပ်အမျိုးအစားတွေထဲမှာ တချို့က ထူးထူးခြားခြား လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်ထဖောက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကိုoccupational asthmaလို့ ခေါ်ပါတယ်။ အလုပ်လုပ်နေသရွေ့ အချိန်မရွေး ပန်းနာရင်ကြပ်ထဖောက်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။ဖြစ်နိုင်တဲ့အကြောင်းအရင်း ၃ခုရှိပါတယ်။များသောအားဖြင့်တော့။တခြားပန်းနာရင်ကြပ်ရောဂါတွေလိုပါပဲ။လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာတဲ့အတွက် အသက်ရှူရခက်လာပါတယ်။ လက္ခဏာတွေကတော့။ဓာတ်မတည့်တာကြောင့်ဆိုရင် သူ့လက္ခဏာတွေဖြစ်တဲ့ အပိန့်ထွက်တာ၊ ယားတာ၊ နှာရည်ယိုတာ စတာတွေပါ ဖြစ်တတ်ပါတယ်။အဓိကကတော့ လူနာပြောတဲ့ ရောဂါရာဇဝင်က အရေးကြီးဆုံးပါပဲ။ ဒီလိုလူနာတွေကို ကြည့်မယ်ဆိုရင်။လက္ခဏာတွေက ပန်းနာရင်ကြပ်ထစေတဲ့ ပစ္စည်းကို ဘယ်လောက်ကြာကြာထိတွေ့မိသလဲ၊ ခဏခဏ ထိတွေ့ဖြစ်သလား၊ ဘယ်လောက်များများ ထိတွေ့မိသလဲအပေါ်လည်း မူတည်ပါသေးတယ်။ များများနဲ့ ကြာကြာထိတွေ့မိမယ်ဆိုရင် အိမ်ရောက်တာတောင် လက္ခဏာတွေက မသက်သာသေးပါဘူး။တချို့ကျတော့လည်း ပန်းနာရင်ကြပ်ထကြပ်တဲ့ ပုံမျိုးမဟုတ်ဘဲ ချောင်းဆိုးတာလောက်နဲ့ပဲ ဖြစ်တဲ့အတွက် ရင်ကြပ်ဖြစ်တယ်လို့တောင် သတိမထားမိပါဘူး။ဒါကြောင့် ကိုယ်က ပန်းနာရင်ကြပ်ထပြီဆိုရင် ရောဂါအကြောင်းကို အသေးစိတ်ရေးမှတ်ထားပါ။ ဘယ်အချိန်မှာ ကြပ်တာလဲ။ ဘာနဲ့ ထိတွေ့ပြီးရင် ကြပ်တာလဲ။ ဘယ်အချိန်မှာ သက်သာစွားတတ်လဲ။ ဘာလုပ်ရင် ပိုဆိုးသလဲ စသဖြင့် မှတ်ထားသင့်ပါတယ်။ ဒါက ပန်းနာရင်ကြပ် အမျိုးအစားခွဲရာမှာရော၊ ကုသမှုမှာရော အများကြီး အထောက်အကူပြုပါတယ်။တချို့က အစတည်းက ပန်းနာရင်ကြပ်ရှိမှန်းကို မသိတာပါ။ ဒါကြောင့် ဒီလိုရောဂါရာဇဝင်ပြောလာတဲ့ လူနာတွေကို ပန်းနာရင်ကြပ်လို့ ယူဆပြီး သေချာအောင် စမ်းသပ်ပါတယ်။ ဒါ့ပြင် တခြားစစ်ဆေးမှုတွေ ဖြစ်တဲ့။ပန်းနာရင်ကြပ်တို့ရဲ့ သဘာဝအတိုင်း အမြစ်မပြတ်တာကြောင့် ဆေးတွေနဲ့ ထိန်းပြီး ကုသပေးပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့လေပြွန်ကျယ်ဆေးတွေ၊စတီးရွိုက်ရှူဆေးတွေပဲ ဖြစ်ပါတယ်။အဓိက အကျဆုံး အချက်ကတော့ ပန်းနာရင်ကြပ်ကြွစေတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်ပဲ ပန်းနာရင်ကြပ်ဆေးတွေနဲ့ ထိန်းနေပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းကို မရှောင်နိုင်ဘူးဆိုရင် အချည်းနှီးပါပဲ။ ခဏခဏ ပြန်ဖြစ်ပြီး ကြာလာရင် အဆုတ်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက လုပ်ငန်းခွင်က ပန်းနာရင်ကြပ်ကို ကာကွယ်နိုင်ဖို့ (ခဏခဏ ပြန်မဖြစ်ဖို့)။အလုပ်ခွင်မှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ကို သက်သာဖို့ အကောင်းဆုံးနည်းလမ်းကတော့ မတည့်တဲ့ အရာနဲ့ ဝေးဝေးရှောင်တာပါပဲ။ လူနာအများစုက မတည့်တာနဲ့ ဝေးဝေးနေလိုက်ရုံနဲ့ ပြန်ကောင်းသွားတတ်ကြပါတယ်။ ကြာကြာထိတွေ့ထားတဲ့သူကတော့ အလုပ်နားပြီးတာတောင် လက္ခဏာကျန်နိုင်ပါသေးတယ်။ အများစုကတော့ အလုပ်ပြောင်းလိုက်ရုံနဲ့ သက်သာသွားကြပါတယ်။ဒါကြောင့် ဘယ်လိုမှ မသက်သာဘဲ တစ်နေ့ တခြား ပိုဆိုးလာတယ်ဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားပါ။ ထိတွေ့မှု ရှိနေသရွေ့ပန်းနာရင်ကြပ်က ထပ်ကြပ်နေဦးမှာပဲဆိုတော့ ဆေးကိုပဲ အားကိုးနေလို့ မဖြစ်ပါဘူး။ အလုပ်မပြောင်းနိုင်ဘူးဆိုရင်တောင် လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်ရှင်နဲ့ တိုင်ပင်ပြီး ထိတွေ့မှု နည်းအောင် ကြိုးစားသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/occupational-asthma/
အိမ်အပြင်မထွက်ရလဲ ပျော်အောင် နေလို့ရပါတယ်
