title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
COVID-19 ရန်ရှောင်ပြီး ဈေးဘယ်လိုဝယ်ကြမလဲ
COVID-19ကပ်ဘေးကြီး စတင်လာကတည်းက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်းပိတ်၊ သွားစရာလာစရာတွေလည်း မရှိနဲ့ အိမ်တွင်းအောင်းနေရတဲ့အပြင် ဟိုနားက ကူးနိုင်တယ် ဒီနားက ကူးနိုင်တယ်ဆိုတဲ့ သတင်းစကားတွေကြောင့်လည်း အပြင်သွားဖို့ အခက်တွေ့နေကြရတယ်မဟုတ်လား။ဘယ်လိုပဲ အပြင်ထွက်ဖို့ ခက်တယ်၊ သွားဖို့မလွယ်ဘူးပြောပြော နေ့စဉ်စားဝတ်နေရေးအတွက် ဈေးပဲဖြစ်ဖြစ်၊ grocery store တွေကိုပဲဖြစ်ဖြစ် ရက်ခြားတစ်ခါပဲဖြစ်ဖြစ်၊ နေ့စဉ်ပဲဖြစ်ဖြစ်တော့ သွားနေကြရတာပါပဲ။ မသွားရင်လဲ မိသားစုဝင်တွေရဲ့ စားရေးသောက်ရေး အခက်တွေ့မှာလေ။တစ်ချို့ဒေသတွေမှာ မိသားစုဝင်တစ်ယောက်ကို အပြင်ထွက်ခွင့်ပေးထားပြီး တချို့ဒေသတွေမှာတော့ အိမ်ထောင်ဦးစီးကိုသာ အပြင်ထွက်ခွင့်ပေးထားပါတယ်။ရောဂါကပ်ဘေးကာလအတွင်း ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ရပြီဆိုတာနဲ့ ဘေးအန္တရာယ်ကိုတော့ စိုးရိမ်ကြရတာပါပဲ။ခုလိုအချိန်မှာ ဈေးသွား ဈေးဝယ်သူတွေကို ဘေးကင်းရန်ကွာ ဈေးဝယ်နိုင်မယ့် နည်းလမ်းမျိုးကို လမ်းညွှန်ပေးရမယ်ဆိုရင် လူတိုင်းအတွက် အသုံးတည့်နိုင်မယ်ထင်ပါတယ်။အိမ်ကနေ မထွက်ခင်မှာ အောက်ပါ အချက်တွေကို သေချာကျနာစွာ စီစဉ်ပါ။ဈေးဝယ်မယ့် ဆိုင်၊ ဒါမှမဟုတ် စတိုးကို ရောက်ပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပါ။စတိုးဆိုင်တွေ၊ Mart တွေမှာ ပိုက်ဆံရှင်းချိန်တွေမှာ အောက်ပါ နည်းလမ်းတွေကို လိုက်နာပါ။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/tips-for-safe-grocery-shopping/
စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး
ဒီပရက်ရှင် ဝင်နေပြီ၊ စိတ်ကျ နေပြီဆိုရင် ဘာမှမလုပ်ချင်၊ မတွေးချင်တော့ဘူး။ ဘာကိုမှ စိတ်မပါတော့သလို အစားအသောက် ကိုလည်း ဖြစ်သလို စားတတ်ကြပါတယ်။ဒီလိုအချိန်မှာအစာစားချိန်မမှန်တာ၊ အစားအသောက် ရွေးချယ်မှု မှားယွင်းတာတွေကြောင့်စိတ်ကျန်းမာရေးကို ပိုဆိုးစေနိုင်တာကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အစားအသောက်က ခန္ဓာကိုယ် အတွက်တင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ သက်ရောက်မှု မသေးဘူး ဆိုတာ သိခဲ့ရတာပါ။စိတ်ကျ လက္ခဏာ ရှိနေသူတွေဟာ ဒီအစားအစာတွေ စားရင် ပိုဆိုးလာနိုင်ပါတယ် –။စိတ်ဖိစီး၊ စိတ်ညစ်နေတဲ့အချိန်မှာအချိုတောင့်တတတ်တယ်လို့ ပြောကြတယ်။ အချိုစားပေးရင် စိတ်ကျဝေဒနာ သက်သာသွားမယ်လို့ ယူဆကြတာကိုး။ အမှန်တော့ အဲဒီအစားအသောက်တွေမှာ ပါတဲ့ သန့်စင်ပြီးသား သကြားတွေက စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။အချိုစားခြင်းက ခဏတာ စိတ်ကို တက်စေနိုင်ပေမယ့် မြန်မြန်ဆန်ဆန်ပဲ ပြန်ကျသွားစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် အတက်အကျပြဿနာကြောင့် နောက်ဆုံးမှာ ဗိုက်ဆာတာနဲ့ စိတ်တိုတာ ပဲ ဖြစ်ကျန်စေပြီး စိတ်ပူပန်မှုတွေ၊ စိတ်ကျ လက္ခဏာတွေကို မသက်သာစေနိုင်ဘူးလို့ ဆိုပါတယ်။Aspartame လို့ ခေါ်တဲ့ သကြားအတုက စိတ်ကျခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ Aspartame က စိတ်တည်ငြိမ်ပျော်ရွှင်မှုနဲ့ သက်ဆိုင်တဲ့ ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိမှု ပမာဏကို လျော့နည်းစေနိုင်တာမို့ စိတ်ကျ ရောဂါ ရှိသူတွေမှာ လက္ခဏာ ပိုဆိုးစေနိုင်ပါတယ်။ဒါ့အပြင် ခေါင်းကိုက်တာ၊ စိတ်အတက်အကျ အပြောင်းအလဲမြန်တာ၊ ညအိပ်မပျော်တာတွေ ဖြစ်နိုင်ပါသေးတယ်။ပြုပြင်စီမံထားတဲ့ အသား၊ ရယ်ဒီမိတ် အကြော်အလှော်တွေ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေ စတဲ့ အသင့်စားတွေကို များများစားမိရင် စိတ်ကျ လက္ခဏာတွေ ပိုဆိုးစေနိုင်ပါတယ်။ လတ်ဆတ်တဲ့ အစားအစာတွေပဲ စားပါ။ကော်ဖီ သောက်လိုက်ရင် လန်းသွားမယ်လို့ ယူဆတာရယ်၊ စိတ်ညစ်နေချိန် ကော်ဖီဆိုင် ထိုင်ပြီး တွေးနေရတာ စိတ်ပြေလျော့တယ်လို့ ယူဆတာရယ် အမှားကြီးမှားတတ်ကြပါတယ်။သောက်ပါများတဲ့ အခါ ကော်ဖီ မှာပါတဲ့ ကဖင်းတွေက လူကို ကတုန်ကယင် ဖြစ်စေတာ၊ ရင်တုန်စေတာ အပြင် အိပ်ရေးပါ ပျက်စေနိုင်ပါတယ်။ အိပ်မပျော်၊ အိပ်ရေးပျက်ရာကနေ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေ ကို ပိုဆိုးစေတော့တာပေါ့။လန်းဆန်းတက်ကြွစေဖို့ ဆိုပြီး အားဖြည့်အချိုရည်တွေ လှိမ့်သောက်နေတာမျိုးက နှလုံးခုန်မမှန်တာ၊ စိုးရိမ်စိတ်ပိုများလာတာ၊ အိပ်မပျော်တာ စတဲ့ ပြဿနာတွေ အဖတ်တင်သွားစေနိုင်ပါတယ်။ ခဏတော့ ဟုတ်မလိုလိုနဲ့ ရေရှည်ကျန်ခဲ့တဲ့ ဆိုးကျိုးတွေကြောင့် စိတ်ကျ ဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။သူတို့မှာ သကြားတုတွေ၊ကဖင်းတွေ အကုန်ပေါင်းစပ်ထားတာမို့ အပေါ်က အစားအသောက်တွေထက် သက်ရောက်မှု ပိုဆိုးပါလိမ့်မယ်။စိတ်ညစ်လို့ အရက်သောက်၊ ဘီယာသောက်ကြတာ ပိုစိတ်ညစ်ရမယ့်လမ်း ဆိုတာ သဘောမပေါက်ကြပါဘူး။အယ်လ်ကိုဟောက အိပ်စက်မှုကို အနှောင့်အယှက် ပေးပါတယ်။အိပ်နေလည်း ခန္ဓာကိုယ်က အမှန်တကယ် အနားမယူနေ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်တဲ့ အတွက် အရက်ကြောင့် ဖြစ်တဲ့ ဆိုးကျိုးအပြင်အိပ်ရေးပျက်ခြင်းရဲ့ သက်ရောက်မှုတွေပါ ခံစားရပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%95%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%b1%e1%80%99%e1%80%9a/
Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ)
ကြက်ညှာချောင်းဆိုးရောဂါသည် နှာခေါင်းနဲ့လည်ချောင်းကနေတစ်ဆင့် ဝင်သော ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ရောဂါတစ်ခုဖြစ်သည်။ အများစုမှာတော့ အက်သံပါအောင်ချောင်းဆိုးခြင်းရဲ့နောက်မှာ အသက်ရှူသံပြင်းပြင်းလိုက်လာခြင်းမျိုး ဖြစ်ပါတယ်။ ကူးစက်လွယ်တတ်ပေမဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကဲ့သို့သော ကာကွယ်ဆေးနဲ့ ကလေးတွေအရွယ်ရောက်ပြီးသူတွေမှာ မဖြစ်အောင်ကာကွယ်ထားနိုင်ပါတယ်။မွေးကင်းစအရွယ်တွေနဲ့ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပေမဲ့ ဘယ်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုသည်တို့ကို ဆရာဝန်နဲ့ ပြသဆွေးနွေးနိုင်ပါတယ်။ကူးစက်ခံရပြီး ဆယ်ရက်လောက်ကြာမှ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အစောပိုင်းအဆင့်မှာဆိုရင် အအေးမိတဲ့လက္ခဏာလောက်သာ ပြတတ်ပါတယ်။တစ်ပတ်နှစ်ပတ်အကြာမှာတော့ လက္ခဏာတွေ ပိုဆိုးလာပါတယ်။ အချိန်အကြာကြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးရခြင်းကြောင့်။နို့စို့ကလေးအရွယ်မှာတော့ချောင်းဆိုးတာကို မတွေ့ရတတ်ပါဘူး။ အသက်ရှုဖို့ ခက်တာတွေ၊ အသက်ရှူခဏရပ် သွားတာမျိုးတွေပဲ တွေ့ရတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားလက္ခဏာတွေလည်းရှိနိုင်သေးပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင် သို့မဟုတ် သင့်ကလေးမှာ အောက်ပါအချက်တွေ တစ်ခုခုရှိခဲ့မယ်ဆိုရင ်ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ ကူးစက်ခံထားရသူနဲ့ အနီးကပ်ဆက်ဆံနေရခြင်း သို့မဟုတ် ကူးစက်ခံထားရသူက အနားမှာရှိစဉ် ချောင်းဆိုးလိုက်ခြင်း (သို့) နှာချေလိုက်ခြင်းတွေကြောင့် သူ့ဆီမှာ အောင်းနေတဲ့ ပိုးမွှားလေးတွေပါာ လေထဲကနေ တစ်ဆင့် သင် အသက်ရှူလိုက်ချိန်မှာ သင့်ရဲ့အဆုတ်ဆီကို ကူးစက်သွားနိုင်ပါတယ်။ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အစောပိုင်းမှာ လက္ခဏာမပြသေးတာမျိုး (သို့) အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အအေးမိခြင်း၊ တုပ်ကွေး၊ လေပြွန်ရောင်ခြင်းတွေနဲ့ လက္ခဏာချင်းတူနေတာမျိုးတွေကြောင့် ရောဂါအမည်တပ်ဖို့ခက်ပါတယ်။ အချို့ အခြေအနေတွေမှာဆိုရင ်ဆရာဝန်ကလက္ခဏာကိုမေးရုံ ၊ ချောင်းသံကိုနားထောင်လိုက်ရုံ နဲ့ ရောဂါဟုတ်မဟုတ်တမ်းသိနိုင်ပါတယ်။ သေချာချင်တယ်ဆိုရင်တော့ ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ လည်ချောင်းနှာခေါင်းအသားစကိုထုတ်၍ ဘက်တီးရီးယားပိုးမွေးပြီးစစ်ဆေးတဲ့နည်းတွေ၊ သွေးအဖြေရှာခြင်းနည်းတွေ၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းတွေ လုပ်ပေးပါလိမ့်မယ်။လည်ချောင်းနှာခေါင်းအသားစကိုထုတ်၍ ဘက်တီးရီးယားပိုးမွေးပြီးစစ်ဆေးတဲ့နည်း ဆိုတာကတော့ နှာခေါင်းနဲ့ လည်ချောင်းဆက်နေတဲ့နေရာက တစ်ရှူးစလေးကိုထုတ်ပြီး ကြက်ညှာချောင်းဆိုးရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားရှိမရှိစစ်ဆေးခြင်းဖြစ်တယ်။သွေးအဖြေရှာခြင်းနည်း ကတော့ သွေးနမူနာထုတ်ယူပြီး ဓါတ်ခွဲခန်းပို့ သွေးဖြူဥအရေအတွက်စစ်ဆေးခြင်း ဖြစ်ပါတယ်။ သွေးဖြူဥတွေဟာ ကြက်ညှာချောင်းဆိုးရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းကတော့ သင့်ရဲ့အဆုတ်ထဲမှာ အရည်တွေရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါတွေ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ဆက်စပ်နေတဲ့အခါမျိုးမှာ အဆုတ်ရောင်ခြင်း၊ အရည်တွေနဲ့ ပြည့်နေခြင်းတွေရှိနေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။အစောပိုင်းမှာသိခဲ့မယ်ဆိုရင် ကြက်ညှာချောင်းဆိုးရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေနိုင်တဲ့ ပဋီဇီဝဆေးတွေကိုသောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ နောက်ကျမှသိရတယ်ဆိုရင်တောင် ပဋီဇီဝဆေးတွေကိုသုံးနိုင်ပါသေးတယ်။ တစ်ချို့အခြေအနေတွေမှာဆိုရင် သင့်ရဲ့မိသားစုဝင်တွေကိုလည်း ကာကွယ်နိုင်ဖို့ ပဋီဇီဝဆေးတွေသောက်ရပါလိမ့်မယ်။ ချောင်းဆိုးခြင်းကြောင့် အရည်၊ ရေသောက်ရာမှာ အခက်တွေ့ နေမယ်ဆိုရင် သင့်မှာ ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာဆိုရင် ဆရာဝန်ကို ချက်ချင်းပြောပြဖို့လိုပါလိမ့်မယ်။နို့စို့ကလေးအရွယ်တွေမှာဆို အန္တရာယ်ရှိနိုင်တဲ့အတွက ်ဆေးရုံတင်ဖို့လိုပါလိမ့်မယ်။ သင့်ကလေးမှာ အစာတွေအရည်တွေမျိုဖို့ ခက်ခဲနေမယ်ဆိုရင် အကြောဆေးသွင်းပေးဖို့ လိုပါလိမ့်မယ်။ အခြားသူတွေကိုကူးစက်နိုင်တဲ့အတွက်ကြောင့် သင့်ကလေးကိုသီးသန့်ထားဖို့ ဆရာဝန်ကပြောပါလိမ့်မယ်။ ကလေးကကြီးနေပြီဆိုရင် အိမ်မှာပဲကုသမှုပေးနိုင်ပါတယ်။အောက်ဖေြာ်ပပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးတွေက ကြက်ညှာ ချောင်းဆိုးရောဂါကို ကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• အနားများများယူခြင်း။• အရည်တွေအများကြီးသောက်ခြင်း (ရေ၊ စွပ်ပြုတ်၊ အသီးဖျော်ရည်တွေ များများသောက်သင့်ပါတယ်)။• အစားနည်းနည်းစားခြင်း (ချောင်းဆိုးပြီးနောက် မအန်အောင် ကူညီပေးနိုင်ပါတယ်။)။• လေထုသန့်ရှင်းခြင်း (ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေက ချောင်းဆိုးစေပါတယ်)။• ကူးစက်မှုတွေကာကွယ်နိုင်ရန် ချောင်းဆိုးရင် လက်ကိုင်ပဝါနှင့် အုပ်ပြီး ဆိုးခြင်း၊ လက်မကြာခဏဆေးခြင်း။အကယ်၍ သင့်မှာမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/whooping-cough-%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%8a%e1%80%be%e1%80%ac%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1/
မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ
မောခြင်းကအဆုတ်ရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ ဟော်မုန်းပြဿနာတွေလည်း မောနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ အဆုတ်ရောဂါကြောင့် မောတာကို အဓိကထားပြီး ပြောပါမယ်။ မောခြင်းကို ကုသတဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသရပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့။သင်က ဆေးလိပ်သောက်သူဆိုရင် မောတာကို သက်သာဖို့ အရေးအကြီးဆုံးပြောင်းလဲသင့်တဲ့ အချက်ကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း ၂-၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။ဒါ့ပြင် အဆုတ်ရဲ့ စွမ်းဆောင်ရည်ကဆေးလိပ်ဖြတ်လိုက်ရင်ပြန်ကောင်းလာတတ်ပါတယ်။ ဒါကြောင့်COPDလို့ခေါ်တဲ့ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းလူနာတွေမှာ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ လက္ခဏာတွေ ပြန်ကောင်းလာတာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက လူနာတွေကို အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာကို ကာကွယ်ပေးပြီး အရိုးကြွက်သားတွေကို သန်မာစေပါတယ်။နေ့စဉ် အလယ်အလတ်ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ခြင်းက  မောခြင်းကို လျော့ကျစေပြီး ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၂၀နဲ့  တစ်ပတ်ကို ၅ရက်လောက်လုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။မောခြင်းက သံဓာတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကြောင့်ဆိုရင် ဒီအခြေအနေကို သက်သာစေဖို့ beetroot စားသင့်ပါတယ်။ Beetroot မှာ သံဓာတ်အပြင် အမျှင်ဓာတ်၊ Calcium၊ Potassium နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။အချို့အစားအစာတွေဖြစ်တဲ့ အသီးအရွက်၊ ပဲ၊ ကာဗွန်ပါဝင်တဲ့ အရည်တွေဟာ လေထခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေပွခြင်းဟာ ရင်ဝမ်းခြားကြွက်သားကို ဖိအားများစေပြီး မောစေနိုင်ပါတယ်။ သင်ဟာ မကြာခဏ လေထတက်သူဆိုရင် ကိုယ်ခန္ဓာမှာ လေထခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။အဆုတ်ရောဂါအတွက် အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ပါးစပ်စေ့ထားပြီး အသက်ရှူခြင်းက ရုတ်တရက်မောတဲ့အချိန်တွေမှာ အကျိုးရှိပါတယ်။ပါးစပ်စေ့ပြီး အသက်ရှူခြင်းကို ပြုလုပ်ဖို့အတွက် နှာခေါင်းနဲ့ အသက်အပြည့်အဝရှူပြီး စေ့ထားတဲ့ ပါးစပ်ကနေ လေကို ဖြည်းညင်းစွာ ပြန်ထုတ်သင့်ပါတယ်။ ဒီနည်းလမ်းကို တစ်နေ့မှာ သုံးလေးကြိမ်လေ့ကျင့်ခြင်းဟာ ရုတ်တရက်မောခြင်းဖြစ်လာတဲ့ အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ဒါဟာ သင့်ရဲ့ အသက်ရှူနှုန်းကို နှေးစေပြီး ပုံမှန် အသက်ရှူမှုကို ပြန်ရစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒီအသက်ရှူနည်းကို သင်မောတယ်လို့ ခံစားရတိုင်း ပြုလုပ်နိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ နေပိုကောင်းလာတာကို တွေ့ရနိုင်ပါတယ်။နေထိုင်ပုံ ပြောင်းလဲခြင်း၊ အစားအသောက် ပြောင်းလဲခြင်းနဲ့ အိမ်မှာ ပြုလုပ်နိုင်တဲ့ ဒီနည်းလမ်းတွေဟာ မောခြင်းကို သက်သာစေနိုင်ပါတယ်။ ပြီးတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ဖို့ ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးသင့်ပါတယ်။ရေသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/self-tips-to-deal-with-breathlessness/
ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ
ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်တွင်း ကလီစာကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ နဲ့ ဘယ်လိုကုသမလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ရေကို တစ်နေ့တာမှာ ၈ခွက်ကနေ ၁၀ခွက်အထိ (၈ အောင်စဝင်ဆန့်သောခွက်ဖြင့်) သောက်သုံးသင့်ပါတယ်။ တခြားအရည်တွေလည်း သောက်သုံးနိုင်ပါတယ်။အရည် များများသောက်ခြင်းဟာ လေထခြင်းကို သက်သာစေနိုင်ပါတယ်။ ရေအပြင် အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေကိုလည်း သောက်ပေးနိုင်ပါတ်။တစ်နေ့တာ ပုံမှန် လုပ်ဆောင်သင့်တဲ့အထဲမှာ ကိုယ်လက်လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ အားကစားခန်းမ မသွားနိုင်ရင်တောင် အဆင်ပြေတဲ့ နေရာမှာ လမ်းလျှောက်နိုင်ပါတယ်။တစ်နေ့တာမှာ အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်သင့်၊ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ရောစိတ်ပါ လန်းဆန်းစေရုံမက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာလည်း မြန်မြန်ကြေစေပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ လေ့ကျင့်ခန်း ဘယ်လို လုပ်သင့်တယ် ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။အဆီများတဲ့ အစားအစား၊ စပ်လွန်းတဲ့ အစားအစာတွေ ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးတို့ဟာ လေထစေတတ်တဲ့ အစားအသောက်တွေဖြစ်တာကြောင့် လေအောင့်တတ်တဲ့ ကိုယ်ဝန်သည်တွေ အနေနဲ့ ဒီလို အစားစားတွေကို ရှောင်စားဖို့၊ လျှော့စားဖို့ အကြံပြုချင်ပါတယ်။အမျှင်ဓာတ် များများစားခြင်း အားဖြင့် အူလမ်းကြောင်းထဲမှာ ရေကို ဆွဲထိန်းထားပေးပါတယ်။ အစာဟောင်းများကို ပျော့ပြောင်းစေတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။နေ့စဉ် အမျှင်ဓာတ်ကို ၂၅ ဂရမ်ကနေ ၃၀ ဂရမ်ကြား စားပေးခြင်းဟာ လေထခြင်းကို သက်သာစေပါတယ်။ ဆီးသီး၊ ကတွတ်သီး၊ ငှက်ပျောသီး၊ အသီးအရွက်များ၊ အုတ်ဂျုံ၊ အစေ့အဆန်များ စတာတွေမှာ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲနိုင်တဲ့ ဝမ်းပျော့ဆေးများ ရှိပါတယ်။ အဆိုပါဆေးများဟာ ဝမ်းပျော့စေတဲ့အပြင် အစာအိမ်အူလမ်းကြောင်းမှာ လေပွ၊ လေထခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ဝမ်းနှုတ်ဆေး အပြင်းစားတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းပျော့ဆေး ဘယ်အမျိုးအစားကို သုံးရမယ်ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု စတာတွေဟာ အစာအိမ် အူလမ်းကြောင်းအတွင်း လေပွခြင်း၊ လေချဉ်တက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အပြင်ထွက်ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ဖြေလျှော့ပါ။ကဲ …… ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများကို သိပြီဆိုတော့ လက်တွေ့ အသုံးချကြည့်လိုက်နော်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/home-remedies-for-gas-during-pregnancy/
Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ)
ကြက်ငှက် တုပ်ကွေးရောဂါဆိုတာ Avian flu လို့လည်း သိထားတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ငှက်မျိုးစိတ်တွေကြား မှာပျံ့နံ့တတ်ပြီး ကူးစက်တဲ့ငှက်ဟာ ဒီရောဂါနဲ့ သေဆုံးတတ်ပါတယ်။အချို့ပိုးတွေဟာ ငှက်မှာပဲဖြစ်လေ့ရှိပြီး အချို့ ကတော့ လူနဲ့ တိရိစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။ သေဆုံးမှုလည်းများနိုင်ပါတယ်။ ဥပမာ H5N1နဲ့ H7N9 တို့ဖြစ်ပါတယ်။ရောဂါရနေတဲ့ငှက်ကို လူမျက်စိနဲ့အကဲခတ် နိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်ဆိုတော့ ငှက်တွေဟာ ပိုးကူးခံရလို့ဖျားနာခြင်းမရှိပဲ ကျန်းမာနေပုံ ပေါက်နေနိုက်တာကြောင့် ဖြစ်ပါတယ်။ရောဂါဖြစ်နေတဲ့ငှက်ရဲ့ စွန့်ထုတ်ပစ္စည်းတွေကို ထိမိတဲ့လူတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ပါတယ်။ ကျားမ၊ အသက်အရွယ် မရွေး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ဖို့ အလားအလာရှိပါတယ်။ 1997 ခုနစ်က ပထမဆုံးလူမှာ စဖြစ်တဲ့ အချိန်က ကူးစက်ခံရသူ ၆၀ရာခိုင်နှုန်းကို သေဆုံးစေခဲ့ပါတယ်။အောက်ပါလက္ခဏာများ သင့်မှာရှိနေရင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေရှိတာမို့ သမားတော်နဲ့ ကုသမှုခံသမှုခံယူပါ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့-။စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ အကယ်၍ သင့်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ခု ခံစားနေရတယ်လို့ သံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။အထက်ဖော်ပြပါ လက္ခဏာတွေရှိရင် ဆရာဝန်နှင့် ပြသင့်ပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေက ရိုးရိုးတုပ်ကွေးနဲ့ တူညီနေတဲ့အတွက် နားလည်မှု လွဲတတ်ပြီး ကုသဖို့ အချိန်ကောင်းကို လွတ်သွားတတ်ပါတယ်။ကြက်ငှက်တုပ်ကွေးရောဂါက ငှက်တွေနေတဲ့ ရေအိုင်လေးတွေကနေ လူတွေဆီကို ရောက်သွားနိုင်ပါတယ်။ ငှက်တွေရဲ့ဆီး၊ဝမ်း၊ နှာရည်နဲ့ မျက်စိကထွက်တဲ့ အရည်တွေနဲ့ ထိမိတဲ့ လူတွေကို ကူးစက်တတ်ပါတယ်။ ကျက်အောင်ချက်ထားတဲ့ ကြက်သား၊ ငှက်သား နဲ့ ဥတွေဟာ ရောဂါမဖြစ်စေတတ်ပေမဲ့ ဥကို အစိမ်းစားတာမျိုး မလုပ်သင့်ပါဘူး။အသားကို ၈၀ ကနေ ၉၀ ဒီဂရီ ထိ ချက်ပြုတ်ခြင်းက ပိုပြီးစိတ်ချရပါတယ်။ ပိုအန္တရာယ်ကင်းအောင် စမ်းသပ်ပြီးသား အသားနှင့် ဥများကို စားသုံးတာ ပိုကောင်းပါတယ်။ H5N1 ဗိုင်းရပ်စ် ကအချိန်တော်တော်ကြာအောင် အသက်ရှင်နိုင်ပြီး ကူးစက်ခံရတဲ့ ငှက်တွေကြက်တွေကလည်း ၁၀ရက်အထိ ဝမ်းနဲ့နှာရည်တွေကနေ ပိုးကို ပျံ့နှံ့စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကြက်ငှက် တုပ်ကွေးရောဂါကို စမ်းသပ်နည်းများကတော့ influenza A/H5 virus real-time RT-PCR primer နဲ့ probe set တို့ပဲဖြစ်ပါတယ်။ ပါဝင်တဲ့အဆင့်တွေကတော့-။• နားကြပ်နှင့် အသက်ရှူ သံမှန်မမှန် နားထောင်ခြင်း။• သွေးဖြူဥ စစ်ဆေးခြင်း။• နှာခေါင်းနှင့် လေပြွန်မှတစ်ဆင့် ဗိုင်းရပ်စ် ပိုးမွေးစစ်ဆေးခြင်း။• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါတယ်။ရောဂါလက္ခဏာပြပြီး ၄၈ နာရီအတွင်းမှာ ကုသမှုခံယူတာ အကောင်းဆုံးပါ။ မျိုးကွဲများရှိသောကြောင့် သင်ခံစားနေရသော လက္ခဏာပေါ်မူတည်ပြီး ရောဂါကုသမှု ကွဲပြားနိုင်ပါတယ်။အသုံးများတဲ့ ကုသနည်းတွေကတော့ oseltamivir (Tamiflu) (သို့) zanamivir (Relenza) တွေပဲ ဖြစ်ပါတယ်။သင့်မိသားစုလည်း ရောဂါလက္ခဏာ မပြသည့်တိုင်အောင် ဆေးသောက်ရပါမယ်။ အခြားသူများကို မကူးစက်စေရန် သင့်ကိုလည်း လူတွေနဲ့ ထိတွေ့မှုမရှိအောင်ခွဲထားနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/bird-flu-%e1%81%be%e1%80%80%e1%80%80%e1%80%b9%e1%80%84%e1%80%bd%e1%80%80%e1%80%b9%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ
ဆေးသောက်တာပဲ ဘာခက်လို့လဲ။ ဒီလိုပဲ ဝယ်ပြီး သောက်လိုက် ပြီးသွားတာပဲကိုလို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ ဆရာဝန်တွေ ဆေးကုတဲ့အခါ ဆေးပေးလိုက်တဲ့အခါ ပြန်ကြားရတာတွေက အဆင်ပြေမနေပါဘူး။ အရပ်ထဲမှာ ဆေးနဲ့ပတ်သတ်ပြီး လုပ်နေတာတွေကို တွေ့ရတဲ့အခါမှာလည်း စိတ်မချမ်းသာပါဘူး။ ဆေးသောက်တာနဲ့ ပတ်သတ်ပြီး လူတွေ မှား မှားပြီး လုပ်နေကြတာလေးတွေ ရှိပါတယ်။ ဒါတွေကို တစ်ချက်ကြည့်ကြရအောင်။ဆရာဝန် ညွှန်ထားတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကို ရပ်တာ၊ ပြောင်းတာ မလုပ်သင့်ပါဘူး။ အထူးသဖြင့်ပိုးသတ်ဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးကျဆေးတို့ပေါ့။ ပိုးသတ်ဆေးဆိုရင်လည်းဆေးပတ်လည်အောင်သောက်ရမှာပါ။ တစ်ပတ်သောက်ပါဆို တစ်ပတ်မတိုင်ခင် နေကောင်းသွားရင် ရပ်တတ်ကြပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဆေးပတ်မလည်ခင် ရပ်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ပိုးတွေအောင်းနေပြီး အမြစ်မပြတ်ဘဲ နေပါမယ်။ဆေးယဉ်ပါးဖြစ်ပြီး နောက်တစ်ခါဖြစ်ရင် ဆေးမတိုးဘဲ နေပါမယ်။ဆီးချိုဆေး၊ သွေးကျဆေးဆိုလည်း ဒီလိုပါပဲ။ နေလို့ကောင်းနေလို့ ဆိုပြီး မသောက်ကြတော့ပါဘူး။ ဒီရောဂါတွေဟာ အပြင်မှာ လက္ခဏာပြနေတာ မဟုတ်ဘဲ အတွင်းမှာ လှိုက်စားနေတာပါ။ နောက်ဆက်တွဲတွေ ဝင်လာမှဆိုရင် ကုဖို့ နောက်ကျသွားမှာပါ။ဒီလိုလူတွေက မေးကြည့်လိုက်ရင် ဆေးက စျေးကြီးလို့ ဝယ်မသောက်နိုင်တော့လို့၊ ဆေးနဲ့ မတည့်လို့ စသဖြင့် ပြောတတ်ပါတယ်။ အခက်အခဲရှိရင် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်တော့ မလုပ်လိုက်ပါနဲ့။ဒါလည်း ပြဿနာပါပဲ။ တခြားအဖျားကျဆေးတို့၊ ခေါင်းကိုက်ပျောက်ဆေးတို့ဆို ပြဿနာ မရှိပေမယ့် ပိုးသတ်ဆေးတို့လို၊အကိုက်အခဲပျောက်ဆေးတို့လိုဆို ပြဿနာ ရှိပါပြီ။ လည်ချောင်းနာနေလို့ အမောက်ဆေးပေးပါ ဆိုတာကို ခဏခဏ ကြားဖူးပါတယ်။ လည်ချောင်းနာတိုင်း အမောက်ဆေးမှ မလိုတာပဲ။ ဒီလိုပဲ ဝမ်းလျှောနေလို့ မက်ထရိုလေးပေးပါဆိုတာလည်း ရှိသေးတယ်။ ဒီလိုဆေးတွေဆိုတာက ဆရာဝန်ညွှန်ကြားနဲ့မှ ရောင်းလို့ရတဲ့၊ ဝယ်လို့ရတဲ့ ဆေးတွေပါ။ လက်လွတ်စပယ်သောက်နေရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများပါတယ်။ဝါသနာပဲ ပြောရမလား၊ စေတနာပဲ ပြောရမလား။ တကယ်တော့ မလုပ်သင့်ပါဘူး။ သာမန်ဆေးတွေဆို တော်ပါသေးတယ်။ ရောဂါကြီးကြီးမားမားတွေဆို မလုပ်သင့်ပါဘူး။ ဥပမာ ငါချောင်းဆိုးတုန်းက ဒါလေးသောက်တာ ကောင်းသွားတယ်။ နင်လည်း ဒါလေးသောက်။ ခက်တာက ငါချောင်းဆိုးတာက တုပ်ကွေးဖြစ်လို့၊ သူချောင်းဆိုးတာက တီဘီဆို ဘယ်နှယ့် လုပ်မတုံး။နောက်ပြီး သွေးတိုးနေတဲ့ သူငယ်ချင်းကို ငါသွေးတိုးတုန်းက ဆရာဝန်က ဒါလေး သောက်ခိုင်းတာ၊ နင်လည်း ဒါလေးသောက်။ ဆရာဝန်ညွှန်တယ်ဆိုတာက ပါသေး။ တကယ်တော့သွေးတိုးတို့ဆီးချိုတို့ဆိုတာ ဘာလာလာ ဒါသောက် မဟုတ်ပါဘူး။ Tailor madeလို့ ခေါ်တဲ့ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ကုရတာပါ။ ဒါကြောင့် ဆေးတွေကို မဝေမျှပါနဲ့။တုပ်ကွေးရာသီမှာ တွေ့ရအများဆုံးပါပဲ။ ကိုယ်လက်ကိုက်နေလို့စပ်ဆေးလေး တစ်ထုပ်လောက်ဆိုတာ ဘာလုပ်မှန်းကို မသိပါဘူး။ အဲ့ဒီထဲမှာ ဘာပါလဲဆိုတော့စတီးရွိုက်တို့ ပါရာစီတမောတို့ အမောက်ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ ရောထားတာပါ။ ဆိုတော့ နောက်ခံရောဂါကို သေချာ မသိဘဲ လက္ခဏာပဲ သက်သာချင်ဇောနဲ့ သောက်တာက ကိုယ့်ကို အန္တရာယ်များစေပါတယ်။ ဆေးဝယ်မယ်၊ ဆေးအကြောင်း သိချင်တယ်ဆိုရင် ဆေးဝါးပညာရှင် ဒါမှမဟုတ် ဆရာဝန်ကို မေးမြန်းပါ။ စပ်ဆေးလောက်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။ စပ်ဆေးတွေ စွဲသောက်ရာက ဒုက္ခရောက်ပြီး ဆေးရုံရောက်လာတဲ့ လူနာတွေ အများကြီး ရှိလို့ပါ။ဒါက စဉ်းစားလို့ရသလောက်၊ အတွေ့ရများတာလေးတွေကို ရေးထားတာပါ။ နောက်တစ်ခါ ဆေးသောက်မယ်ဆိုရင် ဒီအချက်လေးတွေ ဆင်ခြင်ကြပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/mistakes-that-make-taking-meds/
မျက်နှာကြိုးထိုးတော့မယ်ဆိုရင်
အလှအပဆိုင်ရာဆေးပညာဟာ ဆယ်စုနှစ်အတွင်းမှာ အရှိန်အဟုန်နဲ့ သိသိသာသာကိုပြောင်းလဲတိုးတက်လာတာနဲ့ အမျှ မြန်မာနိုင်ငံမှာလဲ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေ၊ ပြုပြင်မှုတွေ တော်တော်များများလုပ်လာကြပါတယ်။ အဲဒီအထဲမှာမျက်နှာကြိုးထိုးခြင်းFace threading ဆိုတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ပါးရေတွန့်ခြင်း၊ အသားအရေပျော့တွဲခြင်း၊မေးနှစ်ထပ်ဖြစ်ခြင်းစတာတွေကိုချက်ချင်းသိသိသာသာပျောက်ချင်တယ်၊ ဒါပေမယ့် ခွဲစိတ်ရမှာလဲ ကြောက်တယ်ဆိုသူတွေအတွက်ကတော့ မျက်နှာကြိုးထိုးခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။မျက်နှာအသားအရေပြန်လည်နုပျိုတင်းရင်းအောင်နဲ့ တခြားသောကောင်းကျိူးတွေရဖို့အတွက် မျက်နှာမှာ အချိန်အတိုင်းအတာတစ်ခုအထိခံတဲ့ ချုပ်ကြိုးတွေကို အသုံးပြုပြီး သိသာထင်ရှားတဲ့ ရလာဒ်ကောင်းရအောင်လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ခွဲစိတ်ဓားကိုအသုံးပြုပြီး လျော့တွဲနေတဲ့အသားအရေကို ခက်ခက်ခဲခဲပြုပြင်မယ့်အစား အရေပြားရဲ့အစိတ်အပိုင်းတွေကို ချုပ်ကြိုးလေးတွေနဲ့ တွဲသီလိုက်တာဖြစ်ပါတယ်။ဒါဟာ အရေပြားကို မတင်လိုက်သလိုဖြစ်စေပြီး တင်းရင်းသွားစေပါတယ်။ ဒါ့အပြင် ကြိုးထိုးထားတဲ့ နေရာတွေမှာ ကော်လဂျင်ထုတ်လုပ်ဓာတ်ပြုမှုကို အာပေးပါတယ်။ကော်လဂျင်ဟာ အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေတဲ့အပြင် အသားအရေကို ကျန်းမာကြံ့ခိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်ထုတ်လုပ်မှုဟာ လျော့နည်းလာပြီး အသက်ခုနစ်ဆယ်ရောက်တဲ့အခါအရေပြားဟာမူလအထူရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမရှိတော့ဘဲ ပါးလွှာနေတတ်ပါတယ်။မျက်နှာအရေပြားကို ကော်လဂျင်နဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အသားအရေလျော့တွဲမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးကာ ပြန်လည်နုပျိူစေပါတယ်။ မျက်နှာကိုကြိုးထိုးလိုက်တဲ့အခါခန္ဓာကိုယ်ရဲ့စနစ်က ကြိုးထိုးထားတဲ့နေရာမှာအနာကျက်ဖို့အပြင် ထိုးထားတဲ့ကြိုးဟာ ပြင်ပပစ္စည်းဖြစ်တဲ့အတွက် မျက်နှာပြင်ပကိုထုတ်ပစ်နိုင်ဖို့ ကြိုးစားပါတယ်။ အဲလိုကြိုးစားမှုဟာ ခန္ဓာကိုယ်က သဘာဝအလျောက်တုန့်ပြန်မှုဖြစ်ပြီး ကြိုးတွေဟာ သေးလွန်းတဲ့အတွက် သင့်အနေနဲ့ ဒီလိုဖြစ်နေမှန်းသတိထားမိမှာတောင် မဟုတ်ပါဘူး။အဓိကကကတော့ ကြိုးထိုးတာဟာ မေ့ဆေး ပေးစရာမလိုပါဘူး။ လူနာစောင့်လဲမလိုပါဘူး။ ခွဲစိတ်ပြုပြင်မှုမှာဆိုရင် နလန်ထလဲပိုကြာပါတယ်။ အနည်းဆုံး ခွဲစိတ်ပြီးသုံးရက်ခွင့်ယူရတာမို့ အလုပ်လဲပျက်ပါတယ်။ နာကျင်မှုသက်သာစေဖို့အကိုက်အခဲပျောက်ဆေးတွေလဲ ပိုသုံးရတတ်ပါတယ်။ ကြိုးထိုးကုသမှုမှာတော့ ထုံဆေးနဲ့ပဲလုပ်ရတာဖြစ်တဲ့အပြင် နာကျင်မှုကြီးကြီးမားမားမရှိတဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေအများကြီးပေးဖို့မလိုပါဘူး။ကြိုးထိုးပြီးနောက်ရက်မှာပဲ  လုပ်ငန်းခွင်ကို ပြန်ဝင်လို့ရနိုင်တဲ့အတွက် အများကြီးပိုအကျိူးရှိ လွယ်ကူစေပါတယ်။ ပိုသုံးရပါတယ်။ဒါပေမယ့် ကြိုးထိုးခြင်းမှာလဲ ဂရုပြုလိုက်နာစရာတွေရှိပါတယ်။ ကြိုးထိုးပြီးနောက်မှာ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်သပ်ကိုင်တွယ်တာ၊ ဆေးကြောတာကို အနာလုံးလုံးကျက်သည်အထိ မလုပ်ဖို့သတိထားရမှာ ဖြစ်သလိုရေဓာတ်ဖြည့်လိမ်းဆေးတွေ၊ မိတ်ကပ်စတာတွေကို ကြိုးထိုးပြီး အနည်းဆုံးတစ်ပတ်ရှောင်ဖို့တော့လိုပါတယ်။ဒါ့အပြင် ကြိုးထိုးတာဟာ ခွဲစိတ်ပြုပြင်မှုလောက်တော့ အရမ်းကြီးကြာကြာခံမှာမဟုတ်ပါဘူး။ လက်ရာကောင်းရင် တချို့သော မျက်နှာပင့်တင်ခွဲစိတ်ပြုပြင်မှုတွေဟာ ဆယ်စုနှစ်တစ်ခုလောက်တောင် ကြာရှည်အာဏိသင်ခံနိုင်ပေမယ့် ကြိုးထိုးတာကတော့ တစ်နှစ်မှသည် အလွန်ဆုံးသုံးနှစ်အထိပဲ အကျိူးရလဒ်ရှိနိုင်ပါတယ်။Nova ကြိုးနဲ့ Silhouette Instalift ကြိုးရယ်လို့ နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးကို ဥရောပနိုင်ငံတွေက FDA အသိမှတ်ပြုထားပြီး နှစ်မျိုးစလုံးဟာ ကွဲပြားမှုအနည်းငယ်ရှိပေမယ့် အကျိုးရလဒ်ကောင်းတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%99%e1%80%9a/
Delusion အမျိုးအစားများအကြောင်း
Delusionဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီးထင်ယောင်ထင်မှားယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။ Delusion အမျိုးအစားများအကြောင်း လေ့လာလိုက်ရအောင်နော်။Delusional disorder,Schizophrenia(စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊bipolar disorder(စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလို့မခေါ်ပါဘူး။ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ အချက်အလက် ဆီလျော်အောင် အချိန်ပေးပြီး ရှင်းပြ၊ ပြုပြင်ပေးတာတောင် မပြောင်းလဲဘဲ ဆက်ပြီး တည်ရှိနေမယ်ဆိုရင်တော့ အဲဒီလို အခြေအနေမျိုးကို delusion လို့ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အတွေ့ရများတဲ့ delusionအမျိုးအစားလေးတွေအကြောင်းကို အနည်းငယ် မျှဝေပေးသွားမှာပါ။Delusion အမျိုးအစားများအကြောင်း ကတော့။ဒီdelusion အမျိုးအစားကတော့ သူ့ကို တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခု က လိုက်ပြီးခြိမ်းခြောက်နှောင့်ယှက်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာမျိုးပါ။ဒီလိုdelusion ပုံစံမျိုးကတော့ depression လို့ခေါ်တဲ့ စိတ်ကျဝေဒနာ ဖြစ်နေတဲ့ သူတွေမှာ အဖြစ်များပါတယ်။ ဒီလက္ခဏာ ခံစားနေရတဲ့သူဟာ သူ့ကိုယ်သူ အရမ်းဆိုးရွားတဲ့ ပြစ်မှုတစ်ခုခုလုပ်ထားတယ်၊ သူကအပြစ်ရှိတယ်၊ ပြစ်ဒဏ်ခံယူထိုက်တယ် စသည်ဖြင့် မိမိကိုယ်ကို အမြဲ အပြစ်ရှိတယ်ဆိုပြီး ထင်နေတာမျိုးပါ။ သူ့ကို အပြစ်မရှိကြောင်း ချက်ကျလက်ကျ ရှင်းပြမယ်ဆိုရင်လည်း သူ့ယုံကြည်ချက်က မပျောက်သွားနိုင်ပါဘူး။ဒီdelusion ကတော့ သူ့မှာ ဘယ်လောက် ချမ်းသာသာ၊ ပိုက်ဆံတွေရှိရှိ ဆင်းရဲနေတယ်၊ မွဲနေတယ်၊ ငါဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးလူသားတစ်ယောက်ပဲ ဆိုပြီး ထင်နေတာမျိုးပါ။ သူပိုင်ဆိုင်တဲ့ အချက်အလက်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြပြီး ရှင်းပြလည်း သူဆင်းရဲတယ်လို့ပဲ ယုံကြည်နေတဲ့ ပုံစံမျိုးပါ။Delusion of Grandeur ကတော့ ကိုယ့်ကိုကိုယ် အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့သူလို့အထင်မှားနေတာမျိုးဖြစ်ပါတယ်။ သူဟာ ကမ္ဘာစစ်ကြီးကို တောင် ပြီးဆုံးအောင် စွမ်းဆောင်နိုင်တယ်၊ super power ရှိတယ်၊ စသည်ဖြင့် အရမ်းကို ကြီးမြတ်တဲ့သူအဖြစ် ကိုယ့်ကိုကိုယ်မြင်နေတာ ဖြစ်ပါတယ်။ကိုယ့်ဆီမှာ သေနိုင်လောက်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတယ်ဆိုပြီး ယုံကြည်နေတာမျိုးကိုတော့ Hypochondriacal delusionလို့ခေါ်ပါတယ်။ ဆရာဝန်ကိုယ်တိုင် အထောက်အထားပြပြီး ရှင်းပြလည်း သူ့ယုံကြည်မှုက မပျက်သွားနိုင်ပါဘူး။Jealousy ဆိုတဲ့အတိုင်းမနာလို ဝန်တိုတဲ့ သဘောဖြစ်ပြီး ကိုယ့်ရဲ့ ယောကျ်ား(သို့) မိန်းမ(သို့) ချစ်သူရည်းစားက ကိုယ့်အပေါ် သစ္စာမရှိဘူး၊ ဖောက်ပြန်နေတယ်လို့ တစ်သတ်မှတ်တည်း ယုံကြည်နေတာမျိုးပါ။ဒီလို delusionပုံစံမျိုးက schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာ အထက်ဂိုဏ်းကနေ စေခိုင်းတာ၊ တစ်စုံတစ်ယောက်က သူ့ကို ကြိုးကိုင်စေခိုင်းနေတာ လို့ ထင်ယောင်ထင်မှား ယုံကြည်နေတဲ့ အမျိုးအစားဖြစ်ပါတယ်။ဒါကတော့ ကိုယ့်ကိုကိုယ်သေသွားပြီ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း မရှိတော့ဘဲ အရာအားလုံး ရပ်တန့်သွားပြီလို့ ထင်နေတာမျိုးပါ။Mixed ကတော့ တစ်ခုတည်းကို မှားယွင်း ယုံကြည်နေတာမျိုး မဟုတ်ဘဲ ဖော်ပြပါ delusion အမျိုးအစားတွေ ရောပြီးဖြစ်နေတဲ့ အရော အမျိုးအစားဖြစ်ပါတယ်။ဒီလို delusionလက္ခဏာကို ခံစားနေရတဲ့သူတွေဟာ အဲဒီ ယုံကြည်နေတဲ့ အချက်ကလွဲရင် အခြားနေရာတွေမှာ လူကောင်းပကတိအနေနဲ့လည်း ရှိနေနိုင်ပါတယ်။စိတ်ဝေဒနာနဲ့ ရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ အခြားရောဂါ လက္ခဏာတွေနဲ့ တွဲပြီးရှိနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဝေဒနာရှိတဲ့ သူတွေဟာ ကုသမှုခံယူမယ်ဆို လူကောင်းပြန်ဖြစ်နိုင်ပြီး ကုသမှုမခံယူဘဲ ပေါ့ဆနေမယ်ဆိုရင် အသက်အန္တရာယ်ထိဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် delusionဖြစ်နေတဲ့ သူတစ်ယောက်ကတော့ သူ့ယုံကြည်ချက်တွေက မှားတယ်၊ ပြသနာရှိတယ်လို့လည်း မထင်တာကြောင့် ဆေးကုသဖို့ ခံယူဖို့စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို အဖြစ်များတဲ့ delusionအမျိုးအစားတွေကို သိထားပြီး တစ်စုံတစ်ယောက်မှာ တွေ့ရတဲ့အခါ အမြန်ဆုံး စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ကူညီဆောင်ရွက်ပေးကြပါစို့နော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/types-of-delusion/
အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
အောက်တိုဘာလက နှစ်တစ်နှစ်တာရဲ့ ၁၀ လမြောက် လပါ။ နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခါနီး အချိန်ဆိုလည်း မမှားပါဘူး။ဆောင်းဦးကာလဖြစ်ပြီး ပတ်ဝန်းကျင်မှာ စိမ်းစိုသာယာလှပမှုတွေနဲ့လည်း ပြည့်စုံနေတဲ့ အချိန်ကာလပေါ့။ ဒီလိုမျိုး သာယာလှပမှုတွေကို ယူဆောင်လာတဲ့ အောက်တိုဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ အောက်တိုဘာလမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကတော့တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးကြပြီး အေးအေးဆေးဆေး နေရတာကို နှစ်သက်ကြပါတယ်။ အော်ဟစ်ဆူပူ သောင်းကျန်းတာမျိုးလည်း မလုပ်တတ်ကြသလို ခက်ခဲတဲ့ အချိန်တွေမှာတောင် ​ဒေါသတကြီး တုံ့ပြန်တာမျိုး မရှိကြပါဘူး။ သူတို့လေးတွေက အေးဆေးတည်ငြိမ်စွာ နေတတ်ကြပေမယ့် အချောင်ခိုတတ်ကြသူလေးတွေတော့ မဟုတ်ကြပါဘူး။စိတ်အေးချမ်းမှုကို နှစ်သက်ကြရုံသက်သက်ပါ။အောက်တိုဘာလမှာ မွေးဖွားတဲ့ ကလေးလေးတွေက ရိုမန်တစ်ဆန်ကြပြီး နှစ်လိုဖွယ် ကောင်းကြသူလေးတွေပါ။ သူတို့လေးတွေက အမျိုးသားဖြစ်ဖြစ် အမျိုးသမီး ဖြစ်ဖြစ် အတွင်းစိတ်ထဲက သူတို့ရဲ့ဘဝလက်တွဲဖော်ကို နှစ်နှစ်ကာကာ ချစ်တတ်ကြသလို အမြဲပျော်ရွှင်ပြီး သက်သောင့်သက်သာဖြစ်စေချင်တဲ့ ဆန္ဒက အခြားလဖွားတွေထက် ပိုပါတယ်။ သူတို့က ရိုမန်တစ်ဆန်သလို ချစ်လည်းချစ်တတ်ကြပါတယ်။သူတို့လေးတွေက ရဲရင့်ကြသလို အလုပ်လည်း ကြိုးစားကြပါတယ်။ အောင်မြင်မှုပန်းတိုင်တွေကိုအာရုံစူးစိုက်လုပ်ဆောင်တတ်ကြပြီး ဘယ်လောက်ပဲ ခက်ခဲပါစေ။ အောင်မြင်အောင် လုပ်ဆောင်တတ်ကြသူလေးတွေပါ။ သူတို့ကပြဿနာ ဖြေရှင်းနိုင်စွမ်း ကောင်းကြသလို ဒီအရည်အသွေးကပဲ သူတို့ကို အောင်မြင်စေဖို့ တွန်းပို့ပေးနေတဲ့ အင်အားတစ်ခုပါ။ သူတို့က အစွမ်းကုန် အားထုတ်ရင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းတတ်ကြတာလည်း အောက်တိုဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေပါတဲ့။ရင့်ကျက်လာသူတိုင်းက ဆိုးရွားတဲ့ အခြေအနေကိုတောင်အကောင်းမြင်စိတ်နဲ့ပဲ ကြည့်တတ်ကြပါတယ်။ အောက်တိုဘာလဖွား ဘေဘီလေးတွေရဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတစ်ခုကတော့ အရာရာတိုင်းကို စိုးရိမ်မှု ကင်းစွာနဲ့ အကောင်းမြင်စိတ် ရှေ့ထားလို့ ထက်ထက်မြက်မြက် ဖြေရှင်းနိုင်တာပါပဲ။ အရှုံးနဲ့ ရင်ဆိုင်နေရရင်တောင် အောင်မြင်နိုင်ခြေ ရှိပါသေးတယ်လို့ အကောင်းမြင်စိတ်နဲ့ အဆိုးဆုံး အခြေအနေတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ကြတာလည်း စက်တင်ဘာလဖွား ဘေဘီလေးတွေပါနော်။လူတော်တော်များများ ကျူးလွန်တတ်တဲ့ အမှားတွေက အရာရာကိုစိုးရိမ်မှုကြီးပြီး စိတ်ဖိစီးစွာနဲ့ အရေးကြီးတဲ့ အခြေအနေတွေကို ခြေမကိုင်မိ လက်မကိုင်မိ အနေအထားတွေနဲ့ ကုန်ဆုံးစေတာပါ။ ဒါပေမယ့် အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အချိန်တိုင်းလိုလိုမှာ သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို အေးဆေးတည်ငြိမ်စွာနဲ့ အကောင်းဆုံး ကျော်ဖြတ်ရင်း အချိန်ကာလတိုင်းကို ကောင်းမွန်တဲ့ အခြေအနေတွေအဖြစ် ဖန်တီးနိုင်ကြသူလေးတွေပါ။သူတို့လေးတွေရဲ့ တွေးတောပုံက အခြားသူတွေနဲ့ မတူကွဲပြားပါတယ်။တီထွင်ဖန်တီးနိုင်စွမ်း ကောင်းကြသလို အခြားသူတွေရဲ့ တွေးတောပုံနဲ့ မတူညီတဲ့ နည်းလမ်းတွေနဲ့ တွေးတော တတ်ကြပါတယ်။ အနုပညာဉာဏ် ကောင်းကြသလို ဒီဇိုင်းဆွဲတဲ့ အလုပ်နဲ့လည်း သင့်တော်ကြပါတယ်။စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ခုကတော့ နွေးထွေးကြင်နာတတ်ကြတာပါ။ သူတို့လေးတွေက အခြားသူတွေကို နာကျင်စေလိုရင်း မရှိကြသလို လူတိုင်းကိုနွေးထွေးကြင်နာစွာ ဆက်ဆံတတ်ကြသူလေးတွေပါ။အောက်တိုဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-october-born-babies/
H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ )
H7N9 တုပ်ကွေးရောဂါသည် တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပုံမှန်အားဖြင့် လူများတွင် ထိုဗိုင်းရပ်စ်ကို မတွေ့ရဘဲ ဌက်များတွင်တွေ့ရပါသည်။H7N9 တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်မျိုးကွဲများစွာရှိသည့်အနက် တရုတ်ပြည်တွင် ဖြစ်သွားခဲ့သော H7N9 တုပ်ကွေးရောဂါသည် အသွင်မတူညီသော ဗိုင်းရပ်စ်မျိုးကွဲ အသစ်တခုကြောင့် လူနှင့် ဌက်များအားကူးစက်ခြင်းဖြစ်ကြောင်းတွေ့ရသည်။H7N9 တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင် ပြီး အသက် ၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါသည်။သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ရောဂါကူးစက်ခံရပြီး ၂ရက်မှ ၈ ရက်အတွင် ရောဂါလက္ခဏာများစတင်နိုင်ပါသည်။ ယင်းတို့သည် ဖြစ်နေကျ ရာသီတုပ်ကွေးလက္ခဏာများနှင့်တူပြီး။အချို့သူများသည် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုဖြစ်နိုင်ပြီး မျက်လုံးတွင်ပိုးဝင်ခြင်းကြောင့် အနုစားအဆင့် မျက်ကြည်လွှာရောင်ခြင်း H7N9 တုပ်ကွေးရောဂါ ကို သိနိုင်သော တိကျသည့် တခုတည်းသော လက္ခဏာဖြစ်ပါသည်။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ထိုရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို တရုတ်ပြည်ရှိ ဌက်မွေးမြူရေးခြံများတွင်စတင်တွေ့ရှိရပြီး ပတ်ဝန်းကျင်တခုတည်းရှိ လူများကို ကူးစက်သည်ဟုယုံကြည်ကြသည်။ရရှိထားသော အထောက်အထားများအရ ရောဂါပိုးကူးစက်ခံထားရသော ဌက်များနှင့် ယင်းတို့နေထိုင်သောပတ်ဝန်းကျင်မှ တဆင့် လူတို့နှင့် ထိတွေ့မိခြင်းကြောင့် လူများတွင် H7N9 တုပ်ကွေးရောဂါဖြစ်သည်ဟု ယူဆကြပါသည်။H7N9 တုပ်ကွေးရောဂါသည် ရောဂါဖြစ်နေသော ဌက်များနှင့် ထိတွေ့ခြင်း၊ ထိုဌက်များ၏ အမွေးအတောင်၊ တံတွေး နှင့် မစင်တို့နှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်နိုင်ချေအများဆုံးဖြစ်သည်။H7N9 တုပ်ကွေးရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ကူးစက်နိုင်ချေ နည်းပါးသည်။ ထို့ကြောင့်ရောဂါဖြစ်နေသော ဌက်များသည် အဓိကအန ္တရာယ်ရှိသော သားကောင်များဖြစ်ပါသည်။လူအချင်းချင်းတွင် ကူးစက်မှုပုံစံသည် ဆန်းကြယ်ပါသည်။ H7N9 ရောဂါပိုးနှင့် ထိတွေ့သူများအနက် ပျမ်းမျှအားဖြင့် အသက် ၆၅ နှစ်ကျော်သူများသာ ကူးစက်ခံရလေ့ရှိပါသည်။မကြာသေးမီက လေ့လာမှုများအရ အမျိုးသမီး များသည် H7N9 တုပ်ကွေးရောဂါ ကူးစက်ခံနိုင်ရချေနှင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်နိုင်ချေပိုများကြောင်း ယူဆရသော်လည်း သေချာသော တွေ့ရှိချက်တခု မဟုတ်သေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် H7N9 တုပ်ကွေးရောဂါဖြစ်နေပြီဟု သံသယရှိပါကပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။ ပုံမှန်အားဖြင့် နေမကောင်းဖြစ်နေသူ၏အသက်ရှုလမ်းကြောင်း တလျှောက်(နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့)မှ အရည်နမူနာများကို စစ်ဆေးခြင်း၊ သွေးထဲတွင် ဗိုင်းရပ်စ်ပိုးများကို စစ်ခြင်းတို့ကို လုပ်ဆောင်ကြပါသည်။တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ကို သေစေသော ပိုးသတ်ဆေးများစွာရှိသော်လည်း ယခုအခါဆေးယဉ်ပါးမှုပြသနာများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ ထိုပိုးသတ်ဆေးများမှာ။ထိုဆေးများကို ရောဂါလက္ခဏာများကို ခံစားရပြီး ၂ရက်အတွင်းသောက်ရမည်ဖြစ်သည်။ သို့သော် အချို့သော ဌက်တုပ်ကွေးအမျိုးအစားများသည် Oseltamivir ပိုးသတ်ဆေးများနှင့် ယဉ်ပါးစပြုနေပြီ ဖြစ်သည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်H7N9တုပ်ကွေးရောဂြါဖစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/h7n9-flu-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%81%e1%80%ba%e1%80%b9%e1%80%86%e1%80%b2%e1%80%9c%e1%80%b9%e1%80%97%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%94%e1%80%b9%e1%80%94%e1%80%ad%e1%80%af/
ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ
ထိခိုက်ဒဏ်ရာမရဘူးသူရယ်လို့ မရှိလောက်ပါဘူး။ ထိခိုက်ဒဏ်ရာရရင် ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း တော်တော်များများက သိသင့်သလောက် သိပြီးသားဖြစ်မှာပါ။ ထိခိုက်ဒဏ်ရာရရင် ကိုယ်လုပ်နေကျလုပ်ရပ်တွေက မှန်ကန်ရဲ့လားဆိုတာနဲ့ ဒဏ်ရာထိန်းသိမ်းနည်းကို ဘယ်လောက်ထိသိထားလဲဆိုတာကို နည်းနည်းလောက်စစ်ဆေးကြည့်ရအောင်လား။(၁) ထိခိုက်ဒဏ်ရာရရင် အရင်ဆုံးလုပ်သင့်တာက။(က) ဒဏ်ရာကို အရင်ဆုံး ဆေးကြောမယ်။(ခ) ဒဏ်ရာကို ကိုင်မယ့်လက်ကိုဆေးကြောမယ်။(ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်။အဖြေ – (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်။ အနာတရဖြစ်အောင်ထိခိုက်မိတဲ့ အရာက ညစ်ပေနေသလားဆိုတာကို အရင်ဆုံးစစ်ဆေးရပါမယ်။(၂) အနာတိုင်းကို အရက်ပြန်နဲ့ဆေးဖို့လိုတယ်။မှန်/ မှား။အဖြေ – မှားပါတယ်။ အနာတိုင်းကို အရက်ပြန်နဲ့ ဆေးကြောဖို့မလိုပါဘူး။ တစ်ရှုးတွေထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အနာကိုရေသန့်သန့်လေးသုံးပြီးသေချာဆေးကြောပေးရင်ရပါတယ်။(၃) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို မသန့်စင်ခင် သွေးတိတ်အောင်အရင်လုပ်သင့်ပါတယ်။မှန်/ မှား။အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခါ အနာကိုအဝတ်စသန့်သန့်လေးနဲ့ခပ်ဖွဖွလေး ဖိထားပြီး သွေးတိတ်အောင်အရင်လုပ်ရပါမယ်။(၄) အနာကိုဆေးကြောတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး။(က) အနာတစ်ဝိုက်ကိုပဲဆေးကြောသင့်တယ်။(ခ) အနာမျက်နှာပြင်ပေါ်ကိုပါဆေးကြောသင့်တယ်။(ဂ) အနာ တစ်ဝိုက်ကိုရော အနာမျက်နှာပြင်ကိုပါဆေးကြောပေးသင့်ပါတယ်။အဖြေ – (က) အနာတစ်ဝိုက်ကိုပဲ ဆေးကြောပေးရပါမယ်။ အနာပေါ်ကိုဆေးတဲ့အခါ အရေပြားကျိန်းစပ်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။(၅) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာထဲမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊အညစ်အကြေးတွေရှိနေရင် ဖယ်ရှားရပါမယ်။မှန်/ မှား။အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒဏ်ရာထဲမှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေရှိနေရင် ဇာဂနာလေးကို အရက်ပြန်စွတ်ပြီး တစ်ခုချင်းဖယ်ပေးရပါမယ်။ မလိုလားအပ်ဘဲ ပိုးဝင်တာမျိုးမဖြစ်စေဖို့ပါ။(၆) အသေးစားထိခိုက်ဒဏ်ရာတွေကနေလည်း ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။မှန်/ မှား။အဖြေ – မှန်ပါတယ်။ အသေးစားဒဏ်ရာလေးတွေဆိုပေမယ့်လည်း သေချာဂရုမစိုက်ရင် ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။(၇) ကုတ်ခြစ် ဒဏ်ရာတွေကို hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးလုပ်ရင် အနာကျက်နှေးစေတယ်။မှန်/ မှား။အဖြေ – မှန်ပါတယ်။ ကုတ်ခြစ်မိတဲ့ဒဏ်ရာတွေကို ရေစိုဝတ်သန့်သန့်လေးနဲ့ သုတ်ပေးရင်ကိုလုံလောက်ပါပြီ။ hydrogen peroxide၊ အိုင်အိုဒင်း တို့နဲ့ဆေးကြောပေးစရာမလိုပါဘူး။ အနာကျက်နှေးစေနိုင်သလို အရေပြားတစ်ရှုးတွေထိခိုက်စေနိုင်တာကြောင့်ပါ။(၈) အနာဖြစ်တဲ့အခါ ပလာစတာကပ်ပေးရမယ်ဆိုတာကိုတော့ လူတိုင်းသိမှာပါ။ ဒါပေမယ့် ပလာစတာကို ဘယ်လိုလဲလှယ်ပေးရမလဲ။(က) နေ့တိုင်းလဲလှယ်ပေးရမယ်။(ခ) နှစ်ရက် တစ်ကြိမ်လဲလှယ်ပေးရမယ်။(ဂ) တစ်ပတ်တစ်ကြိမ်လဲလှယ်ပေးရပါမယ်။အဖြေ – (က) နေ့တိုင်းလဲလှယ်ပေးရမယ်။ ပလာစတာက ညစ်ပေနေခဲ့ရင်ဖြစ်ဖြစ်၊ ရေစိုသွားရင်ပဲဖြစ်ဖြစ် ချက်ချင်းလဲလှယ်ပေးရပါမယ်။(၉) အနာကို နေ့စဉ်စစ်ဆေးဖို့လိုတယ်။မှန်/မှား။အဖြေ – မှန်ပါတယ်။ အနာကိုနေ့စဉ်ကြည့်ရှု့စစ်ဆေးပေးပြီး ပုံမှန်ဆေးထည့်ပေးဖို့လိုပါတယ်။(၁၀) ဒဏ်ရာအရမ်းနက်ရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါတယ်။မှန်/မှား။အဖြေ – မှန်ပါတယ်။ ဒဏ်ရာကအရမ်းနက်တဲ့အခါမျိုး၊ ညစ်ပေတဲ့အရာတွေနဲ့ ထိမိတဲ့အခါမျိုးမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%98%e1%80%9a%e1%80%b9/
ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ
ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ကြက်စွပ်ပြုတ်က ကျန်းမာရေးကောင်းကျိုးအနေနဲ့။၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက်အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ အဆိပ်အတောက်တွေဟာ အူလမ်းကြောင်းမှာ လာစုမိနေပြီး အချိန်ကြာလာတဲ့အခါ ဒဏ်ဖြစ်စေပါတယ်။ ကြက်စွပ်ပြုတ်ဟာအူလမ်းကြောင်းကို သန့်စင်ပေးပြီး ကျန်းမာစေတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြားပါဝင်တယ်။၂။ အရိုးအဆစ်နာကျင်တာကို သက်သာစေတယ်။ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ glycosaminoglycans လို့ ခေါ်တဲ့ (ဂလူကိုစမင်းလို့ လူသိများတဲ့) ဓာတ်ပေါင်း တစ်မျိုးဟာအရိုးအဆစ်တွေ နာကျင်ပြီး ရောင်ရမ်းတာကို သက်သာစေပြီး ပြုပြင်ပေးနိုင်တယ်။ကော်လဂျင်ဓာတ်တွေ ထုတ်လွှတ်တဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်။ ဒါကြောင့် အသက်အရွယ်မရွေး အရိုးအဆစ်ကျန်းမာရေးအတွက် ကြက်စွပ်ပြုတ်ဟာ ဆေးစာ တစ်လက်ပါပဲ။၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ အာဟာရဓာတ်ပေါင်းအများစုဟာကိုယ်ခံအားစနစ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခန္ဓာထဲ ရောဂါတွေ အလွယ်တကူ မဝင်လာနိုင်အောင် တားဆီးပေးနိုင်တယ်။ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ အထောက်အကူပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။၄။ အရေပြားကို ကျန်းမာစေတယ်။ကြက်စွပ်ပြုတ်ဟာ အရေပြား၊ ဆံသား၊ ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓာတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။ အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဆိုတာ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ ခံစစ်အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေပြားက စိုစိုပြေပြေနဲ့ ကျန်းမာနေမှ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ မဝင်အောင် ကူညီပေးနိုင်မှာပါ။၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။ကြက်စွပ်ပြုတ်မှာ ကိုယ်ခန္ဓာကြီးထွားစေဖို့အသားဓာတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေက လေထုထဲမှာ အမြဲတမ်းရှိနေပါတယ်။ မိုးတွင်းတို့၊ ဆောင်းတွင်းတို့ဆို ပိုပြီး ဖျားနာလွယ်ပါတယ်။ ခန္ဓာကိုယ်ထဲကို တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ မဝင်အောင် ကိုယ်ခံအားမြှင့်တဲ့အနေနဲ့ သောက်ဖို့ လိုသလို မတော်တဆဖျားနာခဲ့ရင်လည်း မြန်မြန်နာလန်ထလာစေဖို့ သောက်ပေးလို့ ရပါတယ်။ကြက်စွပ်ပြုတ်သောက်တဲ့အခါ အရည်ချည်းပဲ မသောက်ရပါဘူး။  အဖတ်ပါ စားပေးသင့်ပါတယ်။ အိမ်မှာပြုတ်တဲ့ စွပ်ပြုတ်ရည်တွေထဲမှာ ကြက်သားက အာဟာရဓာတ်တွေ နည်းနည်းပါပြီး ကျန်တာက အရသာအတွက် ထည့်ထားတဲ့ ဆားကရတဲ့ ဆိုဒီယမ်လောက်သာ ပါပါတယ်။ ဒါကြောင့် အာဟာရပိုပြီး ပြည့်ဝစေဖို့ဆိုရင်  ပြုတ်ထားတဲ့ ကြက်သားပါ စားပေးရပါမယ်။ ဒါမှ အပေါ်မှာ ပြောထားတဲ့ အကျိုးကျေးဇူးတွေ ရမှာ ဖြစ်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/chicken-soup-and-rainy-season/
ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား
ဗီတာမင် B12ဟာ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး လူအများစုဟာအစားအစာများကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ သင့်ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးပါပေမယ့် များပြားသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်ပြီးအူလမ်းကြောင်းတလျှောက်ကနေ စုပ်ယူနိုင်ပါတယ်။ စုပ်ယူပြီးချိန်မှာ ဒီအန်အေနဲ့ သွေးနီဥဆဲလ်တွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ အသုံးမပြုတော့တဲ့ ဗီတာမင် B12 ကို အသည်းထဲမှာ သိုလှောင်ထားပါတယ်။အစားအစာအနေနဲ့၊ သောက်ဆေးအနေနဲ့ ရရှိတဲ့ ဗီတာမင် B12 ဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းအတွက် ကုသတဲ့ ထိုးဆေးတွေကတော့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။– ဝမ်းပျက်ခြင်း။–ယားယံခြင်း။– အရေပြားပေါ်အကွက်ထခြင်း။–ခေါင်းကိုက်ခြင်း။– မူးဝေခြင်း။– ပျို့တက်ခြင်း။– အန်ခြင်း။– အဆုတ်အတွင်း အရည်စုခြင်း။–သွေးပြန်ကြောများတွင် သွေးခဲပိတ်ဆို့ခြင်း။– ရောင်ရမ်းခြင်း စတာတွေဖြစ်ပါတယ်။ဗီတာမင် B12 ဟာ ရှားပါးပေမယ့် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ၎င်းတို့ကတော့ မျက်နှာအမ်းခြင်း၊ လျှာနှင့်လည်ချောင်း ရောင်ရမ်းခြင်း၊ အစာမျိုချရန် အသက်ရှူရန်ခက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေ ကြုံတွေ့ရရင် အရေးပေါ် ဆေးဝါးကုသဖို့ လိုအပ်ပါတယ်။ဆေးဝါးတချို့ဟာ ဗီတာမင် B12 စုပ်ယူခြင်းကို လျော့ကျစေခြင်း၊ သွေးရည်ကြည်ထဲမှာပါဝင်တဲ့ ဗီတာမင် B12 ကို ကျဆင်းစေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အောက်ပါဆေးဝါးတွေ သုံးစွဲနေချိန်မှာတော့ ဗီတာမင် B12 အားဆေး သောက်သုံးသင့်ပါတယ်။• colchicine။• metformin ဆီးချိုကျဆေး။• proton pump inhibitor အစာအိမ်ဆေးများ။•ဗီတာမင် C။• chloramphenicol။• H2 blocker အစာအိမ်ဆေးများ။• aminosalicylic acid။ဗီတာမင် B12 သုံးစွဲရင်းဘေးထွက်ဆိုးကျိုးတစ်မျိုးမျိုး ကြုံတွေ့ရတာမျိုးရှိရင် သုံးစွဲမှုကို ချက်ချင်းရပ်ရပါမယ်။ အခြေအနေပိုဆိုးလာခဲ့ရင် ဆေးဝါးကုသမှု ချက်ချင်းခံယူရပါမယ်။ သင့်အနေနဲ့ အစားအစာတွေကနေ ဗီတာမင် B!2 ကို လုံလောက်စွာ မရဘူးလို့ထင်ရင် ဘယ်လောက်ပမာဏ သုံးစွဲသင့်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။လူတဦးချင်းစီအလိုက် ဗီတာမင် B12 သုံးစွဲသင့်တဲ့ နှုန်းထားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– အသက် ၁၄ နှစ်နှင့်အထက်။ တစ်နေ့လျှင် ၂.၄ မိုက်ခရိုဂရမ်။–ကိုယ်ဝန်ဆောင်အမျိုးသမီးများ တစ်နေ့လျှင် ၂.၆ မိုက်ခရိုဂရမ်။– မိခင်နို့တိုက်နေသော အမျိုးသမီးများ တစ်နေ့လျှင် ၂.၈ မိုက်ခရိုဂရမ် စသဖြင့် ဖြစ်ပါတယ်။ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကတော့ ဥအမျိုးမျိုး၊ ဒိန်ခဲ၊ အသား ငါး၊ အခွံမာရေသတ္တဝါများ၊ အသည်း၊ ကျောက်ကပ် ကလီစာများ စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-b12-side-effects/
မျက်နှာကို filler ထိုးတယ်ဆိုတာ
ခုနောက်ပိုင်းဆယ်စုနှစ်အတွင်းမှာအလှအပပိုင်းဆိုင်ရာ ဆေးပညာက အများကြီးတိုးတက်လာတဲ့အလျောက် လူတွေဟာ သဘာဝမျက်နှာထက် မိမိမျက်နှာကို အလှအပပြုပြင်ရတာကို အများကြီးပိုစိတ်ဝင်စားလာကြပါတယ်။ အလှအပပြုပြင်ခွဲစိတ်ပေးတဲ့ ဆေးရုံဆေးခန်းတွေလဲ မြန်မာနိုင်ငံမှာလည်း အများကြီးပေါ်ထွက်လာပါတယ်။ အဲဒီလိုအလှအပပိုင်းဆိုင်ရာ ပြုပြင်မှုတွေထဲကfiller ထိုးတယ်ဆိုတာလဲ အင်မတန်နာမည်ကြီးတဲ့ ပြုပြင်မှုတစ်ခုပါ။ အရေးကြောင်းတွေ၊ အသားအရေ၊ ပါးရေတွန့်တာတွေ၊ မျက်နှာမညီညာတာတွေအပြင် တခြားသောအသက်အရွယ်အရဖြစ်တဲ့လက္ခဏာတွေကိုပြုပြင်ဖို့ filler ကိုအဓိကသုံးကြတာပါ။ ဒီတစ်ခေါက်တော့ မျက်နှာကို filler ထိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။မျက်နှာကို filler ထိုးတယ်ဆိုတာ ကို မလေ့လာခင် filler အကြောင်း အရင် ပြောပြပေးပါမယ်။Filler ဆိုတာ ဟိုက်ရာလူရောနစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ အဓိကလုပ်ထားတဲ့ ဂျယ်လ်တစ်မျိုးဖြစ်ပြီး အရေးအကြောင်းတွေ အချိုင့်တွေနေရာမှာ ဖြည့်ပေးပါတယ်။ မျက်နှာရဲ့နေရာအမျိုးမျိုးမှာ filler ကိုသုံးနိုင်ပြီးနှုတ်ခမ်းထဲကိုလဲ တိုက်ရိုက်ထိုးပြီး နှုတ်ခမ်းပုံစံပြောင်းလို့ရပါတယ်။အခြေခံအားဖြင့် filler တွေဟာ မျက်နှာမှာရှိတဲ့ ဆုံးရှုံးသွားတဲ့ တစ်ရှူးနေရာကိုပြန်လည်ဖြည့်တင်းပေးပြီး အရေးအကြောင်းတွေ၊ လျော့ရဲမှုတွေကို သက်သာစေတာပါ။အသက်ကြီးလာတာနဲ့အမျှငယ်ရွယ်နုပျိူစေတဲ့ ဓာတ်တွေဖြစ်တဲ့ ကော်လဂျင်နဲ့ အလစတင်ဓာတ်တွေ လျော့နည်းလာပါတယ်။ ယေဘုယျအားဖြင့် အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်လောက်ကစပြီး ကော်လဂျင်တွေစ ဆုံးရှုံးတတ်ပါတယ်။ တစ်နှစ်ကိုနှစ်ရာခိုင်နှုန်းလောက် ဆုံးရှုံးလေ့ရှိပြီး သုံးဆယ်မတိုင်မီမှာ ထုတ်လုပ်မှုလုံးဝရပ်သွားတတ်ကြပါတယ်။ဒါက သင့်ခန္ဒ္ဓာကိုယ်ဟာ filler ကို ဘယ်လိုဓာတ်ပြုသလဲဆိုတာရယ်၊ သုံးတဲ့ ပါဝင်ပစ္စည်း hyaluronic acid အမျိုးအစားပေါ်ရယ်မူတည်ပါတယ်။ကိုယ့် မျက်နှာကို filler ထိုးတော့မယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လို ဘေးထွက်ဆိုးကျိူးတွေသက်ရောက်နိုင်သလဲဆိုတာ ကြိုတင်သိထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ်က လက်ခံနိုင်သလား လက်မခံနိုင်ဘူးလားဆိုတာ ကြိုသိနိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာပါ။ယာယီကြုံရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဟာ filler ထိုးသူတိုင်းကြုံရလေ့ရှိတာမျိုးဖြစ်ပြီး ထိုးတဲ့နေရာမှာ ရောင်ရမ်းတာ၊ နီတာ၊ ဖောင်းတာ၊ ထိလိုက်ရင်နာတာတို့ဖြစ်နိုင်ပါတယ်။ ဒီလိုမသက်မသာနည်းနည်းဖြစ်ရတာ သဘာဝပဲဖြစ်ပြီး အများကြီးစိတ်ပူဖို့မလိုအပ်ပါဘူး။ ထိုးပြီးပြီးချင်းမှာစဖြစ်တတ်ပီး ရက်အနည်းငယ်အတွင်းမှာပျောက်သွားတတ်ပါတယ်။မျက်နှာကိုအပ်နဲ့ထိုးတာဖြစ်တဲ့အတွက် ထိုးနေစဉ်အချိန်မှာတော့နည်းနည်းလေး နာကျင်တာရှိနိုင်ပါတယ်။ ဒါပေမယ့် မထိုးခင်မှာ ထုံဆေးလိမ်းပေးထားပြီး နာကျင်မှုကို အများကြီးသက်သာအောင် လုပ်ပေးလို့ရပါတယ်။ ထိုးပြီးတဲ့နောက်မှာလည်း နာကျင်မှုသက်သာအောင် တချို့ filler တွေမှာ နဂိုကတည်းကထုံဆေးနဲ့ရော ထားတာမျိူးလည်းရှိတတ်ပါတယ်။Filler အတော်များများမှာ အဓိကပါဝင်ပစ္စည်းကတော့ hyaluronic acid ဖြစ်ပြီး သဘာဝအလျောက်ဆိုရင် မျက်လုံး၊ အရေပြားနဲ့ အဆစ်တွေမှာတွေ့ရပြီး မျက်နှာရဲ့ ပုံပန်းကိုပေါ်စေတဲ့အပြင်ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။ နောက်လူသိများတဲ့ filler အမျိုးအစားတစ်ခုကတော့ PCI or Ellanse ပါပဲ။ PCI ကိုမျက်နှာမှာထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီးကော်လဂျင်ထွက်လာတဲ့အခါမှာလဲ တာရှည်ခံစေပါတယ်။ရာနှုန်းပြည့်ကွာပါတယ်။ ဘိုတောက်စ်ဆိုတာအရေးအကြောင်းဖြစ်စေတဲ့ ကြွက်သားသေးသေးလေးတွေရဲ့လှုပ်ရှားမှုကို မလုပ်နိုင်အောင်ဟန့်တားလိုက်တာ ဖြစ်ပြီး filler ကတော့ အရေးအကြောင်းတွေရဲ့အောက်က အရေပြားကို ပြန်လည်နုပျိူအောင်လုပ်ပေးတာဖြစ်ပါတယ်။ထိုးမယ့်ပစ္စည်းအမျိူးအစား၊ ဘယ်လလောက်ပမာဏထိုးမှာလဲ၊ ဘယ်သူ့ဆီမှာထိုးမှာလဲ ဆိုတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ်ကအမျိုးမျိုးကွာခြားကြပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/face-filler/
မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား
ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင်အအေးမိဖျားနာဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ အကျိုးသက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့အအေးမိဖျားနာဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။အလွန်အမင်း မောပန်းနေတဲ့အချိန်၊စိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်လာတဲ့အခါမှာ အလျင်အမြန်ပွားလာပြီး အအေးမိဖျားနာတာ ဖြစ်နိုင်ပါတယ်။ရာသီဥတုအေးတဲ့အခါမှာ အိမ်ထဲမှာပဲ နီးနီးကပ်ကပ်နေကြတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုးရှိရင် ကျန်တဲ့အိမ်သားတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ကလေးသူငယ်တွေဆိုရင်လည်း ကျောင်းမှာ ဆော့ကစားရင်း လက်ကို သေချာမဆေးမိတဲ့အခါမျိုးမှာ ကူးစက်ဖို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ဗိုင်းရပ်စ်ပိုးတွေဟာ ခြောက်သွေ့တဲ့လေထုထဲမှာ အလျင်အမြန် ပြန့်နှံ့နိုင်တဲ့အတွက်မိုးတွင်း၊ဆောင်းတွင်းလိုမျိုး ရာသီဥတုမှာ ဖြစ်ပွားတဲ့နှုန်းက တခြားအချိန်ထက် ပိုများနိုင်ပါတယ်။ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်သလို၊ ဖျားနေသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ပြီး လက်သေချာမဆေးမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ နှံ့စပ်စွာဆေးကြောပေးဖို့ လိုပါတယ်။ တစ်နှစ် တစ်ကြိမ်တုပ်ကွေးကာကွယ်ဆေးထိုးထားရပါမယ်။ ဖျားနေတယ်လို့ သံသယရှိတဲ့ သူတွေနဲ့ ဝေးဝေးမှာ နေထိုင်ပါ။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို မလိုအပ်ပဲ ကိုင်တွယ်တာ၊ ဆပ်ပြာနဲ့ လက်မဆေးပဲ ပွတ်သပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အရည်များများသောက်ပါ။ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး၊ ရေနွေးကြမ်းတွေဟာ ပိတ်နေတဲ့နှာခေါင်းပေါက်ကို ပြန်ပွင့်စေပြီး လည်ချောင်းခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ ဖျားပြီဆိုရင် လူများတဲ့နေရာတွေကို သွားမယ့်အစား အိမ်မှာပဲ နားနေပါ။ လုံလောက်စွာအနားယူပေးဖို့လည်း လိုအပ်ပါတယ်။ရောဂါလက္ခဏာ ပိုဆိုးလာတာဖြစ်စေ၊ဝေဒနာ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူရပါမယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/can-you-catch-a-cold-because-of-rain/
ရေများများသောက် တဲ့ လေဒီလေးတွေသာ ရနိုင်မယ့် အလှတရား
အလှတရားက လူတိုင်း မြတ်နိုးတဲ့ အရာပါ။ ဒီတစ်ခေါက်တော့ လူတိုင်း မြတ်နိုးတဲ့ အလှတရားကို ပံ့ပိုးပေးနိုင်မယ့် အချက်လေး တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကြီးကြီးမားမားမဟုတ်ပါဘူး နေ့စဉ် သောက်သုံးနေတဲ့ ရေကို လုံလောက်အောင် သောက်သုံးမှုကနေ ရလာနိုင်မယ့်အကျိုးကျေးဇူးလေးတွေ အကြောင်း ပြောပြပေးချင်တာပါ။ ရေများများသောက် တာက အလှအပကို ဘယ်လိုသက်ရောက်စေသလဲပေါ့။လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ အများဆုံး ၃ လီတာ (ရေသန့်ဗူး ၃ ဗူး) လောက်ထိသောက်လို့ရပါတယ်။ ရေဓာတ်ပြည့်ဝမှုက အသားအရေဆံသားကစလို့ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ရေဓာတ်ပြည့်ဝတဲ့အခါအသက်ရှူလမ်းကြောင်းကစလို့ အသည်း၊ ကျောက်ကပ်နဲ့အစာခြေစနစ်ကအဆိပ်အတောက်တွေအထိ အားလုံးကို သန့်စင်ပေးနိုင်ပါတယ်။တစ်နေ့ကို ရေ ၈ ခွက် ဒါမှမဟုတ် ရေ ၈ ခွက်နဲ့အထက် သောက်သုံးတဲ့အခါ။လက်သည်းခြေသည်းလေးတွေသန်မာတယ်။ရေများများသောက်တာက လက်သည်းခြေသည်းတွေကို ကျန်းမာစေပြီး လက်သည်းတွေ ကြွပ်ဆတ်တာ၊ ရေဓာတ် နည်းတာကြောင့် လက်သည်းတွေ ပျော့တာမျိုး၊ ထိခိုက် ကျိုးပဲ့လွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။လက်သည်းခြေသည်းလေးတွေပန်းရောင်သွေးကြွယ်စေဖို့ဆိုရင် ရေများများသောက်ဖို့ လိုပါမယ်။အရွယ်တင်စေနိုင်တယ်။နေ့စဉ် လုံလောက်တဲ့ ရေပမဏ ပြည့်ဝအောင်သောက်တာက အရေးအကြောင်းဖြစ်တာ၊ အသားအရေတွေ လျော့တွဲလာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ ရေဓာတ်က အသားအရေကိုတင်းရင်းနေအောင်အကောင်းဆုံး အားဖြည့်ပေးနိုင်တာပါ။ဒါကြောင့် အသားအရေမှာ အရေးအကြောင်းဖြစ်တာအရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်စေဖို့ဆိုရင် နေ့စဉ် ရေလုံလောက်အောင် သောက်သုံးရပါမယ်။နေလောင်တာကို သက်သာစေနိုင်တယ်။ဝက်ခြံသက်သာစေနိုင်တယ်။လှပမှုကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးနေတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှုပါ။ ဒီလို အဆိပ်အတောက် ကင်းစင်တာက အသားအရေကို ကြည်လင်စေပြီး ဝက်ခြံတွေကို ကင်းစေမှာပါ။ဒါကြောင့် ကိုယ်တွင်း အဆိပ်အတောက် ကင်းစင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် ရေများများသောက် ပေးလို့ရသလိုမနက်ခင်းတိုင်းမှာ ရေနွေးနွေး တစ်ခွက်ထဲကိုသံပုရာရည်ညှစ်ပြီး သောက်ပေးလို့ ရပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေတယ်။ခေါင်းဖြီးလိုက်တိုင်းဆံပင်တွေကျွတ်နေလို့ စိတ်ညစ်နေပြီလား……… ဆံပင်ကျွတ်တာက ဆံသား ထိန်းသိမ်းမှု အပိုင်းမှာ လိုအပ်ချက် ရှိတာ၊ ဆံသားသုံး ပစ္စည်းတွေမှာဓာတုပစ္စည်းတွေပါဝင်တာကြောင့် ဖြစ်နိုင်သလို ရေသောက်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်က ရေဓာတ် လုံလောက်စွာ မရတဲ့အခါ အသားအရေအပါအဝင် ဦးရေပြားရော ဆံသားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေဓာတ် မပြည့်ဝမှုက အချိန်ကြာလာတဲ့အခါ ဆံပင်ကျွတ်တာက ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေ ကျွတ်နေပြီဆိုရင် ရေလုံလောက်အောင် သောက်မိရဲ့လား ဆိုတာ သေချာလေး ဆန်းစစ်ကြည့်စေချင်ပါတယ်။ကဲ..ရေကို လုံလုံလောက်လောက်သောက်လို့ လှပတဲ့ လေဒီလေးဖြစ်ဖို့ အဆင်သင့်ပဲလား………………..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-benefits-of-drinking-enough-water/
ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ
ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက် အာဟာရဖြစ်မဖြစ်ဆိုတာ မိခင်စားသမျှပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေနဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ အပါအဝင် အာဟာရမျှတအောင် ရွေးချယ်စားသုံးနိုင်ဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးပြီး အသင့်စားအစားစာတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ရှိချိန်မှာ အသင့်စားသရေစာတွေ စားသုံးတတ်ကြတာ များပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။အသီးအနှံများဟာ အာဟာရပြည့်ဝစွာ ပါဝင်တာ များပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လုံလောက်အောင်စားရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ ကြုံရတတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ယခုဆက်လက်ဖော်ပြသွားမှာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်တဲ့ အသီးအနှံများအကြောင်းပဲ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ ကတော့။၁။ လိမ္မော်သီး။လိမ္မော်သီးဟာ သင့်ကို ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ ဖောလိတ်ဓာတ်လည်း ကောင်းစွာ ကြွယ်ဝပါတယ်။ ဖောလိတ်ဟာ ဗီတာမင်ဘီတမျိုးဖြစ်ပြီး မွေးလာမယ့်ကလေးတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေကို ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ဗီတာမင်စီကြွယ်ဝပါတယ်။ ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်တွေမပျက်စီးရအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။၂။ သရက်သီး။သရက်သီးဟာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ သရက်သီးတခွက်စာမှာ တနေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ တစ်ဝက်လောက်ပါဝင်ပါတယ်။ သရက်သီးမှာ ဗီတာမင်အေလည်း ကြွယ်ဝပါတယ်။ မွေးခါစမှာ ဗီတာမင်အေ ချို့တဲ့ရင် ကိုယ်ခံစွမ်းအားနည်းပြီး ဝမ်းပျက်လွယ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သရက်သီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးသင့်တဲ့ အသီးအနှံ ဖြစ်ပါတယ်။၃။ထောပတ်သီး။ထောပတ်သီးမှာ ဖောလိတ်ဓာတ်ဟာ တခြားအသီးတွေထက် ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ကေ၊ အမျှင်ဓာတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ကြွယ်ဝပါတယ်။သံဓာတ်လည်း ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းကို သက်သာစေပါတယ်။ ပိုတက်ဆီယမ်ဟာ ခြေထောက်ကြွက်သားများ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ ကိုလင်း (Choline) ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးကြီးပါတယ်။ ကိုလင်းဓာတ် ချို့တဲ့ရင် အာရုံကြောဖွဲ့စည်းဖြစ်ပေါ်ရာမှာ ချို့ယွင်းပြီး တသက်တာ မှတ်ဉာဏ်ချို့ယွင်းသွားနိုင်ပါတယ်။၄။ သံပုရာသီး။သံပုရာရည်သောက်ခြင်း၊ သံပုရာသီးအနံ့ရှူခြင်း စတာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ သံပုရာသီးမှာ ဗီတာမင်စီလည်း ကြွယ်ဝပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်တက်စေပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါပေမယ့် သွားများရဲ့ အပေါ်ယံကြွေလွှာတွေကို တိုက်စားနိုင်တဲ့အတွက် စားသုံးပြီးရင်တော့ ပလုတ်ကျင်းသင့်ပါတယ်။၅။ငှက်ပျောသီး။ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ဗီတာမင် B6၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဗီတာမင် B6 ဟာ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။၆။ဘယ်ရီသီး။ဘယ်ရီသီးမှာ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ ဖောလိတ်ဓာတ်ကြွယ်ဝပါတယ်။ အပင်များမှာပဲ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ flavonoids နဲ့ anthocyanins ကြွယ်ဝပါတယ်။ အကယ်၍ ဆီးချိုသာမရှိဘူးဆိုရင် ကာဘိုဟိုက်ဒရိတ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ ကယ်လိုရီကောင်းကောင်းရဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ဘယ်ရီသီးကနေ ရတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး စတာတွေကနေရရှိတဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်များထက် ပိုမိုစားသုံးဖို့ အရေးကြီးပါတယ်။၇။ပန်းသီး။ပန်းသီးမှာ အမျှင်ဓာတ်အပြင် ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပန်းသီးကို ပုံမှန်စားသုံးပေးခြင်းဟာ အစာခြေစနစ်ကျန်းမာရေးအတွက် ကောင်းပါတယ်။အသီးတော်တော်များများကို ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးနိုင်ပါတယ်။ တစ်ရက်ကို အသီး တရုတ်ပန်းကန်လုံး ၁−၂လုံးစာလောက် စားနိုင်ပါတယ်။ တစ်မျိုးတည်းကို အများကြီး စားတာထက် အရောင်စုံ၊ အမျိုးစုံ စားပေးပါ။ ဆီးချိုရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-best-fruits-to-eat%e2%88%92benefits/
နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ
နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများမှာ ရောဂါကြွချိန်ဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာရောဂါလက္ခဏာများမှာ ယခင်ကထက် ပိုမိုဆိုးရွားတတ်ပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေ ယခင်ကထက်များပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ ရောဂါကြွချိန် အကြိမ်အရေအတွက်များလာတာနှင့်အမျှ လူနာရဲ့ အခြေအနေမှာ ပိုမိုဆုတ်ယုတ်သွားတတ်ပါတယ်။ကံအားလျော်စွာ ရောဂါကြွချိန်များ လျော့နည်းလာအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင်အပါအဝင် သင့်မိသားစုဝင်များဟာ မိမိတို့ရဲ့ အဆုတ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ကိုဖြစ်စေတဲ့ အဓိက တွေ့ရအများဆုံး အကြောင်းအရင်းက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်ပွားအောင် ပိုမိုအားပေးတဲ့ အကြောင်းအရာများကတော့။·ဆေးလိပ်သောက်သူ (သို့) အသက် (၄၀)နှစ်ကျော်သည်အထိဆေးလိပ်သောက်ခဲ့ဖူးသူဖြစ်ခြင်း။·မိသားစုဝင်များတွင် နာတာရှည ်အဆုတ်လေပြွန်ရောင်ရောဂါရှိခြင်း( သို့မဟုတ် )Alpha1 antitrypsin ချို့တဲ့သောရာဇဝင်ရှိခြင်း -နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါလက္ခဏာများ အစဉ်မပြတ်ရှိနေခြင်း။·ဆေးလိပ်ငွေ့ (သို့) ညစ်ညမ်းသောလေကို ရှုရှိုက်ရသောရာဇဝင်ရှိခြင်း (သို့မဟုတ်) အဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်သော ဓါတုပစ္စည်းများနှင့် ဖုန်မှုန့်များကြား လုပ်ကိုင်ရခြင်းတို့ဖြစ်ပါ တယ်။နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ မကြာခဏ ရောဂါကြွတတ်ပါတယ်။ ဒီလိုရောဂါကြွနေချိန်မျိုးမှာ ဆေးကုသမှု ခံယူဖို့ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အကောင်းမွန်ဆုံးနည်းလမ်းကတော့သင့်ရဲ့ဆရာဝန်နှင့် သွားရောက်ပြသပါ။နာတာရှည်အဆုတ်လေပြွှွန်ရောင် ရောဂါကြွချိန်မှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာများ ကတော့။·တရွှီရွှီမြည်ခြင်း (သို့) ယခင်ကထက်ပိုမို၍တရွှီရွှီမြည်ခြင်း။·ပုံမှန်ထက်ပိုမို၍ချောင်းဆိုးခြင်း။·ပုံမှန်ထက် ပိုမို၍မောမောနေတတ်ခြင်း။·သလိပ်ပမာဏများလာခြင်း။·သလိပ်အရောင်သည်အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင် (သို့)သွေးရောင်ပြောင်းလာခြင်း။·ပုံမှန်ကဲ့သို့မဟုတ်ပဲအသက်ရျှူမှုပုံစံပြောင်းလဲလာခြင်း။·အဖျားတက်ခြင်း။·မူးဝေနေခြင်း (သို့) ယခင်ကထက် ပိုမို၍အိပ်စက်ခြင်း။·ခြေထောက် (သို့) ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း တို့ဖြစ်ပါတယ်။နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါကြွမလာအောင်ကျန်းမာရေးနှင့် ညီညွှတ်သောနေထိုင်မှုပုံစံရှိ ခြင်းဖြင ကာကွယ်ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်များမှာ အဆုတ်ကျန်းမာရေး ကောင်းမွန်လာအောင် လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းများဖြစ်ပါတယ်။ပထမဆုံးအချက်ကတော့ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပါ။ အကယ်၍ မိသားစု ဝင်များ ဆေးလိပ်မသောက်ဖူးဆိုရင် လုံးဝအစမဖော်ပါနှင့်။ အကယ်၍ မိသားစုဝင်ထဲမှာဆေးလိပ်သောက်တတ်သူ ရှိရင် မိသားစုဝင်အားလုံး နှင့်ကိုယ်ကိုတိုင် ကျန်းမာကြံ့ခိုင်စေရန်အတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်သင့် ပါတယ်။ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ခြင်းဖြင့်နာတာရှည်အဆုတ်လေပြွန်ရောင် ရောဂါ ဖြစ်စဉ်က ိုနှေးကွေးစေပြီး အဆုတ်ထိခိုက်ပျက်စီးမှုကိုလည်း လျော့ကျစေပါတယ်။ဆေးလိပ်အန္တရာယ်ထဲမှာ မိမိကိုယ်တိုင် မသောက်သုံးပဲ ဆေးလိပ်ငွေ့ရှူရှိုက်သူများလည်းပါဝင်ပါတယ်။WHO ရဲ့စစ်တမ်းများအရ ဆေးလိပ်နှင့် ဆက်နွယ်နေသော သေဆုံးမှုများရဲ့ (၁၀)ရာခိုင်နှုန်းသည် ဆေးလိပ်ငွေ့ရှုရှိုက် ခြင်းကြောင့်ဖြစ်ပါတယ်။အကယ်၍ သင့်မှာ Alpha1 antitrypsin (အဆုတ်နှင့်အသည်းကိုကာကွယ်ပေးနိုင်သော ပရိုတင်းအသားဓါတ်တစ်မျိုး ) ပမာဏ နည်းနေရင် ဆေးလိပ်ဖြတ်ခြင်းမှာအလွန်အရေးကြီးပါတယ်။Alpha1antitrypsinဓါတ်ချို့တဲ့သူတွေမှာ ပုံမှန် အဆိုပါ အသားဓါတ်ကိုထိုးသွင်းနေရင် နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဆိုးဆိုးရွားရွားဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ Alpha1antitrypsinဓါတ်ချို့တဲ့သူရှိသော မိသားစုဝင်တိုင်း အဆိုပါဓါတ်ချို့တဲ့ခြင်းရှိမရှိ စစ်ဆေးမှုခံယူသင့်ပါတယ်။ထင်းမီး၊မီးသွေးမီးများဖြင့် ချက်ပြုတ်စားသောက်ခြင်းဟာ နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါနှင့်ရောဂါကြွမှုများကို ပိုမိုများပြားစေနိုင်ပါတယ်။ အထူးသဖြင့်ကျေးလက်နေပြည်သူတွေမှာ အဖြစ်များပါတယ်။ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သော အခြားအကြောင်းအရာများ (ဥပမာ-လေထုညစ်ညမ်းခြင်း၊ ဓါတုဓါတ်ငွေ့များနှင့် ဖုန်မှုန့်သဲမှုန့်များ)ကလည်း နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါကို ပိုမိုဆိုးရွားစေနိုင် ပါတယ်။သို့သော်လည်း ဖော်ပြပါအချက်အလက်များမှာ ဆေးလိပ်သောက်ခြင်းလောက် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါဖြစ်ပွားမှုမှာအရေးမပါပါ။အချို့သောအလုပ်အကိုင်များ(ဥပမာ-မှိုင်းဖောက်ခွဲခြင်း၊ ကျောက်တွင်း တူးခြင်းနှင့် ဓါတုစက်ရုံများတွင် အလုပ်လုပ်ရသူများ) မှာလေထုညစ်ညမ်းမှုကို ဆိုးဆိုရွားရွားထိတွေ့ရပါတယ်။ အလုပ် အကိုင်မှထွက်ရှိတဲ့ ကျောက်မီးသွေးမှုန့်များ၊ ဓါတုဓါတ်ငွေ့များ၊ ကွန်ကရစ်မှုန်များ၊ မှိုင်းစမှိုင်းမှုန့်များ၊ ဝါဂွမ်းနှင့် အနှံအမှုန့်များ နှင့် အမြဲထိတွေ့ရရင် နာတရှည် အဆုတ်လေပြွန်ရောင်ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများရဲ့ (၂၀) ရာခိုင်နှုန်းမှာ လုပ်ငန်းထိတွေ့မှုကြောင့် ဖြစ်တယ်လို့ လေ့လာစမ်းသပ်မှု (၁)ခုက ဖော်ပြထားပါတယ်။ ဒါကြောင့် မိသားစုဝင်များထဲမှ အဆိုပါ လုပ်ငန်းခွင်တွင် လုပ်ကိုင်သူများရှိပါက ထိတွေ့မှုလျော့နည်းစေတဲ့ နည်းလမ်းများ (ဥပမာ-လုပ်ငန်းခွင်အတွင်း မျက်နှာစွပ်တပ်ခြင်း)ကို ပြောပြပေးသင့်ပါတယ်။နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါမှာ မျိုးရိုးလိုက်တတ်တဲ့ အတွက်မိသားစုဝင်ထဲမှ အဆိုပါရောဂါကို ခံစားနေရလျှင် အခြားသူများလည်း ရောဂါဖြစ်နိုင်ချေရှိပါတယ်။ အကယ်၍များ ရှိခဲ့လျှင် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါမျိုးရိုးဗီဇ ပါမပါ သွေးဖောက်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။၏။နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေသူများမှာ ပုံမှန်လူများထက် ခုခံမှု စွမ်းရည်ကျဆင်းမှု ရှိတဲ့အတွက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးရန် ကာကွယ်နိုင်သော ရောဂါများကတော့ တုတ်ကွေး၊ အဆုတ်ရောင်ရောဂါနှင့် ဆုံဆို့ရောဂါတို့ ဖြစ်ပါတယ်။အထက်ဖော်ပြပါ နည်းလမ်းများအပြင် နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါမကြွအောင် ကာကွယ်ပေးနိုင်တဲ့ အခြားလည်းလမ်းများကတော့။·ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြသပါ။·တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန် လက်ကိုအချိန်မှန်မှန်ဆေးကြောပါ။ (သို့) လက်ဆေးသန့်စင်ရည်ကို အသုံးပြုပါ။·ကူးစက်ရောဂါမဖြစ်ပွားအောင် အထူးသဖြင့် အေးပြီးတုပ်ကွေး မပါသောရာသီတွင် လူစုလူဝေးများသော နေရာများ သွားလာခြင်းကို ရှောင်ကြဉ်ပါ။·အိပ်ရေး၀၀အိပ်ပါ။ ခန္ဓါကိုယ် ပင်ပန်းနွမ်းနယ်နေလျှင် ဖျားနာလွယ်ပါတယ်။·သလိပ်ကပ်ခြင်းကင်းဝေးအောင် ရေများများသောက်ပါ။ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါ ကြွမလာအောင် ကာကွယ်နိုင်ပါတယ်။ အကယ်၍ မကြာခဏ ရောဂါကြွနေလျှင် သင့်ရဲ့ဆရာဝန်နှင့် ချက်ချင်း သွားရောက်ပြသပြီး ကုသမှုခံယူပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%b1/
H5N1 Influenza (ကြက်ငှက် တုပ်ကွေး)
H5N1 တုပ်ကွေးရောဂါသည် ကြက်ငှက်များတွင်ဖြစ်သော ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါမဖြစ်သည်။ ကြက်ငှက်တုပ်ကွေးကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများစွာရှိသော်လည်း H5N1 နှင့် H7N9 ဗိုင်းရပ်စ်ပိုးများသည် ဆရာဝန်များ အထူးဂရုထားသော ရောဂါပိုးများဖြစ်ပါသည်။ထိုဗိုင်းရပ်စ်ပိုးများကို ငှက်ရိုင်းများတွင် စတွေ့ရပြီး ထိုရောဂါဖြစ်စော ကြက်၊ ငှက်၊ ဘဲများကို ဘူတို့စားသုံးမိရာမှ လူတို့တွင် ကူးစက်ပြီး သေစေနိုင်ခြင်းဖြစ်သည်။၂၀၁၁ ခုနှစ်တွင် H5N1 ရောဂါဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဘဂ်လားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ ဖြစ်သည်။H5N1 တုပ်ကွေး သည် ငှက်များတွင် အဖြစ်များပြီး အမြစ်ပျောက်အောင်နှိမ်နင်းရန် ခက်ခဲသော ရောဂါဖြစ်သည်။ ထို့ပြင် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။H7N9 ဖြစ်သော ပျမ်းမျှအသက်သည် အသက်၆၂ နှစ်အရွယ်ဖြစ်ပြီး H5N1 သည် ပျမ်းမျှအားဖြင့် အသက် ၂၆ နှစ်များတွင် အများဆုံးဖြစ်ကြောင်းတွေ့ရသည်။ ထိုရောဂါသည် လူလူချင်းကူးစက်ခြင်းမှာ ဖြစ်ခဲပြီး ချွင်းချက်အနေဖြင့် ရောဂါဖြစ်နေသော သူနှင့် အနေနီးလွန်းသောသူများ၊ ရောဂါဖြစ်နေသော မိခင်မှ နာမကျန်းသော ကလေးအားကူးစက်ခြင်းတို့ဖြစ်နိုင်ပါသည်။ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း သင့်တော်သော ကုသမှုများ မခံယူလျှင် ရောဂါပိြုပင်းထန်လာနိုင်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ-။အချို့သူများသည် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ခံစားရပါသည်။ မျက်ကြည်လွှာရောင်ခြင်းဖြစ်လျှင် H5N1 ရောဂါဖြစ်နေကြောင်း သိသာစေပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။အောက်ပါတို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။H5N1 ဗိုင်းရပ်စ်သည် ငှက်ရိုင်းများ မှတဆင့် ထောင် သောင်းနှင့် ချီသော မွေးမြူရေးငှက်များကို လွယ်ကူလျှင်မြန်စွာ ကူးစက်ပြီး သေဆုံးစေပါသည်။ထို့ကြောင့် ရောဂါပိုး ကူးစက်ခံရသော ငှက်များကို သတ်ပစ်ရပါမည်။ ရောဂါပိုးရှိသော ကြက်များ၊ ဘဲများနှင့် ကြက်ဆင်များနှင့် ထိတွေ့နေသော လူများသည် ရောဂါကူးစက်ခံနိုင်ရချေများပါသည်။ရောဂါရှိသော ကြက် ဘဲများ၏ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ သည် လှောင်အိမ်များ နှင့် မွေးမြူရေးပစ္စည်းများတွင် တွယ်ငြိနေတတ်သည်။ သို့သော် လူများသည် ကြက်ငှက်တုပ်ကွေးရောဂါရှိသော အကောင်များကို စားသုံးခြင်းကြောင့် ရောဂါဖြစ်နိုင်ချေနည်းပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုရောဂါပိုးသည် အပူနှင့် ထိတွေ့လျှင် သေဆုံးနိုင်သောကြောင့်ဖြစ်ပါသည်။ရောဂါရှိသော ကြက် ဘဲများနှင့် ယင်းတို့၏အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများတွယ်ငြိနေသော လှောင်အိမ်များ နှင့် မွေးမြူရေးပစ္စည်းများကို ထိတွေ့ရသောသူများသည် ရောဂါကူးစက်ခံနိုင်ရချေများပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာများခံစားရပြီး ရက်အနည်းငယ်အတွင်းတွင် သင့် နှာခေါင်းနှင့် လည်ချောင်းမှ အရည်ကိုဓါတ်ခွဲစမ်းသပ်ခြင်းဖြစ်သည်။ဓါတ်မှန်ရိုက်ခြင်းဖြင့် သင့်အဆုတ်တွင် ဖြစ်ပေါ်နေသော ပုံရိပ်များကို မြင်ရသောကြောင့် သင့်ရောဂါလက္ခဏာများအတွက် တိကျသော ဆေးများကို ပေးနိုင်ပါသည်။ကြက်ငှက်တုပ်ကွေးရောဂါသည် ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးများအပေါ်မူတည်ပြီး ကုသမှုများ ကွာခြားမှုရှိပါသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များက ဆိုသည်မှာ ဗိုင်းရပ်စ်ပိုးသတ်ဆေးများသည် ထိရောက်မှုမရှိဟုဆိုပါသည်။သို့သော် ကံဆိုးစွာ သင်သည် ကြက်ငှက်တုပ်ကွေးဖြစ်နေပါက အခြားသူများဆီသို့ ရောဂါပြန့်ပွားမှုကို ကာကွယ်ရန် ပုဂ္ဂလိကဆေးရုံများတွင် သင့်ကို သီးသန့်လူနာခန်းများတွင် ထားပြီး ကုသမည်ဖြစ်ပါသည်။ထို့ပြင် ရောဂါဖြစ်သူများထဲမှ အချို့သည် အသက်ရှုစက်များတပ်ဆင်ရန်လိုအပ်ခြင်း၊ ကျောက်ကပါဆေးရန်လိုအပ်ခြင်းများရှိလာနိုင်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်H5N1 တုပ်ကွေးဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးကို တုပ်ကွေးရောဂါ မဖြစ်မီ ကတည်းက ကြိုထိုးထားမှ ထိုဗိုင်းရပ်စ်အတွက် ကာကွယ်မှုရရှိမည် ဖြစ်ပါသည်။ အခြားသော ဗိုင်းရပ်စ်ပုံစံတမျိုးကို ကာကွယ်ရန် နောက်ထပ်ကာကွယ်ဆေး တမျိုးထိုးရမြည်ဖစ်ပါသည်။သင်သည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်တတ်သော ဒေသများနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ခရီးသွားလာသူဖြစ်ပါလျှင် ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို လိုက်နာရမည်ဖြစ်သည်။တိရိစ္ဆာန်များမှ လူသို့ကူးစက်ခြင်းကိုရှောင်ကျဉ်နိုင်ရန် မွေးမြူရေးတိရိစ္ဆာန်များနှင့် ထိတွေ့ရသော ပစ္စည်းများ နှင့် ထိတွေ့ထားသော မျက်နှာပြင်များအားလုံးကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်အောင်ဆေးကြောပါ။သေချာစွာချက်ပြုတ်ပါ။ ကြက်ကို အရည်များခမ်းသွားသည် အထိချက်ပြုတ်ပါ။ ကြက်၏ အနိမ့်ဆုံးအပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက် (၇၄ ဒီဂရီ စင်တီဂရိတ်အထိ)ချက်ပြုတ်ပါ။ကြက်ဥ အစိမ်းများကို သန့်စင်အောင်လုပ်ပါ။ ကြက်များ၏ အညစ်အကြေးများသည် ဥအခွံများတွင် ပေကျံနေတတ်သည်။ မချက်ပြုတ်ရသေးသော အသားများ၊ ဥများစားသုံးခြင်းကို ရှောင်ကျဉ်ပါ။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/h5n1-influenza-%e1%82%80%e1%80%80%e1%80%80%e1%80%b9%e1%80%84%e1%80%bd%e1%80%80%e1%80%b9-%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8/
ဗီတာမင်ချို့တဲ့သော လက္ခဏာများ
ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရမျှတတဲ့ အစားအစာများဟာ သင့်နေ့စဉ်ဘဝကို အများကြီး အထောက်အကူ ပြုပါတယ်။ တစ်ဖက်မှာလည်း အာဟာရဓာတ်နည်းပါးတဲ့အစားအသောက်များကို စားသုံးဖန်များရင် ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းလာလို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ဆံသားများခြောက်သွေ့ပြီး လက်သည်းခြေသည်းများ ကျိုးပဲ့လွယ်လာခြင်းဟာ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပါတယ်။ အဲဒီထဲက အကြောင်းအရင်းတခုကတော့ biotin ချို့တဲ့လို့ ဖြစ်ပါတယ်။ Biotin ကို ဗီတာမင် B7 လို့လည်း သိကြပါတယ်။ Biotin ချို့တဲ့ခြင်းကြောင့် ဆံသားများပျက်စီးခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်းအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်များ ကျင်ခြင်း စတာတွေလည်း ကြုံတွေ့နိုင်ပါတယ်။ပါးစပ်အတွင်းနှင့် နှုတ်ခမ်းပတ်လည်မှာ အနာများဖြစ်ခြင်းဟာ ဗီတာမင်နဲ့ သတ္တုဓာတ်အချို့ ချို့ယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင်ဘီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ သုတေသနတခုရဲ့ဖော်ပြချက်အရ နှုတ်ခမ်းမှာအနာဖြစ်သူများရဲ့ ၂၈%ဟာ ဗီတာမင် B1၊ ဗီတာမင် B2 နဲ့ ဗီတာမင် B6 စတာတွေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသားငါး၊ ကြက်ဘဲ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အခွံမာသီး၊ အစေ့အဆန်များ၊ ဗီတာမင်ဘီအုပ်စုကြွယ်ဝတဲ့ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကလီစာများ၊ ပဲအမျိုးမျိုး စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။သွားဖုံးသွေးယိုရခြင်းရဲ့ အကြောင်းအရင်းတခုကတော့ ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီဟာ အနာကျက်မြန်စေခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း စတဲ့ကိစ္စရပ်တွေအတွက် အရေးပါပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးတာနည်းရင် ဗီတာမင်စီချို့တဲ့ခြင်း ဖြစ်တတ်ပါတယ်။ လိမ္မော်သီး၊ သံပုရာသီး၊ နာနတ်သီး စတာတွေဟာ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။ဗီတာမင်အေ ချို့တဲ့ရင် ညအချိန် ဒါမှမဟုတ် အမှောင်ထဲမှာ မြင်နိုင်စွမ်း လျော့ကျသွားပါတယ်။ ဗီတာမင် အေ ချို့တဲ့တယ်လို့ သံသယရှိရင် ကလီစာ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျီုး၊ ငါးအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင်ရှိသော အသီးအနှံများစတဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဗီတာမင်အေ အားဆေးတွေကိုလည်း သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင်အေ လွန်ကဲသွားရင်လည်း ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အရိုးအဆစ်များနာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ကိုယ်ခန္ဓာရဲ့ အဆီထွက်တဲ့နေရာတွေကို ထိခိုက်စေတဲ့ အရေပြားပြဿနာကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားမှာ အကွက်များထပြီး ယားယံတတ်ပါတယ်။ ဦးရေပြားမှာလည်း ဗောက်ထတတ်ပါတယ်။ ဒီပြဿနာဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဇင့်၊ ဗီတာမင် B3၊ ဗီတာမင် B2 နဲ့ ဗီတာမင် B6 စတာတွေ နည်းပါးလို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင် B အုပ်စုဝင်တွေများပြားတဲ့ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကလီစာ၊ ပဲအမျိုးမျိုး စတာတွေ စားသုံးသင့်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပင်လယ်စာ၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ အခွံမာသီး စတာတွေ ဖြစ်ပါတယ်။လူအများစု ကြုံတွေ့နေကြ ပြဿနာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများရဲ့ ၅၀%ဟာ အသက် ၅၀ လောက်မှာ ဆံပင်တွေ ကျွတ်လာတတ်ပါတယ်။ အာဟာရဓာတ်အချို့နည်းရင်လည်း ဆံပင်ကျွတ်လွယ်ပါတယ်။ အဓိကအားဖြင့် အောက်ဖော်ပြပါ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။• သံဓာတ် – ဒီအန်အေဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အာဟာရဓာတ်ဖြစ်ပြီး ဆံပင်အရင်းနေရာက ဒီအန်အေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်နည်းလွန်းရင် ဆံပင်ပေါက်ဖို့ခက်ပြီး ကျွတ်လွယ်ပါတယ်။• ဇင့် –  ပရိုတိန်းဖွဲ့စည်းခြင်းအတွက် အသုံးပြုတဲ့အတွက် ဆံပင်ပေါက်ခြင်းအတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ချို့ယွင်းရင် ဆံပင်ပေါက်ဖို့ ခက်ပါတယ်။• Linoleic acid (LA) နှင့် alpha-linolenic acid (ALA) – ဖက်တီးအက်ဆစ်တွေဖြစ်ပြီး ဆံပင်ရှည်ထွက်ဖို့၊ ဆံသားကို ထိန်းသိမ်းထားဖို့ အရေးပါပါတယ်။• ဗီတာမင် B3 – ဆံသားကို သန်စွမ်းအောင် ထိန်းသိမ်းထားပါတယ်။ ဆံပင်ကွက်ပြီး ကျွတ်တတ်ခြင်းဟာ ဗီတာမင် B3 ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။• ဗီတာမင် B7 – Biotin လျော့နည်းခြင်းဟာလည်း ဆံပင်များကျွတ်ရခြင်းရဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။ပါး၊ လက်မောင်း၊ ပေါင်၊ တင်ပါး စတာတွေမှာ ဖြစ်တတ်ပါတယ်။မွေးကျွတ်နာပုံစံမျိုးပါ တွေ့ရပါတယ်။ ဗီတာမင် အေနဲ့ ဗီတာမင် စီ ချို့တဲ့ရင်ဖြစ်တတ်ပါတယ်။ အသားငါး၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-deficiency-3/
စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင်ဒါလေးတွေလုပ်ကြမယ်
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ glands လေးတွေကနေဟော်မုန်းအမျိုးမျိုးကို နေ့စဉ်နဲ့အမျှ ထုတ်နေကြပါတယ်။ အဲဒီဟော်မုန်းလေးတွေက သွေးကြောလေးတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီဟော်မုန်း အမျိုးမျိုးထဲက Happy Hormone လို့ခေါ်နိုင်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းလေးတွေ အကြောင်းနဲ့ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။၁။ Dopamine။Dopamineလို့ခေါ်တဲ့ ဟော်မုန်းလေးကလည်း feel good hormone လို့ တင်စားရလောက်အောင် စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်ပါတယ်။၂။ Serotonin။Serotoninက သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းစေနိုင်ရုံသာမက သင့်ရဲ့ တစ်နေ့တာ အတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ အိပ်တာ၊ စားတာ၊ အစာခြေတာ စတဲ့ လုပ်ငန်းတွေကိုပါ ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေကိုပါ တိုးတက်ကောင်းမွန်စေတဲ့ ဟော်မုန်းလေးဖြစ်ပါတယ်။၃။ Oxytocin။Oxytocinကိုတော့ များသောအားဖြင့် “love hormone” လို့လည်းခေါ်ကြပါတယ်။ Oxytocin ဟာ ကလေးမွေးတဲ့ အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းလေးဖြစ်တဲ့အပြင် မိခင်နဲ့ ကလေး သံယောဇဉ်ပိုဖြစ်လာအောင်လည်း ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ မိခင်တွေအတွက်တင်မကပါဘူး။ လူသားတွေအားလုံးအတွက် ချစ်မြတ်နိုးခြင်း၊ ယုံကြည်မှုရရှိခြင်း၊ နွေးထွေးခြင်း၊ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်ဖြစ်စေခြင်း စတဲ့ နူးညံ့ကောင်းမွန်တဲ့ ခံစားချက်တွေကို ဖြစ်စေနိုင်တဲ့ အစွမ်းထက်ဟော်မုန်းလေးပါ။၄။ Endorphin။Endorphinလေးတွေကတော့ ခန္ဓာကိုယ်အတွက် နေထိုင်မကောင်းတာ၊ စိတ်မသက်မသာဖြစ်တာတွေအတွက် ဖြေလျော့ပေးနိုင်တဲ့ သဘာ၀ ဟော်မုန်းလေးပါ။၁။ လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ အများကြီးအထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီ ကောင်းကျိုးအပြင် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် endorphins, dopamine နဲ့ serotonin တွေလည်း ထွက်နိုင်ပါတယ်။yogaဆော့မယ်ဆိုရင်လည်း oxytocin ဟော်မုန်းလေးတွေ ထွက်နိုင်ပါတယ်။ ဒါ့ကြောင့် happy hormone လေးတွေများများထွက်ဖို့ အချိန်ပေးပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။၂။ အပြင်ထွက်ပါ။တစ်နေကုန် အိမ်ထဲမှာ (သို့) အလုပ်ခန်းထဲမှာချည်းပဲ အချိန်ကုန်မနေဘဲ တစ်နေ့ကို ၁၅မိနစ်၊ မိနစ်၂၀ လောက်အနည်းဆုံး အပြင်ထွက်ပြီးနေရောင်လေးခံ၊ သဘာဝအရသာလေးတွေ ခံစားသင့်ပါတယ်။ သဘာဝနေရောင်နဲ့ တစ်နေ့ကို အနည်းငယ်ထိတွေ့ပေးတာကလည်း endorphin နဲ့ serotonin ဟော်မုန်းတွေကို ထွက်စေပါတယ်။ နေလောင်ကာ sunscreen လိမ်းသွားဖို့တော့ မမေ့ကြပါနဲ့နော်။၃။ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ သူတွေနဲ့ အချိန်ကုန်ပါ၊ များများရယ်ပါ။ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူတူရှိတဲ့အခါမှာလည်း happy hormone လေးတွေ ထွက်နိုင်ပါတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေနဲ့ အချိန်ကုန်ရတာဖြစ်တဲ့အတွက် စိတ်ဓာတ်ကျ၊ စိတ်အားငယ်မှုတွေကို သက်သာစေနိုင်ရုံသာမကစိတ်ခွန်အားလည်း ဖြစ်စေပါတယ်။ ဒါ့အပြင်ရယ်မောခြင်းဟာ လည်း စိတ်ခံစားချက်တွေကို ကောင်းမွန်စေတဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပဲမို့ အလုပ်တွေဘဲ အချိန်တိုင်းလုပ်မနေဘဲ မကြာခဏ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ သူတွေနဲ့ အချိန်ပေးပြီး ရယ်ရယ်မောမော နေသင့်ပါတယ်။၄။ အရသာရှိတာတွေ များများစားပါ။ဒါကတော့ အားလုံးသိပြီးသား နည်းလမ်းတစ်ခုလို့ထင်ပါတယ်။ ကိုယ်စားချင်တာလေးတွေ စားလိုက်ရရင် စိတ်ညစ်တာတွေပျောက်ပြီး အလိုလိုပျော်လာကြတဲ့ ခံစားချက်လေးကို အားလုံးခံစားဖူးကြမှာပါ။၅။ ပွေ့ဖက်ပါ။ချစ်ခင်ရတဲ့သူတွေကိုပွေ့ဖက်ခြင်းကလည်း oxytocin ဟော်မုန်းတွေထွက်စေတဲ့အတွက် စိတ်ညစ်အားငယ်နေတဲ့အချိန်မှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ ချစ်ရတဲ့သူ တစ်ယောက်ယောက်ကို ပွေ့ဖက်ထားတာကလည်း စိတ်သက်သာရာရစေမှာပါ။၆။ အိပ်ရေးဝအောင် အိပ်ပါ။အိပ်ရေးဝအောင်အိပ်တာက စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အဖက်ဖက်က အထောက်အကူပြုနိုင်တာကြောင့် hello sayarwon ပရိသတ်ကြီးလည်း အိပ်ရေးမပျက်စေနဲ့နော်။၇။ တရားထိုင်ပါ။တရားထိုင်ခြင်းကလည်း dopamine နဲ့ endorphin ကိုထွက်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။၈။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပွတ်သတ်ပေးပါ။အထူးသဖြင့် ခွေးလေးတွေ မွေးထားတယ်ဆိုရင် ပွတ်သတ်ပေးတာက ခွေးလေးတွေအတွက်ရော၊ ပိုင်ရှင်ကိုပါ စိတ်ပျော်ရွှင်စေပါတယ်။၉။သီချင်းနားထောင်ပါ။သီချင်းတွေကလည်း dopamine, serotonin စတဲ့ စိတ်ပျော်စေတဲ့ ဟော်မုန်းလေးတွေကို ထွက်လာအောင် လှုံ့ဆော်ပေးနိင်ပါတယ်။ ဒါ့အပြင် သီချင်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လိုက်ဆိုမယ်၊ ကမယ် ဆိုရင် endorphin ဟော်မုန်းပါထွက်နိုင်တာကြောင့် သီချင်းလေးတွေနဲ့လည်းအလွယ်တကူ စိတ်ပျော်အောင် ဖန်တီးနိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ ဖော်ပြပါနည်းလမ်းလေးတွေကို အသုံးပြုပြီး ပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/how-to-get-happy-hormones/
ညီညွတ်မျှတသော စားသောက်မှုပုံစံ (Balanced Diet) အကြောင်း
ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးနိုင်တဲ့ စားသောက်ပုံမျိုး ဖြစ်ပါတယ်။ အာဟာရဓာတ်ကို သင့်တော်ကောင်းမွန်စွာ ရရှိနိုင်ဖို့။– လတ်ဆတ်သော အသီးအနှံများ။– လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ။– မပြုမပြင်ထားသော အစေ့အဆန်များ။– ပဲအမျိုးမျိုး။– အခွံမာသီးများ။– ပရိုတိန်း စတာတွေကို နေ့စဉ် စားသုံးနိုင်ဖို့ လိုပါတယ်။ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ကို ကယ်လ်လိုရီအနေနဲ့ အစားအစာတွေဆီကနေ ရရှိပါတယ်။ နေ့စဉ် လမ်းလျှောက်ခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှူခြင်း စတဲ့ တနေ့တာ လုပ်ဆောင်ချက်တွေအတွက် ကယ်လိုရီကို လိုအပ်ပါတယ်။လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၂၀၀၀ ခန့် စားသုံးဖို့ လိုပါတယ်။ အသက်အရွယ်၊ ကျား/မ၊ လှုပ်ရှားမှု စတာတွေပေါ် မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် ကယ်လ်လိုရီကို ပိုမိုလိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်သူများဟာလည်း မလုပ်သူများထက် ကယ်လိုရီကို ပိုမိုလိုအပ်ပါတယ်။အာဟာရဓာတ်သင့်တင့်မျှတတဲ့ အစားအစာများဆိုတာ များသောအားဖြင့် မလိုလားအပ်တဲ့ အဆီဓာတ်၊ သကြား စတာတွေ နည်းပါးပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ များပြားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အောက်ပါ အစားအသောက်အုပ်စုတွေ ပါဝင်ပါတယ်။အသီးအနှံများဟာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် အရသာကောင်းမွန်ပါတယ်။ ရာသီအလိုက် သီးနှံများကို ရွေးချယ်စားသုံးသင့်ပါတယ်။ လတ်ဆတ်လေ အာဟာရပြည့်ဝလေပါပဲ။ ဒါ့အပြင် အသီးအနှံများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။အသီးတွေဟာ များသောအားဖြင့် သကြားဓာတ်များပါတယ်။ ဒါပေမယ့် သဘာဝသကြားဓာတ်မို့ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာတွေထက်စာရင် ကျန်းမာရေးတွက် ပိုမိုကောင်းမွန်ပါတယ်။ ဆီးချိုရောဂါလိုမျိုး သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်နေရရင် အချိုဓာတ်နည်းတဲ့ အသီးတွေစားတာ ပိုကောင်းပါတယ်။ ကာဘိုဟိုက်ဒရိတ်ပမာဏကို သတိပြုစားသုံးနေရသူများအနေနဲ့ကတော့ ဖရဲသီးလို အသီးမျိုးကို စားသုံးသင့်ပါတယ်။ဟင်းသီးဟင်းရွက်များဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေရဲ့ မူလရင်းမြစ်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အစိမ်းရောင်ရင့်အရွက်တွေမှာ အာဟာရဓာတ်အများဆုံး ပါဝင်ပါတယ်။ အစိမ်းရင့်ရောင် အရွက်များကတော့ ဟင်းနုနွယ်၊ ကိုက်လန်၊ ပဲစိမ်း၊ ပန်းပွင့်စိမ်း စတာတွေ ဖြစ်ပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့ ဆန်ချော၊ ဂျုံမှုန့်အဖြူ စတာတွေထက်စာရင် သိပ်ပြီး မပြုမပြင်ရသေးတဲ့ ဆန်၊ ဂျုံ စတဲ့ အစေ့အဆန်တွေဟာ အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ ဥပမာ ဆန်လုံးညိုမှာ အာဟာရဓာတ်ပါဝင်မှုများပါတယ်။ အဆင့်ဆင့်ပြုပြင်လိုက်တဲ့အခါ အခွံနဲ့အစေ့ကြားက အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ ပေါင်မုန့်အဖြူ၊ ဆန်ချော စားမယ့်အစား ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို စတာတွေကို ဦးစားပေးစားသုံးသင့်ပါတယ်။အသားများနဲ့ ပဲများဟာ ပရိုတိန်းကြွယ်ဝတဲ့ ရင်းမြစ်များ ဖြစ်ပါတယ်။ ပရိုတိန်းဟာ ကြွက်သားများနဲ့ ဦးနှောက် ဖွံ့ဖြိုးရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ အမဲသား စတဲ့ အသားများကတော့ အကောင်းဆုံးပါပဲ။ အခွံမာသီးများဟာလည်း ပရိုတိန်းကြွယ်ဝပါတယ်။ ပဲအမျိုးမျိုး၊ နေကြာစေ့၊ သစ်ကြားသီး၊ တိုဖူး စတာတွေဟာလည်း ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။နို့ထွက်ပစ္စည်းများဟာ ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ တခြားအာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ ဒါပေမယ့် အဆီများလည်း များပါတယ်။ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဉ်ကို ဦးစားပေး စားသုံးသင့်ပါတယ်။ အပင်ကနေ ထုတ်လုပ်ထားတဲ့ နို့တွေဖြစ်တဲ့ နှမ်းကြတ်စေ့နို့၊ ပဲပိစပ်နို့ စတာတွေမှလြည်း ကယ်လ်ဆီယမ်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ အားဖြည့်ထားလို့ နွားနို့အစားထိုး သုံးစွဲနိုင်ပါတယ်။ဆီကိုတော့ သတိပြုသုံးစွဲရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီများ (ဥပမာ သံလွင်ဆီ) ကို ဦးစားပေးသုံးစွဲသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဆီနဲ့ ကြာကြာကြော်ထားတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/health-balanced-diet/
