title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ
နိုင်ငံတကာဆီးချိုအဖွဲ့ကြီးရဲ့ပြောဆိုချက်အရ၂၀၁၄ခုနှစ်မှာဆီးချိုဖြစ်လာသူက၃.၃သန်းကိုကျော်လာပါပြီ။၉၀ကနေ၉၅ရာခိုင်နှုန်းကဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းကဆီးချိုအမျိုးအစား (၂)ကအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။ဆီးချိုအမျိုးအစား (၂)ကကာကွယ်လို့ရပါတယ်။ ဒါကြောင့်သငိဘယ်အသက်အရွယ်မဆိုကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။အလယ်အလတ်ပိုင်းတွေနဲ့အသက်ကြီးပိုင်းတွေမှာဆီးချိုအမျိုးအစား (၂) အဖြစ်များပါတယ်။၂၀၁၄ခုနှစ်မှာအသက်၄၅ကနေ၆၄အထိလူတွေကဆီးချိုအဖြစ်ဆုံးဖြစ်ကြပါတယ်။ သူတို့ကဆီးချိုဖြစ်နှုန်းလည်းပိုမြန်ကြပါတယ်။ဆီးချိုtype 2ကအရင်အချိန်တွေမှာအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုအချိန်မှာကလေးတွေဆီမှာပါအဖြစ်များလာပါပြီ။ ကလေးငယ်အနည်းငယ်သာအမျိုးအစား (၁) ဆီးချိုနဲ့မွေးဖွားလာခဲ့ပေမယ့် အမျိုးအစား (၂)ကတော့ နေထိုင်စားသောက်ပုံစံတွေမှားယွင်းတာကြောင့်ပါ။၂၀၁၂ခုနှစ်မှာအသက်၂၀ အောက်တွေအနာဂတ်မှာဆီးချိုဖြစ်လာနိုင်ခြေကိုခန့်မှန်းခဲ့ကြပါတယ်။ လေ့လာချက်တွေအရလက်ရှိနှုန်းနဲ့ဆိုရင်၂၀၅၀ခုနှစ်မှာအသက်၂၀ အောက်ဆီးချိုဖြစ်သူတွေက၄၉ရာခိုင်နှုန်းထိမြင့်လာနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ ဆီးချိုဖြစ်နှုန်းမြင့်တက်လာခဲ့မယ်ဆိုရင် ငယ်ရွယ်စဉ်မှာအမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကလေးဆထိမြင့်တက်လာမှာပါ။ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့။Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။ဆီးချိုအစပျိုးတယ်ဆိုတာက ဆီးချိုအမျိုးအစား (၂) ကြိမ်းသေဖြစ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သွေးတွင်းအချိုဓါတ်မြင်နေရင် ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒါကြောင့်မို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ အရေးကြီးတာဖြစ်ပါတယ်။လူမျိုးကလည်းဆီးချိုဖြစ်နိုင်တဲ့အကြောင်းအရင်းထဲပါပါတယ်။ဆီးချိုဖြစ်စေနိုင်တဲ့အရာတွေများနေပေမယ့်လည်းဆီးချိုကိုအဖြစ်နှေးအောင်တော့လုပ်လို့ရပါတယ်။ဆီးချိုကာကွယ်ရေးပရိုဂရမ်တစ်ခုကကိုယ်အလေးချိန်လျှော့ချခြင်းကဆီးချိုအမျိုးအစား (၂) အပေါ်ဘယ်လိုသက်ရောက်လဲလေ့လာနေပါတယ်။ လေ့လာတွေ့ရှိချက်အရကိုယ်အလေးချိန်ရဲ့၅ကနေရရာခိုင်နှန်းကျသွားတာနဲ့ဆီးချို အမျိုးအစား (၂) ဖြစ်ပွားနှုန်းကို နှေးသွားစေတာတွေ့ရပါတယ်။ဆီးချိုဖြစ်နိုင်ချေရှိတဲ့သူတွေကလည်းဆီးချိုမဖြစ်အောင် ဆေးသောက်ကြပါတယ်။ သင့်ဆရာဝန်နဲ့အကောင်းဆုံးရွေးချယ်မှုတွေကို ဆွေးနွေးတာအသင့်တော်ဆုံးပါ။ သင့်အနေနဲ့ဆီးချိုကိုလုံးဝမတားဆီးနိုင်ခဲ့ရင်တောင်ဆီးချိုကြောင့်ဖြစ်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုကာကွယ်ပေးတဲ့အပြင်သင့်ကျန်းမာရေးကိုပိုကောင်းလာစေပါလိမ့်မယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e2%80%8b%e2%80%8b%e1%80%b1%e1%80%85%e2%80%8b%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e2%80%8b%e1%80%b1/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-mom-and-monkeypox/
ဆီးချိုနှင့် statins (အဆီကျ) ဆေးဝါးများ
Statin ဆိုတာ ဆေးအုပ်စုတခုဖြစ်ပြီး သင့်ရဲ့သွေးထဲက ကိုလက်စထရောကို လျှော့ချရာမှာ သုံးပါတယ်။ Statin အုပ်စုမှာ atorvastatin၊ fluvastatin၊ pravastatin၊ rosuvastatin နဲ့ simvastatin ဆေးတွေ ပါဝင်ပါတယ်။Stain ဆေးများဟာ ဆီးချိုကုသမှုမှာ တစိတ်တပိုင်း ပါဝင်ပါတယ်။ နှလုံးထိခိုက်မှုနဲ့ လေဖြတ်မှု အန္တရာယ်တွေကို လျော့ကျစေဖို့ ဖြစ်ပါတယ်။အမျိုးအစား (၂) ဆီးချိုဟာလည်း ကိုလက်စထရော မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။Statins ဆေးတွေကို ဆီးချိုထိန်းရာမှာနဲ့ တခြားရောဂါကုသရေးမှာ သုံးတဲ့အခါ ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။Statin ဟာ အသည်းကနေ LDL လို့ခေါ်တဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောထုတ်တာကို ကျဆင်းစေပြီး HDL လို့ အမည်ရတဲ့ အကျိုးပြု ကိုလက်စထရောထုတ်တာကို မြှင့်တင်ပေးပါတယ်။လတ်တလော နှလုံးရောဂါမရှိသေးတဲ့ ဆီးချိုလူနာတွေမှာ Statin ဆေးသုံးရင် ဘေးကင်းမှုနဲ့ ထိရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာ ဆန်းစစ်တဲ့ လေ့လာမှုတွေ အများကြီး လုပ်နေပါတယ်။ ဒီသုတေသနတွေထဲမှာ ဆီးချိုရှိသူ ဆယ်ကျော်သက်အရွယ်တွေအပေါ် လေ့လာချက်တွေလည်း ပါဝင်ပါတယ်။Statin သုံးစွဲခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုဆက်စပ်ခြင်း၊ အမျိုးအစား (၂) ဆီးချိုဖြစ်ပွားမှု စတဲ့ဆက်စပ်မှု တွေဟာ နောက်ပိုင်းမှာ Statin ဆေးကိုဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မလဲ ဆိုတာအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။Statin ဟာ ဆီးချိုကုသမှုမှာ ပါဝင်ပေမယ့် စားသောက်မှုပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း စတာတွေကိုပါ မေ့ထားလို့တော့ မရပါဘူး။ဒါပေမယ့် သုတေသနတခုမှာတော့ Statin ဟာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ Statin ဟာ အင်ဆူလင်ခုခံမှုကို မြင့်တက်စေပြီး ပခရိယကနေ အင်ဆူလင်ထုတ်လုပ်တာကို အားနည်းစေပါတယ်။ ဒါပေမယ့် ဒီသုတေသနဟာ လူဖြူအမျိုးသားတွေကိုပဲ လုပ်ထားတာမို့ မျိုးတူအမျိုးသမီးတွေနဲ့ တခြားလူမျိုးတွေအတွက် ရှင်းရှင်းလင်းလင်း မသိရပါဘူး။Statin ဆေးနဲ့ ဆီးချိုရဲ့ ဆက်နွယ်မှုအပေါ် ငြင်းခုန်နေရတာတွေ ရှိပါသေးတယ်။ သင်ဟာ Statin သုံးစွဲရမယ်ဆိုရင်၊ ဒါမှမဟုတ် ဆီးချိုရှိနေပြီး Statin သောက်ဖို့ပါ ညွှန်ပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ သတိရပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-statins-%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%ba-%e1%80%b1%e1%80%86%e1%80%b8%e1%81%80/
အသားအရေအတွက် ကောင်းမွန်တဲ့ skincare တွေထဲက ဗီတာမင် C
အသားအရေလေးကို အမဲစက်တွေ ကင်းပြီး ကြည်ကြည်လင်လင်လေး လှပစေချင်တာ လေဒီလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ မိတ်ကပ်ပြင်ရတာကို နှစ်ခြိုက်တဲ့ လေဒီလေးတွေရှိပေမယ့် အချို့လေဒီလေးတွေကတော့ skincare ကောင်းကောင်းလုပ်ထးတဲ့ မူလ အသားအရေ ကြည်ကြည်လင်လင်လေးပေါ်မှာ sunscreen လေးလောက် လိမ်းပြီး နေ့စဉ်ဘဝမှာ သွားလာ လှုပ်ရှားနေရတာကို သဘောကျတတ်ကြပါတယ်။စစ်တမ်းတွေအရလည်း အမျိုးသားတွေကမိတ်ကပ်ပြင်ဆင်ထားတဲ့ မိန်းကလေးတွေထက် အသားအရေကောင်းတဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ လေဒီလေးတွေကို ပိုသဘောကျတတ်​ကြပါသတဲ့။လေဒီလေးတွေရဲ့ အသားအရေကို အနာအဆာကင်းစွာနဲ့ ကြည်ကြည်လင်လင် လှပစေမယ့် အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ သိကြပေမယ့် အလှအပအတွက်လည်း တကယ်ကို ထောက်ကူပေးပါတယ်။ဗီတမင် C ကို အရေပြားရဲ့ အပေါ်ယံလွှာမှာ တွေ့ရနိုင်သလို အတွင်းလွှာမှာလည်း တွေ့ရပါတယ်။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသလို  ကင်ဆာတိုက်ဖျက်ပေးပြီးအရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင် C က အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေ အများစုမှာ မပါမဖြစ်ပါဝင်နေတဲ့ ပါဝင်ပစ္စည်းလေးတစ်မျိုးပါ။ ဗီတာမင် C က အသားအရေကို။အသားအရေလှပစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ရသလို နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးမယ့်ဗီတာမင် Cကို Skincare လိမ်းပေးတာကနေတဆင့်လည်း ရယူလို့ရပါတယ်။ ဒီလိုskincareကနေတဆင့် ဗီတာမင် C ကို ရယူမယ်ဆိုရင် သတိထားရမှာလေး တစ်ချက်က သဘာဝ ဗီတာမင် C စစ်စစ် ဖြစ်ဖို့ပါ။ (ဥပမာ လိမ္မော်သီးကနေ ထုတ်ထားတာမျိုးပါ)။ဗီတာမင် C ကို ပုံမှန်စားဖြစ်ဖို့က ခက်ခဲနိုင်တာကြောင့် အသားအရေကို ထိခိုက်မှုနည်းစေပြီး ​ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိနိုင်စေဖို့ နေ့စဉ် ဗီတာမင် C ပါတဲ့ အသားအရေထိန်းပစ္စည်းကို သုံးပေးတာက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗီတာမင် C က အသားအရေရဲ့ အာဟာရလို့ပြောရမယ့် ကော်လာဂျင်ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။အသားအရေအတွက် ဗီတာမင် C ကို အသုံးပြုတဲ့အခါ ထိရောက်စေဖို့ ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ဒီအချက်တွေ အားလုံး ပြည့်စုံပြီဆိုရင် သတိထားရမှာလေး တစ်ခု ကျန်ပါသေးတယ် ဒါကတော့ အသားကြည်ချင်လို့ဆိုပြီး ဗီတာမင် C ပါတဲ့ skincare  သုံးတဲ့အခါ ဗီတာမင် C များများပါရင် ပိုထိရောက်မယ်ဆိုတဲ့ အတွေးပါ။ တကယ်ကတော့ အသားအရေ ကြည်လင်ပြီး ပြစ်မျိုးမှဲ့မထင် အလှမျိုး ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင် C ပမာဏ ၁၀ ရာခိုင်နှုန် ကနေ ၂၀ ရာခိုင်နှုန်ကြားကို​ ရွေးချယ်ဖို့ လိုပါမယ်။ဗီတာမင် C ပါဝင်မှု ၈ ရာခိုင်နှုန်းကျော်ကအသင့်တော်ဆုံး အခြေအနေပါ။ ဒီလိုဆိုတာနဲ့ ပိုများရင် ကောင်းတယ်ဆိုပြီး ၂၀ ရာခိုင်နှုန်းနဲ့အထက်ကို မရွေးဝယ်ပါနဲ့။ ၂၀ ရာခိုင်နှုန်းနဲ့အထက် ဖြစ်နေမယ်ဆိုရင် အသားအရေကို ကျိန်းစပ်စေတာ၊ဓာတ်မတည့်တာတွေဖြစ်စေနိုင်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်ပါတယ်။ကဲ…. နည်းစနစ်မှန်မှန်လေးနဲ့ ဗီတာမင် C ပါတဲ့ skincare သုံးပြီးglowလိုက်ရအောင်လား လေဒီလေးတို့ရေ…။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/vitamin-c-for-glow-skin/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%81%e1%80%b6/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%b2%e1%80%bb%e1%80%95%e1%80%9e%e1%80%94/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/why-you-have-suicide-thoughts/
ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ
ချောင်းဆိုး တယ် ဆိုတာရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။ဒီနေ့ဆောင်းပါးမှာ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။ခုလိုရာသီဆိုရင် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ လေတွေ အမြဲရှိနေတတ်ပါတယ်။ ဒီလေတွေက လည်ချောင်းကို ယားယံစေတယ်။ ဒါ့အပြင် လေထုထဲမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေက အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတဲ့အခါနှာစေး၊ နှာပိတ်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ခန်း၊ ကိုယ်အလုပ်လုပ်နေတဲ့ ခုံလေးပေါ်မှာ လေထုကို သန့်စင်ပေးပြီး အစိုဓာတ်ထိန်းပေးမယ့် စက်လေးတစ်လုံး ထားထားတာ ပိုကောင်းပါတယ်။ပျားရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေထဲမှာ လည်ချောင်းယားယံတာ၊ ချောင်းဆိုး တာကိုပါ သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က ဒီရက်ပိုင်း ချောင်းတွေအမြဲဆိုးတယ်၊ အိပ်တဲ့အချိန်ထိပါ မခံမရပ်နိုင်အောင် ချောင်းဆိုး နေတယ်ဆိုရင် ရေနွေးကြမ်းထဲ ပျားရည်ရောမွှေပြီး သောက်လို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ပျားရည်ကို ရေပူပူလေး သို့မဟုတ် သံပရာရည်နဲ့ ရောသောက်လို့လည်း အဆင်ပြေပါတယ်။ ၁နှစ်အောက်ကလေးတွေ၊ ပျားရည်နဲ့ ဓာတ်မတည့်သူတွေဆိုရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။အစာစားပြီး ၃နာရီအတွင်း လှဲလိုက်တာ၊ အိပ်တာမျိုးမလုပ်ပါနဲ့။ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပြီးမှ လှဲအိပ်တာက စားချဉ့်ရည်ပြန်တက်တာ၊ လည်ချောင်းယားပြီး ချောင်းဆိုး တာကို သက်သာစေမှာပါ။ပိုးဟပ်တွေရဲ့ သွားရည်၊ မစင်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ချောင်းဆိုး တာ၊ပန်းနာရင်ကျပ်တာအပြင် တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ပိုးဟပ်ကင်းစင်စေဖို့ စားစရာတွေကို အနံ့လုံခြုံအောင် အဖုံးအုပ်ထားပါ။ သတင်းစာ၊ စက္ကူအဟောင်းတွေကို လွှင့်ပစ်ပါ။ အမှိုက်တွေကို အမြဲရှင်းလင်းပါ။ချောင်းဆိုး နေပြီဆိုရင် အကောင်းဆုံးကတော့ သေချာအိပ်စက်အနားယူဖို့ပါပဲ။ အိမ်မှာ အနားယူပါ။ ချောင်းဆိုးတာ မသက်သာသေးသ၍ အပြင်ထွက်တာ၊ ရုံးသွားတာကို နည်းနည်းရှောင်ပေးပါ။ ကိုယ်က ချောင်းဆိုးလိုက်တဲ့အခါ ကိုယ့်လည်ချောင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေက လေထဲကတစ်ဆင့် ပျံ့နှံ့ဖို့ အလွန်လွယ်ကူလို့ပါ။ ရေများများသောက်ပါ။ အိမ်မှာပဲ ပြည့်ဝစွာ အနားယူပါ။ချောင်းဆိုး တာရဲ့ နောက်ကွယ်မှာ လည်ချောင်းနာတာ၊ နှာစေး၊ နှာပိတ်တာအစရှိတဲ့ အအေးမိ၊ တုပ်ကွေးရောဂါလက္ခဏာတွေလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံးပျောက်သွားအောင် ရေများများသောက်ပါ။ ဆန်ပြုတ်၊ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် သောက်ပေးပါ။ အမာစာ၊ အဆီကြော်တွေ၊ အပူအစပ်တွေကို နည်းနည်းရှောင်ပေးပါ။ဆေးလိပ်ကို ရေရှည်စွဲသောက်တာကြောင့် ချောင်းဆိုးတဲ့ ဝေဒနာက ပိုပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ညဘက်ချောင်းဆိုးတာကို သက်သာစေချင်ရင်တော့ အကောင်းဆုံးက ဆေးလိပ်ကို ဖြတ်လိုက်ဖို့ပါပဲ။ ချောင်းဆိုး တာတင်မကဘဲ ကိုယ့်ရဲ့ ကျန်းမာရေးပါ အရင်ကထက် ပြောင်းလဲတိုးတက်လာမှာပါ။ဒီနည်းလမ်းတွေ သေချာလုပ်မယ်ဆိုရင်တော့ ညဘက်ထပြီး ချောင်းဆိုး နေရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်မှာပါ။ ဒီလိုချောင်းဆိုးတာအပြင် အပြင်းဖျားတာ၊ အသက်ရှူရခက်တာ၊ အစာနင်တာ၊ အစာမျိုချရခက်တာ၊ ခြေထောက်၊ ဝမ်းဗိုက်ရောင်နေတာ၊ ၃ပတ်ထက်ပိုပြီး ချောင်းဆိုး နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/how-to-deal-with-midnight-cough/
Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု)
ရိုတာဗိုင်းရပ်က ဝမ်းလျှောခြင်းကိုဖြစ်စေတတ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေး ဌာနများရဲ့ ပြောကြားချက်အရ ကမ္ဘာတစ်ဝှမ်းမွေးကင်းစနှင့်ကလေးငယ်များမှာ ဝမ်းလျှော ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ကာကွယ်ဆေး မထုတ်နိုင်ခင်က United States မှ ကလေးများမှာ အသက်အရွယ် 5 နှစ်မှာ တစ်ခါ ဗိုင်းရပ်ဖြစ်ပွားလေ့ရှိပါတယ်။ဗိုင်းရပ်ကူးစက်မှုဟာ မနှစ်မြို့ဖွယ်ဖြစ်ပါတယ်။ အများအားဖြင့်ရေဓါတ်ခန်းခြောက်တာကို ကာကွယ်တားဆီးဖို့ အိမ်မှာတင် အရေ များများသောက်ပြီး ကုသနိုင်ပါတယ်။ အလွမ် ပြင်းထန်တဲ့ ရေဓါတ်ခန်းခြောက်မှုတွေကို ဆေးရုံမှာ အကြောဆေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းဟာ ဗိုင်းရပ်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကလေးများ သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ကာကွယ်ဆေးထိုးခြင်းဟာ သင့်ရဲ့ကလေးငယ်ကို ဗိုင်းရပ်ပိုးကူးစက်မှုမှ တားဆီးကူညီပေးနိုင်ပါတယ်။ ဗိုင်းရပ်၏ကူးနိုင်ချေနည်းတဲ့ အရွယ်ရောက် ကလေးများနှင့်လူကြီးများအတွက်ကတော့ မကြာခဏလက်ဆေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။။အလွန် အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ရိုတာဗိုင်းရပ်ကူးစက်မှု ရဲ့ လက္ခဏာတွေကတော့ –။ဗိုင်းရပ်ပိုးနှင့် ထိတွေ့ပြီး နှစ်ရက်အတွင်း စတင်ပါတယ်။ ကနဦးရောဂါလက္ခဏာတွေကတော့ ဖျားတာ အန်တာနဲ့ ဝမ်းရေကျဲ ၃ ရက်မှ ၇ ရက်ထိသွားတာ ဖြစ်ပါတယ်။ ဝမ်းဗိုက်နာကျင်မှုလည်း ဖြစ်နိုင်ပါတယ်။ကျန်းမာနေသောလူကြီးများမှာ အပျော့စား လက္ခဏာတွေနဲ့ တစ်ခါတစ်လေ ဘာမှမတွေ့ရတတ်ပါ။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။သင့်ကလေးမှာ အောက်ဖော်ပြပါ လက္ခဏာတွေဖြစ်လာရင်။24 နာရီကြာဝမ်းလျှောခြင်း။မကြာခဏ အန်ခြင်း။ဝမ်းအရောင် နက်နေတာ သွေးတွေ ပြည်တွေပါခြင်း။104 ‘F (40 C) ထက် ပိုမိုမြင့်မားတဲ့အပူချိန်ရှိခြင်း။မလှုပ်ရှားချင်တာ စိတ်တိုတာ နာကျင်တာ။မျက်ရည်မပါဘဲငိုခြောက်သွေ့တဲ့ပါးစပ်အပါအဝင်ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာများ ( အာခြောက်ခြင်း , မျက်ရည်မထွက်ပဲငိုခြင်း , အနည်းငယ်သာသို့မဟုတ်လုံးဝဆီးမသွားခြင်း, ပုံမှန်မဟုတ်သောအိပ်ခြင်း , သို့မဟုတ်တုံ့ပြန်မှု မရှိခြင်း ) စတာတွေဖြစ်ပါတယ်။သင်က အရွယ်ရောက်ပြီးသူဖြစ်နေလျှင် :။– 24 နာရီကြာ အရည်ဆုံးရှုံးနေခြင်း။– နှစ်ရက် ထက်ပို ဝမ်းလျှောနေခြင်း။– အန်ရင် သွေးပါခြင်း အူလှုပ်ရှားမှုများနေခြင်း။– 103 ‘F (39.4 C) ထက်ပိုပြီး အပူချိန်မြင့်မားနေခြင်း။– ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာများ(။အလွန်အကျွံရေငတ်ခြင်း အာခြောက်ခြင်း , အနည်းငယ်သာသို့မဟုတ်လုံးဝမဆီးသွားခြင်း, ပြင်းထန်စွာ အားနည်းခြင်း , မူးဝေခြင်း , ခေါင်းမူးခြင်း ) စတာတွေဖြစ်ရင် ပြသသင့်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။ရိုတာဗိုင်းရပ်ရောဂါရှိသူရဲ့ မစင်ထဲမှာ ပိုးဟာ ရောဂါလက္ခဏာတွေမပေါ်လာမီနဲ့ရောဂါလက္ခဏာတွေ ပျောက်ပြီးနောက် ၁၀ ရက်အထိ ရက်ပေါင်းများစွာ ရှိနေတတ်ပါတယ်။ကူးစက်ခံရတဲ့လူမှာ ရောဂါလက္ခဏာတွေ မပြသည့်တိုင်အောင် အခြားတစ်ယောက်ကို hand to mouth မှတစ်ဆင့်အလွယ်တကူပြန့်နှံ့ကူးစက်နိုင်ပါတယ်။သင့်မှာ ဗိုင်းရပ်ပိုးရှိပြီး သင်အိမ်သာသုံးပြီးပြီးနောက် လက်ကိုဆေးကြောမထားဘူးဆိုရင် ဒါမှမဟုတ် သင့်ကလေးကဗိုင်းရပ်ရှိပြီး သင်က ကလေး အနှီးလဲတာ ၊ အိမ်သာပေးတက်တာကို လုပ်ပြီး လက်ကိုမဆေးကြောထားဘူး ဆိုရင် ဗိုင်းရပ်စ်က သင်ထိသမျှ အစားအစာ, ကစားစရာများနှင့် utensil ကနေကူးနိုင်ပါတယ်။ အခြားသူတစ်ဦးကသင့်ရဲ့ မဆေးရသေးတဲ့ လက် သို့မဟုတ် အခြား အရာဝတ္ထုကိုထိပြီးတော့ သူသို့မဟုတ်သူမ၏ပါးစပ်ကို ထိရင် ရောဂါကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးက ပိုးမသတ်ရသေးတဲ့ မျက်နှာပြင်မှာ ရက်တော်တော်ကြာနေနိုင်ပါတယ်။ဗိုင်းရပ် အမျိုးအစားများစွာ ရှိပါတယ်။ သင်ကာကွယ်ဆေးထိုးထားရင်တောင် တစ်ကြိမ်ထက်ပိုပြီးကူးစက်ခံရဖို့ဖြစ်နိုင်ခြေရှိပါတယ်။သို့သော် ထပ်ပြီး ကူးစက်မှုတာတွေတွေက ပြင်းထန်မှု လျော့နည်းပါတယ်။ဘယ်အရာတွေက ရိုတာပိုးကူးစက်တာ ကို ဖြစ်နိုင်ချေများစေသလဲ?။ကလေးများအသက်အရွယ် 3 မှ 35 လအတွင်း ဖြစ်တာများပါတယ်။ကလေးစောင့်ရှောက်ရေး ဂေဟာတွေမှာလုပ်သူတွေ စတာတွေမှာ ဖြစ်တာများပါတယ်။ အသက်ပိုကြီးတဲ့ ကလေးငယ်တွေ၊ ကလေးတွေ ထိန်းပေးနေရတဲ့ လူကြီးတွေမှာ ဖြစ်တာများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရိုတာဗိုင်းရပ်ကို ရောဂါလက္ခဏာနှင့်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အပေါ်အခြေခံပြီး ခွဲခြမ်းဖြစ်ပါတယ်။ မစင်နမူနာကို ရောဂါအတည်ပြုဖို့ ဓါတ်ခွဲခန်းထဲမှာလေ့လာနိုင်ပါတယ်။ဗိုင်းရပ်ရောဂါကူးစက်မှုအတွပ် တိကျတဲ့ကုသမှု မရှိသေးပါ။ ပဋိဇီဝဆေးနှင့် anti viral ဆေးတွေဟာ ဗိုင်းရပ်ပိုးကူးစက်မှုကို တးဆီးပေးမည်မဟုတ်ပါ။ အများအားဖြင့် ရောဂါကူးစက်ပြီး သုံးရက်မှ ခုနစ်ရက်အတွင်းပျောက်ကင်းနိုင်ပါတယ်။ရေဓါတ်ခန်းခြောက်တာကို ကာကွယ်ခြင်းက အဓိက ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ရှိနေချိန်မှာ ရေဓါတ်ခန်းခြောက်တာကို ကာကွယ်တားဆီးဖို့, အရည်များများသောက်ပါ။ သင့်ကလေးပြင်းထန်စွာ ဝမ်းလျှောနေလျှင် Pedialyteလို ဓါတ်ဆားရည်မျိုး ညွှန်ကြားပေးဖို့ ဆရာဝန်ကို ပြောနိုင်ပါတယ်။အထူးသဖြင့် ဝမ်းလျှောရှည်ရက်ရှည်နေရင်ပေါ့။ကလေးတွေအတွက် ဓါတ်ဆားရည်ဟာ ရေနဲ့ အခြားအရည်တွေထက် ဓါတ်ဆားဆုံးရှံုးမှုကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ ပြင်းထန်သောရေဓါတ်ခန်းခြောက်ခြင်းတွေဟာ ဆေးရုံမှာ အကြောဆေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ဝမ်းပိတ်ဆေးတွေကို ဒီနေရာမှာသုံးဖို့ အကြံမပေးပါ။အောက်ပါ နေထိုင်မှုပုံစံတွေက ရိုတာပိုးကူးစက်မှုရောဂါ နဲ့ သင့်တော်ပါတယ်။သင့်ရဲ့ကလေးနေမကောင်းဖြစ်လျှင်, အရည်များများ တိုက်ပါ။ နို့စို့ကလေးဆိုရင် နို့တိုက်ကျွေးပါ။သင့်ရဲ့ကလေးက နို့မှုန့်သောက်တယ်ဆိုရင် နို့မှုန့်အနည်းငယ် ဒါမှမဟုတ် ဓါတ်ဆားတိုက်ပါ။နို့မှုန့်ထဲထည့်ဖျော်လိုက်တာမလုပ်ပါနဲ့။အရွယ်ရောက် ကလေးတွေဆိုရင် အနားယူခိုင်းပါ။soda crackers နဲ့ toast လိုအစာမျိုးစားခိုင်းပါ။အရည်များများသောက်တာ အရေးကြီးပါတယ်။ အခြား (Enfamil Enfalyte, Pedialyte, အခြားဟာတွေ) လို ဓါတ်ဆားရည်တွေဖြစ်ပါတယ်။ကလေး ဝမ်းလျှောတာ ပိုဆိုးစေနိုင်သော ပန်းသီးဖျော်ရည်, နို့ထွက်ပစ္စည်းထုတ်ကုန်များနှင့် သကြားများတဲ့ အစားအစာများကိုရှောင်ကြဉ်ပါ။ဝမ်းလျှော သို့မဟုတ်အန်တာ များနေလျှင် စိတ်အေးအေးထားပါ။ရေခဲဝါးတာ သို့မဟုတ်ထိုကဲ့သို့သောဂျင်း ဖျော်ရည် ဒါမှမဟုတ်ဟင်းရည် လို ရေ၊ ဆိုဒါတွေပါတဲ့ အရာတွေ သောက်ပါ။ အစာပျော့ များများစားပါ။နို့ထွက်ပစ္စည်းများ, အဆီများသော သို့မဟုတ်အမွှေးအကြိုင် အလွန်အမင်းများသော အစားအစာများ,က ဖိန်း, အရက်နှင့်နီကိုတင်းအပါအဝင်, သင့်အစာအိမ်ကိုထိခိုက်စေသော အရာများကိုရှောင်ပါ။ဗိုင်းရပ်ပျံ့နှံ့မှုကိုလျှော့ချဖို့အတွက်ကတော့ အိမ်သာတက်ပြီးချိနိ၊ သင့်ကလေးအနှီးလဲပြီးချိန်နှင့် အိမ်သာတက်ပေးပြီးချိန်တွေမှာ သင့်လက်ကို သေချာဆေးကြောပါ။ ဒါပေမယ့် လက်ဆေးတာကလည်း အာမခံချက် သိပ်မရှိပါဘူး။ဗိုင်းရပ်ကာကွယ်ဆေးကတော့ ၂မျိုး ရှိပါတယ်:။RotaTeq ။ ဤကာကွယ်ဆေးကို ကလေးအသက် 2 လ, 4 လနှင့် 6 လမှာ တိုက်ကျွေးလေ့ရှိပါတယ်။ အဆိုပါကာကွယ်ဆေးကို အရွယ်ရောက်ပြီးသားကလေးတွေနဲ့ လူကြီးတွေမှာ ပေးလေ့မရှိပါ။intussusception(အူပိတ်ရောဂါ) အနည်းငယ်ဖြစ်ပွားမှု ရှိနိုင်ပမယ့် – အသက်အန္တရာယ်ပေးနိုင်တဲ့ ပုံစံတွေကို RotaTeq ကာကွယ်ဆေးထိုးပြီးနောက်အစီရင်ခံတင်ပြခဲ့ကြပါတယ်။ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA ) နှင့်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေး စင်တာများ (CDC) တွေ့ရှိမှုအရ ဆေးကြောင့် ဖြစ်ပွားမှုအရေအတွက်က ဆေးမထိုးရသေးတဲ့ ကလေးငယ်များမှာ ဖြစ်တဲ့ ရောဂါဖြစ်ပွားမှု ပမာဏနဲ့ တူနေတဲ့အတွက် ကာကွယ်ဆေးဟာ intussusception မဖြစ်စေဘူးလို့ သတ်မှန်ခဲ့ပါတယ်။၏ကလေးတစ်ဦးရဲ့စွန့်စားမှုတိုးမြှင့်မပြီးဆုံးခဲ့ပါသည်။ အလားတူ ဗိုင်းရပ်ကာကွယ်ဆေး (RotaShield) ကို 1999 ခုနှစ်တွင်ဈေးကွက်တင်ခဲ့ပါတယ်။ အူပိတ်ရောဂါကြောင့်ဖြစ်ပါတယ်။ကာကွယ်ဆေးထိုးပြီးနောက်သင့်ကလေးဗိုက်နာတာ၊ အန်တာ၊ ဝမ်းလျှောတာ ၊ မစင်ထဲမှာသွေးပါတာ၊ ဒါမှမဟုတ် အူလှုပ်ရှားမှု ပြောင်းနေပါက ချက်ချင်းသင့်ဆရာဝန်ကိုဆက်သွယ်ပါ။Rotarix။ဤကာကွယ်ဆေးရည်ကို ကလေးအသက် 2 လနှင့် 4 လမှာ ပေးလေ့ရှိပါတယ်။ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွေအရ intussusception အန္တရာယ် မရှိတာကို ရှာဖွေတွေ့ရှိထားပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/rotavirus-infection-%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba/
စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင်
စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် ဒီ စမုန်စေ့ကို ရတဲ့ စမုန်စပါးပင် ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်ကဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ဒီတစ်ခေါက်တော့ စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။စမုန်စပါးပင် ဆိုတာ နံနံပင်လိုမျိုး ဟင်းခတ်အမွှေးအကြိုက် တစ်မျိုးပါ။ အပင်က အရမ်းမကြီးပါဘူး။ အရွက်က အစိမ်းရောင်ရှိပြီး ရှည်မျောမျော အရွက်ဖြာလေးတွေပါ။အသုပ်တွေထဲ ထည့်တာ၊ ငါးဟင်း၊ ကြက်သားဟင်းတွေ ထဲကို ဟင်း အရသာ တိုးအောင် ထည့်ကြပါတယ်။ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကို ကင်တဲ့အခါမှာလည်းအနံ့အရသာ တိုးစေဖို့အသုံးပြုလို့ ရပါတယ်။ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြတဲ့ စမုန်စပါးပင်မှာ။ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလိုဟော့ပေါ့ထဲ ထည့်စားလေ့ရှိတဲ့စမုန်စပါးပင်က အခုလို ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ဘေဘီလေးတွေမှာဖြစ်တဲ့ လေနာ သက်သာစေဖို့အတွက် စမုန်စပါးကို အသုံးပြုပေးလို့ ရပါတယ်။ စမုန်စပါးပင်ရဲ့ အဆီအနှစ်ကို လိမ်းပေးတာက ဘေဘီလေးတွေကို လေနာ သက်သာစေမှာပါ။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက် စမုန်စပါးကို အသုံးပြုခဲ့ကြပါတယ်။ အစာအိမ် အောင့်တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ သက်သာစေဖို့အတွက် စမုန်စပါးကို စားသုံးပေးလို့ရပါတယ်။စမုန်စပါးပင်မှာပါတဲ့ Anethole ဒြပ်ပေါင်းက အစာအိမ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အစာ​ခြေစနစ် ကျန်းမာစေပါတယ်။အစာအိမ်အနာကိုလည်း သက်သာစေနိုင်ပါတယ်။စမုန်စပါးပင်က ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို အမျိုးသမီးတွေဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်ရာသီလာစဉ် အနံ့ဆိုးထွက်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်၊ လို့ လေ့လာမှုအရ သိရပါတယ်။စမုန်စပါးပင်က ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ခေါင်းကိုက်တာ၊ စိတ်ဖိစီးတာ၊ ချွေးစေးတွေ ထွက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေကိုလည်း သက်သာ စေနိုင်ပါတယ်။စမုန်စပါးပင်က နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားအရေပျက်စီးတာ၊ အရေးအကြောင်း ဖြစ်တာတွေကို ကာကွယ်ပေးပြီး အသားအရေကို နုပျို ကျန်းမာစေနိုင်ပါတယ်။ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဒါတွေအပြင်ရာသီအကြိုလက္ခဏာခံစားရတာကို သက်သာစေသလို မလိုချင်တဲ့ အမွေးတွေကို ဖယ်ရှားဖို့၊ ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fennel-health-benefits/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/winter-wellness-tips-for-family/
အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား
အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။အချဉ်တွေ စားရင်ဗီတာမင် Cရနိုင်တယ်၊ကိုယ်ခံအားကောင်းမယ်၊ကျန်းမာတယ်ပေါ့။ ဒီလိုဆိုတော့ အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား ဆိုတော့ များသောအားဖြင့် အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေဟာ ဗီတာာမင် C ဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားကို တိုးတက်စေတာမို့ လူကြိုက်များတဲ့ အစားအစာတွေဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ပမာဏကို ဖြည့်ဆည်းနိုင်ရုံမှီဝဲတာ ပြဿနာမဟုတ်ပေမယ့် လွန်လွန်ကဲကဲဖြစ်လာရင်တော့ ပြဿနာရှိလာပါပြီ။အချဉ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို မှီဝဲစားသောက်ကြရတဲ့ အဓိကအချက်ကတော့ အက်ဆစ်ဓာတ်ကို သဘာဝအတိုင်းဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် လွန်ကဲစွာ မှီဝဲတာက ဘေးသင့်စေမယ်ဆိုတာကို နားလည်ကြမယ်ထင်ပါတယ်။ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန် လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။အချဉ်ဓာတ် ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။Citric acid ပါဝင်နေတဲ့အချဉ်စာတွေကို အိပ်ချိန်နဲ့ နီးကပ်နေချိန်မှာ စားသောက်မှီဝဲတာကအစာအိမ်အချဉ်ပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ၆-၇ နာရီလောက်အတွင်းမှာ အချဉ်ပေါက်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် တချို့တွေဟာ မနက်ပိုင်းတွေမှာ အစာခြေရည်တွေ အော့အန်တာမျိုး ကြုံရတတ်တာဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူညီတာမို့ ဖြစ်နိုင်ခြေလည်း ကွာဟပေမယ့် ငါ့မှာတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ ယတိပြတ်ယုံကြည်မှုထားလို့တော့ မရပါဘူး။ဒါ့အပြင် တစ်ချို့သော အသက်အရွယ်အပိုင်းအခြားတွေမှာဆိုရင်လည်း အိပ်ယာဝင်ခါနီး အချဉ်စားတာဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ အထူးသဖြင့် လူကြီးတွေမှာပါ။နောက်ထပ်ဖြစ်နိုင်တာကတော့ အစာခြေပြဿနာပါပဲ။ ချဉ်တဲ့ စပ်တဲ့ အစားအစာတွေဟာ အလွန်အကျွံစားသုံးမိရင် ဗိုက်အောင့်တာတွေ၊ ဗိုက်နာတာတွေ ဖြစ်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ချောင်းဆိုးတဲ့ ဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။နောက်ထပ် သိထားသင့်တဲ့အချက်ကအိပ်ရာဝင်ခါနီး အချဉ်စားပေးတာဟာ ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူမပြုဘူးဆိုတာပါပဲ။ လူအတော်များများက အိပ်ရာဝင်ခါနီး အချဉ်စာတွေစားပေးရင် ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်လို့ ယုံကြည်မှုရှိထားကြပေမယ့် ဒီနှစ်ခု ဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ ဘာမှမစားတာအကောင်းဆုံးပါပဲ။အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန်ခါနီးမှာ အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ သစ်သီးတွေကို အနည်းငယ်သာစားသုံးဖို့နဲ့ နေစဉ်အချဉ်ဓာတ်ပါဝင်တဲ့အစားအစာတွေကို လွန်လွန်ကဲကဲ မစားသောက်မိစေဖို့ ဂရုစိုက်စေလိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/disadvantages-of-sour-foods/
ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ
သင့်အတွေးက သင့်စိတ်ကျန်းမာရေးကို သက်ရောက်စေပြေီး သင့်ရုပ်ပိုင်းဆိုင်ရာကိုတောင် သက်ရောက်စေနိုင်ပါတယ်။ အကောင်းမြင်အတွေးတွေက သင့်ကိုကျန်းမာစေပြီး အချို့သောစိတ်ကျန်းမာရေးပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အဆိုးမြင်အတွေးတွေက သင့်ကျန်းမာရေးကိုဆိုးဆိုးရွားစွာသက်ရောက်ပြီး သင့်စိတ်ကျန်းမာရေးပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ ဆိုတာကို သိဖို့လိုပါတယ်။သင်လေယာဉ်စီးနေချိန်မှာ လေယာဉ်မယ်က သင့်ကို မယဉ်မကျေးဆက်ဆံတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဘယ်လိုတုံ့ပြန်မလဲ။ ဒီဝန်ထမ်းနဲ့ပတ်သက်ပြီး ဒေါသထွက်မှာလား သင့်ကိုယ်သင်အတွက် ဝမ်းနည်းနေမှာလား။ မေ့လိုက်မှာလား။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်လဲဆိုတာက သင်ဘယ်လိုတွေးတယ်ဆိုတာကို ပြပါတယ်။မေ့ပျောက်လိုက်နိုင်ပြီး ပြီးခဲ့တာတွေပြီးတဲ့အတိုင်းထားနိုင်မယ်ဆိုရင် သင်ကအကောင်းမြင်တတ်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို စိတ်မကောင်းဘူး၊ ဒေါသထွက်မယ်၊ ဝမ်းနည်းမယ် ဒါမှမဟုတ် အခြားအဆိုးမြင်အတွေးတွေ ခံစားချက်တွေ ရှိနေရင်တော့ အဆိုးမြင်တတ်သူဖြစ်ပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို ချဲ့ပြီး ရက်တွေ၊ သီတင်းပတ်တွေနဲ့ လပေါင်းများစွာထိတောင် ခံစားနေမယ်ဆိုရင် သင့်မှာ အဆိုးမြင်စိတ်သူ ဖြစ်နိုင်ပါတယ်။အဆိုးမြင်အတွေးတွေက သင့်ကို ဝမ်းနည်းစေပြီး စိတ်ဓာတ်ကျစေပါတယ်။ သင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ပိုဆိုးသွားစေပြီး သင့်နေ့စဉ်ဘဝကို သက်ရောက်စေပါတယ်။ အိပ်ရေးမဝခြင်း ဒါမှမဟုတ် အစားအသောက်မမှန်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါတယ်။အဆိုးမြင်အတွေးတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်နေ့စဉ်အဖြစ်အပျက်တွေကနေ လာလေ့ရှိပါတယ်။ ရောဂါ၊ ပြဿနာ၊ ကျန်းမာရေးအခြေအနေတွေကနေလည်း ဖြစ်နိုင်ပါတယ်။ကလေးမီးဖွားပြီးချိန်– ကလေးမွေးထားတဲ့ အမျိုးသမီးတွေမှာ အဆိုးမြင်အတွေးတွေ ဖြစ်နိုင်ချေများပါတယ်။ ကလေးမွေးပြီးနောက်မှာ သင့်ကလေးလုံခြုံစိတ်ချရမှုရှိမရှိအတွေးလွန်နေတာမျိုး၊ သင်မိခင်တစ်ယောက်ဖြစ်ရတာကို ကြောက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအရာတွေက အဆိုးမြင်အတွေးတွေကို ဖြစ်နိုင်ပါတယ်။ကင်ဆာ၊ နှလုံးရောဂါ၊ ဝက်ခြံလိုမျိုး အရေပြားရောဂါအသေးစားလေးရှိနေခြင်းမျိုး ။ဒီလို ရောဂါတွေကြောင့် ကိုယ့်ကိုယ်ကို ပျောက်ကင်းအောင် မကုသနိုင်တော့ဘူး၊ အသက်ရှည်ရှည်မနေရတော့ဘူး၊ သင့်ပုံပန်းသွင်ပြင်က ကြောက်မက်ဖွယ်ကောင်းနေတယ် စသဖြင့် သင်တွေးနေနိုင်ပါတယ်။ တချို့အချိန်တွေမှာ မှန်ကောင်းမှန်နိုင်ပေမယ့် တချို့အခြေအနေတွေမှာတော့ သင်အတွေးလွန်ခြင်း ဖြစ်ပါတယ်။နှိပ်စက်စောက်ကားခံရခြင်း-လိင်ပိုင်းဆိုင်ရာစော်ကားခံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရဖူးခြင်းက စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အဆိုးမြင်တွေးတွေကိုပေါ်လာစေပါတယ်။ဒါ့ပြင်။ကား၊ အိမ်၊ လက်စွပ်စသဖြင့် နှစ်သက်တာ တစ်ခုခု ဆုံးရှုံးသွားတာမျိုး။သင်နဲ့ရင်းနှီးကျွမ်းဝင်သူတစ်ဦး သေဆုံးသွားခြင်း။အမှတ်ကောင်းကောင်းမရတာမျိုး၊ သင့်ကို မချေမငံဆက်ဆံတာမျိုး၊ အရည်အသွေးမကောင်းတဲ့ပစ္စည်းကို ဝယ်မိတာမျိုးတွေက သင့်အတွေးတွေကို သက်ရောက်စေပါတယ်။ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခံစားနေနိုင်ပါတယ။်။အထက်မှာ ပြထားခဲ့တဲ့ အရာတွေက အဆိုးမြင်ရခြင်းအကြောင်းရင်းတော့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဒီလိုပြဿနာမျိုးတွေ ကြုံဖူးတဲ့ လူတိုင်းအားလုံးတော့ အဆိုးမြင်အတွေးမရနိုင်ပေမယ့် အချို့ကတော့ ဒီလိုဖြစ်ပျက်ပြီးနောက်မှာ အဆိုးမြင်အတွေးတွေ တွေးလာကြပါတယ်။အဆိုးမြင်အတွေးတွေက အချို့သော အဖြစ်အပျက်တွေကနေ ဖြစ်လာနိုင်ပါတယ်။ သင့်ကျန်းမာရေးကို ထိခိုက်စေပြီး ပြဿနာပေးနိုင်ပါတယ်။ ဒါတွေက အတွေးတွေပဲဖြစ်တာကြောင့် အကောင်းမြင်အတွေးတွေဘက်ကို ပြောင်းပေးနိုင်ပါတယ်။ သင့်စိတ်ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/causes-of-negative-thoughts/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-unknown-bite/
ဆံပင် ဖြောင့်တဲ့အခါ
ဆံပင် ဖြောင့်တဲ့အခါ ဘာတွေ သိထားရမလဲ ပြောပြပေးချင်ပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ဆံကေသာအလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါတယ်တဲ့။နည်းလမ်းတွေအများကြီးထဲက တစ်ခုကဆံပင်ဖြောင့်ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကကတည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင်လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက်တာပါပဲ။ ဆံပင်ဖြောင့်တဲ့နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံအဖြောင့်ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိနိုင်ပါတယ်။ ဆံပင်ဖြောင့်ရာမှာ သုံးတဲ့ ဖြောင့်စက် (သို့) ဆံပင်ဖြောင့်ဆေး သုံးပြီး ယာယီဆံပင်ဖြောင့်နိုင်ပြီး အများအားဖြင့် ခေါင်းထပ်မလျှော်ခင်ထိ ခံပါတယ်။ တာရှည်ခံ ဆံပင်ဖြောင့်နေစေဖို့  ဆံပင်ဖြောင့်ဆေးတို့နဲ့အတူ dye နဲ့ အခြားဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်မှန်ကန်ကန် ဂရုစိုက်ရင် တာရှည်ခံ ဆံပင်ဖြောင့်ခြင်းက တစ်နှစ်အထိ အသာလေး ခံပါတယ်။စျေးကြီးပေးဖြောင့်ပြီးမှတော့ တာရှည်ခံအောင်နဲ့ဆံသားမပျက်စီးအောင်ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာဖို့ အချိန်ကျပါပြီ။ ဆံပင်ဖြောင့် ပေါင်းတင်တာမျိုးအတွက် အိပ်ထဲက ပိုက်ဆံတွေ ပျံမထွက်ခင် ဒါတွေ သိထားတာ မမှားပါဘူးနော်။၁။   နေ့စဉ်အစားအစာထဲမှာ ရေဓာတ်များများ ပါပါ စေ။ ကိုယ် နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပြုပြင်ဆေးရည်ကို အမြဲတမ်း သုံးပါ။ ဖြောင့်ထားတဲ့ဆံသားအတွက် သီးသန့် ပစ္စည်းတွေရှိတာမို့။ဘာသုံးသင့်တယ်ဆိုတာ ဆံသဆရာ/မကို မေးဖို့ သတိရပါ။၂။     အပူပေးခံထားရတဲ့ဆံသားအတွက်  တစ်လကို တစ်ကြိမ် ပေါင်းတင်ပေးပါ။၃။     ဖြောင့်စက်ကို မလိုအပ်ဘဲ ခဏခဏ ပြန်ဆွဲတာမျိုးမလုပ်ပါနဲ့။၁။    ဆံပင်ပြုပြင်ပေါင်းတင်ပြီးနောက် အနည်းဆုံး သုံးရက် ဆံပင်ရေစိုမခံရပါဘူး။၂။     သင့်ဆံပင်ကို နားအနောက်ဘက် သိမ်းတာမျိုး မလုပ်ပါနဲ့။၃။    စိုနေတဲ့ သင့်ဆံပင်ကို တာဝါအုပ်ပြီး လိမ်ညှစ်တာမျိုး ရှောင်ပါ။၄။ခေါင်းလျှော်ရည်သုံးပြီး လျှော်နေတုန်း ခေါင်းကို အားနဲ့ ကုတ်ပြီးလျှော်တာမျိုး ရှောင်ပါ။၅။    တစ်ကြိမ်လေး ဆံပင်ဖြောင့်တာတင် ဆံသားပျက်စီးမှုကို အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့် ထပ်ခါထပ်ခါ မလုပ်ပါနဲ့။တစ်ခါတစ်လေ ဆံပင်ဖြောင့်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အမြဲလုပ်ရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိလာနိုင်လို့ အားမပေးပါဘူး။ ဆံပင်ဖြောင့်တာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ တစ်သက်တာ ဆံပင်ထိခိုက်ပျက်စီးခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ဓာတုပစ္စည်းကြောင့် အပြင်းအထန် အပူလောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးမျိုးပါ။ ဆံပင်ဖြောင့်ဖို့အတွက် ကမ္ဘာအနှံ့ တူညီတဲ့ နည်းလမ်းကို သုံးပြီးလုပ်နေပေမဲ့ ဆံပင်အမျိုးအစားက လူမျိုး၊ လူမျိုးစုနဲ့ နေထိုင်ရာ နေရာဒေသနဲ့ လိုက်ပြီးကွာတာမို့ ဆံပင်ဖြောင့်တဲ့အခါ ဆံပင်အလှအပရေးရာ ထုတ်ကုန်ပစ္စည်းအမျိုးအစား အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ်တာထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆံသဆိုင်မှာ လုပ်ပေးတာမျိုးက အမြဲတမ်း ပိုကောင်းပါတယ်။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-straightening/
ခြင်ဆေးခွေများ နဲ့ ကျန်းမာရေးပြဿနာများ
ခြင်ဆေးခွေဆိုတာ မြန်မာနိုင်ငံက အိမ်တော်တော်များများမှာ ရှိတတ်တဲ့အရာပါ။ ခြင်တွေ သောင်းကျန်းတဲ့ မိုးတွင်းလိုအချိန်တွေ၊ ကလေးရှိလို့ ခြင်ဒဏ်ကြောက်ရတဲ့ အိမ်တွေမှာဆို ခြင်ဆေးခွေက မရှိမဖြစ်ပါ။ ခြင်ကြောက်လို့ ခြင်ဆေးတွေ ထွန်းရပေမဲ့ ခြင်ဆေးခွေတွေက အန္တရာယ်ကင်းရဲ့လား။ ခြင်ဆေးခွေများ  က ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေမှာလဲ။ဟိုးအရင် အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ နနွင်းမှိုင်းတွေတိုက်၊ လိမ္မော်ခွံခြောက်ကို မှိုင်းတိုက်တာတွေ လုပ်ပြီး ခြင်ပြေးအောင် လုပ်တတ်ကြပါတယ်။ ခုခေတ်မှာတော့ လွယ်လွယ်ကူကူ ခြင်ဆေးခွေ ထွန်းကြတာပေါ့။ မှိုင်းတိုက်တာလောက်လည်း မီးခိုးတွေ အများကြီး မထွက်တာကြောင့် လူသုံးလည်း များပါတယ်။ခြင်ဆေးတွေမှာ အဓိကအားဖြင့်တော့ ပိုးသတ်ဆေးဖြစ်တဲ့ pyrethroid အမျိုးအစားနွယ် ဓာတုပစ္စည်းတွေ၊ ဟိုက်ဒရို ကာဘွန်၊ ‌ဖော်မယ်ဒီဟိုက်၊ ကီတုန်း စတာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ကိုယ်မသိနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း အများကြီး ပါနိုင်ပါတယ်။တချို့ခြင်ဆေးခွေဆိုရင်လည်း အပင်ကရတဲ့citronellaဆိုတာကို ထည့်သွင်းအသုံးပြုတတ်ပါတယ်။ဒါတွေအပြင်  ခြင်ဆေးခွေကို အခွေလိုက်လေး ခိုင်ခံ့အောင်၊ အငွေ့ဖြည်းဖြည်းချင်းထွက်အောင်  သုံးရတဲ့ ဓာတုပစ္စည်းတွေလည်း ပါနိုင်ပါတယ်။ခြင်ဆေးခွေတွေမှာ ခြင်တွေကို သေစေ ဒါမှမဟုတ် မူးပြီး ပြုတ်ကျစေနိုင်တဲ့ အမျိုးအစားတွေ ရှိသလို အနံ့ဆိုးတွေ ထုတ်လွှတ်ပြီး ကိုယ့်အနားမလာအောင် မောင်းထုတ်ပေးတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ ဘယ်နည်းကိုပဲ အသုံးပြုပါစေ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေခြင်ကိုက်မခံရအောင်ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ဓာတုပစ္စည်းတွေ အများကြီး ပါတဲ့အတွက် ခြင်ဆေးတွေများက ကျန်းမာရေးကို ထိခိုက်နိုင်သလားဆိုတာကတော့ မေးသင့်တဲ့ မေးခွန်းပါပဲ။အကြမ်းအားဖြင့်တော့ ခြင်ဆေးခွေမှာပါတဲ့ ဓာတုပစ္စည်းတွေက စိတ်ချရပါတယ်။ ဒါပေမဲ့ ဒါကို မီးရှို့လိုက်တဲ့အခါ ထွက်လာမဲ့ အမှုန်အမွှားတွေ၊ အငွေ့တွေကတော့ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။လေ့လာချက်တွေအရခြင်ဆေးခွေ တစ်ခွေ ထွန်းလိုက်လို့ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ အငွေ့တွေက ဆေးလိပ် ၇၅လိပ်ကနေ ၁၃၇လိပ်ကို ရှို့လိုက်တာနဲ့ အလားတူပါတယ်တဲ့။ခြင်ဆေးခွေတွေက ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောကြပေမယ့် ဘယ်လောက်ကြာကြာ ရှူရင် ထိခိုက်မှာလဲ။ ဘယ်လောက်များများ ရှူမှလဲ။ ရေရှည်မှာ ဆေးလိပ်လိုမျိုး အဆုတ်ကင်ဆာ ဖြစ်နိုင်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ဒါ့ပြင်  လူတချို့ကလည်း ခြင်ဆေးငွေ့ကို ကြာကြာရှူမိတဲ့အခါ ခေါင်းကိုက်တာ၊ အသက်ရှူမဝသလို ခံစားရတာ၊ပန်းနာရင်ကျပ်ထတာ၊ အရေပြားယားယံတာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါက ခြင်ဆေးခွေကြောင့်လား၊ ကိုယ့်ရဲ့ ရောဂါ အခံကြောင့်လားဆိုတာ ပြောဖို့ ခက်ပါသေးတယ်။ခြင်ဆေးခွေက ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာ ပြတ်ပြတ်သားသား ပြောနိုင်တာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့လည်း သတိထားသုံးတာ အကောင်းဆုံးပါ။ခြင်ဆေးခွေ အဓိက သုံးရတဲ့ အကြောင်းရင်းက ခြင်အန္တရာယ်ကို ကြောက်လို့ပါ။ ဒါဆို ခြင်ဆေးခွေ မသုံးဘဲ ခြင်အန္တရာယ်ကို ကာကွယ်မယ်ဆိုရင်ရော။ခြင်ဆေးခွေက အနံ့ရှူမိတာကြောင့် ကျန်းမာရေးထိခိုက်တာတင် မဟုတ်ပါဘူး။ တခြားပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ဥပမာ ကလေးတွေက သတိမထားမိဘဲ ကောက်စားလိုက်တာ၊ ခြင်ဆေးခွေကနေ မီးလောင်တာမျိုးပေါ့။ ဒါကြောင့် အန္တရာယ်ကင်းကင်းနဲ့ ခြင်ဆေးခွေ သုံးမယ်ဆိုရင်။ခြင်ဆေးခွေက ကျန်းမာရေးထိခိုက်စေသလားဆိုတာ တိတိကျကျ မပြောနိုင်သေးပေမဲ့ ဓာတုပစ္စည်း ပါဝင်မှုများတာကြောင့် သုံးတာကို လျှော့ပါ။ မဖြစ်မနေ သုံးမယ်ဆိုရင်လည်း အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/are-mosquito-coils-safe/
ကျွတ်တွယ် ခဲ့ရင်
အပြင်ထွက်ပြီး လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ ရေကူးတာ၊ ခြေလျင်တောင်တက်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီနည်းလမ်းတွေ လုပ်ဆောင်တဲ့အခါ တောတွင်းက အကောင်ပလောင်တွေကြောင့် အရေပြားမှာ အင်ပျဉ် ထွက်တာ၊ နေလောက်တာ၊ ပိုးကောင်တွေကိုက်တာ၊ ကပ်ပါးကောင်တွေ၊ ကျွတ်တွယ် တာမျိုး ရင်ဆိုင်ရနိုင်ပါတယ်။ကျွတ်တွယ် တာ၊ မျှော့တွယ်တာ၊ခြင်ကိုက်တာ၊ပျားတုပ်တာလိုမျိုးပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာရေး လိုက်စားရင်း ကျွတ်တွယ်ခံရရင် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ကျွတ်ဆိုတာက သေချာ သတိထား မကြည့်မိရင် သာမန် မျက်စိထဲမှာ သိပ်ပြီး အရိပ်မထင်လောက်အောင်ကို သေးတဲ့ သတ္တဝါလေးပါ။အရေပြားမှာ တွယ်ကပ်ရင်း သွေးတွေကို စုပ်ယူတာပါ။ ခပ်ပြားပြား သဏ္ဍာန်ရှိပြီး ရေချိုတွေ၊ မြက်ပင်တွေ၊ အမှိုက်တွေ များတဲ့နေရာတွေမှာ နေထိုင်ကြပါတယ်။တွယ်ကပ်စမှာ သိနိုင်ဖို့ ခက်ပေမယ့် သွေးတွေကို စုပ်ယူပြီးချိန်မှာတော့နာကျင်မှုနဲ့အတူ မြင်သာလောက်တဲ့ အရွယ်အစားကို ရောက်လာပါတော့တယ်။ဒီလို အခြေအနေမှာ မြင်ရတာ အသည်းယားစရာ ကောင်းသလို အချိန်အတော်ကြာအောင် သွေးတွေကို စုပ်ယူထားတာဆိုရင် အရေပြားကလည်း အတော်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်လာမှာပါ။ ဒီအခြေအနေမှာ လုပ်မိနိုင်တာက အမလေး ကျွတ်ကြီးဆိုပြီး အတင်းမရမက ကိုယ်တိုင် ဆွဲဖယ်ရင် ဖယ် မဟုတ်ရင် ဘေးက တစ်ယောက်ယောက်က ဆွဲဖယ်တာပါ။ဒီလို ဆွဲဖယ်တဲ့အခါ နည်းလမ်း မမှန်ဘူး ဖြစ်မယ်ဆိုရင် အရေပြားမှာဒဏ်ရာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ကျွတ်တွယ်ရင် နည်းလမ်း မှန်မှန်နဲ့ ဘယ်လို ဖယ်ရှားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကျွတ်တွယ် ခဲ့ရင် အခုလိုလေး ဖယ်ရှားပေးပါ။အရေပြားမှာ ကျွတ်တွယ်နေတာကို တွေ့ပြီဆိုရင် ကျွတ်က တစ်ကောင်တည်းလား။ သေချာရဲ့လားဆိုတာကို သေချာလေး စစ်ကြည့်စေချင်ပါတယ်။ကျွတ်ကို ဖယ်တော့မယ်ဆိုရင် တွယ်ကပ်နေတဲ့ ခေါင်းပိုင်းကနေ စဖယ်ဖို့ လိုပါမယ်။ ခေါင်းပိုင်းက အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုသေးပါတယ်။ ပါးစပ်ရှိတဲ့ အပိုင်းကပဲ အသားမှာ ကပ်တွယ်နေတာပါ။ကျွတ်တွယ်နေပြီဆိုရင် ကျွတ်တွယ်နေတဲ့ အရေပြားကို လက်နဲ့ တင်းသွားအောင် ဆွဲလိုက်ပါ။ကျွတ်ရဲ့ ဦးခေါင်းပိုင်း ပါးစပ်ရှိရာနေရာကို အရေပြားကနေ ကွာသွားအောင် ကျွတ်ရဲ့ ပါးစပ်အောက်ကို လက်သည်းခွံလေး ထိုးထည့်လိုက်ပါ။ပြီးရင်လက်ချောင်းလေးတွေကို သုံးပြီး ကျွတ်ကို အရေပြားကနေ ဖယ်ထုတ်ပါ။ လက်ထည့်ရမှာ ကြောက်နေရင် ကတ်အမာတစ်ခုခုနဲ့ ခံပြီး ကလော်လို့ ရပါတယ်။ကျွတ်တွယ်တဲ့နေရာကို ရေများများနဲ့ ဆေးချပါ။ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဖို့ပါ။ကျွတ်ကို ဖယ်လိုက်ချိန်မှာ သွေးအများကြီး ထွက်နေမယ်ဆိုရင် ဒဏ်ရာကို သန့်စင်ပြီး ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အုပ်ထားပါ။ သွေးမတိတ်မချင်း ပတ်တီးစကို သွေးစိုသွားတိုင်း လဲလှယ်ပေးပါ။ကျွတ်ကို ကိုင်ရမှာကို ရွံနေတယ်၊ ကြောက်နေတယ်ဆိုရင်တော့ ဒီတိုင်း စောင့်ကြည့်လိုက်ပါ။ သွေးဝသွားရင် အလိုလို ကွာသွားပါလိမ့်မယ်။ ကျွတ် တစ်ကောင်၊ နှစ်ကောင်လောက် သွေးစုပ်တာက သင့်ကို သွေးထွက်မလွန်စေပါဘူး။တကယ်လို့ ကျွတ်က နားထဲ၊ နှာခေါင်း၊ ပါးစပ်ထဲမှာ တွယ်နေတာမျိုးဖြစ်မယ်ဆိုရင် နားသန့်ဆေး၊ နှာခေါင်းသန့်ဆေး၊ခံတွင်းသန့်ဆေးရည်တို့ကို အသုံးပြုပေးလို့ ရပါတယ်။ အရက် ဒါမှမဟုတ် hydrogen peroxide အရည်လည်း ရပါတယ်။ စက္ကန့် ၃၀ ကြာ ထားပေးပါ။ ပြီးရင် ကျွတ်က ထွက်ကျလာတာကို တွေ့ရပါမယ်။ကျွတ်တွယ်တဲ့အခါ အခုပြောပြတဲ့ နည်းလမ်းတွေကို သုံးပြီး မဖယ်ရှားပါနဲ့။ ဒီလို ဖယ်ရှားတာက ကျွတ်ကို အနာထဲကို သွေးအန်စေပြီး ပိုးဝင်ကူးစက်ခံရနိုင်ခြေ များစေနိုင်တာကြောင့်ပါ။ကဲ ….. ကျွတ်တွယ် တဲ့အခါ အမာရွတ်ထင်တာ၊ ပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး ဖယ်လိုက်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/natural-remedy-for-leech-bite/
ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား!