COVID-19 ရောဂါကြီး ပျံ့နှံ့လာတော့ လူတွေလည်း အပြင်မထွက်ရ ဘာမထွက်ရ၊ ဟိုမသွားရ ဒီမသွားရနဲ့ ဖြစ်ကုန်ကြပါလေရော။ တစ်ချို့များဆိုရင် ရက်ထပ်နှစ်နဲ့ တိုက်တဲ့ သင်္ကြန်ကာလကို ကြုံရမှာမို့ အပြတ်ကဲဖို့ ပြင်ဆင်ထားပြီးမှ ခုတော့ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေရတယ်လို့ ဆိုနေကြတယ်။ ဒါပေမယ့်လည်း တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးမို့ ဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးလေ။တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ဟာ ကမ္ဘာ့နိုင်ငံအားလုံးမှာ ကူးစက်ပြန့်နှံ့နေပြီးတော့ လူ ၆ သိန်းနီးပါး ကူးစက်ခံထားရပါတယ်။ သေဆုံးသူအရေအတွက် ၄ သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။ဒီကပ်ဘေးကို ကာကွယ်နိုင်ဖို့ လူချင်း ထိတွေ့မှု လျှော့ချဖို့၊ အိမ်ပြင်ကို တတ်နိုင်သမျှ မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အပြင်မထွက်နဲ့ဆိုတဲ့ ကိစ္စက လူကြီးတွေအတွက် ထင်သလောက် ပြဿနာမရှိပေမယ့် လူငယ်တွေအတွက်တာ့ နေရထိုင်ရ အတော်ခက်တဲ့ ကိစ္စမျိုးပါ။နောက်ထပ်ပြဿနာက ထွက်ချင်လွန်းသပဆိုပြီး ထွက်ရင်တောင်မှ မြို့တစ်နံတစ်လျားမှာ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ်စင်တာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ အားကစားကွင်းတွေ၊ ဘီယာဆိုင်တွေ၊ ဖျော်ဖြေရေးနေရာတွေ၊ စားသောက်ဆိုင်တွေက ပိတ်ကုန်ကြပါပြီ။ ဒီလိုအခြေအနေမှာ ထွက်လဲ လူမရှိတဲ့ မြို့ကြီးထဲ လျှောက်သွားနေသလိုအခြေအနေမျိုးပဲဖြစ်နေမှာပါ။ဒီအခြေအနေမှာ အိမ်တွင်းအောင်းရမယ့် လူငယ်တွေကတော့ အတော် စိတ်ညစ်ညူးစရာ ကာလတွေပါပဲ။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ခုလို အိမ်တွင်းအောင်းနေပြီး နေနေရတာဟာ သူတို့တွေအတွက် စိတ်ဖိစီးမှုအပါအဝင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံရစေနိုင်ပါတယ်။ ဒီအချက်ကို သတိထားပေးဖို့ လိုပါတယ်။ဒီတော့ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် နေအိမ်ထဲမှာ နေနေတုန်း ပျင်းလာကြမှာကတော့ အမှန်ပါပဲ။ ဒီလိုဆို ဘယ်သူမှ ကြာကြာနေနိုင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နည်းလမ်းလေးတစ်ချို့ အကြံပေးချင်ပါတယ်။နေအိမ်ထဲကနေ အပြင်မထွက်ရပေမယ့် ပျင်းစရာမရှိအောင် ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေကတော့ –။ဒီအချိန်လောက် အချိန်ပေါတာ ဒီအချိန်ပဲလေ။ မကြည့်ရသေးတာတွေရော အရမ်းကြိုက်ရတဲ့ ရုပ်သံစီးရီးတွေ၊ ရုပ်ရှင်စီးရီးတွေကိုရော အစအဆုံး တစ်ထိုင်တည်း ကြည့်ဖို့ အချိန်ကောင်းနော်။ နောက်ပြီး ခုချိန်မှာ Killing Eve၊ Call the Midwife တို့ Sherlock တို့ Money Heist တို့ Riverdale တို့လို အမိုက်စား Show တွေလည်းလာဖို့ ရှိနေတာမို့ အချိန်ကောင်းပါပဲ။ကိုယ်လုပ်ချင်တဲ့ စတိုင်နဲ့ ကိုယ်လုပ်ချင်တဲ့ အချိန်ပမာဏတစ်ခုစာလောက် နေ့စဉ် လေ့ကျင့်ခန်းလုပ်သွားမယ်ဆိုရင် ပျင်းဖို့တောင် အချိန်ရှိမှာမဟုတ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေဦးမှာပါ။ရုပ်ရှင်ချည်းပဲ ကြည့်နေရင် ပျင်းလာမှာပါ။ စာဖတ်ချိန်လေးလည်းထားမယ်။ မဖတ်ဖြစ်တာကြာနေတဲ့ စာအုပ်တွေ၊ ပြန်ဖတ်သင့်တဲ့စာအုပ်တွေကို အေးအေးဆေးဆေးဖတ်ကြမယ်။ တနေ့ကို တစ်နာရီ၊ ၂ နာရီလောက်အချိန်ပေးပြီး ဖတ်ကြည့်ရင် ထူးခြားလာမှာပါ။ ဒါမှမဟုတ် ညအိပ်ယာဝင်ခါနီးမှာ ဖုန်းသုံးတာလျှော့ပြီး စာဖတ်ရင်လည်း ကျန်းမာရေးအတွက် ပိုအကျိုးရှိစေတယ်နော်။ယောင်္ကျားလေးတွေကတော့ တွေးကြလိမ့်မယ်၊ သန့်ရှင်းရေးလုပ်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲပေါ့။ ဒီလိုတော့ တသမတ်တည်းပြောလို့မရပါဘူး။ အနည်းဆုံး ကိုယ့်အခန်းကိုယ် သန့်ရှင်းကြည့်လို့တော့ ရပါတယ်။ အိမ်လေး၊ ကိုယ့်အခန်းလေး သန့်သန့်ရှင်းရှင်းဖြစ်နေရင် ရောဂါပိုးမကူးအောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ဟာ ပျော်အောင် နေတာနဲ့ ရေချိုးတာ ဆိုင်လို့လားလို့ မေးချင် မေးကြလိမ့်မယ်။ ဆိုင်ပါတယ်။ ရေချိုးတာဟာ လူကို လန်းဆန်းစေပါတယ်။ ခုလို နွေရာသီမှာ ပိုလို့တောင် ချိုးပေးသင့်ပါသေးတယ်။ ပျင်းရိငြီးငွေ့မှု တစ်စုံတစ်ရာ ရှိလာခဲ့ရင် ရေသာချိုးချလိုက်ပါ။ လန်းဆန်းသွားပါလိမ့်မယ်။လူတိုင်းကတော့ ဟင်းချက်တတ်ချင်မှ ချက်တတ်မှာပါ။ ဒါပေမယ့် မိသားစုဝင်တွေ၊ အိမ်သူသက်ထားဇနီးမယားရှိသူတွေအနေနဲ့ အိမ်မှာ တပျော်တပါးချက်စားလို့ရပါတယ်။ တစ်ချို့ ချစ်သူစုံတွဲတွေဆိုရင် Video Call ခေါ်ပြီးတောင် ချက်ကြသေးတာနော်။တစ်ခါတစ်လေကျ ကိုယ်နှစ်သက်တဲ့ ဝါသနာအသစ်အဆန်းတွေ ရှိနေသေးတာကို ကိုယ်တိုင်တောင် သတိမထားမိတတ်ပါဘူး။ ခုလို အချိန်အားလပ်နေချိန်မျိုးမှာ ဝါသနာအသစ်အဆန်းတွေကို ပြန်လည်စဉ်းစားပြီး အကောင်အထည်ဖော်ကြည့်တာမျိုး၊ လေ့လာတာမျိုး၊ အသုံးချတာမျိုးတွေ လုပ်ဖို့ အကောင်းဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ဒါကတော့ မတိုက်တွန်းလဲ လုပ်ကြမယ်ဆိုတာ ယုံပါတယ်။ ဖုန်းနဲ့ပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊ PS4 တို့ XBOX တို့လို Console တွေနဲ့ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလို ကိုယ့်မှာရှိတဲ့၊ ကိုယ်အားသန်တဲ့ ပုံစံနဲ့ဆော့ကြမှာတော့ သေချာပါတယ်။ ဒီကနေ့ခေတ်မှာ လူငယ်တွေနဲ့ ဂိမ်းတွေနဲ့က ခွဲခြားဖို့ ခက်တယ်မဟုတ်လား။ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ဂိမ်းတွေက ဆော့ကစားဖြစ်နေကြပါတယ်။FIFA ဘောလုံးပဲ ကန်ကန်၊ The Witcher လို ဇာတ်လမ်းသွားတွေပဲဆော့ဆော့၊ Ashphelt လို ကားတွေပဲပြိုင်ပြိုင်၊ CoD တို့ Battlefield တို့ပဲ ပစ်ပစ်၊ Sudoku တွေ Puzzles တွေနဲ့ပဲ ဉာဏ်စမ်း ဉာဏ်စမ်း ခုချိန်မှာ အပျင်းပြေစေဖို့ဆိုရင် ဗီဒီယိုဂိမ်းတွေ၊ မိုဘိုင်းဖုန်းဂိမ်းတွေက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။တစ်ခုအကြံပေးချင်တာက ကိုယ့်မှာ Console ဂိမ်းစက်ကြီးရှိမနေလို့ အားမငယ်ပါနဲ့ Origin တို့ Stream တို့ တဆင့် Console မှာကစားလို့ရတဲ့ ဂိမ်းအများအပြားကို ကစားနိုင်နေပြီဖြစ်သလို မိုဘိုင်းဖုန်းတွေမှာလည်း အမြင့်စားဂိမ်းတွေ ရနေပြီမို့ ဘာနဲ့ကစား ကစား အထာကျကျဂိမ်းတွေ စိတ်ကြိုက်စားလို့ရနေပါပြီ။ချစ်သူရည်းစားဆီကိုပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းတွေဆီကိုပဲဖြစ်ဖြစ် Video Call တွေ ခေါ်ပြီး ပျော်ပျော်ပါးပါး စကားလက်ဆုံကျလို့လည်း ရပါသေးတယ်။ လူချင်းမနီးကပ်ပေမယ့် အားလုံးအတူတူ ဆုံနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။အိမ်မှာ ဒီလောက် ခွေခေါက်ပြီး အကြာကြီးနေနေတာ အစားအသောက်ကတော့ စားဖြစ်မှာသေချာတယ်လို့ လူတွေက ဆိုတတ်ကြပါတယ်။ သေချာတာတစ်ခုကတော့ တစ်ချို့က အလွန်အကျွံစားနေကြတာဖြစ်ပြီးတော့ တစ်ချို့က အစာစားချင်စိတ်မပေါ်လာတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း မှန်ကန်တဲ့ ပမာဏမျိုးနဲ့ စားပေးဖို့ တိုက်တွန်းတာပါ။ အာဟာရပြည့်ဝစွာစားသောက်နေရင် လူရောစိတ်ပါ ကျန်းမာရွှင်လန်းနေမှာပါ။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-stay-happy-during-the-coronavirus-outbreak/
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ဘာဖြစ်နိုင်သလဲ။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ကလေးက ဉာဏ်မမီတာလေး မွေးတတ်တယ်။ ကိုယ်ဝန်ရှိတုန်း ငလျင်လှုပ်တာနဲ့ ကြုံရင် လက်ထဲမှာ ကျောက်ခဲဆုပ်ထား စတဲ့ ရှေးလူကြီးတွေ ပြောတာကို ကြားဖူးမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငလျင်ချက်မိရင် မိခင်နဲ့ ကလေးမှာ ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ ဗိုက်ထဲက ကလေးကို တကယ်ပဲ ထိခိုက်နိုင်မှာလား။ခေတ်သစ်သိပ္ပံပညာမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ငလျင်ဒဏ်ခံရရင်လမစေ့ဘဲ မွေးသွားနိုင်သလားဆိုတာကို လေ့လာနေကြပါတယ်။ နောက်ပြီး ကလေးက ငလျင်ချက်ထိတားတဲ့အတွက်  တကယ်ပဲ လူကြီးတွေပြောသလို ဉာဏ်နည်းသွားမလားဆိုတာကို လေ့လာနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီး စာတမ်းတွေလည်း ရှိပါတယ်။ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ကလေးမွေးသွားတာ ဒါမှမဟုတ် လမစေ့ဘဲ မွေးသွားတာတွေနဲ့ ပတ်သက်ပြီးလည်း စာတမ်းတွေ ရှိပါတယ်။ ဒါက အတိအကျပြောလို့တော့ မရသေးပါဘူး။ ဆက်ပြီး လေ့လာစရာတွေ ရှိပါသေးတယ်။ငလျင်လှုပ်လို့ ဒါဖြစ်တယ်ဆိုတာထက် ဆက်စပ်နေတယ်လို့ ပြောလို့တော့ ရပါတယ်။ ငလျင်လှုပ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေရော ဖြစ်လာပါတယ်။ ဒါက တချို့ကိုယ်ဝန်ဆောင်တွေမှာ လစေ့ဘဲ မွေးတာကို ဖြစ်စေနိုင်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မိခင်တိုင်းတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ငလျင်ကြောင့်ဆိုတာထက် မိခင်ရဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်တာဖြစ်ပါတယ်။ငလျင်ဒဏ်ကြောင့် မိခင်စိတ်ဖိစီးမှု ခံစားရတဲ့အခါ ကိုယ်ထဲမှာအဒရီနယ်လင်ထွက်လာပါတယ်။ ဒါက ကလေးဆီကို သွားတဲ့ သွေးကြောတွေကို ကျုံ့စေတဲ့အတွက် အောာက်စီဂျင်နဲ့ အာဟာရတွေ ရတာ နည်းသွားပါတယ်။ ဒါက စောမွေးတာကို ဖြစ်စေပါတယ်။ကလေးစောမွေးတာနဲ့ ငလျင်ဒဏ်ကြားက ဆက်စပ်မှုက ရှုပ်ထွေးပါတယ်။ ငလျင်ဒဏ်ရဲ့ ရစ်ချက်တာစကေး၊ ကိုယ်ဝန်လအနုအရင့်၊ မိခင်ရဲ့ စိတ်ဖိစီးမှု အခြေအနေစတာတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။အမေဗိုက်ထဲမှာတုန်းက ငလျင်ဒဏ်ခံရတဲ့ ကလေးတွေက မွေးလာတဲ့အခါဉာဏ်မမီတာမျိုး ဖြစ်နိုင်လားဆိုပြီး လေ့လာထားကြပါသေးတယ်။ဒီလေ့လာချက်ရဲ့ အဆုံးသတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရစ်ချက်တာစကေးမြင့်တဲ့ ငလျင်ဒဏ်ကို ခံရတဲ့အခါ မွေးလာတဲ့ကလေးက စာဖတ်ရခက်တာမျိုး ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါက ငလျင်ဒဏ်ခံရတိုင်း ဖြစ်ရမျိုးတော့ မဟုတ်ပါဘူး။ အချိန်ဘယ်လောက်ကြာကြာ ခံရသလဲ၊ ကလေးက သားလေးလား၊ သမီးလေးလား စတဲ့ အချက်တွေအပေါ်လည်း မူတည်ပါသေးတယ်။ နောက်ပြီး ဒီအချက်ကို ကလေးငယ်တုန်းမှာ တွေ့ရတဲ့အတွက် ဒါက နောက်ပိုင်းကျရင်ရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်ပြီးလေ့လာဖို့ လိုပါတယ်။ငလျင်ဒဏ်နဲ့ ကြုံရပြီးတဲ့အခါ ကိုယ်ဝန်ကို ပိုပြီး ဂရုစိုက်ပါ။ အထူးသဖြင့် ကလေးမွေးနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ပါ။ တစ်ခုခု စိုးရိမ်နေတာရှိရင် ဆရာဝန်နဲ့ ပြန်လည်ပြသပါ။ကောင်းတာကတော့ ငလျင်ဒဏ်နဲ့ ကြုံပြီးသွားရင် ဘာမှမခံစားရရင်တောင် ဆရာဝန်နဲ့ ပြသပြီး ဗိုက်ထဲက ကလေးအခြေအနေကို စစ်ဆေးသင့်ပါတယ်။ ကလေးဘာမှမဖြစ်ဘူးဆိုရင်တော့ အမေလည်း စိတ်အေးရတာပေါ့။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/effects-of-earthquake-in-pregnancy/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-types/
Pelvic Pain (ဆီးခုံနာကျင်ခြင်း)
ဆီးခုံနာကျင်ခြင်းဆိုသည်မှာ သင့်ဝမ်းဗိုက်ရဲ့အောက်ဆုံးအပိုင်း ၊ ချက်အောက်ပိုင်း ဆီးခုံနေရာတွင်အတွင်းဘက်မှနာကျင်မှုမျိုးဖြစ်ပါတယ် ။ဆီးခုံနာကျင်ခြင်းတွင်ရေတိုနှင့် ရေရှည်နာကျင်ခြင်းနှစ်မျိုးရှိပါတယ် ။ဆီးခုံနာ.ကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ်။ အမျိုးသမီးများဟာအမျိုးသားများထက်အဖြစ်များပြီး ဆယ်ကျော်သက်မှသက်ကြီးပိုင်းအထိအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ် ။နာကျင်မှုဟာ အသေးစားနာကျင်မှုကနေ အပြင်းအထန်နာကျင်မှုအထိလူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါဘူး။ စူးစူးရှရှနာကျင်နိုင်သလို နေရာတစ်ခုလုံးလည်းနာကျင်နိုင်ပါတယ် ။ ဆက်တိုက်နာကျင်နေနိုင်သလို ခဏခဏနာကျင်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ဆီးခုံနာကျင်ခြင်းဟာ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ဆီးမထိန်းနိုင်ခြင်း ၊ ဖျားခြင်း ၊ ခါးနာခြင်း နှင့် နှလုံးခုန်မြန်ခြင်းတို့နှင့် တွဲလာတတ်ပါတယ် ။အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ် ။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။– သင့်ရဲ့တစ်နေ့တာလုံးအလုပ်ချိန်တစ်ခုလုံးနာကျင်နေခြင်း။– လိင်ဆက်ဆံရာတွင်အခက်အခဲရှိခြင်း၊လိင်စိတ်ပြီးမြောက်ရန်ခက်ခဲခြင်း၊ လိင်အင်္ဂါထောင်မတ်မှူနှင့် သုတ်လွှတ်မှုများအားနည်းခြင်း ၊။– ဝမ်းချုပ်ခြင်း ၊ ရေရှည်ဆီးမထိန်းနိုင်ခြင်း ၊။ကိုယ်ဝန်ဆောင်နေစဉ် မှာဆီးခုံနာကျင်ခြင်းဟာကိုယ်ဝန်ပြဿနာတွေရဲ့လက္ခဏာတစ်ခုခုဖြစ်နိုင်ပါတယ် ။ နေရာမှား၍သန္ဓေတည်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းများတွင်နောက်ဆက်တွဲဆိုးရွားသောပြဿနာများမဖြစ်စေရန် ချက်ချင်းခွဲစိတ်မှုခ့်ယူရန်လိုအပ်ပါတယ် ။ရေတိုဆီးခုံနာကျင်ခြင်း။အမျိုးသားနှင့် အမျိုးသမီးများတွင်ဆီးခံနာကျင်ခြင်းဟာ ဆီးအိတ်၊ အူများ ၊ လိင်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များအားနည်းခြင်း သို့ အူလမ်းကြောင်းပိတ်ခြင်းတို့ရဲ့ရောဂါလက္ခဏာပဲဖြစ်ပါတယ်။ အူအမြှေးရောင်ခြင်းနှင့် ပိုးဝင်ခြင်းတို့အထိဆက်ဖြစ်မယ်ဆိုလျှင်တော့ အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါတယ် ။ အခြေအနေအမျိုးမျိုးကြောင့်လည်းမျိုးပွားလမ်းကြောင်းပြဿနာရှိသောဆယ်ကျော်သက်မိန်းကလေးများတွင်ဆီးခုံနာကျင်ခြင်းဖြစ်နိုင်ပါတယ် ။ မိန်းကလေးတစ်ယောက်ဟာပျိုဖော်စဝင်ပြီး ရာသီလာတာနှင့်အမျှ ဆီးခုံနာကျင်မှုအတွက်ရောဂါရှာဖွေရတာလည်း ကျယ်ပြန့်လာပါတယ် ။ အမြင့်မှပြုတ်ကျခြင်း သို့ ကားမတော်တဆမှုဖြစ်ခြင်းကဲ့သို့သော မတော်တဆမှုများကြောင့်လည်း အသက်အန္တရာယ်ရှိသော ဆီးခုံနာကျင်မှုများအထိဖြစ်နိုင်ပါတယ် ။နာတာရှည်ဆီးခုံနာကျင်မှုများ ။အမျိုးသမီးများတွင်နာတာရှည်ဆီးခုံနာကျဉ်ရခြင်းများကတော့ သားအိမ်တွင်အလုံးဖြစ်ခြင်းကဲ့သို့သော လိင်အင်္ဂါများကြောင့်ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာနာကျင်မှုဟာ အနည်းဆုံး၆လအထိကြာနိုင်တဲ့ဆီးအိတ်သို့ အူလမ်းကြောင်းပြဿနာများနှင့် ဆက်စပ်နေပါတယ်။ နာကျင်မှုဟာရာသီလာချိန်မှာဖြစ်နိင်သလို တခြားအချိန်မှလည်းဖြစ်နိုင်ပါတယ် ။တစ်ခါတစ်ရံမှာအာရုံကြောအဖွဲ့အစည်းပုံမှန်အလုပ်မလုပ်သောကြောင့်လဲဆီးခုံနာကျင်မှုများရေရှည်ဖြစ်တတ်ပါတယ် ။တစ်ခါတစ်ရံမှာရောဂါကုသမှုများကြောင့်လဲဆီခုံနာကျင်ခြင်းများဖြစ်တတ်ပါတယ်။အတိတ်ကဆီးခုံနေရာတွင်ခွဲစိတ်မှုများကြောင့်လဲနာကျင်မှုများပေါ်လာနိုင်ပါတယ် ။သားအိမ်ဖယ်ခြင်း ၊ Cပုံစံခွဲစိတ်ခြင်း၊ဆီးကျိတ်ခွဲစိတ်ခြင်းနှင့် များစွာသောဝမ်းဗိုက်ခွဲစိတ်မှုများ ၊အတိတ်က ကင်ဆာဓါတ်ကင်မှုများ.. အစရှိသည်တို့ကြောင့်လည်း ဆီးခုံနာကျင်ခြင်းများ ဖြစ်နိုင်ပါတယ် ။ဆီးခုံနာကျင်မှုကိုပိုဆိုးစေတာတွေကတော့..။– ရာသီမလာခြင်းဟာတော့ဆယ်ကျော်သက်အရွယ်မှာဆီးခုံနာကျင်ခြင်းဖြစ်စေတဲ့အများဆုံးအကြောင်းရင်းတစ်ခုပါပဲ။ ဆီးခုံနေရာတစ်ဝိုက်တွင်ကူးစက်ခံရခြင်းများ၊ သားဥကြွေခြင်းကြောင့် ရာသီလာနေစဉ်အလယ်လောက်တွင်နာကျင်ခြင်း ၊ ဆီးလမ်းကြောင်းကူးစက်မှုများ ၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းများ၊ဝမ်းချုပ်ခြင်း ၊ အစာလမ်းကြောင်းတွင်ရောဂါကူးစက်ခံရခြင်း၊ဗိုက်နာခြင်းများ ၊ နေရာမှား၍သန္ဓေတည်ခြင်း သို့ ကိုယ်ဝန်ပျက်ကျခြင်းများ၊ ဆီးအိတ်ရောင်ရမ်းခြင်း၊ သားအိမ်နံရံသည်အခြားနေရာများတွင်ကြီးထွားလာခြင်း၊ အူမကြီးရောဂါကူးစက်ခံရခြင်း၊ဆီးခုံနေရာတစ်ဝိုက်မှကိုယ်တွင်းအင်္ဂါများပြုတ်ကျခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးခုံနာကျင်ခြင်းကို ဓါတ်မှန်ရိုက်ခြင်း၊ အယ်လ်ထရာစောင်း သို့MRI ရိုက်ခြင်း ၊ ကျောရိုး ၊ဆီးခုံနှင့် တင်ပါးတို့ကိုဓါတ်မှန်ရိုက်ခြင်း၊ ကြွက်သားကျုံ့မှုများ ၊ကြွက်သားများသေးခြင်း ၊ တစ်ရှူးများ၏ခံနိုင်ရည် ၊အနာရွတ်များ အတွက်ကြွက်သားတုံ့ပြန်မှုကို စစ်ဆေးခြင်း ၊ ဝမ်းဗိုက်ကြွက်သားကောင်းမကောင်းစစ်ဆေးခြင်း၊ ဆီးခုံရှိကန့်လန့်ကာကြွက်သားကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်း၊ ကန့်လန့်ကာကြွက်သားလိုက်လျောညီထွေစွာအလုပ်လုပ်နိုင်ခြင်းရှိမရှိ စစ်ဆေးခြင်း ၊ ဆီးအိတ်ရောဂါပိုးကူးစက်မှုများရှိမရှိသိနိုင်ရန် ဆီးစစ်ခြင်း ၊ သွေးဆဲပမာဏများနှင့် ရောင်ရမ်းခြင်းအတွက်အမှတ်အသားများကိုစစ်ဆေးခြင်း ၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါများရှိမရှိစစ်ဆေးခြင်း တို့ပဲဖြစ်ပါတယ် ။ကုသရာတွင် နာကျင်ခြင်းကိုဖြစ်စေသောအကြောင်းအရာအပေါ်မူတည်၍ကွဲပြားသွားကြပါတယ် ။ ကုသခြင်းများကတော့..