ဒူးရင်းဩဇာ နဲ့ ကျန်းမာရေး
မြင်နေကျ အသီးတွေလိုမဟုတ်ဘဲ အခွံစိမ်းစိမ်းပေါ်မှာ အဆူးလေးတွေ ပါပြီး အတွင်းသား ဖြူဖြူလေးနဲ့ အစေ့ မဲမဲလေး ပါတဲ့ ဒူးရင်းဩဇာသီးက ပုံမှန်တော့ စားမိခဲနိုင်ပါတယ်။ အရသာက စတော်ဘယ်ရီ၊ နာနတ်သီး နဲ့ အချဉ်သီး တစ်မျိုးမျိုး ပေါင်းစပ်ထားတဲ့ အရသာမျိုး ဖြစ်ပြီး ဖျော်ပဲ သောက်သောက်၊ ဒီအတိုင်းပဲ စားစား အရသာ ကောင်းတဲ့ ဒူးရင်းဩဇာသီး​လေး ကပေးတဲ့ကျန်းမာရေးအကြောင်း ပြောပြပေးပါရစေ။ဒူးရင်းဩဇာမှာ။အခွံစိမ်းမှာ ဆူးလေးတွေပါတဲ့ ဒူးရင်းဩဇာသီးက။ကင်ဆာကာကွယ်ပေးတယ်။၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ဒူးရင်းဩဇာသီး အပါအဝင် ဒူးရင်းဩဇာပင် ကနေရတဲ့ အဆီအနှစ်က ကင်ဆာ ကာကွယ်ပေးနိုင်စွမ်း ရှိတယ်၊ လို့လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ကင်ဆာ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ ရပါတယ်။အစာ​ကြေစေတယ်။အမျှင်ဓာတ် ကြွယ်ဝတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒူးရင်းဩဇာသီးက ဆီးကနေတဆင့် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို စွန့်ထုတ်ပေးသလို ဝမ်းမှန်စေပြီးအူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။အစာခြေစနစ်မှာ အနာတွေ ရှိရင်လည်း သက်သာစေပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။ဒူးရင်းဩဇာသီးမှာလည်း အခြား အသီးတွေလိုပဲ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝနေတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ကျဆင်းစေတယ်။လေ့လာမှုတွေအရ ဒူးရင်းဩဇာက ဆီးချိုရှိသူတွေမှာ သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ဆီးချိုရှိသူတွေ အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ်ဆိုရင် ဒူးရင်းဩဇာသီးကို စားသုံးပေးလို့ ရပါတယ်။သွေးပေါင်ချိန်ထိန်းညှိပေးတယ်။ဒူးရင်းဩဇာသီးက သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ နှလုံးခုန်နှုန်း မှန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးနှလုံးကျန်းမာစေတဲ့အပြင်လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးပါတယ်။အစာခြေစနစ် တစ်လျှောက်ကအနာတွေကို သက်သာစေတယ်။ဒူးရင်းဩဇာသီးကို စားပေးတာက ပါးစပ်၊ အစာအိမ်နံရံ၊ အစာရေမျို၊ အူ၊ အူသိမ်တွေထဲမှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အစာခြေစနစ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိစေဖို့လည်း ကာကွယ်ပေးပါတယ်။ရေယုန်သက်သာစေတယ်။ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လိင်အင်္ဂါ နဲ့နှုတ်ခမ်းတစ်ဝိုက်မှာ ပေါက်တဲ့ ရေယုန်တွေကို သက်သာစေဖို့ အတွက်လည်း ဒူးရင်းဩဇာကို စားပေးလို့ရပါတယ်။ ဒူးရင်းဩဇာသီးရဲ့ သတ္တုရည်က ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း ဒူးရင်းဩဇာသီးလေး စားပြီး ကျန်းမာအောင် နေလိုက်ကြရအောင်လား…………။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/soursop-nutrition-facts-and-health-benefits/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/dengue/dengue/
ကြို့ထိုး ခြင်း ပြဿနာ
လူတိုင်းနီးပါးကြို့ထိုးတဲ့ပြဿနာကို ကြုံဖူးကြမယ်လို့ထင်ပါတယ်။ တစ်ခါနှစ်ခါ ကြို့ထိုးတဲ့အခါ ပြသနာမရှိပေမယ့် အချိန်အကြာကြီး ခဏခဏ ဖြစ်လာတဲ့အခါ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါတယ်။ အစားအစာတွေ အများကြီးတစ်ခါတည်း စားမိတဲ့အခါ၊ အမြန်စားမိတဲ့အခါ၊ gas ပါတဲ့ အချိုရည်တွေကို သောက်တဲ့အခါ၊စိတ်လှုပ်ရှားတဲ့အခါ၊စိတ်ဖိစီးမှုများတဲ့အခါ စတဲ့ အချိန်တွေမှာလည်း ကြို့ထိုးနိုင်တာကြောင့် လူတိုင်းမကြာခဏ တွေ့ကြုံကြရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ ကြို့ထိုးတာက အကြာကြီးဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကြို့ထိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။အသက်ရှူသွင်းရှူထုတ်တဲ့ လုပ်ငန်းမှာ အရေးပါတဲ့ diaphragm လို့ခေါ်တဲ့ ကြွက်သားလေးတွေကို လှုံ့ဆော်မှုဖြစ်သွားတာကြောင့် ကြို့ထိုးရတာပါ။ diaphragm ဆိုတာကတော့ ရင်ဘတ်ကြီးနဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ခြားထားပေးတဲ့ ကြွက်သားလေးတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ ကြွက်သားလေးတွေဟာ အသက်ရှုသွင်းတဲ့ အချိန်မှာ လေတွေ ကောင်းကောင်းဝင်လာနိုင်ဖို့ ကျုံ့ပေးပြီး အသက်ရှုထုတ်တဲ့ အချိန်မှာတော့ လေတွေ နှာခေါင်း၊ ပါးစပ်ကနေ ထွက်သွားနိုင်ဖို့အတွက် ကြွက်သားတွေကို ဖြေလျော့ပေးပါတယ်။ တစ်စုံတစ်ခုက အဲဒီရင်ဝမ်းခြားကြွက်သားလေးတွေကို လှုံ့ဆော်လိုက်တဲ့အခါ ကျုံ့သွားပြီး လေတွေကို လေပြွန်ထဲကို အတင်းစုပ်ယူလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဝင်လာတဲ့လေတွေက ရုတ်တရက် အသံအိုးကို ထိပြီး ကြို့ထိုးသံထွက်လာစေပါတယ်။အရှေ့မှာဖော်ပြခဲ့သလို စိတ်ခံစားချက်တွေနဲ့ အစားအသောက်စတာတွေကြောင့်လည်း ကြို့ထိုးတာကို ဖြစ်စေနိုင်တဲ့အပြင် အချို့သော ရောဂါတွေကြောင့်လည်း ကြို့ထိုးတာတွေ ဖြစ်နိုင်ပါတယ်။ဥပမာ-လေဖြတ်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း၊အတက်ရောဂါစတဲ့ ဦးနှောက်နှင့်အာရုံကြော ရောဂါများ။အူကျွံခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာရေမျိုကင်ဆာ စတဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ။အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ကင်ဆာ၊ TB ပိုးဝင်ခြင်း။ကျောက်ကပ်၊ အသည်းရောဂါတွေ နဲ့ အချို့သော ဆေးဝါးတွေကြောင့်လည်း ကျို့ထိုးနိုင်ပါတယ်။စိတ်ခံစားမှုတွေ၊ အစားသောက်တွေကြောင့် ကြို့ထိုးသလို ခဏတာ မဟုတ်ဘဲ အကြာကြီးဖြစ်လာပြီဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ကြို့ထိုးတာက နည်းနည်းကြာလာပြီး မသက်သာဘဲ စိတ်အနှောင့်ယှက်ဖြစ်လာပြီဆိုရင် ဒီနည်းလေးတွေ စမ်းလုပ်ကြည့်နိုင်ပါတယ်။၁။ မိနစ်အနည်းငယ်လောက်အသက်အောင့်ထားပါ။၂။ရေအေးအေးလေး တစ်ခွက်လောက်ကို အမြန်သောက်ကြည့်ပါ။၃။ စက္ကူအိတ်တစ်ခုထဲကို ရှုသွင်း၊ ရှုထုတ်လုပ်ကြည့်ပါ။၄။ ရေနဲ့ gargle လုပ်ကြည့်၊ ပလုတ်ကျင်းကြည့်ပါ။စတဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ ခဏတာ ကြို့ထိုးတာကြောင့် ဆရာဝန်ပြစရာ လိုလေ့မရှိပါဘူး။ ဒါပေမယ့် ကြို့ထိုးတာက နှစ်ရက်ထပ်ပိုကြာလာပြီး အသက်ရှုရတာ ခက်ခဲလာရင်၊ ကြို့ထိုးတဲ့ ပြသနာကြောင့်အိပ်ရေးပျက်လာရင်၊ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာရင်၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ မောလာတာ၊၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။အချို့လူကြီးတွေက ကြို့အကြာကြီးထိုးရင် သေတတ်တယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ အမှန်တကယ်ကတော့ ကြို့ထိုးတာကြောင့် သေတယ်ဆိုတာထက် ကြို့အကြာကြီးထိုးတဲ့ သူတွေမှာ အရှေ့မှာ ဖော်ပြထားသလို ရောဂါအခံတွေနဲ့ ရောဂါလက္ခဏာတွေ ရှိနိုင်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ဒါ့ကြောင့် အချိန်အကြာကြီး ကြို့ထိုးနေပြီဆိုရင် ကျန်းမာရေးအတွက် alarm လေးတစ်ခုဖြစ်တာကြောင့် မပေါ့ဆကြပဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။ရေးသားသူ – Khine Phoo Ngon။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%91%e1%80%ad%e1%80%af%e1%80%b8-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%bc%e1%80%bf%e1%80%94%e1%80%ac/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pneumothorax-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%94%e1%80%b2-%e1%80%b7%e1%80%9b%e1%80%84%e1%80%b9%e1%80%98%e1%80%90%e1%80%b9%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%81%be%e1%80%80/
အရက်သောက်ချင်ပေမယ့် အရက်နာကျ တာတော့ မကြိုက်ဘူးဆိုရင်
ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့်ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာအရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီလို အရက်သောက်ကြပေမယ့် အရက်နာကျ တာကိုတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာအဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။• မောပန်းတာ၊ အားနည်းတာ။• ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ။•ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ။• မူးဝေတာ၊ အန်တာ၊ ဝမ်းဗိုက်က နာကျင်တာ။•အိပ်ရေးမဝသလို ခံစားရတာ။• အလင်းစူးစူး မခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ။• အခန်းက လည်နေသလို ခေါင်းထဲ မူးဝေနေတာ။• ခြေလက် တုန်တာ။• အာရုံမစူးစိုက်နိုင်တာ။• စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ။•နှလုံးခုန်မြန်တာ စတဲ့ လက္ခဏာတွေ အတွေ့များတယ်။များသောအားဖြင့် ဒီလက္ခဏာတွေကိုအရက်သောက်ပြီး တရေးတမောအိပ်ပြီးလို့ မနက်နိုးထလာတဲ့အခါ မှသာ ခံစားရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ထဲမှာ အရက်ထဲက အယ်လ်ကိုဟောအဆိပ်တွေ တော်တော်များများ ကျန်ရစ်နေခဲ့တာကြောင့် အရက်နာကျ တဲ့ လက္ခဏာတွေ ဖြစ်လာရတာပါ။ဒီနည်းလမ်းတွေက တစ်ခါတလေအရက်သောက်ပြီးလို့ နောက်နေ့မှာ အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်မလာစေအောင်၊ ပေါ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အရက်သောက်တဲ့ အကြိမ်တိုင်းတော့ အရက်နာမကျအောင် လုပ်လို့ မရပါဘူး။၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။၂။ အဆီအစိမ့်စားပေးပါ။အဆီများတဲ့ အစားအစာတွေက ခန္ဓာကိုယ်ကအရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။၃။ ရေသောက်ပါ။အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျ တဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။အရက်သောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ်က ကမောက်ကမဖြစ်ပြီး အပူချိန်ထိန်းဖို့ ခက်တာရော၊ အသည်းက အရက်ကို ချေဖျက်ဖို့ အလုပ်ပိုလုပ်ရတာရော၊ သွေးကြောတွေ ကျယ်ပြီး အရေပြားဆီကို အပူတွေ ပိုရောက်တာကြောင့်ရော အရက်သောက်ပြီးရင် လူက ပူနွေးသလိုလို ခံစားရပါတယ်။ အရက်အာနိသင်ကုန်သွားရင် ပြန်သက်သာသွားနိုင်ပေမယ့် ရေများများသောက်တာကလည်း ဒါကို သက်သာစေနိုင်ပါတယ်။၄။ ဆေးလိပ်လျှော့သောက်ပါ။ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် တတ်နိုင်ရင် မသောက်ပါနဲ့။ မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။၅။ အချဉ်တစ်ခုခု စားပေးပါ။အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။၁။ တန်ဆေး၊ လွန်ဘေးအနေနဲ့ အရက်ကို သင့်တော်ရုံသာသောက်ပါ။၂။ ညတိုင်း အရက်သောက်တာမျိုးကို ရှောင်ပေးပါ။၃။ အရက်သောက်ပြီးသွားရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ပုံမှန်အိပ်နေကျ အိပ်ချိန်ထက် ပိုအိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။၄။အစာစားချင်စိတ်မရှိရင်၊ အန်ချင်သလို ဖြစ်နေရင်လည်း မနက်စာကို အလွတ်မခံပါနဲ့။၅။ အစာစားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရာတွေကို အဓိကစားပေးပါ။၆။ ရေကို များများသောက်ပြီး ဆီးများများသွားပေးပါ။ ဒါမှ ကိုယ်သောက်ခဲ့တဲ့ အရက်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်မှာပါ။၇။ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-to-drink-without-getting-hangover/
သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်းအတွက် သဘာဝကုထုံးများ
သိုင်းရွိုက်ဂလင်းကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် အဓိကကုထုံးကတော့သိုင်းရွိုက်ဟော်မုန်းများ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဆေးဝါးကုထုံးဖြစ်တဲ့အားလျော်စွာ ဘေးထွက်ဆိုးကျိုးများ ရှိခြင်း၊ ဆေးသောက်ဖို့ပျက်ကွက်ရင် ရောဂါလက္ခဏာ ပိုဆိုးလာခြင်း စတာတွေ ကြုံနိုင်ပါတယ်။ တခါတရံမှာ သဘာဝကုထုံးများဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးလည်း ရှိတာကို တွေ့နိုင်ပါတယ်။သဘာဝကုထုံးများရဲ့ ရည်ရွယ်ချက်ကတော့ သိုင်းရွိုက်ပြဿနာနဲ့ရင်းမြစ်ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် စားသောက်ပုံမမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာဟာရမပြည့်ဝခြင်း စတဲ့ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာကတော့ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် သဘာဝကုထုံးနည်းလမ်းများပဲ ဖြစ်ပါတယ်။ဆီလီနီယံဟာ သိုင်းရွိုက်ဟော်မုန်း ဇီဝဖြစ်စဉ်မှာ အရေးပါပါတယ်။ ဆီလီနီယံကြွယ်ဝတဲ့ အားအစာတွေကတော့။– တူနာငါး။– ကြက်ဆင်သား။– Brazil nut။– အမဲသား စတာတွေ ဖြစ်ပါတယ်။ဟာရှီမိုတို သိုင်းရွိုက်ရောဂါမှာ ကိုယ်ခံအားစနစ်ဟာ သိုင်းရွိုက်ကိုတိုက်ခိုက်ပြီး ကိုယ်ခန္ဓာရဲ့ဆီလီနီယံ ရရှိမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆီလီနီယံကို ဖြည့်စွက်စားသုံးပေးခြင်းဟာ thyroxine (T4) ဟော်မုန်းကို ဟန်ချက်ညီအောင် ကူညီပေးပါတယ်။ သုံးစွဲရမယ့် ဆီလီနီယံပမာဏကိုတော့ နားလည်တတ်ကျွမ်းသူတွေဆီမှာ မေးမြန်းတိုင်ပင်သင့်ပါတယ်။သကြားများတဲ့၊ စားကောင်းစေဖို့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေပြီး T4 ဟော်မုန်းကနေ T3 အဖြစ်ပြောင်းလဲဖို့ နှေးကွေးသွားစေပါတယ်။ အဲဒီအခါ သိုင်းရွိုက်ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာပါတယ်။ စားနေကြ အစားအသောက်ထဲကနေ သကြားဓာတ်ကို ဖယ်ထုတ်ခြင်းဟာ ဖိစီးမှုပမာဏနဲ့ အရေပြားအတွက်လည်း အကျိုးရှိပါတယ်။ နေ့စဉ် စားနေကြ အစားအစာကနေ သကြားကို ဖယ်ထုတ်ဖို့ရာ မလွယ်ပါဘူး။ ဒါပေမယ့် သိုင်းရွိုက်ရောဂါအတွက် အကျိုးရှိတာမို့ ကြိုးစားသင့်ပါတယ်။ဗီတာမင် ဖြည့်စွက်စာတချို့ကို စားသုံးပေးခြင်းဟာ သိုင်းရွိုက်ကို အကျိုးဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဗီတာမင် B12 ပမာဏအပေါ် သက်ရောက်မှု ရှိပါတယ်။ ဗီတာမင် B12 သုံးစွဲပေးခြင်းဟာ သိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ထိခိုက်မှုအချို့ကို ပြုပြင်ပေးနိုင်ပါတယ်။ဗီတာမင် B12 ဟာ သိုင်းရွိုက်ပြဿနာကြောင့်ဖြစ်တတ်တဲ့ မောပန်းနွမ်းနယ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာဟာ ဗီတာမင် B1 ပမာဏကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဗီတာမင် B အုပ်စုကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့။– ပဲအမျိုးမျိုး။– ကညွတ်။– နှမ်းစေ့။– တူနာငါး။– ချိစ်။– နို့။– ဥအမျိုးမျိုး စတာတွေကို စားသုံးပေးသင့်ပါတယ်။များသောအားဖြင့် ဗီတာမင် B12 ဟာ လူတိုင်းလိုလိုနဲ့ တည့်ပါတယ်။ ဘယ်လောက်သုံးစွဲသင့်တယ် ဆိုတာကိုတော့ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းနဲ့ အူသိမ်ပြဿနာတွေအကြား ဆက်စပ်မှု ရှိပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုပြောင်းလဲတတ်ခြင်းကို သိုင်းရွိုက်အလုပ်လုပ်နည်းခြင်းမှာ တွေ့ရတတ်ပါတယ်။ အူလမ်းကြောင်းဘက်တီးရီးယား ပိုမိုပေါက်ပွားခြင်းကို ဖြစ်ပေါ်စေပြီး နာတာရှည်အူလမ်းကြောင်းပြဿနာတွေ (ဥပမာ ဝမ်းပျက်ခြင်း) ကို ဖြစ်ပေါ်စေပါတယ်။ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ Probiotic ဓာတ်စာများဟာ အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေကို များပြားလာစေပြီး အူလမ်းကြောင်းကို အကျိုးပြုပါတယ်။ ဒါ့အပြင် ဒိန်ခဲ၊ ဒိန်ချဉ် စတာတွေကိုလည်း စားသုံးနိုင်ပါတယ်။ဂလူတန်ဟာ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ရောဂါရှိသူအများစုမှာ Celiac ရောဂါပါရှိတတ်ကြပြီး အဆိုပါရောဂါဟာအစာခြေလမ်းကြောင်းပြဿနာဖြစ်ပြီး ဂလူတန်ကနေ ကိုယ်ခံစွမ်းအားကို နှိုးဆွလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ဟာရှီမိုတိုသိုင်းရွိုက်ရောဂါနဲ့ သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်း ပြဿနာ ရှိသူတွေမှာ ဂျုံနဲ့ ဂလူတန်ပါတဲ့ တခြားအစားအစာတွေကို ရှောင်လိုက်ရင် သက်သာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုခိုင်မာစေဖို့ သုတေသနတွေ လိုအပ်ပါသေးတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/natural-remedies-for-hypothyroidism/
ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ
မြန်မာဆိုရိုးစကားမှာတန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံရှိပါတယ်။အစားအစာများနဲ့ ပတ်သက်ရင် အချို့သော အစားအစာများဟာ အာဟာရဓာတ်ကြွယ်ဝပြီး နေ့စဉ်စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲစွာစားသုံးမိရင် ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။ယခုဖော်ပြမှာကတော့ ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေအကြောင်းပဲ ဖြစ်ပါတယ်။Omega 3 ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဒါကြောင့် Omega 3 ကို ဆေးဝါးပုံစံနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် Omega 3 သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်ရက်ကို ၁-၆ ဂရမ်နှုန်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက်ကျော်လွန်သွားပြီး တစ်ရက်မှာ ၁၃-၁၄ ဂရမ်ခန့် သုံးစွဲမိပြီဆိုရင်တော့ သွေးကျဲစေတဲ့ အာနိသင်ဖြစ်ပေါ်စေပါတယ်။ဒါကြောင့် သွေးထွက်လွယ်သူတွေ၊ သွေးကျဲဆေး ပုံမှန်သောက်နေသူတွေအနေနဲ့ ဒီအချက်ကို သတိပြုရပါမယ်။ ဒါ့အပြင် ငါးကြီးဆီကို သုံးစွဲမှုများပြားရင် ဗီတာမင် A ရရှိမှု ပိုမိုများပြားလာပြီး အဆိပ်သင့်တဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ကလေးများနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုမိုသတိပြုရပါမယ်။တူနာငါးဟာ အဆီဓာတ်ကြွယ်ဝတဲ့ ငါးတစ်မျိုးဖြစ်ပြီး Omega 3 နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပါတယ်။ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တူနာငါးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကတဆင့် ရရှိတဲ့ မီသိုင်းမာကျူရီပါဝင်မှု များပါတယ်။ မီသိုင်းမာကျူရီဟာ အာရုံကြောကို ဒုက္ခပေးတတ်ပါတယ်။ ကလေးများ ဖွံ့ဖြိုးမှုနှေးခြင်း၊ အမြင်အာရုံပြဿနာရှိခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထိန်းညှိလုပ်ဆောင်နိုင်မှုအားနည်းခြင်း၊ အကြားစွမ်းရည် အပြောစွမ်းရည် အားနည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။မီသိုင်းမာကျူရီကို ကိုယ်ခန္ဓာက လက်ခံနိုင်တဲ့ပမာဏဟာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ဝ.၁ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဒီထက်ကျော်ရင် ဘေးဥပဒ်ဖြစ်စေပါတယ်။ သဘောကတော့ ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ် (၅၅ ပေါင်) ရှိတဲ့ ကလေးတယောက်ဟာ ၁၉ ရက်အတွင်းမှာ တူနာငါးကို ၇၅ ဂရမ်ထိပဲ စားသင့်ပါတယ်။ အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မာကျူရီပါတဲ့ ပင်လယ်ငါးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မစားသင့်ပါဘူး။သစ်ကြံပိုးကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ တစ်ကမ္ဘာလုံးမှာသုံးကြပြီး ဆေးဘက်ဝင်အာနိသင်လည်း ရှိပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။ဒါပေမယ့် သစ်ကြံပိုးမှာပါဝင်တဲ့ ကော်မရင် (coumarin) ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ပမာဏများရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကော်မရင်ကို တစ်နေ့တာသုံးစွဲသင့်တဲ့ နှုန်းကတော့ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဝ.၁ မီလီဂရမ် ဖြစ်ပါတယ်။ ဒီထက်များသွားရင် အသည်းကိုထိခိုက်ခြင်း၊ကင်ဆာဖြစ်ခြင်းစတဲ့ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။ဇာတိပ္ဖိုလ်သီးဟာ အရသာထူးခြားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြပါတယ်။ ဇာတိပ္ဖိုလ်သီးမှာပါဝင်တဲ့ မိုင်ရီစတီဆင်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ စိတ်ကို နှိုးဆွပေးနိုင်ပြီး ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် မိုင်ရီစတီဆင်ဓာတ် လွန်ကဲလာရင်တော့ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ပျို့အန်ခြင်း၊ မူးခြင်း၊ အာရုံမှားခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးကို တစ်ကြိမ်တည်းမှာ ၁၀ ဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ပါဘူး။ကော်ဖီဟာ ကမ္ဘာတစ်လွှားမှာ လူကြိုက်အများဆုံး စားသောက်ဖွယ်ရာစာရင်းဝင် ဖြစ်ပါတယ်။ ကော်ဖီမှာ အာရုံကြောစနစ်ကို နိုးကြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝပါတယ်။ ကဖိန်းကို တစ်နေ့တာ သုံးစွဲသင့်တဲ့ ပမာဏကတော့ ၄၀၀ မီလီဂရမ် ဖြစ်ပါတယ်။ကဖိန်းကို ၅၀၀-၆၀၀ မီလီဂရမ်ထက် ကျော်လွန်ပြီး သောက်သုံးရင်တော့ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်ဆတ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြွက်သားများတုန်ခြင်း စတဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကော်ဖီရဲ့ အာနိသင်ဟာ လူတယောက်ချင်းစီအလိုက် သက်ရောက်ပုံချင်းတော့ မတူပါဘူး။ ကော်ဖီချစ်သူများအနေနဲ့ ချင့်ချိန်သောက်သုံးရမှာ ဖြစ်ပါတယ်။တိရစ္ဆာန်များရဲ့ ကလီစာများအနက် အသည်းဟာ အာဟာရဓာတ်အများဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B12 နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ အသည်းဟာ အာဟာရဓာတ်ကြွယ်ဝပေမယ့် အလွန်အကျွံစားသုံးမိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဥပမာ အမဲအသည်း ၁၀၀ ဂရမ်မှာ ဗီတာမင် A နဲ့ ကြေးနီဓာတ်ဟာ တစ်နေ့တာ လိုအပ်ချက်ရဲ့ခြောက်ဆအထိ ပါဝင်တတ်ပါတယ်။ ဗီတာမင် A လွန်ကဲမှုဖြစ်တဲ့အခါ အမြင်အာရုံပြဿနာဖြစ်ခြင်း၊ အရိုးများနာကျင်ခြင်း၊ ကျိုးနိုင်ခြေများခြင်း၊ ပျို့အန်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။Brazil nuts ဟာ ဆီလီနီယံဓာတ် ကြွယ်ဝပါတယ်။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပမာဏကတော့ ၅၀-၇၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဆီလီနီယံဓာတ်ဟာ ကျန်းမာရေးကို အထောက်အကူပြုပေမယ့် လွန်ကဲသွားရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လက်သည်းခြေသည်းများ ဆံပင်များကျွတ်ခြင်း၊ အစာအိမ်အူလမ်းကြောင်းပြဿနာများဖြစ်ခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း တစာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီလီနီယံကို တစ်ရက်မှာ ၃၀၀ မီလီဂရမ်ထက် မကျော်သင့်ပါဘူး။ တနည်းပြောရရင် Brazil nut ၄-၅ ခုထက် ပိုမစားသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/health-foods-harmful-in-large-amounts/
ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို ရှောင်သင့်သလား
အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်မှာ မိတ်ဆွေသူငယ်ချင်းများဆီက၊ မိသားစုဝင်များထံက အကြံဉာဏ်ပေးတာတွေ ကြုံရပါတယ်။ အကြံဉာဏ်တချို့ဟာ တန်ဖိုးရှိပေမယ့် မှားယွင်းတဲ့ အချက်အလက်တွေလည်း ရှိနေတယ်ဆိုတာ သတိပြုရပါမယ်။ ဥပမာ ကိုယ်ဝန်ဆောင်ချိန်မှာနာနတ်သီးစားမယ်ဆိုရင် ကိုယ်ဝန်ပျက်တတ်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရသာရောအာဟာရဓာတ်ရော ပြည့်စုံတဲ့အသီးကို ၉လလုံးလုံး မရှောင်ခင်မှာ အောက်ပါအချက်တွေကို ဖတ်ရှုစေလိုပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားနိုင်ပါတယ်။ တချို့ကတော့ ကိုယ်ဝန်စောပြီး ပျက်ကျတတ်လို့ နာနတ်သီးကိုရှောင်ဖို့ အကြံပြုကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အထောက်အထား မခိုင်မာပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးက ဘေးဥပါဒ်ဖြစ်စေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားလည်း မရှိပါဘူး။ ဒါဟာ ကောလာဟလသက်သက်လို့ ဆိုနိုင်ပါတယ်။နာနတ်သီးရဲ့ထူးခြားချက်တခုကတော့ သူ့ဆီမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ကြွယ်ဝပါတယ်။ ဘရိုမီလိန်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးစွဲသင့်ဘူးလို့ ဆိုကြပါတယ်။ကိုယ်ခန္ဓာထဲက ပရိုတိန်းတွေကို ဖြိုခွဲတဲ့အတွက်ကြောင့် ပုံမှန်မဟုတ်တဲ့ သွေးယိုခြင်းတွေ ဖြစ်နိုင်ပါတယ်။နာနတ်သီးမှာ ဘရိုမီလိန်းပါဝင်တယ်ဆိုပေမယ့် စားသုံးချိန်မှာ ရရှိတဲ့ပမာဏဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ကိုယ်ဝန်ကို ထိခိုက်စေလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်ကို အုပ်စုကြီးငါးခု ခွဲထားပါတယ်။ ၎င်းတို့ကတော့။– အသီးအရွက်များ။– သစ်သီးများ။– နို့ထွက်ပစ္စည်းများ။– အစေ့အဆန်များ။– ပရိုတိန်းရင်းမြစ်များ (အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး) စတာတွေပဲ ဖြစ်ပါတယ်။အဆိုပါအုပ်စုများက အစားအစာများဟာ ကလေးငယ်ကို ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေးပါတယ်။ အာဟာရဓာတ်တွေ အကောင်းဆုံးရအောင် အဆိုပါစားသောက်ဖွယ်ရာတွေကို ညီညွတ်မျှတစွာ စားသောက်ရပါမယ်။ မိမိရဲ့အသက်အရွယ်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုပမာဏ စတာတွေပေါ် မူတည်ပြီး စားသုံးနိုင်ရင် ပိုကောင်းပါတယ်။ဥပမာအားဖြင့် အသက် ၃၀ အရွယ် အရပ် ၅ပေ၄လက်မနဲ့ ကိုယ်အလေးချိန် ၁၄၀ ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ပထမသုံးလတာကာလမှာ တစ်ရက်ကို အသီးအနှံ လေးခွက်ခန့် အနည်းဆုံးစားသင့်ကြောင်း ဆိုထားပါတယ်။ အရပ်နဲ့ကိုယ်အလေးချိန်ပိုများသူတွေဆိုရင် ပိုမိုစားသင့်ကြောင်း သိရပါတယ်။နာနတ်သီးတစ်ခွက်စာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ပမာဏ အပြည့်အဝပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဗီတာမင် B6 စတာတွေလည်း ကြွယ်ဝပါတယ်။ အဆိုပါအာဟာရဓာတ်များဟာ ကလေးငယ်ကောင်းစွာ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားခြင်းဟာ အများစိုးရိမ်နေသလို ကလေးပျက်ကျခြင်း မဖြစ်စေပါဘူး။ ဒါပေမယ့် များများစားခဲ့ရင်ဘေးထွက်ဆိုးကျိုးအချို့ရှိပါတယ်။ ဥပမာ အစာအိမ်အတွင်း အချဉ်ဓာတ်များရာကနေ ပြန်လျှံတက်ပြီး ရင်ပူနေခြင်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်ကို ရှောင်နိုင်ဖို့ သင့်တော်တဲ့ပမာဏလောက်သာ စားသုံးသင့်ပါတယ်။ နောက်တခုက ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေပါပဲ။ခြုံပြောရရင် ကိုယ်ဝန်ဆောင်လာလမှာ နာနတ်သီးစားခြင်းဟာ အများသူငါပြောဆိုနေသလို ကိုယ်ဝန်ပျက်ခြင်း မဖြစ်စေတဲ့အပြင်မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေတောင် ရရှိစေပါလိမ့်မယ်။တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်စားသုံးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/health-pregnancy-pineapple/
Ebola Virus (အီဘိုလာရောဂါ)
အီဘိုလာရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါအပြင်းစားတစ်မျိုးဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားငါးမျိုးရှိပြီးဒီအထဲကလေးမျိုးကလူကိုကူးစက်နိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ခန္ဓါကိုယ်ထဲဝင်လာတဲ့အခါခုခံအားစနစ်နဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။သွေးခဲအောင်လုပ်ပေးနိုင်တဲ့ဆဲလ်တွေပျက်စီးနည်းပါးသွားတာမို့ ပြင်းထန်ဆိုးရွားတဲ့သွေးယိုစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်မှုနှုန်း မြင့်မားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာအသက်ဆုံးရှုံးခဲ့ရတာမို့သင့်မှာအီဘိုလာရဲ့ရောဂါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ဆေးကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။အီဘိုလာဟာ ရှားပါးဖြစ်ခဲတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်လိုက်ရင်လည်း အင်မတန် ပြင်းထန်ပါတယ်။ အများအားဖြင့် အာဖရိကတိုက်မှာ ဖြစ်လေ့ရှိပေမယ့် တခြားနေရာတွေမှာလည်း တွေ့ရှိစ ပြုလာပြီ ဖြစ်ပါတယ်။မကြာသေးခင်ကပဲ အာဖရိကတိုက်မှာ အီဘိုလာရောဂါကပ်အသွင် ဖြစ်သွားခဲ့ပါသေးတယ်။ သင့်အနေနဲ့အာဖရိကတိုက်ဖက်ကို ခရီးသွားစရာရှိမယ်ဆိုရင် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ ကျားမမရွေးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။အီဘိုလာ ဒါမှမဟုတ် Marburg ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ အလျင်အမြန်စတင်ထွက်ပေါ်လာပါတယ်။ကနဦးရောဂါလက္ခဏာတွေက။• အဖျားတက်ခြင်း။• ခေါင်းအရမ်းကိုက်ခြင်း။• အဆစ်အမြစ်တွေ၊ ကြွက်သားတွေနာကျင်ကိုက်ခဲခြင်း။• ချမ်းတုန်ခြင်း။• အားနည်းခြင်းစတာတွေပဲ ဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့ အမျှရောဂါလက္ခဏာတွေက ပြင်းထန်လာပါလိမ့်မယ်။အဆိုပါ ပြင်းထန်တဲ့ လက္ခဏာတွေက။• ပျို့အန်ခြင်း။• ဝမ်းလျှောခြင်း (သွေးဝမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်)။• မျက်စိနီရဲတာ။• အနီစက်တွေအများကြီးထွက်လာခြင်း။• ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း။• ဗိုက်အောင့်ခြင်း။• ကိုယ်အလေးချိန် အလွန်အကျွံကျဆင်းခြင်း။• ခန္ဓါကိုယ်တွင်းသွေးယိုစီးခြင်း။• မျက်လုံးထဲကနေ သွေးတွေထွက်ခြင်း၊ သွေးခြည်ဥခြင်း (သေခါနီးလူနာတွေမှာဆိုရင် ခန္ဓါကိုယ်ရဲ့ ဒွာရပေါက်တွေအားလုံးကနေ သွေးတွေယိုစီးလာပါမယ်)။အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆေးရုံကိုအရင်သတင်းပို့အကြောင်းကြားပြီးမှ သွားပါ။ ဒီလိုကြိုတင်အကြောင်းကြားထားမယ်ဆိုရင် အရေးပေါ်ကုသမှုအဖွဲ့အနေနဲ့သင့်ကို ပိုမိုထိရောက်စွာကုသမှုပေးနိုင်မှာ ဖြစ်တဲ့အပြင် တခြားလူတွေဆီ ကူးစက်မှာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။တကယ်လို့ သင့်မှာအောက်ဖော်ပြပါရောဂါလက္ခဏာတွေရှိနေရင် ဆရာဝန်ထံချက်ချင်းအကြောင်းကြားပါ။• သင့်အနေနဲ့ဗိုင်းရပ်စ်ပိုးနဲ့ထိတွေ့မှုရှိကောင်းရှိခဲ့ပြီး တုပ်ကွေးလိုလက္ခဏာတွေပေါ်လာခြင်း။• ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူနဲ့နီးနီးကပ်ကပ်ထိတွေ့ခဲ့ခြင်း။ရောဂါလက္ခဏာတွေကို ဂရုတစိုက်ကုသဖို့လိုအပ်သလို တခြားသူတွေဆီရောဂါမကူးအောင်လည်း နေထိုင်ရမှာ ဖြစ်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ကို အာဖရိကမျောက်၊ ချင်ပန်ဇီနဲ့ တခြားနို့တိုက် သတ္တဝါတွေမှာ တွေ့ရပါတယ်။ သိပ်မဆိုးရွားတဲ့ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားတစ်ခုကို ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မျောက်တွေနဲ့ဝက်တွေမှာတွေ့ရပါတယ်။တိရိစ္တာန်ကနေလူကိုကူးစက်ခြင်း။ရောဂါပိုးကူးစက်ခံနေရတဲ့ တိရိစ္ဆာန်တွေက ထွက်တဲ့အရည်တွေကတဆင့် လူတွေဆီကို ကူးစက်တတ်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။ ဥပမာ-။•သွေး။ပိုးကူးစက်ခံနေရတဲ့ သတ္တဝါတွေကို သတ်ခြင်း၊ စားခြင်းတွေကတဆင့် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။ ပိုးကူးစက်ခံနေရတဲ့တိရိစ္ဆာန်တွေကို ခွဲစိတ်ပြီး သုတေသနပြုလေ့လာကြတဲ့ သိပ္ပံပညာရှင်အချို့လည်းေ ရာဂါပိုးကူးစက်ခံရနိုင်ပါတယ်။•အညစ်အကြေး။ အာဖရိကတောနက်ထဲမှာရှိတဲ့ လိုဏ်ဂူတွေထဲ သွားလေ့လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ၊ မြေအောက်မိုင်းတွင်းတွေထဲမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေအနေနဲ့မစင်အညစ်အကြေးတွေ၊ သေးတွေ ဒါမှမဟုတ် ရောဂါကူးစက်နေတဲ့ လင်းနို့တွေကနေတဆင့် Marburg ဗိုင်းရပ်စ် ကူးစက်ခြင်းခံရနိုင်ပါတယ်။လူတစ်ယောက်ကနေတစ်ယောက်သို့ ကူးစက်ခြင်း။ရောဂါပိုးကူးစက်ခံထားရသူတွေအနေနဲ့ရောဂါလက္ခဏာတွေပေါ်မလာမချင်း တခြားသူကို ကူးစက်နိုင်စွမ်းမရှိတတ်ပါဘူး။ ဝေဒနာခံစားနေရသူကိုပုစုကုသပေးရင်းဒါမှမဟုတ်သေဆုံးသွားရင်သဂြိုၤလ်ဖို့ပြင်ဆင်ရင်းမိသားစုဝင်တွေအနေနဲ့ရောဂါပိုးကူးစက်ခံရ။တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။မျက်နှာဖုံး၊ လက်အိပ်တို့လို အကာအကွယ်တွေကို အသုံးမပြုဘူးဆိုရင် ဆေးဝါးကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။အာဖရိကမှာရှိတဲ့ဆေးရုံ၊ ဆေးပေးခန်းတွေဟာ ဆင်းရဲတဲ့အတွက် ဆေးထိုးအပ်တွေကို ပြန်သုံးစွဲလေ့ရှိပြီး ဒီအချက်ကြောင့်ပဲ ဆိုးရွားပြင်းထန်လှတဲ့ အီဘိုလာကပ်ရောဂါတွေ ဖြစ်ပွားရတာပဲ ဖြစ်ပါတယ်။ အင်းဆက်ပိုးမွှား ကိုက်ခံရတာကနေ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရတာမျိုးတော့ မတွေ့ရှိရသေးပါဘူး။ပုံမှန်အားဖြင့် လူအများစုအတွက် အီဘိုလာရောဂါကူးစက်ခံရနိုင်ချေ အင်မတန်နည်းပါးပါတယ်။ အကယ်၍ အောက်ပါအချက်တွေ ပြုလုပ်မယ်ဆိုရင်တော့ ရောဂါဖြစ်ပွားနိုင်ချေများလာမှာပဲ ဖြစ်ပါတယ်။•အာဖရိကကိုခရီးသွားခြင်း။အီဘိုလာ(သို့) Marburg ဗိုင်းရပ်စ်ကပ်ရောဂါအသွင်ဖြစ်ပွားတဲ့နေရာဒေသတွေမှာ အလုပ်လုပ်ခြင်း ဒါမှမဟုတ် သွားရောက်လည်ပတ်ခြင်း။•တိရိစ္ဆာန်တွေကိုလေ့လာသုတေသန ပြုလုပ်ခြင်း။အာဖရိက ဒါမှမဟုတ် ဖိလစ်ပိုင်က တင်သွင်းရောက်ရှိလာတဲ့ မျောက်တွေနဲ့ထိတွေ့ကိုင်တွယ် သုတေသနပြုခြင်း။•ရောဂါဖြစ်ပွားသူကို ပြုစုကုသပေးခြင်း။ရောဂါကူးစက်နေတဲ့ မိသားစုဝင်ကို ပြုစုပေးမယ်ဆိုရင် ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လက်အိတ်၊ မျက်နှာဖုံးအစရှိတဲ့ အကာအကွယ်တွေမပါဘဲ ရောဂါဖြစ်နေသူကို ကိုင်တွယ်ကုသခြင်း။•သြင်္ဂိုလ်ဖို့အတွက် ပြင်ဆင်ပေးခြင်း။အီဘိုလာ(သို့) Marburg ဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသူတွေရဲ့ ခန္ဓါကိုယ်ဟာ ရောဂါပိုးကို ဖြန့်ဝေနိုင်သေးတာကြောင့် သူတို့ကို မြှုပ်နှံဖို့ပြင်ဆင်ပေးရင်းနဲ့လည်း ရောဂါကူးစက်နိုင်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။အီဘိုလာရဲ့ ကနဦးလက္ခဏာတွေဟာ အူရောင်ငန်းဖျား ဒါမှမဟုတ် ငှက်ဖျားရောဂါတွေရဲ့လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူတာမို့ရောဂါအတည်ပြုရခက်ခဲပါတယ်။ တကယ်လို့ သင့်မှာ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ ဆရာဝန်တွေက သံသယရှိတယ်ဆိုရင် ဗိုင်းရပ်စ်ပိုးကို အတည်ပြုနိုင်ဖို့အတွက် အောက်ပါသွေးစစ်ဆေးမှုတွေကို လုပ်ဆောင်ပါလိမ့်မယ်။• Enzyme-linked immunosorbent assay (ELISA)။• Reverse transcriptase polymerase chain reaction (PCR)။အီဘိုလာရောဂါအတွက် ကုသစရာနည်းလမ်းမရှိသေးပါ။ သုတေသနပြုလုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ ဆဲလ်တွေကို သုတေသနပြုနေတဲ့ serum အရည်တစ်မျိုးနဲ့ဖျက်ဆီးပစ်ဖို့ ကြိုးစားလျက်ရှိပါတယ်။အီဘိုလာရဲ့ ရောဂါလက္ခဏာတွေကို အောက်ပါနည်းလမ်းတွေနဲ့သက်သာစေပါတယ်။• အရည်ဓါတ်နဲ့ဓါတ်ဆားဓါတ်တွေ မျှတအောင်ပေးခြင်း။• အောက်ဆီဂျင်ပေးခြင်း။• သွေးပေါင်ကို ထိန်းညှိဖို့ဆေးတွေပေးခြင်း။• သွေးသွင်းခြင်း။• တခြားကူးစက်ပိုးတွေကို ကုသခြင်းစသဖြင့် ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/ebola-virus-%e1%80%a1%e1%80%ae%e1%80%98%e1%80%af%e1%80%ad%e1%80%9c%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ
သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို အချိန်ဘယ်လောက်ကြာကြာထိန်းချုပ်ထားနိုင်မလဲဆိုတာဟာ အချက်အလက်များစွာအပေါ် မူတည်ပါတယ်။ဥပမာ။ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေအပြင် သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် သင်ကိုယ်တိုင်ကူညီဆောင်ရွက်ပေးနိုင်တဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေက ပန်းနာထစေပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ဘယ်အရာ(တွေ)က သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလဲဆိုတာ သိနိုင်ဖို့ အချိန်ပေးပြီးလေ့လာရမှာဖြစ်သလို သင့်ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုလည်း စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အချက်တွေကို သိရှိသွားပြီဆိုတာနဲ့ သူတို့ကို ရှောင်ရှားစေခြင်းအားဖြင့် သင့်ကလေးပန်းနာထခြင်းကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။သင့်ကလေးအနေနဲ့ သူ့ရဲ့ ရောဂါအခြေအနေကို အသေအချာ သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်။ အနည်းဆုံးတော့ သင့်ကလေးအနေနဲ့ ဘယ်လိုအရာတွေက ပန်းနာထစေတယ်၊အဆိုပါ အရာတွေကို ဘယ်လိုရှောင်ကျဉ်ရမယ်၊ဆေး ဒါမှမဟုတ် ရှုဆေး inhaler တွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အချက်တွေကို အတိအကျ သိထားသင့်ပါတယ်။သင့်ကလေးပန်းနာထရင် သက်သာသွားအောင် ကူညီပေးနိုင်ဖို့အတွက် ကျောင်းတာဝန်ရှိသူတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း သင့်ကလေးရဲ့ အခြေအနေကို အသိပေးထားရပါမယ်။ပန်းနာရင်ကျပ်အတွက် သင့်ကလေးသုံးစွဲနေရတဲ့ ဆေးတွေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို မိတ္တူကူးပြီး ကျောင်းတာဝန်ရှိသူတွေကို ပေးထားနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။သင့်ကလေး လိုအပ်ကောင်းလိုအပ်လာနိုင်မယ့် ဆေးဝါးတွေကို ကျောင်းသူနာပြုထံပေးအပ်ထားရမှာဖြစ်ပြီး သုံးစွဲပုံကိုလည်း ညွှန်ကြားထားရမှာပါ။ တချို့ ရှုဆေး inhaler တွေဟာ ထုတ်လုပ်ထားတဲ့ ပုံစံအရ ဆေးဗူးထဲမှာ ဆေးရှိသေးလား၊ကုန်သွားပြီလားဆိုတာကို သိရှိနိုင်ဖို့ ခက်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ inhaler စတင်အသုံးပြုတဲ့ရက်ကို ဂရုတစိုက်မှတ်သားထားမှသာ ဘယ်အချိန်မှာ ဆေးဗူးအသစ်လဲရမလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။တချို့ကျောင်းတွေက ကျောင်းဝန်းထဲကို ဆေးဝါးတွေ(inhaler ရှုဆေးတွေ၊epinephrine အလိုလျောက်ထိုးပေးတဲ့ ဆေးထိုးအပ် စသည်)ပေးမယူတာမျိုးတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးအတွက်ဆိုရင်တော့ သင့်အနေနဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ညှိနှိုင်းရမှာပါ။ ကျောင်းဝန်းထဲကို ဆေးဝါးတွေ ပေးမယူခင်မှာ အဆိုပါဆေးဝါးတွေကို သင့်ကလေးအနေနဲ့ စနစ်တကျ အသုံးပြုတတ်ကြောင်းကို အသေအချာပြသနိုင်ဖို့ လိုအပ်ပါတယ်။အကယ်၍ inhaler ရှုဆေးတွေ သုံးသည့်တိုင် ရောဂါလက္ခဏာတွေ မသက်သာရင် ဘယ်လိုဆက်လုပ်ရမလဲ၊ဘယ်အချိန်မှာ ဆရာဝန်ခေါ်ရမလဲ ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးရုံအမြန်ပို့ရမလဲ အစရှိတဲ့ အရေးပေါ်အခြေအနေမှာ ပြုလုပ်ဆောင်ရွက်ရမယ့် အချက်တွေကို ကျောင်းတာဝန်ရှိသူတွေထံ အသိပေးထားရပါမယ်။တကယ်လို့ အုပ်ထိန်းသူတယောက်ယောက်နဲ့ ဆက်သွယ်ဖို့လိုအပ်တယ်ဆိုရင် ခေါ်ဆိုဖို့အတွက် သင့်ဖုန်းနံပါတ် ဒါမှမဟုတ် သင်ခင်မင်ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို ပေးထားဖို့လည်း မမေ့ပါနဲ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%80%e1%80%ba/
ကလေးမှာ ထိခိုက်ရှနာဒဏ်ရာတွေဖြစ်ခဲ့ရင် ဘယ်လိုစောင့်ရှောက်ပေးမလဲ
အသေးစားပြတ်ရှဒဏ်ရာ၊ ထိခိုက်ဒဏ်ရာတွေနဲ့ ကုတ်ခြစ်မိတဲ့အနာတရဖြစ်မှုတွေကနေ့စဉ်ဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ လူတိုင်းဟာ သွားလာလှုပ်ရှားနေချိန်မှာ အသေးစား ထိခိုက်ဒဏ်ရာတွေကနေစလို့ အကြီးစားထိခိုက်ဒဏ်ရာတွေတောင်ရရှိနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာဖြစ်မှုတွေက ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်စွမ်းမရှိသေးတဲ့ ကလေးတွေမှာဆို ပိုပြီး မကြာဏဖြစ်တတ်ပါတယ်။ မီးမီးလေးတွေဆို အိုးပုတ်တွေနဲ့ဟင်းချက်တမ်း ကစားတဲ့အခါမေမေတွေ မမတွေလုပ်သလိုမျိုး ဓါးနဲ့ဟင်းရွက်တွေကို လှီးကြည့်ရင်းက မတော်တဆဓါးရှတာမျိုးတောင်ဖြစ်နိုင်ပြီး သားသားတွေကတော့ ပြေးရင်းလွှားရင်း ဒူးပြဲ တာလိုမျိုး မတော်တဆထိခိုက်မိတာမျိုးလေးတွေရှိတတ်ပါတယ်။ ကလေးနဲ့မတော်တဆထိခိုက်မှုတွေက သူငယ်ချင်းလိုပါပဲ။ အဆော့သန်တဲ့ကလေးတွေဆိုရင် ဒဏ်ရာဒဏ်ချက်နဲ့ကင်းနေတယ်လို့ကိုမရှိတာပါ။အသေးစားထိခိုက်မိတာလောက်ကိုတော့နေအိမ်မှာပဲပြုစုစောင့်ရှောက်ပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတော်တော်များများက နေအိမ်မှာသေချာစောင့်ရှောက်ရုံနဲ့တင်ပျောက်ကင်းနိုင်ပါတယ်။သေသေချာချာစောင့်ရှောက်ပေးဖို့တော့လိုတာပေါ့။ ကလေးလေးတွေက ထိခိုက်ဒဏ်ရာရလွယ်တာကြောင့် မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးမလဲဆိုတာကို သိထားမှ အဆင်ပြေလောက်မှာပါ။ ဒါကြောင့် ကလေးငယ်လေးတွေမှာ အနာတရဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။သွေးတိတ်အောင်လုပ်ရပါမယ် –အနာပေါ်ကိုခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပေးပါ။အနာကိုသန့်စင်ရပါမယ် –အနာထဲကိုပိုးကူးစက်နိုင်ခြေနည်းစေဖို့နဲ့ အမာရွတ်ထင်ကျန်ခဲ့တာမျိုးမဖြစ်စေဖို့အတွက် အနာထဲကညစ်ပေနေတဲ့အရာတွေကို ဖယ်ရှားသန့်စင်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲမှာ အမှိုက်စတွေကပ်ကျန်နေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်သုတ်ပြီးဖယ်ထုတ်ရပါမယ်။ဆေးထည့်ရပါမယ် –အနာကိုပိုးမဝင်စေဖို့ဆေးတစ်ခုခုလူးပေးရပါမယ်။ အနာကို ထည့်တဲ့အခါဆေးအညွှန်းကိုသေသေချာချာဖတ်ကြည့်ဖို့တော့လိုပါလိမ့်မယ်။ပလာစတာကပ်ရပါမယ် –အနာထဲကိုပြင်ကရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်ထားပေးပါ။လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးရပါမယ် –ဒဏ်ရာကအရမ်းနက်တာမျိုး၊ သံချေးတက်နေတဲ့အရာတစ်ခုခုနဲ့ထိမိတာကြောင့်ဖြစ်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။သွေးတိတ်အောင်လုပ်ရပါမယ် –အနာပေါ်ကိုခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပေးပါ။အနာကိုသန့်စင်ရပါမယ် –အနာထဲကိုပိုးကူးစက်နိုင်ခြေနည်းစေဖို့နဲ့ အမာရွတ်ထင်ကျန်ခဲ့တာမျိုးမဖြစ်စေဖို့အတွက် အနာထဲကညစ်ပေနေတဲ့အရာတွေကို ဖယ်ရှားသန့်စင်ရပါမယ်။ ဆူးတွေ၊ ဖန်ကွဲစသေးသေးလေးလိုမျိုးအရာလေးတွေကိုလည်းဖယ်ပစ်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲမှာ အမှိုက်စတွေကပ်ကျန်နေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်သုတ်ပြီးဖယ်ထုတ်ရပါမယ်။အနာကို ဂွမ်းစ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကိုရေစွတ်ပြီး ပွတ်တိုက်သန့်စင်ပေးရပါမယ်။ အနာကို ဒီလိုပွတ်တိုက်တာက နာတယ်ဆိုပေမယ့်လည်း အနာမှာကပ်ညှိနေနိုင်တဲ့ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေသန့်စင်သွားအောင်တော့ သုတ်ပေးရပါမယ်။ဆေးထည့်ရပါမယ် –အနာကိုပိုးမဝင်စေဖို့ဆေးတစ်ခုခုလူးပေးရပါမယ်။ အနာကို ဆေးထည့်တဲ့အခါဆေးအညွှန်းကိုသေသေချာချာဖတ်ကြည့်ဖို့တော့လိုပါလိမ့်မယ်။ပလပ်စတာကပ်ရပါမယ် –အနာထဲကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်ထားပေးပါ။အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။ပွန်းပဲ့ဒဏ်ရာတွေကိုလည်း အပေါ်ကထိခိုက်ဒဏ်ရာတွေလိုမျိုးနေအိမ်မှာပဲ အလွယ်တကူ ကုသစောင့်ရှောက်ပေးလို့ရပါတယ်။ ကလေးကစားရင်းက ပွန်းပဲ့ဒဏ်ရာရလာတဲ့အခါမျိုးမှာ သူ့အနေနနဲ့ အရေပြားကကျိန်းစပ်နာကျင်နေပြီး စိတ်ထဲမှာလည်း အရမ်းလန့်နေတာမျိုးကြောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကိုအရင်ဆုံးရေတိုက်ပေးပါ။ အလန့်ပြေသွားစေဖို့ပါ။ပြီးရင်တော့ ကလေးကို သက်တောင့်သက်သာဖြစ်အောင်နေစေပြီး အနာကို ကိုင်မယ့်လက်ကို အရင်ဆေးလိုက်ပါ။ပြီးရင် အနာကိုရေအေးအေးလေး ဒါမှမဟုတ်ရေနွေးကြက်သီးနွေးလေးနဲ့ဆေးပေးပါ။ အနာကို ဖိပွတ်တာမျိုးမလုပ်ပါနဲ့။ ဂွမ်းစ ဒါမှမဟုတ် အဝတ်စ သန့်သန့်လေးကိုရေစွတ်ပြီး အမှုန်တွေ၊အမှိုက်စလေးတွေကို ဖြည်းဖြည်းညင်ညင်သာသာလေးဖယ်ရှားပေးရပါမယ်။အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။ပွန်းပဲ့ဒဏ်ရာဟာလည်း အခြားထိခိုက်မိတဲ့ဒဏ်ရာတွေလိုမျိုးပဲသွေးထွက်တတ်တာပါပဲ။ ပုံမှန်ကတော့ အနာဖြစ်စမှာသွေးထွက်ပြီးပြီးရင်တော့တိတ်သွားတတ်ပါတယ်။ အနာကတော်ရုံနဲ့သွေးမတိတ်ဘူးဆိုရင်တော့ အနာပေါ်မှာ အဝတ်စသန့်သန့် ဒါမဟုတ် ပတ်တီးစသန့်သန့်လေးနဲ့ အုပ်ပြီး အသာအယာဖိထားပေးရပါမယ်။ အနာက ၁၀ မိနစ်၊ မိနစ် ၂၀ ကြာတဲ့အထိမှသွေးမတိတ်ရင်တော့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသပေးဖို့လိုပါမယ်။အနာကို ပိုးမဝင်စေဖို့အတွက်တော့ အနာပေါ်မှာ ပိုးသတ်ဆေးတစ်မျိုးမျိုးလူးပေးရပါမယ်။ အဆီပုံစံဆို ပိုကောင်းပါမယ်။ဆေးကအနာကျက်အောင်တော့မလုပ်ပေးနိုင်ပါဘူး။ အနာကို ပိုးမဝင်အောင်ကာကွယ်ပေးပြီး အစိုဓါတ်ထိန်းတာလောက်ပဲလုပ်ပေးနိုင်တာပါ။ ခန္ဓါကိုယ်ရဲ့ အနာကျက်မှုဖြစ်စဉ်ကိုတော့ အထောက်အပံ့ပေးပါတယ်။ အနာကိုဆေးလူးတဲ့အခါ အရေပြားမှာ အနီအပိမ်ေ့တွထွက်လာတာ၊ အရေပြားကျိန်းစပ်စပ်ဖြစ်လာတာမျိုးတွေဖြစ်ရင်တော့ ဆက်မလူးပါနဲ့။ပြီးရင်တော့ အနာထဲကို ဖုန်မှုန့်တွေနဲ့ဘက်တီးရီးယားတွေမဝင်ရောက်အောင် ပလာစတာကပ်ပေးရပါမယ်။ ပလာစတာကပ်ထားတာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ပလာစတာကိုတစ်နေ့တစ်ကြိမ်လဲပေးရပါမယ်။ ဒါ့အပြင် ပလာစတာက ညစ်ပေနေရင်ဖြစ်ဖြစ်ရေစိုသွားရင်ဖြစ်ဖြစ် ချက်ချင်းအသစ်လဲပေးဖို့လိုပါတယ်။ အနာကိုနေ့စဉ်စစ်ဆေးဖို့လည်းလိုပါမယ်။ အနာက အကျက်နှေးနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ခုဖော်ပြပေးလိုက်တဲ့နည်းလမ်းလေးတွေက ရင်သွေးလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9b/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/pandemic/