အခုနောက်ပိုင်း အွန်လိုင်းမှာတွေ့ရများတာက ရေခဲရေထဲ စိမ်တာမျိုးပါ။ ဇလုံ ဒါမှမဟုတ် လူတစ်ကိုယ်စာ ကောင်းကောင်း ထိုင်လို့ရတဲ့ ပုံးကြီးကြီးထဲမှာ ရေခဲနဲ့ ရေတွေ အပြည့်ထည့်ပြီး ဝင်ထိုင်လို့ စိမ်တာမျိုးပါ။ ဒီလိုမျိုး ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ရေခဲထဲမှာ စိမ်ပြီး ရေချိုးတာကို ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရတဲ့သူတွေ၊Gym ပြင်းပြင်းထန်ထန် ဆော့သူတွေနဲ့ ကိုယ်ခံပညာရပ်နဲ့ ပတ်သက်တဲ့ အားကစားသမားတွေ အသုံးပြုတာ များပါတယ်။ ဒီလို ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ ယူဆတာကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက အသုံးပြုခဲ့ကြတာပါ။ ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတဲ့ မေးခွန်းရဲ့ အဖြေလေးကတော့ –။အရောင်ကျစေနိုင်တယ်။ရေခဲနဲ့ ရေချိုးလိုက်တဲ့အခါ အေးမြတဲ့ အခြေအနေက သွေးကြောလေးတွေကို ကျဉ်းမြောင်းစေပြီး ကြွက်သားတွေ ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေနိုင်တာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကိုယ်လက် လေ့ကျင့်ခန်းတွေကို လုပ်ပြီးချိန်မှာ ရောင်ရမ်းတာ ကြွက်သားတွေ နာကျင်တာတွေကို သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးလို့ ရသလို ပိုထိရောက်ချင်တယ်ဆိုရင်တော့ ရေခဲရေနဲ့ စိမ်ပြီး ချိုးပေးလို့ ရပါတယ်။ကြွက်သားနာတာကို သက်သာစေတယ်။ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာက ကြွက်သားနာတာကို သက်သာစေနိုင်သလို လေ့ကျင့်ခန်း လုပ်ပြီးတာကြောင့် ကြွက်သားနာတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ကြွက်သားတွေဆီ အာရုံကြောတွေရဲ့ အချက်ပြမှု နှေးစေတာကြောင့်ပါ။ရေခဲရေနဲ့ စိမ်ပြီး ချိုးတာကကြွက်သားနာတာကိုရော နာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်သလို နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒဏ်ကြေစေတယ်။ရေခဲရေနဲ့ စိမ်ပြီး ချိုးတာက လေ့ကျင့်ခန်း လုပ်လို့ ရလာတဲ့ ဒဏ်တွေကို သက်သာစေတယ်။ ရေခဲရေထဲ စိမ်ပြီး ချိုးနေစဉ်မှာ သွေးကြောလေးတွေ ကျဉ်းသွားစေနိုင်ပေမယ့် ရေချိုးပြီး တက်လာချိန်မှာတော့ သွေးကြောတွေထဲမှာ အောက်ဆီဂျင်နဲ့ အာဟာရတွေကြွယ်ဝနေတဲ့ သွေးတွေကို စီးဆင်းရောက်ရှိစေတာကြောင့်ကိုယ်တွင်းက အဆိပ်အတောက်တွေအညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ခန္ဓာကိုယ် အပူချိန်ကို လျှော့ချပေးနိုင်တယ်။ရေခဲရေနဲ့ စိမ်ပြီး ချိုးပေးတာက ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ရေခဲရေထဲမှာ ၁၀ မိနစ်လောက် စိမ်ပေးတာက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ မြင့်တက်နေတဲ့ ကိုယ်အပူချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန် အပူရှိန်မြင့်ပြီးခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပါတယ်။ကိုယ်ခံအား ကောင်းစေနိုင်တယ်။လေ့လာမှု ရလဒ်အချို့အရ ရေခဲရေနဲ့ စိမ်ပြီးချိုးပေးတာက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ဘက်တီးရီးယား ကူးစက်နိုင်ခြေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ရေခဲရေ စိမ်နေချိန်မှာ ဝင်လေထွက်လေမှတ်ဖို့ အသက်ပြင်းပြင်းရှူဖို့လည်း မမေ့ဖို့ လိုပါမယ်။စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်။ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာကစိတ်ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ လေ့လာမှုရလဒ် တစ်ခုအရ တစ်ပတ်မှာ ၄ ကြိမ်လောက် ရေခဲရေနဲ့ စိမ်ပြီး ရေချိုးပေးတာက စိတ်ဖိစီးမှု နည်းစေသလို စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။နောက်ပြီး ခန္ဓာကိုယ်ကို အေးမြစေတဲ့ အထိအတွေ့ကအာရုံကြောတွေကို လန်းဆန်းစေပြီးစိတ်ဖိစီးမှုတွေကို သက်သာစေနိုင်သလို စိတ်ခံစားမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာက ကျန်းမာရေး ကောင်းကျိုးများတယ် ဆိုပေမယ့် အခုပြောပြမယ့် သူတွေအတွက် တော့ မသင့်တော်ပါဘူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/ice-bath-health-benefits/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-hop/
ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား ......
မိုးလေးရွာလာပြီဆိုရင်မင်းဂွတ်သီးတွေလှိုင်လှိုင်ပေါ်လာပါပြီ။ အသွင်အပြင်ကလည်း ချစ်စရာ ကောင်းသလို အရသာလည်း ကောင်းတဲ့ မင်းဂွတ်သီးလေးကို အရင်ကတည်းက ရာသီရောက်တိုင်း နှစ်နှစ်ခြိုက်ခြိုက် စားလာခဲ့တာ ဒီနှစ်တော့ဘေဘီလေးရှိနေတာကြောင့် စားလို့ ဖြစ်ပါ့မလား။ မင်းဂွတ်သီး စားလိုက်ရင် ဘေဘီလေးကိုများ ထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေ ရှိလား …… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဒီဆောင်းပါးလေးထဲမှာကိုယ်ဝန်ဆောင်မေမေမင်းဂွတ်သီး စားလို့ရလား …… ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ …… ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။ အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာ။ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားလို့ရလား …… ဆိုတော့ စားလို့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မင်းဂွတ်သီး စားတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။အကြောင်းကတော့ မင်းဂွတ်သီးမှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပြီး ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် မပါအောင် ထောက်ကူပေးနိုင်တဲ့ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေတာကြောင့်ပါ။ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။မင်းဂွတ်သီးမှာ Folate ပါဝင်နေတာကြောင့် ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး၊ ဦးနှောက်နဲ့ အာရုံကြောကို ကောင်းစွာ ဖွံ့ဖြိုးစေပါတယ်။ မွေးရာပါ ချို့ယွင်းချက် မဖြစ်စေဖို့ ထောက်ကူပေးပြီး ကျန်းမာတဲ့ ဘေဘီလေးအဖြစ် မွေးဖွားလာစေမှာပါ။မင်းဂွတ်သီးမှာ ဘေဘီလေးရဲ့ အရိုး နဲ့ အရိုးနုတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးတဲ့ အရေးပါတဲ့ သတ္တုဓာတ် ဖြစ်တဲ့ မဂ္ဂနိစ့် ပါဝင်နေပါတယ်။  ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။မင်းဂွတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကျန်းမာရေးကောင်းစေဖို့ ထောက်ကူပေးနိုင်သလို မွေးလာမယ့် ဘေဘီလေးကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပြီး အရေပြား ကျန်းမာစေသလို အကြောပြတ်ရာတွေ ပါးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မင်းဂွတ်သီးက ဆီးချို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မင်းဂွတ်သီး စားပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းရာရောက်သလို ကိုယ်ဝန်ဆောင်ချိန် သွေးတွင်းသကြားဓာတ် မြင့်တာ၊ ကိုယ်ဝန်ဆောင်ဆီးချို စတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်က ဝမ်းချုပ်တာပါ။ ဒီလို ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေဖို့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။ မင်းဂွတ်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ကဲ ….. ကိုယ်ဝန်ဆောင်မေမေ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-eat-mangosteen/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/air-pollution/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd-complications/
ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ
ကွမ်းယာက ဆေးလိပ်တို့၊ အရက်တို့လိုပဲ စွဲတတ်ပါတယ်။ ဒါပေမယ့် ကွမ်းယာကို ဆေးလိပ်တို့၊ အရက်တို့လောက်တော့ ဂရုတစိုက်နဲ့ ဖြတ်တာရှားပါတယ်။ ကွမ်းစွဲ တာက ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ခံတွင်းကင်ဆာအထိ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ကွမ်းစွဲတယ်ဆိုတာ အဓိကကတော့ ကွမ်းသီးကြောင့်ပါ။ကွမ်းသီးကစိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ နံပါတ်၄ချိတ်ပါတယ်။ သူရှေ့က ၃ခုက အရက်၊ နီကိုတင်းနဲ့ကဖင်းပါ။ ကွမ်းစားလိုက်ရင် စိတ်ထဲမှာ လန်းပြီး ငြိမ်လာတယ်လို့ ခံစားရပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တလျှောက် နွေးထွေးသွားပြီး ချွေးထွက်လာတာ၊ ရင်တုန်လာတာ၊ ခေါင်းကြည်ပြီး ပေါ့လာတာ၊ အဆာခံနိုင်တာ စတာတွေလည်း ခံစားရပါတယ်။ဒါ့ပြင် စွဲလည်း စွဲတတ်ပါတယ်။ စားတာကြာလာတဲ့အခါ ခေါင်းကြည်ပြီး လန်းဖို့ အရင်ကထက် ပိုပြီး စားလာရပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး ကွမ်းစားကြတဲ့ အာရှနိုင်ငံတွေမှာ ဆိုရင်ကွမ်းစွဲတဲ့သူကအရက်စွဲတဲ့သူထက် ပိုများပါတယ်။ကွမ်းက တားမြစ်ထားတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဆိုလိုတာက အရက်တို့၊ ဆေးလိပ်တို့လောက် ပြင်းပြင်းထန်ထန် တားမြစ်ထားတာမျိုး မရှိပါဘူး။ အဘိုးအဘွားတွေ ရှိတဲ့အိမ်တွေဆို ကွမ်းအစ်လေးတွေတောင် ဆောင်ထားတတ်ပါသေးတယ်။ ဒါ့ပြင်ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး စတဲ့ အပင်ကရတဲ့ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်လို့ အန္တရာယ်ကင်းတယ်လို့ ထင်ကြတာလည်း ပါပါတယ်။ကွမ်းက စွဲတဲ့အပြင် ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ယင်းထသလိုပါ ခံစားရပါတယ်။ အနည်းငယ်ပဲ စားတဲ့သူ၊ ရံဖန်ရံခါပဲ စားတဲ့သူတောင် ကြုံရတတ်ပါတယ်။ အာရုံစူးစိုက်လို့ မရတာ၊ နေလို့ ထိုင်လို့ မကောင်းတာ၊ စိတ်အတက်အကျဖြစ်တာ၊ စိတ်မကြည်တာ၊ နုံးတာ၊ အိပ်မပျော်တာတွေ ခံစားရပါတယ်။ ဒီလိုဖြစ်ရတာက ကွမ်းသီးပါတဲ့ ဓာတ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲက အာရုံကြောဓာတုပစ္စည်းတွေ အပေါ် လွှမ်းမိုးမှု ကြီးလို့ပဲ ဖြစ်ပါတယ်။ကွမ်းစွဲ တာကို ဖြတ်ဖို့ ဆေးဝါးအကူအညီလည်း ယူလို့ရသလို နေထိုင်မှု ပုံစံကိုလည်း ပြောင်းသင့်ပါတယ်။ဆေးဝါးအကူအညီမှာ ဆိုရင် ကွမ်းဖြတ်ဆေးရယ်ဆိုပြီး သီးသန့် မရှိပါဘူး။ ဘာကြောင့် ကွမ်းစွဲ တယ်ဆိုတာ တိတိကျကျ မပြောနိုင်တဲ့အတွက် ဘယ်လိုဖြတ်ရမလဲဆိုတာ သေချာ မပြောနိုင်သေးတာပဲ ဖြစ်ပါတယ်။University of Florida in the United Statesက ဆေးဝါးပညာရှင် Roger Lee Papkeရဲ့ အဆိုအရ ကွမ်းသီးမှာ ပါတဲ့ စွဲလမ်းစေတတ်တဲ့ ဓာတ်ပစ္စည်းတွေကနီကိုတင်းလိုပဲ ဦးနှောက်ရဲ့ တူညီတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဆိုလိုတာက ကွမ်းစွဲတာကို နီကိုတင်းဖြတ်တဲ့ ဆေးဝါးတွေ သုံးနိုင်တယ်ဆိုတာပါပဲ။ထပ်ပြီး လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုပေမယ့် လက်ရှိမှာတော့ ဒီနည်းကို ဖြစ်နိုင်ခြေ အများဆုံးပါပဲ။အရင်ဆုံး ရုတ်တရက် မဖြတ်ဖို့ လိုပါတယ်။ ရုတ်တရက် ဖြတ်လိုက်ရင် ယင်းထသလို ခံစားရနိုင်လို့ပါ။ ကြာကြာနဲ့ များများစားခဲ့သူဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် အရင်ဆုံး စားတဲ့ အကြိမ်ရေကို လျှော့ချပါ။ နေ့စဉ်စားတဲ့ ကွမ်းယာအရေအတွက်ကိုလည်း လျှော့ဖို့ လိုပါတယ်။အိပ်ငိုက်ရင်၊ စိတ်မလန်းရင် ကွမ်းယာစားမယ့်အစား တခြားနည်းလမ်းနဲ့ အစားထိုးပါ။နောက်ထပ်အရေးကြီးတာက ကွမ်းဖြတ်ဖို့ ဆေးလိပ်မသောက်ပါနဲ့။ ကွမ်းဖြတ်လို့ စိတ်မကြည်တဲ့အခါ ဆေးလိပ်သောက်လိုက်ရင် စိတ်ကြည်ပြီး နေလို့ ထိုင်လို့ ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါက နီကိုတင်းကြောင့်ပါ။ ကွမ်းရောဆေးလိပ်ရောက စွဲတတ်တဲ့ အရာတွေဖြစ်တာကြောင့် အခန့်မသင့်ရင် ကွမ်းမပြတ်ဘဲ ဆေးလိပ်ပါ အပိုဆောင်း စွဲသွားပါလိမ့်မယ်။ဒါက ပိုဆိုးပါတယ်။ ၂ခုပေါင်းရင်ခံတွင်းကင်ဆာဖြစ်နိုင်ခြေက အဆမတန် မြင့်လာပါလိမ့်မယ်။ကွမ်းက အရင်တည်းက စားလာကြတာဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်ဆိုတာ မသိထားကြပါဘူး။ တကယ်တော့ ကွမ်းကလည်း ဆေးလိပ်၊အရက်နီးတူ စွဲတတ်ပါတယ်။ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ စားနေကြတာဖြစ်တဲ့အတွက် ခံတွင်းကင်ဆာလူနာတွေ များလာတာကို သတိပြုစေချင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/how-to-quit-betel-chewing/
Petroleum Jelly အကြောင်း သိသင့်သမျှ
Petroleum jelly ဆိုတာ ရေနံနဲ့ဖယောင်းရောစပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး အခဲတစ်ပိုင်း ဂျယ်လီတစ်ပိုင်းလို့ ခေါ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လူတချို့က အလှဆီလို့ သတ်မှတ်ထားသလို တချို့ကလည်း ဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉ ရာစုကတည်းက ရေနံလုပ်သားများက ရေနံတူးစင်တွေမှာ ကပ်ငြိနေတဲ့ petroleum jelly ဖြစ်လာမယ့် အရာတွေကို သတိထားမိခဲ့ကြပါတယ်။ရေနံလုပ်သားများဟာ ထိုအရာများကိုထိခိုက်ရှနာ၊ အပူလောင်နာ ဒဏ်ရာများကို သက်သာအောင် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အလှကုန်နဲ့ဆေးဝါးပစ္စည်းအဖြစ် ထုတ်လုပ်လာပြီး vaseline ဆိုတဲ့ အမည်ဟာ ထင်ရှားပါတယ်။ Petroleum jelly ကိုအရေပြားပေါ်က အနာတွေကို ရေစိုမခံအောင် လိမ်းကျံပေးနိုင်ပါတယ်။ အနာများကို ကျက်စေပြီးအစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ယခုဆက်လက်ဖော်ပြမှာကတာ့ Petroleum jelly ရဲ့ အသုံးဝင်ပုံများ ဖြစ်ပါတယ်။Petroleum jelly ကို အရေပြား ပွန်းပဲ့ခြင်း၊ ပြတ်ရှခြင်း၊ သွေးခြေဥရောင်ရမ်းခြင်း စတာတွေအတွက် လိမ်းဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။အပူလောင်ဒဏ်ရာများအတွက်လည်း လိမ်းပေးနိုင်ပါတယ်။ မလိမ်းခင်မှာတော့ အနာကို ရောဂါပိုးသန့်စင်ပေးဖို့ လိုပါတယ်။ လိမ်းဆေးအောက်မှာ ရောဂါပိုးတွေ ကပ်ငြိကျန်နေရင် အနာကျက်နှေးမှာစိုးလို့ ဖြစ်ပါတယ်။ရေချိုးပြီးချိန်မှာ Petroleum jelly ကို လိမ်းပေးပြီးmoisturizerအနေနဲ့ သုံးနိုင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆောင်းတွင်း အအေးမိချိန်၊ ဓာတ်မတည့်ဖြစ်ချိန်မျိုးမှာလည်း နှာခေါင်းခြောက်တဲ့အခါ လိမ်းပေးနိုင်ပါတယ်။ခြေဖဝါးကွဲချိန်မှာလည်း Petroleum jelly လိမ်းပေးခြင်းအားဖြင့် နူးညံ့ချောမွတ်စေပါတယ်။ အပင်စိုက်ခြင်း၊ အလုပ်ကြမ်းလုပ်ခြင်းကြောင့် လက်ဖဝါးများ ကြမ်းတမ်းတဲ့အခါမှာလည်း လိမ်းပေးနိုင်ပါတယ်။ နှုတ်ခမ်းသားများ ခြောက်သွေ့နေချိန်မှာလည်း အစိုဓာတ်ထိန်းပေးတဲ့အနေနဲ့ လိမ်းပေးနိုင်ပါတယ်။သေးခံအဝတ်များလို့ ကလေးငယ်တွေမှာ သေးခံနာဖြစ်တဲ့အခါ Petroleum jelly ကို လိမ်းပေးနိုင်ပါတယ်။ Petroleum jelly မလိမ်းခင်မှာ လိမ်းမယ့်နေရာကို သန့်ရှင်းရေးပြုလုပ်ရပါမယ်။ ပြီးရင် ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။ Petroleum jelly လိမ်းပေးရုံနဲ့ သေးခံလောင်တာ မပျောက်ရင် ဆရာဝန်ပြသင့်ပါတယ်။မျက်လုံးနားတစ်ဝိုက် မိတ်ကပ်နဲ့ မျက်လုံးဆိုးဆေးတွေကို ဖျက်ပစ်ဖို့ Petroleum jelly ကို သုံးနိုင်ပါတယ်။ ဖျက်ချင်တဲ့နေရာကို Petroleum jelly ပါးပါးလိမ်းပြီး ဂွမ်းစ၊ ဂွမ်းတံနဲ့ ခပ်ဖွဖွပွတ်ပြီး ဖျက်နိုင်ပါတယ်။ ဆေးလိမ်းပြီး ဖျက်ချိန်မှာတော့ မျက်စိကို မှိတ်ထားရပါမယ်။ လူတချို့ဟာ မျက်စိဘေးက အရေးအကြောင်းတွေ သက်သာလျော့နည်းအောင် လိမ်းပေးတတ်ပါတယ်။ဦးရေပြားခြောက်ပြီး ဗောက်ထခြင်း၊ ဆံပင်ကြမ်းခြင်း၊ ဆံပင်အဖျားများ နှစ်ခွဖြစ်ခြင်း စတာတွေအတွက် Petroleum jelly ကို လိမ်းပေးနိုင်ပါတယ်။ ဆံသားတွေကို တောက်ပစေနိုင်ပါတယ်။သင့်လက်ချောင်းမှာ လက်စွပ်ဟာ ကြပ်နေပြီး ချွတ်မရဖြစ်နေပြီဆိုပါစို့။ လက်စွပ်ပတ်လည်နဲ့ လက်ချောင်းကို Petroleum jelly လိမ်းပေးပြီး အလွယ်တကူချွတ်နိုင်ပါတယ်။ တံခါးပတ္တာတွေ ကြပ်နေရင်လည်း Petroleum jelly ထည့်ပေးပြီး သုံးနိုင်ပါတယ်။Petroleum jelly ဟာ လူတချို့နဲ့ဓာတ်မတည့်ခြင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာတွေကို သေချာစွာ ဆေးကြောသန့်စင်ခြင်းမရှိဘဲ မလိမ်းသင့်ပါဘူး။ မှိုစွဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ နှာခေါင်းတဝိုက်မှာ မလိမ်းပေးသင့်ပါဘူး။ ရှူသွင်းမိမှာစိုးလို့ ဖြစ်ပါတယ်။ မိမိဖာသာ အာသာဖြေရာမှာဖြစ်စေ၊ လိင်ဆက်ဆံရာမှာဖြစ်စေ ချောဆီအနေနဲ့ မသုံးသင့်ပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/beauty-skin-care-petroleum-jelly/
ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား ......
သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးကကြက်မောက်သီး ဆိုပေမယ့် ဗိုက်ထဲမှာဘေဘီလေး ရှိနေတာကြောင့် စားလို့ရပါ့မလားလို့ စိတ်ပူနေတဲ့ မေမေတွေ ရှိလား …. ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား …… ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်ပါ။ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာပါ။ အပေါ်ခွံကို  နွှာပြီး အထဲက အသီးရဲ့ အသားလွှာလေးကို စားရတာပါ။ အစေ့ကို ဖယ်ပစ်ရပါမယ်။လိုင်ချီးသီး၊သကြားသီးတို့နဲ့ မျိုးရင်းတူပါတယ်။ အသားလွှာပုံစံချင်း တူသလို ချိုတဲ့အရသာချင်းလည်း ပါတယ်။စားရတာ အရသာရှိတဲ့ ကြက်မောက်သီးလေးမှာ။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား …… ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားပေးတာကကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် အရမ်းမှည့်တာတော့ မစားသင့်ပါဘူး။ အကြောင်းကတော့ ကြက်မောက်သီးက အမှည့်လွန်သွားတဲ့အခါ အချဉ်ပေါက်ပြီး အယ်လ်ကိုဟော ပါဝင်မှု ရှိလာသလိုသကြားဓာတ်လည်း မြင့်တာကြောင့် အရမ်းမှည့်ရင်တော့ မစားဖို့ ပြောပါရစေ။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာ ဖြစ်တာကို ခံစားရနိုင်ပါတယ်။ ဒီလို မအီမသာ ဖြစ်တာကို သက်သာစေဖို့ ဆိုရင် ချိုချိုလေးနဲ့ ခံတွင်းရှင်းတဲ့  ကြက်မောက်သီးကို စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ကြက်မောက်သီး စားပေးလို့ ရပါတယ်။ ကြက်မောက်သီးက သွေးအားနည်းတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။ကြက်မောက်သီးက အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တုပ်ကွေးဖြစ်တာမျိုး ခေါင်းကိုက်တာမျိုး အဖျားဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှု ကင်းစေဖို့ ကြက်မောက်သီး စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေ အရေပြား ပြဿနာ ကင်းစေဖို့အတွက်လည်း ကြက်မောက်သီး စားပေးလို့ ရပါတယ်။အကြောပြတ်ရာတွေကို သက်သာစေနိုင်သလို ဗီတာမင် E ပါဝင်နေတာကြောင့် အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ကြက်မောက်သီးက သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခြေလက် ဖောရောင်တာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ပိုတက်ဆီ ယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြက်မောက်သီးကို စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းကိုလက်စထရော များတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းအဆီ များတာကို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။ကြက်မောက်သီးက အစာကြေစေနိုင်ပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ဖော့စဖရပ် ပါဝင်နေတာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ အူမကြီး ကျန်းမာစေပြီး အစာမကြေတာ လေပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြက်မောက်သီးမှာ ဖော့စဖရပ် ပါဝင်နေတာကြောင့် ကျောက်ကပ်တွေကို သန့်စင်ပေးသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် ပိုနည်းပါတယ်။ ဒီကာလမှာ ဖျားနာလွယ်သလို ကူးစက်ရောဂါတွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်စေဖို့အတွက် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကြက်မောက်သီး စားပေးလို့ ရပါတယ်။ ကြက်မောက်သီးမှာ copper ပါဝင်နေပြီး သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnancy-mom-eat-rambutan/
ချက်ပြည်ယို ရတဲ့ အကြောင်းရင်း
ချက်ဆိုတာက အတွင်းထဲကို ချိုင့်ဝင်နေတာကြောင့် ချေးတွေ၊ ဆဲလ်သေတွေ အလွယ်တကူ စုဝေးနိုင်ပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားပေါင်း များစွာကလည်း ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်လည်း ချက်က အနံ့တစ်မျိုး ထွက်နေတာပါ။ ဒီလို မသန့်တဲ့နေရာ ဖြစ်တဲ့အတွက် ပိုးဝင်ဖို့လည်း လွယ်ကူပါတယ်။ ဒီလိုနဲ့ချက်ပြည်ယို တဲ့ ပြဿနာဖြစ်လာပါတယ်။ချက်ပြည်ယိုစေတဲ့ အကြောင်းရင်းက အဓိက ၃ခုရှိပါတယ်။လေ့လာချက်တစ်ခုအရ ချက်မှာ ဘက်တီးရီးယားပေါင်း ၆၇မျိုးလောက် ရှိနေပါတယ်တဲ့။ ဒီထဲမှာ ကောင်းကျိုးပြု ဘက်တီးရီးယားတွေရော၊ တခြားဘက်တီးရီးယားတွေရော ပါပါတယ်။ ချက်မှာ ပိုးဝင်တဲ့အခါ ဘက်တီးရီးယား ဒါမှမဟုတ် မှိုပိုးဆိုပြီး ၂မျိုး ဖြစ်နိုင်ပါတယ်။သာမန်လူကောင်းတစ်ယောက်အနေနဲ့ ပိုးဝင်ဖို့ ဆိုရင်တော့ ချက်မှာ တစ်ခုခု ဖောက်ထားလို့ ဖြစ်နိုင်ပါတယ်။ နားကပ်ဝတ်သလိုမျိုး တချို့က ချက်မှာ အပေါက်ဖောက်ပြီး ဝတ်လေ့ရှိပါတယ်။ ဖောက်ထားတဲ့ နေရာကနေ ပိုးတွေက အရေပြားအောက်ကို ဝင်သွားလို့ပဲ ဖြစ်ပါတယ်။ဘက်တီးရီးယားကြောင့်ဆိုရင်တော့ အဝါရောင်၊ အစိမ်းရောင် ပြည်တွေ ထွက်ပြီး အနံ့လည်း ဆိုးပါတယ်။ ချက်တစ်ဝိုက်မှာ နာတာ၊ ရောင်တာလည်း ဖြစ်တတ်ပါတယ်။မှိုပိုးထဲမှာဆိုရင်တော့Candidaက အဖြစ်အများဆုံးပါပဲ။ အဖြူရောင် ပြည်အပျစ်တွေ ထွက်တတ်ပြီး ချက်တစ်ဝိုက်မှာ ယားပြီး ရဲတတ်ပါတယ်။ ခုခံအားကျတဲ့သူ၊ ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ဒါကတော့ အကြမ်းဖျင်း ခွဲတာပါ။ ပိုသေချာချင်ရင် ဆေးစစ်ရမှာပါ။မကြာခင်ကမှဝမ်းဗိုက်ခွဲစိတ်မှု လုပ်ထားပြီး ချက်က ပြည်ယိုနေတယ်ဆိုရင်တော့ ဝမ်းဗိုက်အတွင်းထဲမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ခွဲပေးတဲ့ ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။အရည်အိတ်မှာဆိုရင် ဖြစ်နိုင်တာ ၂ခုရှိပါတယ်။ ပထမတစ်ခုက။–Urachal cystပါ။Urachusဆိုတာ သန္ဓေသားဘဝမှာတုန်းက ကလေးချက်ကြိုးနဲ့ ဆီးအိမ်နဲ့ကို ဆက်ထားပေးတဲ့ ပြွန်လေးပါ။ မွေးခါနီးရင် အလိုလိုပိတ်သွားရပါတယ်။ မပိတ်ဘဲ ကျန်ခဲ့ရင် အရည်အိတ်ဖြစ်သွားပါတယ်။ ဒီအရည်အိတ်ကနေ ပိုးဝင်သွားရင် ချက်ပြည်ယိုတာ ဖြစ်တတ်ပါတယ်။-နောက်တစ်ခုကတော့Epidermoid cystပါ။သူ့ထဲမှာ အရေပြား၊ ဆံပင်တို့မှာ တွေ့ရတဲ့keratinဆိုတဲ့ ပရိုတင်းလေး ပါပါတယ်။ ဒီအရည်အိတ်လေးကလည်း ပိုးဝင်သွားခဲ့ရင် ပြည်လိုမျိုး ခပ်ဝါဝါ အနံ့ဆိုးတဲ့ အရည်တွေ ထွက်လာနိုင်ပါတယ်။ အရည်အိတ်လည်း ရောင်ရမ်းနိုင်ပါတယ်။အများစုက ပိုးဝင်တာကြောင့် ဖြစ်တဲ့အတွက် ချက်ပြည်ယိုတာအပြင်။ဒီလိုအခြေအနေတွေက ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေတွေပါပဲ။ချက်ပြည်ယိုရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသနည်းတွေ ကွဲပြားနိုင်ပါတယ်။ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေကြောင့်ဆိုရင် သက်ဆိုင်ရာ လိမ်းဆေး၊ သောက်ဆေးတွေ လိုနိုင်ပါတယ်။ လိုအပ်ရင် ပိုးမွေးပြီး တိကျတဲ့ပိုးသတ်ဆေးကို ပေးရမှာပါ။ ဆီးချိုရှိတဲ့သူတွေဆိုရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းထားရမှာပါ။ဆီးချိုတွေတက်နေရင် ပိုးတွေက ပိုပွားနိုင်ပါတယ်။အရည်အိတ်ပိုးဝင်တာဆိုရင်တော့ အရည်အိတ်ကိုရော၊ ပိုးဝင်တာကိုရော ကုရမှာပါ။ အရည်အိတ်ကို ခွဲစိတ်မှု လုပ်ပြီး ဖယ်ကောင်း ဖယ်ရနိုင်ပါတယ်။ အရည်အိတ် ရှိနေသရွေ့ ပိုးပြန်ပြန်ဝင်ပြီး ပြည်ပြန်ပြန်တည်နိုင်လို့ပါပဲ။ချက်ကနေ ပိုးဝင်တာ၊ ပြည်ယိုတာက ကာကွယ်လို့ရတဲ့ အခြေအနေတစ်ခုပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/discharge-from-belly-button/
ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ
ဗီတာမင် B12 ချို့တဲ့မှု ဆိုတာက ကုသလို့ ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး ဗီတာမင် B12 လုံလောက်အောင် မစားသုံးမိတာ၊  ရောဂါအခံတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေး အခြေအနေပါ။ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာက တစ်ခုက ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် B12 ကို လုံလောက်အောင် မစုပ်ယူနိုင်တာမျိုးပါ။ဗီတာမင် B12  ချို့တဲ့မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံကြောကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ဗီတာမင် B12 ကခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ ဗီတာမင် တစ်မျိုးပါ။ နေ့စဉ် စားသောက်မှုမှာ ဗီတာမင် B12 လုံလောက်စွာ မရရှိတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အာရုံကြောတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ဗီတာမင် B12 ချို့တဲ့မှုကအသက်အရွယ်ကို လိုက်ပြီး ဖြစ်ပွားနိုင်ခြေကလည်း ကွာခြားမှု ရှိပါတယ်။ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ အနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ရပ်စီမှာအခုလိုတွေ ခံစားရနိုင်ပါတယ်။ခြေတွေ လက်တွေ ထုံကျဉ်တာ။ဗီတာမင် B12 ချို့တဲ့မှုကကြွက်သားတွေကို အားနည်းစေပြီး လမ်းလျှောက်တဲ့အခါ ခြေထောက်တွေ မသယ်ချင်တာမျိုး၊ လမ်းလျှောက်ရင် ခြေထောက်က ဆွဲနေသလို ခံစားရတာမျိုးတွေကို ခံစားရနိုင်သလိုခြေထောက်တွေ လက်တွေ ထုံကျဉ်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေ။အမြင်အာရုံ ကျန်းမာစေဖို့အတွက်လည်း ဗီတာမင် B12 ကို လိုအပ်ပါတယ်။ ဒီတော့အမြင်အာရုံတွေကျန်းမာစေဖို့ ဆိုရင် ဗီတာမင် B12 ပြည့်ဝနေဖို့ လိုမှာပါ။မျက်လုံးတွေ အောင့်တာကျိန်းစပ်တာ မျက်သားခြောက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် B12 ပြည့်ဝဖို့ လိုပါမယ်။စိတ်ရှုပ်ထွေး လွယ်တာ။ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ကျပြီး နည်းနည်းဆိုတာနဲ့ စိတ်ရှုပ်နေပြီဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ပြဿနာ သေးသေးလေးတွေကို ကြုံရရင်တောင် အလွယ်တကူ စိတ်ရှုပ်ထွေးနေပြီဆိုရင်တော့ အစားအသောက်လေးကို ဂရုစိုက်ဖို့ လိုပါပြီ။တစ်ခုခုကို မှတ်မိဖို့ခက်တာ (မေ့လွယ်တာ)။တစ်ခုခု ပြောခါနီးတိုင်း ပါးစပ်ဖျားလေးတင် မေ့နေပြီ။ ငါဘာလုပ်မလို့ပါလိမ့်မေ့သွားပြန်ပြီဆိုပြီး ခဏခဏ ဖြစ်နေပြီဆိုရင် ဗီတာမင် B12 ချို့တဲ့မှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။သွားနဲ့ ခံတွင်းပိုင်း ဆိုင်ရာမှာ ဆိုရင်။ဗီတာမင် B12 ချို့တဲ့မှုကသွားနဲ့ ခံတွင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လျှာတွေ ရောင်ရမ်းတာ၊ လျှာနာတာ၊ သွားဖုံးတွေ ရောင်ကိုင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပါးစပ်ထမှာ အနာဖြစ်တာ လျှာက နီရဲရောင်ရမ်းနေပြီဆိုရင်တော့ ဗီတာမင် B12 ပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။နောက်ထပ် ခံစားရနိုင်တာက အရသာ ပျက်တာမျိုးပါ။ အရသာကို မသိတာမျိုးခံတွင်းမတွေ့တာမျိုး ပါးစပ်တွေ လျှာတွေ ပူစပ်ပူလောင် ခံစားရတာကလည်း ဗီတာမင် B12 ချို့တဲ့မှုကြောင့်ပါနော်။ဗီတာမင် B12 ချို့တဲ့မှုရဲ့ အခြား လက္ခဏာတွေ အနေနဲ့ကတော့။ဗီတာမင် B12 မချို့တဲ့အောင် အသား၊ ငါးတွေ စားပေးဖို့ လိုပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသားမစားဘူးဆိုရင် အားဆေးမှီဝဲနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေက ဗီတာမင် B12 ချို့တဲ့မှုကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေဖြစ်ပြီး ဒီထဲက အများစုက အခြားအခြားသော ကျန်းမာရေး အခြေအနေတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေတတ်တာကြောင့် ဆရာဝန်နဲ့ သေချာလေး စစ်ဆေးပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့ လိုပါမယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/unusual-signs-of-vitamin-b12-deficiency/
ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ
စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။လူတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ခြေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။စိတ်ဖိစီးမှုနဲ့စိတ်နာကျင်မှုဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ မြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ် ။နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ် လူနေမှု ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို ပိုမို အသုံးချလာနေကြတာမို့စိတ်ဓာတ်ကျဆင်းနေမှုတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်နေကြတယ်ဆိုတာကို ပိုမိုသိရှိလာရပါတယ် ။  ကိုယ့်ကိုယ်ကိုသတ်သေ ဖို့အထိ ဆုံးဖြတ်ထားတဲ့ သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ ဆိုတာ လေ့လာလိုက်ရအောင်နော်။လက်ရှိမှာ လူမှုကွန်ယက် လောကရဲ့ ဆရာ တစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေ နဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ ( AI ) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပါတယ် ။၂၀၁၇ ခုနှစ်မှ ာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေ ချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ် ။Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ ( AI ) နည်းပညာ အသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာကိုယ့်ကိုယ်ကိုသတ်သေ နိုင်ခြေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ် ။လက်ရှိမှာလည်း လူမှုကွန်ယက် အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကိုသတ်သေ ဖို့ စိတ်ဆန္ဒရှိနေသူတွေဟာ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ် ။ သူတို့ရဲ့ ဖော်ပြချက်တွေအရ။–           သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ။–           တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ။–           အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ။–           တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ။–အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ။–           မဆင်မခြင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ။–           အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ်အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ။–           ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ။–           ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ။–           #depressed ဒါမှမဟုတ် #suicidalဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ။ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေမြင့်မားတယ်လို့ ယူဆလို့ရပါတယ် ။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ ဆိုတာကို သိပြီဆိုတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွင်းက လူမှုကွန်ယက် အသုံးပြုသူတွေ အကြားမှာ ဘာပို့စ်တွေ တင်နေကြလဲဆိုတာကို သတိထား စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော် ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/algorithms-spot-signs-of-suicide-risk-and-self-harm/
နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါ
တစ်နေ့တာကို ဘယ်လိုများကုန်ဆုံးချင်လဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့လား…ဒါမှမဟုတ် သုန်သုန်မှုန်မှုန်လား…ထိုင်းထိုင်းမှိုင်းမှိုင်းလား…. ဘယ်လိုမျိုးကုန်ဆုံးချင်တာလဲ။ အားလုံးကတော့ သူတို့ရဲ့ နေ့ရက်တိုင်းကို စိတ်ညစ်စရာတွေကင်းပြီး ပျော်ရွှင်စွာနဲ့ပဲကုန်ဆုံးချင်မယ်ထင်ပါတယ်။ တကယ်တော့လည်းနေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းသင့်ပါ။ ဒီတော့ ပြောစရာရှိလာမှာက နေ့ရက်တိုင်းကို ပျော်ရွှင်စွာတော့ ဖြတ်သန်းချင်ပါရဲ့ ဒါပေမယ့် ဖြစ်နိုင်ပါ့မလားလို့လေ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဟုတ် နည်းလမ်းလေးတွေရှိပါတယ်။နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့အသင့်ဖြစ်ပြီဆိုရင်တော့ ဆက်လိုက်ကြဦးစို့။ တစ်နေ့တာကိုဘယ်လိုဖြတ်သန်းမလဲဆိုတာက သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာမူတည်နေတာပါ။ ဒီတော့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ဆိုရင်။အိပ်ရေးဝဝအိပ်ပါ။အိပ်ရေးဝဝအိပ်တာက ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီရှိအောင် အိပ်စက်ပါ။ ဒီလိုအိပ်စက်မှုက သင့်ကို ကြည်လင်လန်းဆန်းနေစေပြီး အရာရာကို အကောင်းမြင်စိတ်တွေဖြစ်စေလို့ ပျော်ရွှင်မှုတွေကို လက်ယက်ခေါ်လိုက်သလိုဖြစ်စေမှာပါ။ ဒါကြောင့် အဖိုးအခမပေးရတဲ့ အိပ်စက်ချိန်လေးကိုတော့ ပြည့်ပြည့်ဝဝအိပ်ပါ။မနက်စောစောထပါ။မနက်ခင်းနေခြည်နွေးနွေးလေးက သင့်ကိုစိတ်ပျော်ရွှင်စေနိုင်ပါတယ်။ နောက်တစ်ချက်က မနက်စောစောထတာကြောင့် စိတ်ထဲမှာ ကြည်လင်လန်းဆန်းနေစေပြီး စိတ်ပျော်ရွှင်မှုကိုဖြစ်စေမှာပါ။ အလုပ်ခွင်ဝင်ဖို့လည်း အကောင်းဆုံးပြင်ဆင်နိုင်စေမှာပါ။ ဒီတော့ အလုပ်ကိုစောစောရောက်လို့အလုပ်ခွင်မှာလည်း ပျော်ရွှင်ရပြီပေါ့။တရားထိုင်ပါ။တရားထိုင်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့် နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ မနက်စောစော ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီးမှာ ၁၅ မိနစ်လောက် တရားထိုင်ပေးပါ။ စိတ်တည်ငြိမ်ပြီးအကောင်းမြင်စိတ်တွေပေါက်ဖွားလာမှာပါ။စက္ကန့် ၃၀ အသက်ရှုပါ။ဒါက ပြောတော့လွယ်ပေမယ့် တကယ်တမ်းကျလုပ်ဖို့မေ့နေတတ်ကြပါတယ်။ တကယ်တော့အသက်ရှုတာကလည်း သင့်ရဲ့တည်ရှိမှုကို အသိအမှတ်ပြုပေးနေတဲ့အချက်တစ်ခုပေါ့။ ဒါကြောင့် တိတ်ဆိတ်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး မျက်လုံးလေးတွေ မှိတ်ထားပြီး ၁ ကနေ ၃ အထိရေလို့နှာခေါင်းကနေရှုသွင်းပါ။ ပြီးရင်တော့ ၊ ၅ လို့ရွတ်လို့ ပါးစပ်ကနေ လေရှုထုတ်ပါ။ ဒီလို ၅ ကြိမ်လုပ်ပါ။၂ မိနစ်လောက် ငြိမ်ငြိမ်နေပါ။တစ်နေ့တာမှာ ကြီးကြီးမားမားကိစ္စမရှိဘူးဆိုရင် အနည်းဆုံး ၂ မိနစ်လောက် ဘာမှမလုပ်။ ဘာမှမတွေးဘဲ ငြိမ်ငြိမ်လေး ၂ မိနစ်လောက်နေပေးပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တဲ့သဘောပေါ့။ ဒီအချိန်မှာ ဘာမှမတွေးဘဲ စိတ်အေးလက်အေးလေးနေပေးပါ။လမ်းလျှောက်ထွက်ပါ။လမ်းလျှောက်ထွက်တာက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်လမ်းလျှောက်ပေးတာက ဒေါသနဲ့ စိတ်တိုလွယ်မှုတွေကို ပြေလျော့စေပါတယ်။ တစ်နေပကို မိနစ် ၃၀ လောက်လမ်းလျှောက်ဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ဖြစ်အောင်လျှောက်ပါ။ သီးသန့်အချိန်မပေးနိုင်ရင်တောင် ရုံးသွားရုံးပြန် လမ်းလျှောက်ပေးတာမျိုးပေါ့။သူတစ်ပါးကိုကြင်နာပါ။ကြင်နာတတ်တဲ့ အပြုအမူတွေက သင့်ကိုပျော်ရွှင်မှုပေးပါတယ်။ ဒါကြောင့် သူတစ်ပါးကို တစ်နေ့တစ်ခါလောက်တော့ ဖြစ်ဖြစ် ကြင်ကြင်နာနာဆက်ဆံပြုမူတတ်ပါစေ။ ဒါက ကိုယ်တိုင်ရော သူတစ်ပါးကိုပါ စိတ်ပျော်ရွှင်မှုရစေမှာပါ။အတင်းမပြောပါနဲ့။နောက်ကွယ်မှာ သူများမကောင်းကြောင်းပြောတာက ကိုယ်တိုင်အတွက်မကောင်းသလို သူတစ်ပါးကိုလည်း ထိခိုက်စေပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိတာကြောင့် မလုပ်တာက အကောင်းဆုံးပါ။ အတင်းမပြောတာကအကောင်းမြင်တဲ့အတွေးတွေကိုဖြစ်ပေါ်စေပြီး စိတ်ပူပန်မှုတွေကင်းလို့ ပျော်ရွှင်မှုကို ရစေမှာပါ။ပျော်ရွှင်နေသူတွေနဲ့ ပေါင်းသင်းပါ။ကိုယ်တိုင်ပျော်ရွှင်ချင်တယ်ဆိုရင် ပျော်ရွှင်သူတွေနဲ့ပဲ ပေါင်းပါ။ ညည်းညူတတ်သူတွေက သူတို့ကိုယ်တိုင်ရော အခြားသူတွေကိုပါ ပူလောင်စေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ရွှင်တတ်သူတွေနဲ့ပဲ ဝန်းရံထားပါ။ကဲ..ပျော်ရွှင်ချင်တယ်ဆိုရင် အခုပဲ ဒီအလေ့အထလေးတွေကို လုပ်လိုက်တော့လေ။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းကြစို့လား……….။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/simple-ways-to-be-happy/
ကျန်းမာစေမယ့် အလေ့အကျင့်များ
သက်ရှိတွေ အထူးသဖြင့် လူတွေမှာ ကျန်းမာကြတယ်ဆိုတာကကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု အလေ့အထတွေ ရှိလို့ပါ။ကျန်းမာရေးဆိုတာက သဘာဝအတိုင်း ရထားတဲ့ လက်ဆောင်ဆိုပေမယ့် သေချာစောင့်ရှောက်ဖို့က ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီတစ်ခေါက်တော့ လူတိုင်း ကျန်းမာဖို့အတွက် သိထားဖို့ လိုမယ့်ကျန်းမာစေမယ့် အလေ့အကျင့်များ အကြောင်း ပြောပြပေးသွားချင်ပါတယ်။ကျန်းမာစေမယ့်  အလေ့အကျင့် ဆိုတာကရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို ခံစားရရှိစေနိုင်တဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေပါ။ စလုပ်ခါစမှာတော့ ပြောင်းလဲမှု သေးသေးလေးတွေက  ထိရောက်မြင်သာတဲ့ ကောင်းကျိုးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ သေးငယ်တဲ့ အလေ့အကျင့် ပြောင်းလဲမှုတွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုကို ပုံဖော်ပေးနိုင်မှာပါ။ဒီနေရာမှာ သတိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုက တစ်ဆင့်ချင်း သွားရတယ်ဆိုတာကိုပါ။ ကျန်းမာစေမယ့် အလေ့အကျင့်များစွာကို ရေရှည် လုပ်ဆောင်ပေးတာကကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများက ကျန်းမာတဲ့ အလေ့အထတွေထက် ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့ အလေ့အထတွေကိုပဲ လုပ်ဆောင်နေကြတာ များပါတယ်။နောက်တစ်ချက်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကိုပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေလိုမျိုး လုပ်ဆောင်နေကြတာပါ။ ဥပမာ ပြောပြရရင် ညတိုင်း ရေခဲမုန့် ၂ ခွက်စားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဒါကြောင့် ၂ ခွက် မစားတော့ဘူး။ ၁ ခွက်ပဲ စားတော့တယ်။ လျှော့စားလိုက်တယ်လို့ပေါ့။တကယ်ကတော့ ရေခဲမုန့်က ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ညဘက်စားတာကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကို ၁ ခွက်လျှော့စားလိုက်ရင်ပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထလိုမျိုး မှတ်ယူလုပ်ဆောင်နေကြတာပါ။ကျန်းမာစေတဲ့ အလေ့အကျင့်တွေက လုပ်စမှာ ခက်ခဲပေမယ့် ရေရှည်မှာကျန်းမာရေးကို အတော်လေး ကောင်းမွန်လာစေမှာပါ။နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စေဖို့ဆိုရင် လူတိုင်း အခုပြောပြမယ့် ကျန်းမာစေမယ့် အလေ့အကျင့်လေးတွေကို မွေးမြူဖို့ လိုပါမယ်။မနက်စာ ပုံမှန် စားသုံးတာက ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပေးပါတယ်။ ကျန်းမာစေခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းတရား တစ်ရပ်ပါ။ မနက်ခင်းမှာ မနက်စာ ပြည့်ပြည့်ဝဝ စားသုံးတာကဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်ကောင်းမွန်စေပြီး အလွန်အကျွံ မစားမိစေဖို့လည်း ဟန့်တားရာရောက်ပါတယ်။မနက်စာ ပုံမှန်စားသုံးသူတွေက အလုပ်တွေကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်သလို စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ပိုကောင်းကြပါတယ်။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် တစ်နေ့တာအတွက် အရေးအကြီးဆုံးမနက်စာကို မဖြစ်မနေ စားပေးပါ။ကျန်းမာတဲ့သူတိုင်းက အလုပ်ချိန် နားချိန် ခွဲထားတတ်ကြပါတယ်။ အနားယူတယ်ဆိုတဲ့နေရာမှာ ဖုန်းသုံးတာတွေ၊ စိတ်ကို ဖိစီးစေမယ့် ရုပ်ရှင်မျိုးတွေ ကြည့်တာတွေကို ဘာမှ မလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူတာကို ပြောတာပါ။ပြည့်ဝစွာ အိပ်စက် အနားယူတာက ကျန်းမာစေမယ့် အလေ့အထတွေထဲက တစ်ခုပါ။မနက်ခင်းတိုင်းမှာလေကောင်းလေသန့်ရရှိနိုင်မယ့် နေရာမှာ နာရီဝက် လမ်းလျှောက်တာက အဆုတ်တွေကို အားကောင်းစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာလာစေမှာပါ။အခုခေတ်မှာ အလုပ်အများစုက ထိုင်လုပ်ရတာပါ။အထိုင်များတဲ့ နေထိုင်မှု ဘဝပုံစံကြောင့် ကျန်းမာရေးကို မထိခိုက်စဖို့ဆိုရင် ၁ နာရီထိုင်ပြီးတိုင်းမှာ ၂ မိနစ်လောက် လမ်းလျှောက်ပါ။အိမ်အလုပ်တွေ လုပ်တာကလည်း ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်သလိုပါပဲ။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ဆိုရင် အိမ်အလုပ်တွေကို နိုင်သလောက်လုပ်ပြီး ကျန်းမာအောင် နေထိုင်လိုက်ကြပါစို့။တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ စားပွဲကို ကိုယ်နေဟန်ထား မှန်စေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ကြွက်သားတွေ နာကျင်တာ၊ အရိုးအဆစ်တွေ ထိခိုက်တာမျိုး မဖြစ်မှာပါ။နေ့စဉ် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်စေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ဒါတွေအပြင် ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် အခုပြောပြမယ့် အလေ့အထလေးတွေကိုလည်း မွေးမြူဖို့ လိုပါမယ်။ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည် နေချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထလေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေ ဖြစ်အောင် ပျိုးထောင်လိုက်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/about-healthy-habits/
အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ!