။– နာကျင်မှူသက်သာစေသောဆေးများပေးခြင်း ၊။– ကိုယ်ဝနိတားဆေးများပေးခြင်း ၊။– စားသောက်မှုပုံစံပြောင်းလဲခြင်း၊။– သင့်ရဲ့ကြွက်သားများကိုထိန်းချုပ်ရန် နည်းစနစ်များအသုံးပြုခြင်း၊။– ဆီးခုံပတိဝန်းကျင်ရှိ ကြွက်သားများပြေလျော့စေရန် အပ်စိုက်ခြင်း သို့ နှိပ်နယ်ခြင်း ၊။– နာကျင်မှုကိုသက်သာစေမည့် ကုသမှုများ ၊ နည်းလမ်းများကိုလေ့လာခြင်း ၊။– လျှပ်စစ်အသုံးပြု၍ နာကျင်မခံစားရအောက်လုပ်ခြင်း၊။– လိုအပ်လျှင် နာကျင်မှုဖြစ်စေသောနေရာကိာခွဲစိတ်ကုသခြင်း၊။– အကယ်၍ နာကျင်မှုသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းသမားရိုးကျ ပြောင်းလဲမှုများကြောင့်ဆိုလျှင် ဆရာဝန်သည် နာကျင်မှုသက်သာစေရန် အနားယူခြင်း ၊လေ့ကျင့်ခန်းလုပ်ခြင်း ၊ အပူကပ်ပေးခြင်း..အစရှိသည်တို့ကိုလုပ်ခိုင်းပါလိမ့်မယ်။–ကုသမှုခံယူပြီးနောက်ပိုင်း ရောဂါမသက်သာလျှင်ဆရာဝန်ကိုပြောရပါမယ် ။– ဆေးသောက်နေစဉ် သက်သာသည်ဟုမခံစားရလျှင် အခြားဝေဒနာများထပ်ပေါ်လာလျှင်လည်းဆရာဝန်ကို ပြောရပါမယ်။– လေ့ကျင့်ခန်းကိုအသင့်အတင့်လုပ်ပေးရပါမယ်။– အကယ်၍နေကောင်းသွားလျှင်တောင် ဆေးများကိုဆရာဝန်ညွှန်ကြားထားသည့်အတိုင်းဆက်လက်သောက်သုံးပေးရပါမယ်။– ဆေးရပ်လိုက်ခြင်းဟာရောဂါများကိာပြန်၍ဖြစ်ပေါ်လာစေနိုင်ပါတယ်။– ဆေးများနှင့် အစားအစာများမစားသုံးခင် ဆရာဝန်ကို အရင်မေးမြန်းသင့်ပါတယ် ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိဖို့အတွက်ဆရာဝန်ကိုမေးမြန်းတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/pelvic-pain-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%af%e1%80%b6%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း
ကြက်သွန်ဖြူက အအေးမိဖျားနာတာကို သက်သာစေနိုင်သလိုဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ဒီလို ဆေးဖက်ဝင်မှုတွေကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ဆေးဝါးအဖြစ်ရော၊ စားစရာအဖြစ်ပါ စားသုံးလာခဲ့ကြတဲ့ ကြက်သွန်ဖြူကကိုယ်ဝန်​ဆောင်မိခင်တွေကိုလည်း ကျန်းမာရေး ထောက်ကူပေးပါသတဲ့။ ဘယ်လိုတွေများ ထောက်ကူပေးသလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်းက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကြက်သွန်ဖြူ ဆိုတာကို ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူက အာရှတိုက်မှာ အဓိကပေါက်ရောက်ရှင်သန်တာဖြစ်ပြီးကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့နဲ့ မျိုးရင်းအတူတူပါ။ အပေါ်ခွံက အဖြူရောင်ရှိပြီး အမြွှာလေးတွေ အများကြီးပါပါတယ်။ဥတစ်လုံးဆိုပြီး ကြက်သွန်ဖြူ တစ်ဥတည်းလေးတွေလည်း ရှိပါတယ်။ ကြက်သွန်ဖြူကဆေးဖက်ဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက အီဂျစ်မှာ ဟင်းချက်ဖို့အတွက်ရော ဆေးဝါးအနေနဲ့ပါ အသုံးပြုခဲ့ကြပါတယ်။ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူမှာ။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူကိုသင့်တင့်တဲ့ ပမာဏလောက်စားပေးတာက ဘေးကင်းပါတယ်။ကိုယ်ဝန်အစောပိုင်းကာလကစပြီး ကြက်သွန်ဖြူကို စားပေးလို့ ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန် တတိယ သုံးလပတ်ထဲရောက်လာပြီး မွေးဖွားခါနီးပြီဆိုရင်တော့ သွေးပေါင်ကျတာ၊ သွေးကျဲတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဖို့ လိုပါတယ်။ ရင်ပူပြီး စားချဉ့်ပြန်ရောဂါရှိရင်လည်း ဆင်ခြင်ဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်သွန်ဖြူ အရွယ်တော် ၂ မြွှာကနေ ၄ မြွှာလောက်အထိ စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း က ဘာတွေများလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးတာကမေမေရော ဘေဘီလေးကိုပါအခုလို ကျန်းမာစေပါတယ်။ကိုယ်ဝန်ဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာတွေက မေမေရော ဘေဘီလေးအတွက်ပါ အန္တရာယ်များပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ဆီးထဲက ပရိုတင်းပမာဏကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆိပ်တက်တာကိုရော ကိုယ်ဝန်ဆောင်သွေးတိုးကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်ဖြူ စားပေးတာက ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်သလို ကလေးညှက်တာ၊ လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြက်သွန်ဖြူက ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ကြက်သွန်ဖြူမှာ ပါတဲ့ allicinက သွေးတွင်းကိုလက်စထရော ကျဆင်းအောင် ထောက်ကူပေးပြီး သွေးကျဲစေတာကြောင့် ရုတ်တရက် နှလုံးရပ်တာ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကြက်သွန်ဖြူ စားပေးတာက အူမကြီး ကင်ဆာ အပါအဝင် ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ အစာရေမျိုနဲ့ အစာအိမ်ကင်ဆာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးတာက အစာခြေစနစ် ကျန်းမာစေပြီး လေထတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကြက်သွန်ဖြူက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယား ပေါက်ဖွားတာကို ဟန့်တားပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး ကူးစက်ရောဂါတွေ အန္တရာယ်က​နေ ကာကွယ်ပေးပါတယ်။ အအေးမိတာ နဲ့ တုပ်ကွေးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကြက်သွန်ဖြူမှာပါတဲ့ Allicin က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ မိန်းမကိုယ် မှိုပိုးဝင်တာ အပါအဝင် အရေပြားမှိုပိုး နဲ့ ခြေသည်းလက်သည်းမှိုစွဲတာတွေကို သက်သာစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-eat-garlic/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%98%e1%80%9d-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%94%e1%80%ba%e1%81%8a/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/can-dandruff-cause-hair-loss/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%ad%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%9a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
ကိုယ့်အသားအရေက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အမျိုးအစားမှန်း ဘယ်လိုသိနိုင်မလဲ
မျက်နှာလေးလှဖို့၊ ကြည်လင်နေစေဖို့အသားအရေထိန်းပစ္စည်းတွေအမျိုးမျိုးသုံးကြတယ်နော်။ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဘယ်နှရက်အတွင်း အသားဘယ်လိုဖြူသွားမယ်၊ ဘယ်လိုချောမွတ်လှပသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရှိကြတာလည်း အများသားရယ်။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးကိုပဲ ရွေးသုံးနိုင်ဖို့က အဓိကသော့ချက်ဆိုတာလေး မမေ့စေချင်ပါဘူး။တခြားသူတွေနဲ့ အာနိသင် ဘယ်လောက်ကောင်းနေပါစေ၊ ကိုယ့်အသားအရေနဲ့မကိုက်ညီရင် မကောင်းတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်။ ထိခိုက်လွယ်၊တုံ့ပြန်လွယ်တဲ့ အသားအရေသာဆိုဓာတ်မတည့်တာတစ်ခုခုပါတာနဲ့ ချက်ချင်းပြဿနာပေါ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ကိုယ်က ထိခိုက်လွယ်အသားအရေဖြစ်နေတာကို မသိတာပါပဲ။အရေပြားမှာ ထိတွေ့လိုက်တဲ့ အသားအရေထိန်းပစ္စည်းတစ်ခုခုရဲ့ပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်တာကြောင့် ချက်ချင်း နီမြန်းတာ ဖြစ်လာတတ်ပါတယ်။ တကယ်ဆို ဖုန်မှုန့်နဲ့ထိတွေ့မိရင်တောင် အသားအရေမှာ နီမြန်းလာတာမျိုး။မျက်နှာလေးက တကယ်တော့ ဘာမှအပြစ်အဆာမရှိပေမယ့် အနီကွက်ထတာ၊ အဖုသေးသေးလေးတွေထွက်တာ မကြာမကြာဖြစ်နေရတာ ထုံးစံလိုဖြစ်နေပါတယ်။ အသားအရေမှာ ဓာတ်မတည့်တာ ဘာနဲ့ထိမိမှန်းကိုမသိအောင် အထိမခံ၊ နုနယ်သူလေးတွေပေါ့။ဘယ်အသားအရေအမျိုးအစားလဲတော့ မသိဘူး။ ဟိုပစ္စည်းသုံးလို့မတည့်၊ ဒီပစ္စည်းသုံးလို့မတည့်မို့ ကိုယ်နဲ့တည့်တဲ့ အမှတ်တံဆိပ်လေးတွေပဲ စွဲသုံးရပါတယ်။မျက်နှာသစ်ဆေး၊moisturizer၊ နှုတ်ခမ်းနီ၊ ပေါင်ဒါတွေအထိ တည့်မတည့်ကိုအတော်ရွေးချယ်ရပါတယ်။တစ်ခါတလေ အကွက်လိုက်လေးတွေ ခြောက်ပြီးအဖတ်ကွာတတ်တာမျိုးအရေပြားပြဿနာခံစားရပါတယ်။ တချို့ဆို လိမ်းဆေး၊ သောက်ဆေးတွေနဲ့ပါ ကုသမှုခံယူဖို့ လိုအပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။မျက်နှာသစ်ပြီးချိန် အသားခြောက်ပြီး ယားတာ၊ အသားအရေသုံးပစ္စ္စည်းတစ်ခုခုကြောင့် ယားယံတာ ဖြစ်လွယ်တတ်ပါတယ်။ ဒါ့ကြောင့် အမြဲဂရုစိုက်နေရတတ်တဲ့ အသားအရေပါ။သူများတွေက အဖြစ်သည်းတယ်ထင်ရလောက်တဲ့အထိ အထိမခံနိုင်တဲ့ အသားအရေပါ။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်နှာတင်မက လက်တွေ၊လည်ပင်းတွေမှာပါ နေလောင်တာ၊ နီတာ၊ ယားတာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ပါးမှာ သွေးကြောမျှင်မျှင်လေးတွေ မြင်နေရတတ်တာ အရေပြားပါးပြီး အကာအကွယ်အလွှာနည်းတဲ့ ထိခိုက်လွယ်အသားအရေပိုင်ရှင်ရဲ့လက္ခဏာတစ်ခုပါ။ခြောက်သွေ့ထိခိုက်လွယ်တဲ့အသားအရေက အစိုဓာတ်ထိန်းမထားနိုင်သလိုချွေးပေါက်ပိတ်ဆို့လွယ်တာကြောင့် ဝက်ခြံဖုတွေ၊ အဆီဖုလေးတွေ ဖြစ်လွယ်ပါတယ်။ဒီလက္ခဏာတွေ ကိုယ့်မှာရှိတယ်ဆိုရင် အသားအရေနဲ့ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို အလွယ်သုံးလို့မရတော့ပါဘူး။ ထိခိုက်လွယ်အသားအရေအတွက် သီးသန့်ထုတ်တဲ့ အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အသားအရေသုံးပစ္စည်းတွေကို ရွေးချယ်မယ်ဆိုBIODERMAကထုတ်တဲ့Sensibio Rangeထုတ်ကုန်တွေကို အရင်စဉ်းစားသင့်ပါတယ်။ ဥပမာ- ထိခိုက်လွယ်အသားအရေတွေအတွက် အကောင်းဆုံးဦးစားပေးထုတ်လုပ်ထားတဲ့ Micellar နည်းပညာသုံးSensibio H2O Micellar Waterရှိပါတယ်။ မိတ်ကပ်နဲ့အဆီတွေကို ၉၉ ရာခိုင်နှုန်းသန့်စင်ပေးပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားငယ်လေးတွေ၊ ဖုန် နဲ့ အညစ်အကြေးတွေကို ၉၈ ရာခိုင်နှုန်းသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။Micellar Waterသုံးပြီးရင် မျက်နှာကိုသန့်စင်ပေးဖို့လိုပါမယ်။အသားအရေကတုံ့ပြန်ထိခိုက်လွယ်မယ်ဆိုရင်တော့  အသားအရေကို အနူးညံ့ဆုံးသန့်စင်ပေးတဲ့Sensibio Foaming Gelရှိပါတယ်။Biodermaရဲ့ Foaming Gel တစ်မျိုးဖြစ်တဲ့Sensibio gel moussantက ဆပ်ပြာလုံးဝမပါဝင်တာကြောင့် အသားအရေကို လန်းဆန်းစေပြီး၊ ချောချောမွတ်မွတ်နဲ့ သက်တောင့်သက်သာဖြစ်စေမှာပါ။ အရေပြားရဲ့ pH ပမာဏကို အကောင်းဆုံးထိန်းညှိပေးပြီး အသားအရေကိုခြောက်သွေ့မှုကင်းအောင် အစိုဓာတ်ကိုလည်း အထိရောက်ဆုံးထိန်းပေးနိုင်မှာပါ။ ရနံ့မပါတာကြောင့် ဓာတ်မတည့်မှုဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။မျက်နှာသန့်စင်ပြီးရင် တိုနာအတွက်Sensibio Tonique၊ ရောင်ရမ်းမှုတွေ လျှော့ချပေးပြီး အသားအရေအစိုဓာတ်ထိန်းပေးတဲ့Sensibio Lightသုံးလို့ရပါတယ်။Sensibio Lightဟာ ထိခိုက်လွယ်အသားအရေအတွက် အရေပြားကုသမှုနည်းပညာသစ် Toléridine™patent ပါဝင်မှုကြောင့် ခြောက်သွေ့၊ရောင်ရမ်းမှုတွေကင်းတဲ့ ကြည်လင်လှပမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ မျက်လုံးလေးလှပစေဖို့အသုံးပြုတဲ့ အလှကုန်တွေ​ကြောင့် အသာအးရေထိခိုက်မှုမဖြစ်စေဖို့အတွက် မျက်လုံးတဝိုက်မှာ ဓာတ်မတည့်မှုဖြစ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့Sensibio Eyeလေးကိုလိမ်းပေးပြီး အစိုဓာတ်ဖြည့်ပေးလိုက်ရုံပါ။ထိခိုက်လွယ်အသားအရေတွေ အတွက်တော့ နိုင်ငံတကာအရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်အရ ဘေးကင်းစိတ်ချရတဲ့Sensibioထုတ်ကုန်တွေက အသင့်တော်ဆုံးပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/sensitive-skin-symptoms/