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ ဆိုတာက FA တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အိမ်ထောင်ပြုတာ၊ ရင်သွေးရတနာ ရယူတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်တဲ့။လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေခဲ့ကြတာ ကြာမြင့်နေပါပြီ။ ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲ၊ စိတ်ချမ်းသာဖို့ ဘာတွေ လိုအပ်မလဲပေါ့။ခုချိန်မှာလည်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီအချက်ကို စနစ်တကျ လေ့လာမှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူပေါင်း တစ်သောင်းခွဲလောက်ကို ၁၄ နှစ်ကြာအောင် စောင့်ကြည့် သုတေသနပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝမှာ နေပျော်စေဖို့ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေဖို့ဆိုရင် မိသားစုဘဝရှိဖို့၊ အိမ်ထောင်သားမွေးမှုပြုဖို့လိုအပ်တယ်လို့ အဆိုပါသုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။အဆိုပါ ဆစ်ဒနီမြို့အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ အဆိုတွေအရဆိုရင်တော့ ဘဝနေထိုင်မှုပုံစံတွေ၊ မိသားစု ရှိခြင်း မရှိခြင်းတွေဟာ လူသားတစ်ယောက်ရဲ့ ရေရှည် ပျော်ရွှင်မှုအပေါ်မှာ ကောင်းကောင်းကြီး သက်ရောက်နိုင်ပါတယ်တဲ့။လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အဓိကအားဖြင့် သက်ရောက်နိုင်တဲ့အရာတွေက အိမ်ထောင်ပြုတာ၊ ကလေးယူတာ၊ အိမ်ထောင်ကွဲတာ၊ ငွေကြေးနဲ့ နေရာထိုင်ခင်း ပြောင်းရွှေ့ရတာတွေလို အရာတွေပါပဲ။ ဒီအချက်တွေဟာ မထင်မှတ်ထားပဲ လူတွေရဲ့ စိတ်အာရုံထဲမှာ အဓိကကျနေတတ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းဟာ လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာ စိတ်ပျော်ရွှင်ကျေနပ်မှုကိုစိတ်ခံစားချက်(Emotion) နဲ့ ကျေနပ်ပျော်ရွှင်ခြင်း (Pleasure) တို့လို အချင်းအရာတွေနဲ့ တန်ဖိုးဖြတ်တတ်ကြတယ်လို့ ဆိုပါတယ်။လူ့စိတ်ဟာ ကိစ္စတိုင်းကို ထိရောက်မှု၊ ထင်သာမြင်သာရှိမှုတွေနဲ့ တိုင်းတာလေ့ရှိပြီး အဲ့ဒီကနေတဆင့် စိတ်ခံစားချက်တွေ၊ ကျေနပ်ပျော်ရွှင်မှုတွေကို ခံစားလာရတာပါ။ဥပမာပေးရမယ်ဆိုရင် ရိုလာကိုစတာစီးတာဟာ အခိုက်အတန့်အားဖြင့် စိတ်ကျေနပ်မှုပေးနိုင်ပေမယ့် တွေးတောမှုအပိုင်းမှာတော့ ဘာမှသက်ရောက်မှုမရှိပါဘူး။ အလုံးစုံသော ထင်သာမြင်သာမှုလည်း ရှိမလာတော့ပါဘူး။ဒီတော့ တစ်ဘဝလုံးစာ စားမြုံ့ပြန်ခံစားနေရတဲ့ ခံစားချက်မျိုးကို မပေးနိုင်တော့ဘူးပေါ့။ ဒီလိုအမှတ်ရမှုမျိုးကို မပေးနိုင်တဲ့အခါ အမြဲတမ်းရနေမယ့် ကျေနပ်ပျော်ရွှင်မှုမျိုးကို မဖန်တီးနိုင်ပါဘူး။ ဒါကြောင့် ရေရှည်ဆန်တဲ့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်မှုမျိုးကို မဖြစ်လာစေဘဲ အခိုက်အတန့်သာ ကျေနပ်မှုရစေရုံပဲဖြစ်စေမှာပါ။စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ လို့ ပြောရတာက အခုလို တွေ့ရှိချက်ကြောင့်ပါ။ လူတွေကို အပျော်ရွှင်နိုင်စေဆုံးအရာတွေကတော့ အိမ်ထောင်ပြုတာ၊ ကလေးမွေးဖွားတာနဲ့၊ ငွေကြေးတွေပဲလို့ ဆိုပါတယ်။ ဒီလိုကိစ္စမျိုးတွေကတော့ အချိန်ကြာကြာ ပျော်ရွှင်နေစေနိုင်ပါတယ်တဲ့။အထူးသဖြင့်အမျိုးသမီးတွေအတွက်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်းတွေဟာ တစ်ဘဝလုံးမှာ အမှတ်ရနေမယ့် ကျေနပ်ပျော်ရွှင်ခြင်းတစ်မျိုးလို့ ဆိုပါတယ်။အိမ်ထောင်ပြုတာ၊ အလုပ်ကနေ အနားယူတာနဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်တာကလည်း သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။ဒါပေမယ့်အိမ်ထောင်ပြုတယ်၊ မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။အိမ်ထောင်ပြုရင် မိသားစုဘဝတစ်ခုဖန်တီးတည်ဆောက်နိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့အတွက် အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် အိမ်ထောင်ပြုပြီးမှ အဆင်မပြေမှုတွေကြောင့် စိတ်ဆင်းရဲနေရတာမျိုးမဖြစ်ဖို့လည်း လိုအပ်ပါတယ်။ဒီလိုဆိုရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်တာကိုလည်း သုတေသနပြုလုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက သတိပေးထားပါသေးတယ်။နောက်ပြီး သုတေသနအကြောင်းပြန်ဆက်ရမယ်ဆိုရင် ဆုံးရှုံးမှု၊ ဝေးကွာမှုနဲ့ ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်စိတ်တွေကတော့ လူတွေကို ကာလရှည်ကြာ စိတ်ဆင်းရဲစေနိုင်တယ်လို့ ဆိုထားပါတယ်။အခွင့်အလမ်း အရာဝတ္ထုနဲ့ လူပုဂ္ဂိုလ်တွေကို ဆုံးရှုံးရတာမျိုး၊ မိသားစုဝင်တွေ ချစ်သူခင်သူတွေနဲ့ ဝေးကွာပြီး အထီးကျန်နေတာမျိုးတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်လာတဲ့ စိုးရိမ်ပူပန်စိတ်တွေဟာ တခြားအရာတွေထက်ပိုပြီး စိတ်ရောကိုပါ ပင်ပန်းဆင်းရဲမှုကို ကြုံရစေပါတယ်။ဒီပြဿနာတွေကြောင့် တခြားပြဿနာတွေထက် အချိန်ပိုကြာကြာ စိတ်ဆင်းရဲနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/marriage-and-childbirth-improves-wellbeing/
ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ
အခုလိုကာလမှာ လူတိုင်းတောင့်တနေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ညီညီကျော်က အခုလိုလေးပြောပြပေးထားပါတယ်။Dr.ညီညီကျော်– အခုလို ရောဂါဘယတွေ ပေါများလာတဲ့အချိန်၊ကူးစက်ရောဂါတွေများလာတဲ့အချိန်မှာ ကိုယ်ခံအား (immunity) ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။Immunity (ကိုယ်ခံအား) လို့ပြောတဲ့ နေရာမှာ (၃) မျိုးရှိပါတယ်။(၁) Innate immunity – မွေးရာပါ ကိုယ်ခံအား။(၂) Adaptive immunity – အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား သို့မဟုတ်ကာကွယ်ဆေးထိုးလို့ ရရှိလာတဲ့ ကိုယ်ခံအား။(၃) Passive Immunity- အငှား ကိုယ်ခံအား (ဥပမာ မိခင် က ရောဂါပိုး ထိတွေ့ပြီးနောက်မှာ  ရင်သွေးကို ထိုရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားကို  မိခင်နို့တိုက်ခြင်းမှတစ်ဆင့် ပေးခြင်း)။ကိုယ်ခံအားစနစ်မှာ ရောဂါတွေ တိုက်ထုတ်ဖို့အတွက် WBC လို့ခေါ်တဲ့ သွေးဖြူဥတွေ လိုအပ်ပါတယ်။ ရောဂါကာကွယ်ပေးတဲ့ antibodies တွေ ထုတ်ဖို့အတွက်လဲ သွေးဖြူဥက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြန်ပါတယ်။ ဒါတွေအတွက် အရေးအကြီးဆုံးကတော့ အာဟာရ ပြည့်အောင် စားဖို့ပဲ ဖြစ်ပါတယ်။Dr.ညီညီကျော်– Covid ကို ကာကွယ်ဖို့အတွက်၊ ရောဂါကိုတိုက်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာက စည်းကမ်းတွေ ချမှတ်ထားတာ ရှိပါတယ်။ ဒီထဲမှာ အာဟာရပြည့်အောင် စားပေးဖို့ကလဲ အရမ်း အရေးကြီးပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ အာဟာရပြည့်ဝအောင် စားရုံနဲ့တော့ မရသေးပြန်ပါဘူး။ လက်ခဏခဏ ဆေးတာ၊mask တပ်တာ၊ လူစုလူဝေး ရှောင်ရှားတာ စတာတွေကတော့ လိုက်ကို လိုက်နာမှ ရောဂါကာကွယ်နိုင်မှာပါ။ရောဂါရဲ့ သဘောတရားအရ ၈၀ ရာခိုင်နှုန်းကျော်ကျော်က သူ့အလိုလို ပြန်ကောင်းသွားတတ်တဲ့အတွက်ကြောင့် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရ ပြည့်ဝအောင် စားခြင်း ဖြင့် မိမိရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ထားဖို့လိုအပ်ပါတယ်။Dr.ညီညီကျော်– ကိုယ်ခံအား ကောင်းဖို့အတွက်။–အာဟာရပြည့်အောင် စားပေးရမယ်။– ရေပုံမှန်သောက်ပေးရမယ်။– အိပ်ရေးဝဝ အိပ်ပေးရမယ်၊ တစ်နေ့ကို ၇-၉ နာရီ လောင် အိပ်ပေးသင့်ပါတယ်။စားဖို့အတွက်ဆိုရင်တော့ အခုချိန်မှာ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စတဲ့အသားဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ဘာလေးပဲ စားစား ပါအောင် ထည့်စားပေးသင့်ပါတယ်။အသီးအနှံတွေလည်း တတ်နိုင်သမျှစားပေးဖို့လိုအပ်ပါတယ်။ အရောင်စုံအောင် စားပေးရင်တော့ ပို အဆင်ပြေပါတယ်၊ ဥပမာ အနီ၊ လိမ္မော် (အဝါ)၊ အစိမ်း၊ အဖြူ၊ ခရမ်း စတဲ့အရောင်လေးတွေကို တတ်နိုင်သလောက် ပါအောင် စားပေးဖို့လိုအပ်ပါတယ်။ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး၊ ကန်ဇွန်းဥ စတဲ့ကစီဓာတ် ပါဝင်တဲ့ အစားအစာမျိုးတွေကို လုံးဝ ဖြတ်လိုက်တာမျိုး မလုပ်ပဲ၊ အတော်အသင့် စားပေးရပါမယ်။ ဒါမှ ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးဖို့ အထောက အကူ ဖြစ်စေမှာပါ။အစေ့အဆန်တွေကိုလဲ အဆင်ပြေရင် တစ်နေ့ လက်တဆုပ်လောက်တော့ စားပေးသင့်ပါတယ်။ သူ့ဆီကနေဗီတာမင်၊ သတ္တုဓာတ်များစွာရရှိနိုင်တဲ့အတွက်ကြောင့်ပါ။Dr.ညီညီကျော်– ကိုယ်ခံအား ကောင်းဖို့အတွက် ကြက်ပေါင်းရည်လို ဓာတ်စာမျိုး က အကျိုးရှိတယ်လို့ပြောလို့ရပါတယ်။ သူ့မှ ပါဝင်တဲ့ Bio-peptide က အရှင်းဆုံးပြောရင် amino acid (အမိုင်နိုအက်ဆစ်) 2 ခု ကနေ အခု ၅၀ အထိ ချိတ်ဆက်ထားတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒီ Amino acid (အသားဓာတ်) တွေက ကျွန်တော်တို့ ကိုယ်ခံစွမ်းအား အတွက် မရှိမဖြစ်လိုအပ်ပါတယ်။Dr.ညီညီကျော်– ကြက်ပေါင်းရည်လို အာဟာရ ကို အခုလိုအချိန်မှာ နေ့စဉ် သောက်သင့်ပါတယ်။ သူ့မှ ပါဝင်တဲ့ အသားဓာတ် တွေ က ကျွန်တော်တို့ လူသားတွေ အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်နေလို့ပါပဲ။ ဒီအပြင် အခြား အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စတာတွေ ကို ထပ်စားပေးရင် ပိုတောင် ကောင်းပါသေးတယ်။Dr.ညီညီကျော်– ကြက်ပေါင်းရည်လိုမျိုး အသားဓာတ်ကို တစ်နေ့ ဘယ်လောက် စားရမလဲဆိုတာကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီလို့ ပြောရတော့ ခက်ပါတယ်၊ ဥပမာ သာမာန်လူတစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ်အလေးချိန် 60 kg ရှိတဲ့ လူတစ်ယောက် က တစ်နေ့ကို အသားဓာတ် (60*0.8-1.2) = 48 gram ကနေ 72 gram အထိလိုအပ်ပါတယ်။ဒီပမာဏ ပြည့်ဖို့အတွက်ဆိုရင် ကြက်ပေါင်းရည်လိုမျိုး အာဟာရအပြင် တခြားသော အသားဓာတ်များကိုလဲ ပြည့်ဝအောင် စားပေးသင့်ပါတယ်။ အရေးအကြီးဆုံး ကတော့ လူတစ်ယောက်က မနက်စာ၊ နေ့လယ်စာ၊ အဆာပြေ၊ ညစာ စတဲ့ အစားအစာတွေ စားတဲ့နေရာမှာ အသားဓာတ် ပြည့်ဝအောင် အမြဲ ထည့်စားပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် အခုလို ကာလမှာ အာဟာရပြည့်ပြီး ရောဂါ၊ ကာကွယ်ဖို့အတွက် Bio-peptides, amino acid ကဲ့သို့သော အသားဓာတ် ကြွယ်ဝတဲ့ ကြက်ပေါင်းရည်လို ဓာတ်စာတွေစားသောက်ပေးဖို့ လိုအပ်တဲ့ အပြင် ဗီတာမင်သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ပြည့်ဝမျှတအောင် စားဖို့လိုအပ်ပါတယ်။Dr. ညီညီကျော်– ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ကဲ……. ကိုဗစ်ဖြစ်ပွားနေတဲ့ ကာလမှာ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး အဖိုးမဖြတ်နိုင်တဲ့ ကိုယ်ခံအားလေးကို အကောင်းဆုံး ဂရုစိုက် စောင့်ရှောက်လိုက်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/q-a-about-immune/
ဒေါသအကြောင်း တစေ့တစောင်း
ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကိုထိခိုက်နာကျင်စေခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒေါသအကြောင်း တစေ့တစောင်း လေ့လာဦးစို့နော်။ဒေါသနဲ့ မကင်းနိုင်ကြသူတိုင်းဟာ ဒေါသအကြောင်း တစေ့တစောင်း လေ့လာထားတာ မမှားပါဘူး။ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ နှလုံးဆီကို ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ဘယ်လိုနည်းလမ်းတွေနဲ့လဲ။လူတော်တော်များများဟာ ဒေါသကို မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဖြေလျှော့လေ့ရှိကြပါတယ်။ပေါက်ကွဲခြင်း။           ။ ဒေါသကို မထိန်းချုပ်ဘဲ ပေါက်ကွဲလိုက်ခြင်းဟာ အလွဲသုံးစားမှုတွေနဲ့ အကြမ်းဖက်တွေဆီ ဦးတည်စေပါတယ်။ ဒေါသကြီးသူဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကင်းကွာပြီး တစ်ဦးတည်း ဖြစ်သွားတတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးမထားတော့တဲ့အပြင် အခြားသူကိုလည်း ချုပ်ကိုင်ချင်စိတ်‌တွေ ပေါ်လာပါတယ်။ချိုးနှိမ်ခြင်း။    ။ ဒေါသကို မျိုသိပ်လိုက်ခြင်းဟာလည်း ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါခံစားလာရနိုင်ပါတယ်။ အချို့ကတော့ ဒေါသကို အပြစ်မရှိသူ ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေအပေါ် ပုံချတတ်ကြပါတယ်။ ကလေးတွေကို ရိုက်နှက်လိုက်တာမျိုးနဲ့ ခွေးလေးတွေကို ကန်ကျောက်လိုက်တာမျိုးတွေပါ။မဟုတ်ပါဘူး။ ငြင်းခုန်ဆွေးနွေးမှု တစ်ခုကနေ အောင်မြင်မှုတွေရလာနိုင်သလို အကောင်းမြင်စိတ်တွေ ပေါက်ဖွားလာနိုင်ပါတယ်။ သိထားရမှာက ငြင်းခုန်ဆွေးနွေးတယ်ဆိုတာ ကိုယ်ဘယ်လောက်မှားမှား တစ်ဖက်သတ်ပိတ်ငြင်းနေတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကလည်း တစ်ဖက်သားကို အကျိုးသင့်အကြောင်းသင့် ရှင်းပြသလို တစ်ဖက်က ရှင်းပြလာရင်လည်း လက်ခံပေးနိုင်တာမျိုးပါ။ငြင်းခုန်ဆွေးနွေးမှုတစ်ခုဖြစ်တဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားမှုရှိဖို့ လိုပါတယ်။ စိတ်တည်ငြိမ်ဖို့ကတော့ အဓိကပါ။ တစ်ဖက်လူဟာ ဒေါသတကြီး ကြမ်းတမ်းစွာ တုံ့ပြန်တတ်သူဆိုရင် မိမိလုံခြုံဖို့အတွက် ဖုန်းထဲကနေ အရင်ညှိနှိုင်းသင့်ကြောင်း အကြံပြုချင်ပါတယ်။ ငြင်းခုန်ဆွေးနွေးမှုမှာ သဘောတူညီလိုက်တာရှိသလို မဖြေရှင်းနိုင်ဘဲ ဆက်လက်ငြင်းခုန်ဆွေးနွေးနေနိုင်တာတွေလည်း ရှိတာကြောင့် ကြားဝင်ညှိနှိုင်း ပေးဖို့ တတိယလူလိုပါတယ်။ မိမိတို့ထက်တည်ငြိမ်ပြီး ပိုမိုအာဏာရှိသူပါ။ (ဥပမာ အထက်လူကြီး)။တစ်ခါတစ်ရံမှာ ဒေါသထွက်ပြီးခါမှ နောင်တရနေတတ်ပါတယ်။ ဒီလိုဖြစ်ရပ်အပေါ် သင်ခန်းစာယူလိုက်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/what-you-should-know-about-anger/
ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။
သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့သွေးရောဂါတစ်မျိုးပါ။ သံဓာတ်ချို့တဲ့တာကြောင့်သွေးနီဥရဲ့ အဓိက အစိတ်အပိုင်းလေးတွေ ဖြစ်တဲ့haemoglobinလေးတွေမတည်ဆောက်နိုင်တဲ့ အတွက် သွေးအားနည်းလာခြင်းဖြစ်ပါတယ်။ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါလက္ခဏာတွေ အနေနဲ့ ကလေးဟာ အသားအရေဖြူဖျော့နေမယ်။ မျက်ခမ်း အတွင်းသားတွေ ဖြူဖျော့နေမယ်။ ကြီးထွားမှုနှုန်း နှေးနေမယ်။မောပန်းလွယ်မယ်။ လက်သည်းခွံလေးတွေက ချိုင့်နေ၊ ပြားနေပြီး ကျိုးလွယ်မယ်။ အခြားရောဂါပိုးတွေ အဝင်လွယ်ပြီး မကြာခဏဖျားမယ် စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘေလုံးကြီးလာခြင်း၊ နှလုံးထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါကို ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။၁။ လမစေ့၊ ပေါင်မပြည့်ကလေးများ (သို့)အမြွာကလေးများ မွေးထားမယ်ဆိုရင် ပိုဂရုစိုက်ပါ။လမစေ့ဘဲ မွေးတဲ့ကလေးတွေ၊ ပေါင်မပြည့်တဲ့ကလေးတွေ၊ အမြွာလေးတွေဟာ လုံလောက်တဲ့ သံဓာတ်ကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသိမ်းဆည်းထားနိုင်တဲ့အတွက် သူတို့မှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်များပါတယ်။ အဲဒါကြောင့် အဲလို ကလေးလေးရှိတဲ့ မိခင်တွေအနေနဲ့ ကလေးလေးအတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ်ကို ဖြည့်ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။၂။ မိခင်နို့ကို သေသေချာချာတိုက်ကျွေးပါ။မိခင်နို့ဟာ မွေးကင်းစကလေးငယ်တွေအတွက် အသက်၆လ အထိ ပြီးပြည့်စုံတဲ့ တစ်ခုတည်းသော အာဟာရဓာတ်ဖြစ်ပြီး မိခင်နို့ကို ကလေးအသက် ၂နှစ်အထိ ဆက်ပြီး တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့ကို သေသေချာချာ မတိုက်ဘဲ နွားနို့ တိုက်မယ်ဆိုရင် နွားနို့မှာ သံဓာတ်ပါဝင်မှုအလွန်နည်းတာကြောင့် ကလေးလေးမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ ပိုဖြစ်နိုင်ချေ များပါတယ်။ အခြားနို့မှုန့်တွေ တိုက်မယ်ဆိုရင်လည်း သံဓာတ်အားဖြည့်ထားတာမျိုး မဟုတ်ဘူးဆိုရင် ကလေးအတွက် လုံလောက်တဲ့ သံဓာတ်ရနိုင်မှာ မဟုတ်ပါဘူး။၃။နို့တိုက်မိခင်တွေ အနေနဲ့လည်း သံဓာတ်ပြည့်ဝအောင်နေပါ။မိမိကလေးငယ်ကို သံဓာတ်လုံလုံလောက်လောက် ပေးနိုင်ဖို့အတွက် နို့တိုက်နေတဲ့ မိခင်တွေဟာ သံဓာတ်ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ နီရဲတဲ့ အသားများ(ဥပမာ- အမဲသား၊ ဆိတ်သား) ၊ အသွေး၊ အသည်း၊ ပဲပင်ပေါက်၊ ပဲအမျိုးမျိုး နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တွေ (ဥပမာ- ကန်စွန်းရွက်၊ ဟင်းနုနွယ်) စတာတွေကို နေ့စဉ်အစားအစာတွေထဲမှာ ထည့်သွင်းပြီး စားပေးရပါမယ်။ ဒါ့ပြင်သံဓာတ်အားဆေးကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မှီဝဲသင့်ပါတယ်။၄။ ဖြည့်စွက်စာတွေထဲမှာ သံဓာတ်ပါတဲ့ အစားအစာတွေကို ထည့်ကျွေးပါ။အသက် ၆လ ပြည့်ပြီးလို့ ဖြည့်စွက်စာတွေ ကျွေးတဲ့အခါမှာလည်း အရှေ့မှာ ပြောပြထားတဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အသက်အရွယ်အလိုက် ဂရုတစိုက် ချက်ပြုတ်ပြီး ကျွေးသင့်ပါတယ်။ ကလေးလေးကို အစာချေးမများအောင် ငယ်စဉ်ကတည်းက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ကျွေးမွေးထားသင့်ပါတယ်။၅။ ကြီးထွားတဲ့အရွယ်မှာ သံဓာတ်ဖြည့်စွက် အားဆေးတွေ တိုက်ကျွေးပေးပါ။ဆယ်ကျော်သက်အရွယ်၊ အပျို(သို့) လူပျိုဖော် ဝင်တဲ့အရွယ်ရောက်နေတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တဲ့အတွက် တစ်နေ့တာအတွက် လိုအပ်တဲ့ သံဓာတ်ပမာဏပိုများပါတယ်။ ဒါ့ကြောင့် အဲဒီလို အရွယ်ကလေးတွေအတွက် သံဓာတ်ပါတဲ့ ဖြည့်စွက်အားဆေးလေးတွေ ကျွေးသင့်ပါတယ်။၆။ ပုံမှန် ၆လ တစ်ကြိမ် သန်ချပေးပါ။သန်ကောင်တွေ ကြောင့်လည်း ကလေးငယ်တွေမှာ ဒီလို သွေးအားနည်းခြင်း ဖြစ်နိုင်တဲ့အတွက် ကလေးအသက် ၁ နှစ်ကျော်အရွယ် ကစပြီး ၆လ တစ်ကြိမ် သန်ချပေးဖို့ လိုအပ်ပါတယ်။၇။ဗီတာမင် Cကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးဖို့ မမေ့ပါနဲ့။ဗီတာမင် C ဟာ သံဓာတ်ကို ခန္ဓာကိုယ်က များများစုပ်ယူနိုင်အောင် ကူညီပေးတဲ့အတွက် ဗီတာမင် C ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ချဉ်တဲ့ အသီးလေးတွေ( ဥပမာ-နာနတ်သီး၊ သရက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး) စတာလေးတွေကိုလည်း ထည့်ကျွေးဖို့ မမေ့ပါနဲ့နော်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့မေမေတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးလေးတွေမှာ သံဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%ba-%e1%80%81%e1%80%bb%e1%80%ad%e1%80%af/
နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။
နေရောင်ခြည်ဟာ အဘက်ဘက်က လူသားတွေကို အများကြီးအကျိုးပြုနေတဲ့ သဘာဝက ဖန်တီးထားတဲ့ အရာလေးပါ။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ဒီထုတ်လုပ်ဖို့နဲ့serotoninလို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုအတွက် ကောင်းမွန်တဲ့ ဟော်မုန်းလေးတွေကိုထုတ်ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အခြား အဘက်ဘက်ကလည်း နေရောင်ခြည်တွေဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ အထူးသဖြင့်ခရမ်းလွန်ရောင်ခြည်၊ အပူရောင်ခြည်တွေကြောင့် မကြာခဏထိတွေ့ရသူတွေ၊ အချိန်အကြာကြီးထိတွေ့ရတဲ့ သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။ကျန်းမာရေးဆိုးကျိုးတွေ အနေနဲ့ short term effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး) နဲ့ long term effect (နေရောင်နဲ့ ထိတွေ့တာ များလာ၊ ကြာလာတဲ့အခါ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ) ဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောပြပေးသွားပါမယ်။၁။နေလောင်ခြင်း။နေရောင်နဲ့ နာရီပိုင်းလောက်ထိတွေ့ပြီးတဲ့အခါမှာ သင့်အသားအရေတွေ နီရဲလာတတ်ပါတယ်။ များသောအားဖြင့် ရက်အနည်းငယ်အကြာမှာ ပြန်ပျောက်သွားနိုင်ပါတယ်။၂။ အသားအရောင် ပြောင်းလဲသွားခြင်း။ခရမ်းလွန်ရောင်ခြည်တွေ အရေပြားပေါ်ကျရောက်တဲ့ အခါမှာ ခန္ဓာကိုယ်ကmelaninလို့ခေါ်တဲ့ ပစ္စည်းလေးတွေကို ထုတ်ပေးနိုင်ပါတယ်။ အဲဒီ ပစ္စည်းလေးတွေက အသားအရေကို ညစ်ညမ်းစေ၊ ညိုမည်းစေ နိုင်ပါတယ်။၃။ Photosentivity နေရောင်နဲ့ ဓာတ်မတည့်ခြင်း။နောက်တစ်ချက်တော့ photosensitivity လို့ခေါ်တဲ့ နေရောင်နဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်ခြင်းကြောင့် နီရဲလာတာ၊ အနီကွက်တွေ ဖြစ်လာတာမျိုးပါ။ နေရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ ဓာတ်မတည့်တဲ့ အရေပြားကို ပိုင်ဆိုင်ထားကြတဲ့ သူတွေ (သို့) နေရောင်နဲ့ထိတွေ့တဲ့အခါမှာ ဓာတ်ပြုမှုတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ ဆေးနဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့ သူတွေမှာ ဖြစ်နိုင်ပါတယ်။နေရောင်ခြည်နဲ့ ထိတွေ့တာများလာတဲ့အခါ။၁။ အရေပြား ထိခိုက်ပျက်စီးခြင်း။အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပေမယ့် နေရောင်ကို မကြာခဏထိတွေ့ခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ နေရောင်တဲ့ အများဆုံးထိတွေ့ရတဲ့နေရာတွေမှာ အဖြစ်များပြီး မှဲ့တွေကနေတစ်ဆင့် ကင်ဆာအဖြစ်ပြောင်းလဲလာနိုင်တဲ့ melanoma လည်းဖြစ်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ မှဲ့တွေ အရွယ်အစားကြီးလာတာ၊ အရာင်ပြောင်းလာတာ၊ ရောင်လာတာ၊ သွေးထွက်လာတာတွေကို သတိထားပြီး စောင့်ကြည့်ပေးသင့်ပါတယ်။၂။ မျက်လုံးထိခိုက်ခြင်း။၃။ အပူလျှပ်ခြင်း၊ အပူကြောင့် သတိလစ်မေ့မျောခြင်း။အပူဒဏ်ကြောင့် ရေနဲ့ ဆားဓာတ်တွေဆုံးရှုံးပြီး ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့အပူလျှပ်တဲ့ လက္ခဏာတွေအပြင် ပိုဆိုးလာတဲ့အခါမှာ အပူကြောင့် သတိလစ်တာတွေ၊ တက်တာတွေ စတဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေထိဖြစ်စေနိုင်ပါတယ်။၄။ ကိုယ်ခံအား စနစ်အားနည်းလာခြင်း။ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းက ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို သေချာသိရှိပြီး ကာကွယ်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-hazards-of-sun-rays/
ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......
ကလေးက ကျန်းမာတယ်နော်။ ကလေးက ထွားလိုက်တာ၊ ကလေးက တော်တော်ဉာဏ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးပြောဆိုမှုတွေ ကြားရရင် အလိုလိုနေရင်း ပြုံးမိပြီး စိတ်ထဲမှာ ပီတိဖြစ်မိတာမေမေတိုင်းဟုတ်။ ကိုယ်ပျိုးထောင်တဲ့ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာက မေမေတစ်ယောက်ရဲ့မိခင်ဘဝအောင်မြင်မှုဆိုလည်း မမှားပါဘူး။ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ ကလေးရဲ့ကိုယ်ခံအားကောင်းမွန်ဖို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား မကောင်းဘူးဆိုရင် ရောဂါပိုးတွေ ဝင်ရောက်ပြီး မကြာခဏဆိုသလို နာမကျန်းတွေဖြစ် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာတွေဆက်ဖြစ်လာနိုင်ပါတယ်။ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် ၂နှစ် အထက်ကာလမှာအာဟာရပြည့်ဝမှုကို သေချာလေး ဂရုစိုက်ရပါမယ်။ အဲဒီကာလအတွင်းမှာ ကလေးက။ဖွံ့ဖြိုးမှုတွေအတွက် အရှိန်ယူနေတဲ့ ကလေးတစ်ယောက် ကိုယ်ခံအား ကောင်းကောင်းနဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင်။ကလေး ဖျားနာမှုကင်းပြီး ကိုယ်ခံအား ကောင်းမွန်စွာနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် အစာခြေစနစ် ကျန်းမာဖို့ အရေးကြီးပါတယ်။ အစာခြေစနစ် ကျန်းမာမှ အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်ပြီး ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။အစာခြေစနစ် ကျန်းမာဖို့ဆိုရင် အစာခြေလမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ (probiotics) ကို မေ့ထားလို့ မဖြစ်ပါဘူး။ သူတို့ ကျန်းမာနေမှ အစာခြေစနစ် ကျန်းမာပြီး ကလေးကလည်း ကျန်းမာမှာပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်နေဖို့နဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနေဖို့ သူတို့လေးတွေအတွက်လည်း အစာအာဟာရ လိုအပ်ပါတယ်။ အဲဒီ အာဟာရဓာတ်ကို Prebiotics လို့ခေါ်ပါတယ်။ဒါလေးတွေကိုလည်း ကလေးရဲ့ အာဟာရထဲမှာ ပါဝင်နေအောင် ဂရုစိုက်ပေးရပါမယ်။ ကလေးကိုအာဟာရကျွေးမွေးတဲ့အခါ အကျိုးပြု ဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့ အာဟာရဖြစ်တဲ့ (prebiotics) ပါဝင်အောင်ကျွေးပေးမယ်ဆိုရင် ကလေးက။ကလေးကို ကိုယ်ခံအား ကောင်းပြီး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ကိုယ်ခံအား ကောင်းစေနိုင်တဲ့အာဟာရဓာတ်​တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကလေး နေ့စဉ် စားသုံးမယ့် အစားစာတွေထဲမှာ။အိပ်ရေးဝအောင် ဂရုစိုက်ပါ–ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးနေတဲ့အရွယ်မှာ ကလေးက တစ်နေ့ကို အိပ်ချိန် ၁၂ နာရီလောက် အနည်းဆုံးရှိရပါမယ်။ အိပ်ချိန်ဟာ ကိုယ်ခံအားစနစ်အပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။လှုပ်ရှားမှုရှိပါစေ– ကလေးက လမ်းလျှောက်နိုင်ပြီဆိုရင် အတူတူ လမ်းလျှောက်ပေးတာမျိုး ပေါ့ပေါ့ပါး ဆော့ကစားပေးတာမျိုး လုပ်ပေးပါ။ များများလှုပ်ရှားတာဟာ ကလေးတွေရဲ့အရိုးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို တိုးတက်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ခိုက်ဖို့ ကိုယ်ခံအားအတွက် အားဖြစ်စေပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ– ကလေးတွေကို ငယ်ရွယ်စဉ်တည်းက တစ်ကိုယ်ရေသန့်ရှင်းရေး အရေးကြီးကြောင်း သင်ပေးပါ။လက်ဆေးတာ၊ ထမင်းစားပြီးပန်းကန်ဆေးတာ၊ နည်းစနစ်တကျ ရေချိုးတာ စတဲ့အကျင့်ကောင်းလေးတွေကို ငယ်ရွယ်စဉ်က ပျိုးထောင်ပေးပါ။ အထူးသဖြင့် အခုလို ရောဂါပိုးမွှားတွေ ပေါများတဲ့ခေတ်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးက အထူးအရေးကြီးလာပါတယ်။ခဏခဏမဖျားပဲ ကြီးထွားဖွံ့ဖြိုး ဉာဏ်ကောင်းတဲ့ ကလေးလေးတွေကို ပျိုးထောင်ချင်တဲ့ မေမေတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ဒီလွယ်ကူးရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာရင်း အကောင်အထည်ဖော်လို့ရပါပြီ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/secret-ingredient-to-a-child-immune-system-and-gut-health/
ကြက်ဥတစ်လုံးမှာ အာဟာရဓာတ်တွေ ဘယ်လောက်ထိ ပါဝင်သလဲ
ကြက်ဥဟာ နည်းမျိုးစုံနဲ့ စားသုံးနိုင်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝပြီး ကြက်ဥစားရင် အားရှိကြောင်း လူအများက လက်ခံထားကြပါတယ်။ တချို့ကတော့ကိုလက်စထရောနဲ့ကယ်လိုရီများတယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ကြက်ဥတစ်လုံးမှာ လူအများထင်တာထက် ကယ်လိုရီပိုနည်းပြီး ကျန်းမာရေးအတွက် ပိုမိုအကျိုးပြုပါတယ်။ကြက်ဥတစ်လုံးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ကြက်ဥတစ်လုံးမှာ ကယ်လိုရီပါဝင်နှုန်းဟာ ဥအရွယ်အစားပေါ် မူတည်ပါတယ်။ ကြက်ဥအရွယ်အစားနဲ့ ကယ်လိုရီပါဝင်နှုန်းတွေကတော့။– ဥအသေး (၃၈ ဂရမ်)။ ၅၄ ကယ်လိုရီ။– အလယ်အလတ်ဥ (၄၄ ဂရမ်)။ ၆၃ ကယ်လိုရီ။– ဥအကြီး (၅၀ ဂရမ်)။ ၇၂ ကယ်လိုရီ။– ပိုပြီးကြီးမားသောဥအရွယ် (၅၆ ဂရမ်)။ ၈၀ ကယ်လိုရီ။– ဧရာမဥ (၆၃ ဂရမ်)။ ၉၀ ကယ်လိုရီ စသဖြင့် ပါဝင်ပါတယ်။အကာနဲ့ အနှစ်မှာလည်း ကွာခြားချက်ရှိပါတယ်။ ကြက်ဥခပ်ကြီးကြီးတစ်လုံးရဲ့ အနှစ်မှာ ၅၅ ကယ်လိုရီ ပါဝင်ပြီး အကာမှာတော့ ၁၇ ကယ်လိုရီ ပါဝင်ပါတယ်။ ကယ်လိုရီအပြင် တခြားအာဟာရဓာတ်မျိုးစုံ ပါဝင်ပါသေးတယ်။ပရိုတိန်းဟာ ကိုယ်ခန္ဓာကြီးထွားကြံ့ခိုင်ဖို့၊ ကျန်းမာသန်စွမ်းဖို့၊ ဟော်မုန်းနဲ့ အင်ဇိုင်းများ ထုတ်လုပ်ဖို့ အထူးအရေးပါပါတယ်။ ကြက်ဥခပ်ကြီးကြီးတစ်လုံးမှာ ပရိုတိန်း ၆.၂၈ ဂရမ်ပါဝင်ပြီး ၃.၆ ဂရမ်ကို ကြက်ဥအကာမှာ တွေ့ရပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပရိုတိန်းပမာဏကတော့ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဝ.၈ ဂရမ်နှုန်း ဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ၁၄၀ ပေါင် (၆၃.၅ ကီလိုဂရမ်) ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့မှာ ပရိုတိန်း ၅၁ ဂရမ် လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်ရဲ့ တစ်နေ့တာပရိုတိန်း လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ရရှိနိုင်ပါတယ်။ကြက်ဥခပ်ကြီးကြီးတစ်လုံးမှာ အဆီဓာတ် ၅ ဂရမ်နီးပါး ပါဝင်ပါတယ်။ ဥအနှစ်မှာ ပိုများပါတယ်။ ၁.၆ ဂရမ်လောက်က ပြည့်ဝဆီ အမျိုးအစားဖြစ်ပါတယ်။ဥအနှစ်မှာ Omega 3 ဖက်တီးအက်ဆစ်လည်းပါဝင်ပါတယ်။ Omega 3 ဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဆစ်ရောင်ခြင်း စတာတွေကို ဖြစ်ပွားနိုင်ခြေ လျော့ကျစေပါတယ်။ ဥတဲ့ကြက်မအပေါ်မူတည်ပြီး omega 3 ပါဝင်မှု ကွာခြားနိုင်ပါတယ်။ ကြက်မတချို့ကို omega 3 အားဖြည့်ထားတဲ့ အစာကျွေးတာကြောင့် ဖြစ်ပါတယ်။ကြက်ဥအနှစ်မှာ ကိုလက်စထရောများစွာ ပါဝင်တယ်လို့ ကြားဖူးကြပါလိမ့်မယ်။ ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ် ပါဝင်ပါတယ်။ တကယ်တော့ ကိုလက်စထရော ပါဝင်နှုန်းကြောင့် ကြက်ဥကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ မယူဆနိုင်ပါဘူး။ အကျိုးပြုတဲ့ ကိုလက်စထရောအမျိုးအစားလည်း ရှိပါတယ်။ ဒါ့အပြင် ကိုလက်စထရောဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တချို့ကို ထမ်းဆောင်ရပါသေးတယ်။ လူအများစုဟာ သူတို့ရဲ့ကိုလက်စထရောပမာဏကို မမြင့်တက်စေဘဲ တစ်နေ့ကို တစ်လုံး (သို့မဟုတ်) နှစ်လုံး စသဖြင့် ပုံမှန်စားသုံးနိုင်ပါတယ်။ကိုလက်စထရောများတဲ့သူဆိုရင်တောင် တစ်ပတ်ကို ၄ လုံးမှ ၆ လုံးအထိ မည်သည့်ပြဿနာမှာ မဖြစ်စေဘဲ စားသုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောနဲ့ အဆီဓာတ်များတဲ့ တခြားအစားအစာတွေနဲ့ အတူမစားဖို့တော့ လိုပါတယ်။ကြက်ဥမှာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါတယ်။ ကြက်ဥခပ်ကြီးကြီးတလုံးမှာ ဝ.၃၆ ဂရမ်သာ ပါဝင်ပါတယ်။ ကြက်ဥမှာအမျှင်ဓာတ်၊ သကြားဓာတ် နည်းပါတယ်။ကြက်ဥမှာ ဗီတာမင် B ကြွယ်ဝပါတယ်။ အထူးသဖြင့် ဗီတာမင် B2 နဲ့ B12 ဖြစ်ပါတယ်။ ဗီတာမင် B12 ကို ဒီအန်အေပြုလုပ်ဖွဲ့စည်းဖို့ ကိုယ်ခန္ဓာမှ အသုံးပြုပါတယ်။ အာရုံကြောနဲ့ သွေးဆဲလ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ဒါ့အပြင် ဗီတာမင် A၊ D၊ E၊ ဖောလိတ်၊ ဘိုင်အိုတင်၊ ကိုလင်း စတာတွေလည်း သင့်တော်တဲ့ ပမာဏနဲ့ ပါဝင်ပါတယ်။ ကိုလင်း (Choline) ဟာ အရေးကြီးတဲ့ ဗီတာမင်တမျိုးဖြစ်ပြီး ကိုယ်ခန္ဓာဆဲလ်များရဲ့ ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဦးနှောက်အတွက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုလင်း ၁၄၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ကြက်ဥတွေမှာ ဆီလီနီယံ၊ ကယ်လ်ဆီယမ်၊ အိုင်အိုဒင်းနဲ့ ဖော့စဖရပ်စ်တို့ များစွာပါဝင်ပါတယ်။ ဆီလီနီယံဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းအမျိုးအစားဖြစ်ပြီး ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာ ပျက်စီးထိခိုက်နိုင်ခြေကို ကာကွယ်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/calories-in-an-egg/
မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ
မုတ်သုံရာသီနီးကပ်လာတာနဲ့အမျှ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ပါလာတာကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ ။မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့်ရောဂါများကို အခုလို ကာကွယ်နိုင်ပါတယ်။မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊။ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ တတ်နိုင်လျှင် တစ်ခါသုံးတစ်ရှူးကို သုံးပြီး စနစ်တကျ စွန့်ပစ်ပါ၊၊။နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို အုပ်ပေးပါ။ ဒီလိုလုပ်တာက မိမိကနေ သူများကို ရောဂါမကူးအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်၊၊။ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်သည် ညနေဘက်တွင် ကိုက်လေ့ရှိပါတယ်၊၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကတော့ နေ့အလင်းရောင် ကောင်းကောင်းရချိန်မှာ ကိုက်တတ်ပါတယ်၊၊ ဒါကြောင့် ခြင်ကိုက်မခံရအောင် ဘယ်အချိန်မှာ အိပ်အိပ် ခြင်ထောင်ထောင်ပါ၊၊ ခြင်အောင်းနိုင်တဲ့ နေရာတွေကို ရှင်းပါ၊၊ ခြင်နိုင်ဆေး လိမ်းထားပါ၊၊။မိုးရာသီမှာ ဖျားနာတာ၊ ကိုယ်လက်ကိုက်တာ၊ နှာစေးချောင်းဆိုးတာတွေအတွက် ဆေးဆိုင်ကနေ အလွယ်တကူရနိုင်တဲ့ ဆေးတွေနဲ့ မသက်သာပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် စိတ်ချရပါတယ်၊၊ မိုးတွင်းမှာ အပြင်စာ၊ လမ်းဘေးစာတွေထက် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်၊၊။လူထူထပ်တဲ့ နေရာတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူတဲ့အတွက် ပွဲလမ်းသဘင်တွေကို တတ်နိုင်သမျှ ရှောင်ပါ၊၊ မဖြစ်မနေသွားရမယ်ဆို နှာခေါင်းစည်းတက်သွားပါ၊၊။ရေနဲ့ ဆပ်ပြာကို သုံးပြီး မကြာခဏ လက်ဆေးပါ၊၊ ဒါမှမဟုတ် ရေမလို လက်သန့်ဆေးရည်ကို သုံးပါ၊၊။သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ် အတွက် အောက်ပါတို့ကို လိုက်နာပါ။လက်သည်းရှည်တွေက အညစ်အကြေးနဲ့ ရောဂါပိုးတွေ ခိုအောင်းရာနေရာ ဖြစ်တဲ့အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။မိုးရေထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်ပါတယ်။ အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကို ဂရုစိုက်ပေးပါ။ကလေးငယ်တွေကလက်ဆေးရတာကိုမကြိုက်ကြပါဘူး၊၊။ မိဘတွေအနေနဲ့ လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်တဲ့ အကျင့်ပါအောင် ပျိုးထောင်ပေးပါ။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေက အရွယ်ရောက်ပြီး သူတွေအတွက် ကြီးမားတဲ့ ပြဿနာပေမယ့် ကလေးငယ်တွေအတွက် ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တာကြောင့် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/how-to-prevent-diseases-in-rainy-season/
Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး)
လေပြွန်ရောင်ခြင်း ဆိုသည်မှာ ကလေးများတွင် အဓိက ဖြစ်သော အသက်ရှူလမ်းကြောင်း ရောဂါပိုးကူးစက်မှု တစ် မျိုး ဖြစ်ပါသည်။ ထိုရောဂါသည် အသံအိုးနှင့် အဆုတ်တွင်း သို့ ဝင်သွားသော လေပြွန်ကို ယားယံစေပြီး ရောင်စေ ပါသည်။ ပြင်းထန်စွာ ချောင်းဆိုးခြင်းကိုလည်း ဖြစ်စေပါ သည်။ကြာရှည်စွာ လေပြွန်ရောင်ပါက အဆုတ်ရောင် ရောဂါ သို့မဟုတ် အဆုတ်တွင် ပြင်းထန်သော ဘတ်တီးရီးယား ကူးစက်ခြင်း တို့ဖြစ်နိုင်ပါသည်။လေပြွန်ရောင်ခြင်းသည် အဖြစ်များပါသည်။ အသက် ၆ လနှင့် ၃နှစ်ကြား ကလေးငယ်များတွင် အများအားဖြင့် ဖြစ် ပွားပါသည်။ အသက် ၁နှစ် အရွယ်တွင် အဖြစ်အများဆုံး ဖြစ် ပါသည်။ သို့သော်လည်း လေပြွန်ရောင်ခြင်းသည် အသက် ၃ လ မျှရှိသော ကလေးငယ်များတွင် တစ်ခါတစ်ရံ ဖြစ် ပွားနိုင်ပြီး အသက် ၁၅နှစ် အရွယ် ကလေးများအထိ ဖြစ်ပွား နိုင်ပါသည်။အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။လေပြွန်ရောင်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ ပင်လယ်ဖျံအော်သံကဲ့သို့ မြည်အောင် ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း နှင့် အဖျားတက်ခြင်း တို့ ဖြစ်ပါသည်။ အခြား ရောဂါလက္ခဏာ များမှာ လည်ချောင်းနာခြင်း ဖြစ်သည်။ထို့ အပြင် ကလေးငယ်များတွင် အသက်ကွဲခြင်း၊ အသက်ရှူမြန် ခြင်း၊ အဆုတ်တွင်းသို့ လေရှူသွင်းလိုက်သောအခါ လေသံ ပြင်းပြင်း ကြားရခြင်း တို့ရှိနိုင်ပါသည်။ ထိုလက္ခဏာ များသည် လဲလျောင်းသော အခါ ပို၍ ဆိုးရွားလာပါသည်။ ရောဂါ လက္ခဏာ များသည် ညဘက်တွင် ပိုဆိုးတက်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အောက်ပါတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ဆက်သွယ် တိုင်ပင်သင့်ပါသည်။လေပြွန်ရောင်ခြင်းသည် parainfluenza RSV, measles, adenovirus, influenza စသော ဗိုင်းရပ်စ်များ ကြောင့် ဖြစ်ပွားတတ်ပါသည်။ သင့်ကလေးသည် လေထဲသို့ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ပျံ့နှံ့သွားသော ရောဂါပိုးရှိ သော အမှုန်များကို ရှူမိခြင်းဖြင့် ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါ သည်။ထိုအမှုန်များရှိ ဗိုင်းရပ် သည် အရုပ်များနှင့် အခြား မျက်နှာပြင်များတွင် ရှင်သန်နိုင်ပါသည်။ သင့်ကလေးသည် ရောဂါပိုးရှိသော မျက်နှာပြင်ကို ထိတွေ့ပြီး သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ထိပါက ရောဂါပိုးကူးစက်နိုင်ပါသည်။ လေပြွန်ရောင်ခြင်း သည် ဓါတ်မတည့်မှုများ၊ အသက်ရှူ လမ်းကြောင်းကို ယားယံစေသော အရာကို ရှူသွင်းမိခြင်း နှင့် အက်စစ်ပြန်စီးခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။လေပြွန်ရောင်ခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာ ရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းနှင့် ခန္ဓါကိုယ်စစ်ဆေးခြင်း တို့ဖြင့် ရောဂါအဖြေရှာ နိုင်ပါသည်။ ကလေး၏ လည်ပင်းနှင့် အဆုတ်အား ဓါတ်မှန်ရိုက်ခြင်းကို ပြုလုပ်နိုင်ပါသည်။ ဓါတ် မှန်သည် လည်ပင်းရောင်ခြင်းနှင့် လေပြွန်တွင် သွေး သို့မဟုတ် ပြည် တစ်ခုခု ဖြင့် ပိတ်ဆို့နေသလားကို ပြသနိုင် ပါသည်။ ဆရာဝန်က ရောဂါပိုးကူးစက်မှုသည် ဘတ်တီးရီး ယားကြောင့်ဟု သံသယရှိပါက သွေးစစ်ခြင်းကို ပြုလုပ်နိုင်ပါ သည်။လေပြွန်ရောင်ခြင်း အများစုသည် အိမ်တွင် ဘေးကင်းစွာ ကုသနိုင်ပါသည်။ သင့်ကလေးသည် ရေဓါတ်ခန်းခြောက်ကို ကာကွယ်ရန် အရည်များများ သောက်သင့်ပါသည်။ သင့် ကလေး၏ ရောဂါလက္ခဏာများသည် သုံးရက်မှ ငါးရက် ထက်ပို၍ ရှိနေပါက သို့မဟုတ် ပိုဆိုးလာပါက လေပြွန် အတွင်း ရောင်ရမ်းမှုများ သက်သာစေရန် ဆရာဝန်သည် စတီးရွိုက်တစ်မျိုး (Glucocorticoid) သောက်ရန်ညွှန်ကြား ပါလိမ့်မည်။သင့်ကလေးသည် အသက်ရှူရန် ပြဿနာ ရှိပါ က ဆေးရုံတက် ကုသမှု ခံယူရန်လိုအပ်ပါသည်။ adrenaline ထိုးခြင်း၊ အောက်စီဂျင် အစွပ်ပေးခြင်း စသည်တို့ဖြစ်သည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် လေပြွန်ရောင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် လေပြွန်ရောင်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/croup-%e1%80%91%e1%80%b0%e1%80%b8%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%9a%e1%80%b9%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%b1%e1%80%81/
ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား
ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။ကလေးလမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ် –။လမ်းလျှောက်တတ်စ နဲ့ အရွယ်ကြီးတဲ့ ကလေးတွေမှာ ခြေထောက်ခွင်တာ အဖြစ်များစေတဲ့ တခြားအကြောင်းရင်းတွေ ထဲမှာ အရိုးပျော့သူငယ်နာ (Rickets)နဲ့ Blount disease လို့ခေါ်တဲ့ အရိုးဖွံ့ဖြိုးမှုမမှန်တဲ့ ရောဂါတစ်မျိုး တို့ ပါဝင်ပါတယ် ။ Blount disease ဖြစ်လေ့ရှိတဲ့ ကလေးတွေကတော့ –။Ricketsကတော့ဗီတာမင် ဒီ၊ ကယ်လ်စီယမ် နဲ့ ဖော့စဖိတ် အားနည်းတဲ့ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အရိုးရောဂါ ဖြစ်ပါတယ်။မွေးစကနေ သဘာဝအတိုင်း ဖြစ်လာတဲ့ ခြေထောက်ခွင်ခြင်းကတော့ ကုပေးဖို့ ၊ ဆန့်ပေးဖို့ မလိုပါဘူး။ ကလေးအများစုမှာ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ် လောက်ဆို သူ့အလိုလို ခြေထောက်က ဖြောင့်လာ၊ ဆန့်လာတတ်ပါတယ်။ ဒီထက် ကြာလည်း အလွန်ဆုံး ၇ နှစ်၊ ၈ နှစ်လောက်အထိ ပေါ့။Blount disease ကြောင့်ဖြစ်တဲ့ ခြေထောက်ခွင်ခြင်းကိုတော့ လိုအပ်လာရင် အထိန်း သို့မဟုတ် ခွဲစိတ်ကုသရပါတယ်။Ricketsကိုတော့ ကလေးရဲ့ အာဟာရထဲ ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ်ဖြည့်စွက်ပေးပြီး ကုသလေ့ရှိပါတယ်။ မျိုးဗီဇကြောင့်ဖြစ်တဲ့Ricketsကိုတော့ အထူးကုဆရာဝန်နဲ့ ကုထုံးသေချာခံယူသင့်ပါတယ်။တကယ်လို့ –။အရိုးအထူးကုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန် နဲ့ ပြသပြီး ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။ဒါ့ကြောင့် တချို့ကလေးတွေမှာ ခြေထောက်ခွင် တာ သူ့အလိုလို ကောင်းသွားတတ်တော့ လူကြီးတွေ နှိပ်နယ်ပေးတာကြောင့်လို့ ယူဆကြတာလည်း ပါပါတယ်။ တစ်ခု သတိထားရမှာက ကလေးရဲ့ အရိုးနုနဲ့ အရိုးအဆစ်လေးတွေက သိပ်နုနယ်တာမို့ မလိုအပ်ဘဲ နှိပ်နယ်၊ ဆန့်ပေးတဲ့အခါ ထိခိုက်မှာကို စိုးရိမ်ရပါတယ်။ဒါ့ကြောင့် ဖြစ်နိုင်ရင် ကိုယ့်သဘောနဲ့ကိုယ် အားသုံးနှိပ်နယ်၊ ပုံစံပြင်တာ၊ ဆွဲဆန့်တာတွေ မလုပ်တာ အကောင်းဆုံးပါပဲ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူတာ၊ အကြံဉာဏ်တောင်းခံတာတွေ လုပ်သင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/should-parents-massage-babies-bowlegs/
သင် သွေး တစ်ခါလှူရင် လူ ဘယ်နှယောက်ကို ကယ်နိုင်မလဲ။
သင်လှူလိုက်တဲ့ သွေး ကနေ လူဘယ်နှယောက်ကို ကယ်နိုင်သလဲဆိုတာ တွေးဖူးပါသလား။ တစ်ထုပ်လှူလိုက်တာ တစ်ယောက်ပဲ ကယ်နိုင်မှာပေါ့လို့ ပြောစရာ ရှိပါတယ်။ ဟိုအရင်ကတော့  ဟုတ်ချင် ဟုတ်မှာပေါ့။ ခုတော့ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် သင်လှူလိုက်တဲ့ သွေးတစ်ထုပ်ကို အမျိုးမျိုး ခွဲခြမ်း စိတ်ဖြာပြီး လိုအပ်သလို ပေးနိုင်အောင် စီစဉ်ထားပါတယ်။ သင့်သွေးကို ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာရော သိပါသလား။ သင့်သွေးက လူတွေအတွက် ဘယ်လောက်တောင် အဖိုးတန်တယ်။ သင်က ကြီးမြတ်တဲ့အလုပ်၊ အသက်ကယ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုတာ ဒီဆောင်းပါးကနေ ပြောပြပေးပါ့မယ်။သွေးတစ်ထုပ်ကို ဒီတိုင်းပဲ သုံးလို့ ရသလို သူ့ ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ယောက်မက သုံးလို့ရအောင် လုပ်လို့ ရပါတယ်။ ဥပမာ ပြောရရင်။သွေးထုပ်ကြီး (whole blood)ကနေ သွေးနီဥကို ဖယ်ထုတ်ထားတာပါ။ အလွယ်မြင်အောင် ပြောရင် အရည်သက်သက် အဖတ်သက်သက်ပေါ့။ သွေးနီဥတော့ လိုချင်တယ်။ ကိုယ်ထဲကို အရည်တွေ အများကြီး ဝင်လာဖို့ မသင့်တော်တဲ့ သူတွေ အတွက်ပေါ့။ ဥပမာ နှလုံး မကောင်း၊ အဆုတ်မကောင်း၊ ကိုယ်ထဲမှာ အရည်တွေ အများကြီး လက်ခံမိရင် မောလာမယ်၊ အသက်အန္တရာယ် ရှိလာနိုင်တဲ့ သူတွေအတွက်ပါ။ သုံးတဲ့ နေရာတွေကတော့။-သွေးထွက်လွန်တဲ့သူတွေ။-ခွဲစိတ်မှုလုပ်တဲ့ လူနာတွေမှာ လိုအပ်ရင် သွေးသွင်းရအောင် အရန်သင့် ဆောင်ထားတာ။-သွေးသွင်းမှ ရမယ့် သွေးအားနည်းတဲ့ သူတွေ (ဥပမာသာလာဆီးမီးယားရောဂါရှင်) အတွက် သုံးပါတယ်။သွေးထုပ်ကြီးကနေ သွေးဥမွှားတွေကို ဖယ်ထုပ်ထားတာပါ။ သွေးဥမွှားတွေက အလိုအလျောက် သွေးမထွက်အောင် တားဆီးပေးပါတယ်။ ခန္ဓာကိုယ်မှာ သွေးဥမွှားတွေ နည်းသွားတဲ့အခါ အကြောင်းအရင်း မရှိဘဲအညိုအမည်းတွေ စွဲတာ၊နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ စတဲ့ လက္ခဏာတွေ ပြပါတယ်။ သုံးတဲ့နေရာတွေကတော့။-သွေးဥမွှား အလွန်နည်းနေတဲ့ တချို့သော ရောဂါရှိသူတွေ။– ခွဲစိတ်မှု လုပ်စရာ ရှိပေမယ့် သွေးဥမွှား နည်းနေလို့ သွေးထွက်များနိုင်တဲ့သူတွေ။-ခွဲပြီးပေမယ့် သွေးဥမွှားနည်းနေလို့ သွေးထွက်နိုင်ချေ များတဲ့သူတွေ စတဲ့သူတွေမှာ သုံးရပါတယ်။အရည်သက်သက် အဖတ်သက်သက်လို့ ပြောမယ်ဆိုရင် ဒါလေးက ကျန်ခဲ့တဲ့ အရည်ပေါ့။ သွေးရည်ကြည်လို့ ခေါ်ပါတယ်။ ခဲထားတာပါ။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ သွေးတိတ်စေတဲ့ ပစ္စည်းတွေ၊ အယ်လ်ဗျူမင်လို့ ခေါ်တဲ့ အသားဓာတ်တွေ၊ပဋိဇီဝပစ္စည်း(immunoglobulin)တွေ ပါဝင်ပါတယ်။ သုံးတဲ့နေရာတွေကတော့။-သွေးတိတ်ပစ္စည်း ချို့တဲ့တဲ့ သူတွေ။-ပိုးဝင်ပြီး သွေးမတိတ်တဲ့ ရောဂါတွေ (acute DIC)။-သွေးကျဲဆေး (warfarin) ပမာဏများများ သောက်မိတဲ့သူတွေမှာ သွေးမတိတ်ရင်။-တချို့သော မွေးရာပါ ရောဂါတွေ (Hereditary angioneurotic oedema) မှာလည်း သုံးလို့ ရပါတယ်။သွေးလှူတယ်ဆိုတာ ကိုယ့်ရဲ့ အသွေးအသားကို လှူဒါန်းတာပါ။ ကိုယ်အသက်ရှင်ဖို့ လိုအပ်တဲ့ သွေးကို သူများဆီ မျှပေးတာပါ။ ဘဝမှာ တစ်ကြိမ် တစ်ခါပဲ သွေးလှူဖူးတယ် ဆိုရင်တောင် ကိုယ့်ရဲ့ သွေးတစ်ထုပ်ကနေ လူ၃ယောက်ကို ကယ်ဆယ်လိုက်တာပါ။  သွေးက ၄လ တစ်ခါ လှူလို့ရပါတယ်။ တစ်နှစ်ကို ၃ခါဆိုတော့ လူ ၉ယောက်ကို သွေးပေးပြီး ကယ်ဆယ်နိုင်ပါတယ်။ အကြိမ်ကြိမ်လှူဖူးတဲ့ သူဆိုရင် ဘယ်နှယောက်ကိုများ ကယ်ပြီးပြီ ဖြစ်လိမ့်မလဲ။ လူဘယ်နှယောက်များ ကိုယ့်သွေးကြောင့် အသက်ဆက်ရှင်သန် ပြီးပြီလဲဆိုတာ တွေးပြီး ပီတိဖြစ်ကြည့်ပါ။ ကိုယ့်မှာလည်း ဒီလို အခွင့်အရေးရှိပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာတဲ့ ဘယ်သူမဆို သွေးလှူနိုင်ပါတယ်။ လှူလည်း လှူကြပါလို့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-many-people-can-you-save-through-blood-donation/
အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ
ကျန်းမာကြံ့ခိုင်တဲ့ လူသားတစ်ဦးဖြစ်ပြီးအာဟာရဓာတ်မျှတဖို့လိုပါတယ်။ အစားကောင်းကောင်း စားရပါမယ်။ ယနေ့ခေတ်အခါမှာကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်များကိုလည်း လျှော့ပြီးစားသုံးလာကြပါတယ်။ အစားအစာများကို စနစ်တကျမဟုတ်ဘဲ လျှော့ချစားသုံးတဲ့အခါ ရေရှည်မှာ အာဟာရဓာတ်မပြည့်ဝဘဲ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေမရဘဲ ဖြစ်လာနိုင်ပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအသောက်ကို ပုံမှန်မစားတဲ့အခါ ကြုံလာနိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ကယ်လိုရီဟာခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ စွမ်းအင်ဖြစ်ပါတယ်။ အစားအသောက်ထဲမှာ ကယ်လိုရီလုံလောက်စွာ မပါရင် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လွယ်ပါတယ်။ လူအများစုအနေနဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို ပြည့်ဝစွာ လုပ်ဆောင်နိုင်စေဖို့ ၁၀၀၀ ကယ်လိုရီအထက် လိုအပ်ပါတယ်။ လှုပ်ရှားမှုများရင် ပိုလိုအပ်ပါတယ်။အသက်ကြီးပိုင်းတွေမှာဆိုရင် ခံတွင်းပျက်တာကြောင့် အစားသိပ်မစားနိုင်ဘဲ စွမ်းအင်ရရှိမှုပါ လျော့နည်းသွားတတ်ပါတယ်။ကယ်လိုရီလျော့နည်းနေတဲ့အခါ ပုံမှန်ထက် အနည်းငယ်အားစိုက်ရတဲ့ အလုပ်တခုခုလုပ်ရင် မောနေတတ်ပါတယ်။ ဥပမာ လှေကားတက်တဲ့အခါ ယခင်ထက် မောပန်းနေတတ်ပါတယ်။နေ့စဉ် ဆံပင်ကျွတ်ခြင်းဟာ ကြုံတွေ့နေကြအခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်တွေ အထွေးလိုက် ကျွတ်နေပြီဆိုရင် အစားကို ပုံမှန်မစားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပင်များကို ပုံမှန်အတိုင်း သန်စွမ်းစေဖို့ ဆိုရင် အာဟာရဓာတ်ပြည့်ဝစွာ စားသောက်ဖို့ လိုပါတယ်။ ကယ်လိုရီ၊ ပရိုတိန်း၊ ဘိုင်အိုတင်၊ သံဓာတ် စတာတွေ ချို့ယွင်းတဲ့အခါ ဆံပင်များ ပိုကျွတ်လာနိုင်ပါတယ်။အစားအစာကို လျှော့စားလွန်းရင် ဆာလောင်ခြင်း၊ ဗိုက်ပြည့်ခြင်း စတာတွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ အမြဲတမ်းလိုလို ဆာလောင်လာတတ်ပါတယ်။ သုတေသနတစ်ခုမှာ ကယ်လိုရီကို ၄၀ ရာခိုင်နှုန်းထိ လျှော့ပြီးစားတဲ့အခါ ဆာလောင်မှုပမာဏဟာ ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် ကယ်လိုရီလျော့နည်းသွားရင် ကော်တီဆောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပိုထွက်လာတတ်ပါတယ်။ ကော်တီဆောထွက်လာရင် ပိုမိုဆာလောင်ပြီး ဗိုက်အဆီများလည်း တက်လာတတ်ပါတယ်။အမျိုးသမီးများ အစားအစာကို စားသင့်သလောက်မစားရင် ကိုယ်ဝန်ရဖို့လည်း ခက်ခဲပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းဟာ ဟော်မုန်းများကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အီစထရိုဂျင်၊ ပရိုဂျက်စထရုန်း စတဲ့ဟော်မုန်းများအတွက်လည်း ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ ကယ်လိုရီရှိမှုနဲ့ ကိုယ်အလေးချိန်ပေါ်လိုက်ပြီး အပြောင်းအလဲမြန်ပါတယ်။ ကယ်လိုရီနဲ့ ခန္ဓာကိုယ်ရဲ့အဆီဓာတ် လျော့နည်းနေရင် ဟော်မုန်းထုတ်လုပ်မှုမှာ အပြောင်းအလဲရှိပါတယ်။အဆိုပါဟော်မုန်းများ မျှတခြင်းမရှိဘဲ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင် ဟော်မုန်းတွေ ညီညွတ်မျှတအောင် သင့်တော်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ကယ်လိုရီကို အလွန်အမင်းလျှော့ချလိုက်ခြင်းဟာ အိပ်စက်ခြင်းပြဿနာကို ဖြစ်စေပါတယ်။ သုတေသနများအရ အစားအစာများကို ရွေးလွန်းခြင်း၊ လျှော့စားလွန်းခြင်းဟာအိပ်ရေးမဝခြင်း၊ စိတ်အခြေအနေ မလန်းဆန်းခြင်း စတာတွေကို ဖြစ်စေပါတယ်။အစားအသောက်ကို စားသင့်သလောက် ပုံမှန်မစားရင် အမြဲတမ်းလိုလို သည်းမခံနိုင်ဘဲ စိတ်တိုနေတတ်ပါတယ်။ ဒီအချက်ကို ဒုတိယကမ္ဘာစစ်အတွင်းကပြုလုပ်ခဲ့တဲ့ သုတေသနတွေမှကြတည်းက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ သုတေသနအရ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ရသင့်သလောက်မရရင် စိတ်မကြည်တာမျိုး၊ ထစ်ခနဲရှိ စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။အစားအစာလျှော့ချလွန်းရင် စိတ်ပူပန်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ သြစတြေးလျလူငယ်တွေမှာ အစားကို လျှော့စားလွန်းပြီး စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေလည်း များပြားကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အဝလွန်သူများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း တစ်နေ့ကို ကယ်လိုရီ ၄၀၀ မှ ၈၀၀ အတွင်းသာ စားသုံးရာမှာ ၃လလောက်ကြာတဲ့အခါ သုတေသနမှာပါဝင်သူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ စိတ်ပူပန်မှုမြင့်တက်လာကြောင်း သိရပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ဆိုရင် အစားအစာကို မျှတစွာ စားသောက်ဖို့ လိုပါတယ်။ ပိန်ချင်တဲ့အတွက် အစားကို အလွန်အမင်းလျှော့ခြင်းဟာ ဖော်ပြခဲ့တဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ လောက် စားသုံးဖို့တော့ လိုပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် အစားအစာ၊ လေ့ကျင့်ခန်း၊ နေထိုင်မှုပုံစံ စတာတွေ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/signs-of-not-eating-enough/
Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ )
မှိုပိုး အဆုတ်ရောင်ရောဂါ (Fungal pneumonia ) မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုဖြစ်နေချိန်တွင်ခုခံအားကျ၍ မှိုပိုးအခွင့်ကောင်းယူကာ ဝင်ရောက်လာခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါစွဲကပ်ခြင်းဟာ အမှုန်တွေ၊ conidia တွေ ရှူမိခြင်း သို့ အောင်းနေတဲ့ ရောဂါပြန်ထခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။Fungal pneumonia(မှိုပိုး အဆုတ်ရောင်ရောဂါ )ကိုရောဂါရှာဖွေခြင်းဟာ ခက်ပါတယ်၊ ပြီးတော့ ရောဂါရှာဖွေရာမှာလည်းယုတ္တိတန်တဲ့ အခြေခံစစ်ဆေးမှုတွေနှင့် သာ ရှာဖွေရပါတယ်။ လက်တွေ့စစ်ဆေးမှုတွေ၊ ဓါတ်မှန်ပညာတွေ၊နှင့် အနုကြည့်စစ်ဆေးမှုတွေ ပါဝင်ပါတယ်။ဒီကျန်းမာရေး အခြေအနေက အဖြစ်နည်းပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေ လျှော့ချခြင်းဖြင့် ကုသလို့ရပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Fungal pneumonia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အဆုတ်ပြင်ပ တခြားသော လက္ခဏာများ ( အထူးသဖြင့် ကိုယ်ခံအားကျနေသူများတွင်) ဥပမာ။ ။ ဦးနှော်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်တွင်းအနာ၊ အရေပြားရောဂါများ၊ ကျောက်ကပ်၊ အသည်း၊ ကြွက်သားများ၊ မျက်လုံးရောင်ရောဂါတစ်မျိုး (endophthalmitis)၊ နှာခေါင်းပေါက်လေလမ်းကြောင်းများပိုးဝင်ခြင်း သွေးနှင့် ရိုးတွင်းခြင်ဆီတွင်းပိုးဝင်ခြင်း တို့ဖြစ်ပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အဆုတ်ကို ပါဝင်ထိခိုက်စေနိုင်သော မှိုရောဂါကူးစက်မှုဖြစ်စဉ်များမှာ။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် fungal pneumonia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/lung-abscess-%e1%80%99%e1%82%88%e1%80%ad%e1%80%95%e1%80%ad%e1%80%af%e1%80%b8-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac/
စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ
စိတ်ဓာတ်ကျတယ်၊စိတ်ဓာတ်ကျတယ်လို့ လူတိုင်းပြောတတ်ကြတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာက အရာရာဆုံးရှုံးလိုက်ရပြီဆိုတဲ့ အတွေးမျိုး စိတ်ထဲမှာ ခံစားမိပြီး စိတ်ရောကိုယ်ပါ ထိခိုက်ခံစားရတာမျိုးပါ။Depression လို့ခေါ်ဆိုတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာက လူအများအပြားမှာ ဖြစ်နိုင်ခြေရှိပြီးတော့ တချို့တွေအတွက်က ယာယီအားဖြင့်သာဖြစ်ပေမယ့် တချို့တွေအတွက်ကတော့ တကယ့် ကျန်းမာရေးပြဿနာကြီးဖြစ်ပါတယ်။Depression စနစ်တကျကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။စိတ်ခံစားချက်သက်သက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး လူတွေအကြားမှာရှိနေတဲ့ ယုံတမ်းစကားတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ဒီအချက်တွေဟာ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/depression-myths/
ပန်းဂေါ်ဖီစားသုံးခြင်း၏ အကျိုးကျေးဇူးများ
ပန်းဂေါ်ဖီဟာ အာဟာရဓာတ်အများအပြား ပါဝင်တဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်ပဲ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ နှလုံးရောဂါ၊ကင်ဆာစတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ယခုဆောင်းပါးမှာ ပန်းဂေါ်ဖီရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ပန်းဂေါ်ဖီမှာ ကယ်လိုရီဓာတ်နည်းပါးပြီး ဗီတာမင်များစွာ ကြွယ်ဝပါတယ်။ သင်လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်အားလုံးလိုလို ပန်းဂေါ်ဖီထဲမှာ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီအစိမ်းတခွက်စာ (၁၂၈ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်များကတော့။– ကယ်လိုရီ။ ၂၅။– အမျှင်ဓာတ်။ ၃ ဂရမ်။– ဗီတာမင် C။ တစ်နေ့တာ လိုအပ်ချက်၏ ၇၇ ရာခိုင်နှုန်း။– ဗီတာမင် K။ တစ်နေ့တာ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း။– ဗီတာမင် B6။ တစ်နေ့တာ လိုအပ်ချက်၏ ၁၁ ရာခိုင်နှုန်း။– ဖောလိတ်။ တစ်နေ့တာ လိုအပ်ချက်၏ ၁၄ ရာခိုင်နှုန်း။– ပန်တိုသဲနစ်အက်ဆစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၇ ရာခိုင်နှုန်း။–ပိုတက်ဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၉ ရာခိုင်နှုန်း။– မန်ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၈ ရာခိုင်နှုန်း။– မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၄ ရာခိုင်နှုန်း။– ဖော့စဖရပ်စ်။ တစ်နေ့တာ လိုအပ်ချက်၏ ၄ ရာခိုင်နှုန်း။ပန်းဂေါ်ဖီဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး တစ်နေ့တာ အမျှင်ဓာတ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာအိမ်အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ အမျှင်ဓာတ်ကို လုံလောက်စွာ စားခြင်းအားဖြင့် ဝမ်းချုပ်ခြင်း၊ အူရောင်ခြင်း၊ အူနံရံဘေး အိပ်ငယ်လေးများ ရောင်ရမ်းနာကျင်ခြင်း စတဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ပန်းဂေါ်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအနေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီမှာ glucosinolate နဲ့ isothiocyanate ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုး ကြွယ်ဝပါတယ်။ အဆိုပါ ပစ္စည်းနှစ်မျိုးဟာ ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကို ဟန့်တားနိုငကြောင်း သိရပါတယ်။ဒါ့အပြင် ပန်းဂေါ်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝပါတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီး နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ပန်းဂေါ်ဖီမှာ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မတိုးစေဘဲ များများစားနိုင်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေနှုန်းကို နှေးစေပြီး ဗိုက်ပြည့်စေတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ အစားအစာတွေကို စားသုံးမိခြင်းကနေ ကာကွယ်ပေးပြီး ကိုယ်အလေးချိန် လျှော့ချခြင်းကို အထောက်အကူပြုပါတယ်။ပန်းဂေါ်ဖီတစ်ခွက်စာမှာ ကိုလင်း ၄၅ မီလီဂရမ် ပါဝင်ပါတယ်။ ဒါဟာ အမျိုးသမီးများအတွက် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားများအတွက် ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကိုလင်းဟာ ကိုယ်ခန္ဓာအတွင်း ဆဲလ်အမြှေးပါးများ ခိုင်ခန့်စေခြင်း၊ DNA ဖွဲ့စည်းခြင်း၊ ဇီဝဖြစ်ပျက်မှုကို အထောက်အကူပြုခြင်း စတဲ့ အရေးကြီးတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။ဦးနှောက်ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီး အာရုံကြောလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာပါဝင်လို့အာရုံကြောစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါလို အာရုံကြောပြဿနာတွေ၊ အသည်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-cauliflower-2/
Cryptococcosis (မှိုတစ်မျိုးကို ရှူသွင်းမိခြင်းကြောင့်ဖြစ်သောရောဂါ)
Cryptococcosis ဆိုသည်မှာ Cryptococcus neoformans ဟုခေါ်သော မှိုတစ်မျိုးကို ရှူသွင်းမိခြင်း ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကျန်းမာသော သူများတွင် ဤရောဂါဖြစ်ပွားခြင်းမှာ ရှားပါးပြီး ထိုရောဂါ သည် ကိုယ်ခံအားစနစ် ချို့ယွင်းမှု ရှိသူများတွင် ပို၍ဆိုးရွား နိုင်ပါသည်။ ထိုမှိုကူးစက်မှုကို တိုက်ခိုက်နိုင်စွမ်းမရှိသော ကြောင့်ဖြစ်သည်။C.neoformans ကူးစက်ခံရမှုသည် ကျန်းမာသောသူများ တွင် အလွန်ဖြစ်ခဲပါသည်။ C.neoformans ကူးစက်ခံရမှု အ များစုသည် အထူးသဖြင့် HIV/AIDS ရှိသော ကိုယ်ခံအား စနစ် အားနည်းသူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ကျန်းမာသော သူများတွင် မှိုကူးစက်သော်လည်း ရောဂါ လက္ခဏာ မပေါ်ပါ။ ကူးစက်မှုသည် ကိုယ်ခံအားစနစ် အား နည်းသူများ၏ ဦးနှောက်ဆီသို့ ပျံ့နှံ့သွားပါသည်။ အာရုံကြော (ဦးနှောက်) ဆိုင်ရာ လက္ခဏာများ ဖြည်းညင်းစွာ ပေါ်လာပါ သည်။ ကူးစက်ခံရသော လူအများစုသည် ရောဂါ စစ်ဆေး အဖြေရှာသော အခါ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမ ရောင်ခြင်း ရှိပါသည်။ အခြား ရောဂါလက္ခဏာများမှာ။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဤရောဂါဖြစ်စေသော မှိုသည် Cryptococcus neoformans ဖြစ်ပါသည်။ ၎င်းတို့သည် များသောအားဖြင့် မြေ ကြီးထဲတွင် တွေ့ရပါသည်။ ၎င်းတို့ကို ရှူသွင်းမိသော အခါ အဆုတ်ကို ထိခိုက်စေပါသည်။ ရောဂါပိုးကူးစက်မှု သည် သူ့အလိုလိုသက်သာ သွားနိုင်ပါသည်။ အဆုတ်တွင် သာ ကျန်ရှိပြီး သို့မဟုတ် ခန္ဓါကိုယ်အနှံ့ ပျံ့နှံ့သွားခြင်း ဖြစ်နိုင်ပါသည်။ ရောဂါပိုးကူးစက်မှုသည် ကိုယ်ခံအားစနစ် အားနည်း သောသူများတွင် အများဆုံး တွေ့ရပါသည်။ Cryptococcus သည် AIDS ရှိသောသူများတွင် အသက်အန္တရာယ် ရှိနိုင် သော အဖြစ်များသည့် မှိုကူးစက်မှု ဖြစ်ပါသည်။ရောဂါပိုးကူးစက်မှုသည် ကိုယ်ခံအားစနစ် အားနည်းသူ များတွင် မကြာခဏတွေ့ရပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် Cryptococcus ကို ခန္ဓါကိုယ်စစ်ဆေး ခြင်း နှင့် အောက်ပါအခြားစစ်ဆေးမှုများဖြင့် အတည်ပြု အဖြေရှာနိုင်ပါသည်။အချို့ရောဂါကူးစက်မှုသည် ကုသရန် မလိုပါ။ သို့သော် ရောဂါကူးစက်မှုသည် မပျံ့နှံ့တော့သည်ကို သေချာရန် တစ် နှစ်ပတ်လုံး ပုံမှန် စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ အဆုတ် ပျက်စီးခြင်း သို့မဟုတ် ရောဂါပျံ့နှံ့ခြင်း ဖြစ်ပါက မှိုကို နိုင် သော ဆေးများ သောက်ရန် ညွှန်ကြားပါလိမ့်မည်။ ထိုဆေး များသည် အချိန်ကြာစွာသောက်ရန် လိုအပ်ပါသည်။ ဆေးများမှာ-။Amphotericin B သည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Cryptococcosis ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/cryptococcosis/
သတင်းဆိုးတွေ ကြောင့် စိတ်ပင်ပန်းနေရပြီလား
ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ ၊ အနိတ္ထာရုံတွေ၊ ဖရုသဝါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကအစ သြစတြေးလျ တောမီးအလယ် ထရမ့်ပ်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မယ် အဆုံး ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ဒီလိုသတင်းမျိုးတွေဟာစိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။လိင်အကြမ်းဖက်မှုတွေ၊ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါဘယဘေးတွေ၊အိမ်တွင်းအကြမ်းဖက်မှုတွေလို ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီ သတင်းဆိုးတွေ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို မသိမသာရော သိသိသာသာပါ ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။နေ့စဉ်နဲ့အမျှစိတ်ညစ်ညူးဖွယ်သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ဒီလို အခြေအနေမျိုးတွေကို ဘယ်လို ထိန်းချုပ်မလဲ။ ဘယ်လို ရင်ဆိုင်တုန့်ပြန်သင့်သလဲဆိုတာကို အကြံလေးပေးချင်ပါတယ်။၁။အကြောက်တရားကို မရှာဖွေပါနဲ့။သတင်းဆိုတာမျိုးရဲ့ ၉၉% က ဆိုးရွားတာတွေ စိတ်ညစ်ညူးစရာတွေ အပြည့်နဲ့ ရယ်ပါ။ ကြောက်စရာ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မြင်ရတဲ့အခါမျိုးမှာကြောက်ရွံ့စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်၊ ရွံ့ရှာစိတ်တွေ ဖြစ်ပေါ်တတ်တာ လူ့သဘာဝပါပဲ။ ဒီတော့ ဒါမျိုးအဖြစ်အပျက်တွေကို ရှောင်လွှဲချင်ရင် သတင်းကို တတ်နိုင်သမျှ သတင်းဆိုးတွေ နဲ့ဝေးအောင် ကြိုးစားပါ။ ဖုန်းတွေက News Alert တွေ Noti တွေကို ပိတ်ထားပါ။ အထူးသဖြင့် ညဘက်တွေမှာပေါ့။၂။ကြောက်တတ်တာတွေကို စာရင်းလုပ်ထားပါ။စိတ်သောကရောက်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ် လို့မရတဲ့အခါမျိုးမှာ လူတွေရဲ့ဦးနှောက်အဲ့ဒီကိစ္စတွေကနေ ဖောက်ထွက်ဖို့ နည်းလမ်းရှာပါတယ်။ ဒီလို အာရုံလွှဲနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ စာရင်းပြုစုရေးချလိုက်တာပါပဲ။ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ စိုးရိမ်ပူပန်မှုတွေ သောကတွေ အကြောက်တရားတွေကို များမျာတွေးပေးပြီး များများရေးချပါ။  ကိုယ့်ရဲ့ ဦးနှောက် ဒါကို များများတွေးမိ လက်ခံမိလာလေလေ မိမိကိုယ်တိုင်လည်း ပိုပြီး တည်ငြိမ်လာလေလေပါပဲ။၃။အိပ်ယာဝင်ခါနီးမှာ အီလက်ထရွန်န် ပစ္စည်းတွေကို ပိတ်ထားပါ။အိပ်ရာဝင်ခါနီးမှာ ဖြစ်နိုင်သမျှ ကိုယ့်ရဲ့ ဖုန်း၊ တီဗီ၊ အင်တာနက်စတာတွေကို ပိတ်ထားတာက အကောင်းဆုံးပါပဲ။ ပိုကောင်းတာကတော့ စိတ်နှလုံးအေးချမ်းစေမယ့် စာအုပ်မျိုးလေးတွေ အိပ်ရာဝင်ခါနီး မိနစ် ၂၀ လောက်ဖတ်ပေးတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။၄။တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးပါ။ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကို မျှဝေပြောပြီးစိတ်သက်သာရာရအောင် လုပ်တာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ – အမေတို့ ညီအကိုမောင်နှမတို့ သူငယ်ချင်းတို့နဲ့ပေါ့။၅။Shake it off။ဟုတ်ပါတယ်။ တေလာ ဆွစ်ဖ်ရဲ့ သီချင်းလိုပါပဲ။ သတင်းဆိုးတွေကြောင့် စိတ်ထိခိုက်နေရပြီဆိုရင် လူကိုအားရပါးရ လှုပ်ခါပစ်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ တိရစ္ဆာန်တွေဟာ သူတို့ စိတ်လှုပ်ရှားတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကို လှုပ်ခါပစ်လိုက်တာမျိုးသဘောတရားပါပဲ။၆။အတင်းအကျပ် ပြန်မတိုက်ထုတ်နေပါနဲ့။စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာ သတင်းတွေ ဖတ်မိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။၇။ကိုယ်လုပ်နိုင်တာတွေကိုပဲလုပ်ပါ။စိတ်ညစ်ညူးစရာတွေမြင်ရတွေ့လို့ တမျိုးတမည် ခံစားနေရပြီဆိုရင် သီချင်းအော်ဆိုလိုက်တာမျိုး၊ ငွေကြေးလှူဒါန်းလိုက်တာမျိုး၊ ကိုယ့်ကိုပျော်ရွှင်စိတ်ချမ်းမြေ့စေမယ့် ပို့စ်တွေ မျှဝေလိုက်တာမျိုး ကိုယ့်စိတ်ထဲ ကျေနပ်သွားစေမယ့်ဟာမျိုးလေးတွေ ကိုယ်နိုင်သလောက် လုပ်လိုက်ပါ။ ပျော်လာပါလိမ့်မယ်။၈။အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေကို ရှာဖွေပါ။တကယ်လို့ စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးတွေ အကြောင့် စိတ်ညစ်ညူးနေရရင် အကျိုးသင့်အကြောင့်သင်း ရှင်းလင်းပြနိုင်တဲ့သူမျိုးဆီက အဖြေရယူပါ။ ရဲရဲဝံ့ဝံ့ပြန်လည်ဖြေကြားကြည့်ပါ။ တစ်ဖက်လူရဲ့ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းချက်တွေက ကိုယ့်ကို စိတ်သက်သာစေမှာ အမှန်ပါပဲ။၉။အသက်ကို မှန်မှန်ရှူပါ။တစ်ခုခု စိတ်လှုပ်ရှားစရာမျိုးတွေ ကြုံလာရတဲ့အခါ အသက်ကို မှန်မှန်ရှူဖို့ အနီးဝန်းကျင်က လူကြီးမိဘတွေက ပြောလေ့ရှိပါတယ်။ မှန်ပါတယ်။ဒီနည်းလမ်းဟာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။  စတန်းဖို့ဒ် တက္ကသိုလ်က ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ မာ့ခ် ကရန်စနိုးရဲ့ အဆိုအရဆိုရင် အသက်ကို ရှူနှုန်းတည်ငြိမ်မှန်ကန်တာက စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/are-u-tired-cause-of-bad-news/
သီးသီးအကြောင်း သိကောင်းစရာ
သီးသီးကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီးပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။သီသီးကအမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသလိုအူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ သိပ်မမှည့်သေးတဲ့ သီးသီးကိုဝမ်းပျက်ဝမ်းလျှောတာသက်သာစေဖို့ သုံးလို့ရသလို ဝမ်းသွားရခက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သီးသီးက အရောင်ကျစေနိုင်သလို အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သီသီးကို စားသုံးပေးလို့ရသလို အနာပေါ်ကို တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။သီးသီး အမှည့်ကို စားသုံးပေးတာက အစာအိမ်ကို ကျန်းမာစေပြီးလေထိုးလေအောင့်တာနဲ့ အမျိုးမျိုးသော အစာအိမ်ပြဿနာတွေကို ကင်းစေပါတယ်။သီးသီးအရွက် ကြိတ်ရည်ကို အရေပြားမှာ လိမ်းပေးတာ၊ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာကအင်ပျဉ်အပါအဝင်အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။သီးသီးခေါက်ကို သွေးလူးတာက နေလောင်တာကို သိသိသာသာ သက်သာစေပါတယ်။ဒါတွေအပြင် သီးသီးက။အရသာရှိတဲ့ သီးသီးလေး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/wood-apple-benefits/
မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ
ကလေးဆိုလို့ စိတ်ထဲမှာ ဘာမှ ခံစားနေရမှာ မဟုတ်ဘူး။ ဖြစ်ပျက်နေတာတွေကို ဘာမှမသိဘူးလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့တွေ သိထားတာထက်ကိုကလေးတွေက အရိပ်အခြေနားလည်ပါတယ်။ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်ရင် လူကြီးတွေ ကလေးတွေလည်း  ခံစားရတတ်ပါတယ်။ ဒီထဲမှာ ကိုယ်နှစ်သက်တဲ့ တစ်ယောက်ယောက်  သေဆုံးသွားတာလည်း ပါပါတယ်။ ဒီတစ်ခေါက်တော့ မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။မနေ့က လူမှုကွန်ယက်မှာ ဖခင်ကကြိုးဆွဲချပြီး သတ်သေတာကို live လွှင့်ပြီး အရွယ်မရောက်သေးတဲ့ ကလေးတွေကို စောင့်ကြည့်ခိုင်းတာပါ။ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောလိုပါဘူး။ အဓိက ဆွေးနွေးချင်တာက ဒါကို မြင်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ပါ။ လူကြီးတွေကတော့ ထင်မှာပဲ။ ကလေးတွေက ဆော့ရင်းပြုရင်း မေ့သွားမှာပါလို့။ ဒါပေမယ့် ကလေးတွေကမှတ်ဉာဏ်ကောင်းတာကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါဟာ သူတို့အတွက်စိတ်ဒဏ်ရာပါ။ Posttraumatic stress disorderလို့ ခေါ်တဲ့ မကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကို မျက်မြင်ကြုံလိုက်ရပြီးနောက် စိတ်ဒဏ်ရာဖြစ်ပြီး ကျန်ခဲ့မှာပါ။ကလေးတိုင်းကPTSDနဲ့ ကြုံနိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြုံခဲ့ရင်၊ ဒါကို အနီးကပ်နေသူက သေချာ ဂရုမစိုက်မိလိုက်ဘူးဆိုရင် ဒီကလေးက ဘဝတစ်လျှောက်လုံး ထိခိုက်နေမှာပါ။ကလေးတွေအတွက် သူချစ်ခင်တဲ့သူ ရိုးရိုး သေဆုံးသွားတာနဲ့ ရုတ်တရက် ဒါမှမဟုတ် ကြောက်လန့်ဖွယ် အခြေအနေတစ်ခုမှာ သေဆုံးသွားတာနဲ့ မတူပါဘူး။ ကလေးက သူ့မျက်စိရှေ့မှာ သူချစ်ခင်တဲ့သူ ပုံမှန်မဟုတ်တဲ့ သွေးပျက်ဖွယ် အနေအထားနဲ့ သေဆုံးသွားခဲ့ရင်  အဲ့ကလေးက  Traumatic grief ဆိုတာကို ခံစားရပါတယ်။ မနေ့က ကိစ္စမှာဆိုရင် အဖေ ကြိုးဆွဲချ သေဆုံးတာကို မျက်မြင်တွေ့လိုက်ရတဲ့ ကလေးတွေရဲ့ အနေအထားပေါ့။ Childhood traumatic griefလို့ ခေါ်ပါတယ်။သေဆုံးတယ်ဆိုတဲ့ အကြောင်းတရားပေါ် ကလေးတစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်း မတူပါဘူး။ သူတို့ရဲ့ အသက်၊ သေဆုံးတာကို ဘယ်လိုနားလည်ထားလဲ၊ ကလေးရဲ့ နဂို စိတ်ခံစားချက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တစ်အိမ်တည်း နေတဲ့ ကလေးအချင်းချင်းတောင် မတူပါဘူး။ သေဆုံးခြင်းဆိုတဲ့ အကြောင်းအရာဟာ ကလေးတွေအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခံဖို့ ခက်ခဲပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူတွေ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ဥပမာ အိပ်ချိန်တွေ၊ စားတဲ့ ပုံစံတွေ၊ စိတ်တို၊ စိတ်ဆတ်တာ၊ ဝမ်းနည်းတာ၊ တစ်ယောက်တည်း နေချင်တာ၊ ဒီသေဆုံးတဲ့ အကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေတာ၊ တွေးနေတာ၊ သူတို့တွေ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးတော့တာ စတာတွေကို ကြုံရနိုင်ပါတယ်။ ဒါတွေကို ကလေးနဲ့ အနီးကပ်နေသူတွေက သတိထားမိဖို့ လိုပါတယ်။  ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး လွှတ်ထားလို့ မဖြစ်ပါဘူး။ဒီလို ခံစားချက်တွေဟာ ကလေးတွေ အတွက် သိပ်ကိုဆိုးပါတယ်။ ဘေးလူ သတိမပြုမိရင် ကလေးက မကောင်းတဲ့ နည်းလမ်းနဲ့ စိတ်ထွက်ပေါက်ကို ရှာသွားနိုင်ပါတယ်။ဒီကလေးတွေက နောက်ပိုင်းကျရင် စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့။ဒါ့ပြင်။အနှစ်ချုပ်။ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက ကလေးတွေရဲ့စိတ်ခံစားချက်ကို လျစ်လျူမရှုသင့်ဘူးဆိုတာကိုပါ။ ကလေးပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါဆိုပြီး ထားလိုက်လို့ မရပါဘူး။ သူ့တို့မှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။ ခုcaseမှာ ဆိုရင် ကလေးတွေကို အနီးကပ် စောင့်ရှောက်နေသူတွေအနေနဲ့ ခုနက လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ လိုအပ်ရင် ကလေးစိတ်ကျန်းမာရေးအထူးကုနဲ့ ဆွေးနွေးသင့်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေရှေ့မှာ ကလေးစိတ်ထိခိုက်နိုင်တဲ့ ဘယ်အပြုအမူမျိုးကို မဆို (ရန်ဖြစ်တာကအစ) ရှောင်ကြည်ဖို့လိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/developmental-disorder/childhood-traumatic-grief/
အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ
အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ …. လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင်မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုးဖြစ်မလာစေဖို့ အနာမရင်းအောင်ဂရုစိုက်ရပါမယ်။အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာပြောပြလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-improve-the-rate-of-healing-of-the-skin/
အပူဒဏ် အန္တရာယ် ကာကွယ်ပါ
ဒီရက်ပိုင်းမှာရာသီဥတုတော်တော်ပူလာတာကို သတိပြုမိမှာပါ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင်နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ် အန္တရာယ် တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။အကြောင်းကတော့ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ်။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး။  အဖျော်ယမကာ နဲ့ ကဖင်းဓာတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ်။အပူကြောင့်ကြွက်တက်သူတွေအနေနဲ့။အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို။အပူကြောင့်သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ။အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-prevent-heat-related-illness/
ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။
ဗီတာမင်စီဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stressတွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သတ်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့ အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75mgနဲ့ အမျိုးသားအတွက်ကတော့ 90mgပဲ ဖြစ်ပါတယ်။ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး ရှိပေမယ့် သိပ္ပံနည်းကျ စမ်းသပ်ထားတာတွေကိုပဲ ပြောပြပေးပါမယ်။ဗီတာမင် စီမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါတဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းစေပါတယ်။ ဒါကြောင့်နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါဖြစ်နှုန်းကို လျှော့ချပေးပါတယ်။သွေးတိုးကို မထိန်းနိုင်ရင် နောက်တက်တွဲ အနေနဲ့ နှလုံးထိခိုက်ပြီး အသက်သေဆုံးတတ်ပါတယ်။ ဗီတာမင်စီက သွေးတိုးရှိတဲ့ သူမှာရော၊ မရှိတဲ့ သူမှာပါ သွေးပေါင်ကျစေတယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ဘာဖြစ်နိုင်လဲတော့ မသိပါဘူး။ ဒါပေမယ့် သွေးတိုး ထိန်းဖို့ ဗီတာမင် တစ်မျိုးတည်းကို အားမကိုးသင့်ဘူးလို့ ဆရာဝန်များက အကြံပြုထားပါတယ်။နှလုံးရောဂါက ကမ္ဘာ့အသေအပျောက်အများဆုံး ရောဂါထဲမှာ ပါပါတယ်။ နှလုံးရောဂါဖြစ်ရတာဟာ သွေးထဲမှာ မကောင်းတဲ့ အဆီဓာတ်တွေများပြီး ကောင်းတဲ့ အဆီဓာတ်တွေ နည်းလို့ ဖြစ်ရတာပါ။ ဗီတာမင်စီက ဒါကို သက်သာစေပါတယ်လို့ ဆိုပါတယ်။ယူရစ်အက်စစ်တွေ သွေးထဲမှာ သိပ်များလွန်းရင် အဆစ်တွေမှာ စုပုံပြီးဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဗီတာမင်စီကတော့ ဒီဂေါက်ရောဂါဖြစ်စေတဲ့ ယူရစ်အက်စစ်ကို လျှော့ချပေးပါတယ်တဲ့။ဗီတာမင်က အစာအိမ်ကနေ သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ အပင်က ရတဲ့ သံဓာတ်တွေက စုပ်ယူရခက်ပါတယ်။ ဒါကို ဗီတာမင်စီက ပိုပြီး စုပ်လို့ကောင်းတဲ့ အနေအထားဖြစ်အောင် ပြောင်းပေးလိုက်တာပါ။ ဒါကြောင့် သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းတာ မဖြစ်တော့ပါဘူး။လူတွေ ဗီတာမင်စီကို ဝယ်ဝယ်သောက်နေရတဲ့ နောက်အကြောင်းရင်း တစ်ခုက ခုခံအားကို တက်စေလို့ပါ။ ဒါကြောင့် ဒီနေ့ခေတ် ဖျားပြီဆိုရင် ပါရာစီတမောအပြင် ဗီတာမင်စီလေးပါ တွဲသောက်လာကြပါပြီ။ ဘယ်လို ခုခံအားကို တက်စေလဲဆိုတော့ အရင်ဆုံး ရောဂါတွေကို တိုက်ထုတ်တဲ့သွေးဖြူဥဆဲလ်တွေ  ထုတ်လုပ်တာကို အားပေးပါတယ်။ ပြီးတော့ သူတို့ကို ဖျက်ဆီးပစ်မယ့် ဓာတ်တိုးပစ္စည်းတွေ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ ခုခံနိုင်စွမ်းကိုလည်း ကောင်းစေပါတယ်။ ဒါ့ပြင် အနာကျက်တာကိုလည်း မြန်စေပါတယ်တဲ့။လူကြီးအရွယ်မှာ မှတ်ဉာဏ်ချို့ယွင်းတာကိုDementiaလို့ ခေါ်ပါတယ်။ လေ့လာချက်တွေအရ အသက်ကြီးလာတာနဲ့အမျှ ဓာတ်တိုးပစ္စည်းဒဏ်ခံရတာတွေ၊ ဦးနှောက်ဆဲလ်လေးတွေ ရောင်ရမ်းတာကြောင့် မှတ်ဉာဏ်ချို့ယွင်းလာတယ်လို့ ယူဆကြပါတယ်။ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အတွက် ဒီရောဂါကို ကာကွယ်စေတယ်လို့ ယူဆကြပါတယ်။ဗီတာမင်စီကို တစ်နေ့ကို အများဆုံး 2000mg ထက် ပိုမသောက်သင့်ပါဘူး။ တော်သေးတာက ဗီတာမင်စီက ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တဲ့အတွက် သွေးထဲမှာ များလာရင် ဆီးထဲကနေတစ်ဆင့် စွန့်ထုတ်လို့ရပါတယ်။ အသက်သေလောက်အောင် မပြင်းထန်ပေမယ့်။ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါ။ ခန္ဓာကိုယ်က  သဘာဝက ရတဲ့ ဗီတာမင်နဲ့ လုံလောက်ပြီးသားဖြစ်တဲ့အတွက် ဖြည့်စွက်သောက်ဖို့ဆိုတာ ရှားပါတယ်။ တကယ်ပဲ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်တယ်ဆိုရင်တော့ အာဟာရပြည့်အောင်စားပါ။  အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လက်ဆေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba%e1%80%85%e1%80%ae-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%84%e1%80%ba%e1%80%98%e1%80%9a/
လက်ကို ဘယ်အချိန်မှာ ဘယ်လိုဆေးကြမလဲ
လက်ဆေးခြင်းဟာ အအေးမိခြင်း၊ တုပ်တွေးနဲ့ အစာအဆိပ်သင့်တာတွေကို ကာကွယ်ဖို့ ရိုးစင်ပြီး ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ရောဂါပိုးတွေ ဘက်တီးရီးယားတွေနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ လက်ဆေးတာကို နေ့စဉ်ပုံမှန် လုပ်ဆောင်နေကျ အရာတစ်ခုအဖြစ် လုပ်ဆောင်သင့်ပါတယ်။ ခြုံပြောရရင် အောက်ပါအချက်တွေကြောင့် လက်ဆေးသင့်ပါတယ်။• တုပ်ကွေးနဲ့ အအေးမိခြင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ အချိန်မှာ လက်ဆေးခြင်းဟာ သင့်ကို အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။• အစာမပြင်ဆင်မီ၊ ပြင်ဆင်နေစဉ်နဲ့ ပြင်ဆင်ပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကိုအစာအဆိပ်သင့်ရောဂါ ပြန့်ပွားစေတဲ့ ဘက်တီးရီးယားကူးစက်နိုင်ခြေကနေ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥတွေနဲ့ ပင်လယ်စာ အစိမ်းတွေကို မကိုင်တွယ်စဉ်နဲ့ ကိုင်ကွယ်ပြီးချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။• အိမ်သာဝင်ပြီးချိန် (သို့) ကလေးအနှီး လဲပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကို ကူးစက်ရောဂါတွေ ဖြစ်တဲ့ salmonella ရောဂါနဲ့ အသဲရောင် အသားဝါ စီပိုးကူးစက်နိုင်ခြင်းကို လျှော့ချပေးပါတယ်။• ဖျားနေတဲ့သူကို မပြုစုခင်နဲ့ ပြုစုပြီးချိန်တို့မှာလည်း လက်ဆေးသင့်ပါတယ်။ အထူးသဖြင့် ထိခိုက်ရှရာတွေကို ကုသမပေးခင်နဲ့ ပေးပြီးမှာ လက်ဆေးဖို့ အရေးကြီးပါတယ်။• အစာမစားမီ လက်ဆေးခြင်းကိုလည်း ပြုလုပ်သင့်ပါတယ်။အောက်ဖေါ်ပြပါ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီးရင်လည်း လက်ဆေးသင့်ပါတယ်။• ခန္ဓါကိုယ်ရဲ့ မသန့်ရှင်းတဲ့ အစိတ်အပိုင်းတွေကို ထိတွေ့ခြင်း။• ရေချိုးခန်း အိမ်သာအသုံးပြုခြင်း။• ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လက်ကိုင်ပုဝါ အသုံးပြုခြင်းနဲ့ တစ်ခါသုံး ပစ္စည်း အသုံးပြုခြင်း။• အစားအစာတွေကို ကိုင်တွယ်ပြင်ဆင်ခြင်း (အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥ၊ ငါး၊ အခွံမာတဲ့ ရေသတ္တဝါများ)။• တိရိစ္ဆာန်နဲ့ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ အစားအစာတွေနဲ့ ထိတွေ့ခြင်း။• ကလေးအနှီးလဲပေးခြင်း၊ အမှိုက်ကိုင်တွယ်ခြင်း၊ ဖုန်းသုံးခြင်းနဲ့ လက်ဆွဲ နှုတ်ဆက်ခြင်း။ကျန်းမာရေးဌာနက လက်ကိုသေချာစွာ ဆေးကြောရန်အတွက် အောက်ဖေါ်ပြပါ အချက်တွေကို တိုက်တွန်းထားပါတယ်။• လက်ကို ရေဘုံဘိုင်အောက်မှာ ဆပ်ပြာသုံးစွဲပြီး ရေဆွတ်ပါ။• လက်နှစ်ဘက်ကို ဆပ်ပြာမြှုပ်ဖြစ်ပေါ်လာအောင် မိနစ်နှစ်ဆယ်ခန့် သေချာစွာ ပွတ်တိုက်ဆေးကြောပါ။• သင့်လက်ကောက်ဝတ်၊ လက်အနောက်ဘက်တွေ၊ လက်ချောင်းတွေကြားနဲ့ လက်သည်းတို့အထိပါ သေချာစွာ အာရုံစိုက်ပါ။• ရေဘုံဘိုင်အောက်မှာပဲ ရေစင်အောင် ဆေးကြောပါ။• လက်အခြောက်ခံဖို့ သန့်ရှင်းတဲ့ လက်သုတ်ပုဝါတစ်ထည်ကို အသုံးပြုပါ (သို့) လေမှုတ်စက် အသုံးပြုပါ။• သင် စက္ကူလက်သုတ်ပုဝါနဲ့ လက်သုတ်နေချိန်မှာ ရေဘုံဘိုင်ကို ဖွင့်ထားနိုင်ပါတယ်။ ပြီးတော့မှ ရေဘုံဘိုင်ခေါင်း ပိတ်တဲ့အချိန်မှာ စက္ကူလက်သုတ်ပုဝါကို သင့် လက်နဲ့ ဘုံဘိုင်ခေါင်းကြား အခုအခံအဖြစ် အသုံးပြုနိုင်ပါတယ်။ဆပ်ပြာနဲ့ ရေကို အလွယ်တကူ မရနိုင်ခဲ့ရင် လက်သန့်စင်ဆေးရည် (သို့) အရက်ပြန်ကို အခြေခံတဲ့ အနည်းဆုံး ၆၀% ethyl alcohol (သို့) isopropanol ပါဝင်တဲ့ လက်သုတ်ဝတ်တို့ကို အသုံးပြုပါ။ သင်ခရီးသွားတဲ့အခါ တစ်နှစ်နှစ်ခုလောက် ယူဆောင်သွားပြီး သင့်ကားထဲ (သို့) ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဒီပစ္စည်းတွေဟာ သင့်လက်ပေါ်က ရောဂါပိုး အရေအတွက်ကို လျော့နည်းစေပေမယ့် ရောဂါပိုးအကုန်ကိုတော့ လျင်မြန်စွာ သေစေနိုင်ခြင်း မရှိပါဘူး။လက်သန့်စင်ဆေးရည် ကိုအသုံးပြုရင် သင့်လက်နှစ်ဘက်နဲ့ လက်ချောင်းလေးတွေကို ထိုဆေးရည် မခြောက်မချင်း ပွတ်သပ်ဆေးကြောပါ။ ရေသုံးစရာ မလိုအပ်ပါဘူး။ ပါဝင်တဲ့ အရက်ပြန်က သင့်လက်ပေါ်မှာ ရှိတဲ့ ရောဂါပိုး အတော်များများကို လျင်မြန်စွာ သေစေနိုင်ပါတယ်။လက်ကို မကြာခဏဆေးကြောခြင်းဟာ သင့်အတွက် ကောင်းကျိုးမြောက်မြားစွာ ရှိပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်ဘာလို့ လက်ဆေးသင့်လဲဆိုတာရဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ဘက်တီးရီးယားပိုးတွေဟာ လက်ကတစ်ဆင့်ကူးစက်နိုင်ပြီးတော့ လူတွေကို ဖျားနာစေပါတယ်။Salmonella၊ Ecoli နဲ့ ဝမ်းလျှောဝမ်းပျက်ဖြစ်စေတဲ့ norovirus ပိုးတွေဟာ မစင်မှ တစ်ဆင့်ကူးစက် ပြန့်ပွားနိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူတွေထိထားတဲ့ တံခါးလက်ကိုင် (သို့) အိမ်သာသုံး စက္ကူတို့ကို ကိုင်တွယ်မိမယ်ဆိုရငိ ဒီရောဂါပိုးတွေဟာ သင့်လက်ကို ရောက်ရှိလာပြီးတော့ ရောဂါပိုးကူးစက်နိုင်ပါတယ်။လက်ဆေးခြင်းဟာ ဖျားနာခြင်းက ကာကွယ်နိုင်ပြီးတော့ ရောဂါပိုး အခြားသူထံကို ပြန့်ပွားခြင်းကို တားမြစ်ပေးပါတယ်။• လူတွေဟာ သတိမထားမိပဲ သူတို့ရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မကြာခဏ ထိတွေ့မိတတ်ပါတယ်။ ရောဂါပိုးတွေဟာ မျက်လုံး၊ နား၊ နှာခေါင်းတို့မှတစ်ဆင့် ခန္ဓါကိုယ်တွင်း ဝင်ရောက်နိုင်ပြီး ဖျားနာမှုကို ဖြစ်ပေါ်စေပါတယ်။• ဆေးကြောခြင်းမရှိတဲ့လက်က ရောဂါပိုးတွေဟာ အစားအသောက် ပြင်ဆင်စဉ် (သို့) စားသောက်စဉ်မှာ အစားအသောက်တွေထဲကို ရောက်ရှိလာတတ်ပါတယ်။ ရောဂါပိုးတွေဟာ အချို့သောအခြေအနေတွေအောက် အစားအသောက်တွေမှာ ပွားများနိုင်ပြီးတော့ လူတွေကို ဖျားနာစေနိုင်ပါတယ်။• ဆေးကြောခြင်းမရှိတဲ့လက်က ရောဂါပိုးတွေဟာ အခြားအရာတွေဆီ ပြန့်ပွားနိုင်ပါတယ် (ဥပမာ လက်ရန်း၊ စားပွဲ မျက်နှာပြင်၊ အရုပ်)။ ဒါတွေမှတစ်ဆင့် အခြားသူတစ်ယောက်ရဲ့ လက်ဆီ ပြန့်ပွားနိုင်ပါတယ်။• လက်ဆေးခြင်းဖြင့် ရောဂါပိုးဖယ်ရှားခြင်းဟာ ဝမ်းလျှောဝမ်းပျက်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးရုံသာမက အရေပြားနဲ့ မျက်စိရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။လက်ဆေးခြင်းဟာ ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်ကို တိုးတက်စေပါတယ်။လူတွေကို လက်ဆေးနည်း သင်ကြားခြင်းဟာ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို ကျန်းမာစေပါတယ်။ လက်ဆေးမှု ပညာပေးခြင်းဟာ။• ဝမ်းပျက်ရောဂါ ရရှိမှု လူအရေအတွက်ကို ၃၁% လျှော့ချပေးနိုင်ပါတယ်။• ခုခံအားစနစ် မကောင်းတဲ့သူတွေမှာ ဝမ်းပျက်ဝမ်းလျှေုာ ရောဂါဖြစ်ပွားမှုကို ၅၈ ရာခိုင်နှ်ုန်း လျှော့ချနိုင်ပါတယ်။• ပြည်သူလူထုကြားမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (အအေးမိ) ကို ၁၆% ကနေ ၂၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။လက်ဆေးခြင်းဟာ ပိုးသတ်ဆေးယဉ်ပါးမှု မြင့်တက်လာခြင်းကို ရင်ဆိုင်နိုင်ပါတယ်။ဖျားနာတာကို ကာကွယ်ခြင်းအားဖြင့် လူတွေအသုံးပြုနေတဲ့ ပိုးသတ်ဆေး ပမာဏကို လျော့ကျစေနိုင်တာကြောင့် ပိုးသတ်ဆေး ယဉ်ပါးမှုကို လျော့ကျစေပါတယ်။ လက်ဆေးခြင်းဟာ ၃၀ရာခိုင်နှုန်း သော ဝမ်းပျက်ဝမ်းလျှော ရောဂါတွေနဲ့ ၂၀ရာခိုင်နှုန်း သော အသက်ရှူလမ်းကြောင်း ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ပိုးသတ်ဆေးတွေကို တစ်ခါတစ်လေမှာ မလိုအပ်ပဲ ကျန်းမာရေး ပြဿနာတွေ ကုသဖို့ အသုံးပြုကြပါတယ်။ လက်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျှော့ချခြင်းဟာ ကမ္ဘာပေါ်မှာ ပိုးသတ်ဆေး ယဉ်ပါးမှုကိုဖြစ်စေတဲ့ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုကို ကူညီပေးပါတယ်။လက်ချင်း ထိတွေ့မှု (သို့) ရောဂါကူးစက်ခံနေရတဲ့ အရာ (သို့) တိရိစ္ဆာန်နဲ့ထိတွေ့မှုတွေကြောင့် အချို့အဖြစ်များတဲ့ ရောဂါတွေဟာ လူအချင်းချင်းကြားမှာ ကူးစက်နေကြပါတယ်။Novovirus။Novovirus ဗိုင်းရပ်စ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ Novovirus ရဲ့ ရောဂါ လက္ခဏာတွေကတော့ ပျို့အန်ခြင်း ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်းတို့ပဲ ဖြစ်ပါတယ်။ Novovirus ကို မစင်မှ တစ်ဆင့် ကူးစက်ပြီးတော့ လူအမြောက်အများစုဝေးနေတဲ့ နေရာများ (သင်္ဘော၊ စစ်အုပ်စု နဲ့ နေ့ကလေးထိန်းကျောင်း) တွေမှာ အလျင်အမြန် ပြန့်ပွားနိုင်ပါတယ်။ Novovirus ကူးစက်မှုကို ရောဂါပိုး ကူးစက်ခံရသူရဲ့ အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီးချိန်တွေမှာ သေချာစွာ လက်ဆေးကြောခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သင့်နှာခေါင်းတွေ ပါးစပ်တွေကို ထိတွေ့မှုမရှိပဲ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီးတိုင်း လက်မကြာခဏဆေးကြောခြင်းဟာ ရောဂါကူးစက်ခံရမှုကို လျော့ကျစေပါတယ်။ Novovirus ဟာ ရောဂါပိုးရှိနေတဲ့ သူတွေက အစာပြင်ဆင်ကိုင်တွယ်ခြင်းနဲ့ အိမ်သာအသုံးပြုပြီး လက်မဆေးခြင်းအားဖြင့် ပျံ့နှံ့နိုင်ပါတယ်။ အစားအစာရဲ့ အနံ့အရသာဟာ သိသာမှုမရှိတဲ့အတွက် ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိကို မသိနိုင်ပါဘူး။ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်သော ရောဂါများ။ရောဂါပိုးအတော်များများဟာ ညံ့ဖျင်းတဲ့ လက်ဆေးမှုနည်းပညာတွေကြောင့် ဆေးရုံတွေမှာ လူနာအချင်းချင်း (သို့) ဝန်ထမ်များမှတစ်ဆင့် ကူးစက်နေကြပါတယ်။ တကယ်လို့ ဆေးရုံဝန်ထမ်းတစ်ယောက်ဟာ လူနာတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လက်မဆေးဘူးဆိုရင် သူဟာ ရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို အခြားလူနာတစ်ယောက်ကို သယ်ဆောင်ပေးလိုက်ပါပြီ။ အမြစ်ဖြတ်ရန်ခက်ခဲတဲ့ ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ methcillin-resistant staphylococcus aureus (MRSA)၊ clostridium difficile (c diff) ၊ Vancomycin resistant enterocci (VRE)၊ Escherichia coli (E. coli) ၊ pseudomonas တို့ဟာ မကြာခဏတွေ့ရတတ်တဲ့ ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်သော ရောဂါများ ဖြစ်ပါတယ်။ အဏုဇီ၀ ဌာနက Stephen Abedon က ၁၀ရာခိုင်နှုန်း လောက်သော ဆေးရုံတတ်နေတဲ့ လူနာတွေဟာ ဆေးရုံတတ်နေစဉ်အတွင်းမှာ ရောဂါပိုးကူးစက်ခံရပြီး အမေရိကမှာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ၂၀၀၀၀ လောက် သေဆုံးနေကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။အသည်းရောင် အသားဝါ အေပိုး။အသည်းရောင် အသားဝါ အေပိုး ဟာ အသားဝါခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်းနဲ့ မောပန်းခြင်းတို့ကိုဖြစ်စေတဲ့ အသည်းရောဂါ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးဟာ အိမ်သာတက်ပြီး လက်သေချာမဆေးတဲ့ ရောဂါကူးစက်ခံရသူ ပြင်ဆင်ပေးတဲ့ အစားအသောက်တွေကို စားသုံးခြင်းအားဖြင့် အဓိက ပြန့်ပွားနိုင်ပါတယ်။ ရောဂါပိုးကူးစက်နေတဲ့ အင်မတန်သေးငယ်တဲ့ မစင်အစိတ်အပိုင်းလေးကတောင် ရောဂါပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်။ သင်ထိတွေ့မိသူရဲ့လက် (သို့) အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အသည်းရောင် အသားဝါ အေပိုး ရှိမယ်ဆိုရင် နီးကပ်စွာ ထိတွေ့ခြင်းကလဲ ကူးစက်နိုင်ပါတယ်။ သင့်ပါးစပ် (သို့) နှာခေါင်းကို ထိတွေ့မှု မပြုခင် လက်ဆေးမယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို လျှော့ချနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
ဟင်းပြင်းပင် နဲ့ ကျန်းမာရေး
မိုးရွာသွန်းမှုမြင့်ပြီး အေးမြတဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ဟင်းပြင်းပင်က အသီးနုနုလေးတွေ၊ အရွက် နဲ့ အဖူးတွေကို အထိစားလို့ရပါတယ်။ အပူပိုင်းဒေသတွေနဲ့ မြေပြန့်ဒေသတွေမှာတော့ ပေါက်ခဲကြပါတယ်။မိုးအေးအေးမှာ ဟင်းပြင်းရွက်ကို အရည်သောက်လေး ချက်စားစား၊ အသီးနုနုလေးတွေကို ခပ်ဆတ်ဆတ်လေး ထုပြီး ပုစွန်ခြောက်၊ ဘဲဥတို့နဲ့ မွှေကြော်ပြီးစားလို့ရပါတယ်။ အရသာလေးထည့်ပြီး ရေနွေးနဲ့ ပေါင်းခံလို့လည်း စားလို့ရပါတယ်။မိုးရာသီမှာ ထမင်းမြိန်စေတဲ့ ဟင်းပြင်းရွက်၊ ဟင်းပြင်းဖူး နဲ့ ဟင်းပြင်းသီးကို ချက်စားတာက။ဦးနှောက်ကျန်းမာစေနိုင်တယ်။ဟင်းပြင်းပင်မှာ ဦးနှောက် လုပ်ဆောင်မှုကို အကောင်းဆုံးထောက်ပံ့ပေးတဲ့ မဂ္ဂနိ့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်နဲ့အာရုံကြောထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။အာရုံ​ကြောဆဲလ်တွေကို ချိတ်ဆက်မှုကောင်းစေပြီးသိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေနိုင်ပါတယ်။ကြီးထွားဖွံ့ဖြိုးစေတယ်။ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့အတွက် ကော့ပါးကို လိုအပ်ပါတယ်။ ကော့ပါးကအရိုးအဆစ်တွေကို ကျန်းမာစေနိုင်သလို နှလုံးသွေးကြောနဲ့ အာရုံကြောစနစ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ကော့ပါး ပြည့်ဝနေမှ သွေးတွင်း အောက်ဆီဂျင်ပမာဏ ကောင်းမွန်ပြီးသွေးနီဥဆဲလ်တွေ ကျန်းမာစေမျာ ဖြစ်သလို ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေ ကျန်းမာစေနိုင်မှာပါ။ကိုယ်အပူချိန်ထိန်းညှိပေးတယ်။သံဓာတ်က ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။သံဓာတ်က သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးသလိုဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။အရေပြားကျန်းမာစေတယ်။ဇင့်ဓာတ်ပါဝင်နေတာကြောင့်ဝက်ခြံကို သက်သာစေပြီး အနာကျက်စေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို ကျန်းမာစေပြီး အနာ မြန်မြန်ကျက်စေနိုင်ပါတယ်။ အရေပြား ပိုးဝင်ကူးစက်တာ၊ ပါးစပ်ထဲက အနာဖြူလေးတွေ၊ အပူလောင်နာ၊ချုပ်ရိုး၊ အနာ စတာတွေကို သက်သာစေနိုင်ပါတယ်။ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။လေဖြတ်တာကို ကာကွယ်ပေးတယ်။ဟင်းပြင်းရွက်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့ ပိုတက်ဆီယမ် ပါဝင်နေပါတယ်။ပိုတက်ဆီယမ်က ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး သိမြင်မှုစွမ်းရည်တွေ ဟန်ချက်ညီညီလှုပ်ရှားနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ လေမဖြတ်အောင် ကာကွယ်ပေးပြီး လေဖြတ်တဲ့လူနာ ပြန်လည် နလန်ထူလာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေလို့ သွေးခဲပိတ်ဆို့မှု ကင်းစေနိုင်ပါတယ်။ကြွက်တက်တာကို သက်သာစေနိုင်တယ်။ကျောက်ကပ်ကျန်းမာစေတယ်။Phosphorus ကြွယ်ဝမှုက ကျောက်ကပ် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဆီးရွှင်စေပြီး ကိုယ်တွင်းက ရေပမာဏ၊ ယူရစ် အက်ဆစ်နဲ့ ပိုလျှံနေတဲ့ ဆားဓာတ်၊ အဆီဓာတ်တွေကို စွန့်ထုတ်ပေးပါတယ်။ ကိုယ်တွင်းမှာရေဓာတ်ထိန်းညှိပေးပြီးအဆိပ်အတောက်တွေဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေနိုင်ပါတယ်။ကြွက်သားတွေကျန်းမာစေတယ်။ဟင်းပြင်းရွက်မှာ ကြွက်သားတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ ပရိုတင်းပါဝင်နေပါတယ်။  ကြွက်သားတစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒါကြောင့် ပရိုတင်း ပြည့်ဝချင်တယ်ဆိုရင် စားပေးသင့်ပါတယ်။ဆဲလ်တွေ ၊ တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေတယ်။ခန္ဓာကိုယ်ကဆံပင်၊ အရေပြား နဲ့ ခြေသည်းလက်သည်တွေ အသစ်ဖြစ်ပေါ်စေဖို့အတွက် ပရိုတင်းဖြစ်ပေါ်စေဖို့ အမိုင်နိုအက်ဆစ်ကို လိုအပ်မှာပါ။ ဒီလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်နေတာက ကျန်းမာတဲ့လက္ခဏာတစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ဆိုရင် ဟင်းပြင်းပင်ကို စားသုံးပေးလို့ရပါတယ်။ဆံသားကျန်းမာစေတယ်။ပရိုတင်းက ဆံသားကျန်းမာစေပြီး ဆံသား မပျက်စီးစေဖို့ ကာကွယ်ပေးပါတယ်။  လေ့လာမှုတွေ အရကတော့ ပရိုတင်း ပြည့်ဝမှုက ဆံသားအသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ဆံသား ကျန်းမာစေဖို့အတွက် ဟင်းပြင်းရွက်၊ ဟင်းပြင်းသီး၊ ဟင်းပြင်းဖူးစတာတွေကို စားပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/melinjo-gnetum-gnemon/
ပရိုတင်းဓာတ်နဲ့ ပါးစပ်ရာဇဝင်များ
ပရိုတင်း၊ ပရိုတင်းနဲ့ ပရိုတင်းဆိုတဲ့ စကားလုံးကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ ပရိုတင်း(Protein)ဆိုတဲ့ ဓာတ်က လူ့ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒီဓာတ်က ကိုယ်တွင်းထဲက တစ်ရှူးဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်လိုပဲ ခန္ဓာကိုယ်ထဲက စွမ်းအင်အရင်းအမြစ်တစ်မျိုးလည်း ဖြစ်ပါတယ်။ လူသားတွေရဲ့အစာခြေစနစ်တွေ၊ အစာအိမ်တွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ အဓိကအားဖြင့်တော့ လူအများစု သိမှတ်ထားတာက ပရိုတင်းဓာတ်ဟာ ကြွက်သားတွေကို အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။ခန္ဓာကိုယ်ကြွက်သား တောင့်တင်းကြံ့ခိုင်ချင်သူတွေဟာ ပရိုတင်းဓာတ်စာတွေကို အလွန်အမင်းမှီဝဲနေကြပါတယ်။ ဒါတွေဟာ မှန်ကန်ရဲ့လား။ ပရိုတင်းဟာ အသုံးတည့်လှတဲ့ ဓာတ်တစ်မျိုးဖြစ်တာမို့ လူအများကြားမှာ စွဲလမ်းမှုတွေ ယုံကြည်မှုတွေလည်း အမျိုးမျိုးရှိကြပါတယ်။အလွန်အကျွံသုံးစွဲတာတွေ၊ မှားယွင်းအသုံးချမှုတွေလည်း ရှိနေပြန်ပါတယ်။ဒီတော့ ပရိုတင်းဓာတ်နဲ့ ပတ်သက်ပြီး လူတွေက ဘာတွေ အတွေးအမြင် လွဲမှားမှုတွေ ရှိနေကြသလဲ၊ အမှန်တရားက ဘာတွေလဲ သိထားဖို့တော့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို အလွန်အမင်း မှီဝဲမိတဲ့အခါမျိုးမှာ အစာခြေစနစ် ဖောက်လွဲဖောက်ပြန်တာ၊ ဓာတ်မတည့်မှုဖြစ်နိုင်တာ၊သွေးတွင်း သကြားဓာတ်နဲ့ ကယ်လိုရီပမာဏအများအပြား မြင့်တက်တာနဲ့ lead ၊ arsenic ၊ cadmium နဲ့ mercury စတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေ ခန္တာကိုယ်အတွင်း ပမာဏတိုးပွားလာနိုင်တာတွေဖြစ်နိုင်ပါတယ်။ပရိုတင်းဓာတ်နဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇဝင်လေးတွေ၊ အယူအဆမှားလေးတွေကို သိနားလည်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဖြည့်ဆည်းရာမှာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်တာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/protein-myths-facts/
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။