အာလူး စားမယ်ဆိုရင် အာလူး အခွံတွေကို စင်နေအောင် ခွာနော်၊ ပါးအာတယ် ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒါကြောင့် အာလူး စားတဲ့အခါ အာလူးခွံတွေကို မစားဘဲ လွှင့်ပစ်ကြတာ များတယ်နော်။ တကယ်ကတော့အာလူးခွံက စားလို့ရသလို ကျန်းမာရေးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပြောချင်တာက အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ! ဆိုတာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အာလူးခွံမှာ အခုလို အာဟာရလေးတွေ ပါဝင်နေ ပါတယ်။ ဘယ်လို အာဟာရတွေလဲ ဆိုတော့ –။အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ! ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ အာလူးခွံက –။အာလူးခွံက နေလောင်တာကို သက်သာစေနိုင် သလိုအပူလောင်တာကိုလည်း သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ အပူလောင်တဲ့နေရာကို အာလူးခွံလေးနဲ့ ကပ်ပေးတာကအရေပြားကို အေးစေပြီး အပူလောင်တာကို သက်သာစေမှာပါ။ သိပ်မပြင်းထန်တဲ့ အပူလောင်နာတွေအတွက် သုံးလို့ ရပါတယ်။အာလူးခွံမှာ ဗီတာမင် C ပါဝင်နေတာကြောင့်ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်း ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။အာလူးခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် အာလူးခွံကို အသုံးပြုပေးလို့ ရပါတယ်။အမျှင်ဓာတ်ရော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါ ကြွယ်ဝစွာ ပါဝင်နေတဲ့ အာလူးခွံက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်တွင်းအဆီများတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အာလူးခွံမှာ ပိုတက်ဆီယမ် ပါဝင် နေတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင် ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကနှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အာလူးခွံမှာ ပါတဲ့အမျှင်ဓာတ်ကသွေးတွင်းသကြားဓာတ်ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ် ဆိုရင်တော့ အာလူးခွံကို အသုံးပြုလို့ ရပါတယ်။အာလူးက ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာက အသားအရေကို ကျန်းမာစေပြီး ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။မျက်ကွင်းညိုတာ နဲ့ မျက်နှာပေါ်ကအမည်းစက်တွေကို သက်သာစေဖို့လည်း အာလူးခွံကို အသုံးပြုပေးလို့ ရပါတယ်။အာလူးခွံက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် မဖြစ်မနေ စားရမယ်လို့တော့ မဟုတ်ပါဘူး။ အထူးသဖြင့် စိမ်းနေတဲ့ အာလူးခွံတွေ၊ အညှောင့်ထွက်နေတဲ့ အာလူးခွံတွေ၊ ပိုးပေါက်ပါနေတာတွေဆို မစားသုံးသင့်ပါဘူး။ အာလူးကို အခွံပါ ထည့်ချက်မယ်ဆိုရင်လည်း ရေစင်အောင်  ဆေးပြီး သေချာကျက်အောင် ချက်စားဖို့ လိုပါတယ်။ ချက်ပြီးတာတောင် ခါးနေသေးတယ်ဆိုရင်လည်း မစားသင့်ပါဘူး။အရေပြားမှာ အသုံးပြုမယ်ဆိုရင်လည်း အစေးမလောင်အောင် သတိထားပါ။ ဓာတ်မတည့်ဖြစ်တတ်သူတွေ၊ ထိခိုက်မခံတဲ့ အသားအရေရှိသူတွေကတော့ အသုံးမပြုတာ ပိုကောင်းပါတယ်။အာလူးခွံက အကျိုးကျေးဇူးတွေ ရှိတယ်ဆိုပေမယ့် သတိထားပြီး အသုံးပြုတာ အကောင်းဆုံးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/dont-throw-away-potato-peels/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/diet-tips-for-pregnant-women-in-monsoon-season/
တောက်လောင်နေတဲ့ ဒေါသမီးကို ဒီလိုလျှော့ပါ
လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပျော်ရွှင်အောင် ကြိုးစားကြိုးစား၊ တစ်ခါတလေ စိတ်ညစ်စိတ်ဆိုးဒေါသထွက်ရတာမျိုး ဖြစ်တတ်တာပဲလေ။ လူ့လောကဆိုတာ ပြီးပြည့်စုံတဲ့နေရာတစ်ခုမှ မဟုတ်ပဲကိုး။ အမြင့်ရှိသလို အနိမ့်ဆိုတာလည်း ရှိတယ်။ ဒါကြောင့် အနိမ့်ကိုရောက်နေတဲ့ ကာလအတွင်းမှာ ကိုယ့်ဒေါသကြောင့် ကိုယ့်စိတ်နဲ့ ကျန်းမာရေးမညှိုးနွမ်းရစေဖို့ နည်းနည်းတော့ သတိထားဖို့ လိုတာပေါ့။အရင်ဆုံး ကိုယ့်စိတ်နဲ့ ခန္ဓာက ထိခိုက်မှာပါ။ဒေါသကြောင့် အသက်ရှူမြန်လာတယ်၊ နှလုံးခုန်မြန်လာတယ်၊ ဦးနှောက်ထဲ သွေးတွေရောက်ပြီး သွေးတိုးကာ သတိလစ်စေတယ်၊ နှလုံးကို အမောဖောက်လာစေတယ်၊ စိတ်က မကြည်မလင်ဖြစ်ပြီး ပျော်ရွှင်ခြင်းရဲ့ ရသကို မခံစားနိုင်တော့ဘူး၊ ဒီအခါ ဘဝမှာဖြစ်ပျက်နေတဲ့ အရာတွေကို အကောင်းမမြင်တော့ဘူးပေါ့။ အထူးသဖြင့်သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အာရုံကြောမကောင်းသူတွေဆိုရင် ဒေါသထွက်လာတာနဲ့ အမောဖောက်ပြီး သတိလစ်သွားနိုင်တယ်နော်။လူတစ်ယောက်က ဒေါသထွက်လာရင် ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်ရင်လုပ်၊ မဟုတ်ရင်လည်း ကိုယ့်ဘေးမှာ ရှိတဲ့သူတွေဆီကို ထိခိုက်အောင် အော်ဟစ်ဆဲဆိုမိလိုက်တာ၊ စကားကြမ်းကြမ်းပြောလိုက်တာ၊ အကြမ်းဖက်တာ အစရှိသဖြင့် အမျိုးမျိုးထိခိုက်မိအောင် လုပ်တတ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်ဒေါသကြောင့် ကိုယ်က ပူလောင်နေတဲ့အချိန် ကိုယ့်ကိုချစ်တဲ့သူတွေအနေနဲ့ ဒါကိုမြင်ပြီး ဘယ်စိတ်ကောင်းနိုင်တော့မလဲ၊ အဲ့အချိန်ကျတော့ တိုက်ရိုက်မဟုတ်ပေမဲ့ တစ်ယောက်ရဲ့ အပူမီးက နောက်တစ်ယောက်ကို ကူးစက်သွားတော့တာပေါ့။ဒေါသစိတ်သည် လူတစ်ယောက်ရဲ့ အသိစိတ်ကိုလည်း လွတ်သွားစေနိုင်ပြီး ကိုယ့်စိတ်ကို ထိန်းချုပ်မရဖြစ်စေတယ်။ ဘေးပတ်ဝန်းကျင်၊ အလုပ်ခွင်၊ နေအိမ်၊ လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ဒေါသစိတ်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ဆင့်ခေါ်မိသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် အဲ့ဒီစိတ်ကို ဖြည်းဖြည်းချင်းလျှော့ချဖို့အတွက် ဘာတွေလုပ်သင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ဒေါသဖြစ်လာရင် အရင်ဆုံး ဘာမှမတွေးပါနဲ့။ ခါးကိုမတ်မတ်ထား၊ ထိုင်ခုံမှာ ငြိမ်ငြိမ်ထိုင်၊ မျက်လုံးကို မှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်လိုက်ပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ကြာလာရင် စိတ်က သူ့အလိုလို တည်ငြိမ်သွားပါလိမ့်မယ်။ဆူဆူညံညံအသံတွေနဲ့ ဝေးရာ နေရာလေးမှာ ယောဂတီးလုံးသံစဉ်တွေ၊ အိပ်တဲ့အခါ နားထောင်တဲ့တီးလုံးလေးတွေကို ဖွင့်ထားပေးပါ။ ဒီသံစဉ်တွေကို ပူလောင်နေတဲ့ကိုယ့်ရဲ့ စိတ်နဲ့ တင်းမာနေတဲ့ ပုခုံးကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ကို အနည်းငယ်တော့ အေးချမ်းသွားစေနိုင်မှာပါ။အသက်လေး ခပ်ပြင်းပြင်းရှူပြီး သံစဉ်အေးအေးလေးတွေ နားထောင်ရင်းနဲ့ စိတ်အာရုံထဲမှာ ကိုယ့်ကို ပျော်ရွှင်စေခဲ့တဲ့ အတိတ်ပုံရိပ်လေးတွေ၊ ရယ်စရာဟာသလေးတွေ၊ဘာသာရေးကိုင်းရှိုင်းတဲ့သူဆိုရင် ဘုရားပုံတော်တွေကို မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။လူကစိတ်အရမ်းညစ်နေတဲ့အချိန် ဘာမှလည်း မလုပ်ချင်၊ မကိုင်ချင်ဖြစ်နေရင် အကောင်းဆုံးက မျက်စိမှိတ်ပြီး လှဲသာအိပ်ချလိုက်ပါ။ အကြာကြီးမဟုတ်ရင်တောင် ၁၅ မိနစ်လောက်ပေါ့။ နိုးလာတဲ့အချိန်ဆိုရင် များသောအားဖြင့် ဒေါသမီးတွေက အရှိန်လျော့သွားတတ်ပြီး စိတ်တော်တော်လေး ပြေနေလောက်ပါပြီ။ အဲ့အချိန်မှပဲ ကိုယ်လုပ်စရာရှိတာ၊ ဖြေရှင်းစရာရှိတာတွေကို ဆက်လုပ်ပါ။ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်နဲ့ စိတ်ချင်းနီးပြီး အရမ်းခင်တဲ့သူတွေဆီမှာ ရင်ဖွင့်ခြင်းဟာလည်း ကိုယ့်ရဲ့ ဒေါသကို ပြေလျော့စေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကိုယ်က အော်ဟစ်မိလိုက်ရင်တောင် သူတို့အနေနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တော့သလို ဖြစ်နေတဲ့ ပြဿနာ၊စိတ်ခံစားချက်တွေအတွက်လည်း သင့်တော်မယ့် ဖြေရှင်းနည်းလမ်းတွေကို အကြံရနိုင်ပါသေးတယ်။ဒေါသထွက်ရင် မျက်စိထဲ မြင်ရာက စိတ်တိုစရာတွေ ဖြစ်နေတာ တော်တော်များများ သိကြမှာပါ။ အဲ့လိုအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမှိုက်တွေကို ဖယ်ရှားပစ်တာ၊ သန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းတွေကို နေရာတကျ စီတာမျိုး လုပ်ပေးလို့ရပါတယ်။ ဘာမှလုပ်စရာမရှိရင်လည်း အိမ်သာထဲသွားပြီး မျက်နှာသစ်လက်ဆေးလိုက်တာ၊ လမ်းပတ်လျှောက်တာ၊ တရားမှတ်တာ၊ အပေါ်မှာ ပြောခဲ့တဲ့ အသံတိတ်တဲ့နေရာတစ်နေရာသွားပြီး ကိုယ့်စိတ်ကို ဖြေလျှော့တာမျိုး လုပ်နိုင်ပါတယ်။ဒီနည်းလမ်းတွေဟာ လောလောလတ်လတ် တောက်လောင်လာတဲ့ ဒေါသမီးတွေကို အကုန်မဟုတ်ရင်တောင် တော်တော်လေး ငြိမ်းအေးသွားစေနိုင်ပါတယ်။ ကိုယ့်ရင်ထဲမှာ ပူလောင်နေတာတွေ ပျောက်သွားပြီဆိုတော့မှ လက်ရှိဖြစ်နေတဲ့ ပြဿနာကို သေချာပြန်စဉ်းစားကြည့်ပါ။ ဘယ်သူကမှားတာလဲ၊ သူ့ဘက်၊ ကိုယ့်ဘက် မတူညီတဲ့ အမြင်နဲ့ တွေးခေါ်ပုံတွေ၊ သူ့နေရာမှာသာဆိုရင်ရော ကိုယ်ဘယ်လိုလုပ်မိမလဲ၊ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းခြင်းဟာ အကောင်းဆုံးလဲ၊ ဘာကို အရင်ဆုံး အာရုံစိုက်ထားရမလဲဆိုပြီး တွေးနေပါ။ အဖြေရပြီဆိုတာနဲ့ ပြဿနာတွေကို တစ်ခုချင်း ရှင်းထုတ်ပါ။ ကိုယ့်ရဲ့ ဒေါသကြောင့် တစ်ခြားသူတွေဆီကို မီးစ မစင်သွားစေဖို့ သေချာဂရုစိုက်ပေးဖို့ ထပ်ပြီးအကြံပေးလိုက်ပါတယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%92%e1%80%b1%e1%80%ab%e1%80%9e%e1%80%99%e1%80%ae%e1%80%b8/
တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား
တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား ….. ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံး ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။(၁)အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း။ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် အဖျားနည်းနည်းရှိမယ်၊ ချမ်းမယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်စတဲ့ လက္ခဏာတွေနဲ့အတူ ဖြစ်လာတတ်ပါတယ်။(၂)ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း အဖျားတာရှည်နိုင်ပါတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ကိုယ်ပူနေတာကြောင့် အအေးမိပျောက်ဆေးလည်းမရ၊ ကိုယ်ပူကျဆေးသောက်လည်းမရ ဖြစ်တတ်ပါတယ်။ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပေးမှ သက်သာမယ့်ရောဂါကိုး။ သိသာတဲ့လက္ခဏာကတော့ ဆီးသွားတဲ့ အခါ ပူတာ၊ နာကျင်တာ၊ မကြာခဏဆီးသွားလွန်းတာ၊ ဆီးအရောင်ရင့်လာတာ တွေရှိနိုင်ပါတယ်။(၃)စိတ်ဖိစီးခြင်း။စိတ်ဖိစီးမှု တာရှည်လာရင်လည်း အဖျားငွေ့ငွေ့ ရှိနေနိုင်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့ အဖျားဝေဒနာ လို့ ဆိုနိုင်ပါတယ်။ ဒီဝေဒနာကို စိတ်ခံစားချက်နုတဲ့သူတွေ၊ စိတ်ဖိစီးမှုတာရှည်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ စိတ်ကြောင့် အိပ်ရာထဲ လဲတယ် ဆိုတာမျိုးပေါ့။ဒီလိုအခြေအနေတွေ အတွက် အဖျားကျဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေ မတိုးတဲ့အတွက် စိတ်တည်ငြိမ်စေမယ့် ဆေးဝါးတွေ၊ နည်းလမ်းတွေ နဲ့ ကုသရပါတယ်။(၄)တီဘီရောဂါ။အဆုတ်တီဘီရောဂါ ရှိနေရင်လည်း အဖျား မပျောက်ဘဲ တငွေ့ငွေ့နဲ့တာရှည်နေနိုင်ပါတယ်။ ဒါ့ကြောင့် အဖျားမပျောက်ဘဲ တာရှည်နေရင် သတိထား စစ်ဆေးသင့်တာပါ။ တစ်ခါတရံ တီဘီပိုးက ခန္ဓာကိုယ် ထဲမှာ လက္ခဏာမပြ၊ မလှုပ်ရှားဘဲ နှစ်နဲ့ချီပြီး ရှိနေပြီး ကိုယ်ခံအား နည်းလာတဲ့အခါမှ ရောဂါ ထကြွလာနိုင်ပါတယ်။ ညဘက်မှ ဖျားတာ၊ ချောင်းအရမ်းဆိုးတာ၊ မောဟိုက်တတ်တာ၊ ညဘက်ချွေးထွက်များတာ တွေ တွဲပြီးဖြစ်လာရင် ပိုသိသာပါတယ်။(၅)Autoimmuneရောဂါများ။ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ကိုယ်ခံအားကမှားယွင်းတိုက်ခိုက်တဲ့ ဒီရောဂါအမျိုးအစားတွေကြောင့် အဖျားတာရှည်တတ်ပါတယ်။ ဥပမာ လေးဖက်နာအဆစ်ရောင်ရောဂါ ဆိုရင် အဖျားငွေ့ငွေ့နဲ့ အဆစ်နာကျင်မှု၊ နွမ်းနယ်မှုတွေခံစားရပါတယ်။(၆)သိုင်းရွိုက် ရောဂါ။သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းကြောင့် အဖျားတာရှည်နိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ မောဟိုက်နွမ်းနယ်တာ၊ သိုင်းရွိုက်ဂလင်းနားတဝိုက် အထိမခံနိုင်တာ၊ နားရွက်အထိ ဖြာထွက်လာတဲ့ ဇက်နာခြင်း စတဲ့လက္ခဏာတွေပါ တွဲပြီးဖြစ်တတ်ပါတယ်။တခြားအကြောင်းရင်းတွေထဲမှာ – အစာအဆိပ်သင့်ခြင်း၊ ကင်ဆာရောဂါ စတဲ့ အဖြစ်နည်းတဲ့အကြောင်းရင်းတွေလည်း ပါဝင်ပါတယ်။တကယ်လို့ –။အဖျား မကြီးပေမယ့်လည်း –။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/persistent-low-grade-fever/
အရေးပေါ်ဆေးအိတ် ဘယ်လို ပြင်ကြမလဲ။
သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ စစ်ဘေး စတာတွေ ကြုံရလို့ အိုးပစ်အိမ်ပစ်ပြေးရပြီဆိုရင် ဘာတွေ သယ်သွားမလဲဆိုတာ ကြိုစဉ်းစားထားဖို့ လိုပါတယ်။ ဖြစ်လာမှ ထူပူပြီး တွေ့ရာ ပြေးဆွဲတဲ့အခါ မလိုတာတွေဘဲ ပါလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခုတည်းက စပြီး အရေးပေါ်ဆေးအိတ် လေး ပြင်ထားကြပါစို့။အရေးပေါ်အိတ်မှာ ဆေးအပါအဝင် ရေ၊ စားစရာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ စတာတွေ ပါမှာပါ။ ဒါတွေကို တတ်နိုင်သမျှ ကျစ်လျစ်ပြီး သယ်ရလွယ်အောင် ထည့်ထားဖို့ လိုပါတယ်။ အိမ်ရှိလူကုန် လုံလောက်အောင်လည်း ထည့်ရမှာပါ။ဒီမှာတော့ ဆေးပစ္စည်းနဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောပြပါမယ်။အရေးပေါ် ဆေးအိတ်မှာ နှစ်ပိုင်း ရှိပါတယ်။စွဲသောက်နေကျဆေးတွေရယ်၊ အရေးပေါ် ဆောင်ထားသင့်တဲ့ ဆေးရယ်ပါ။ နှစ်ခုလုံးကို လုံလောက်အောင် ထည့်ထားရပါမယ်။စွဲသောက်နေကျဆေးများ။ဆီးချိုဆေး၊သွေးတိုးကျဆေးတွေ၊ တခြားရောဂါအတွက် ဆေးတွေ အားလုံးပါပါတယ်။ ဒီဆေးတွေကို အနည်းဆုံး ၁ပတ်စာကနေ တတ်နိုင်ရင် ၁လစာလောက် စုထားပါ။ ဘေးအန္တရာယ်တွေ ပြီးပြီးချင်းမှာ ဆေးတွေ ရှာဖို့လွယ်ဦးမှာ မဟုတ်သေးတဲ့အတွက် ပိုဝယ်ထားတာ မမှားပါဘူး။ဆီးချို၊ သွေးတိုးဆေးတွေ ကြိုဆောင်ထားသင့်သလို ကူးစက်ရောဂါအတွက် သောက်ရတဲ့သူတွေကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပိုဝယ်ထားသင့်ပါတယ်။ ဥပမာ တီဘီရောဂါရှိသူတွေဆို ဆေးသောက်တာ ရက်မပြည့်သေးရင် အပိုဆောင်သင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ HIV၊ ဘီပိုးစီပိုး ရှိသူတွေကျတော့ ဆေးကို အပိုဆောင်ထားရမှာပါ။နောက်တစ်ခုက တားဆေးပါ။ တားဆေးသောက်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကတ်ကို အမြဲပိုဝယ်ထားပါ။ အနည်းဆုံး တစ်လစာ ပိုဝယ်ထားသင့်ပါတယ်။ နောက်အရေးပေါ်တားဆေး၊ ကွန်ဒုံးစတာတွေလည်း ဆောင်ထားပါ။ အရေးပေါ်ကာလဖြစ်ပေမယ့် လိင်မှုကိစ္စက ပြောရခက်ပါတယ်။ သဘာဝဘေးကာလမှာ တားဆေးကတ် သောက်ဖို့ မေ့တာဖြစ်ဖြစ်၊ ၃လခံတားဆေး ထိုးဖို့ ရက်ကျော်တာဖြစ်ဖြစ် အတူနေမိပြီဆိုရင် ဖြေရှင်းလို့ရပါတယ်။အရေးပေါ်ဆောင်ထားသင့်တဲ့ဆေး။အရေးပေါ်ဆောင်ထားသင့်တဲ့ ဆေးတွေ၊ ပစ္စည်းကိရိယာတွေကတော့။ဒါ့ပြင်။ကလေးမိဘတွေကတော့ ကလေးသုံးနေကြဆေးရှိရင် ထည့်ထားပါ။ နောက်ပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စတာတွေကိုပါ ထည့်ထားဖို့ လိုပါတယ်။တခြားပစ္စည်း ကိရိယာများ။တခြားပစ္စည်းတွေကတော့ ဆီးချိုသမားတွေအတွက်အင်ဆူလင်၊ ဆီးချိုဖောက်စက်နဲ့ stripပြား၊ ပန်းနာရင်ကျပ်သမားတွေအတွက် ရှူဆေး၊ နားအကြားအာရုံချို့တဲ့သူအတွက် နားကျပ်၊ မျက်မှန်သမားတွေအတွက် မျက်မှန်၊ မျက်ကပ်မှန် စတာတွေ တတ်နိုင်ရင် အပိုဆောင်ထားပါ။ အပိုမရှိရင် မြင်လွယ်တဲ့နေရာမှာ ထားပါ။ တစ်ခုခုဆို တန်းပြီး အိတ်ထဲထည့်လို့ရအောင်ပါ။ဆီးချိုစက်တွေ၊ နားကျပ်တွေ ပါလာပြီဆိုရင် သူတို့နဲ့ သုံးဖို့ ဓာတ်ခဲပါ အပိုဆောင်ထားရမှာပါ။ခုဆို ပစ္စည်းတွေ အများကြီး ထွက်လာတာကို တွေ့မှာပါ။ ကပ်ဘေးကာလမှာ တခြားပစ္စည်းတွေလည်း သယ်ရဦးမှာဆိုတော့ တတ်နိုင်သမျှ သေးသေးကျစ်ကျစ် ထုတ်နိုင်ရင် အကောင်းဆုံးပါပဲ။ အရင်ဆုံး ပစ္စည်းစာရင်းရေးချပြီး ဝယ်စုထားပါ။ စွဲသောက်နေကြဆေး ၂ပတ် ဒါမှမဟုတ် ၁လစာ၊ အရေးပေါ်ဆေး တစ်ကတ်စီဆို ရပါပြီ။ပစ္စည်းအနေအထားပေါ်ကြည့်ပြီး အိတ်ပြင်ပါ။ ရေလုံအိတ်၊ ခိုင်ခံ့တဲ့ အိတ်မျိုးဖြစ်ရပါမယ်။ ပစ္စည်းတွေကို အစီအစဉ်တကျထည့်ပါ။ တစ်အိတ်တည်း ဆန့်အောင်ထည့်ပါ။ဆေးအညွှန်းတွေကို သေချာရေးပါ။ ဆေးတစ်မျိုးစီရဲ့ ဆေးပမာဏ၊ သောက်ရမယ့် အကြိမ်ကို စာရွက်မှာ သေချာရေးပြီး စာရွက်ကိုပါ အိတ်ထဲ တစ်ခါတည်း ထည့်ထားပါ။ဆေးတွေက ပုံမှန်အားဖြင့်တော့ လေလုံပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားရင် ရပါပြီ။ ပူလွန်း အေးလွန်းတာ၊ နေရောင်ခြည် တိုက်ရိုက်ကျရောက်တာမျိုး မဖြစ်ရပါဘူး။ ဥပမာ အင်ဆူလင်ဆို မဖောက်ခင် အသစ်ဆို ၂-၈ ဒီဂရီစင်တီဂရိတ်မှာ သိမ်းရပြီး ဖောက်ပြီးရင် ၃၀ ဒီဂရီပတ်ချာလည်လောက်မှာ ၁လ သိမ်းနိုင်ပါတယ်။ဒါကြောင့် ဆီးချိုရှိပြီး အင်ဆူလင် ထိုးနေရတဲ့သူတွေ ဆေးပုလင်းအပို အသစ်တွေကို ရေခဲသေတ္တာထဲမှာ မှတ်မှတ်ရရ သိမ်းထားပါ။ ရေခဲဆောင်ထားပါ။ ပြေးရပြီဆိုရင် အင်ဆူလင်ကို ရေခဲအိတ်ထဲထည့်ပြီး သယ်သွားပါ။ဆေးတွေရဲ့ ရက်လွန်ကုန်ဆုံးရက်ကို စစ်ပါ။ ဝယ်တဲ့အချိန်မှာ အနည်းဆုံး ၆လကျန်ရပါမယ်။ ဒိတ်နီးနေတဲ့ ဆေးတွေကို မဝယ်ပါနဲ့။အရေးပေါ်ဆေးအိတ်ဆိုတာ ပြင်ထားသင့်ပါတယ်။ ဖြစ်လာမှ ပြင်ရင် လိုတဲ့ဆေးတွေ မပါ၊ စျေးတွေတက်၊ ဝယ်ရခက်လို့ ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/medication-diaster-plan/
ပန်းနာရင်ကြပ် အမျိုးအစားများ
ပန်းနာရင်ကြပ်လို့ ဆိုလိုက်ရင် သူ့မှာ အမျိုးအစားတွေ အများကြီး ရှိနေတဲ့အတွက် ကိုယ်က ဘယ်အမျိုးအစားလဲဆိုတာ သိထားတာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကုသမှုမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဆောင်ရန် ရှောင်ရန်တွေကို သေချာသိထားတာကြောင့် ထပ်ခါထပ်ခါ ရောဂါဖောက်မလာအောင်လည်း ကာကွယ်နိုင်မှာပါ။အမျိုးအစားတွေ အရင်မပြောခင် ရောဂါအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။ ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီးလေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့လေပြွန်ကျဉ်းတာကြောင့်အသက်ရှူရင် တရွှီရွှီမြည်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။အမြစ်ပြတ်အောင် ကုလို့မရတဲ့အတွက် မတည့်တာတွေကို ရှောင်တာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် မိဘမျိုးရိုးရှိတဲ့သူတွေ၊ အသက်ငယ်ငယ်တုန်းက အသက်ရှူလမ်းကြောင်း ပိုးဝင်ဖူးသူတွေ၊ မျိုးရိုးလိုက် ဓာတ်မတည့်ရောဂါ ရှိသူတွေ၊ဆေးလိပ်ငွေ့တို့၊ မသန့်တဲ့ လေထုတို့ ရှူရတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်တဲ့။ ကလေးပန်းနာရင်ကြပ်လို့ ခေါ်တဲ့အတိုင်း တော်တော်များများက ကြီးကောင်ဝင်လာတဲ့အခါ လုံးဝပျောက်သွားတတ်ကြပါတယ်။ ပျောက်သွားပြီးမှ ပြန်ဖြစ်ရင်တော့ ကလေးဘဝတုန်းကထက် ပိုဆိုးတတ်ပါတယ်တဲ့။ကလေးဘဝတုန်းတည်းက ပန်းနာရင်ကြပ်ရှိနေပေမယ့် ဘာလက္ခဏာမှ မပြဘဲ ကြီးကောင်ဝင်မှ လက္ခဏာပြတာမျိုးပါ။ တချို့တွေကျတော့လည်း ကိုယ်နဲ့ ဓာတ်မတည့်တာကို ငယ်တုန်းမှာ ရှောင်နိုင်လို့ လက္ခဏာ မပြဘဲ  ကြီးလာမှဓာတ်မတည့်တဲ့ အရာနဲ့ ထိတွေ့ပြီး လက္ခဏာပြတာမျိုးပါ။ ဥပမာ အသက်ကြီးမှ ဖုန်တွေ၊ အမှုန်တွေ ကြားမှာ အလုပ်လုပ်ရလို့ ပန်းနာရင်ကြပ်လက္ခဏာ ပြလာတာမျိုးပေါ့။အများစုကတော့ လုပ်ငန်းခွင်မှာ ဓာတ်မတည့်တာတွေနဲ့ ထိတွေ့မိလို့၊ ကြီးကောင်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ရှိလို့၊ ဆေးလိပ်သောက်လို့၊ စိတ်ဖိစီးမှုတွေ များလို့ ပန်းနာရင်ကြပ် လက္ခဏာပြတတ်ပါတယ်။လူတစ်ယောက်ဆီမှာတော့ တစ်မျိုးစီ ဓာတ်မတည့်တာလေးတွေ ရှိတတ်ပါတယ်။ စားတာဖြစ်ချင် ဖြစ်မယ်။ ရှူတာဖြစ်ချင်ဖြစ်မယ်၊ ထိတွေ့မိတာ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာရှိတိုင်း ပန်းနာရင်ကြပ် မဖြစ်နိုင်သလို၊ ပန်းနာရင်ကြပ်တိုင်းမှာလည်း ဓာတ်မတည့်တာ ရှိမနေပါဘူး။ဥပမာ ပြောရရင် လူအများစုက မတည့်တာစားမိရင် ဝမ်းလျှောရုံလောက်ပါပဲ။ မတည့်တ ထိမိရင် အင်ပြင်ထွက်ရုံလောက်ပါပဲ။ ပန်းနာရင်ကြပ် မထပါဘူး။ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတဲ့သူကတော့ အထက်က လက္ခဏာတွေ အပြင် ပန်းနာရင်ကြပ်ပါ ဖောက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတယ်ဆိုရင် ဘာနဲ့ မတည့်လဲဆိုတာ သိဖို့လိုပါတယ်။ သိလို့ ရှောင်လိုက်ရင် ပန်းနာရင်ကြပ်မကြွအောင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။သူတို့ကျတော့ ခုနကနဲ့ ပြောင်းပြန်ပါ။ ဓာတ်မတည့်တာ မရှိပေမယ့် ကြပ်နေတတ်ပါတယ်။ အများအားဖြင့် အေးတဲ့ ရာသီဥတုတို့၊စိတ်ဖိစီးမှုတို့၊ အအေးမိတာတို့ ဖြစ်ရင် ပိုကြပ်ပါတယ်။ ဒီအမျိုးအစားက အဖြစ်နည်းပေမယ့် နည်းနည်းတော့ ပြင်းထန်တတ်ပါတယ်။ဒါကတော့ ကိုယ့်လုပ်ငန်းခွင်က ပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်တာကြောင့်ပါ။ ဓာတ်မတည့် ပန်းနာရင်ကြပ် အမျိုးအစား တစ်ခုပါပဲ။ သိသာတဲ့အချက်ကတော့ ကြီးကောင်ဝင်လာမှ ပန်းနာရင်ကြပ်စဖြစ်တယ်။ အလုပ်သွားတဲ့နေ့ဆို ပန်းနာရင်ကြပ်ထတတ်ပြီး အလုပ်ပိတ်ရက်ဆို သက်သာနေတာပါပဲ။ အထူးသဖြင့်တော့ လုပ်ငန်းခွင်မှာရှိတဲ့  အမှုန်တွေ၊ ဖုန်တွေ၊ အငွေ့တွေ ရှူမိရင် ပန်းနာရင်ကြပ်ထပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှူတွေ မြန်လာတာကြောင့် လေပြွန်ကနေ ရှိသင့်ရှိထိုက်တဲ့ အပူတွေ၊ ရေငွေ့တွေ ဆုံးရှုံးသွားတဲ့အတွက် ကြပ်လာပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး သိပ်မကြာဘူး လက္ခဏာတွေ ပေါ်လာပါတယ်။ ရပ်ပြီး ၁၀မိနစ် ၁၅မိနစ် နေမှပဲ လက္ခဏာတွေ သက်သာသွားပါတယ်။ပန်းနာရင်ကြပ်ရှိသူရဲ့ ၉၀ရာခိုင်နှုန်းလောက်က လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီပြဿနာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်လို့ ကြပ်တိုင်း ပန်းနာရင်ကြပ်လို့ ပြောလို့မရပါဘူး။ တချို့သက်လုံမကောင်းတဲ့သူတွေကလည်း ဒီလိုမျိုး ကြပ်တတ်ပါတယ်။နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ဒီလို လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်သမားတွေမှာ ကမ္ဘာကျော် အိုလံပစ် ဆုတံဆိပ်ရှင်တွေလည်း ပါဝင်နေတာပါပဲ။ သူတို့တောင် ရောဂါကို ထိန်းပြီး ဆုတံဆိပ်တွေ ရယူနိုင်ရင် သင်လည်း လေ့ကျင့်ခန်းလုပ်နိုင်မှာပါ။အက်စပရင်ကြောင့် ဖြစ်တဲ့ပန်းနာရင်ကြပ် Aspirin-exacerbated respiratory disease (AERD)လို့ ပြောဖို့ဆိုရင် ၃ချက်လိုပါတယ်။-ပန်းနာရင်ကြပ်ရှိရမယ်။–နှာခေါင်းအသားပိုရှိရမယ်။ ( ဒီအသားပိုကလည်း ခွဲပြီး ဖယ်ထားတာတောင် ပြန်ပြန်ဖြစ်တဲ့ အသားပို ဖြစ်ရမယ်)။-အက်စပရင်နဲ့ တခြား အကိုက်အခဲတွေ သောက်တိုင်းမှာပန်းနာရင်ကြပ်ထရမယ်။ဒီ၃ချက်နဲ့ ကိုက်ညီမှ ရောဂါလို့ သတ်မှတ်ပါတယ်။ ဒီပန်းနာရင်ကြပ်အမျိုးအစားက ရှားပါတယ်။ ဆေးကြောင့် ဖြစ်တာမဟုတ်ဘဲ နဂိုရှိပြီးသား ရောဂါက ဆေးသောက်လိုက်တဲ့အခါ ပိုဆိုးလာတာမျိုးပါ။ပန်းနာရင်ကြပ်အမျိုးအစားတွေ သိထားမယ်ဆိုရင် ကုသမှုမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ ဘယ်အမျိုးအစားကိုပဲ ဖြဟ်ဖြစ် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/types-of-asthma/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af/
မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ
မိန်းကလေးများကြားတွင် အချင်းချင်းအနိုင်ကျင့်ခြင်းများသည် နေ့တိုင်းကြားနေရပါသည်။ သို့သော် ယခုခေတ်တွင် ပိုဆိုးလာပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းရင်းများစွာရှိပါသည်။ သို့သော် သင်သည် သင့်ကလေးကို သူသည် အနိုင်ကျင့်ခံရသလား၊ အခြားကလေးများကို အမြဲအနိုင်ကျင့်နေသလား သေချာစွာမေးဖူးပါသလား။ ယခုဆောင်းပါးတွင် မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ၊ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲအကြောင်းများကို ဖော်ပြသွားမည်ဖြစ်ပါသည်။အချင်းချင်းအနိုင်ကျင့်သော မိန်းကလေးများသည် မနာလိုစိတ်များခြင်း၊ စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ စာနာစိတ်မရှိခြင်း နှင့် အသာစီးရလိုခြင်း စသည့် အကျင့်စရိုက်များရှိတတ်ကြပါသည်။ မကြာသေးမီက လေ့လာချက်များအရ မိန်းကလေးများသည် သူတို့၏ဖြစ်တည်မှု၊ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုများနှင့် အဓိပ္ပာယ်ရှိသည်ဟုထင်ထားသော အရာများနှင့် သွေဖည်သွားသောအခါ သူတို့သည် အခြားသူများကို အနိုင်ကျင့်ကြသည်ဟု ဆိုပါသည်။ ဥပမာ- အနိုင်ကျင့်သော မိန်းကလေးများသည် သူတို့ငယ်ဘဝတွင် အမြဲအနိုင်ရခြင်း သို့မဟုတ် မိသားစုဝင်များက အနိုင်ကျင့်ခြင်းကို ခံရခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့မဟုတ် အခြားသော မိန်းကလေးများက ဝိုင်းပြီး အနိုင်ကျင့်သည်ကို ခံရခြင်းတို့ကြောင့် သူတို့သည် အနိုင်ကျင့် တတ်လာကြခြင်းဖြစ်ပါသည်။အနိုင်ကျင့်တတ်သော မိန်းကလေးများကို ရပ်တန့်စေမည့် နည်းလမ်းအချို့ရှိပါသည်။သင့်ကလေးသည် အနိုင်ကျင့် ခံနေရသူဖြစ်ပါလျှင် သင့်ကလေးကို စကားပြောပါ။ ထိုပြသနာကို တိုက်ရိုကိဖြေရှင်းရန်းခက်ခဲပါသည်။ မိဘများအနေဖြင့် ကလေးပြောပြသည်များကို နားထောင်ပေးခြင်း၊ ကြုံတွေ့နေရသော ပြသနာများကို အဖြေရှာပေးခြင်း ဖြင့်သင့်ကလေး၏ မိမိကိုယ်ကိုယုံကြည်မှုတိုးလာအောင် ကူညီပေးပါ။ ထို့ပြင် ကလေး၏ အတန်းပိုင်ဆရာမနှင့်တွေ့ပြီး ကလေးကို ဖေးမစောင့်ရှောက်ပေးရန်၊ ကျောင်းစာအပြင် တက်ကြွလှုပ်ရှား အားကစားများတွင် ပါဝင်ရန် တိုက်တွန်းပါ။ အောက်ပါတို့သည် သင့်ကလေးကို အားတက်အောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်း ၄ ခုဖြစ်ပါသည်။· သင့်ကလေးကို သိမ်ငယ်စိတ်မဝင်အောင် ပြောပြပါ။သင့်ကလေးသည် အနိုင်ကျင့်ခံရသောအခါ အရင်လိုတုန့်ပြန်မှုများကို မပြုလုပ်အောင် သင်ပေးပါ။· အနိုင်ကျင့်ခြင်းများ၊ အနိုင်ကျင့်ခံရခြင်းများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူများကို စာရင်းလုပ်ထားပြီး သင့်ကလေးကို ပြောပြပါ။အနိုင်ကျင့်ခံရလျှင် မတုန့်ပြန်ဘဲ လျစ်လျူရှုခြင်း၊ ဆရာမအားတိုင်ပြောခြင်း၊ သူငယ်ချင်းများနှင့် အုပ်စုဖွဲ့နေခြင်း၊ အနိုင်ကျင့်သူများက ခြိမ်းခြောက်လာလျှင် ဖြတ်လတ်စွာ ခွန်းတုန့်ပြန်ခြင်း စသည်တို့ပြုလုပ်ရန် သင်ပေးထားပါ။· သင့်ကလေးကို သူနှင့် စိတ်တူကိုယ်တူသူငယ်ချင်းများနှင့် အပေါင်းအသင်း လုပ်စေပါ။· သင့်ကလေးကို အနိုင်ကျင့်လာသူများ၊ အကြောင်းအရာများကို စာအုပ်ထဲတွင် ရေးမှတ်ထားစေပါ။ထိုနောက် မိဘများက မှန်မှန်ကြည့်ခြင်းဖြင့် သင့်ကလေးအတွက် လိုအပ်လျှင် ချက်ချင်းကြားနေဖြေရှင်းပေးနိုင်မြည်ဖစ်ပါသည်။ထိုအခါသင်သည် သင့်ကလေးနှင့် အချိန်ယူပြီး စကားပြောရန်လိုအပ်ပါသည်။ သင့်ကလေးသည် သူ့ကိုယ်သူ အခြားသူများကို အနိုင်ကျင့်နေပါလားဟု သိချင်မှ သိပါလိမ့်မည်။ အောက်ပါတို့သည် သင့်ကလေး၏ ဗိုလ်ကျမှုများကို ဖြေရှင်းနိုင်သော နည်းလမ်းမျာဖြစ်ပါသည်။· သူသည် အခြားသူများကို ဗိုလ်ကျခြင်းများဖြစ်လာသော် မပြုလုပ်ရန် သင်ပေးပါ။ကလေးသည် ကောင်းစွာ မသိမနားလည်သောကြောင့် အချို့သော အမူအရာများကို ပြုလုပ်ခြင်း၊ အနိုင်ကျင့်သလိုဖြစ်သွားခြင်း ဖြစ်နိုင်ပါသည်။· ဒေါသစိတ်ဖြင့် သူငယ်ချင်းဖွဲ့ခြင်းသည် မကောင်းကြောင်းရှင်းပြပါ။· ထိုသို့ ထိန်းကျောင်းပေးနေသော်လည်း အနိုင်ကျင့်မြဲဖြစ်နေလျှင် စိတ်ရောဂါ အထူးကုနှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ပါသည်။မိန်းကလေးများတွင်ဖြစ်တတ်သည့် အနိုင်ကျင့်ခြင်း၊ အနိုင်ကျင့်ခံရခြင်း ပြသနာများသည် မိဘများအဖို့ သိရှိနားလည်ရန်၊ ဖြေရှင်းရန်ခက်ပါသည်။ သို့သော် သင့်ကလေးကို အချိန်ပေးခြင်း၊ သူ့ခံစားချက်များကို နားထောင်ပေးခြင်း၊ ပြသနာများကို ကုညီဖြေရှင်းပေးခြင်း၊ သူတို့ကို အားပေးခြင်းဖြင့် သင့်အနေနှင့် ကူညီနိုင်ပါသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]။နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –။မူးဝေခြင်း။အော့အန်ခြင်း။ဝမ်းဗိုက်နာကျင်ခြင်း။အရည်ဝမ်းသွားခြင်း။ကိုယ်လက်မအီမသာ ဖြစ်ခြင်း။တငွေ့ငွေ့ဖျားခြင်း။ကြွက်သားများ နာကျင်ခြင်း။ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “။တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။စွပ်ပြုတ်။ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..။ငှက်ပျောသီး။ဒိန်ချဉ်။အသီးအရွက်ပြုတ်။နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –။အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/norovirus-infection-%e1%82%8f%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%80%85%e1%80%b9%e1%80%80%e1%80%b0%e1%80%b8/
ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်
ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ဘေးအန္တရာယ်ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။ဘေးအန္တရာယ်ဆိုတဲ့နေရာမှာတောင် ကြိုသိနိုင်တဲ့ ဘေးအန္တရာယ် ရှိသလို ကြိုမသိနိုင်တဲ့ ဘေးအန္တရာယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ –မုန်တိုင်းသတင်းဆိုရင် ကြိုတင် သိရှိနိုင်တယ်လေ။ငလျင်လိုမျိုး ဘေးအန္တရာယ်မျိုးကတော့ ကြိုတင် သိရှိဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေမျိုးအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမှာပါ။အခုတစ်ခေါက်တော့ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်အကောင်းဆုံး အနေအထား တစ်ရပ်ဖြစ်စေဖို့အရေး​ပေါ်အခြေအနေမှာ မပါမဖြစ် လိုအပ်မယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။ ဘယ်လို ပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။မျှော်လင့်မထားတဲ့သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ အကောင်းဆုံးဖြစ်စေဖို့ ဒါလေးတွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။ဒါတွေအားလုံးကို အိတ်တစ်လုံးထဲမှာ စုထည့်ထားပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပါ။ မိသားစုဝင်တွေကိုလည်း သေချာပြထားပြီး အရေးပေါ် အခြေအနေ တစ်ရပ်ရပ် ကြုံတဲ့အခါ အိတ်ကို ယူသွားဖို့ သတိပေးထားပါ။ရောဂါ အခံရှိသူတွေဆိုရင်တော့ နေ့စဉ် သောက်သုံးရမယ့် ဆေးဝါးတွေကိုလည်း အထုပ်တစ်ထုပ်နဲ့ ထည့်ထားဖို့ လိုပါမယ်။ ဘေဘီလေး ရှိမယ်ဆိုရင်လည်း ဘေဘီလေးအတွက် မဖြစ်မနေ လိုအပ်မယ့် အသုံးအဆောင်လေးတွေကို ထည့်ထားဖို့ မမေ့ပါနဲ့။နေအိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားမယ်ဆိုရင်တော့ သူတို့အတွက် ဘေးကင်းစေမယ့် အခြေအနေကို ကြိုတင် စဉ်းစားထားပါ။ ခေါ်သွားလို့ မရနိုင်မယ့် အနေအထားမျိုးဆိုရင် ဘေးလွတ်ရာကို သွားနိုင်စေဖို့အတွက် လွှတ်ပေးထားခဲ့ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-prepare-emergency-bag-for-disaster/
Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း)
Coxsackie ဗိုင်းရပ်စ်ဆိုသည်မှာလူရဲ့အစာလမ်းကြောင်းတွင်နေထိုင်သောဗိုင်းရပ်စ်အုပ်စုဝင်ဖြစ်ပါတယ်။(ပိုလီယိုနှင့် အသည်းရောင်အသားဝါဗိုင်းရပ်စ်လည်းပါဝင်ပါတယ်)။ထိုဗိုင်းရပ်စ်များဟာ လူတစ်ယောက်မှတစ်ယောက်သို့ မသန့်ရှင်းသော လက်များ..အညစ်အကြေးများထိတွေ့ခြင်းမှတစ်ဆင့်ကူးနိုင်ပြီး ထိုအကောင်များဟာ အညစ်အကြေး မစင်များထဲတွင်ရက်များကြာမြင့်စွာနေထိုင်နိုင်ပါတယ်။အများစုတွင်တော့ ဗိုင်းရပ်စ်ဟာ တုတ်ကွေးအပျော့စားကဲ့သို့ပင်ဖြစ်ပြီး ကုသစရာမလိုပဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ အချို့တွင်တော့ပြင်းထန်တဲ့ကူးစက်မှုများအထိဖြစ်တတ်ပါတယ်။ဗိုင်းရပ်စ်ကူးစက်ခြင်းဟာကလေးငယ်များတွင်အဖြစ်များပြီး နွေရာသီတွင်အဖြစ်များလေ့ရှိပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Coxsackie ဗိုင်းရပ်စ်ကူးစက်ခြင်းရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ဖျားခြင်း၊ အနီကွက်များထခြင်း၊လည်ချောင်းနာခြင်း ၊ အဆစ်အမြစ်များနာခြင်း ၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာအပျော့စားတွေပဲ ဖြစ်လေ့ရှိပါတယ်။အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသ သင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွင်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့ ပြသခြင်းဟာ အကောင်းဆုံးပါ။Coxsackie ဗိုင်းရပ်စ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ ဗိုင်းရပ်စ်အုပ်စုဝင်တွေပဲ ဖြစ်ပါတယ်။ Coxsackie ဗိုင်းရပ်စ်ကို A နှင့် B ဟူ၍နှစ်မျိုးခွဲထားပြီးတစ်ခုချင်းစီကိုလည်း အုပ်စုခွဲလေးတွေထပ်ခွဲထားပါသေးတယ်။ ဗိုင်းရပ်စ်ကိုအစာအိမ်ထဲမှာရှိတဲ့ အက်စစ်က မချေဖျက်နိုင်တာကြောင့် ဗိုင်းရပ်စ်ဟာ အချိန်အကြာကြီးအသက်ရှင်နိုင်ပါတယ်။အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကဲ့သို့ပင် ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ထဲသို့ဝင်ပြီးသည်နှင့် ရောဂါလက္ခဏာပြဖို့ တစ်ရက်မှနှစ်ရက်အထိကြာတတ်ပါတယ်။ဖျားနာစ ပထမအပါတ်မှာ လူများဟာ ကူးစက်အလွယ်ဆုံးဖြစ်ပြီးရောဂါလက္ခဏာများသက်သာသွားသည့်တိုင်အောင်ဗိုင်းရပ်စ်ဟာရှိနေနိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကလေးများနဲ့ ကိုယ်ခံအားနည်းသောသူများမှာအချိန်ကြာကြာပိုပြီးရှိနေနိုင်ပါတယ်။ဗိုင်းရပ်စ်ဟာလူတစ်ယောက်နှင့်တစ်ယောက်ကူးစက်ပြီး ကူးစပ်ခံရသူရဲ့ ကိုယ်တွင်းအရည်များနဲ့ ခန္ဓါကိုယ်မှထွက်သော အရည်များတွင်ဗိုင်းရပ်စ်ဟာရှိနေတတ်ပါတယ်။ ထိုရောဂါပိုးရှိသူရဲ့ အသက်ရှူလမ်းကြောင်းမှထွက်သည့် စွန့်ပစ်အရည်များကိုထိမိခြင်းဖြင့် ရောဂါပိုးကူးစက်ပါတယ်။ အကယ်၍ ရောဂါပိုးရှိသူဟာ နှာစေးနေပြီး ထိုအညစ်အကြေးများကို မျက်နှာပြ်ုတစ်ခုသို့သုတ်မိရာမှထိုမျက်နှာပြင်ဟာရောဂါလက်ခံရာနေရာဖြစ်သွားပါတယ်။ အခြားတစ်ယောက်ဟာထိုမျက်နှာပြင်ကိုထိတွေ့ပြီးသူ့ရဲ့ပါးစပ် သို့ နှာခေါင်းကိုထိတွေ့မိတဲ့အခါရောဂါပိုးဟာ ကူးစက်ပါတော့တယ်။မျက်လုံးကူးစက်ခံထားရသူများ( မျက်လုံးအမြှေးပါးရောင်နေသူများ) ဟာလည်း သူတို့ရဲ့မျက်လုံးကိုထိတွေ့ပြီး အခြညးလူများ သို့ မျက်နှာပြင်များကိုထိတွေ့ခြင်းဖြင့် ရောဂါပိုးဟာ ပျံ့နှံ့ပါတယ်။ မျက်လုံးအမြှေးပါးရောင်ရမ်းခြင်းဟာ လျင်လျင်မြန်မြန်ပျံ့နှံ့နိုင်ပြီး ဗိုင်းရပ်စ်နှင့်ထိတွေ့ပြီးတစ်ရက်အကြာမှာပင်ရေုဂါလက္ခဏာများပြနိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ မစင်ထဲသို့ကျလာပြီး ကလေးငယ်များအတွင်းအဓိကရောဂါကူးစက်ရာ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ အကယ်၍လက်ဟာ အညစ်အကြေးတွေနဲ့ကိုင်မိပြီး မဆေးကြောပဲ မျက်နှာကို ထိတွေ့မိလျှင်ရောဂါပိုးဟာ ကူးစက်ပါတယ်။ ဒီလိုကူးစက်ခြင်းဟာ ကလေးအညစ်အကြေးခံပစ္စည်းများနဲ့ထိတွေ့နေရတဲ့နေ့ပိုင်းစောင့်ရှောက်ရေးစင်တာများနှင့် သူနာပြုများအတွက်အထူးအရေးကြီးပါတယ်။ ဝမ်းလျှောခြင်းဟာ ဗိုင်းရပ်စ်ကူးစက်ခ့်ရခြင်းရဲ့အဖြစ်အများဆုံးလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ဗိုင်းရပ်နှင့် ဘတ်တီးရီးယးကူးစက်မှုများသော နေရာများတွင်နေထိုင်ခြင်းဟာလည်း ရောဂါကူးစက်ခံရနိုင်ချေပိုများစေပါတယ်။ နေ့ပိုင်းစောင့်ရှောက်မှုစင်တာများရှိကလေးများ ၊ မူကြိုတက်နေသောကလေးများနှင့်ဂရမ်မာတက်နေသော ကလေးများဟာ သူတို့ကြားမှာရောဂါပိုးဟာ ကူးစက်ပျံ့ပွားနိုင်ပါတယ်။ မွေးကင်းစကလေးများဟာလည်း ကိုယ်ခံအားမကောင်းတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုလျှင်ဘနောက်ဆက်တွဲရောဂါများ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်ပါတယ်။ အသက်ကြီး၍ကိုယ်ခံအားနည်းနေသူများ ( ဥပမာ – cancer ကုသမှုခံယူနေသူများ) ဟာဆိုရင်လည်း ဗိုင်းရပ်စပ်ကူးစက်ခံရလျှင်နောက်ဆက်တွဲေရောဂါများဆိုးဆိုးဝါးဝါးဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အအေးမိပြီး အနီကွက်များသာဖြစ်ပေါ်သောလူများတွင်တော့ စမ်းသပ်စစ်ဆေးရန်မလိုအပ်ပါဘူး။ မျက်လုံးအမြှေးပါးရောင်တဲ့လူတွေမှာဆရာဝန်ဟာ မျက်လုံးကိုစစ်ဆေးသည့်မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးပြီး ရောဂါကိုအတည်ပြုပါလိမ့်မယ်။ လည်ချောင်းနာခြင်းပါရှိနေလျှင်တော့ ဆရာဝန်ဟာ တံတွေးနံမူနာယူ၍စစ်ဆေးပါလိမ့်မယ်။ဦးနှောက်အမြှေးပါးရောင်သည့်သူများတွင်ဆရာဝန်ဟာ အာရုံကြောမကြီးအရည်နမူနာကိုယူ၍စစ်ဆေးပါလိမ့်မယ်။ဦးနှောက်အမြှေးပါးရောင်သည့်လူတော်တော်များများတွင်အာရုံကြောမကြီးအရည်ထဲတွင်ဆဲလ်အဖြူများများနေတတ်ပြီး သကြာပမာဏကတော့ပုံမှန်ပင်ဖြစ်ပြီးပရိုတိန်းပမာဏကတော့ ပုံမှန်ကနေ အနည်းငယ်များနေနိုင်ပါတယ်။ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ဦးနှောက်အမြှေးရောင်ခြင်းဆိုလျှင်တော့ ထိုသို့အာရုံကြောအရည်ထဲရှိပြောင်းလဲမှုများဟာ ပိုပြီးများနေတတ်ပါတယ်။ဦးနှောက်အာရုံကြောမကြီးရှိအရည်ကိုယူပြီးပိုးပေါက်မပေါက်စမ်းသပ်လို့လည်းရပါတယ်။ သို့သော်လည်းထိုသို့စမ်းသပ်ခြင်းဟာဈေးကြီးပြီးခက်ခဲသည့်အတွက်ဆေးရုံတော်တော်များများတွင်မလုပ်ကြပါဘူး။ ယခုလက်ရှိတွင်တော့ PCR ဟုခေါ်သည့်စစ်ဆေးမှုဖြင့် ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇကိုပါသိရှိနိုင်ပါတယ်။ PCRဟာ ကူးစက်မှုတွေရဲ့ ၆၆ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိခန့်မှန်းပေးနိုင်ပါတယ်။ နှလုံးအမြှေးပါးရောင်ခြင်းဟာလည်းပြင်းထန်သောနောက်ဆက်တွဲရောဂါတစ်ခုဖြစ်ပြီး ECG နှင့် နှလုံးကိုအယ်ထရာဆောင်းရိုက်ခြင်းနို့ဖြင့်အဖြေရှာရန်လိုအပ်ပါတယ်။ECG ဟာနှလုံးကြီးလို့ဖြစ်လာတဲ့စည်းချက်မမှန်ခြင်းနဲ့ရောင်နေတဲ့နှလုံးပတ်လည်မှာရှိတဲ့ အရည်အိတ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ အယ်ထရာဆောင်းရိုက်ခြင်းဟာတော့နှလုံးဘယ်လောက်ကြီးနေကြောင်း၊ နှလုံးဘယ်လောက်ထိသွေးများများကောင်းကောင်းညှစ်နိုင်ကြောင်း ၊ နှလုံးပတ်လည်မှာအရည်မည်မျှရှိကြောင်း..စသည်တို့ကိုဖော်ပြပေးပါတယ်။ အခြားအင်္ဂါမျညးထိခိုက်ခြင်းရှိမရှိသိရအောင် သွေးစစ်ခြင်းလည်းပြုလုပ်ဖို့လိုအပ်ပါတယ်။Coxsackie ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ဆေးဝါးကုသမှုများမရှိပါဘူး။ ခန္ဓါကိုယ်ရဲကိုယ်ခံအားစနစ်ဟာ ဗိုင်းရပ်စ်ကိုသတ်နိုင်စွမ်းရှိပါတယ်။ ပြင်းထန်သောကူးစက်မှုများတွင်တော့ဆရာဝန်များဟာ အကျိုးရှိနိုင်တဲ့ကုသမှုများကိုရွေးချယ်ကုသကြပါတယ်။ သို့သော်လည်းထိုကုသမှုများဟာ တစ်ကယ်အလုပ်ဖြစ်မဖြစ်စမ်းသပ်ထားခြင်းမရှိပါဘူး။ဥပမာအချို့လေ့လာချက်တွေအရ လူရဲ့သွေးရည်ကြည်မှပြုလုပ်ထားတဲ့ antibody ပါဝင်သည့် IG ကိုသွေးကြောမှတစ်ဆင့်ထိုးခြင်းဟာ အကျိုးရှိတယ်လို့ဆိုထားကြပါတယ်။ နှလုံးအမြှေးပါးရောင်ခြင်းအတွက်ကုသခြင်းဟာ အထောက်အပံ့ပေးရုံသာဖြစ်ပါတယ်။ နှလုံးဟာသူ့ဘာသာအရမ်းမညှစ်နိုင်တော့တဲ့အခါ သွေးပေါင်တက်စေမည့်ဆေးများပေးခြင်း..စသည်တို့ဖြစ်ပါတယ်။ ပြင်းထန်သောကိစ္စများတွင်တော့ နှလုံးအစားထိုးရန်အထိလိုအပ်ပါတယ်။နာကျင်မှုနဲ့ အဖျားကျစေဖို့ paracetamol , ibuprofen နဲ့အလားတူဆေးများကိုသောက်သုံးနိုင်ပါတယ်။Aspirin ကိုတော့ ကလေးများနှင့် ဆယ်ကျော်သက်များတွင်အသည်းထိခိုက်နိုင်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။အလွယ်တစ်ကူရရှိနိုင်တဲ့ချောင်းဆိုးပျောက်ဆေး ၊နှာစေးပျောက်ဆေးများဟာလည်းရောဂါသက်သာမှုကို မလျင်မြနိစေသော်လည်း ရောဂါလက္ခဏာများကိုသင်သာစေပါတယ်။ မူးဝေခြင်းနှင့် ပါးစက်ခြောက်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။ ထိုဆေးများကိုတော့ FDA မှအသက် ၆ နှစ်အောက်ကလေးများကိုသောက်သုံးခွင့်ပေးမထားပါဘူး။ အလွယတစ်ကူရရှိနိုင်တဲ့ဆေးများဟာ အသက်ကြီးတဲ့ကလေးများတွင် အလုပ်လုပ်မလုပ်ကိုတော့စမ်းသပ်ထားခြင်းမရှိပါဘူး။.။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/coxsackie-virus-infection-%e1%80%b1%e1%80%80%e1%80%ac%e1%80%85%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%80%e1%80%ae%e1%80%b8-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%95/
တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ
လူ့ခန္ဓာကိုယ်ကြီးရဲ့ ၆၀% လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ လူတွေဟာ နေ့စဉ်နေ့တိုင်းရေဓာတ်လိုအပ်နေပါတယ်။ ရေစဉ်ရေလိုအပ်ချက်အတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ရေသောက်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ‘ တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ ’ ဆိုတာကိုတော့ လူတိုင်း မသိကြပါဘူး။ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးရင် ချွေးထွက်တာတွေ၊ ဆီးသွားတာတွေမှာ အရင်ဆုံးထိခိုက်ပါလိမ့်မယ်။ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကလည်း များပါတယ်။ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ဆဲလ်ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊သွေးတိုးရောဂါ၊အဝလွန်တာ၊လိပ်ခေါင်း၊ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်။ ဒါတွေက တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတာမျိုးပေါ့။ဒါကြောင့်ရေဓာတ်ကို ပြည့်ဝနေအောင်ဖြည့်ဆည်းဖို့လိုအပ်တာပါ။ ရေဓာတ်ဖြည့်ဆည်းဖို့ဆိုရင် အဓိက လုပ်ဆောင်ရမှာက ရေများများသောက်ဖို့ပါပဲ။ ဒါပေမယ့် ဘယ်လောက်များများသောက်သုံးရမှာပါလဲ?။အာဟာရဗေဒကျွမ်းကျင်သူတွေရဲ့ ထောက်ခံချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ တစ်နေ့မှာ အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် ၂ လီတာ ဒါမှမဟုတ် ဂါလံဝက် ပမာဏဖြစ်ပါတယ်။လေ့လာချက်တွေအရ သင့်အနေနဲ့ရေဆာနေသည်ဖြစ်စေမဆာသည်ဖြစ်စေ ဒီပမာဏထက်မလျော့တဲ့ ရေကို သောက်သုံးပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ရှားမှုတွေကြောင့် ရေဓာတ်လိုအပ်ချက်ဟာ သတ်မှတ်ထားတဲ့ ပမာဏထပ်ပိုပြီး လိုအပ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က ရေဓာတ် လုံလောက်စွာ မဖြည့်ဆည်းထားဘူးဆိုရင် ဟိုးအထက်မှာဖော်ပြခဲ့သလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်လာရမှာပါ။တစ်နေ့ကို ရေ၈ခွက်သောက်ရမယ်ဆိုတာက အခြေခံအချက်သာဖြစ်ပြီး လိုတိုးပိုလျှော့ သောက်ရပါတယ်။ ရေဘယ်လောက် သောက်ရမလဲဆိုတာက အသက်၊ အပူချိန်၊ လှုပ်ရှားမှု စတဲ့ စတဲ့ အခြေအနေတွေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ တချို့အချိန်တွေမှာ ၈ခွက်နဲ့ သောက်ဖို့ လိုတာမျိုးလည်း ရှိနိုင်ပါတယ်။တစ်နေ့ကို ရေ ၈ ခွက်သောက်ရမယ်ဆိုတာတော့ သိပေမယ့် မေ့နေကြတဲ့အတွက် မလိုအပ်ဘဲ ရေဓာတ်ခမ်းခြောက်တဲ့ ပြဿနာကို ခံစားနေကြရတာပါ။ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို အများကြီး အကျိုးရှိစေတဲ့ရေကို အောက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျသောက်သုံးနိုင်ပါတယ်။ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ကိုယ်မှာ အောက်ပါ လက္ခဏာတွေဖြစ်လာရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါကိုလည်း သတိထားစေလိုပါတယ်။ရေကို စနစ်တကျသောက်သုံးတဲ့အခါမှာ အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်သလို အောက်ပါအကျိုးကျေးဇူးတွေလည်း ရရှိဦးမှာပါ။ရေကိုစနစ်တကျ မှီဝဲသောက်သုံးပြီး နေ့စဉ်ရေဓာတ်ဖြည့်ဆည်းနိုင်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်ချက်ကို ကောင်းကောင်းဖြည့်ဆည်းနိုင်ပြီး ကျန်းမာအသက်ရှည်စေမှာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-much-water-should-you-drink-per-day/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/5-mistakes-when-going-meatless/
နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။
ဒီနေ့ ဘာဟင်းလဲ…. ကြက်သားအာလူး၊ နောက်နေ့ရောက်တော့လဲ ကြက်သားကြော်နဲ့ကြက်စွပ်ပြုတ်၊ နေ့တိုင်းနီးပါးကြက်သားပဲ စိတ်တောင်ညစ်လာပြီ ဆိုသူလေးတွေ ရှိနေပြီလား…………။ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။ အခုလိုကိုဗစ်ကာလမှာ ရောဂါကို ခုခံကာကွယ်ဖို့ကကိုယ်ခံအားကောင်းဖို့ဆိုတော့ အခုကာလမှာ ကြက်သားက စားပေးသင့်တဲ့ အာဟာရပါပဲ။ဘာကြောင့် ဒီလိုပြောနေရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကြက်သားက အသီးအရွက်တွေကနေ မရနိုင်တဲ့ ပရိုတင်းကို ပေးစွမ်းနိုင်တဲ့ အာဟာရတန်ဖိုးမြင့် အစားအစာတစ်ရပ်ပါ။ အဆီမပါတဲ့ ကြက်သားမှာပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ဆိုရင်အရေခွံမပါတဲ့ ကြက်သားကို စားပေးလို့ရပါတယ်။ကြက်သားမှာ ပရိုတင်း အပြင်ကယ်လ်ဆီယမ်၊ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီသတ္တုဓာတ်တွေက အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။  အဆစ်နာတာတွေကို သက်သာစေနိုင်တဲ့seleniumလည်း ပါဝင်နေပါသေးတယ်။ကြက်သားမှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ tryptophan နဲ့ဗီတာမင် B5တို့ပါဝင်နေပါတယ်။ ဒီ ဗီတာမင်တွေက စိတ်ရောကိုယပါ တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ကြက်သားစားတာကစိတ်ကျေနပ်မှု ရစေပြီးစိတ်ဖိစီးမှု​ ပြေလျော့စေသလို ပျော်ရွှင်မှုကိုပါ ခံစားရစေပါတယ်တဲ့။နေမြန်မြန်ကောင်းအောင် ကြက်စွပ်ပြုတ်သောက်ဆိုတာ ကြားဖူးနေကျ စကားတစ်ခုပါ။ ကြက်စွပ်ပြုတ်ကအအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ပုံမှန်အခြေအနေမှာလည်း ကြက်စွပ်ပြုတ်သောက်ပေးလို့ရပါတယ်။ ဒီလို သောက်သုံးပေးတာက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီးကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့် ကိုယ်ခံအားပြည့်ဝနေစေမှာပါ။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပြီးသား ဖြစ်တာပေါ့။ကြက်သားမှာ ရုတ်တရက် နှလုံးရပ်တာကို ကာကွယ်ပေးတဲ့ဗီတာမင် B6ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် B6 က ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တဲ့ homocysteine ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ ကြက်သားမှာ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ niacin ပါဝင်နေတာကြောင့် နှလုံးရောဂါ၊နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ပြည့်ဝဆီ ပါဝင်မှု နည်းပြီးomega-3 fatty acidsပါဝင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါ ကင်းစေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/reasons-why-chicken-is-healthy-to-eat/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-eat-mangoes/
ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့
ဗိုက်ပေါ်ကချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။ချက်ပိုးဝင်ကူးစက်တဲ့အခါ။ချက်ပိုးဝင်ကူးစက်တဲ့အခါ သက်သာစေဖို့ ဒီ အိမ်တွင်းကုထုံးလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။အုန်းဆီ။အသားအရေထိန်းသိမ်းမှုအတွက် အသုံးများတဲ့ အုန်းဆီကို ချက်ပိုးဝင်ကူးစက်တာအတွက် အသုံးပြုပေးလို့ ရပါတယ်။ အုန်းဆီကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ပိုးဝင်ကူးစက်မှုကို သက်သာစေသလို ချက်တစ်ဝိုက်ရောင်ရမ်းနေတာကိုပါ သက်သာစေမှာပါ။ဆားရည်။ဆားက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နောက်ထပ် ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ယားယံမှုကိုလည်း သက်သာစေနိုင်ပါတယ်။ရေနွေးနွေးထဲမှာ ဆားထည့်လို့ သေချာမွှေပါ။ ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး ချက်ကို လိမ်းပေးရုံပါ။ရေနွေးဝတ်။ရေနွေးဝတ် ကပ်တာက ကျန်းမာရေးပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ချက်ပိုးဝင်ကူးစက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းနေတာကိုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် ဇလုံ သန့်သန့်တစ်ခုထဲကို ရေနွေးထည့်လို့ တဘက်စ သန့်သန့်လေးကို စိမ်ပြီး ချက်ကို ကပ်ထားပေးရုံပါ။Tea tree Oil။Tea tree oil က အသားအရေ လှပမှုအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ Tea tree oil က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်။မှိုပိုးတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ချက်တဝိုက်နဲ့ ချက်ထဲကို လိမ်းပေးရုံနဲ့ ပိုးဝင်ကူးစက်တာကို သိသိသာသာ သက်သာစေမှာပါ။အရက်ပြန်။အရက်ပြန်က ပိုးမွှားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာကို ပိုးသတ်သန့်စင်ဖို့ အသုံးပြုကြတဲ့ အရက်ပြန်ကို ချက်ပိုးဝင်ကူးစက်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ဂွမ်းစသန့်သန့်မှာ အရက်ပြန် ဆွတ်ပြီး ချက်တဝိုက်ကို သန့်စင်ပေးရုံပါ။ဗီနီကာ။ဗီနီကာမှာ acetic acid ပါဝင်နေတာကြောင့် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပိုးဝင်ကူးစက်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီနီကာ နဲ့ ရေသန့်သန့်ကို ဆတူရောလို့ ဂွမ်းလေးနဲ့တို့ယူပြီး ချက်တစ်ဝိုက်ကို လိမ်းပေးရုံပါ။ချက်ပိုးဝင်ကူးစက်တာကို အပေါ်က နည်းတွေအတိုင်း လုပ်ပေမယ့် မသက်သာဘူး။ အခုလိုလက္ခဏာတွေပါ ပြမယ်ဆိုရင်တော့ဆရာဝန်နဲ့ အမြန်ဆုံး ပြစေချင်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-treat-a-belly-button-infection/
တုပ်ကွေးရာသီ ရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ ။
မိုးတွင်းတို့၊ ဆောင်းတွင်းတို့ဆိုတာ တုပ်ကွေးရာသီ တွေပါ။ ဗိုင်းရပ်စ်ပိုးတွေက အေးတာကို ပိုကြိုက်ကြတာကြောင့် ဒီလိုရာသီရောက်ပြီဆိုရင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ အအေးမိတာ၊ တုပ်ကွေးမိတာတွေ အဖြစ်များကြပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီ အတွက် ဘာတွေများ ကြိုတင်ပြင်ဆင်ထားကြမလဲ။ကိုယ်ချစ်တဲ့ သူတစ်ယောက် နေမကောင်းဖြစ်တာကို ဘယ်သူမှတော့ မမြင်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုဆီကို မခေါ်ဘဲနဲ့ အမြဲရောက်ရောက်လာတတ်တဲ့ အအေးမိ တုပ်ကွေးရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တုပ်ကွေးရာသီရောက်ပြီဆို ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ဈေးဝယ်ထွက်ဆိုလို့ အနွေးထည်ချည်းပဲ သွားဝယ်ခိုင်းတာ မဟုတ်ပါဘူး။ အေးတဲ့ရာသီဆို လူတွေက နွေးနွေးထွေးထွေးနေနိုင်ဖို့ အတွက် အနွေးထည်တွေ၊ စောင်တွေ၊ ခြေစွပ်တွေ ဝယ်ကြသလိုပဲ အအေးဒဏ်ကြောင့် တုပ်ကွေးမိခဲ့ရင် သုံးဖို့လိုတဲ့ ပစ္စည်းတွေ၊ ဆေးတွေကို ကြိုစုဖို့ပြောတာပါ။တစ်သျှူးစက္ကူတို့၊ဆပ်ပြာတို့၊ရေမလိုလက်သန့်ဆေးရည်တို့ကို ကြိုဝယ်ထားပါ။ တုပ်ကွေးပျံ့နှံ့နေပြီဆိုတာနဲ့ လေကနေတစ်ဆင့်ကူးစက်နိုင်တဲ့ တုပ်ကွေးကိုယ့်ဆီ မရောက်အောင် နှာခေါင်းစည်းလေးတွေက ကာကွယ်နိုင်တာကြောင့် သူတို့ကိုလည်းဝယ်ဆောင်ထားဖို့ မမေ့ပါနဲ့။တစ်လက်စတည်း တုပ်ကွေးဖြစ်တဲ့ ကိုယ့်ကလေးကျောင်းမသွားနိုင်ခဲ့လို့ ရှိရင် အိမ်မှာပျင်းမနေရအောင် ကလေးဆော့ဖို့ ပစ္စည်းလေးတွေပါ ဝယ်ထားပါ။ ဒါမှ ကလေးက တစ်ချိန်လုံးအိပ်ရာထဲ ခွေမနေတော့မှာလေ။ဆေးသေတ္တာထဲမှာ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးနဲ့ဗီတာမင် Cဆေးကဒ်၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေ ရှိနေပါစေ။ ဆေးတွေကို သက်တမ်းကုန်၊မကုန် စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ အရေးကြီးတာက ကလေးသောက်ရမယ့်ဆေးပမာဏနဲ့ လူကြီးသောက်ရမယ့်ဆေးပမာဏကို ခွဲခြားသိနေဖို့လိုပါတယ်။အချင်းချင်းဓာတ်ပြုတတ်တဲ့ ဆေးတွေကို သေတ္တာတစ်ဘူးထဲ အတူမထားပါနဲ့။ ရောသောက်မိမှာစိုးလို့ပါ။ သောက်ဆေးဘူးနဲ့ လိမ်းဆေးဘူးခွဲထားပါ။ ပြီးတော့ အပူတိုင်းသာမိုမီတာလေးပါဆောင်ထားဖို့ မမေ့နဲ့ဦးနော်။ ။တုပ်ကွေးရာသီဆိုတော့ အပြင်မှာ တုပ်ကွေးက ပျံ့နေပြီ။ ကိုယ့်ဆီတော့ မရောက်သေးဘူးဆိုရင် တုပ်ကွေးရောက်လာနိုင်မယ့် လမ်းတွေကို ပိတ်ပစ်တာ အကောင်းဆုံး ကာကွယ်တဲ့ နည်းပဲဖြစ်ပါတယ်။ အိမ်ထဲမှာပဲ တစ်ချိန်လုံးနေလို့မရ ကျောင်းသွား၊ အလုပ်သွားရတာဆိုတော့ ပြန်လာရင်အပြင်ကပိုးတွေ အိမ်ထဲကို ပါလာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်အိမ်သားတွေကို ဘယ်နေရာကိုပဲရောက်ရောက် အစားမစားခင်၊ နဲ့ အိမ်သာတက်ပြီး လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့ သတိပေးပါ။ တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ကြာအောင် ဆေးဖို့ပါ တစ်ခါတည်းထည့်ပြောလိုက်ပါ။လူအများသုံးနေကျ နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးဘေစင်လို နေရာမျိုးတွေကို သေချာပိုးသတ်ဆေးကြောပါ။ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါတွေကိုလည်း လျှော်ဖွပ်ပြီးတာနဲ့ နေသေချာလှန်းပါ။အိမ်ပြတင်းပေါက်တွေကို လေဝင်လေထွက်ကောင်းအောင်ဖွင့်ထားပါ။ ဘယ်ကိုပဲသွားသွား ကိုယ်နဲ့မကွာယူသွားရတဲ့ ဖုန်းလေးကိုလည်း အရက်ပြန်နဲ့ မကြာမကြာ သုတ်ပေးသင့်ပါတယ်။တုပ်ကွေးရာသီ ရောက်လာပြီဆိုတာနဲ့ အိမ်သားတစ်ယောက်ယောက်က မဖျားဘဲနဲ့လည်း တုပ်ကွေးပိုးကို သယ်ဆောင်ထားသူဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာလူအများဝိုင်း သုံးနေကျဖြစ်တဲ့ လက်သုတ်ပဝါတွေကို သိမ်းပြီး တစ်ခါသုံးတစ်သျှူးစက္ကူကို ပြောင်းသုံးပါ။ မျက်နှာသုတ်ပဝါ တစ်ယောက်တစ်ခုစီသုံးပါ။ နေမကောင်းဖြစ်နေတဲ့သူနဲ့ ထမင်းစားရင် တစ်ဇွန်းထဲ မျှစားတာမျိုး မလုပ်ပါနဲ့ ။ ဒါမှ ပိုးတွေ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို မကူးနိုင်တော့မှာ ဖြစ်ပါတယ်။အေးတဲ့ရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် တုပ်ကွေး ရာသီရောက်ပြီဆိုတာနဲ့ ခုခံအားကောင်းစေမယ့် အစားအသောက်တွေလေးတွေ ကြိုပြင်ထားဖို့လည်းလိုပါတယ်။ ဓာတ်ဆားရည်၊ ဂျင်းပြုတ်ရည်တို့၊ ပျားရည်နဲ့ သံပုရာရည်ရည်တို့လိုမျိုးပေါ့။အိပ်ချိန်ပြည့်အောင် အိပ်ဖို့က တုပ်ကွေးရာသီမှ မဟုတ်ပါဘူး။ နေ့တိုင်းအတွက် အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့အိပ်ချိန်က ၇ နာရီကနေ ၉ နာရီ အတွင်းရှိသင့်တာကြောင့် ကိုယ်ကိုယ်တိုင် အချိန်တစ်ခုသတ်မှတ်ပြီး အိပ်ရာဝင်သင့်သလို ကိုယ့်ကလေးတွေကိုလည်း အိပ်ရာစောစောဝင်ခိုင်းပါ။ ဒါမှ ကောင်းကောင်း အနားယူနိုင်ပြီးကိုယ်တွင်းခုခံအားစနစ်ကို အားဖြည့်ပေးသလိုဖြစ်မှာပါ။ခုလို ဆေးပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာတုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ပေါ်နေပါပြီ။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ တုပ်ကွေးမျိုးစိတ်တွေမတူတာကြောင့် တစ်နှစ်တစ်ခါလောက်တော့ ကာကွယ်ဆေးထိုးပေးဖို့လိုတယ်နော်။ ။ဒါကြောင့် ခုပြောပြတဲ့ အချက်လေးတွေ လိုက်နာပြီး တုပ်ကွေးရာသီ အတွက် ကြိုတင်ပြင်ဆင်ထားရင် နှင်းတွေဝေတဲ့ ဆောင်းရာသီမှာ တုပ်ကွေးကိုမှုစရာမလိုဘဲ ပျော်ပျော်ကြီးနေနိုင်မှာပါ။ တုပ်ကွေးကြောင့်တော့ ဆောင်းရာသီကို အကျည်းတန်သွားတာမျိုး အဖြစ်မခံပါနဲ့။ မဖြစ်ခင်ကြိုတင်ကာကွယ်တာကလည်း လူတိုင်းတတ်သင့်တဲ့ အတတ်ပညာတစ်ခုပဲနော်။ ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/getting-ready-for-the-flu-season/
နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု
အသက်ရှင်နေသမျှကာလပတ်လုံးနေ့စဉ်နဲ့အမျှလေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်းနေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကိုလေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကိုဖြေရှင်းဖို့ မတတ်နိုင်ပေမယ့် ကိုယ်တိုင်နဲ့မိသားစုကျန်းမာရေးအတွက်တော့အိမ်တွင်းေလထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေပြောပြပေးမယ်နော်။အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကိုသေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်းသေချာလေးသုတ်သင်မယ်။အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တွေကိုလည်းခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင်မှိုနဲ့ဘက်တီးရီးယားတွေတော်တော်လေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစားဓါတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓါတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့။လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီးအဆုတ်၊နှလုံး နဲ့ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့် –။လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –။အိမ်တွင်းသန့်ရှင်းရေး ဦးစားပေး။အိမ်တွင်းလေထုသန့်စင်ဖို့ဆိုရင် အရင်ဆုံးအပေါ်မှာပြောခဲ့သလိုပဲ အိမ်ကိုအရင်ရှင်းရပါမယ်။ အသုံးမလိုတာတွေကို ဝဲပစ်လိုက်ပါ။ပြီးရင် ပုံမှန် ဖုန်စုပ်ပေးပါ။ စိုထိုင်းထိုင်းဖြစ်မနေဖို့လည်း သတိထားရပါမယ်။ အခန်းတွင်းမှာ ဆေးလိပ်သောက်တာမျိုးလည်း မလုပ်မိဖို့လိုပါမယ်နော်။လေသန့်စက်တပ်ဆင်ပါ။အိမ်တွင်းလေသန့်စက်လေးတွေတပ်ဆင်တာကလည်း ကိုယ်တိုင်ကိုရော မိသားစုကိုပါ သန့်စင်တဲ့လေထု ရှုရှိုက်မိစေမှာပါ။ အိမ်ခန်းတိုင်းမှာ မတပ်ဖြစ်ရင်တောင် တစ်အိမ်လုံးမှာ ၂ ခုလောက်တော့ တပ်ထားပေးပါ။ခြံထဲမှာ သစ်ပင်တွေစိုက်ထားပါ။ကိုယ်ပိုင်ခြံနဲ့နေတာဆိုရင်တော့ခြံထဲမှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်ထားပေးပါ။လေထုကိုသန့်စင်စေရုံတင်မကပါဘူး။နွေရာသီမှာအေးမြမှုကိုပါပေးစွမ်းနိုင်ပါသေးတယ်နော်။ဗီနီကာသုံးပေးပါ။ဇလုံသေးသေးလေးတစ်လုံးယူပြီး ဗီနီကာကို ပန်းကန်တစ်ဝက်စာထည့်လိုက်ပါ။ပြီးရင် တစ်သျှူးစလေးတွေထည့်စိမ်ပေးပြီး အခန်းထောင့်လေးတွေမှာ ထားပေးပါ။ အနံ့ပြင်းနိုင်ပေမယ့် အခန်းတွင်းလေထုကိုတော့ သိသိသာသာသန့်စင်သွားစေမှာပါ။ရေမြှုပ်လေးတွေကို စိမ်ပေးလို့လည်းရပါတယ်။ပျားဖယောင်းတိုင် သုံးမယ်။ဓါတုပစ္စည်းတွေမပါဘဲ ပျားဖယောင်းစစ်စစ်ကို သုံးပြီး လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်ပေးတာကလည်း အခန်းတွင်း ကအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အခန်းတွင်းလေထုသန့်စင်ချင်တယ်ဆိုရ်ငတော့ ပျားဖယောင်းစစ်စစ် ဖယောင်းတိုင်လေးကို သုံးပေးလို့ရပါတယ်။ဆားမီးခွက်ထွန်းမယ်။ပန်းရောင်ရှိတဲ့ ဟိမဝန္တာဆားက သဘာဝအဆိပ်အတောက်ဖြေဆေးတစ်ခုပါ။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်နော်။ အိမ်ခန်းတွင်းမှာ ဟိမဝန္တာဆားမီးခွက်လေးထွန်းပေးတာကလည်း အခန်းတွင်းလေထုကို သန့်စင်ဖို့ အထိရောက်ဆုံးအားပေးနိုင်ပါတယ်။မီးသွေးသုံးမယ်။မီးသွေးကရေထုကို သန့်စင်ပေးနိုင်သလိုလေထုကိုလည်း သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စုပ်ယူမငအားကောင်းတဲ့ မီးသွေးခဲလေးတွေကို ခွက်လေးတစ်ခုနဲ့ထည့်လို့ အခန်းထဲမှာ ထားလိုက်ပါ။အခန်းတွင်းစိုက်လို့ရတဲ့ အပင်လေးတွေစိုက်ပေးပါ။အခန်းတွင်းမျာစိုက်လို့ရတဲ့ အပင်သေးသေးလေးတွေကို စိုက်ပေးပါ။ ဒါကမျက်စိအမြင်ကိုတင်အေးစေရုံမကဘဲလေထုကိုပါသန့်စင်စေလို့တော်တော်လေးအဆင်ပြေစေမှာပါနော်။အခန်းတွင်းလေထု သန့်သန့်လေးကိုရှုရှိုက်လို့ပျော်ရွှင်ကျန်းမာတဲ့ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ Helloဆရာဝန်ပရိသတ်ကြီးရေ……….။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba%e1%80%94%e1%80%b2%e1%80%b7%e1%80%a1%e1%80%99%e1%80%bb%e1%80%be-%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c/
ကိုရိုနာ နဲ့ ထင်ကြေးပေါင်းများစွာ
ကမ္ဘာတလွှားက နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့COVID_19နဲ့ ပတ်သက်ပြီး သိထားတဲ့ အချက်တွေက မှန်ရော မှန်ရဲ့လား၊ လက်တွေ့လိုက်လုပ်ကြည့်ရင်ရော ဘေးကင်းပါ့မလားလို့ သေသေချာချာ သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး စစ်ဆေးအဖြေထုတ်လိုက်တော့လေ။ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 နဲ့ ပတ်သက်ပြီး ကြားထားတဲ့အကြောင်းလေးတွေ သိထားတဲ့ အကြောင်းအရာလေးတွေက ဘယ်လောက်မှန်လဲဆိုတာကို အတူတူ ဆန်းစစ်​ကြည့်လိုက် ရအောင်လား……………။အရေပြားပေါ်ကို ကလိုရင်း ဒါမှမဟုတ် အယ်လ်ကိုဟော ဖြန်းပေးရင်ဗိုင်းရပ်စ်ကို သေစေနိုင်တယ်။ဒီလိုဖြန်းတာက အခန့်မသင့်လို့မျက်လုံးတွေ၊ ပါးစပ်တွေထဲဝင်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ကလိုရင်း နဲ့ အယ်လ်ကိုဟောတို့က အရာဝတ္ထုတွေအပေါ်မှာရှိတဲ့ ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့ အသုံးပြုလို့ရပေမယ့် အရေပြားပေါ်ကပိုးမွှားတွေကို သုတ်သင်ဖို့အတွက်တော့ အသုံးမပြုသင့်ပါဘူး။နောက်တစ်ချက်က ဒီဓာတုပစ္စည်းတွေက ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကိုတော့ မသေစေနိုင်ပါဘူး။လူကြီးတွေက လူငယ်တွေထက်ရောဂါကူးစက်ခံရနိုင်ခြေပိုများတယ်။ဒီဗိုင်းရပ်စ်က အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒီနေရာမှာ ကွာခြားသွားနိုင်တဲ့ အချက်တစ်ခုက အသက်အရွယ် ၆၀ အထက် လူကြီးတွေ (ကိုယ်ခံအားက ပုံမှန်ထက် နည်းနေပါတယ်) ဆီးချို၊ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါရှိနေသူတွေမှာ ရောဂါကူးစက်ခံရနိုင်ခြေကတော့ အခြားသူတွေထက် ပိုများနေပါတယ်။ကလေးတွေကCOVID_19မကူးနိုင်ဘူး။COVID-19 က ကလေးတွေကိုရော လူကြီးတွေကိုပါ ကူးစက်နိုင်ပါတယ်။ တစ်ချက်ကတော့ ကလေးတွေမှာ ကူးစက်ခံရရင် လက္ခဏာက အရမ်းကြီးတော့ မပြင်းထန်ပါဘူး။COVID_19 ကတုပ်ကွေးနဲ့ ဆင်တူတယ်။COVID-19 ဖြစ်တဲ့အခါ တုပ်ကွေး လက္ခဏာတွေဖြစ်တဲ့ နာကျင်ကိုက်ခဲတာ၊အဖျားရှိတာ၊ ချောင်းဆိုးတာလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကွေးရော COVID_19 မှာပါ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေ၊ အရမ်းပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အဆိုးရွားဆုံး သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။လက်ရှိကာလအထိမှာ COVID_19 ကအပြင်းထန်ဆုံး ကူးစက်ရောဂါဆိုပေမယ့် သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းပဲရှိပါတယ်။COVID_19 ဖြစ်ရင် သေမယ်။ဒါက မှားနေပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲကိုဗစ်က ကူးစက်နှုန်းမြန်ပေမယ့် သေဆုံးနိုင်ခြေက နည်းပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၈၀ ရာခိုင်နှုန်းကျော်က လက္ခဏာ သိပ်မပြင်းထန်ကြပါဘူး။ခွေးတွေ၊ ကြောင်တွေက ရောဂါပိုး ကူးစက်စေနိုင်တယ်။ခွေးလေးတွေ၊ ​ကြောင်လေးတွေက ရောဂါပိုး ကူးစက်ခံရနိုင်ပေမယ့် သူတို့က လူဆီကနေတဆင့် ကူးစက်ခံရတာပါ။ ဒါကလည်း ဖြစ်နိုင်ခြေ နည်းပါတယ်။ သူတို့က ပိုးကို သယ်ဆောင် ဖြန့်ဖြူးသူတွေ မဟုတ်ကြပါဘူး။ဒီဗိုင်းရပ်စ်က လူအချင်းချင်းကူးစက်မှုအမြင့်ဆုံးပါ။နှာခေါင်းစည်းက ပိုးကို ကာကွယ်ပေးနိုင်တယ်။နှာခေါင်းစည်းက ရောဂါပိုးကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပေမယ့် အပြည့်အဝ မကာကွယ်ပေးနိုင်ပါဘူး။ အကောင်းဆုံး ကာကွယ်တာကတော့ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာနေတာပါ။လက်အခြောက်ခံစက်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်။လက်အခြောက်ခံစက်က ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကလက်ကို ဆပ်ပြာနဲ့ရေအသုံးပြုပြီး ဆေးကြောတာဖြစ်ဖြစ် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါတဲ့ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောတာပါ။COVID_19 က သာမန်အဖျားရောဂါကနေ ဆင့်ကဲပြောင်းလဲလာတာ။COVID_19 က ကိုရိုနာဗိုင်းရပ်စ် မျိုးရင်းဝင်ပါ။ အခြား ကိုရိုနာဗိုင်းရပ်စ်တွေက တိရစ္ဆာန်ကနေတဆင့် လူကို ကူးစက်တာဖြစ်ပြီး ဒီ COVID_19 ဗိုင်းရပ်စ်ကတော့ လူကနေလူကို ကူးစက်တာပါ။ရောဂါပိုးရှိသူနဲ့ ၁၀ မိနစ်ကြာ ရှိနေရုံနဲ့ ကူးစက်ခံရနိုင်တယ်။၁၀ မိနစ် ​ကြာမှ မဟုတ်ပါဘူး။ ရောဂါပိုးရှိသူနဲ့ ၁၀ မိနစ်တောင် မရှိတဲ့အချိန်ထိတွေ့မိရုံနဲ့လည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။နှာခေါင်းကိုsaline ဆေးရည်နဲ့ ဆေးကြောတာက ပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်တယ်။ဒါက အထောက်အထား မရှိပါဘူး။ နှာခေါင်းအတွင်းပိုင်းကို saline ဆေးရည်နဲ့ ဆေးကြာတာကအသက်ရှူ လမ်း​ကြောင်းပိုးဝင်ကူးစက်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရသေးပါဘူး။အစွန်းချွတ်ဆေးနဲ့ ပလုပ်ကျင်းတာက။အစွန်းချွတ်ဆေးက ကျန်းမာရေးကို လုံးဝ အကျိုးမပြုပါဘူး။ခန္ဓာကိုယ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။Antibioticsက ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်။Antibiotics က ဘက်တီးရီးယားတွေကိုပဲ သေစေနိုင်တာပါ။ ဗိုင်းရပ်စတွေကို မသေစေနိုင်ပါဘူး။ COVID_19 က ဗိုင်းရပ်စ် အမျိုးအစားပါ။အပူချိန်တိုင်းစက်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးပေးနိုင်တယ်။အပူချိန်တိုင်းစက်တွေက အဖျားရှိ၊မရှိဘဲ စစ်ဆေးနိုင်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိကို မစစ်ဆေးပေးနိုင်ပါဘူး။ အပူချိန်မြင့်တာက ကိုဗစ် ရောဂါပိုးရဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် အပူချိန်တိုင်း စစ်ဆေးမှု လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်။ကြက်သွန်ဖြူက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်။ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ COVID_19 ကဗိုင်းရပ်စ်ပါ။ ကြက်သွန်ဖြူကကိုယ်ခံအားကောင်းစေနိုင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။တရုတ်ကလာတဲ့ အထုပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ ရှိနေနိုင်တယ်။ကိုရိုနာဗိုင်းရပ်စ်ကအရာဝတ္ထုတွေအပေါ်မှာ ရှင်သန်နိုင်တယ်ဆိုပေမယ့် တရုတ်ကနေ မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ကာလအတွင်းမှာ ထိတွေ့မိတဲ့ အပူချိန်၊ အခြေအနေအရပ်ရပ်​ကြောင့် လက်ခံရရှိချိန်မှာ ရှင်သန်နေနိုင်ခြေ နည်းနေပါပြီ။အိမ်တွင်းကုထုံးတွေက COVID-19 ကို ကုသနိုင်တယ်။COVID-19 ကို ကုသနိုင်တဲ့ အိမ်တွင်း ကုထုံးမရှိသေးပါဘူး။ ကာကွယ်တဲ့နည်းလမ်းက အကောင်းဆုံးပါ။ လက်ကို မကြာခဏဆေးကြောပါ။ လူစုလူဝေးကို ရှောင်ကြဉ်ပါ။တရုတ်ကလာတဲ့ မုန့်တွေစားရင် ကူးစက်နိုင်တယ်။မကူးနိုင်ပါဘူး။ဆီးတွေ၊ ဝမ်းတွေကနေတဆင့် ရောဂါပိုး ကူးစက်ခံရနိုင်တယ်။ဒီအယူအဆက မမှန်ဘူး လို့ပဲပြောပါရစေ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝမ်းမှာတော့ပါပါတယ်။ ဒါပေမယ့် အခုထိ အဲ့ကနေတဆင့်ကူးစက်တာတော့ မတွေ့ရသေးပါဘူး။အပူချိန်ပြင်းရင်ရောဂါပိုးက သေသွားတယ်။အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရာသီဥတုပူလာရင် သေသွားနိုင်ပေမယ့် COVID_19 ကတော့ အပူချိန်ကြောင့် သေဆုံးသွားနိုင်သလားဆိုတာကို လေ့လာနေဆဲပါ။ကိုရိုနာဗိုင်းရပ်စ်က သေဆုံးနိုင်ခြေ အမြင့်ဆုံး ဗိုင်းရပ်စ်ပါ။ဒီရောဂါပိုးဟာ တုပ်ကွေးရောဂါပိုးတွေထက် ပြင်းထတ်တယ်ဆိုပေမယ့် သေဆုံးနိုင်ခြေ အမြင့်ဆုံးလို့ သတ်မှတ်ဖို့တော့ ခက်ပါတယ်။အီဘိုလာဗိုင်းရပ်စ်က ကိုရိုနာဗိုင်းရပ်စ်ထက် သေဆုံးနိုင်ခြေ ပိုများပါတယ်။တုပ်ကွေး ကာကွယ်ဆေးက COVID_19 ကို ကာကွယ်နိုင်တယ်။COVID_19 က အခြားဗိုင်းရပ်စ်တွေနဲ့ ကွာခြားပါတယ်။ အခုချိန်ထိ ကာကွယ်ဆေး မထုတ်နိုင်သေးပါဘူး။ တုပ်ကွေး ကာကွယ်ဆေးကလည်း ကိုဗစ်ဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။ဒီရောဂါ ဖြစ်ပွားမှုက လင်းနို့ စွပ်ပြုတ်စားရာကနေစတယ်။ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေစလာတယ်လို့ သုတေသီတွေက လက်ခံယုံကြည်ထား​​ကြပေမယ့် လင်းနို့စွပ်ပြုတ်ကနေ စလာတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာ မတွေ့ရှိရပါဘူး။အရက်သောက်တာက ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်တယ်။ဒါက လူအများကြားမှ ရေပန်းစားနေတဲ့ ပြောစကားတစ်ခုပါ။ တကယ်ကတော့ အယ်လ်ကိုဟော ၊ အရက်စတဲ့ သောက်စရာတွေက ရောဂါပိုးကို မတိုက်ဖျက်နိုင်ပါဘူး။အစွန်းချွတ်ဆေး၊ပိုးသတ်ဆေးထိုးရင် ကိုဗစ်ကို တိုက်ဖျက်ပေးနိုင်တယ်။အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးတွေကို သောက်တာ၊ ထိုးသွင်းတာတွေက ကိုယ်တွင်း ကဗိုင်းရပ်စ်ကို မဖယ်ရှားပေးနိုင်ပါဘူး။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် မလုပ်သင့်ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-myths-explored-2/
မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
မေလဆိုတာက နှစ်တစ်နှစ်တာရဲ့ ၅ လမြောက် လပါ။ နွေရာသီကုန်ဆုံးခါနီး လတစ်လဆိုလည်း ဟုတ်ပါတယ်။နွေရာသီရဲ့အပူဒဏ်တွေ လျော့လာတဲ့ လတစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို နွေအကုန် မိုးအကူးလတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။မေလမှာ မွေးဖွားတဲ့ဘေဘီလေးတွေက ရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ ရောဂါဖြစ်နိုင်ခြေ နည်းပေမယ့် သူတို့လေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကိုတော့ ခံစားရနိုင်ခြေ များပါတယ်။နှလုံး ကျန်းမာရေးခံစားရနိုင်ခြေလည်း များပါတယ်။ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေလည်း များကြပါတယ်။ များသောအားဖြင့်ကတော့ ရောဂါတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းကြသူလေးတွေပါ။မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နေရောင်ကို လုံလောက်စွာ ရရှိသလိုဗီတာမင် Dပြည့်ဝမှုကြောင့်စိတ်ဓာတ်ကျမှုကင်းပြီး အကောင်းမြင်တတ်ကြသူလေးတွေပါ။ အမြဲလိုလို အပြုံးဝေနေတတ်ပြီး အရာရာကို အကောင်းမြင်တတ်ကြသူလေးတွေပါ။မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ညဘက်တွေကို တော်တော်လေး နောက်ကျမှ အိပ်ရာဝင်တတ်ကြသူလေးတွေပါ။ စောစော အိပ်ရာဝင်တာက သူတို့ရဲ့ ပုံစံတော့ မဟုတ်ပါဘူး။ညနက်အထိနေရတာကို သဘောကျတဲ့သူတွေပေါ့။[embed-health-tool-vaccination-tool]။မေလမှာ မွေးဖွားကြတဲ့သူလေးတွေက ပတ်ဝန်းကျင်ကသူတွေကို စွဲဆောင်မှု ရှိသူလေးတွေပါ။ သူငယ်ချင်း မိတ်ဆွေတွေကိုတင် မကပါဘူး။ ဆန့်ကျင်ဖက် လိင်အမျိုးအစားတွေကိုပါစွဲဆောင်မှုရှိကြသူလေးတွေပါ။မေလမှာ မွေးဖွားတဲ့သူလေးတွေ ဘာလုပ်မယ်။ ဘယ်လို လုပ်ဆောင်မှုတွေကို လုပ်ဆောင်မယ်ဆိုတာကို ခန့်မှန်းရခက်သူလေးတွေပါ။ သူတို့လေးတွေက စိတ်ဝင်စားဖို့ ကောင်းသလို အလွယ်တကူ ခန့်မှန်းလို့လည်း မရကြသူလေးတွေပါ။မေလဖွား ဘေဘီလေးတွေက အရမ်းကိုသနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေမိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ စိတ်လည်း ရှည်ကြသလိုနားထောင် ကောင်းသူတွေပါ။မေလဖွား ဘေဘီလေးတွေက အရာရာကို လက်မလျှော့ တတ်ကြသလို ကိစ္စတိုင်းကိုလည်း အလွယ်တကူ အလျှော့ပေးတတ်ကြသူလေးတွေ မဟုတ်ပါဘူး။ ဒါကြောင့်အောင်မြင်မှုရအောင်လုပ်ဆောင်တတ်ကြသူလေးတွေ အဖြစ် အသိအမှတ် ပြုခံထားရသူလေးတွေပါ။ အရာရာကို ကျားကုတ်ကျားခဲ ကြိုးစားတတ်ကြသူလေးတွေပါ။အနုပညာရှင်တွေအပြင် တီထွင်ဖန်တီးနိုင်သူတွေ သိပ္ပံပညာရှင်တွေကလည်း မေလမှာ မွေးဖွားကြပါတယ်။ သိပ္ပံညာရပ်တွေမှာ ဝါသနာထုံကြသူတွေပါ။ သေးသေးမွှားမွှားလေးကစလို့ ကြီးကြီးမားမားတွေအထိ တီထွင်ဖန်တီးနိုင်ကြသူတွေပါ။မေလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-may-born-babies/
ပျော်ရွှင်ခြင်း ရှာပုံတော် (၁)
အခုခေတ်အခြေအနေလောက်စိတ်ဖိစီးမှုများတဲ့အနေအထား မကြုံခဲ့ဖူးဘူးလို့ထင်မိတယ်။ တွေ့ရတဲ့လူတိုင်းမှာ အသက်ရှူဖို့တောင်မေ့နေရလောက်အောင်ကို စိတ်ဖိစီးမှုတွေခံစားနေရတယ်။ လူရောစိတ်ရော ပင်ပန်းနွမ်းနယ်နေတယ်။ရုပ်ပိုင်းဆိုင်ရာမှာ ဖိအားဒဏ်ကြောင့် မကြာခဏဖျားတာ၊ ညဘက်အိပ်မပျော်တာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာလိုမျိုး ပြဿနာတွေဖြစ်နေတယ်။စိတ်ပိုင်းဆိုင်ရာမှာလည်း အမြဲပင်ပန်းနေသလိုမျိုး၊ စိတ်ဓာတ်ကျနေသလိုမျိုး၊ အရမ်းပင်ပန်းနေသလိုမျိုး ခံစားနေရတယ်။ ဒါပေမယ့်လည်း အနားယူဖို့မလုပ်နိုင်ဘူး။အနားယူတယ်ဆိုပြီး ခရီးတွေသွားတယ်၊ Staycation တွေနေတယ်။ လျှောက်သွားလျှောက်စားတာတွေလုပ်တယ်။ မူးအောင်သောက်ကြည့်တယ်။ လူပဲထွက်ပြေးလို့ရရင်ရမယ်။ စိတ်ဖိစီးမှုတွေက လိုက်လာတုန်းပဲ။ ဘယ်ခရီးတွေပဲသွားသွား၊ ဘယ်ဟိုတယ်မှာ staycation နေနေ၊ လျှောက်သွားလျှောက်စား အပျော်အပါးတွေလျှောက်လုပ်။ ဘာပဲလုပ်နေလုပ်နေ ဘယ်နေရာပဲသွားသွား စိတ်ဖိစီးမှုတွေက လိုက်လာတာပဲ။အပြည့်အဝပျော်ရွှင်ရယ်မောခဲ့ရတဲ့အချိန်တွေ၊ အရမ်းအိပ်ရေးဝတယ်လို့ ခံစားရတဲ့အိပ်စက်ခြင်းတွေ၊ သွားတဲ့ခရီးရဲ့ အလှအပ၊ စားတဲ့အစားအသောက်တွေရဲ့ အရသာ၊ ပျော်ရွှင်စရာတွေရဲ့ စိတ်လှုပ်ရှားစရာအခြေအနေတွေကို အပြည့်အဝပျော်ရွှင်ခံစားခဲ့ရတာတွေက ဘယ်တုန်းက နောက်ဆုံးလဲ။ရေးထားတဲ့စကားလုံးတိုင်းက စိတ်ကူးယဉ်ထားတာမပါဘူး။ ကိုယ်တိုင်ခံစားတွေ့ကြုံနေရတာကို ရေးထားတာပါ။ လွန်ခဲ့တဲ့ ၆ လ လောက်ကနေစပြီး လမ်းပျောက်သလိုခံစားနေရတယ်။ လူက စိတ်ရောကိုယ်ရောအရမ်းပင်ပန်းလာတယ်။ ကိုယ်ဝါသနာအပါဆုံးအရာတွေကိုတောင် စိတ်မပါတော့သလို မလုပ်ချင်မကိုင်ချင်တော့သလိုဖြစ်လာတယ်။ ညဘက်တွေဆို ကောင်းကောင်းအိပ်မပျော်ဘူး။ မနက်ခင်းနိုးတဲ့အခါ စိတ်မကြည်ဘူး။ခန္ဓာကိုယ်က နာကျင်ကိုက်ခဲသလိုမျိုး အမြဲခံစားနေရတယ်။ ပင်ပန်းနွမ်းနယ်တဲ့ပုံက အမြဲတမ်းမျက်နှာမှာပေါ်နေတယ်။ ရုပ်ကျတာအရမ်းမြန်လာတယ်။ခရီးသွားတယ်။ စိတ်ဖိစီးမှုက အတူပါလာတယ်။ အလှအပတွေလည်းမခံစားနိုင် ပျော်ရွှင်စရာတွေလည်းမခံစားနိုင်။ လျှောက်သွားလျှောက်စားတယ်။ သောက်တယ်။ ခဏပဲခံတယ်။ ပြီးရင် အရင်လိုပဲပြန်ဖြစ်နေတာပဲ။ ဘာဆိုဘာမှမလုပ်ချင်တော့လောက်အောင် စိတ်ဖိစီးမှုရဲ့ ဖိနှိပ်မှုက ဆိုးရွားလာတယ်။ တစ်စုံတစ်ခုကိုကြောက်ရွံ့နေသလိုမျိုး။ အမြဲတမ်းစိုးရိမ်ပူပန်နေတာလိုမျိုး။ တစ်ခါတလေ အလုပ်လုပ်နေရင်း အသက်ရှူဖို့ မေ့နေသလိုကို တကယ် ခံစားရတယ်။တစ်ခုခုကတော့ ဆိုးဆိုးရွားရွားကို မှားယွင်းနေပြီ။ပျော်ရွှင်မှုကို ပိုက်ဆံမှာရှိမယ်လို့ထင်တယ်။ အောင်မြင်မှုမှာရှိမယ်လို့ထင်တယ်။ ဒါပေမယ့် အခုအခြေအနေမှာလည်း မပျော်ရွှင်ပြန်ဘူး။ ဟိုးအရင်လို စိတ်လွတ်ကိုယ်လွတ်နဲ့ပျော်ရွှင်ပုံမျိုး မရှိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဘယ်တော့မှပြန်ပြီး ပျော်ရွှင်တော့မှာလဲ။ ပျော်ရွှင်မှုကို ဘယ်လိုပြန်လည်ရှာဖွေကြရမလဲ။ ဒီလိုအမြဲခံစားနေရတဲ့ စိတ်ဖိစီးမှုကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲ။ပထမဆုံး အကြောင်းရင်းတွေကို အရင်ရှာကြည့်ကြရအောင်။ ဆေးပညာစကားနဲ့ပြောရရင် ရောဂါသိရင် ဆေးရှိတယ်မလား။ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေ ဘယ်ကနေ စဖြစ်လာတာလဲဆိုတာကို အဖြေရှာကြည့်ရအောင်။၁။ဆိုရှယ်မီဒီယာ။ကျွန်တော်တို့က rat race ထဲမှာ ပိတ်မိနေကြတာပဲ။ အဲဒါကို မြန်မာလိုအတိအကျဘာသာပြန်ဖို့အတွက် စကားလုံးရှာမတွေ့ဘူး။ အဆုံးသတ်မရှိတဲ့ ပြိုင်ဆိုင်မှုတွေကြားထဲမှာ ပိတ်မိနေတယ်ဆိုတာကိုပြောချင်တာပါ။ ငွေကြေး၊ ဂုဏ်ဒြပ်၊ အောင်မြင်ကျော်ကြားမှုတွေကို သူ့ထက်သူပြိုင်ဆိုင်နေကြရတယ်။ အဲဒါကို ဘေးတီးပေးပြီး ပိုဆိုးစေတာက ဆိုရှယ်မီဒီယာပဲ။ဒီလိုပြိုင်ဆိုင်မှုက ဘယ်တော့မှမဆုံးဘူး။ အရင်ကလည်းရှိတယ်။ အခုလည်းရှိတယ်။ ဒါပေမယ့် ဘာလို့ပိုဆိုးလာတာလဲဆိုတော့ ဆိုရှယ်မီဒီယာကြောင့်။အရင်က ပြိုင်ဆိုင်ရတယ်ဆိုတာက ကိုယ့်အနီးအနားဝန်းကျင်လောက်ပဲ။ အခုက ကိုယ်နဲ့တစ်ခါမှ မတွေ့ဖူးတဲ့သူတွေနဲ့ပါ ပြိုင်ဆိုင်နေရသလိုဖြစ်နေတယ်။ပြီးတော့ ကိုယ့်ကိုယ် အားမလိုအားမရဖြစ်တာနဲ့ စိုးရိမ်ပူပန်မှုတွေဆက်ဖြစ်လာတယ်။ ဒီမှာတင် ပင်ပန်းတော့လည်းမနားရဲ၊ မရပ်ရဲ မရပ်မနားပြေးလွှားရတော့တာပဲ။လူတိုင်းမှာ စိတ်ညစ်စရာရှိတယ်။ ကိုယ့်ကိစ္စနဲ့ကိုယ် ပူဆွေးနေကြသူတွေချည်းပဲ။ ပြဿနာက သူများဖေ့ဘွတ်တွေလိုက်ကြည့်မိတာကနေစတယ်။ ကိုယ်ကလွဲရင် ကမ္ဘာလောကကြီးတစ်ခုလုံးက ပျော်ရွှင်နေသလိုပဲ။ ဘယ်သူကတော့ သူ့ဖေ့ဘွတ်မှာ သူတို့အကြွေးတွေတင်နေတဲ့အကြောင်း၊ လင်မယားချင်းအဆင်မပြေတဲ့အကြောင်း၊ကျန်းမာရေးပြဿနာတွေရှိနေတဲ့အကြောင်းတင်မှာလဲ။ ဘဝရဲ့အစိတ်အပိုင်းတွေအများကြီးထဲက ပျော်နေတာလေးတွေပဲရွေးတင်မှာပေါ့။ တခြားသူမကြည့်နဲ့ ကိုယ့်ဖေ့ဘွတ်လည်းကိုယ်ပြန်ကြည့်ပါဦး။ ပျော်စရာ သူများတွေအားကျစရာတွေချည်းပဲ တင်ထားတာမလား။ အဲဒီသဘောရှိနေတာကိုမှ သူများတွေပျော်နေရတယ်။ ကိုယ်တစ်ယောက်တည်းပဲ ကံဆိုးနေပါလားဆိုပြီး သွားဖီးလ်နေတာကနေ စိတ်ဖိစီးကြတော့တာပဲ။အခုခေတ်က ဘယ်တုန်းကနေနဲ့မှ မတူအောင် စိတ်ဖိစီးနေကြတာမှာ ဆိုရှယ်မီဒီယာတွေရဲ့ သက်ရောက်မှုက ပမာဏကြီးကြီးမားမားပါဝင်တယ်။၂။ စိတ်မလုံခြုံမှုတွေ။လူတွေဟာ ဘယ်တော့မှ ပြည့်စုံသွားတယ်ဆိုတာမရှိဘူး။ တစ်ခုခုမှာတော့ အမြဲတမ်းလိုအပ်ချက်ရှိတယ်လို့ ကိုယ့်ကိုယ်ထင်မြင်ယူဆနေတာချည်းပဲ။ လူတွေရဲ့သဘောက ကိုယ့်ကိုယ်ပြန်ကြည့်တဲ့အခါ အားနည်းချက်တွေကို အမြဲအရင်မြင်တယ်။ ကိုယ့်မှာ လိုအပ်ချက်ရှိတယ်လို့ ကိုယ်ထင်တဲ့အရာပေါ်မှာ သူများတွေများအာရုံစိုက်မိနေမလား၊ ဘာတွေများပြောကြမလဲ၊ ဘယ်လိုမျိုးထင်မြင်ယူဆကြမလဲဆိုတာကို ဆက်တွေးတဲ့အခါ စိတ်မလုံခြုံမှုတွေဖြစ်လာတယ်။ နောက်ဆက်တွဲမှာ စိတ်ဖိအားတွေဖြစ်လာတယ်။ ဘယ်နေရာသွားသွား စိတ်ထဲက ကျေနပ်ပြီး လုံခြုံနေတယ်လို့ကို မခံစားရတော့ဘူး။၃။ မဆုံးနိုင်တဲ့လိုချင်မှုတွေ။တစ်ခါလောက် ကိုယ့်ကိုယ် အချိန်ပေးပြီး ငါ့ဆီမှာ ဘာတွေရှိသလဲဆိုတာကို တွေးမိဖူးလား။ကိုယ့်ရဲ့ အရည်အချင်းတွေဖြစ်မယ်၊ ပိုင်ဆိုင်မှုတွေဖြစ်မယ်၊ အောင်မြင်မှုတွေဖြစ်မယ် စသဖြင့်ပေါ့။ အဲဒါတွေကိုတွေးရင်း ကျေနပ်နေတာမျိုးပေါ့။ တစ်ရက်ကို ဘယ်နှစ်ခါလောက်ဖြစ်ဖူးလဲ။ တစ်လကို ဘယ်နှစ်ခေါက်လောက် ကျေနပ်ဖူးလဲ။ ကျွန်တော့်အတွက်တော့အရမ်းနည်းတယ်။ လူတွေရဲ့ သဘောအရ ကိုယ့်မှာရှိတာထက် မရှိသေးတာကို ပိုမက်မောတမ်းတတယ်။Maslow’s Motivation Theory of Needs ဆိုတဲ့ သီအိုရီတစ်ခုရှိတယ်။ လူတွေက လိုချင်တာရှိရင် လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဒါပေမယ့် လိုချင်တာတစ်ခုရသွားပြီးရင် အဲဒါနဲ့ပတ်သက်လို့ ဆက်ပြီး စိတ်အားမတက်ကြွတော့ဘူး။ နောက်ထပ်တစ်ခုပြောင်းလိုချင်တယ်။ ကိုယ့်မှာရှိတဲ့အရာတွေက ဆက်ပြီးမပျော်ရွှင်စေတော့ဘူး။Pareto’s Law နဲ့ဆိုရင် လူတွေရဲ့ စိတ်က သူတို့ဆီမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းကို မပျော်ဘဲ မရှိသေးတဲ့ ၂၀ ရာခိုင်နှုန်းအတွက် လိုချင်တပ်မက်နေတယ်။ မရနိုင်သေးရင် စိတ်ညစ်တယ်။ စိတ်ဖိစီးတယ်။ တခြားသူဆီမှာရှိနေရင် အားမလိုအားမရဖြစ်တယ်။ ဒီမှာတင် လိုချင်မှုက မဆုံးနိုင်ဘူး။ တစ်ခုပြီးတစ်ခု။ ပိုကောင်းသထက်ကောင်းတာတွေကို ဆက်ဆက်ပြီးလိုချင်နေတာက စိတ်ဖိစီးစေတယ်။စိတ်ဖိစီးမှုတွေကိုဖြေဖျောက်နိုင်ဖို့က လမ်းကြောင်းရှည်ခရီးပါ။ ချက်ခြင်း quick fix လုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ ခဏတဖြုတ်ပဲ စိတ်ပျော်ရွှင်စေတဲ့အရာမျိုးတွေက အလုပ်မဖြစ်ဘူးဆိုတာ ကိုယ်တိုင်လည်းသိပြီးဖြစ်မှာပါ။ကျွန်တော်နဲ့အတူ ပျော်ရွှင်ခြင်းရှာပုံတော်ခရီး သွားရအောင်………………..။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/searching-happiness/
အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား
တချို့လူတွေက အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းဟာ ကိုယ်ခန္ဓာထဲမှာ အာဟာရဓာတ်တွေ ပြတ်လတ်နေတာကြောင့်လို့ ထင်ကြတယ်။ အံ့အားသင့်စရာကောင်းတာက ဒီအဆိုဟာအမှန်ဖြစ်တယ်လို့ ထောက်ခံစရာအချက်ကို သုတေသနပညာရှင်တွေက မတွေ့ခဲ့ကြပါဘူး။ တချို့တွေကတော့ အစားအသောက်ကို အလွန်အကြူးစားနေခြင်းဟာ မိမိနှစ်သက်တဲ့အစားအသောက်တွေကို လိုတာထပ်ပိုစားနေတာလို့ ပြောကြတယ်။ ဒါကရော မှန်ရဲ့လား။လေ့လာမှုတွေအရ ဦးနှောက်မှာရှိတဲ့ ( Insula, hippocampus, caudate) နေရာတွေက အစားအသောက်ကို အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကိုယ်ထဲမှာ တချို့သောအာဟာရ (ဥပမာ- ဗီတာမင်ဘီ၁၂ ၊ ကယ်စီယံဓာတ်) ချို့တဲ့ရင်လည်း အလွန်အကြူးစားခြင်းကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုများတဲ့လူတွေက သကြားကို အလွန်စားကြတယ်။တချို့သုတေသန ပညာရှင်တွေကတော့ ချောကလက်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေဟာ ဦးနှောက်ထဲမှာ endophine ကို ထုတ်ပေးတယ်လို့ ပြောကြတယ်။ ဒီဓာတ်က သင့်စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်မှုကို ရစေနိုင်တယ်။ ဒါ့ကြောင့်လူတွေက ကောင်းမွန်တဲ့ ခံစားချက်ရဖို့ ဒီအစားအသောက်တွေကို စားကြတယ်။အစားအသောက်အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေအများကြီးှ ရှိသေးတယ်။ တကယ်လို့သင်က ချောကလက်ကို အလွန်စားချင်နေတယ်ဆိုလျှင် မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတာ ဖြစ်နိုင်တယ်။ခရိုမီယမ်၊ ထရိုင်တိုဖန်၊ ဆာလဖာ၊ ကာဗွန် သို့မဟုတ် ဖော့စဖိတ်ဓာတ်နည်းနေသောအခါ သကြားကို အလွန်အမင်းစားလိမ့်မယ်။နိုက်ထရိုဂျင်ချို့တဲ့လျှင် ပေါင်မုန့်နှင့် ဆီရီယမ်အာဟာရတွေကို ပိုစားလိမ့်မယ်။ကိုယ်ထဲမှာ ကယ်ဆီယမ်နည်းနေလျှင် အဆီများတဲ့အစားအသောက်တွေကို ပိုစားလိမ့်မယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ခါတရံ ဒီအစားအသောက်တွေကို အလွန်အကြူးစားတတ်ကြတယ်။ပုံမှန်မဟုတ်သောစားသောက်မှု။တချို့အမျိုးသမီးတွေက အစားအသောက်ကို မစားချင်ဘဲ စားစရာမဟုတ်တဲ့အရာတွေကို တပ်မက်စွာ စားချင်နေတတ်ကြတယ်။ ဥပမာ –။အစားအသောက် အလွန်အကြူးစားခြင်းက ကျန်းမာရေးအတွက်မကောင်းကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေအတွက် မကောင်းကြောင်းကို သူတို့ကို ပြောပြရမယ်။ ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေက သင့်ကလေးကို ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အစားအသောက်ကို လျှော့စားသင့်တယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့က မလွယ်ကူလှဘူး။သတင်းကောင်းတစ်ခုကတော့ သင်ကြိုက်တဲ့ အစားအသောက်တွေကို စားနိုင်တယ်။ ဒါပေမယ့် ချင့်ချိန်စားရမယ်။ သင်ကြိုက်နှစ်သတ်တဲ့ ချောကလက်၊ အာလူးကြော်၊ ရေခဲမုန့်စတဲ့ အရာအားလုံးကို စားနိုင်တယ်။ ဒါပေမယ့် အလွန်အကြူးမစားပါနဲ့။ ဒါတွေက ကြာကြာစားရင် စွဲစေနိုင်တယ်။ အဲ့အရာတွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ။တကယ်လို့ သင်ဟာ အချိုကြိုက်တယ်ဆိုလျှင် အချိုတွေစားပြီးတိုင်း သွားတိုက်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ သင့်ကိုယ်ကလိုအပ်တာကို အဖြေရှာတွေ့သွားရင် အစားအသောက် အလွန်အကြူးစားခြင်းက ရပ်တန့်သွားပါလိမ့်မယ်။ဒါပေမယ့် မူမမှန်တဲ့ ချဉ်ခြင်းတပ်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဒါဟာ လုံးဝမကောင်းတဲ့အခြေအနေပါ။ သင့်ကိုယ်သင် ပုံမမှန်ချဉ်ခြင်းတပ်တယ်လို့ ထင်လျှင် ဆရာဝန်ထံ အမြန်သွားပါ။ ထူးဆန်းတဲ့အရာတွေက အဆိပ်သင့်စေပြီး သင်စားလိုက်လျှင် ကလေးကိုသေစေနိုင်လို့ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%a1%e1%81%be%e1%80%80%e1%80%b4/
တစ်နှစ်ပတ်လုံး မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း
နွေရာသီကုန်သွားပါပြီ။ သို့သော် ရာသီကုန်သလို ကျန်းမာသောမိသားစု၏ ပျော်ရွှင်မှုများကတော့ ကုန်သွားမည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် မိသားစုပျော်ရွှင်ချိန်များအတွက် ကျောင်းပြက္ခဒိန်ကို မဟာမိတ်ဖွဲ့လိုက်ပါ။နွေရာသီ၏အထင်ကရနေဖြစ်ပြီး ရာသီဥတုလည်း သာသာယာယာပင်ရှိဦးမည်။ ထို့ကြောင့် မိသားစုကို စက်ဘီးကိုယ်စီနင်းကာ ပန်းခြံ၊ ကမ်းခြေ၊ ရေကူးကန်၊ သို့မဟုတ် နှစ်သက်ရာ စားသောက်ဆိုင်တစ်ခုခုကို သွားကြဖို့ နှိုးစော်လိုက်ပါ။ ကြည့်စရာရှုစရာများရှိသည့် လမ်းမှ ပတ်ခေါ်သွားပါ။ အရောင်ပြောင်းသွားကြသည့် သစ်ပင်များ သို့မဟုတ် နွေရာသီ၏ နောက်ဆုံးလက်ကျန် ပန်းများ သစ်သီးများရှိရာ လမ်းကိုရွေးဖို့မမေ့ပါနှင့်။အလုပ်သမားနေ့မှာ အပျော်ခရီးထွက်ပါ။ ကိုယ့်နယ်မှ ရာသီစာများ သစ်သီးများ သို့မဟုတ် ကျန်းမာရေးနှင့်ညီသည့် နယ်မြေအထင်ကရသွားရေစားများကို ယူသွားပါ။ အလုပ်သမားနေ့မှာ ကိုယ့်မြို့အတွက် အကျိုးရှိတာတစ်ခုခ လုပ်ကြည့်လိုက်ပါ။ဒီလိုနေ့မျိုးတွင် ရိုးရာအစာများကို စားသောက်နိုင်ပါသည်။ မိသားစုတွင် စုစုရုံးရုံးဖြစ်သွားအောင် ကျန်းမာရေးနှင့် ညီညွှတ်သည့ပန်းကန်များဖြစ်သွာအောင် ပြောင်းလဲကြည့်ပါ။ ပဲစိမ်းများကို သစ်ဂျပိုဖြူးထားသည့် လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ရှမ်ပိန်စသည်တို့နှင့် အစားထိုးပါ။ သို့မဟုတ် ဆောင်းရာသီး၏ထမင်းစားပွဲအာ စတော်ဘယ်ရီ၊ ရွှေပဲသီး၊ အရှည်လိုက်လှီထားသည့် ခါကျက်ဥ၊ ဟင်းနုနွယ်တို့သုံးပြီး အရောင်စုံသည့် အသုပ်စုံတစ်ပွဲ ဖန်တီးလိုက်ပါ။အားလပ်ရက်များအတွင် အစာမစားခင် လမ်းထွက်လျှောက်နိုင်ပါသည်။ သို့မဟုတ် စားချင်သောက်ချင်စိတ် တိုးမြှင့်စေရန် ပန်းခြံထဲ၌ ဘောလုံးပစ်ကစားကြည့်ပါ။ အိမ်အပြန်လမ်း၌ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုကျေးဇူးတင်ကြောင်းပြောကြပါ။ အိမ်နီးချင်းများအကြောင်း၊ မိသားစုနှင့် မိတ်ဆွေများအကြောင်း ပြောဆိုကြည့်ပါ။ခရစ်မတ်ပွဲတော် နှစ်သစ်ကူးပွဲတော်များ သင့်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဆောင်းရာသီဆိုသည်မှာ အေးခဲနေသော်လည်း ပျော်စရာကောင်းသည်များ ရှိပါသည်။ မီးထွန်းပွဲတော်၊ တန်ဆောင်မုန်းပွဲတော်များ ရှိပါသေးသည်။ ကလေးများ မီးပုံဆွဲမလား၊ မီးထွန်းကားဆွဲကြမလား၊ ပျော်ပွဲစားလုပ်ကြမလား အဆင်ပြေ၏။နှင်းကျသည့်နေရာများတွင်တော့ ရပ်ကွက်အတွင်းရှိလမ်းများ နှင်းဖယ်ခြင်း နှင်းဘောလုံးပစ်ကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ နှစ်သစ်ကူးလည်း နီးလာပြီးမို့ မိသာစုနှင့် အစီအစဉ်အသစ်များ ဆွဲကြည့်ပါ။ နံရံတက်ခြင်း၊ ကစ်ဘောက်ဆင်းထိုးခြင်း တို့လိုသင်တန်းများ အတူတူတက်နိုင်သလို အိမ်တွင်းရေကူးကန်များလုပ်ပြီးလည်း ဆော့ကစားနိုင်ကြပါသည်။အမှတ်တရနေ့သည် မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးနိုင်သည့် အချိန်ဖြစ်ပါသည်။ အစဉ်အလာတစ်ခုဖြစ်သည့် အမှတ်တရနေ့တွင် ကျဆုံးသွားသည့် စစ်မှုဝန်ထမ်းများ၏ အုတ်ဂူများတွက် အလံများ စိုက်ထူကြသည်ဖြစ်၏။ အများနည်းတူ သွားရောက်ဂုဏ်ပြုကြစဉ် အုတ်ဂူများကို လှည့်ကျင်းပေးနိုင်ပါသေးသည်။ သို့မဟုတ် မြိုးအတွင်းသို့ သွားရောက်ကာ အမှတ်တရနေ့အတွက် ပြုလုပ်သည့်ပွဲများကို လည်ပတ်နိုင်ပါသည်။ထို့နေ့တွင် လယ်သမားဈေးများ၌ လူအပြည့်ရှိပါလိမ့်မည်။ အနီးအနားရှိထိုဈေးမျိုးအား စနေ တနင်္ဂနွေနေ့များတွင် သွားရောက်လည်ပတ်ပါ။ မိသားစုဝင်များအား အရင်က တစ်ခါမှမမြည်းဖူးသည့် သစ်သီးဟင်းရွက်များကို ရွေးဝယ်ခိုင်းကြည့်ပါ။နွေးသောနေ့များရောက်လာသည်နှင့် ရေခဲလက်ဖက်ရည်များကို ခံစားကြည့်ပါ။ မျက်ခုံးပင့်သွားလောက်သည့် အရသာမျိုးဖြစ်သော အုန်းသီး-သရက်သီးအရသာ၊ နွယ်ချို သို့မဟုတ် ချောကလက်ပူရှိန်းများ သုံးကြည့်လိုက်ပါ။ ရာသီရောက်သည့် အနီးအနားတောထဲမှ ရာသီသီးနှံများကို ခူးဆွတ်ဖို့လဲ ပြုလုပ်နိုင်ပါသည်။မိသားစုအတွက် ပျော်စရာများ ကောင်းမွန်သည့်အစာများကို တစ်နှစ်ပတ်လုံးလုပ်ဖို့ရာအတွက် မခက်ခဲပါ။ ကိုယ်တိုင်လဲ အားလပ်ရက်များမှာ ပြုလုပ်နိုင်မည့် အိုင်ဒီယာများကို ဖန်းတီးကြည့်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%90%e1%80%85%e1%80%b9%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%95%e1%80%90%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8-%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%82%8f/
Covid-19 ကာလတွင်း မေမေတွေအတွက် ဈေးဝယ်အမှာစကား
ကိုဝစ်ကာလမှာ မေမေတွေ၊ဇနီးသည်တွေ၊ အိမ်ထောင်ရှင် အမျိုးသမီးလေးတွေအတွက်တော့ အိမ်မှုကိစ္စ အဝဝကို တာဝန်ယူထားရတာမို့ အန္တရာယ်ကြားက မဖြစ်မနေ ဈေးဝယ်ထွက်ရမှာပါပဲ။ ဒီလိုမျိုး မလွှဲသာ မရှောင်သာ အပြင်ထွက်ဈေးဝယ်ရမယ့် ပျိုမေတွေ သိထားသင့်တာလေးတွေကို ဒီဆောင်းပါးကနေ မှာချင်ပါတယ်။ သိပြီးသားသူတွေလည်း ထပ်ပြီး နားဝင်သွားသလို မသိသေးတဲ့ သူတွေအတွက်လည်း ရှောင်သင့်တာတွေ ရှောင်လို့ ရတာပေါ့နော်။ ဒါဆို ဆက်ပြီး ဖတ်ကြည့်ကြရအောင်။မြန်မာနိုင်ငံရဲ့ အနေအထားပေါ် မူတည်ပြီး အဓိက ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။၁။Maskနှာခေါင်းစည်းကို မဖြစ်မနေ တပ်သွားပါ။ N95 Mask လောက်အထိ ဈေးကြီးပေးဝယ်ပြီး တပ်စရာတော့ မလိုပါဘူး။ ရိုးရိုး Surgical Mask ဒါမှမဟုတ်လည်း အဝတ် Mask တွေ တပ်လို့ ရပါတယ်။Maskမတပ်ဘဲတော့ အပြင်လုံးဝ မသွားပါနဲ့။၂။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေပါ။ မြန်မာပြည်က ဈေးတော်တော်များများက နေရာကျဉ်းတဲ့အတွက် သိပ်ပြီးတော့ ရှောင်လို့ ရမှာ မဟုတ်ဘူးဆိုပေမဲ့ ကိုယ်တတ်နိုင်သလောက် ခွာပြီး လမ်းလျှောက်ပေါ့။၃။ ကိုယ်နဲ့ သိသည်ဖြစ်စေ၊ သူစိမ်းဖြစ်စေ၊ အသားချင်း ထိတာမျိုး လုံးဝ မလုပ်ပါနဲ့။ချောင်းဆိုးနေတဲ့ သူတွေ ကိုယ့်အနားမှာ ရှိရင် အဝေးတစ်နေရာကို ခဏသွားနေလိုက်ပါ။၄။ လူစုလူဝေးမှာ ရပ်မနေပါနဲ့။ အရင်ကလို ဈေးဝယ်ထွက်လာတဲ့ အိမ်ထောင်ရှင်တွေ စုပြီးသားသမီးအကြောင်း၊ ရပ်ကွက်အကြောင်း စကားဖောင်ဖွဲ့ရမယ့် အချိန် မဟုတ်ပါဘူး။ မြန်မြန်ဈေးဝယ်၊ မြန်မြန်အိမ်ပြန်တာမျိုးပဲ လုပ်ပါ။၅။ ရပ်ကွက်ဈေးထက်စူပါမားကတ်မှာ ဈေးဝယ်တာကတော့ ပိုကောင်းပါတယ်။၆။ အပြင်ထွက်တဲ့အခါ သိပ်မဝေးရင် ခြေကျင်ခရီးနဲ့ သွားပါ၊ လမ်းကို ခပ်သွက်သွက် လျှောက်ပါ။ နည်းနည်း ဝေးတဲ့ နေရာ သွားရမှာဆိုရင်တော့ တက်စီ စီးသွားပါ၊ ဒါမှမဟုတ် ကိုယ်ပိုင်ကားနဲ့ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။၇။ အစားအစာတွေကို သိုလှောင်ထားရမယ် ဆိုပေမဲ့ ရှိသမျှ အစားအစာ အကုန်လုံး ကိုယ်တစ်ယောက်တည်း မောင်ပိုင်စီးပြီး သိမ်းကျုံးဝယ်တာမျိုး မလုပ်ပါနဲ့။ စာနာစိတ်လေး မွေးပြီး ကိုယ့်မိသားစုအတွက် လုံလောက်ရုံ ပမာဏပဲ ဝယ်ပါ။၈။ မဖြစ်မနေ လိုအပ်တဲ့ အိမ်သုံးပစ္စည်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ ဆေးဝါးတွေကို အဓိက ဝယ်ပါ။၉။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ပလတ်စတစ်အိတ်တွေကို သေချာပိုးသတ်ပြီး ဆေးကြောပါ၊ ဒါမှမဟုတ် အမှိုက်အိတ် လုပ်ပြီး မြန်မြန်ပစ်ပါ။၁၀။ အသား၊ ငါး၊ဟင်းသီးဟင်းရွက်အစရှိတဲ့ စားစရာတွေကို သေချာ ဆေးကြောပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။၁၁။ လုပ်စရာရှိတာ အားလုံး လုပ်ပြီးပြီဆိုရင် အဝတ်အစားတွေကို လျှော်ပါ၊ ခေါင်းလျှော်၊ရေချိုးတာတွေ လုပ်ပေးပါ။မဖြစ်မနေ ဈေးဝယ်ထွက်ရမယ့် ပျိုမေတွေလည်း ခုပြောပြခဲ့တဲ့ အချက်တွေကို သေချာလိုက်နာဖို့ ထပ်ပြီး မှာချင်ပါတယ်။ ဒီရောဂါက ကူးစက်ခံရရင်တောင် လက္ခဏာမပြဘဲ ကိုယ်ခန္ဓာထဲမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်တာမို့ ကိုယ့်ကြောင့် အိမ်မှာရှိတဲ့ ကိုယ့်မိသားစုဝင်တွေပါ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ ဒီအတွက် ကိုယ်တိုင်ကစလို့ ဆောင်ရန်၊ ရှောင်ရန်တွေ သေချာနားလည်ပြီး စနစ်တကျ ဘေးအန္တရာယ်ကင်းစွာ ဈေးဝယ်တတ်ဖို့တော့ လိုမယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%88/
တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ
အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလိုမိုးတွင်းနဲ့ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတော့။စွပ်ပြုတ်ဟာတုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ သက်သက်လွတ် ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေလည်း စားပေးလို့ရပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေ အများအပြားပါဝင်လို့ ဖျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ချွေးထွက်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ နှာစေး၊ နှာပိတ်၊ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာကိုလည်း သက်သာစေပါတယ်။ကြက်စွပ်ပြုတ် သောက်တဲ့အခါ အရည်ပဲ သောက်ရမှာမဟုတ်ပါဘူး။ အသားတွေ၊ အရွက်တွေပါ စားရမှာပါ။ ဒါမှ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ ချင်းဟာ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်တဲ့ ဆေးစာတွေထဲက တစ်မျိုးပါပဲ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် ဝေဒနာတွေကို သက်သာစေလို့ ရောဂါမြန်မြန်ပျောက်စေပါတယ်။ချင်းကို အစိမ်းအတိုင်း စားလည်း အဆင်ပြေသလို စွပ်ပြုတ်ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ဒိန်ချဉ်ဟာ လည်ချောင်းနာဝေဒနာကို သက်သာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးလို့ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်မယ့် ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေပါ ပါဝင်ပါတယ်။တုပ်ကွေးဖြစ်နေစဉ်နဲ့ လည်ချောင်းနာနေတဲ့အချိန်မှာ သကြားမပါဝင်တဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီးဗီတာမင်၊ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ဖျားနာနေစဉ်မှာ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သလဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီးအပြင် တခြားသော သစ်သီးဝလံတွေကို များများစားပေးပါ။အသီးကို ရေနဲ့ သေချာဆေးပြီး ဒီအတိုင်းစားလို့ ရသလို ဒိန်ချဉ်နဲ့တွဲစားတာဖြစ်စေ၊ ကြိတ်ထားတဲ့ သစ်သီးဖျော်ရည်အနေနဲ့ သောက်တာဖြစ်စေ စားသုံးပေးနိုင်ပါတယ်။ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓာတ်၊အာဟာရဓာတ်၊ အမျှင်ဓာတ်နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်တာကြောင့် မဖျားခင်ရော၊ ဖျားနေစဉ်မှာပါ စားပေးလို့ရပါတယ်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်အပြင် တခြားသော ဟင်းသီးဟင်းရွက်တွေကို တုပ်ကွေးဖျားနာဖြစ်နေတဲ့အချိန်မှာ ပိုပြီးစားပေးသင့်ပါတယ်။ ဝါးစားရလွယ်ကူပြီး အစာကို ကျေစေတယ်။ ကြိတ်ပြီး အရွက်ဖျော်ရည်နဲ့ သောက်သုံးနိုင်သလို အလွယ်တကူ သံလွင်ဆီနဲ့ သံပုရာသီးညှစ်ပြီးတော့လည်း အသုပ်ပုံစံမျိုး စားပေးလို့ရပါတယ်။ပျားရည်မှာဘက်တီးရီးယားပိုးမွှားတွေကို သေစေတဲ့ အာနိသင်ပါဝင်လို့ အနာကျက်မြန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ တုပ်ကွေးလက္ခဏာဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေတယ်။ ပျားရည်အနည်းငယ်ကို နွားနို့၊ ရေ၊ ရေနွေးကြမ်းတို့နဲ့ ရောပြီး သောက်သုံးပေးနိုင်ပါတယ်။ အသက် ၁၂လနဲ့အောက် ကလေးငယ်တွေကိုတော့ ပျားရည်တိုက်လို့ မရပါဘူး။တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးစာထဲမှာ ရေနွေးကြမ်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖျားနေတဲ့အချိန်မှာ ချွေးတွေထွက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်သလို ရေနွေးကြမ်းကို မပူမအေး နွေးနွေးလေး သောက်ပေးရင်လည်း နှာစေး၊ နှာပိတ်ဝေဒနာကို သက်သာစေပါတယ်။ဖျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းဓာတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအစာပါပဲ။ နူးညံ့တဲ့အသားနဲ့ ဝါးစားလို့လည်း လွယ်ကူတဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဆော်လ်မွန်ငါးကို တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓာကိုယ်ကို ရေဓာတ်မခမ်းခြောက်သွားဖို့အတွက် အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။ ရေ၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ပျားရည်၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေဟာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ရောဂါဝေဒနာတွေကို အမြန်သက်သာစေလို့ ဖျားနေစဉ်အချိန်အတွင်းမှာ များများသောက်ပေးဖို့ လိုအပ်ပါတယ်။အရက်၊ ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်၊ အမာစာနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ရေဓာတ်ကို ခမ်းခြောက်စေတယ်။ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေဟာ သကြားပါဝင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ကုန်ဆုံးစေလို့ ဖျားနေစဉ်မှာ ရှောင်ကြဉ်ရပါမယ်။အာလူးကြော်လိုမျိုး ဆီကြော်တွေကို လည်ချောင်းနာနေချိန်၊ ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဖျားနေစဉ်မှာခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် အာဟာရဓာတ်တွေကို လိုအပ်နေမှာ ဖြစ်လို့ အသင့်စား အစားအစာမျိုးတွေကို တုပ်ကွေးဖြစ်နေစဉ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။တုပ်ကွေးဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးဖို့နဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်လုံလောက်မှုဟာ အလွန်အရေးကြီးပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/best-nutrition-if-you-have-flu/
ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား
ရာသီဥတုဖောက်ပြန်မှုဟာ ကမ္ဘာကြီးကိုပဲ ထိခိုက်နိုင်တာမဟုတ်ပါဘူး။ လူသားတွေအပေါ်ကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ နဲ့ ကမ္ဘာ့နေရာဒေသတွေအပေါ် မူတည်ပြီး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ လူသားတွေရဲ့ကျန်းမာရေးဟာလည်း နည်းအမျိုးမျိုး နဲ့ ထိခိုက်လာပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပိုလို့တောင်ထိခိုက်မှုများနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါပြီ။(၁)      ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုပဲစဉ်းစားကြည့်ကြပါစို့။ အပူချိန်လွန်ကဲလာတဲ့အခါလျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်လာပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်းဟာ ဆေးရုံတွေအတွက် အတော်လေး အထိနာတဲ့ ကိစ္စကြီးတစ်ရပ်ပါ။ လျှပ်စစ်မီးပြတ်တောက်နေစဉ်မှာ ခွဲစိတ်မှုတွေ၊ လူနာသယ်ယူမှုတွေ၊ လူနာတွေကိုစမ်းသပ်စစ်ဆေးမှုတွေ (ဥပမာ ဓာတ်မှန်ရိုက်ခြင်း၊အာထရာဆောင်းရိုက်ခြင်း) စတာတွေကို ပြုလုပ်နိုင်ဖို့ ဘယ်လိုမှမလွယ်ကူလှပါဘူး။ လူနာတွေအတွက် တော်တော်လေးအဆင်မပြေနိုင်တဲ့ကိစ္စပါ။(၂)သစ်သီးဝလံရှားပါးမှုဟာအာဟာရချို့တဲ့မှုကို ဦးတည်နိုင်ပါတယ်။ ကုန်ဈေးနှုန်းကို မြင့်တက်စေနိုင်ပြီး လူတွေကို ဆာလောင်မွတ်သိပ်မှု ဖြစ်စေမှာပါ။ လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု များလာတာကြောင့် စိုက်ပျိုးထားတဲ့ ဘာလီ၊ ပဲစတဲ့ ကောက်ပဲသီးနှံတွေဟာ အာဟာရမပြည့်ဝဘဲ ဖြစ်နေတတ်ပါတယ်။(၃)အလုပ်လုပ်ရင်းကျန်းမာရေးပြဿနာများစွာနဲ့ကြုံလာရတတ်ပါတယ်။ဥပမာ လယ်သမား တွေ၊ အဆောက်အဦး ဆောက်လုပ်တဲ့ လက်သမားတွေ (ဆောက်လုပ်ရေး လုပ်သားတွေ)မှာအပူလျှပ်ခြင်း၊ အပူငုတ်ခြင်းစတဲ့ အရေးပေါ် အခြေအနေတွေ ပိုမိုခံစားလာရပါတယ်။အပူချိန် မြင့်တက်လာတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ပါ။ နေ့ပိုင်းမှာ အပူချိန်ပြင်းထန်တာကြောင့် အလုပ်ချိန်ကို နောက်ရွှေ့ရာကနေ နေဝင်ရီသရော ညနေစောင်းပိုင်းတွေ ရောက်သွားတတ်ပါတယ်။ မှောင်စပျိုးချိန်ဟာ အင်းဆက်နဲ့ မြွေစတဲ့ အန္တရာယ်ကောင်တွေ ထွက်တဲ့အချိန်ဖြစ်တာကြောင့် မလွယ်ကူပါဘူး။(၄)      ပူပြင်းလာတဲ့နေ့ရက်တွေ၊ မိုးများလာခြင်းတွေနဲ့ စိုထိုင်းစများလာခြင်းတွေဟာကူးစက်ရောဂါတွေပိုမိုပျံ့နှံ့လွယ်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေနိုင်ပါတယ်။(၅)      ရေကြီးမှုတွေ၊ မိုးခေါင်မှု၊ မြေပြိုမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူတွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံလာရပါတယ်။စိတ်မတည်မငြိမ်တော့ဘူး။ စိတ်ဖိစီးမှုတွေများလာမယ်။ စိတ်ကျရောဂါတွေ ခံစားလာရမယ်။ နောက်ဆုံးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေအထိ ဖြစ်လာနိုင်ပါတယ်။(၆)      အပူချိန်များလာရင် လူသားတွေမှာဓာတ်မတည့်မှုတွေနဲ့အရေပြားရောဂါတွေ ရလာနိုင်ပါတယ်။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေလည်းဖြစ်ပွားလာနိုင်ပါတယ်။(၇)      ခြင်ကတစ်ဆင့်ပေါက်ဖွားတဲ့သွေးလွန်တုပ်ကွေးရောဂါဟာ အလွန်ကြောက်စရာကောင်းမှန်း သိရှိပြီးသား ဖြစ်မှာပါ။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ လွန်ခဲ့တဲ့ နှစ်(၅၀)ခန့်ထက်စာရင် အဆ(၃၀) မြင့်တက်လာပါတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်မှုကြောင့်ပါ။(၈)      ငှက်ဖျားရောဂါ၊ အာဟာရချို့တဲ့မှုနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတဲ့ ကလေးတွေနဲ့ လူကြီးတွေဟာ အပူနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ထပ်မံဖြစ်တဲ့အခါ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားထားရသူတစ်ယောက်ဟာ ရေနဲ့ ဓာတ်ဆားကို ဆုံးရှုံးပြီးသားပါ။အပူငုပ်ခြင်း၊အပူလျှပ်ခြင်းတွေပါ ထပ်ဖြစ်လာရင်တော့ ခန္ဓာကိုယ်ဟာ ရေဓာတ်ဆုံးရှုံးမှုကို ဘယ်လိုမှ ခံနိုင်ရည် မရှိနိုင်တော့ပါဘူး။(၉)မိုးခေါင်မှုနဲ့ရေပြတ်လပ်ရှားပါးမှုဟာ ကျေးလက်ဒေသကို ပျက်စီးစေနိုင်ရုံတင်မက မြို့ပြ ဒေသကိုပါ သွားသက်ရောက်နိုင်ပါတယ်။ သုတေသနတစ်ခုအရ မြို့ပြပြည်သူ အယောက်ပေါင်း သန်း(၁၅၀)ကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ တာဝန်ရှိသူတွေသာ အမြန်ဆုံးမပြုပြင်ပေးနိုင်ရင် ၂၀၅၀ ခုနှစ်လောက်ရောက်တဲ့အခါ ထိခိုက်သူလူဦးရေ တစ်ဘီလျံ (သန်း ၁၀၀၀) နီးပါးအထိ တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။(၁၀)ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ရေချိုတွေနည်းပါးလာပြီး‌ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ထိခိုက်နိုင်ပါတယ်။ မုန်တိုင်းတွေဟာလည်း မိလ္လာအညစ်အကြေးစနစ်တွေကို လျှံကျစေ နိုင်ပါတယ်။ဒီတော့ ရာသီဥတုဖောက်လွဲ ဖေါက်ပြန်မှုတွေကို တားဆီးကာကွယ်ဖို့ရန်အတွက် တစ်ထောင့် တစ်နေရာက ပါဝင်လိုက်ကြရအောင်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/climate-change-can-effect-you/
ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
မြန်မာနှစ်သစ်ကူးပွဲတော်သင်္ကြန်ပွဲတော်ရှိတဲ့ ဧပြီလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ်ထားတဲ့ လလေး တစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို အရေးပါတဲ့ ဧပြီလမှာ မွေးဖွားတဲ့ဘေဘီလေးက ကမ္ဘာ့ရေးရာ ပြဿနာတွေကို  သူမတူတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြလေ့ရှိကြသူတွေပါ။ မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဧပြီလမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။ဧပြီလဖွား ဘေဘီလေးတွေက လူအစုအဖွဲ့တွေ၊ သူငယ်ချင်း အုပ်စုတွေကို ဦးဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကြသူလေးတွေပါ။ သူတို့လေးတွေဟာ သူတို့ အနီးဝန်းကျင်ကသူတွေကိုကောင်းကောင်း ဦးဆောင်နိုင်တာတော့ အမှန်ပါ။ဧပြီလဖွား ဘေဘီလေးတွေက အရမ်းကိုသနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေမိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ စိတ်လည်း ရှည်ကြသလိုနားထောင် ကောင်းသူတွေပါ။ စိတ်ထိခိုက်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် အကောင်းဆုံးသော ပခုံးတွေကို ပိုင်ဆိုင်ထားကြသူလေးတွေပါ။ဧပြီလဖွားလေးတွေကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြသူလေးတွေ ဖြစ်သလို နှစ်လိုဖွယ် ကောင်းကြသူလေးတွေပါ။ ရှက်ရွံ့မှုကင်းပြီး ပြဿနာတွေကိုလည်း မရှောင်ပြေးတတ်ကြပါဘူး။ ဖြစ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံး နည်းလမ်းရှာပြီး ဖြေရှင်း တတ်ကြသူလေးတွေပေါ့။[embed-health-tool-vaccination-tool]။ဧပြီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေကစိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလိုပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဧပြီလဖွားလေးတွေက အနာဂတ်မှာတီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။ အနုပညာမှာ ဝါသနာထုံကြသူတွေပါ။ဒါကလည်း အခြားလဖွား ဘေဘီလေးတွေနဲ့ မတူတဲ့ ဧပြီလဖွားဘေဘီလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည် တစ်ခုပါ။ သူတို့က အပြောနဲ့မဟုတ်ဘဲ ကိစ္စတိုင်းကို အလုပ်နဲ့ သက်သေပြတတ်ကြသူလေးတွေပါ။ မလိုအပ်ဘဲ သူတို့လေးတွေရဲ့ စွမ်းအင်တွေကို အလဟဿ မသုံးတတ်ကြသူလေးတွေပေါ့။သူတို့လေးတွေက အခြေအနေ အချိန်အခါကို လိုက်ပြီး အကောင်းဆုံး တုံ့ပြန်ပြုမူတတ်ကြသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝကြသူလေးတွေ ဖြစ်ပေမယ့်လည်းစိတ်ခံစားမှုကို ထိန်းသိမ်းနိုင်စွမ်းကတော့ တော်တော်လေး နည်းပါတယ်။ သူတို့က အပြင်ပန်း ကြည့်လိုက်ရင် မာရည်ကျောရည် ရှိတယ်လို့ ထင်စရာ ရှိပေမယ့်အတွင်းစိတ်ထားကတော့ အတော်လေး နူးညံ့ပါတယ်။ဦးနှောက်ထက်နှလုံးသားရဲ့ စေရာကို လိုက်တတ်ကြသူလေးတွေပါ။သူတို့လေးတွေက ပွင့်ပွင့်လင်းလင်း နေတတ်ကြပေမယ့် သူတို့နဲ့ မတူတာက သူတို့လေးတွေက ချစ်ခင်ရင်းနှီးသူတွေအပေါ်မှာ သစ္စာရှိကြသူလေးတွေပါ။ သူတို့က သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာရော ချစ်သူ၊ အိမ်ထောင်ဖက်တို့အပေါ်မှာပါ သစ္စာရှိကြသူလေးတွေပါ။သူတို့လေးတွေမှာ ရှိနေတဲ့ အရည်အသွေးတွေအရ ခန့်မှန်းလို့ ရတာက သူတို့လေးတွေက ဦးဆောင်ဦးရွက် ပြုတတ်ကြသူလေးတွေပါ။ မိသားစုတွေကြားမှာရော မိတ်ဆွေသူငယ်ချင်းတွေ ကြားမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့ ခေါင်းဆောင်ကောင်းလေးတွေပါ။ဧပြီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-april-born-babies/
တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု
လေလေးနည်းနည်း တိုက်တာနဲ့၊ မိုးလေး ညို့တာနဲ့ အနွေးထည် ပြေးဝတ်ရတဲ့ ဒုက္ခကို အအေးဒဏ် မခံနိုင်သူတွေပဲ သိပါတယ်။ ကုန်ကုန်ပြောရရင် အဲယားကွန်း အအေးကိုတောင် မခံနိုင်လို့ ပိတ်ပစ်ရတာ၊ ရှောင်ပြေးရတာ၊ အဝတ်အစားအထပ်ထပ် ဝတ်ထားရတာမျိုးတွေတောင် ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက ဘာတွေ ဖြစ်မလဲ။တခြားသူတွေနဲ့ မတူဘဲ ကိုယ့်မှာမှ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ သိချင်နေမှာပေါ့။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေ အမျိုးမျိုး ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက။(၁)သွေးအားနည်းခြင်း။ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့ အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ ချမ်းလွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျား အေးတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်သင့်သောက်၊ စားသင့်တာ စားရပါမယ်။(၂) သိုင်းရွိုက်ဟော်မုန်း ‌ပြဿနာ။သိုင်းရွိုက်ဂလင်းက ဟော်မုန်း အလုံအလောက် မထွက်တာပါ။ ဒါ့ကြောင့်ပဲ အအေးဒဏ်ကို ခံနိုင်ရည်မရှိတာ အပြင် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။(၃)ကျောက်ကပ်မကျန်းမာခြင်း။ဆီးချိုနဲ့ သွေးတိုးကြောင့် ကျောက်ကပ်ရောဂါ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်က သွေးကို မစစ်ထုတ်ပေးနိုင်တော့တဲ့အတွက် ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့အဆင့်အထိ စုလာနိုင်ပါတယ်။ ဒီလိုကနေ ကိုယ်အပူချိန် ကျလာပြီး တခြားပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကျောက်ကပ်ရောဂါက သွေးအားနည်းခြင်း နဲ့ ဆက်နွှယ်နေသလို ဒါတွေ ဖြစ်နေရင် အပြင်ရာသီဥတု ပူနေရင်တောင် အတွင်းက ချမ်းလာ၊ စိမ့်လာတာမျိုး ခံစားရနိုင်ပါတယ်။(၄)အမျိုးအစား ၂ ဆီးချိုရောဂါ။ဆီးချိုရှိနေတယ်ဆို သွေးအားနည်းတာ၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်တဲ့ အာရုံကြောထိခိုက်မှု ကနေလည်း ချမ်းစိမ့်ခြင်းကို ဖြစ်လွယ်စေပါတယ်။ အစားအသောက်၊ အနေအထိုင် ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းတာက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။(၅)ဗီတာမင် B12 ချို့တဲ့ခြင်း။ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 မလုံလောက်ရင် သွေးအားနည်းစေနိုင်တယ်။ ဗီတာမင် B12 ကို ကြက်သား၊ ကြက်ဥ၊ ငါးတွေကနေ ရနိုင်ပါတယ်။(၆)သံဓာတ် အားနည်းခြင်း။သံဓာတ် မလုံလောက်ရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအရင်းအမြစ်ကတော့ အနီရောင်အသားတွေ ဖြစ်ပေမယ့် ကြက်သား၊ ဘဲသား၊ ဝက်သားနဲ့ ငါးကနေ လည်း ရနိုင်ပါတယ်။ အသားမဟုတ်တဲ့ အရင်းအမြစ် ဆိုလည်း သံဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ဗိုလ်စားပဲ၊ အစိမ်းရင့်ရောင် အသီးအရွက် တွေကနေ ရနိုင်ပါတယ်။(၇) ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး။ကိုယ် လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း အအေးဒဏ် ခံနိုင်ရည် နည်းစေနိုင်ပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခေါင်းမူးမယ်၊ ပင်ပန်းလွယ်မယ်၊ မအီမသာဖြစ်စေနိုင်တယ်၊ ခြေဖျားလက်ဖျား အေးစက်လာနိုင်တယ်။ သံသယရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်မေးမြန်းပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/possible-causes-abnormally-low-body-temperature/
ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ
လူ့ခန္ဓာကိုယ်က ကိုယ်တွင်းက ပြောင်းလဲမှုကိုရော ပြင်ပက ပြောင်းလဲမှုကိုပါ တုံ့ပြန်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ဟာလည်း ပြင်ပက ပတ်ဝန်းကျင်အပူချိန်မြင့်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တွင်းက အပူချိန်မြင့် လာရင်ပဲဖြစ်ဖြစ် အပူချိန် တက်လာတတ်ပါတယ်။ ဖျားနေတာမဟုတ်ဘဲလည်း ကိုယ်အပူချိန် တက်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ကဲ …… ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ က ဘာတွေများ ဖြစ်မလဲ။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ဖြစ်ပြီး နေ့တစ်နေ့တာရဲ့ အပူချိန်​ကြောင့် ၀.၉ ဒီဂရီဖာရင်ဟိုက်လောက် ကွာခြားသွားတာမျိုး ရှိနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှကိုယ်အပူချိန်ကလည်း အနည်းငယ်လောက် ကွာခြားနိုင်ပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ နောက်တစ်ချက်လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပုံမှန်ထက် ကိုယ်အပူချိန်က မြင့်တက်နေနိုင်ပါသေးတယ်။ ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အထက် ဖြစ်နေမယ်ဆိုရင်တော့အဖျားရှိနေတာပါ။ဦးနှောက်ထဲက hypothalamus လို့ခေါ်တဲ့ လို့ခေါ်တဲ့ အစိတ်အပိုင်း တစ်ခုရှိပါတယ်။ ဒီ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို အမြဲမပြတ်စောင့်ကြည့်ပြီး ပုံမှန် ကိုယ်အပူချိန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ခန္ဓာကိုယ် အပူချိန် မြင့်လာတဲ့အခါချွေးထွက်ပြီး ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အေးတဲ့အခါအသားကို တဆတ်ဆတ်တုန်ယင်မှု ဖြစ်စေပြီးအနွေးဓာတ်ရရှိအောင် လုပ်ဆောင်ပေးပါတယ်။ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန် မြင့်တက်နေတဲ့အခါမျိုးမှာ။ရေအေးအေးသောက်ပါ။ကိုယ်အပူချိန် မြင့်တက်နေတာကို သက်သာစေဖို့ဆိုရင်ရေအေးအေးလေးသောက်ပါ။ ဒါမှမဟုတ် ရေနွေးကြမ်းကို အအေးခံ ထားတာမျိုးကို သောက်သုံးပေးပါ။ ဒါက ကိုယ်တွင်းအပူချိန်ကို လျှော့ချဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ရေကို ပုံမှန်သောက်ပေးတာက ခန္ဓာကိုယ်ရေဓာတ်ကို ဖြည့်ပေးရာရောက် သလို ကိုယ်အပူချိန် မြင့်တက်မှုကိုလည်း လျှော့ချပေးနိုင်မှာပါ။လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ။ကိုယ်အပူချိန်မြင့်တက်နေတာကို သက်သာစေဖို့ဆိုရင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထိုင်နားတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်တွင်းက အပူတွေကို အထိရောက်ဆုံး လျှော့ချပေးနိုင်မှာပါ။ရေအေးအေးနဲ့ရေချိုးပါ။ကိုယ်အပူချိန် မြင့်တက်နေတဲ့အခါ ရေအေးအေးနဲ့ ရေချိုးချလိုက်တာ၊ရေကျက်သီးနွေးနဲ့ ရေချိုးတာက ကိုယ်အပူချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ ရေအေးဝတ် တိုက်ပေးတာကလည်း ကိုယ်အပူချိန်ကို လျော့ကျစေမယ့် အထိရောက်ဆုံးနည်းလမ်း တစ်ရပ်ပါ။ရေခဲဝတ်ကပ်ပါ။ရေခဲဝတ် ကပ်တာကလည်း ကိုယ်အပူချိန်ကို လျှော့ချပေးနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ကိုယ်အပူချိန် မြင့်နေတဲ့အခါ လည်ပင်းဘေးနှစ်ဖက်၊ ချိုင်းအောက်နဲ့ ပေါင်ခြံစတဲ့နေရာတွေကို ရေခဲဝတ် ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်အပူချိန် ကျစေပြီး သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေမှာပါ။လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့။လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က အပူချိန် ပိုထွက်ပါတယ်။ရာသီဥတုပူတဲ့အခါမျိုးမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ လှုပ်ရှားမှု များတာက ကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သိပ်ပူတဲ့အခါ လှုပ်လှုပ်ရှားရှား မလုပ်ဖို့ ဂရုပြုပါ။ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပါ။အချို့သော အဝတ်အစားတွေက အပူတွေကို စုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု ပူတဲ့အခါ သဘာဝ ချည်မျှင်ကနေရတဲ့ ချည်သား၊ လီနင်သားစတာတွေကို ပွပွချောင်ချောင်လေး ဝတ်ဆင်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/best-ways-to-reduce-body-heat/
ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား............
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မေမေ ကိုယ်တိုင်ရော ဗိုက်ထဲကဘေဘီလေးကိုပါ ကျန်းမာစေချင်တာ မေမေတိုင်းရဲ့ စိတ်ကူးပါ။ဆရာဝန်ကပြောတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း တသွေမသိမ်း လိုက်နာတာက မေမေရဲ့ အနှိုင်းမဲ့ မေတ္တာပေါ့။ဒီလိုများကြားတဲ့အခါ ဘာကိုတော့ စားပေးပါ။ ဘာကိုတော့ မစားနဲ့၊ ရေကိုတော့ သောက်ပါအယ်လ်ကိုဟောနဲ့ကဖင်းပါတာတွေကို မသောက်ပါနဲ့ ဆိုတာမျိုး ပါနိုင်ပါတယ်။ဒီတော့ ရေသောက်ဆိုတဲ့နေရာမှာ အေးအေးလေးသောက်ချင်လို့ရေခဲရေသောက်လို့ရမလားဆိုတဲ့ မေးခွန်းလေးတွေ ထွက်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က ပုံမှန်ထက် ပူနိုင်တာကြောင့် ရေခဲရေ သောက်ချင်တာရေခဲတုံးစားချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါဆို ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား………… ဆိုတာကို ဆွေးနွေးရအောင်လား……………။ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲရေသောက်လို့ရပါတယ်။ သိပ်အေး မနေဖို့တော့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လိုအပ်ချက်ရော ရေဓာတ်လိုအပ်ချက်ကိုပါ လစ်ဟာမှု မရှိဖြည့်နိုင်မှ မေမေရော ဘေဘီလေးပါ ကျန်းမာမှာဆိုတော့ရေသောက်တာ ရေငတ်မပြေလို့ ရေအေးအေးလေး သောက်ချင်တယ်ဆိုရင် ရေခဲရေ မအေးတာလေး သောက်လို့ရပါတယ်။ရေခဲရေ သောက်တာ​ကြောင့် မေမေရော ဘေဘီလေးကိုပါထိခိုက်မှုတစ်စုံတစ်ရာဖြစ်မှာ မဟုတ်ပါဘူး။ ရေခဲရေအစား အချိုရည် အေးအေးလေး သောက်တာမျိုးတာ့ မလုပ်စေချင်ပါဘူး။ အချိုရည်ကမေမေ့ကျန်းမာရေးကိုရော ဘေဘီလေးကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လရင့်လာလေလေ အစားစားတာ ရေသောက်တာတွေကို နည်းနည်းချင်းစီ နဲ့ ဖြည်းဖြည်းချင်းစီ လုပ်ရပါတယ်။ အေးနေတဲ့ ရေကို တရစပ် မော့ချတာကကိုယ်ဝန်ဆောင်မေမေမှ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း ဗိုက်အောင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ပြောချင်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲရေ သောက်တာသက်သက်ကြောင့်တော့ မေမေဗိုက်မအောင့်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ အေးလွန်းနေတာမျိုးကိုတော့ မရွေးစေချင်ပါဘူး။ရေခဲရေကအစာချေဖျက်မှုကို နှေးစေပြီး အူတွေရဲ့အာဟာရစုပ်ယူနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထမင်းစားချိန်မှာတော့ ရေခဲရေမသောက်ပါနဲ့။ ရေခဲရေ သောက်တဲ့အခါမှာလည်း တစ်ခါတည်း အများကြီး မော့ချတာမျိုး မလုပ်ဘဲ ခွက်ထဲကို ထည့်လို့ နည်းနည်းချင်း သောက်ပေးပါ။ကိုယ်ဝန်ဆောင်ချိန် အစစအရာရာ သတိထားရချိန်မို့ ရေခဲရေကို စိတ်လွတ်ကိုယ်လွတ် သောက်ချင်တိုင်းတော့ သောက်လို့ မရပါဘူး။ ကိုယ်ဝန် အခြေအနေနဲ့ ရေခဲရေ သောက်ဖို့ သင့်တော်ရဲ့လားဆိုတာကိုလည်း ဆရာဝန်ကို မေးဖို့ လိုပါမယ်။ကိုယ်ဝန်က ထိခိုက်လွယ်တဲ့ အနေအထားမျိုး ဆိုရင်တော့ ရေခဲရေကို မသောက်တာက အကောင်းဆုံးပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲရေသောက်ချင်ရင် သောက်လို့ရမလားဆိုတာကို ဆရာဝန်နဲ့ အရင်သေချာလေးမေးပါ။ပုံမှန်ကတော့ သိပ်မအေးရင် ရေခဲရေ သောက်လို့ရတယ် ဆိုပေမယ့် အထိခိုက်မခံတဲ့ ကိုယ်ဝန်ဆောင် ကာလမှာတော့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ရေခဲသေတ္တာထဲက ရေအေးအေးကို သောက်လို့ရပေမယ့် အေးစက်နေတဲ့ ရေကို သောက်မယ်ဆိုရင်တော့ သတိထားစေချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/is-it-safe-to-have-cold-water-or-beverage-during-pregnancy/
COVID-19 (Coronavirus disease) နဲ့ ပတ်သက်တဲ့ အချက်အလက်အမှားများ
COVID-19ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ရှင်းလင်းပြောပြထားပါတယ်။အရာဝတ္ထုတွေကို ပိုးသတ်ဖို့အတွက်ပဲ ဒါတွေသုံးစွဲသင့်ပါတယ်။ လူမှာသုံးစွဲရင် မျက်လုံး ဒါမှမဟုတ် ပါးစပ်ထဲ မတော်တဆ ဝင်သွားတဲ့အခါ အန္တရာယ်ရှိပါတယ်။ နောက်ပြီး ဒါတွေဖြန်းလိုက်ရုံနဲ့ ကိုယ်တွင်းကဗိုင်းရပ်စ်လည်း မသေသွားပါဘူး။ ရေမလို လက်သန့်ဆေးရည်မှာတောင် အယ်လ်ကိုဟောက ၇၀ရာခိုင်နှုန်းပဲ ပါရတာပါ။ ဒီထက်ပိုရင် အရေပြားကို ခြောက်သွေ့ပြီး ပျက်စီးစေတာကြောင့် ပိုးဝင်လွယ်ပါလိမ့်မယ်။လက်ရှိအချိန်ထိ COVID-19 ရောဂါကို လူသန်းနဲ့ချီကူးစက်ခံထားရပြီး ဒီအထဲမှာကလေးငယ်တွေနည်းနည်းပဲ ပါဝင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးတွေက COVID-19 ကူးစက်ခံရနိုင်ခြေနည်းတာ ကိုတွေ့ရှိထားပေမဲ့ ရောဂါလုံးဝမဖြစ်ဘူးလို့တော့ မဆိုလိုပါဘူး။လုံးဝမှားပါတယ်။ အမှန်အတိုင်းပြောရရင် COVID-19 ရောဂါက ကူးစက်မြန်ပေမဲ့ သေဆုံးနိုင်ချေ အတော်လေး နည်းပါတယ်။ COVID-19 ရောဂါဖြစ်ပွားသူ ၈၀% ကျော်ဟာ ကုသမှုခံယူစရာမလိုဘဲ ပြန်ကောင်းနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကရော၊ COVID-19 ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံပါ ထုတ်ပြန်ထားပါတယ်။COVID-19 ရှိသူနဲ့ကြာကြာနေလေ ရောဂါကူးနိုင်လေပါပဲ။ ဒါပေမဲ့ ဘယ်လောက်ကြာကြာနေမှ ရောဂါကူးခံရမယ်ဆိုပြီး သတ်မှတ်ချက်တော့ မရှိပါဘူး။ ၁၀ မိနစ်တောင်မကြာဘဲနဲ့လည်း ကူးစက်ခံရနိုင်ပါတယ်။အစွန်းချွတ်ဆေးတွေကို ဓာတုဆေးအပြင်းစားတွေနဲ့ထုတ်လုပ်ထားတာဖြစ်လို့ အရာဝတ္ထုတွေအပေါ်မှာပဲ သုံးစွဲရပါမယ်။ ပါးစပ်ထဲထည့် ပလုတ်ကျင်းရင် အရေပြားတွေပျက်စီးကုန်ပြီး အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်။အပူချိန်တိုင်းစက်တွေက လူတစ်ယောက် ဖျားနာခြင်းရှိ၊မရှိကိုပဲ တိုင်းတာနိုင်တာပါ။ ရောဂါရှိမရှိစစ်ဆေးတာ မဟုတ်ပါဘူး။ COVID-19 ဖြစ်ရင် အများစုကဖျားတဲ့အတွက် ကိုယ်အပူချိန်တိုင်းတာဖြစ်ပါတယ်။ ပြောရမယ်ဆို အဖြစ်အများဆုံးရောဂါလက္ခဏာကို စစ်ဆေးတဲ့သဘောဖြစ်ပါတယ်။ဆားရည်နဲ့ပလုတ်ကျင်းတာ၊ ဗီတာမင် စီ အလွန်အကျွံသောက်တာ၊ ဘာအဆီ ညာအဆီတွေရောသောက်တာ၊ ဟိုအရွက် ဒီအရွက်တွေပြုတ်သောက်တာ စတဲ့ဘယ်ဆေးမြီးတိုနဲ့မှ COVID-19 ကိုပျောက်အောင်မလုပ်နိုင်ပါဘူး။တုပ်ကွေးနဲ့အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေက အေးတဲ့ရာသီဥတုမှာ ပိုမြန်မြန်ပျံ့နှံ့ဖြစ်ပွား ပါတယ်။ ဒါပေမဲ့ ရာသီဥတုပူတာကြောင့် ဗိုင်းရပ်စ်သေတယ်ဆိုတာတော့ အခုချိန်ထိ သက်သေမပြနိုင်သေးပါဘူး။ကိုရိုနာဗိုင်းရပ်စ်က သာမန်တုပ်ကွေးဗိုင်းရပ်စ်ထက် ပိုပြင်းထန်ပေမဲ့ ကြောက်စရာအကောင်းဆုံးဗိုင်းရပ်စ်တော့ မဟုတ်ပါဘူး။ အီဘိုလာဗိုင်းရပ်စ်လို ဗိုင်းရပ်စ်တွေက သေဆုံးနိုင်ခြေ အများကြီးပိုမြင့်ပါတယ်။အခုထိ COVID-19 အတွက် ကာကွယ်ဆေးမပေါ်သေးပါဘူး။ နှစ်တိုင်း မေလ၊ ဇွန်လ လောက်မှာထွက်တဲ့ တုပ်ကွေးကာကွယ်ဆေးဆိုတာလည်းရာသီတုပ်ကွေးကိုပဲ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးတာဖြစ်ပါတယ်။ရေးသားသူ – DR. HTOO TINT။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-coronavirus-disease-%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%a1/
ချွဲကြပ် ခြင်း
ခုရက်ပိုင်း ရာသီဥတုလေးအေးလာတော့လည်ချောင်းထဲက နာသလိုလို၊ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်နေတယ်ဟုတ်။ အေးမြတဲ့ရာသီဥတုက စိတ်ကြည်နူးစရာကောင်းပေမယ့် ရောဂါအခံရှိနေသူတွေနဲ့ကိုယ်ခံအားနည်းသူတွေအတွက်တော့ စိတ်ပျက်စရာပါ။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးအောင် အားဖြည့်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။ချွဲကြပ်တာက အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရတာခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး ခန္ဓာကိုယ်ပြင်ပကို ထွက်ရှိဖို့ ပုံမှန်ထက် ပိုမိုခက်ခဲတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါအသက်ရှူရခက်တာ၊ အသက်ရှူကြပ်တာမျိုးဖြစ်နိုင်ပါတယ်။ချောင်းဆိုးတာ၊ ချွဲသလိပ်ထွက်တာတွေက ချွဲကြပ် တာရဲ့ သိသာတဲ့ လက္ခဏာရပ်တွေပါ။ ချွဲကြပ်တဲ့အခါ ထွက်လာတဲ့ ချွဲအရောင်က တစ်ခုနဲ့တစ်ခု မတူတာမျိုးတော့ ရှိနိုင်ပါတယ်။ ချွဲကြပ်တဲ့အခါ ချွဲအရောင်က အကြည်ထွက်တာမျိုးရှိနိုင်သလို အဖြူရောင်၊ အစိမ်းရောင် ၊အဝါရောင်ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေနဲ့အတူ –။တကယ်လို့ ချွဲတွေက အဝါရောင်ဖြစ်နေမယ် ဒါမှမဟုတ် အစိမ်းရောင်ဖြစ်နေမယ်၊ ချွဲနဲ့အတူ သွေးပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ ပြောပါရစေ။ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာ အခုလို လက္ခဏာတွေဖြစ်နေပြီဆိုရင် အမြန်ဆုံးဆရာဝန်နဲ့ ပြသဖို့ ပြောပါရစေ။ချွဲကြပ် တယ်ဆိုတာက လေပြွန်နဲ့ အဆုတ်ထဲမှာ ချွဲသလိပ်တွေ အရမ်းများနေတာကြောင့်ပါ။ ပုံမှန်အားဖြင့်တော့ သလိပ်တွေက အဆုတ်ထဲက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို စစ်ထုတ်ဖယ်ရှားပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ပေးတာပါ။ ဒါပေမယ့်ဗိုင်းရပ်စ်တွေကူးစက်ခံရတဲ့အခါမျိုးအအေးမိဖျားနာဖြစ်တဲ့အခါမျိုးမှာ ချွဲတွေက ပိုမိုဖြစ်ပေါ်နေတတ်ပါတယ်။ချွဲကြပ်တာက အခန့်မသင့်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သေချာသတိထားဖို့ ပြောပါရစေ။ ဆောင်းအေးအေးမှာ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/chesty-coughs/
ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
နှစ်တစ်နှစ်တာကို အတော်လေး ခရီးရောက်လာပြီဖြစ်တဲ့ တစ်နှစ်တာရဲ့ နံပါတ် ၈ ခုမြောက် လလေး တစ်ခုပါ။မိုးရေဖွေးဖွေးနဲ့ ငါး၊ ပုစွန်တွေကို ပေါပေါများများ စားလို့ ရသလို အသီးအနှံတွေကိုလည် လတ်ဆတ်ချိုမြိန်စွာ စားလို့ရတဲ့ လလေး တစ်လပေါ့။ ဒီလိုမျိုး ဝပြောမှုတွေကို ယူဆောင်လာတဲ့ ဩဂုတ်လမှာ မွေးဖွားလာတဲ့ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဩဂုတ်လမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှုရှိကြပါတယ်။ သူတို့လေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်စွမ်းကြသူလေးတွေပါ။စိတ်ဓာတ်ခိုင်မာကြပြီး မာနကြီးကြာသလို သစ္စာလည်းရှိပြီး ရဲရင့်မှုနဲ့လည်း ပြည့်စုံပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိကြတတ်ကြပါတယ်။ သူတို့လေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစွာနဲ့ အကောင်းဆုံး ကြီးပြင်းလာကြမယ့် သူလေးတွေပါ။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကအလုပ်ကြိုးစားကြသလို လက်တွေ့လည်း ဆန်ကြပါတယ်။ အများနဲ့ ပူးပေါင်းလုပ်ကိုင်တတ်သလို စည်းရုံးမှုအားလည်း ကောင်းကြပါတယ်။ ငယ်စဉ်ကတည်းက တာဝန်ယူလိုစိတ်ရှိကြသူလေးတွေ ဖြစ်ကြပြီး အရွယ်ရောက်လာတာနဲ့အမျှ တာဝန်ယူလိုစိတ် ပိုပြီးကြီးမားလာကြပါတယ်။ အသေးစိတ်လေးတွေကအစ အာရုံစိုက် လုပ်ဆောင်တတ်ပြီး ပန်းတိုင်တွေကိုလည်း အောင်မြင်အောင် လုပ်ဆောင်တတ်ကြသူလေးတွေပါ။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေမှာ ပင်ကိုယ်ဗီဇလို ပါဝင်လာတဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ၊ ပူးပေါင်းဆောင်ရွက်တတ်တာ၊ လက်တွေ့ကျတာတွေက သူတို့လေးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်စေနိုင်ပါတယ်။ အဖွဲ့အစည်း ကြီးကြီးမားမားတွေကို ဦးဆောင်နိုင်စွမ်း ရှိကြပြီး ခေါင်းဆောင်နိုင်မှု စွမ်းရည်နဲ့အတူ မွေးဖွားလာကြသူတွေပါ။ ကြံ့ခိုင်တဲ့ ခေါင်းဆောင်တော်တော်များများက ဩဂုတ်လဖွားတွေပါတဲ့။ဩဂုတ်လဖွား ဘေဘီလေးတွေကပေါင်းသင်းဆက်ဆံရေးပြေပြစ်ကြပါတယ်။ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအရမ်း မကောင်းကြပေမယ့် ကြင်နာတတ်ကြပါတယ်။ အခြားသူတွေနဲ့ ရင်းနှီးကျွမ်းဝင်လွယ်ပြီး နားထောင်ကောင်းသူတွေပါ။ သူတို့လေးတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံမှု စွမ်းရည်က သံသယဖြစ်စရာ မရှိအောင် အတော်လေး ကောင်းကြပါတယ်။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကလေးလေးစားစား ဆက်ဆံခံရတာကို အတော်လေး နှစ်သက်ကြပါတယ်။ သူတို့ကို လူတိုင်းက တလေးတစား အလေးထား ဆက်ဆံတာကို အတော်လေး သဘောကျတာကတော့ မွေးရာပါ ဗီဇပါ။သူတို့လေးတွေက ပတ်ဝန်းကျင် အနေအထားတဲ့ လိုက်လျောညီထွေ နေတတ်တယ်ဆိုပေမယ့် လူတိုင်းကို အယုံလွယ်ကြသူတွေတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ယုံကြည်ဖို့ အတော်လေး အချိန်ယူလေ့ရှိကြပါတယ်။ လူတိုင်းကို သူ့အကြောင်းတွေ အလွယ်တကူနဲ့ ရင်ဖွင့်လေ့လည်း မရှိကြပါဘူး။[embed-health-tool-vaccination-tool]။ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက သူငယ်ချင်း ပေါင်းသင်းတဲ့အခါမှာလည်း စံနှုန်းမြင့်ပါတယ်။ သူတို့က အတော်လေး ယုံကြည်ရမှ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ပေါင်းကြတာပါ။ လူတိုင်းကို သူငယ်ချင်းအဖြစ် ပေါင်းသင်းလေ့ မရှိကြပါဘူး။လူတွေရဲ့ စိတ်ကို ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ လူတွေရဲ့ အတွင်းစိတ်တွေထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာကို အနီးစပ်ဆုံး ဖတ်နိုင်တဲ့ လဖွားလေးတွေပါ။ ဒါကလည်း သူတို့လေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည် တစ်ခုပါပဲ။ဩဂုတ်လဖွား ဘေဘီလေးတွေက စိတ်အားထက်သန်ကြသူလေးတွေပါ။ အခက်ခဲဆုံး အခြေအနေတွေကိုလည်း အကောင်းဆုံး ကျော်လွှားတတ်သူလေးတွေက ဩဂုတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေပါ။ စိတ်အားထက်သန်ပြီးခေါင်းဆောင်မှုစွမ်းရည်ကောင်းကြသူလေးတွေပါ။ဩဂုတ်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-august-born-babies/
အော်ငေါက်တဲ့အမူအကျင့်ကို ပြုပြင်ပါ
သင့်အနေနဲ့ စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်နေချိန်၊ အနားယူဖို့ လိုအပ်နေချိန် သင့်ကလေးတွေဟာ အနားမှာ အော်ဟစ်ဆူညံနေမယ် ဆိုရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ သင်ပကလေးတွေကို တိတ်တိတ်နေဖို့ ပြောနေပေမယ့် သူတို့က ဂရုမထားတဲ့အခါ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်ပြီး ဒေါသနဲ့ အော်ငေါက်မိနိုင်ပါတယ်။အော်ငေါက်ခြင်းဟာ တကယ်တမ်းမှာ သိပ်ပြီးအလုပ်မဖြစ်လှပါဘူး။ ဒါ့အပြင် အော်ငေါက် ဆူပူတာများလာရင်လည်း ရိုးသွားနိုင်ပြီး သင့်ကို လစ်လျူရှုလာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးတွေကို လေ့ကျင့်သင်ကြားရာမှာ သိပ်ပြီး အလုပ်မဖြစ်လှတဲ့ အော်ငေါက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါစို့။အော်ငေါက်ခြင်းကြောင့် သင့်ကလေးတွေအတွက် ဆိုးကျိုးများစွာဟာ မသိမသာ ရရှိသွားနိုင်ပါတယ်။ အော်ငေါက်ခြင်းဆိုတာ ဒေါသထွက်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကလေးများအတွက် နာကျင်စေတဲ့ စကားလုံးများ ထွက်လာနိုင်ပါတယ်။ သင့်ကလေးဟာ ထိရှခံစားလွယ်သူဆိုရင် ပိုပြီး ဒုက္ခပေးပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ပူပန်မှုနဲ့ မိမိကိုယ်ကို သိမ်ငယ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ဒါ့အပြင် အော်ငေါက်ခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ သင်ဟာ သူတို့ရဲ့ စံပြုပုဂ္ဂိုလ်ပဲဖြစ်တာကြောင့် ဒီအပြုအမူတွေကို အတုခိုးသွားနိုင်ပါတယ်။ ဒီလိုအော်ငေါက်တဲ့ အကျင့်ကို အမြဲပြုလုပ် နေမယ်ဆိုရင် ဒါဟာ လူမှုဆက်ဆံရေး ပုံစံတခုလို့ ယူဆသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီအမူအကျင့်ကို အတုခိုးသွားပြီး နောင်ကြီးပြင်းလာတဲ့အခါ သင့်ကို တန်ပြန်အော်ငေါက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးဟာ အော်ငေါက်တတ်သူ ဖြစ်မလာအောင် သင်ကပါ ဆင်ခြင်ဖို့ လိုပါတယ်။အော်ငေါက်တဲ့အကျင့်ကို ပြင်နိုင်ဖို့ ပထမအနေနဲ့ ဘယ်အရာတွေက သင့်ကိုစိတ်တိုစေသလဲဆိုတာ သိထားသင့်ပါတယ်။ သင့်စကားကို နားမထောင်ခြင်း၊ ဂရုမစိုက်လုပ်တတ်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံမှာ သင်ဟာ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတဲ့အခါ ဖိအားတွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့ အော်ငေါက်တတ်တာမျိုးတွေ ရှိပါတယ်။ သင့်ဒေါသရဲ့ ဇစ်မြစ်ကို သိလာရင် ဒီအမူအကျင့်ကို ပိုကောင်းလာအောင် ပြုပြင်နိုင်ပါလိမ့်မယ်။ဒုတိယအချက်ကတော့ သင့်အနေနဲ့ ကလေးကို အော်ငေါက်ဖို့စိတ်ပေါ်လာရင် တခြားကို ထွက်သွားလိုက်ဖို့ပါပဲ။ အချိန်နည်းနည်းယူလိုက်ရင် တည်ငြိမ်သွားပြီး သင့်ဒေါသကိုလည်း ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ဒီဖြစ်ရပ်ကနေ သင့်ကလေးကို ဘာသင်ယူစေချင်လဲဆိုတာ စဉ်းစားကြည့်ပါ။ အော်ငေါက်ခြင်းဟာ သင်ဘယ်လိုခံစားရလဲဆိုတာပေါ် မူတည်ပြီး ကလေး ဘာလုပ်ခဲ့လဲဆိုတာနဲ့ မတိုင်တဲ့ အပြစ်ပေးခြင်းတမျိုး ဖြစ်လာစေပါတယ်။ ဒီအရာကနေ သင့်ကလေးဟာ ဘာကိုမှ ဟုတ်တိပတ်တိ မသင်ယူနိုင်ပါဘူး။သင်တည်ငြိမ်အေးဆေးသွားတဲ့အခါ အပြုသဘောဆောင်တဲ့ပုံနဲ့ပဲ သင့်ကလေးဆီ ပြန်သွားပါ။ ဘယ်အရာက မှန်လဲ၊ ဘယ်အရာကို လက်မခံနိုင်သလဲ ဆိုတာကို အေးဆေးစွာ သေချာ ရှင်းပြပေးပါ။ သင် သူတို့ကို ဘာတွေဖြစ်စေချင်လဲ ဆိုတာ တိတိကျကျပြောပြပါ။ သူတို့ကြီးပြင်းလာပြီး သင်ပြောသမျှကို နားလည်နိုင်မယ့်အချိန်မှာ ပြသနာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်အောင် အားပေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%b1%e1%80%ac%e1%80%ba%e1%80%84%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%99%e1%80%b0%e1%80%a1%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%80/
ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်
ဆံနွယ်လေးတွေ လှပနေဖို့ မိန်းကလေးတိုင်း မျှော်လင့်ကြတာပေါ့။ ငွေအကုန်ကျခံပြီးတောင် ဆိုင်သွားသွားပြီး ဆံပင် ပုံလှလှလေး ရအောင် အပ်ရတာလေ။ ဆံနွယ်လေးတွေ ထူဖို့၊ ပျော့ပျောင်းဖို့၊ ပုံကျလှပဖို့၊ အရောင် လှဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။ဆံပင် ပျော့ပျောင်းလှပဖို့တော့ ဆံပင်ပျော့ဆေးတွေ သုံးကြတာပေါ့။ ဆိုင်မှာ လျှော်ရင် ပိုသုံးပါသေးတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရတတ်တာကြောင့် အရည်အသွေး မကောင်းတဲ့ ဆံပင်ပျော့ဆေးတွေ ကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့်ဆံသားပျက်စီးတာသာ အဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ကြက်ဥက ဆံသားထဲမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာ တွေကိုပျောက်ကင်းစေနိုင်တယ်။ဒီပစ္စည်း နှစ်မျိုး ပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ –။ဒီနည်းကတော့ ဆံသားပျက်စီးနေသူ တွေအတွက် ပိုကောင်းပါတယ်။ Cocoa butter က ဆံသားကို အစိုဓာတ်ရစေပြီး တောက်ပြောင်လှပစေပါတယ်။ lavender oil ကတော့ ဆံပင် ကျွတ်ခြင်းကို ကုသနိုင်စွမ်းရှိလို့ နှစ်မျိုး ပေါင်းစပ်တဲ့အခါ ဆံသားပြန်လည် အားဖြည့်တဲ့အာနိသင်ကောင်းတာ ဖြစ်ပါတယ်။အလုပ်တွေ များကြတဲ့ ယနေ့ခေတ်မှာ ဒီလိုပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲဖို့က အချိန်ပေးဖို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ပိတ်ရက်လေးမှာဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စလုပ်သင့်ပါတယ်။ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်မကြာခဏ ပြောင်းလဲနေတတ်တဲ့သူတွေ ဆို ဒီနည်းတွေကို မကြာခဏ သုံးပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba-2/
နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ
ကြက်ပေါင်းရည်လို့ ဆိုလိုက်တာနဲ့ နေမကောင်းဖြစ်တဲ့ အချိန်သောက်ဖို့ကိုပဲ စိတ်ထဲစွဲနေကြမှာပေါ့။ များသောအားဖြင့် လူတော်တော်များများက နေမကောင်းဖြစ်တော့မှပဲ ကြက်ပေါင်းရည်လို အားရှိစေမယ့်အစားအသောက်တွေကို သတိရတတ်ကြပါတယ်။အားရှိအောင်လို့၊ မြန်မြန်နေကောင်းအောင်လို့၊ ကိုယ်ခံအားကောင်းအောင်လို့ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် တွေကို အားကိုးတတ်ကြပါတယ်။ဒါဆို နေမကောင်းဖြစ်တဲ့ အခါပဲ ကြက်ပေါင်းရည်သောက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ ကြက်သားက ရတဲ့ အဆီအနှစ်က လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာ သိရင် မကြာခဏ သောက်မိပါလိမ့်မယ်။အဓိကအားဖြင့် ကြက်ပေါင်းရည်ရဲ့ အကျိုးကျေးဇူးတွေက –။အအေးမိ၊ နှာစေးတာက အစအသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအထိ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့၊ နာလန်ထူမြန်စေဖို့ ဟိုးအရင်တည်းက ကြက်စွပ်ပြုတ်က ဆေးတစ်ခွက်ပါ။ ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptide ကကိုယ်ခံအားပိုကောင်းစေတာမို့ နေပြန်ကောင်းတာ မြန်စေတယ် ဆိုတာကို လူတိုင်းလက်ခံထားပါတယ်။ တော်ရုံနဲ့လည်း နေမကောင်းမဖြစ်တတ်ဘဲ လူက ကျန်းမာအားပြည့်နေပါလိမ့်မယ်။ကျောင်းမှာ၊ အလုပ်ခွင်မှာ စိတ်ပင်ပန်းစရာတွေ၊ လုပ်စရာအလုပ်တွေ၊ ဖြေရှင်းရတဲ့ကိစ္စတွေကြောင့် ပင်ပန်းနွမ်းလျနေတဲ့ စိတ်ကို ကြက်ပေါင်းရည်က အားပြန်ဖြည့်ပေးနိုင်ပါတယ်။ စိတ်ပင်ပန်းအားကုန်တဲ့အခါ –။ဒါတွေဟာ ရေရှည်မှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်း၊ ကိုယ့်ရဲ့ တက်လမ်း အပေါ် ထိခိုက်လာနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကြက်ပေါင်းရည်က အဓိကခွန်အားကို ပြန်ဖြည့်တင်းပေးနိုင်တာ သိသာပါတယ်။သုတေသနတွေအရ ကြက်ပေါင်းရည်ကို နေ့စဉ်သောက်ရင် စိတ်ပင်ပန်းနွမ်းလျမှုကို သက်သာစေပြီးစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြန်လည်အားဖြည့်ပေးနိုင်တယ်လို့ အထောက်အထားတွေ ရရှိထားပါတယ်။သုတေသနတွေ့ရှိချက်အရ ကြက်ပေါင်းရည်မှာ ပါဝင်တဲ့ L-Carnosine က သွေးတွင်းသကြားဓာတ်ကို ပုံမှန် ထိန်းညှိပေးဖို့ ကူညီပေးတာကြောင့်ဆီးချိုသွေးချိုကာကွယ်နိုင်တယ်၊ ထိန်းညှိနိုင်စေပါတယ်။ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါတဲ့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ ကြက်ပေါင်းရည်မှာ ပါဝင်ပါတယ်။ လူကြီးတွေအတွက်လည်း ဦးနှောက်လုပ်ဆောင်ချက်တွေ ပိုကောင်းလာစေတာ ဒီအာဟာရတွေကြောင့်ပါပဲ။ဦးနှောက်ဟာ ကိုယ်တွေစားသောက်လိုက်သမျှကို စုပ်ယူဖို့ အဆာလောင်ဆုံး၊ အရယူဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပါပဲ လို့ အမေရိကန်အာဟာရဗေဒအဖွဲ့အစည်း က ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့မညီတာတွေ စားလေ မှတ်ဉာဏ်အပါအဝင်ဦးနှောက်လုပ်ဆောင်ချက်တွေထိခိုက်ယုတ်လျော့လေ ဖြစ်ကြတာပါ။အသားဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင် ဘီအုပ်စု တို့လို အာဟာရဓာတ်တွေ ပါဝင်နေတာမို့ တစ်နေ့တာမှာ စိတ်ကြည်လင်ပြီး အလုပ်တွေကို စွမ်းဆောင်ရည် ပိုကောင်းစေနိုင်ပါတယ်။ကြက်ပေါင်းရည်က ဦးနှောက်စွမ်းဆောင်ရည်ကို ပိုကောင်းစေပြီး စိုးရိမ်ပူပန်မှုတွေသက်သာစေတယ်၊ စိတ်ကို လန်းဆန်းစေတယ်လို့ လေ့လာတွေ့ရှိထားပါသေးတယ်။ အိမ်မှာ ပြုတ်တဲ့ ကြက်စွပ်ပြုတ်နဲ့ ကြက်ပေါင်းတွေ သောက်နိုင်သလို ပရိုတင်း (အသားဓာတ်)၊အမိုင်နိုအက်စစ်တွေနဲ့ L-Carnosine လို့ခေါ်တဲ့ ဓာတ်တွေ ဖြည့်တင်းထားတဲ့ စျေးကွက်ထဲမှာရှိတဲ့ ကြက်ပေါင်းရည်ကိုလည်း ပုံမှန်သောက်ပေးနိုင်ပါတယ်။ဒါ့ကြောင့် ကြက်ပေါင်းရည်ကို နေမကောင်းမှ သောက်ရတာမဟုတ်ပါဘူးနော်။ နေ့စဉ်ဘဝမှာ စိတ်ရောလူပါ ကျန်းမာအားပြည့်စေဖို့ ကြက်ပေါင်းရည် သောက်လို့ရပါတယ်လို့ အကြံပေးလိုက်ပါရစေ..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/role-of-chicken-essence-for-physical-and-mental-wellbeing-in-daily-life/
သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။