ဗိုက်ထဲက ကလေးလေး ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့ နဲ့ မိခင်ကျန်းမာဖို့ အတွက်ကိုယ်ဝန်ဆောင်ချိန်မှာ မှန်ကန်လုံလောက်တဲ့ အစာအာဟာရရရှိဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် မိခင်စားသောက်တဲ့ အစာအာဟာရဟာ ဗိုက်ထဲကကလေးငယ်လေးအတွက် ရရှိနိုင်တဲ့ တစ်ခုတည်းသော အာဟာရဓာတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားကြမလဲ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ပထမဆုံးအနေနဲ့။ပရိုတင်းဓာတ်ဟာ ကလေးလေးရဲ့ ခန္ဓာကိုယ် အပြင် ဦးနှောက် ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အဓိကအနေနဲ့ အမဲသား၊ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဆယ်လမွန်ငါး စတာတွေ စားပေးရပါမယ်။အနီရောင်ရှိတဲ့ အသားစားပေးခြင်းအားဖြင့် ပရိုတင်းဓာတ်သာမက သံဓာတ်လည်းရစေတဲ့အတွက် ဗိုက်ထဲက ကလေးငယ်ဆီကို လုံလောက်တဲ့ သွေးနဲ့ အောက်စီဂျင်တွေကို ရစေနိုင်ပါတယ်။ဒါ့အပြင် သံဓာတ်ဟာ ကလေးလေး ခန္ဓာကိုယ်ကြီးထွားဖို့အတွက်ရော၊ ဦးနှောက်ဖွံ့ဖြိုးစေနိုင်ဖို့ အတွက်ပါ အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အနီရောင်ရှိတဲ့ အသားအပြင် အသည်း စတဲ့ ကလီစာတွေ၊ ဂေါ်ဖီပန်းစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊ ပဲအမျိုးမျိုး စတဲ့ အစေ့အဆံတွေ စားရင်လည်း သံဓါတ်ရနိုင်ပါတယ်။ကယ်စီယမ်ဓာတ်ဟာ မိခင်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတဲ့ ပြဿနာဖြစ်တာကို လျှော့ချပေးနိုင်တဲ့ အပြင် ဗိုက်ထဲမှာရှိတဲ့ ကလေးလေးရဲ့ သွားနဲ့ အရိုးတွေ ဖွံ့ဖြိုးလာဖို့ ကူညီပေးနိုင်ပါတယ်။ ကယ်စီယမ်ဓာတ်ရဖို့ ဆယ်လမွန်ငါး၊ ချိစ်၊ ဒိန်ချဉ်၊ ပဲ အမျိုးမျိုး၊ နို့ ၊ ဂေါ်ဖီထုပ်၊ တိုဖူး၊ ကြက်ဥ စတာတွေ စားပေးဖို့လိုအပ်ပါတယ်။ဆန်၊ ဂျုံ ၊ ကြက်ဥစတာတွေစားပေးခြင်းဖြင့်ကစီဓာတ်တွေ ရနိုင်ပါတယ်။ ကစီဓာတ်ကလည်း ကလေးလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။Folic acidဟာ ကလေးလေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မွေးရာပါချို့တဲ့တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ folic acid ပါဝင်တဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ကြက်ဥတွေ၊ အသည်းတွေ စတာတွေကို စားပေးဖို့ အကြံပေးချင်ပါတယ်။အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် ဗီတာမင် အမျိုးမျိုးနဲ့ခုခံအားကောင်းစေတဲ့antioxidantတွေ၊အမျှင်ဓာတ်တွေ အများအပြား ပါဝင်တဲ့ သဘာ၀ သစ်သီးတွေ (ဥပမာ- ထောပတ်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး) နဲ့ ဟင်းသီးဟင်းရွက်တွေ (ဥပမာ- မုန်လာဥနီ၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီစိမ်း၊ခရမ်းချဉ်သီး ) စတာတွေ များများစားဖို့ လိုပါတယ်။ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ဖို့နဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက် ဗီတာမင်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးဖို့ကလည်း အရေးကြီးပါတယ်။ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ပါဝင်တဲ့ ယမကာတွေ၊ အသားစိမ်း၊ ငါးစိမ်းတွေ၊ သေချာမကျက်တဲ့ အစားအသောက်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။Caffeine ပါတဲ့ ကော်ဖီ၊ dark chocolate တွေ၊ အဆီအရမ်းများတဲ့ အစားအစာတွေ၊ အကင်တွေ ကို လည်း လျှော့ဖို့ အကြံပေးချင်ပါတယ်။မိမိရဲ့ အစားအသောက်ဟာ ကလေးလေးအတွက် အာဟာရ ဖြစ်စေနိုင်လို ဘေးအန္တရာယ်လည်း ဖြစ်စေနိုင်တဲ့ အတွက် ကောင်းမွန်မှန်ကန်တဲ့ အစားအသောက်တွေကို မျှတအောင်စားပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် မွေးထုတ်နိုင်ကြပါစေ။ရေးသားသူ- Phoo Ngon။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/what-you-should-eat-during-pregnancy/
သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။
ဆေးရုံတွေ၊သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်းသွေးလှူခြင်းဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ်လှူလိုက်တဲ့သွေးက ဘယ်လို လူတွေကို အကျိုးပြုနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို မျှဝေပေးသွားပါမယ်။သင့်သွေးနဲ့ ဘယ်လို လူတွေကို ကယ်တင်နိုင်လဲ။၁။ သွေးရောဂါရှိသောသူများ။ ဥပမာ –sickle cell diseaseလို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ ပုံမမှန်ဖြစ်နေတဲ့ ရောဂါ၊thalassemiaသွေးရောဂါနဲ့ အခြားသွေးဆဲလ်တွေနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ဆက်ရှင်နေဖို့ အတွက်ပုံမှန် သွေးသွင်းနေကြရပါတယ်။၂။သွေးအားနည်းရောဂါရှိသူများ၊ကင်ဆာကုထုံးခံယူနေရသူများ၊ အစာအိမ်လမ်းကြောင်း သွေးထွက်ရောဂါ ခံစားနေရသူများ၊ ကျောက်ကပ် (သို့) ပြင်းထန် အသည်းရောဂါရှိသူများ အတွက်လည်း သွေးဟာ မရှိမဖြစ်ပဲ ဖြစ်ပါတယ်။၃။ ကြီးမားတဲ့ ခွဲစိတ်မှုလုပ်ရပြီး သွေးအများကြီးဆုံးရှုံးလိုက်ရသော သူများ။ကြီးမားတဲ့ ခွဲစိတ်မှုတစ်ခုလုပ်တဲ့အခါ ဆုံးရှံးနိုင်တဲ့ သွေးပမာဏလည်း များနိုင်ပြီး သွေးမသွင်းနိုင်ခဲ့ရင် အသက်အန္တရာယ်ဆုံးရှုံးမှုအထိ ဖြစ်နိုင်တဲ့အတွက် အဲဒီလို လူတွေကိုလည်း သင့်သွေးက ကယ်တင်နိုင်ပါတယ်။၄။ accident နဲ့ အခြား ထိခိုက်ဒဏ်ရာတွေကြောင့် သွေးအများကြီးဆုံးရှုံးသွားသူများ။ထိခိုက်ဒဏ်ရာရပြီး ရုတ်တရက် သွေးတွေ အများကြီးဆုံးရှုံးလိုက်ရတဲ့အခါ အသက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင်လှူလိုက်တဲ့ သွေးဟာ ဒီလို လိုအပ်နေတဲ့ သူတွေကို ကယ်တင်ပေးနိုင်ပါတယ်။သွေးလှူခြင်းဟာ သွေးလိုအပ်နေတဲ့ အခြားသူတစ်ယောက်ကို ကူညီပေးနိုင်ရုံတင်မကပါဘူး။ လှူဒါန်းတဲ့ သူအတွက်လည်း ကိုယ်ခန္ဓာကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရစေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပါ အထောက်အကူဖြစ်စေပါတယ်။သွေးလှူခြင်း ဟာ အခြားသူရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အတွက် ပျော်ရွှင်မှုနဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိကို ရရှိစေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း၊ စိတ်ခံစားမှု ပိုပြီး ကောင်းမွန်လာခြင်း၊ အဆိုးမြင်တတ်တဲ့ ခံစားချက်တွေကို တိုက်ထုတ်နိုင်လာခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိစေနိုင်ပါတယ်။သွေးလှူခြင်းဟာ အခြားလိုအပ်နေသူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့အပြင် လှူဒါန်းသူကိုယ်တိုင်အတွက်လည်း ကောင်းကျိုးတွေ အများကြီးရစေတဲ့အတွက် သွေးလှူကြဖို့ အကြံပေးချင်ပါတယ်။ရေးသားသူ- Phoo Ngon။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-blood-donation/
ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။
တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့လျှပ်စစ်ပစ္စည်းတွေ၊အင်တာနက်နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေကဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။၁။ အဝလွန်ခြင်း။လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ ဆီးချို စတဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေတွေကို လျှော့ချ နိုင်ဖို့ အတွက် ကလေးငယ်ဘဝတည်းက ကျန်းမာတဲ့ နေထိုင်မှု ပုံစံ ဖြစ်အောင် လေ့ကျင့်ပေးဖို့က အရေးကြီးပါတယ်။၂။ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ activites တွေကို ရှာဖွေတွေ့ရှိနိုင်ခြေ နည်းလာခြင်း။ကလေးတွေမှာ သူတို့စိတ်ဝင်စားတဲ့ ဝါသနာ (သို့)အားကစား၊ လှုပ်ရှားမှု တစ်ခုခုကို ရှာဖွေတွေ့ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ။ ဒါပေမယ့် သူတို့ကို အဲလို activities တွေ လုပ်ရမယ့် အချိန်တွေမှာ ဖုန်းတွေနဲ့ အစားထိုးခဲ့မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေနိုင်တဲ့ အခွင့်အလမ်းကို ဖျက်ဆီးမိသလို ဖြစ်သွားစေနိုင်ပါတယ်။၃။အိပ်ရေးပျက်ခြင်း။အထူးသဖြင့် ကလေးလေးတွေဟာ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့အတွက် လူကြီးတွေထက် အိပ်ချိန်ပိုလိုအပ်ပါတယ်။ တစ်နေ့ကို ၁၀ နာရီ ၁၂ နာရီလောက် အိပ်ချိန်လိုအပ်တဲ့ ကလေးငယ်တွေအတွက် ဖုန်း နဲ့ အခြား လျှပ်စစ်ပစ္စည်းတွေက အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးမရတဲ့အခါ ကလေးက လန်းလန်းဆန်းဆန်းရှိမှာ မဟုတ်သလို ဉာဏ်ရည်ဖွံ့ဖြိုးမှု အပိုင်းမှာလည်း အားနည်းလာနိုင်ပါတယ်။၅။ ပေါင်းသင်းဆက်ဆံရေး အားနည်းလာခြင်း။ပုံမှန် အခြားကလေးတွေ၊ သူငယ်ချင်းတွေနဲ့ ဆော့တဲ့ အချိန်တွေ လျော့နည်းသွားတဲ့အခါ ကလေးလေးကြီးလာတဲ့အခါလူမှုဆက်ဆံရေးမှာ အားနည်းလာနိုင်ပါတယ်။၆။ ကိုယ်လက် ကိုက်ခဲခြင်း။ဖုန်း၊ တီဗွီ၊ ကွန်ပြူတာ စတာတွေ အသုံးပြုတဲ့အခါ တစ်နေရာတည်းမှာ အကြာကြီး အာရုံစိုက်ပြီး ငြိမ်နေတဲ့အတွက်ကြွက်သားတွေ နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။၇။ အာရုံကြော နဲ့ အမြင်အာရုံ အားနည်းလာခြင်း စတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့်လည်း WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက။(၁) အသက်၅နှစ်အောက် (အထူးသဖြင့် အသက် ၂ နှစ်အောက်) ကလေးလေးတွေဟာ ပိုကစား၊ ပိုအိပ်သင့်ပြီး ဖုန်း၊ တီဗွီ ၊ ကွန်ပြူတာဂိမ်း ကြည့်တဲ့screen timeလုံး၀ မရှိသင့်ဘူးလို့ ဆိုထားပါတယ်။(၂) အသက် ၃နှစ်၊ ၄နှစ် ကနေ ၁၀ နှစ်ကျော်ထိကလေးတွေ အတွက် အများဆုံး  screen time တစ်နေ့ကို ၁နာရီထက် ပိုမများသင့်ပါဘူး၊ နည်းလေ ကောင်းလေ လို့ပြောပြထားပါတယ်။အဲဒါတွေအစား ကလေးငယ်အတွက် ကစားပေးတာ၊ စာဖတ်ပြတာ၊ ဆေးရောင်ခြယ်တာ၊ ပုံပြင်ပြောပြတာ၊ သီချင်းဆိုတာ၊ ပုစ္စာတွေ တူတူဖြေရှင်းတာ စတဲ့ activites တွေကို လုပ်ပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ မိဘတွေနေနဲ့လည်း မိမိတို့ရဲ့ ကလေးတွေကို ဖုန်း၊ တီဗွီ၊ ကွန်ပြူတာ စတဲ့ ပစ္စည်းတွေ အသုံးပြုချိန်ကို ကန့်သတ်ထားပေးပြီး ကလေးတွေပျော်အောင် သူတို့ သဘောကျတဲ့ အခြား activities တွေ များများလုပ်ပေးဖို့၊ ကောင်းကောင်းအိပ်စက်စေဖို့ တိုက်တွန်းချင်ပါတယ်။ရေးသားသူ- Khine Phoo Ngon။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%95%e1%80%b1%e1%80%b8%e1%80%9e/
ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေက ဘယ်အရာပေါ်မှာ မူတည်နေလဲ။ ပြန်ဆန်းစစ်ဖူးလား။ မဆန်းစစ်ဖူးရင် ခု…ဆန်းစစ်လိုက်ပါ။ ဆန်းစစ်လိုက်တဲ့အခါ ထွက်လာနိုင်တဲ့ အဖြေတွေကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြချင်တာက ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ …..ပျော်ရွှင်မှုက ကိုယ်တိုင်အပေါ်မှာပဲ မူတည်သင့်တယ်ဆိုတာပါ။လူတော်တော်များများက သူတို့ရဲ့ပျော်ရွှင်မှုတွေကို။လူတစ်ယောက်မှာ ​ပျော်ရွှင်မှုက သူတစ်ပါးအပေါ်မူတည်နေရတယ်ဆိုရင် ​ကောင်းတဲ့ အလားအလားတစ်ခုမဟုတ်ပါဘူး။ သူပြုံးမှ၊ သူအရေးတယူဆက်ဆံမှ ပျော်ရတယ်ဆိုရင် သင်ဟာ သနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါပြီ။ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုရင် ပျော်ရွှင်မှုက အခြားသူအပေါ်မှာ မှီတည်နေတာမျိုးလုံးဝမဖြစ်သင့်ပါဘူး။ လွတ်လပ်သူတွေကပဲအောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်နိုင်ကြတာပါ။ပတ်ဝန်းကျင်မှာ အမြဲပျော်နေတတ်တဲ့သူတွေကို တွေ့ဖူးမှာပေါ့။ သူတို့တွေက လွတ်လပ်ပေါ့ပါးကြသလို အမြဲတမ်းတက်ကြွလန်းဆန်းပြီး အရာရာကို အောင်မြင်အောင်လုပ်ဆောင်တတ်ကြပါတယ်။ အကြောင်းကတော့ သူတို့က သူတို့ရဲ့ ဖြစ်တည်မှုကို နှစ်ခြိုက်သဘောကျနေကြတာဖြစ်သလို အမြဲတမ်းလည်း အကောင်းဆုံးတွေတည်ဆောက်ဖို့ ကြိုးစားနေကြလို့ပါပဲ။ လူတိုင်းဟာ နေ့တိုင်း ကိုယ့်တိုးတက်မှုကိုရှာနေသင့်ပါတယ်။ အကြောင်းကတော့ တိုးတက်မှုတွေ အောင်မြင်မှုတွေက သင့်ကို စိတ်ချမ်းသာပျော်ရွှင်မှုတွေပေးနိုင်သလိုယုံကြည်မှုတိုးစေနိုင်လို့ပါ။ဒါကြောင့် လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ချင်တယ်ဆိုရင်တော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးပါ။ အကောင်းဆုံးကတော့ ပျော်ရွှင်မှုက အခြားသူတွေအပေါ်မှာ တည်မှီနေတာမျိုးမရှိတာကြောင့် အချိန်တိုင်းမှာပျော်ရွှင်မှုတွေ၊ စိတ်ကျေနပ်မှုတွေနဲ့ ပြည့်နေမှာပါ။ ကိုယ့်ရဲ့ တိုးတက်မှု၊ အောင်မြင်မှုတွေအပေါ်မှာ ပျော်ရွှင်တတ်မှ လွတ်လပ်စွာနဲ့နေ့ရက်တိုင်းကို စိတ်ချမ်းသာပျော်ရွှင်စွာ ကျော်ဖြတ်နိုင်မှာပါ။အမြဲတမ်းပျော်ရွှင်နေမှုက လူမှုဆက်ဆံရေးကိုကောင်းစေသလို ကျန်းမာရေးကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ နောက်တစ်ချက်က တီထွင်ဖန်တီးမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း တက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေဖို့ဆိုရင်။အမြဲပြုံးပါ– အပြုံးက လူကို ကူးစက်စေနိုင်သလို ကောင်းမွန်တဲ့အရာတွေကိုသယ်ဆောင်လာပေးတတ်ပါတယ်။ကြံ့ကြံ့ခံ ရင်ဆိုင်တတ်တဲ့အလေ့အထမွေးပါ– အရာတစ်ခုခုကို အလွယ်တကူလက်မလျှော့တတ်သူတွေဘဲ ထိပ်ဆုံးကို ရောက်တတ်ကြတာပါ။အကောင်းဘက်က တွေးပါ– ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ အကောင်းဘက်ကတွေးလို့ရသလို အဆိုးဘက်ကလည်း တွေးလို့ရပါတယ်။ ဒါပေမယ့် အကောင်းဘက်ကတွေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပါ-နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်ရှိဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။ကျေးဇူးတင်တတ်ပါစေ– တစ်ယောက်ယောက်က ကူညီပေးတဲ့အခါ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ပြောဖို့ ဝန်မလေးပါနဲ့။ ဒီလိုပြောပေးတာက ပြောပေးတဲ့သင်ကိုယ်တိုင်အတွက်ရော အပြောခံရတဲ့သူအတွက်ပါ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးပါတယ်။ကတိတည်တတ်ပါစေ– ပြောထားတဲ့စကားကို သေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲဖြစ်ဖြစ် တည်အောင်လုပ်ပေးတတ်တဲ့ အလေ့အထလေးကို မွေးမြူပေးပါ။ ဒီအလေ့အထက သင့်ကို လူအများရဲ့ ယုံကြည်မှုရစေပြီး စိတ်ကျေနပ်ပျော်ရွှင်မှုရစေမှာ အသေအချာပါ။ရိုးသားပါ– ရိုးသားမှုက စိတ်ကိုပိုကျန်းမာစေပြီး နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုကို ပိုမိုခံစားရစေနိုင်ပါတယ်။ လျှို့ဝှက်ချက်တွေကင်းတဲ့ ဘဝကြီးက ပျော်ရွှင်လွတ်လပ်မှုတွေကို နေရာပေးဖို့ အသင့်ဖြစ်နေမှာပါ။ပစ္စုပ္ပန်မှာ တည့်တည့်နေပါ– လူတော်တော်များများ မပျော်ရွှင်ရတဲ့အကြောင်းက အတိတ်ကို ရင်မှာပိုက်ပြီး မရောက်သေးတဲ့ အနာဂတ်ကို တွေးပူနေတာကြောင့်ပါ။ ပျော်ရွှင်နေချင်တယ်ဆိုရင်တော့ ပစ္စုပ္ပန်တည့်တည့်မှာနေပြီး အကောင်းဆုံး ကြိုးစားခြင်းပါပဲ။ခွင့်လွှတ်တတ်ပါစေ– ခွင့်လွှတ်တတ်တာက စိတ်ခွန်အားကြီးမာသူတွေမှ လုပ်နိုင်တယ်ဆိုတာထက် လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ချိန်မှာ စိတ်လက်ပေါ့ပါးသွားတာတော့ အမှန်ပါ။ ဒါကြောင့် ပျော်ရွှင်မှုကို ကိုယ့်လက်တစ်စုံနဲ့ ဖန်တီးချင်တယ်ဆိုရင် အရင်ဆုံး ခွင့်လွှတ်ပေးတတ်ဖို့ ကြိုးစားပါ။ရယ်မောပျော်ရွှင်ပါ– တစ်နေ့တာမှာ အလုပ်တွေ အရမ်းများနေရင်တောင် မိသားစုနဲ့ထမင်းလက်ဆုံစားတာဖြစ်ဖြစ်၊ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/habits-to-improve-your-overall-happiness-in-life/
ချစ်ခင်ရသူတွေအပေါ်မှာ ရိုးသားမှုရှိပါစေ
“မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားအတိုင်း တစ်ခါတလေမှာ အဖြူရောင်မုသားလေးတွေ သုံးရတာမျိုးရှိပေမယ့် အချစ်ရဆုံးသူတွေပေါ်မှာတော့ အတတ်နိုင်ဆုံးရိုးသားစေချင်ပါတယ်။ ရိုးသားမှုက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကိုဖော်ပြပေးနေတဲ့ပြယုဂ်တစ်ခုဆိုလည်းမမှားပါဘူး။ရိုးသားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် မဖြစ်မနေအနေအထားကလွဲလို့ ကျန်တဲ့အခြေအနေတိုင်းမှာရော ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ ရိုးသားကြဖို့ Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပါရစေ။အရာရာတိုင်းကို အမှန်အတိုင်း ရိုးသားပွင့်လင်းစွာပြောဆိုမှုက စိုးရိမ်မှုကင်းစေနိုင်ပြီး စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဖုံးကွယ်ထားမှုမရှိတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ အခြေအနေတိုင်းကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာပေါ့ပါနေမှုကြောင့် အကောင်းဆုံးအိပ်ပျော်စေနိုင်သလို လုပ်ငန်းဆောင်တာတွေကိုလည်းစွမ်းဆောင်ရည်ကောင်းစွာနဲ့ လုပ်ဆောင်နိုင်မှုကြောင့် အလုပ်ကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုကင်းစေမယ်ဆိုတာ အသေအချာပါ။စိတ်ဖိစီးမှု၊ စိုးရိမ်မှုကင်းစင်တဲ့ လူနေမှုဘဝကခေါင်းကိုက်တာ၊ ဖျားနာတာ အပါအဝင် နာတာရှည်ရောဂါတွေကနေပါ ကင်းစင်စေမှာပါ။ ဒါကြောင့်ဖြစ်ရပ်တိုင်း အခြေအနေတိုင်းပေါ်မှာ ရိုးသားမှုရှိနေတာက အကောင်းဆုံးဖြစ်မှာပါ။မရိုးသားမှုကြောင့် ဒီလိုတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ပူပန်မှုများလာမယ်။တစ်ခုခုဖုံးကွယ်ထားရတာက အချိန်တိုင်းလိုလိုစိတ်ပူပန်မှုကိုဖြစ်နေစေနိုင်ပါတယ်။ စိတ်ပူပန်မှုကစိတ်ကျန်းမာရေးအတွက် မကောင်းသလိုရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။အထီးကျန်လာမယ်။တစ်ခုခုကိုဖုံးကွယ်ထားတဲ့အခါ အမှန်တရားကိုပေါ်သွားမှာစိုးတဲ့ ဆန္ဒနဲ့ အချိန်တော်တော်များများကို တစ်ဦးတည်းဖြတ်သန်းရင်းက အချိန်ကြာလာတဲ့အခါ တစ်ကိုယ်တည်းနေထိုင်တာများပြီး အထီးကျန်လာနိုင်ပါတယ်။ အထီးကျန်မှုကလည်း လူကိုရောဂါတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါနော်။စိတ်ဖိစီးမယ်။ဖြစ်ရပ်မှန်ကို သိသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်နေ့စဉ်နဲ့အမျှ စိတ်ဖိစီးနိုင်သလို ရှိရင်းစွဲစိတ်ဖိစီးမှုြေက်င့ အလုပ်တာဝန်တွေကိုကောင်းကောင်းမလုပ်နိုင်ရာကနေတဆင့် ဆင့်ပွား စိဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်သလိုနာတာရှည်ရောဂါတွေကိုပါ ခံစားလာရနိုင်စေပါတယ်။ဆက်ဆံရေးပျက်ယွင်းလာမယ်။ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းလာမယ်။ပတ်ဝန်းကျင်ကအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ပါ။ သူတို့အားလုံးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့သူတွေဆိုတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုယုံကြည်မှုပြည့်ဝနေစေဖို့က အရာရာတိုင်းမှာ ရိုးသားမှုရှိဖို့လိုပါမယ်။ ဒါကြောင့် ယုံကြည်မှုမြင့်မားတဲ့သူဖြစ်ဖို့အတွက် အရာရာတိုင်းမှာ ရိုးသားတတ်ပါစေနော်။ကဲ…စိတ်ရောကိုယ်ပါကျန်းမာပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိုဖန်တီးနိုင်ဖို့ အဖြူရောင်မုသားတွေကလွဲလို့ အရာရာတိုင်းအပေါ်မှာ ရိုးသားကြဖို့ တိုက်တွန်းပါရစေနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%81%e1%80%84%e1%80%b9%e1%80%9b%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%b1%e1%80%95%e1%81%9a%e1%80%99%e1%80%bd%e1%80%ac-%e1%80%9b%e1%80%ad/
ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား
မွေးကာစကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊နှာခေါင်းထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ဘေဘီလေးကို ချောစေ၊ လှစေချင်တာကိုး။ ဒါနဲ့ ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား ….။ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလားဆိုတော့ နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။နှာခေါင်း ကို ညှစ်ဆွဲကာမှ ကလေးမှာ နာကျင်စေတာပဲ အဖတ်တင်မှာပါနော်။ဘေဘီလေး ရဲ့ နှာခေါင်းဟာ အမေ့ဝမ်းထဲ ပထမဆုံး စတင်ဖြစ်တည်တဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်သလို ကိုယ်ဝန် ၇ ပတ် ကနေ ၈ ပတ်ဝန်းကျင်မှာ ပုံစံ စပေါ်ပါတယ်။ကိုယ်ဝန် လစေ့ခါနီးမှာ အပြည့်အဝတော့ မဟုတ်ပေမယ့် နှာခေါင်း ရဲ့ အခြေခံအစိတ်အပိုင်း အများစုက ဖွဲ့စည်းပြီးသား ဖြစ်နေလောက်ပါတယ်။မွေးစမှာ နှာတံ ပေါ်ပေါ်လေးနဲ့ ကလေးတွေ ရှိပေမယ့် တချို့မှာတော့ နှာတံ ပြားပြားလေးတွေ နဲ့ မွေးဖွားလာတတ်ပါတယ်။ တကယ်တော့ နှာတံ ပြားပြားလေးနဲ့ မွေးဖွားလာတာ ကလည်း ကလေးပေါက်စ တွေရဲ့ သဘာဝဖြစ်စဉ် လို့ ဆိုနိုင်ပါတယ်။ဒါကို တချို့မိသားစုဝင်တွေ (အထူးသဖြင့် ရှေးအယူအဆ နဲ့ဘိုးဘိုးဘွားဘွားတွေ) က ကလေးကို ရေချိုးပေးတိုင်း၊ သတိရတိုင်း နှာတံ ဆွဲဖို့၊ နှိပ်နယ်ပေးဖို့ အကြံပြုတတ်၊ ကြိုးစားတတ်ကြပါတယ်။ ဆရာဝန်တွေ ကတော့ ဒီလိုလုပ်တာကို အားမပေးကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ –။သေချာ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေး ရဲ့ နှာတံလေးက အပြည့်အဝ ဖွံ့ဖြိုးလာဖို့က တစ်ပတ်ကနေ လအနည်းငယ် အတွင်း ကြာနိုင်ပါတယ်။ နှာတံပေါ်ဖို့၊ နှာခေါင်း ချွန်ဖို့ ပုံသဏ္ဍာန် ရှိပြီးသား ကလေးက မွေးစမှာ နှာတံ ပြားနေရင်တောင် အချိန်တန်ရင် အလိုလို ပြောင်းလဲလာမှာပါ။ဒီလိုအချိန်မှာ ညှစ်ဆွဲတာ၊ ပုံသွင်းတာတွေဟာ သူ့ရဲ့ နှာခေါင်းရိုး နုနုလေးကို ဒဏ်ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် ပွန်းပဲ့ပျက်စီးတာ တွေပါ ဖြစ်လာနိုင်တာ သတိပြုစရာပါ။ဒါ့ကြောင့် မေမေတို့ လုပ်ပေးရမှာက ကလေးရဲ့ဖွံ့ဖြိုးမှုအသွင်သဏ္ဍာန်ကို အတင်း ပုံသွင်း ယူဖို့ မဟုတ်ပါဘူး။ ကလေး အတွက် လိုအပ်တဲ့ အာဟာရတွေ ပေးရင်း ၊ ပြုစုဂရုစိုက် ပေးရင်းနဲ့မှ သူ့အလိုလို ကြီးထွားဖွံ့ဖြိုးလာတာ ကို စောင့်ကြည့်ပါ။ဖွံ့ဖြိုးမှု မှာ မူမမှန်တာ တစ်ခုခုရှိလာမှသာ ကျွမ်းကျင်ဆရာဝန် နဲ့ တိုင်ပင်ပြီး အကြံပြုချက် ရယူတာ ကောင်းပါတယ်။သိပ်ကို နုနယ်သေးတဲ့ဘေဘီလေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် ဟိုနှိပ်၊ ဒီနှိပ်၊ ဟိုဆွဲဆန့်၊ ဒီဆွဲဆန့် မလုပ်ပါနဲ့နော်။ အခန့်မသင့်လို့ အဆစ်လေးတွေ ထိခိုက်သွား၊ လွဲသွားခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ် လို့ သတိပေးလိုက်ပါရစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/will-pinching-my-babys-nose-make-it-pointed/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9a%e1%80%bd%e1%80%80%e1%80%b9%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%85/
null
null
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/why-should-learn-sex-education/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/benefits-of-nasal-spray-for-cold/
စီးကရက်မှာမှ နီကိုတင်းပါနေတာ မဟုတ်ပါ
နီကိုတင်းလို့ ပြောလိုက်ရင်စီးကရက်ကို ပြေးမြင်မယ်ထင်တယ်နော်။ ဒါဆို စီးကရက် မသောက်ရင် နီကိုတင်း ကင်းပြီပေါ့ဟုတ်လား…… မဟုတ်သေးပါဘူး။ နီကိုတင်းက စီးကရက်မှာတင်မဟုတ်ဘဲ နေ့စဉ် စားသုံးနေတဲ့အစားအသောက်တွေထဲမှာလည်း နီကိုတင်း ပါနေတယ်ဆိုတာ သိထားပြီးပြီလား………။နီကိုတင်းဆိုတာ  အန္တရာယ်များပြီးအဆိပ်အတောက်ဖြစ်စေတဲ့ အရာရယ်လို့ အများက လက်ခံထားကြတဲ့အရာပါ။ စွဲလန်းစေတတ်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲဆေးလိပ်သောက်သုံးသူတွေက ဆေးလိပ်ဖြတ်ဖို့ ခက်နေကြတာပေါ့။ ဒါပေမယ့် နီကိုတင်းကို စီးကရက် တစ်ခုတည်းမှာတင် မဟုတ်ဘဲ အခုပြောပြမယ့် အရာတွေမှာလည်း တွေ့ရပါသတဲ့။ဆေးလိပ်မဟုတ်ဘဲ နီကိုတင်းပါဝင်နေတဲ့ နေ့စဉ် စားသုံးမိနေနိုင်တဲ့အရာတွေက။ခရမ်းချဉ်သီး။ခရမ်းချဉ်သီးမှာ ပျမ်းမျှအားဖြင့် နီကိုတင်း ၇.၁ ကနေ ၇.၃ ng  ပါဝင်နေပါတယ်။ ခရမ်းချဉ်သီး အစိမ်းတွေမှာ နီကိုတင်း ပါဝင်မှုက ပိုများပါတယ်။ ခရမ်းချဉ်သီးက မှည့်လာလေလေ နီကိုတင်း ပါဝင်မှု နည်းလာလေလေပါ။ ဒါကြောင့် ခရမ်းချဉ်သီး စားတဲ့အခါ မှည့်တာလေးကို စားစေချင်ပါတယ်။အာလူး။အာလူးမှာ နီကိုတင်း ပါဝင်မှုက ၁၅ ng အထိ ရှိပါတယ်။ အာလူးမှာက အစိမ်းရောင်သန်းနေတဲ့ အာလူးတွေ အညှောင့်ပေါက်နေတဲ့ အာလူးတွေမှာ နီကိုတင်း ပါဝင်မှုက မြင့်ပါတယ်။အာလူးအခွံက နီကိုတင်း အဓိက ပါဝင်နေတဲ့ နေရာပါ။ ဒါကြောင့် အာလူး စားတဲ့အခါ အခွံကို စင်အောင် နွှာပါ။ခရမ်းသီး။ခရမ်းသီးကတော့ နီကိုတင်း ပါဝင်မှုအမြင့်ဆုံးအသီးအနှံတစ်မျိုးပါ။ဆေးရွက်ကြီးပြီးရင် ခရမ်းသီးက နီကိုတင်း ပါဝင်မှု အများဆုံးပါ။ ခရမ်းသီး ၁၀ ဂရမ်မှာ နီကိုတင်း ပါဝင်မှုက စီးကရက် တစ်လိပ်မှာ နီကိုတင်း ပါဝင်မှု ပမာဏနဲ့ ညီပါတယ်။လက်ဖက်ခြောက်။လက်ဖက်စို၊ လက်ဖက်ခြောက်စတာတွေမှာလည်း နီကိုတင်း ပါဝင်နေပါတယ်။ သဘာဝ လက်ဖက်ခြောက်တွေထက် နှပ်ရန် အသင့်လုပ်ထားတဲ့ လက်ဖက်ခြောက်နဲ့ အသင့်ဖျော် လက်ဖက်ရည်ထုတ်တွေမှာ နီကိုတင်း ပါဝင်မှုက ပုံမှန်ထက် ပိုမြင့်ပါတယ်။ငရုတ်ပွ။ငရုတ်ပွကလည်း ကျန်းမာရေး အာနိသင်များသလို နီကိုတင်း ပါဝင်မှုကလည်း ၁၀၀ ဂရမ်မှာ ၇.၇ ကနေ ၉.၂ မီလီဂရမ်လောက်အထိ ရှိပါတယ်။ပန်းဂေါ်ဖီ။ပန်းဂေါ်ဖီက နီကိုတင်း ပါဝင်နေတယ်လို့ ပြောရင် အံ့ဩနေလောက်ပါတယ်။ ပန်းဂေါ်ဖီ အရွယ်တော် တစ်ပွင့်စာမှာ နီကိုတင်းက ၁၆.၈ ng ပါဝင်နေပါတယ်။အခုပြောခဲ့တဲ့ အသီးအနှံတွေမှာ နီကိုတင်း ပါဝင်နေတာ မှန်ပေမယ့်ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးလို့ရပါတယ်။ ဒီအသီးအနှံတွေက နီကိုတင်း ပါဝင်တယ်ဆိုပေမယ့် စီးကရက်လောက် ပါဝင်မှု မမြင့်တာတွေအမှန်ပါ။ ဒါတွေက စွဲလန်းစေလောက်တဲ့အထိ ပမာဏ မများသလို ကျန်းမာရေးကို ထိခိုက်စေလောက်အောင်လည်း မပြင်းထန်ပါဘူး။ ဒီတော့ ဒီအသီးအနှံတွေက နီကိုတင်း ပါဝင်မှု လျော့ပါးစေဖို့ဆိုရင် သေချာ ကျက်အောင် ချက်ပြုတ်ဖို့ ပြောပါရစေ။ နောက်တစ်ချက်က သေချာ မှည့်နေတာကို ရွေးဖို့နဲ့ အမှည့်လွန်နေတာမျိုး၊ အညှောင့်ပေါက်နေတာမျိုးကို မရွေးဖို့ပါ။ အခွံတွေကို သေချာလေး သင်ပေးဖို့လည်း လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/did-you-know-these-common-foods-contain-nicotine/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/chrysanthemum-greens-health-benefits/
ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ရန် ခြင်နိုင်ဆေးရည်အသုံးပြုခြင်း
သင်သည် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး သင်နှင့် သင့်ရင်သွေးကို ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်သော အလွယ်ကူဆုံး နည်းလမ်းမှာ ခြင်နိုင်ဆေးရည် အသုံးပြုခြင်းဖြစ်သည်။ ညွှန်ကြားထားသည့်အတိုင်း အသုံးပြုပါက ခြင်နိုင်ဆေးဖျန်းခြင်းသည် အန္တရယ်မရှိသည့်အပြင် ဇီကာဗိုင်းရပ်စ်နှင့်တကွ အခြားခြင်မှ ကူးစက်တက်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးပါသည်။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန် အောက်ပါတို့ကို လေ့လာကြည့်ပါ။သင့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏ သွေးကိုခြင်က ပိုနှစ်သက်လိမ့်မည်ဟုတွေးထင်မိပါက ထိုအခြင်းအရာသည် အမှန်တကယ်ပင်ဖြစ်သည်။ သိပ္ပံပညာရှင်များက ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ခြင်ကို ၂ ဆခန့်ပိုမိုဆွဲဆောင်နိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ပညာရှင်များက ယူဆသည်မှာ ခြင်သည် လူတို့ရှူထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို လိုက်၍ကိုက်ခြင်း ဖြစ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားသူများထက် အသက်ရှူသွင်း ၊ ရှူထုတ်သော အကြိမ်ရေပိုမိုများပြားသဖြင့် ရှူထုတ်သောလေမှာ ၂၁% ထိပိုမိုများပြားပြီး ထိုခြင်သတ္တဝါများကို ဆွဲဆောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ခင်များက ကိုယ်ဝန်ဆောင်များကို တိုက်ရိုက်ကိုက်ခြင်း၏ အခြား အကြောင်းတစ်ချက်လည်း ရှိပါသေးသည်။ ထိုသတ္တဝါလေးများသည် အပူထုတ်လွှတ်သည့် အရာကို ရှာဖွေတတ်သော သဘာဝရှိရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ကိုယ်အပူချိန် ပိုမိုမြင့်တတ်ခြင်းကြောင့် ဖြစ်ပါသည်။ သန္ဓေသားကို တည်ဆောက်ခြင်း ဖြစ်စဉ်ကြောင့် ခန္ဓါကိုယ်မှ အပူချိန်ပိုမိုမြင့်တက်နေပြီး အရေပြားမှတစ်ဆင့် အငွေ့ပျံခြင်း ဖြစ်ပွားကာ ထိုအရာများကို ခြင်များက နောက်ယောင်ခံလိုက်၍ ကိုက်ခြင်းဖြစ်ပါသည်။ယခင်က ခြင်ကိုက်ယားယံမှုကို ဖြစ်စေသည့် စိတ်ရှုပ်ဖွယ် သတ္တဝါဟုသာ သတ်မှတ်ခဲ့သော်လည်း ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို သိနားလည်လာသည့်အခါ ခြင်၏ အန္တရာယ်ကို သိမြင်လာကြသည်။ အချို့နိုင်ငံများတွင် ခြင်ကိုက်ခြင်းကြောင့် ရှင်ကန်ဂန်းယားရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် ဇီကာဗိုင်းရပ်စ်ပိုးဝင်ခြင်းတို့ပါ ဖြစ်ပွားတတ်ပါသည်။ ရှင်ကန်ဂန်းယားနှင့် သွေးလွန်တုပ်ကွေးရောဂါများကို အာဖရိကတိုက် ၊ အာရှတိုက် ၊ ဥရောပတိုက်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် တွေ့ရှိရသည်။၂၀၁၆ ခုနစ် သြဂုတ်လက အချို့သောနေရာများ – တောင်အမေရိက ၊ အမေရိကအလယ်ပိုင်းဒေသ ၊ မက္ကဆီကို၊ ပျူတိုရီကို ၊ မြေထဲပင်လယ်ဒေသအချို့ ၊အာဖရိကနှင့် ဖလော်ရီဒါပြည်နယ်ရှိ မီယာမီဒေသတို့တွင် ဇီကာဗိုင်းရပ်စ်ပိုးအစုလိုက်အပြုံလိုက် ကူးစက်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။ကူးစက်ရောဂါထိန်းချုပ်ရေးဌာန( CDC ) က ကိုယ်ဝန်ဆောင်များတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက မွေးဖွားလာသော ကလေးတွင် ပုံမှန်ထက်ဦးခေါင်း ပိုမိုသေးငယ်သော ရှားပါးသည့် ရောဂါတစ်မျိုး Microcephaly ဖြစ်ခြင်းနှင့်တကွ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ဖြစ်နိုင်ပါသည် ဟု ဆိုပါသည်။ထို့ကြောင့် CDC က အမျိုးသမီးများကို ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများသို့ ခရီးသွားခြင်းကို မပြုလုပ်ရန် သတိပေးခဲ့သည်။ CDC နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှ ကျွမ်းကျင်သူတို့က ဗိုင်းရပ်စ်ပိုးသည် အမေရိကန်နိုင်ငံ၏ ဒေသအချို့သို့ ကူးစက်ပျံ့နှံ့ နိုင်ဖွယ်ရှိသည့်အတွက် ကိုယ်ဝန်ယူရန် အစီအစဉ်ရှိသော အမျိုးသမီးများအနေဖြင့် ဇီကာဗိုင်းရပ်စ် အကြောင်းသိရှိရန်နှင့် မည်သို့ ကာကွယ်ရမည်ကိုပါ လေ့လာရန်လိုကြောင်း ပြောကြားထားသည်။သင့်တော်ပါသည်။ အပြင်ထွက်၍အချိန်ကုန်သည့်အခါ ခြင်နိုင်ဆေးရည်သုံးခြင်းသည် အကောင်းဆုံးသော ကာကွယ်နည်းဖြစ်သည်။ ခြင်ပေါများ၍ ရောဂါဖြစ်နေသော ဒေသများသို့ ခရီးသွားပါက အထူးသတိပြုရမည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အန္တရယ်ကင်းသော ခြင်ဆေးရည် ၂ မျိုးကိုခွင့်ပြုထားပြီးဖြစ်သည်။(၁)DEET : DEET ဒြပ်ပေါင်း ၃၀%ပါဝင်သော ခြင်နိုင်ဆေးရည်သည် ခြင်ကိုက်ခြင်းမှ ၈ နာရီကြာသည်အထိကာကွယ်ပေးသည်။ သို့သော်အသက် ၂ လအောက်ငယ်သောကလေးများတွင်အသုံးမပြုသင့်ပါ။(၂)Picaridin : ကိုယ်ဝန်ဆောင်များတွင် အန္တရာယ်ကင်းစွာအသုံးပြုနိုင်သောဆေးရည်ဖြစ်သည်။DEET နှင့် Picaridinတို့ကဲ့သို့ပင် သံပုရာ ၊ ယူကလစ်တို့မှ ထုတ်သောဆေးရည်များနှင့် IR 3535 တို့သည်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် သင့်လျော်သည်ဟုဆိုပါသည်။ အရေပြားကိုဆေးရည်ဖျန်းခြင်းအပြင် အဝတ်အထည်၊ အသုံးအဆောင်များကိုလည်း ဆေးရည်ဖျန်း ထားနိုင်ပါသည်။သံပုရာ၊ ယူကလစ်တို့မှ ထုတ်သောဆေးရည်များနှင့် IR3535 ဆေးရည်တို့ကို မူဦးစားပေးသုံးရန် မတိုက်တွန်းထားပါ။ ထို့ပြင် Citronella နှင့် Cedar တို့ကဲ့သို့သောထင်းရှုးမျိုးနွယ်ဝင်မြက်ပင်များမှ ထုတ်လုပ်သော ဆေးရည်များသည်လည်း DEET နှင့် Picaridin ဆေးရည်တို့ကဲ့သို့ အာနိသင် မထက်မြက်သည့်အတွက် ခြင်ပေါသော ဒေသများတွင် မသုံးစွဲသင့်ပါ။ခြင်နိုင်ဆေးရည်နှင့်နေလောင်ခံလူးဆေးများကိုအတူတွဲ၍မသုံးစွဲသင့်ပါ။ အရေပြားကို ကာကွယ်ပေးသည့် အာနိသင်ရှိပုံချင်းတူသော်လည်းတစ်ခုလိမ်းပြီး နောက်တစ်ခု လိမ်းခြင်းဖြင့် အာနိသင်ကို လျော့နည်းစေသည်။ ဥပမာ- DEET သည် နေလောင်ခံလူးဆေးတွင် ပါဝင်သော နေလောင်ခံဓါတ်ပစ္စည်း SPF ၏ အစွမ်းကို လျော့ကျစေသည်။ခြင်ပေါများ၍ ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားနေသော နေရာတွင် သင်နေထိုင်ပါက အောက်ပါတို့ကိုဆောင်ရွက်ပါ။အိမ်နှင့်အိမ်ပတ်ဝန်းကျင်ရှိ အိုးခြမ်းပဲ့၊ ရေအိုးပဲ့များ ၊ တာယာဟောင်းများ ၊မြောင်းများ ၊ ရေအိုင်ငယ်များနှင့် ခြင်ပေါက်ဖွားနိုင်သောနေရာများကို ၁ ပတ်တစ်ခါရှင်းလင်းပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%87%e1%80%ae%e1%80%80%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%b0%e1%80%b8/
ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။
သိပ်မကြာခင်က ဆယ်တန်းမှာလိင်ပညာပေး(sex education)နဲ့ ပတ်သတ်လို့ သင်ရမယ့် သင်ရိုးညွှန်းတမ်း ထွက်လာပါတယ်။ ထုံးစံအတိုင်း လူ၃ယောက်ရှိရင် ၂ဖွဲ့ကွဲတာဆိုတော့ သင်သင့်တယ်။ မသင်သင့်ဘူး စသဖြင့် အသံတွေ ပြန်ကြားရတာပေါ့။ ကိုယ်တွေနိုင်ငံမှာပဲ ဒီလိင်ပညာပေးကို သင်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း သင်ပါတယ်။ ဒီမှာတော့ စစချင်းဆိုတော့ ပြောရတာ ခက်ခဲတာ၊ ကျောင်းသားက ကိုယ့်ကို မလေးစားမှာ စိုးတာ စသဖြင့် အခက်အခဲလေးတွေတော့ ရှိမှာပေါ့။ သူများဆီမှာလည်း ရှိပါတယ်။ ဒီလိုပဲ နည်းလမ်းရှာပြီး သင်ရတာပေါ့။အရင်ဆုံး စိတ်ထဲမှာ ပြတ်ပြတ်သားသား သိထားသင့်တာက လိင်ပညာပေးဆိုတာလိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကို အရင်ဆုံး စိတ်ထဲမှာ ရှင်းထားပါ။ သူတို့အခေါ်ကတော့ comprehensive sex education ပြီးပြည့်စုံတဲ့ လိင်ပညာပေးလို့ ခေါ်ကြပါတယ်။ ဆိုလိုတာက သာမန် လိင်အကြောင်းသင်တာထက် ပိုပြီး နက်နဲပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒီ comprehensive sex education ကနေ လူသားတွေရဲ့ EQတွေ၊ လူမှုပြဿနာတွေအထိ အများကြီး တာသွားမှာပါ။ကလေးတွေကို သင်ပေးရတာ လွယ်တယ်မှတ်လို့။ ဒါပေမယ့်လည်း လိုအပ်လို့ သင်ရတာပေါ့။ အရွယ်မတိုင်ခင် လူကြီးလုပ်ချင်တာ၊ သက်ငယ်ကိုယ်ဝန်တွေ၊ သက်ငယ်မုဒိန်းမှုတွေ၊လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါခံစားရတဲ့ ကလေးတွေ ဒါတွေက တကယ်ရှိပါတယ်။ ခုချိန်မှ မသင်ရင် နောင်ကို ဒီထက်ပိုများလာဖို့ပဲ ရှိတော့ပါတယ်။ သူတို့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ သင်ပေးရပါမယ်။အိပ်၊စား၊ ကာမ ဒီ၃ခုကို လူတွေရော တိရိစ္ဆာန်တွေရော မသင်ဘဲ တတ်ပါတယ်။ ဒါပေမယ့် လူတွေက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေမို့လို့ ဒီကိစ္စတွေဟာ ဘယ်လိုဆိုရင်တော့ ကောင်းတယ်။ ဘယ်လိုဆိုရင်တော့ မကောင်းဘူး စသဖြင့် သင်ပေးရပါမယ်။ အသိဉာဏ်မြင့်မားတဲ့ အတွက်ကြောင့်ပါ။အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့ တားနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် စူးစမ်းတတ်တဲ့ အရွယ်မှာ ကလေး ၁၀၀မှာ ၁ယောက်လောက်ကိုပဲ မလုပ်ဖို့ ပြောတာ မအောင်မြင်ရင်၊ ဒီကလေးက အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုမျိုး လုပ်လိုက်ရင် ဒါလူ့အဖွဲ့အစည်းအတွက် နစ်နာမှုပါပဲ။ကလေးတွေ အထူးသဖြင့်မြီးကောင်ပေါက်အရွယ်တွေကို အတူမနေနဲ့ (လိင်မဆက်ဆံနဲ့)လို့ ပြောတာက တကယ်ပဲ ထိရောက်ပါ့မလား။ တွေးစရာရှိပါတယ်။ မနေနဲ့လို့ ပြောလို့ မနေတဲ့သူ ရှိသလို မလစ်သေးလို့ ငြိမ်နေတဲ့သူလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရွယ်က စူးစမ်းတတ်တဲ့ အရွယ်ကိုး။ တားလေ ပိုလုပ်လေပါပဲ။ ခုလို လွတ်လပ်တဲ့၊ ဆက်သွယ်ရ လွယ်တဲ့ ခေတ်ဆို ပိုပြီး ဆိုးပါတယ်။လေ့လာချက်တွေအရလည်း လူငယ်တွေကို မလုပ်နဲ့လို့ တားတာက လက်တွေ့မှာ အရွယ်မတိုင်ခင် လိင်ဆက်ဆံတဲ့ ပြဿနာကို မကျစေပါဘူးတဲ့။ နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် comprehensive sex educationဟာ လိင်ကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ ဆိုတာထက် ဘယ်လိုကိစ္စတွေက အန္တရာယ်ရှိတယ်ဆိုတာကို အသိပေးထားတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်က မလုပ်ရဘူးလို့ ပြောတာနဲ့ ကလေးတွေက နားထောင်မှာမှ မဟုတ်တာ။ ဒီလိုဆို ကလေးအချင်းချင်း ဖြစ်တဲ့ မုဒိန်းမှုဆိုတာ ဘယ်ရှိပါ့မလဲ။မလုပ်ရဘူး။ လိင်မဆက်ဆံရဘူးလို့ တစ်မျိုးတည်း ပြောတာက တကယ်တန်း အတူနေကို နေမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေအတွက် ဒုက္ခများစေပါတယ်။ ဆိုလိုတာက မလုပ်ရဘူးဆိုတာပဲ သိပြီး လုပ်မယ်ဆို ဘယ်နည်းလမ်းက အန္တရာယ်ကင်းလဲဆိုတာ သူတို့ မသိဘူး။ ရှောင်နိုင်လားဆိုတော့လည်း မရှောင်နိုင်ဘူး။ ဘယ်လို sex educationမျိုးကမှ လူငယ်တွေကို လိင်မဆက်ဆံဖို့ မတားနိုင်ပါဘူး။ တို့တွေ လုပ်နိုင်တာကအန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းက ဘယ်ဟာဆိုတာ ပြောပြပေးတာပါပဲ။sex education မသင်လည်း သူတို့ တတ်ပါတယ်။ အားမနာတမ်း ပြောရရင် သင်လည်း မသင်ဘဲ လုပ်တတ်တာပဲ မလား။ သူတို့လည်း ဒီလိုပါပဲ။ လေ့လာချက်တစ်ခုမှာ ကျောင်းမှာကွန်ဒုံးသုံးနည်းကို သင်ပေးခဲ့ပါတယ်။ sex education ပါ အပါအဝင်ပေါ့။ ထူးခြားတာက လူတွေ ထင်သလို သူတို့ လိင်ဆက်ဆံတတ်သွားကြတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံချိန် စောသွားတာမျိုးလည်း မရှိပါဘူးတဲ့။ ကွန်ဒုံးတွေက သူတို့ လိင်ဆက်ဆံဖို့ တွန်းအားမပေးခဲ့သလို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရင် ဘာဖြစ်မလဲဆိုတာ သူတို့ သေသေချာချာ သိသွားခဲ့ပါတယ်။ဒါ နိုင်ငံခြားက ဒေတာပါ။၂၀၁၅မှာ လုပ်ခဲ့တဲ့ Youth Risk Behavioral Surveillance Surveyပါ။ ဆက်ပြောရရင် ၄၁ရာခိုင်နှုန်းသော အထက်တန်းကျောင်းသားတွေက အနည်းဆုံး တစ်ကြိမ် လိင်ဆက်ဆံဖူးပါတယ်တဲ့။ ၁၁.၅ ရာခိုင်နှုန်းမှာ ဆက်ဆံဖော် ၄ယောက်နဲ့ အထက် ရှိပါတယ်။ ၅၇ ရာခိုင်နှုန်းက ကွန်ဒုံးသုံးပြီး ၁၈ရာခိုင်နှုန်းကတားဆေးသုံးပါတယ်တဲ့။ ၅ပုံ ၁ပုံလောက်က အတူမနေခင်မှာ အရက်၊ ဆေး သုံးပါတယ်တဲ့။မြန်မာနိုင်ငံမှာတော့ ဒေတာ မသိပါဘူး။ ဒီထက် နည်းမယ်လို့ မျှော်လင့်ပါတယ်။ ရှိတာတော့ ရှိမှာပါ။ သင်တို့က ကလေးလို့ ထင်ပေမယ့် သူတို့က ကလေးတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့် အကျိုးအပြစ်တွေကို ပြောပြပေးဖို့ လိုလာပါပြီ။ကလေးတွေကို အထင်မသေးပါနဲ့။ သင်က လိင်ဆက်ဆံမှုကို ရှောင်မှ လိင်က တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်မှာ၊ကိုယ်ဝန်မရမှာလို့ ပြောရင် သူက သင့်ကို စိတ်ထဲမှာ ကြိတ်ရယ်နေမှာပါ။ သူက သင်မပြောပြလည်း သိနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်လေ။ အဲ့ဒီအစား အရွယ်မတိုင်ခင် လိင်ဆက်ဆံရင် ဘာပြဿနာတွေ ဖြစ်နိုင်တယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လို ဆိုတာ ပြောပြပေးရမှာပါ။ ကလေးတွေက ဉာဏ်သိပ်ကောင်းပါတယ်။ သူများများ သိလေလေ ရှောင်နိုင်လေလေပါပဲ။ဒါဟာ sex education အကြောင်းကို အပေါ်ယံ ရေးထားသလောက်ပဲ ရှိတာပါ။ တကယ်တော့ ဒီထက်မက နက်နဲပါတယ်။ ရှင်းအောင် ပြောရရင် sex education ဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ ဒါက မသင်လည်း တတ်ပါတယ်။ ပြီးပြည့်စုံသော sex education ဆိုတာ လုံးဝ လိင်မဆက်ဆံရဘူးလို့ တားနေတာထက် အန္တရာယ်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကနေ ကလေးတွေကို ဆွဲထုတ်နေတာပဲ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-sex-education-%e1%80%9e/
Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ )
Cystic fibrosis (CF) ဆိုသည်မှာ ချွေးနှင့် အချွဲအကျိများ ထွက်သောဆဲလ်များကို ထိခိုက်စေသော ဘဝတစ်လျှောက် လုံးဖြစ် သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အချွဲအကျိသည် အမြှေးပါးများကို ချောမွတ်ပြီး ကာကွယ်ပေးသော ချောသော အတော်အတင့် စေးကပ်သော အရည်တစ်မျိုး ဖြစ်ပါသည်။ CF အချွဲအကျိသည် ပုံမှန်မဟုတ်စွာ ထူပြီး စေးကပ်ပါသည်။ အဆုတ်အား ပိတ်ဆို့စေပြီး အဆုတ် ရောဂါပိုးကူးစက်မှုကို ဖြစ်စေပါသည်။CF သည် ကို လည်း ထိခိုက်စေကာ အစာခြေရန် လိုအပ်သော အင်ဇိုင်းဟုခေါ်သည့် အထူးဓါတု ပစ္စည်းများ ထုတ်လုပ်မှုကို ခက်ခဲစေပါသည်။ အင်ဇိုင်းများ မရှိပါက အစာမှ အာဟာရများ မစုပ်ယူနိုင်ပါ။CF သည် မြောက်ဥရောပတွင် အဖြစ်များသော မျိုးဗီဇ ရောဂါ ဖြစ်ပါသည်။ CF ဖြစ်သောလူများသည် ဘဝ သက်တမ်း တိုပါသည်။ သို့သော် ခေတ်မီသော ကုသမှုများ ဖြင့် CF ဖြစ်သောသူများသည် အသက် အလယ်အလတ် သို့ မဟုတ် အသက်ကြီးသည်အထိ နေထိုင်သွားနိုင်ပါသည်။Cystic fibrosis ၏ ရောဂါလက္ခဏာများသည် ရောဂါ၏ ဆိုးရွားမှုအပေါ် မူတည်၍ ကွဲပြားပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ cystic fibrosis ဖြစ်သော သူများသည် ချွေးအတွင်းတွင် သာမန်ပမာဏထက် ဆားပို ၍ ပါဝင်နေပါသည်။ မိဘများသည် ကလေးအား နမ်းခြင်းဖြင့် ဆား အရသာကို ခံနိုင်ပါသည်။အခြား ရောဂါလက္ခဏာ များမှာ။အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ။CF ရှိသောသူများသည် အသက်ရှူလမ်းကြောင်းအား ပိတ် ဆို့စေသော ထူ၍ စေးကပ်သော အချွဲအကျိများ ရှိပါသည်။ ထိုသို့ အချွဲအကျိ စုပုံခြင်းသည် ဘတ်တီးရီးယားများ ကြီး ထွားစေရန်နှင့် ရောဂါပိုးဝင်ရန် လွယ်ကူစေပါသည်။ ရောဂါ ပိုးဝင်ခြင်းသည် အသက်ရှူလမ်းကြောင်းကို ပိတ်နိုင်ပြီး မကြာခဏ ချောင်းဆိုးခြင်းကို ဖြစ်စေသည်။ သလိပ်ထူများ ကို ထွက်စေပြီး တစ်ခါတစ်ရံ သွေးပါတတ်ပါသည်။CF ရှိသောသူများသည် ထိပ်ခတ်နာဖြစ်ခြင်း၊ အဆုတ် ရောင်ခြင်း နှင့် အဆုတ်ရောဂါ များကို ဖြစ်စေပြီး စံသတ်မှတ် ထားသော ပဋိဇီဝဆေးများကို တုံ့ပြန်ခြင်း မရှိတော့ပါ။ CF သည် ပိုဆိုးလာပါက အဆုတ်ကို ကာထားသည့် အမြှေးပါး အတွင်း လေဝင်ခြင်း၊ လည်ချောင်းရှိ အသက်ရှူပြွန် ဆန့် ကားခြင်း စသော ဆိုးရွားသော ပြဿနာများ ဖြစ်ပေါ်စေပါ သည်။အစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာများ။CF တွင် အချွဲအကျိများသည် သရက်ရွက်ရှိ ပြွန်များ ကို ပိတ်စေပါသည်။ ထိုပိတ်ဆို့မှုကြောင့် အင်ဇိုင်းများသည် အူသို့ မရောက်ရှိတော့ပါ။ရလဒ်အနေဖြင့် အူသည် အဆီနှင့် ပရိုတိန်းများကို ကောင်းစွာ မစုပ်ယူနိုင်တော့ပါ။ ဆက်တိုက် ဝမ်းလျှောခြင်း၊ အရွယ်ကြီးသော အနံ့ဆိုးသော ဝမ်းများသွားခြင်း တို့ကို ဖြစ် စေပါသည်။ အူတွင် ပိတ်ဆို့ခြင်းလည်း ဖြစ်ပွားနိုင်ပြီး အထူး သဖြင့် မွေးကင်းစ ကလေးများတွင် ဖြစ်ပွားပါသည်။ အူ တွင်းတွင် လေများခြင်း၊ ဆိုးရွားစွာ ဝမ်းချုပ်ခြင်း သည် အစာ အိမ်နာခြင်းကို ဖြစ်စေပြီး မသက်မသာ ဖြစ်စေပါသည်။CF သည် ပိုဆိုးလာပါက အောက်ပါ လက္ခဏာများ လည်း ဖြစ်ပေါ်နိုင်ပါသည်။သင်နှင့် သင့်ကလေးတွင် cystic fibrosis ၏ လက္ခဏာ များရှိပါက သို့မဟုတ် သင့်မိသားစုမှ တစ်ယောက်ယောက် တွင် cystic fibrosis ရှိပါက ရောဂါကို စစ်ဆေးရန် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါ။ သင် သို့မဟုတ် သင့်ကလေးတွင် အသက်ရှူ ခက်ပါက အမြန် ဆေးကုသမှု ခံယူပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။CFR မျိုးဗီဇ တွင် ချို့ယွင်းမှုဖြစ်ခြင်းသည် cystic fibrosis ကိုဖြစ်စေပါသည်။ ထို မျိုးဗီဇသည် သင့်ခန္ဓါကိုယ် ဆဲလ်များ ၏ ဆားနှင့် ရေ အဝင်အထွက်ကို ထွန်းချုပ်ပေးသော ပရို တိန်းတစ်မျိုးကို ထုတ်လုပ်ပါသည်။ CF ဖြစ်သောသူတွင် မျိုး ဗီဇမှ ပြုလုပ်သော ပရိုတိန်းသည် အလုပ်ကောင်းစွာ မလုပ် နိုင်ပါ။ ထိုအခါ ထူသော စေးကပ်သော အချွဲအကျိနှင့် အလွန်ငန်သော ချွေး များကို ဖြစ်ပေါ်စေပါသည်။ကလေးများသည် မိဘတစ်ပါးဆီမှ မျိုးဗီဇ ပုံတူတစ်ခုစီ အမွေဆက်ခံကာ ရောဂါရရှိပါသည်။ ကလေးသည် ပုံတူ တစ်ခုသာ ဆက်ခံရရှိပါက cystic fibrosis မဖြစ်ပွားပါ။ သို့ သော် သယ်ဆောင်သူများဖြစ်ပြီး သူတို့၏ သားသမီးများတွင် ပြန်လည် ဖြစ်ပွားနိုင်ပါသည်။CF ဖြစ်နိုင်ချေကို မြင့်စေသော အချက်များမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အောက်ပါ အမျိုးမျိုးသော စစ်ဆေးမှုများ၏ ရလဒ် အပေါ် မူတည်၍ cystic fibrosis (CF) ကို အတည်ပြုနိုင်ပါ သည်။Cystic fibrosis အတွက် ပျောက်ကင်းအောင် ကုသမှု မရှိသော်လည်း ကုသမှု သည် ရောဂါလက္ခဏာများ နှင့် ဆိုး ကျိုးများကို လျော့ချနိုင်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Cystic fibrosisကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။Epididymitis သည် အတော်အတန် နာကျင်မှုကို ဖြစ် စေပါသည်။ သက်သာစေရန်-။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/cystic-fibrosis-%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%97%e1%80%ae%e1%80%87%e1%80%86%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%9b%e1%80%ac-%e1%80%a1/
စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးများ
စတီးရွိုက်ကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။စတီးရွိုက်ကို သောက်ဆေးအနေနဲ့ရော၊ ရှူဆေး၊ လိမ်းဆေး၊ ထိုးဆေးအနေနဲ့ရော သုံးလို့ရပါတယ်။ ဘယ်နည်းနဲ့ပဲ သုံးသုံး ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာကြောင့် သတိထားသင့်ပါတယ်။သောက်ဆေး။သောက်ဆေးရဲ့ effectက တစ်ကိုယ်လုံးကို ပျံ့သွားတဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုး တော်တော်များများကို ခံရပါတယ်။ ဒါ့ပြင် ဘေးထွက်ဆိုးကျိုးတွေက သောက်တဲ့ပမာဏပေါ်လည်း မူတည်ပါသေးတယ်။ ဒါတွေကတော့။ရေရှည်စွဲသောက်ရင်တော့။ရှူဆေး။ရှူဆေးတွေကတော့ ပါးစပ်၊ အာခေါင်နဲ့ အဆုတ်ထဲကိုပဲ ရောက်မှာပါ။ ဘေးထွက်ဆိုးကျိုးတွေကတော့။ဒါကြောင့် ရှူဆေးသုံးပြီးရင် အာလုပ်ကျင်းပါ။ ဒါက သင့်ရဲ့ ခံတွင်းကို စတီးရွိုက်ဒဏ်ကနေ  အတန်အသင့်တော့ ကာကွယ်နိုင်မှာပါ။ တချို့သော လေ့လာချက်တွေက ကလေးပန်းနာရင်ကြပ်တွေမှာ ရှူဆေးတွေကို ရေရှည်သုံးတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။လိမ်းဆေး။လိမ်းဆေးတွေက အရေပြားပါးတာ၊ နီတာ၊ ဝက်ခြံတွေကို ဖြစ်စေပါတယ်တဲ့။ထိုးဆေး။ထိုးဆေးတွေကတော့ ထိုးထားတဲ့နေရာနားမှာ ယာယီထိခိုက်တာမျိုး ဖြစ်စေပါတယ်။ ဥပမာပြောရရင် အရေပြားပါးတာ၊ အရေပြားအရောင်ပြောင်းတာ၊ နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် မျက်နှာရဲပြီး ပူလာတာ၊ အိပ်မပျော်တာ၊ သွေးတွင်းသကြားဓာတ်တွေများတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာအခြေအနေပေါ်မူတည်ပြီး တစ်နှစ်ကို သုံး လေးခါထက် ပိုပြီး မထိုးသင့်ပါဘူး။စတီးရွိုက်ဟာ သုံးတတ်ရင် အင်မတန်မှ ကောင်းတဲ့ ဆေးပါ။ ဘယ်နေရာတွေမှာ သုံးနိုင်လဲဆိုရင်။စတီးရွိုက်ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာအကောင်းဆုံးပါပဲ။ အပြင်မှာ ဝယ်သောက်တဲ့ စပ်ဆေးတွေမှာလည်း စတီးရွိုက်တွေ ပါတတ်တာကြောင့် သတိထားသင့်ပါတယ်။ ဒါကြောင့်။တကယ်တော့ စတီးရွိုက်သုံးရတာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပါပဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆပြီး သုံးရတာပါ။ ကျွမ်းကျင်ပညာရှင်တောင် ထိန်းညှိပြီး သုံးရတဲ့ အနေအထားမှာ သာမန်လူတွေအနေနဲ့ လက်လွတ်စပယ်မသုံးသင့်ပါဘူး။ မသုံးတတ်ရင် ဘေးဖြစ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/side-effects-of-steriods/
အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ
ခွေး၊ ကြောင် အစရှိတဲ့အိမ်မွေးသတ္တဝါလေးတွေကို မွေးထားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ သူတို့လေးနဲ့ အတူတူလမ်းလျှောက်မယ်၊ အပြင်ထွက်မယ်၊ ဆော့ ကစားမယ်၊လေ့ကျင့်ခန်းတွေလုပ်မယ်စတဲ့ အကျင့်ကောင်းတွေကြောင့်။မှန်ကန် တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရွေးချယ်ပါ။               ။သင်နဲ့သင့်မိသားစုအတွက်သင့်တော်မယ့် အကောင်ကိုပဲရွေးမွေးပါ။ မမွေးခင်မှာအောက်ဖော်ပြပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေး ဖို့လိုအပ်ပါလိမ့်မယ်။လက်ဆေးပါ။ ဘယ်လိုအခြေအနေမျိုးတွေမှာလည်း ဆိုရင်တော့။လက်ဆေးရာမှာ ရေနဲ့ ဆပ်ပြာကိုသုံးတာ အကောင်းဆုံးပါပဲ။ ရေနဲ့ဆပ်ပြာမရှိရင်တော့ လက်သန့်စင် ဆေးရည် (Handgel) ကိုသုံးနိုင်ပါတယ်။ ကလေးတွေကိုလည်း လက်ကိုစနစ်တကျ ဆေးပုံဆေး နည်းကို ပြသထားပေးပါ။သင့်ရဲ့ခွေးလေးဖြစ်စေ၊ ကြောင်၊ ဟမ်းစတားလေးဖြစ်စေ၊ မြင်းလေးဖြစ်စေ ပုံမှန်ကျန်းမာ ရေးစောင့်ရှောက်မှုပြုလုပ်ပေးပါ။ သူတို့အပါအဝင် သူတို့ရဲ့မိသားစုလေးတွေကိုပါ တိရစ္ဆာန်ကု ဆရာဝန်ဆီမှာကျန်းမာရေးစောင့်ရှောက်မှုခံယူပေးပါ။ ကောင်းမွန်သင့်တော်တဲ့အစာ၊ ရေသန့်၊ နေရာထိုင်ခင်းသန့်ရှင်းမှုနဲ့ ပုံမှန်လေ့ကျင့်ခန်းလေးတွေကိုပါ သူတို့အတွက်ထောက်ပံ့ပေးပါ။ ကာကွယ်ဆေးထိုးထားပေးဖို့လည်းမမေ့ပါနဲ့နော်။ သန်ချပေးတာမျိုး၊ သန်းနဲ့ကပ်ပါးကောင်တွေ ရှင်းလင်းပေးတာမျိုးလည်းပြုလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ သန်းနဲ့ကပ်ပါးကောင်တွေဆီက ရောဂါပိုး တွေဟာ လူတွေဆီကိုလည်းကူးစက်နိုင်လို့ပါ။ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့အညစ်အကြေးတွေကိုလည်း စနစ်တကျစွန့်ပစ်ပေးပါ။ ခွေးလေးရဲ့ အညစ်အကြေးတွေကိုလမ်းမှာ ထိန်းကျောင်း ရင်းအလွယ်တကူမစွန့်ပစ်မိပါစေနဲ့။ အိတ်လေးထဲကို စနစ်တကျစွန့်ပစ်တတ်အောင်အလေ့ အ ကျင့်လုပ်ပေးပါ။ ကြောင်လေးတွေဆိုရင်လည်း စက္ကူသေတ္တာလိုမျိုးထဲကို စနစ်တကျစွန့်ပစ် တတ်အောင်လေ့ကျင့်ပေးပါ။ စက္ကူသေတ္တာလဲလှယ်ဆေးကြောတဲ့အလုပ်ကိုတော့ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေကိုမလုပ်ခိုင်းပါနဲ့နော်။ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အညစ်အကြေးတွေ ဟာ ပြန့်ကြဲနေမယ်ဆိုရင် ကလေးတွေ မတော်တဆဆော့ကစားရင်း ထိမိခိုက်မိတဲ့အခါ သူတို့လေး တွေရဲ့လက်ကတစ်ဆင့် ဝမ်းဗိုက်ထဲရောက်သွားပြီး တုတ်ကောင်၊သံကောင်ရောဂါတွေဖြစ်လာ နိုင်စေမှာပါ။အိမ်မွေးတိရစ္ဆာန်ရှိခြင်းဟာ ကလေးတစ်ယောက်ရဲ့သနားစိတ်၊ဂရုဏာ၊ မေတ္တာ၊ တာဝန်ယူ စိတ်စတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို မွေးမြူးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ကျန်းမာရေး အတွက်လည်း စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် (၅)နှစ်အောက်ကလေးတွေအတွက်ပါ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို ချစ်လွန်းလို့မနမ်းရှုတ်ပါစေနဲ့။ တိရစ္တာန်တွေကိုကိုင်ပြီးတိုင်း၊ သူတို့ရဲ့ ပန်းကန်၊ လှောင်အိမ်၊ ကစားစရာစတဲ့ အသုံးအဆောင်လေးတွေကို ကိုင်ပြီးတိုင်း လက်ဆေးတတ်တဲ့ အကျင့်လုပ်ပေးပါ။ ခြံနဲ့ သက်သက်ထားတဲ့ တိရစ္ဆာန်လေးတွေကိုတော့ ကလေးတွေနဲ့ အတတ် နိုင်ဆုံးမထိတွေ့ပါစေနဲ့။ မယဉ်ပါးနိုင်တဲ့ တိရစ္ဆာန်တွေကိုမမွေးပါနဲ့။       ။ဥပမာ ဝက်ဝံ၊ မြွေအစရှိ တဲ့သတ္တဝါတွေပါ။ သနားလွန်းရင်တောင် မမွေးမြူသင့်ပါဘူး။ သင့်အတွက်အန္တရာယ်ကြီးလို့ပါ။ တွေ့ရှိရင်လည်း တာဝန်ရှိတဲ့ဌာနကိုသာအပ်နှံလိုက်ပါ။အထက်ဖော်ပြပါနည်းလမ်းတွေနဲ့ သင်ချစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို ကျန်းကျန်း မာမာနဲ့မွေးမြူးနိုင်ပါတယ်။ သင့်နဲ့သင့်မိသားစုအတွက်လည်း ဘေးကင်းစေမှာပါ။ သင့်ရဲ့ ခွေး လေး၊ ကြောင်လေးတွေနေမကောင်းဖြစ်နေတယ်၊ တစ်စုံတစ်ရာထူးဆန်းနေတယ်လို့ထင်ရင်တော့ တိရစ္ဆာန်ကုဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးဖို့မမေ့ပါနဲ့နော်။ရေးသားသူ – ဒေါက်တာမှူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%ba-%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/zika/%e1%80%87%e1%80%ae%e1%80%80%e1%80%ac-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba-%e1%80%9f%e1%80%ac-%e1%80%80%e1%80%b0%e1%80%b8%e1%80%85/