တုပ်ကွေးဆိုတာ တစ်အိမ်တည်းနေတဲ့သူချင်းအတူတူ ခုခံအားနည်းတဲ့ သူကိုပဲဝင်တတ်တဲ့ အမျိုးပါ။ အားနွဲ့သူဆို ပို အနိုင်ကျင့်တဲ့ လူဆိုးကြီးပေါ့။ သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။ ဒါမှ ဘယ်လိုရာသီပဲရောက်ရောက် တုပ်ကွေးကို မမှုဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။ခုခံအားဆိုတာ ကိုယ်တွင်းစစ်တပ်ကြီးရဲ့ ဗိုလ်မှူးချုပ်ကြီးပါ။ အပြင်ကဝင်လာတဲ့ရန်သူပိုးမွှားတွေအကုန်လုံးကို သူအားကောင်းလို့ကတော့ အပြတ်ချေမှုန်းတဲ့သူပါ။ ဒါပေမယ့် သူအားနည်းတဲ့ အချိန်လည်းရှိပါတယ်။ ခုခံအား စနစ်ကို အားနည်းအောင် လုပ်တဲ့ သူတွေကတော့။ဒီလို အချက်လေးတွေ သင့်မှာရှိနေပြီဆို သင့်ခုခံအားနည်းနေပြီလို့ ပြောလို့ရပါတယ်။တုပ်ကွေးရာသီဆို ခုခံအားကောင်းတဲ့လူတွေဆီကိုတောင်မှ တုပ်ကွေးကဝင်သေးတာ ခုခံအားနည်းတဲ့သူတွေဆို တုပ်ကွေးက ပိုလို့တောင်ကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်ကလည်း ခဏခဏနေမကောင်းဖြစ်တတ်ပြီး ခုခံအားနည်းနေတဲ့ သူတစ်ယောက်ဆို တုပ်ကွေးရန်ကကာကွယ်ဖို့ ခုပြောပြထားတာလေးတွေလိုက်လုပ်ကြည့်သင့်ပါတယ်။သင့်ခုခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်းမှာရှိတာ သင်သိပါသလား။ သင့်အူလမ်းကြောင်းထဲမှာရှိတဲ့အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေတာကို ကူညီပေးရုံသာမက ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေမှာလည်း သူတို့မပါရင် မပြီးတဲ့အတွက် ခုခံအားစနစ်ရဲ့ တပ်သားလေးတွေလို့တောင် ပြောလို့ရပါတယ်။ကိုယ်တွင်းကို အပြင်က ပိုးတွေ အများဆုံးဝင်နိုင်တာကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းကပဲဖြစ်တဲ့ အတွက်အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ အားရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ဒိန်ချဉ်စားပေးပါ။ပျားရည်တို့ ချင်းပြုတ်ရည်တို့လိုမျိုးခုခံအားကောင်းစေတဲ့ အရည်တွေကို သောက်ပေးပါ။ ရေများများသောက်ပါ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးတာက ခုခံအားစနစ်ကို အကျိုးပြုစေမှာပါ။ အသင့်စားထုတ်ကုန်တွေ၊ ဖျော်ရည်ယာမကာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေက သင့်ခုခံအားစနစ်ကိုသာမက ကိုယ်တွင်းက အခြားအရာတွေကိုပါ ဒုက္ခပေးနိုင်တာ လူတိုင်းသိနေတဲ့ အရာတစ်ခုပါ။တစ်နေ့တာ လှုပ်ရှားမှုတွေထဲမှာ လက်ကပဲ အခြားအရာတွေ နဲ့ အများဆုံး ထိတွေ့ကိုင်တွယ်ရတဲ့ အတွက် ပိုးမွှားမျိုးစုံကပ်နေနိုင်ပါတယ်။ အစာစားရင်လည်း ဒီလက်ကပဲစားရတာဖြစ်တဲ့ အတွက်ကြောင့် လက်ကို သေချာဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။ခုခံအားကောင်းတဲ့သူရော၊ ခုခံအားနည်းတဲ့သူရော အစာမစားခင် နဲ့ အိမ်သာတက်ပြီးချိန်သာမက ကိုယ့်စိတ်ထဲက ညစ်ပတ်တယ်၊ ပိုးတွေ ရှိနေနိုင်တယ်လို့ ထင်ရတဲ့ ပစ္စည်းတွေကို ကိုင်ပြီးတိုင်း လက်ဆေးသင့်ပါတယ်။ လက်ဆေးဖို့ အတွက် ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည်ကိုဆောင်ထားပါ။ခုခံအားနည်းနေတဲ့ သူတစ်ယောက်အနေနဲ့ တစ်ယောက်တည်း အထီးကျန်ပြီး နေရမယ်လို့ မဆိုလိုပါဘူး။ လူထူတဲ့ နေရာတွေမှာ ပိုးမွှားပေါင်းစုံ ရှိနေတတ်ပြီး ဘယ်သူ့ဆီကိုဝင်ရင် ကောင်းမလဲဆိုတာ ချောင်းနေကြတာကြောင့် ခုခံအားနည်းတဲ့သူတစ်ယောက်အနေနဲ့ လူထူတဲ့နေရာမျိုးတွေကို မသွားသင့်ပါဘူး။ မလွှဲသာလို့ သွားရမယ်ဆိုရင်တောင် နှာခေါင်းစည်းတွေ တပ်သွားဖို့ မမေ့ပါနဲ့။တုပ်ကွေးဆိုတာ ကူးစက်ရောဂါဖြစ်တဲ့အတွက် တုပ်ကွေးဖြစ်နေတဲ့ သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေမိရင် သူ့ဆီက တုပ်ကွေးက ခုခံအားနည်းတဲ့သူဆီကို အလွယ်တကူပဲ ဝင်ရောက်နိုင်ပါတယ်။ အိမ်သားတွေထဲကနှာစေးချောင်းဆိုးဖြစ်နေတဲ့သူရှိရင်လည်း လက်ကိုင်ပဝါသုံးဖို့ သတိပေးပါ။စိတ်ဖိစီးတယ်ဆိုတာ ကိုယ်တွင်းခုခံအားစနစ်ကို ထိပ်ဆုံးကနေ ဒုက္ခပေးနေတဲ့ အရာတစ်ခုပါ။ စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ စကားကလည်း ရှိသေးတယ်မလား။ လေ့ကျင့်ခန်းတွေ လုပ်ပေးတာကလည်း စိတ်ဖိစီးမှုကို သက်သာစေတဲ့ အပြင် ခုခံအားစနစ်ကိုပါ အားကောင်းစေမှာပါ။လူတွေလိုပဲ ခုခံအား စနစ်ကလည်း အနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပြည့်အောင်အိပ်မှ ခုခံအားစနစ်လည်းအားရှိ အပြင်က ပိုးတွေလည်း မဝင်နိုင်တော့ဘူးပေ့ါ။လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုး၊ လူအများသုံးတဲ့ ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးဘေစင်တွေကို ပိုးသတ်ပြီး သန့်ရှင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ခုခံအားစနစ်ကို အားနည်းစေတဲ့ အချက်တွေကို သိထားပြီး ကိုယ့်မှာလည်း အဲ့ဒီ အလေ့အကျင့်တွေ ရှိနေခဲ့ရင် အမြန်ဆုံးပျောက်အောင်လုပ်သင့်ပါတယ်။ သင်ခဏခဏဖျားနေပြီဆို ခုခံအားနည်းနေပြီလို့ ပြောလို့ရတဲ့အတွက် ခုပြောခဲ့တာလေးတွေလိုက်နာပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/ways-to-boost-your-immune-system-for-cold-and-flu-season/
ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ
ဒီပရက်ရှင် ဝင်တယ်၊ စိတ်တွေ ကျနေတယ် ဆိုတာကိုလူမှုကွန်ရက်တွေမှာ ထမင်းစားရေသောက် ပြောနေကြတာ တွေ့တွေ့နေရပါတယ်။ ဒီလို ပြောရင်း ပုံမှန်နေထိုင်၊ သွားလာ၊ လုပ်ကိုင်နေနိုင်သေးတာတော့ ဝမ်းသာစရာပေါ့လေ။ဒါပေမယ့် စိတ်ဓာတ်ကျတယ် ဆိုတာ တတ်နိုင်သလောက် စောစော ဖြေရှင်းသင့်တဲ့ အရာပါ။ ပါးစပ်ကသာ ငါ စိတ်ကျရောဂါ ဖြစ်နေပြီလို့ ပြောပြောနေကြပေမယ့် တကယ်တမ်း ကုသဖြေရှင်းဖြစ်တာ နည်းပါတယ်။ ဒီလိုပဲ အဆင်ပြေသွားမှာပါပဲ လို့လေ။နောက်ပိုင်းမှာစိတ်ကျ ဝေဒနာပြင်းထန်လာရင် အစာစားချင်စိတ် မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ် တွေ ဖြစ်လာတာတွေ အထိ ဖြစ်လာတဲ့ အခါ အန္တရာယ် ရှိပါတယ်။ ဒီအဆင့် ကို မရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့ လက္ခဏာအဆင့်တွေ ဖြစ်နေပြီလား ဆိုတာ အချိန်မီ သိဖို့ လိုပါတယ်။ ကိုယ်တိုင် မဟုတ်လည်း ချစ်ခင်ရင်းနှီးရသူ တွေမှာလည်း ဒီလက္ခဏာတွေ ရှိနေပြီလား ဆိုတာ ပြန်ဆန်းစစ်ပါနော်။စိတ်ကျ ဝေဒနာ ခံစားနေရတဲ့သူတွေကို ကူညီပေးသင့်ပါတယ်။ ကိုယ့်မှာ ဖြစ်နေလည်း ကိုယ့်ကို အခုလို ကူညီပေးနိုင်မယ့် ရင်းနှီးသူ တစ်ယောက်ကို အကူအညီ တောင်းပါ။ ကိုယ်ချစ်ခင်ရသူတွေမှာ အထက်ပါလက္ခဏာတွေ တွေ့ရရင်လည်း ကူညီပေးလိုက်ပါ။ လမ်းပျောက်နေသူကို အလင်းရောင်ပေးရတာ အမွန်မြတ်ဆုံး အလုပ်တွေထဲ ပါဝင်ပါတယ်နော်။အထီးကျန်စိတ်၊ ဝမ်းနည်းစိတ်၊ နာကျင်မှုတွေ၊ ဖိစီးမှုတွေ ထမ်းပိုးထားရတဲ့သူတွေဆီက ရင်ဖွင့်သံကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ။ စိတ်နေသူတွေဟာ လူမှုဆက်ဆံရေးမှာ အနုတ်လက္ခဏာပြတဲ့သူ ဖြစ်လာတာ ဆိုတော့ သူတို့ရဲ့ ရှက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှုတွေအကြောင်း ရင်းနှီးသူကိုပဲ ဖွင့်ပြမှာဖြစ်ပါတယ်။စကားပြောဖော်အဖြစ် ရှိနေပေးရင်လည်း သိပ်ကျေးဇူးတင်ကြမှာပါ။ စကားပြောရင်းနဲ့မှ သူတို့ရဲ့ဝေဒနာအရင်းခံတဲ့ ဇစ်မြစ်တွေ၊ ခံစားချက်တွေပြောထွက်လာမှာပါ။ ဒါမှ ကိုယ်ဘယ်လိုအားပေးရမလဲ သိနိုင်မှာပေါ့။ မဟုတ်ရင် သူတို့ရဲ့ဝမ်းနည်းမှုတွေ၊ မျှော်လင့်ချက် ကင်းမဲ့တာတွေ၊ အပြစ်ရှိသလို ခံစားနေရတာတွေကို ဘာကြောင့်ဖြစ်နေလဲ ကိုယ်သိနိုင်မှာ မဟုတ်ဘူးလေ။အကြီးအကျယ် စိတ်ဓာတ်ကျနေသူကို စကားနဲ့ အားပေးတာ အပြင် အသေးအဖွဲလေးပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်တာ လက်တွေ့ကူညီပေးလိုက်ပါ။ သူစိတ်ပေါ့ပါးစေဖို့ လက်ဆောင်လေးပေးတာ၊ အပြင်အတူသွားပေးတာ၊ မုန့်သွားစားတာ မျိုးတွေ လုပ်ပေးလိုက်ပါ။သူ့ရဲ့ စိတ်ပင်ပန်းမှု အရင်းခံပြဿနာကို ဖြေရှင်းမပေးနိုင်ရင်တောင်မှ နည်းလမ်းမှန်ဆီ ရောက်ရှိစေမယ့် လမ်းကြောင်းတစ်ခုကို အကြံပေးနိုင်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း ပိုလုပ်ဖို့၊အားဆေးသောက်ဖို့၊ စာအုပ်တွေ ဖတ်ဖို့လောက် အကြံပေးဖို့ မဟုတ်ပါဘူး။ ပြဿနာတိုင်းမှာ အဖြေရှိတဲ့ အကြောင်း အသိပေးတာ၊ ထွက်ပေါက် မရှိတဲ့ ပိတ်မိခြင်းတွေအတွက် အဖြေ ရှိကြောင်း သွယ်ဝိုက်ပြီး နားချတာ၊ ဆေးကုသမှုခံယူဖို့ လမ်းပြတာလိုမျိုး ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပါ။စိတ်ပင်ပန်းစရာ ဘာတွေရှိနေလဲ။ ကိုယ့်ဘက်က ဘာအကူအညီပေးနိုင်မလဲ။ သူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ကိုယ်တတ်နိုင်တာ ရှိသလား သွယ်ဝိုက်ပြီး ဖြစ်ဖြစ် မေးပါ။ဒီလိုမျိုး တတ်နိုင်တဲ့ဘက်က ကူညီအားပေးတဲ့ အခါ သူ့အတွက် တစ်ခုခု အထောက်အကူ ဖြစ်စေတယ် ဆိုရင် လုံလောက်ပါပြီ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb/
အိမ်မှာ နေရင်း ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ကြမလဲ
အိမ်မှာ နေရတဲ့ အချိန်လေး ရအောင် အနားယူကြနော်။ ကိုယ်ခံအားကောင်းမှ ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်လွှားနိုင်မှာဆိုတော့ ကိုယ်ခံအားစနစ်က အရေးကြီးတာ သိတယ်မဟုတ်လား။ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဒီအချက်တွေ သေချာဂရုစိုက်ကြပါလို့ အကြံပြုပေးချင်ပါတယ်။ အိမ်မှာနေရင်း ကိုယ်ခံအားစနစ် ကျန်းမာအောင် ဘယ်လိုလုပ်ကြမလဲ ကြည့်ရအောင်…။အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းစေပြီး ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်း ရှိဖို့ လိုပါတယ်။စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီဆော ဟော်မုန်းက ကြာလာရင် အစားအသောက် မူမမှန်တာ၊ အအိပ် မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ပေးနိုင်ပါတယ်။အားလုံး သိထားပြီးတဲ့ အတိုင်းပဲ ဆေးလိပ်နဲ့ အရက်က ကျန်းမာရေးကို ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်ကြောင့် ကိုယ်ခံအားကို ထိခိုက်စေတယ်၊အဆုတ် ပိုးဝင်တာ၊ လေပြွန်နဲ့ အဆုတ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ အရက်ကြောင့် ကိုယ်ခံအားကို ထိခိုက်စေပြီး အတွင်းကလီစာတွေကို ရောဂါကူးစက်လွယ် စေနိုင်တယ်။ ဒီတော့ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင် စားပါ။ ဝိတ်တက်မှာ ကြောက်ပြီး အစားလျှော့ Diet လုပ်တဲ့သူတွေ ကိုယ်ခံအားစနစ် အားမနည်းအောင် ဂရုစိုက် စီမံသင့်ပါတယ်။လက်မဆေးဘဲ အစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီး လက်မဆေးတာတွေက ရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကို သုံးပြီး လက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရလို့ လက်အသားအရေခြောက်သွေ့တယ်ထင်ရင် hand cream ဖြစ်ဖြစ်၊ သံလွင်ဆီဖြစ်ဖြစ်ပြန်လိမ်းလို့ရတာပဲ။ လှုပ်ရှားသွားလာရင်း အလွယ်တကူဆေးနိုင်ဖို့ လက်သန့်ဆေးရည် အိတ်ကပ်ထဲဆောင်ထားပါ။လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။ သန့်ရှင်းမှုကို ဂရုစိုက်မှရောဂါပိုးတွေရန်က ကာကွယ်နိုင်ပါလိမ့်မယ်။တစ်နေ့လုံးနေမှ မိနစ်ပိုင်းလောက် လေ့ကျင့်ခန်းလုပ်ရတာ သိပ်အလုပ်မရှုပ်လောက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ အပြင်ထွက်မှ၊ Gym သွားမှ မဟုတ်ပါဘူး။ ခြေနဲ့ လက်လှုပ်ပြီး ဟိုဟိုဒီဒီ လမ်းထလျှောက်လည်း ရတယ်၊ အကြောဆန့်ရုံလည်း ရတယ်၊ ယောဂလေ့ကျင့်ခန်း နှစ်ကွက်လောက်ဆိုလည်း ဖြစ်ပါတယ်။အာဟာရ ပြည့်အောင် စားပေမယ့် ကိုယ်ခံအား ကို မြှင့်တင်ပေးနိုင်မယ့် အစားအသောက်တွေ ကိုလည်း ထည့်စားမယ်၊ ပိုစားမယ် ဆို အထောက်အကူ ဖြစ်စေနိုင်တယ်။ ဥပမာကြက်သွန်ဖြူဆိုရင် ရောဂါပိုးမွှားတွေ ကို သေစေနိုင်တဲ့ အစွမ်းသတ္တိ ပါဝင်သလို ကိုယ်ခံအားလည်း တိုးစေတယ်။ ဒါပေမယ့် အပူပေးလိုက်ရင် သူ့ရဲ့ အဓိကပါဝင်ပစ္စည်း ကို အားပြယ်စေလို့ အစိမ်းစားတာ ပိုကောင်းပါတယ်။ အသုပ်နဲ့တွဲစားတာ၊ လက်ဖက်သုပ် နဲ့ စားတာ၊ ဗီတာမင် စီ ပါတဲ့ သံပရာသီး နဲ့ အချဉ်ထောင်း စားတာမျိုး ပေါ့။နောက်တစ်ခုက ဆေးဖက်ဝင်တဲ့ မှိုတွေပါ။ရှီတာကီမှိုလိုမျိုး ဆေးဖက်ဝင်မှို တွေက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဗီတာမင်စီ ပါတဲ့ အစားအသောက်၊အသီးအနှံ၊အသီးအရွက်တွေကိုလည်း စားပေးလို့ရတယ်။ ကြက်စွပ်ပြုတ်သောက်တာ လည်း အသားဓါတ် အပါအဝင် အာဟာရဓါတ်တွေ ရနိုင်တဲ့အပြင် ကိုယ်ခံအား တက်စေတဲ့နည်းတစ်မျိုးပါ။ဒီလောက်ဆို တော်တော်လေးစုံနေပြီဆိုတော့ အိမ်မှာနေရင်း အားဖြည့်ပြီး ကိုယ်ခံအား ကောင်းဖို့ ကြိုးစားလိုက်ပါနော်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-boost-immunity-at-home/
ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား
ပါးစပ်ကနေ ရှိုက်ရှူပါ။ အဆုတ်ကိုပြန့်ကားစေတဲ့အထိ အတတ်နိုင်ဆုံးရှိုက်ရှူပြီး တစ်စက္ကန့်လောက် ခဏအသက်အောင့်ပါ။(၄) ခေါင်းကိုနည်းနည်းလေးမော့ပါ။မေးနည်းနည်းမော့တဲ့အနေအထားလောက်ပါပဲ။ ဒါမှ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီးဆေးက အဆုတ်ကို လွယ်လွယ်ကူကူဝင်ရောရာက်နိုင်မှာပါ။ ဒါပေမယ့် ခေါင်းမော့တာသိပ်များသွားရင်လည်း အသက်ရှူရတဲ့လေလမ်းကြောင်းက ပွင့်ရမယ့်အစား လည်ချောင်းမှာ ပိုတောင်အထစ်အငေါ့ဖြစ်စေနိုင်တယ်နော်။(၅) အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ပါ။(၁၀)Inhaler ကို စစ်ဆေးပါ။ဒါကတော့ အမြဲလုပ်ရတဲ့အဆင့်မဟုတ်ပေမယ့် မကြာမကြာလုပ်ဆောင်သင့်တဲ့အရာပါ။ရောဂါသက်သာချင်လို့ ကိုယ်ရှူသွင်းလိုက်တဲ့အရာကမှရောဂါပိုးမွှားတွေ၊ ဖုန်တွေပါနေရင် အသက်ရှူတောင်ပိုကျပ်သွားနိုင်တယ်လေ။Inhalerတွေဟာ သန့်ရှင်းနေသင့်ပါတယ်။ အတွင်းနဲ့ အပြင်ကို အမြဲသန့်ပေးပါ။ ဖုန်ကပ်နေတာရှိမရှိ စစ်ဆေးပါ။ရေနဲ့တော့ မဆေးပါနဲ့။ တစ်ရှူး သို့မဟုတ် ဂွမ်းစလေးနဲ့သုတ်ပေးပါ။ ပါးစပ်တေ့တဲ့နေရာမှာ ညစ်ပေနေတယ်ဆိုရင် ဂွမ်းစမှာ အရက်ပြန်ဆွတ်၊ ပွတ်သုတ်ပြီးမှ အခြောက်ခံပေးပါ။ဝေဒနာအကြောင်းရင်းအမျိုးမျိုးကြောင့်Inhaler သုံးနေရတဲ့ လူကြီး၊ လူငယ်တွေအတွက် အထောက်အကူဖြစ်ပါစေနော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthma-inhalers/
Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ
Pepper Spray (ငရုတ်ကောင်း စပရေး) ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒီစပရေးကို ကာကွယ်ရေးအတွက် သုံးကြပေမယ့် မတော်တဆ ကိုယ့်ကိုကိုယ် ပြန်ပက်မိတဲ့အခါ  ဒါမှမဟုတ် သူများပက်တာ ခံလိုက်ရတဲ့အခါမှာဘယ်လို သက်သာအောင် လုပ်မလဲဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ငရုတ်ကောင်း စပရေး ဆိုတာ မျက်လုံးကို မျက်ရည်ကျအောင် လှုံ့ဆော်ပေးတဲ့အရာပါ။ ဒီစပရေးက စပရေးပုလင်းတွေထဲကနေ ထွက်လာတာပါ။ငရုတ်ကောင်း စပရေးမှာ အဓိက ပါဝင်နေတာက oleoresin capsicum လို့ သိကြတဲ့ အဆီ တစ်မျိုးပါ။ ဒီအဆီကို ငရုတ်သီးကနေ ထုတ်ထားတဲ့အဆီနဲ့ အပင်ကနေရတဲ့ အဆီတွေကနေ ထုတ်ထားတာပါ။ ပူစပ်တဲ့ ငရုတ်သီးတွေရဲ့ အဆီကနေ အဓိက ထုတ်ထားတာပါ။Pepper spray (ငရုတ်ကောင်း စပရေး) ကြောင့် အခုလို ထိခိုက်စေနိုင်ပါတယ်။ငရုတ်ကောင်း စပရေး ထိမိတဲ့အခါ မျက်လုံးကို ပွတ်တာကြောင့်မျက်လုံး ထိခိုက်တာ၊ မျက်ကြည်လွှာ ပွန်းတာတွေ ခံစားရတာ ၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒီစပရေးကြောင့် ပူတာ စပ်တာ၊ နာကျင်တဲ့ လက္ခဏာတွေကို နေအိမ်မှာတင် သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီလက္ခဏာတွေက ကုသမှု ခံယူစရာ မလိုဘဲ မိနစ် ၃၀ အတွင်းမှာ သက်သာသွားမှာ ဖြစ်ပါတယ်။အဆုတ်ကျန်းမာရေး မကောင်းသူတွေမှာတော့ချောင်းဆိုးတာက တာရှည်နိုင်ပါတယ်။ပန်းနာရင်ကျပ်ရှိသူတွေ၊နာတာရှည် အဆုတ်ရောင် ရောဂါရှိသူတွေက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ငရုတ်ကောင်း စပရေး ထိပြီး အသားတွေ ပြာနှမ်းလာတာကသွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှုနည်းနေပြီဆိုတာကို ပြသတာပါ။ ဒါကလည်း ဖြစ်ခဲပါတယ်။ငရုတ်ကောင်း စပရေး ထိမိတယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့။သာမန်လူတွေမှာ သေတာက ဖြစ်ခဲပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေမှာတော့ သေဆုံးတာ ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲ ပြဿနာတွေက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အပြင်းထန်ဆုံး ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတွေကတော့မျက်လုံးတွေ၊အရေပြားနဲ့အသက်ရှူလမ်းကြောင်းတွေပါ။ငရုတ်ကောင်း စပရေး ထိမိတဲ့အခါ ဆေးကြောဖို့ ရေသန့်သန့်ကိုပဲ သုံးဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/what-is-pepper-spray-and-is-it-dangerous/
သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
အဆီနဲ့ပတ်သက်ရင် လူတွေမှာ အစွဲတစ်ခုရှိပါတယ်။ အဲဒါကတော့အဆီဓာတ်ဟာ မကောင်းဘူးဆိုတာပါပဲ။ တကယ်တော့ အဆီဓာတ်ဟာလည်းကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဟာ သင့်ကိုယ်ခန္ဓာအတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ ဆီများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတာကတော့ သံလွင်ဆီဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့သံလွင်ဆီသုံးစွဲခြင်းကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ဆီအမျိုးအစားတွေမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ရှိပါတယ်။ မပြည့်ဝဆီဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီအမျိုးအစား ဖြစ်ပါတယ်။ သံလွင်ဆီကိုတော့ သံလွင်သီးကနေ ထုတ်လုပ်ထားပြီး အိုလစ်အက်ဆစ်လို့ခေါ်တဲ့ အဆီဓာတ်ဟာ ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ခန့် ဝင်ပါတယ်။ အဆိုပါ အိုလစ်အက်ဆစ်ဟာ monounsaturated fat လို့ခေါ်တဲ့ မပြည့်ဝဆီဖြစ်ပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေလျော့ကျစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတဲ့ ဗီတာမင် E နဲ့ ဗီတာမင် K ကြွယ်ဝပါတယ်။ အဆိုပါ ဓာတ်တိုးပစ္စည်းများဟာ နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ကိုလက်စထရောများ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့စေပါတယ်။နာတာရှည်ရောင်ရမ်းခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါ၊ ဇီဝဖြစ်ပျက်မှုရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ အယ်လ်ဇိုင်းမား၊ အဆစ်အမြစ်ရောင်ခြင်း စတဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းခြင်းကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် သံလွင်ဆီမှာ ပါဝင်တဲ့ oleocanthol ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ရောင်ရမ်းမှုကို သိသာစါာ သက်သာစေပါတယ်။ သုတေသနတခုရဲ့ အဆိုအရ သံလွင်ဆီ ၅၀ မီလီလီတာမှာ ပါဝင်တဲ့ oleocanthol ဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးရဲ့ အာနိသင် ၁၀ ရာခိုင်နှုန်းလောက်နဲ့ သွားညီတယ်လို့ သိရပါတယ်။ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောစီးဆင်းမှုမှာ ပြဿနာတစ်ခုခုဖြစ်ပေါ်ရင် (ဥပမာ သွေးခဲခြင်း၊ သွေးကြောပေါက်ခြင်း) လေဖြတ်တတ်ပါတယ်။ သုတေသီတွေဟာ သံလွင်ဆီကြောင့် လေဖြတ်နိုငခြေ လျော့နည်းတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ကြပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ မပြည့်ဝဆီ အမျိုးအစားဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေစုလာခြင်းကို ကာကွယ်နိုင်ပါတယ်။ နှလုံးနဲ့သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့စေတာကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။သင့်ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ HDL လို့ခေါ်တဲ့ အကျိုးပြုကိုလက်စထရောနဲ့ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ဖြစ်ပါတယ်။ သံလွင်ဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောများပြားလာခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။သွေးကြောနံရံတွေမှာ အဆီတွေ ပုံမလာအောင် ကာကွယ်ပြီး သွေးခဲခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်တွေကြောင့် သံလွင်ဆီပုံမှန်စားသုံးရင် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးပါတယ်။အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေ ချို့ယွင်းပျက်စီးလာလို့ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်တွေထဲမှာ ဘီတာအမိုင်းလွိုက်လို့ခေါ်တဲ့ ပစ္စည်းတွေ စုပုံလာရင် ဦးနှောက်ဆဲလ်တွေ ထိခိုက်လာနိုင်ပါတယ်။ သုတေသနတွေအရ သံလွင်ဆီဟာ အဆိုပါ ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။သံလွင်ဆီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ တိုင်ရိုဆောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးမှာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်အောင် ကူညီပေးပါတယ်။ အင်ဆူလင်ကို ပိုမိုထိရောက်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်တာကြောင့် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။လေးဖက်နာအဆစ်ရောင်ခြင်းဟာ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့အတွက် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းကို ခံစားရပါတယ်။ သံလွင်ဆီဟာ လေးဖက်နာအဆစ်ရောင်ခြင်း ဖြစ်ပွားသူတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ လျော့ကျစေပြီး ဓာတ်တိုးဖိစီးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ လေးဖက်နာအဆစ်ရောင်သူတွေမှာ ကြုံရတတ်တဲ့ မနက်အိပ်ရာထခါစ အဆစ်များ တောင့်တင်းနေခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-olive-oil/
Covid-19 ကြောင့် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖြစ်ပွားတဲ့Covid-19ရောဂါဟာ အတော်လေးနားလည်ရခက်တဲ့ ရောဂါတစ်ခုပါ။ ကူးစက်ပျံ့နှံ့နှုန်းမြန်ဆန်သလို ရောဂါလက္ခဏာပြဖို့လည်း ၂ ပတ်လောက်ကြာတာကြောင့် ရောဂါကို ထိန်းချုပ်တဲ့နေရာမှာအခက်အခဲတွေ အများကြီးကြုံရပါတယ်။ ငယ်ရွယ်ပြီးကျန်းမာသူတွေ၊ ရောဂါအခံမရှိသူတွေမှာ သေဆုံးနိုင်ချေနည်းပေမဲ့ နဂိုကတည်းက ဆီးချို၊ နှလုံးရောဂါလို ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် Covid-19 ကြောင့် နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပါတယ်။လူတိုင်းမဟုတ်ပေမဲ့ ပျမ်းမျှအနေနဲ့ Covid-19 ကူးစက်ခံရသူ ၆ ယောက်မှာ တစ်ယောက်လောက်က အခုပြောပြမယ့် နောက်ဆက်တွဲ ဝေဒနာတစ်မျိုးမျိုး ခံစားရနိုင်ချေ ရှိတာကို တွေ့ရပါတယ်။အဆုတ်ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးထဲမပို့ပေးနိုင်တော့သလို ကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း ပြန်မစွန့်ထုတ်နိုင်တော့ပါဘူး။တရုတ်နိုင်ငံမှာ Covid-19 ရောဂါစဖြစ်ချိန်က နမိုးနီးယားအဆုတ်ရောင်ရောဂါခံစားရသူတွေ အလွန်ပဲများပြားခဲ့တာတွေ့ရပါတယ်။ နမိုးနီးယားရောဂါကြောင့် အဆုတ်ထဲက လေအိတ်သေးသေးလေးတွေ ရောင်ရမ်းလာတဲ့အတွက် အသက်ရှူဖို့ခက်ခဲသွားစေပါတယ်။Covid-19 ကြောင့် ခံစားရနိုင်တဲ့ ဝေဒနာတွေထဲမှာ အသက်ရှူခက်ခဲတဲ့ဝေဒနာလည်း ပါဝင်ပါတယ်။ အဆုတ်တွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားတဲ့အတွက် ပုံမှန်အတိုင်းအသက်ရှူဖို့တောင် ရုန်းကန်လာရနိုင်ပါတယ်။ ဒီလိုအခြေအနေနဲ့ကြုံရရင် ventilator ခေါ်တဲ့ အသက်ရှူအထောက်အကူပြုစက် တပ်ဖို့လိုအပ်လာပါပြီ။Covid-19 ရောဂါဆိုးဆိုးဝါးဝါးခံစားရသူတွေမှာ အသည်းပါထိခိုက်ပျက်စီးနိုင်တာကို တွေ့ရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အသည်းကိုတိုက်ရိုက်တိုက်ခိုက်လို့ အသည်းပျက်စီးတာလား၊ တခြားအချက်တွေကြောင့်လား ဆိုတာတော့ လက်ရှိအချိန်ထိ လေ့လာနေဆဲဖြစ်ပါတယ်။ ရုတ်တရက်အသည်းပျက်စီးခြင်းနဲ့ အသည်းပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တဲ့အခြေအနေတွေက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။တရုတ်နိုင်ငံမှာ Covid-19 ကြောင့်ဆေးရုံတက်ပြီးကုသမှုခံယူလိုက်ရသူတချို့မှာ နှလုံးခုန်မြန်ခြင်းလို နှလုံးပြဿနာတချို့ ပေါ်လာတာတွေ့ရပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာလည်း Covid-19 နဲ့ဖျားနာနေသူတွေမှာ နှလုံးပြဿနာ တွေထပ်ပေါ်ပေါက်လာတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ Covid-19 ရောဂါက ရောဂါအသစ်ဖြစ်ပြီး သုတေသနတွေလည်း လုပ်ဆောင်ဆဲဖြစ်တာမို့ ဗိုင်းရပ်စ်က နှလုံးကို ဘယ်နည်းနဲ့ထိခိုက်စေသလဲဆိုတာ လေ့လာနေဆဲပါ။နောက်ဆက်တွဲကူးစက်ရောဂါဆိုတာ နဂိုကူးစက်ရောဂါနဲ့ မသက်ဆိုင်ဘဲ ထပ်ဖြစ်ပွားတဲ့ရောဂါတွေကို ဆိုလိုပါတယ်။ ဖြစ်နိုင်ချေနည်းပေမဲ့ ဆေးရုံတက်ပြီးကုသမှုခံယူသူတိုင်း  နောက်ဆက်တွဲကူးစက်ရောဂါတစ်မျိုးမျိုး ဝင်နိုင်ချေရှိတာကို သိထားရပါမယ်။တွေ့ရနည်းပေမဲ့ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ ပျက်စီးသွားတဲ့ကျောက်ကပ်ပုံမှန်အလုပ်ပြန်လုပ်နိုင်အောင် ကျောက်ကပ်ဆေးပေးဖို့လိုအပ်ပါတယ်။ ကျောက်ကပ်ပျက်စီးတာကို အချိန်မီ ကုသမပေးနိုင်ရင် နာတာရှည်ကျောက်ကပ်ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ပြင်ပရောဂါပိုးတစ်ခုခုကို ခန္ဓာကိုယ်ကပြန်တိုက်ထုတ်တဲ့လုပ်ငန်းစဉ် ကပြောင်းကပြန်ဖြစ်သွားတဲ့အခါ သွေးဆိပ်တက်တဲ့ပြဿနာကြုံရနိုင်ပါတယ်။ ရောဂါပိုးတွေကိုခန္ဓာကိုယ်က မတိုက်ထုတ်ဘဲ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ပါတော့တယ်။ခန္ဓာကိုယ်ကသွေးခဲအောင်လုပ်ပေးတဲ့စနစ်ပျက်စီးသွားတဲ့အခါမှာ သွေးအလွန်အကျွံထွက်ပြီး ကိုယ်တွင်းသွေးယိုခြင်း၊ ကိုယ်တွင်းကလီစာတွေပျက်စီးခြင်းတွေ ခံစားရနိုင်ပါတယ်။ရေးသားသူ – Dr. Htoo Tint။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%bc%e1%80%af%e1%80%b6%e1%80%9b%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%94/
နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
နှစ်တစ်နှစ်တာ ကုန်ဆုံးတော့မှာ ဖြစ်သလို နှစ်သစ်ကူး အငွေ့အသက်တွေနဲ့ဆောင်းရာသီရဲ့ အေးမြမှုတွေကို စတင် ခံစားနေရပြီဖြစ်တဲ့ လလေးတစ်လကတော့ နှစ်တစ်နှစ်ရဲ့ ၁၁ လမြောက်ဖြစ်တဲ့ နိုဝင်ဘာလလေးပါ။ ဆောင်းအေးအေးမှာ သာယာလှပမှုတွေကို ယူဆောင်လာတဲ့ နိုဝင်ဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ နိုဝင်ဘာလမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။နိုဝင်ဘာလမှာ မွေးဖွားတဲ့ဘေဘီလေးတွေက အခြားလမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် သန်မာကြပါတယ်။ အကြောင်းကတော့ ဒီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကနှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပိုကောင်းကြသလို လက်တွေလည်း ပိုသန်မာကြပါတယ်။ ခန္ဓာကိုယ်ကလည်း တောင့်တင်းသန်မာကြပါတယ်။ ဒီလိုသန်မာမှုကပဲ ကလေးတွေကို အားကစားသမားကောင်းတွေ ဖြစ်စေဖို့အတွက် ထောက်ကူပေးနေတာပါ။နှလုံးရောဂါက လူတော်တော်များများမှာ အဖြစ်များလာပါတယ်။ ဒါပေမယ့် နိုဝင်ဘာမှာ မွေးဖွားတဲ့ ဘေဘီလေးတွေမှာတော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ များသောအားဖြင့်ကတော့ နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နှလုံးကျန်းမာကြပြီးနှလုံးရောဂါဖြစ်နိုင်ခြေနည်းကြပါတယ်။နိုဝင်ဘာလဖွားလေးတွေက အခြားလတွေမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် အသက်ရှည်ကြပါတယ်။ အသက် ရာကျော်ရှည်ကြတဲ့ လဖွားလေးတွေပေါ့။ အထူးသဖြင့် အမျိုးသမီးလေးတွေမှာပေါ့။နိုဝင်ဘာလဖွားလေးတွေ အထူးသဖြင့် သားသားလေးတွေက ဘယ်သန်လေးတွေ အဖြစ်များကြပါတယ်။ ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းသောဘယ်သန်လေး အများစုက နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေပါ။နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရဲရင့်ပြီး အလုပ်ကြိုးစားကြသလို ရိုးလည်းရိုးသားကြပါတယ်။စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။ ရဲရင့်ကြတဲ့သူလေးတွေ အများစုက နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။နိုဝင်ဘာလဖွား ဘေဘီလေးတွေက အနေအေးကြပါတယ်။ အခြားသူတွေထက် ပိုကြိုးစားကြသလို တိတ်ဆိတ်ငြိမ်သက်မှုကိုလည်း မြတ်နိုးကြပါတယ်။ ကိုယ်တိုင်ကလည်း အချိန်တိုင်းလိုလိုမှာ အေးအေးဆေးဆေးနေတတ်ကြပါတယ်။လေ့လာမှုတွေအရ သိရတာက နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ များပါတယ်။အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များကြတာလည်း သူတို့လေးတွေပါတဲ့။နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက မွေးရာပါဗီဇကိုက ဦးဆောင်နိုင်တာပါ။ ဒီလို ဦးဆောင်နိုင်တာကလည်း သူတို့လေးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်စေတဲ့ အကြောင်းအရင်းပါ။အောင်မြင်တဲ့ ခေါင်းဆောင်တော်တော်များများကတော့ နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။သူတို့လေးတွေက အကောင်းမြင်တတ်ကြသလိုစိတ်ဓာတ်ကျနိုင်ခြေလည်း အတော်နည်းကြပါတယ်။ အနေအေးပေမယ့် ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို မြန်မြန်လေး ဖြေဖျောက်တတ်တာကလည်း သူတို့လေးတွေပါပဲ။နိုဝင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာတာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-november-born-babies/
ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
နှစ်တစ်နှစ်တာရဲ့ ၇ လမြောက်ဖြစ်တဲ့ ဇူလိုင်လက လူတိုင်းလိုလို သဘောကျကျတဲ့ ကံကောင်းစေတဲ့ နံပါတ် ၇ ကို ပိုင်ဆိုင်ထားတဲ့ လလေးပါ။ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ဇူလိုင်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇူလိုင်လမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။ဇူလိုင်လမှာ မွေးဖွားကြတဲ့ဘေဘီလေးတွေက အကောင်းမြင်တတ်ကြသူလေးတွေပါ။ အခြေအနေတိုင်းမှာ အတော်လေး အကောင်းမြင်တတ်ကြပါတယ်တဲ့။ အဆိုးတွေကို လျစ်လျူရှု့ရင်း အကောင်းတွေကိုပဲ ရွေးပြီး မြင်တတ်ကြသူလေးတွေပါ။ ဆိုးရွားတဲ့ အခြေအနေတွေကို ရယ်ရွှင်ဖွယ်ရာ အခြေအနေအဖြစ် ပြောင်းလဲတတ်ကြသူလေးတွေပါ။ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နှစ်လိုဖွယ်ကောင်းကြပါတယ်။ အစားအစာတွေကို အရသာ ကောင်းကောင်းခံတတ်ကြသလိုဂီတကိုလည်း ချစ်မြတ်နိုးကြပါတယ်။ ဘဝထဲက သေးသေးလေးသောအရာလေးတွေကိုပါ နှစ်သက်တတ်ကြသူတွေပါ။ သူတို့လေးတွေက ထိရှခံစားလွယ်တတ်ကြပါတယ်။ ဒါပေမယ့်နှစ်လိုဖွယ်ကောင်းကြတာတော့ အမှန်ပါပဲ။ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အကောင်းမြင်တတ်ကြသလို တည်ငြိမ်အေးဆေးစွာ ကြီးပြင်းလာကြသူလေးတွေပါ။ အခြေအနေတိုင်းလိုလိုကို စိတ်ရှည်သည်းခံတတ်ကြပြီး ရက်ရောကူညီတတ်ကြသူလေးတွေပါ။ဇူလိုင်လဖွားလေးတွေကစိတ်ထိခိုက် ခံစားလွယ်ကြပါတယ်။ ဒါကပဲ သူတို့လေးတွေရဲ့အားနည်းချက်လို့ ဆိုရမှာပါ။ သူတို့က အလိုလို  ခုခံတတ်ကြပေမယ့် ထိခိုက်မှာကိုလည်း အမြဲစိုးထိတ်နေကြသူတွေပါ။ တစ်ခုခု နာကျင်သွားပြီဆိုရင်တော့ အချိန်အတော်ကြာအောင်ယူပြီး ကုစားရတာကလည်း သူတို့လေးတွေရဲ့ အားနည်းချက်လေးပါ။[embed-health-tool-vaccination-tool]။သူတို့လေးတွေက အရာဝတ္ထုတွေကိုရော လူတွေကိုပါ ကောင်းကောင်း အာရုံစိုက်တတ်ကြပါတယ်။အိပ်မက်တွေကို အကောင်အထည်ဖောဖို့ ကျားကုတ်ကျားခဲ ကြိုးစားတတ်ကြသလို လက်တွေ့မဆန်တာတွေကိုလည်း သဘောမတွေ့ကြပါဘူး။ မလိုလားအပ်တဲ့အရာတွေကို ခေါင်းထဲက ထုတ်ထားပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပဲ အာရုံစူးစိုက် လုပ်ဆောင်တတ်ကြပါတယ်။ဇူလိုင်လဖွားလေးတွေအတွက် သူတို့ရဲ့မိသားစုဝင်တွေက အရေးအကြီးဆုံး အရာတွေပါ။ မိသားစုဝင်တွေကို နှစ်နှစ်ကာကာ ချစ်တတ်ကြသူလေးတွေပါ။ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အခြားလမှာ မွေးဖွားတဲ့ ကလေးတွေထက်ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်ကြပါတယ်။ စိတ်ဆိုးဒေါသဖြစ်တာကို ကောင်းကောင်း ထိန်းချုပ်နိုင်သလို ခံစားချက်တွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်သူလေးတွေပါ။ဇူလိုင်လဖွားလေးတွေက အမှီအခို ကင်းကြသလို အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်ကိုင်နိုင်ကြသူလေးတွေပါ။ လိုချင်တဲ့အောင်မြင်မှု ရအောင်ကိုယ်တိုင်ကြိုးစားလုပ်ဆောင်တတ်ကြသူလေးတွေပါ။ သူတို့လေးတွေက သူတို့ဘဝကို ကောင်းကောင်းပုံဖော်နိုင်ကြသူလေးတွေပါ။ဇူလိုင်လဖွား ဘေဘီလေးတွေက ဆရာ/ ဆရာမ အဖြစ် အောင်မြင်နိုင်ကြသူလေးတွေပါ။ ဒါကလည်း ဇူလိုင်လဖွားလေးတွေရဲ့ ထူခြားတဲ့ အရည်အသွေး တစ်ခုပါပဲ။ဇူလိုင်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-july-born-babies/
ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
ဇွန်လဆိုတာက နှစ်တစ်နှစ်တာရဲ့ တဝက်တိတိရောက်နေပြီဖြစ်တဲ့ လတစ်လပါ။ ဇွန်လကမိုးဦးကျကာလပါ။ အပူတွေလျော့ပြီး အေးမြမှုတွေကို ယူဆောင်လာတဲ့ လတစ်လပေါ့။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံအတွက် အရေးပါတဲ့ လတစ်လပါ။ ဒီလိုမျိုး အေးမြမှုတွေကို ယူဆောင်လာတဲ့ ဇွန်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇွန်လမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။ဇွန်လက ပူပြင်းမှုတွေကို လျော့ကျစေတာကြောင့် ကျန်းမာ​ရေး ထိခိုက်နိုင်ခြေ နည်းပါတယ်။ ကျန်းမာရေး ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပေမယ့် ရောဂါလုံးဝ ကင်းပြီး ဒေါင်ဒေါင်မြည်တယ်လို့လည်း မဆိုသာပါဘူး။ များသောအားဖြင့်ကတော့ ဇွန်လဖွားလေးတွေက ဖျားနာခဲတဲ့ သံမဏိခဲလေးတွေပါ။ တစ်နှစ်မှာ တစ်ကြိမ်တောင် ဖျားခဲကြတာ ဇွန်ဖွားလေးတွေပါ။ အခန့်မသင့်ရင်တော့ ရင်ကျပ်တာလိုမျိုးကျန်းမာရေးပြဿနာတွေတော့ ခံစားရနိုင်ပါတယ်။ အချို့အချက်အလက်တွေအရတော့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ များတယ်လို့ သိရပါတယ်။ဇွန်လဖွားလးတွေက နှစ်တစ်နှစ်တာရဲ့ အခြားလမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် Noble ဆုရှင် ဖြစ်နိုင်ခြေက တော်တော်လေး များပါတယ်။ ကမ္ဘာပေါ်က Noble ဆုရှင် အများစုက ဇွန်လဖွားလေးတွေပါတဲ့။ကံကောင်းတာ တစ်ခုက ဇွန်လမှာ မွေးဖွားတဲ့ ကလေးလေးတွေက ရာသီဥတုအခြေအနေကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို ခံစားရနိုင်ခြေ မရှိသလို အရာရာကို အကောင်းမြင်တဲ့ဘက်က ရှု့မြင်တတ်ကြသူလေးတွေပါ။ စိတ်ခံစားမှု အတက်အကျ မြန်ပေမယ့်အကောင်းမြင်တဲ့ စိတ်စွမ်းအားကို ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ထားကြသူလေးတွေပေါ့။ဇွန်လဖွားလေးတွေကသဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ကြသလို သူတို့ရဲ့ ပတ်ဝန်းကျင်ကို အနုပညာဆန်တဲ့အရာတွေ အနုပညာပစ္စည်းတွေနဲ့ ဝန်းရံထားရတာကို နှစ်သက်ကြပါတယ်။ အနုပညာပစ္စည်းတွေ၊ အနုပညာဆန်တာတွေကို နှစ်သက်မြတ်နိုးတန်ဖိုးထားတတ်ကြသူလေးတွေပါ။ဇွန်လဖွားလေးတွေက ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းသပ်ရပ်စွာနေတတ်ကြသလို သူတို့ရဲ့ နေအိမ်နဲ့ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်သပ်ရပ်စွာ ထားတတ်ကြသူလေးတွေပါ။ သန့်ရှင်းသပ်ရပ်မှုက သူတို့ရဲ့ မူပိုင်သင်္ကေတလို့တောင် ဆိုရမှာပါ။[embed-health-tool-vaccination-tool]။ဇွန်လဖွားလေးတွေက အရပ်ပုသူရှားပြီး အရပ်မြင့်ကြသူလေးတွေပါ။ အရပ်က အရမ်းမမြင့်ရင်တောင် ထိုက်သင့်တဲ့ အရပ်အမောင်း ရှိကြပါတယ်။ အခြားလတွေနဲ့ယှဉ်ရင် အရပ်မြင့်ကြပါတယ်။အရာရာကို စူးစပ်တတ်တဲ့စပ်စုစိန်လေးတွေဖြစ်တာကြောင့် ဇွန်လဖွားလေးတွေက သိနေတဲ့အရာ တော်တော်များပါတယ်။ အရာရာတိုင်းကို စိတ်ဝင်တစား လေ့လာတတ်ပြီး အိုင်ဒီယာ အသစ်တွေထုတ်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။ နောက်တစ်ခုကmultitaskingရတာပါ။ တစ်ခုတည်းမှာ အာရုံစိုက်မထားတတ်ဘဲ အရာရာတိုင်းကို လေ့လာတတ်ကြသူလေးတွေပါ။  အတွေးစိတ်ကူးမြန်သလောက် အမီလိုက်ပြီး တီထွင်ဆန်းသစ်နိုင်ကြတာလည်း ဇွန်လဖွားလေးတွေပါပဲ။ဇွန်လဖွားလေးတွေက ဘယ်လောက်အရေးကြီးပါတယ်ဆိုတဲ့ အခြေအနေတွေမှာ ဖြစ်ဖြစ် ဘယ်အရာကို အရင် ဦးစားပေးလို့ ဘာကိုနောက်မှ လုပ်ဆောင်ရမလဲဆိုတာကို ကောင်းကောင်းခွဲခြားတတ်ကြသူလေးတွေပါ။ အရာရာကို စိတ်ပျက်စရာ အခြေအနေ ကင်းဝေးအောင်စီမံခန့်ခွဲနိုင်စွမ်း ရှိတာကလည်း သူတို့လေးတွေရဲ့ အခြားသူနဲ့ မတူတဲ့ အရည်အသွေးပါပဲ။ဇွန်လဖွားလေးတွေက အရာရာကို သိနိုင်စွမ်း ရှိကြပါတယ်။ အာရုံခံနိုင်စွမ်း မြင့်ကြတယ်လို့ပဲ ဆိုရပါမယ်။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေ သဘောထားကို ကောင်းစွာ ဖတ်နိုင်ကြပါတယ်။ သူတို့က ရိုးသားကြသလို အခြားသူတွေရဲ့ အတွင်းစိတ်ကိုလည်း ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ သူတို့က မရိုးသားတာ ချက်ချင်း ခံစားသိနိုင်ပြီးရိုးသားမှုမရှိသူတွေနဲ့ ခပ်ကင်းကင်း နေတတ်ကြပါတယ်။ မကောင်းတာ တစ်ခုကတော့ လူတစ်ယောက်ကို မြန်မြန် အကဲဖြတ်လိုက်တာပါပဲ။ဇွန်လဖွားလေးတွေက တစ်ယောက်တည်း နေရတာကို နှစ်သက်တယ်လို့ ထင်စရာရှိပေမယ့် တကယ်ကတော့ သူတို့လေးတွေက မိတ်ဆွေဖွဲ့ရတာကို နှစ်သက်သလို ပွင့်ပွင်းလင်းလင်း နေတတ်ကြသူလေးတွေပါ။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းကြပါတယ်။ စိတ်ရှည်သည်းခံတတ်ကြသလို ချစ်ခင်တဲ့သူတွေအပေါ်မှာ အနွံနာအခံနိုင်ဆုံးလေးတွေပါ။ အမြဲတမ်းမြဲနေမယ့် relationship ကို ဖန်တီးနိုင်စွမ်း ရှိသူလေးတွေပါတဲ့။ဇွန်လဖွားလေးတွေရဲ့ နောက်ထပ် ထင်မှတ်မထားတဲ့ skill တစ်ခုက စွန့်စားရတာကို နှစ်သက်တာပါ။ လေ့လာစူးစမ်းရတာကို နှစ်သက်ကြသလို အသစ်အသစ်တွေ ဖော်ထုတ်ရတာ စွန့်စားလုပ်ဆောင်ရတာကို နှစ်သက်ကြပါတယ်။ဇွန်လဖွားလေးတွေရဲ့ မွေးရာပါဗီဇက ဦးဆောင်ရတာကို နှစ်သက်ကြတာပါ။ ဇွန်လဖွားလေးတွေက ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြသလို အရာရာကို ကောင်းကောင်း ဦးဆောင်နိုင်ပါတယ်။ မျှတစွာ ဦးဆောင်နိုင်ကြတဲ့ခေါင်းဆောင်ကောင်းရဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြသူလေးတွေက ဇွန်လဖွားလေးတွေပါတဲ့နော်။အရာရာကို ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ အစွမ်း၊ စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်ပေးနိုင်တဲ့ အစွမ်းကို ငယ်စဉ်လေးကတည်းက မသင်ပေးရဘဲ တတ်ကျွမ်းကြသူလေးတွေက ဇွန်လဖွားလေးတွေပါ။ သူတို့လေးတွေရဲ့ အောင်မြင်နိုင်ခြေ အများဆုံး အလုပ်အကိုင်တစ်ခုက စေ့စပ်ညှိနှိုင်းသူလုပ်ခြင်းပါ။ ရှေ့နေအလုပ်အကိုင်ကလည်း ကိုက်ညီတဲ့ အလုပ်တစ်ခုပါပဲ။ဇွန်လဖွားလေးတွေက ပတ်ဝန်းကျင်ကသူတွေကို ရယ်ရွှင်မောဖွယ်ရာလေးတွေ ဆောင်ကြဉ်ပေးကြသူလေးတွေပါ။ သူတို့ရဲ့ သူမတူတဲ့ နေထိုင်မှုပုံစံလေးက ခင်မင်နှစ်လိုဖွယ် ကောင်းသလို အခြားသူတွေကို ပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်ကြပါတယ်။ သာမန်အရာတွေကိုတောင် ရယ်ရွှင်စရာဖြစ်အောင် ပုံဖော်တတ်ကြသူလေးတွေပါ။ဇွန်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-june-born-babies/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/vitmin-c-overdose/
ငါးစားက အကျိုးများ၏
ငါးစားက အကျိုးများ၏ ……. ငါးဟာအာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ နေ့စဉ် စားနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ငါးစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ငါးစားခြင်းရဲ့ အကျိုးကျေးဇူးများကတော့။ငါးအများစုမှာ ပရိုတိန်းဓာတ် ကောင်းကောင်းပါဝင်တာပါတယ်။ တခြား ဗီတာမင်၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကာရယ် စတဲ့ငါးတွေမှာomega 3နဲ့ တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။တခြားငါးအမျိုးမျိုးမှာလည်း ဗီတာမင် D နဲ့ B2 များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ငါးကို ပုံမှန်စားသုံးနေသူတွေဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားနှလုံးရောဂါမျိုးတွေ ဖြစ်နိုငခြေ နည်းပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေလည်း နည်းပါတယ်။Omega 3 အမျိုးအစားတစ်မျိုးဖြစ်တဲ့ DHA ဟာ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် ငါးကနေရရှိတဲ့ ပရိုတိန်းများဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးစေနိုင်ဖို့ အထောက်အကူပြုပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတတ်ပါတယ်။ အထူးသဖြင့် အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ဒုက္ခပေးတတ်ပါတယ်။သုတေသနတွေအရ ငါးစားသုံးမှုများသူတွေမှာ ဦးနှောက်တစ်ရှူးများ ပျက်စီးခြင်းကို လျော့ကျစေနိုင်ပါတယ်။ ငါးများများစားသုံးခြင်းအားဖြင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေ ကျဆင်းလာနိုင်ခြေကို ကာကွယ်ပေးပါတယ်။စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့အခြေအနေတွေဟာ သင့်နေ့စဉ်ဘဝကို ထိခိုက်စေပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ငါးကို ပိုမိုစားသုံးသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေမှာ omega 3 ကြွယ်ဝတာမို့ စိတ်ကျခြင်းပြဿနာကို သက်သာစေပါလိမ့်မယ်။ ငါးစားခြင်းဟာ စိတ်ကြွစိတ်ကျအခြေအနေမှာလည်း အထောက်အကူပြုပါတယ်။ငါးအမျိုးမျိုးဟာဗီတာမင် Dကြွယ်ဝတဲ့ အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဆီဓာတ်များတဲ့ ငါးတွေမှာ ပိုမိုပါဝင်ပါတယ်။ ချက်ပြုတ်ပြီးသား ဆယ်လ်မွန်ငါး ၄အောင်စခန့်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် D ဟာ ရာနှုန်းပြည့်ပါဝင်တယ်လို့ သိရပါတယ်။ ငါးကြီးဆီမှာလည်း ဗီတာမင် D ပါဝင်ပါတယ်။အသက်အရွယ်ကြီးရင့်လာရင်မျက်စိထဲကကြွက်သားတွေအားနည်းလာတတ်လို့ အမြင်အာရုံဝေဝါးခြင်း ဖြစ်တတ်ပါတယ်။ ငါးစားခြင်းဟာ အဆိုပါ အခြေအနေကို သက်သာစေပါတယ်။ ငါးအမျိုးမျိုးကို ပုံမှန်စားသုံးပေးနိုင်ရင် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကြွက်သားများ အားနည်းခြင်းဖြစ်နိုင်ခြေကို လေးဆယ်ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။လူတိုင်းဟာ တစ်နေ့တာကာလမှာ နှစ်ခြိုက်စွာ အိပ်စက်တဲ့အချိန် လုံလောက်မှသာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာရေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးရက်ခန့် စားသုံးသူတွေဟာ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြောင်း သိရပါတယ်။ သုတေသီတွေရဲ့ ယူဆချက်အရ ငါးတွေမှာ ဗီတာမင် D ကြွယ်ဝတာကြောင့် အဆိုပါအကျိုးကျေးဇူးကို ရရှိတယ်လို့ ဆိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-fish/
သိပ္ပံနည်းကျတွေ့ရှိထားသော ဗီတာမင် B12 ၏ အကျိုးကျေးဇူးများ
ဗီတာမင် B12ဟာ ကိုယ်ခန္ဓာကနေ မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်ဘဲ တိရစ္ဆာန်အသားများ စားသုံးရာကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာအာရုံကြောဆဲလ်တွေပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၂.၄ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင် B12 ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ဗီတာမင် B12 အားနည်းရင် သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။ ပုံမှန်သွေးနီဥဆဲလ်တွေဟာ သေးငယ်ပြီး လုံးဝန်းပေမယ့် ဗီတာမင် B12 ချို့တဲ့ချိန်မှာတော့ ကြီးမားပြီး ဘဲဥပုံ ဖြစ်သွားပါတယ်။ သွေးနီဥဆဲလ်တွေ အရွယ်အစားကြီးပြီး ပုံပျက်သွားတာကြောင့် ရိုးတွင်းခြင်ဆီထဲကနေ သွေးထဲကို ကောင်းကောင်းမရောက်နိုင်ရင် သွေးအားနည်းခြင်း ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် B12 ပုံမှန်ရရှိမှသာ သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ကောင်းစွာ ဖွံ့ဖြိုးနိုင်စေဖို့ ဗီတာမင် B12 ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗီတာမင် B12 ချို့တဲ့ရင် အာရုံကြောချို့ယွင်းခြင်း အပါအဝင် မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗီတာမင် B12 ပမာဏဟာ 250 mg/dL ထက်လျော့နည်းရင် ကလေးဟာ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေများစေတယ်လို့ ဆိုပါတယ်။ဗီတာမင် B12 လျော့နည်းသူတွေမှာ အရိုးအတွင်းသတ္တုဓာတ်နည်းသွားပြီးအရိုးသိပ်သည်းဆနည်းခြင်း၊ အရိုးပွခြင်းတွေ ဖြစ်တတ်ပါတယ်။ အရိုးများမှာ သတ္တုဓာတ်နည်းလာတာနဲ့အမျှ ကျိုးပဲ့လွယ်လာပါတယ်။ အဲဒီကနေ အရိုးပွခြင်းကို ဦးတည်စေပါတယ်။ ဗီတာမင် B12 ဟာ သင့်တော်သောပမာဏရှိမှသာ အရိုးပွခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။မျက်စိအမြင်လွှာဟာ အသက်ကြီးလာတာနဲ့အမျှ ချို့ယွင်းပျက်စီးလာပြီး အမြင်အာရုံကို ထိခိုက်စေလာနိုင်ပါတယ်။ ဗီတာမင် B12 ပမာဏကို သင့်တော်တဲ့ပမာဏမှာ ထိန်းသိမ်းထားပေးခြင်းဟာ အသက်အရွယ်ကြီးလာလို့ ဖြစ်တတ်တဲ့ မျက်စိအမြင်လွှာထိခိုက်ခြင်းကို သက်သာစေတယ်လို့ သုတေသနအချို့မှာ ဖော်ပြထားပါတယ်။ဗီတာမင် B12 ဟာ စိတ်ကိုထိန်းညှိပေးနိုင်တဲ့ ဆီရိုတိုနင်ဟော်မုန်း ဖွဲ့စည်းခြင်းနဲ့ ဇီဝဖြစ်စဉ်တွေမှာ အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B12 ချို့တဲ့ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ဆက်နွယ်နေတယ်လို့ သိရပါတယ်။ စိတ်ဓာတ်ကျချိန်မှာ ဗီတာမင် B12 ချို့တဲ့ရင် ပိုမို ဆိုးရွားစေပါတယ်။ဗီတာမင် B12 ချို့တဲ့ရင် မှတ်ဉာဏ်လျော့ကျစေနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်များ ပျက်စီးပြီး ဦးနှောက်သားများ သေးကျုံ့သွားခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် B12 ဟာမှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်နိုင်ဖို့ ဗီတာမင် B12 အပါအဝင် ဗီတာမင် B အုပ်စုတခုလုံးကို လိုအပ်ပါတယ်။ အထူးသဖြင့် အားဖြည့်ဆေးတွေ စားသုံးရင် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဗီတာမင် B အားဖြည့်ဆေးတွေ သုံးစွဲတော့မယ်ဆိုရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။သွေးထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်များပြားခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေများစေတယ်လို့ သိရပါတယ်။ သုတေသနတွေအရ ဗီတာမင် B12 ဟာ homocysteine ကို လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ လိုအပ်ပါသေးတယ်။ဗီတာမင် B12 ဟာ အလှအပရေးရာကိစ္စတွေမှာလည်း အရေးပါပါတယ်။ ဗီတာမင် B12 ချို့တဲ့နေရင် အရေပြားပေါ် အစက်အပြောက်များထင်ခြင်း၊ လက်သည်းများ အရောင်မှိန်ခြင်း၊ ဆံသားများပျက်စီးခြင်း၊ အရေပြားအကွက်ထခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေလှပပြီး ဆံသားတွေ လှပဖို့ ဗီတာမင် B12 ကို ပုံမှန်ထိန်းသိမ်းပေးဖို့ လိုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-b12-benefits/
စံပယ်ပန်း လှလှလေး ကပေးတဲ့ အသားအရေလှပမှု
စံပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။  စံပယ်ပန်း လှလှလေးတွေကအသားအရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ဝက်ခြံတွေကို သက်သာစေနိုင်တယ်။စံပယ်ပန်းကအရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာ​ကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကိုသံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် ခြောက်သွားအောင် ခဏထားလို့ရေနွေးနဲ့ ဆေးချလိုက်ပါ။အသားအရောင်မညီတာကို သက်သာစေတယ်။အသားအရောင်မညီတာကို သက်သာစေဖို့ဆိုရင် စံပယ်ရွက်ကို ကြိတ်ပြီးအုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်လိမ်းပြီး အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ရေနွေးနွေးလေးနဲ့ သစ်ချလိုက်ပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာက အသားအရောင်မညီတာကို သိသိသာသာ သက်သာစေမှပါ။အသားအရေ နူးညံ့စေတယ်။စံပယ်ပန်းအဆီကိုရှားစောင်းလက်ပပ်အနှစ်နဲ့ ရောစပ်လို့ ရလာတဲ့အရောကို အိပ်ရာမဝင်ခင်အရေပြားပေါ်မှာ လိမ်းပြီး အိပ်ရာဝင်ပါ။ ဒီလို ပုံမှန်လုပ်ပေးတာက အသားအရေကို တင်းရင်းစေပြီး နူးညံ့စေမှာပါ။ဦးရေပြားပြဿနာကင်းစေတယ်။စံပယ်ပန်းအဆီက အရောင်ကျစေနိုင်သလိုဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြားမှာဖြစ်တဲ့အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဦးရေပြား ကျန်းမာရေးအတွက် စံပယ်ပန်းအဆီနဲ့ အုန်းဆီကို ဆတူရောလို့ ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းအဆီက အသားအရေကိုဓာတ်တိုးပစ္စည်းတွေနဲ့ခရမ်းလွန်ရောင်ခြည်၊ညစ်ညမ်းမှုတွေကြောင့်အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။စံပယ်ပန်းအဆီကို လိမ်းပေးတာက အမာရွတ်တွေ၊အရေးအကြောင်းတွေနဲ့အမဲစက်တွေကို သက်သာစေပြီး အရွယ်တင် နုပျိုနေစေမှာပါ။ရေဓာတ်ဖြည့်ပေးနိုင်တယ်။စံပယ်ပန်းက အသားအရေကိုအစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတာကအသားအရေခြောက်သွေ့မှုကို ကင်းစေပြီးချွေးပေါက်တွေ ပိတ်ဆို့မှုကင်းစေပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေကိုလည်းရေဓာတ်ဖြည့်ပေးသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။စံပယ်ပန်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတဲ့ စံပယ်ပန်းအဆီက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာ​ကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးကနေ ကာကွယ်နိုင်မှာပါ။ချွေးပေါက်တွေကို သန့်စင်ပေးတယ်။စံပယ်ပန်းကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ရလာတဲ့ ရေနွေးကိုဂွမ်းစလေးနဲ့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်စင်စေပြီး ချွေးပေါက် ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ဆားဝက်ခြံနဲ့အဆီပြန်တာတွေကို သက်သာစေမှာပါ။ကဲ …စံပယ်ပန်း လှလှလေးကို သုံးလို့ အသားအရေလေးကို အခုပဲ ထိန်းသိမ်း လိုက်ရအောင်လား……………..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-benefits-of-jasmine/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/german-measles-rubella-%e1%80%82%e1%80%bb%e1%80%ac%e1%80%99%e1%80%94%e1%80%ba%e1%80%9d%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba/
အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ
အစားအစာများကနေ ရရှိတဲ့ အာဟာရဓာတ်များဟာ ကျန်းမာရေးကောင်းဖို့အတွက် အထူးအရေးပါပါတယ်။ စားသောက်ပုံမမှန်လို့ အာဟာရဓာတ်ချို့တဲ့လာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တွေ့ရများတဲ့အာဟာရဓာတ်ချို့တဲ့ခြင်းအကြောင်းတွေပါပဲ။သံဓာတ်ဟာ မရှိမဖြစ်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥဆဲလ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ပါဝင်ပြီး အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ heme နဲ့ non-heme ဆိုပြီး သံဓာတ်နှစ်မျိုး ရှိပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၅%မှာ တွေ့နေရကြောင်း သိရပါတယ်။ ကလေးများမှာ တွေ့ရများပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာလည်း တွေ့ရပါတယ်။ သက်သတ်လွတ်သမားတွေမှာလည်း တွေ့ရတတ်ပါတယ်။သံဓာတ်ချို့တဲ့ခဲ့ရင် မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဦးနှောက်လုပ်ငန်း ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။သံဓာတ်ချို့တဲ့ရင် အမဲသား၊ ကလီစာ၊ အခွံမာရေသတ္တဝါများ၊၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်အမျိုးမျိုး စတာတွေကို စားသုံးနိုင်ပါတယ်။ ဗီတာမင်စီဟာလည်း သံဓာတ်စုပ်ယူမှကို အားကောင်းစေတာကြောင့် ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ပါ တွဲဖက်စားသုံးနိုင်ပါတယ်။သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့၊ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်နိုင်ဖို့ အိုင်အိုဒင်းကို လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ အရိုးများကျန်းမာရေးကို ထိန်းသိမ်းမှု စတာတွေအတွက် အရေးကြီးပါတယ်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရင် သိုင်းရွိုက်ဂလင်းကြီးလာခြင်း (သို့) လည်ပင်းကြီးခြင်း ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်များမှာဖြစ်ရင် ဉာဏ်ရည်ချို့တဲ့ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဖွံ့ဖြိုးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။အိုင်အိုဒင်းချို့တဲ့ခြင်းအတွက် အိုင်အိုဒင်းဆားကို စားသုံးနိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေညှိ၊ ငါးအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး စတာတွေမှာလည်း အိုင်အိုဒင်း ပါဝင်ပါတယ်။လူ့ခန္ဓာကိုယ်အရေပြားပေါ် နေရောင်ခြည်ထိပြီးရင် ဗီတာမင်ဒီ ထွက်လာပါတယ်။ ဒါကြောင့် အီကွေတာနဲ့ဝေးတဲ့ ဒေသမှာ နေထိုင်သူများဟာ အစားအသောက်ထဲမှာ ဗီတာမင်ဒီ မလုံလောက်ရင် ဗီတာမင်ဒီချို့တဲ့ခြင်း သေချာပေါက်ဖြစ်ပွားနိုင်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ရင် ကြွက်သားများအားနည်းခြင်း၊ အရိုးများပျက်စီးခြင်း၊ အရိုးများ ကျိုးပဲ့လွယ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အရိုးပျော့ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ခံယူခြင်းကနေ ရရှိနိုင်ပါတယ်။ ငါးကြီးဆီ၊ ဥအမျိုးမျိုးရဲ့ အနှစ် စတာတွေကနေလည်း ရပါတယ်။ ဆယ်လ်မွန်၊ ငါးကွန်းရှပ်၊ ငါးသေတ္တာ၊ ထရောက်ငါး စတာတွေမှာလည်း ရရှိပါတယ်။ဗီတာမင် B12 ဟာ သွေးဖြစ်ပေါ်ခြင်းအတွက် အရေးပါပါတယ်။ ဦးနှောက်နဲ့ အာရုံကြောအတွက်လည်း အရေးကြီးပါတယ်။ ဗီတာမင် B12 ကို တိရစ္ဆာန်အသားများမှ အဓိကရပါတယ်။ ဒါကြောင့် အသားမစားသူများဟာ ဗီတာမင် B12 ချို့တဲ့ခြင်း ဖြစ်နိုင်ခြေ များပါတယ်။ ဗီတာမင် B12 ရရှိနိုင်ဖို့ အခွံမာ ရေသတ္တဝါများ၊ ကလီစာများ၊ အသားများ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေကို စားသုံးနိုင်ပါတယ်။ကယ်လ်ဆီယမ်ဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းအတွက် အရေးပါပါတယ်။ အရိုးနဲ့သွားများ ဖွံ့ဖြိုးကြီးထွားစေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဟာ အာရုံကြောအချက်ပြ ပစ္စည်းအနေနဲ့လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူမရှိဘဲ နှလုံး၊ ကြွက်သား၊ အာရုံကြောများဟာ ပုံမှန်အလုပ်လုပ်နိုင်ခြင်း မရှိပါဘူး။ပိုလျှံတဲ့ ကယ်လ်ဆီယမ်ကို အရိုးတွေထဲမှာ သိုလှောင်ပါတယ်။ ကယ်လ်ဆီယမ်စားသုံးတာနည်းရင် အရိုးကနေ ကယ်လ်ဆီယမ်တွေ ပြန်ထုတ်ပေးပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ချို့တဲ့ရင် အရိုးပွခြင်း ဖြစ်တတ်ပါတယ်။ကယ်လ်ဆီယမ်ဓာတ်ရရှိစေဖို့ အရိုးပါသောငါးများ၊နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင် အရွက်များ စတာတွေကို စားသုံးသင့်ပါတယ်။ ကယ်လ်ဆီယမ်အားဆေးလည်း သောက်နိုင်ပါတယ်။ ဆေးသောက်မယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။ဗီတာမင်အေဟာ အသားအရေ၊ သွား၊ အရိုးများနဲ့ ဆဲလ်အမြှေးပါးတွေကို ကောင်းမွန်သန်စွမ်းအောင် ကူညီပေးပါတယ်။ အမြင်အာရုံအတွက်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင်အေ ချို့တဲ့ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဗီတာမင်အေချို့တဲ့ရင် အမြင်အာရုံထိခိုက်ခြင်း၊ ကိုယ်ခံစွမ်းအာ လျော့နည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ဗီတာမင်အေ ရရှိနိုင်အောင် ကလီစာများ၊ ငါးကြီးဆီ၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေကို စားသုံးနိုင်ပါတယ်။ ဗီတာမင်အေ လွန်ကဲရင်လည်း အန္တရာယ်ဖြစ်တတ်တာမို့ ဗီတာမင်အေ အားဆေးတွေသုံးစွဲတော့မယ်ဆိုရင် သတိပြုသင့်ပါတယ်။မဂ္ဂနီဆီယမ်ဟာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး အရိုးနဲ့သွားများ ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ အရေးပါပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဟာ အမျိုးအစား ၂ ဆီးချို၊ ဇီဝဖြစ်ပျက်မှုဖြစ်စဉ် ပျက်ယွင်းခြင်းလက္ခဏာစု၊ နှလုံးရောဂါ၊ အရိုးပွခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လက္ခဏာအားဖြင့် နှလုံးခုန်မြန်ခြင်း၊ ကြွက်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စတာတွေ တွေ့နိုင်ပါတယ်။မဂ္ဂနီဆီယမ်ရရှိနိုင်တဲ့ အစားအစာတွေကတော့ မပြုပြင်ရသေးတဲ့ အစေ့အဆန်များ၊ အခွံမာသီးများ၊ ချောကလက်အညို၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စတာတွေ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/common-nutrient-deficiencies/
ကလေးများတွင်ဖြစ်သောပန်းနာရင်ကြပ်
အဆုတ်ပန်းနာရင်ကြပ်သည် စိတ်ပူရမည့်ရောဂါမျိုးဖြစ်သည်။ ဒီရောဂါသည် ကလေးများ၌ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ လူကြီးများထက် ဖြစ်ပွားနှုန်း ၂ ဆနီးပါးရှိ၏။ (ကလေး ၁၀% ဆို လူကြီး ၅%) ကလေးများတွင်ဖြစ်သော ပန်းနာရင်ကြပ်သည် ရောဂါအမည်တပ်ရာတွင် နောက်ကျတတ်၏။အထူသဖြင့် အသက် ၂ နှစ်အောက်တွင် ပိုနောက်ကျတတ်သည်။ ထိုကိစ္စသည် ဖြစ်ကိုဖြစ်တတ်တာမျိုးကြောင့် ကုသမှု၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ကလေးတက်သွားခြင်း၊ ဆေးရုံတင်ရခြင်းနှင့် တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းတို့ထိ ဖြစ်နိုင်ပါသည်။၎င်းသည် နာတာရှည် လေပြွန်ရောင်ရမ်းနာတစ်မျိုးဖြစ်သည်။ ထိုရောင်ရမ်းခြင်းသည် လေပြွန်အား အမျိုးမျိုးသော လှုံ့စော်မှုများကို အထိမခံဖြစ်စေနိုင်၏။ လေပြွန်မှ ထိုလှုံ့စော်မှုများနှင့်ထိမိသည့်အခါ ဖောင်းကြွလာမည်၊ ကျုံ့လာမည်။ ချွဲများနှင့် ပြည့်လာလိမ့်မည်။လေပြွန်ပိတ်သွားပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်လာ၏။ ပန်းနာရင်ကြပ်ရောဂါသည် မျိုးရိုးလိုက်တတ်ပြီး မကူးစက်တတ်သည့်ရောဂါဖြစ်ပါသည်။ကလေးကိုသတိထားစောင့်ကြည့်ရမည့် လက္ခဏာတစ်ချို့ ရှိပါသည်။တခြားလက္ခဏာများမှာ အသက်ရှုမြန်ခြင်း၊ ရင်ကြပ်ခြင်း၊ ရင်ဘတ်ချိုင့်ခြင်း၊ နှာသီးရောင်ခြင်းများ ဖြစ်သည်။ သို့သော် ရောဂါအမည်တပ်နိုင်ဖို့ရာ အမြဲလွယ်ကူသည်မဟုတ်ပါ။ပန်းနာရင်ကြပ်ဟုတ်မဟုတ်သိရန် မကြာခဏချောင်းဆိုးခြင်း (အထူးသဖြင့် ညအချိန်၌)၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းတို့ကို သံသယနှင့်ကြည့်ရမည်။ သို့မဟုတ် ကလေးသည် တစ်ခုခုသောပြောင်းလဲမှုနှင့်ကြုံလာပါက အထက်ပါလက္ခဏာများ ပေါ်လာခြင်းရှိမရှိကို စောင့်ကြည့်ရပါမည်။တရွှီရွှီမြည်နေလျှင် အသက်ရှုမဝခြင်းက သိသာသောလက္ခဏာဖြစ်သည်။ သို့သော် မကြာခဏချောင်းဆိုးခြင်းလက္ခါများသည် ပေါ်ချင်မှပေါ်သောကြောင့် ရောဂါအမည်တပ်ရာတွင် လွဲချော်သွားနိုင်သည်။အမှန်ဆိုရလျှင် ပန်းနာရင်ကြပ် ကလေးများသည် ညအခါတွင်သာ ချောင်းဆိုးတတ်ကြပါသည်။ (ညအိပ်မပျော်နိုင်လောက်အောင် ဆိုးတတ်သည်) တချို့ကျွမ်းကျင်သူများက ဒီအခြေအနေကို “ချောင်းဆိုးသော ပန်းနာ” ဟုခေါ်ပြီး ဖြစ်လေ့သိပ်မရှိသော ပုံစံအဖြစ်သတ်မှတ်ပြီး အရေးမစိုက်မိတတ်ကြပါ။ ကလေး၌ ထိုကဲ့သိုဖြစ်နေပါက အသက်ရှုလမ်းကြောင်းဌာနသို့သွားကာ သင့်တော်သောရောဂါအမည်တပ်နိုင်ရန် ပြသရပါမည်။အသက် ၂ နှစ်အောက်များတွင် ပန်းနာရင်ကြပ်နှင့် အလက်ဂျီ မိသားစုမျိုးရိုးမရှိပဲ ၃ ခါအနည်းဆုံး တရွှီရွှီမြည်ခြင်းဖြစ်လာပါက အရေးကြီးသည်ကို သိထားပါ။ပန်းနာရင်ကြပ်ကလေးများအား ပုံမှန်ကုသသည့်နည်းလမ်းမှာ ပန်းနာရင်ကြပ်ဖောက်စေသည့် အကြောင်းရင်းများကို ရှောင်ခြင်းဖြစ်သည်။ပန်းနာရင်ကြပ်ဖောက်သည့်လက္ခဏာများကို သိရှိခြင်းသည် အဓိကအချက်ပင်ဖြစ်သည်။ လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှုခက်ခြင်း၊ ညတွင်လန့်နိုးခြင်းများ ဖြစ်သည်။ထိုသို့ဖြစ်လျှင် ကလေးအား လျှင်မြန်အာနိသင်ရမည့် ဆေးများကိုပေးရမည်။ (ရှုဆေး) တစ်နာရီခန့် အနားယူနိုင်လျှင် ကလေးအတွက် ပိုကောင်းပါလိမ့်မည်။ကလေးအထူးကု၏ညွှန်ကြားချက်များလိုက်နာရန်၊ ချိန်းသည့်အချိန် မှန်မှန်ပြရန်၊ ကလေးနေကောင်းပြီဆိုရင်တောင်မှ ကိုယ့်သဘောနှင့် ဘယ်တော့မှဆေးကိုရပ်မပစ်ရန် အရေးကြီးပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%95%e1%80%94%e1%80%b9/
ပျော်ရွှင်ခြင်း ရှာပုံတော် (၃)
မနက်ဖြန်ကမ္ဘာပျက်မယ်ဆိုတာသိရရင် ဒီနေ့မှာ လူတွေပျော်ရွှင်နိုင်မယ်ထင်လား။လေ့လာချက်တစ်ခုအရတော့ လူတွေပျော်ရွှင်နိုင်ပါလိမ့်မယ်တဲ့။ ဘာလို့လဲဆိုတော့ တစ်သက်လုံးလုပ်လာခဲ့ရတဲ့ ပြိုင်ဆိုင်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ခံစားရမှုတွေ၊ မကျေနပ်တာတွေအကုန်လုံးက မနက်ဖြန်မှာ အားလုံးနဲ့အတူတူ ချုပ်ငြိမ်းသွားနိုင်မှာဖြစ်လို့ပါ။ ဒီနေ့အချိန်မှာလူတွေက ဘယ်လောက်တောင် စိတ်ဖိအားတွေ၊ မပျော်ရွှင်မှုတွေနဲ့ ရုန်းကန်နေရလဲဆိုတာကို ဒါက သိနိုင်တယ်။ အခုနောက်ပိုင်း ထောင်စုနှစ်လူငယ်တွေမှာဆိုရင် ရှင်သန်ခြင်းက နာကျင်ခြင်းပဲဆိုတဲ့အယူအဆတွေအားကောင်းလာတယ်။ဘယ်အရာတွေက ကျွန်တော်တို့ကိုပျော်ရွှင်စေတာလဲ။ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကရောဘာလဲ။ ဒီအကြောင်းတွေပဲ မကြာခဏစဉ်းစားဖြစ်တယ်။ပျော်ရွှင်ခြင်းကို တိုင်းတာလို့မရဘူးလို့ထင်ကြပေမယ့် တကယ်တမ်းတော့ အခြေအနေတစ်ခုအထိတော့ တိုင်းတာလို့ရတယ်။ ဥပမာ အခု ကိုယ့်အခြေအနေက ပျော်ရွှင်နေတယ်ထင်လား။ မပျော်ရွှင်ဘူးထင်လား။ ၁ ကနေ ၅ အတွင်း ၁ က လုံးဝမပျော်ရွှင်ဘူး။ ၅ က အရမ်းပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင်၊ ငွေကြေးအနေအထား၊ အချစ်ရေးအိမ်ထောင်ရေး၊ မိသားစု၊ပေါင်းသင်းဆက်ဆံရေးအစရှိသဖြင့်နေရာတွေမှာ ကိုယ့်ပျော်ရွှင်မှုအနေအထားက ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာလို့ရပါတယ်။ အခုပျော်ရွှင်နေလား။ မပျော်ရွှင်ဘူးလား။ ဘယ်လောက်ထိပျော်ရွှင်နေလဲ။၁။ ပိုက်ဆံက ပျော်ရွှင်မှုကိုဖန်တီးနိုင်လား။ကိုယ့်အသက် ၁၆၊ ၁၇ က အခြေအနေကို ပြန်စဉ်းစားကြည့်ရအောင်။ ပိုက်ဆံမရှိဘူး။ ကိုယ်ဝယ်ချင်တာတွေ၊ လုပ်ချင်တာတွေ၊ ဝတ်ချင် စားချင်တာတွေအကုန်လုံးကို ကိုယ်ပိုင်ပိုက်ဆံနဲ့ မလုပ်နိုင်ဘူး။ ပိုက်ဆံမရှိလို့ အမြဲတမ်းစိတ်ညစ်နေရတယ်။အခုလက်ရှိအနေအထားကိုပြန်ကြည့်လိုက်။ ပိုက်ဆံပိုရှိလာတယ်။ ကိုယ်လုပ်ချင်တာတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်တယ်။ ဝယ်ချင်တာဝယ်နိုင်တယ်။ဘတ်စ်ကားစီးပြီးကျောင်းတက်ခဲ့တဲ့ဘဝကနေ ကိုယ်ပိုင်ကားမောင်းပြီး ရုံးတက်နေတဲ့အချိန်မှာ ပျော်ရွှင်မှု စံနှုန်းတွေတက်လာလား။ ပိုက်ဆံမရှိတဲ့ အဲဒီအချိန်ကထက် ပိုက်ဆံပိုရှိလာတဲ့အခုက ပျော်ရွှင်လာတယ်လို့ထင်လား။ဒါဖြင့်ရင် ပိုက်ဆံက ပျော်ရွှင်မှုကို မဖန်တီးနိုင်ဘူးလား။ အဲဒီလိုတော့လည်းမဟုတ်ပြန်ဘူး။ ပိုက်ဆံက အခြေခံလိုအပ်ချက်တွေကို ပံ့ပိုးနိုင်တယ်။ အားနည်းသူတွေကိုကူညီလို့ရတယ်။နာမကျန်းဖြစ်တဲ့အခါ ကောင်းမွန်တဲ့ပြုစုစောင့်ရှောက်ပေးမှုတွေရနိုင်တယ်။ ဒါပေမယ့် ငွေကြေးက အတိုင်းအတာတစ်ခုရောက်သွားတဲ့အခါမှာ ထပ်ပြီးပျော်ရွှင်မှုတွေကို မပေးနိုင်တော့ဘူး။ ဥပမာ ပိုက်ဆံမရှိတဲ့ ကိုယ်လိုလူတွေသာ ချမ်းသာရင်ပျော်ရွှင်မယ်ထင်နေတာ အရမ်းကိုကျိကျိတက်ကြွယ်ဝနေတဲ့သူတွေမှာလည်း ကြည့်လိုက်ရင် သူ့အပူနဲ့သူပဲ။ စိတ်ညစ်စရာတွေအပြည့်ပဲ။ တစ်ခါတလေသူတို့စိတ်ညစ်နေပုံက ကိုယ့်ထက်တောင်ပိုဆိုးနေသေးတယ်။ပိုက်ဆံက ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမှာပဲပျော်ရွှင်မှုရှိနေမယ်ထင်လာရင်တော့ ပိုက်ဆံရှာရင်းနဲ့ လုံးလည်ချာလည်လိုက်လာလိမ့်မယ်။ပျော်ရွှင်မှုကိုရှာတွေ့တော့မှာမဟုတ်ဘူး။၂။ နှိုင်းယှဥ်ပြီးမှရလာတဲ့ ပျော်ရွှင်မှုက မတည်မြဲဘူး။ကိုယ်က တစ်လကို ဝင်ငွေဆယ်သိန်းရတယ်။ ဒါပေမယ့် ကိုယ့်အနီးအနားဝန်းကျင်မှာရှိသမျှလူတိုင်းက တစ်လကို ဝင်ငွေ သိန်းတစ်ရာရှိတဲ့သူတွေချည်းပဲဆိုတာနဲ့ကိုယ်က တစ်လကို ဝင်ငွေ ငါးသိန်းရတယ်။ ဒါပေမယ့် ကိုယ့်အနီးအနားဝန်းကျင်ကလူတွေအကုန်လုံးက တစ်လကို တစ်သိန်းပဲရတယ်ဆိုတာနဲ့ ဘယ်ဟာက ပိုပျော်ရွှင်နိုင်မယ်ထင်လဲ။တစ်လငါးသိန်းရပြီး ဘေးပတ်ဝန်းကျင်မှာ တစ်သိန်းပဲရတယ်ဆိုတဲ့သူတွေရှိနေတဲ့နေရာက ပိုပျော်ရွှင်စရာကောင်းတယ်။ ဒါပေမယ့် နှိုင်းယှဉ်ပြီးတော့ရလာတဲ့ပျော်ရွှင်မှုတွေက မတည်မြဲဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ထက်သာတဲ့သူက နေရာတိုင်းအချိန်တိုင်းမှာ တွေ့လာနိုင်လို့ပါ။ ကိုယ်က တစ်လငါးသိန်းရလို့ တစ်သိန်းရတဲ့သူတွေနဲ့ယှဉ်ပျော်ရွှင်နေတဲ့ ပျော်ရွှင်မှုလေးက ကိုယ့်ဘေးနား တစ်လဆယ်သိန်းရတဲ့သူရောက်လာတဲ့အချိန် ရုတ်တရက်ပျောက်သွားရရှာတယ်။၃။ လျှပ်စစ်မီးမရှိတဲ့အရပ်မှာ လူတွေက မီးပျက်လို့ စိတ်မညစ်ကြဘူး။လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က လျှပ်စစ်မီးကိုစတီထွင်နိုင်တယ်။ အဲဒီနောက်ပိုင်းအခုအချိန်မှာတော့ လျှပ်စစ်မီးက လူတွေရဲ့ဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာတယ်။ ဒါဆို လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ က လူတွေထက် အခုခေတ်လူတွေက ပိုပျော်ရွှင်နေကြလား။ ပျော်ရွှင်မှုစစ်တမ်းတစ်ခုမှာတော့ လူတွေရဲ့ ပျော်ရွှင်မှုက ၁၉၄၅ခုနှစ်ကနေ အခု ၂၀၁၉ ခုနှစ်ထိ သိသိသာသာတိုးလာတာမရှိဘူးတဲ့။ ဝင်ငွေ နှစ်ဆတိုးသွားတယ်။လူနေမှုပုံစံတွေတိုးတက်ပြောင်းလဲသွားတယ်။ ဒါပေမယ့် ပျော်ရွှင်မှုကတော့ မတိုးလာဘူး။အကြောင်းကတော့ လူတွေရဲ့လိုချင်မှုမှာ အဆုံးသတ်မရှိဘူး။ နယ်နမိတ်မရှိဘူး။ တစ်ခုရတဲ့အခါ နောက်တစ်ခုလိုချင်တယ်။ အဲဒီလိုချင်တဲ့အရာမရရင်စိတ်ညစ်တယ်။ မပျော်ရွှင်ရတော့ဘူး။ အမေရိကန်မှာနေတဲ့သူတွေက မီးလာလို့ ပျော်နေတယ်ထင်လို့လား။ မီးလာလို့ ပျော်နေရတာ မီးသေချာမရသေးတဲ့သူတွေ၊ လျှပ်စစ်မီးကို အသုံးမပြုဖူးသူတွေပဲရှိလိမ့်မယ်။ နိဗ္ဗာန်ဘုံ (Heaven) ရောက်နေရင်တောင်မှ လိုချင်တာတွေရှိနေလို့ စိတ်ညစ်နေရမယ့်သူတွေ တပုံကြီးရှိနေဦးမှာပဲ။အဲဒါကိုက လူတွေရဲ့ဦးနှောက်အလုပ်လုပ်ပုံဖြစ်နေတာ။ စိတ်ဆင်းရဲမှုတွေကိုအမြဲရှာဖွေနေကြတာ။ မပျော်ရွှင်ရခြင်းတွေကိုအမြဲရှာဖွေနေကြတာ။ သူတို့ဆီကို မပျော်ရွှင်ရမှုတွေရောက်လာတာမဟုတ်ဘူး။ သူတို့က မပျော်ရွှင်ရစရာအကြောင်းရင်းတွေကို ရှာဖွေနေကြတာ။၁။ ပိုက်ဆံက ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမှပိုက်ဆံပဲဖြစ်လာရင်တော့ ပြောင်းပြန််ဖြစ်သွားတယ်။ ပိုပင်ပန်းလာတယ်။၂။ ပျော်ရွှင်မှုကို နှိုင်းယှဉ်တာကနေရှာနေရင်တော့ အဆုံးသတ်မှာမဟုတ်ဘူး။ တည်လည်းတည်မြဲမှာမဟုတ်ဘူး။၃။ လိုချင်မှုအဆုံးမသတ်ရင် မပျော်ရွှင်ရဘူး။ ကိုယ်က မပျော်ရွှင်မှုတွေကို လိုက်ရှာသလိုဖြစ်နေတယ်။ ကိုယ့်မှာရှိတာကို အသိအမှတ်ပြုခြင်းက ပျော်ရွှင်လာနိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%9b%e1%80%be%e1%80%ac%e1%80%95%e1%80%af%e1%80%b6%e1%80%90/
ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့
ဝက်ခြံက မျက်နှာမှာတင်ပေါက်တာမဟုတ်ပါဘူး။ ဆံစပ် နဲ့ဦးရေပြားတွေမှာပါ ပေါက်ရောက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ဆံပင်တွေကြား ဦးရေပြားမှာ ပေါက်တဲ့ ဝက်ခြံတွေ စိတ်ညစ်နေရသူလေးတွေအတွက် ဒီ ဝက်ခြံတွေ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ဝက်ခြံ ဆိုတာကခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာထက်  ဦးရေပြားမှာ ပေါက်ခဲပါတယ်။ ဦးရေပြားမှာ ဝက်ခြံပေါက်တာက ဖြစ်ခဲတယ်ဆိုပေမယ့် တော်တော်လေးတော့ ခံရခက်တာပါ။ဦးရေပြားကချွေးပေါက်တွေပိတ်ဆို့တာကြောင့် ဦးရေပြားမှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ကို ပုံမှန်လျှော်မယ်။ ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်မယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့ကျကျ အသုံးချသင့်ပါတယ်။ခရမ်းချဉ်သီးအရည်။ခရမ်းချဉ်သီးကဆံသားနဲ့ အရေပြားတို့ရဲ့ pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်ခုပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ salicylic acid က ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။ ဦးရေပြားက ဝက်ခြံတွေကို အထိရောက်ဆုံး ကုသမှုပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ခရမ်းချဉ်သီးကို အရည်ကြိတ်ပြီး ရလာတဲ့အရည်ကို စင်အောင်လျှော်ထားတဲ့ ဦးရေပြးပေါ် လောင်းချလို့ ဦးရေပြား နှံ့အောင်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရေသန့်သန့်လေးနဲ့ ဆေးချလိုက်ရုံပါ။ကြက်သွန်ဖြူ။ကြက်သွန်ဖြူမှာလည်း ဝက်ခြံကို သက်သာစေနိုင်တဲ့ salicylic acid ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဘက်တီးရီးယားတွေ၊မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်ဖြူက အနံ့ပြင်းပေမယ့် ဦးရေပြား ဝက်ခြံတွေကို အထိရောက်ဆုံး သက်သာစေမှာပါ။ရေနွေးဆူဆူထဲကို ကြက်သွန်ဖြူ ထည့်စိမ်ပါ။ ခပ်နွေးနွေးဖြစ်နေတဲ့ရေနွေးကို ဦးရေပြားပေါ်မှာ လောင်းဆေးချလိုက်ရုံပါ။ ပြီးရင် ခေါင်းကို နှစ်သက်ရာ ခေါင်းလျှော်ရည် တစ်မျိုးမျိုးနဲ့ လျှော်လိုက်ပါ။ပန်းသီး ရှာလကာရည်။ဦးရေပြားနဲ့အသားအရေကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ကို ဦးရေပြားက ဝက်ခြံတွေအတွက်လည်း အသုံးပြုလို့ရပါတယ်။ ပန်းသီးရှာလကာရည်ကဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလိုpH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။သန့်စင်အောင်လျှော်ထားတဲ့ ဦးရေပြားကို ရေနဲ့ပန်းသီးရှာလကာရည်ဆတူရောထားတဲ့ အရောကို လောင်းချလို့ ဦးရေပြားကို နှိပ်နယ်ပေးရုံပါ။Tea Tree Oil။Tea tree oil က ဝက်ခြံကို သက်သာစေနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။ Tea tree oil ကရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဝက်ခြံကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ဦးရေပြားက ဝက်ခြံတွေသက်သာစေဖို့Tea tree oilလိမ်းပေးလို့ရသလို Tea tree oil ပါတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုပေးလို့လည်းရပါတယ်။စံပယ်ပန်းအဆီက ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။benzoic acidပါတဲ့စံပယ်ပန်းအဆီကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားမှာ လိမ်းလို့ နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေ သက်သာစေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/how-to-treat-and-prevent-scalp-acne/
Body Shaming လာလုပ်တာတွေကို ဒီလိုတုံ့ပြန်ကြမယ်
သူတစ်ပါးအားနည်းချက် (သို့) မနှစ်သက်တဲ့အရာတစ်ခုကို အပျက်သဘောနဲ့ ထပ်ကာထပ်ကာပြောပြီး လှောင်ပြောင်ခြင်းကို နှုတ်ဖြင့်အနိုင်ကျင့်ခြင်းလို့ ခေါ်ပါတယ်။ Bullying လုပ်တယ် တစ်နည်းအားဖြင့် အနိုင်ကျင့်တယ်ဆိုတာတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ မရှိသင့်တဲ့ ကိစ္စတွေလို့ဆိုရင် မမှားပါဘူး။ အထူးသဖြင့် မွေးကတည်းက ကိုယ့်မှာပါလာတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အရပ်အမောင်းတွေကို ကဲ့ရဲ့လှောင်ပြောင်ခံရတယ်ဆိုရင် ဘယ်သူမဆို အနည်းနဲ့ အများတော့စိတ်အနှောင့်အယှက်ဖြစ်မိကြမှာ အမှန်ပါပဲ။ဒီနေ့ဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး တခြားသူတစ်ယောက်က ကိုယ့်ကို Bully လုပ်တာခံရတယ်ဆိုရင် ဖြစ်ပေါ်ခံစားရနိုင်တဲ့စိတ်ခံစားမှုတွေနဲ့ ဝေဖန်ကဲ့ရဲ့သူတွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။နှုတ်ဖြင့် အနိုင်ကျင့်ခြင်းမှာ ဒီလိုအပြုအမူတွေပါဝင်ပါတယ်-။• ရုပ်ရည်၊အသားအရောင်၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ် စတာတွေကိုလှောင်ပြောင်တာ၊။• ထိခိုက်လိုစိတ်နဲ့ မဟုတ်မမှန်တဲ့ သတင်းတွေဖြန့်တာ၊။• တစ်စုံတစ်ဦးရဲ့အသံ (သို့) စကားပြောဆိုပုံကို ပြက်ရယ်ပြုတာ၊။• အားနည်းချက်ကို ချုပ်ကိုင်ပြီး ခြိမ်းခြောက်တာ၊။• တစ်စုံတစ်ဦးကို ရှောင်ဖယ်ပြီးပေါင်းတာ၊ စွန့်ပစ်ထားခြင်းခံရတယ်လို့ ခံစားရအောင်လုပ်တာ၊။အမြဲလိုလို လှောင်ပြောင်ခံရတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာမှာပါ အခုလိုကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။• ဝမ်းနည်းမယ်၊သိမ်ငယ်စိတ်ဝင်လာမယ်၊။• လူရာမဝင်တဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လာမယ်၊။•အထီးကျန်လာမယ်၊။•စိုးရိမ်ပူပန်စိတ်တွေများလာမယ်၊။• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့လာပြီး လူတွေကိုရှောင်လာမယ်၊။• ကျောင်းနေအရွယ်ဆိုရင်လည်း လပတ်စာမေးပွဲတွေမှာ အဆင့်တွေကျလာမယ်၊ ကျောင်းသွားချင်စိတ် မရှိတော့ဘဲဖြစ်မယ်၊။• မကြာခဏ ဗိုက်အောင့်တာ၊ခေါင်းကိုက်တာတွေ ခံစားလာရမယ်၊။•အိပ်ချိန်တွေ ပြောင်းလဲလာမယ်၊။• နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့အထိပါ ကြိုးစားလာမယ်။•ရှောင်ပါ– ကိုယ့်ကိုအနိုင်ကျင့်ပြီး လှောင်ပြောင်တတ်တဲ့သူတွေကို တတ်နိုင်သမျှရှောင်ပါ။•လျစ်လျူရှုပါ– မသင့်လျော်တဲ့စကားတွေ၊ အပြုအမူတွေကို လျစ်လျူရှုပေးလိုက်ပါ။•ဟာသလို သဘောထားလိုက်ပါ– ကိုယ့်ကို ကဲ့ရဲ့နှိမ့်ချပြီးပြောလာတဲ့ စကားတွေကို ရယ်ရယ်မောမောလေးနဲ့ ပြန်တုံ့ပြန်ပေးလိုက်ပါ။ စိတ်အနှောင့်အယှက်ဖြစ်မယ်လို့ သူများကထင်ထားတဲ့ ကိစ္စတစ်ခုကို ကိုယ်က ပေါ့ပေါ့ပါးပါး ဟာသလုပ်ပစ်လိုက်တဲ့ ခံစားမှုလောက် သူတို့ကို အထိနာစေတာ ရှိမှာမဟုတ်ပါဘူးနော်။•ရင်ဆိုင်ပါ– လိုအပ်လာပြီဆိုရင်တော့ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လူတွေနဲ့ ရင်ဆိုင်ပြီး ဒီလိုလှောင်ပြောင်တာကို ရပ်တန့်လိုက်ဖို့ ပြောပြပါ။•တည်ငြိမ်ပါ– လှောင်ပြောင်ခံရတဲ့အခါ ရှူးရှူးဒိုင်းဒိုင်းနဲ့ပေါက်ကွဲတာထက် ဘာလုပ်သင့်တယ်ဆိုတာကိုတွေးပြီး တည်တည်ငြိမ်ငြိမ်ဖြေရှင်းပါ။•ရင်ဖွင့်ပါ– ကိုယ်ယုံကြည်ရတဲ့သူ၊ ကိုယ့်ဆရာသမား၊ လူကြီးမိဘ တစ်ယောက်ယောက်ကို ကိုယ်ခံစားရသမျှ ရင်ဖွင့်တိုင်ပင်ပါ။ သူတို့တွေက ကိုယ့်အတွက် အကြံကောင်းတွေပေးနိုင်မယ့် သူတွေဆိုတာ မမေ့ပါနဲ့။ကိုယ်ကပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ ဘယ်လိုခန္ဓာကိုယ်အချိုးအစားပဲရှိနေပါစေ ကိုယ့်ရဲ့ လက်ရှိပုံစံလေးကို အရှိအတိုင်းလက်ခံပြီး အကောင်းမြင်စိတ်မွေးသင့်ပါတယ်။လူတိုင်းမှာ အလှတရားကိုယ်စီရှိတာကြောင့် သူများပြောတဲ့ စကားတွေနဲ့ ကိုယ့်စိတ်ကို အညစ်နွမ်းမခံသင့်ပါဘူး။ တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို မှန်လိုသဘောထားပြီး လိုမှ ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်သုံးသပ်တဲ့အကျင့်ကိုလုပ်သင့်ပါတယ်။ အမြဲလိုလို ဂရုစိုက်ပြီး ပြောသမျှစကားတိုင်းကို လိုက်ခံစားနေဖို့မလိုပါဘူး။ ဒါ့ကြောင့် ရခဲလှတဲ့ လူ့ဘဝလေးမှာ လုပ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ရင်း၊ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးရင်း ပျော်ပျော်ကြီးဖြတ်သန်းကြဖို့ အကြံပြုလိုက်ပါရစေနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/body-shaming/
Chronic Respiratory Distress (အသက်ရှူလမ်းကြောင်း ဝေဒနာ)
အသက်ရှူစနစ်ဆိုတာ အောက်ဆီဂျင်ယူဆောင်ပေးဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆွေဖယ်ရှားပစ်ဖို့ လုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းများ အဖွဲ့အစည်းဖြစ်ပါတယ်။ အသက်ရှူလိုက်တဲ့အခါမှာ အောက်ဆီဂျင်ပါဝင်တဲ့လေကို ရှူကြရပါတယ်။ အောက်ဆီဂျင်က သွေးလည်စီးမှုတစ်လျှောက်ပါလာပြိး ခန္ဓါကိုယ်ရဲ့တစ်ရှူးတွေဆဲလ်တွေဆီကို ပို့ဆောင်ပေးပါတယ်။ အောက်ဆီရဂျင်က ကျွပ်န်ုပ်တို့ခန္ဓါကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထိန်းသမိမ်းရာမှာအရေးကြီးပါတယ်။ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစွန့်ထုတ်လိုက်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်က ဆဲလ်တွေ ကျွန်ုပါတို့စားလိုက်တဲ့အစားမှာပါတဲ့သကြားဓါတ်ကို ဖြိုခွဲလိုက်ခြင်းဖြင့် ထွက်လာတဲ့အညစ်အကြေးတစ်ခုဖြစ်ပါတယ်။ ခန္ဓါကိုယ်ကနေကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ဖို့အရေးကြိးပါတယ်။ အရမ်းများနေခြင်းက အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါက အသက်ရှူစနစ်က သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို မဖယ်ရှားနိုင်တော့ဘဲ စုပုံလာတဲ့အခါမှာ ဖြစ်ပွားပါတယ်။အောက်ဆီဂျင်ကိုလုံလုံလောက်လောက်မယူနိုင်တော့တဲ့အခါမှာ သွေးတွင်းအောက်ဆီဂျင် အလွန်အမင်းနည်းသွားပြီး ဖြစ်သွားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါက ယာယီဒါမှမဟုတ်နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ ယာယီအသက်ရှူလမ်းကြောင်းရောဂါက ခဏသာဖြစ်ပါတယ်။ ရုတ်တရက်ဖြစ်သွားပြီး အရေးပေါ်ဆေးကုသမှုပေးပြီး ကုသနိုင်ပါတယ်။ နာတာရှည်ေရောဂါမှာတော့ အကြာကြီးဆက်ဖြစ်နေပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကြီးထွားလာပြိး ရေရှည်ကုသမှုလိုအပ်ပါတယ်။နာတာရှည်ရောဂါက အဆုတ်ထဲကိုလေတွေသယ်ဆောင်ပေးတဲ့ ပြွန်တွေကျဉ်းသွားပျက်စီးသွားတာကြောင့် ဖြစ်လေ့ရှိပါတယ်။ လေပြွန်တွေကျဉ်းသွားပျက်စီးသွားခြင်းကြောင့် ခန္ဓါကိုယ်အတွင်း အောက်ဆီဂျင်အရောက်နည်းသွားပြိး ကာဗွန်ဒိုင်အောက်ဆိုဒ်အထွက်နည်းသွားပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေ မှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာ ရဲ့ ုးရောဂါလက္ခဏာတွေကို ချက်ချင်းသတိမထားတတ်ပါဘူး။ တဖြည်းဖြည်းကြီးထွားလာချင်း ဖြစ်ပါတယ်။ တွေ့ရတတ်တဲ့လက္ခဏာတွေကတော့။နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာက အချိန်ကြာလာတာနဲပအမျှ ပြင်းထန်လာတဲ့အေခြေအနေတစ်ခု စြဖ်ပါတယ်။ ပြင်းထန်လာတဲ့အခါ လူနာမှာနှလုံးခုန်မမှန်တော့တာတွေ သတိလစ်သွားတာတွေ ဖြစ်နိုင်ပါတယ်။စောစောသိပြီး စောစောကုသခြင်းက အခြေအနေကို ပိုမဆိုးသွားအေင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် ပြင်းထန်တဲ့အခြေနေကိုကာကွယ်ဖို့ ဆရာဝန်နဲပမြန်မြန်ပြသသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အချို့သောအဆုတ်ရောဂါတွေက နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သား၊ အရိုး၊ တစ်ရှူးတွေကိုထောက်ပံ့ပေးနေတဲ့အသက်ရှူခြင်းလမ်းကြောင်းကို သက်ရောက်တဲ့အခြေအနေတွေအားလုံး နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာကို ဖြစ်စေနိင်ပါတယ်။အောက်ပါအခြေအနေတွေကို ခံစားနေရမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာရောဂါလို့ သင့်ဆရာဝန်က သံသယရှိနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရောစစ်ဆေးပေးမှုတွေအပြင် စမ်းသပ်စစ်ဆေးခြင်းတွေလည်း ပြုလုပ်ပေးပါလိမ့်မယ်။ တွေ့ရများတဲ့စမ်းသပ်စစ်ဆေးခြင်းတွေကတော့။အောက်ဆီဂျင်တွေကို ခန္ဓါကိုယ်အစိတ်အပိုင်းအသ်းသီးကို ဘယ်လောက် ပို့ဆောင်ပေးနေခြင်း ရှိနေလဲဆိုတာ တွက်ဆနိုင်တဲ့ ရိုးရှင်းပြီးနာကျင်မှုကင်းတဲ့နည်းဖြစ်ပါတယ်။သွေးအတွင်းအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာပေးတဲ့စိတ်ချလွယ်ကူတဲ့နည်းလမ်း ဖြစ်ပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ၊ စီတီရိုက်ခြင်းဖြင့် သင့်အဆုတ်ကိုပုံအနေအထားကေ င်းစွာရရှိမှာဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းအကြောင်းရင်းကိုတောင် ဖော်ပြနိုင်ပါတယ်။အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီး ဆရာဝန်က အချို့သောကုသမှုတွေကို ညွှန်းပါလိမ့်မယ်။သွေးတွင်းအောက်ဆီဂျင်လုံလုံလောက်လောက်မရှိဘူးဆိုရင် အောက်ဆီဂျင်ကုထုံးကို ပြုလုပ်ရပါလိမ်မ့ယ်။ သင်အသက်ရှူလိုက်တဲ့အခါ အောက်ဆီဂျင်ပမာဏိကုများစေခြင်းဖြင့် အောက်ဆီဂျင်ကိုများစေပါတယ်။ အောက်ဆီဂျင်ဘူးကနေ ပိုက်မှတစ်ဆင့်ရရှိပါတယ်။ နှာခေါင်းအုပ်၊ နှာခေါင်းပိုက်၊ ဒါမှမဟုတ် လေပြွန်ကိုတိုက်ရိုက်သွယ်ထားတဲ့ ပြွန်ကြီးကြီးကနေတစ်ဆင့် အဆုတ်ထဲသို့ဝင်ပါတယ်။ပြင်းထန်တဲ့အခြေအနေတွေမှာ လေပြွန်အပေါက်ဖောက်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်လုပ်ဆောင်နေချိန်မှာ ဆရာဝန်က သင့်အတွက်အသက်ရှူပိုလွယ်စေမယ့် ပိုက်ကိုသင့်လေပြွန်အတွင်း ထည့်ပေးပါလိမ့မယ်။ လေပြွန်တည်ရှိနေတဲ့လည်ပင်းအရှေ့ဘက်ကို အပေါက်ဖောက်ပြီး ပိုက်ကိုထည့်ပါတယ်။ ပိုက်က ယာယီဒါမှမဟုတ်ရေရှည်ဖြစ်သွားုနိင်ပါတယ်။အခြားကုသမှုတွေနဲ့ မသက်သာဘူးဆိုရင် အသက်ရှူစက်ကို တပ်ဆင်ပေးပါလိမ့်မယ်။ ဒိစက်က သင့်နှာခေါင်းပါးစပ်ကနေတစ်ဆင့်ထည့်ထားတဲ့ ပိုက်ကနေတစ်ဆင့် လေပြွန်ထဲကိုအောက်ဆီဂျင်တွေ ထည့်ပေးပါတယ်။ အသက်ရှူစက်က လေပြွန်ထဲကိုလေတွေထည့်ပေးလိုက်တဲ့အခါ သင်ကအားစိုက်ပြီးအသက်ရှူစရာမလိုတော့ပါဘူး။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/chronic-respiratory-distress-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%81%87%e1%80%bd%e1%80%b4%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/
ကိုယ့် ဆံပင် ကိုယ် အနံ့မခံနိုင်လောက်အောင် ဖြစ်ရတဲ့ အကြောင်းရင်း
ချွေးထွက်ထွက် မထွက်ထွက်၊ ရာသီဥတု ပူပူ မပူပူ ခေါင်းချွေး ထွက်တတ်တဲ့သူတွေရှိပါတယ်။ ခေါင်းချွေးထွက်က ကိစ္စမရှိပေမယ့် ခေါင်းချွေးနံ့က ပြင်းနေရင် ပြဿနာရှိနေပါပြီ။ လှုပ်ရှားလိုက်တိုင်း ကိုယ့် ဆံပင် က ခေါင်းချွေးနံ့ထွက်နေတာ အတော်ဆိုးပါတယ်။ လူကြားထဲ သွားလာရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘူး၊ သူများတွေများ နံမလား၊ နှာခေါင်းရှုံ့ခံရမလား တထိတ်ထိတ်နဲ့ပေါ့။ခေါင်းမလျှော်ဘဲ နေလေ ဦးရေပြားမှာ အဆီတွေပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီးအနံ့ဆိုးတွေ ဖြစ်လာစေပါတယ်။ခေါင်းလျှော်တယ် ဆိုလည်း ခဏခဏ လျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် ဆံပင် မှာ အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်းသုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင် မှာရှိတဲ့ သဘာဝအဆီဓာတ်တွေ ခမ်းခြောက်စေတာကြောင့်ဦးရေပြားက အဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာ အဆီတွေ ပိုပြန်လာမယ်၊ချွေးတွေ ပိုထွက်မယ်၊ အနံ့ ပိုထွက်လာပါလိမ့်မယ်။တချို့အလှကုန်တွေက သင့်ရဲ့သဘာဝအဆီတွေနဲ့မကောင်းတဲ့ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ခေါင်းလျှော်ရည်သို့မဟုတ်ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်ကအနံ့ဆိုးလာတာမျိုးုဖြစ်နိုင်ပါတယ်။ဦးရေပြားမှာ ချွေးနဲ့အဆီဂလင်းတွေလုပ်ဆောင်ချက်လွန်ကဲတဲ့အခါSmelly Hair Syndromeလက္ခဏာဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ချွေးတွေ ထွက်တာ များလွန်းရင် ဆံပင် မှာ အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင်ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကိုဖြစ်စေပါတယ်။တစ်ခါတလေ အဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကို အနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကို tinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။ဦးခေါင်းမှာ ရှိတဲ့apocrine ချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကို ထွက်ရှိစေတတ်ပါတယ်။ အဲဒီချွေးတွေက ဦးရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတဲ့အခါ အနံ့ဆိုးထွက်စေပါတယ်။စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာအဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။ဦးရေပြား အနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်နေနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူး ဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။ကိုယ်စားသုံးတဲ့ အစာအာဟာရထဲမှာ တဆေးပါဝင်မှု လွန်ကဲနေနိုင်ပါတယ်။ တဆေးစားသုံးမိတာ များရင် သိသိသာသာချဉ်စုပ်တဲ့ အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့ အစားအစာ ဘယ်ပမာဏလောက် စားမိသလဲ သတိထားကြည့်ပြီး လျှော့စားရင် အနံ့အသက် လျော့ပါးစေနိုင်ပါတယ်။အနံ့အသက်ထွက်နေတဲ့ ဦးရေပြားနဲ့ ဆံသားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba-3/
ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ
လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအတွင်းမှာ ရှိတဲ့ တစ်ရှူးနဲ့ သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ်စအိုဝပတ်လည်မှာ ရှိတဲ့ အရေပြား ပွပြီး ရောင်ရမ်းခြင်းကို ဆိုလိုတာပါ။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း လိပ်ခေါင်းရောဂါ ပိုအဖြစ်များတတ်ပါတယ်။ အကြောင်းရင်းကတော့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးရဲ့ ဝန်ဟာစအိုနေရာကို ဖိအားအပို ဖြစ်စေနိုင်လို့ပါ။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာရော ကလေးမွေးပြီးနောက်မှာပါ လိပ်ခေါင်း ဖြစ်နိုင်ခြေက ပိုများလာတတ်ပါတယ်။ အထူးသဖြင့်ဗိုက်ခွဲမွေးတာမဟုတ်ဘဲ ရိုးရိုးမိန်းမကိုယ်လမ်းကြောင်းကနေ ညှစ်ထုတ်ပြီး ကလေးမွေးတဲ့ မေမေတွေမှာလည်း အဖြစ်များနိုင်ပါတယ်။တချို့သောလိပ်ခေါင်းတွေဟာ အရမ်း မပြင်းထန်တဲ့အတွက် ကုသမှု ကြီးကြီးမားမား ခံယူစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ လိပ်ခေါင်း အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်နေတာလဲ၊ ဘယ်လောက်ထိ အခြေအနေ ဆိုးလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ပျောက်ရန် ကြာချိန်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။တစ်ခါတစ်ရံလိပ်ခေါင်းအဆင့်မှ သွေးခဲနေတဲ့  လိပ်ခေါင်း၊ ပုပ်ခါနီး ဖြစ်နေတဲ့ လိပ်ခေါင်း အခြေအနေကိုလည်း ပြောင်းလဲသွားနိုင်ပါတယ်။ အန္တရာယ်ရှိပြီး ဝမ်းသွားနေစဉ်မှာရော၊ ဝမ်းမသွားတဲ့ အချိန်မှာပါ အလွန် နာကျင်နိုင်ပါတယ်။ ဒီလို လိပ်ခေါင်းမျိုးကိုတော့ ဆရာဝန်အနေနဲ့ အသေးစား ခွဲစိတ်မှုမျိုး ပြုလုပ်ပြီး လိပ်ခေါင်းကို ဖယ်ရှားကုသပေးမှာ ဖြစ်ပါတယ်။တချို့သော လိပ်ခေါင်းတွေဟာနာတာရှည်ဝေဒနာမျိုး ဖြစ်သွားတတ်ပြီး ပျောက်ကင်းသက်သာဖို့ လပေါင်းများစွာ ကြာမြင့်နိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် လိပ်ခေါင်း ဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။အရမ်း ပြင်းထန်တဲ့ အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သိပ်ပြီး မပြင်းထန်ရင်တော့ ဆရာဝန်ပေးတဲ့ ဆေးတွေ မှီဝဲတာအပြင် တခြားလုပ်ပေးလို့ ရတဲ့အိမ်တွင်းကုထုံးတွေ ရှိပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆေးသောက်လို့ ဗိုက်ထဲက ကလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းတွေကို လိုက်နာကြည့်လို့ ရပါတယ်။၁။ဝမ်းသွားတဲ့အခါ အရမ်းညှစ်ပြီး မသွားဖို့ ဂရုစိုက်ပေးပါ။ ဝမ်းချုပ်နေရင် အရမ်းမညှစ်ပါနဲ့။ အိမ်သာမှာ အကြာကြီး မထိုင်ပါနဲ့။၂။ နေ့စဉ် အစာအာဟာရမှာ အမျှင်ဓာတ်ကို မပါမဖြစ် စားသုံးပေးပါ။အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက် အထူးကောင်းမွန်တာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။၃။ ရေကိုလည်း များများ သောက်ပေးပါ။ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ အပူရှိန်ကို ကျစေသလို နီရဲရောင်ရမ်းနေတာကိုလည်း လျော့နည်းစေပါတယ်။ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။၄။ ရောင်တာ၊ နာကျင်တာကို သက်သာစေဖို့ စအိုပတ်လည်ကို ရေခဲဝတ် ကပ်ထားပေးလို့ ရပါတယ်။ အသားနဲ့ ရေခဲ တိုက်ရိုက်ထိတာမျိုးထက် အဝတ် တစ်ခုခုနဲ့ ခံပြီးမှ ကပ်တာက ပိုအဆင်ပြေပါတယ်။၅။ ရေချိုးတဲ့အခါ ရေနွေးလေးနဲ့ ချိုးပေးပါ။ ရေနွေးနဲ့ ရေစိမ်ချိုးတာမျိုး လုပ်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။၆။ ဝမ်းသွားပြီးတဲ့အခါ တစ်သျှူး အခြောက်ထက် ရေနည်းနည်းစွတ်ပြီး သုတ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အမွှေးရနံ့ ပါတဲ့ တစ်သျှူးတွေက ယားယံစေနိုင်တဲ့အတွက် အသုံးမပြုပါနဲ့။၇။တင်ပါးနဲ့ စအိုပတ်လည်ကို ခြောက်သွေ့ သန့်ရှင်းနေအောင် ထားပါ။၈။ ဖြည့်စွက်အားဆေး အနေနဲ့ဝမ်းပျော့ဆေး၊ အမျှင်ဓာတ် ပါဝင်တဲ့ အားဆေး၊ လိပ်ခေါင်း လိမ်းဆေး ခရင်မ် စတာတွေကို သုံးစွဲနိုင်ပါတယ်။ အားဆေးနဲ့ လိမ်းဆေးကိုတော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ မှီဝဲတာ အကောင်းဆုံးပါပဲ။များသောအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ နောက်ဆက်တွဲ လိပ်ခေါင်းရောဂါ ဖြစ်တတ်တာ သဘာဝပဲမို့ အရမ်းကြီးတော့ အစိုးရိမ်မလွန်ပါနဲ့နော်။ ကိုယ့်ကိုယ်ကိုယ် ရောဂါ ရှိတယ်လို့ သံသယဖြစ်ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး စစ်ဆေးကြည့်ဖို့၊ နာကျင်မှုဝေဒနာတွေ သက်သာစေဖို့ အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာကြည့်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/haemorrhoids-in-pregnanacy/
သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား
အကြောင်းအရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ အခြေအနေတိုင်းကို အလွန်အကျွံတွေ ခံစားမိနေတာ၊ အလွန်အမင်းတွေကို HighlySensitiveဖြစ်တယ်လို့ ခေါ်ပါတယ်။ သံသယလွန်ကဲတာပေါ့။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား ။သံသယလွန်ကဲတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံအပိုင်းမှာ ပြဿနာရှိနေတာဖြစ်ပြီး ဒီလို စိတ်ခံစားချက်မျိုးကIntrovertတွေမှာရောExtrovertတွေမှာပါ ရှိနေနိုင်ပါတယ်။သံသယလွန်ကဲတာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြိး ပိုမိုဆိုးရွားတဲ့ အနေအထားတစ်ခုမှာ စိတ်ဖိစီးတာ၊ သောကများတာနဲ့ စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာတွေ အလွယ်တကူဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။ကိုယ်ဟာ သံသယလွန်ကဲလွန်းသူဖြစ်နေပြီလားဆိုတာကို အပြုအမူတွေကို ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံတွေ၊ တွေးမြင်ပုံတွေဟာ သံသယလွန်ကဲသူဖြစ်နေခြင်းရှိမရှိကို ဖော်ပြပေးနိုင်ပါတယ်။Highly sensitive people တွေ သံသယလွန်ကဲရာမှာ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာကလည်း အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ရာမှာတော့။သံသယလွန်ကဲခြင်းဟာ ပုံသဏ္ဍာအမျိုးမျိုးရှိနိုင်ပြီးတော့ မိမိကိုယ်တိုင်သာမက သူတပါးအပေါ်မှာလည်း သံသယလွန်ကဲတဲ့စိတ်မျိုး ဖြစ်တတ်ပါတယ်။ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လဲ သံသယ လွန်ကဲမှု ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အရာတွေကတော့ စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားရတာ ပိုများတတ်ပါတယ်။ ဘယ်လို အချက်တွေလဲဆိုတော့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/signs-highly-sensitive-person/
ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု
ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာခြင်း၊ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် တင်ပဆုံအရိုးအရွတ်တွေ အားပျော့လာခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာခါးနာတာကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ အချက် ၆ချက်ကို ရေးသားဖော်ပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ ခု ကို ပြောပြပေးမယ်နော်။ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း တွေကတော့ –။(၁)ကိုယ်ဟန်အနေအထားမှန်မှန်နေထိုင်ခြင်း။ကိုယ်ဝန်လရင့်လာတဲ့အခါခန္ဓာကိုယ်ရဲ့အလေးချိန်ဟာ ရှေ့မှာပုံလာပါတယ်။ Centre of Gravityက ခန္ဓာကိုယ်ရှေ့ကိုရွေ့လာတာပါ။  ရှေ့ကိုယိုင်သွားတာကို ထိန်းဖို့ ခန္ဓာကိုယ်က နောက်ကိုလန်လာတတ်ပါတယ်။ အဲ့ဒီလိုနောက်ကိုလန်နေခြင်းဟာ ခါးအောက်ပိုင်းကကြွက်သားတွေကို ဆွဲညှစ်သလိုဖြစ်ပြီး ခါးနာခြင်းကို ပိုခံရစေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့အတွက်။-ဖြောင့်ဖြောင့်မတ်မတ်ရပ်ပါ။-ရင်ဖွင့်ပြီးနေပါ။​-ပခုံးကိုလည်း အသာလျှော့ပြီးနေပါ။ ရှေ့ကိုကိုင်းတာမျိုး၊ နောက်ကိုလန်တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။-ဒူးချိတ်ထိုင်တာကိုရှောင်ပါ။မတ်တတ်အကြာကြီးရပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ထိုင်နေရတဲ့အခါမှာလည်း ကျောကို ပုံစံတကျနဲ့ သက်တောင့်သက်သာဖြစ်စေသောကုလားထိုင်ကို ရွေးချယ်သင့်ပါတယ်။ ခါးနောက်မှာ ခေါင်းအုံးအသေးလေးတစ်ခုကို support အဖြစ် ခုပြီးထိုင်သင့်ပါတယ်။(၂)ဖိနပ်ရွေးပါ။ဖိနပ်စီးတဲ့အခါ High Heel ဒေါက်ချွန်အမြင့်တွေကို ရှောင်ပါ။ ရှေ့ကိုငိုက်ပြီး ချော်လဲတတ်ပါတယ်။ အလွန်ပါးလှပ်သောဖိနပ်မျိုးထက်စာရင် ခြေဖဝါးရဲ့ arch အကွေးအတိုင်းသွားတဲ့ အထူအနေတော်ရှိတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ခုခေတ်မှာ ဗိုက်ထိန်းဗိုက်စီးတွေလည်း ပေါ်နေပါတယ်။ ကြီးထွားလာတဲ့ ဗိုက်ကို ပင့်ထိန်းပေးတဲ့ ဗိုက်စီးများဟာ မိခင်လောင်းတွေအတွက် သက်သာစေတယ်လို့ အသုံးပြုသူမိခင်လောင်းအတော်များများကဆိုကြပါတယ်။(၃)ပစ္စည်းမခြင်း။ပစ္စည်းတချို့ကို ကောက်ယူတဲ့အခါ ထိုင်ချပြီး (မုဆိုးထိုင်ထိုင်ခြင်း)ပြုပြီးမှ ခြေထောက်ပေါ်မှေးတင်ပြီး မ ယူပါ။ ခါးကိုကွေးပြီး မယူခြင်း လုံးဝမလုပ်သင့်ပါ။ ပစ္စည်းမတဲ့နည်းရှိတယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ limit နဲ့ လုပ်နိုင်စွမ်းအားကို သိသင့်ပါတယ်။ မနိုင်နိုင်တဲ့ဝန်ကို လုံးဝမထမ်းပါနဲ့။(၄)ဘေးစောင်းအိပ်ခြင်း။ပက်လက်အိပ်ခြင်းကို ကိုယ်ဝန်လေးလ သို့မဟုတ် ငါးလ ကျော်တာနဲ့ မပြုလုပ်ပါနဲ့တော့။ ဘေးစောင်းအိပ်ပါ။ ဒူးတစ်ချောင်း သို့မဟုတ် နှစ်ချောင်းလုံးကွေးပြီးအိပ်ပါ။ ကိုယ်ဝန်ဆောင်များအတွက် သီးသန့်ထုတ်တဲ့ မွေ့ရာ၊ ဖက်ခေါင်းအုံး စသည်တို့ကို အသုံးပြုပြီး သက်တောင့်သက်သာအိပ်စက်ပေးပါ။ ခါးနောက်နဲ့ ဗိုက်အောက်မှာ ပျော့ပျောင်းတဲ့ အထောက်အကူခေါင်းအုံးလေးတွေ ခံထားနိုင်ပါတယ်။(၅)ရေနွေးအိတ်သို့မဟုတ် ရေခဲအိတ်ကပ်ခြင်း။ခါးနာတဲ့အခါ ရေနွေးအိတ်လေးကပ်ပေးတာ၊ ရေခဲအိတ်လေးကပ်ပေးတာတွေကလည်း စစ်တမ်းတိတိကျကျနဲ့ ဘယ်လောက်အကျိုးရှိသလဲဆိုတာကို ပြောလို့မရပေမယ့် မိခင်လောင်းတွေအတွက် နေသာထိုင်သာရှိစေပါတယ်။(၆)လေ့ကျင့်ခန်းပြုလုပ်ခြင်း။သားဖွားမီးယပ်ဆရာဝန်ရဲ့ ခွင့်ပြုမှုနဲ့အတူ ကိုယ်ဝန်ဆောင်စဉ်မှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ခါးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာလည်း ခါးနာခြင်းကိုသက်သာစေပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့ နှစ်ပတ်ထက်ပိုပြီး ဆက်နာနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ မိမိသဘောနဲ့မိမိ သောက်ဆေး၊ လိမ်းဆေးများ မသုံးပါနဲ့။  နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ လမစေ့ဘဲ ကလေးမွေးခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ခါးနာခြင်းနဲ့အတူ ရေဆင်းသွေးဆင်းခြင်း၊ ဖျားခြင်း၊ ဆီးသွားလျှင် ဆီးပူ ဆီးကျင် ဆီးအောင့်ခြင်းများပါ တွဲရက်ခံစားရရင်တော့ မပေါ့ဆသင့်ပါဘူး။ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။ရေးသားသူ – မောင်(ဆေး-၁)။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/6-tips-to-relieve-back-pain-in-pregnancy/
ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား ………….
ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား …………. ဗိုက်ထဲကကလေးလေးကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ကြီးထွားလာစေဖို့ မေမေက အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။  မေမေ နေ့စဉ် စားသုံးတဲ့အာဟာရမှာ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အခြား အာဟာရဖြစ်တဲ့ စားစရာတွေ ပါဝင်နေဖို့ လိုပါမယ်။ဒီနေ့တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမယ့် အသီးအနှံလေးတစ်ခုဖြစ်တဲ့ဒန့်သလွန်သီးလေးအကြောင်း ပြောပြပေးမယ်နော်။ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား …………. ဆိုတော့ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက ဘေးကင်းပါတယ်။ ဒါပေမယ့် ဒန့်သလွန်သီးကို သေချာဆေးကြောပြီး ကျက်နေအောင် ချက်ဖို့တော့ လိုပါမယ်။  အခြား အာဟာရပြည့်ဝတဲ့ စားစရာတွေလိုပဲ ဒန့်သလွန်သီးကလည်း သင့်တင့်တဲ့ ပမာဏ စားသုံးမယ်ဆိုရင်မေမေရော ဘေဘီလေးပါကျန်းမာစေမှာပါ။ဒန့်သလွန်သီးမှာ မေမေရောဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ ဒါတွေကတော့။ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီးစားတဲ့အခါ။ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ဒန့်သလွန်သီးစားတဲ့အခါ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်တာကို သက်သာစေမှာပါ။ ခြေကုန်လက်ပမ်းကျတာ၊ မူးဝေတာတွေကို သက်သာစေမှာပါ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဒန့်သလွန်သီး စားပေးတာက တက်ကြွ လန်းဆန်းနေစေမှာပါ။ဒန့်သလွန်သီးမှာ ဘေဘီလေးရဲ့ဦးနှောက်နဲ့ အာရုံကြောမကြီးတည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဖောလိတ် ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် မပြည့်ဝမှုက ဘေဘီလေးမှာ ချို့ယွင်းချက် ပါလာစေနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေး ကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဒန့်သလွန်သီးက ဖောလိတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အထူးသင့်တော်ပါတယ်။ဒန့်သလွန်သီးက သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီးကိုယ်ဝန်ဆောင် ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဒန့်သလွန်သီးမှာ အရိုးတွေကို သန်မာစေပြီးအရိုးသိပ်သည်းဆကောင်းမွန်စေတဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။သံဓာတ်အားနည်းတဲ့အခါ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေထဲကတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားမနည်းစေဖို့နဲ့သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေဖို့ဆိုရင် ဒန့်သလွန်သီး အပါအဝင် သံဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးဖို့ လိုပါမယ်။ဒန့်သလွန်သီးကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခံအားက နည်းနေတာကြောင့် ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး မြင့်နေပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင် ဒန့်သလွန်သီး စားပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတော်တော်များများ ခံစားရတဲ့ ပြဿနာက ဝမ်းချုပ်တာပါ။ ဒီပြဿနာကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာထဲမှာ ဒန့်သလွန်သီး ထည့်စားပေးပါ။ ဒါက ဝမ်းမှန်မှန်သွားစေပြီးဝမ်းချုပ်တာကို သက်သာစေမှာပါ။ဒန့်သလွန်သီးက သားအိမ်ကျုံ့ဆန့်မှုကို အားကောင်းစေပြီး မွေးဖွားချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ မွေးဖွားရလွယ်ကူစေပြီး မွေးဖွားပြီးနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကင်းစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/consuming-drumstick-shajan-during-pregnancy/
အနာသက်သာဆေးတွေ သောက်မိနေရင်
နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဆေးမျိုးစုံက ဆေးကုသရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော လူနာတွေပါ အကြိုက်တွေ့တဲ့ဆေးတွေပါ။ ဒါပေမဲ့လည်း တခြားဆေးတွေလိုပဲ အနာသက်သာဆေးတွေမှာလည်းဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဆိုးကျိုးအများစုက သိပ်မသိသာပေမဲ့ တချို့ကတော့အသက်အန္တရာယ်ထိခိုက်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်ပြီး အနာသက်သာဆေးအများစုကို လူအတော်များများက ဆရာဝန် ညွှန်ကြားချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာတွေ များလာတဲ့အတွက် အနာသက်သာဆေးတွေကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြချင်ပါတယ်။ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ အနာသက်သာဆေးတွေထဲမှာ aspirin, ibuprofen, naproxen, acetaminophen တို့လိုဆေးတွေက ထိပ်ဆုံးက ပါပါတယ်။Aspirin(အက်စပရင်)– လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ စတီးရွိုက်အုပ်စုထဲမပါတဲ့ ရောင်ရမ်း သက်သာဆေး(NSAID) တစ်ခုဖြစ်ပြီး ထိရောက်မှုရှိပေမဲ့ သတိနဲ့သုံးသင့်တဲ့ဆေးတစ်ခုပါ။ ဒီဆေးကို အချိန်ကြာကြာစွဲသောက်ရင် အစာအိမ်တွင်း သွေးယိုစိမ့်မှုဖြစ်လာစေပြီး အစာမကြေတာကနေ အစာအိမ်အနာပေါက်တာအထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သောက်တဲ့ဆေးပမာဏများလေကျောက်ကပ်ထိခိုက်လေပါပဲ။ အက်စပရင်က သွေးခဲကိုပျော်စေနိုင်တဲ့အစွမ်းရှိတာကြောင့် နှလုံးရောဂါနဲ့လေဖြတ်လူနာတွေမှာပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်း သွေးယိုစိမ့်မှုဖြစ်စေတာကြောင့် သတိနဲ့သုံးဖို့တော့ လိုပါတယ်။Ibuprofen– ဒါလည်း NSAID အုပ်စုထဲက ဆေးတစ်ခုဖြစ်ပြီး အက်စပရင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အတိုင်းခံစားရမှာပါ။ ဒါပေမဲ့ သူကနည်းနည်းပိုအဆင့်မြင့်တဲ့ ဆေးဖြစ်တာမို့ သောက်လိုက်ပြီးရင် အကျိုးသက်ရောက်တာ မြန်သလို ကိုယ်တွင်းမှာလည်း မြန်မြန်ပြိုကွဲသွားပါတယ်။ သဘောကတော့ အက်စပရင်ထက် ဘေးထွက်ဆိုးကျိုးဖြစ်တာပိုနည်းပါတယ်။Naproxen– NSAID အုပ်စုထဲက နောက်ထပ်ဆေးတစ်မျိုးဖြစ်ပြီး တူညီတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့ရနိုင် ပါတယ်။Acetaminophen– အအေးမိတာကို ကုသတဲ့အခါမှာသုံးစွဲလေ့ရှိပြီး သူ့ချည်းလည်းညွှန်းလေ့ရှိပါတယ်။ အက်စပရင်လို အစာအိမ်ကို ပြဿနာမပေးပေမဲ့ ဆေးပမာဏများသွားရင် အသည်းကိုထိခိုက်နိုင်ပါတယ်။ နောက်ပြီး ဒီဆေးက အရက်နဲ့ မတည့်ပါဘူး။ဆရာဝန်ညွှန်ကြားတဲ့ အနာသက်သာဆေးတွေမှာ အားအကောင်းဆုံး၊ အစွမ်းထက်ဆုံးကတော့ opioid အုပ်စုဝင်ဆေးတွေပါပဲ။ နာကျင်တဲ့ခံစားမှုကို ဦးနှောက်ဆီပို့ဆောင်ပေးမဲ့ အာရုံကြောတွေကိုပိတ်ဆို့ပေးပြီး နာကျင်မှုသက်သာစေပါတယ်။ ထိရောက်မှုကောင်းတာကြောင့် ခွဲစိတ်မှုခံယူထားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသူတွေ၊ကင်ဆာရောဂါလို နာတာရှည်ဝေဒနာခံစားနေရသူတွေမှာ များသောအာဖြင့် ပေးလေ့ရှိပါ တယ်။ Codeine, Hydrocodone, Hydromorphone, Meperidine, Morphine, Oxycodone လို opioid  ဆေးတွေက အသုံးများပါတယ်။ Fentanyl ဆိုတဲ့ opioid ကတော့ အရမ်းအားကောင်းတဲ့အနာသက်သာဆေး ဖြစ်ပြီး တခြားဆေးတွေထက် ပျမ်းမျှ အဆ ၁၀၀ လောက် ပိုစွမ်းပါတယ်။ ဒါ့ကြောင့်မို့ ရောဂါပြင်းပြင်းထန်ထန်ခံစားရပြီး အသက်ဆုံးရှုံးခါနီးအချိန်မျိုးမှာ နာကျင်မှုသက်သာအောင်ပေးပါတယ်။Opioid ဆေးတွေသောက်ရင် အဖြစ်များဆုံးပြဿနာကဝမ်းချုပ်တာပါ။ တခြားဆိုးကျိုးတွေကတော့ မူးဝေတာ၊ နုံးခွေခွေဖြစ်တာ၊ အရေပြားယားယံတာ၊ ချွေးထွက်များတာ၊ စိတ်ဓာတ်ကျတာ၊ ခုခံအားစနစ်အားနည်းလာတာတွေအပြင် ဆေးသောက်သုံးတဲ့အချိန် ကြာလာလေ ဆေးအပေါ် ပိုမှီခိုရလေ ဖြစ်လာတတ်ပါတယ်။အနာသက်သာအောင် ဆေးတစ်လုံးသောက်ရာကနေ နောက်ပိုင်းမှာ ဆေးပမာဏပိုသောက်ရလာနိုင်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ opioid ဆေးတွေ မသောက်ရမနေနိုင်တဲ့အထိ ဖြစ်သွားတော့တာပါပဲ။ Opioid ဆေးပမာဏ အများကြီးသောက်မိရင် အသက်ရှုရပ်သွားနိုင်ပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ Opioidဆေးအလွန်အကျွံသုံးစွဲ ပြီးအသက်ဆုံးရှုံးရသူပမာဏ တဖြည်းဖြည်းများလာတာလည်း သတိပြုသင့်တဲ့အချက်ပါပဲ။အနာသက်သာအောင် လုပ်နိုင်စွမ်းကောင်းပေမဲ့ opioid ဆေးတွေက အရမ်းစွဲလွယ်ပါတယ်။ ဒါ့ကြောင့် opioid ဆေးတွေကို တားမြစ်ဆေးဝါးအုပ်စုထဲထည့်သွင်းထားပြီး သောက်သုံးဖို့ညွှန်ကြားတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာသောက်သုံးဖို့ လိုအပ်ပါတယ်။ရေးသားသူ – Dr.Htoo Tint။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/pain-reliever-medicines-effects/
ဓာတ်မတည့်တာ (Allergies) လား? တုပ်ကွေးလား? COVID-19 လား?
ကပ်ဘေးကာလကြီးထဲမှာ တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ရင်ဘတ်အောင့်လည်း စိတ်ပူရ၊ အရေပြားယားယံလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရCOVID-19လားလို့ တွေးတွေးပူနေရတာက စိတ်မချမ်းမြေ့ဖွယ်ပါပဲ။ခုကာလက ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမို့ အပူချိန်မြင့်မားလွန်းလှပြီး ခန္ဓာကိုယ်မှာ ဓာတ်မတည့်မှု (Allergies) လက္ခဏာတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလမျိုးပါ။ တချို့သော Allergies လက္ခဏာတွေနဲ့ တုပ်ကွေးလက္ခဏာတွေဟာ COVID-19 ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ ပြဿနာဖြစ်ပါတယ်။ဒါကြောင့် ခုဆောင်းပါးမှာတော့ ဓာတ်မတည့်မှု (Allergies)၊ တုပ်ကွေး (Flu) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။တကယ်လို့ လူတစ်ယောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အောက်ပါ လက္ခဏာတွေပြသမှာဖြစ်ပါတယ်။ဒီလက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၅ ရက်နေကနေ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ကြုံလာရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေပဲဖြစ်ပါတယ်။ရာသီဥတုနဲ့ အပူချိန်မြင့်မားမှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တစ်ခုခုမတည့်တာနဲ့ ထိတွေ့မိတဲ့အတွက် ရုတ်တရက်။ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့ တုပ်ကွေးဝေဒနာရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။COVID-19 နဲ့ သာမန်တုပ်ကွေးတို့အကြား ခြားနားချက်က ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာပဲဖြစ်ပါတယ်။ကလေးငယ်တွေ တုပ်ကွေးဝေဒနာခံစားရတဲ့အခါမျိုးမှာ ဝမ်းသွားတာနဲ့ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ၅ ရက်ကနေ ၁ ပတ်လောက်အထိ ပြသတတ်ပါတယ်။COVID-19 နဲ့ဓာတ်မတည့်မှုကို အဓိက ခွဲခြားပေးတာက ယားယံမှုဖြစ်ပါတယ်။ တခြားလက္ခဏာတွေဟာ ခပ်ဆင်ဆင်ဖြစ်ပေမယ့် မျက်လုံး၊ နှာခေါင်းနဲ့ အရေပြားတွေ ယားယံနေမယ်ဆိုရင် ဓာတ်မတည့်တာဖြစ်ပြီးတော့ COVID-19 ဝေဒနာရှင်တွေမှာ ဒီလိုလက္ခဏာမျိုး မပြသတတ်ပါဘူး။တကယ်လို့ ကိုယ့်မှာ လက္ခဏာ တစ်စုံတစ်ရာ ပြသနေပြီး ဘာဝေဒနာမှန်းမသိဘူးဆိုရင် ကိုယ့်မှာရှိတဲ့ ရောဂါအခံနဲ့ လက်ရှိပြသနေတဲ့ ရောဂါလက္ခဏာကို အရင်ဆုံးတိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုး ဆီးချိုရှိသလား၊ ရင်ကျပ်ရှိသလားဆိုတာမျိုးပေါ့။ ပြီးရင်တော့ ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ အခံရောဂါ အခြေအနေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ အသိပေးပြီး စစ်ဆေးကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/is-it-allergies-or-covid-19/
ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ
ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာဗီတာမင် D ဓာတ်ချို့တဲ့မှုဝေဒနာကို သိသိသာသာရော မသိမသာပါ ခံစားနေကြရပါတယ်။ဗီတာမင် D ပြည့်ဝနေဖို့ဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်မှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။ပုံမှန်အားဖြင့် ဗီတာမင် D ဆိုတာကနေရောင်ခြည်ကို လက်ခံရရှိချိန်မှ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ ကမ္ဘာ့လူဦးရေ ၅၀% လောက်က ဗီတာမင် D ကို အပြည့်အဝ မရရှိကြပါဘူး။ အဓိကအားဖြင့်တော့ နေရောင်ခြည်လုံလောက်စွာမရတာနဲ့ ဗီတာမင် D ဖြစ်ထွန်းစေတဲ့ အစားအစာတွေကို လုံလောက်စွာ မမှီဝဲတာကြောင့်ဖြစ်ပါတယ်။ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D ပမာဏ ၈၀၀ IU လောက် လိုအပ်ပါတယ်။ ဒီပမာဏကို အစားအစာတွေကနေ ရယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်လုံလောက်စွာ မရရှိဘူးဆိုရင်တော့ တစ်နေ့ကို ၁၀၀၀ IU လာက်အထိ လိုအပ်လာမှာပါ။ခုလို တစ်ကမ္ဘာလုံးမှာCOVID-19ကပ်ဘေးသင့်နေချိန်မှာ ဗီတာမင် D ဓာတ်ဟာရောဂါကာကွယ်ရေးမှာ တစ်စိတ်တစ်ဒေသ အရေးပါနေတယ်လို့ လေ့လာချက်တချို့က ဆိုထားကြပါတယ်။ ဒါကြောင့် နေ့စဉ် ဗီတာမင် D လုံလောက် မျှတစွာရရှိနေဖို့ကို အထူးအရေးပါလှတယ်လို့ ဆိုရမှာပါ။ဗီတာမင် D ဓာတ်ကို အစားအစာတွေကနေ အဓိကရယူရလေ့ရှိပြီး ဗီတာမင် D ဓာတ်ကို အကြွယ်ဝဆုံးဖြည့်ဆည်းပေးနိုင်မယ့် အစားအစာတွေကတော့ အောက်ပါတိုင်းဖြစ်ပါတယ်။ဒါ့အပြင် ကညွတ်ကြီး၊ကိုက်လန်၊ ပဲအမျိုးမျိုး၊ ဒိန်ခဲနဲ့အမဲအသည်းတို့မှာလည်း ဗီတာမင် D ပါရှိနေတာမို့ မှီဝဲစားသုံးနိုင်ပါတယ်။လူတစ်ယောက်ဟာ အသက်အရွယ်နဲ့ နေရောင်ခြည်ရရှိမှုအပေါ် မူတည်ပြီး ဗီတာမင် D ပမာဏ အောက်ပါအတိုင်း လိုအပ်ပါတယ်။သင့်အနေနဲ့ ဗီတာမင် D နဲ့ ကယ်လ်ဆီယံဓာတ်မလုံလောက်ရင် အသက်အရွယ်ကြီးရင့်ချိန်မှာ အရိုးပွရောဖြစ်လာမှာဖြစ်ပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်းဗီတာမင် D ဟာ အလွန်အကျွံမှီဝဲမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေရှိတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တွေဖြစ်ပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်ပါတယ်။ဗီတာမင် D လွန်ကဲတဲ့အခါ ဒါမှမဟုတ် အဆိပ်သင့်တဲ့အခါမှာ ကိုယ်အလေးချိန် ကျဆင်းတာ၊ အစာစားချင်စိတ် နည်းပါးသွားတာ၊ နှလုံးခုန်မမှန်တာနဲ့ သွေးတွင်းကယ်လ်စီယမ် ပမာဏကိုပါ မြင့်တက်စေတာတွေဖြစ်စေတာမို့ ဆီးကျောက်တည်တာ၊ ကိုယ်တွင်းကလီစာတွေ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်တာကို သတိထားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/vitamin-d-foods/
Scarlet fever (စကားလတ်အဖျား)
Scarlet အဖျားဆိုတာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့အဖျား။တစ်မျိ ုးဖြစ်ပြီး ဒီရောဂါဟာ လူတစ်ချိ ု့မှာ strep လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့လည်ပင်းနာအာသီးရောင်ခြင်းကနေ ရရှိပါတယ်။scarlatina လို့လည်းသိကြပြီး scarlet အဖျားဟာ တစ်ကိုယ်လုံးမှာ အနီရဲရဲ အဖုအပိန့်များနဲ့ တွေ့။ရတတ်ပါတယ်။scarletအဖျားဟာ လည်ပင်းနာခြင်းရယ် အဖျားကြီးခြင်းရယ်နဲ့ များသောအားဖြင့် တွဲပြီးတွေ့ရတတ်ပါတယ်။ scarlet အဖျားဟာ ကလေးတွေ အသက် ၅နှစ်မှ ၁၅နှစ်အတွင်းမှာ အဖြစ်များပါတယ်။scarlet။အဖျားကို ကလေးဘဝဖျားနာခြင်းတွေထဲက ဆိုးတဲ့ရောဂါ။တစ်ခုအနေနဲ့ ယူဆကြပေမယ့် ပိုးသတ်ဆေးပေးပြီး ကုသခြင်းက သိပ်ပြီးမဆိုးစေတာကိုတွေ့ရပါတယ်။ ဒါပေမယ့်။မကုသပဲ ထားခဲ့ပါက scarlet အဖျားက ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်တဲ့ နှလုံး၊ကျောက်ကပ်နဲ့ တစ်။ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထိခြင်းကို ဖြစ်စေနိုင်ပါတယ်။ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်။ဆွေးနွေးပါ။Scarlet အဖျားရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေ။ကတော့။-အနီရောင်အဖုအပိန့်များ။ ဒီအနီစက်တွေဟာ နေလောင်ထားတာနဲ့တူပြီး သဲမှုန့်တွေကို ထိတွေ့ရသလို။ခံစားချက်ရပါတယ်။၎င်းက အရင်ဆုံးမျက်နှာ သို့မဟုတ် လည်ပင်းမှာစဖြစ်တတ်ပြီး ခန္ဓါကိုယ်၊လက်နဲ့ခြေထောက်။တွေကို ပြန့်သွားပါတယ်။ နီနေတဲ့နေရာကို ဖိကြည့်လိုက်ရင်။ခပ်ဖျော့ဖျော့အရောင်ကိုပြောင်းသွားပါတယ်။-အနီရောင်အကြောင်းများ။ ပေါင်ခြံနေရာများ၊ချိ ုင်းကြား၊တံတောင်ဆစ်၊ဒူးခေါ င်းအရစ်များနဲ့ လည်ပင်းအရစ်။တွေမှာတစ်ခြား အနီစက်တွေထက် ပိုပြီးနီနေတတ်ပါတယ်။-မျက်နှာရဲခြင်း။ ပါးစပ်နားတစ်ဝိုက်မှာ ခပ်ဖျော့ဖျော့ အဝိုင်းလိုက်ဖြစ်နေပြီး မျက်နှာတစ်ခုလုံးရဲနေတတ်ပါတယ်။-စတော်ဘယ်ရီလိုလျှာဖြစ်ခြင်း။ လျှာက အနီရောင်ရှိပြီး အဖုတွေလိုဖြစ်နေပါတယ် ပြီးတော့တစ်ခါတစ်လေမှာတော့။အစောပိုင်းအခြေအနေတွေမှာ လျှာမှာ အဖြ ူရောင်တစ်လွှာကပ်နေသလိုတွေ့ရပါတယ်။ဒီလို အနီရောင်အစက်တွေ မျက်နှာနဲ့လျှာမှာဖြစ်ခြင်းက များသောအားဖြင့် တစ်ပတ်လောက်ကြာတတ်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေ သက်သာသွားပြီဆိုပါက အရေပြားကလည်း အနီစက်တွေ အဖုအပိန့်တွေကလည်းကွာကျလာပါတယ်။တစ်ခြား ရောဂါလက္ခဏာများကတော့။-အဖျား ၁၀၁ နဲ့ ၁၀၁ထက်များခြင်း၊ ချမ်းတုန်တာနဲ့တွဲခြင်း။-အာသီး နီပြီး နာခြင်း တစ်ခါတစ်လေ အဖြ ူဖတ် အဝါဖတ်များတွေ့ရခြင်း။-မျိ ုရခက်ခြင်း။-လည်ပင်းမှ ပြန်ရည်ကြောအကျိတ်များကြီးနေပြီး ထိမိရင်နာခြင်း။-ပျိ ု့ခြင်း အန်ခြင်း။-ခေါင်းကိုက်ခြင်း။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အောက်မှာပြောပြမယ့် လက္ခဏာတွေ သင့်မှာရှိပါက သင့်ဆရာဝန်ကို ဆက်သွယ်ပါ။-အဖျား ၁၀၂ နဲ့ ၁၀၂ အထက်ရှိခြင်း။-လည်ပင်းအကျိတ်တွေ ကြီးမားရောင်ရမ်းပြီး နာနေခြင်း။-အနီစက် အဖုအပိန့်တွေရှိခြင်း။Scarlet အဖျားကို strep ပိုးကောင်ကြောင့်ဖြစ်တဲ့လည်ပင်း။နာခြင်းကိုဖြစ်စေတဲ့ ပိုးနဲ့ပုံစံတူကောင်ကြောင့်ပဲဖြစ်စေပါတယ်။ ဒီဘတ်တီးရီးယား။က အဆိပ်တစ်ခုကို ထုတ်လွှတ်ပြီး အနီစက်တွေဖြစ်ခြင်း အနီရောင်လျှာဖြစ်စေခြင်းတို့ကိုဖြစ်စေပါတယ်။ ကူးစက်ခံထားရတဲ့လူက ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတွေ။လုပ်တဲ့အခါ မှာ ပိုးတွေဟာ အဲ့ကကျတဲ့အစက်တွေအမှုန်တွေကနေ တစ်ဆင့်လူတစ်။ယောက်မှတစ်ယောက်ကို ကူးစက်စေပါတယ်။ လူတွေကို။ထိတွေ့တဲ့အချိန်နဲ့ ဖျားနာတဲ့အချိန် ကြားကာလကာ များသောအားဖြင့် နှစ်ရက်မှ လေးရက်လောက်ကြာတတ်ပါတယ်။Scarlet အဖျားကိုဖြစ်စေတဲ့အန္တရာယ်ရှိတဲ့အချက်တွေက။အများကြီးရှိပါတယ်။၎င်းတို့ကတော့။ကလေးတွေ အသက်၅နှစ်မှ ၁၅နှစ်အတွင်းကတော့ အခြားအသက်အရွယ်ကလူတွေထက် ပိုဖြစ်နိုင်ပါတယ်။Scarlet အဖျားရဲ့ ပိုးမွှားတွေဟာ လူအချင်းချင်း ထိတွေ့ရာက။နေ ပိုပြီးလွယ်လွယ်ကူကူ ကူးစက်ပြန့်နှံ့တဲ့အတွက် မိသားစုဝင်အချင်းချင်းနဲ့ ကျောင်းနေဖော်အတန်းဖော်အချင်းအချင်းပိုကူးကြပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကိုယ်ကို စမ်းသပ်စစ်ဆေးချိန်မှာ သင့်ဆရာဝန်က။-သင့်ကလေးရဲ့ လည်ပင်း၊အာသီးတွေနဲ့ လျှာရဲ့အခြေအနေ။ကိုကြည့်ပါမယ်။-သင့်ကလေးရဲ့လည်ပင်းတွေမှာ ပြန်ရည်ကြောအကြိတ်တွေကြီးမကြီးသိဖို့ လက်နဲ့စမ်းကြည့်ပါမယ်။-အနီစက်တွေရဲ့ပုံပန်းနဲ့ အနီစက်တွေရဲ့ချောမှုကြမ်းမှုကို ကိုင်ကြည့်ပါမယ်။-လည်ပင်းကနေ နမူနာယူကြည့်ပါမယ်။တကယ်လို့သင့်ဆရာဝန်မှာ သင့်ကလေးရဲ့ဖျားနာမှုဟာ။Strep ပိုးကောင်ကြောင့်လို့ထင်ပါက သင့်ကလေးရဲ့ အာသီးတွေနဲ့ လည်ပင်းထဲကနေ နမူနာယူပြီး စစ်ဆေးပါလိမ့်မယ်။ အဲ့ဒီနေရာတွေမှာ strepဘတ်တီးရီးယားပိုးကောင်က အခြေချနေထိုင်တတ်လို့ပါ။strep ပိုးကောင်ကြောင့် လားဆိုတာ စစ်ဆေးမှုပြ ုခြင်းက အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ scarlet အဖျားရဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ အခြား။အခြေအနေတွေအများကြီးရှိသေးလို့ပါ။ ဒီအခြေအနေတွေ။ဟာဆိုရင်လည်း မတူညီတဲ့ကုသမှုတွေပေးဖို့လိုအပ်နိုင်ပါတယ်။ တကယ်လို့။Strep ပိုးကောင်ကြောင့်မဟုတ်ခဲ့ရင်တော့ ဖျားနာမှုကိုဖြစ်။စေတဲ့တစ်ခြား အကြောင်းတွေရှိနေနိုင်ပါသေးတယ်။သင့်ဆရာဝန်မှ ပိုးသတ်ဆေးသောက်ဆေး(ကလေးအတွက် ပိုးသတ်ဆေးအရည်) ကို ငါးရက်မှ ဆယ်ရက်အထိသောက်။ခိုင်းပါမယ်။ သင် ဒါမှမဟုတ် သင့်ကလေးက တစ်ရက် သို့မဟုတ် နှစ်ရက်လောက်ကြာပြီးရင် နေရတာ ပိုသက်သာ။လာသလို ခံစားရပါမယ် ဒါပေမယ့် ကုသမှုကိုတော့ သက်သာတာနဲ့မရပ်လိုက်ပဲ ဆေးအကုန်လုံးထိသောက်ဖို့။လိုအပ်ပါတယ်။ပိုးသတ်ဆေးသောက်နေစဉ်မှာ။-အနားယူပါ၊ ရေတွေအများကြီးသောက်ပေးပါ။-သင့်မှာ အဖျားတက်နေရင် ဒါမှမဟုတ် နေထိုင်မကောင်းပါက ပါရာစီတမော သို့မဟုတ် ibuprofenသောက်နိုင်ပါတယ်( အသက်၁၆နှစ်အောက်ကလေးကို aspirin မပေးပါနဲ့)။-ပိုးမွှားတွေ ပြန့်နှံ့ခြင်း ဖြစ်ပွားမှုကို ရှောင်ပါ။အောက်မှာပြောပြမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများကတော့ scarlet အဖျား သက်သာစေမယ့်နည်းလေးတွေပါ။-အဖျားတက်ခြင်းနှင့်နာကျင်မှုကို ကုသပါ။ibuprofen ၊ပါရာစီတမော သောက်ခြင်းနဲ့ အဖျားကျဖို့ အနာသက်သာ။ဖို့သုံးနိုင်ပါတယ်။-ရေများများသောက်ပါ။ သင့်ကလေးကို ရေဓါတ်ခမ်းခြောက်။ခြင်းရယ် မှကာကွယ်ဖို့ရယ် လည်ချောင်းထဲမှာ စိုစွတ်နေအောင်ရယ်ရေများများတိုက်ပေးဖို့လိုပါတယ်။-ဆားရေနဲ့ပလုတ်ကျင်းခိုင်းပါ။ သင့်ကလေးဟာ ရေကို ပလုတ်ကျင်းနိုင်တဲ့အရွယ်ဆိုပါက ဆားရေနဲ့ပလုတ်ကျင်းစေပြီး ထွေးထုတ်ခိုင်းပါ။ ဒီနည်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။-လေထုကိုစိုစွတ်နေပါစေ။ အေးပြီးစိုစွတ်တဲ့လေထုကို ဖန်တီးခြင်းနဲ့ ခြောက်သွေ့တဲ့လေကိုဖယ်ထုတ်ပါ။ ခြောက်သွေ့တဲ့လေက လည်ချောင်းနာခြင်းကို ပိုဆိုးစေလို့ပါ။-ငုံဆေးတွေပေးပါ။ ကလေးအသက်၄နှစ်အထက် ကြီးပါက ငုံဆေးတွေငုံခိုင်းခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။-သက်တောင့်သက်သာ မျိုချနိုင်မယ့်အစားအစာများကျွေးပါ။စွပ်ပြ ုတ်ပူပူတိုက်ပေးခြင်းနဲ့ရေခဲလိုမျိ ုးအရာက လည်ပင်းကိုချောမွေ့စေလို့ လည်ချောင်းနာသက်သာစေမှာပါ။-ပိုဆိုးစေတဲ့အရာတွေရှောင်ပါ။ လည်ချောင်းနာခြင်းကိုပိုဆိုးစေမယ့် ဆေးလိပ်ငွေ့တွေရယ် သန့်ရှင်းရင်သုံးတဲ့ပစ္စည်းတွေကို ဖယ်ရှားပါ။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/scarlet-fever-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%9c%e1%80%90%e1%80%b9%e1%80%a1%e1%80%96%e1%80%ba%e1%80%ac%e1%80%b8/
ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု
ချောင်းသံတဟွတ်ဟွတ်နဲ့ တိုင်ပတ်နေပြီလား။အအေးမိထားတာလည်း သက်သာတာကြာလှပြီ။ချောင်းဆိုးတာက ကပ်ကျန်နေတာနဲ့ လည်ချောင်းတွေကွဲရပါတော့မယ် ဆိုသူများ ဒါလေးဖတ်လိုက်ကြပါဦး။ အအေးမိ၊တုပ်ကွေးက သူ့အချိန်အတိုင်းအတာရောက်ရင် သက်သာပျောက်ကင်းသွားမှာဖြစ်ပေမယ့်ချောင်းဆိုကျန်နေတတ်ပါတယ်။ဆေးခန်းလည်းပြပါလျက်နဲ့ ဘာလို့ မပျောက်သေးတာလဲဆိုတာဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေပြောပြပေးမယ်နော်။အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့ကျန်လေ့ရှိတဲ့ အဖြစ်များဆုံးလက္ခဏာပါ။ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနဲ့အသက်ရှူလမ်းကြောင်းမှာရောင်ရမ်းစေပြီး တုံ့ပြန်နိုင်စွမ်းလွန်ကဲစေတဲ့အတွက်ချောင်းဆိုးတာက ရက်သီတင်းပတ်နဲ့ချီပြီး တာရှည်နိုင်ပါတယ်။ဓါတ်မတည့်ခြင်းနဲ့ပန်းနာရင်ကျပ်ေကြာင့်လည်းချောင်းတွေဆိုးနေနိုင်ပါတယ်။ အအေးမိခြင်းကနေ ပန်းနာရင်ကျပ်ရောဂါထစေနိုင်တာမျိုးလည်းရှိပါတယ်။ အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်းနဲ့Obstructive Sleep Apnea(အိပ်ပျော်စဉ်အသက်ရှူခေတ္တရပ်ခြင်း) တို့ကနေလည်း နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ပူခြင်းနဲ့ချောင်းဆိုးခြင်း တာရှည်လာရင် တီဘီရောဂါအန္တရာယ်လည်း စိုးရိမ်ရပါတယ်။စိတ်ဖိစီးမှုက တာရှည်လာတဲ့အခါမှာလည်းချောင်းဆိုးခြင်းကို တာရှည်စေပါတယ်။ချောင်းဆိုးနေတာကို သက်သာစေချင်ရင်နေမကောင်းဖြစ်တဲ့အချိန်မှာ စိတ်ဖိစီးမှုကိုလျော့အောင်ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုအတင်းတွန်းအားပေးတာက ပိုနေမကောင်းဖြစ်စေပါလိမ့်မယ်။ အနားယူခြင်းကပဲနေပြန်ကောင်းစေဖို့ အကောင်းဆုံးအားဆေးဖြစ်ပါတယ်။အအေးမိ၊တုပ်ကွေးဖြစ်ပြီဆို အရည်များများသောက်ဖို့လိုပါတယ်။ရေ၊ဖျော်ရည်နဲ့ စွပ်ပြုတ်တွေသောက်ပေးရင် လည်ချောင်းထဲမှာ ချွဲချောင်စေပြီးချောင်းဆိုးထုတ်ဖို့လွယ်စေပါတယ်။ အရည်ဆိုပေမယ့် အရက်ဘီယာနဲ့ လက်ဖက်ရည်၊ကော်ဖီတွေကရေဓါတ်ပိုခန်းခြောက်စေတဲ့အတွက် အကူအညီမဖြစ်စေတဲ့အပြင် ပိုဆိုးစေနိုင်ပါတယ်။အအေးမိဖျားနာအတွက် အလွယ်တကူဝယ်ယူလို့ရတဲ့ နှာခေါင်းဖျန်းဆေးတွေက နှာစေးနှာပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့်သူတို့ကို ၃ ရက်ထက်ကျော်ပြီးမသုံးပါနဲ့။ ဒါတွေကိုသိပ်သုံးလွန်းရင် အသုံးပြုမှုရပ်လိုက်တဲ့အခါ လက္ခဏာတွေပိုဆိုးစေနိုင်တယ်။ ဖျန်းဆေးအသုံးပြုမှုလွန်ကဲတဲ့အခါ နှာခေါင်းလမ်းကြောင်းအမြှေးပါးတွေရောင်ရမ်းစေပြီး နှာစေးနှာပိတ်ခြင်းကိုပိုဆိုးစေနိုင်တယ်၊ချောင်းပိုဆိုးနိုင်တယ်။တစ်ခါတလေ အအေးမိတုပ်ကွေးက လက်ဆောင်တစ်ခုချန်ခဲ့တတ်ပါတယ်။ အအေးမိဝေဒနာက သူ့အချိန်တန်တော့ပျောက်ကင်းသွားပေမယ့် သေချာမကုသရင် နှာခေါင်းလမ်းကြောင်းရောဂါပိုးဝင်ခြင်း၊လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့လိုရောဂါပိုးဝင်တဲ့အဆင့်ကိုရောက်သွားနိုင်ပါတယ်။ ရက်ကြာလာလို့ အဖျားမသက်သာရင် ဒါမှမဟုတ်ချောင်းဆိုးတာရှည်နေရင် infection ဝင်နေတာဖြစ်နိုင်ပါတယ်။ အဲဒီအခါမှသာ ပဋိဇီဝပိုးသတ်ဆေးတွေကို လိုအပ်သလို ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။သွေးတိုးရောဂါအတွက်သောက်ရတဲ့ACE inhibitor အမျိုးအစား ဆေးတွေကြောင့်ချောင်းဆိုးမပျောက်ဖြစ်စေနိုင်ပါတယ်။ တော်တော်နဲ့မပျောက်တဲ့ ချောင်းခြောက်ဆိုးခြင်းက ACE inhibitor သောက်သုံးသူ ၅ ဦးမှာ တစ်ဦးအတွက် ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ်နဲ့တွေ့ရတတ်ပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် အအေးမိခေျာင်းဆိုးဝေဒနာကပျောက်သင့်တဲ့အချိန်မပျောက်ဘဲ လက္ခဏာတာရှည်နေမယ်ဆို ဆရာဝန်အမြန်ပြပြီး အကြောင်းရင်းရှာဖွေသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%9f%e1%80%bc%e1%80%90%e1%80%b9%e1%80%9f%e1%80%bc%e1%80%90%e1%80%b9%e1%80%a1%e1%80%9e%e1%80%b6-%e1%80%99%e1%80%9e%e1%80%80/
ဆံပင် ပါးနေလား ဒါတွေ စားပါ
ဆံပင်တွေ သိပ်ကျွတ်တာပဲ ခုနောက်ပိုင်း။ အရင်ကထက် ပိုပိုပြီး ပါးလာတယ်၊ ဦးရေပြားတောင် မြင်နေရတယ်။ ကိုယ့်မှာ ဆံပင် အလှအပလည်း ဘာမှ မလုပ်ရဲဘူး။ တော်ကြာ ဆေးဆိုးလိုက်၊ ကောက်လိုက်မှ ရှိစုမဲ့စုလေး အထွေးလိုက် ကျွတ်ကုန်မှဖြင့်နော်…။ဒီလိုမျိုး ကြုံတွေ့ရတဲ့ သူတွေထဲ မိန်းကလေးတွေတင်မကဘဲ ယောကျာ်းလေးတွေ လည်း ပါနေမှာပဲ။ ဘာလို့ဆို ဆံပင်ကျွတ်စေနိုင်တဲ့ အကြောင်းရင်းတွေက ယောကျာ်း၊ မိန်းမ အားလုံးနဲ့ ဆိုင်နေတာကိုး။အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ် –။ဆံပင် ပါးနေလား ဒါတွေ စားပါ …. ဒီလို ဆံပင် ပါးတာကို သက်သာစေဖို့ အာဟာရ အထောက်အကူတွေ လိုအပ်လာပါတယ်။ အခုပြောပြပေးမယ့် အစားအသောက်တွေကို ဂရုစိုက်ပြီး ပိုစားပေးပါနော်။လေ့လာတွေ့ရှိချက် တွေအရ လူအတော်များများဟာ ဗာဒံစေ့မှာ ကြွယ်ဝစွာပါရှိတတ်တဲ့ ဗီတာမင် B6၊ သံဓာတ်နဲ့ ဇင့် တို့ အားနည်းတာ ကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။သံဓာတ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ပို့ဆောင်ပေးရာမှာ လိုအပ်တဲ့ ဟီမိုဂလိုဘင် ထွက်ရှိမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဇင့်ကလည်း ဆံသားကျန်းမာဖို့ ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိတဲ့ အဆီအိတ်လေးတွေကို လုပ်ဆောင်ချက်မှန်ကန်အောင် ထိန်းညှိပေးပါတယ်။ဥအမျိုးမျိုးဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဥတွေဟာ ပရိုတင်း အကြွယ်ဝဆုံး အရင်းအမြစ်တွေဆိုတာ မယုံမရှိပါနဲ့။ ဥမှာပါတဲ့ ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနဲ့ ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံးဖြစ် ပါတယ်။ဒါတွေအပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ဥတွေမှာ ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးတဲ့ သံဓာတ်လည်း ကြွယ်ဝပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးခြင်းဖြင့် ပိုထူ၊ ပိုသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင် ဖြစ်ဖို့ ဝေးတော့မှာ မဟုတ်ပါဘူး။သက်သတ်လွတ်စားသူတွေအတွက်တော့ ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ အလုံအလောက်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ ပဲအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးပဝေသဏီတည်းက အသုံးပြုခဲ့ကြပါတယ်။ ၎င်းမှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ဆံပင်ပါးတာ၊ ဆံပင်ခြောက်သွေ့တာလိုမျိုး ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ သူ့မှာ လက်တစ်အက်စစ်လည်း ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။စိမ်းစိုစိုနဲ့ ဟင်းနုနွယ်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B, Cနဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ် ၊မဂ္ဂနီဆီယမ်နဲ့  အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေ ပါဝင်တဲ့ ဟင်းနုနွယ်ဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထူးစပါယ်ရှယ် အစားအစာတစ်ခု ဖြစ်နေခဲ့တာပါ။ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိမ်းရောင်ရှိတဲ့ တခြားဟင်းသီးဟင်းရွက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန် တို့ပါဝင်ပါတယ်။မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်း အတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓာတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုပါတယ်။ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မယ့် အကောင်းဆုံးစူပါအစားအစာတွေထဲက တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ ဒါ့ကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာရရှိနိုင်ဖို့ဆို ရင် သူ့ကို နေ့စဉ်စားသောက်တဲ့ အာဟာရထဲ ထည့်သင့်ပါတယ်။ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပရိုတင်း တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့တွေမှာ ဆံပင် သန်စွမ်း ထူထဲ၊ နက်မှောင် တောက်ပလာစေနိုင်တဲ့ အိုမီဂါ 6 အကျိုးပြုအဆီ တွေ အများအပြားပါရှိပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/foods-for-thinning-hair/
COVID_19 ကူးစက်ခံရမှု အမျိုးသားနဲ့ အမျိုးသမီး ကွာခြားချက်ရှိသလား..........................
ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့COVID_19ဟာ လူတွေရဲ့ နေ့စဉ်ဘဝကိုတော်တော်လေး သက်ရောက်မှု များလာပါတယ်။ ဒီသက်ရောက်မှုကြောင့် လိုက်နာလုပ်ဆောင်ရတာတွေကလည်း အများကြီးပါ။ နေ့စဉ်တစ်ကိုယ်ရေ သန့်ရှင်းရေးကစလို့ သွားလာမှုတွေကအဆုံး အကုန်လုံးကို ဂရုစိုက်နေရပါတယ်။ဒီလို ဂရုစိုက် လုပ်ဆောင်မှုတွေထဲကမှ COVID_19 ရဲ့ နောက်ဆုံးရသတင်းတွေကို လိုက်လံဖတ်ရှုတာလည်း ပါမယ် ထင်ပါတယ်။ အခုတစ်ခေါက်တော့ COVID_19 နဲ့ပတ်သက်တဲ့ သတင်းတစ်ခုဖြစ်တဲ့ COVID_19 ကအမျိုးသားနဲ့အမျိုးသမီးတို့အပေါ်မှာ သက်ရောက်မှု ကွာခြားသလားဆိုတဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။တကယ်တော့ ဒီ COVID_19 မှ မဟုတ်ပါဘူး။  တချို့သော ရောဂါတွေမှာလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ကြတဲ့ဆီးချို၊သွေးတိုးလိုမျိုး ရောဂါတွေကြောင့် သေဆုံးရသူ အရေအတွက်မှာလည်း အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုများပါတယ်။ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရလည်း COVID_19 ​ကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ မြင့်နေတယ်ဆိုတာကို တွေ့ရပါတယ်။တကယ်ကတော့စားသောက်ပုံချင်းကိုယ်လက်လေ့ကျင့်ခန်းလုပ်ပုံချင်း တူပါလျက် အမျိုးသားတွေက အမျိုးသမီးတွေထက် ရောဂါ ကူးစက်ခံရနိုင်​ခြေ ထိခိုက်သေဆုံးနိုင်ခြေ များနေရတာက အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက အမျိုးသားတွေထက် တုံ့ပြန်မှုအားပိုကောင်းတတ်ကြလို့ပါ။အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက ကိုယ်တွင်းကိုရောဂါပိုးတစ်ခုခုဝင်ရောက်လာတဲ့အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်တိုက်ခိုက်လေ့ရှိပါတယ်။ ရောဂါပိုးကို ပြင်ဆင်ချိန်မပေးပဲ မြန်မြန်ဆန်ဆန်တိုက်ခိုက်တဲ့ သဘောပေါ့။ အမျိုးသားတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကတော့ အဲ့ဒီလာက် မမြန်ဆန်ကြပါဘူး။ အမျိုးသားတွေရဲ့ ကိုယ်ခံအားက ကိုယ်တွင်းကို ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် ခုခံတိုက်ထုတ်ဖို့အတွက် အချိန်ယူတတ်ကြပါတယ်။တကယ်ကတော့ ကိုယ်ခံအားစနစ်က အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာရော အရာအားလုံးနီးပါးက ခပ်ဆင်ဆင်ပဲဆိုပေမယ့် အလုပ်လုပ်တဲ့ ပုံစံချင်း အနည်းငယ် ကွာခြားနေပါတယ်။ အဓိက ကွာခြားစေတဲ့ အကြောင်းအရင်းကတော့ အမျိုးသားနဲ့ အမျိုးသမီးကြားကမျိုးဗီဇ ကွာခြားချက်နဲ့ Sex hormones တွေကြောင့်ပါ။ ဒီအချက်က ရောဂါကူးစက်ခံရနိုင်ခြေနဲ့ တုံ့ပြန်မှုအပေါ်မှာ အများကြီး သက်ရောက်နေတဲ့ အချက်ပါ။ရောဂါပိုး ကူးစက်ခံရတာခြင်း အတူတူ COVID_19 က အမျိုးသားတွေမှာ ပိုဆိုးရတာက အမျိုးအသား အမျိုးသမီး လိင်ကွာခြားမှုကြောင့်ပါ။ ကျွမ်းကျင်သူတွေကတော့ sex chromosomes နဲ့ sex hormones ကွာခြားမှုက ကိုယ်ခံအား ခုခံတုံ့ပြန်မှုအပေါ်မှာ သက်ရောက်နေတယ်လို့ သုံးသပ်ထားကြပါတယ်။အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးတွေ အပေါ်မှာရောကာကွယ်ဆေးတွေအပေါ်မှာပါ တုံ့ပြန်မှု မြန်ဆန်ကြပါတယ်။ ယခင်က ဖြစ်ပွားခဲ့ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေအပေါ်မှာလည်း အမျိုးသမီးတွေရဲ့ကိုယ်ခံအားတုံ့ပြန်မှုက ပိုမိုမြန်ဆန်ပါတယ်။ လေ့လာမှုရလဒ်တွေအရကတော့ အမျိုးသမီးတွေမှာ ရှိနေတဲ့ estrogen ဟော်မုန်းကကိုယ်ခံအားတုံ့ပြန်မှုအပေါ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာပါ။ဒီဟော်မုန်းအပြင် အမျိုးသား တော်တော်များများ လုပ်မိတတ်တဲ့အလေ့အထတွေဖြစ်ကြတဲ့ဆေးလိပ်သောက်တာနဲ့အရက်သောက်သုံးတာတွေကလည်း ကိုယ်ခံအားအပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကလည်း ရောဂါဖြစ်ပွားတဲ့အခါ အမျိုးသားတွေမှာ ဖြစ်ပွားမှုနှုန်း မြင့်ရခြင်း နဲ့ သေဆုံးမှုနှုန်းမြင့်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေပါ။နှလုံးသွေးကြော ဆိုင်ရာ ရောဂါတစ်ခုခုရှိနေမယ်။ဆီးချိုရောဂါရှိနေမယ်၊ သွေးတိုးရောဂါ ခံစားနေရမယ်၊နာတာရှည် အဆုတ်ရောဂါအခံတစ်ခုခု ရှိနေမယ်ဆိုရင်လည်း လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID_19 ကြောင့်သေဆုံးနိုင်ခြေမြင့်တက်နေပါတယ်။အကောင်းဆုံးကတော့ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အပြင်ကပြန်လာတိုင်း လက်ဆေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာ၊ လူစုလးဝေးရှောင်တာနဲ့ အာဟာရပြည့်ဝအောင်စားသုံးပြီး လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိလို့ ရောဂါကို ကာကွယ်ပါလို့ အကြံပြုပါရစေ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/sex-differences-in-covid-1/
Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း)
မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။အပူကြောင့် ပစ္စည်းများလျှင်မြန်စွာ လာင်ကျွမ်းခြင်းကို မီးလောင်ခြင်းဟုခေါ်သည်။ မီးခိုးငွေ့ ဆိုသည်မှာ အပူကြောင့်ဖြစ်သော အမှုန်များနှင့် ဓါတ်ငွေ့များပေါင်းစပ်ထားခြင်းဖြစ်ပြီး မီးခိုးငွေ့တွင် ပါဝင်သော အမှုန်များကို မျက်စိနှင့် မမြင်နိုင်ပါ။ ပစ္စည်များ အပူနှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာသော အရာများနှင့် လေထဲမှအောက်ဆီဂျင်များ သည်မီးလောင်သော အခါ မီးခိုးငွေ့ အဖြစ်သို့ပြောင်းလဲသွားသည်။မီးလောင်ခြင်းကြောင့် သေဆုံးရသူများ၏ ၅၀- ၈၀ % သည် မီးလောင်နာကြောင့် သေဆုံးခြင်းထက် မီးခိုးငွေ့များကို ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်းကြောင့် သေဆုံးခြင်းပိုဖြစ်ကြောင်းတွေ့ရသည်။သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်းကြောင့် ဖြစ်သော ရောဂါ လက္ခဏာများစွာရှိပါသည်။ တွေ့ရများသော ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်း၊ အသံသြလာခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်အခြေအနေများ ပြောင်းလဲခြင်း တို့ဖြစ်သည်။အသက်ရှုလမ်းကြောင်းတွင် ကျပ်ခိုးများတွေ့ခြင်း၊ အသားရောင်များပြောင်းလဲသွားခြင်းတိုကကို ကြည့်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါသည်။အသက်ရှုလမ်းကြောင်းတွင် ရှိသော ချွဲအလွှာများကို ထိခိုက်မိခြင်းကြောင့် ချွဲများကို ပိုထွက်စေပါသည်။ လည်ချောင်းကြွင်သားများ လှုပ်ရှားမှုမမှန်ခြင်းကလည်း ချွဲထွက်စေပြီး ချောင်းဆိုးစေပါသည်။ချွဲသည် အကြည်ရောင် ဖြစ်နိုင်သလို မီးလောင်ရာတွင် သင့်အဆုတ်ထဲသို့ရှုမိသော မီးခိုးမှုန်များအပေါ်မူတည်ပြီး အမည်းရောင်လည်း ဖြစ်နိုင်ပါသည်။ယင်းသည် အသက်ရှုလမ်းကြောင်းကို တိုက်ရိုက်ထိခိုက်ခြင်းကြောင့် ဖြစ်နိုင်ပြီး ထိုသို့ဖြစ်လျှင် သွေးထဲသို့ အောက်ဆီဂျင်သယ်ယူမှု နည်းသွားနိုင်ပါသည်။ မီးခိုးငွေ့များထဲတွင်ပါသော ဓါတုပစ္စည်းများကြောင့် သွေးဆဲလ်များသည်လည်း အောက်ဆီဂျင်သယ်ယူနိုင်သော ပမာဏ နည်းသွားပါသည်။ ထိုကြောင့် အသက်ရငကျပ်လာခြင်း ဖြစ်သည်။ယင်းသည် အသက်ရှုလမ်းကြောင်း အထက်ပိုင်းတွင် အရည်များစုအိုင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်နေခြင်းကြောင့် ဖြစ်ခြင်းဖြစ်သည်။ ထို့ပြင် ဓါတုပစ္စည်းများက အသံကြိုးကို ထိခိုက်ခြင်း ကြောင့် အသံကြိုး မတုန်ခါနိုင်ခြင်း၊ အသက်ရှုလမ်းကြောင်း အထက်ပိုင်းတွင် ရောင်ရမ်းခြင်းနှင့် ကျဉ်းသွားခြင်းတို့ဖြစ်စေပါသည်။မီးခိုးငွေ့များကြောင့် မျက်လုံးများ နီရဲလာခြင်း ဖြစ်နိုင်သည်။ မျက်ကြည်လွှာ လောင်ကျွမ်းခြင်းများလည်း ဖြစ်နိုင်ပါသည်။မီးခိုးငွေ့ထဲတွင် ပါဝင်သော ဓါတုပစ္စည်းများ အပေါ်မူတည်ပြီး သင့် အသားရောင်သည် ဖြူဖျော့သွားရာမှ ပြာသွားခြင်း၊ ချယ်ရီပန်းကဲ့သို့ နီသွားခြင်းတို့ဖြစ်နိုင်ပါသည်။နှာခေါင်းပေါက်နှင့် လည်ချောင်းများတွင် ကျပ်ခိုးများတွေ့ခြင်းသည် မီးခိုးငွေ့ရှုရှိုက်မိခြင်းကြောင့်ဖြစ်သော လက္ခဏာဖြစ်ပြီး ထိုနှာခေါင်းပေါက်နှင့် လည်ချောင်းတလျှောက်တွင် ရောင်ရမ်းမှုများကို ဖြစ်စေပါသည်။မီးလောင်မှု တခုဖြစ်ပွားရာတွင် ကာဗွန်မိုအောက်ဆိုက်ဓါတ်ငွေ့များကို အများအပြားရှုမိကြသည်။ ထိုသူများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ အပြင်ကာဗွန်မိုအောက်ဆိုက်ဓါတ်ငွေ့ အဆိပ်သင့်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း တို့ဖြစ်နိုင်ပါသည်။မီးခိုးငွေ့များတွင် ပါဝင်သောဓါတုဗေဒပစ္စည်းများ နှင့် သွေးထဲတွင် အောက်ဆီဂျင်ဓါတ်နည်းပါးသွားစေခြင်းကြောင့် စိတ်အာရုံရှုပ်ထွေးခြင်း၊ မူးခြင်း၊ တက်ခြင်း၊ သတိမေ့ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပါသည်။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အသက်ရှုလမ်းကြောင်းကို ထိခိုက်ေသောအခါ ပုံမှန်အားဖြင့် မွန်းကျပ်ခြင်း၊ ဓါတု သို့မဟုတ် အပူကြောင့် ထိခိုက်ခြင်း၊ ဓါတုဗေဒပစ္စည်းများကြောင့် မွန်းကျပ်ခြင်း သို့မဟုတ် အထက်ပါဖြစ်စဉ်များပေါင်းစပ်နေခြင်းတို့ဖြစ်နိုင်ပါသည်။မီးလောင်သော အခါ လေထဲမှ အောက်ဆီဂျင်ဓါတ်ကို ယူသုံးလိုက်ခြင်းကြောင့် လေထဲတွင်ရှုစရာ အောက်ဆီဂျင်မရှိတော့ခြင်းဖြစ်ကာ သေဆုံးရခြင်းဖြစ်သည်။မီးခိုးငွေ့၏ ပင်ကိုယ်သဘာဝသည် လူကို အန္တရာယ် မဖြစ်စေသော်လည်း လေထဲရှိအောက်ဆီဂျင်ကို မီးလောင်ငွေ့များက ယူသုံးလိုက်ခြင်းကြောင့် အောက်ဆီဂျင်ဓါတ်များ မလုံလောက်ကာ သေဆုံးရခြင်းဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့သည် လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။မီးလောင်ခြင်းဖြင့် သင့်အရေပြားနှင့် ချွဲလွှာများကို တိုက်ရိုက်ထိခိုက်စေသော ဓါတုပစ္စည်းများ ထွက်လာပါသည်။ ယင်းတို့သည် အသက်ရှုလမ်းကြောင်းရှိ သဘာဝချွဲ အမြှေးများကို ပျက်စီးစေသောကြောင့် အသက်ရှုလမ်းကြောင်း ရောင်ရမ်းခြင်း၊ လေအိတ်လေးများ ပြားခြင်း၊ အသက်ရှုကျပ်ခြင်းတို့ဖြစ်နိုင်ပါသည်။ဥပမာ- မီးခိုးမှုန်များတွင်ပါဝင်သော sulfur dioxide, ammonia, hydrogen chloride စသည့်ဓါတုပစ္စည်းများကြောင့် ဖြစ်သည်။ထို့ပြင် အပူချိန်မြင့်မားသော မီးလောင်မှုများကြောင့်လည်း အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပါသည်။မီးလောင်ခြင်းကြောင့် ထွက်ရှိလာသော Carbon monoxide, hydrogen cyanide, hydrogen sulfide စသည့်ဓါတ်ပေါင်းများကြောင့် အောက်ဆီဂျင်ကို သွေးထဲရှိ ဆဲလ်များကယူမသုံးနိုင်တော့အောင် ဖြစ်စေပါသည်။ထိုအခါဆဲလ်များသည် အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးကို မလုပ်နိုင်တော့ဘဲ သေဆုံးသွားရသည်။ မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။ဆေးလိပ် အလွန်အကျွံသောက်ခြင်းသည် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း ကို ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာများ ပြင်းထန်မှုအပေါ်မူတည်ပြီး ချက်ချင်းစစ်ဆေးသင့်သည်များ ကို ဆရာဝန်က ဆုံးဖြတ်ပေးလိမ့်မည်။အဆက်မပြတ်ချောင်းဆိုးနေခြင်း၊ အသက်ရှုကျပ်ခြင်း တို့ဖြစ်လျှင် ရင်ဘတ်ဓါတ်မှန်ရိုက်ရန် လိုအပ်သည်။ သင့်တွင်ရောဂါလက္ခဏာများ ပြင်းထန်နေသောလည်း ပထမဆုံးစစ်ဆေးသော ရင်ဘတ်ဓါတ်မှန်ရိုက် တွင် မည်သည့်ထိခိုက်မှုမျှ မတွေ့ရသည်မျိုးလည်းဖြစ်နိုင်သည်။သို့သော် အချိန်ကြာသွားမှ အဆုတ်ထိခိုက်သော လက္ခဏာများသည် ဓါတ်မှန်တွင် ပေါ်လာနိုင်သည့်အတွက် စောင့်ကြည့်ကာလအတွင်း ရင်ဘတ်ဓါတ်မှန်ကို ထပ်ရိုက်ပြီး စစ်ဆေးသင့်သည်။သွေးထဲတွင်ရှိသော အောက်ဆီဂျင်ပမာဏကို တိုင်းတာသည့် စက်ကလေးကို လက်ချောင်း၊ ခြေချောင်းထိပ်များ နှင့် နားထိပ်တွင် တပ်ပြီးတိုင်းခြင်းဖြစ်သည်။သို့သော် သွေးပေါင်ကျနေသော အနေအထားမျိုးတွင် မူ သွေးကြောများထဲတွင် သွေးလုံလောက်စွာမရှိခြင်းကြောင့် ထိုစက်နှင့် သွေးထဲရှိအောက်ဆီဂျင်ပမာဏကို တိုင်းရာတွင် မှန်ကန်မှုမရှိနိုင်ပါ။သွေးဥရေအနည်းအများကို စစ်ခြင်း၊ သွေးပြန်ကြောထဲရှိ ဓါတ်များကို စစ်ဆေးခြင်း၊ သွေးထဲရှိ carboxyhemoglobin နှင့် methemoglobin ဓါတ်များကို စစ်ဆေးခြင်းတို့ပြုလုပ်နိုင်သည်။ရှေးဦးစွာ လူနာကို မီးခိုးငွေ့များနှင့် ဝေးရာ သန့်ရှင်းသော လေရှိရာဆီသို့ပြောင်းရွှေ့ပါ။ မီးလောင်ပြင်ထဲသို့ရောက်နေသော သူများကို အပြင်မဆွဲထုတ်မီ သင့်ကိုယ်သင်လည်း အန ္တရာယ်မဖြစ်အောင် ကာကွယ်ပါ။အကယ်၍သင်သည် ထိုသို့ ကယ်ဆယ်ရန် မစွမ်းသာပါက အခင်းဖြစ်ရာသို့ စနစ်တကျလေ့ကျင့်ထားသော မီးသတ် တပ်ဖွဲ့ဝင်များ လာသည်အထိစောင့်ဆိုင်းပါ။ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းများရောက်မလာမီ တွင် အရေးပေါ်အသက်ကယ်ခြင်းပညာများ တတ်မြောက်သူများက လိုအပ်လျှင် လိအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ပါသည်။လူနာ၏ အခြေအနေအပေါ်မူတည်ပြီး ကုသမှုများစွာကို လိုအပ်သလို လုပ်ဆောင်ရပါသည်။အောက်ဆီဂျင်သည် အဓိကကျသော ကုသမှုထဲတွင် ပါဝင်သည်။ အောက်ဆီဂျင်ကို နှာခေါင်းပိုက် ၊ နှာခေါင်းအုပ် သို့မဟုတ် လည်ချောင်းထဲ ထည့်ရသော ပြွန်ချောင်းဖြင့် နည်းအမျိုးမျိုးပေးနိုင်သည်။ဥပမာအားဖြင့် အသံပြာနေသော သူများအတွက် အောက်ဆီဂျင်ကို ပြွန်ချောင်းဖြင့်ပေးရန်လိုအပ်ပါသည်။ ဆရာဝန်သည် လည်ချောင်းထဲသို့ ပြွန်ချောင်းထဲ့ခြင်းဖြင် လေလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် ပိတ်သွားခြင်းမျိုးကို ကာကွယ်ပြီးသားဖြစ်သွားသည်။ထိုအချိန်တွင် လူနာသည် အသက်ရှုကျပ်ခြင်း၊ စိတ်အခြေအနေမူမမှန်ခြင်းများဖြစ်လာလျှင် အနီးရှိတာဝန်ရှိသူများက လူနာကို အသက်ရှုအောင်လုပ်ခြင်း၊ အသက်ရှုလမ်းကြောင်းတွင် ပိတ်ဆို့နေသည့် အရိအချွဲများကိုစုပ်ထုတ်ခြင်း နှင့် အစားအိမ်ထဲမှ အစာဟောင်များ အသက် ရှုလမ်းကြောင်းထဲသို့ ပြန်မတက်လာရန် လုပ်ခြင်း တို့ကို လုပ်ဆောင်ရပါသည်။အဆုတ်လေပြွန်များထဲသို့ မှန်ပြောင်းငယ်ဖြင့် ကြည့်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းများထဲခိုက်မှု ပမာဏနှင့် ယင်းတွင် ပိတ်ဆို့နေသော အရာများရှိပါက စုပ်ယူထုတ်ရန် လိုမလို သိနိုင်ပါသည်။လူနာသည် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်နေသော အခါ ဖိအားမြှင့် အောက်ဆီဂျင်ပေးနိုင်သည်။ ဖိအားမြှင့် အောက်ဆီဂျင်ပေးခြင်းသည် အောက်ဆီဂျင်ကို အိုးများထဲတွင်ဖိအားသုံးပြီး ထဲ့ထားသော အောက်ဆီဂျင်ဓါတ်ငွေ့များဖြစ်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်အသက်ရှုလမ်းကြောင်းကိုထိခိုက်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/inhalation-injury-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%82%88%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%82%80%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af/