ခွင့်လွှတ်တတ်ပါစေ
လူတစ်ဦးဦးကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ဘာလုပ်တတ်လဲ။အော်ဟစ်ပေါက်ကွဲတတ်လား။ တနုံ့နုံ့နဲ့ဒေါသထွက်နေတတ်လား။ တစ်ယောက်တည်းကြိတ်ပြီး စိတ်မကောင်းဖြစ်တတ်လား။ ဒီအဆင့်တွေကိုကျော်လွန်ပြီးရင်ကော ဘာလုပ်တတ်လား။ ခွင့်လွှတ်ပေးလိုက်လား၊ ခွင့်မလွှတ်ဘဲ အမြဲလိုလိုပိုက်ထားတတ်တာလား။ ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုပြောပြပါ့မယ်။ ဒါကတော့ ကိုယ့်အပေါ်အမှားလုပ်ထားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။ပြဿနာတိုင်းကို ခွင့်လွှတ်နိုင်ဖို့က ခက်ခဲမယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် ခွင့်လွှတ်မှုက ကိုယ့်အပေါ်အမှားကျူးလွန်တဲ့သူအတွက် ကိုယ့်ဘက်ကပေးဆပ်မှုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်လုပ်ဆောင်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ဒီနေရာမှာ သိထားဖို့လိုမယ်အချက်တစ်ခုက ခွင့်လွှတ်ပေးတယ်ဆိုတာက သူ့ကိုနောက်ထပ်နာကျင်အောင်လုပ်ဆောင်ခွင့်ပြုလိုက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကိုလျှော့ချလိုက်တာပါ။ ခွင့်လွှတ်ပေးမှုရဲ့နောက်မှာ အရင်ကအတိုင်းဆက်ဆံခွင့်ပြုတယ်ဆိုတဲ့ ခွင့်ပြုချက်ပါမလာတာကို သူသိအောင်တော့ လုပ်ဆောင်ရမှာပေါ့။ ခွင့်လွှတ်ပေးမှုကို စိတ်ဓါတ်ခွန်အားကောင်းသူတွေပဲ လုပ်ဆောင်နိုင်ကြတာပါနော်။ တကယ်တော့ ခွင့်လွှတ်မှုကရုပ်ပိုင်းဆိုင်ရာအတွက်ရောစိတ်ပိုင်းဆိုင်ရာအတွက်ပါ အမှန်တကယ်ကောင်းကျိုးရှိပါတယ်။လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်တဲ့အခါ အခုလိုကောင်းကျိုးတွေရရှိလာနိုင်ပါတယ်။ကိုယ်ခံအားကောင်းလာမယ်။ခွင့်လွှတ်ပေးမှုကခန္ဓါကိုယ်ထဲမှာ ပဋိဇီဝပစ္စည်းတွေထွက်ရှိမှုကို တိုးမြှင့်ပေးနိုင်တာကြောင့် ကိုယ်ခံအားစနစ်ကို သိသိသာသာကောင်းမွန်စေနိုင်ပါတယ်။ ခွင့်လွှတ်ပေးမှုက ခန္ဓါကိုယ်ထဲမှာအက်ဒရီနယ်လင်ဟော်မုန်းနဲ့ကော်တီစောဟော်မုန်းတွေထွက်ရှိမှုကိုလျှော့ချပေးနိုင်တာကြောင့်ခန္ဓါကိုယ်ထဲကဆဲလ်တွေထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်တော့ ခွင့်လွှတ်ပေးတတ်ဖို့ သတိရပါ။ဆက်ဆံရေးပိုကောင်းစေနိုင်တယ်။ခွင့်လွှတ်ပေးမှုက ပိုပျော်ရွှင်စေနိုင်သလိုပေါင်းသင်းဆက်ဆံရေးလည်း ပိုကောင်းစေနိုင်ပါတယ်။ဒေါသတကြီးနဲ့တုံ့ပြန်မှုက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကို ပါထိခိုက်စေနိုင်တယ်ဆိုပေမယ့် ခွင့်လွှတ်ပေးမှုကတော့ တစ်ဦးနဲ့တစ်ဦးကြားမှာနားလည်မှုတိုးစေပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။အိပ်စက်မှုတိုင်းမှာပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုဖြစ်ချင်ရင်တော့ ခွင့်လွှတ်ပေးစရာရှိတာတွေကို ခွင့်လွှတ်ပေးလိုက်ပါ။ အခြားသူတွေကိုဒေါသထွက်တဲ့ အတွေးတွေက အိပ်စက်ချိန်အထိပါ လိုက်နှောင့်ယှက်နေမှုကပြည့်ဝတဲ့အိပ်စက်ချိန်ရရှိစေဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဒေါသတွေထွက်ပြီး အိပ်ရေးပျက်တာကြောင့်ကျန်းမာရေးထိခိုက်မှုကင်းစေဖို့ ခွင့်လွှတ်တတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။ ခွင့်လွှတ်ပေးမှုက စိတ်သက်သာရာရစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။လေ့လာမှုတွေအရ ခွင့်လွှတ်ပေးတတ်သူတွေက တက်တက်ကြွကြွရှိပြီး ရုပ်ပိုင်းဆိုင်ရာ ပိုကျန်းမာကြပါတယ်။ ခွင့်လွှတ်ပေးတတ်သူတွေက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနည်းကြပြီးပြည့်ဝစွာအိပ်စက်မှုရှိကြသလို ရုပ်ပိုင်းဆိုင်ရာအရလည်း ကျန်းမာကြပါတယ်။ အသေးစားဖျားနာမှုအပါအဝင်နာတာရှည်ရောဂါခံစားရမှုလည်း နည်းကြပါတယ်။နှလုံးကျန်းမာစေတယ်။ခွင့်လွှတ်ပေးမှုက တနုံ့နုံ့တွေးနေတာကြောင့်ဖြစ်လာနိုင်တဲ့သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလိုနှလုံးခုန်နှုန်းမှန်စေပြီး နှလုံးရောဂါလည်း ကင်းစေနိုင်ပါတယ်။ ခွင့်လွှတ်ပေးတတ်သူတွေကအောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုများတာကြောင့်သွေးပေါင်ချိန်မှန်ကြသလို နှလုံးခုန်နှုန်းလည်း မှန်လို့ စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝခံစားကြရပါတယ်။ အဖိုးတန်တဲ့ နှလုံးလေးကျန်းမာချင်ရင် ခွင့်လွှတ်ပေးလိုက်ပါ။ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေတယ်။ခွင့်လွှတ်ပေးတတ်သူတွေက အပေါ်မှာပြောခဲ့သလိုပဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတွေပါ။ သူတစ်ပါးအပေါ်မှာ အမုန်းတရားမရှိသလိုမနာလိုဝန်တိုစိတ်လည်း ကင်းကြသူတွေပီပီ အမြဲလိုလို တက်တက်ကြွကြွနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှြုပည့်နေမယ်ဆိုတာ အသေအချာပါ။အကောင်းမြင်စိတ်ရှိသလိုပြဿနာဖြေရှင်း နိုင်စွမ်းလည်းမြင့်မားကြသူတွေပေါ့။သိမြင်မှုစွမ်းရည်ကောင်းစေတယ်။အတွေးရှင်းသူအဖို့ အလုပ်တိုင်းမှာ အာရုံစူးစိုက်မှုကောင်းသလိုဦးနှောက်ထဲမှာလည်း ဝန်ပိုမရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အကောင်းဆုံး အနေအထားမှာရှိနေမှာပါ။ ဒါကြောင့်တွေးခေါ်မှုနဲ့ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းတွေကလည်း ပိုမိုကောင်းမွန်နေမှာ အသေအချာပါ။ကဲ…..စိတ်ထဲမှာ ဝန်ပိုတွေကိုထမ်းမထားပါနဲ့။ ခွင့်လွှတ်စရာရှိတာကို ခွင့်လွှတ်ပြီးပေါ့ပေါ့ပါးပါးရှေ့ဆက်လိုက်ရအောင်လား။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/be-a-forgiving-person/
စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ခြေ ရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူအချို့
ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်က စိတ်ရောကိုယ်ပါကျန်းမာဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက်လို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့အပြုအမူလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ တစ်ခါတလေမှာအမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူအချို့ကနောက်ပိုင်းမှာစိတ်ရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကိုဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ရင်း ကိုယ်တိုင်ရော လုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ အသေးစားစိတ်ရောဂါလေးတွေခံစားနေရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ဆန်းစစ်ကြည့်ရအောင်လား။တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပြီဖြစ်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုပါမယ်။ စိတ်ရောဂါတွေက မကုသဘဲထားတဲ့အခါ အချိန်ကြာလာနဲ့အမျှ ပိုဆိုးလာတတ်ပြီးနောက်ပိုင်းမှာပြဿနာကြီးကြီးမားမားတွေရင်ဆိုင်လာရနိုင်ပါတယ်။စိတ်ကျန်းမာရေးကလည်းရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလိုပဲသေချဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့်။ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အခုကစပြီး သတိထားလိုက်ကြစို့လား……………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9c/
နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင်
အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက် နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေ ဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒီတော့ နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင် လား …….။နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ ထဲမှာ ဒါလေးတွေ ထည့်ထားဖို့ လိုပါမယ်။အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။ပိုးသတ်သန့်စင်ဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာတွေ၊ ကတ်ကြေးတွေကို ပိုးသတ်ဖို့အတွက်ပါ။ပိုးသတ်ဖို့ပါ။ ရိုးရိုးဂွမ်းကိုတော့ ဆေးလိမ်းဖို့၊ သွေးတိတ်အောင် လုပ်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။အနာကို ပြင်ပအရာဝတ္ထုတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ပါ။ ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒဏ်ရာအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ပတ်တီးအရွယ်အစားမျိုးစုံ ထည့်ပေးထားသင့်ပါတယ်။အသေးစားထိခိုက်ရှနာတွေကို ကပ်ဖို့ပါ။ ရေစိုခံပလာစတာနဲ့ ရိုးရိုးပလာစတာတွေထည့်ထားဖို့လိုအပ်ပါတယ်။ ပလာစတာတွေက ထိခိုက်ဒဏ်ရာတွေကို ပြင်ပက ပိုးမွှားတွေမဝင်လာစေဖို့နဲ့ အနာကျက်မြန်စေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။ပွန်းပဲ့နာတွေ၊ကုတ်ခြစ်ဒဏ်ရာတွေနဲ့ အကြီးစားပြတ်ရှတွေမှာ အသုံးပြုနိုင်စေဖို့ပါ။ ဒီပလာစတာတွေက သွေးတိတ်အောင်လည်း လုပ်ပေးပါတယ်။Silver nitrateဒါမှမဟုတ် ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်း လိုပါတယ်။အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။အနာထဲက အစအနတွေ၊ အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ရှားဖို့ပါ။ပိုးကောင်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။အဖျားရှိ၊ မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။ ချွဲပျော်ဆေးကိုလည်း ဆောင်ထားသင့်ပါတယ်။ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ ရာပန်းဆီနဲ့ ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်း ရပါတယ်။သွားရင်းလာရင်းထိခိုက်မိတဲ့ ဒဏ်ရာတွေကို ဆေးကြောသန့်စင်ရာမှာ သုံးလိုက်တဲ့ဂွမ်းစတွေနဲ့ အခြားအရာဝတ္ထုတွေကို ထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ပါ။ရေမရှိတဲ့ အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာ အနာကို သန့်စင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် ကားပေါ်မှာ ဆောင်ထားသင့်ပါတယ်။ထိခိုက်ဒဏ်ရာကို ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။ဒီဖော်ပြထားတဲ့ ပစ္စည်းတွေအပြင် အခြားကိုယ်နဲ့ အသုံးတည့်မယ့်ပစ္စည်းလေးတွေကိုလည်း ဘူးခွံတစ်ခုထဲမှာ သပ်သပ်ရပ်ရပ်စုထည့်ထားပြီး အလွယ်တကူယူလို့ရမယ့်နေရာတစ်ခုမှာ ထားထားပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တစ်ဦးမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်။ကားနောက်ခန်းမှာဆိုရင်တော့ ကားနောက်ခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထားလို့အဆင်ပြေမယ့်နေရာတစ်ခုခုမှာထည့်ထားပေးလို့ရပါတယ်။နေအိမ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အရေးပေါ်ဆေးသေတ္တာလေးတွေဆောင်ထားတာက ထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန်ကုစားနိုင်ပြီး အနာကိုပိုးမဝင်အောင်ကာကွယ်နိုင်တဲ့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွေဝေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ အမှန်တကယ်လိုအပ်တဲ့ဆေးသေတ္တာလေးတွေကို နေအိမ်မှာရော ကားပေါ်မှာ မိသားစုများဆောင်ထားသင့်ပါကြောင်း။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-kits-for-home-and-car/
နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု
နွေရောက်ပြီလေ… မိုးလေကင်းတဲ့ ပွင့်လင်းရာသီ ရောက်လာခဲ့ပြီဆိုပေမယ့် ခရီးသွားမယ်၊၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်ပေါ့။ ။ ဒါပေမယ့် အခုထိတော့ covid ကို စိုးရိမ်နေရဆဲပါ။  ဒါကြောင့်  COVID-19 ကို ကာကွယ်တာက ကောင်းပါတယ်။ ဒါပေမယ့် နွေရာသီမှာ ပုံမှန်ကို အဖြစ်များလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီတော့ နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေကတော့။(၁) အပူလျှပ်နိုင်တယ်။အပူလျှပ်ခြင်းက အပူချိန်ပြင်းတဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် လွန်ကဲတဲ့အခါခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း နဲ့ အဖျားတက်ခြင်း တို့လို လက္ခဏာတွေ၊ ရေဓာတ်ခမ်းခြောက်တာတွေ အပြင် အခန့်မသင့်ရင် ရုတ်တရက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် ရေများများသောက်ပါ၊ အပူနဲ့ အအေး အကူးအပြောင်းကို သတိထားပါ (အဲယားကွန်းနဲ့ ပြင်ပ အပူဒဏ်ကြား) ၊ အပူဒဏ်ကို ကာကွယ်ပါ (ဦးထုပ် ၊ ထီး ဆောင်းပါ။ နေပူထဲ ကြာရှည်မနေဘဲ အရိပ်ရတဲ့ နေရာကို ရှာပါ။) လို့ သတိပေးချင်ပါတယ်။လက်ဆေးပါ ဆိုလို့ နေပူကြီးထဲက ပြန်လာပြီး ချက်ချင်း လက်ဆေးတာလည်းအပူလျှပ်ခြင်းအတွက် သတိထားသင့်တဲ့ အချက်ပါ။(၂) အစာအဆိပ်သင့်နိုင်တယ်။နွေရာသီမှာ အစားအသောက်နဲ့ ပတ်သက်ရင် ဘာကို စိုးရိမ်ရလဲဆို ယင်အန္တရာယ်နဲ့ ဖုန်မှုန့်တွေပါပဲ။ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ မကျက်တဲ့ အသားတွေ၊ မသန့်ရှင်းတဲ့ရေ၊ ဖုံးအုပ်မထားတဲ့ အစားအစာတွေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ၊ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ယင်ကောင်တွေနဲ့ ဖုန်မှုန့်တွေမှာအစာအဆိပ်သင့်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကိုး။ ပူအိုက်စွတ်စိုတဲ့ ရာသီကြောင့်လည်း ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့ ပတ်ဝန်းကျင် ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကိုပဲ စားဖို့ ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ဖို့၊ အစာခြေစနစ် မကျန်းမာသူတွေပို သတိထားသင့်ပါတယ်။(၃) မျက်စိနာတာ ဖြစ်နိုင်တယ်။နွေရာသီမှာ မျက်စိနာတာ က အဖြစ်များတဲ့ ပြဿနာပါ။မျက်စိနာခြင်းဟာ မျက်မြှေးကို ရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ကြောင့် ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ ကူးစက်လွယ်လို့ တစ်မိသားစုလုံးကို ပြန့်တာ များပါတယ်။(၄) ရေဓာတ် ခမ်းခြောက်နိုင်တယ်။ချွေးထွက်များတဲ့ နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင် မသောက်သုံးတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။ နွေပူပူမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ ပြန်လည်ထိန်းသိမ်းပေးဖို့ လိုပါတယ်။(၅) ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တယ်။အူနဲ့အစာအိမ်ထဲမှာကပ်ပါးပိုးမွှားတွေဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ ယင်ကောင်တွေရယ်၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။နွေရာသီရောဂါတွေရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ တခြားပိုးမွှားတွေ ပေါက်ဖွားလွယ်တဲ့ ရာသီဥတုပတ်ဝန်းကျင် ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာ ဖြစ်လွယ်တဲ့ ရောဂါတွေ ရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။ နွေရောက်ပြီဆိုရင် –။ပွင့်လင်းရာသီဟာ ခရီးလေးတွေထွက်၊ မိသားစု၊ မိတ်ဆွေတွေ နဲ့ အချိန်ကုန်ဆုံးပြီး ကျန်းမာပျော်ရွှင်စွာ နေဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ အချိန်ကို တန်ဖိုးရှိရှိ ကုန်ဆုံးနိုင်ဖို့ ကျန်းမာအောင် ဂရုစိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/summer-health-problems-knowledge-sharing/
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး
သူ့အတိုင်းပဲ ကြော်စားစား၊လက်ဖက်နဲ့ပဲရော ကြော်ကြော်၊ ဂျူးဖူး၊ အသားတို့နဲ့ရော ကြော်ကြော်၊ ကင်ပြီးတော့ပဲ စားစား ခပ်စေးစေး နဲ့ ခါးသက်သက် အရသာရှိပြီးဆေးဖက်ဝင်တယ်လို့ နာမည်ကြီးနေတဲ့ နှစ်တစ်ရာသီးက ဘယ်လိုများကျန်းမာရေးအတွက် ကောင်းလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။နှစ်တစ်ရာသီးမှာ။ဗီတာမင် Bအုပ်စုတွေ ဖြစ်ကြတဲ့။ခါးသက်သက် စေးပိုင်ပိုင် နှစ်တစ်ရာသီးက။နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်တယ်၊ လို့ ၂၀၀၈ ခုနှစ်က Food Research International အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။နှစ်တစ်ရာသီးကအဆီတွေကို ပျော်စေနိုင်ပြီးအသည်း အဆီဖုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။နှလုံး သွေးကြောကျဉ်းတာ အပါအဝင်နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ကင်းစေဖို့ စားပေးသင့်ပါတယ်။နှစ်တစ်ရာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင်နာတာရှည်ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ flavonoids နဲ့ terpenoids တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကခန္ဓာကိုယ်က ဆဲလ်တွေကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နှစ်တစ်ရာသီးမှာ အခြား အစားအစာတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာ ပါဝင်နေတာကြောင့်ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။ဦးနှောက်ထဲမှာ အဆီတွေ စုလာတဲ့အခါအယ်လ်ဇိုင်းမားရောဂါ အပါအဝင်သိမြင်မှုစွမ်းရည်ကျဆင်းတဲ့ကျန်းမာရေး ပြဿနာ​တွေကို ခံစားရနိုင်ပါတယ်။ နှစ်တစ်ရာသီးရဲ့ အဆီအနှစ်က သွေးတွင်းမှာ အဆီတွေ စုတာကို လျော့ပါးစေပါတယ်။ဦးနှောက်ထဲမှာ အဆီတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးတာကြောင့် သိမြင်မှုစွမ်းရည် တဖြည်းဖြည်း ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဦးနှောက်တွင်း သွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ norepinephrine ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးတက် ကောင်းမွန်စေနိုင်သလိုမှတ်ဉာဏ်ကောင်းစေပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ် အားနည်းလာတာ ကိုလည်း ကာကွယ်ပေး ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-ginkgo-nuts/
အသောက်ဝါသနာ ကြောင့် ချို့ယွင်းလာမယ့် ကျန်းမာရေး
“ အရက် ကို ကြိုက်လို့သောက်တဲ့သူ၊ စိတ်ပျော်တတ်လို့ သောက်တဲ့သူ၊ သောက်ပစ်လိုက်မယ် အရက်များများ” တဲ့။အမယ် သီချင်းကတော့ အဟုတ်ပဲနော်။ အရင်ခေတ်က ဇာတ်ကားတွေထဲ ဆိုတတ်ကြတဲ့ သီချင်းစာသားဟောင်းလေးပါ။ ပုလင်းလေးကိုင်ပြီး ရမ်းခါ လမ်းလျှောက်ကြတဲ့ အာလေးလျှာလေးသံတွေ ခေတ်ကနေ ခုတော့ ဘီယာဆိုင်တွေ၊ ဘားတွေ မှာ စမတ်ကျကျ မူးတတ်နေကြပြီကော။ဘော်ဒါတွေ ဆုံလို့၊ သူတို့အတင်းခေါ်လို့၊ ပျော်ပွဲခံဖို့၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေ ကြောင့် စုပြီး သောက်ကြ၊ ပျော်ရွှင်ကြတဲ့ အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်လာတာလေ။ ဒါပေမယ့် တစ်ခါတလေstressဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ လူ့ခန္ဓာကိုယ်က ဒီတိုင်း ကျန်နေမယ် ထင်နေပါသလား…။ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို သတိပေးလိုက်ပါရစေ –။အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီး နာတာရှည် အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊အသည်းရောင်တာ၊ အသည်းမှာ အနာဖြစ်တာ တွေက အရက်ရဲ့နောက်ဆက်တွဲ ဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ ကတော့အသည်းကင်ဆာကို ခံစားရတာပါပဲ။အရက်၊ ဘီယာတွေ အပါအဝင်အယ်လ်ကိုဟောက အစာခြေစနစ် ရဲ့ အတွင်းနံရံတွေကို ပျက်စီးစေနိုင်သလို အစာခြေအက်ဆစ် ထွက်ရှိမှုကို များစေနိုင်ပါ တယ်။ ဒီလိုကနေ တဆင့် အစာအိမ်မှာ အနာ ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အစာခြေစနစ် ရဲ့  အာဟာရဖြိုခွဲမှု၊ စုပ်ယူမှု၊ ပို့ဆောင်မှု၊ သိမ်းဆည်းမှုတွေကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အာဟာရချို့တဲ့မှု ကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကသွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။အယ်လ်ကိုဟောက ပန်ကရိယကို ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့အရာတေါ ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုကနေတဆင့် ပန်ကရိယရောင်ရမ်းတာမျိုးဖြစ်ပြီး အစာခြေတဲ့လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပါတယ်။အရက်ကိုရေရှည်စွဲသောက်တာက သီရာမင်းလို့ ခေါ်တဲ့ဗီတာမင် B1ချို့တဲ့စေပြီး အာရုံရှုပ်ထွေးတာ၊ သိမြင်မှုစွမ်းရည် ထိခိုက်တာ၊ သင်ယူမှုအားနည်းလာတာ၊ မှတ်ဉာဏ်စွမ်းရည်ထိခိုက်တာတွေဖြစ်လာစေပြီး အာရုံကြောစနစ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ရေတိုမှာတော့ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ စိတ်ခံစားမှုတွေပြောင်းလဲတာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊အာရုံစိုက်နိုင်စွမ်းကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အယ်လ်ကိုဟောကဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။အရက်သောက်တာက နှလုံးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောအလွန်အကျွံသောက်သုံးမှုက သွေးတိုးစေနိုင်သလို နှလုံးခုန်မမှန်တာ၊ နှလုံးသွေးပို့မှုကိုထိခိုက်တာ၊ သွေးခဲတာ၊လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာမျိုး တွေဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး အယ်လ်ကိုဟောသောက်သုံးမှုက ရေရှည်မျာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင် ပါတယ်။အယ်လ်ကိုဟောသောက်သုံးမှုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားမှုစနစ်ကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။အမျိုးသားတွေမှာဆိုရင် လိင်တံထောက်မတ်နိုင်စွမ်းကျဆင်းတာ၊ မိန်းကလေးတွေမှာဆိုရင်ရာသီသွေးမမှန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက်ကို ရေရှည် စွဲသောက်မယ်ဆိုရင်တော့ မျိုးအောင်နိုင်စွမ်းကျဆင်း စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာ။ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်စေနိုင်သလို အရက်ကြောင့်သန္ဓေသားပုံစံမမှန်တာမျိုး တွေဖြစ်နိုင်ပါတယ်။အရက် သောက်သုံးမှုက ကိုယ်တွင်းမှာကယ်လ်ဆီယမ်မမျှတမှုကို ဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာ ခန္ဓာကိုယ် အတွက်နဲ့ အရိုးကျန်းမာဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း ကျသွားစေပါတယ်။အရက်အလွန်အကျွံသောက်သုံးမှုက ကိုယ်တွင်းကဗီတာမင် Dပမာဏကို ထိခိုက်စေနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို ကျဆင်းစေမှုကနေတဆင့် အရိုးပွတာ၊အရိုးပါးတာမျိုးတွေ ခံစားရနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/alcohol-affects-health-not-just-liver/
စွဲလမ်းမှုဆိုတဲ့ မီးကို ဘယ်လိုငြိမ်းသတ်ကြမလဲ
လူတွေတော်တော်များများက စွဲလမ်းခြင်းကို လူတစ်ယောက်ကို အမှန်တကယ်စိတ်ဝင်စားမိသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွဲ့ထားတတ်ကြပါတယ်။ လုံးဝမှားတာမျိုးတော့မဟုတ်ဘူးပေါ့။ချစ်ခြင်းမေတ္တာတရားရဲ့ အနောက်မှာ စွဲလမ်းမှုဆိုတဲ့ စိတ်က အလိုလိုကပ်ပါလာတတ်ပါတယ်။ ဒီလိုစွဲလမ်းမှုက သိပ်ကိုများလွန်းသွားပြီဆိုရင် လူတစ်ယောက်ကို ချစ်တယ်ဆိုတာထက် ကိုယ့်အသိစိတ်ထဲမှာ သူ့အကြောင်းတွေက အချိန်ပြည့်လွှမ်းမိုးသွားတော့တာပေါ့။ အဲ့တော့ ဘာဆက်ဖြစ်မလဲ။ ချစ်ခြင်းမေတ္တာကြောင့် ရတဲ့ ပျော်ရွှင်မှုမဟုတ်ဘဲ စွဲလမ်းစိတ်ကြောင့် ရင်ထဲမှာ သောကမီးတွေပဲ ကျန်ရစ်နေတော့တာပေါ့။ဒီစွဲလမ်းစိတ်ကို စိတ်ကျန်းမာရေးအရ Obsessive Love Disorder – OLD ရောဂါလို့ ခေါ်ပါတယ်။ စွဲလမ်းစိတ်ကြောင့် အခြေခံလာတဲ့ ရောဂါ Obsessive Compulsive Disorder – OCD ရဲ့ ရောဂါပုံစံတစ်မျိုးပါ။ ငယ်ငယ်လေးတုန်းက ကျန်ရစ်ခဲ့တဲ့အထီးကျန်စိတ်ေတွ၊ သိမ်ငယ်စိတ်တွေ၊ လူတွေနဲ့ သဟဇာတမဖြစ်တဲ့ နေပုံထိုင်ပုံတွေ၊ လူမှုရေးကြောက်ရွံ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေ၊ စိတ်ဝေဒနာ၊ စိတ်ဒဏ်ရာရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား ကိုယ်က အဲ့လူတစ်ယောက်ကိုပဲ စွဲလမ်းနေတယ်၊ သူဘာလုပ်နေမလဲ၊ ဒီအချိန်ဆို ဘယ်သူနဲ့ရှိနေမလဲ၊ အစရှိသဖြင့် သူ့အကြောင်းတွေကိုပဲ အချိန်ပြည့်တွေးနေတယ်၊ အဲ့တော့ ဘာဆက်ဖြစ်သလဲဆိုတော့ စိတ်က ပူလောင်တယ်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာလည်း ထိခိုက်လာတယ်၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း လျစ်လျူရှုမိသလို ဖြစ်သွားတယ်၊ ကိုယ်တိုင်ကလည်း ဝေဒနာအပူမီးကို ပျော်ရွှင်မှုလို့မှတ်ယူပြီး ဒီထဲမှာပဲ ဆက်နေ၊ ဆက်တွေးရင်းနဲ့ ပူလောင်တဲ့ ခံစားချက်က ပိုဆိုးလာတော့တာပါပဲ။ဒီတော့ စွဲလမ်းမှုဆိုတာ လူတွေထင်ထားသလို သိပ်ပြီးကောင်းနေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကောင်းဆိုတာ ရှိရင် အဆိုးဆိုတာ ရှိတယ်၊ အလင်းရှိရင် အမှောင်ရှိတယ်၊ အဲ့လိုပါပဲချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်နောက်မှာ သူ့ရဲ့ဆန့်ကျင်ဘက် စွဲလမ်းစိတ်က ရှိနေတတ်ပါတယ်။ ဒီစိတ်ကိုသာ ကိုယ်က မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အချစ်ရေးတင်မက အလုပ်ခွင်၊ လူမှုရေးမှာပါ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီတော့ စွဲလမ်းစိတ်ကို ကိုယ်တိုင်ထိန်းချုပ်လို့ရမယ့်နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။စွဲလမ်းစိတ်ဆိုတာ လူ့စိတ်က သတ်မှတ်လိုက်တဲ့အရာပါ။ လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားတဲ့အခါ စွဲလမ်းမှုဖြစ်လာတာ သဘာဝဆိုပေမယ့် လိုတာထက် ပိုသွားရင်တော့ နောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို ချစ်ပါ။ စွဲစွဲလမ်းလမ်း ရူးသွပ်မိသွားလောက်တဲ့အထိတော့ ကိုယ့်စိတ်ကို မီးလောင်တိုက် မသွင်းပါနဲ့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%bc%e1%80%b2%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%82%88%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98/
ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ
ကိုယ်လက်ကိုက်ခဲတာကို မဖြစ်ဖူးသူက ခပ်ရှားရှားဖြစ်မှာပါ။ ကိုယ်လက်ကိုက်ခဲတာက အရွယ်မရွေး ကျားမ မရွေး ခံစားရနိုင်သလို ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ကဲ ….. ဘယ်လိုအခြေအနေတွေက သင့်ကို ကိုယ်လက်ကိုက်ခဲစေလဲဆိုတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာပြီဆိုရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို လေ့လာဖို့ အသင့်ပဲလား။ အသင့်ပဲဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း မပြောခင် အရင်ဆုံး ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်နော်။ဒီအချက်တွေက ကိုယ်လက်ကိုက်ခဲတာကို ဖြစ်စေပါတယ်။ဒါက အဖြစ်များပါတယ်။ တစ်နေ့တာလုံးမှာ ကြွက်သားတွေအရိုးအဆစ်တွေကို အလွန်အကျွံ အသုံးပြုမိမယ်ဆိုရင် အနားယူချိန် ဒါမှမဟုတ် ညဘက် အိပ်ရာဝင်ချိန်တွေမှာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။အအေးမိတာ၊ တုပ်ကွေးလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာလည်း ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်တာကြောင့် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။အချို့သော ဆေးဝါးတွေ (ဥပမာ – သွေးကျဆေးတွေ)က ဘေးထွက်ဆိုးကျိုး အနေနဲ့ ခန္ဓာကိုယ်မှာ ကြွက်သားတွေ တောင့်တင်းတာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်တာကြောင့် ဖောရောင်တာတွေက ကြွက်သားတွေကို နာကျင်စေသလို ကိုယ်လက်ကိုက်ခဲမှုတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဖောရောင်တာကို ဖြစ်စေတာကတော့ သိုင်းရွိုက်ကျန်းမာရေးပြဿနာ ရှိနေတာ၊ မွေးရာပါနှလုံးကျန်းမာရေး အားနည်းတာ၊ အသည်းခြောက်တာ၊ အာဟာရချို့တဲ့တာနဲ့ ကျောက်ကပ်ရောဂါတွေကြောင့်ပါ။သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာက အာရုံကြောတွေနဲ့ ကြွက်သားလှုပ်ရှားမှုတွေအပေါ်မှာ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်ကိုက်ခဲတာ၊ ကြွက်တက်တာ၊ ခြေကုန်လက်ပမ်းကျတာတွေ ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးတာကကိုယ်ခံအားနည်းစေနိုင်သလို ခန္ဓာကိုယ်မှာ တင်းအားတွေ ဖြစ်စေပြီး ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ အပြင် ကိုယ်လက်ကိုက်ခဲတာကိုပါ ဖြစ်စေနိုင်ပါတယ်။ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ခက်ခဲစေပါတယ်။ ခြေကုန်လက်ပမ်းကျစေပြီး နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေနိုင်ပါတယ်။အိပ်ရေးပျက်တာက ကိုယ်လက်ကိုက်ခဲတာတွေကို ဖြစ်စေသလို ရှိရင်းစွဲနာကျင်ကိုက်ခဲမှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာ များမယ်ဆိုရင်လည်း ကိုယ်လက်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။အဆစ်ရောင်ရောဂါခံစားရတဲ့အခါ အဆစ်တွေ ရောင်ရမ်းလာပြီး ကိုယ်ခံအားက ကျန်းမာတဲ့ တစ်ရှူးတွေကို တိုက်ခိုက်တာကြောင့် အဆစ်တွေရောင်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင်။အနားယူတာက ခန္ဓာကိုယ်ကို ပြုပြင်ချိန်၊ အားဖြည့်ချိန် ပေးလိုက်တာပါ။ ဒါကြောင့် နာကျင်ကိုက်ခဲမှုတွေကို ခံစားလာရပြီဆိုရင် ခန္ဓာကိုယ်ကို အားပြန်ဖြည့်တဲ့အနေနဲ့ အနားယူလိုက်ပါ။ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပြည့်ဝနေခြင်းက ကိုယ်ခံအား ကောင်းစေသလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေနိုင်ပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် နာကျင်ကိုက်ခဲလာပြီဆိုရင် ရေတစ်ခွက် ဝဝသောက်လိုက်ပါ။နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်တာပါ။ ဒီလို သောက်သုံးတာက ဆေးညွှန်းမှန်မှန် သောက်သုံးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။ကြွက်သားတွေ တင်းနေတာကို ပြေလျော့စေဖို့နဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ရေနွေးနွေးနဲ့ စိမ်ပြီး ရေချိုးတာပါ။ ဒီလို ရေချိုးပေးတာ ရေနွေးစိမ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်ကိုက်ခဲတာကို သက်သာစေမှာပါ။နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နောက်ထပ်နည်းလမ်း တစ်ခုကတော့ဒဏ်ကြေလိမ်းဆေး လိမ်းတာပါ။ ကိုက်ခဲနေတဲ့နေရာကို ဆေးပူလေး လိမ်းပေးတာက နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး တစ်ခုပါ။ဖျားနေချိန်မှာ ကိုယ်ပူကြီးတာကလည်း ကိုယ်လက်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်အဖျားကြောင့် ကိုယ်လက်ကိုက်ခဲတာဖြစ်မယ်ဆိုရင် အဖျားကျအောင် ရေပတ်ဝတ်ကပ်ပေးတာ၊ အဖျားကျဆေးသောက်တာက နည်းလမ်းကောင်းပါ။ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် ၁ ပတ်ကျော်တဲ့အထိ ကိုယ်လက်ကိုက်တာက မသက်သာဘူးဖြစ်မယ်။ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-body-aches-and-how-to-relieve/
ကလေးများ ဖွံ့ဖြိုးမှု နောက်ကျလျှင်
ကလေးဆိုတာ သူ့အချိန်နဲ့သူ မှောက်ချိန်တန်မှောက်၊ ထိုင်ချိန်တန်ထိုင် တဖြည်းဖြည်း ကြီးထွားလာရမှာပါ။ မေမေတို့အနေနဲ့လည်း ကိုယ့်ကလေးကဖွံ့ဖြိုးမှုနောက်ကျမှာ သိပ်ကြောက်ကြပါတယ်။ အတူတူမွေးတဲ့ ဟိုဘက်အိမ်က ကလေးက ထိုင်နေပြီ။ ဒီကောင်လေးက ခုထိ ဇက်မခိုင်သေးဘူး။ အကြီးကောင်တုန်းက ဒီချိန်ဆို စကားစပြောနေပြီ ဒီကောင်လေးကျ နောက်ကျလိုက်တာ စသဖြင့် တခြား ကလေးနဲ့နှိုင်းပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်တတ်ပါတယ်။ တကယ်နောက်ကျတာလည်း ဖြစ်နိုင်သလို မေမေတို့ စိုးရိမ်နေတာလဲည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ဘယ်အရွယ်မှာ ဘယ်လို ဖွံ့ဖြိုးတယ်၊ ဘယ်အရွယ်ရောက်တာတောင် ဘာမလုပ်တတ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြရမယ်ဆိုတာ သိထားရင် ပိုကောင်းတာပေါ့။မွေးစကနေ ၄လ။၅လနဲ့ ၇လကြား။၉လနဲ့ ၁၀လကြား။၁နှစ်။၁နှစ်ခွဲ။၂နှစ်။၃နှစ်။၅နှစ်။ဒါတွေကတော့ ကလေးတစ်ယောက်ရဲ့ ပုံမှန် ဖွံ့ဖြိုးမှုပေါ့။ ဒီတိုင်းလေး ဖွံ့ဖြိုးလာတယ်ဆိုရင် မေမေ့ကလေးက ပုံမှန်ပါပဲ။ သူများကလေးတွေကတော့ တစ်ခါတစ်လေ မိဘမျိုးရိုးပေါ်မူတည်ပြီး အထိုင်စောတာ၊ စကားပြောစောတာ ရှိနိုင်ပါတယ်။ ကိုယ့်ကလေးက ဖွံ့ဖြိုးမှု စောစရာ မလိုပါဘူး။ ပုံမှန်အတိုင်းပဲ ဖွံ့ဖြိုးရင် ရပါပြီ။ ဆက်ပြီး ဖွံ့ဖြိုးမှု နောက်ကျတဲ့ အချက်တွေကို ဆက်ကြည့်ရအောင်။မိခင်မျက်နှာ ဒါမှမဟုတ် အရာဝတ္ထုကို လိုက်မကြည့်ခြင်း။ မြူရင် မပြုံးပြတတ်ခြင်း။ အသံပေးသော်လည်း အမူအရာ မပြောင်းခြင်း။ အလွန်တောင့်ခြင်း ဒါမှမဟုတ် ပျော့ခြင်း။လက်သီး အမြဲ စုပ်ထားခြင်း။ ခေါင်းမခိုင်ခြင်း။ အရုပ်တစ်ခုခုကို မကိုင်နိုင်ခြင်း။အမှီအတွယ်မရှိရင်မထိုင်နိုင်ခြင်း။ လက်ထောက်ပြီးတောင် မထိုင်နိုင်ခြင်း။ မရယ်မောတတ်ခြင်း။ဝူးဝူး ဝါးဝါး မလုပ်တတ်ခြင်း။ မတ်တပ်မစမ်းခြင်း။ဖေဖေ မေမေ မခေါ်တတ်ခြင်း။ လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း။မပြေးနိုင်ခြင်း။ မကြာခစလဲကျခြင်း။ ဝါကျအတိုများ မပြောနိုင်ခြင်း။ မျက်လုံးခြင်း ဆိုင်မကြည့်ခြင်း။စကားပြောပေမယ့် အခက်အခဲရှိတဲ့အတွက် တခြားသူတွေ နားမလည်ခြင်း။ တခြားကလေးများနဲ့ မကစားဘဲ တစ်ဦးတည်း သီးသန့်နေခြင်း။အရင်ရှိပြီးသား ဖွံ့ဖြိုးတိုးတက်မှုများ ပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ အရင်ပြောတတ်ပြီးသား စကားများ ပြန်ပျောက်သွားခြင်း။ဒီလို ဖွံ့ဖြိုး နောက်ကျနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/kid-is-under-development/
ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ
ဂန္ဓမာပန်းပွင့် ကားကားလှလှကြီးတွေကို မြင်ဖူးကြမယ်မဟုတ်လား။ ဘုရားပန်းတင်ကြတယ်၊ အိမ်မှာလည်း အလှထိုးကြတယ်။ အင်မတန်လှတဲ့ ပန်းပွင့်ကြီးတွေပေါ့။အင်္ဂလိပ်လို Chrysanthemums လို့ခေါ်ကြပြီး အာရှမျိုးရင်းတစ်မျိုးဖြစ်ပြီးတော့ အရှေ့တိုင်းနိုင်ငံတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ပါတယ်။တကယ်တော့ ဂန္ဓမာပန်းဟာ အမြင်တင့်တယ်ရုံသာမကပါဘူး။ ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်တဲ့ အပင်တစ်မျိုးပါ။ တရုတ်၊ ဂျပန်နဲ့ အရှေ့အာရှဒေသက တိုင်းပြည်တွေမှာတော့ ဒီပန်းကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတယ်။သိပ္ပံနည်းပညာတွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာတော့ အပင်မျိုးစိတ်အလိုက် လူသားတွေအပေါ် အကျိုးပြုနိုင်စွမ်းတွေကို လေ့လာသုတေသနပြုလာနိုင်နေပြီဖြစ်တာမို့ ဂန္ဓမာပန်းပင်ရဲ့ အစွမ်းကိုလည်း တိတိကျကျ ဖော်ထုတ်လာနိုင်နေပြီဖြစ်ပါတယ်။လေ့လာချက်တွေအရတော့ ဂန္ဓမာပန်းပင်ဟာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊သွေးတိုးနဲ့ သိုင်းရွိုက်ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ဆေးပညာမှာလည်း ရောင်ရမ်းတာနဲ့ အာရုံကြောအားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခေတ်မီဆေးသိပ္ပံပညာရှုထောင့်ကလည်း လက်ခံအတည်ပြုထားကြပါတယ်။ဒါ့အပြင် Institute for Integrative Nutrition ရဲ့ သုတေသနရလဒ်တွေအရ ဒီအပင်ဟာ Osteoporosis လို အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ဂန္ဓမာပင်ဟာ ဆေးဘက်ဝင်ပေမယ့် အလှပန်းမျိုးစိတ်တစ်မျိုးဖြစ်တာကြောင့် ဘယ်လိုအသုံးချကြမလဲလို့ မေးခွန်းထုတ်စရာတော့ရှိပါတယ်။ဒီပန်းကို ကျန်းမာရေးအတွက် အများဆုံးအသုံးချကြတဲ့ နည်းလမ်းက လက်ဖက်ခြောက်အဖြစ် ဖန်တီးမှီဝဲတာဖြစ်ပါတယ်။ ဂန္ဓမာပန်းလက်ဖက်ခြောက်ဟာ အရောင်အဆင်းလှပသလို၊ အနံ့အရသာလည်းမပြင်းတာကြောင့် အထူးနာမည်ကျော်တယ်။ဂန္ဓမာပန်း လက်ဖက်ခြောက်ဆိုပေမယ့် လက်ဖက်ရွက်နဲ့ လုပ်တာမဟုတ်ပါဘူး။ ဂန္ဓမာပန်းပင်ကနေ ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။ဒီလက်ဖက်ခြောက်ဟာ။ဒါ့အပြင် လက်ဖက်ရွက်ပါဝင်ခြင်းမရှိတာကြောင့် ကဖိန်းဓာတ်လည်း မပါဝင်ပါဘူး။ နောက်ပြီး ဂန္ဓမာပန်းကို အောက်ပါနည်းလမ်းတွေနဲ့လည်း အသုံးချတတ်ကြပါသေးတယ်။ဂန္ဓမာပန်းလက်ဖက်ခြောက်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြားပေးနိုင်သလို ဓာတ်မတည့်မှုလည်းဖြစ်နိုင်ပါတယ်။ဓာတ်မတည့်တဲ့အခါမျိုးမှာ အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်တတ်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/how-chrysanthemum-tea-benefits-health/
ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓါတ်ကျတာလား
ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။စိတ်ဓါတ်ကျတယ်ဆိုတာတော့ ကျွန်တော်တို့ ယနေ့ခေတ် စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးပါ။ ဒီအခြေအနေ နှစ်ခုဟာ ဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရောဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ သဲသဲကွဲကွဲ သိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။လူသားတိုင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ချစ်ရသူနဲ့ ဝေးကွာရတာ၊အလုပ်အကိုင်၊ ငွေကြေး ဆုံးရှုံးမှု၊ မျှော်လင့်ထားတာတွေ ဖြစ်မလာတာ၊ ဝမ်းနည်းစရာ အရာရာတစ်ခုခုကို ကိုယ်တိုင်မြင်လိုက်ရတာ၊ တွေးတောမိသွားတာ၊ စိတ်ဖိစီးပြီး ပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်မှာ ဝမ်းနည်းတဲ့ စိတ်ခံစားချက်ကို ခံစားရပါတယ်။ ဘဝဆိုတာ အကောင်းပဲ အမြဲလာတာမဟုတ်တဲ့အတွက် ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ရှိသလို၊ ဝမ်းနည်းရတဲ့ အခြေအနေတွေလည်း ရှိတတ်တာ သဘာဝပါပဲ။ဝမ်းနည်းနေတဲ့အခါ ကိုယ်က ဒီလိုခံစားနေရပါလား၊ ဒါတွေကြောင့် ကိုယ့်ရဲ့ စိတ်က မပျော်ရွှင်နေရတာပါလားဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ စိတ်ခံစားချက်ကိုလည်း တခြားတစ်ယောက်ကို ရင်ဖွင့်ဖို့ လွယ်ကူသလို နေ့စဉ်ဘဝမှာလည်း ကြီးကြီးမားမား ထိခိုက်စေနိုင်တာမျိုး မဖြစ်စေပါဘူး။ ဝမ်းနည်းနေတဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တဲ့အခါ၊ ငိုလိုက်တဲ့အခါ ဒါမှမဟုတ် ပျော်စရာအကြောင်းအရာတစ်ခုခုကို ခံစားမိတဲ့အခါ ဝမ်းနည်းခြင်းလျော့သွားပြီး စိတ်ခံစားချက်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။တစ်ခါတလေမှာ ကိုယ်ကဘာမှမလုပ်ဘဲ ဒီအတိုင်းနေလိုက်ရင်တောင် ခံစားချက်က အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဝမ်းနည်းနေတဲ့ ခံစားချက်ကြီး ပျောက်သွားပြီးတဲ့တိုင်အောင် အချိန်မရွေးပြန်ပေါ်လာနိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိပေမဲ့ ဒီအတိုင်းကြီးပဲ အချိန်ကြာမြင့်စွာ ခံစားနေရမယ်ဆိုရင်တော့ တခြားစိတ်ကျန်းမာရေးပြဿနာတွေ (ဥပမာ –စိတ်ကျရောဂါ) ဖြစ်လာဖို့ကို လမ်းစဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့ မရသေးတဲ့ အခြေအနေမှာတောင်မှ စိတ်ဓါတ်ကျတာဟာ အင်မတန်အန္တရာယ်များတဲ့ စိတ်ခံစားချက်ပါ။ ဝမ်းနည်းတာနဲ့မတူဘဲ ကိုယ့်ရဲ့ အသိစိတ်ကိုချုပ်ကိုင်ပြီး လုံးဝ အမှောင်ဖုံးလွှမ်းလိုက်ပါတယ်။ အသိစိတ်လွတ်သွားတဲ့ လူတစ်ယောက်က သူ့ရဲ့ တွေးခေါ်ပုံ၊ အာရုံစူးစိုက်နိုင်မှု၊ အပြုအမူ၊ အကျင့်စရိုက်တွေ အားလုံးက ဗြောင်းဆန်သွားပါတယ်။စိတ်ဓါတ်ကျေနတဲ့ သူတစ်ယောက်သည်။ဒီလိုခံစားချက်တွေ ၅ခုထက်မနည်း ဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓါတ်ကျနေတာဖြစ်ဖို့ ပိုသေချာသွားပါပြီ။ ဝမ်းနည်းခြင်းနဲ့ မတူဘဲ စိတ်ဓါတ်ကျခြင်းဟာ ကိုယ်တိုင်ဖြေဖျောက်ဖို့ အင်မတန်ခက်တဲ့ စိတ်ကျန်းမာရေးပြဿနာပါ။ ကိုယ့်ရဲ့ အတွေးကမ္ဘာထဲမှာ ပူလောင်စိတ်၊ အပြစ်တင်စိတ်၊ ဝမ်းနည်းစိတ်တွေနဲ့အတူပိတ်လှောင်လိုက်ပြီး ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်တဲ့ ခံစားချက်မျိုးပါပဲ။ဒီတော့ အလွယ်ပြောရမယ်ဆိုရင် ဝမ်းနည်းမှုသည် သာမန်စိတ်ကျန်းမာနေတဲ့ သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အမြဲတွေ့ကြုံရတတ်တဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်မှာဖြစ်နေတဲ့ ခံစားချက်ကိုလည်း အလွယ်တကူ ဖွင့်ဟပြောဆိုနိုင်ပြီး ကိုယ့်ဘာသာ ပျော်ရွှင်လာအောင်လည်း လုပ်နိုင်တယ်။ စိတ်ဓါတ်ကျခြင်းသည် နောက်ထပ်စိတ်ကျန်းမာရေးပြဿနာများ ဝင်လာရန် အစဖြစ်ပြီး အခြေအနေတော်တော်ဆိုးလာတဲ့အခါမှာ ဝမ်းနည်းခြင်းမှ စိတ်ဓါတ်ကျခြင်းကို ကူးပြောင်းပါတယ်။ ကိုယ့်မှာဘာဖြစ်နေသလဲဆိုတဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားပြီး တစ်နေ့တစ်နေ့ စိတ်ကပိုဆိုးလာကာ ကိုယ့်ကိုယ်ကိုယ်ပါ အသက်အန္တရာယ်ပေးသည်အထိ၊ နေ့စဉ်အလုပ်တွေကို ထိခိုက်စေသည်အထိ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စိတ်ဓါတ်ကျနေတယ်လို့ သံသယဖြစ်လာပြီဆိုရင် မပေါ့ပါနဲ့။ မကုသဘဲ ပစ်ထားမှသာ အခြေအနေတွေ ပိုဆိုးလာကြတာပါ။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေ၊ စိတ်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ စိတ်ဓါတ်ကျခြင်းကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ စိတ်ရောဂါကုထုံးပညာရှင်နဲ့လည်း တိုင်ပင်ဆွေးနွေးကြည့်လို့ရပါတယ်။စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊စိတ်ဓါတ်ကျတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း မြိုသိပ်ခံစားနေရတာထက် ကျန်တဲ့သူတွေကို ဖွင့်ဟတိုင်ပင်တာက ကိုယ့်မှာရှိနေတဲ့အခက်အခဲတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်သလို ပူလောင်နေတဲ့ ကိုယ့်စိတ်ကိုလည်း အနည်းငယ်တော့ အေးချမ်းသွားစေနိုင်ပါတယ်။နေ့ရက်တိုင်းကို အကောင်းဆုံးဖြတ်ကျော်ပါ။ ကိုယ့်စိတ်ကိုအေးချမ်းစေမယ့် အရာတွေကိုပဲရွေးလုပ်ပါ။ ကိုယ့်ကိုနွေးထွေးမှုပေးနိုင်တဲ့သူတွေကိုပဲ အနားမှာထားပါ။ အားလပ်ချိန်တွေမှာ ဝါသနာပါတဲ့အရာလေးတွေကိုရွေးလုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ဒါဆိုရင် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်ပြီးတော်ရုံစိတ်ဖိစီးမှုနဲ့တော့ ကိုယ့်စိတ်က ယိုင်လဲနိုင်တော့မှာ မဟုတ်ပါဘူး။အားလုံးပဲ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း…။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%94%e1%80%90%e1%80%ac%e1%80%80-%e1%80%9d%e1%80%99%e1%80%b9%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8/
အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို သက်သာစေဖို့ဆိုရင်
မနိုင်တာ တစ်ခုခုကို အတင်းမရင်းက ခါးထဲကနေ မျက်ခနဲ ဖြစ်သွားပြီး အား …… ခါးနာလိုက်တာဆိုပြီး ဖြစ်နေပြီလား။ ခါးမျက်တာက သွေးပူနေတုန်းမှာ သိပ်မနာဘူးလို့ ထင်ရပေမယ့် အချိန်အတိုင်းအတာ တစ်ခုလောက် ကြာပြီးချိန်မှာ တစ်နေ့တာ အလုပ်တွေကို ထိခိုက်စေလောက်တဲ့အထိ နာကျင်ရပါတယ်။ ဒီလို နေ့စဉ် အလုပ်တွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ ခါးမျက်တာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ခါးမျက်တာကို ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားဖူးကြပါတယ်။ ဒါပေမယ့် ကံကောင်းတာက ခါးမျက်တာကို သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာပါ။ ခါးမျက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မပြောခင် ဘယ်အခြေအနေတွေက ခါးမျက်တာကို ဖြစ်စေနိုင်လဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။လူတော်တော်များများက အခုလို အခြေအနေတွေကြောင့် ခါးမျက်တာကို ခံစားရနိုင်ပါတယ်။ဒီလို အခြေအနေတွေ ရှိနေတာကို သတိမထားမိဘဲ အလေးပင်တွေမမိတာ၊ ရုတ်တရက် အထိုင်အထတွေ လုပ်မိတဲ့အခါ ခါးနားတစ်ဝိုက်က အရွတ်တွေ၊ ကြွက်သားတွေ ဒဏ်ရာရပြီး ခါးမျက်တတ်ပါတယ်။ခါးမျက်တာနဲ့ခါးနာတာက ခပ်ဆင်ဆင်တူပါတယ်။ ခါးနာတာက ကြွက်သားတွေက နာကျင်တာဖြစ်ပြီး များသောအားဖြင့် ကျောရိုး အောက်ဖက်နားက နာကျင်တာပါ။ ခါးမျက်တာကတော့ ကြွက်သားတွေ နာတာအပြင် လှုပ်ရှားတဲ့အခါ ခါးဆစ်လေးတွေ ကြားထဲကပါ ဆစ်ခနဲ နာကျင်တတ်ပါတယ်။ခါးမျက်တာ ပြင်းထန်တဲ့ အခြေအနေကို လိုက်ပြီး ခံစားရတာ ကွာခြားနိုင်ပါတယ်။ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင်။အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို ခံစားရနိုင်ခြေ အများဆုံးသူတွေကတော့ လူလတ်ပိုင်းတွေပါ။ လူလတ်ပိုင်း ၅ ဦးမှာ ၄ ဦးက ခါးမျက်တာ ခါးနာတာတွေကို ခံစားကြရပါတယ်။ ခါးနာတာ၊ ခါးမျက်တာကို ခံစားရတဲ့ ကျား၊ မ အချိုးကတော့ အတူတူပါပဲ။လူလတ်ပိုင်းတွေမှာ ခါးမျက်တာ အများဆုံး ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီအသက်အပိုင်းအခြားတွေက ခန္ဓာကိုယ်က အင်အားကို အများဆုံး အသုံးချသူတွေဖြစ်ကြတာကြောင့်ရော သက်လတ်ပိုင်းရောက်လာချိန်မှာ အရိုးတွေ၊ အဆစ်တွေမှာ ပြောင်းလဲမှုလေးတွေ စဖြစ်လာတာကြောင့်ရော ပါပါတယ်။ သက်လတ်ပိုင်း နှောင်းပိုင်း ရောက်လာချိန်မှာ ခါးအောက်ပိုင်းနားက အရိုးအဆစ်တွေကပါ အတူတူအိုမင်းလာပါတယ်။ဒါကြောင့် သက်လတ်ပိုင်းတွေ အနေနဲ့ ခါးမျက်တာ အပါအဝင် အရိုးအဆစ်ပြဿနာတွေ ကင်းစေဖို့ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမယ့် နေထိုင်စားသောက်မှုတွေကို မွေးမြူဖို့ လိုပါမယ်။သက်လတ်ပိုင်းကျော်လာလို့ လူကြီးတွေကလည်း အရိုးတွေ ကြွက်သားတွေ အားနည်းလာတာကြောင့် နည်းနည်းလောက် လေးတာလေးကို မလိုက်တာနဲ့တင် အလွယ်တကူ ခါးမျက်နိုင်ပါတယ်။ကဲ …. မတော်တဆ ခါးမျက်သွားခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။ခါးမျက်တာက ဖြစ်စေတဲ့ အကြောင်းအရင်း နဲ့ ပြင်းထန်မှု အတိုင်းအတာကို လိုက်ပြီး အိမ်တွင်းကုထုံးတွေက ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ခါးမျက်တာကို သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် အထိရောက်ဆုံး ကုထုံးလေးတွေတော့ ရှိနေပါတယ်။ ခါးမျက်တာကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းတွေကို အတူလိုက်ပါလုပ်ဆောင်ကြည့်လိုက်ရအောင်နော်။ရေခဲကပ်တာကခါးမျက်တာအပါအဝင် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပေါ့။ ခါးမျက်တာကြောင့် နာကျင်တာကို သက်သာစေသလို အရောင်ကျစေဖို့လည်း အားဖြည့်ပေးဦးမှာပါ။ ထိခိုက်မိပြီး မြန်နိုင်သမျှ မြန်မြန်ရေခဲ ကပ်ပေးတာက ခါးမျက်တာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းပါ။ခါးမျက် သွားသွားချင်းမှာရေခဲဝတ်ကပ်ပေးတာက ကောင်းပေမယ့် ခါးမျက်တာက ၄၈ နာရီ ကြာပြီးနောက်မှာတော့ ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်နေတဲ့နေရာတဝိုက်ကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့အတွက် ရေနွေးဝတ် ကပ်ပေးရပါမယ်။ ခါးမျက်တာဖြစ်ပြီး ၁ ပတ်အတွင်း ရေနွေးဝတ် ပုံမှန်လေး ကပ်ပေးတာကလည်း လွယ်ကူရိုးစင်းတဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။ခါးမျက်သွားချိန်မှာ လှုပ်လှုပ်ရှားရှား လုပ်ဖို့ မပြောနဲ့။ မတ်တတ်ရပ်ဖို့ ထိုင်ဖို့တောင် ခက်လောက်အောင် နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို အချိန်မျိုးမှာ အိပ်ရာထဲမှာ ပက်လက်အနေအထားနဲ့ သက်သောင့်သက်သာ လှဲနေတာက အကောင်းဆုံးပါ။ ဒါက ခါးမျက်တာကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပေါ့။ ဒါပေမယ့် သတိထားရမှာက ခါးမျက်တာကြောင့် အိပ်ရာထဲမှာ သက်သောင့်သက်သာ အနားယူမယ်ဆိုရင်တောင် တစ်နေကုန် အလှုပ်အရှား မရှိ လှဲနေတာမျိုး မလုပ်ဖို့ပါ။ ဒီလို လုပ်တာက အခန့်မသင့်ရင် နာကျင်မှုကို ပိုဆိုးသွားစေနိုင်ပါတယ်။နာကျင်မှုတွေက အရမ်းပြင်းထန်တဲ့ အချိန်မျိုးမှာ ကျိတ်ခံစားတာမျိုး မလုပ်ဘဲ ဆေးစာမလို ဝယ်ယူလို့ရတဲ့ OTCအကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း မှန်မှန်ကန်ကန် လိုက်နာ သောက်သုံးတာကလည်း ခါးမျက်နာအပါအဝင် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ခုပါ။ခါးမျက်တာကို သက်သာအောင် လုပ်ဆောင်လို့ ရမယ့် ရှေးနည်းဟောင်း တစ်ခု ရှိပါတယ်။ ဒါကတော့ ငယ်ငယ်ကတည်းက နာကျင်မှုတွေ သက်သာအောင် လုပ်ဆောင်နေကျ လက်ဆင့်ကမ်း နည်းလမ်းဖြစ်တဲ့ ဒဏ်ကြေလိမ်းဆေး လိမ်းတာပါ။ နာကျင်နေတဲ့နေရာကို ဒဏ်ကြေလိမ်းဆေး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် လိမ်းပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ခါးမျက်နေတာကို ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ပြောနေတယ်ဆိုပြီး တွေးနေပြီလား။ခါးမျက်သွားချိန်မှာလေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မဟုတ်ဘဲ အကြောတွေ ပြေလျော့စေနိုင်မယ့် ယောဂ၊ ထိုက်ချိတို့လိုမျိုး အကြောဖြေလျှော့ လေ့ကျင့်ခန်းတွေ လုပ်စေချင်တာပါ။ဒီလေ့ကျင့်ခန်းတွေက ကြွက်သားတွေကို သန်မာစေသလိုနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ နောက်တစ်ချက်က ခါးမျက် အပါအဝင် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပြီး နောက်တစ်ကြိမ် ထိခိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လို့ပါ။ဒီနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပေမယ့် ၂ ပတ်ကြာတဲ့အထိ ခါးမျက်တာက မသက်သာဘူး ဖြစ်နေမယ်ဆိုရင် အရိုးအကြောဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/home-remedy-for-back-pain-due-to-heavy-lifting/
တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား
တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား ….. အမျိုးသားများတက်စတိုစထရုန်းဟော်မုန်းအစားထိုးကုသခြင်းဟာဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ တက်စတိုစထရုန်းဟာ ကျားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသမီးတွေဆီမှာလည်း တက်စတိုစထရုန်းထုတ်လုပ်တာ ရှိပါတယ်။ ဒါပေမယ့် ပမာဏ နည်းပါးပါတယ်။တက်စတိုစထရုန်းဟာ အမျိုးသားတွေအတွက် အောက်ပါကိစ္စရပ်တွေမှာ အသုံးဝင်ပါတယ်။–သုက်ပိုးထုတ်လုပ်ပေးခြင်း။–ကြွက်သားများနှင့်အရိုး၏ ထုထည်တောင့်တင်းစေခြင်း။– မျက်နှာနှင့်ကိုယ်ခန္ဓာအမွေးအမျှင်များပေါက်လာစေခြင်း။–လိင်စိတ်လှုံ့ဆော်ပေးခြင်း။– သွေးနီဆဲလ်များထုတ်လုပ်ပေးခြင်း တွေအတွက် သုံးကြပါတယ်။တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား ဆိုတော့ တက်စတိုစထရုန်း ဆေးပေးကုသခြင်းဟာ အဆိုပါဟော်မုန်းနည်းပါးနေတဲ့ အမျိုးသားများအတွက်တော့လိင်မှုစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဘဝရဲ့အရည်အသွေးကို မြှင့်တင်ပေးခြင်းတမျိုးပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ ယူဆလာကြပါတယ်။တက်စတိုစထရုန်းနဲ့ ဆီးကျိတ်ကင်ဆာ ကြားက ဆက်နွယ်မှုကို ၁၉၄၀ ဝန်းကျင်လောက်ကတည်းက တွေ့ရှိခဲ့ကြပါတယ်။ တက်စတိုစထရုန်းဟော်မုန်း လျော့နည်းသွားတဲ့အခါ ဆီးကျိတ်ကင်ဆာ ကြီးထွားမှုလျော့နည်းသွားတတ်ကြောင်း တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် တက်စတိုစထရုန်း ဟော်မုန်းပေးပြီး ကုသမှုတွေမှာလည်း ဆီးကျိတ်ကင်ဆာ ကြီးလာတတ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ဒါပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာတော့ တက်စတိုစထရုန်းနည်းပါးသူတွေမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်လာတတ်ကြောင်း တွေ့ရှိလာရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆိုရင် တက်စတိုစထရုန်း ပမာဏနဲ့ ဆီးကျိတ်ကင်ဆာအကြား ဆက်စပ်မှုမရှိကြောင်း သိရပါတယ်။ ဆီးကျိတ်ကင်ဆာကို ဖြစ်နိုင်ခြေ မမြင့်စေသလို ဖြစ်ပြီးသားလူနာတွေမှာလည်း ပိုမိုဆိုးရွားစေခြင်း မရှိဘူးလို့ သိရှိရပါတယ်။၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ တက်စတိုစထရုန်း အစားထိုးကုသခြင်းဟာ PSA ပမာဏကို မြင့်တက်စေခြင်း မရှိဘူးလို့ ဆိုပါတယ်။ PAS ဆိုတာကတော့ ဆီးကျိတ်ကင်ဆာရှိသူတွေရဲ့ သွေးထဲမှာတွေ့ရတတ်တဲ့ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။တက်စတိုစထရုန်းအစားထိုးကုထုံးဟာ ဆီးကျိတ်ကင်ဆာ ပြဿနာရှိသူတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိမရှိဆိုတာ အငြင်းပွားနေဆဲ ကိစ္စရပ်ဖြစ်ပါတယ်။ ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနများစွာ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ သုတေသီတချို့ကတော့တက်စတိုစထရုန်းကုထုံးဟာ တက်စတိုစထရုန်းနည်းပါးနေပြီး ဆီးကျိတ်ကင်ဆာ ကုသမှုကို အောင်မြင်ပြီးဆုံးခဲ့တဲ့ လူတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိပါတယ်။ နောက်ထပ်မံဖြစ်ပွားနိုင်ခြေလည်း မရှိပါဘူး။ဆီးကျိတ်ကင်ဆာအပေါ် တက်စတိုစထရုန်းရဲ့ သက်ရောက်မှုကို အငြင်းပွားဖွယ်ရာ ရှိနေသေးပေမယ့်အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကတော့။•အသက်အရွယ်။အသက်ကြီးလေ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလေဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ၆၆ နှစ်ဖြစ်ပြီး အများစုကို ၆၅ နဲ့ ၇၄ နှစ်အရွယ်အတွင်းမှာ တွေ့ရတတ်ပါတယ်။•မိသားစုရာဇဝင်။ဆီးကျိတ်ကင်ဆာဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုတွင်း ဖြစ်ပွားဖူးသူရှိရင် ဖြစ်နိုင်ခြေနှစ်ဆရှိပါတယ်။ မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံတွေကို သက်ရောက်မှု ရှိပါတယ်။•လူမျိုး။ အဖရိက-အမေရိက အမျိုးသားတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမြင့်ပါတယ်။•အစားအသောက်။အဆီများများ၊ ကာဘိုဟိုက်ဒရိတ်များများ စားတတ်သူတွေမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ အဆင့်ဆင့်ပြုပြင်လွန်းတဲ့ အစားအသောက်တွေကို စားသောက်သူတွေမှာလည်း ဖြစ်နိုင်ခြေ မြင့်ပါတယ်။တက်စတိုစထရုန်းပမာဏနဲ့ ဆီးကျိတ်ကင်ဆာကြားက ဆက်နွယ်မှုကို ခိုင်မာစွာ ဆက်စပ်ပြနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်စေတဲ့အကြောင်းအရာတွေကို သတိပြုပြီး တက်စတိုစထရုန်းသုံးစွဲရာမှာ သတိပြုဖို့ လိုပါတယ်။ နားလည်တတ်ကျွမ်းသူ ဆရာဝန်များနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/prostate-cancer-cancer/testosterone-and-prostate-cancer/
ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ
မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ကော်ဖီမှာပါတဲ့ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ လျှော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းနိုင်မှာပါ။ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချမှုက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းနည်းပါ။ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာ တစ်ခုခုကို စားပေးပါ။ ဒီလို ပုံမှန် လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီ ပေးနိုင်ပါလိမ့်မယ်။ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေး သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကော်ဖီစွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ကော်ဖီ သောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ခံတွင်းချဉ်တာကို သိသိသာသာ လျော့ပါးစေမှာပါ။ကော်ဖီ သောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ် နည်းလမ်း တစ်ခုကနေ့ခင်းကော်ဖီ သောက်ချင်လာတဲ့ အချိန်မှာတစ်ရေးလောက် အိပ်လိုက်တာပါ။ကော်ဖီ စွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ ကလည်း တစ်ရက်တည်း နဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲ သွားပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/how-to-cut-caffeine-addiction/
ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ
ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ …..ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်လည်ပတ်နိုင်စေဖို့် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးများ သန်မာကြီးထွားဖို့ လိုအပ်ပါတယ်။ အရိုးများဖွဲ့စည်းရာမှာ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ အရိုး ကြွက်သားများနဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ အလွန်အမင်း များပြားသွားရင်တော့ မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။ဗီတာမင်ဒီကိုမှာ D2 ဆိုပြီး D3 ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်။ D3 ကို နေရောင်ခြည်နဲ့ အသားစားရာကနေ ရနိုင်ပြီး D2 ကိုတော့ အပင်တွေမှာ ဖွဲ့စည်းတာပါတယ်။ သွေးထဲမှာ ဗီတာမင် D3 ဟာ D2 ထက် ပိုမိုမြင့်မားတာကို တွေ့မြင်ရပါတယ်။ဗီတာမင် D3 ကို အချိန်ကြာမြင့်စွာ ပမာဏများများ သောက်သုံးရင် ကိုယ်ခန္ဓာထဲမှာ ဗီတာမင်ဒီများ အလွန်အကျွံစုဝေးလာပါတယ်။ ဗီတာမင်ဒီဟာ သွေးထဲမှာ 150 ng/ml (375 nmol/l) ထက် မြင့်မားလာရင် အဆိပ်အတောက်ဖြစ်တဲ့ ပမာဏကို ရောက်လာနိုင်ပါတယ်။ ဗီတာမင်ဒီဟာ အဆီထဲမှာ သိုလှောင်ထားတာမို့ သွေးကြောထဲကို ဖြည်းညင်းစွာပဲ ထုတ်လွှတ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို ရပ်တန့်လိုက်ရင်တောင် ဗီတာမင်ဒီအဆိပ်သင့်မှုဟာ လပေါင်းများစွာ ကြာနေတတ်ပါတယ်။ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ ဆိုတော့။၁။သွေးတွင်းပမာဏမြင့်မားခြင်း။သွေးထဲမှာ ဗီတာမင်ဒီပမာဏ လုံလောက်စွာ ရှိနေခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပြီး အရိုးပွခြင်း၊ ကင်ဆာ စတဲ့ရောဂါတွေကနေ အတိုင်းအတာတခုအထိ ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် လွန်ကဲသွားရင်တော့ မကောင်းပါဘူး။ သွေးတွင်းပါဝင်မှု 100 ng/ml (250 nmol/l) ထက် ကျော်လွန်ရင် ဘေးဥပါဒ်ဖြစ်စေပါတယ်။ ဗီတာမင်ဒီ လွန်ကဲခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မေ့လွယ်ခြင်း၊ ပျို့အန်ခြင်း၊ စကားမပီခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့ရကြောင်း ဆိုထားပါတယ်။၂။သွေးတွင်းကယ်လ်ဆီယမ်ပမာဏ မြင့်မားခြင်း။ဗီတာမင်ဒီဟာ သင်စားတဲ့ အစားအသောက်ကနေ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိအောင် ဆောင်ရွက်ပေးပါတယ်။ သွေးထဲမှာ ရှိသင့်တဲ့ ကယ်လ်ဆီယမ်ပမာဏကတော့ 8.5–10.2 mg/dl (2.1–2.5 mmol/l) ဖြစ်ပါတယ်။ ဗီတာမင်ဒီ လွန်ကဲသွားရင်တော့ ကယ်လ်ဆီယမ်ပမာဏဟာလည်း မလိုလားအပ်တဲ့ ပမာဏကို မြင့်တက်သွားနိုင်ပါတယ်။ သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ် မြင့်တက်သွားရင် အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။– ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးဝေခွဲမရခြင်း။– ရေအလွန်ငတ်ခြင်း။– ဆီးမကြာခဏသွားခြင်း။သုတေသနစာစောင်တခုမှာ ဗီတာမင်ဒီ ဖြည့်စွက်စာတွေ စားသုံးတာကြောင့် အမျိုးသားနှစ်ဦးဟာ သွေးတွင်းကယ်လ်ဆီယမ်ဓာတ် 13.2–15 mg/dl (3.3–3.7 mmol/l) ထိ ရောက်ရှိသွားကြောင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ သွေးတွင်းကယ်လ်ဆီယမ်ပမာဏ ပုံမှန်ပြန်ရောက်ဖို့ တနှစ်ခန့်ကြာကြောင်း ဖော်ပြထားပါတယ်။၃။ ပျို့အန်ခြင်း၊အစားအသောက်ပျက်ခြင်း။ဗီတာမင်ဒီရဲ့ ဘေးထွက်ဆိုးကျိုးအနည်းအများဟာ သွေးတွင်းကယ်လ်ဆီယမ် ပမာဏနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ပျို့တက်ခြင်း၊ အန်ခြင်း၊ အစားပျက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရ အမျိုးသမီးတဦးဟာ ဗီတာမင်ဒီကို လွန်ကဲစွာ သုံးစွဲမှုကြောင့် သွေးတွင်းကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ပျို့တက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စတာတွေကြုံတွေ့ရတယ်လို့ သိရပါတယ်။၄။ အစာအိမ်အောင့်ခြင်း၊ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း။ဖော်ပြပါ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေဟာ အူလမ်းကြောင်းထိခိုက်လွယ်သူများ ကြုံရတတ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်လွန်ကဲခြင်းကြောင့် သွေးတွင်းကယ်လ်ဆီယမ်မြင့်တက်ပြီး ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို လွန်ကဲစွာ သုံးစွဲသူတွေမှာ တွေ့ရတတ်ပါတယ်။၅။အရိုးများပျက်စီးခြင်း။ဗီတာမင်ဒီဟာ အရိုးဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုမှာ အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ အရိုးများသန်မာစေဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ လွန်ကဲခြင်းဟာလည်း အရိုးများကို ထိခိုက်စေပါတယ်။ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ သွေးထဲမှာ ဗီတာမင် K2 ကို လျော့နည်းစေပါတယ်။ အဆိုပါ ဗီတာမင် K2 ရဲ့ အဓိကတာဝန်ဟာအရိုးထဲက ကယ်လ်ဆီယမ်ဓာတ်တွေကို ထိန်းသိမ်းပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ လွန်ကဲစွာသုံးစွဲရာကနေ ဗီတာမင် K2 လျော့ကျမသွားအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။၆။ကျောက်ကပ်ပျက်စီးခြင်း။ဗီတာမင်ဒီ စားသုံးမှုများပြားခြင်းဟာ ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဗီတာမင်ဒီကို ထိုးဆေးအနေနဲ့ အသုံးပြုဖူးသူတွေမှာ ကယ်လ်ဆီယမ်မြင့်တက်ပြီး ကျောက်ကပ်ပါ ပျက်စီးကြောင်း တွေ့ရပါတယ်။ ဗီတာမင်ဒီ လွန်ကဲသူတွေမှာလည်း ကျောက်ကပ်ထိခိုက်မှု အနည်းနဲ့ အများ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို လိုက်နာပြီး ရှိသင့်တဲ့ ပမာဏရောက်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ တနေ့ကို 4000 IU ခန့်ရရှိရင် လုံလောက်ပါတယ်။ ဒါပေမယ့် လိုတာထက် ပိုမိုလွန်ကဲစွာ စားသုံးရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဗီတာမင်ဒီ ဖြည့်စွက်စာတွေကို စားသုံးနေတဲ့အပြင် ဒီဆောင်းပါးမှာ ပါဝင်တဲ့ လက္ခဏာတွေ တွေ့ရှိနေရရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/vitamin-d-overdose/
H1N1 Flu (ဝက်တုပ်ကွေး)
H1N1တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ခေါ်တဲ့ရောဂါကို H1N1ဗိုင်းရပ်ကြောင့်ဖြစ်ပါတယ်။ ရိုးရိုးတုပ်ကွေးနဲ့အလားတူလက္ခဏာတွေကို ဖြစ်စေတဲ့ အသွင်ပြောင်းတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာစပေါ်လာခြင်းဖြစ်ပြီး လူလူချင်းအဓိကကူးစက်ပါတယ်။ လူတွေမှာ လတ်လလောတွေ့နေရတဲံ ရာသီတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာရှင်သန်ပေမဲ့လည်း ချက်ပြုတ်ထားတဲ့ဝက်သားကိုစားခြင်းဖြင့် ရောဂါမရနိုင်ပါဘူး။ဝက်တုပ်ကွေးဟာ ၂၀၀၉ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိခဲ့ပြီး ကူးစက်ပျံ့နှံ့မှုကြီးကျယ်တာကြောင့် သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲံရောဂါဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝက်တုပ်ကွေးရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရိုးရိုးရာသီတုပ်ကွေးလက္ခဏာတွေနဲ့ အတော်လေးတူပါတယ်။ ရာသီတုပ်ကွေးလိုပဲ ဝက်တုပ်ကွေးကလည်း အဆုတ်ရောင်ခြင်း၊ အဆုတ်ကူးစက်ပိုးဝင်ခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေအပါအဝင် ပြင်းထန်တဲ့အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဆီးချိုနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ပိုဆိုးသွေားစေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါလက္ခဏာတွေတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ကလေးများတွင်။အရွယ်ရောက်ပြီးသူများတွင်။ဝက်တွေကိုသာကူးစက်လေ့ရှိတဲ့ တုပ်ကွေးဗိုင်းရပ်အသွင်တစ်မျီုးကြောင့် ဖြစ်ပါတယ်။ သန်းတွေမှက်တွေကနေကူးစက်တတ်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့မတူတာက လူလူချင်းသာကူးစက်တတ်ပြီး တိရိစ္ဆာန်ကနေလူကို မကူးစက်စေနိုင်ပါဘူး။ ဝက်တုပ်ကွေးက အလွန်အမင်းကူးစက်ပျံ့နှ့တတ်ပါတယ်။ တံတွေး၊ ချွဲတွေကတစ်ဆင့် ပျံ့နှ့ပါတယ်။လူတွေချောင်းဆိုးနှာချေလိုက်တဲ့အခါမှာ လေထဲကိုဗိုင်းရပ်တွေ ကျဲဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အမှုန်တွေကိုကိုင်မိတာ၊ အမှုကျတဲ့နေရာ( တံခါးလက်ကိုင်၊ ဘေစင်) တွေကိုကိုင်မိတာ၊ ရောဂါပိုးရှိသူကိင်ထားတဲံအရာတွေကို ကိုင်မိတာတွေက သင့်ဆီကိုကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပြန့်နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပြန့်နှံသွားုနိင်ပါယ်။ ကလေးတွေမှာ ဆယ်ရက်လောက်ထိကူးစက်ပြန့်နှံ့နိုင်ပါတယ်။ဝက်တုပ်ကွေးလို့ပြောပေမဲ့လည်း ဝက်ကင်၊ ဝက်ပေါင်ခြောက်၊ အခြားဝက်နဲ့ဆိုင်တဲ့စားသောက်ကုန်တွေကနေ မကူးစက်နိုင်ပါဘူး။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်ကိုယ်မှအရည်နမူနာယူပြီး စမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖွေနိုင်ပါတယ်။ နမူနာယူဖို့အတွက်ဆိုရင် ဆရာဝန်သို့သူနာပြုက သင့်လည်ချောင်းသို့ နှာခေါင်းမှအရည်ကို ဂွမ်းစနဲ့တို့ယူပါလိမ့မ်ယ်။ သုတ်ယူထားတဲ့အရေည်နမူနာကို မျိုးရိုးဗီဇဆိုင်ရာနဲ့ ဓါတ်ခွဲစစ်ဆေးခြင်းနည်းလမ်းေတွေကို အသုံးပြုပြီး ဗီုင်းရပ်အမျိုးအစားကို အတိအကျခွဲထုတ်နိုင်ပါတယ်။ဝက်တုပ်ကွေးရောဂါအများစုက ဆေးပေးကုသမှုမလိုအပ်ပါဘူး။ တုပ်ကွေးရဲ့နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ချေမရှိရင် သင်ကဆရာဝန်နဲ့ပြဖို့တောင် မလိုပါဘူး။ သင့်အနေနဲ့ လက္ခဏာတွေ သက်သာလာအောင်နဲ့ အခြားလူတွေဆီမပျံ့နှံ့အောင်ပဲ ကာကွယ်သင့်ပါတယ်။ဗိုင်းရပ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ချေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/h1n1-flu-%e1%81%80%e1%80%80%e1%80%b9%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8/
ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေ
ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေက ဘာတွေလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကိုလူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစုတာကလည်း အရွယ်အလိုက် ကွာပါတယ်။ ဒါကြောင့် အပြင်ပန်း ကြည့်ရုံနဲ့ ကလေး တစ်ယောက် အဝလွန်မလွန်ဆိုတာ မသိနိုင်ပါဘူး။အဝလွန်တာကို သိချင်ရင် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့BMIနဲ့ တွက်ရပါတယ်။ ကလေးဆိုရင်တော့ growth chartsပါ လိုပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ အသက် ဒါမှမဟုတ် အရပ်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိမရှိဆိုတာ သိနိုင်မှာပါ။အစားအသောက်ကတော့ အဓိကပေါ့။ နောက်ကိုယ်လက်လှုပ်ရှားမှုနည်းတာလည်း ပါပါတယ်။ ဒါတွေအပြင် မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေကလည်း အဝလွန်ခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ကယ်လိုရီများတဲ့ အစားအစာတွေ၊ အသင့်စားအစားအသောက်တွေက ကလေးကိုဝိတ်တက်စေပါတယ်။ ဒါ့ပြင် သကြားလုံးတွေ၊ မုန့်အချိုတွေ၊ သစ်သီးဖျော်ရည်တွေအပါအဝင် အအေးတွေကလည်း ဝိတ်တက်စေတဲ့ တရားခံတွေဖြစ်ပါတယ်။အစားပဲစားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ ကလေးတွေက ကယ်လ်လိုရီတွေ စုလာပြီး ကြာလာရင် အဝလွန်လာပါလိမ့်မယ်။ တစ်နေ့တစ်နေ့ထိုင်ရာမထဘဲ တီဗွီကြည့်နေတာ၊ ဂိမ်းဆေ့ာနေတာကလည်း ပြသနာတစ်ခုပဲ ဖြစ်ပါတယ်။အဖေအမေ ဝနေရင် ကလေးလည်း ဝနေတာကို တွေ့ဖူးကြမှာပေါ့။ အထူးသဖြင့် lifestylesတူတဲ့ မိသားစုတွေဆို ပိုဆိုးပါတယ်။ ကယ်လိုရီများတာပဲ စားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ မိသားစုပေါ့။ကလေးတွေလည်းစိတ်ဖိစီးတတ်ပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ မိသားစု ပြဿနာတွေ၊ မိဘတွေ အဆင်မပြေတာတွေကြောင့် ကလေး အဝလွန်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ညစ်တာတွေ၊ အထီးကျန်တာတွေ ပျောက်အောင်လို့ လူကြီးလိုပဲ အစားတွေ နင်းကန်စားတတ်ကြပါတယ်။တချို့သော သူတွေက ပတ်ဝန်းကျင်အနေအထားအရ စျေးကို ရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကြာရှည်ခံတဲ့ အစားအစာတွေ (ဥပမာ ခေါက်ဆွဲပြုတ်) ကို အများကြီးဝယ်ပြီး စားတတ်ကြပါတယ်။ နောက်ပြီး ခုလို လူနေမှု ကြပ်တည်းတဲ့ နေရာမှာ နေထိုင်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့၊ ကလေးတွေ ကစားဖို့ နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတာကလည်း ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။အဝလွန်တဲ့ ကလေးတွေအတွက် ကြာလာရင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ။စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ။ကလေး အဝမလွန်ဖို့အတွက် မေမေက။ဒါ့ကြောင့် တစ်နှစ်တစ်ခါလောက် ကလေးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ပေးပါ။ ပြောခဲ့သလိုပဲ ကလေးတစ်ယောက်ကို သာမန်ကြည့်ရုံနဲ့ အဝလွန်တယ်လို့ ပြောဖို့ ခက်ပါတယ်။ တိကျတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးမှုတွေ လုပ်မှသာ သိနိုင်မှာပါ။ ပြီးတော့ ကလေး အဝမလွန်အောင် စောစောစီးစီး ကာကွယ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/causes-of-childhood-obesity/
မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ
အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကအစားအစာတွေကိုစားဖို့ အကြောင်းအမျိုးမျိုးပြပြီးငြင်းပယ်တတ်ကြပါတယ်။ အဲ့လိုမျိုး အစားအသောက်တွေစားဖို့ငြင်းပယ်တာကနေ တစ်ခါတလေမှာ အစာချေစနစ်က ပုံမှန်အလုပ်လုပ်မလုပ်နိုင်တာမျိုးကိုဖြစ်သွားစေနိုင်ပါတယ်။ ပထမဆုံးစဉ်းစားရမယ့်အချက်က မိဘတွေမှာရောဂါအခံတစ်ခုခုရှိနေတာလား၊သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆိုးကျိုးတစ်ခုခုခံစားနေရတာလားဆိုတာနဲ့ ခံတွင်းနဲ့သွားမှာပြဿနာတစ်ခုခုရှိနေတာလားဆိုတာပါ။ သင့်မိဘတွေအနေနဲ့ အစာကြေချက်နိုင်မှုအားနည်းရတာက အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့်မဟုတ်ဘူးလို့သိရပြီဆိုရင် သင့်အနေနဲ့ သင့်မိဘတွေကို အစာကြေလွယ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို စတင်စမ်းသပ်ကြည့်ရပါမယ်။အချို့လူကြီးတွေက သူတို့ကို အစားအသောက်တွေအများကြီးပြင်ဆင်ပေးထားရင် စိတ်ဖိစီးပြီး စားချင်စိတ်မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘတွေကို ပန်းကန်အကြီးကြီးတွေ၊ပန်းကန်လုံးအကြီးကြီးတွေနဲ့ပြင်ဆင်ပေးတာမျိုးကိုမလုပ်ပါနဲ့။ ပန်းကန်သေးသေးလေးတွေနဲ့ စားနိုင်ရုံပမာဏလောက်မျိုးပဲပြင်ဆင်ပေးပါ။ ပန်းကန်အကြီးကြီးနဲ့ ၃ ပွဲစာပြင်ပေးမယ့်အစား ပန်းကန်သေးသေးလေးနဲ့ ၆ ပွဲစာပြင်ဆင်ပေး လိုက်ပါ။ တစ်ကြိမ်ကို အစားအသောက်နည်းနည်းစီပဲစားပေးတာက အစာမကြေတာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သလို လေပွတာ၊ စားချဉ့်ပြန်တာလိုမျိုး အစာချေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ စားချင်စိတ်ဖြစ်လာစေမယ့် အစားအစာတွေကိုလည်းပြင်ဆင်ပေးပါ။သင့်အနေနဲ့ လူကြီးမိဘတွေမှာ အစားနည်းနည်းပဲစားတာကြောင့် အာဟာရလုံလုံလောက်လောက်မရမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါထောပတ်သီး၊သေသေချာချာနုတ်နုတ်စဉ်းထားတဲ့ အသား၊ ချိစ်၊ဥအမျိုးမျိုး၊ သံလွင်ဆီ၊မြေပဲထောပတ် (သို့မဟုတ်) အခြား အခွံမာသီးနဲ့လုပ်ထားတဲ့ထောပတ်တစ်မျိုးမျိုး၊ricotta (သို့မဟုတ်) mascarpone လိုမျိုးဒိန်ခဲအပျော့စားတို့လို အာဟာရပြည့်ဝတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပြင်ဆင်ပေးပါ။အစားအသောက်အမယ်တွေအများကြီးချက်ပြုတ်ပေးဖို့ အချိန်မရှိဘူးဆိုရင်၊ တစ်ခါတည်းများများကြီးချက်ပြီး ဗူးသေးသေးလေးတွေနဲ့ ခွဲပြီးထည့်ထားပေးပါ။ ဒီလိုလုပ်တာက အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အလွယ်တကူနွေးပေးလို့ရစေမှာဖြစ်ပါတယ်။တကယ်လို့ သင့်မိဘတွေအနေနဲ့ အစားအသောက်လေးတွေကို အရွယ်တော်လေးတွေဖြစ်အောင်ပြင်ဆင်ပေးတာတောင်မှ ဝါးရခက်နေမယ်ဆိုရင် အရည်များများတိုက်ဖို့စဉ်းစားပါ။ အရွေးချယ်သင့်ဆုံးတွေကတော့ –။နောက်ထပ်ရွေးချယ်သင့်တာကတော့ အာဟာရဖြည့်ပေးတဲ့သောက်စရာတွေပါ။ အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓါတ်မျှတတဲ့ အာဟာရဖြည့်ပေးတဲ့သောက်စရာတွေကိုပဲရွေးချယ်ပေးပါ။ ကာဗိုဟိုက်ဒရိတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ ဗီတာမင်၊သတ္တုဓါတ်နဲ့ အမျှင်ဓါတ်တွေပါဝင်အောင်ပြင်ဆင်ပေးပါ။ ဒီလိုမျိုးအစားအသောက်တွေအပြင် သင့်မိဘတွေကို အစားအသောက်အမျိုးမျိုးကို စားကြည့်ချင်လာအောင်လုပ်ဆောင်ပေးပါ။မိဘတွေရဲ့ စားသောက်မှုပုံစံကိုဂရုစိုက်စောင့်ကြည့်ပါ။ ဘယ်အစားအစာကိုနှစ်သက်လဲ၊ ဘာကိုမကြိုက်ဘူးလဲဆိုတာနဲ့ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေလဲဆိုတာတွေကိုရေးမှတ်ထားပါ။ မိဘတွေအရမ်းနှစ်နှစ်ခြိုက်ခြိုက်စားနေတဲ့အခါမျိုးမှာလည်း ဘာအစားအစာကို နှစ်ခြိုက်တာလဲဆိုတာကိုရေးမှတ်ထားပါ။ ဒီလိုရေးမှတ်ထားတာက သင့်မိဘတွေအတွက် ဘယ်လိုအစားအစာတွေပြင်ဆင်ပေးရမလဲဆိုတဲ့နဲ့ ဘာတွေကိုမပြင်ဆင်ပေးသင့်ဘူးလဲဆိုတာကိုသိရှိစေဖို့အတွက်အထောက်အကူရရှိမှာပါ။ အသက်ကြီးတဲ့သူတွေမှာ စားချင်စိတ်နည်းလာတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စိတ်ရှည်ရှည်ထားဖို့ အရေးကြီးပါတယ်။ အစားအစာတွေကို ကြိုးစားပြီးစားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးပါ။ မိဘတွေက သင့်ကိုဆန့်ကျင်တာမျိုးလုပ်မှာမဟုတ်တာကြောင့် သင့်အနေနဲ့ဘာကိုပဲပြင်ဆင်ပေးပေးငြင်းမှာမဟုတ်ဘူးဆိုတာကို သိထားပေးပါ။ ဒါကြောင့် ကိုယ်စားစေချင်တာ၊ ကိုယ်ကြိုက်တာတွေကိုပဲပြင်ဆင်ကျွေးမွေးတာမျိုးမလုပ်ပါနဲ့။နောက်တစ်ခုက လွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ
ထိခိုက်မှု တစ်ခုခုကြောင့် အရိုးတွေ ထိခိုက်ထားတာ၊အရိုးကျိုးတာတွေကြောင့် အရိုးတွေ နာကျင်နိုင်ပါတယ်။မတော်တဆ ထိခိုက်မိတာ၊ ချော်လဲတာတွေကြောင့် အရိုးကျိုးတာမျိုး ဖြစ်နိုင်ပါတယ်။အရိုးပွတဲ့သူတွေမှာ အရိုးကျိုးနိုင်ခြေ များပြီး အရိုးတွေ ထိခိုက်နိုင်ခြေလည်း များပါတယ်။တကယ်လို့ ထိခိုက်ထားမှု တစ်ခုခု ဖြစ်ပြီးမှ အရိုးတွေ နာကျင်တာဆိုရင် နီးစပ်ရာ ဆေးခန်းကို မြန်မြန် သွားပေးပါ။သွေးကင်ဆာကလည်း အရိုးတွေ နာကျင်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လက်မောင်း၊ ခြေထောက်၊ နံရိုးတွေမှာ အဖြစ်များပါတယ်။ ဒီလို အရိုးတွေ နာရတဲ့ အကြောင်းအရင်းကတော့ရိုးတွင်းခြင်ဆီတွေထဲမှာ ကင်ဆာဆဲလ်တွေ ရှိနေတာကြောင့်ပါ။အရိုးနာတာက လူတော်တော်များများမှာ ကင်ဆာဖြစ်နေကြောင်း သိရတဲ့ အစောဆုံး လက္ခဏာပါ။ သွေးကင်ဆာ ဖြစ်တဲ့အခါ အရိုးတွေ အားနည်းစေပြီး အရိုးပွတာ၊ အရိုးထိခိုက်လွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-pain-in-bones/
လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ!
အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကျီးပေါင်းရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်လာပါပြီ။ ဒါကြောင့် လူငယ်တွေမှာ လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာက အသက်အရွယ်ရလာတာကြောင့်ဇက်ကြော တလျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ တစ်ခါတလေမှာ ကျီးပေါင်းတက်တာက ကျောရိုးဆစ်ကြားထဲက အဆစ်ပြားလေးတွေမှာ ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို အဆစ်ပြားကျွံတာ၊ အရိုးအတက်ထွက်တာ၊ ဘေးနားက အရွတ်တွေ တောင့်တင်းလာတာကြောင့်လည်း ဖြစ်လာပါတယ်။အရိုးကျီးပေါင်းဖြစ်တာဟာ အရိုးအဆစ်ရောင်တာရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်သလို အရိုးအစွန်းတွေကြားမှာ အုပ်ထားတဲ့အရိုးနုအစွပ်လေးတွေ ပျက်စီးလာတာကြောင့်လည်း ဖြစ်ပါတယ်။လည်ပင်းကျီးပေါင်း ဖြစ်တာက တော်တော်လေး အဖြစ်များပြီး အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်ကြီးလာလေလေ ပိုဆိုးလာလေလေ ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အထက် ဘိုးဘိုးဘွားဘွား အယောက် ၁၀၀ မှာ ၈၅ ဦးလောက်က လည်ပင်းကျီးပေါင်းကို ခံစားကြရပါတယ်။ လုနောက်ပိုင်းမှာတော့ လူငယ်တွေမှာလည်း တွေ့လာရပါပြီ။လည်ပင်းကျီးပေါင်းက တော်တော်များများမှာ လက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ဆက်လေ့လာလိုက်ရအောင်နော်။တစ်နေ့တာမှာ ကိုယ်တိုင်တောင် မသိဘဲ လုပ်လိုက်မိတဲ့ ဒီအလေ့အထတွေက လည်ပင်းကျီးပေါင်း တက်တာကို ဖြစ်စေနိုင်တာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။အထူးသဖြင့် ဦးခေါင်းနဲ့ လည်ပင်းက အနေအထား မမှန်တာ၊ ဇက်ကို အသုံးပြုပြီး အလေးအပင်မတာ၊ လှုပ်ရှားမှု တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်တာ (ဥပမာ ခေါင်းမော့တာ၊ ခေါင်းငုံ့တာ) စတာတွေကြောင့် လည်ပင်းကျီးပေါင်း ဖြစ်တတ်ပါတယ်။တစ်နေ့တာမှာ အစားတွေတော့ စားနေပါရဲ့။ စားတဲ့ အစားအစာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ လုံလောက်အောင် မပါဘူးဆိုရင်လည်း ကျီးပေါင်း ဖြစ်စေနိုင်ပါသတဲ့။ အထူးသဖြင့် ဗီတာမင် D နဲ့ ဗီတာမင် B12 လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပျက်စီးစေပြီး ပြန်လည်ပြုပြင်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတွေ ပြည့်ဝအောင် မစားဘဲ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကို စားတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်သလို ပရိုတင်း လုံလောက်အောင် ရရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အလုပ်ထဲမှာလည်း တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတယ်။ အိမ်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး လှုပ်ရှားမှု မလုပ်ဘဲ ထိုင်နားရင်းနဲ့ အိပ်ရာဝင်တယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်သလို အရိုးတွေလည်း ပျက်စီးလာမှာပါ။ ဒါ့ပြင် အဝပါ လွန်လာတဲ့အတွက် ကျီးပေါင်းဖြစ်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်ါ။ဆေးလိပ်သောက်တာက အရိုးတွေကို အားနည်းစေပြီး အရိုးထဲက ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေပြီးအရိုးကျီးပေါင်း ခံစားရနိုင်ခြေကို များစေပါတယ်။ အရိုးကျီးပေါင်းကြောင့် နာကျင်မှုကိုလည်း ပိုဆိုးစေပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေက အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတာမျိုးမဖြစ်စေဖို့ ဖော့ချပ်လေးတွေလို လုပ်ဆောင်ပေးတာပါ။ ဒီအဆစ်ပြားလေးတွေက ရေဓာတ်ပြည့်ဝနေမှသာ သူတို့ရဲ့ တာဝန်ကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အရိုးတွေ ထိခိုက်ပြီး ရေရှည်မှာ ကျီးပေါင်းဖြစ်လာစေဖို့ တွန်းအားပေးလာနိုင်ပါတယ်။ကိုယ်အလေးချိန် များနေတာက ကျောရိုးအဆစ်တွေမှာ ဝန်ပိုထမ်းထားရသလို ဖြစ်နေပြီး အရိုးတွေ ဝန်ပိတာ၊ ပျက်စီးတာတွေ ဖြစ်စေပါတယ်။ ပျက်စီးတဲ့ အရိုးကို ပြန်အစားထိုးဖို့ လုပ်ရင်း အရိုးအတက်လေးတွေ ထွက်လာတာကြောင့် ကျီးပေါင်း ဖြစ်လာပါတယ်။ အထူးသဖြင့် ခါးကျီးပေါင်း ပိုဖြစ်တတ်ပါတယ်။လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆိုရင်။ကဲ ….. ဘယ်အပြုအမူတွေကို လုပ်မိနေလဲဆိုတာ ကိုယ်တိုင် သုံးသပ်ပြီး အခုပဲ ပြင်ဆင်လိုက်တော့နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/habits-that-cause-cervical-spondylosis/
အချိုများများစားရင် ကင်ဆာဖြစ်မှာလား
အချိုအရသာကို လူတိုင်းနီးပါး နှစ်ခြိုက်သဘောကျတတ်ကြပါတယ်။သကြားဟာ အချိုဓာတ်ရရှိစေတဲ့ အဓိက အရင်းအမြစ်တစ်မျိုးပါ။ပုံမှန်အားဖြင့်သကြားဓာတ်ရစေတဲ့ သဘာဝ အစားအစာတွေရှိပါတယ်။အသီးအနှံတွေကနေရတဲ့ fructose၊ ဟင်းသီးဟင်းရွက်ကနေရတဲ့ glucose၊ နို့ထွက်ပစ္စည်းတွေကနေရတဲ့ lactose နဲ့ ပေါင်မုန့်တို့၊ ဆန်တို့၊ ပါစတာတို့ကနေရတဲ့ကာဗိုဟိုက်ဒရိတ်စတာတွေပေါ့။ချိုမြိန်တဲ့ အရသာရရှိဖို့အတွက် သကြားကို အသုံးချပြီး အစားအစာအမျိုးမျိုး ဖန်တီး ပြုလုပ်ကြတယ်မဟုတ်လား။ ဒီလို အစားအစာတွေ ဖန်တီးပြုလုပ်ကြရာမှာ သဘာဝသကြားပဲဖြစ်ဖြစ်၊ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ ဆေးသကြားပဲဖြစ်ဖြစ် အမျိုးမျိုးအထွေထွေသော သကြားတွေကို အသုံးချကြလေ့ရှိပါတယ်။ တစ်နှစ်တစ်နှစ်ကို တစ်ကမ္ဘာလုံးကလူတွေရဲ့ သကြားစားသုံးမှု ပမာဏဟာ မက်ထရစ်တန်ချိန် သန်း ၂၀၀ နီးပါးအထိ ရှိပါတယ်။ဒီလို လူသုံးများ လူကြိုက်များလှတဲ့ သကြားဟာလူ့ကျန်းမာရေးကို ဆိုးကျိုးတွေပေးနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေကို ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေမှာ မကြာခဏ ကြားဖူးကြမယ်ထင်ပါတယ်။ ဘယ်လိုပဲ ကြားဖူးသိဖူးတယ်ဆိုသော်ငြား သုံးစွဲမှုကိုတော့ လျှော့ချနိုင်ကြခြင်းမရှိသေးပါဘူး။ သုံးစွဲမှု ပမာဏက တိုးပွားလာနေဆဲသာဖြစ်ပါတယ်။တကယ်တမ်း ပြောရရင် သကြားကိုအလွန်အကျွံစားသုံးရင် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ကိစ္စက အမှန်ပါပဲ။ ပိုပြီး သေသေချာချာပြောရမယ်ဆိုရင် သကြားကို အလွန်အကျွံစားသုံးမယ်ဆိုရင် သွေးတိုး၊ ဆီးချိုဝေဒနာတွေ ခံစားရဖို့ သေချာသလောက်ပါပဲ။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အလွန်ကြောက်စရာကောင်းတဲ့ကင်ဆာရောဂါဆိုးတွေခန္ဓာကိုယ်မှာ ကပ်ငြိလာအောင်လည်း သကြားက တွန်းအားပေးတယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါသေးတယ်။သွေးထဲမှာ အင်ဆူလင်ပမာဏ မြင့်မားလာတဲ့အခြေအနေမျိုးမှာ ကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။အင်ဆူလင်ဟော်မုန်းတွေဟာ သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်ပမာဏနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေတာကြောင့်ပါ။သကြားစားရုံနဲ့ ကင်ဆာဖြစ်မှာလားလို့ အံ့သြတကြီးမေးချင်မေးကြပါလိမ့်မယ်။ တကယ်တော့ သကြားဟာ ကင်ဆာဖြစ်စေနိုင်တဲ့ တွန်းအားတစ်ရပ်ဆိုတာကို ဆေးပညာနယ်ပယ်မှာလက်ခံထားကြတာ ကြာပါပြီ။ ဒါပေမယ့် တိုက်ရိုက် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက်မျိုးတော့ မရှိထားပါဘူး။အရေးအပါဆုံး သက်သေ သာဓက ကတော့ သွေးတွင်းကို သကြားဓာတ်ရောက်ရှိသွားချိန်မှာ သာမာန်ဆဲလ်တွေက ရယူတဲ့ စွမ်းအင်ပမာဏထက် ကင်ဆာဆဲလ်တွေက ရယူတဲ့ စွမ်းအင်ပမာဏဟာ အဆ ၂၀၀ အထိ ကွာဟပါတယ်။ ဒါကြောင့် သကြားဓာတ်ဟာ ကင်ဆာဆဲလ်တွေကို သာမန် ဆဲလ်တွေထက် အဆ ၂၀၀ ပိုမိုသန်မာအားကောင်းလာအောင် ပံ့ပိုးပေးတဲ့သဘောဖြစ်ပါတယ်။အထူးသဖြင့် ကင်ဆာကျိတ်တွေစတင်ဖြစ်ပေါ်လာချိန်မှာ သကြားအများအပြားစားဖြစ်မယ်ဆိုရင် အကျိတ်ပိုမိုလျှင်မြန်စွာ ကြီးထွားအောင် ပံ့ပိုးပေးသလို ဖြစ်သွားမှာဖြစ်ပါတယ်။သကြားဓာတ်ဟာ လူတစ်ယောက်ရဲ့လည်ချောင်းကနေစပြီးအစာအိမ်အထိ အစာလမ်းကြောင်းတလျှောက်လုံးက အစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်အားအောင် တစ်စိတ်တစ်ပိုင်းအားဖြင့် တွန်းအားပေးနိုင်ပါတယ်။ သကြားဓာတ်များတဲ့ အချိုရည်တွေ ပုံမှန်သောက်သုံးသူတွေဟာ သာမန်လူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၇၀% ပိုမြင့်မားတယ်လို့ သုတေသနရလဒ်တစ်ခုက ဆိုထားပါတယ်။ဒါပေမယ့် တစ်ခုသိထားဖို့လိုတာက သကြားလျှော့စားတာမျိုး၊ ကာဘိုဟိုက်ဒြိတ်ကို လျှော့ချတာမျိုးပြုလုပ်ရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေ နည်းမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ဘူးဆိုတာပါပဲ။အမေရိကန် ကင်ဆာအသင်းရဲ့ အသိပေးချက်တွေအရလည်း သကြားအလွန်အကျွံစားသူတွေ ကင်ဆာဝေဒနာ ခံစားကြရတဲ့ အဓိက အချက်က အဝလွန်ခြင်းကြောင့်လို့ ဆိုထားပါတယ်။ သကြားက ဝစေပြီးအဝလွန်လာခြင်းကြောင့် တခြားဘေးဥပါဒ်တွေကိုပါ ဆက်လက် ရင်ဆိုင်ရတဲ့ သဘောဖြစ်ပါတယ်။သကြားကြောင့် ကင်ဆာဖြစ်တာမျိုး တိုက်ရိုက်အခြေအနေတော့ မရှိဘူးလို့ အဆိုပါ အသိပေးချက်မှာ ဖော်ပြထားပါတယ်။အဝလွန်ခြင်းကြောင့်ရင်သားကင်ဆာ၊ အသည်းကင်ဆာနဲ့အူမကြီးကင်ဆာအပါအဝင် ကင်ဆာအမျိုးအစားပေါင်း ၁၃ ခုလောက် ဖြစ်နိုင်ခြေရှိပြီးတော့ တစ်ချို့ကင်ဆာတွေဟာ သကြားစားသုံးခြင်းနဲ့ သက်ဆိုင်မှုမရှိကြပါဘူး။ကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့ အများစုက လက်ခံထားကြပါတယ်။ တိုက်ရိုက် မဖြစ်ပွားစေနိုင်ပေမယ့် ဖြစ်ပွားအောင် တွန်းအားပေးနိုင်ကြောင်း သက်သေတွေ ထွက်ပေါ်နေပါတယ်။ဒီလိုအခြေအနေမျိုးမှာ သကြားတွေ၊ ချိုတဲ့အစားအစာတွေ ဆက်ပြီးစားသင့်မစားသင့် လူအတော်များများက စဉ်းစားလာကြမယ်လို့ ယူဆရပါတယ်။သကြားဆက်မစားတော့ဘူးလား? မဖြစ်နိုင်ပါဘူး။Bubble Teaလေးမြင်ရင် အချိုရည်ဘူးလေးမြင်ရင် ကိတ်မုန့်လေးမြင်ရင် အဲ့ဒီစိတ်တွေ အကုန်လွင့်ပါးသွားမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကျန်းမာရေးအခြေအနေကို ပုံမှန် စစ်ဆေးနေပြီး သကြားစားသုံးမှုကို လျှော့ချဖို့ပါပဲ။လုံးဝဖြတ်တောက်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါးလှသလို တခြားကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်တာမို့ လျှော့ချစားသုံးတာဟာ အစွန်းနှစ်ဘက်လွတ်ပြီး သင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/cancer-sugar-link/
ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု
ကိုယ်ဝန်ဆောင်ချိန်မှာခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ အချို့သော ပြောင်းလဲမှုတွေက ထူးထူးခြားခြား သိပ်မဖြစ်လှပေမယ့် အချို့သောပြောင်းလဲမှုတွေကတော့ တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။ဒီပြောင်းလဲမှုမှာကဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။ ဒီတော့ ဘာတွေက ဖြစ်ရိုးဖြစ်စဉ် ဖြစ်လို့ ဘာတွေက အချက်ပြလက္ခဏာတွေလဲ။ စိုးရိမ်ဖို့ လိုမလား၊ မလိုဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ပြောင်းလဲမှုကို ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပေမယ့် အများစုကတော့ ဒီပြောင်းလဲမှုတွေကို တွေ့ကြုံရစမြဲပါ။ဒါက ကိုယ်ဝန်ဆောင် မေမေတိုင်းလိုလို ကျော်သွားလို့ မရတဲ့ကျန်းမာရေး ပြဿနာတစ်ရပ်ပေါ့။ကိုယ်ဝန် အစောပိုင်းကာလမှာ ခံစားကြရတာ များပါတယ်။အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲတာကြောင့်ပါ။ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုက မေမေတို့ကို ဝမ်းချုပ်စေရတဲ့ အချက်ပါပဲ။ကြွက်တက်တယ်ဆိုတာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ကြွက်သားထဲက စူးခနဲ နာကျင်မှုပါ။ခြေသလုံး​ကြွက်သားနဲ့ခြေထောက်မှာ အဖြစ်များပါတယ်။  ညဘက်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ရတဲ့ အကြောင်းအရင်းကို ဘယ်သူကမှ သေသေချာချာ မသိရသေးပါဘူး။ကိုယ်ဝန်ဆောင် မေမေ အများစုဟာ မူးဝေတာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရလေ့ရှိပါတယ်။ အကြောင်းကတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ တစ်ခါတလေမှာ ဒီလို ဖြစ်ရတာကဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု မလုံလောက်ဘဲအောက်ဆီဂျင်ရရှိမှု နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး ပူတယ်၊ အိုက်တယ်လို့ ခံစားရနိုင်ပါတယ်။ အကောင်းကတော့ ဟော်မုန်းပြောင်းလဲမှုဖြစ်တာရယ်အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ပိုများလာတာကြောင့်ပါ။ချွေးတွေလည်း ပိုထွက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်မှာ ဆီးမထိန်းနိုင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။နှာချေတဲ့အခါ၊ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါတွေမှာ မထိနးနိုင်ဘဲ ဆီးထွက်ကျတာမျိုး။ ထိုင်နေရာကနေ ထလိုက်တဲ့အခါမှာ ဆီးထွက်ကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒါက ရေရှည်စွဲကျန်ခဲ့မယ့် ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ကလေးမွေးဖွားဖို့နဲ့ ကလေးမွေးဖွားပြီးချိန်မှ ဆီးအိမ်တဝိုက်က ကြွက်သားတွေ ပြေလျော့နေတဲ့ သဘောပါ။ကိုယ်ဝန် အစောပိုင်းကာလကနေစပြီး ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ဆီးခဏခဏ သွားရတာမျိုးကြုံရနိုင်ပါတယ်။ဘေဘီလေးရဲ့ ဦးခေါင်းကဆီးအိမ်ကို ဖိထားတာ​ကြောင့် ဆီးခဏခဏ သွားရတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဖောရောင်တာကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပေါ့။ နေရထိုင်ရ မသက်မသာဖြစ်နိုင်ပေမယ့် အန္တရာယ်တော့ မရှိပါဘူး။ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ရင်သားထိပ်တွေ အရောင်ရင့်လာတာ၊အသားအရေတွေ အရောင်ပြောင်းတာမျိုး အရေပြားမှာ အကွက်လိုက် မဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။မွေးရာပါအမှတ်တေါ၊ မှဲ့တွေ အရောင်ရင့်လာတာမျိုး ရှိနိုင်သလို ဗိုက်အလယ်မှာ အနက်ရောင် အစင်းကြောင်း ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲနေတာကြောင့် အရေပြားကနေလောင်လွယ်တာမျိုးလည်း ရှိနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသားပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်တွေ ပိုသန်လာတာမျိုးပေါ့။ ကလေးမွေးဖွားပြီးချိန်မှာ ဆံပင်ကျွတ်တယ်ဟုတ်။ အဲ့အခါ ကျွတ်သွားတဲ့ ဆံပင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ပေါက်ခဲ့တဲ့ ဆံပင်တွေသာဖြစ်လို့ မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/common-health-problems-in-pregnancy-2/
အပြင်ထွက်ရင် ဖိနပ်မစီးဘဲ လမ်းမလျှောက်သင့်တဲ့အကြောင်းရင်းများ
တစ်ခါတလေ အလောတကြီးဖြစ်တဲ့အခါမျိုးမှာ ဖိနပ်မစီးမိဘဲ ရုတ်တရက် ခပ်မြန်မြန် သွားမိတာမျိုး လူတိုင်းဖြစ်ဖူးမှာပါ။ တစ်ခါတလေကျတော့လည်း စိတ်ထဲရှုပ်လာလို့ ဖိနပ်မစီးဘဲခြံထဲဆင်းလမ်းလျှောက်လိုက်တာမျိုးလည်းရှိတတ်ပါတယ်။မြေကြီးဓါတ်ရအောင်ဆိုပြီး ဖိနပ်မစီးဘဲလမ်းလျှောက်တာမျိုးလည်းရှိကြမှာပါ။ ကိစ္စတိုင်းမှာတော့ အကောင်းဘက်နဲ့ အဆိုးဘက်ရှိတတ်စမြဲပါ။ ဖိနပ်မစီးဘဲလမ်းလျှောက်ရင်ကောင်းတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတွေကလည်း ထုနဲ့ဒေးပါ။ အထူးသဖြင့် ဆီးချိုဝေဒနာရသည်တွေခြေထောက်မှာထိခိုက်ပြတ်ရှ တစ်ခုခုဒဏ်ရာရှိထားသူတွေ၊ နာတာရှည်ရောဂါတမျိုးမျိုးရှိလို့ အနာကျက်နှေးတတ်တဲ့သူတွေအနေနဲ့က အကာအကွယ်ဖိနပ်မပါဘဲ အပြင်မှာလမ်းလျှောက်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း ဖိနပ်မပါဘဲ အပြင်ထွက်လမ်းမလျှောက်သင့်တဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ဖိနပ်မစီးဘဲ လမ်းလျှောက်တာကခြေဖဝါးကိုအများကြီးထိခိုက်စေနိုင်ပါတယ်။ ချွန်ထက်တဲ့အရာတွေ၊ အဆိပ်ရှိတဲ့အရာတွေနဲ့ စူးတာမျိုးတွေ၊ ခဲလုံး၊ဖန်ကွဲစလိုမျိုး အမှိုက်တွေနဲ့ထိခိုက်မိတာမျိုးတွေဖြစ်နိုင်ပါတယ်။ခြေသည်းတွေကို ထိခိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ သံစူးမိတာ၊ သစ်သားစတွေစူးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ခြေသည်းပိုးဝင်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ခြေသည်းပိုဝင်တာက လူတစ်ယောက်ကနေတစ်ယောက်ဆီကို ကူးစက်နိုင်တာကြောင့် ဖိနပ်မပါဘဲ လမ်းလျှောက်မယ်ဆိုရင် ဒီဗိုင်းရပ်စ်က တစ်ဦးစီးကနေတစ်ဦးစီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ချိတ်သန်ကောင် ကူးစက်ခံရနိုင်တယ်။ဖိနပ်မစီးဘဲ သွားလာရင်ဖြစ်နိုင်တဲ့နောက်ထပ်ရောဂါတစ်ခုက ချိတ်သန်ကောင် ကူးစက်ခံရနိုင်တာပါ။ ချိတ်သန်ကောင်တွေက အူအတွင်းမှာ ကပ်တွယ်နေနိုင်တဲ့ ကပ်ပါးပိုးတွေဖြစ်ကြပြီးရောဂါပိုးကူးစက်နေတဲ့ မစင်တွေကနေတဆင့်ကူးစက်တာဖြစ်ပါတယ်။ လူတွေရော တိရစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာရှင်သန်နိုင်ပြီး ပူုပြင်းတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အနေအထားမျိုးမှာတော့ မရှင်သန်နိုင်ပါဘူး။ခြေထောက်မှာ အနာရှိနေရင် အနာကနေတဆင့် ပိုးဝင်နိုင်တယ်။ခြေထောက်မှာ ထိခိုက်မိထားတဲ့ ဒဏ်ရာရှိနေရင် အနာကနေတဆင့် ဖုန်မှုန့်တွေဝင်ပြီး ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ခြေထောက်အနာကနေတဆင့် ပိုးဝင်သွားတာကို အသိနောက်ကျမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ အနာပိုးဝင်တာက ကိုယ်တွင်း တစ်ရှုးတွေနဲ့ အရိုးတွေအထိကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ရေယုန်ဖြစ်နိုင်တယ်။ဖိနပ်မပါဘဲလမ်းလျှောက်တဲ့အခါမြေပြင်ပေါ်မှာရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေ ကခြေထောက်မှာရှိနေတဲ့ အနာပေါက်တွေကနေတဆင့် ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီးရေယုန်ဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်က တစ်ခါတလေမှာ ချက်ချင်းပေးမလာဘဲ ငုပ်နေတာမျိုးဖြစ်နေတတ်ပါတယ်။ရေယုန်က အရေပြားပေါ်မှာနာကျင်တဲ့ဝေဒနာကိုခံစားရစေနိုင်ပါတယ်။ကြွက်နို့ဖြစ်နိုင်တယ်။ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကကော်ဇောတွေနဲ့ မာကျောတဲ့ မျက်နှာပြင်တွေပေါ်မှာ လအတော်ကြာ ရှင်သန်နေနိုင်ပါတယ်။ ကြွက်နို့တွေကပျောက်ကင်းအောင်ကုသနိုင်ဖို့ တော်တော့်ကိုခက်ပါတယ်။ ကြွက်နို့ကတော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စေတဲ့ အရေပြားဝေဒနာတစ်ခုပါ။သဲဝဲဖြစ်နိုင်တယ်။ခြေထောက်သဲဝဲစားတာလိုမျိုး မှိုပိုးဝင်တဲ့ဝေဒနာကိုလည်းခံစားရနိုင်ပါသေးတယ်။ သဲဝဲကဖိနပ်မစီးတာကြောင့်ဖြစ်နိုင်သလိုခြေထောက်ချွေးထွက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခြေထောက်သန့်ရှင်းမှုအားနည်းရင် သဲဝဲက ပိုဆိုးလာနိုင်ပါတယ်။ လူထူတဲ့နေရာတွေမှာ သဲဝဲကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ သဲဝဲကလည်း အခြားအရေပြားရောဂါတွေလိုပဲ အနှောင့်အယှက်ဖြစ်ရပါတယ်။Staph ဗိုင်းရပ်စ်ဝင်နိုင်တယ်။Staph ဗိုင်းရပ်စ်ဆိုတာကStaphylococcus aureus ကိုခေါ်တာပါ။ ဒီဗိုင်းရပ်စ်ပိုးက ခြေထောက်အရေပြားပေါက်ပြဲတာ ထိရှတာတွေကနေတဆင့်ကူးစက်ဝင်ရောက်နိုင်တဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ အနာစိမ်းပေါက်တာ၊ ဝက်ခြံလိုမျိုးဖုထွက်တာ နဲ့ အဆုတ်ရောင်တာ အပြင် အခြားပြင်းထန်တဲ့ အဖျားရောဂါတွေဖြစ်နိုင်တယ်။လူထူတဲ့နေရာမှာ ဖိနပ်မစီးဘဲလမ်းလျှောက်ရင် မလိုလားအပ်ဘဲ ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်ပါ။ခြေထောက်ကိုလည်း ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ စည်းကမ်းမဲ့ပစ်ထားတဲ့ ဖန်ကွဲစတွေ၊သံတိုသံစတွေ၊ သံတွေ၊ သစ်သားစတွေနဲ့ ချွန်ထက်တဲ့အရာတွေစိုက်မိနိုင် တာကြောင့်လည်းပါပါတယ်။ခြေထောက်မှာ ထိခိုက်ဒဏ်ရာရထားတာမျိုးရှိနေခဲ့ရင်လည်း ကူးစက်လွယ်တဲ့ရောဂါပိုးတွေ အနာကနေတဆင့် ကိုယ်တွင်းကို ဝင်ရောက်ကူးစက်နိုင်မှာကြောင့်ဖြစ်ပါတယ်။ ပန်းခြံတွေ၊လေဆိပ်တွေ၊ကမ်းခြေတွေနဲ့ လူထူတဲ့နေရာတွေမှာ ဖိနပ်မစီးဘဲသွားလာတာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ခြေထောက်ကနေတဆင့် ပိုးဝင်တာ၊ရောဂါကူးစက်တာမျိုးတွေ၊ မလိုလားအပ်ဘဲ ထိခိုက်မိတာမျိုးမဖြစ်စေဖို့ ဘယ်နားသွားသွားဖိနပ်စီးသွားတာကအကောင်းဆုံးဖြစ်မှာပါ။ မလိုလားအပ်တဲ့ရောဂါပိုးတွေ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ အရေပြားဝေဒနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘယ်နေရာကိုပဲသွာသွား ဖိနပ်ချွတ်ဖို့မလိုတဲ့နေရာမျိုးဆိုရင် ဖိနပ်မချွတ်တာကအကောင်းဆုံးပါ။ ကျန်းမာရေးကိုစောင့်ရှောက် ရာလည်းရောက်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%96%e1%80%ad%e1%80%94%e1%80%95%e1%80%b9%e1%80%99%e1%80%85%e1%80%ae%e1%80%b8%e1%80%98%e1%80%b2-%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%80%e1%80%b9/